admin posted: " ခင်မောင်တိုး … မောင်ရင်ငတေ၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂ ဘယ်လိုပဲဖြစ်ဖြစ် … မောင်ရင်ငတေတို့ခေတ်ရဲ့ အေ�"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[New post] “အရွယ်လွန်ရွေ့လျားသွားတဲ့ ကိုတိုးကြီး” – (Linn Nwe Eain)
admin posted: " "အရွယ်လွန်ရွေ့လျားသွားတဲ့ ကိုတိုးကြီး" လင်းနွေးအိမ်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂ ၂၀၁၂ ရဲ့ ဟေမန္တဆောင်း"
|
[New post] ပါးစပ်နဲ့ကိုယ် အိုးစားမကွဲဖို့ (Dhamma Beri Sayadaw)
admin posted: " ပါးစပ်နဲ့ကိုယ် အိုးစားမကွဲဖို့ ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂ မိမိရဲ"
|
[New post] ဓာတ်ပုံတွေက ပြောတဲ့ မှတ်တမ်းများ (People in Photos)
admin posted: "ဓာတ်ပုံတွေက ပြောတဲ့ မှတ်တမ်းများ မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂ ယမန်နေ့က နယူးယောက်ြ"
|
[aurorageneration] Free Trial Stock Control System နှင့် Free Android Application များ ကို Free Download ရ ရှိ နိုင် ပါသည်။
ကျွန် မတို့  Greendays software sale ဧ။် facebook page လေး အား LIKE ပေး သော Customer သို့ မ ဟုတ် Members များအ တွက် Greendays software sale မှ Android Application များ ။ software Trial version အား Free download ပေးမည် ဖြစ်ပါ သည်။
ထို အပြင် Stock Control System ကို လည်း Free Download အား http://www.mediafire.com/?cx91zu144j3mv9f တွင် ရ ယူ နိုင် ပါ သည်။
More Detail Click Here >> http://www.facebook.com/media/set/?set=a.370239286396014.91093.319745478112062&type=1
LIKE US ----> http://www.facebook.com/GreendaysSale တွင် LIKE လုပ်ပေး ပြီး mayhtoo.24@gmail.com သို့  download link ပို့ ပေး ရ မည့် လိပ် စာ Email address အားပေး ပို့ စေလို ပါ သည်။
Free download ပေးထားသော software များမှာ Ebuddy Instant Messenger, Extreme Call Blocker, Go SMS, Full Caller ID, Anti Virus Software, SMS Assistant, 1 Mobile Market, Animated Wallpaper များ ။ Root Explorer,Task Killer Full version, Bluetooth File Transfer, Amazon Droid, Camera 360, Pencil Camera, Instagram camera, Free Call Viber, DX Home Theme, SPB 3D Shell Theme, TSF Shell Theme, Internet Acceletor, Planet Dictionary, Yangon Directory, DX Battery Booster, DropBox apk file များ နှင့် အ ခြား POPULAR ဖြစ် သော
Android Application များအား Mediafire တွင် download ဆွဲ ပြီး အ သုံး ပြု နိုင် ပါ သည်။
LIKE US ----> http://www.facebook.com/GreendaysSale
Thank You for paying attention to our advertisement letter. ... Thank You.....
From , Greendays Software Sale.
Please Contact to us - mayhtoo.24@gmail.com or
http://www.facebook.com/GreendaysSale
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
[New post] ဗမာပြည်ဖွား တိုင်းရင်းသားများ၊ ဂျာမဏီနိုင်ငံက ရခိုင်ပြည်နယ်က ဘင်္ဂလီအရေးအခင်း သဘောထားထုတ်ပြန်
admin posted: "မိုးမခအထောက်တော် ၀၀၃၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂ လက်ခံရရှိသော "မြန်မာရေးရာဌာန၊ ဂျာမဏီ" ၏ ထုတ်ပြန်ချက်�"
|
[New post] ငါသည် အန္ဓ လူ့ဗာလ (Kyaw Moe (sagawa myay)
admin posted: " ငါသည် အန္ဓ လူ့ဗာလ ကျော်မိုး (စကားဝါမြေ) နိုဝင်ဘာ ၁၅၊ ၂၀၁၂ ငါ၏ရုပ်သွင် ဟိုယခင်က ဆံပင်မဲနက် ဖေ"
|
[New post] သူလည်းလေ လောကီသားပေမို့ (Ku Mo Jo)
admin posted: " ကာတွန်း - ကူမိုးကြိုး နိုဝင်ဘာ ၁၅၊ ၂၀၁၂ "
|
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
