[New post] စတီရီယိုခေတ်ဦးနိုင်ငံကျော်အဆိုတော်ကြီး ခင်မောင်တိုး ကွယ်လွန်ဟု ဆို

admin posted: " စတီရီယိုခေတ်ဦးနိုင်ငံကျော်အဆိုတော်ကြီး ခင်မောင်တိုး ကွယ်လွန်ဟု ဆို ( ဒီ ) ဖေ့စ်ဘွတ် ပိတ်ဂ်ျ "

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်အား လုပ်ကြံမည်ဆိုသည့် တရားခံ မဟုတ်မှန်ဟု နှစ်နိုင်ငံ ရဲအရာရှိပြော

Posted: 08 Nov 2012 12:51 AM PST

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နဝပ် အား လုပ်ကြံမည့်သူဟု စွပ်စွဲခံထားရသည့် တာချီလိတ်မြို့မှ တရားခံမှာ စစ်ဆေးတွေ့ရှိချက်အရ ဖြစ်နိုင်မှု မရှိဘဲ အကွက်ဆင်မှု တခုသာ ဖြစ်နိုင် ကြောင်း ထိုင်း၊ မြန်မာရဲအရာရှိများက ပြောဆိုသုံးသပ်ကြပါသည်။
Sam_Pu                                                 Photo : newsdataonline.com

"တကယ်လို့ ကိုယ်ကသာ လက်ဖြောင့်သမားဆိုရင် မုန့်ရောင်းစားမှာလား။ စုံထောက်တို့ သူလျှိုတို့ ဆိုရင် တမျိုးပေါ့။ လက်ဖြောင့်သမားဆိုရင် ဗစ္စတိုတလက်တော့ ရှိသင့်တယ်။ သူဌေးတွေ ရှိကြတယ်။ သူဌေးတိုင်း ကိုယ်ရံတော် လက်ဖြောင့်သမားတွေ ရှိတယ်။ လက်ဖြောင့်သမားတိုင်း ပစ္စတို သေနတ် တလက်တော့ အနည်းဆုံးရှိတယ်။ သူတို့က တိုးကျိုးမုန့်ရောင်းသမား လုပ်စားမယ်ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး" ဟု ထိုင်းအရာရှိတစ်ဦးက ပြောပါသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင် သည် နေပြည်တော်သို့ နိုဝင်ဘာ ၈ ရက်၌ အလည်အပတ် ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် တာချီလိတ်သို့ လာရောက်လည်ပတ်မည်ဟု သတင်းများ ထွက်ပေါ်နေ စဉ် နိုဝင်ဘာ ၂ ရက်နေ့၌ လှည်းဖြင့် မုန့်လှည့်လည်ရောင်းချနေသည့် ဆမ်ပူး ဆိုသူထံမှ အာပီဂျီဗုံးသီး (၃)လုံး၊ ပို့ကျည်(၃)တောင့်၊ M 16 ကျည်ကဒ် ၁ ခုနှင့် ၅.၅၆ ကျည် ၁၀ တောင့်တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်က ဆမ်ပူး သည် ထက်ဆင် အား လှုပ်ကြံမည့်သူ ဟု ပြောဆိုကြောင်း ထိုင်းသတင်းစာများ၌ ရေးသားဖော်ပြသည်။

"ထက်ဆင် က တာချီလိတ်ကို လုံးဝ မလာချင်ဘူး။ ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ သူ့ညီမကလည်း မလာစေ ချင်ဘူး။ သူမ မျက်နှာပူတာပေါ့။ တက်ဆင်ရဲ့တပည့်တွေက လာစေချင်တယ်။ အဲဒါကြောင့် အကွက်ရှာ တာလည်း ဖြစ်နိုင်တယ်" ဟု အမည်မဖော်လိုသည့် အဆိုပါ ထိုင်းအရာရှိက ဆက်ပြောပါသည်။

တဖက်၌လည်း လားဟူပြည်သူ့စစ်ဘက်မှ ထက်ဆင် အား လုပ်ကြံမည်ဟုလည်း သတင်းများ ထွက်ပေါ် နေကြောင်း၊ အကယ်၍ ထက်ဆင် အား လုပ်ကြံမည်ဆိုပါက မုန့်ရောင်းစားနေသည့်သူအား ဌားရမ်းမည် မဟုတ်ကြောင်း၊ ၎င်းတို့တွင် ကျွမ်းကျင်သည့် လက်ဖြောင့်တပ်သားများ ရှိမည်မလွှဲကြောင်း ပြောပါ သည်။

"ဆမ်ပူး မုန့်ရောင်းတဲ့အခါ ကျနော်တို့ ဆိုင်ရှေ့မှာ လာရပ်တတ်တယ်။ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကိုတော့ မသိရဘူး။ ဒါပေမဲ့ သူက မိုင်းလား၊ မိုင်းပေါက်၊ မိုင်းဖျန်က သူဌေးတွေနဲ့ အလုပ်လုပ်ဖူးတယ်လို့ ပြော ပြဖူးတယ်။ အဲဒီသူဌေးတွေရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်" ဟု တာချီလိတ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါသည်။

ထက်ဆင် ထိုင်းဝန်ကြီးချုပ်ဖြစ်နေစဉ်ကာလ ၂၀၀၄-၂၀၀၅ ခုနှစ်ခန့်ကလည်း ၀ တပ် UWSA က ၎င်းအား လုပ်ကြံမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ UWSA ဖက်မှ သတင်း မမှန်ကန် ကြောင်း၊ ကောဋ္ဌဟာဋ္ဌသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

"တကယ်လို့ ၀ က လုပ်ကြံမယ်ဆိုရင်လည်း ၀ တပ်ဖွဲ့တော့ မဖြစ်နိုင်ဘူး။ ပုဂ္ဂလိက ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ၀ သူဌေးတွေမှာ လက်ဖြောင့်သမားတွေ တန်းစီနေတာဘဲ။ လှည်းနဲ့ မုန့်ရောင်းနေတဲ့သျှမ်းလူမျိုးကို လာငှားမှာလား။ လုံးဝ မဖြစ်နိုင်ဘူး။ တခြားတယောက်ကိုဘဲ ငှားမှာ ပေါ့" ဟု ၀ အရာရှိနှင့် နီးစပ်သူတစ်ဦးကလည်း ပြောပါသည်။

တာချီလိတ်မှ ရဲအရာရှိတစ်ဦးကလည်း တာချီလိတ်သည် နယ်စပ်မြို့ဖြစ်သည့်အတွက် မူးယစ်ဆေးဝါး များ၊ လက်နက်များ ဖမ်းဆီးမိခြင်းသည် အဆန်းမဟုတ်ကြောင်း၊ ဤကဲ့သို့ လက်နက်ဖမ်းမိခြင်းသည် ထက်ဆင် အား လုပ်ကြံမည့်ကိစ္စနှင့် သက်ဆိုင်သည်ဟု မမြင်ကြောင်း သျှမ်းသံတော်ဆင့်အား ပြော သည်။

ထက်ဆင် အား လုပ်ကြံမည့်သတင်းများ ထွက်ပေါ်ပြီးနောက် ၎င်းကလည်း တာချီလိတ်သို့ လာရောက် တော့မည် မဟုတ်ကြောင်း ထိုင်းသတင်းများက ရေးသားပါသည်။



ဆိုင်ခန်းခ လျှော့ချရေး မူစယ်မြို့ ဆိုင်ခန်းငှားများ ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်

Posted: 08 Nov 2012 12:49 AM PST

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အမှတ် ၂ ဈေး ၊ ဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံလိုက်သည့် အပေါ် ဆိုင်ခန်းငှားရမ်း သူများက အခန်းခ လျှော့ပေါ့ရေးအတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ အသနားခံစာ တစ်စောင်ကို ယခုလ ၂ ရက်နေ့က ပေးပို့ထားကြောင်း သိရသည်။

နှင်းနှင်းခိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင် ဆိုင်ခန်းများဖြစ်ပြီး စုစုပေါင်း ဆိုင်ခန်း ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

