[New post] ကာတွန်းကူမိုးကြိုး – အိုဘားမား ကယ်ပါ

admin posted: " ကာတွန်းကူမိုးကြိုး - အိုဘားမား ကယ်ပါ  နိုဝင်ဘာ ၁၈၊ ၂၀၁၂ "

[New post] မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ပဲခူးက ငချဉ်)

admin posted: " မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ပဲခူးက ငချဉ်) နိုဝင်ဘာ ၁၈၊ ၂၀၁၂ ပဲခူးက ငါးချဉ် အဲဒီေ"

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သို့ ဦးသိန်းစိန် နိုင်ငံတော်သမ္မတကြီး နေပြည်တော်

Posted: 17 Nov 2012 12:50 AM PST

ရက်စွဲ ၅၊ ၁၀၊ ၂၀၁၂

ရိုသေလေးစားအပ်တဲ့ သမ္မတကြီးခင်ဗျား-
          သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည် ပြည်သူတို့ အပ်နှင်းထားတဲ့ အာဏာ ကို အလွဲသုံးစား ပြုလျှက် ပြည်သူ့အကျိုး၊ ပြည်နယ်အကျိုးကို မသယ်ပိုးနိုင်ဘဲ၊ သူ့အကျိုးစီး ပွားအတွက်ကိုသာ ဦးစားပေးဆောင်ရွက်နေပါတယ်၊ သူ့ရဲ့ မတရားလုပ်ရပ် အချို့ကို တင်ပြအပ်ပါတယ်။
          (က) တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန် သံရည်ကျိုစက်ရုံကို အကြွေးဆပ်ရန် အတွက်ဟု ဆိုကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုင်ပင်ခြင်းမရှိဘဲ၊ (ရှယ်ယာရှင်များ အပါအ၀င်) သူ့သဘောနဲ့ သူ ကုမဏီတစ်ခု ကို လက်သိပ်ထိုးပြီး ရောင်းချခဲ့ပါတယ်၊ ကာလ ပေါက်ဈေး ကျပ်သိန်းပေါင်း(၆၀၀၀၀)ခန့်တန်တဲ့ သံရည်ကျိုစက်ရုံကို ကျပ်သိန်းပေါင်း (၃၀၀၀၀) နဲ့  ရောင်းချပေးခဲ့ပါတယ်၊၊ (၃)နှစ်အရစ်ကျနဲ့ ဖြစ်ပါတယ်၊၊ နိုင်ငံတော်ပိုင် ပစ္စည်း၊ အများပိုင် ပစ္စည်း၊ လေလံ၊ တင်ဒါစနစ်ဖြင့် ရောင်းချရမည့်အစား လက်သိပ်ထိုးရောင်းချ လိုက်ခြင်းဟာ သူ့ရဲ့ မရိုးသားမှုကို ပေါ်လွင်လျှက်ရှိပါတယ်။ စက်မှုဇုန်တာဝန်ခံနှင့် စက်မှု ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ တစ်ယောက်မျှ မသိခဲ့ရပါ။ အစုရှယ်ယာရှင်များလည်း မသိခဲ့ရပါ။ သံရည်ကြိုစက်ရုံ(၃)ရုံ နှင့် မြေ ဧက (၅၇) ဧကပါဝင်သည်။ ၄င်းသံရည်ကျိုစက် ရုံနှင့်မြေ ဧက (၅၇) ဧက အပါအ၀င်ရောင်းချရာတွင်
          (၁) သတင်းစာတွင် လေလံကြော်ငြာခြင်း မပြုဘဲ ရောင်းချခြင်း။
          (၂) အများပိုင်ပြည်သူပိုင်စက်ရုံဖြစ်ပြီး၊ အများပြည်သူ၏ ဆန္ဒသဘောထား ရယူခြင်း မရှိဘဲ ရောင်းချခြင်း။
          (၃) အများပိုင် ပစ္စည်းကို အကြွေးစနစ်ဖြင့် သုံးနှစ်အရစ်ကျပေးချေစေခြင်း။
          (၄) ရှယ်ယာရှင်များအား မည် ၍မည်မျှ ရောင်းမည်ကို မတိုင်ပင်ခြင်း။
          (၅) အများပိုင် ပစ္စည်းကို မိမိ ဆန္ဒဖြင့် ဈေးပေါပေါရောင်းချခြင်း။
အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်စွာ အားလုံး သိရှိပါသည်။ သို့ဖြစ်ပါ၍အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သျှမ်းပြည်နယ်ဝန်ကြီး ချုပ်၏ လုပ်ဆောင်ချက်များအား အရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့်တိုင်ကြားအပ် ပါသည်။