| တိုင်းပြည်ငြိမ်းချမ်းရေးအတွက် သျှမ်းလူငယ်များ စစ်တမ်းကောက် Posted: 15 Nov 2012 01:16 AM PST စစ်မှန်သောငြိမ်းချမ်းရေးရဖို့ သျှမ်းညီလာခံ၌တင်ပြဆွေးနွေးနိုင်ရန် သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ ပဲခူး နှင့် ရန်ကုန်တိုင်းဒေသကြီးအပြင် ထိုင်းနိုင်ငံချင်းမိုင် နှင့် ဘန်ကောက်ရောက် သျှမ်းလူမျိုးများကြား သျှမ်းလူငယ်များက စစ်တမ်း ကောက်ယူနေသည်ဟု ကြားသိရပါသည်။ "အခုလုပ်မည့်အစည်းအဝေးက သျှမ်းတွေကြီးဘဲ ဆိုတော့ အခုကောက်မဲ့ စစ်တမ်းကလဲ သျှမ်းလူမျိုးတွေကြားထဲမှာဘဲ ကောက်ယူ မှာ။ ဒီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး စုစည်းမယ်လို့စီစဉ်ထားတယ်။ ပြီးရင်ရလာတဲ့အချက် အလက်တွေကို အစည်းအဝေးမှာ တင်ပြ မယ်။ လူကြီး တွေအတွက် ဆွေးနွေးဆုံးဖြတ်ဖို့ အထောက်အကူ ဖြစ်ဖို့လေ" - ဟု မန္တလေးရောက် လူငယ်စိုင်းဇင့်က ပြောပါသည်။ စစ်တမ်းကောက်ရာမှာ နိုင်ငံရေးကဏ္ဍ၊ သျှမ်းပြည်အတွင်း လက်နက်ကိုင် တပ်ဖွဲ့ကဏ္ဍ၊ လူဦးရေ နှင့် အမျိုးသားမှတ်ပုံတင် ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးကဏ္ဍ၊ သျှမ်းစကားမပြောတတ်တဲ့ သျှမ်းအမျိုးသားများ ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ဘာသာရေး ဆိုင်ရာ ကဏ္ဍအပါအဝင် မေးခွန်းပေါင်း ၄၇ ခု ပါဝင်မေးမြန်းနေသည်ဟုသိရပါသည်။ "အဓိက ကတော့ ကျနော်တို့ တွေ တစ်သံတည်းထွက်နိုင်ရင် တခြားတိုင်းရင်းသားတွေနဲ့လဲ စည်းလုံးမှုရနိုင်မယ်။ အဲဒါကြောင့် ရန်ကုန်မှာ ကျင်းပမယ့်အစည်း အဝေးမှာ အချိန်မကုန်ဘဲ ရှုဒေါင့်ပေါင်းစုံ ဆွေးနွေးနိုင်အောင် ကျနော် တို့ ပြည်တွင်း ပြည်ပလူငယ်မခွဲခြားဘဲ တမျိုးသားလုံးအတွက် အလုပ်လုပ်နေတာဘဲဖြစ်တယ်။ ကျနော်တို့လဲ အစည်းအဝေး ခေါ်မယ်။ ရှိတဲ့အချက်တွေချပြမယ် ဆွေးနွေးမယ်။ ရန်ကုန်အစည်းအဝေးသွားဖို့ ပြင်ဆင်မယ်"- ဟု ချင်းမိုင်ရောက် လူငယ် တဦးဖြစ်သည့် စိုင်းဆိုင်က ပြောပါသည်။ နိုဝင်ဘာ ၂၆ ရက် နေ့မှစ၍ သုံးရက်ကြာကျင်းပမည့် အဆိုပါ သျှမ်းညီလာခံမှာ သျှမ်းအမျိုးသား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ နိုင်ငံတော် သမ္မတရုံးက၀န်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်း တို့ တက်ရောက်မည် ဟုကြားသိရပါ သည်။ သျှမ်းအသိုင်းအဝိုင်းမှ ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်း သားများ ဒီမိုကရက် တစ်ပါတီ SNDP မှ စဝ်ဆိုင်မိဏ်း၊ ကျားခေါင်း ခေါ် သျှမ်းတိုင်း ရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ခွန်ထွန်းဦး၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟု လူသိ များသည့် SSPP/SSA နာယက ဗိုလ်ချုပ်ဆေထဲန်၊ သျှမ်းပြည်တပ်မတော် တောင်ပိုင်းဟု လူသိများသည့် RCSS/SSA မှ ငြိမ်းချမ်း ရေးကော်မတီ ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး၊ သျှမ်းနီအမျိုးသား တိုးတက် ရေးပါတီ (TNDP) မှ ကိုယ်စားလှယ်၊ ပြည်ပက သျှမ်းခေါင်းဆောင်များ၊ မြိုနယ်အဆင့်က ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလပါဝင်မည့်ပုဂ္ဂိုလ်များ၊ လူမှုအသိုင်းအဝိုင်းမှ ကိုယ်စား လှယ်များ တဖွဲ့လျှင်အနည်းဆုံး နှစ်ယောက် တက်ရောက်မည်ဟု ကြားသိရပါသည်။ http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3653-2012-11-15-09-08-33.html |
| သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ နမ့်ခမ်းမြို့တွင် ဖွင့်လှစ် Posted: 15 Nov 2012 01:15 AM PST သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ ဉာဏိဿရ (D.litt,PH.D) သီတဂူဆရာတော်ကြီး၏ လမ်းညွန်မှုဖြင့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ လှူဒါန်း ဆောက်လုပ်ထားသော သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံကို ယနေ့ နံ နက် ၈ နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်း သိရသည် ။ သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ ဖွင့်ပွဲ အဆိုပါ ဆေးရုံဖွင့်ပွဲအခမ်းအနားသို့ သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ မူစယ် ၊ နမ့်ခမ်း ၊ ကွတ်ခိုင် နှင့် သိန်းနီနယ် တစ်ဝိုက်မှ ဒေသခံ ၂၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူ နမ့်ခမ်း မြို့မိမြို့ဖတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "ဇေယျသုခကျောင်းထိုင်ဆရာတော် မွေးနေ့ရယ် ဘုံကထိန်ရယ် ဆေးရုံဖွင့်ပွဲရယ် ပေါင်းပြီးကျင်းပတာပေါ့နော်။ ဆေးရုံဖွင့်ပွဲ က ဒီမနက် ၈ နာ ရီခွဲမှာလုပ်တယ်။ ၁၀ နာရီမှာ အဆောက်အဦသစ် ပဋက်ချတယ် နေ့လည် ၁ နာရီမှာ ၅ သိန်း အထက် လှူတဲ့သူတွေကို ဂုဏ်ပြုမှတ်တမ်းလွာပေးမယ် " ဟု သူက ပြောသည် ။ အဆိုပါ ဆေးရုံ ဖြစ်မြှောက်ရေးအတွက် နမ့်ခမ်းမြို့နယ်အတွင်းရှိ သံဃာတော်များ ၊ မြို့မိမြို့ဖများနှင့် ပြည်သူများ စုပေါင်း လှုဒါန်းခဲ့ခြင်း ဖြစ်ပြီး နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက်အတွင်းရှိ ဇေယျသုခဘုန်းတော်ကြီးပညာသင်ကျောင်း၌ လွန်ခဲ့သည့် နှစ်နှစ် ခန့်က စတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည် ။ "သီတဂူ ဆရာတော်က မတည်ပေးတာပေါ့နော်။ ပြီးတော့မှ မြို့နယ်ကနေပြီးတည်ဆောက်ရေး ကော်မတီတွေဖွဲ့ပြီး ဆောက် လုပ်တာပေါ့။ အားလုံးစုပေါင်းပါဝင်လှူဒါန်းတာပေါ့နော်။ ဆောက်မဲ့အစီအစဉ်က ကြာပြီ။ ဟိုနေရာရွေ့ ဒီနေရာရွေ့နဲ့ မ ဆောက်ဖြစ်ဘူး။ နောက်ဆုံးမှ ဇေယျသုခ ကျောင်းမှာ အတည်ဖြစ်သွားတာ " ဟု သူက ဆိုသည် ။ ၄င်းဆေးရုံဖွင့်ပွဲမတိုင်မီ ယခုလ ၁၁ ရက်နေ့မှ စ၍ ဒေသတွင်းရှိ မျက်စိဝေဒနာသည်များအား အခမဲ့ စမ်းသပ်ခွဲစိပ် ကုသ ပေးခဲ့ရာ ယနေ့အထိ လူနာ ၁၀၀၀ ကျော်ကို စမ်းသပ်ပေးခဲ့ပြီး ၁၀၀ ကျော်ကို ခွဲစိပ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည် ။ "တစ်ခါတည်းလူနာတွေကို အခမဲ့စမ်းသပ်ပေးတယ်။ ထမင်းကျွေးတယ်။ လိုအပ်လို့ရှိရင်ခွဲစိပ်ပေးတယ် ။ သီတဂူဆရာတော်ရဲ့ စစ်ကိုင်းမှာရှိတဲ့ မျက်စိအထူးကုအဖွဲ့ပေါ့နော်။ နိုင်ငံခြားဆရာဝန်ကြီးတွေပါတယ် ။ အထူးကုဆရာဝန်ကြီးတွေ အငြိမ်းစားယူ သွားတဲ့ ဆရာဝန်ကြီး တွေပါတယ်" ဟု သူက ဆက်ပြောသည် ။ ယခုအခါ သီတဂူဆရာတော်ကိုယ်တိုင် နမ့်ခမ်းမြို့၌ ရောက်ရှိသီတင်းသုံးနေကာ သီတဂူဓမ္မပွဲသဘင် ကျင်းပလျှက်ရှိပြီး လာမည့် ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင်လည်း တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် ရွေလီမြို့များ၌ ဆရာတော်မှ မြန်မာများအား တရားဟောကြားမည် ဖြစ်ကြောင်း သိရသည် ။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
[mrsorcerer:35913] Fwd: [လူဗိုလ်ဟူသည် ...] ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ လုံခြုံရေး
From: Blogger <no-reply@blogger.com>
Date: 2012/11/15
Subject: [လူဗိုလ်ဟူသည် ...] ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ လုံခြုံရေး
To: lubo601@gmail.com
ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီးတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။
USS Geor
https://www.facebook.com/pages/USS-George-Washington-CVN-73/177732872397
USS John C. Stennis (CVN 74)
https://www.facebook.com/stennis74?ref=ts&fref=ts----- ----- ----- ----- -----
ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး
ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။
လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။
အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်း ပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦး ဆောင်ပါတယ်။
အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါ တယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော် တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာ ကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။
တည်ကြက် လေယာဉ်တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ် ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။
အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီး စဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အ တွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။
အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာ ကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံ မလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန် ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေး စုံ ထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်း ပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။ ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။
အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်း တော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသလားထင်ရတယ်လို့ မျက်မြင်သက် သေ တွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေး ခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။
နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့် မပေး နိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘား မား ကိုယ်ရံတော်ထောက်လှမ်းရေးအရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။
