[mrsorcerer:35849] မြို့ တော်ဝါရှင်တန် သို့ တခေါက်..



--

မြို့ တော်ဝါရှင်တန် သို့ တခေါက်..

မင်္ဂလာပါရှင်~~~

မစ္စတာဘုရှ် နဲ့ အိုဘားမား တို့ အပြောင်းအလဲကာလ အချိန်ခရစ်မတ်ပိတ်ရက်မှာသွားခဲ့တဲ့
ခရီးစဉ်လေးတခုပါ။ ကိုင်း...အိုဘားမားကြီးတောင် ဒုတိယသက်တမ်းအတွက် အသည်းအသန် 
မဲဆွယ်နေခါမှ ကျမက၊ဒီခရီးအကြောင်းလေး မြန်မြန်တင်အုံးမယ် ဆိုပြီး ကြားဖြတ်လေးပေါ့နော်..၊ 
အာလူးဖုတ်လိုက်ပါအုံးမယ်လေ..။ တကယ်ဆိုရင် ဒီအကြောင်းက ဂျုးများနှင့်ခရီးထွက်ခြင်း လို့ ဘဲပြောရမှာလား၊  ဂျုးတသိုက်နဲ့ ခရီးသွားခြင်း လို့ ခေါင်းစဉ်တပ်ရမှာလား၊ ကိုယ့်ဖာသာကိုယ်
စဉ်းစားနေတာ၊ ဖြစ်သေးပါဘူးလေ...ဆိုပြီး နောက်ပြီးတော့လည်း စာကိုဖြင့်လှတပတမရေးတတ်ဘဲနဲ့ ၊
ခေါင်းစဉ်ကိုလာပြီးဇီဇာချဲ့ နေမိတဲ့ ကိုယ့်အဖြစ်ကိုဘဲရီချင်နေတယ်လေ။

ကဲပါလေ..ဒါက ဟိုနယူးယောက်ရဲ့ အဆက်ပေါ့ရှင်။ ဒီမှာ အပိုင်း(၁) နဲ့ အပိုင်း(၂) ပါ။
ဝါရှင်တန်မှာနေတဲ့သူတွေအဖို့ တော့အမြင်ရိုးနေပေမဲ့ ကျမတို့ အတွက်တော့ ထူးဆန်းထွေလာ ကမ္ဘာသစ်ကြီးတခုပေါ့..။ ကျမတို့ က Tour group နဲ့ သွားတာ..။ တခြားလူဆိုလို့  ဂျုးလူမျိုး လင်မယား၊
တစုံတွဲရယ် နောက်ဂျုးပါဘဲ အမျိုးသမီး ၂ယောက် နဲ့ ကျမတို့ ၂ယောက် ..အော်..guide ကလည်းဂျုးတဲ့။
(မဆီမဆိုင် ဂျုးမြစ်ချဉ် ဟင်းလေးတောင်စားချင်လာသလို :)) တညအိပ်၊ ၂ရက်ခရီးလေးပါ။

ကားပေါ်ကနေဘဲလှမ်းရိုက်တာ မိုးတွေလည်းအုံ့ နေတယ်လေ
နယူးယောက်ကနေထွက်ကတဲကမိုးရွှာနေလိုက်တာ..။ လမ်းမှာတနေရာလောက်ဘဲနားတာပါ။  
ဝါရှင်တန်ရောက်တာနဲ့ စစ်သင်းချိုင်းကုန်း(ဂျွန်အက်ဖ်ကနေဒီကိုမြုပ်တဲ့နေရာ၊နားထောင်လို့ မကောင်းသလို
ဘဲနော်) ဆီကိုတန်းခေါ်သွားပါတယ်။ ဆောင်းချမ်းချမ်းတကယ့်ပိတ်ရက်ကြီးဆိုတော့သူတို့ 
ဘာသာမဟုတ်တဲ့သူတွေဘဲ၊(ကျမတို့ လို ကိုဂျုးတို့ တသိုက်ပေါ့) လျောက်သွားကြတာလား မသိပါဘူး။
မြို့ တော်ကြီးကလည်း ခြောက်ကပ်နေတာပေါ့ရှင်..။ 

အထဲဝင်ကြည့်မှ စိတ်ဝင်စားစရာတွေ တွေ့ ရတာ...။
ကဗ္ဗည်း ကျောက်စာတိုင်တွေတန်းစီနေတာဘဲ၊ မြေပုံရှိတယ်။ အလွယ်တကူဘဲရှာရလွယ်တယ်။ ဘယ်နံမည်နဲ့ ဘယ်နေရာမှာဆိုတာ အတိအကျပါတယ်တဲ့။

ဟိုး..ကလွှတ်လပ်ရေးကျောက်တိုင်နဲ့ လင်ကွန်းရုပ်တုရှိတဲ့အဆောက်အဦ လှမ်းမြင်နိုင်တယ်။


တောင်ကုန်းတွေ အားလုံးပေါ်မှာကဗ္ဗည်း ကျောက်စာတိုင်တွေ မျက်စိတဆုံးပါဘဲ။ သူ့ အကွက်နဲ့ သူ။ နံပါတ်တွေရှိတယ်။ တကယ်ဘဲ စည်းစနစ်ရှိပြီး ..အင်း သေရင်တောင် ဒီနေရာမှာလာမြုပ်ရင် ကြောက်စရာ၊
ထက်၊နေချင်စရာတောင်ကောင်းလှသေးတယ်လို့ စဉ်းစားခဲ့သေးတယ်လေ။


ဝင်းကြီးကကျယ်လွန်းလို့  လမ်းမလျောက်နိုင်ရင်လည်း ဘတ်စ်ကားလိုမျိုးစီစဉ်ထားပေးပါတယ်။
ကျမတို့ ကတော့ အားလုံးကိုသွားမကြည့်ပါဘူး။ ကနေဒီတို့ မိသားစုနေရာဘဲသွားပါတယ်။
သူနဲ့ သူ့ မိန်းမရယ် သူ့ ကလေး ၂ယောက်ရယ် ၄ခုတွေ့ ခဲ့ရတယ်။



ကျမတို့ အုပ်စုလေ..။ရှေ့ ဆုံးကအရပ်မြင့်မြင့်နဲ့ ဂိုက်၊ အဖိုးကြီးတို့ စုံတွဲနဲ့ အမျိုးသမီး၂ယောက်နဲ့ ကျမပေါ့။
ဝင်းထဲကို ကိုယ့်ကားနဲ့ သွားလို့ ရဘူး။ဒီနေရာကိုထိန်းသိမ်းစောင့်ရှောက်တဲ့ဌာနကကားဘဲ သွားလို့ ရတာ။
ဟိုမှာမြင်နေရတဲ့ကားပေါ့..။

လမ်းမှာတွေ့ ရတာ အစိုးရရုံးကြီးတွေဆိုတော့လည်း ကြီးမားခန့် ညားနေတာဘဲ.။




ဆင်ခြေဖုံးရပ်ကွက်ကအိမ်တွေ..။


အနောက်နိုင်ငံတွေမှာ ဒီလိုမျိုး လမ်းကိုခွပြီးဆောက်ထားတဲ့ အဆောက်အဦတွေအများကြီးတွေ့ ရတတ်
တယ်။ အထူးသဖြင့် နယ်သာလန်(ဟော်လန်) မှာပေါ့။တခါခါ ဘာပုံစံမှန်းကိုမကြည့်တတ်ဘူး..။
စောင်းငန်းစောင်းငန်းကြီးလိုဘဲ..။ နယ်သာလန် အဝေးပြေးလမ်းမ တခုမှာတွေ့ ရတာက လမ်းကိုခွပြီး ၃ ထပ်ဆောက်အဦ အမြင့်ကြီးနဲ့ အကြီးကြီးဘဲ..။ စားသောက်ဆိုင်တွေနဲ့ အိမ်သာလေ။ ဘယ်ဖက်ကလာတဲ့ကားက ဘယ်ဖက်ခြမ်းထဲက ကားထားတဲ့နေရာမှာထားပြီး ဓါတ်လှေခါးနဲ့ တက်၊
ညာဖက်ကလာရင် ညာဖက်မှာကားထား အပေါ်တက် စားသောက်ပေါ့..ကဲ..မိုက်တယ်နော်။

ဒါက နယူးဂျာစီကနေ နယူးယောက်မြို့ အသွား ဂျော့ဝါရှင်တန်တံတားကနေ အဝင်မှာ တွေ့ ရတာ..။
ဒီလိုမိုးမျော်တိုက်ကြီး ၃လုံးတန်းစီနေတာ...ကားလမ်းကအောက်မှာလေ...။

