သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အစိုးရတပ်များ KIO ဋ္ဌာနချုပ်အနီးသို့ ချဉ်းကပ်ရောက်ရှိ

Posted: 13 Nov 2012 01:40 AM PST

ကချင်ပြည်နယ် မိုးကောင်းမြို့ အခြေစိုက် စကခ ၃ လက်အောက်ခံ အစိုးရတပ်များသည်  KIO ဗဟိုဋ္ဌာနချုပ် နယ်မြေအနီး သို့ ယနေ့ ချဉ်းကပ် ရောက်ရှိလာပြီ ဖြစ်ကြောင်း ABSDF ကျောင်းသားတပ်မတော် သတင်းရပ်ကွက် အဆိုအရ သိရသည် ။
Burma_Armyကချင်ပြည်နယ်အတွင်းလှုပ်ရှားနေသော မြန်မာအစိုးရစစ်ကြောင်း
 
ခမရ ၃၈၅ ၊ ၃၈၆ တပ်ရင်းများမှ တပ်အင်အား ၂၀၀ ၀န်းကျင်ခန့် KIO ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးသော မိုးလဲချောင်းအနီးရှိ တိန်လုံရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းအနက် အင်အား ရ၀ ကျော်ခန့်က လိုင်ဇာဘက်သို့ ဆက် လက်ချီတက်လာကြောင်း သိရသည် ။

လိုင်ဇာနှင့် ၅ မိုင်ခန့်သာ ကွာဝေးသော လဂျာယန် အစိုးရတပ်စခန်းသို့ ရိက္ခာပေးပို့ရန် ၄င်းတပ်များ ရောက်ရှိလာသည်ဟု  ကျောင်းသားတပ် စစ်ဘက်သတင်းရပ်ကွက်မှ သုံးသပ်ပြောဆိုပြီး ရှေ့ဆက်တိုးလာပါက နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွား လာနိုင်ကြောင်း ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"သူတို့ လဂျားယန်မှာ တပ်ရင်းတစ်ရင်းထိုင်ထားတာရှိတယ်။ အခုက ရိက္ခာပို့တဲ့အချိန်ပဲ ရိက္ခာလည်းပြတ်နေတယ်လို့ ကြား တယ် ။ ခါတိုင်း ရိက္ခာပို့ရင်လည်း ဒီလိုပဲ အင်အားအလုံးအရင်းနဲ့ပဲလာတယ်။ အဲဒီလဂျားယန်စခန်း အောက်ခြေမှာ ပတ်ပတ် လည်မှာ ဒီဘက်က ဝိုင်းထားတယ်။ သူတို့လည်းထွက်လို့မရဘူး ဆုတ်လည်းမဆုတ်ပေးဘူးပေါ့နော်။ ဒီကြားထဲဝင်လာရင် တော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ် " ဟု ၄င်းတပ်မှူးက ဆိုသည် ။

ယခင်ကလည်း အစိုးရတပ်များ လဂျာယန်စခန်းသို့ ၀င်ရောက်လာချိန်တွင် တုံဖုန်းယန် အစိုးရတပ်မှ ၁၀၅ မမ အမြောက် ကြီး များဖြင့် KIA နှင့် ABSDF တပ် စခန်းရှိရာသို့ စတင်ပစ်ခတ်လေ့ရှိပြီး နှစ်ဘက်တိုက်ပွဲများလည်း ဖြစ်ပွားတတ်ကြောင်း သိရသည် ။

လွန်ခဲ့သည့်လကုန်ပိုင်းက တရုတ်နိုင်ငံ ရွေလီမြို့၌ KIOနှင့် အစိုးရကိုယ်စားလှယ်များ နှစ်ဘက်တွေ့ဆုံခဲ့ရာ ၄င်းတွေ့ဆုံ ပွဲ နောက်ပိုင်း နှစ်ဘက်စစ်ဆင်ရေး ပြုလုပ်မှုများ ရပ်နားထားသဖြင့် လိုင်ဇာနယ်မြေအတွင်း၌ တိုက်ပွဲဖြစ်ပွားမှု မရှိသ လောက် ကျဲပါးသွားကြောင်း ၄င်း စစ်ဘက်အသိုင်းအဝိုင်းက ဆက်ပြောသည် ။

သျှမ်းပြည်တိုးတက်ရေးပါတီအား မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်နေဆဲ

Posted: 13 Nov 2012 01:39 AM PST

သျှမ်းပြည်တိုးတက်ရေးပါတီအား ယခုလဆန်းပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းသုံး၍ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပစ်ရပ်ရေးဆွေးနွေးပြီးနောက် တိုက်ပွဲအကြိမ်ရေ ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း SSPP/SSA သတင်းရပ်ကွက် ကပြောသည်။
Sao_Sai_htooသျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး
 
" အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွါးပြီးပြီ။ ဒါကျနော်တို့ရဲ့ တပ်စခန်းတခုကို မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဘဲ။ အဲဒီဒေသထဲက ရှိရင်းစွဲတပ်ရင်း ၄ ရင်းအပြင် ပြည်မက တပ်ရင်း ၂ ရင်းကိုပါ ထပ်ခေါ်ပြီးတိုက်ခိုက်နေတာလေ။ ကျနော်တို့ SSPP/SSA ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ အေးအေးဆေးဆေး ဆွေးနွေးတဲ့မူဝါဒကိုကျင့်သုံးပါတယ်။ စတင်တိုက်ခိုက်တာလုံးဝ မရှိပါဘူး။ ကျနော် လုံးဝ အာမခံ ပြောနိုင်ပါတယ်" ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါ သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၆၁၂ စခန်းရှိရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၌ မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုရှိကြောင်း ပြောပါ သည်။

" ၃၁ ရက်မှာတကြိမ်၊ ၂ ရက်မှာတကြိမ်၊ ၄ ရက်မှာတကြိမ်၊ ၉ ရက်နေ့မှာတကြိမ်။ သေကြေကျဆုံးတာကတော့ ဗမာ့ တပ် မတော် ဘက်ကပေါ့ဗျာ။ ဗိုလ်မှူးတယောက်အပါအဝင် စုစုပေါင်း ၇ ယောက်ကျတယ်။ သျှမ်းပြည် တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုအနည်းအကျဉ်းရှိတယ်။ ကျဆုံးတာတော့မရှိဘူး။ ကျနော်တို့က ခံစစ်လေ။ ကျနော်တို့ရဲ့နယ်မြေဘဲလေ " ဟု ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။

SSPP/SSA ၏မိုင်းငေါ့မြို့နယ်ခွဲရှိ တပ်မဟာ ၆၁၂ တပ်စခန်းအား ယခု တိုက်ခိုက်နေသည့် အစိုးရတပ်မတော် တပ်ရင်း ၅ ရင်းရှိရာ ကျောက်မဲအခြေစိုက် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခလရ ၂၃ အပြင် အောင်လံမှ ခလရ ၇၁၊ မန္တလေးမှ ခလရ ၉၅ တို့ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

ဗိုလ်မှူးကြီးစိုင်းထူးက - "ကျနော်တို့ဟာ သူတို့ပြောသလို သောင်းကျန်းသူ - မဟုတ်ပါဘူး။ ကျနော်တို့က အစိုးရတပ်ကို အရင်  စ ပစ် တာမရှိဘူး။ ကျနော်တို့ တိုက်ခိုက်မှုဆိုတာကိုအထူးရှောင်ကြဉ်ပါတယ်။ ဗမာတပ်မတော်က စပစ်လာရင်တော့ ခုခံရပါတယ်" ဟု ဖြေရှင်းပြောဆိုသွားပါသည်။

အောက်တိုဘာလလယ်ကလည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်သား ၄၀ ကျော်အား သောင်းကျန်းသူများဟုဆိုကာ  မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးခဲ့သေးသည်။ SSPP/SSA နှင့်မြန်မာအစိုးရ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း တနှစ်တာကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း  ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။

ဆွမ်းခံသံဃာတော် ၇ ပါးအား ရဲစခန်းပိုင်သုံးဘီးယာဉ်ဝင်တိုက် - အရေးယူမှုမရှိ

Posted: 13 Nov 2012 01:37 AM PST

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလဆန်းပိုင်းက ဆွမ်းခံသံဃာတော်များအား သုံးဘီးယာဉ် ဝင်တိုက်မှု ဖြစ်ပွါးခဲ့ရာ သံဃာတော် ၇ ပါး ဒဏ်ရာရပြီး ဆေးရုံတင်ထားရသော်လည်း ယာဉ်မောင်းအား  အာဏာပိုင်မှ တစုံတရာအရေးယူမှု မရှိသေးကြောင်း မြို့ခံများကပြောပါသည်။ 
Lashio_police_stationလားရှိုးမြို့အမှတ် ၂ ရဲစခန်း (ဓါတ်ပုံ- အင်တာနက်)
 
"ဒီလ ၅ ရက် မနက် ၈ နာရီကပေါ့။ မြို့လယ်ကန်မိန်းကျောင်းတိုက်က သံဃာတော်တွေ ဆွမ်းခံကြွပြီး အပြန် ရပ်ကွက် ၁၂ က အောင်ညီညီထွန်းဆိုတဲ့သူက သုံးဘီးကားနဲ့ ဆွမ်းခံသံဃာတန်းကို ဝင်တိုက်တာ။ သံဃာ ၇ ပါး ဆေးရုံတင်ရတယ်။ ၃ ပါး က ဒဏ်ရာပြင်းထန်တယ်။ သံဃာတော်တွေ ဒီနေ့ထိ ဆေးရုံက မဆင်းရသေးဘူး။  ယာဉ်မောင်းကိုလည်း ဒီနေ့အထိ အရေး မယူသေးဘူး " - ဟု လားရှိုးမြို့ခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ဆွမ်းခံကြွ၍အပြီး ကျောင်းသို့ပြန်ချိန် ဆွမ်းခံ သံဃာတော် ၁၅ ပါးအား အမှတ် ၂ ရဲစခန်းပိုင်သုံးဘီးယာဉ်အမှတ် ဟ/ ၇၂၅၂ ကဝင် တိုက်ရာ ၇ ပါးမှာ ယနေ့တိုင်ဆေးရုံ၌ ဆေးကုသမှုခံနေရကြောင်း၊ အခင်းဖြစ်ပွါးရာနေရာမှာ လားရှိုးအထက ၃ ကျောင်းရှေ့၌ဖြစ်ကြောင်း၊ ယာဉ်မောင်း အောင်ညီညီထွန်း အသက် ၁၉ နှစ် မှာ ရပ်ကွက် ၁၂ နေ ရဲဘော်ဟောင်း ဦးစိန်လွင်ဆိုသူ ဗမာအမျိုးသား၏သားဖြစ်ကြောင်း၊ အဆိုပါယာဉ်မောင်းအား ယနေ့တိုင် အရေးယူခြင်း မရှိကြောင်း ကန်မိန်းကျောင်းတိုက်၏ ဒါယိကာတဦးကပြောသည်။