ဘာကြောင့်လဲလို့မေးတော့ " ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ" လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။
စိုင်းနေမင်း (တင်ပြသည်)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/15/2012 11:28:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:35913] Fwd: [လူဗိုလ်ဟူသည် ...] ထူးဆန်းထွေလာ ဆိုနီယာ
From: Blogger <no-reply@blogger.com>
Date: 2012/11/15
Subject: [လူဗိုလ်ဟူသည် ...] ထူးဆန်းထွေလာ ဆိုနီယာ
To: lubo601@gmail.com
by Spring Flowers on Monday, November 12, 2012 at 10:50pm
- ၁၉၄၆....အီတလီမြောက်ပိုင်းက လူစီယာနာ ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာ အန်တိုနီယာ ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို မွေးခဲ့တယ်။ အဖေလက်သမား ၊ အမေက ကလေးသုံးယောက်ကို ထိန်းကျောင်းတဲ့ သာမန်အိမ်ရှင်မပါ ။ အန်တိုနီယာဟာ အနီးအနားက ဘုရားကျောင်းတစ်ခုမှာ ပညာသင်ပြီး ကလေးဘ၀ကို သူလိုငါလိုဘဲ ဖြတ်သန်းခဲ့တယ် ။ အီတလီစစ်စစ်တွေက မွေးပြီး ကက်သလစ်ဘာသာဝင်မိသားစုထဲမှာ ကြီးပြင်းခဲ့တဲ့ အဲဒီသေးသေးကွေးကွေး ကလေးမလေးဟာ သူ့ရဲ့ အသက် ၂၀ ကျော်နောက်ပိုင်း ဘ၀တစ်ခုလုံးကို ဘာသာမတူ၊ လူမျိုးမတူ၊ ယဉ်ကျေးမှုမတူတဲ့ နေရာတစ်ခုက ထိတ်ထိတ်ကြဲ နိုင်ငံရေးမိသားစုတစ်စုထဲမှာ ဖြတ်သန်းသွားရလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာတဲ့လဲ ။ သူ့ကို မွေးခဲ့တဲ့ အီတလီနဲ့ သူအခုနေနေတဲ့ အိန္ဒိယဟာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဘာသာတရား ဘာများဆိုင်ပါသလဲ ။
နုစဉ်အခါက ခင်ပွန်း ရာဂျစ်ဂန္ဒီနဲ့အတူ
- အန်တိုနီယာ ဟာ အသက် ၁၈ နှစ်မှာ အင်္ဂလန်က တက္ကသိုလ်တွေ ၊ ကျောင်းတွေ ပေါလှတဲ့ Cambridge မြို့ကလေးမှာ အင်္ဂလိပ်စာသွားသင်သတဲ့ ။ ကျောင်းသူအဖြစ်နဲ့ အားလပ်ချိန်မှာ ဂရိစားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း သူ့ဖူးစာရှင် ရာဂျစ်ဂန္ဒီနဲ့ ဆုံဆည်းခဲ့တယ် ။ ဒါဟာ သူလိုငါလို ရိုးစင်းတဲ့ ဘ၀ကို ပိုင်ဆိုင်တဲ့ အီတာလျံမိန်းကလေး အန်တိုနီယာဘ၀ကနေ ရှုပ်ထွေးပွေလီပြီး သိရခက်တဲ့ အင်ဒီယာဂန္ဒီဘ၀ထဲ ၀င်ဖို့ အစလို့လည်း ပြောလို့ရတယ် ။ ရာဂျစ်ဂန္ဒီနဲ့ တွေ့ပြီး လေးနှစ်အကြာ ၁၉၆၈ မှာ အန်တိုနီယာဟာ ဆိုနီယာဂန္ဒီ ဆိုတဲ့နာမည်နဲ့ အိန္ဒိယရဲ့ ပါဝါအကြီးဆုံး နိုင်ငံရေးမိသားစုဖြစ်တဲ့ နေရူး-ဂန္ဒီမိသားစုထဲကို ချွေးမအနေနဲ့ ရောက်သွားပါတော့တယ် ။
အိန္ဒိယကို ရောက်စက ရာဂျစ်ဂန္ဒီနဲ့အတူ ။
- ဒီနေရာမှာ နေရူး-ဂန္ဒီမိသားစုအကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ဦးဆောင်ခဲ့သူ ဂျဝါဟလာ နေရူး ဆိုတာကို သိကြမှာပါ ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်ခေတ်တည်း၊ ခင်မင်ရင်းနှီးသူ ဖြစ်တယ် ။ နေရူးဟာ အကြမ်းမဖက်ရေးဝါဒကို ဦးဆောင်သူ မဟတ္တမဂန္ဒီရဲ့တပည့် ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုမှာ အခရာဖြစ်တဲ့ ကွန်ဂရက်စ်ပါတီကို ဦးဆောင်ခဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ ၁၈၈၅ မှာ တည်ထောင်ခဲ့တဲ့ Congress Party ဟာ လက်ရှိအာဏာရ ပါတီလည်း ဖြစ် ၊ အိန္ဒိယမှာ သက်တမ်းအရှည်ဆုံး ပါတီလည်း ဖြစ်ပါတယ် ။
(ဒီဓါတ်ပုံကို ၀ါးလုံးရှည် အတီး ဆီမှ ကူးယူပါသည် )
နေရူးနဲ့ သူ့ဆရာ မဟာ့တ္တမ ဂန္ဒီ ။ နေ့စွဲ ၁၉၄၆ ဂျူလိုင် ၆ ရက်နေ့ ။
- ဘိလပ်ပြန် ပညာတတ်ရှေ့နေကလေး နေရူးဟာ မဟတ္တမဂန္ဒီ ဦးဆောင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှုမှာ စွမ်းစွမ်းတမံပါဝင်ရင်း ကွန်းဂရက်စ်ပါတီရဲ့ ခေါင်းဆောင်ပိုင်းကို ရောက်လာခဲ့တယ် ။ အင်္ဂလိပ်တွေက ကွန်းဂရက်စ်ပါတီကို မတရားအသင်း ကြေငြာလိုက်တဲ့နောက် နေရူးဟာ ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်ပမာ ၀င်ထွက်ရင်း နိုင်ငံရေးကို တစိုက်မတ်မတ် ဆက်လုပ်ခဲ့တယ် ။ ထောင်ကျနေစဉ်အတွင်းမှာ သူဟာ သူ့ရဲ့ တစ်ဦးတည်းသောသမီး အင်ဒီရာနေရူး ကို ထောင်ထဲကနေ ရေးခဲ့တဲ့ စာတွေဟာကမ္ဘာကျော်ပါတယ် ။ အဲဒီစာတွေဟာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀၀ လောက်သမိုင်းက စပြီး သူထောင်ကျနေတဲ့ အချိန်ထိ ကမ္ဘာ့ သမိုင်းကြောင်းကို ရှင်းပြထားတာပါ ။ အင်ဒီရာရဲ့ အသက် ၁၃ မွေးနေ့အတွက် လက်ဆောင်အဖြစ် စရေးခဲ့ပြီး သမီးကို ကမ္ဘာ့သမိုင်းနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ် ။ '' လူတွေဟာ ဘာကြောင့် အခုလို ပြုမူနေထိုင်တယ်ဆိုတာ သိဖို့ ကမ္ဘာ့သမိုင်းကို သိမှ နားလည်လွယ်မယ် '' လို့ နေရူးက ဆိုပါတယ် ။