ခပ်ကြောင်ကြောင်စဉ်းစားတတ်တယ်ဘဲပြောပြော..အဲလိုနေရာတော့နေချင်ဘူးဗျို့ ..။ တချို့ နေရာမှာ ရေကတဖွားဖွားကျလို့ ..။ ကဲ...တောရောက်တောင်ရောက်ပြန်ပြီလေ..:))

 နောက်တနေရာကတော့ The National Air and Space Museum ပေါ့။ ကျမအမျိုးသားကတော့ 
အရမ်းကြီးကိုကြိုက်တာဘဲ။ အဲဒီပြတိုက်ကိုကျမတို့ ကအရှေ့ ကနေဝင်တာကိုး..။ 
နာက်ပေါက်ကနေထွက်ရင် အလယ်မှာ မြေကွက်လပ်ကြီး ပန်းခြံကျယ်ကြီး၊  သူတို့ ပြောတဲ့ 
National Mall Park ပေါ့။ The National Gallery of Art ကို ဂိုက်ကလက်ညှိးလေးထိုးပြပြီး၊
ဒီပြတိုက်၂နေရာဘဲသွားပါလို့ ပြောလို့ ဒီ၂ခုနဲ့ အချိန်ကုန်ခဲ့တာပေါ့။

Lincoln Memorial ထိပ်ကနေရိုက်ယူထားတဲ့ပုံတဲ့။ အဲမြေကွက်လပ်ရဲ့ ဘေးတဖက်တချက်မှာ၊
စိတ်ဝင်စားစရာနေရာတွေတန်းစီနေတာဘဲ။ မြို့ ကွက်လေးတည်ထားတာ အရမ်းကြီးကို လှတယ်။
ကျောက်တိုင်အလယ်မှာ Lincoln Memorial ၊နဲ့ US Capitol Hall ကတတန်းထဲဘဲ။
ဘယ်လိုအမြင်ရူဒေါင့်ကနေယူသလဲတော့မသိဘူး။ ကွန်ကရက်ကြီးက အားလုံးရဲ့ ထိပ်ကနေတယ်။ သမ္မတကြီးလင်ကွန်းကလည်းပါတယ်။ ကိုယ့်ဖာသာသာကိုယ် ရူဒေါင့်အဖက်ဖက်၊ ကနေ စဉ်းစားစရာ
တွေးတောစရာတွေ လုပ်ယူလို့ ရသလိုပါဘဲ။

 The National Air and Space Museum ဒီပြတိုက် ထဲသွားကြည့်ရအောင်..။

လေယာဉ်ပျံမျိုးစုံတွေပါဘဲ..။


  
ဒုံးပျံတွေ...။

အပိုလို ၁၃...တဲ့( Apollo 13)(သူတို့ အထဲမှာဘယ်လိုလုပ်ပြီး တပတ်ဆယ်ရက်ကြာနေနိုင်လည်းမသိပါဘူး၊ကျဉ်းကျဉ်းကျပ်ကျပ်လေးရယ်)။


အပိုလို...၁၁ တဲ့(ဓါတ်ပုံလေးလှလှရိုက်မလို့ ဟာ၊ရှိသမျှအင်္ကျီတွေကိုင်ထားရတော့ အီးမှန်တဲ့မျက်နှာပေးနဲ့ လေ...:(((



ဒီရဟတ်ယာဉ်က စိတ်ဝင်စားစရာကောင်းတယ်။ ရက်ပေါင်း၃ဝကမ္ဘာတပတ်ပတ်မောင်းတော့
မြန်မာနိုင်ငံမှာလည်း၊ ခရီးတထောက်ဝင်နားတယ်တဲ့။

အဲဒီတုံးက သူ့ ဝတ်စုံနဲ့ သူသွားခဲ့တဲ့လမ်းကြောင်း...။


အဲဒီတုံးက မြန်မာနိုင်ငံဓါတ်ပုံလေးနဲ့ ...(ရွှေတိဂုံဘုရားနားက လူနေရပ်ကွက်တဲ့)

လေယာဉ်ပျံတွေ စက်တွေငေးနေတာနဲ့ အချိန်တွေတော်တော်လင့်ကုန်တယ်။
အဲဒီမှာဘဲ စားသောက်ပြီး နောက်ပြတိုက်တခု ဆက်ကြတယ်။ The National Gallery of Art တဲ့။

 
 အထဲမှာ ခန်းနားလှပနေတယ်။ ဒါပေမဲ့ ဥရောပက ကြေးရုပ်တွေကပိုလှနေသလိုပါဘဲ။


ပန်းချီကားတွေလည်းကြီးမားလွန်းတယ်။ အနားကပ်ရပ်တာတောင် အရပ်ကဘောင်နားမထိဘူး:((
တချို့ ပန်းချီကားတွေကြတော့ ဓါတ်ပုံတွေပေးမရိုက်ပါဘူး။

ကျမတို့ ဓါတ်ပုံရိုက်ပြီးမှ လာပြောတာခံရတယ်...ဟီး၊ကားယားကြီးတော့ပါသွားပြီလေ..။

နောက်ပြီးတော့ ဂျုးတွေကိုမျိုးသုန်းသတ်ဖြတ်ခံရတာ အမှတ်တရပြတိုက် Holocaust ကိုသွားပါတယ်။
အထဲမှာ ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး..။တော်တော်သနားစရာကောင်းတယ်။ ဖိနပ်တွေပုံထားတဲ့အခန်းဆို ရင်ထဲဆို့ သွားတာဘဲ..။ ကျမအတွေ့ အကြုံအရ ဒီဂျုးတွေဟာ တကယ်ဆက်ဆံရခက်တယ်။
ဒီခရီး စစထွက်ချင်းဘဲကားဆရာလည်းဟုတ် ဂိုက်လည်းဟုတ်တဲ့ လူကကျမတို့ ၂ယောက်ကို
တောင်းပန်စကားတခုပြောပါရစေတဲ့..။ သူ့ တို့ ဘာသာစကားနဲ့ ဘဲ ပြောချင်လို့ ပြီးမှ ကျမတို့ ကို 

အင်္ဂလိတ်လို ရှင်းပြပါရစေတဲ့..။အိုကေပါတယ်။ ကျမတို့ ၂ယောက် ကင်မရာတယောက်တလုံးနဲ့ 
အလုပ်တွေရှုပ်နေတာ သူလိုက်လိုက်ဖမ်းရတယ်။ ၂ယောက်ပူးနေမှ ရှင်းလို့ ရတာကိုး...။
ရတယ်ရတယ်..ပြောလည်းအတင်းဘဲရှင်းပြနေတာဘဲ။ဘာတဲ့..ဝါရှင်တန်မြို့ ကို ချောကလက်မြို့ လို့ ၊
လည်းခေါ်တယ်တဲ့။ လူမည်းတွေများလို့ လေ...:P
ဒီပြတိုက်မှာတော့ ကျန်တဲ့လူ၎ ယောက်က ကျမတို့ ၂ယောက်ကို အတင်းလိုက်ရှင်းပြနေခဲ့တယ်။
ဒီတခါတော့ စိတ်ပါလက်ပါနားထောင်ခဲ့ပါတယ်။ သနားစရာကောင်းလိုက်တာ...မျက်ရည်တောင်ဝဲတယ်။
သူတို့ ထားတဲ့အမှတ်တရမှတ်တမ်းမှာလည်း အားပါးတရမြန်မာလိုရေးခဲ့တယ် သိလား..။
အဟား..ဘာရေးသလဲတော့မပြောဘူး..ဒါပေမဲ့ ကိုယ်တို့ လည်း အနှိမ်ခံခဲ့ရတဲ့လူတန်းစားတွေထဲကပါ..။
:(((((((


ဆောင်းရာသီချမ်းချမ်းမှာ ဒီလို အိမ်ယာမဲ့ တွေလည်း အများကြီးတွေ့ ခဲ့တယ်..။
ကဲ...တခါထဲပြီးအောင်လုပ်လို့ လည်းရဘူး....။

အိမ်ဖြူတော်ရှေ့ ဖိုက်စတားဟော်တယ်ထဲဝင် ကျမကော်ဖီဝယ်ချင်ယောင်ဆောင်ပြီး၊
(ခင်သက်ထွေးဇာတ်လမ်းလုပ်ခဲ့တာတွေကို)နောက်တခေါက်ပေါ့နော့်။
:)))))

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ပါစေ...
မီးမီး 
You might also like:
                                              


Juggernaut
  http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35848] Japan Magical Video


Juggernaut
  http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[aurorageneration]

http://www.koczka.com/baycapture/47grahamclark/

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
 
 

[aurorageneration] ခပ်နက်နက် ကမ္ဘာဖျက် စာသားတွေ ကို ဒီနေ့တော်လှန်တယ် ( ကဗျာ )

ခပ်နက်နက် ကမ္ဘာဖျက် စာသားတွေ ကို ဒီနေ့တော်လှန်တယ်
 
ခြွေချ . . . ကြွေကျ . . . ဝေကျ
အဲ့ဒီပြဇတ်ကို ဆက်ကြည့်စမ်းပါ
အရာရာ ဟာ မှုန်ဝါးဝါး ၊ အရာရာ ဟာ ထင်ရှားရှား
လိုက်ကာအမဲနောက် က မျက်နှာလေး
ကျောက်တုန်းတွေရန်က ဝေးပါစေ . . .
 