၎င်းကုမ္ပဏီမှ ဆိုင်ခန်းတစ်ခန်းလျှင် အမျိုးအစားအလိုက် တစ်လ တရုတ်ငွေယွမ် ၇၀၀ နှင့် ၆၀၀ စီ အသီးသီးကောက်ခံနေရာမှ အောက်တို ဘာလကုန်မှစ၍ ယွမ် ၂၀၀ စီ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အခန်းခတိုးမြှင့်လိုက်သည့် အပေါ် ငှားရမ်းသူများက သက်ဆိုင်ရာ မူစယ်ခရိုင်အုပ်ချုပ်ရေးရုံးသို့ စာရေးတင်ပြထားသော် လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြရခြင်းဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ် ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"အခန်းခတိုးမြှင့်ကောက်ခံပြီး ၃ ရက်အတွင်းပေါ့နော် ငှားရမ်းသူတွေဘက်က မူစယ်ခရိုင်အုပ်ချုပ်ရေးကို အသနားခံစာ တင်တယ် သူတို့ဘက်က ခေါ်ယူညှိနှိုင်းတာတို့ အရေးယူဆောင်ရွက်ပေးတာတို့ မရှိဘူး အဲဒါကြောင့် ပြည်နယ်ဝန်ကြီး ချုပ်ဆီကို စုပေါင်းလက်မှတ်ထိုးပြီး စာပြန်တင်ထားတယ် " ဟု သူက ပြောသည်။

ယခုအခါ နှင်းနှင်းခိုင်ကုမ္ပဏီမှ ဈေးအတွင်း ပျက်စီးနေသည့် ရေနှုတ်မြောင်းများ ပြန်လည်ပြုပြင်ပေးနေသော်လည်း ဆိုင်ခန်းခများ လျှော့ပေါ့ ပေးခြင်း မရှိသေးကြောင်း သိရသည်။

"ကုမ္ပဏီဘက်က ရေနှုတ်မြောင်းတွေတော့ ပြန်ပြုပြင်ပေးနေတယ်၊ လောလောဆယ်တော့ အရင် ယွမ် ၇၀၀ တန်အခန်းကို ၉၀၀ ပေါ့ ၆၀၀ တန် အခန်း ကို ၈၀၀ ပေါ့ စာချုပ်ပါတောင်းထားတဲ့အတိုင်း ပေးနေရတယ်" ဟု ဆက်ပြောသည်။

ယခင်က အဆိုပါ ဈေးအတွင်း လူစည်ကားခြင်း မရှိသော်လည်း ယခုအခါ လူစည်ကားစပြုလာရာ ဆိုင်ခန်းလိုချင်သူများ ပြားလာသဖြင့် ကုမ္ပဏီဘက်မှ အခန်းခဈေးများ တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဆိုင်ခန်းခတိုးမြှင့်မယ်ဆိုရင် ပိုင်ရှင်ဘက်က ကြိုတင်သတိပေးရမယ်ပေါ့ဗျာ၊ နောက် ၃ လအတွင်း အခန်းခ ချက်ခြင်း မတိုးသင့်ဘူးပေါ့ ညှိနှိုင်းဆောင်ရွက်မှု လိုတယ်ပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် အခုပြည်နယ်ဝန်ကြီးချုပ်ကို တင်ထားတာ မထူးခြားရင် သမ္မတအထိ ဆက်တင်မှာပဲ " ဟု နောက်ထပ်မူစယ်မြို့ခံ တစ်ဦးက ဆိုသည်။

ဆိုင်ခန်းငှားရမ်းသူများက ဆိုင်ခန်းခအပြင် စည်ပင်အမှိုက်ခွန် တစ်လကျပ် ၁၀၀၀၊ ရေမီတာ တစ်ယူနစ် ကျပ် ၃၀၀ နှင့် မီးတစ်ယူနစ် ကျပ် ၁၅၀ ပေးဆောင်ရကြောင်းလည်း သိရသည်။

သျှမ်း/ မြောက် နမ့်ခမ်းမြို့၌ ပွဲဆောင်းဆမ်ဘုရားပွဲတော်ကျင်းပ

Posted: 08 Nov 2012 12:49 AM PST

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မြို့လယ်ကျောင်း၌ ပွဲဆောင်းဆမ်ဘုရားပွဲကို နှစ်တိုင်းသီတင်းကျွတ်ပြီး ၈ ရက်တွင် သုံးရက်သုံးညတိုင်တိုင် ကျင်းပ လေ့ရှိသည်ကို စုံစမ်းသိရှိရပါသည်။
 boy_23
ပွဲဆောင်းဆမ်ဘုရားပွဲ

"ဒီနှစ် ပွဲ က ယခုလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ။ ညတိုင်း သျှမ်းဇာတ်သဘင် ၊ စတိတ်ရှိုး (စင်တင်တေး ဂီတ) နဲ့ဖျော်ဖြေတယ်၊ ၆ ရက်နဲ့ ၇ ရက်နေ့လည် ပိုင်းတွင်လည်းပဒေသာပင် ၄၉ ပင်နဲ့လူထောင်ပေါင်းများစွာနဲ့ မြို့ပတ်လှည့်လည်ကြတယ်၊ ဒီနေ့ ၇ ရက်နောက်ဆုံးပွဲနေ့ မနက်ပိုင်းမှာတော့ ပင့်သံဃာ ၃၅၀ ပါးနဲ့မြို့လယ် ဘုရားကြီး အနေကဇာတင်ပြီး ဆွမ်းဆန်လောင်းပွဲရှိတယ်၊ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေနဲ့ မြို့နေပြည်သူလူထု ရာဂဏန်း  ဆွမ်းလာ လောင်းကြ တယ်" ဟုဆွမ်း လောင်းပွဲပါဝင်သော လုံးစိုင်းထွန်းကပြောပြသည်။
၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် နမ့်ခမ်းမြို့၌ မိုးအရမ်းကြီးနေသည့်အတွက် ပွဲတော်သိပ်မစည်ကြောင်း၊ ယနေ့ ၇ ရက်နေ့တွင်မူ မိုးတိတ်ပြီဖြစ်သဖြင့် ပဒေသာပင်လှည့်လည်ရာတွင်  အထူးစည်ကားလှကြောင်း၊ ပွဲတော်ထူးခြား ချက်တခု မှာမူ သျှမ်းရိုးရာအကအပြင် သျှမ်းရိုးရာစက္ကူဆင်ရုပ်၊ တိုးနယား အရုပ်၊ ကိန္နရာ အရုပ်တို့ဖြင့် အလှူ ပဒေသာပင်နှင့် အတူ လှည့်လည်နေကြောင်း  ၄င်းကဆိုသည်။

ဆောင်းဆမ်ဆိုတာ ဗမာလို ၂၃ လို့အဓိပါယ်ရတယ်။ သီတင်းကျွတ်လဆုတ် ၈ ရက်နေ့မှာကျတယ်။ လပြည့် ၁၅ + လပြည့်ကျော် ၈ ရက်= ၂၃ ပေါ့ဗျာ။ ဒီနေ့ ပဒေသာ ပင်လှည့် တော့ လူက  ၆ ထောင်လောက်ရှိတာ။ အစဉ် အလာ အရလဲ ကြီးကြီးကျယ်ကျယ်လုပ်ခဲ့တဲ့ပွဲတပွဲပါ။ အရမ်းကြည်နူးမိတယ်ဗျာ။ အားလုံးက သျှမ်းဝတ်စုံနဲ့ပေါ့။ သျှမ်းအိုးစည် ၄၉ စုံတီးခတ်ပြီး တရွာနဲ့တရွာ အရောင်ဆင်တူဝတ်ဆင်ပြီး ပွဲတော်လာကြတယ်၊ အလှူပဒေသာ ၄၉ ပင်  ကိုလည်း နမ့်ခမ်းမြို့ထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ  ညီတူညီမျှခွဲဝေ လှူဒါန်းကြတယ်" ဟု နမ့်ခမ်း လူငယ် စိုင်းခမ်းက ပြောပြသည်။

နမ့်ခမ်းမြို့နယ်ရှိ ရပ်ကွက်တခုလျှင် ပဒေသာပင်တပင်လှူ ဒါန်းခြင်းဖြစ်ကြောင်း ၄င်း ကပြောပါသည်။ သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်းမြို့တွင် ပွဲဆောင်းဆမ် ဘုရားပွဲတော် ကို လွန်ခဲ့သောနှစ်ပေါင်းရာကျော် သျှမ်းစော်ဘွားခေတ်ကတည်းက ယနေ့ထိတိုင် နှစ်တိုင်း လိုလို ကျင်းပလာကြ သည်ဟု သိရှိရပါသည်။


Burma News International - November 8, 2012

Burma News International

Burma News International
November 8, 2012

Locals Worry Violence in Arakan State Will Start Again

Arakanese Buddhists worry communal violence will flare up again if authorities don’t implement measures to bring out stability in all of Arakan State.

