[mrsorcerer:35600] အမေရိကန်တက္ကသိုလ်များသို့တက်ရောက်ပညာသင်ကြားလိုသူမျာ အတွက် သိသင့်သော အချက်များ

အမေရိကန်တက္ကသိုလ်များသို့တက်ရောက်ပညာသင်ကြားလိုသူများ
                  အတွက် သိသင့်သော အချက်များ( ကလစ် )

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35598] Fwd: [လူဗိုလ်ဟူသည် ...] လက်သန်းဗေဒင်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/3
Subject: [လူဗိုလ်ဟူသည် ...] လက်သန်းဗေဒင်
To: lubo601@gmail.com


by Moenge Aung on Saturday, November 3, 2012 at 12:30am ·

လက်သန်းအဆစ်ကလေး ၃ ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး ဗေဒင်ဟောကြည့်ကြရအောင်။ ယောက်ျားလေးဆို "ဘယ်" လက်ကို ကြည့်၊
မိန်းကလေးဆို "ညာ" လက်ကိုကြည့်ရမှာနော်။
(၁)လက်သန်းလေးရဲ့ ပထမအဆစ်ဟာ အရှည်ဆုံးဖြစ်နေခဲ့မယ်ဆိုရင်-ဒီလို လက်သန်းပိုင်ရှင်ဟာ အချိန်တိုင်းမှာ စွဲဆောင်မှုအားအပြည့်ရှိသူဖြစ်ပြီး၊
အပြောကောင်းသူများဖြစ်တတ်ပါတယ်၊ အကင်းပါးပြီး လူကဲခတ်တော်တာကြောင့် အလွယ်တကူ လူလိမ်မခံရနိုင်ပါဘူး တဲ့။
(၂)လက်သန်းလေးရဲ့ ဒုတိယအဆစ်သာ အရှည်ဆုံး ဖြစ်ခဲ့ မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များဟာ သူတပါးကို ကရုဏာအပြည့်နဲ့ ပြုစုယုယတဲ့တဲ့ပညာကို
မွေးရာပါ တတ်မြောက်ခဲ့တဲ့သူမျိုးတွေဖြစ်ပါသတဲ့- ဒါ့အပြင် သူတို့ဟာတဖက်သားကိုလည်း
အင်မတန် စိတ်ရှည် သည်းခံတတ်ကြတယ်တဲ့၊ ဒီလို လက်သန်းပိုင်ရှင်မျိုးကို
ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ ကျန်းမာရေးဌာန ၀န်ထမ်းများမှာ အတွေ့ရ
များတတ်ပါတယ် တဲ့။
(၃)လက်သန်းလေးရဲ့ အောက်ဆုံးအဆစ်သာ အရှည်ဆုံး ဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို
လက်သန်းပိုင်ရှင်များကတော့ လွတ်လပ်မှုကို အင်မတန်နှစ်သက်သူများဖြစ်တတ်ကြပြီး၊
လူ့ ဘ၀ရဲ့
အချုပ်အချယ်မရှိ လွတ်လပ်တဲ့ အရသာကို
ကောင်းကောင်းကြီးခံစားတတ်သူများဖြစ်ကြပါတယ်တဲ့၊ ဒီလက်သန်းပိုင်ရှင်များဟာ
အဟောအပြောပိုင်းဆိုင်ရာမှာ ပါရမီထူးကဲကြပြီး၊ အမှန်တရားကို
မြတ်နိုးတန်ဖိုးထားတတ်ကြပါတယ် တဲ့။
(၄)လက်သန်းလေးရဲ့ အပေါ်ဆုံးအဆစ်ဟာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်-
ဒီလိုလက်သန်းပိုင်ရှင်တွေကတော့ မွေးရာပါ အရှက်အကြောက်ကြီးသူများဖြစ်တတ်ကြပြီး၊
အရာရာကို ထုတ်ဖေါ်ပြောကြားတတ်ခြင်းမျိုးမရှိပဲ အစဉ်အမြဲ စိတ်ထဲတွင်
မြိုသိပ်ထားလေ့ရှိတတ်ကြတယ်(အုံ့ ပုန်းလို့ပြောလို့ရမယ်ထင်ပါတယ်)- ဒီလို
လက်သန်းပိုင်ရှင်အများစုကတော့ ကံမကောင်းတတ်ကြပါဘူး တဲ့။
(၅)လက်သန်းလေးရဲ့ ဒုတိယ အဆစ်ကသာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့-
ဒီလိုလက်သန်းပိုင်ရှင်မျိုးကတော့ အင်မတန် သစ္စာရှိတတ်သူများဖြစ်တတ်ကြပြီး၊
မာနထောင်လွှားခြင်းကင်းမဲ့ကာ အမြဲနှိမ့်ချ ဆက်ဆံတတ်ကြတဲ့ သူမျိုးဖြစ်ကြတယ်တဲ့၊
နောက်ပြီး သူတို့ ဟာ အင်မတန်လည်း ခေါင်းမာတတ်ကြသောကြောင့်
အမှားအမှန်ခွဲခြားနားမလည်နိုင်ပဲ မိုက်ရူးရဲဆန်တတ်ကြပါတယ် တဲ့။
(၆)လက်သန်းရဲ့ အောက်ဆုံးအဆစ်ကသာ အတိုဆုံး ဖြစ်နေခဲ့မယ်ဆိုရင်တော့- ဒီလို
လက်သန်းပိုင်ရှင် မျိုးကတော့ မွေးရာပါ ရိုးလွန်း၊ အေးလွန်း၊
ဖြူစင်တတ်လွန်းသူများဖြစ်ကြပြီး၊ သူတပါးအပေါ်မှာလည်း အင်မတန် အယုံလွယ်လွန်း၊
အကောင်းမြင်တတ်လွန်းသူများဖြစ်ပါတယ်၊ တကယ်တော့ ရိုးလွန်း
အေးလွန်းတယ်ဆိုတာ ကောင်းတယ်ဆိုပေမဲ့ ခုခေတ်မှာတော့ ဥပမာ စီးပွါးရေး
နယ်ပယ်အနေနဲ့ ပြောမယ်ဆိုရင် လူလည်၊ လူလိမ်တွေ ပေါများနေပြီဖြစ်တဲ့အတွက်
ရိုးလွန်း၊ အေးလွန်းသူများအတွက်တော့ အလွယ်တကူ အလိမ်ခံရနိုင်ပါကြောင်း..။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/04/2012 12:12:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35598] Fwd: [လူဗိုလ်ဟူသည် ...] “ကြေးနီအရိုင်း ကီလို တစ်ထောင်လောက်မှာ ကြေးနီအစစ် နှစ်ကီလိုသာ ရနိုင်တာမို့...”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/3
Subject: [လူဗိုလ်ဟူသည် ...] "ကြေးနီအရိုင်း ကီလို တစ်ထောင်လောက်မှာ ကြေးနီအစစ် နှစ်ကီလိုသာ ရနိုင်တာမို့..."
To: lubo601@gmail.com


by Lwin Aung Soe on Friday, November 2, 2012 at 7:19pm ·


ကြေးနီ အဆိပ်အတောက်ကြောင့် ဖြစ်လာနိုင်သော ရောဂါများ
ကြေးနီအရိုင်းကီလို တစ်ထောင်လောက်မှာ ကြေးနီအစစ် နှစ်ကီလိုသာ ရနိုင်တာမို့ နေရာအများအပြား တူးယူရပါတယ်။ (ဦးအောင်ခင်, ဒေါ်ခင်စိုးဝင်း - ဗီအိုအေ မြန်မာ)

တွေးကြည့်ဗျာ.. ရလိုက်တာက ၂ ကီလို .. ကြွင်းကျန်ရစ်တဲ့ ၉၉၈ ကီလိုကနေ ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ဒေသခံတွေ ဘယ်လောက် ဆိုးဆိုးဝါးဝါး ခံစားရမလဲ ...ကြေးနီကြောင့် ရောဂါ ဖြစ်စေနိုင်တယ်လို့ အစိုးရကရော.. ကုမ္ပဏီတွေကရော ဘယ်တုန်းက ထုတ်ပြန်ဖူးပါသလဲ။

ကြေးနီ အဆိပ်အတောက်ပါတဲ့ အစားအသောက်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ သွေးအန်မယ်၊ သွေးပေါင်ကျမယ်၊ အမည်းရောင် ဝမ်းသွားမယ်၊ မေ့မျောနေမယ်၊ အသားဝါရောဂါဖြစ်မယ်၊ ကြွက်တက်မယ်၊ ရောင်ရမ်းမယ်၊ ပျို့အန်ချင်မယ်၊ အန်မယ်၊ ဝမ်းလျှောမယ် စသဖြင့် တော်တော်များပါတယ်။ ကြေးနီကို အချိန်ကြာကြာထိတွေ့ရင် အသည်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးပါလိမ့်မယ်။ အထက်က ဖော်ပြထားတဲ့ ပုံမှာ ပိုပြီး အသေးစိတ် ကြည့်နိုင်ပါတယ်။

ဒါက ကျန်းမာရေးကဏ္ဍပဲ ရှိပါသေးတယ်။ ဒါတွေဟာ ရောဂါဝေဒနာ ခံစားရတဲ့ ပြည်သူတွေက အစိုးရဆီမှာ လျော်ကြေးတောင်းလို့ရတဲ့ ကိစ္စ (အမှု) တွေပါ။ ခုတောင်းလို့ မရသေးရင် နောင်တချိန် တောင်းလာမှာပါပဲ။

နောင်တချိန် ပိုပြီးတော့ များသထက်များလာမှာက တက်ကြွလှုပ်ရှားသူ (Activist) တွေပါပဲ။ ပြည်သူတွေကလည်း အသိဥာဏ် ပိုမို တိုးတက်လာပါတော့မယ်။ နိုင်ငံရေးပါတီတွေကလည်း ပိုပြီး ထောင့်စေ့အောင် လူထုဘက်က ရပ်တည်လာပါတော့မယ်။ ပြဿနာရှိနေရင် အစိုးရအဖို့ တကယ့်ကို ဘေးကြပ်နံကြပ်တွေပါပဲ။

ဒီတော့ ဒီမိုကရေစီ ပန်းတိုင်ကို သွားနေရတဲ့ အစိုးရအနေနဲ့ ခံဘက်ကချည်းသာ ဖြစ်နေပါလိမ့်မယ်။ တဖက်က ဘယ်လောက်ပဲ တိုင်းပြည် ဖွံ့ဖြိုးအောင် လုပ်ပေးသည့်တိုင်အောင် အခြားတဖက်က ပေးနေရမယ့် လျော်ကြေးတွေဟာ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေပါလိမ့်မယ်။


ကြေးနီမိုင်းကြောင့် စိမ်းပြာပြာ ရေစီးနေသည့် စမ်းချောင်းငယ်


ကြေးနီ ထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင် ပျက်စီးမှု ကြိမ်းသေပေါက် ဖြစ်ပါတယ်။ ဒီအခါမှာ သဘာဝဘေးဒဏ် ဆိုးကျိုးသက်ရောက်မှုတွေဟာ မခန့်မှန်းနိုင်လောက်အောင် ဖြစ်ပျက်သွားနိုင်ပါတယ်။ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်ပါတယ်။ တောတောင်ပျောက် သစ်ပင်စိုက်လို့ မရရင် သဲကန္တာရတခု ဖြစ်သွားပါမယ်။ တကယ်လို့ တနေရာမှာ သဲကန္တာရ ဖြစ်ရင် အဲဒီနိုင်ငံအဖို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားပါပြီ။ ပြန်ကောင်းအောင် ဘယ်လိုမှ လုပ်လို့ မရနိုင်တော့ပါဘူး။ အစိုးရ သမိုင်းတရားခံ ဖြစ်မယ့်ကိစ္စပါ။

A stitch in time saves nine. အချိန်မီချုပ် အစုတ် သက်သာ ဆိုတဲ့ စကားပုံလိုပဲ စဖြစ်ကတည်းက အဖြစ်နိုင်ဆုံး ကာကွယ် တားဆီးထားလိုက်ရင် နောက်ထပ် ဆိုးဆိုးဝါးဝါး ထပ်မဖြစ်တော့ဘူးပေါ့။

မြန်မာနိုင်ငံမှာ ကြေးနီ ထုတ်လုပ်ဖို့ စီမံကိန်းတွေကို ဘယ်တုန်းကတည်းက စတင်နေမှန်း ကျနော် မသိပါ။ ဝေဖန်ကန့်ကွက်သံတွေ တိုးတိုးတိတ်တိတ် စထွက်လာတဲ့အချိန်ဟာ စစ်အစိုးရခေတ်ပါပဲ။ ကြေးနီထုတ်လုပ်ဖို့ မသင့်တော်ကြောင်း အမြော်အမြင်ရှိတဲ့ တတ်သိပညာရှင်တွေကတော့ သူတို့ တတ်နိုင်သလောက် အကြံပေးတာတွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အာဏာရှင်ခေတ်မှာ အမိန့်ကို ဘယ်သူမှ မလွန်ဆန်နိုင်ကြပါဘူး။


Morenci ကြေးနီမိုင်း


အာဏာရှင်စနစ်မှာ ခေါင်းဆောင်ဆိုသူတွေဟာ ပြည်သူလူထု နစ်နာဆုံးရှုံးမှုကို ဘယ်တော့မှ ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်ပါတယ်။ အာဏာရှင်ခေါင်းဆောင်က အာဏာမြဲရေး၊ သူ ကြီးပွား ချမ်းသာရေးအတွက် တိုင်းပြည်ဘဏ္ဍာကို သူကြိုက်သလို သုံးပါမယ်။ စစ်တပ်လို တိုင်းပြည် အဖွဲ့အစည်းကို လက်ကိုင်တုတ် လုပ်ပါမယ်။ တိုင်းပြည် သယံဇာတမှန်သမျှ ဘနဖူး သိုက်တူးပါမယ်။ သူတယောက်တည်း အကျင့်ပျက် ခြစားတာ မဖြစ်ရအောင် အမြီးပြတ်မြေခွေးလို ကျန်တဲ့ မြေခွေးအားလုံးကို အမြီးဖြတ်ခိုင်းပါမယ်။ တတိုင်းပြည်လုံး အကျင့်ပျက် ခြစားလာပါတော့မယ်။ နောက်ဆုံး တိုင်းပြည်ပျက်တော့ အကျင့်ပျက် ခြစားသူတွေကြောင့် ဆိုပြီး လက်ညိုးထိုး အပြစ်တင်ပါမယ်။

လိုရင်းကတော့ လက်ရှိအားဖြင့် တိုင်းပြည် မဏ္ဍိုင် သုံးရပ်မှာ အစိုးရနေသူ အားလုံးဟာ အရင်ခေတ်က အာဏာရှင် ဆိုးမွေတွေကို မခံကြဖို့ ဖြစ်ပါတယ်။ ဆိုးမွေကို ရနိုင်သလောက် ဖယ်ရှားပြီး စိတ်သစ်လူသစ်နဲ့ တိုင်းပြည်အကျိုးကို လူထုဆန္ဒနဲ့အညီ တာဝန်ထမ်းဆောင်ပေးဖို့ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင် ဆိုရရင် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းဖို့ အစိုးရတွေက အားသွန်ခွန်စိုက် ကြိုးပမ်းပေးဖို့ ဖြစ်ပါတယ်။

လွင်အောင်စိုး
၃-၁၁-၂ဝ၁၂

ဆက်စပ် သတင်းသုံးသပ်ချက် - (ဗီအိုအေ မြန်မာ) ကြေးနီထုတ်ယူမှု နှင့် ပတ်ဝန်းကျင် ပျက်စီးမှု


Kennecott Brigham Canyon ကြေးနီမိုင်း


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/04/2012 12:03:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


ယနေ့ မြောက်ဦးမြို့တွင်နယ် ရခိုင်အမျိုးသားနှစ်ဦး၏ အလောင်းထပ်မံတွေ့ရှိ

Posted: 03 Nov 2012 06:00 AM PDT

2012 ခုနှစ် အောက်တိုဘာလ (၂၂ . ၂၃. ၂၄) ရက်နေ့များက ရခိုင်ပြည်နယ်မြောက်ဦးမြို့ နယ်တွင် ဖြစ်ပွားသောအဓိကရုဏ်းကြောင့် ဒဏ်ရာရရှိသူ (၃၈)ဦးရှိပြီး သေဆုံးသူ (၁၅) ဦး ရှိခဲ့ရာ (၆)ဦးကိုသာ အောက်တိုဘာလ (၂၂ . ၂၄ . ၂၆)ရက်နေ့များက အလောင်းများရရှိပြီး သင်္ဂြိုဟ်ပြီးဖြစ်သော်လည်း ကျဆုံးသွားသူ ရခိုင်အမျိုးသား (၉) ဦးမှာ အလောင်းမရရှိဘဲ (၁၁) ရက်အထိ ကြာမြင့်နေပြီး ယနေ့နိုဝင် ဘာလ (၃) ရက်နေ့တွင် ပုရိန်(ဘင်္ဂလီ) ကျေးရွာမှ

၈၈ လမ်းကြောင်းအတိုင်း ဆက်လျှောက်မယ့် မင်းကိုနိုင်

Posted: 03 Nov 2012 05:52 AM PDT

မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည့် အမေရိကန်နိုင်ငံမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပို့စ်နာ (Michael Posner) အပါအဝင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့ကြသည့် လက်ရှိ မြန်မာပြည်အရေး ကိစ္စများ၊ လက်ရှိ လုပ်ဆောင်နေသည့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ လုပ်ငန်းများနှင့် လက်ရှိ

တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် အာပီဂျီ ဗုံးသီး နှင့် ကျည် တစ်ချို့ ဖမ်းဆီးသိမ်းဆည်းရမိ

Posted: 03 Nov 2012 05:13 AM PDT

နိုဝင်ဘာ(၂)ရက်နေ့ ည(၉)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်မှာ အာပီဂျီဗုံးသီးများနဲ့ ကျည်များ  ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရပါတယ်။ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသန့်ဇင်၊ တာချီလိတ်( မူးယစ် )မှ ရဲအုပ်မြင့်နိုင်ဦး ဦးစီးသောအဖွဲ့ဝင်များ၊  ဒ/န ခေါင်းဆောင် ရဲအုပ်ဝင်းဇော်ထွန်း ဦးစီးသောအဖွဲ့ဝင်များ၊ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် မြင့်ထွေး နှင့် အဖွဲ့ဝင်များ၊ ခမရ(၃၅၉)တပ်မှ ဒု-တပ်ရင်းမှူး

ရခိုင်အဓိရုဏ်း ချင်းပြည်နယ်အထိ ထိပါးလာ

Posted: 03 Nov 2012 03:46 AM PDT

လက်ရှိ ရခိုင်ပြည်နယ် တွင်ပြန်လည်ဖြစ်ပွားနေသည့် အဓိကရုဏ်းသည် ကုလားတန် ကုန်သွယ်ရေးလမ်းကြောင်းအထိထိပါးလာပြီဟု ချင်းလူမျိုး စက်လှေကုန်သည် တဦး က ပြော သည်။ "ရခိုင်ပြည်နယ်ကနေ စီးပွားဖြစ် အဓိကတင်ပို့လာတဲ့ ၀က်ကုန်သည်တွေဟာ ရခိုင်ပြည်နယ်ထဲကို မ၀င်ရဲကြတော့ဘူး၊ ကျတော်တို့ ရခိုင်နဲ့ ချင်း စီးပွားရေးသမားတွေအင်မတန်ထိခိုက်တယ်" ဟု ၀က်ကုန်သည် ပက်ထရစ်က ယနေ့ပြော သည်။ ကုလားတန်မြစ်ကြောင်းပေါ် စီးပွားရေးသမားများသည်