"ရဲစခန်းပိုင် သုံးဘီးယဉ်လေ။ မောင်းတဲ့ကောင်က မနက်စောစောစီးစီး အရက်က မူးနေပြီ။ လူကိုတိုက်လို့ လျော် ကြေးမပေးရင်တောင်မှ ဘာမှမပြောဘူး။ သံဃာတော်ကိုတိုက်မိပြီးတော့ လျော်ကြေး မပြောနဲ့ ဆေးကုသခလေး တောင် မကူညီဘူးဗျာ။ တိုက်မိ ပြီးတာနဲ့ မောင်းပြေးတာ။ အဲဒီနားကလူတွေက သူ့ကိုလိုက်ဖမ်းမှ ရဲစခန်းအသိုင်း အဝိုင်းကမှန်းသိတာ။  သက်သေရှိတာ တောင်မှ   အာဏာပိုင်တွေက ဒီပြဿနာကို မဖြေရှင်းပေးဘူး။ သံဃာ တော်ဆိုတာ ဘုရားရဲ့သားတော်တွေဘဲ။  ဒါ ဗုဒ္ဓဘာသာကို မလေးစားတာဘဲ။ တဖက်ကလည်း ဒါလူမျိုးရေး ပြဿနာ ဖြစ်စေတဲ့မီးစတခုဖြစ်လာနိုင်တယ်။" ဟု အဆိုပါ ဒါယိကာကပြောပါသည်။

မြန်မာနိုင်ငံအစိုးရ  ဒုတိယသမ္မတနေထိုင်သောမြို့၌ ယခုကဲ့သို့ ဖြစ်ပွါးသော ပြဿနာကို အာဏာပိုင်များ လျစ် လျူရှုသည်မှာ မဖြစ်သင့်ကြောင်း၊ ဗုဒ္ဓဘာသာ သံဃာတော်များအပေါ် အလေးမထားသည့် အဆိုပါယာဉ်မောင်း မိသားစုအပေါ်လည်း မြို့ခံများက မကျေမနပ်ဖြစ်နေကြကြောင်း လားရှိုးမြို့ခံနန်းနု ကပြောပါသည်။
  

ကျားဖြူပါတီမှ နယ်မြေခံတပ်အပေါ်သတင်းချဲ့ကားစွပ်စွဲမှုအပေါ် ဒေသခံပြည်သူလူထုမှ မကျေနပ်

Posted: 13 Nov 2012 01:36 AM PST

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ သီတင်းကျွတ်မီးထွန်းပွဲတော်၌ ဒေသခံပြည်သူများနှင့် နယ်မြေ ခံတပ်မှ အရာရှိ/စစ်သည်များ ပျော်ရွှ့င်စွာ ပါဝင်ဆင်နွှဲကြရာမှ နယ်မြေခံတပ်မှ အရာရှိတစ်ဦးပစ်လွှတ်သော မီးရှူးမီးပန်း သည် ဇာတ်ရုံစင်မြင့် နဖူးစည်းစာတမ်းအား မတော်တဆထိမှန်ပေါက်ပြဲသွားသည့် ဖြစ်စဉ်အား ကျားဖြူပါတီမှ သျှမ်းသံ တော် ဆင့်သတင်းဌာနတွင် ချဲ့ကားသတင်းလွှင့်ခဲ့သဖြင့် မြို့မိမြို့ဖများမှ နယ်မြေခံတပ်စခန်းအပေါ် အားနမျက်နှာပူရကြောင်း ပြောပါသည်။

"မီးထွန်းပွဲတော်မှ မီးရှူးမီးပန်းပစ်တာက ဒီဒေသမှာ ထုံးစံပါပဲ၊ လူငယ်တွေ ကလေးတွေအားလုံးပစ်ကြတာ၊ ဒီဗိုလ်ကြီး ကလည်း မီးရှူးမီးပန်းကို အပျော်ဖောက်တာပါ။ အရက်မူးပြီးဖြစ်တာလည်း မဟုတ်ပါဘူး။ မထင်မှတ်ပဲ မီးရှူးက ဇာတ် စင်နဖူးစည်းကို သွားမှန်လို့ပေါက်ပြဲသွားရုံပါ ကြီးကြီးမားမားပျက်စီးတာလည်းမဟုတ်၊ ပွဲကို အနှောက်အယှက် လဲမဖြစ်ပါဘူး။ တစ်ချို့သူတွေက သတိတောင်မထားခဲ့မိကြဘူး၊ လူအများနဲကဆင်နွဲတဲ့ပွဲတော်မှာ မတော်တဆဖြစ် တယ်ဆိုတာ အမြဲတမ်းအနည်းနဲ့အများတော့ ဖြစ်တတ်ကြပါတယ်။" လို့ ပုံပါကျင်ဒေသခံတစ်ဦးမှ ပြောပြပါသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာယကံရှင် ဗိုလ်ကြီးမှ မြို့မိမြို့ဖများအား လာရောက်တောင်းပန်ပြီး နဖူးစည်းစာတမ်းအား အသစ်လဲလှယ်ပေးခဲ့ကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ ပြသနာတစ်စုံတစ်ရာ မရှိဘဲ အားလုံးမှလည်း နားလည်ကျေနပ်ပြီး ဖြစ်ကြောင်း၊ မီးထွန်းပွဲတော်ကိုလည်း အနှောင့်အယှက်မရှိ ဆက်လက်ကျင်းပနိုင်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြ ပါသည်။

 "ဒီနယ်မြေခံဗျူဟာစခန်းက မြို့မှာလိုအပ်တဲ့ သာရေးနာရေးတွေဆို အမြဲတမ်းကူညီနေကြ အခုလက်ရှိဆိုရင်လည်း မြို့အ.ထ.ကကျောင်းမှာ ကလေးတွေအတွက် အိမ်သာမရှိတာကို အုပ်နဲ့ယင်လုံအိမ်သာ(၅) လုံးဆောက်ပေးနေတယ်။ လိုအပ်တာမှန်သမျှ ဒီဗျူဟာစခန်းက ဗျူဟာမှူးနဲ့တပည့်တွေကလည်း ကူညီပေးနေတာပါ၊ ရဲဘော်တွေဆိုရင် ကိုယ်တိုင်အိမ်သာကျင်းတူးပြီး လုပ်အားပေးကြတယ်။ မယကရုံးနားက ဓမ္မာရုံဆိုရင်လည်း ပျက်စီးနေတာကို တပ်ကဘဲပြင်ပေးနေတာ အဲ့လိုလုပ်ပေးနေတာကိုတော့ သူတို့(ကျားဖြူပါတီ)က ဘာမှဝိုင်းဝန်းဆောင်ရွက်ပေးတာမရှိဘဲ အခုဘာမဟုတ်တဲ့ ကိစ္စလေးကို ချဲ့ကားသတင်း လွှင့်ခဲ့တဲ့အတွက် နယ်မြေခံဗျူဟာမှူးနဲ့ အရာရှိစစ်သည်တွေကို သူတို့ကိုယ်စား ကျွန်တော်တို့ မြို့မိမြို့ဖတွေက မျက်နှာပူရပါတယ်။ ဒီကိစ္စကို အားလုံးစုပြီး ပြန်တောင်းပန်ဖို့ အစီအစဉ်ရှိပါတယ်"လို့ မြို့မိမြို့ဖတစ်ဦးမှ ပြောပြပါသည်။

[aurorageneration] Please forward.


--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
 
 

[aurorageneration] Please forward.


--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
 
 

[mrsorcerer:35883] Call နဲ့ ပတ်သက်သော အီဒီယမ် အသုံးများ

Call နဲ့ ပတ်သက်သော အီဒီယမ် အသုံးများ ( ကလစ် )

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35882] Fwd: [လူဗိုလ်ဟူသည် ...] တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/13
Subject: [လူဗိုလ်ဟူသည် ...] တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်
To: lubo601@gmail.com



by Myanmar Online News on Monday, November 12, 2012 at 8:20pm ·


မြန်မာနိုင်ငံအတွင်းရှိ လူကုန်ကူးမှုဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅)ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီးများပင်ဖြစ်၍ (၈၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။


ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။         

ရွှေပြည်သာမြို့နယ်အတွင်းပိုင်းကျသည့် ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ပြီး တရုတ်ပြည်သို့  လူကုန် ကူးခံရကာ  (၂)လ၀န်းကျင်ကြာမြင့်ပြီးမှ  ပြန်လည်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ကိုယ်တိုင် လူကုန်ကူးခံရသည့် အဖြစ်အပျက်မှ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသုတစ်ဦး၏  ပြောပြချက်များအား သိရှိနိုင် ရန် ဖော်ပြအပ်ပါသည်။