လေးစားစွာဖြင့်
သျှမ်းပြည်နယ်၏အကျိုးကိုလိုလားသူများ

သမ္မတကြီးသိရှိစေရန်

Posted: 17 Nov 2012 12:50 AM PST

သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည် အများ၏ ဆန္ဒသဘောထားကို အလေးမထားဘဲ အာဏာကို အလွဲသုံးစားပြုလုပ်နေကြောင်းကို သိရှိရန်တင်ပြအပ်ပါသည်။

စက်မှုဇုန်၌ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ သဘောထားကို မတိုင်ပင်ဘဲ ကုမ္မဏီများကို မြေကွက်များပေးချင်သလို ပေးလျက်ရှိပါသည်။ မြေတစ်ကွက်တန်ဖိုးကိုလည်း ရောင်းချရာတွင် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများကိုလည်း အသိပေးခြင်းမရှိပါ။ မည်၍ မည်မျှရောင်းသည်ကိုလည်း မသိရပါ။ မြေကွက်ရောင်းရငွေများကိုလည်း မည်သို့အသုံးပြုကြောင်းမသိရပါ။

ပြည့်လျှံပိုင်ကုမ္မဏီ လမ်းမြေများ မြေညှိနေသောနေရာသို့ သွားရောက်မေးမြန်းမှ သိရှိရပါ သည်။ ပြည့်လျှံပိုင်ကုမ္မဏီ ပြောပြချက်အရ မြေကွက်(၃၈)ကွက်ကို ၀န်ကြီးချုပ်နားမှ ၀ယ်ယူခွင့်ပြုပေးကြောင်း ပြောပြပါသည်။

ယခုလည်းလမ်းဖောက်ပြီး ဓါတ်မီးတိုင်များစိုက်ထူရန် ပြင်ဆင်နေပါသည်။ ဤသို့သာလျှင် သျှမ်းပြည်နယ်ဝန်ကြီးချုပ်လုပ်ဆောင်နေမည်ဆိုပါက အေးသာယာစက်မှုဇုန် ဖွံ့ဖြိုးတိုး တက် ရန် မရှိသည့်အပြင် ကြာလျှင် အေးသာယာစက်မှုဇုန် ပျောက်ကွယ်သွားမည်ဖြစ်ပါကြောင်း သိရှိစေလိုပါသည်။

ကျန်မသိရှိရသေးသော မြေကွက်အများကြီးရှိပါသေးသည်။

(စုံစမ်းစစ်ဆေး၍ ထိရောက်စွာအရေးယူပေးပါရန်)

အမဲသားရောင်းသော သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်အကြောင်း သမ္မတကြီး သိရှိစေရန်

Posted: 17 Nov 2012 12:49 AM PST

နောင်ချိုမြို့နယ် ကန့်ကော်ကျေးရွာအုပ်စုနှင့် ဆမ္မဆယ်ကျေးရွာအုပ်စုတွင် ကျောက်ဆည် မိတ္ထီလာ မှလာသော နွားများကို စုဆောင်းသော အရပ်ဖြစ်ပါသည်။