အစာငတ်ခံဆန္ဒပြနေတဲ့ မဟတ္တမ ဂန္ဒီကို သွားကြည့်တဲ့ ကလေးဘ၀က အင်ဒီရာ ဂန္ဒီ ( ထိုစဉ်က နာမည်က အင်ဒီရာ နေရူး )
နေရူးက သမီး အင်ဒီရာဆီကို ရေးတဲ့ အဲဒီစာတွေကို နေရူးရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအကြောင်း တစေ့တစောင်း Glimpses of World History ဆိုတဲ့ စာအုပ်မှာ ဖတ်နိုင်ပါတယ် ။
အဖေ ဂျဝါဟလာ နေရူးနဲ့ သမီး အင်ဒီရာ ဂန္ဒီ
- အင်ဒီရာနဲ့ ဖယ်ရို့ဇ်တို့ကနေ ရာဂျစ် ဂန္ဒီ နဲ့ ဆန်ဂျေ ဂန္ဒီ ဆိုပြီး သားနှစ်ယောက်ထွန်းကားခဲ့တယ် ။ သားတွေအရွယ်ကောင်းကောင်းမရောက်ခင် အဖေလုပ်သူ ဖယ်ရို့ဇ်ဟာ နှလုံးရောဂါဖောက်ပြီး ဆုံးပါသွားခဲ့တယ် ။ မဆုံးခင်မှာ သူနဲ့ အင်ဒီရာတို့ရဲ့ အိမ်ထောင်ရေးဟာ ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ပြီ ။ အကြောင်းကတော့ ဖယ်ရို့ဇ်ကိုယ်တိုင်ဟာလည်း ဂျာနယ်လစ်တစ်ယောက် ဖြစ်ပြီး အိန္ဒိယသတင်းစာနှစ်စောင်ကို ထုတ်ဝေသူ အရေးပါ အရာရောက်ခဲ့သူ နိုင်ငံရေးသမားတစ်ယောက်ပါ ။
-
အင်ဒီရာ နဲ့ ဖယ်ရို့ဇ် ဂန္ဒီတို့ လက်ထပ်ပွဲ
ဂျဝါဟလာနေရူးနဲ့ သမီး အင်ဒီရာ ဂန်ဒီ ( နှစ်ဦးလုံး အိန္ဒိယ၇ဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့တယ် )
အဖေနဲ့ သမီး ( ၀ဲ-ယာ အမေရိကန်သမ္မတ ကနေဒီတို့ စုံတွဲ )
- အီတလီသူကလေး ဆိုနီယာဟာ ရာဂျစ်ဂန္ဒီနဲ့ အိမ်ထောင်ကျပြီးနောက် အဲလို နိုင်ငံရေး အရှိန်အ၀ါကြီးတဲ့ နေရူး-ဂန္ဒီ မိသားစုကြီးထဲကို ၀န်ကြီးချုပ် အင်ဒီရာရဲ့ ချွေးမအဖြစ် ရောက်လာခဲ့တယ် ။ ဒါပေမယ့် သူတို့လင်မယားဟာ အစပိုင်းမှာ နိုင်ငံရေးနဲ မပတ်သက်ခဲ့ပါဘူး ။ ဆိုနီယာဟာ ယောက္ခမ၀န်ကြီးချုပ်အပါအ၀င် သူတို့အားလုံးပေါင်းနေတဲ့ အိမ်ကြီးကို တတပ်တအား စီမံခန့်ခွဲပြီး အိမ်ရှင်မတစ်ယောက် ၊ မိခင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ် ။ တစ်ပြည်တစ်ရွာမှာ ခင်ပွန်း ရာဂျစ် ဂန္ဒီရဲ့ မျက်နှာဟာ သူ့အတွက် ကမ္ဘာဖြစ်ပြီး ကလေးတွေဟာ သူ့ရဲ့ ဘ၀ ဆိုရင် မမှားပါဘူး ။
- ယောက္ခမလုပ်သူ အင်ဒီရာ ဂန္ဒီက အစကတော့ ဘာသာမတူ၊ လူမျိုးမတူလို့ သူ့သားမင်္ဂလာဖက်ကို သဘောမတွေ့ခဲ့ဘူးလို့ ဆိုတယ် ။ ဒါပေမယ့် တကယ်တမ်း ယူလာတော့လည်း တပြည်သူ ဆိုနီယာကို ကောင်းကောင်းဆက်ဆံခဲ့သတဲ့ ။ '' ဘာမှ အားမငယ်နဲ့ သမီး ။ ဒီကလူတွေအားလုံး မင်းကို ချစ်ကြတယ် '' ဆိုတဲ့ ယောက္ခမရဲ့ စကားဟာ သူ့ကို တအားဖြစ်စေခဲ့တယ်လို့ ဆိုနီယာက ဟိုးအရင် ရှားရှားပါးပါး ပေးခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုမှာ ဆိုတယ် ။


- စကားက အစမတူတဲ့ နေရာတစ်ခုမှာ ဆိုနီယာဟာ အီတလီသူပီပီ အီတာလျံအစားအသောက်တွေချက် ၊ ဆာရီဝတ်ပြီး ကလေးထိန်း အိမ်ရှင်မလုပ်ရင်း အိမ်ထောင်သက် ဆယ်နှစ်ကျော်လောက် ခပ်အေးအေးနေနိုင်ခဲ့တယ် ။ ရာဂျစ် ဂန္ဒီကလည်း အဲဒီအချိန်က နိုင်ငံရေးထဲ ပါလေ့မရှိဘဲ အိန္ဒိယ လေကြောင်းမှာ လေယာဉ်မှုးလုပ်နေခဲ့တယ်လေ ။ ဒီတော့ ဆိုနီယာဟာ တခါတလေ ယောက္ခမရဲ့ မဲဆွယ်ပွဲခရီးစဉ်တွေမှာ အဖော်လိုက်တာကလွဲလို့ နိုင်ငံရေးထဲ ၀င်မပါခဲ့ ။ အင်ဒီယာဂန္ဒီက နိုင်ငံရေးအတွက် မျှော်လင့်ချက်ထား အားကိုးသူက သားကြီး ရာဂျစ် မဟုတ်ဘဲ သားငယ်ဖြစ်တဲ့ ဆန်ဂျေ ဂန္ဒီပါတဲ့ ။
အင်ဒီရာရဲ့ သားငယ် ဆန်ဂျေ Sanjay Gandhi
သားနှစ်ယောက်နဲ့ အမေ
- အင်ဒီရာဟာ ၀န်ကြီးချုပ်ဖြစ်စဉ်အတွင်းမှာ သူ့အဖေနေရူးရဲ့ လမ်းစဉ်အတိုင်း ဒီမိုကရေစီဖော်ဆောင်ရေးကို လုပ်ခဲ့တယ် ။ လူထုထောက်ခံမှုကိုလည်း များစွာရခဲ့ပါရဲ့ ။ ဒါပေမယ့် တစ်ကြိမ်မှာတော့ သူဟာ အာဏာရှင်အဖြစ်သမိုင်းတွင်မယ့် လုပ်ရပ်တစ်ခုကို လုပ်ခဲ့တယ် ။ အဲဒါကတော့ ၁၉၇၁ ရွေးကောက်ပွဲမှာ သူဟာ မဲခိုးပြီး နိုင်တာဖြစ်တယ်လို့ အတိုက်အခံတွေက စွပ်စွဲရာက စတာပါဘဲ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံဘက်က အင်ဒီရာ ကို ၁၉၇၅ မှာ တရားစွဲခဲ့တယ် ။ တရားရုံးက စစ်ဆေးပြီးနောက် မှန်တယ်လို့ အတည်ပြုလိုက်ပြီး အင်ဒီရာရဲ့ ရွေးကောက်ပွဲ ရလာဘ်ကို ပယ်ဖျက်လိုက်ပါတယ် ။ နောက်ထပ် ၆ နှစ် ရွေးကောက်ပွဲ မ၀င်ဖို့လည်း တားမြစ်ခဲ့တယ် ။ ( သူများနိုင်ငံများ အဲဒီလို တရားရေးမဏ္ဍိုင် ရှိသကိုး )
ယခု မာနက်ကာ ဂန္ဒီ