မို့မို့
အသက် (၃၂)နှစ်

ယောင်္ကျားအလုပ်က အိမ်တွေကို ဆေးလိုက်သုတ်ရတာဆိုတော့ မိုးတွင်းဆိုရင် အလုပ်ကမရှိဘူး။ အဲ့ဒါနဲ့ မစိုးဆိုတဲ့ အစ်မဆီက ပိုက်ဆံတွေ ခဏခဏ ယူချေးမိတယ်။ ကြာတော့ ပိုက်ဆံအကြွေး (၃)သောင်း လောက်ရှိသွားတယ်။ ကိုယ်က ပြန်လည်း မဆပ်နိုင်ဘူး။ သူက တရုတ်ပြည်မှာ အိမ်ဖော် လုပ်မလားတဲ့။  တရပ်ကွက်သားချင်းဆိုတော့ သူ့ကိုလည်း ယုံတယ်လေ။

ဒီလိုနဲ့ ၈လပိုင်း (၂၂)ရက်နေ့က မစိုးနဲ့ လားရှိုးကို လိုက်သွားတယ်။ ဘာမှမပူနဲ့။ စားပြီးသောက်ပြီး (၂)သိန်းရမယ်ဆိုလို့ မစိုးပြောတဲ့စကားကို ယုံပြီး  ယောင်္ကျားသဘောမတူတဲ့ကြားကနေ လိုက်သွား ခဲ့တယ်။ ရန်ကုန်ကနေ လာရှိုးကို ကျွန်မ ခရီးဆက်ခဲ့တယ်။

သားအိမ်အစစ်ခံရတယ်-

ကျွန်မတို့ လားရှိုးကနေ မင်းတိန် ရောက်တော့ ပွဲစားမိန်းမတွေ (၆)ယောက်လောက်ကို တွေ့ရတယ်။ သူတို့က ကျွန်မ အိမ်သာသွား ရင်အိမ်သာ၊ ထမင်းစားရင်လည်း အမြဲစောင့်ကြည့်နေတယ်။ ပြီးတော့ သူတို့ က အဲ့ဒီမှာ ကျွန်မကို ကလေးမွေးနိုင်၊ မမွေးနိုင် ဗိုက်ကိုစစ်တယ်။ သားအိမ်ကိုစစ်တယ်။ တစ်ကိုယ်လုံးကို စက်တွေနဲ့ စစ်ဆေးတယ်။ ကျွန်မကို ဓါတ်ပုံရိုက်ယူတယ်။ ကျွန်မစိတ်ထဲမှာ ထင်နေပြီ… သူတို့တွေ က လူကုန်သည်ပွဲစားတွေလားလို့ စိတ်ထဲမှာ သံသယရှိနေပြီ။ နောက်တော့ ကျွန်မ သိလိုက်တယ် သူတို့တွေက လူပွဲစားတွေဆိုတာ။

တရုတ်ငွေ(၄)သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်တယ်

ကျွန်မကို ဖုန်းတွေနဲ့လည်း အရောင်းအဝယ်လုပ်နေတာ ကြားတယ်။ အဲ့တာနဲ့ ကျွန်မ ထွက်ပြေးဖို့ လုပ်တယ်။ ဘယ်ထွက်ပြေးလို့ရမလဲ.. သူတို့မိသွားတယ်။ ကျွန်မကို သူတို့တွေက ရိုက်နှက်တာ တွေလုပ်တယ်။

နောက်တော့ ပွဲစားမိန်းမတွေက ကျွန်မလက်ထဲကို တရုတ်ဖုန်းတစ်လုံး လာထည့်ပေးတယ်။ သူတို့နဲ့ ဆက်သွယ်လို့ရအောင်တဲ့။ အဲ့ဒီအချိန်မှာ ကျွန်မသိလိုက်တယ်။ ကျွန်မရောင်းစားခံရပြီ။ ကျွန်မသူတို့ တရုတ်ငွေ(၄)သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်သွားတယ်။ ကျွန်မ အရမ်းခံစားရတယ်။  ကျွန်မဘာမှ မစားနိုင်တော့ဘူး။ ငါတော့ သေရတော့မှာပဲဆိုပြီး ငိုပဲငိုနေခဲ့တယ်။ ကျွန်မကိုဝယ်တဲ့ တရုတ်ကြီးက အသက်က (၃၇)နှစ်လောက်ရှိပြီ။ သူ့အိမ်ကိုရောက်သွားတော့ သူ့အမေရယ်၊ သူ့ညီရယ်ရှိတာတွေ့ရ တယ်။

စောင့်ရှောက်ရေးဂေဟာမှာ သောင်တင်နေတယ်

သူ့ဆီရောက်လို့ (၄)ရက်မြောက်နေ့မှာ သူက ကျွန်မကို လက်ဟန်ခြေဟန်နဲ့ အပြင်သွားဖို့ခေါ်တယ်။ ဒီလိုနဲ့ မြို့ထဲရောက်တော့ သူက ယောင်္ကျားလေးအိမ်သာထဲကို ၀င်သွားတယ်။ ကျွန်မလည်း ထွက်ပြေးဖို့ စိတ်ကူးရသွားတယ်။ နီးစပ်ရာ သတင်းစာရောင်းနေတဲ့ တရုတ်ကြီးတစ်ယောက်ကို ကျွန်မ ခြေဟန်လက်ဟန်နဲ့ ငိုပြီးပြောပြတယ်။ အဲ့ဒါနဲ့သူက တရုတ်ရဲကို ဖုန်းဆက်ပေးတယ်။ တရုတ်ရဲ ရောက်လာတယ်။ ကျွန်မကို စခန်းကို ခေါ်သွားတယ်။ ကျွန်မကိုမေးတဲ့အခါမှာ ကျွန်မကို ၀ယ်တဲ့ တရုတ်ကြီးကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားတာရှိတယ်လေ။ အဲ့ဒါကို ပြလိုက်တယ်။ သူတို့က အဲ့ပုံကို ဖျက်ပစ်တယ်။  ကျွန်မကို ပွဲစားမိန်းမတွေဆီကို ဖုန်းခေါ်ခိုင်းတယ်။ ပွဲစားတွေက ဖုန်းကို ချချပစ်တယ်။ လုံးဝမကိုင်ဘူး။ အဲ့ဒါနဲ့ တရုတ်ရဲတွေက မူဆယ်နယ်စပ်ဂေဟာကို လိုက်ပို့ပေးတယ်။

အဲ့ဒီမှာ (၁၅- ၁၆)အရွယ် ကောင်မလေးတွေ အများကြီးပဲတွေ့ရတယ်။ တချို့ဆို ကိုယ့်ကိုကိုယ် တောင်မမှတ်မိချင်ဘူး။ ဦးနှောက်ပျက်နေတဲ့သူတွေ၊ ကိုယ့်အိမ်လိပ်စာတောင်  ကိုယ်မမှတ် မိကြလို့ အမျိုးသမီးများထိန်းသိမ်းစောင့်ရှောင်ရေး   ဂေဟာမှာ သောင်တင်နေတဲ့
လူတွေလည်း အများကြီးပဲ။

အဲ့ဒီမှာတွေ့ရတဲ့ မိန်းကလေးတွေအများစုက အရမ်းဆင်းရဲပြီး စားဝတ်နေရေး မပြေလည်လို့ လူကုန် ကူးခံရတဲ့ သူတွေကြီးပဲ။

(၂)လတာ ငရဲခန်း

"ရည်ရွယ်တာက ဘုံနန်း၊ ခံစားရတာ ငရဲခန်း  " ဆိုတဲ့ ဂေဟာမှာတွေ့တဲ့ဆောင်ပုဒ်လေး တိုင်းပါပဲ။ ဒါ့ကြောင့် ကျွန်မကိုယ့်နိုင်ငံမှာ လက်လုပ်လက်စားပဲလုပ်ရလုပ်ရ ရှာဖွေစားတော့မယ်။ လူကုန်ကူးတဲ့ ပွဲစားတွေကိုလည်း များများဖမ်းစေချင်တယ်။ အမျိုးကောင်းသမီးလေးတွေကို မပျက်စီးစေချင်ဘူး။ ကိုယ့်နိုင်ငံမှာ ရှိတဲ့အလုပ်တွေကိုပဲ ရှာဖွေစားသောက်ကြပါ။ သူများနိုင်ငံဆိုတာက မလုံခြုံပါဘူး။ အထင်မကြီးစေချင်ဘူး။ ကျွန်မလည်း ကျွန်မကို လူကုန်ကူးခဲ့တဲ့ ပွဲစားတွေကိုလည်း တိုင်ချက်ဖွင့် ထားတယ်။ ၂၂ရက်နေ့ ၈လပိုင်းက လိုက်သွားခဲ့တာ။ အခု ၂၁ရက်နေ့ ၁၀လပိုင်းမှာ ပြန်ရောက် လာတာပါ။ ၂လနီးပါးကြာ ခဲ့ပါတယ်။

မြန်မာပြည်မှာပဲ အလုပ်လုပ်တော့မယ်

 အခု ကျွန်မစိတ်ကူးထားတာက ၁ ပတ်လောက်နားပြီးရင် ယောင်္ကျားနဲ့ အလုပ်လုပ်မယ်လို့ စိတ်ကူး ထားပါတယ်။   

လူကုန်ကူးခံရမှုမှာ လက်ရှိအချိန်တွင် မြို့ပေါ်မှ မိန်းကလေး မျာသာမက ယောင်္ကျားလေးများပါ လူကုန်ကူးခံနေရကြောင်း လူကုန်ကူးမှုကာကွယ်တာဆီးရေးအဖွဲ့များထံက  သိရသည်။

 " အရင်တုန်းကဆို အသိပညာနည်းပါးတဲ့ တောရွာတွေက လူတွေပဲလူကုန်ကူးခံရပေမယ့် အခုဆိုမြို့တွေက လူတွေပါ လူကုန်ကူးခံနေရတယ်။ မိန်းကလေးတွေ အများစု လူကုန်ကူးခံရတာကို လူတွေသိပေမယ့် နယ်စပ်ဘက်တွေကနေတဆင့်သွားတဲ့   ယောင်္ကျားလေးတွေလည်း လူကုန်ကုးခံ နေကြရတာတွေ အများကြီးရှိပါတယ် "  Youth Legal Clinic အဖွဲ့မှ ဒေါ်လှလှရီက ပြောသည်။      