Ethnic Leader Visits Chin State After Spending Twenty Years In Exile

Supreme Council member of the Chin National Front (CNF) Dr. Lian Hmung Sakhong held a public consultation meeting to about 700 people. The meeting that was organized by the CNF’s Public Consultation Organizing Committee was held at the Diamond Jubilee Hall on Nov.5 in Than Tlang in Chin State.

SSA South leader: Federal democracy key to peace

Speaking in the run-up to the Shan conference to be held on 26-28 November, leader of the Restoration Council of Shan State / Shan State Army (RCSS/SSA) Lt-Gen Yawdserk said the way to lasting peace in Burm is a federal democratic system.

Suu Kyi calls for more troops in Rakhine State

Burma’s opposition leader Aung San Suu Kyi and parliamentarians from ethnic minority parties are calling on the government to deploy more troops to restore peace and stability in Rakhine State, according to a report by Associated Press.

High Ranking Officers Visit Maungdaw

Several politicians and high ranking army and police officers met yesterday in Maungdaw in Arakan State, according to a local official.

Regional Burma Army Commanders Visit Chin State

Top military leaders visited Paletwa Township in Chin State on Nov.4  to discuss regional security and development.

Burma’s guide to Responsible Tourism

Tourism Transparency, an NGO that advocates responsible tourism to Burma, has published a booklet called “Dos & Don’ts for Tourists”—a guidebook targeted at foreign visitors who may be unaware of many of the customs in the Buddhist country.

Chin Idol Concert Planned For Malaysia

A Chin Idol and Live Concert (CILC) is coming to Malaysia’s capital Kuala Lumpur in early 2013. The concert organized by the Chin Celebrity and Music Entertainment (CCME) will take place from Jan. 13-14.

တိုက်ပွဲများ ဆက်ဖြစ်နေသ၍ ပြည်တွင်း၌ တွေ့ဆုံနိုင်မည် မထင်ကြောင်း KIO ဘက်ကဆို

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွား နေသ၍ ပြည်တွင်း၌ တွေ့ဆုံ ဆွေးနွေးမည့် အစိုးရအဖွဲ့၏ တောင်းဆိုချက်အပေါ် လက်ခံရန် ခက်ခဲနေသေးကြောင်း ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (KIO) နိုင်ငံခြား ဆက်ဆံရေး ဌာန ဒုတာဝန်ခံ ဂျိမ်း()စ်)လွန်းတောင်က ဆိုသည်။

ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သည် နိုဝင်ဘာလ ၉ ရက်နေ့၌ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက်မည်ဖြစ်သလို ၎င်းခရီးစဉ် အတွင်း ကျောင်းသား တပ်မတော် ABSDF အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အချို့နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ငြိမ်းချမ်းရေးအကျိုး ဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အရေး ကြေညာ ချက်ထုတ်

လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ပဋိပက္ခသည် ပြည်ထောင်စုအရေးဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် လက်တွေ့ကျကျ အလျှင်အမြန်ဆောင်ရွက်ကြရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့တို့က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

မူစယ်မြို့ ဆိုင်ခန်းခ လျှော့ချရေး ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အမှတ် ၂ ဈေး ၊ ဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံလိုက်သည့် အပေါ် ဆိုင်ခန်းငှားရမ်း သူများက အခန်းခ လျှော့ပေါ့ရေးနှင့် ပတ်သက်၍ သျှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ အသနားခံစာ တစ်စောင်ကို ယခုလ ၂ ရက်နေ့က ပေးပို့ထားကြောင်း သိရသည်။

UNFC နှင့် ၈၈ ကျောင်းသားအဖွဲ့ ချင်းမိုင်းတွင် အလွတ်သဘောတွေ့ဆုံ

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် ကိုမြအေး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့သည် အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာတွင် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

ကလုံးထာရွာသူရွာသားများ နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်လွှာပေးပို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာအနီးတည်ဆောက်မည့် ရေကာတာစီ မံကိန်းကြောင့် ရေမြုပ်ခံရမည့် ဒေသခံရွာသူ/သားများမှ ယခုနိုဝင်ဘာလဆန်းပိုင်းက နိုင်ငံတော်သမ္မတထံ ကန့်ကွက်လွှာတစ်စောင် ပေးပို့ခဲ့သည်။

AFFM နှင့် မိတ်ဖက်သမဂ္ဂများ အရေးပေါ် အစည်းအဝေးကျင်းပ

AFFMမြန်မာနိုင်ငံ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်အမားများ အဖွဲ့ချုပ် (AFFM) က အခြားသော မိတ်ဖက် သမဂ္ဂ များနှင့် ပူးပေါင်းပြီး အရေးပေါ်အစည်းအဝေး တရပ်ကို ယမန်နေ့က ရန်ကုန်မြို့ နိကယ် ကျောင်းတိုက်တွင် ကျင်းပ ခဲ့သည်။

ယခုလအတွင်း ဟားခါးမြို့ပေါ်တွင် ဆိုင် လေး ဆိုင်ဖောက်ထွင်းခံရပြန်ပြီ

ယခုလ နိုဝင်ဘာ ပထမပတ်အတွင်း ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင် လေးဆိုင် ဖောက် ထွင်းခံရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်အား လုပ်ကြံမည်ဟု သံသယရှိသူ မဟုတ်မှန်ကြောင်း နှစ်နိုင်ငံ ရဲအရာရှိပြော

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နဝပ် အား လုပ်ကြံမည့်သူဟု သံသယဖြင့် စွပ်စွဲခံထားရသည့် တာချီလိတ်မြို့မှ တရားခံမှာ စစ်ဆေးတွေ့ရှိချက်အရ ဖြစ်နိုင်မှု မရှိဘဲ အကွက်ဆင်မှု တခုသာ ဖြစ်နိုင်ကြောင်း ထိုင်းနှင့် မြန်မာရဲအရာရှိများက သုံးသပ်ပြောဆို ကြသည်။

ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ယက် စသည့် ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများ ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အများပြည်သူ လေ့လာနိုင်ရန် အတွက်  နိုဝင်ဘာလ ၇ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

၅၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နိုဝင်ဘာလ ၇ ရက်နေ့က ကျရောက်သည့် (၅၇) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယမန်နေ့ မနက် ၇ နာရီမှ ၈ နာရီခွဲ အချိန်အထိ အမှတ်(၄)ရပ်ကွက် ပြည်နယ် (သီရိ)ကွင်း၌ ကျင်းပပြီးစီးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် ဒေလီရှိ မြန်မာအချို့နှင့် တွေ့ရန်ရှိ

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း နယူးဒေလီမြို့ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်အချို့နှင့် တွေ့ဆုံရန်ရှိကြောင်း သိရှိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Chiang Mai 50202
Email Marketing Powered by MailChimp
 

Information & Technology Network (ITN)

Information & Technology Network (ITN)

Link to ITN

[Information & Technology Network] ဂူးဂျဲ ရဲ့ ဒေတာ စင်တာ ပါ ခင်ညာ

Posted: 07 Nov 2012 11:53 PM PST

[New post] ခိုးဝင်ဘင်္ဂလီများကို ဖမ်းဆီးရမိခြင်း

Aung Htet posted: "ပြည်သူ့သတင်းထောက် (ဟစ်တိုင် စစ်ဂျာနယ်) နိုဝင်ဘာ ၈၊ ၂၀၁၂   မကြာမီတွင် ရိုဟင်ဂျာအမည်ခံကာ တိုင်�"

သစ်ထူးလွင်

သစ်ထူးလွင်


လိုင်စင်မဲ့ဆိုင်ကယ်၊ ကယ်ရီသမားများအုပ်စုဖွဲ့ ရမ်းကားမှု တညတည်း၌ နှစ်ကြိမ်ဖြစ်ပွား