မထသရဲ့ ဆောင်ပုဒ်တွေက ကားမှာကပ်ထားရုံသက်သက်လား

Posted: 03 Nov 2012 02:43 AM PDT

မြို့တွင်း ခရီးသွားပြည်သူ များကို နေ့စဉ်သယ်ယူပို့ဆောင် ပေးနေသော ယာဉ်လိုင်းများတွင် အချို့သော ယာဉ်မောင်း၊ယာဉ် နောက်လိုက်များမှာ ခရီးသွား ပြည်သူများကို (မထသ)၏ ဆောင် ပုဒ်ဖြစ်သော ထမင်းရှင်၊ကျေးဇူး ရှင်ကဲ့သို့ ယဉ်ကျေးပျူငှာစွာ ဆက် ဆံသော်လည်း တချို့သော ယာဉ် မောင်း၊ယာဉ်နောက်လိုက်များမှာ (မထသ)မှ ထုတ်ပြန်ထားသော ဆောင်ပုဒ်များနှင့်ဆန့်ကျင် ရိုင်းပျစွာ နှမချင်းမစာနာပြော ဆိုဆက်ဆံမှုများရှိနေကြောင်း သိ ရသည်

မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်းသေဆုံးသူ (၁၀) ဦးပျောက်ဆုံးနေပြီး(၂)ဦး ပြန်လည်တွေ့ရှိ

Posted: 03 Nov 2012 02:41 AM PDT

အောက်တိုဘာ(၂၂)ရက်နေ့ မြောက်ဦးမြို့နယ်၊ ပုရိန်နှင့် ယိုင်သည် အဓိကရုဏ်းအတွင်းတွင် သေဆုံးသွားခဲ့သူ (၁၀)ဦးပျောက်ဆုံးနေပြီး ယနေ့(၂)ဦးပြန်လည်ရရှိကြောင်း သိရှိရသည်။ ပျောက်ဆုံးနေသော အလောင်းများမှာ ဘင်္ဂလီကျေးရွာများတွင် မြုပ်နှံထားကြောင်း သိရှိသော်လည်း ဘင်္ဂလီများက မရှိဟု ငြင်းဆန်နေခြင်းကြောင့် မြို့မိမြို့ဖများနှင့် ရွာသူရွာသားများက အလောင်းများကို ပြန်ရရန်အတွက် သက်ဆိုင်ရာ အဖွဲ့ အစည်းများနဲ့ ပူးပေါင်းပြီး

မိုးထိ မိုးမိ ရွှေလုပ်သားများ ဆက်လက်ဆန္ဒပြ

Posted: 03 Nov 2012 12:44 AM PDT

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရုံးချုပ်ရှေ့တွင် ဒုတိယအကြိမ် ထပ်မံဆန္ဒဖော်ထုတ်မှုပြုလုပ်သော ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသမှ ရွှေလုပ်သားများသည် ကုမ္ပဏီမှ ဖြေရှင်းပေးမှုမရှိပါက ၎င်းတို့အနေဖြင့် ရုံးဖွင့်ရက်များတွင် ရက်ဆက်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေလုပ်သားခေါင်းဆောင် ကိုနေအောင်ထက်က ပြောကြားသည်။ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုတွင် မိုးထိမိုးမိဒေသမှ ရွှေလုပ်သား ၁၀၀ ဦးခန့် ပါဝင်ကာ ခွ

ဆမ်ဆောင်းဂလက်စီမီနီဟန်းဆက် ကျပ် ၅၀၀၀ နှင့် မရောင်းဖြစ်

Posted: 03 Nov 2012 12:43 AM PDT

လူကြီးမင်းမိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းက ကျပ်တစ်သိန်းကျော်ဝန်းကျင်ရှိ ဆမ်ဆောင်းဂလက်စီမီနီဟန်းဆက်များအား တစ်လုံးလျှင် ကျပ်ငါးထောင်ဖြင့် ၄င်းတို့၏ ဆိုင်ခွဲ ၁၁ ဆိုင်လုံး၌ ယနေ့ ရောင်းချပေးမည့်အစီအစဉ်သည် ထောင်ချီသောလူအုပ်ကြီးကို တိုကင်နံပါတ်များ စေ့ငှအောင် မဝေငှပေးနိုင်ခြင်းကြောင့် ဖျက်သိမ်းလိုက်ရကြောင်း ယင်းလုပ်ငန်း၏ မန်နေဂျာတစ်ဦးဖြစ်သူကပြောသည်။ လူကြီးမင်းမိုဘိုင်းသည် ၄င်းတို့၏ ယခုအစီအစဉ်ကို

ကမ္ဘာ့ဘဏ်အကူအညီိထိရောက်ဖို့ ပွင့်လင်းမြင်သာမှုအရေးကြီး

Posted: 03 Nov 2012 12:40 AM PDT

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးရမှာမို့ နှစ်ပေါင်း ၂၀ကျော်အတွင်း မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီပြန်ပေးတော့မှာမို့ စီစဉ်ထားတဲ့အတိုင်း ထင်သာမြင်သာရှိဖို့နဲ့ အဆင်းရဲဆုံးသူတွေဆီ ရောက်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိဟောင်း လည်းဖြစ် မြန်မာအစိုးရဝန်ကြီးဟောင်း လည်းဖြစ်ခဲ့တဲ့ ဒေါက်တာညီညီက ဗွီအိုအေမြန်မာပိုင်း ကို ပြောကြားလိုက်ပါတယ်။ ဒေါ်လာသန်းနဲ့ချီတဲ့ ဒီအကူအညီတွေကို

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ်

Posted: 03 Nov 2012 12:29 AM PDT

အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှ

မြန်မာနိုင်ငံမှာ အစွန်းရောက် ဘာသာရေး အယူအဆတွေ ပေါ်ထွန်းနေလား

Posted: 03 Nov 2012 12:05 AM PDT

မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။ 'ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို လျှင်လျှင်မြန်မြန် မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ တည်ငြိမ်မှုကို ထိခိုက် လာနိုင်ပါတယ်။ နိုင်ငံတကာ

ကမ္ဘာပျက်မယ့်ဘေးကို တားဆီး ပေးနိုင်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အကောင်းဆုံး စွမ်းဆောင်ချက်များ

Posted: 02 Nov 2012 11:51 PM PDT

သီရိမင်းထွန်း ဘာသာပြန်သည်။ နှစ်ပေါင်း ၅၀ လောက် ကမ္ဘာ့အလယ် မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရပ်တည် နေခဲ့ရတဲ့အနေ အထား ပျက်ပြယ်သွား တဲ့အကြောင်းနဲ့ပတ်သက်လို့ မကြာသေး ခင်လများအတွင်းက သတင်း တွေ ပလူပျံ ခဲ့သလို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ် အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ နိုင်ငံသား ထိပ်တန်းသံတမန်ပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်ပြီးတော့ လည်း အမှတ်ရစရာ သတင်းတွေ ပေါ်ပေါက်လာပါတယ်။ လွ

စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အစ္စလာမ်ဘာသာဝင် နှစ်ဦးထုတ်ပယ်ခံရ

Posted: 02 Nov 2012 09:59 PM PDT

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သောပဋိပက္ခများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသော စုံစမ်းစစ်ရေးကော်မရှင်မှ အစ္စလာမ်ဘာသာရေးရာအဖွဲ့ ချုပ်မှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကိုကော်မရှင်၏ စည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာသဖြင့် နိုဝင်ဘာလ ၁ရက်နေ့တွင် ထုတ်ပယ်လိုက်ကြောင်း အဆိုပါကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ "ကော်မရှင်ကို ဝေဖန်မှုတွေလုပ်တယ်။ စည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာလို့ ထုတ်ပယ်လိုက်တာပါ"

ကွန်ပျူတာ ဂိမ်းစွဲမှုရဲ့ နောက်ဆက်တွဲ ရင်နင့်ဖွယ်

Posted: 02 Nov 2012 09:55 PM PDT

အသက် ၁၄ နှစ်သား လူငယ်တဦးဟာ ကွန်ပျူတာ ဂိမ်းကစားဖို့ သူ့ကို ခွင့်မပြုတာကြောင့် မိခင်ဖြစ်သူကို သတ်ခဲ့တယ် ဆိုတဲ့အမှုတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ခဲ့ပါတယ်။ အင်္ဂါနေ့ ညက အသက် ၄၅ နှစ်အရွယ် Areeya Ketdi ဆိုသူ မိခင်ဖြစ်သူကို အိပ်ခန်းထဲမှာ ဆယ်ကျော် သက်အရွယ် သားဖြစ်သူက အသွား ၁ ပေလောက်ရှိတဲ့ ဓားနဲ့ ၄ ချက်လောက် ထိုးခဲ့ပါတယ်။ တားဆီး ကာကွယ်ခဲ့တဲ့ သူ့အမ ဖြစ်သူကိုလည်း သူက ရန်ပြုတိုက်ခိုက်တဲ့အတွက်

အင်္ဂါဂြိုဟ်လေထု အာကာသယာဉ်ဝင်ရောက်စူးစမ်း

Posted: 02 Nov 2012 09:51 PM PDT

မားစ်ဂြိုလ်(အင်္ဂါဂြိုဟ်) ကို (၂)နှစ်ကြာလေ့လာနေခဲ့တဲ့ နာဆာအာကာသ ယာဉ် အဖွဲ့ကဂြိုလ်တစ်ခုအနေနဲ့ ဂြိုလ်တစ်ဝိုက်မှာရှိနေတဲ့ လေထုလွှာ အကြောင်းပိုသိရဖို့ အခြေအနေတွေကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မားစ်ဂြိုလ် (ခေါ်) အင်္ဂါဂြိုဟ်ထဲမှာ တစ်ချိန်တုန်းက သက်ရှိတွေ နေထိုင်နေခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရကောင်း တွေ့ရနိုင်တယ်လို့ ယူဆပြီး လေ့လာမှု လုပ်နေတဲ့ အာကာသယာဉ်Curiosityအနေနဲ့ နောက်ဆုံး ရပ်နားပြီး တွေ့ရှိ