- အသက် ၃၃ နှစ်နဲ့ ဆန်ဂျေသေတော့ သူ့မိန်းမ မာနက်ကာ ဂန္ဒီဟာ သားဦးလေးကို မွေးပြီး ရက်တစ်ရာလောက်ဘဲ ရှိသေးတယ် ။ ဒီရင်ကျိုးရတဲ့ အဖြစ်ဟာ မိခင် အင်ဒီရာ ဂန္ဒီကို အရှိုက်က ထိုးလိုက်သလို အားပြတ်လဲမတတ် ဖြစ်စေခဲ့တယ် ။ သားငယ်ဆုံးတဲ့နောက် သားကြီး ရာဂျစ်ဂန္ဒီနဲ့ ဆိုနီယာတို့ရဲ့ နိုင်ငံရေးနဲ့ တိုက်ရိုက်မပတ်သက်သေးတဲ့ ဘ၀ဟာလည်း မဖြစ်မနေ ပတ်သက်ဖို့ဖြစ်လာပါတော့တယ် ။ ၁၉၈၂ မှာ ရာဂျစ်ဂန္ဒီဟာ သေသူညီအစား အမေရဲ့ အတိုင်ပင်ခံ အကြံပေးဖြစ်လာဖို့ နိုင်ငံရေးထဲ ၀င်ခဲ့ပါတော့တယ် ။ အခြေအနေက သူတို့ကို ပွေလီရှုပ်ထွေးတဲ့ အိန္ဒိယနိုင်ငံရေးထဲကို တွန်းပို့လိုက်ပါပြီ ။ နေရူး-ဂန္ဒီမိသားစုကြီးထဲမှာ ရာဂျစ်ဂန္ဒီဟာ လက်ရှိအခြေအနေအရ တစ်ဦးတည်းသော နိုင်ငံရေးအမွေဆက်ခံသူ မဟုတ်လား ။
-
မာနက်ကာနဲ့ ဆန်ဂျေတို့ရဲ့သားကလည်း အခု ကွန်းဂရက်စ်ပါတီရဲ့ အတိုက်အခံ ပါတီဖြစ်တဲ့ BJP ပါတီမှာ အရေးပါသူနိုင်ငံရေးသမားဖြစ်လာသည် 
- ဒီလိုနဲ့ ရာဂျစ် ဂန္ဒီဟာ ဆန်ဂျေရဲ့ မဲဆန္ဒနယ်ကနေ ၀င်ပြိုင်ပြီး နိုင်ငံရေးထဲရောက်လာပါတယ်။ အင်ဒီရာဟာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသား ရာဂျစ်ကို အားကိုးယုံကြည်လာပြီး ၀န်ကြီးချုပ်ဖြစ်ဖို့ မြေတောင်မြှောက်ပေးခဲ့တယ် ။ ဆန်ဂျေဦးဆောင်ခဲ့တဲ့ ( ကွန်းဂရက်စ်ပါတီကြီးရဲ့ ) လူငယ်အဖွဲ့မှာ ရာဂျစ်ဟာ ဥက္ကဌဖြစ်လာခဲ့တယ် ။ ဒီလိုနဲ့ ဆိုနီယာနဲ့ ရာဂျစ်ဂန္ဒီတို့ အိမ်ထောင်ရေးဟာ အဖုအထစ်ကလေးတွေ ရှိလာခဲ့တယ် လို့ သတင်းတွေ ပေါ်ထွက်လာခဲ့တယ် ။ အရင်က နိုင်ငံရေးကို စိတ်မ၀င်စားခဲ့တဲ့ လင်ယောက်ျား၊ လူမမယ် သားသမီး ၂ ယောက်ရဲ့ ဖခင် နိုင်ငံရေးထဲကို ခြေပစ်လက်ပစ်ဝင်သွားရတော့ ဒါတွေဟာ မဖြစ်မနေ ပေါ်လာတတ်တဲ့ မိသားစု ပြသာနာတွေဘဲ မဟုတ်လား ။ ဒါပေမယ့် သူတို့ဘ၀ဟာ အခုမှ လှုပ်ခါရှုပ်ထွေးဖို့ အစဘဲရှိပါသေးတယ် ။


- ၁၉၈၄ မှာ ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီဟာ သူ့လူယုံ ကိုယ်ရံတော် နှစ်ယောက်ရဲ့ လုပ်ကြံတာခံလိုက်ရပါတယ် ။ အိန္ဒိယရဲ့ လူမျိုးရေး အကွဲအပြဲတစ်ခုဖြစ်တဲ့ ဆစ်ခ်အကြမ်းဖက်ခွဲထွက်ရေးသမားတွေကို နှိမ်နင်းဖို့ အတွက် အင်ဒီရာက စစ်တပ်ကို သုံးခဲ့လို့ လူပေါင်းများစွာ သေခဲ့တယ် ။ ဒါကို မကျေနပ်တဲ့ ဆစ်ခ်လူမျိုး လူယုံတွေက လက်စားချေခဲ့တာပါ ( အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရစေတဲ့ ကြယ်ပြာစစ်ဆင်ရေး Operation Blue Star အကြောင်းရေးထားတဲ့ '' လက်စားဆိုတာ အချေမတတ်ရင် '' ကို ဒီမှာ ဖတ်ပါ )
- အင်ဒီရာ ဂန္ဒီသေဆုံးရခြင်းဟာ ဆိုနီယာတို့ မိသားစုတင်မက အိန္ဒိယ တစ်နိုင်ငံလုံးအတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဖြစ်သလို နိုင်ငံရေး မတည်ငြိမ်မှုတွေဆက်တိုက်ဖြစ်လာခဲ့တယ်။ အင်ဒီရာကို ရန်ငြိုးနဲ့ သတ်တာက ဆစ်ခ် လူမျိုး ဘော်ဒီဂတ်တွေမို့ အင်ဒီရာ သေပြီး နောက်သုံးလေးရက်အတွင်းမှာ ဟိန္ဒူတွေဟာ ဆစ်ခ် တွေကို လက်စားချေပြန်သတ်ခဲ့တယ်။ အဲဒီလူသတ်ပွဲမှာ ဆစ် ခ် ၃၀၀၀ လောက် သေရပြီး ၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ရတယ် ။ အမေလုပ်ကြံခံရတော့ နိုင်ငံခြားကို ခဏရောက်နေတဲ့ ရာဂျစ် ဂန္ဒီဟာ အမောတကော ပြန်ရောက်ချလာပြီး ရက်ချင်းဘဲ ၀န်ကြီးချုပ်အဖြစ်ကြမ်းကြိမ်ပါတယ် ။ ဒါပေမယ့် အမေကို ရုတ်တရက်ဆုံးရှုံးလိုက်ရသူ ၀န်ကြီးချုပ်အသစ်စက်စက်ဟာ အခြေအနေကို ထိန်းဖို့နေနေသာသာ သူ့ဟာသူတောင် ဆောက်တည်ရာရပုံ မပေါ် ။ သုံးလေးရက်အတွင်းမှာ ဆက်တိုက်အသတ်ခံနေရတဲ့ ဆစ်ခ် တွေကို လျစ်လျူရှုတယ်ဆိုပြီး ဝေဖန်ခြင်း အကြီးအကျယ် ခံရပါတယ် ။ သို့ပေမယ့် သူက အမေသေတဲ့ လအတွင်းလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဆိုဖြစ်အောင် ဆိုလိုက်ပါသေးတယ် ....'' သစ်ပင်ကြီးတစ်ပင်လဲရင် အောက်က မြေသား တုန်ခါသွားတာ အဆန်းမှ မဟုတ်တာ '' တဲ့ ။

- အိန္ဒိယနိုင်ငံကြီးကို သိမ့်သိမ့်တုန် ရိုက်ခတ်ခဲ့တဲ့ အင်ဒီရာဂန္ဒီသေဆုံးခြင်းဟာ ဆိုနီယာကိုလည်း အတော်ရိုက်ခတ်ခဲ့ပါတယ် ။ အကြောင်းကတော့ လုပ်ကြံမှုမှာ ဆိုနီယာပါဝင်ပတ်သက်တယ် ဆိုပြီး သတင်းထွက်လာလို့ပါဘဲ ။ လုပ်ကြံသူတွေ ပစ်တဲ့ သေနတ်ဒဏ်ရာနဲ့ မျောနေတဲ့ ယောက္ခမကို ဆေးရုံခေါ်သွားခဲ့တာ ဆိုနီယာပါ ၊ အဲဒီလို ခေါ်သွားရာမှာ အိမ်နဲ့ နီးတဲ့ ဆေးရုံကို မခေါ်ဘဲ နည်းနည်းဝေးတဲ့ ဆေးရုံကို ခေါ်သွားလို့ မသင်္ကာသူစာရင်းထဲ ပါသွားခဲ့သတဲ့ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ပေမယ့်အထောက်အထား မခိုင်လုံလို့ ဘာမှတော့ မဖြစ်ခဲ့ပါ ။ သူက အင်တာဗျူးတစ်ခုမှာ ဆိုတယ် ......... '' ကျမတို့အားလုံး ဒီလို ကိစ္စအတွက် စိတ်ထဲမှာ ပြင်ဆင်ထားပြီးသားပါ ၊ ကျမယောက္ခမဟာ ကြယ်ပြာစစ်ဆင်ရေး အပြီးမှာ မကြာမတင် အသတ်ခံရတော့မယ်ဆိုတာ ကြိုသိနေတယ် ၊ ကျမတို့အားလုံးကို ခေါ်ပြီး သူသာ အသတ်ခံရရင် ဘာတွေ ဆက်လုပ်သင့်တယ်ဆိုတာ ညွှန်ကြားချက်တွေ ပေးခဲ့ပါတယ် '' လို့ ဆိုတယ် ။