Posted: 08 Nov 2012 05:50 AM PST

မြောက်ဥက္ကလာပ (ဂ)ရပ်ကွက် ခေမာသီလမ်း ဆေးတက္ကသိုလ်(၂)ရှေ့နှင့် အဝိုင်း အနီးတွင် နိုဝင်ဘာ (၆)ရက်နေ့၌ ညသန်းခေါင်ကျော်အချိန်ခန့်တွင် (၁၅) မိနစ်ခန့်ခြား၍ ဆိုင်ကယ် ကယ်ရီ သမားများမှ အုပ်စုဖွဲ့ ရိုက်နှက်မှု တစ်ညတည်း၌ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒဏ်ရာရသူ(၃) ဦးအနက် မြောက် ဥက္ကလာပ၊ မေဓါဝီဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုအောင်မြင့်မြတ်နှင့် ကိုဟန်ဝင်းက---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆိုင်ကယ် ကယ်ရီ သမားများမှ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ဒါဏ်ရာ ရသူ တဦးအား တွေ့ ရစဉ်


တပ်သား (၃) ဦး လွှတ်မြောက်ရေး အပေးအယူလုပ်မည့် ကမ်းလှမ်းချက် မြန်မာဘက်က ပယ်ချ

Posted: 08 Nov 2012 05:29 AM PST

" အဲဒီ တပ်မတော်သား (၃) ဦးက အခုအချိန်ထိ အသက်ရှင် ရှိနေသေးတယ်။ ဒီကနေ့ နောက်ဆုံး သတင်းရတာက ဖမ်းဆီးခေါ်ဆောင် ခံသွားရတဲ့ တပ်သား (၃) ဦးကို အပေးအယူ လုပ်ပြီး ပြန်လွှတ်
 ပေးမယ်လို့ အဲဒီ လက်နက်ကိုင် အဖွဲ့က ကမ်းလှမ်းတယ်။ ဒါကို မြန်မာဘက်က ပယ်ချလိုက်ပါတယ်" ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တရုတ်အုပ်စိုးမှု တိဗက်လေးဦး မီးရှို့ဆန္ဒပြ

Posted: 08 Nov 2012 05:00 AM PST

တိဗက် ဒေသ အပေါ် တရုတ်တို့ရဲ့ မူဝါဒကို ဆန့်ကျင်ပြီး ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြတဲ့ တိဗက် လူမျိုးတွေထဲမှာ အခု နောက်ဆုံး ဆန္ဒပြတဲ့ သူတွေကတော့ ငယ်ရွယ်တဲ့ ကလေး အမေတဦးနဲ့ ဘုန်းတော်ကြီး သုံးပါးတို့ ဖြစ်ပါတယ်။ သူတို့ထဲက ကလေးမိခင်နဲ့ ဘုန်းတော်ကြီး တစ်ပါးတို့ သေဆုံး ပျံလွန်တော် မူသွားကြတယ်လို့---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မသင်္ကာဖွယ် လူသုံးဦးကို လိုက်လံဖမ်းဆီးသော သင်္ဃန်းကျွန်းမှ ဒုရဲအုပ်တစ်ဦး ဓားထိုးခံရ

Posted: 08 Nov 2012 04:32 AM PST

ဘက်ထရီ အိုးများဖြင့် မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့သူ သုံးဦးကို လိုက်လံဖမ်းဆီးစဉ် သင်္ဃန်းကျွန်း ရဲစခန်းမှ ဒုရဲအုပ် တစ်ဦး ဓားဖြင့် အထိုးခံ လိုက်ရကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခန့်က သင်္ဃန်းကျွန်း မြို့နယ် ဝေဇယန္တာလမ်းနှင့် ပြည်သာယာ လမ်းထောင့်တွင် ထိုသို့ ဖြစ်ပွားခဲ့ ခြင်းဖြစ်ရာ ဓားဖြင့်အထိုးခံလိုက်ရသူ ဒုရဲအုပ်မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်အောင်ဆန်းစုကြည် ၀တ်စားဆင်ယင်မှု အမျိုးသမီးတွေကြားမှာ ပြန်ခေတ်စားနေ (ရုပ်သံ)

Posted: 08 Nov 2012 04:01 AM PST

မြန်မာ ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကြားမှာ ပြန်ခေတ်စား နေတယ်လို့ အင်္ကျီစက်ချုပ်ဆိုင်တွေက ပြောပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ရီဘွန်း

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့

Posted: 08 Nov 2012 04:41 AM PST

နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး ၁၅၀ခန့် တင်ဆောင် လာသော ကွန်တိန်နာ သင်္ဘောတစ်စီး ၀င်ရောက် လာခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။ ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာ စကား ပြောတတ်သူ သုံးဦးခန့်သာ ပါဝင်ကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပဲခူးမြို့က ရှင်ဆောင်းအထည်ချုပ် အလုပ်သမားများ လစာတိုးမြှင့်ရေး ဆန္ဒပြ

Posted: 08 Nov 2012 05:17 AM PST

ပဲခူးမြို့ ရှင်ဆောင်းအထည်ချုပ်စက်ရုံက အလုပ်သမား ၁၅၀၀ လောက်ဟာ လုပ်ခလစာတိုးမြှင့်ဖို့၊ နားရက်တွေမှာ လစာဖြတ်ထောက်တဲ့ကိစ္စ ဖြေရှင်းဖို့၊ ကျန်းမာရေးစရိတ်ပေးဖို့ အပါအ၀င် အချက် ၅ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားတွေဟာ ဒီနေ့ နေ့ခင်း ၁၂ နာရီလောက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြကြတာလို့ အဲဒီစက်ရုံကို သွားရောက်မေးမြန်းခဲ့တဲ့ ပဲခူးမြို့ခံ ကိုအောင်မျိုးဝင်းက ပြောပါတယ်။

"အဓိက တောင်းဆိုတာက လစာတိုးပေးဖို့ကိစ္စ။ နောက်တချက်က ဒီမှာ ဗမာထဲက စက်ရုံမန်နေဂျာ နှစ်ယောက်ကနေ ကိုရီးယားမန်နေဂျာကို အလုပ်ဖြုတ်တဲ့အတွက် မကျေနပ်ဘူး။ ကိုရီးယားမန်နေဂျာကို ပြန်ပြီး အလုပ်ခန့်ဖို့။ အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်ပိတ်တဲ့ကိစ္စကို သူတို့လစာထဲက ဖြတ်တဲ့ကိစ္စ၊ အဲဒါကိုလည်း မကျေနပ်ကြဘူး။ စက်ရုံထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုမရှိဘူး။ ဆေးမပေးဘဲနဲ့ ဆေးဖိုးဖြတ်တောက်တာတွေ ရှိတယ်။ အဲအချက်လေးတွေပါ။ အားလုံး ၅ ချက်လောက်ရှိတယ်။"

စက်ချုပ်သမားတွေကို ၃ လပြည့်ရင် လစာတိုးပေမယ်လို့ အလုပ်ရှင်တွေက ပြောဆိုပေမယ့် ၃ လပြည့်ပြီး နိုဝင်ဘာ ၅ ရက်နေ့ လစာထုတ်တဲ့နေ့မှာ လစာတိုးမြှင့်ခြင်း မရှိပါဘူး။

ဒါကို သွားရောက်ပြောဆိုရာမှာ မန်နေဂျာကနေပြီး ၁၅၀၀ လောက်ပဲ ပေးတဲ့အတွက် အဲဒီနေ့ကတည်းက အလုပ်သမားတွေ မကျေမနပ်ဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။

အလုပ်သမားတွေ အခုလို ဆန္ဒပြတဲ့အတွက် အလုပ်ရှင်တွေအပါအ၀င် ပဲခူးမြို့အလုပ်သမားရုံး ဥပေဒစစ်ဆေးရေးအရာရှိ ဦးအောင်ကျော်ဦးအပါအ၀င် အရာရှိတချို့နဲ့ အလုပ်သမားတွေ ညနေပိုင်း မှာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။

အလုပ်သမားတွေဘက်ကတော့ သူတို့ တောင်းဆိုချက်တွေကို မလိုက်လျောရင် အလုပ်ထွက်မယ်လို့ ပြောဆိုထားပါတယ်။
ရှင်ဆောင်းအထည်ချုပ်စက်ရုံဟာ ကိုရီးယားပိုင်ဖြစ်ပြီး အလုပ်သမား ၁၅၀၀ လောက် ရှိပါတယ်။

by နော်နိုရင်း (ဒီဗွီဘီ)