ဦးခေါင်းခွံကို ထက်ခြမ်းလှီး
သရဲ သဘက်စီးနေ တဲ့
အဲ့ဒီ စာအုပ်ဟာ အဆိပ်ပြင်းတယ်
စေတန်ရဲ့မြွေ တစ်ကောင်လို . . . မှားလို့ . . . ကမ္ဘာဖျက်ပိုး
အရွယ်မရောက်ခင် အထိ တွင်းဟောင်းထဲမှာ အောင်းလို့ . . .
 
××× ဟာ  အကြီးမြတ်ဆုံး
အကြီး     မြတ်ဆုံး
အ   ကြီး    မြတ်   ဆုံး
သူဟာ အကြီးမြတ်ဆုံးဆိုတဲ့ အရာတခုအတွက်အသက်ပေးတယ်
သူ့စိတ်ထဲမှာ သူဟာ ကြီးမြတ်ချင် ကြီးမြတ်လိမ့်မယ်
သူ ဇီဝန်ချုပ်ရာ ပါတ်ဝန်းကျင်က ဘုမသိဘမသိ အသက်ပေးရတယ်
အပြစ်မရှိတဲ့ သူတို့ကတော့ အမှန်တကယ်ကြီးမြတ်တယ်
သောက်တလွဲ ဆူဆိုက်များ ဟာ ဒီခေတ်ရဲ့ ဒုတိယမိ အိပ်ခ်ျအိုင်ဗွီ . . .
 
အဓိပ္ပါယ်ရဲ့ တဖက်ခြမ်းက
အပြစ်ရှိသူမှန်သမျှ သတ်နိုင်တယ်
နေဟာ ပိုပိုပြင်းလာ
လဟာ ပိုပိုရင့်လာ
အလာ . . . အလာ . . . အလာ
အလာရှိရင် အပြန်ရှိတယ်ဆိုတာ
ယုံတမ်းစကား ၊ အခုတော့ ဘယ်မိစ္ဆာ ကမှ
သွေးစေး တွေဝလင်လည်း ပျော်ပျော်ပါးပါး မပြန် . . .
 
မြင်အောင်ကြည့်
မြင်အောင် ကြည့်လိုက်စမ်း
မြေကြီးအနှံ့အပြား
ဘယ်သူ့သွေးတွေ မြေခနေသလဲ
ဘယ်သူ့ အသက်တွေ ကြွေကျနေသလဲ
မိတ်ဆွေအချင်းချင်း ဘယ်သူတွေ သတ်နေသလဲ
ညီအကိုအချင်းချင်း ဘယ်သူတွေ သတ်နေသလဲ
ရန်သူတွေကို ရက်ရက်စက်စက် ဘယ်သူတွေသတ်နေလဲ
ကိုယ့်ပိုင်နက်မြေကို စည်းတားပြီး
သူများ ပိုင်နက်မြေကို ဘယ်သူတွေ ခြေချနေသလဲ
ကိုယ့်ယုံကြည်မူ့ကိုဦးထိပ်ထားပြီး
သူများ ကိုးကွယ်မူ့ကို ဘယ်သူတွေ တားမြစ်နေသလဲ
မိန်းမလျှာဆို သေစေ
ဖောက်ပြန်ရင် သေစေ
ခိုးရင် သေစေ
အယူမတူရင် သေစေ 
ကိုယ့်လိုဘတခုပဲ ဦးထိပ်တင်
လူများ ရင် ငါတို့ ဥပဒေနဲ့ငါတို့ဆိုတာ
ဘယ် တန်ခိုးရှင် ကချမှတ်လိုက်တဲ့ ပညတ်တွေလဲ
ကောင်းကင် က အနီရောင်ဖုံးလွန်း
ငရဲ က လက်ရှိ အယူဝါဒ မျက်နှာဖုံးစွပ်အလာ မှာ
ဘုရားသခင် ဟာ အဲ့ဒီစာစုကို နုတ်တော်ကချပေးခဲ့ရင်
ဒီနေ့ ဒီရက် မှာ ငါဟာ ဘုရားသခင်သာ မက ၊ အဲ့ဒီအရာကိုထောက်ခံတဲ့
သက်ရှိ သက်မဲ့ ဟူသမျှ ကိုတော်လှန်တယ် . . .
 
 
 မာဃသစ္စာ
 
 
 

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
 
 

[mrsorcerer:35846] Fwd: [လူဗိုလ်ဟူသည် ...] ပန်ကာအောက်က လူ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/11
Subject: [လူဗိုလ်ဟူသည် ...] ပန်ကာအောက်က လူ
To: lubo601@gmail.com



by Seaman Nayminthu on Saturday, November 10, 2012 at 10:37pm 


၂၀၁၂ နိုဝင်ဘာ ၁၃ ရက် ။
ဘာလိုလိုနဲ့ ပန်ကာအောက်မှာ ထိုင်ပြီးလုပ်ရတဲ့ အလုပ်တခုရဖို့ အစပြုခဲ့တဲ့နေ့ဟာ နှစ်ပေါင်း ၂၀ တင်းတင်း ပြည့်ခဲ့ပြီပဲ။
လွန်ခဲ့တဲ့ အနှစ် ၂၀ ခုလိုအချိန်မျိုးမှာ ကျနော်တို့ လူငယ်တသိုက် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သံလျှက်စွန်းမှာတည်ရှိတဲ့ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဘောလုံးကွင်းဘေးက အဆောက်အဦတခုထဲမှာ စာချုပ်တွေ ကိုယ်စီလက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြရတယ်။
အဲဒီနေ့မတိုင်မီက ဆေးကြီးစစ် ဆိုတဲ့ နောက်ဆုံး ကျန်းမာရေးစစ်ဆေးမှုကိုလည်း ခံယူခဲ့ကြပါတယ်။
ဖိုင်နယ်ဆေးစစ်မှု မအောင်မြင်သူတချို့ မျက်နှာလေးတွေ ရှုံ့မဲ့ရှုံ့မဲ့ နဲ့ လွယ်အိတ်လေးတွေကိုယ်စီလွယ်၊ အိမ်ပြန်ကြတော့မယ်ပေါ့။ လူပေါင်း ၄၀၀ ကျော် လျှောက်ထားတဲ့အထဲမှာ စစ်စစ်ပေါက်ပေါက် လူ ၉၀ လောက်ပဲ လက်ခံတာဆိုတော့ အရွေးချယ်ခံရသူတွေဟာ ဆန်ကာတင်မဟုတ်တာတောင် ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေလို့ ပြောနိုင်ပါတယ်။
ပထမဆုံး ပဏာမဆေးစစ်တဲ့နေ့ကနေ တဖြည်းဖြည်း လျော့နည်းလာတဲ့ လူဦးရေဟာ ဖိုင်နယ်ဆေးစစ်တဲ့ နေ့မှာ လူ ၁၅၀ တောင် မပြည့်တော့ပါဘူး။ အဲဒီမှာ အရည်အသွေးပြည့်မီသူ ၉၀ နဲ့ အရံလူ ၁၀ ဦး ရွေးချယ် လိုက်တယ် ထင်ပါရဲ့။ အရံလူတွေကို ကျနော်တို့က under height လို့ခေါ်ကြတယ်။ သတ်မှတ် ကိုယ်အလေး ချိန်နဲ့ အရပ်အမြင့် မမီတမီ လူပိန် လူပုလေးတွေထဲက ရွေးထုတ်ထားသူတွေပါ။