အင်ဒီရာဂန္ဒီရဲ့ နောက်ဆုံးခရီး
- ရာဂျစ်ဂန္ဒီဟာ သူ့အမေလက်ထက်မှာ ရောတိရော့ရဲ ဖြစ်လာခဲ့တဲ့ ကွန်ဂရက်စ်ပါတီကို ၁၉၈၄ မှာ သူဝန်ကြီးချုပ်ဖြစ်တော့ ပြန်လည်စုစည်းနိုင်ခဲ့တယ် ။ အိန္ဒိယရဲ့ စီးပွားရေးကို တိုးတက်အောင် အတိုင်းအတာတစ်ခုထိ လုပ်နိုင်ခဲ့တယ် ။ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ထက် ပိုလုပ်ပြီး ပညာရေး နဲ့ အိုင်တီဘက်မှာ မြှင့်တင်မှုတွေ လုပ်နိုင်ခဲ့တယ် ။

ရာဂျစ်ဂန္ဒီကို သိက္ခာကျစေခဲ့တဲ့ အမှုကို Bofors Scandal လို့ခေါ်တယ် ။ လက်နက်ကုမ္ပဏီ Bofor ကုမ္ပဏီရဲ့ လာဘ်ပေးမှုကို အစွဲပြုခေါ်တာပါ ။
- ဒီအမှုကို စစ်ဆေးနေစဉ် ၁၉၉၁ မှာဘဲ ရာဂျစ်ဂန္ဒီဟာ သီရိလင်္ကာက တမီးလ်သူပုန်တွေ လုပ်ကြံလို့ သေရပြန်ပါတယ် ။ နောက်ရွေးကောက်ပွဲအတွက် ပြည်နယ်တစ်ခုမှာ မဲဆွယ်နေတဲ့သူ့ကို တမီးလ်သူပုန်မိန်းကလေးတစ်ယောက်က အသေခံဗုန်းခွဲသတ်ခဲ့တာပါ ။ အကြောင်းကတော့ ရာဂျစ်ဂန္ဒီဟာ သီရီလင်္ကာအစိုးရနဲ့ တမီးလ်သူပုန်တွေကြားမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ မျှော်လင့်ပြီး အိန္ဒိယ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေကို သီရိလင်္ကာကို ပို့ခဲ့တယ် ။ ငြိမ်းချမ်းရေးတပ်ရဲ့ ရည်ရွယ်ချက်က တမီးလ်းသူပုန်ရယ်မှမဟုတ်ဘဲ သီရိလင်္ကာထဲက ရှိသမျှအကြမ်းဖက်တပ်ဖွဲ့တွေကို သီရိလင်္ကာအစိုးရစစ်တပ်နဲ့ ပေါင်းပြီး လက်နက်ဖြုတ်ဖို့ပါ ။ အစပိုင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေထဲ ပါဖို့ အစီအစဉ်မရှိပေမယ့် တမီးလ်တွေက လုံးဝ လက်နက်မချတာကြောင့် မကြာခင်မှာဘဲ ငြိမ်းချမ်းရေးတပ်နဲ့ တမီးလ်တွေကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပါတော့တယ် ။ နှစ်ဖက်လုံး အသေအပျောက်များလှတဲ့ အဲဒီတိုက်ပွဲတွေရဲ့ ရလာဘ်တစ်ခုကတော့ ၁၉၉၁ မှာ ရာဂျစ်ဂန္ဒီ လုပ်ကြံခံလိုက်ရတာပါဘဲ ။ ( အဲဒီတမီးလ်သူပုန်တွေကို ၂၀၀၉ ကျမှ သီရိလင်္ကာစစ်တပ်က အနိုင်တိုက်လိုက်နိုင်တာပါ ။ ရာဂျစ်ဂန္ဒီ သေတဲ့ အချိန်မှာ ပွဲကြမ်းလို့ ကောင်းတုန်းရှိသေး ။)





- ရာဂျစ်ဂန္ဒီ လုပ်ကြံခံရတော့ ကွန်းဂရက်စ်ပါတီက ဆိုနီယာကို ပါတီခေါင်းဆောင်လုပ်ဖို့ တိုက်တွန်းပါတယ် ။ ဒါပေမယ့် ယောက္ခမရော ၊ ယောက်ျားပါ ပိုးစိုးပက်စက်သေတာကို မြင်ခဲ့ရပြီးနောက်တော့ ဆိုနီယာဟာ နိုင်ငံရေးကို စိတ်ကုန်သွားသလားမသိ ( မကုန်ဘဲ ခံနိုင်စရာလားနော် ) ရာထူးကို အပြတ် ငြင်းခဲ့တယ် ။ သူ့ကလေးတွေရဲ့ လုံခြုံရေးကိုလည်း ထည့်စဉ်စားရဦးမယ်လေ ။ ဒီလိုနဲ့ သူဟာ ခင်ပွန်းသေပြီး ( ၇ ) နှစ်လောက် နိုင်ငံရေးကို လုံးဝ ကျောခိုင်းခဲ့တယ် ။ ဒီကြားထဲမှာတော့ ကွန်ဂရက်စ်ပါတီဟာ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပါပြီ ။ အသစ်တက်လာတဲ့ ၀န်ကြီးချုပ်တွေဟာ ကွန်းဂရက်စ်ပါတီကို မစုစည်းထားနိုင်ဘဲ ပါတီတွင်းတိုက်ပွဲတွေ ပြင်းထန်လာခဲ့တယ် ၊ ပါတီဘဏ္ဍာတွေ တစတစ လျော့ပါးလာခဲ့တယ် ။ အရေးပါတဲ့ ပါတီခေါင်းဆောင်တချို့ နှုတ်ထွက်ကုန်ပြီး ၁၉၉၆ ရွေးကောက်ပွဲမှာ ကွန်းဂရက်စ်ပါတီ ရှုံးတဲ့အထိ ဖြစ်လာခဲ့တယ် ။ မျက်စိရှေ့မှာ အစိတ်စိတ်အမွှာမွှာဖြစ်လာနေတဲ့ ကွန်ဂရက်စ်ပါတီကြီးကို ကယ်တင်ဖို့ ၁၉၉၇ မှာ ဆိုနီယာဟာာ ပါတီဝင်ဖြစ်လာပြီး ထောက်ခံမှုအပြတ်ရတာကြောင့် နှစ်လအတွင်းမှာ ပါတီခေါင်းဆောင် ဖြစ်လာခဲ့ပါတယ် ။
- ဒါပေမယ့် သူမရဲ့ နိုင်ငံခြားဇစ်မြစ်ကြောင့် ၀န်ကြီးချုပ်ရာထူးကို တက်လှမ်းရာမှာ အမျိုးမျိုးသော အတိုက်အခိုက်တွေက စောင့်ကြိုနေပါတယ် ။ ၁၉၉၉ မှာ ပါတီတွင်းခေါင်းဆောင် သုံးယောက်က နိုင်ငံခြားသွေးပါတဲ့ သူမကို ၀န်ကြီးချုပ်ရာထူးနဲ့ မထိုက်တန်ဘူး လို့ ကန့်ကွက်တဲ့အတွက် သူမက ပါတီခေါင်းဆောင်အဖြစ်က နှုတ်ထွက်ပေးမယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် ဒီလိုဆိုလိုက်တာဟာ သူမကို ထောက်ခံသူသာ ပိုများသွားစေခဲ့ပြီး အဲဒီပါတီဝင် သုံးယောက်လုံးကို ပါတီက ထုတ်ခြင်းခံလိုက်ရတယ် ၊ ဒီတော့ အထုတ်ခံလိုက်ရသူတွေဟာ Nationalist Congress Party ဆိုတဲ့ အတိုက်အခံပါတီတစ်ခုကို ထောင်သွားခဲ့ကြတယ် ။
-
မဲဆွယ်ပွဲတစ်ခုမှာ