ကန့်ကော်ကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာအုပ်စု ၌နွားအကောင်ရေ(၆၀၀-၇၀၀)ကောင် စီအမြဲတမ်း ရှိပါသည်။ နွားများကိုသျှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တရုတ်ပြည်ပို့ရန်(ပါမစ်) ခွင့်ပြုမိန့်ပေးထား ပါသည်။ သျှမ်းပြည်နယ် ၀န်ကြီးချုပ်မှ တစ်ကောင် တစ်သိန်း နှစ်သိန်းယူပြီး (ပါမစ်)ပေးပါသည်။ ဂိတ်မှာတောင်းကြည့်လျှင်သျှမ်းပြည်နယ်ဝန်ကြီးချုပ်လက်မှတ် တွေ့ရပါသည်။

ဂိတ်ကဖမ်းလျှင် အကောင်ရေ (၁၄၀)လောက်ဆိုလျှင် (၁၀)ကောင်၊(၁၅)ကောင် အဖမ်းပြပြီး ပြန်လွတ် ပေးပါသည်။

မူစယ်မြို့နယ် နမ့်ခွမ်ရွာ နောင်ချိုမှ နွားများတင်လာပြီး ချတဲ့စခန်းဖြစ်ပါသည်။ ကားတစ်စီး လျှင် (၂၂)ကောင် တင်ပါသည်။ (၂၇၊၉၊၂၀၁၂)ရက်နေ့ တွင် ကား(၆၂)စီးချပ်သည်။ အကောင်ရေ (၁၃၆၄)ကောင် ရှိပါသည်။

ဤသို့နွားများကို တရုတ်ပြည်ပို့ပါက မြန်မာနိုင်ငံရှိ လယ်သမားများ တနေ့ဒုက္ခရောက်မည်ကို စိုးရိမ်၍ တင်ပြခြင်းဖြစ်ပါသည်။

နောင်ချိုတွင်လည်း အမဲသားပိသာချိန် နှစ်သောင်း သုံးသောင်း ဖမ်းမိပါသည်။ (၁၀၅) မိုင်တွင်လည်း အမဲသား ကီလို နှစ်သိန်း ဖမ်းမိပါသည်။ သယ်ဆောင်ခွင့်ပြုလက်မှတ် က သျှမ်းပြည်နယ်ဝန်ကြီးချုပ် လက်မှတ် ဖြစ်နေပါသည်။ သမ္မတကြီးထံ တိုင်ကြားထားတယ် ကြားသိရလို့ ဝမ်းသာမိပါသည်။ နောင်ချိုမြို့နယ်မှ ပြည်သူများ ကို မေးမြန်းစုံစမ်းကြည့်ပါက သိရပါမည်။

သျှမ်းပြည်နယ်မှ
ဒေသခံပြည်သူများ


သမ္မတကြီးသိရှိစေရန်

Posted: 17 Nov 2012 12:48 AM PST

သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည် အေးသာယာ ဂေါက်ကွင်းနှင့် မျက်နှာချင်း ဆိုင် ကျွန်းပင်စိုက်ကွင်းမြေ (၅) ဧက ကျော်ကို (UMFCC) စက်မှုကုန်သည်ကြီးများအသင်း နှင့် ဧဒင်ကုမ္မဏီ ဦးချစ်ခိုင်ကို ချပေးမည်ဟု သိရှိရပါသည်။

ဤမြေသည်ယခင် ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှစ၍ ထိန်းသိမ်း စောင့်ရှောက်လာခဲ့သည်။ ယခုမှသျှမ်းပြည်နယ်ဝန်ကြီးချုပ်က (UMFCC) စက်မှု ကုန်သည်များထံမှ (ရွှေချောင်း) ယူပြီးမြေခွဲဝေပေးမှာဖြစ်ပါသည်။ (ရွှေချောင်း) ပေးရသည်ကို သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် နီးစပ်သော သျှမ်းပြည်နယ်ဝန်ကြီးထံမှ သိရှိရပါသည်။