မြန်မာနိုင်ငံမှနေ၍ အခြားနိုင်ငံများသို့ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုဗဟိုမှ စာရင်းများအရ သိရသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရမှ ချမှတ်ထားသော one Child ပေါ်လစီ ကြောင့် အိမ်ထောင်သည်အများစု ကလေးယူရာတွင်   ယောင်္ကျားလေးသာ အယူများနေပြီး တရုတ် ပြည်တွင် သတို့သမီး သန်း(၂၀၀) ၀န်းကျင်လိုအပ်လျက် ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးကို ထိရောက်စွာအရေးယူမှုမပြုလုပ်သည့် အတွက် မြန်မာနိုင်ငံသူနိုင်ငံ သားတို့၏ လုံခြုံရေးကို မိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဆိုထား သည်။      

ယမင်း(မြစ်မခ)
Myit Makha Mediagroup


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/14/2012 12:41:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35880] Fwd: [လူဗိုလ်ဟူသည် ...] ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်တော့ ပြင်မှာလဲ၊ ဘယ်လို ပြင်မှာလဲ (ပြည်သူ့ခေတ် ခေါင်းကြီး)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/13
Subject: [လူဗိုလ်ဟူသည် ...] ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်တော့ ပြင်မှာလဲ၊ ဘယ်လို ပြင်မှာလဲ (ပြည်သူ့ခေတ် ခေါင်းကြီး)
To: lubo601@gmail.com



by ပြည်သူ့ခေတ် on Tuesday, November 13, 2012 at 1:26am ·


ယနေ့ မြန်မာနိုင်ငံ၏  ပြုပြင်ပြောင်းလဲရေး မူဝါဒသစ်နှင့် အစိုးရသစ်အတွက် အလုပ်လမ်း ညွှန်ချက်အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ၃၀ မတ် ၂၀၁၁ မိန့်ခွန်းကို ကိုးကား ပြောဆို ရပါမည်။ ထိုမိန့်ခွန်းက လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲအတွက် အဖွင့်မိန့်ခွန်း ဖြစ်ခဲ့ပါ သည်။ ထိုမိန့်ခွန်းနှင့်အတူ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။ အစိုးရသစ်ကို ဖွဲ့စည်းလိုက်သည်။
ထို့နောက်၊ မအေးချမ်း မသာယာမှု များ၊ မဖွံ့ဖြိုးမှုများကို အဆုံးသတ်ပြီး၊ တိုင်းပြည် ပြန်လည် ပြုပြင်ရန်၊ ပြန်လည် ထူထောင်ရန်၊ ဒီမိုကရေစီ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှု အထွေထွေ ပြုပြင်ပြောင်းလဲရေး၊ အစိုးရတာဝန်များကို အောင်မြင်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး အစရှိသော ရည်မှန်းချက်များကို မိန့်ခွန်းအဖြစ် ပြောဆို တင်ပြလိုက်တာ ဖြစ်သည်။  ပြည်သူလူထုအတွက် ကတိက၀တ်များ၊ အစိုးရအဖွဲ့ဝင်  များအတွက် လုပ်ငန်းစဉ်များ၊ အလုပ်လမ်းဩန်ချက်များကို အားတက်သရော ပြောဆိုလိုက် သော မိန့်ခွန်းလည်းဖြစ်ပါသည်။ မိန့်ခွန်းအပြီးမှာ ပြည်သူလူထုအတွက်လည်း မျှော်လင့်စရာ များ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါသည်။
          အဆိုပါ မိန့်ခွန်းမှာအစိုးရအတွက် အလွန် အဓိကကျသည့် အလုပ်လမ်းဩန်ချက် များထဲက တစ်ခုမှာ ပြည်သူ့ဆန္ဒ သဘောထားများကို အလေးထားရေး၊ ပြည်သူ့သဘောထား များ၊ တုံ့ပြန်မှုများကို အလေးထားရေး စသည်တို့ပဲ ဖြစ်ပါသည်။ ပြည်သူ့ သဘောထားများ၊ ပြည်သူ့ဆန္ဒများထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လို ပြင်ကြမလဲဆိုတာ ပါသည်ဟု ထင်ပါသည်။ အထက်မှာ ပြောခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းထဲမှာပင် အခြေခံဥပဒေနှင့် ပတ်သက်ပြီး လက်မခံသူများ ရှိနေတာကို အသိအမှတ်ပြုကြောင်း၊ အခြေခံဥပဒေကို လက်မခံ သူများနှင့် တိုင်းပြည်အကျိုးငှာ လက်တွဲ အလုပ်လုပ်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။
          တိုင်းပြည်၏ အရေးပါသော နိုင်ငံရေးအင်အားစုများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကိစ္စကို ပြောဆိုနေကြချိန်မှာ အာဏာရပါတီနှင့် အစိုးရတို့က ဒါကို အလေးအနက် ထားပြီး ထည့်သွင်းစဉ်းစားရန် အချိန်ရောက်နေပြီဟု ထင်ပါသည်။ ယနေ့ လွှတ်တော်များ အတွင်း ရောက်ရှိနေကြသော  လွှတ်တော် ကိုယ်စားလှယ်အားလုံးမှာ ပြည်သူ့ကိုယ်စားလှယ် များချည်း မဟုတ်ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါသည်။ သည်တော့ ပြည်သူ့ဆန္ဒနှင့် ပြည်သူ့သဘောထားကို ပြောလျှင် လွှတ်တော်များ၏ အသံတစ်ခုတည်းဖြင့် ပြောဆိုလို့ မရနိုင် သေးပါ။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို အလေးထားရေးဆိုသည့် သမ္မတ၏ လမ်းဩန်ချက်အရဆိုလျှင် ပြည်သူ့သဘောထားကို အများကြီး ဆန်းစစ်သင့်နေပြီ ဖြစ်ပါသည်။
          သမ္မတ ဦးသိန်းစိန်၏ သဘောထားမှာ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒပေါ်မှာ မူတည်နေသည်ဟု ဖြစ်ပါသည်။ လက်တွေ့တွင်မူ အမျိုးသားရေး အခန်းကဏ္ဍမှာ အလွန် အရေးပါသည့်နေရာမှာ ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် အခြားသော ဒီမိုကရေစီ အင်အားစုများ၊ အထူးသဖြင့် တိုင်းရင်းသား အဖွဲ့အစည်း များ၏ ဆန္ဒသဘောထားတို့ကို အလေးအနက်ထား စဉ်းစားရန် လိုပါလိမ့်မည်။ ယေဘုယျ အားဖြင့် သို့မဟုတ် လက်ရှိ ဥပဒေကြောင်းအားဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် ၍ အထူးသဖြင့် တိုင်းရင်းသား အင်အားစုများက အစဉ်တစိုက် ဝေဖန်နေခဲ့သော ပြည်ထောင်စု မူ၊ ဖယ်ဒရယ်မူ ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟူသော အခြေခံအချက်ပေါ်တွင် အများကြီး တည်နေတာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့မှာ အခြေခံဥပဒေ ပြင်ဆင်ရေးဟူသော အချက်က အဓိက နေရာမှာ တည်ရှိနေ သည်ဟု ယူဆပါသည်။
          ပြည်ထောင်စုမူနှင့် ပတ်သက်လျှင် တိုင်းရင်းသား အင်အားစုများတွင် ခိုင်မာသော စည်းလုံးညီညွတ်သော ရပ်တည်ချက်များပေါ်တွင် ရှိနေကြသည်ဟု ထင်ပါသည်။ တိုင်းရင်း သား မျိုးနွယ်စုများကြားမှာ ပြဿနာမျိုးစုံ၊ အယူအဆမျိုးစုံ၊ ခံယူချက်မျိုးစုံ၊ ကွဲလွဲမှုမျိုးစုံ ရှိနေကြသော်လည်း ပြည်ထောင်စုမူနှင့် ပတ်သက်လျှင် တူညီသော သဘောထားများ ကိုသာ ဖော်ပြခဲ့ကြတာကို မျက်နှာလွှဲထား၍ မဖြစ်နိုင်တော့ပြီ ဖြစ်ပါသည်။ ပြည်ထောင်စုသားများ အနေဖြင့် ပြည်ထောင်စုမူ အပေါ်မှာ ဆွေးနွေးကြရတာများ အများကြီး ရှိပါလိမ့်ဦးမည်။ သို့ရာတွင် ပြည်ထောင်စုသားများ၏ တန်းတူညီမျှရေး တောင်းဆိုမှုအပေါ်မှာမူ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိနေကြမှာ ဖြစ်ပါသည်။ ဒါကို အလေးအနက်ထား စဉ်းစားလျှင် အနိမ့်ဆုံးအားဖြင့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အကြောင်းအချက်များ ရှိနေသည် ဆိုသည့်အချက်ကိုမူအရ အားလုံး သဘောတူကြဖို့ လိုပါသည်။
          ဒါသည်လည်း နိုင်ငံတော်သမ္မတ၏ ဒီမိုကရေစီရေးရာ အပြောင်းအလဲအတွက် အခြေခံ သဘောထားတစ်ခုအဖြစ် တည်ရှိနေသင့်ပြီဟု ထင်ပါသည်။ အလွန်ခိုင်မာသည့် အမျိုးသား ညီညွတ်ရေးကို တည်ဆောက်နိုင်ရန် အလို့ငှာ အခြေခံ ဥပဒေ၏ အခြေခံမူများမှ စတင် ပြောင်းလဲရန် ပြည်ထောင်စုသား အားလုံး အဆင်သင့်ဖြစ်နေပြီ ဟူသော ဖော်ထုတ်ချက်တစ်ခု လိုအပ်နေပြီဟု ယူဆပါသည်။
          ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု သားများ၏ ဆန္ဒသဘောထားများ ပေါ်မှာ အခြေပြုရပါလိမ့်မည်။ ပြည်ထောင်စုသားများအကြား ဒီမိုကရေစီ ဘောင်အတွင်းမှာ အားလုံးတန်းတူညီမျှ ရှိနေပါသည်ဟူသော အချက်ကို ယုံကြည်နေကြဖို့ လိုပါသည်။ ဒီလို ယုံကြည်ထားကြမည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကို ယေဘုယျ သုံးသပ်ချက်မျိုး မဟုတ်ဘဲ ပြင်ဆင်ရေးမူ၊ ပြင်ဆင်ရေး နည်းလမ်းများ အားလုံးကို စဉ်းစားသင့်ကြပါမည်။
          ဒါဟာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒပေါ်မှာ မူတည်နေသည်ဆိုတာ ဥပဒေ ကြောင်းအရ ဟုတ်မှန်သယောင် ရှိသော်လည်း လက်တွေ့ အမျိုးသားညီညွတ်ရေး ခိုင်မာ အောင် တည်ဆောက်နေကြချိန်မှာ ဥပဒေကြောင်း တစ်ခုတည်းဖြင့် စဉ်းစားဖို့ မလုံလောက် နိုင်ပါ။
          ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လိုအပ်ချက်များကို ပြင်ဆင်နိုင်ရေး ဆိုသည်မှာ ထိပ်တန်း နိုင်ငံရေးပြဿနာတစ်ခု ဖြစ်သည်ဟု မြင်ကြဖို့လိုသလို၊ အထက်မှာ ဆိုခဲ့သည့်အတိုင်း လက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရန်ကို အားလုံးမူအရ သဘောတူထားကြဖို့ အချိန်ရောက်ပြီဟု ထင်ပါ သည်။ အာဏာရပါတီနှင့် အတိုက်အခံများကြားမှာ မတူညီသော နိုင်ငံရေး အင်အားစု များကြားမှာ၊ တိုင်းရင်းသား အင်အားစုများ အသီးသီးကြားမှာ တူညီသော အခြေခံမူတစ်ခုဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ကြရန် အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုအပ်သည် ဟု အားလုံး သဘောတူကြသည့် ပထမခြေလှမ်းကို စတင်ဖို့ ကြိုးပမ်းကြရမည့် အချိန်ရောက်ပြီ ဟု ယူဆမိပါကြောင်း။