1.11.2012 မှ 7.11.2012 အထိ ၇ရက် သားသမီး များအတွက်ဟောစာတမ်း

Posted: 02 Nov 2012 09:11 PM PDT

တနင်္ဂနွေ           စိတ်ပျော်ရွှင်မှု နှင့် အတူ စိတ်ရှုပ်မှုလည်းကြုံမည်။ ယခင် က မပြတ်သားမှုကြောင့် စိတ်ရှုပ်ရလိမ့်မည်။ ခရီး အနီး ၊ အဝေး သွားဖြစ်မည်။ လမ်းခရီးတိုင်း အန္တရာယ် လုံးဝ မရှိပါ။ မင်္ဂလာလက်ထပ် ပွဲဖြစ်မည်။ အတိုက်အခံ တွေ ကြားမှ အောင်မြင်မည်။ အလုပ်နေရာ အပြောင်းအရွှေ့ ဖြစ်မည်။ ပြောင်းလဲမှု့ လည်းဖြစ်မည်။ ငွေဝင်ကြမ်း သလောက် ငွေထွက်ကြမ်းမည်။ လက်ဆောင်တွေရမည်။ အကျိုးပေးဂဏန်း - ၃၊၆၊၉။ အထူးဟော - စိတ်ချမ်းသာမ

ရေချိုးနေစဉ် လူငယ်တစ်ဦး ဓာတ်လိုက် သေဆုံး

Posted: 02 Nov 2012 08:36 PM PDT

ရန်ကုန်၊ အောက်တိုဘာ ၂ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူ အသက် ၁၅ နှစ် အရွယ် လူငယ် တစ်ဦး အများသုံး အုတ်ရေကန် တွင် ရေချိုး နေစဉ် ရေစက်သို့ သွယ်တန်း ထားသည့် ဝါယာကြိုး နှင့် ထိနေသော သံပိုက်လုံး အား လက်ဖြင့် ကိုင်မိ၍ ဓာတ်လိုက် သေဆုံး သွားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။ သေဆုံးသူ မောင်ဝေယံအေး မှာ စည်ပင် အမှိုက်ပုံဝင်း၊ ( ၅ဝ ) ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ် တွင်

ဟိုပုံးမြို့တွင် စာရွက်တရွက်အတွက် ကျပ်တထောင် ပေးရ

Posted: 02 Nov 2012 08:32 PM PDT

ရှမ်းပြည်နယ် ဟိုပုံးမြို့တွင် စာရွက်တရွက်တန်ဘိုးက ကျပ်တထောင် ဖြစ်နေသည်ဟု ဆိုရမည်။ မြန်မာ့ဆက်သွယ်ရေးဌာနထံမှ ဖုန်းကတ် လပေးစနစ်ဖြင့် ၀ယ်ထားသည့် ၀န်ထမ်းတို့ ပြီးခဲ့သည့် လခထုတ်ရက်အတွင်း ငွေသွင်းရာတွင် "ဘဏ်ချလံခ" ဟု ဆိုပြီး ကျပ်တထောင် ပေးခဲ့ရကြောင်း ဟိုပုန်းဒေသ ၀န်ထမ်းတို့ထံမှ သိရသည်။ စာရွက်တရွက်သာဖြစ်သော "ဘဏ်ချ လံ"  က  ကျပ်တထောင်ဈေးပေါက်နေရခြင်း၏ အကြောင်းရင်းကို မသိရသေးပေ။ "ဖုန်းလပေးရလို့

တစ်ကျော့ပြန် ရခိုင်ပြည်အတွင်း သေဆုံးသူများနှင့် ဒဏ်ရာရရှိသော ဒေသခံရခိုင်တိုင်းရင်းသားများစာရင်း (အပြည့်အစုံ)

Posted: 02 Nov 2012 08:23 PM PDT

ရခိုင်ပြည်နယ်အတွင်းတွင် ဇွန်လကဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်(၅)လခန့်အကြာ ဒုတိယအကြိမ် အရေး အခင်း ထပ်မံဖြစ်ပွားခဲ့ရာ ဘင်္ဂလီများ၏ အကြမ်းဖက်မှု၊ စစ်တပ်မှ ပစ်ခတ်မှုတို့ကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများ အများအပြားသေဆုံးခဲ့ရပြီး တစ်ချို့မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြသည်။ အောက်တိုဘာ(၂၅)ရက်နေ့က ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးကုလားရွာ၌ ဆူပူမှုဖြစ်ပေါ်ခဲ့ရာ ခေတ္တ နည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး

အစိုးရနဲ့ကေအိုင်အို တပ်ရုပ်ရေး မဆွေးနွေးဖြစ်

Posted: 02 Nov 2012 07:37 PM PDT

မြန်မာအစိုးရနဲ့ ကချင် ကေအိုင်အိုလွတ်လပ်ရေးအဖွဲ့ကြား ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ စစ်ရေးကိစ္စ မဆွေးနွေးခဲ့တာမို့ နောက်တခေါက် ဆွေးနွေးရေး အဆင်ပြေဖို့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ အနေနဲ့ ကေအိုင်အိုဌာနချုပ်မှာ ကြာသပတေးနေ့က သွားဆွေးနွေး ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က တပ်တချို့ ရုပ်ပေးရေး ညှိနှိုင်းဖို့ရှိတယ်လို့ ကြိုတင် အကြောင်းကြားခဲ့ပေမဲ့ ကေအိုင်အိုဘက်က ဆွေးနွေးနို

ရခိုင်ပြည်နယ်အတွင်း လက်နက်ပုန်းများ ရှာဖွေ

Posted: 02 Nov 2012 07:25 PM PDT

တည်ငြိမ်လာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နောက်ထပ်ပြဿနာတွေမဖြစ်အောင်လို့ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တဝှမ်းမှာ နယ်မြေလုံခြုံရေးကို ပိုပြီးတော့ အရှိန်အဟုန်မြင့်တင်းကျပ်ထားပြီး အကြမ်းဖက်မှုတွေဖြစ်ပွားနိုင်တဲ့  လက်နက်ပစ္စည်းတွေ သုံးရက်အတွင်း သက်ဆိုင်ရာကို အမြန်ဆုံး အပ်နှံဖို့ နိုးဆော်ထားပါတယ်။ ဒီလက်နက်တွေ အပ်နှံမှုမရှိပဲ သိမ်းဆည်းထားတာမျိုး ရှိမရှိကိုလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ တွင် အိမ်ခြေ ၅၀ ကျော် မီးလောင်

Posted: 02 Nov 2012 06:36 PM PDT

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့  ပေါ်မှာ ဒီနေ့ မနက် ၁၀ နာရီကေန မွန်းလွဲ ၁ နာရီထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ကျော် မီးထဲပါသွားခဲ့ပါတယ်။ (ဓါက်ပုံ ရှမ်းပြည်နယ် မြောက်ပိုင်းတစ်နေရာ) မီးလောင်ရတဲ့အကြောင်းကို မသိရေသးပေမယ့်လည်း မြို့ လယ်ရပ်ကွက်မှာရှိတဲ့ သံထည်ပစ္စည်းရောင်းချသူ ဦးချန်ဒ္ဒရာရဲ့ အိမ်နောက်ဖေးက စလောင်တာဖြစ်ပြီး နှစ် ၅၀ အတွင်းမှာ အကြီးဆုံး မီးလောင်မှုဖြစ်တယ်လို့ 

သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေး ချောင်းသာတွင် ဒေသခံများ ဆန္ဒပြ

Posted: 02 Nov 2012 06:27 PM PDT

ဧရာဝတီတိုင်း ချောင်းသာမြို့မှာ ဒေသခံ ၃၀၀ လောက်က သိမ်းဆည်း ခံထားရတဲ့ သူတို့မြေတွေ ပြန်လည် ရရှိရေး အတွက် ဆန္ဒပြ တောင်းဆိုကြပါတယ်။ အရင် ခရိုင် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီခေတ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက ချောင်းသာမြို့ခံတွေရဲ့ ကမ်းခြေမြေယာ ၆၁၅ ဧကကို မြို့သစ်တည်မယ် ဆိုပြီး လျော်ကြေး မပေးဘဲ သိမ်းဆည်းခဲ့ပါတယ်။ ဒါပေမယ့် အခုထက်ထိတိုင် အကောင်အထည်မဖော်တဲ့အတွက် ဒီမြေတွေကို ပြန်လည်ရရ

သံသယဖြစ်ဖွယ် ဖုံးကွယ်ထားသည့်အလား ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးမှု

Posted: 02 Nov 2012 06:18 PM PDT

၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရီခွဲခန့်တွင် မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ ဒဂုံတက္ကသိုလ်ကျောင်းသို့လိုက်လံ၍ သူငယ်ချင်းဖြစ်သူများထံ စုံစမ်းမေးမြန်းရာ

၂၅နှစ်အတွင်းပထမဆုံးအဖြစ်ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေဒေါ်လာ ၂၄၅သန်းပေးရန် စီစဉ်

Posted: 02 Nov 2012 06:10 PM PDT

ကမ္ဘာ့ဘဏ်က ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံကို ချေးငွေနှင့်အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ၂၄၅ သန်း ထုတ်ပေးသွားရန် စီစဉ်ထားသည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အထောက်အပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာသန်း ၈၀ ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ယခင်ကယူထားသည့် အကြွေးဟောင်း ဒေါ်လာသန်း ၄၀၀ ခန့်ကို အကြေဆပ်ပြီးပါက

[mrsorcerer:35629] ဘုန်းကြီးသင်္ကန်းနဲ့ ဘီလူးခေါင်းနဲ့ performance ကိုတွေ့လိုက်ရတဲ့ နောက်မှာ ကျွန်တော် တော်တော် မျက်လုံး ပြူးသွားတယ်