- ၂၀၀၄ ရွေးကောက်ပွဲမှာ ဆိုနီယာဟာ အပြင်းအထန်မဲဆွယ်မှုတွေကို လုပ်ခဲ့ပြီး မဲအပြတ်အသတ်နဲ့ နိုင်ခဲ့လို ၀န်ကြီးချုပ်ရာထူးကို ယူမယ်ဆိုရင် ရတဲ့အနေအထားကို ရောက်လာခဲ့တယ် ။ ဒါပေမယ့် အတိုက်အခံ ပါတီဘက်က ထုံးစံအတိုင်း အကြီးအကျယ် ကန့်ကွက်မှု တွေ လုပ်ခဲ့တယ် ။ '' ၀န်ကြီးချုပ် ဖြစ်ရဲ ဖြစ်ကြည့် ၊ မင်းကို ကတုံးတုန်းပစ်ပြီး မြေကြီးပေါ် အိပ်ခိုင်းပစ်မယ် '' လို့ အတိုက်အခံ ပါတီခေါင်းဆောင်တစ်ယောက်က ခြိမ်းခြောက်သတဲ့။ ဒါက ခြိမ်းခြောက်မှုများထဲက တစ်ခုသာ ရှိပါသေးတယ် ။ နောက်တစ်ခုကတော့ သူဟာ အိမ်ထောင်ကျကတည်းက သူ့မွေးရပ်မြေ အီတလီကို စွန့်ပြီး အိန္ဒိယမှာ အခြေချခဲ့သူဖြစ်ပေမယ့် သူ့ရဲ့ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းဒွိဟာဟာလည်း အတိုက်အခံအတွက် အမြဲတမ်းအသုံးချကန့်ကွက်စရာ ဖြစ်နေခဲ့တယ် ။ ၁၉၅၅ ခုနှစ်မှာပြဌာန်းခဲ့တဲ့ အိန္ဒိယရဲ့ နိုင်ငံသားဥပဒေအရ သူမဟာ ၀န်ကြီးချုပ်ရာထူးကို ယူလို့ မရဘူးလို့ဆိုပြီး အတိုက်အခံဘက်က တရားရုံးထိ တက်ပြီး ကန့်ကွက်ခဲ့တယ် ။ တရားရုံးချုပ်က စစ်ဆေးမှုတွေ လုပ်ပြီး အဲဒီကန့်ကွက်ချက်ကို ပယ်ချလိုက်ပေမယ့် ဆိုနီယာကတော့ ဆုံးဖြတ်ချက်ကို ချပြီးသွားခဲ့ပါပြီ ။

- ဒီအတိုချုံးကို ဖတ်ကြည့်ပြီး ဆိုနီယာရဲ့ ဘ၀ဟာ ဆန့်ကျင်ဖက် ဒွိဟတွေနဲ့ အပြည့်နဲ့ဆိုတာ စာဖတ်သူ ရိပ်မိလောက်ပါပြီ ။ သူဟာ နိုင်ငံခေါင်းဆောင် အဖြစ် ၀က်ဝက်ကွဲထောက်ခံမှုရသလို အစိတ်စိတ်အမွှာမွှာကွဲစပြုနေတဲ့ ကွန်းဂရက်စ်ပါတီကို ပြန်လည်စည်းရုံးတည်ထောင်ပေးနိုင်ခဲ့တယ် ။ တဖက်ကလည်း လျို့လျို့ဝှက်ဝှက်နေတတ်သူ ၊ နိုင်ငံခေါင်းဆောင် ဖြစ်ပေမယ့် ပွင့်လင်းမြင်သာမှုမရှိသူအဖြစ် အင်မတန် ဝေဖန်ခံရသူပါ ။ ဥပမာပြောရရင် ၂၀၁၀ မှာ သူဟာ ကင်ဆာရောဂါကိုကုဖို့ ဆိုပြီး နယူးယောက်ကို သွားပေမယ့် ဘယ်ဆေးရုံမှာ ခွဲစိတ်မယ်ဆိုတာကို ယနေ့ထိ ပြောကြားခြင်းမရှိပါဘူး ။ ဒါဟာ ဒီမိုကရေစီနိုင်ငံအိန္ဒိယရဲ့ လွတ်လပ်တဲ့ မီဒီယာမှာ အတော် ငြင်းခုန်စရာကိစ္စတစ်ခုဖြစ်ခဲ့တယ် ။ ပြည်သူ့အခွန်ငွေနဲ့ ဆေးကုတာကို ပြည်သူကို အသိမပေးဘူး ၊ ကိုယ့်ကိုထောက်ခံတဲ့ ပြည်သူကို လေးစားမှုမရှိဘူး စသည်ဖြင့် ပွက်လောရိုက်ခဲ့တယ် ။ အင်တာဗျူးတွေလည်း ပေးလေ့မရှိဘဲ သူနဲ့တွေ့ခွင့်ရဖို့ အတော်ခက်တယ်လို့လည်း နာမည်ကြီးပါတယ် ။
- ဖိလစ်ပိုင်အာဏာရှင် ဖယ်ဒီနန်မားကို့စ်နဲ့ အီမဲဒါးလ်မားကို့စ်ကို မှတ်မိကြမယ် ထင်ပါတယ် ။ မဖတ်ရသေးရင် ဒီနေရာကို နှိပ်ပါ > ၁၉၉၁ မှာ ဆွစ်ဇာလန် မဂဇင်းတစ်စောင်မှာ ပါတဲ့ ဆောင်းပါးတစ်ပုဒ်အရ သက်ဆိုင်ရာက အီမဲဒါးအပါအ၀င် ဆင်းရဲတဲ့နိုင်ငံ ၁၄ ခုရဲ့ ခေါင်းဆောင်များ ဆွစ်စ်ဇာလန်ဘဏ်စာရင်းကို စစ်ပါသတဲ့ ။ ရည်ရွယ်ချက်ကတော့ အီမဲဒါးတို့ရဲ့ ငွေမဲတွေကို ဖမ်းဖို့ လုပ်တာပါ ။ အဲဒီမှာ ယုံထောင်ကြောင်မိဆိုသလို ရာဂျစ်ဂန္ဒီရဲ့ ဘဏ်စရင်းထဲမှာ အမေရိကန်ဒေါ်လာ သန်း ၂၂၀၀ နဲ့ ညီတဲ့ ဆွစ်ဇာလန်ငွေတွေကို တွေ့တယ်လို့ ဆိုပါတယ် ။ ကွန်းဂရက်စ်ပါတီရဲ့ အတိုက်အခံတွေဟာ ဒီနေ့ထိ အဲဒီကိစ္စကို ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေကြဆဲ ။ အရေးယူဖော်ထုတ်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားကြဆဲ ။ ကွန်းဂရက်စ်ပါတီကလည်း လုံးဝငြင်းဆန်ကြဆဲပါ ။
သား Rahul Gandhi နဲ့ သမီး Priyanka Vadra
- ဘာဘဲဖြစ်ဖြစ် ဆိုနီယာဟာ အတိုက်အခံ ရန်သူများစွာကြားထဲကဘဲ ကမ္ဘာ့ထိပ်တန်းပါဝါအရှိဆုံး အမျိုးသမီးများထဲမှာ ပါဝင်နေဆဲပါ ။ အခုထိလည်း ၀န်ကြီးချုပ်မဟုတ်ပေမယ့် အာဏာရကွန်းဂရက်စ်ပါတီမှာ ၀န်ကြီးချုပ်ထက် ပိုပြီး အာဏာရှိသူလို့ အားလုံးက လက်ခံထားရသူပါဘဲ ။ သူ့သား ရဟူးဂန္ဒီဟာလွှတ်တော် အမတ်တစ်ယောက်ဖြစ်ပြီး ကွန်းဂရက်စ်ပါတီမှာ လက်ရှိ အထွေထွေအတွင်းရေးမှုးဖြစ်ပါတယ် ။ အပြောင်းအလဲကို လိုလားသူ လူငယ်တွေ ကြားမှာ အရမ်းပေါ်ပြူလာဖြစ်သူတစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်ကာလမှာ ၀န်ကြီးချုပ်ဖြစ်လာမယ်ဆိုပြီးတော့ ခန့်မှန်းထားကြသူတစ်ယောက်လည်း ဖြစ်တယ် ။ သူရော သူ့ညီမ ပရီယန်ကာပါ ငယ်ငယ်ကတည်းက လုံခြုံရေးအရ အိမ်မှာဘဲ စာသင်ခဲ့ကြရတယ် ။ ရဟူးက နောက်ပိုင်းမှာ Cambridge တက္ကသိုလ် သွားတက်တော့ လုံခြုံရေးအရ နာမည်တုယူပြီး သင်ရသတဲ့ ။ သူ့ Identity အစစ်ကို တက္ကသိုလ် ဆိုင်ရာ officials တွေနဲ့ သူ့လုံခြုံရေးကို တာဝန်ယူရသူတွေကလွဲလို့ ဘယ်သူမှာ မသိဘူး ဆိုပါတယ် ။
�
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/16/2012 02:37:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

.jpg)