ပြည်သူ့ခေတ်  အယ်ဒီတာ
၁၂ နိုဝင်ဘာ ၂၀၁၂
(အတွဲ-၃၊အမှတ် ၁၂၀)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/14/2012 12:38:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35879] Fwd: [လူဗိုလ်ဟူသည် ...] သုခမြို့တော်ထဲက စိတ်သတ္တိ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/13
Subject: [လူဗိုလ်ဟူသည် ...] သုခမြို့တော်ထဲက စိတ်သတ္တိ
To: lubo601@gmail.com



by Mya Than Tint on Tuesday, November 13, 2012 at 7:19am ·

ဆရာဘာာသာပြန်တဲ့ 'သုခမြို့တော်' စာအုပ်ဟာ စိတ်သတ္တိပွားများစေဖို့အားကောင်းကောင်းနဲ့ လှုံ့ဆော်ပေးလိုက်နိုင်တယ်လို့ ထင်ပါတယ်။ ဒီစာအုပ်ကို ဘာသာပြန်ဖို့ ဆုံးဖြတ်လိုက်တာ ဘာကြောင့်ပါလဲ။

ဟုတ်ပါတယ်။ 'သုခမြို့တော်' ကို ဖတ်ပြီး အားတက်ရတယ်။ ဒီဝတ္ထုကို ဘာသာပြန်ပြီး စာအုပ်အဖြစ် ထွက်လာတော့ တွေ့ရကြားရတဲ့ အဖြစ်အပျက်ကလေးတွေကို ကျွန်တော်ပြောချင်ပါတယ်။ ဒီစာအုပ် ထွက်လာတော့ လူတော်တော်များများက အစကလေးတင်ဖတ်ပြီး 'ဟင် ... စာအုပ်က စိတ်ညစ်စရာကြီး' ဆိုပြီး ဆက်မဖတ်ချင်ကြဘူး။
ဒီလို ဆင်းရဲတာ၊ ငတ်ပြတ်တာ၊ အောက်ကျနောက်ကျ ဖြစ်တာတွေကို ရေးတာ ရိုးနေပါပြီ။ ဖတ်လည်း ဖတ်ဖူးပြီ။ မြင်လည်း မြင်ဖူးပြီ။ ဒီစာအုပ်ကို ဖတ်ရင် စိတ်ညစ်ရမှာပဲလို့ ထင်ခဲ့ကြတယ်။ ကောင်မလေးတစ်ယောက်ကဆိုရင် ကျွန်မတို့ စိတ်ညစ်စရာတို့၊  ဘဝသရုပ်ဖော်တို့ဆိုတာ ဘယ်တော့မှ မဖတ်ခဲ့ဘူး။ ဒါပေမဲ့  ဒီစာအုပ်ဖတ်လိုက်တာ စိတ်ညစ်စရာတွေ စိတ်သက်သာရာ ရသွားတယ်လို့ ပြောပါတယ်။

ကျွန်တော်လည်း ဒီအတိုင်းပါပဲ။ ဆင်းရဲတာ၊ ငတ်ပြတ်တာ၊ အောက်ကျနောက်ကျဖြစ်တာ ကျွန်တော်တို့လည်း ဖတ်ခဲ့ဖူးလှပြီ။ ရေးခဲ့ဖူးလှပြီ။  ကြားခဲ့ဖူးလှပြီ။ ဒါပေမဲ့ ဒီအထဲက စိတ်ညစ်စရာမျိုး၊ ဆင်းရဲတာမျိုး၊ အောက်ကျနောက်ကျဖြစ်တာမျိုးကိုတော့ ကျွန်တော်တစ်ခါမှလည်း မဖတ်ဖူးသေးဘူး။ မြင်လည်း မမြင်ဖူးသေးဘူး။  ကြားလည်း မကြားဖူးသေးဘူး။ အဲဒီအထဲက အဖြစ်အပျက်တွေ ဖတ်ပြီး ကျွန်တော် တုန်လှုပ်ခြောက်ခြားသွားတယ်။

ဟုတ်ပါတယ်။ အဲဒီအထဲက ဟာစရီပါးဟာ  သွေးကိုဖောက်ပြီး ရောင်းရတယ်ဆိုတာမျိုးလောက်ကတော့ ကျွန်တော်တို့  ကြားဖူးတယ်။ ရေးလည်း ရေးဖူးတယ်။ ဒပ်ဖရင်ဆေးရုံ (အမျိုးသမီးဆေးရုံ) နားမှာ သွေးဖောက်ရောင်းတဲ့ ဆိုက်ကားသမားတွေ ဟိုတုန်းက ရှိခဲ့ဖူးတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ လွန်ခဲ့တဲ့ အနှစ်သုံးလေးဆယ်လောက်တုန်းက ဝတ္ထုတိုကလေးတွေ ရေးခဲ့ကြဖူးတယ်။ ဒါလောက်ပဲ ကြားဖူးမြင်ဖူးတယ်။ ဒါပေမဲ့ မသေခင်ကတည်းက အရိုးကိုရောင်းတာမျိုး၊ သန္ဓေသားကို ရောင်းတာမျိုးကိုတော့ ကျွန်တော်တို့ ကြားလည်း မကြားဖူးသေးဘူး။ ဖတ်လည်း မဖတ်ဖူးသေးဘူး။ ကျွန်တော်တို့ စိတ်မကူးမိတဲ့ အဖြစ်အပျက်တွေကို သွားတွေ့ရတယ်။ ကြောက်စရာကြီး။
"သုခမြို့တော်" ကို ဖတ်ကြည့်လိုက်တော့ ပထမရလိုက်တဲ့ခံစားချက်က ကြောက်စရာ၊အံ့ဩစရာ၊စိတ်ညစ်စရာပဲ။ ဒါပေမဲ့  ဖတ်ရင်းဖတ်ရင်းနဲ့ သတ္တိကောင်းလာတယ်။ အားရှိလာတယ်။ လောကကြီးမှာ ဘယ်လောက်အောက်တန်းကျကျ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခတွေ့တွေ့ နေချင်စရာတွေ၊ နေပျော်စရာတွေ၊ စိတ်သက်သာရာ ရစရာတွေ အများကြီးရှိသေးတာပဲဆိုတဲ့ အသိကို  ရလာတယ်။ ဘယ်လောက်ပဲ ဆိုးတဲ့လူတွေရှိရှိ ကောင်းတဲ့လူတွေ အများကြီးရှိတာပဲ။ လူ့ဘဝကြီးဟာ ဘယ်လောက်ပဲ မည်းမှောင်နေနေ အလင်းရောင်ကတော့ ရှိနေပါကလားဆိုတဲ့ အမြင်ကို ရလာခဲ့တယ်။

ကျွန်တော်တို့မှာ သတ္တိနှစ်မျိုးရှိတယ်။ ကိုယ်သတ္တိနဲ့ စိတ်သတ္တိ။ တစ်နည်းပြောရရင် ဗျတ္တိနဲ့သတ္တိပေါ့။ သတ္တိဆိုတာ လောကဓံကို ရင်ဆိုင်ရဲတာ။ ဆင်းရဲတာကို ရင်ဆိုင်ရဲတယ်။ ချမ်းသာတာကိုလည်း  ကျော်လွှားရဲတယ်။ နိမ့်တာကိုလည်း ခံနိုင်တယ်။  မြင့်တာကိုလည်း ခံနိုင်တယ်။  ဒါကို ပြောတာလို့ ကျွန်တော်ထင်တယ်။ "သုခမြို့တော်" ကို ဖတ်လိုက်တော့ သူတို့လောက် ဆင်းရဲတာ၊ သူတို့လောက် ဒုက္ခရောက်တာ၊ သူတို့လောက် အောက်ကျနောက်ကျဖြစ်တာဟာ ရှိမယ်လို့တောင် မထင်ရတော့ဘူး။ ဒါပေမဲ့ အဲဒီက ဇာတ်ဆောင်တွေဖြစ်တဲ့ ဟာစရီပါး၊ ဗန်ဒူနာ၊ မာသာထရီဇာ စတဲ့ ဇာတ်ဆောင်တွေဟာ သူတို့ဘဝကို ရဲရဲကြီး ရင်ဆိုင်သွားကြတယ်။ ဒါကြောင့်မို့ ဝတ္ထုဇာတ်လမ်းကို ကြည့်လိုက်ရင် စိတ်ညစ်စရာ ကောင်းတယ်လို့ ထင်ရပေမယ့် သူတို့တစ်တွေ ရုန်းကန်လှုပ်ရှားပုံကိုကြည့်ရင်း အားတက်ရတယ်။ သတ္တိရှိလာရတယ်။ ဒါကြောင့်မို့ ဒီဝတ္တုကို ကျွန်တော်ဘာသာပြန်ခဲ့တာပါ။ တခြား ပြန်ချင်တာ၊ ရေးချင်တာတွေ ရှိပေမယ့် အဲဒီအချိန်မှာ အဲဒီဝတ္ထုလောက် ခံစားချက် မပြင်းထန်ဘူး။ ဒီဝတ္ထုဟာ ကျွန်တော်တို့အဖို့ ဒီအချိန်မှာ လိုအပ်တယ်လို့ထင်လို့ ပြန်လိုက်တာပါပဲ။