ကျွန်တော် ဒီပို့စ်ကို ခုလိုချိန်မျိုးမှာ ကိုယ့် ဗုဒ္ဓဘာသာကို အပုပ်ချ ချင်အောင် ဘာသာကြားတွေက တွေ့လား မင်းတို့ ဘုန်းကြီးတွေ အကြောင်း ဒီမှာကြည့်ဆိုပြီး ရန်ထိုင်ဖြစ်ဖို့ ရေးတာ မဟုတ်ပါဘူး။ သူတို့ ဘယ်လို ထင်ထင် ဘယ်လို ကဲ့ရဲ့ ကဲ့ရဲ့ပါ ကိုယ့်ဘာသာရေး အဖွဲ့အစည်းကို အမှန်တကယ် သန့်ရှင်းအောင် လုပ်ရမယ့် အခြေအနေ ဖြစ်နေပြီဆိုတာလည်း သိစေချင်လို့ ဒီပို့စ်ကို ရေးတာပါ။ဒီနေ့ ဘုန်းကြီးသင်္ကန်းနဲ့ ဘီလူးခေါင်းနဲ့ performance ကိုတွေ့လိုက်ရတဲ့ နောက်မှာ ကျွန်တော် တော်တော် မျက်လုံး ပြူးသွားတယ် ကျွန်တော်တို့ နွှာခံရပြီ မြန်မာပြည်က လူတွေ သိပ်ပြီး ဖိနှိပ်လွန်းတယ် လူမျိုးစွဲ ဘာသာစွဲ ကြီးတယ် လူ့အခွင့်အရေး ဘောင်ကို ကျော်ပြီး လုပ်နေကြတယ် စသည် စသည် လက်သီးပုန်းထိုးခံနေရတဲ့ အချိန်မှာ နောက်ထပ် လက်သီး တစ်လုံး အထိုးခံရပြီ မြန်မာပြည်တွင်းမှာ လူဦးရေ အများဆုံးနဲ့ တန်ဖိုးအထားဆုံး ဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာပါ တစ်ခါတည်း တွဲပြီး နာမည်ပျက်ကိန်း စိုက်နေပြီ ကျွန်တော် ဒီပို့စ်ကို ရေးသင့် မရေးသင့် အမြဲ စဉ်းစားတယ် ရှင်းရှင်းပြောရင် ဘုမသိ ဘမသိနဲ့ ဆဲခံရတာမျိုးလည်း ခံနိုင်ရည် မရှိဘူး။ အကုန်လုံးကိုလည်း တစ်ယောက်ချင်း လုံးစေ့ ပတ်စေ့ နားလည်အောင် ရှင်းမပြနိုင်ဘူး ကျွန်တော် ကိုယ့်ပေါင် ကိုယ်လှန် ထောင်းတာပဲ ၀ါသနာပါလို့ သူများ ဘာသာ ဘာမှ မပြောခင် ကိုယ့်ဗုဒ္ဓဘာသာထဲက မဖြစ်သင့်တဲ့ ကိစ္စတွေ အတွင်းက လှိုက်စားနေတဲ့ အကျင့်ပျက်မူတွေ သန့်ရှင်းစေချင်တဲ့ စိတ်နဲ့ ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ခု တည့်တည့်ပဲ ပြောမယ်ဗျ အစ္စလာမ် ဘာသာနဲ့ ဆော်နေ နှက်နေ ကြတာက ဘာနဲ့ တူသလဲဆိုတော့ လူနှစ်ယောက် ထိုးကြိတ် နေတာနဲ့ တူတယ် ။ တစ်ခါတစ်လေ ကိုယ်က ဆော်ထည့်လိုက်မယ် ။ တစ်ခါတစ်လေလည်း သူက ဆော်လိုက်မယ် ။ မြင်နေရတယ် သိနေတယ် ကာကွယ်လို့ရတယ် ။ ကိုယ့်ကို ထိုးတော့မယ်လို့ ထင်ရင် ရှောင်လို့ တိမ်းလို့ရသေးတယ်။ ကိုယ့်အပေါ်မှာပဲ မူတည်တယ်။

ကျွန်တော် မြင်နေတဲ့ အတိုင်း ကျွန်တော် ပြောကြည့်မယ် အပြင်မှာ အဲ့လို ကိစ္စ မရှိပါဘူးဆိုရင် ကျွန်တော့်ကို ထောက်ပြနိုင်တယ် မသကာ ၀င်ဆဲနိုင်ပါတယ်။

ဟုတ်ပြီ ကိုယ့် ဘာသာထဲက ဘုန်းကြီးဝတ်နဲ့ ကိုယ်တော်တွေ ဘုရားဟောထားတဲ့ ၀ိနည်းတွေ နဲ့လည်း မညီတဲ့ အပြင် အများအမြင် မတင့်တယ်တဲ့ ကိစ္စတွေ လုပ်နေတာတွေရှိတယ် ။ ချဲဂဏန်းပေးတယ် ၊ ဂါထာလိုလို ဘာလိုလိုတွေ ပေးတယ် ၊ နောက်ဆုံး ကုန်ကုန်ပြောမယ် ဘုန်းကြီးကျောင်းဝင်းထဲမှာ နှစ်လုံးထီ ၊ သုံးလုံးထီ ၊ဘောလုံး လောင်းကစားဒိုင် အကုန်လက်ခံပြီး လုပ်ခွင့်ပေးထားတဲ့ ဘုန်းကြီးကျောင်းတွေ မန်းလေး မြို့မှာ အများကြီးပဲ။ မရှိပါဘူးဆိုရင် ပြောပါ လောင်းကြေး စားကြေး ပိုက်ဆံ ထပ်ပြီး လိုက်ပို့ပေးမယ် ဒီတိုင်းတော့ မရဘူး :) ။ အဲ့ဒါမျိုးတွေ ပျောက်သွားအောင် ဘာလို့ မလုပ်ကြတာလည်း မသိကြလို့လား ။ သိသိကြီးနဲ့ ဘယ်သူမှ မပြောဘူး။ ကိုယ့်ဘာသာ အပေါ် အထင်သေး အမြင်သေးမှာစိုးလို့ ဘာသိဘာသိပဲ နေကြတယ်။ အဲ့ဒါက ဘာနဲ့ တူသလဲဆိုတော့ အဲ့ဒီ ရန်ဖြစ်နေတဲ့ လူ နှစ်ယောက်ထဲက တစ်ယောက်ထားပါတော့ အေ ကိုက်နေတာနဲ့ တူတယ် ။ ဘယ်သူမှ ထိုး နေစရာမလိုဘူး တချိန် သူ့ဘာသာ ပိန်လှီပြီး သေမှာပဲ။ ကျွန်တော်တို့လည်း တခြား ဘာသာက ကိုယ့်ဘာသာကို လွမ်းမိုးလာမှာကို အရမ်းကြောက်ပြီး သူတို့ရန်ကို ကာကွယ်ဖို့ အာရုံရောက်နေတဲ့ အချိန်မှာပဲ ကိုယ့်ဘာသာထဲက မရှိသင့် မရှိထိုက်တဲ့ ဗိုင်းရပ်စ်ပိုးလို ဘုန်းကြီးတွေ အများကြီး ရှိတယ်ဆိုတာ သတိမထားမိကြဘူး ( သို့ ) သိသိနဲ့ ရေငုံနှုတ်ပိတ်နေတယ် ။ ဘာသာခြားတွေ ကြားမှာ အရှက်ရမှာစိုးလို့ ။ ဘာမှ မပြောပဲ နေတာက အရှက်ရတာထက် ပိုပြီး အန္တရာယ်ကြီးတဲ့ ကိစ္စလို့ ကျွန်တော် ထင်တယ် ။ ဘင်္ဂလားနဲ့ မြန်မာပြည် ရေပိုင်နက် ကြားမှာ လှေတစ်စီးနဲ့ ဟိုသွားရမလို ဒီသွားရမလို ဖြစ်နေတဲ့ ရိုဟင်ဂျာတွေထက် ပိုပြီး အန္တရာယ်ရှိနေတဲ့ အနေအထားလို့ ကျွန်တော် ထင်တယ်။ အပြင်က ရန်သူက မြင်ရတယ်။ အတွင်းက ရန်သူက မမြင်ရဘူး။ ဘုန်းဘုန်း တွေအကုန်လုံးကို မဆိုလိုပေမယ့် ချဲဂဏန်းပေးတဲ့ ဘုန်းကြီး ၊ ကျောင်းမှာ ချဲ၊ နှစ်လုံး၊ ဘောလုံးပွဲ လက်ခံထားတဲ့ ဘုန်းကြီး ၊ ဘုန်းကြီးဝတ်နဲ့ စီးပွားရေး လုပ်နေတဲ့ ဘုန်းကြီးတွေ အကုန်လုံးကို ဆိုလိုတယ်။


မြန်မာပြည်မှာ သင်္ကန်းဝတ်ထားတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီး အရေအတွက် ကျွန်တော် တိတိကျကျမသိပါ ။ ကျွန်တော် မှတ်ဖူးတဲ့ အရေအတွက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ ၃ သိန်းလောက် ရှိတယ်လို့ မှတ်သားဖူးပါတယ် အရေအတွက် ကိန်းဂဏန်း မှားနိုင်ပါတယ် သိတဲ့လူ ရှိရင် ပြင်ပေးပါ။ အဲ့ဒီ အရေအတွက်ထဲမှာ တကယ်ကို ဗုဒ္ဓစာပေကို လေ့လာ လိုက်စားပြီး နောင်တချိန်မှာ ဓမ္မကထိကတွေ ဖြစ်ပြီး ပြည်သူလူထုကို တရားပြ ပေးနိုင်တဲ့ ဘုန်းဘုန်းတွေ ပါဝင်ပါလိမ့်မယ် ဟုတ်ပြီး ၃ သိန်း စလုံးလား ဆိုတော့ မဟုတ်ဘူး ။
ထစ်ခနဲ ရှိရင် နိုင်ငံရေးမှာ ၀င်ပါတာ ကျွန်တော့်သဘောအရ မကြိုက်ဘူး ။ ဘုန်းကြီးက ရှေ့ကသွားပြီး ကျွန်တော်တို့ လူတွေက ဘုန်းကြီးကို ကာဗာလုပ် နောက်က လိုက်ရတာလည်း သဘာဝ မကျဘူး။ ဘုန်းကြီးက ဘုန်းကြီး အလုပ်လုပ်ပါ ။ နိုင်ငံရေး လုပ်ချင်တာလား ရတယ် လူဝတ်လဲပြီး တကယ် ထဲထဲ ၀င်ဝင်လုပ် ။ ခု ဖြစ်နေတာက တစ်ခုခုဖြစ်ရင်