သမ္မတကြီးချမှတ်ပေးထားသော ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်ရေး နှင့်ဆန့်ကျင်နေပါသည်။


                                          ဒေသခံပြည်သူများ

တစ်နှစ်ပြည့်အလွှမ်းပြေ

Posted: 17 Nov 2012 12:48 AM PST

ပြီးခဲ့တဲ့နှစ်က တောင်ကြီးတန်ဆောင်တိုင် စည်ကားလိုက်တာ တိုးလို့ တောင်မပေါက်ဘူး၊ လူက ရပ်နေတာ လူတွန်းတာနဲ့  လိုရာနေရာကို ရောက်သွားတာဘဲ ဒီနှစ်တော့ ဘယ်လိုနေ သလဲမသိဘူး စည်ကား တော့ စည်ကားမှာပါ ဘာဖြစ်လို့ လဲဆိုတော့ ---------- အရင်နှစ် က သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က လောင်းကစားဝိုင်း ဆိုင်ပေါင်း (၅၀၀)ကျော် ထည့်ထားတော့ ပြောစရာမလိုအောင်စည်ကားလှပါတယ်။ ဒီနှစ်က လောင်းကစားဝိုင်းမပါ တော့ နဲနဲ ကျသွား မှာပေါ့။

သျှမ်းပြည်နယ်က လောင်းကစားဝိုင်းမှာတော့ ပြည်သူတွေ ဆင်းရဲမွဲတေတာပေါ့။ နိုင်ငံတော် ကတော့ ဆင်းရဲမှုလျှော့ချရေးလုပ်နေတာဘဲ။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ လောင်း ကစားဝိုင်း ဖွင့်ပေးတာဘဲ။ အရင်နှစ် တောင်ကြီးမီးပုံးပျံ လောင်းကစားဝိုင်းကို အမျိုးသားလွတ် တော်ကိုယ်စားလှယ်၊ ပြည့်သူ့လွတ်တော် ကိုယ်စားလှယ်ပေါင်း(၂၈)ဦး တိုင်ကြားတာတောင် ဘာမှအရေးမယူဘူးဆိုတော့၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် အတင့်ရဲတော့တာပေါ့။ သမ္မတကြီး က လည်းသူ့ဆရာ၊ ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦး ကလည်းသူ့ဆရာလို့ ပြော တယ်။ ဒါကြောင့်ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးလို့ ဦးစ၀်အောင်မြတ် ကပြောပါတယ်။

                                                          သျှမ်းပြည်နယ်ကို တိုးတက်စေလိုသော
                                                                   ပြည်နယ်သား

[aurorageneration] member ၀င်ရန်

member ၀င်ချင်ပါသည်
စာများ သတင်းများပို့ပေးပါ

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

[mrsorcerer:35951] အလုပ်ခွင်အတွက် Cover Letter ရေးနည်းလမ်းညွှန်

အလုပ်ခွင်အတွက် Cover Letter ရေးနည်းလမ်းညွှန် ( ကလစ် )

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Burma News International - November 117, 2012

Burma News International

Burma News International
November 17, 2012

Government Refuses To Meet With UNFC in Japan

The government has refused to hold a peace meeting with the United Nationalities Federal Council (UNFC) in Japan. The UNFC wanted the Japanese Nippon Foundation to be the mediator during upcoming discussions after the organization donated $3 million in aid to ethnic areas in Myanmar.

Burma army reinforcement raises fears in Hpakant

Despite a recent lull in hostilities between Burmese government forces and the Kachin Independence Army (KIA) around strategic Hpakant Township, the Burmese army has increased its presence in the jade mining area, spreading fear among locals that a resumption of the conflict is imminent.