ဓါတ်ပုံ - Ko Shin (facebook)


မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး

Posted: 08 Nov 2012 04:38 AM PST

မလေးရှားကို သွားသည့် ခိုးလှေ တစ်စီး  နစ်သွားသဖြင့် လူပေါင်း ၆၀ နီးပါးခန့် သေဆုံး သွားကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Daily Star သတင်းစာက ရေးသား ဖေါ်ပြ သည်။ စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေမှ မလေးရှားကို ထွက်ခွာစဉ် ယမန်နေ့ (နိုဝင်္ဘာလ ၇ ရက်)  နံနက်က ကမ်းခြေမှ ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ်သွားသည်ဟု ဆိုသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ယမန်နေ့ ခိုးလှေ နစ်ရာမှ အသက်မသေဘဲ လွှတ်မြောက်လာသူများ။ (ဓါတ်ပုံ- စတား)


ကျူးကျော်နေထိုင်ခွင့် ပါမစ်အတွက် စည်ပင်သို့ စာရင်းပေးသွင်းနိုင်

Posted: 08 Nov 2012 02:54 AM PST

ရန်ကုန်တိုင်း ဒေသကြီး တွင်းရှိ ကျူးကျော် နေထိုင်သူများ အနေဖြင့် ကော်မတီ ဖွဲ့စည်းကာ နေထိုင်ခွင့် ပါမစ် ရရှိနိုင်ရန် မြို့တော် စည်ပင်ဌာနသို့ စာရင်း တင်သွင်း ထားနိုင်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥပဒေကော်မတီ အဖွဲ့က သိရှိရသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင်း မြို့နယ်ပေါင်း (၄၅)မြို့နယ်ရှိပြီး မြို့နယ် အသီးသီး၌ ကျူးကျော် နေထိုင်ကြ သူများမှာ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေပြီး ကျူးကျော် နေထိုင်သူများ အနေဖြင့် ကော်မတီဖွဲ့စည်းကာ စည်ပင်ဌာနသို့ စာရင်း ပေးသွင်း ထားရန်--

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ယာဉ်တိုက်ခံရသူ အချိန်မှီအခါမှီ ဆေးရုံမပို့သဖြင့် သေဆုံး

Posted: 08 Nov 2012 02:36 AM PST

၅.၁၁.၂၀၁၂ ရက်နေ့တွင် ပြည်လမ်းမ ရေစက်မှတ်တိုင် Dagon State အထည်ချုပ် စက်ရုံရှေ့တွင် လိုင်းကား နှစ်စီး ယှဉ်ပြိုင် မောင်းနှင်ရာမှ တစ်ဖက် ယဉ်ကျောဘေး မြေးသား လမ်းပေါ်မှ စက်ဘီး တွန်းလာသူ တစ်ဦးကို ၀င်ရောက် တိုက်မိပြီး အတိုက်ခံ ရသူမှာ ဆေးရုံးသို့ ရောက်ရှိချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း ၊ ယာဉ်မောင်း နှင့် စပါယ်ယာမှာ ထွက်ပြေး သွားသည်ဟု သိရှိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




နှုတ်ခမ်းမွေးပါပါလေး'မကြောက်တရား'၊လိုက်လံဟောပြော

Posted: 08 Nov 2012 02:01 AM PST

မန္တလေးမြို့မှ နှုတ်ခမ်းမွေး ပါပါလေးဟု လူသိများသော လူရွှင်တော်ပါပါလေးမှာမန္တလေးနှင့်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အင်န်အယ်လ်ဒီ ပါတီရပ်/ ကျေးရုံးဖွင့်ပွဲများတွင် ၂၀၁၅
ရွေးကောက်ပွဲအတွက် မဲပေးနိုင်ကြရန် ရည်ရွယ်လျက် 'မကြောက်တရား' လိုက်လံဟောပြော
ကာ စည်းရုံးဆောင် ရွက်ပေးနေကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အိုဘားမား မြန်မာသို့ လာလည်မည်

Posted: 08 Nov 2012 12:59 AM PST

ဒုတိယ သက်တမ်း အတွက် ပြန်လည် ရွေးကောက်ခံ ခဲ့ရသော အမေရိကန် သမ္မတ အိုဘားမားသည် ယခု လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ရှိကြောင်း အမည် မဖော်လိုသူ မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီ သတင်းသို့ ပြောကြားသည်။ သတင်း၌ ယင်းအရာရှိက "သမ္မတ အိုဘားမားဟာ သမ္မတ(ဦးသိန်းစိန်)နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကို တွေ့ဆုံ သွားမှာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တရားရေးကိစ္စကိုင်တွယ်မှုသည် စိုးမိုးသည်ဟုမြင်ပါက ထပ်မံစိုးမိုးသွားမည်ဟု သူရဦးအောင်ကိုပြောကြား

Posted: 08 Nov 2012 12:41 AM PST

" တရားလွှတ်တော်ကို လွှတ်တော်က စိုးမိုးတယ်လို့ ပြောသံကြားတယ်။ အဲလို ထင်ရင်လည်း ကျနော်တို့ အနေနဲ့ ဆက်ပြီး လုပ်သွားရမှာပဲ၊ ဒီအစိုးရ သက်တမ်းမှာ တရားရေးမဏ္ဍိုင် မှန်ကန်ပြီး အားကောင်း လာအောင် လုပ်ကို လုပ်ရမှာပဲ၊ နောက်ရွေးကောက်ပွဲ ပြီးတဲ့ လွှတ်တော်မှာ ကျနော်တို့ ပြန်ပါလာဖို့လဲ မသေချာသလိုပြန် အရွေးချယ်ခံရရင်တောင် ဒီကော်မတီမှာ ပြန်တာဝန်ထမ်းဆောင် ရဖို့လည်း ပြောလို့မရပါဘူး၊ ဒါကြောင့် စိုးမိုးတယ်ထင်ရင်လည်း ထပ်စိုးမိုးသွားရမှာပဲ"---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တွေ့ရသော တရားရေး ကော်မတီ ဥက္ကဌ နှစ်ဦး ။  ဓါတ်ပုံ -
Popular Myanmar News Journal


ရခိုင်အရေး နယ်စပ် ပြဿနာ ဘင်္ဂါလား ဒေ့ရှ်လည်း တာဝန်ရှိ

Posted: 07 Nov 2012 08:06 PM PST

ရခိုင် ပြည်နယ် နယ်စပ် လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးမှာ မြန်မာနဲ့ ဘင်္ဂါလားဒေ့ရှ် နှစ်နိုင်ငံ စလုံးမှာ တာဝန်ရှိပြီး ဘင်္ဂါလားဒေ့ရှ် ကလည်း နယ်စပ် ပြဿနာကို တာဝန် ယူသင့် တယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား လွှတ်တော် အမတ် တခိျု့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။ ဒါ့အပြင် မြန်မာ အစိုးရ အနေနဲ့လည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ရေရှည် အတွက် ဖြေရှင်းရေးမှာ ----

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထားကို ထင်ဟပ်တဲ့ ရခိုင် အရေး ကြေညာချက် ထုတ်ပြန်


အဓမ္မ ပြုကျင့်တဲ့ အာဖဂန် ရဲတွေ ထောင်ချခံရ

Posted: 07 Nov 2012 07:44 PM PST

လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့် ခံရသူ မိန်ကလေး ကိုယ်တိုင် တိုင်တန်း
အာဖဂန် နစ္စတန် နိုင်ငံမှာ အမျိုးသမီး တစ်ယောက် ကို အတင်း အဓမ္မ ပြုကျင့် ခဲ့တဲ့ ရဲ ဝန်ထမ်း တစ်ယောက်ကို ထောင်ဒဏ် ၁၆ နှစ် အပြစ် ပေးလိုက် ပါတယ်။

အခုနှစ် မေလ တုန်းက ရဲ ဝန်ထမ်း အမျိုးသားတွေ အုပ်စုက သူ့ကို ဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊ အတင်း အဓမ္မ ပြုကျင့် ခဲ့တယ် ဆိုတာ အသက် ၁၈ နှစ် အရွယ် အမျိုးသမီး လာလ် ဘီဘီ Lal Bibi က တရားရုံးမှာ ငိုကြွေးရင်း ပြောပြခဲ့ ပါတယ်။