ဘုန်းကြီးတွေ ဦးဆောင်ပြီး ဆန္ဒပြတယ် ။ ဘုန်းတော်ကြီးတွေဆိုတာ မြန်မာလူမျိုးတွေ တလေးတစား ကြည်ညိုရတဲ့ အဖွဲ့အစည်းပါ။ လူတွေကတော့ ဘုန်းကြီးတွေ လမ်းပေါ်ထွက်ရင် ထိုင်ရှိခိုးမယ် ဆွမ်း၊ရေ ကပ်မယ် နောက်ဆုံး ၀င်ပါမယ် ။ ရတယ် မရဘူး ဆိုတာ အသာထားပါ မှားတယ် မှန်တယ်ဆိုတာ အသာထားပါ OIC ကိစ္စ လူတွေ ချည်းပဲ ဆန္ဒပြလည်း ရပါတယ် ။ ဘုန်းကြီးတွေပါ ဆန္ဒပြတယ် ထားပါ အဲ့ဒီအထိ ။ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေက ရိုဟင်ဂျာ မိစ္ဆာကောင်တွေ ဘာဖြစ်တယ် ညာဖြစ်တယ် ကျဆုံးပါစေ ဘာညာဆိုတာကျတော့ တော်တော်လေးကို များသွားပြီ။ ဆိုင်းဘုတ်ထဲမှာတင် ဗုဒ္ဓရဲ့ သည်းခံခြင်း ၊ မေတ္တာစေတနာ ထားခြင်းဆိုတဲ့ အနှစ်သာရနဲ့ တခြားစီပဲ။ လူတွေဖြစ်တာ လက်ခံလို့ရပါတယ် ။ ဗုဒ္ဓဘာသာ သမိုင်းမှာလည်း ဘုန်းကြီးတွေ နိုင်ငံရေးမှာ ၀င်ပါခဲ့ရတာတွေ ရှိခဲ့တယ်လို့ တချို့က ထောက်ပြပါတယ်။ အနီးစပ်ဆုံး နိုင်ငံရေးမှာ ၀င်ပါတဲ့ ကိစ္စ ။ ကနောင်မင်းသားက အင်္ဂလိပ်တွေ တက်လာရင် ဒီဧရာဝတီ မြစ်ကြောင်းကပဲ လာရမှာမို့ ရေမြှုပ်ဗုံး ထွင်တယ် သူ့ဘာသာ
အေးရာအေးကြောင်း အောင်ပင်လယ်မှာ စမ်းသပ်တယ် တအုံးအုံးနဲ့ ၊ အဲ့ဒါကို မဆီမဆိုင် မန်းလေး နန်းတွင်းမှာ မင်းတုန်းမင်း ကပ်တဲ့ ဆွမ်းစားနေတဲ့ ဘုန်းတော်ကြီးက လူသတ်လက်နက် ဘာဖြစ်တယ် ညာဖြစ်တယ်လုပ်လို့ ဆက် မစမ်းရပဲ ရပ်လိုက်ရတယ်။ နိုင်ငံရေးက သပ်သပ် ဘာသာရေးက သပ်သပ်ပဲ။ တကယ်လည်း ဖြစ်လာရော ဘာ ရေမြုပ်ဗုံးမှ မရှိလို့ ကမ်းပေါ်က ဟိုမရောက် ဒီမရောက် အမြောက် ပိစိကွေးလောက်နဲ့ ထုရတာပဲ။

ကျွန်တော် အဓိက ထောက်ပြချင်တာလေးတွေ ရှိတယ်။ ကျွန်တော် လူဦးရေနဲ့ လုပ်အားနဲ့ နှစ်ခုထဲ ချိန်ကြည့်တယ်။ ဘုန်းကြီးဦးရေ ၃ သိန်းလောက်ထဲမှာ တကယ် ဘာသာရေးကို လေ့လာလိုက်စားပြီး ဗုဒ္ဓရဲ့ တရားဓမ္မတွေ ဖြန့်ဝေနိုင်တာ ဘယ်လောက်ပါမလဲ ။ ၃ သိန်းဆိုတဲ့ အရေအတွက်ဟာ နည်းတဲ့ လုပ်အားနှူန်း မဟုတ်ပါဘူး။ ငယ်ငယ်ရွယ်ရွယ်တွေ သန်သန်မာမာတွေ အများကြီးပါ။ တစ်ခုခုဖြစ်တိုင်း ထွက်ဆန္ဒပြတယ်ဆိုတဲ့ ကိုယ်တော်တွေ နိုင်ငံရေးကို တကယ်စိတ်ဝင်စားရင် လူဝတ်လဲပါ။ အပြင်မှာထွက် အလုပ်လုပ်ပါ။ သင်္ကန်အရေခြုံပြီး နိုင်ငံရေး မလုပ်ပါနဲ့။ သူတို့ကတော့ ကောင်းစေချင်လို့ လုပ်တယ် ဆိုပေမယ့် ကမ္ဘာ့အလည်မှာ ဗုဒ္ဓဘာသာရဲ့ image က ကျသွားဖို့ပဲ ရှိပါတယ် ။
ထိုင်းမှာ ရှပ်နီတွေ ရှပ်ဝါတွေ အဘီဆစ် အစိုးရနဲ့ ပတ်သတ်ပြီး မကျေနပ်ကျတော့ ဘုန်းကြီးတွေ အုပ်လိုက်ကြီး ထွက်လာတာ မြင်ဖူးလား နိုးပါ။ မရှိပါဘူး။ ခု နိုင်ငံရေး လုပ်ချင်တယ်ဆိုလည်း အပြင်မှာ လူဝတ်လဲလိုက်တာ ပိုပြီး လုပ်လို့ကောင်းပါတယ် ။ ဒီတိုင်း နေနေတာက လုပ်အားနှူန်း ဆုံးရှုံးရတဲ့အပြင် ဆွမ်းကိစ္စ အပါအ၀င် တခြားကိစ္စတွေကို လှူဒါန်းခြင်းနဲ့ အတူ ဖြေရှင်းပေးနေရတဲ့ သာမန်ပြည်သူတွေ အတွက်လည်း ၀န်ထုတ်ဝန်ပိုး ဖြစ်စေပါတယ် ( ကျွန်တော်တော့ ငရဲ စောက်ထိုးဆင်းရတော့မယ် :D ) ။ တခြား ဘာသာခြားတွေနဲ့ ထိပ်တိုက်တွေ့ပြီး မဖြေရှင်းခင် ကိုယ့် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကိုလည်း သန့်စေချင်ပါတယ်။

မန်းလေး ရောက်နေတုန်း ချယ်ဆီးလ်နဲ့ မန်ယူပွဲ မန်းလေးက ဘောလုံးပွဲရုံမှာ သွားကြည့်တယ် သူတို့နဲ့ ဘာဆိုင်လည်း ဘောလုံးပွဲ ကြည့်နေတဲ့ ကိုယ်တော်တွေ အများကြီးပဲ။ ဘာကိစ္စနဲ့  သင်္ကန်းဝတ်ထားသေးလည်း ။ နောက် ကိုယ်တော် တစ်ပါး ကြုံဖူးတယ် ။ နောက်ဆုံး ကိုယ် ဆွမ်းခံနေတဲ့ အိမ် ထိုင်ကိုယ်တော်လို အလှူခံနေတဲ့ အိမ်က ဒကာမနဲ့ ခိုးပြေးတယ်။ နောက် ကျွန်တော့် အမျိုးတွေထဲက ဦးလေးတစ်ယောက် ဘာမှ လုပ်မစားတတ်တော့လို့ ရန်ကုန် က ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဘုန်းကြီး ၀တ်နေတယ်။ ကျောင်းက ခိုင်းတာလေးလုပ် အမိုးအကာရ ၊ စားရသောက်ရ အဆင်ပြေနေတော့ ခုထိမထွက်ဘူး ၆ နှစ်လောက်ရှိပြီ။ နောက် ကျွန်တော် ငယ်ငယ်က အိမ် အခိုးခံရတယ်။ ခိုးတာက ဘုန်းကြီးဝတ်ကြီးနဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့ ကိုယ်တော်တော့ မခေါ်ချင်ဘူး သင်္ကန်းခြုံထားတဲ့ လူပဲ။ ရဲက လူဝတ်လဲခိုင်းပြီးမှ ဖမ်းရတယ်။ ဘုန်းကြီး အရေအတွက်ဟာ တကယ် ရှိသင့်တာထက် ပိုများနေတယ်။
လုပ်အားတွေ ဆုံးရှုံးတဲ့အပြင် ကျန်တဲ့လူတွေအတွက် ၀န်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေတယ်။ ဘုန်းကြီးဝတ်နဲ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ သင်္ကန်းခြုံထားတဲ့ လူတွေကို ဖယ်ရှားစေချင်တယ် ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာထဲမှာလည်း မြို့နယ်အဆင့် အဖွဲ့အစည်း တိုင်းအဆင့် အဖွဲ့အစည်းတွေနဲ့ တကယ့် ဆရာတော်ကြီးတွေ ရှိပါတယ်။
တုပ်တုပ်မျှ မလုပ်ကြဘူး။ အရေးယူစေချင်ပါတယ် ။ မွတ်စလင်က ဗလီဆရာတွေ၊ ခရစ်ယာန် သင်းအုပ်စရာတွေ ဘာတွေဖြစ်နေတယ် ဘာတွေ လုပ်နေလည်း ကျွန်တော် စိတ်မ၀င်စားပါဘူး ဗုဒ္ဓဘာသာ အဖွဲ့အစည်းမှာ ဦးခေါင်းပိုင်းက ဘုန်းတော်ကြီး ဆိုတဲ့ အဖွဲ့အစည်း ဘာတွေဖြစ်နေတယ် ဆိုတာပဲ စိတ်ဝင်စားပါတယ် ။ သာသနာရေး ၀န်ကြီးဌာလို
အဖွဲ့အစည်းမျိုးကလည်း နိုင်ငံတော်အဆင့် ဆရာတော်ကြီးများနဲ့ တိုင်ပင်ပြီး အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို ထိန်းချုပ်ဖို့ ကြံဆကြရင် ကောင်းပါလိမ့်မယ်။ ခုက လူအများ သဘောခွေ့မယ့် အနေအထားမျိုးဆို ရှေ့ထွက်လာတယ် ဆန္ဒပြတယ်။
နောက် အေးရာအေးကြောင်းပဲ ဘုန်းကြီးကျောင်းတွေထဲ ပြန်ဝင်ပြီး ဗုဒ္ဓတရား ဓမ္မ ဘက်ကိုလည်း ထဲထဲ ၀င်ဝင် လိုက်စားခြင်း မရှိတဲ့ ကိုယ်တော်တွေ အများကြီးပဲ။ တကယ်ကိုဗုဒ္ဓစာပေကို
လေ့လာလိုက်စားနေတဲ့ ကိုယ်တော်များ၊ ဘုန်းတော်ကြီးများကိုတော့ တပည့်တော် ဒီနေရာကပဲ ရှိခိုး တောင်းပန်ပါတယ် ။ ကျွန်တော် ရေးတာတွေဟာ ဘာသာရေး မှိုင်းတိုက်ချင်လို့လည်း မဟုတ်ဘူး ဗုဒ္ဓဘာသာကို အပုပ်ချချင်လို့လည်း မဟုတ်ဘူး တခြားဘာသာခြားတွေ ဗုဒ္ဓဘာသာ အပေါ် စော်ကား ပြောဆိုဖို့လည်း မဟုတ်ဘူး ဆိုတာ တစ်ခါတည်း ပြောလိုပါတယ်။


ညီသစ်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Re: [mrsorcerer:35597] အမှားရှာပေးပါ

မိုက်ဒလယ်ဗျာ ... နောက်ထပ် ဒါမျိုးလေးတွေ တင်ပေးပါဦး။ အရသာတစ်မျိုးပါပဲ။


2012/11/3 Kon Zaw <konzawoo@gmail.com>

သူငယ်ချင်း Goodluck zaw က နောက်ထပ် အမှားတစ်ခု ထပ်ဖေါ်လိုက် ပါပြီ ဗျို့။ ဟုတ်ပါတယ်

နေညိုသောအခါ အရှေ့ဘက်ရှိ ပဲခူးရိုးမ အရိပ်ကြောင့် အအေးဓါတ်ပိုလာလေသည်….. (ရန်ကုန် မန်း ရထားလမ်းဟာ ပဲခူးရိုးမရဲ့ အရှေဘက်ကနေ ဖေါက်ထားတာ ဖြစ်လို့ ရထားလမ်း အရှေ့ဘက်မှာ ပဲခူးရိုးမ ရှိတယ်လို့မဆိုနိုင်ပါဘူး။ ဂူဂယ်မက်ပ် မှာ ကြည့်လို့ရပါတယ် ခင်ဗျား)

Goodluck zaw ရေ လက်မှတ်စစ် ရထားမမောင်းတာကတော့ ဘတ်စ်ကားစပယ်ရာ ကားမမောင်းသလိုမျိုး ဖြစ်မယ်ထင်ပါတယ် J

 သူငယ်ချင်းတို့ မျက်စေလျှန်းသွားတဲ့ ကျန်တဲ့ အမှားနှစ်ခုကတော့

တောင်ငူဘူတာတွင်လည်း ခရီးသည် အတက်အဆင်းမရှိသောကြောင့် မရပ်ပဲ ဆက်လက်ခုတ် မောင်းလာခဲ့သည်။ …. ( ရထားဟာ ဘတ်စ်ကားလိုမျိုး ဟိုဘူတာမှာတော့ ဆင်းမယ့်လူရှိလို့ရပ်မယ် ဒီဘူတာမှာတော့ ဆင်းမယ့်လူမရှိလို့ မရပ်ဘူး လို့ လုပ်လို့မရပါ။ ဆင်းဆင်း မဆင်းဆင်း ရပ်ရမယ့် ဘူတာကို ရပ်ကိုရပ်ပါတယ်။ မရပ်ရမယ့် ဘူတာကို မရပ်ပါ။ အဲလို စည်းကမ်းမလိုက်နာရင်လဲ ရထားချိန်တွေမှားပြီး အကုန်ရှုပ်ကုန်မှာပါပဲ။)

ရထားတစ်စင်းလုံးလဲ တုန်ခါပြီး တွန့်ဆုတ်သွားကာ အရှိန်လျှောကျသွား…..အထုပ်များသည်လည်း ဝရုန်းသုန်းကား ဖြင့် နောက်ကို အရှိန်နှင့် လွင့်ပါကုန်ကြ….. (အရှိန်လျှော့ကြသွားရင် အီနားရှားသဘောအတိုင်း အထုပ်တွေဟာ ရှေ့ကိုပဲ အရှိန်နဲ့ လွင့်ပါကြ မှာပါ။ နောက်ကို မဟုတ်ပါ။)


အမှားကိုးခု လုံးကို ဖေါ်ပြီးသွားပါပြီ။ ဖတ်ရှူအားပေး ကြတဲ့ သူငယ်ချင်းများကို ကျေးဇူး အထူးပါ။ ဟုတ်ကဲ့ အမှားအများဆုံးဖေါ်သွားနိုင်တဲ့ goodluck zaw ကိုတော့ ဆုတော်ငွေ နှစ်သောင်းတိတိ ချီးမြှင့်လိုက်ပါတယ် ခင်ဗျား။ (ပိုက်ဆံကိုတော့ ရန်ကင်းသား ဆီကနေ ကျွန်တော် ရစရာ နှစ်သောင်းရှိတဲ့ အတွက် သူ့ဆီကပဲ တောင်းယူလိုက်ပါနော် :)

 

_______

ကွန်းဇော်

 


2012/11/2 goodluck zaw <goodluckzaw@gmail.com>
အရှေ့ဘက်ရှိ ပဲခူးရိုးမ ( အနောက်ဖက်)
သူ့ဆရာ ဦးဘမောင်ကို သတိရနေ ( သူ့ဆရာဆိုရင် လက်မှတ်စစ်က ဘာလို့ ရထားမမောင်းတာလဲဟင် )



2012/11/1 Kon Zaw <konzawoo@gmail.com>

 goodluck zaw ရေ ကိုလူစိမ်းပြောသလိုပဲ သူငယ်ချင်းကတော့ ရဲရဲတောက်ကို မညှာမတာ စစ်ထားတာပဲ ဟီး။ တချို့ဆိုရင် ကျွန်တော် မရည်ရွယ်ဘဲ မှားတဲ့ ကျွန်တော့် အမှားတွေလို့တောင် ပြောရမယ် ဗျ J ရထားချိန်တွေနဲ့ ပတ်သက်လို့တော့ တစ်ခေါက်နဲ့တစ်ခေါက်တောင် မတူတတ်လို့ ဘယ်ဟာ အမှန်မှန်းတောင် မသိတော့ပါဘူး J  ဒါကြောင့် သူတို့ ကြော်ငြာထားတာကိုပဲ စံထားပြီး ရေးလိုက်တာပါ။  "ရေရမယ် ရေအေး" ဆိုတာလဲ ကလေးတွေ အော်တာကို ကျွန်တော် ကြားဖူးတဲ့ အတိုင်းလေး ပြန်ရေးလိုက်တာပါ။  

Mr. Jugger, ရန်ကင်းသားနဲ့ Diamond Heart တို့ ဖြေထားတာတွေလဲ မှန်ပါတယ် ဗျာ။ ဟဲဟဲ ဒါပေမယ့် အမှားနောက်ထပ် သုံးခု ကျန်သေးတယ်ဗျ။ လောလောဆယ်တော့ ဖေါ်ပြီးသမျှ အမှားလေးတွေကိုပဲ အဖြေတိုက်လိုက်ဦးမယ် ကျန်တဲ့ သုံးခုကို မနက်ဖြန်ကျမှ တင်တော့မယ် J အချိန်မှီလေးရှာတွေ့ရင် ဖြေလို့ရသေးတယ်နော

မန္တလေး- ရန်ကုန် အဆန် ခရီးစဉ်သည် ( မန္တလေး- ရန်ကုန် အစုန် ဖြစ်ပါသည်။)

ဂါတ်ဘိုတွဲနား အရောက်တွင်…. သူ့ အလုပ်ခွင်ဖြစ်သော စက်ခေါင်းတွဲ ဘက်ကို ဆက်လျှောက်….. (ဂါတ်ဘိုတွဲသည် ရထား၏ အနောက်ဆုံးတွင် ရှိပြီး စက်ခေါင်းတွဲမှာ ရထား၏ ရှေ့ဆုံးတွင်ရှိပါသည်။ ထို့ကြောင့် စက်ခေါင်းတွဲကို လာသူသည် ဂါတ်ဘိုတွဲနားကို မရောက်နိုင်ပါ)

စာပို့ ရထားတစ်စီးကို အချက်ပြ၍ တစ်ဘက်လမ်းမှနေ ကျော်တက် လာခဲ့ (အများအားဖြင့် ရန်ကုန် မန္တလေး ရထားလိုင်း၏ နယ်ပိုင်းများမှာ အသွားလမ်းနှင့် အပြန်လမ်း နှစ်လမ်းသာ ယှဉ်လျှက်ရှိသည်။ ခရီးတူ ရထားခြင်းရှောင်လိုလျှင် ဘူတာ တစ်ခုခု၏ လမ်းလွှဲ မှာသာရှောင်လေ့ရှိ၏)