ကာလကတ္တားမှာ သီလရှင်ကြီးထရီဇာဟာ သူ့လုပ်ငန်းအစကို သဘောမပေါက်သေးတဲ့ လူအုပ်ကြီးက ဝိုင်းပြီး ရန်ပြုတဲ့အခန်း၊ မာသာထရီဇာက လူအုပ်ကြီးရှေ့မှာ ဒူးထောက်ထိုင်၊ လက်နှစ်ဖက်ကို ကားစင်လိုဆန့်တန်းပြီး "ကျွန်မကို သတ်ကြပါ" လို့ ပြောလိုက်တဲ့အခန်းမှာ စာအုပ်ကို ဆက်မဖတ်နိုင်တော့ဘဲ မျက်ရည်ကို ထိန်းလိုက်ရပါတယ်။ ဆရာ ဒီစာအုပ်ကို ဘာသာပြန်နေတုန်းမှာ ဆက်မရေးနိုင်အောင်  ခံစားရတဲ့ အခန်းများ ရှိခဲ့ပါသလား။

ရှိပါတယ်။ မာသာထရီဇာကို လူအုပ်ကြီးက အထင်လွဲပြီး ခဲတွေ၊ ပုလင်းတွေနဲ့ပေါက်ကြတယ်။ ဟိန္ဒူတွေက သူတို့အနားမှာ ခရစ်ယာန်သာသနာ လာပြုတယ်ဆိုပြီး ဝိုင်းရိုက်မယ် လုပ်ကြတယ်။ မာသာထရီဇာက သူ့ကိုသတ်ချင်ရင်သတ်၊ သူဟာ ဒုက္ခရောက်နေတဲ့လူတွေကို ကယ်ဆယ်နေတာလို့ သစ္စာဆိုပြီး အသတ်ခံတယ်။ ဒီတင် လူအုပ်ဟာ ဘေးကိုရှဲသွားတယ်။ နောက် ကာလဝမ်းရောဂါဖြစ်လို့ အနားကို ဘယ်သူမှ မကပ်ရဲတဲ့ လူနာတစ်ယောက်ကို ပွေ့ချီပြီး ပြုစုကုသပေးတယ်။ ဒီမှာတင် လူထုတွေက သူ့ကို ကြည်ညိုလေးစားသွားကြတယ်။ ဒီလိုလုပ်ရပ်မျိုး၊ ဒီလို ခန္တီစိတ်မျိုး၊ ဒီလို သတ္တိမျိုးဟာ တော်တော့်လူမှာ မရှိနိုင်ဘူး။ ပါရမီရှင်တွေမှာသာ ရှိနိုင်တဲ့ အရာမျိုး ဖြစ်တယ်။ ဒီအခန်းကိုဖတ်ပြီး ကြက်သီးမွေးညင်းထရတယ်။ အားကျရတယ်။ ချီးကျူးရတယ်။

"သုခမြို့တော်" ကို ဆရာဘာသာပြန်ပြီး  စာဖတ်ပရိသတ်ရဲ့ လက်ထဲကို ထည့်လိုက်နိုင်တဲ့အတွက် စာဖတ်ပရိသတ်အတွက် ဒီဝတ္ထုနဲ့ပတ်သက်လို့ ဆရာဘယ်လိုရည်မှန်းချက် ထားရှိပါသလဲ။

လူတွေဟာ နည်းနည်းပါးပါး ဒုက္ခရောက်လာရင် ညည်းညူချင်ကြတယ်။  အခက်အခဲ အကြပ်အတည်းတွေကိုတွေ့ရင် စိတ်ဓာတ်ကျကြတယ်။ ဒါပေမဲ့ သူတို့ဟာ စိတ်မပျက်ဘူး။ သူတို့ကိုယ်သူတို့ အသက်ရှင်ရပ်တည်နိုင်အောင် ကြိုးပမ်းရုန်းကန်သွားကြတယ်။ သူတို့ဆီက သင်ခန်းစာ ယူသင့်တယ်ဆိုတဲ့ အချက်တစ်ချက်။နောက်တစ်ချက်က ကျွန်တော်တို့ဟာ ဆင်းရဲသူများကို စာနာသင့်တယ်။အများကောင်းကျိုးကို ဆောင်ရွက်တဲ့လုပ်ငန်းဟာ မွန်မြတ်တဲ့လုပ်ငန်းဖြစ်တယ်။ အဲဒီအထဲမှာပါတဲ့ မာသာထရီဇာတို့လို၊ ကိုဗားစကီးတို့လို၊ မက်စ်လိုးအက်တို့လို၊ ဗန်ဒိုနာတို့လို ကျွန်တော်တို့ဟာလည်း အများအကျိုးကို တတ်နိုင်သမျှဆောင်ရွက်သင့်တယ်လို့ ဆိုတဲ့သဘောကို စာဖတ်သူတွေ ခံစားစေချင်တယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ပြန်တာပါပဲ။


အောင်မြင်ရေးမဂ္ဂဇင်း ၊ ၁၉၉၄ ၊ဖေဖော်ဝါရီ

"မြသန်းတင့်၏စာပေါင်းစု" (ပထမကြိမ် - ၂၀၁၀ အောက်တိုဘာ) စာအုပ်တွင် ပါဝင်သော "သုခမြို့တော်ထဲက စိတ်သတ္တိ" ဆိုသည့်  အင်တာဗျူးမှ စာပိုဒ်အချို့အား ကူးယူဖော်ပြပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/14/2012 12:33:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:35879] Fwd: [လူဗိုလ်ဟူသည် ...] သိပ္ပံမောင်ဝပြောသော **“ မြန်မာမိန်းမတို့၏ အခြေအနေ ”**



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/13
Subject: [လူဗိုလ်ဟူသည် ...] သိပ္ပံမောင်ဝပြောသော **" မြန်မာမိန်းမတို့၏ အခြေအနေ "**
To: lubo601@gmail.com






သိပ္ပံမောင်ဝ ခေတ်စမ်းသမားမဖြစ်မီ ၁၉၃၆ခုနှစ်က ရေးခဲ့တဲ့ စာတမ်းတစောင် ဖတ်မိတယ်။ စာတမ်းအမည်က "မြန်မာမိန်းတို့၏ အခြေအနေအကြောင်း" တဲ့။ သိပ္ပံမောင်ဝရဲ့ Feminism နဲ့ Gender အပေါ် အဲဒီခေတ်က အမြင်လို့ ပြောနိုင်မယ့် စာတမ်းပါ။
 ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး၊ တရားဥပဒေအရေး၊ ဘာသာရေးနဲ့ တိုင်းရေးပြည်ရေးမှာ မိန်းမတို့ အခြေအနေတွေကို အခန်း ၅ခန်းနဲ့ ရေးပြထားတာမို့ အကျဉ်းသဘော အဲဒီခေတ်ကာလအမျိုးသမီးများ အခြေအနေကိုမြင်သာအောင် ဖော်ပြချင်ပါတယ်။
  
ပေါင်းသင်းဆက်ဆံရေးတွင် မြန်မာမိန်းမတို့၏အခြေအနေ 
လူမှုဆက်ဆံရေးမှာ မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံ သူများ အိမ်တွင်းပုန်းတာနဲ့ အနောက်နိုင်ငံသူများ ပွင့်လင်းလွန်းတဲ့ အစွန်းနှစ်ဖက် ကြားလို့ သိပ္ပံမောင်ဝက သုံးသပ်ပါတယ်။ "အပျိုဖော် လူပျိုဖော်" ဝင်လာရင် အိုးချင်း ထားအိုးချင်ထိ၊ ကြိုးချင်းထား ကြိုးချင်းငြိမယ်ဆိုပြီး ကျား၊မ သတ်သတ်စီဖွံ့ဖြိုးစေခဲ့တဲ့ မြန်မာ့အလေ့အထကိုလည်း ဖော်ပြထားပါတယ်။ ဒီကဏ္ဍမှာ ရည်းစားသနာထားတာ၊ စာပေးစာယူလုပ်တာ၊ ခိုးရာလိုက်ပြေးတာ၊ မိဘစီစဉ်ပေးစားတာတွေရဲ့အပေါ် ပြဿ နာနဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးထားပါတယ်။

မြန်မာ့အိမ်ထောင်မှုစနစ်မှာ မိန်းမကယောကျာ်းရဲ့ လခငွေကိုကိုင်တွယ်ပြီး စီမံအုပ်ချုပ်မှု သဘောနဲ့ လူမှုရေးများပါအရေးပါပုံကိုလည်း ရေးထားပါတယ်။ ယောက်ျား၊ မိန်းမ လူမှုဆက်ဆံရေးမှာ အနောက်နိုင်ငံတွေလို ထုံးစံအတည်တကျမရှိပေမယ့် တဦးနဲ့တဦး ရှေ့အပြူအမူ၊ အမူအယာ အထူးသတိပြု နေထိုင်ကြတာမျိုးကိုလည်း ဖော်ပြထားပါ တယ်။ 
ဒီခေတ်မှာ အထူးအဆန်းမဟုတ်သလို ထင်ကြတဲ့ မိန်းမနဲ့ အရက်သေစာ သောက်စားမှု ကိုလည်း တင်ပြထားတာတွေ့ရပါတယ်။ မုဆိုးမနဲ့ ပတ်ဝန်းကျင်အမြင်ကိုလည်း ထည့်ရေးထားပါသေးတယ်။
။------------------------------။

ပညာရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ 
ပညာရေးမှာ မြန်မာမိန်းမများ အရေအတွက်နည်းသည့်တိုင် မညံ့ပုံကို ပုဂံခေတ်ကနေ ချီပြီး ပြန်ပြောထားပါတယ်။
ကျစွာမင်းကြီးရဲ့ သမီးတော်ဟာ သဒ္ဒါကျမ်းတစောင်ကို ပြုစုခဲ့တဲ့အကြောင်း၊ ရဟန်းများ ကိုပင် စာချတဲ့အကြောင်းနဲ့ ထိုလက်ထက်က အပျိုကညာများ ဆန်ဖွပ်၊ ဈေးရောင်းရင်း သဒ္ဒါ၊ သင်္ဂြိုဟ် ခဲရာခဲဆစ်တို့ကို လေ့လာကြောင်းတွေ ဖော်ပြထားပါတယ်။

 သမိုင်းထဲက ပညာရှိမိန်းမများအဖြစ် ဇင်းမယ်မိဖုရား၊ ပဲခူးမိဖုရား၊ နန်းတွင်းမိညို၊ နန်းတွင်းမိဖြူ၊ ရဝေရှင်ထွေးစတဲ့ မိဖုရားနဲ့ နန်းတွင်းသူတွေကို ဖော်ပြထားပါတယ်။ သိပ္ပံမောင်ဝတို့ခေတ်က ပညာရေးမှာ ယောကျာ်းလေးတွေထက် မိန်းကလေးက ပညာသင်ကြားရမှု နောက်ကျတာကြောင့် အနည်းငယ် ညံ့သွားပုံ၊ မိန်းကလေးကျောင်း များ ပေါ်လာတာကြောင့် အိုင်အေ၊ ဘီအေ အောင်တဲ့ မိန်းကလေးများရှိလာပုံ၊ အောက်ခြေလူတန်းစား မိန်းမတွေကတော့ ဝမ်းဝခါးလှအောင် အပမ်းတကြီး ရှာဖွေ ရတာကြောင့် တိုင်းရင်းစာကိုပင် မဖတ်နိုင်သူတွေ ရှိကြောင်းလည်း ပါဝင်ပါတယ်။
                             ။------------------------------။

 တရားဥပဒေတွင် မြန်မာမိန်းမတို့၏အခြေအနေ 
မိန်းမတို့ အခွင့်အရေးနဲ့ ပတ်သက်လို့ ဓမ္မသတ်စာစောင် တခုနဲ့တခု မညီညွတ် တာကြောင့် အရှုပ်အရှုပ်အထွေးထွေးဖြစ်နေလို့ ရှေ့နေရှေ့ရပ်နဲ့ တရားသူကြီးတွေ တရားမှန်လမ်းမှန်ရောက်ဖို့ အကြပ်အတည်းနဲ့ ကြုံရကြောင်းကို ထောက်ပြထားပါတယ်။

အသက် ၂၀ မပြည့်ခင် မိန်းကလေးက ခိုးရာလိုက်တဲ့အခါ မိဘတွေသဘောမတူက အချိန်မရွေးခွဲပစ်နိုင်ကြောင်းကိုမြင်းကွန်းဓမ္မသတ်ကို ကိုးကားပြီး "သူကညာကို၊ ကြိုက်ပါသောအား၊ ယောကျာ်းခိုး၍၊ တကျိပ်စေ့ပင်၊ သားတည်းမြင်လည်း၊ မိခင်ဘမင်း၊ မဆောက်နှင်းက၊ မနေရချေ၊ မိဘကြိုက်သူ၊ ပေးစားဟူ၏" လို့ ပါကြောင်းနဲ့ မိန်းကလေး က အခွင့်အရေးဆုံးရှုံးနေကြောင်း ပြောထားပါတယ်။
မယားကြီး၊ မယားငယ် ပြဿနာ၊ မယားကြီးနဲ့ မယားငယ် အခွင့်အရေး၊ ဒါမျိုးတွေ ပပျောက်ဖို့ ထိုခေတ်က အစိုးရတွေ ဥပဒေကို တဖြည်းဖြည်းပြောင်းလဲနေကြောင်းလည်း ဖော်ပြထားပါတယ်။ လင်ကွာ မယားကွာ ပစ္စည်းခွဲဝေပုံများ နဲ့ လူမျိုးခြားနဲ့လက်ထပ်တဲ့ အခါ မြန်မာမိန်းမများ နစ်နာမှုဆိုင်ရာတွေကိုလည်း ဆွေးနွေးထားပါတယ်။
။------------------------------။

 ကိုးကွယ်ရာ ဘာသာရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ
 မိန်းမတို့၏ အခြေအနေနဲ့ အခွင့်အရေးကို စဉ်းစားရာမှာ ဘာသာတရားကို မပယ်ထား သင့်ကြောင်း၊ ဗုဒ္ဓဘာသာအရ ယောက်ျားက မိန်းမထက် မြတ်သည်ဟု ဖြေဆိုသူများမှာ နက်နက်နဲနဲ မတွေးတောဘဲ ဖြေဆိုသူများဖြစ်ကြောင်း ပြောထားပါတယ်။ ဗုဒ္ဓဘာသာ အယူအဆအရ မြန်မာတွေဟာ ဂုဏ်အသက်ကို အရေးဂရုဓမ္မ အလေးပြုရတာကြောင့် ယောကျာ်းနဲ့ မိန်းမတို့ရဲ့ အခြေအနေကို တမျိုးတမည် ဆင်ခြင်နိုင်သေးကြောင်း ထောက်ပြထားပါတယ်။ အမိကို ဖြစ်စေ၊ အဖကို ဖြစ်စေ ပြစ်မှားလျှင် အပြစ်ကြီးမှု အတူတူပင်ဖြစ်ကြောင်း ဥပမာပေးထားပါတယ်။ 
ယောကျာ်းနှင့် မိန်းမ မြတ်၏ အမြတ်၏ အကျိုးအပြစ်များကို ဘုရားဟောသုတ္တန်များ၊ မန်လည်ဆရာတော်ရဲ့ မဃဒေဝလင်္ကာများနဲ့ ယှဉ်ပြီး ရေးထားပါတယ်။ ယောကျာ်း၊ မိန်းမ မဟူ အတွင်းဓာတ်ခံသာလျှင် ပဓာနအရင်းခံဖြစ်ကြောင်း နိဂုံးချုပ်ထားပါတယ်။
။------------------------------။ 

တိုင်းရေးပြည်ရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ အရေးအခွင့်

တိုင်းရေးပြည်မှု၊ ယခုခေတ်အခေါ် နိုင်ငံရေးမှာ မိန်းမများ ဝင်ရောက်ဆောင်ရွက်နိုင်ခွင့် ရရေး ဆူပူဆောင်းဆိုကြသည်မှာ အနောက်နိုင်ငံက စကြောင်း၊ မြန်မာပြည်သမိုင်း အုပ်ချုပ်ရေးကဏ္ဍတွင် မိန်းမများရှိခဲ့ကြောင်း၊ ဘုရင်မကြီးရှင်စောပု၊ ရှင်စောနစ်၊ မင်းဆက်ငါးဆက်တိုင် မိဖုရားဖြစ်ခဲ့သူ ရှင်ဘို့မယ်၊ အလယ်နန်းမတော် ဆင်ဖြူမရှင် စသူတို့မှအစ မြန်မာမင်းများ လက်ထက်တော်အခါက မိန်းမရွာသူကြီး၊ မိန်းမဆယ် အိမ်ခေါင်း၊ မိန်းမစာချီ စသူတို့ ရှိခဲ့ကြောင်းတွေ ဖော်ပြထားပါတယ်။
  
၁၁၁၉ ခုနှစ်မှာ မြေခဲရွာသူကြီးသည် မိန်းမဖြစ်ကြောင်း၊ ၁၁၂၇ ခုနှစ် တောင်ပုံတန်း အဝင် ရေမြက်ရွာစစ်တမ်းမှာ ရွာသူကြီးက မမိငြိမ်းဖြစ်ကြောင်း၊ ဒါ့အပြင် ပုဂံနယ်မှာ မိန်းမရွာသူကြီး ၆ ယောက်ရှိကြောင်းတွေ ဖော်ပြထားပါတယ်။
ပုသိမ်မြို့ ဆားကျင်းများကို သမီးများကဆက်ခံရပြီး သားများကပိုင်ဆိုင်ခွင့် မရကြောင်း၊ တချို့သော ရေနံရိုးတို့မှာ ယောကျာ်းက မဆက်ခံရဘဲ သမီးမိန်းမများကသာ ဆက်ခံခွင့် ရကြောင်း ရေးထားပါတယ်။
  
အင်္ဂလိပ်ခေတ်ရောက်မှ မိန်းမသူကြီး၊ ဆယ်အိမ်ခေါင်းတွေ ပပျောက်ကုန်တာ ဖြစ်တယ် လို့ သိရပါတယ်။ ၁၂၈၇ ခုနှစ် တပို့တွဲလဆန်းထုတ် သူရိယ သတင်းစာမှာ မင်းတိုင်ပင် အမတ် ရွေးကောက်ပွဲနဲ့ မြူနီစီပယ် လူကြီး ရွေးကောက်ပွဲတွေမှာ မြန်မာအမျိုးသမီးတွေ ဝင်ရောက် မဲဆန္ဒပေးဖို့ အခွင့်ရပေမယ့် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်း ရွေးကောက်ပွဲ မှာ ဗုဒ္ဓဘာသာအမျိုးသမီးတွေ မဲဆန္ဒယင်ရောက် ပေးပိုင်ခွင့်မရှိလို့ ဝေဖန်ရေးသားထား တာကိုလည်း ဖော်ပြထားပါတယ်။