တခြား ရဲဝန်ထမ်း သုံးယောက် ကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။

အဲဒီ အမျိုးသမီးက သူ့ကို မတရား ပြုကျင့် ခဲ့တာနဲ့ ပတ်သက်လို့ သူကိုယ်တိုင် သွားရောက် တိုင်ကြား ခဲ့တာပါ။

အာဖဂန် နစ္စတန် နိုင်ငံမှာက လိင်ပိုင်း ဆိုင်ရာ မတရား ပြုကျင့်ခံရတဲ့ အမျိုး သမီးတွေဟာ အခုလို ကိုယ်တိုင် ထုတ်ဖော် တိုင်ကြားတယ် ဆိုတာ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်တဲ့ ကိစ္စပါ။

သူ့ရဲ့ ထွက်ဆိုချက် တွေကို နိုင်ငံတကာ သတင်း မီဒီယာတွေမှာ စိတ်ဝင် တစား ဖော်ပြ ခဲ့ကြသလို သမ္မတ ကာဇိုင်း ကိုယ်တိုင်က ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးဖို့ အမိန့် ပေးခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


မောင်တောမှာ လက်နက်ကိုင်တွေ ဝင်တိုက်

Posted: 07 Nov 2012 07:21 PM PST

မြန်မာ နိုင်ငံနဲ့ ဘင်္ဂါလားဒေ့ရှ် နိုင်ငံ နယ်စပ် မောင်တော မြို့နယ် မြောက်ပိုင်းကို အမည် မသိတဲ့ လက်နက်ကိုင်တွေ ၀င်ရောက် တိုက်ခိုက် ခဲ့တဲ့ အတွက် မြန်မာ စစ်တပ် ဘက်က လူသေဆုံးမှု ရှိခဲ့ ပါတယ်။ အောက်တိုဘာလ ၆ ရက် အင်္ဂါနေ့ ညနေ ပိုင်းက မောင်တော မြို့နယ် မြောက်ပိုင်း နယ်စပ် လုံခြုံရေးနဲ့ ကွပ်ကဲရေး နယ်မြေ အမှတ် ၁ ရှိရာ ရခိုင်ရွာ ဖြစ်တဲ့ ဗန္ဓုလရွာ အနီးမှာ တိုက်ခိုက်မှု ဖြစ်ခဲ့ တာပါ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မောင်တောမြို့ မြောက်ပိုင်းကို လက်နက်ကိုင် တွေ ဝင်တိုက်ခဲ့


မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်

Posted: 07 Nov 2012 07:11 PM PST

မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ် နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ် အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာရေတပ်က ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေး ခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အထူးစီမံချက်နဲ့ မင်းမဲ့စရိုက်

Posted: 07 Nov 2012 05:35 PM PST

အထူးသဖြင့် ပြည်သူ့ ရင်ပြင်ရှေ့မှာ ရွှေတိဂုံဘုရားကြီး အရှေ့မှာထားပြီး ညညဆို ထင်တိုင်းကျဲ ၊ အရက်သောက်၊ သီချင်းတွေဖွင့်၊ မဖွယ်မရာလုပ်၊ ပြိုင်ကားမောင်း ၊ မနက်ဆို ရင်ပြင်စောင့်တွေက သူတို့ဖယ်ခဲ့တဲ့ တားဆီးထားတဲ့ အတုံးတွေ ပြန်ရွှေ့ရတယ် ----

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်မြိုတွင် လုံခြုံရေး ဆောင်ရွက်နေသော  ရဲတပ်ဖွဲ့ဝင်များ



နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် EURO SPORTS JOURNAL အတွဲ(၄)အမှတ်(၃၀)

Posted: 07 Nov 2012 05:25 PM PST

နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် EURO SPORTS JOURNAL အတွဲ(၄)အမှတ်(၃၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်(၄၀)၊နိုဝင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ။

Posted: 07 Nov 2012 04:34 PM PST

SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်(၄၀)၊နိုဝင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ။

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




နိုဝင်ဘာလ(၅)ရက်နေ့ ထုတ် 7Day Shopping Guide Journal အတွဲ(၃)အမှတ်(၁၃)

Posted: 07 Nov 2012 04:28 PM PST

နိုဝင်ဘာလ(၅)ရက်နေ့ ထုတ် 7Day Shopping Guide Journal အတွဲ(၃)အမှတ်(၁၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




သမ္မတအိုဘားမား အနိုင်ရမှု မြန်မာကြိုဆို

Posted: 08 Nov 2012 12:21 AM PST

အမေရိကန် ပြည်ထောင်စု သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama ပြန်ပြီး အနိုင်ရတဲ့ အတွက် မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေး အရှိန်ကို ပိုပြီးတိုးမြှင့် သွားမယ်လို့ ယုံကြည်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ သမ္မတအိုဘားမား အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေ လမ်းမလွဲအောင် ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလို မစ္စတာအိုဘားမား သမ္မတ အဖြစ် ပြန်လည် အရွေးခံရတဲ့အပေါ် မြန်မာနိုင်ငံ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်က တုံ့ပြန်မှုတွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုစည်းတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama က ဒုတိယသက်တမ်းအနိုင်ရရှိခဲ့တာကို မြန်မာနိုင်ငံ သမ္မတရုံးက ကြိုဆိုပါတယ်။ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုပြီးကောင်းမွန်တိုးတက်လာဖို့ မျှော်လင့်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို ပြောပါတယ်။

"အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ၊ သူတို့ ပါတီနှစ်ရပ်လုံးရဲ့ ထောက်ခံမှုကို ရယူပြီး ဆောင်ရွက်နေ  တာ ဖြစ်တဲ့အတွက်ကြောင့် တကြောင်း၊ အခု မြင်တွေ့ရတဲ့ အခင်းအကျင်း အရပေါ့။ House မှာရော၊ ဆီးနိတ်မှာရော အနေအထားတွေကို ကြည့်ရင်တော့ ကျနော်တို့ နှစ်နိုင်ငံ ပူးပေါင်းမှု၊ မြှင့်တင် ဆောင်ရွက်မှုက အိုဘားမား ပြန်အနိုင်ရတဲ့အတွက် မူလရရှိထားပြီး အခြေအနေကောင်းတွေပေါ် မူတည်ပြီး အရှိန်အဟုန် ပိုပြီး မြင့်မားလာဖို့တော့ သေချာပါတယ်။"

အိုဘားမားအစိုးရနဲ့ တည်ဆောက်ထားနိုင်တဲ့ နားလည်မှုတွေကြောင့် မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲ မှုတွေမှာ အမေရိကန်က ဆက်ပြီး ကူညီအားပေးသွားလိမ့်မယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျနော်တို့ဘက်ကတော့ လွှတ်တော်ရောပေါ့နော်-အစိုးရရော၊ ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစု တွေနဲ့ရော ထိတွေ့ဆက်ဆံနေတဲ့အချိန်မှာ လောလောဆယ် ကျနော်တို့ အပြန်အလှန် နားလည်မှုတွေ အတော်များများ တည်ဆောက်ထားနိုင်ပါပြီ။ အဲဒီလိုပဲ အပြန်အလှန် ယုံကြည်မှုတွေ ခိုင်မာလာပြီး တော့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီးတော့ မြင့်မားလာဖို့ မှန်းပြီးတော့ ဆက်ဆံရေး အခြေအနေ မြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။ ဒီအချိန်မှာ အမေရိကန် အစိုးရဘက်မှာ အုပ်ချုပ်ရေးက သမ္မတ အိုဘားမားအစား တခြားတယောက် မစ်ရော်မနီပေါ့- တက်လာမယ်ဆိုရင် တည်ဆောက်  ထားတဲ့ နားလည်မှုတွေက ဘယ်လိုပဲ ပြောပြော နဂိုရ်လို ဆက်ပြီးတော့ မြှင့်ဖို့ မမြှင့်ဖို့ ဆိုတာ သေချာပေါက် တော့ အခုလောက်တော့ မသေချာဘူးပေါ့နော်။ အဲဒီအခါကျရင် နှစ်ဦးနှစ်ဘက် အပြန်အလှန် ထိတွေ့ ဆက်ဆံပြီးတော့ နားလည်မှု၊ ယုံကြည်မှုတွေ အသစ်တဖန် ထပ်ပြီးတော့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။"