အကယ်၍ စံချိန်မီရွေးချယ်ထားသူတွေထဲက လွဲချော်မှုတွေ ရှိခဲ့ရင် အစားထိုးနိုင်ဖို့ စီစဉ်ထားတာပါ။ တကယ်လည်း စာချုပ်ချုပ်ဆိုတဲ့နေ့မှာ တချို့ရွေးချယ်ခံ စစ်သည်လောင်းတွေ အချိန်မီ ရောက်မလာတော့ ပါဘူး။ ဒီလိုနဲ့ အရံလူတွေ ထဲက ၅ ယောက်လောက် အစားထိုး ရွေးချယ်လိုက်ရပါတယ်။ ( ခုလောက်ဆို ကျနော်တို့လူစုထဲက ဓူဝံကြယ် လေမှာလွင့်လို့ လုပ်သက်ရင့် ဆရာကြီးဖြစ်သူတွေ ဖြစ်နေလောက်ရောပေါ့)
ကျနော့်ကို ပန်ကာအောက် အရောက်တွန်းပို့လိုက်သူတွေကတော့ ကျေးဇူးရှင် ကျွေးသဖခင်နဲ့ အိမ်သူဇနီးတို့ ၂ ဦးပဲ ဖြစ်ပါတယ်။
အဖေက ကျနော့်အစ်ကိုကြီးရဲ့ အလုပ်ကိုသဘောကျပြီး ကျနော့်ကိုလည်း အဲဒီလို ဖြစ်စေချင်နေတာ။ အစ်ကိုကြီးဟာ ၁၀ တန်းမအောင်ပေမဲ့ မြန်မာ-အင်္ဂလိပ် လက်နှိပ်စက်သင်တန်းတက်ပြီး နေပူစပ်ခါး မသွားရဘဲ နေရိပ်ထဲက ပန်ကာတပ်ရုံးခန်းထဲမှာ ငြိမ်းငြိမ်းလေး အသက်မွေးနေရသူမို့လား… ကျနော်က ၁၀ တန်းအောင်ပြီး သားဆိုတော့ အဖေ့အထင်မှာ အစ်ကိုကြီးထက်တောင် သာချင်သာလိမ့်မယ် အတွေးလည်း ရှိနေပုံရတယ်။
ညီအစ်ကိုရင်းပေမဲ့ စိတ်နေစရိုက်နဲ့ ဗီဇချင်း မတူတာကိုတော့ အဖေ အလေးအနက် သတိထားမိဟန် မတူ။ အစ်ကိုကြီးက သီးသန့်ကမ္ဘာလေးထဲမှာ အေးအေးလူလူ သူ့ဖီလင်နဲ့သူ နေတတ်သူ။ ကျနော်က ခပ်စွာစွာ လှုပ်လှုပ်ရှားရှားသမား… လိုအပ်ရင် ကြီးတော်နွား အလကားကျောင်းပေးဖို့လည်း ဝန်မလေးသူ။
ဇနီးသည်ကတော့ ရပ်ရွာအုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ကျနော်အကြား ပြဒါးတလမ်းသံတလမ်း  ဆက်ဆံရေး အနေအထားကြောင့် ရွာမှာဆက်နေဖို့ ကျနော့်ကို စိတ်မချနိုင် ဖြစ်နေတာပါ။

အဲဒီအချိန်က ကျနော်ဟာ ရွာမှာ ဆိုးပေတေ အဖော်တွေနဲ့ ပျော်လို့ကောင်းနေတုန်း ကာလပေါ့။  ရဝတ အာဏာပိုင်တွေရဲ့ မြင်မြင်သူ လူမထင်တဲ့ ဆင်ကန်းတောတိုး အနိုင်ကျင့်လုပ်ရပ်တွေကို ဆတ်ဆတ်ထိ မခံ တုန့်ပြန်အံတုနေသူတွေဟာ ရပ်ကျော်ရွာကျော် အဖော်အလှော်ကောင်းတဲ့ ကျနော်တို့အဖွဲ့ပါ။ နိုင်ငံတော်က လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့ဆိုပြီး ကျနော်တို့ နယ်မှာ မဟာဗျူဟာ အမည်ရှိတဲ့ ကားလမ်း တခုဖောက်တယ်ဗျာ။ ပြည်သူတွေကတော့ မသာဘူတာလမ်း လို့ တီးတိုး ခေါ်ကြတယ်။
အဲဒီမှာ တနယ်လုံးရှိကျေးရွာတွေက လက်လုပ်လက်စား မုဆိုးမ မကျန် ကိုယ့်စားရိတ် ကိုယ်စား ရက်ရှည် လုပ်အားပေး လုပ်ခဲ့ရတယ်။ ကျနော်လည်းပါတာပေါ့။ တအိမ်ထောင် မြေ ၁၀ ကျင်းနှုန်း နဲ့ မြွေဆိုးတွေပေါတဲ့ ကိုင်းတောကွင်းထဲမှာ ၇ ရက်လောက် ညအိပ်ညဉ့်နေ လုပ်အားပေးကြရတာ။
ဒီလောက်နဲ့ မပြီးသေးဘူးဗျ။ သတ်မှတ်ထားတဲ့ အတိုင်းအတာ ပြီးဆုံးခါနီးမှာ မြို့နယ်ဦးစီးမှူးနဲ့ အဖွဲ့ရောက်လာ ပြီး လုပ်ငန်းလိုအပ်ချက်အရ ဆိုကာ နောက်ထပ် မြေ ၅ ကျင်းစီထပ်တိုး သတ်မှတ်ပေးတယ်ဗျာ။ အဲဒီမှာ လူတွေ ဒေါသ ထိန်းမရအောင် ဖြစ်လာကြတယ်။ ပါလာတဲ့ စားနပ်ရိက္ခာလည်း ကုန်သလောက်ရှိပြီ။ ပြီးတော့ အိမ်မှာကလည်း လုပ်စရာတွေ တပုံကြီး။ မပြန်မဖြစ် ပြန်ကြရတော့မှာ။
အဲဒါကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး အတင်းလုပ်အားပေးခိုင်းစေတာ။ လူအများစု ပြန်ချင်ကြတယ်။ ဒါပေမဲ့ မပြန်ရဲဘူး ဖြစ်နေတယ်။ အိမ်ပြန်ရောက်ပြီး နောက်ကပါလာမယ့် အန္တရာယ်ကို လန့်နေကြတယ်။ အဲဒီအချိန်မှာ ရွာစော်ကဲဖြစ်တဲ့ ကျနော်တို့အဖွဲ့က အခြေအနေကို စတင်ဖောက်ခွဲပြလိုက်တယ်။
'အားလုံး စဉ်းစားကြပါ။ ဒီအတိုင်းငြိမ်ခံနေရင် အနိုင်ကျင့်မှုတွေက ဒီထက်ပိုဆိုးလာလိမ့်၊ ခုဟာက ကျနော်တို့ တာဝန်ကျေပြီ။ သူတို့ထပ်ပြီး မတရားအနိုင်ကျင့်တာ။ ကျုပ်တို့တော့ မလုပ်နိုင်တော့ဘူး။ ပြန်မယ်။ ကြောက်တဲ့ လူတွေ ကျန်ခဲ့ပေတော့' ဆိုပြီး ကိုယ့်စားအိုးစားခွက်လေးတွေသိမ်း ပေါက်တူးမှာကုတ်ထမ်းပြီး ကျနော်တို့ လူစွာ လေးငါးယောက် အိမ်ပြန်လမ်းကို ဦးတည်လိုက်တယ်။
အစပိုင်းမှာ ဘေးကလူတွေ ရပ်ကြည့်နေပြီး ကျနော်တို့ အတော်လေးလှမ်းသွားချိန်မှာ လူတချို့ နောက်ကနေ အော်ဟစ် အသံပြုလိုက်လာကြတယ်။ ကျန်လူတွေလည်း အလုပ်ကို စိတ်မပါ့တပါနဲ့ ဆက်လုပ်နေကြတယ်။ အိမ်ပြန်ရောက်လို့ နောက်တနေ့မှာ  ရဲစခန်းက ရဲတွေရောက်လာပြီး ကျနော်အပါအဝင် စတင်လှုံ့ဆော်သူ ၄ ယောက်ကို ဖမ်းသွားတော့တယ်။
ထောင်တော့ မကျလိုက်ပါဘူး။ မြို့နယ်ရဲစခန်းအချုပ်မှာ ၂ ပတ်လောက်နေလိုက်ရတယ်။ ရွာက လူကြီးတွေ လိုက်လာပြီး လွတ်ရာလွတ်ကြောင်း အမျိုးမျိုးကြံဆောင်ကြတာကြောင့် တနှစ်ခံဝန်ခြေချုပ်နဲ့ ပြန်လွတ်လာခဲ့ ရပါတယ်။
အချုပ်ကလွတ်ပြီးနောက်ပိုင်း ကျနော်နဲ့ ရပ်ကွက်အာဏာပိုင်တွေအကြား မိတ်ကောင်းဆွေကောင်း ဆက်ဆံရေး ပျက်ပြားသွားတော့တယ်။ သူတို့က ကျနော်မှာတင်နေတဲ့ တနှစ်ခံဝန်ချုပ်ကို ကိုင်ပြီး ဖိနင်းချင်တယ်။ ကျနော် ကလည်း သူတို့ လုပ်သမျှ မဟုတ်မမှန်ကိစ္စတွေကို တခုချင်း ဖွင့်ချဖော်ထုတ်တယ်။ တိုက်နယ်ရဲစခန်းမှူးက ကျနော့်ကို မကြာခဏခေါ်တွေပြီး ကျစ်သလိုလို ရစ်သလိုလို ခြိမ်းခြောက်သလိုလို စကားလုံးတွေနဲ့ ဖိအားပေး လာတယ်။ ကြာလာတော့ ကျနော် ရွာမှာနေချင်စိတ်ကုန်လာမိရော။
ဒါနဲ့ ရှေ့ဘာဆက်လုပ်မလဲ အတွေးပလုံစီကြည့်ချိန်မှာ တပိုင်းတစပစ်ချထားတဲ့ ကျနော့်ပညာရေးကို သတိရ လာပြန်တယ်။ မြို့မှာ အလုပ်လုပ်ရင်း စာပေးစာယူဆက်တက်ရင် ကောင်းမလား တွေးကြည့်တယ်။ အဲဒီကနေ ၆ လလောက်အကြာ စာပေးစာယူဖြေဆိုဖို့ ပြင်ဆင်ချင်တာရယ်၊ အလုပ်တခုရှာချင်တာရယ် အကြောင်းပြုပြီး ရန်ကုန်ကို ကျနော်ရောက်လာခိုက် ရေတပ်မှာ တကက/စာရေး လျှောက်လွှာခေါ်တာနဲ့ ကြုံကြိုက်နေတုန်း ဒီသတင်းက နယ်မှာရှိတဲ့ ကျနော့်အိမ်ကို နေ့ချင်းပေါက် ရောက်သွားတော့ အဖေရယ် ကျနော့်ဇနီးရယ် သမီးယောက္ခမ နှစ်ဦးသား ဒိုင်းခနဲ ရန်ကုန်ကို ပေါက်ချလာပြီး ကျနော့်ကို ရေတပ်ထဲဝင်ဖို့ အမျိုးမျိုး စည်းရုံး နားချပါတော့တယ်။
ဇနီးသည်ဟာ အရင်တခါ ပြဿနာမှာကတည်းက ကျနော့်အတွက် ပူပင်သောက ရောက်ခဲ့ရတယ်။ နောင်ဆိုရင် အချုပ်ကနေ ထောင်တွေတန်းတွေအထိ ကူးသွားမှာကို အထူးစိုးရိမ်နေပုံရပါတယ်။
အဖေကတော့ စီမံချက်နဲ့ကို ချပြတာ။ လုပ်ရမယ့်အလုပ်က စာရေးဆိုတော့ လက်နှိပ်စက်ရိုက်ရမယ်ဆိုတာ သေချာပေါက်အဖေသိတယ်။ ဒါဆို ပန်ကာအောက်မှာလို့ သူတွက်ပြီးသား။ နောက်တခု… သင်တန်းပြီးပြီးချင်း တပ်ကြပ်ကြီးရာထူး ရအုံးမှာမို့ အောက်တန်းနောက်တန်းအကျဆုံးအဆင့် မဟုတ်နိုင်တာကိုလည်း သူခန့်မှန်း ထားလေရဲ့။ အဲဒီအကြောင်းပြချက်တွေနဲ့ ကျနော့်ကို ကိုင်လှုပ်တာ။ အစတော့ ခပ်အေးအေး ။ ပြေလေထိုးလို့ မရမှန်းသိတဲ့အခါ ဇာတ်ရှိန်မြင့်လာပြီး 'ဒီတခါ ငါ့စကားကို နားမထောင်ရင် မင်းနဲ့ငါ သေလမ်းရှင်လမ်း အပြတ်ပဲ' ဆိုတဲ့အထိ ဖြစ်လာတယ်။ ရွာမှာတုန်းကလည်း ကျောင်းဆရာအလုပ် ဝင်မလုပ်လို့ ကျနော့်ကို အဖေ ဒေါသူပုန် ထခဲ့ဖူးသေးတယ်လေ..။ ဒီတော့….
ဘာပဲဖြစ်ဖြစ် အကြောက်အကန် ငြင်းဆန်နေတဲ့ကြားကပဲ နောက်ဆုံးမှာ ဖခင်နဲ့ဇနီးသည် စိတ်ချမ်းသာအောင် ပန်ကာအောက်ကို ကျနော်အရောက်ဝင်ပေးခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က ရွာမှာဆက်မနေချင်တော့ တာလည်း ပါတာပေါ့ဗျာ။