Clashes Breakout In Kachin State Following Recent Meeting With Govt

There has been over 40 clashes between the Kachin Independence Army (KIA) and Myanmar army   since governmental representatives and Kachin resistance leaders met to discuss peace options in the Chinese city Shwe Li, on Oct.30. Many of the battles took place in the KIA’s Brigade 4 area in Northern Shan State and near their Laiza headquarters.

Obama urged to tackle human rights issues in Burma

Washington-based Human Rights Watch (HRW) on Saturday urged US President Barack Obama to publicly address the deadly sectarian violence that continues in Rakhine State between Rakhine Buddhists and Rohingya (and non-Rohingya) Muslims.

Majority should look through the minority’s eyes: Suu Kyi

Speaking to an audience of 8,00 Burmese, including many refugees, at Oxford Senior Secondary School in Delhi on Friday, Burmese pro-democracy champion Aung San Suu Kyi said that sometimes the majority has to look at things through a minority’s eyes “When I came to India, I felt that I was coming to a friendly country with a long tradition,’ she said. “All the [Burmese] people living in India are like our family members: brothers, nephews, nieces and children. So I want you to look on [them] as family members. I want to say solemnly that our country is a ‘union.’ ”

စစ်တပ်သိမ်း လယ်မြေ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တောင်သူများ လိုလား

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၃၉ မှ တပ်ရင်းပိုင် နယ်မြေဟု အကြောင်းပြ၍ ဒေသခံများ၏ လယ်ယာမြေများ သိမ်းယူ ထားသည့်အပေါ် နိုင်ငံအကြီအကဲများ အနေဖြင့် တရား ဥပဒေနှင့် အညီမျှတစွာ ဆောင်ရွက်ပေးရန် ရခိုင်တောင်သူ လယ်သမားများက လိုလားကြောင်း သိရသည်။

အိုဘားမား ခရီးစဉ် အပေါ် RWU သဘောထားထုတ်ပြန်

ယခုရက်ပိုင်းအတွင်း ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ကြိုဆိုကြောင်းနှင့် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တစုံတရာ အထောက်အကူ ပြုနိုင်လိမ့်မယ်ဟု မျော်လင့်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU မှ သဘောထားထုတ်ပြန်လိုက်သည်။

ဒီးမော့ဆိုတောင်တွင် ပြုလုပ်မည့် သတ္တုတူးဖော်ရေး ဒေသခံများကန့်ကွက်

ကယား(ကရင်နီ)ပြည်နယ် ဒီးမောဆိုမြို့ရှိ သမိုင်းဝင် အထင်ကရနယ်မြေဖြစ်သော ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင် နေရာ၌ ချယ်ရီမိုး ကျောက်မျက်သတ္တု အထွေထွေ စီးပွားရေးလုပ်ငန်း သမ၀ါယမ ကုမ္ပဏီလိမိတက်မှ သတ္တုတူးဖော်ရေးလုပ်ငန်း ပြုလုပ်ရန် စီမံကိန်းရှိသည်ဟု ကြားရသည့်အပေါ် ဒေသခံများက ကန့်ကွက်ကြကြောင်း သိရသည်။

ကန်ပက်လက်မြို့ပေါ်လျှပ်စစ်မီးမရ၊ ကျောင်းသားများ အခက်တွေ့

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ပေါ်တွင် လျှပ်စစ်မီး မရသောကြောင့် ကျောင်းသားများ စာကြည့်ရာ တွင် အခက်အခဲများ တွေ့ရကြောင်း သိရသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းကို ဘယ်လိုသုံးသပ်လဲ

ဆက်သွယ်ရေး ဥပဒေကြမ်းကို ယခုလ ၇ ရက်နေ့က သတင်းစာတဆင့် ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့အတူ ၁၈၈၅  ခုနှစ်က The Myanmar Telegraph Act 1885 နှင့် The Myanmar Wireless Telegraph Act 1934 ကို ရုပ်သိမ်းလိုက်ပါတယ်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Muang 50202
Email Marketing Powered by MailChimp
 