သမ္မတ Obama ထပ်မံ အနိုင်ရမှုကြောင့် မြန်မာနိုင်ငံ နိုင်ငံရေးအတွက်လည်း အထောက်အပံ့ ဖြစ်နိုင်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။

"အိုဘားမားအစိုးရက အခု ဒုတိယအကြိမ် ပြန်ပြီးတော့ ရွေးကောက်ပွဲကို နိုင်လိုက်တယ်။ နိုင်တဲ့နေရာ မှာလည်း တော်တော်လေး ကောင်းကောင်းမွန်မွန် နိုင်တဲ့အခါကျတော့ ကျနော်ထင်တယ်။ ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေးကိစ္စတွေ၊ အပြောင်းအလဲ ကိစ္စတွေမှာ အများကြီး အထောက်အပံ့ဖြစ်မယ်လို့ ထင်ပါတယ်။"

လက်ရှိ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေ လမ်းလွဲမသွားရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် နောက်ထပ် တွန်းအားပေးနိုင်ဖို့ကိုလည်း ဦးဝင်းတင်က မျှော်လင့်ပါတယ်။

"မစ္စတာ အိုဘားမားတို့အနေနဲ့ လက်ရှိပေါ့ဗျာ။ ဘာပဲပြောပြော အာဏာရှင်တွေရဲ့ အကြွင်းအကျန် တွေနဲ့ အမွေခံပြီး လုပ်နေရတဲ့ ဒီအစိုးရကိုလည်း ဒီလမ်းကြောင်းကို ဆက်ပြီး ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်ဖို့၊ တွန့်ခြင်း၊ ဆုတ်ခြင်း၊ ကွေ့ခြင်း၊ ချော်ခြင်း မရှိအောင်လုပ်ဖို့ သူ အများကြီး ကူညီထိန်းမ နိုင်မယ်လို့ ယူဆပါတယ်။ နောက်တခုက ဒီမိုကရေစီကို အစိုးရကပဲ လုပ်နိုင်မယ်လို့ဆိုတာ ကျနော်တို့ မယုံကြည်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲဖို့ ကိစ္စ အောင်မြင်ဖို့ ဆိုရင် တိုင်းရင်းသားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ နိုင်ငံရေးအင်အား စုတွေ၊ နောက်ပြီးတော့ ကျောင်းသားလူငယ် စသည့်အဖွဲ့အစည်းတွေ ဒါတွေ အများကြီးရှိပါတယ်။ ဒီအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံးရဲ့အင်အားတွေ တိုးမြှင့်အောင်၊ လုပ်ဆောင်ရည်၊ စွမ်းဆောင်ရည် တိုးမြင့်အောင်လည်း ကူညီပါ။ အဲလို ကူညီပြီးတော့ ဒီအစိုးရကိုလည်း ထိန်းကျောင်းပြီးတော့ ၊ ကြပ်မတ်ပြီးတော့ နောက်ကြောင်းပြန်မလှည့်အောင်လို့၊ တိမ်းချော်မသွားအောင် လို့ လုပ်ခြင်းအားဖြင့် ဗမာပြည်ရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို မစ္စတာ အိုဘားမား အစိုးရသစ်အနေနဲ့ အများကြီး အကူအညီပေးနိုင်မယ်လို့ ထောက်ပံ့ပေးနိုင်မယ်လို့ ကျနော် အများကြီး မျှော်လင့်ပါတယ်။ ယုံကြည်ပါတယ်။"

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒကို ကျင့်သုံးတဲ့ အိုဘားမားအစိုးရ အနေနဲ့ ဒုတိယ သမ္မတသက်တမ်းကာလမှာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ကိစ္စတွေမှာ ပိုပြီးအာရုံစိုက် အကူအညီပေးဖို့ မျှော်လင့်သူကတော့ မြန်မာ့နိုင်ငံရေးကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ကိုအောင်ထွန်းဦး ဖြစ်ပါတယ်။

"တကယ်တန်း ပိုပြီးဖြစ်သင့်တာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ်ကို တကယ်ပေါ့လေ -နောက်ပြန်မလှည့်အောင်၊ သေသေချာချာ ပြောင်းလဲဖြစ်တဲ့ဟာမျိုးပေါ့လေ၊ ခိုင်ခိုင်မာမာဖြစ်အောင် သူ့အနေနဲ့က ပိုပြီး တိုက်တွန်းအားပေးသွားပြီးတော့ အဓိက-ကတော့ နောက်ကျကျန်နေခဲ့တဲ့ အရေးကြီးတဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပေါ့- အဲဒီလို ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံအနေနဲ့ ပိုပြီးတော့ ဦးဆောင်ပြီးတော့ တခြားနိုင်ငံတွေ အနေနဲ့အတူတူ တတ်နိုင်သရွေ့ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပြီးတော့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌလည်းဖြစ် တဲ့ ဒေါက်တာစိုးထွန်းကတော့ အိုဘားမားအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြဖို့ တွန်းအားပေးဖို့ လိုလားပါတယ်။

"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်းရော၊ နောက်တပိုင်းကကျတော့ အကူအညီပေးတဲ့ဟာပေါ့နော်။ USAId က အကူအညီပေးတဲ့ဟာမျိုး။ ဖြစ်နိုင်ရင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ပိုပြီးတော့ ဦးစားပေး ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်ပါတယ်။"

အဲဒီလို မျှော်လင့်တဲ့နေရာမှာပေါ့လေ- စောစောကပြောသလို လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပိုင်းတွေမှာ တကယ်ပဲ အောက်ခြေ လူတန်းစားတွေ၊ အောက်ခြေ ပြည်သူတွေအတွက် ထိရောက်တဲ့ အကူအညီပေးမှုတွေ ဖြစ်အောင်ကော အမေရိကန် အစိုးရအနေနဲ့ အကူအညီပေးဆိုရင် ဘာတွေ ကူညီသင့်တယ်လို့ရော အကြံပြုချင်ပါလဲရှင့်။

"ကျေးလက်အထိ ဆင်းပြီးတော့မှ ကျနော်တို့ ကျေးလက်မှာရှိတဲ့လူတွေ၊ လယ်သမားတွေ၊ သက်ဆိုင် ရာ လူတွေနဲ့ထိတွေ့ပြီးတော့မှ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီးတော့မှ အကူအညီပေး ရင်တော့ ပိုပြီးထိရောက်မယ်လို့ ထင်တာပေါ့နော်။ လက်ရှိ အနေအထားအရ လာတဲ့သူ အများစု ဟာ နေပြည်တော်ကို သွားတယ်။ လူကြီးတွေနဲ့ တွေ့တယ်။ လက်တွေ့ အောက်ခြေ အထိ ရောက်တဲ့ သူတော့ နည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။"

သမ္မတဦးသိန်းစိန်အစိုးရရဲ့ဆောင်ရွက်ချက်တွေကြောင့် အိုဘားမားအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံ နဲ့ ဖြတ်တောက်ထားတဲ့ သံတမန် အဆက်အသွယ်တွေကို ပြန်လည်ဆက်ခဲ့တဲ့အပြင် ပိတ်ဆို့ ဒဏ်ခတ် မှုတွေကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်အစိုးရရဲ့ သဘော ထား ပြောင်းလဲလာမှု နောက်ဆက်တွဲအဖြစ်နဲ့ မြန်မာအစိုးရအပေါ် ကမ္ဘာ့နိုင်ငံ တော်တော်များများ ကလည်း ပြန်လည် အဆက်အဆံလုပ်လာရုံမက မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့အထိကို ပါ ဆောင်ရွက် လာကြတာ ဖြစ်ပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)

ဒုတိယသက်တမ်း ပြန်လည်အရွေးခံရတဲ့ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမား။