စက်ခေါင်းတွဲ၏ ညာဘက်ပြူတင်းပေါက်မှ မြင်နေရသော လကြီးသည် (မြန်မာပြည် မြေပုံကို မျက်စေ့ထဲ မြင်ယောင်ကြည့်လျှင် မန္တလေး-  သည် အထက်ဖက်(မြောက်)တွင်ရှိ၍ ရန်ကုန်သည် အောက်ဖက်(တောင်)တွင်ရှိသည်။ ထို့ကြောင့် မြောက်မှတောင်သို့သွားလျှင် ညဦးပိုင်း တွင် လကို လက်ဝဲ ဘက်တွင်သာ မြင်ရမည်။ )

ခရီးသည် ၂၃၀ ယောက်နှင့် ( ခရီးသည် ၂၁၉ ယောက်ကျန်ပါတယ်)

ဒါတွေဟာ အယူသီးမူ သက်သက်ပါလေ မေ့လိုက်တာပဲ ကောင်းပါတယ်…. လက်မှတ်စစ် မောင်လှကား ကြောင်နက်ကြီးကို မြင်တိုင်း…. ( ဦးဘမောင်သည် ကြောင်နက်ကြီးကိစ္စကို မေ့လိုက်ပြီဖြစ်၍ တခြားလူကပြောဖြစ်မည်မဟုတ်ပါ။ ထို့ကြောင့် မောင်လှ ဒီကိစ္စကို မသိနိုင်ပါ)

 

_______

ကွန်းဇော်


2012/10/31 လူစိမ်း <ayethein90@gmail.com>
ဟမလေး မနည်းမနော မှင်နီတွေ
ကျောင်းဆရာများလားဗျ စစ်တတ်လိုက်တာ လွန်ကော
Cheers! GL-Zaw

ကိုဧးသိမ်း a.k.a လူစိမ်း

မိတ်ဆက်

``မြန်မာ့ အရုဏ်သစ်`` (အွန်လိုင်း) ပရဟိတ လူမှုကူညီရေး အသင်း
https://www.facebook.com/groups/Myanma.ArunThit.Org

အသင်း ၏ ဘလော့ စာမျက်နှာ
http://aryonthid-myanmar.blogspot.com/

အသင်း အကြောင်း ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်
https://www.facebook.com/groups/Myanma.ArunThit.Org/members/

အသင်း ၏ Fan Page စာမျက်နှာ
https://www.facebook.com/Myanma.ArunThit.page

အသင်းကိုယ်စားပြု ကောက်ခံပေးရန် တာဝန်ကျ အမှုဆောင်များစာရင်းကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
https://docs.google.com/spreadsheet/ccc?key=0Au8_XYy82xrgdFJMbGprY0Zmbk4tTWJySjZvdzdVMGc

မန်ဘာအသစ်လျှောက်လွှာဖြည့်စွက်၊ တင်ရန် နေရာ
https://docs.google.com/spreadsheet/embeddedform?formkey=dDdEenZQX19JSEVIckFVRXFIdmVWTUE6MQ

အမှုဆောင်နှင့် အလှမ်းဝေးသူများ၊ ရပ်ဝေးမှ ငွေလှူဒါန်းလိုသူများ ဒီမှာ ဝင်ကြည့်ပါရန်....
https://docs.google.com/spreadsheet/viewform?formkey=dHlKbk81Q0tWZU5Qb2tBUE5aVnBKYUE6MA




2012/10/30 goodluck zaw <goodluckzaw@gmail.com>
အဲဗျာ ... စာရိုက်နေတုန်း send နှိပ်မိလားမသိဘူး။ ပို့မလို့ရှိသေး စာက တက်သွားတယ်။

သာစည်ဘူတာသို့ မရောက်မှီလမ်းတွင် စာပို့ ရထားတစ်စီးကို အချက်ပြ၍ တစ်ဘက်လမ်းမှနေ ကျော်တက် လာခဲ့လေသည်။ (၀မ်းဝေးကို ကျော်တက်လို့ရသတတ် ။) သာစည်ဘူတာတွင် လူ အယောက် ၈၀ ဆင်းသွားပြီး ၃၄ယောက် တက်လာသည်။ ကုန် အတင်အချ မရှိပေ။ သာစည်မှထွက်လာသောအခါ ည ၈နာရီခွဲ (သာစည်ကို ထိုမျှနှင့်မရောက်ပါ) ပြီးလေပြီ။ ညနက်လာသည်နှင့်အမျှ စက်ခေါင်းတွဲ၏ ညာဘက်ပြူတင်းပေါက်မှ မြင်နေရသော လကြီးသည် တဖြည်းဖြည်း မြင့်တက်လာနေသည်။ ( မန်းရန်ကုန်ရထားရစက်ခေါင်းတွဲညာဖက်က အနောက်အရပ်လေ၊ လက အဲဒီအချိန်မှာ အနောက်အရပ်ကို မရောက်သေးပါဘူး။ ဗယ်ဖက်ပြတင်းဆိုရင် မြင့်တက်တာမြင်ရမယ်။ ညာဖက်ဆို လက နိမ့်သွားရမယ်  ရထားလမ်းနှင့် ကားလမ်းပြိုင်သော နေရာအရောက်တွင် တဘက်ကားလမ်းပေါ်မှ ပါဂျရို အမျိုးအစား ကားလေးတစ်စီးကို လရောင်အောက်တွင် လှမ်းမြင်နေရသည်။ ကားလေးသည် ပထမတွင် ရထားနှင့် အပြိုင်မောင်းနေရာမှ တဖြည်းဖြည်း အနောက်မှာ ကျန်နေခဲ့သည်။ ရုတ်တရက် လယ်ကွင်းတွေကုန်သွားပြီး တောတန်းလေးတစ်ခု ရိပ်ကနဲ ပေါ်လာကာ အလယ်မှ ခြားသွားသဖြင့် ကားလမ်းမလည်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 




--
_______
ကွန်းဇော်







--
_______
ကွန်းဇော်




--
မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့

မြန်မာ့အရုဏ်သစ် ပရဟိတအသင်း၏ စာမျက်နှာ

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ မိတ်ဆက်

လူမှုရေးလုပ်ရန် စိတ်ဝင်စားသူများ ဆက်သွယ်ရန် (ဖောင်ဖြည့်ရန်)

`` အိမ်ထောင်ဟူသည် မသာယာလျှင် အကျဉ်းထောင်တစ်မျိုး၊ သာယာပြန်လျှင် သံသရာ အမှောင်တိုး ´´

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Burma News International - November 3, 2012

Burma News International

Burma News International
November 3, 2012

Two Mon parties inaugurate shared office

The All Mon Regions Democracy Party (AMDP) and Mon Democratic Party (MDP) opened a single office yesterday during a ceremony that unveiled a new sign and flag in central Kamarwat Village of Mudon Township, Mon State.

Burma Army Shelling Injures 3 Boys In Kachin State

Three schoolboys were injured on Friday after shells fired by the Burma army hit Nbala Hka village in the Hpakant jade district of Kachin state, according to local residents.

အစိုးရတပ်မှ KIA စခန်းသို့ လက်နက်ကြီး ပစ်ခတ်မှု ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့် ဒေသရှိ မြန်မာအစိုးရတပ်က ကချင်ပြည် လွတ်လပ် ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင် တပ်စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသတွင်းရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ (၃) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း ဖွဲ့စည်း

ရခိုင်တိုင်းရင်းသားများ အရေး ဆောင်ရွက်နိုင်ရန် နေပြည်တော်တွင် ယနေ့နံနက်က အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး “နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း” ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ရခိုင် ငြိမ်းချမ်းရေး အတွက် စစ်တွေ မှ ဆရာတော်ကြီး ၅ ပါး ရန်ကုန်သို့ ပင့်ဆောင်

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားနေသည့် ပဋိပက္ခ ပြေငြိမ်းရေး ဆွေးနွေးနိုင်ရန် စစ်တွေမြို့မှ ဆရာတော်ကြီး ၅ပါးကို အောက်တိုဘာလ ၂ ရက်နေ့က  သာသနာရေး ၀န်ကြီးဌာနမှ ရန်ကုန်မြို့သို့ ပင့်ဆောင် သွားကြောင်း သတင်း ရရှိသည်။

ကချင်ဒုက္ခသည်များ အတွက် အမည်မသိ ဇနီးမောင်နှံမှ လက်ထပ် ရွှေလက်စွပ် ပေးလှူ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အမျိုးသားဌာန၏ သမ္မာကျမ်း စာသင်ကြားခြင်း အစီစဉ်တစ်ခုတွင် ကချင်ဒုက္ခသည်များအတွက် အမည်မသိ ဇနီးမောင်နှံမှ မင်္ဂလာ ရွှေလက်စွပ် တစ်ကွင်း လှူဒါန်းခဲ့သည်။

ချင်းပြည်နယ်တွင်လေယာဉ်ကွင်းတည်ဆောက်တော့မည်

ချင်းပြည်နယ် ဖလမ်းမြို့အနီး ဆာဘန် (Surbung) တောင်ပေါ်တွင် အစိုးရက လေယာဉ်ကွင်းတကွင်း တည်ဆောက်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။

ရွှေးကောက်ပွဲ ကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူ တွေ့ဆုံ

ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အရှေ့တောင်အာရှ အမျိုးသမီးများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဖြေရှာရန် ဆွေးနွေး

အရှေ့တောင်အာရှ နိုင်ငံများရှိ ဌာနေတိုင်းရင်းသား အမျိုးသမီးများအပေါ် ဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ကျရောက်သည့် လူအခွင့်အရေး ချိုးဖောက်မှုများကို ဝိုင်းဝန်းအဖြေရှာသည့် အလုပ်ရုံဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများထံမှ သိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Chiang Mai 50202
Email Marketing Powered by MailChimp