US-HAITI-QUAKE-AID-TASK FORCE US State Department staff work at a task force room monitoring aid activities for Haiti's earthquake victims in Washington, DC, on January 14, 2010. In Haiti, rescuers raced against the clock to reach survivors among thousands of corpses in quake-hit country, as planeloads of international aid swamped the main airport. Officials have warned the overall death toll may top 100,000 and say three million people could have been affected by Tuesday's powerful quake which ravaged the poorest nation in the Americas. AFP PHOTO/Jewel SAMAD (Photo credit should read JEWEL SAMAD/AFP/Getty Images) AFP/Getty Images

ပန်ကာအောက်ရောက်ရုံတင် ဘယ်ကပါ့မလဲ။ ပန်ကာရွက်လို ချာလပတ်လည်ခဲ့ရတာ၊ အထက်ဌာနက ပို့လာတဲ့ညွှန်ကြားစာထဲမှာ ကျနော်မမွေးမီကတည်းက ထုတ်ပြန်ထားတဲ့ စာတစောင်ကို ရည်ညွှန်းထား.. (ရုံးသမားတွေ ကြုံဖူးမှာပါ) အဲဒီစာကို တပ်မှူးကရှာခိုင်းလို့ ဖိုင်ပုံအထပ်ထပ်လှန်လှောရင်း ချွေးဒီးဒီးကျ၊ ပန်ကာလေလေး ရမလားဆိုပြီး ခပ်နှေးနှေးဖွင့်ကြည့်တဲ့အခါ ပန်ကာရွက်က လေမပါ။ ခပ်မြန်မြန်တင်လိုက် ပြန်တော့ တဂျုတ်ဂျုတ်နဲ့ ပြုတ်ကျခမန်း လှုပ်ရမ်းလာလို့ အသာပြန်ပိတ်ထားရတဲ့ ရုံးခန်း၊ ပန်ကာအောက်မှာ တနေကုန် ခေါင်းစား ခါးကိုက်အောင် တလှုပ်လှုပ်နဲ့ အရှုပ်တွေလုပ်ရလွန်းလို့ မျက်နှာကျက်မှာချိတ်ထားတဲ့ ပန်ကာ ငါ့ခေါင်းပေါ်တည့်တည့်သာ ပြုတ်ကျလိုက်ပါတော့လို့ ဆုတောင်းမိတဲ့ရက်တွေ… ဒါတွေကို အဖေ ဘယ်သိနိုင်ပါ့မလဲ….
ကျနော့်အဖို့တော့ ပန်ကာလေက အေးမြခြင်းကို မဆောင်တဲ့အပြင် ဇောချွေးတွေ အလိပ်လိုက် ပြန်စေပါ တော့တယ်။
တနှစ်တခါဆိုသလို မိန်းမနဲ့ကလေးတွေ လက်ဆွဲပြီး မိဘအိမ်ကို အလည်အပတ်ခွင့်ပြန်ချိန်မှာ ကိုယ်ရတဲ့ ရိက္ခာထဲက ခြစ်ခြုတ်စုဆောင်းထားတဲ့ နို့ဆီ ဗူးလေးတွေရယ်၊ သကြားထုပ်လေးရယ် မိဘတွေရှေ့မှာ အသာချပြီး ကန်တော့တဲ့အခါ အဖေ့မျက်နှာ လဝန်းပမာ.. ဆုတွေပေးလိုက်တာ အရှည်ကြီး။ ခဏနေတော့ မြေးတွေခေါ်ပြီး ရွာထဲထွက်သွားရော… တွေ့သမျှလူတွေကို … 'ပန်ကာအောက်မှာ အလုပ်လုပ်ရတဲ့ ငါ့သားမိသားစု အလည်ရောက်နေတယ်ကွ' ဆိုပြီး အားရပါးရ လိုက်ပြောနေပါတော့တယ်။
အိမ်မှလည်း ချွေးမဖြစ်သူကို မေးမေးနေသံ ကြားရတယ်။ 'ဟဲ့ သမီး.. ညည်းယောက်ျား အလုပ်လုပ်တဲ့ ရုံးကို လိုက်သွားဖူးလာ… အဲဒီမှာ ပန်ကာ ဘယ်နှစ်လုံးတပ်ထားတာတွေ့လဲ' တဲ့။
အမေကတော့ အမေမဟုတ်လား.. မိခင်ဆိုတာ သားသမီးမျက်နှာ နှစ်ခါပြန်ကြည့်စရာမလိုဘဲကို အထာနပ်ပြီးသားလေ။ သားနဲ့ချွေးမ မျက်နှာတွေကို တလှည့်စီတွေတွေကြီး ကြည့်နေရင်း ဆုပေးဖို့ တောင် မေ့နေတယ်။ သူ့ရင်ထဲက သိနေမှာပေါ့…။ ချွေးမလေးရဲ့ နားရွက်ပေါ် ဖုံးအုပ်ရစ်ဝဲကျနေတဲ့ ဆံနွယ်စ တွေကို အသာအယာ သပ်တင်ပေးရင်း 'ဆောင်းဦးပေါက် စပါးပေါ်ရင် အမေလာခဲ့အုံးမယ်' လို့ တိုးတိုးလေး နှစ်သိမ့်အားပေးရှာတယ်။
ခွင့်စေ့လို့တပ်ကိုအပြန်.. ပြောစရာမလိုအောင် အလိုက်သိတဲ့အမေက ဆန်တအိတ်၊ ဆီ ၂ ပိဿာ၊ ပဲမျိုးစုံ၊ ငြုပ်သီး၊ ကြက်သွန်၊ နနွင်းမှုန်ကအစ လိုလေသေးမရှိ အသင့်ထုပ်ပြီးသား..။ ပြီးတော့ ပန်ကာအောက်မှာ အလုပ်လုပ်တဲ့သား မျက်နှာမငယ်ရအောင် သူ့ချွေးခံအိတ်ထဲမှာ ကျစ်ကျစ်ပါလိပ်ထားတဲ့ ငွေစက္ကူတချို့ကို ကလေးမုန့်ဖိုး ဆိုပြီး တဖက်လှည့်နဲ့ လမ်းစရိတ် ထုတ်ပေးခဲ့ရတာတွေ… ဒါတွေကို အဖေ တကယ်မသိခဲ့ တာလား… သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့တာလား အဖေရယ်..။
သားသမီးအပေါ် ကျေနပ်ဂုဏ်ယူနေတဲ့ အဖေ့ပါးစပ်ဖျားမှာ နောက်ဆုံးချိန်ထိ ဆုတောင်းအမှာစကားလေး ပါးခဲ့ပါတယ်.. 'ပန်ကာအောက်မှာ အလုပ်လုပ်တဲ့ ငါ့သား… ကြီးပွားပါစေ… ချမ်းသာပါစေ' တဲ့..။