ရိုဟင်ဂျာဒုက္ခသည် စက်လှေ ဘင်္ဂလား ပင်လယ်အော်မှာ တိမ်းမှောက်

Posted: 07 Nov 2012 07:26 PM PST

လူတွေ အဆမတန် တင်ဆောင်လာတဲ့ စက်လှေတစီး ဗုဒ္ဓဟူးနေ့မှာ နစ်မြုပ်ခဲ့ပြီး အဲဒီအပေါ်မှာ လိုက်ပါလာတဲ့ လှေစီးပြေး ရိုဟင်ဂျာ မူဆလင် ဒုက္ခသည် ၈၅ ယောက် ထက်မနည်း ပျောက်ဆုံး နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိ သူတွေက ပြောပါတယ်။ သစ်သား ကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ စက်လှေဟာ မလေးရှားနိုင်ငံကို ဦးတည်သွားနေတာ ဖြစ်ပြီး---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မလေးရှားကို ပွဲစားကတဆင့် အလုပ်သွားလုပ်ကြမယ့် ရိုဟင်ဂျာစက်လှေ တိမ်းမှောက်ခဲ့တာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကယ်ဆယ်ခဲ့စဉ်။


သမ္မတအိုဘားမား အနိုင်ရမှု နိုင်ငံတကာ ဂုဏ်ပြုချီးကျူး

Posted: 07 Nov 2012 03:05 PM PST


အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Barack Obama အနိုင်ရ ခဲ့တဲ့အပေါ် ကမ္ဘာ့ ခေါင်းဆောင်တွေက ချီးကျူး ဂုဏ်ပြု လိုက်ကြ ပါတယ်။

သမ္မတ အိုဘားမား အနေနဲ့ သူ့ရဲ့ ပြိုင်ဘက် ရီပတ် ဘလစ်ကင် သမ္မတလောင်း Mitt Romney ကို အင်္ဂါနေ့မှာ ကပ်ပြီး အနိုင်ရခဲ့တဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်း က နွေးနွေး ထွေးထွေး ကြိုဆိုလိုက် ပါတယ်လို့ ဆိုလိုက်ပြီး ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု အကြား ရေရှည် တည်တံ့လာတဲ့ မဟာမိတ် ဆက်ဆံရေး စိတ်ဓာတ်ကို ကိုင်ဆွဲပြီး ဒီဆက်ဆံရေး ဆက်လက် ကောင်းမွန်အောင် အတူလက်တွဲ ကြိုးပမ်းသွား ဖို့ မျှော်လင့်နေတယ်လို့ ဆက်ပြော ခဲ့ပါတယ်။

ဒါပေမဲ့ ဆီရီးယားပြဿနာအပါအဝင် ရှေ့မှာ ရှိနေသေးတဲ့ စိန်ခေါ်မှုတွေကိုလည်း သူက ထည့်ပြောခဲ့ ပါသေးတယ်။

သမ္မတ အိုဘားမားရဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကင် သမ္မတလောင်း Mitt Romney နဲ့ ကာလ ကြာရှည် စွာ မိတ်ဆွေဖြစ်လာခဲ့တဲ့ အစ္စရေးသမ္မတ Benjamin Netanyahu ကလည်း သမ္မတ အိုဘားမားနဲ့ ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်နေတယ်လို့ ဆိုလိုက်ပြီး အမေရိကန်-အစ္စရေး စစ်ရေးမဟာဗျုဟာ ဆက်ဆံရေးဟာ အရင်ကထက် ပိုကောင်းလာနေတယ်လို့ ဆိုလိုက်ပါ တယ်။

တချိန်တည်းမှာ ရုရှားဝန်ကြီးချုပ် Vladimir Putin ကလည်း သမ္မတ အိုဘားမားထံ ကြေးနန်းစာပို့ပြီး ချီးကျူးစကားပို့သခဲ့ပါတယ်။ ဝန်ကြီးချုပ် Putin ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း မစ္စတာပူတင် အနေနဲ့ သမ္မတအိုဘားမားနိုင်လိုက်တဲ့ သတင်းကို အပြုသဘောနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

နောက်တခါ ဗြိတိန်ဝန်ကြီးချုပ် David Cameron က အင်တာနက်ရဲ့ Twitter ပေါ်ကတဆင့် သမ္မတ အိုဘားမား အနိုင်ရတာကို နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုလိုက်တယ်လို့ ဆိုလိုက်ပြီး ရှေ့မှာလည်း ဆက်လက် လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်နေတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် Cameron က စိတ်ပျက်စရာ ဆိုးဆိုးဝါးဝါး ဆက်ဖြစ်နေတဲ့ ဆီရီးယားပြဿနာအတွက်တော့ အမေရိကန်အနေနဲ့ ရှေ့ဆက်ပြီး ပိုဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ သူ့ရဲ့ဂျော်ဒန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ဗုဒ္ဒဟူးနေ့က ထုတ်ပြောလိုက်ပါတယ်။

တချိန်တည်းမှာ အာရှ-ပစိဖိတ်ဒေသဘက်မှာလည်း သြစတျေးလျနိုင်ငံ ဝန်ကြီးချုပ် Julia Gallard၊ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက ခေါင်းဆောင်တွေကလဲ သမ္မတအိုဘားမားကို ချီးကျူးလိုက်ကြပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့လည်း တိုက်တွန်းလိုက်ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

သမ္မတဒုတိယသက်တမ်း ပြန်အနိုင်ရခဲ့တဲ့ သမ္မတအိုဘားမား၊ ဇနီး မီရှဲလ်၊ သမီး မာလီယာနဲ့ ဆာရှာ။


ပညာရေး ၀န်ကြီးဌာနပိုင် အခြေခံပညာ ကျောင်းများကို ပုဂ္ဂလိကအား ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည် မဟုတ်

Posted: 07 Nov 2012 03:02 PM PST

ပညာရေး ၀န်ကြီး ဌာနပိုင် အခြေခံပညာ ကျောင်းများကို ပုဂ္ဂလိက ပညာသင် ကျောင်းအဖြစ် ငှားရမ်း လုပ်ကိုင် လိုသူများ ထံသို့ လုံးဝ ငှားရမ်း လုပ်ကိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသား လွှတ်တော်မှာ ပညာရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပုဂ္ဂလိက လုပ်ငန်းရှင်များကို ပညာရေး ၀န်ကြီးဌာနပိုင် အခြေခံပညာ ကျောင်းများ ငှားရမ်း လုပ်ကိုင်ခွင့် မပြုမှုဟာ နိုင်ငံတော် အနေနဲ့ ကျောင်းနေ အရွယ်ကလေး အားလုံး မူလတန်း ပညာ သင်ယူပြီးမြောက် စေရေး အတွက် ဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံပညာ အဆင့်အလိုက် အပြည့်အ၀ ကူးပြောင်း သင်ယူနိုင်ရေးတို့ အတွက် အခြေခံပညာ ကျောင်းများကို နှစ်စဉ် တိုးချဲ့ ဖွင့်လှစ် ပေးခြင်း၊ တိုးတက် လာတဲ့ ကျောင်းသား ဦးရေနဲ့ အညီ စာသင်ဆောင်များ၊ စာသင်ခန်းများ တိုးချဲ့ ဆောက်လုပ် လျက်ရှိခြင်းများ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းသားများရဲ့ ကုန်ကျ စရိတ်မှာလည်း များပြားတဲ့ အတွက် စိုက်ထုတ် ကုန်ကျစရိတ် အနည်းဆုံးနဲ့ အခြေခံပညာ အဆင့် အလိုက်မှာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် နိုင်မှသာ ဆင်းရဲနွမ်းပါး သူများရဲ့ မိသားစုဝင် သားသမီးများပါ တက်ရောက် သင်ယူနိုင်ပြီး အခြေခံပညာ အရည်အချင်းကို မြှင့်တင် နိုင်မှာ ဖြစ်တဲ့ အတွက် ယခုလို ပုဂ္ဂလိကအား ပညာရေး ၀န်ကြီး ဌာနပိုင် အခြေခံပညာ ကျောင်းများကို ငှားရမ်း လုပ်ကိုင်ခွင့် မပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ပေမယ့် ပညာရေး ၀န်ကြီးဌာန အနေနဲ့ ပညာရေး စနစ်မှာ ပုဂ္ဂလိက လုပ်ငန်းရှင် များအား လုပ်ကိုင်ခွင့် ပေးမူမှာ  အခြခံပညာ အလယ်တန်း အဆင့်နဲ့ အထက်တန်း အဆင့်အတန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား ပုဂ္ဂလိက ကျောင်းများ အဖြစ် ခွင့်ပြုပေးထား တယ်လို့ သိရပါတယ်။

MRTV - 4