သိပ္ပံမောင်ဝရဲ့စာတမ်းကို ၁၉၃၆ ခုနှစ် ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလထုတ် ကြီးပွားရေးမဂ္ဂဇင်းကနေ ဖော်ပြခဲ့တာပါ။ စာတမ်းတခုလုံးအချုပ်အားဖြင့် ယောကျာ်းနဲ့ မိန်းမ တတန်းတစားတည်း ထားမှသာသင့်မြတ်ကြောင်း၊ တတန်းတည်းဆိုသော်လည်း နေရာတိုင်းတွင် ဝင်ရောက်စွက်ဖက်ကျင့်ကြံရန် မဟုတ်ကြောင်း၊ မိမိတို့ဆိုင်ရာ တင့် တယ်သော နေရာများမှ ဝင်ရောက်ဆောင်ရွက်သင့်ကြောင်း၊ အကျင့်စာရိတ္တ ချို့ယွင်း ပျက်ပြားမည့် နေရာများမှာ မိန်းမများဟာ ကောင်းစွာ ရှောင်ရှားသင့်ကြောင်း သိပ္ပံမောင်ဝက အကြံပြုပြီး သူ့စာတမ်းကို နိဂုံးချုပ်ထားပါတယ်။

 မောင်ဘုန်း




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/14/2012 12:06:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Burma News International - November 13, 2012

Burma News International

Burma News International
November 13, 2012

Fierce Battle Between Unidentified Armed Group and Burma Army

Fierce fighting between the Burma army and an unidentified armed group occurred on Sunday night in northern Maungdaw in Arakan State near the Bangladeshi border, according to locals.

Daw Aung San Suu Kyi Travels to India

Burma’s democracy icon Daw Aung San Suu Kyi will deliver the Jawaharlal Nehru Memorial lecture in New Delhi, India. It’s expected that many Chin refugees who reside in India will attend the lecture that takes place tomorrow at 6 pm at Plenary Hall.

India’s FM welcomes Suu Kyi to India

Burma’s pro-democracy leader Aung San Suu Kyi arrived at the Indira Gandhi International Airport in Delhi at 12:19 p.m. [local time] on Tuesday on an Air India flight.

Burma Army Soldiers Killed In Two Separate Clashes With KIA

Seven soldiers from Burma's military are believed to have been killed on Monday following clashes with the Kachin Independence Army (KIA) in two separate places in northern Kachin state, according to KIA sources.

Burma Plans To Boost Border Trade With Bangladesh

Burma’s Deputy Commerce Minister Pwint San told the Bangladesh’s The Daily Star that Burma will create a wholesale market and hold trade fairs along the Bangladeshi border of Arakan State in a bid to increase bilateral trade. But he cautioned that there were “some communal problems” in the area that are delaying “the enhancement of border trade”. “When the conditions improve our border trade will also increase.”

Suu Kyi begins nostalgic trip to India

Burmese opposition leader Aung San Suu Kyi arrives in India on Tuesday for a six-day trip, her first visit in more than 40 years to the country where she lived as a teenager.

Second Round Of CNF Peace Talks

The second phase of the Union level peace talks between the Chin National Front (CNF) and the central government will be held in former capital Rangoon soon.

Earthquake rescue teams struggle to cope

Burmese rescuers are struggling to help villagers injured or displaced by Sunday’s 6.8-magnitude earthquake near Shwebo, north of Mandalay, which killed at least 13, injured dozens and caused a bridge and mine to collapse, according to a report on Tuesday by Agence France-Presse (AFP).

PepsiCo opening bottling plant in Burma

PepsiCo Inc is in the process of signing a bottling agreement in Burma, Reuters reported on Thursday, quoting Saad Abdul-Latif, the company’s chief executive for Asia, the Middle East and Africa.

SSPP ပါတီအား မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်နေဆဲ

သျှမ်းပြည်တိုးတက်ရေးပါတီ ခေါ် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့အား ယခုလဆန်းပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းသုံး၍ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပစ်ရပ်ရေးဆွေးနွေးပြီးနောက် တိုက်ပွဲပေါင်း ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း SSPP က ပြောသည်။

ဖက်ဒရယ်စနစ်ကို လိုလားကြောင်း ညီနောင်တိုင်းရင်းသားပါတီများ သဘောထားထုတ်ပြန်

မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးကို လိုလားကြောင်း တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်း ရင်းသားပါတီများ(Nationalities Brotherhood Forum)က နိုဝင်ဘာလ ၁၁ ရက်နေ့က သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တောင်ကုတ် NLD မှ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပနေစဉ်။

တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကျေးရွာ အလုပ်မူဆောင် ကော်မီတီများကို မဲစနစ်ဖြင့် ရွေးချယ်၍ ဖွဲ့စည်းခဲ့ရာ ကျေးရွာ အုပ်စု ၁၃ ခု ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒေါ်စု ပါဝင်မည့် Nehru Memorial အခမ်းအနားသို့ မြန်မာဒုက္ခသည် ၁၃၀ ခန့်  တက်ရောက်ခွင့်ပြု

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်သည့် ဂျဝါဟာလာနေရူး မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် နယူးဒေလီရှိ မြန်မာဒုက္ခသည် ၁၃၀ ခန့် တက်ရောက်ခွင့်ရရှိကြောင်း သိရသည်။

ကားမိုင်းနှင့် ပူတာအိုလမ်း တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ

ကချင်ပြည်နယ် ကားမိုင်းမြို့နယ်ခွဲနှင့် ပူတာအို သွားသည့်လမ်း ကြောင်းပေါ်ရှိ နေရာ (၂) ခုတွင် ကချင်ပြည်လွတ် လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာအစိုးရတပ်ဘက်မှ ၇ ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိကြောင်း ရှေ့တန်းမှ KIA အရာရှိများက ပြောသည်။

ရွှေလီ ဆွေးနွေးပွဲ နောက်ပိုင်း တိုက်ပွဲများလာကြောင်း KIA ကပြော

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်း နိုဝင်ဘာ လဆန်းပိုင်းမှ ယမန်နေ့အထိ တိုက်ပွဲပေါင်း (၄၀) ထက်မနဲ ဖြစ်ပွားခဲ့သည်ဟု KIA စစ်ရုံးချုပ်မှ အရာရှိ တဦး ကပြောဆိုသည်။

ရဲစခန်းပိုင် သုံးဘီးဝင်တိုက်မှု ဆွမ်းခံသံဃာ ၇ ပါး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလဆန်းပိုင်းက ဆွမ်းခံသံဃာတော်များအား သုံးဘီးယာဉ် တစီးမှ ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ သံဃာတော် ၇ ပါး ဒဏ်ရာရပြီး ဆေးရုံတင်ထားရသော်လည်း ယာဉ်မောင်းအား  အာဏာပိုင်မှ တစုံတရာအရေးယူမှု မရှိသေးကြောင်း မြို့ခံများကပြောသည်။

ဆူးလေဆိပ်ကမ်း အဆင့်မြှင့်ရန် ပထမအဆင့် ကုမ္ပဏီသုံးခုကိုရွေး

ဆူးလေဆိပ်ကမ်းကို အဆင့်မြှင့်တင်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ လျှောက်ထားစေခဲ့ ရာ လျှောက်ထားသည့် ကုမ္ပဏီ ခုနှစ်ခုအနက် သုံးခုကို ပထမအဆင့်အနေဖြင့် စိစစ်ရွေးချယ် ထားကြောင်းမြန်မာ့ဆိပ် ကမ်း အာဏာပိုင် တာဝန်ရှိသူများက ပြောသည်။

အိုဘားမား မြန်မာခရီးစဉ်အပေါ် အမေရိကန် အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆို

ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် သမ္မတအိုဘားမား ခရီးစဉ်နှင့် ပတ်သက်ပြီး အမေရိကန် အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်သည်။

အာဆီယံ-အာရှ လမ်းပိုင်းတခု ကျပ်သန်း ၆,ဝဝဝ ကျော်ဖြင့် ဖောက်လုပ်မည်

အာဆီယံနှင့် အာရှလမ်းမကြီးအတွင်း ပါဝင်နေသည့် ရှမ်းပြည်နယ် နမ့်ဆန်-ကွမ်ဟိန်း-တာကော်-မိုင်းပြ-ကျိုင်းတုံ လမ်းအား ကျပ်သန်းပေါင်း ၆,ဝဝဝ ကျော် အကုန်အကျခံ၍ ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရတပ်များ KIO ဋ္ဌာနချုပ်အနီးသို့ ချဉ်းကပ်ရောက်ရှိ

ကချင်ပြည်နယ် မိုးကောင်းမြို့ အခြေစိုက် စကခ ၃ လက်အောက်ခံ အစိုးရတပ်များသည်  ကချင်ပြည်လွတ်လပ် ရေးအဖွဲ့ KIO ဗဟိုဋ္ဌာနချုပ် နယ်မြေအနီး သို့ ယနေ့ ချဉ်းကပ် ရောက်ရှိလာပြီ ဖြစ်ကြောင်း ABSDF ကျောင်းသား တပ်မတော် သတင်းရပ်ကွက် အဆိုအရ သိရသည်။

ဘင်္ဂလား မြန်မာ နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်မည်

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တွင် နိုဝင်္ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုသည်ဟု သိရသည်။

တောင်ပိုင်း ဝ တပ်ဖွဲ့က လယ်ယာမြေ သိမ်းယူမှု ဒေသခံများ မကျေနပ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) "၀" တပ်ဖွဲ့က လူထုလယ်မြေများအား အဓမ္မသိမ်းယူမှု၊ အဓမ္မ ဝယ်ယူမှု အပေါ်ဒေသခံများ မကျေမနပ်ဖြစ်နေသည်ဟု ဒေသတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Chiang Mai 50202
Email Marketing Powered by MailChimp