ခုချိန်မှာ အဖေမရှိတော့တာ ၁၀ နှစ်ကျော်သွားပြီ… ပန်ကာအောက်ကနေ ကျနော်ရုန်းထွက်ခဲ့တာလည်း ၅ နှစ် ကျော်ပါပြီ။ ဒါပေမဲ့ အဖြစ်အပျက်တွေက မနေ့တနေ့ကလိုပါပဲ။
တခါတလေတော့ ကြံကြီးစည်ရာ စိတ်ကူးကြည့်မိတယ်.. ပန်ကာအဟောင်းတလက် ခေါင်းပေါ်ရွက်ပြီး အဖေ့အုတ်ဂူခြေရင်းနား အရောက်သွား ကန်တော့ချင်လိုက်တာ….
 'အဖေရေ… အဖေချစ်တဲ့ ပန်ကာအောက်က သားငယ်လေး အဖေ့ကို သတိတရ လာကန်တော့ပါတယ် ခင်ဗျ' ဆိုပြီးတော့လေ…..။   ။

နေမင်းသူ
၁၃-၁၁-၂၀၁၂



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/11/2012 11:26:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35846] Fwd: [လူဗိုလ်ဟူသည် ...] ................ကြင်ယာ...စတိုး......(ဘာသာပြန်)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/11
Subject: [လူဗိုလ်ဟူသည် ...] ................ကြင်ယာ...စတိုး......(ဘာသာပြန်)
To: lubo601@gmail.com


Posted by sai on November 10, 2012 at 11:00pmအီးမေးလ်ပို့ မယ် ဘလော့ ပိုစ်ကြည်မယ်

နယူးယောက်မြို့မှာ အသစ်စက်စက်ဖွင့်လိုက်တဲ့စတိုးဆိုင်အမည်က ကြင်ယာစတိုး တဲ့။
အမျိုးသမီးတွေ အဲဒီဆိုင်သွားပြီး ကြ
င်ယာရွေးမယ်ဆိုရင် လိုက်နာရမယ့်စည်းကမ်းချက်တွေကို
စတိုးဆိုင်အ၀င်ဝမှာ ရေးထားတယ်။

စည်းကမ်းချက်ကတော့..

"သင်သည်ဤစတိုးဆိုင်အားတကြိမ်သာလာရောက်ခွင့်ရှိသည်။
ဤစတိုးဆိုင်သည် ခြောက်ထပ်ရှိပြီး အပေါ်တထပ်စီတိုင်းရှိ အမျိုးသားများ၏ တန်ဘိုးမှာလည်း 


ပိုမို မြင့်မားသွား၏။
သင်နှစ်သက်သော အထပ်မှ ကြိုက်နှစ်သက်ရာအမျိုးသားအား ရွေးချယ်ခွင့်ရှိသည်။
စိတ်တိုင်းကျမဖြစ်လျှင် အပေါ်ထပ်သို့တက်ရောက်ရွေးချယ်နိုင်သည်။
သို့သော်သင်သွားရောက်ခဲ့ပြီးသော အထပ်သို့ နောက်တခေါက်ပြန်လည်သွားခွင့်မရှိ" ဟုရေးထားလေသည်။


တနေ့တွင် ၄င်းစတိုးဆိုင်သို့ အမျိုးသမီးတဦး ကြင်ယာရှာသွားလေသည်။
ပဌမအထပ်တံခါးဝရှိဆိုင်းဘုတ်၌

"ဤအမျိုးသားများသည် အလုပ်အကိုင်ရှိသည်" ဟုရေးထားလေသည်။
"ဒါလေးများ" ဟုတိုးတိုးဆို၍

ဒုတိယအထပ်သို့တက်သွားရာ

"ဤအမျိုးသားများသည်အလုပ်အကိုင်ရှိပြီး ကလေးများကိုလည်း ကြင်နာတတ်သည်" ဟုရေးထားလေသည်။
"မဆိုးပါဘူး" ဟုတွေး၍ ဆက်တက်သွားရာ တတိယအထပ်၌

"ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည့်အပြင် ရုပ်ရည်ချောမော၏" ဟုရေးထားလေသည်။
အမျိုးသမီးမှာ များစွာသဘောကျလျက်ရှိသော်လည်း အပေါ်ထပ်တွင်ရှိမည့် အမျိုးသားများအား သိချင်ဇောဖြင့် ဆက်တက်သွားလေသည်။

စတုတ္ထအထပ်တွင်
"ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည့်အပြင်
ရုပ်ရည်ချောမောပြီး အိမ်မှုကိစ္စ၌လည်းကူညီတတ်လေသည်" ဟုရေးထားလေသည်။
မိမိနှစ်သက်သောအရည်အချင်းများ ကျေနပ်ဖွယ်ရှိနေသော်လည်း နောက်အထပ်တွင် ပိုကောင်းရချည်ရဲ့ဟုတွေးပြီး
ပဉ္စမအထပ်သို့ဆက်တက်သွားပြန်သည်။

ပဉ္စမအထပ်၌မူ
"ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည်။
ရုပ်ရည်ချောမောပြီး အိမ်မှုကိစ္စများ၌ကူညီတတ်သည့်အပြင်နွေးထွေးကြင်နာစွာ ယုယချစ်ခင်တတ်၏" ဟုရေးထားလေသည်။

အမျိုးသမီးမှာ ထိုအမျိုးသားများအား သဘောကျနှစ်သက်၍ ရွေးချယ်လိုပြီဖြစ်သော်လည်း
ကောင်းသထက်ကောင်းနိုင်သော အပေါ်ဆုံးအထပ်တွင်ရှိမည့် ယောင်္ကျားများအား စိတ်ကူးလျက်
စိတ်လှုပ်ရှားမှုများစွာဖြင့် ဆက်တက်သွားပြန်သည်။

ခြောက်ထပ်မြောက်သို့ ရောက်သောအခါ တံခါးဝဆိုင်းဘုတ်၌
"သင်သည် ဤအထပ်သို့ရောက်လာသော သုံးသန်း လေးသိန်း ငါးသောင်း ခြောက်ထောင် နှစ်ရာ့တစ်ဆယ်ဦးမြောက် အမျိုးသမီးဖြစ်သည်။ ဤအထပ်တွင် အမျိုးသားကြင်ယာ မရောင်းပါ။
ဤနေရာကား မိန်းမတို့၏ မဆုံးနိုင်သောဆန္ဒကိုဖြည့်ဆည်းရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း


သက်သေ ပြုရာနေရာပင်တည်း။
ဤစတိုးအားလာရောက် အားပေးသောကြောင့် ကျေးဇူးတင်ပါသည်" ဟုရေးထားလေသည်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1850143&xgs=1&xg_source=msg_share_post
 မှ ...


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/11/2012 11:33:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35843] Fwd: [လူဗိုလ်ဟူသည် ...] တက်ဘုန်းကြီး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/10
Subject: [လူဗိုလ်ဟူသည် ...] တက်ဘုန်းကြီး
To: lubo601@gmail.com



"တကာသိန်းဖေ"
"ဘုရား"

"တက်ဘုန်းကြီးဝတ္ထု ထပ်မထုတ်တော့ဘူးလား"
"တပည့်တော် ထပ်ထပ်ထုတ်ဖို့  သိပ်စိတ်မ၀င်စားပါဘုရား"

"အို၊ ဘာ့ကြောင့်လဲ တကာလေးရဲ့ "
"တပည့်တော်က နိုင်ငံရေးကိစ္စ၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကိစ္စ၊ စာပေကိစ္စတွေမှာသာ
စူးစိုက်လုပ်လိုပါတော့တယ်။ ဘာသာရေးကိစ္စမှာ ၀င်မပါချင်တော့ပါဘူးဘုရား"

"ဒါဖြင့် တက်ဘုန်းကြီးဝတ္ထုထုတ်စတုန်းကလို တို့ ဘာသာကိုစင်ကြယ်အောင်
ဆိုတဲ့စေတနာတွေ လျော့ကုန်ပြီလား"
"ဒီလိုလည်းမဆိုအပ်ပါဘူးဘုရား။ တပည့်တော် နေရာတကာမှာ စင်ကြယ်ရေးကို
အလိုရှိပါတယ်။ သို့ ပေမယ့် သာသနာစင်ကြယ်ရေးကို ဘယ်သူမပြုမိမိမှု
ဆိုတာလို အရှင်ဘုရားတို့ သံဃာတော်တွေကသာ အရင်းခံထားပြီး
ဆောင်ရွက်ကြမယ်လို့ ယူဆပါတယ်ဘုရား"

"တကာသိန်းဖေရဲ့ ၊ မင်းဝတ္ထုပြန်ထုတ်ရ ကောင်းမယ်ကွဲ့ "
"တပည့်တော်ကိုယ်တိုင်တော့ ခုနင်ကလျှောက်ထားသလိုဘဲ၊ စိတ်မ၀င်စားပါ
ဘုရား။ အရှင်ဘုရားတို့ ဘာသာ ကိုယ်အရေးကိုယ် ဆောင်ရွက်ကြလျှင်
ကောင်းပါလိမ့်မယ်ဘုရား"

"ဒါဖြင့် တကာရဲ့ တက်ဘုန်းကြီးစာအုပ်ကို ဘုန်းကြီးတို့ ကိုလှူမလား"
"လှူပါတယ်ဘုရား၊ အရှင်ဘုရားများကြိုက်သလို စီမံတော်မူပါဘုရား"

"အိမ်းကောင်းပြီ၊ ငါတို့ ကဘဲထုတ်ဝေတော့မယ်"
"တခုတော့ရှိပါတယ်ဘုရား၊ တပည့်တော်ဟာ အဲဒီဝတ္ထုကိုရေးစဉ်က
အသက်နှစ်ဆယ်ကျော်၊ နှစ်ဆယ့်တနှစ်၊ နှစ်နှစ်ဆိုတော့ စိတ်သန်ရာကို
တဘက်သတ်လုပ်တတ်ပါတယ်။ သာသနာကိုပြုပြင်ချင်တဲ့စိတ်ကများပြီး
မတော်မတည့် သီလကြောင်တွေကို ဖော်ထုတ်ရှုံ့ ချရာမှာသာ အားသန်ပြီး
တဘက်ကသန့် ရှင်းတဲ့ဘုန်းကြီးများ၊ တကယ်ကြည်ညိုစရာကောင်းတဲ့
ရဟန်းသံဃာများ ရှိသေးတာကို မဖော်ပြခဲ့မိဘူးဘုရား။ ဒါ တပည့်တော်ရဲ့ 
ချို့ ယွင်းချက်ပါဘဲ"

"အေး၊ ဒါကတော့၊ တကယ့်သူတော်ကောင်း သီလ၀န္တသံဃာတော်တို့ က
ဟိုအရင်တုန်းကတည်းက တကာလေးရဲ့ စေတနာသိပြီး ခွင့်လွှတ်ခဲ့ကြပြီး
သားပါ။ တကယ်ဆိုတော့ တကာလေးရဲ့ စာအုပ်ကို သာဓုခေါ်ခဲ့ကြတဲ့
ဆရာတော်သံဃာတော်တွေ အများကြီးရှိခဲ့ကြတယ်။ ခုလည်း သီလ
သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းသံဃာတော်အများအပြားရှိပါတယ်။
အဲဒီ ဆရာတော်သံဃာတော်တွေ များသည်ထက်များလာအောင်
မစင်ကြယ်တဲ့ ခြစားတဲ့အပိုင်းကို တိုက်ထုတ်ရမှာဘဲကွဲ့ ။ ဒီနေရာမှာ တို့ က
တက်ဘုန်းကြီးကို အသုံးချရမှာဘဲ"
"ကောင်းပါပြီဘုရား၊ အရှင်ဘုရားတို့  တော်မည်ထင်သလို တပည့်တော်ရဲ့ 
တက်ဘုန်းကြီး ကို ကြည့်သုံးပါတော့ဘုရား"

အရှင်ပညာဇောတ
အရှင်အာဒိစ္စ၀သံကျောင်းတိုက်၊ ရန်ကုန်မြို့ 
၁၃၁၆ ခု၊ ၀ါဆိုလ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/11/2012 10:48:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35843] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာ့ဆက်သွယ်ရေး ဘာလဲ? ဘယ်လဲ?



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/10
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ့ဆက်သွယ်ရေး ဘာလဲ? ဘယ်လဲ?
To: lubo601@gmail.com


Written by Soe Htet 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ကျွန်တော်တို့ သုံးနေတဲ့ အင်တာနက်လိုင်း အကြောင်းကို ရေးဖို့ တေးမှတ်ထားတာ ကြာခဲ့ပြီဗျာ။ ရင်ဘတ်ထဲက အစိုင်အခဲတွေ၊ အကြိတ်အခဲတွေ တဖြည်းဖြည်း ပြည့်နှက်လာခဲ့တာ မနည်
းတော့ဘူး။ အောင့်အည်းသည်းခံထားရလို့ ငြိမ်ဝပ်သယောင်ယောင် ဖြစ်နေပေမယ့် တစ်ချိန်ချိန်မှာ ပေါက်ကွဲထွက်လာမှာ အသေအချာပါပဲ။ အင်တာနက်လိုင်း မကောင်းကြောင်းပဲ ကျွန်တော်တို့ ခင်ဗျားတို့ ညည်းညူနေကြပေမယ့် ကောင်းမွန်ပြည့်စုံမယ့် အခြေအနေတစ်ခုရောက်ဖို့ အဖြေထုတ်ခဲ့ မိကြရဲ့လား။ မစဉ်းစားမိတဲ့ အကြောင်းအရာတွေ ဖြစ်နေလို့လား။


အဖြေထုတ်ရမယ့် အချိန်ကတော့ အခုရောက်နှင့်ပြီ။ အများညီရင် ဟိုဟာ ..ဤ ကို ကျွဲ လို့တောင် ဇွတ်မှိတ်ပြီး ဖတ်လို့ရသေးတာပဲ။ ကျွန်တော်တို့က ဤ ကို ကျွဲဆိုပြီး လိမ်လည်ပြီး မဖတ်တတ်ပါဘူး။ ဒါပေမယ့် ဤ ကို ဤ လို့ ပီပီသသ အသံထွက် စာလုံးပေါင်းဖတ်ပေးမှရမယ်။