[mrsorcerer:35950] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/11/17
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


ရခိုင်ပြည်နယ် ပဋိပက္ခမှာ ဘယ်သူတွေ အဓိက တာဝန်ရှိသလည်း - ထင်လင်းဦ (Wisdom Villa)

Posted: 17 Nov 2012 07:09 AM PST


ငယ်စဉ်တောင်ကျေး ကလေးဘ၀ က " ပျားရည်တစ်စက်ကြောင့် ပြည်ပျက်တယ်" ဆိုတဲ့ ပုံဝထ္ထုကလေးတစ်ပုဒ် ကိုဖတ်ခဲ့ရ ဖူးပါတယ် ။ လူတစ်ယောက် ပျားရည်ဆမ်းတဲ့ မုန့်ကို စားရာက ပျားရည်စက် တစ်စက် ကြမ်းပေါ်ကျသွားတယ် ။ သူကအမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့တန်တန်နဲ့  သူစားပြီး ကျ ကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့မိဘူး ၊ အဲဒီကျနေတဲ့ ပျားရည် စက်ကို ပုရွက် က လာစားတယ် ။ ပုရွက်ကို အိမ်မြှောင်က ဆင်းပြီးစားတယ် ၊ ထိုအိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ် တယ် ။ အဲဒီကြောင်ကို ခွေးတစ်ကောင်က ကိုက် တယ် ။ ကြောင်ပိုင်ရှင်က ကိုက်တဲ့ခွေးကို တုတ်နဲ့ရိုက်တယ် ။ အရိုက်ခံရ တဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓါးနဲ့ခုတ်တယ် ။ အဲဒီကနေ ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေ ကျေးကျွန် တွေပါ ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ်ဖြတ်ကြတာ ရွာကနေမြို့ ၊ မြို့ကနေတိုင်းပြည်ပျက်ပါရောဆိုတဲ့ ပုံဝထ္ထုကလေး ပါ ။  ငယ်စဉ်ကတော့ ဘာမှန်းမသိပဲ ဖတ်ခဲ့ဘူးတဲ့အကြောင်းအရာ ကလေးတစ်ခုအဖြစ်သာ မှတ်ထင်ခဲ့ ရာက အခုတော့မှ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာများဟာ အဲဒီပုံပြင်ကလေးများ အသက် ၀င်လာလေသလား လို့ တောင် ထင်မှတ်ရ ပါတယ် ။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ဇွန်လအတွင်း မီးပွားတစ်ခုကျခဲ့တယ် ။ ရခိုင်အမျိုးသမီးကလေး တစ်ယောက်ကိုအဓမ္မ ကျင့်ပြီး ရက်စက်စွာ အသတ်ခံရ တဲ့ကိစ္စဟာ နောက်ဆက်တွဲ ပြဿနာတွေကို ဆိုးဆိုးရွားရွားပေါ်ပေါက်လာစေခဲ့တယ် ။ တစ်ဘက်နဲ့တစ်ဘက် ရက်ရက်စက်စက် သတ်ဖြတ်ကြ ၊ အိမ်တွေ ရွာတွေ ဘာသာရေးအဆောက်အဦးတွေကို မီးရှို့ ဖျက် ဆီးကြတဲ့  ကြမ်းကြုတ်ရက်စက်မှု အဖျက်အဆီးစရိုက်များဟာ ကြားရမြင်ရသူတိုင်း ရင်နင့်စရာ ဖြစ်ရပါတယ် ။ အာဏာရှင် စနစ်ဆိုးအောက်မှာ ကမ္ဘာက ၀ိုင်းပယ်ခြင်းကို ခံခဲ့ရတဲ့ နိုင်ငံတစ်ခု အဖြစ်ကနေ  ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် စတင်ကူးပြောင်းလာခဲ့တဲ့  နိုင်ငံတစ်ခုအဖြစ်နