Ruby Mirror တင်တဲ့
ကျွန်တော်တို့ ယုံကြည်ကိုးကွယ်သော တစ်ပါးတည်းသော အရှင် (ဖန်းဆင်းရှင်) ရှိကြောင်းသက်သေ များ
ဆိုတဲ့ မေးလေးကိုတွေ့တော့ ကျွန်တော်လည်း....Buddha ကိုလေးစားကြည်ညိုတဲ့စိတ်တွေ..
.Buddha ဘာသာဖြစ်ရတာ အင်မတန်မှကို ဂုဏ်ယူမိတဲ့စိတ်တွေဖြစ်ပေါ်လာရပါတယ်...
ပြီးတော့ ဒီအကြောင်းတွေကို မေးမှာတင်ချင်တဲ့စိတ်လေးဖြစ်လာရတယ်...ဘာဆိုင်လို့လဲလို့မေးရင်...ဘာမှတော့မဆိုင်ပါဘူး...
ဒါပေမယ့် သူလည်း သူ့ဘာသာအကြောင်းကိုပြောတော့ ကိုယ်လည်း ကိုယ့်ဘာသာအကြောင်းကိုပြောချင်တဲ့စိတ်တွေပေါ်
လာရတာပါ....
Buddha ကို ကျွန်တော်အရမ်းလေးစားပါတယ်... ဘာကြောင့်လဲဆိုတော့
Buddha ဟာ ဒီကမ္ဘာကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး....
သူ့ကိုကိုးကွယ်ရင် ဆုလာဒ်တွေပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး.....
သူ့ကိုမရှိခိုးရင်..မကိုးကွယ်ရင်....ငရဲကိုပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး....
သူ့ကိုတစ်နေ့ဘယ်နှစ်ကြိမ်ရှိခိုးရမယ်လို့ မချုပ်ချယ်ခဲ့ပါဘူး....
သူ့ကိုရှိခိုးခြင်းထက် စရဏ ပိုင်းကောင်းမွန်ခြင်းဟာ ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့သူပါ.....
သူပြောတဲ့စကားတိုင်းကိုလည်း အလွယ်တကူမျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့လို့ ရဲရဲတောက် ပြောကြားခဲ့သူပါ....
သူဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ သူပိုင်တာမဟုတ်ပါဘူး...သဘာဝအမှန်တရားတွေသာဖြစ်တယ်လို့....ပေါ်ပေါ်တင်တင် ပြောကြားခဲ့သူပါ....
သူရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်း သူတစ်ယောက်ထဲ မောင်ပိုင်စီးထားတာမျိုးမဟုတ်ပဲ... ဘုရားဖြစ်ချင်ရင် လူသားတိုင်း ကြိုးစားလို့ရတယ်ဆိုတဲ့ လမ်းကြောင်းတစ်ခုကို
စိတ်သဘောထားကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ....
လွတ်လပ်စွာတွေးခေါ်ခွင့်...လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြောကြားခဲ့တဲ့ ပထမဆုံးသော
ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....
လူတန်းစားခွဲခြားခြင်း..လူမျိုးရေးခွဲခြားခြင်းတို့ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ...
ကိုယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်..မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်...မိမိရဲ့ကောင်းခြင်းဆိုးခြင်းရလာဒ်တွေဟာ မိမိရဲ့
အတိတ်/ပစ္စုပန်ကာလတွေရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်..မည်သူတစ်ဦးတစ်ယောက်ကမှ ဖန်တီးစီရင်နေတာမဟုတ်ဘူးလို့
အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ရခြင်းကို ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....
သူ့ရဲ့တစ်သက်တာကာလပတ်လုံးမှာ သူတားမြစ်ခဲ့တဲ့တရားတွေကို သူကိုယ်တိုင်လည်းလုံခြုံခဲ့ပါတယ်....
အဲဒါကြောင့်ကျွန်တော်ဟာ buddha ကိုအရမ်းလေးစားပါတယ်..အရမ်းကြည်ညိုပါတယ်...
သူဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတရားတော်တွေဟာ အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...လိုက်နာကျင့်သုံးရင်
အသုံးဝင်နေတုန်းပါပဲ... ဒီနေ့ကမ္ဘာကြီးငြိမ်းချမ်းအောင် Buddha တရားတော်တွေထဲမှာ နည်းလမ်းတွေရှိနေပါတယ်...
Buddha ကျင့်ကြံခဲ့တဲ့ ၀ိပဿနာတရားတွေဟာလည်း Buddha ချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို
အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်...၀ိပဿနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့
ဘာသာခြားတွေအများကြီး လာရောက် ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်....
Buddha ဟာ ကြွားဝါမှုတွေ..စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...ချုပ်ချယ်မှုတွေမလုပ်ခဲ့ပါပဲနဲ့...သူ့စကားကို ယုံကြည်စွာ လိုက်နာနေကြတဲ့
Buddha ဘာသာဝင်တွေ ယနေ့အထိအများကြီးရှိနေဆဲဖြစ်တာကို ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်...
အခု Buddha မရှိတော့တာ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပါပြီ...အင်အားအကြီးဆုံး ဘာသာကြီး ၄ ခုထဲမှာ အခုချိန်ထိ ပါဝင်နေတာကို အံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး....
ဒါကြောင့် ကျွန်တော်ဟာ Buddha ဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူပါတယ်... Buddha ဘာသာဝင် အသိုင်းအ၀ိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း
အလွန်ကျေနပ်မိပါတော့တယ်....
(ကျွန်တော်ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို မကောင်းပြောတာမဟုတ်ပါဘူး...ဘယ်ဘာသာကိုမှ ထိခိုက်စေလိုသော ဆနမရှိပါဘူး....Buddha ဘာသာဝင်တစ်ဦးရဲ့
ရိုးရှင်းသော ရင်တွင်းခံစားချက်သက်သက်သာဖြစ်ပါတယ်....)
အေမီ
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/ Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417 Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကို
http://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။