ဟိုလိုလို ဒီလိုလိုနဲ့ သောက်တလွဲ အင်ဖော်မေးရှင်းတွေပေးတဲ့ နေရာ၊ အင်တာနက်လိုင်း ချပေးတာကို ညွန်ကြားချက် မထွက်သေးပါဘူး၊ အထက်က အမိန့်မလာသေးပါဘူး ဆိုပြီး အရှက်မရှိပြောတတ်တဲ့ နေရာ၊ အိတ်ချိန်းနဲ့ မီတာ ၂၀၀ ကျော်ဝေးတဲ့ ဖုန်းတွေကို ADSL အင်တာနက် မပေးပါဘူး ဆိုပြီး ပုစွန်ဆိတ် ဦးနှောက်နဲ့ ၀န်ထမ်းတွေ ရှင်းလင်းချက် ပေးတဲ့နေရာ (ရုံးကအထွက် လမ်းထိပ်ရောက်တာနဲ့ မီတာ ၃၀၀ တောင် ကျော်နေ ပြီ၊ ကိုယ်ပြောတဲ့စကား ဘာမှန်းမသိပဲ စွတ်ပြောတဲ့ ၀န်ထမ်းတွေ ရှိတဲ့နေရာ... အဲ့ဒီနေရာ အစုအဝေးကြီးက ဘာလဲဆိုတော့ ကိုယ့်လူတို့ သိရဲ့လား။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရုံးတွေပေါ့ဗျာ။

အင်တာနက်လိုင်းလေး တစ်လိုင်းရအောင် လျှောက်ပြီး အင်တာနက်ဆိုင် ဖွင့်စားတဲ့ လူတွေ၊ ကွန်ပျူတာ သင်တန်းလေး ဖွင့်ပြီး ပင်ပင်ပန်းပန်း ပညာဖြန့်ဝေတဲ့လူတွေ၊ ဒီလိုလူတွေမှာတော့ ပိုက်ဆံကို နဖူးက ချွေးခြေမ ကျအောင် ရုန်းကန်ပြီး နှေးကွေးတဲ့ လိုင်းနဲ့အပြိုင် မိုးရွာသမျှကို ရေခံရတဲ့ဘ၀။ ရွာတဲ့မိုးကလည်း ကျဲကျဲ ပါးပါးပါပဲ။ မစို့မပို့လေးကိုမှ မရရအောင် သည်းခံအောင့်အည်း လုပ်ကိုင်ရင်း အသက်ရှင်နေရတယ်။

မြို့တစ်မြို့မှာ အင်တာနက်ဆိုင်တစ်ဆိုင်၊ ကွန်ပျူတာ ဆားဗစ်သို့မဟုတ် အရောင်းဆိုင်လေး တစ်ဆိုင် ရှိနေရင် အဲ့ဒီမြို့လေး ကံကောင်းခြင်းတွေ စတင်လာတာပဲ။ အင်တာနက်လိုင်း ချိတ်ဆက် အသုံးပြုတဲ့ လူငယ်တွေမှာ ရည်ရွယ်ချက် အမျိုးမျိုး ရှိပါလိမ့်မယ်။ ပညာသင်ဖို့၊ သတင်းတွေဖတ်ဖို့၊ ပြည်ပမှာရှိတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်ဖို့ ဆိုတာမျိုးအပြင် နှာဘူးဇာတ်လမ်းတွေ ကြည့်မယ်ဆိုတာမျိုးလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အင်တာနက်အသုံးပြုတတ်သွားရင် ပြည်ပနိုင်ငံကြီး လူတွေနဲ့ အသိပညာပိုင်းမှာ ပခုံးချင်းယှဉ်နိုင်သွားပြီ။

ကျွန်တော်တို့က ထမင်းစားတယ်။ ပြည်ပရောက် ဆရာသမားတွေက ပေါင်မုန့်စားမယ်။ စားတာချင်းကွာပေမယ့် သတင်း အချက်အလက် စီးဆင်းနားလည်မှုက အတူတူဖြစ်နေတယ်။ သတင်းကို စဉ်းစား နားလည်ပုံ ဝေဖန် ပိုင်းဖြတ်ပုံ တစ်ယောက်တစ်မျိုးစီနဲ့ အင်တာနက်သုံးတတ်ရင် လုံးဝ ခေတ်နောက်မကျဘူး ဆိုပြီး တဲ့တဲ့ ဘွင်းဘွင်းကြီး ပြောလို့ရတယ်။

ဒီဘက်ခေတ်မှာ အစွမ်းထက်တဲ့ သတင်းနည်းပညာ လက်နက်ကို တပ်ဆင်သူတွေ ထိန်းချုပ်သူတွေ ကိုယ်တိုင် သိပ်ပြီး smart ကျမှဖြစ်မယ်။ စနစ်ကျမှ ဖြစ်မယ်။ ပျင်းရင်ခါးဆန့် အတင်းပြော စာရွက်စာတမ်း ကိစ္စကို အချိန်ဆွဲလုပ်၊ ပြဿနာဖြစ်လာရင် တာဝန်မခံပဲ ဟိုဘက်ဒီဘက် ဘော်လီဘော ဆွဲပုတ်၊ ရာထူးတိုး နေရာကောင်းရ၊ အောက်ဆိုဒ်များများရအောင် လူကြီးကို ဖား စတဲ့စရိုက်တွေနဲ့ အလုပ်လုပ်နေတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိပ်ပြီး ဟန်ကျပန်ကျနဲ့ စနစ်ကျ နေတယ်။ သောက်တလွဲ စနစ်ကျမှု မျိုးပဲဗျို့။

ဗိုလ်အောင်ကျော်လမ်းက တိုင်းမန်နေဂျာ ဆက်သွယ်ရေးရုံးကို အင်တာနက်လိုင်း သွားလျှောက်မိပါတယ်။ အထက်ပါ အလုပ်တွေနဲ့ ၀န်ထမ်းတွေ ရှုတ်နေပါရောလား။ ညနေ ၃ နာရီပဲရှိသေး ဆွဲခြင်းတောင်းပြင် အိမ်ပြန်ဖို့ လုပ်နေတဲ့ မမများ အန်တီများနဲ့ ဆုံပါလေရော။ လျှောက်လွှာတင်တာ လက်ခံတာတောင် အင်တင်တင်နဲ့ သူတို့ အလုပ်ချိန်မဟုတ်သလိုလိုနဲ့ ဟိုဘက်စားပွဲကို လွှဲ ဒီဘက်စားပွဲကိုလွှဲ ဆောင့်ကြီးအောင့်ကြီးနဲ့ လက်ခံယူတယ်။

Public service ဆိုတဲ့jပည်သူ့ဝန်ထမ်းပဲ မဟုတ်လားဗျ။ ကျနော်တို့ ရှာကျွေးတဲ့ ပိုက်ဆံတွေထဲက လခရပြီး သူတို့ထမင်းစားရတယ်။ ထမင်းကျွေးသူတွေကို အဆင်ေjပအောင် လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးမျိုး သူတို့ ဆီကနေ ဘယ်သူတွေက မောင်းထုတ်ပစ်လိုက်တာလဲ။ ခေတ်ကြောင့် အခြေအနေကြောင့် ဘာကြောင့် ညာကြောင့်နဲ့ ဆက်ပြီး နားလည်ပေးရဦးမှာလား။ နားလည်မှုတွေနဲ့ အလုပ်ဆက်လုပ်နေကြဦးမှာလား။

ခပ်နှေးနှေး ကမ္ဘာထဲမှာ စိတ်မရှည်မှု ဒေါသထွက်မှု ဆာလောင်မှု ငတ်မွတ်မှုတွေနဲ့ ၂၁ ရာစုကို ကျော်ဖြတ်ရဦးမှာလား။ ကိုင်း ကိုယ့်လူတို့ ... ဤ ကို ကျွဲ လို့ လိမ်ညာပြီး အော်စရာ မလိုပါဘူး။ ကျွဲ ကို ကျွဲလို့ တညီတညွတ်ထဲ ၀ိုင်းအော်ကြရင် ဒီသောက်တလွဲ ဆက်သွယ်ရေး ၀န်ဆောင်မှုပေးတဲ့ ၀န်ထမ်းတွေ ၊ အထက်လူကြီးတွေကို အပါယ်ငရဲ သွားရာလမ်းကနေ နတ်ပြည်ရောက်ကြောင်း နည်းလမ်းကောင်းတွေကို လမ်းညွှန် ပြသနိုင်ကောင်းပါရဲ..။ သူတို့လေးတွေ ငရဲအိုးထဲ ဇောက်ထိုးမဆင်းအောင် ကျွန်ုပ်တို့ ကကြီး ယပင့် ၀ဆွဲ နောက်ပစ် .. ကျွဲ... ဆိုပြီး တစ်ညီတစ်ညွတ်ထဲ သနားညှာတာသော အားဖြင့် ဖေးမ ကူညီပြီး အော်ပေး လိုက်ကြရအောင်။

https://www.facebook.com/soe.htet.3154/posts/162118837266602


NLABR
Web-site: www.nlabr.com

Facebook: Sa Maung
Facebook: Miraculous Master For English Language


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/11/2012 10:45:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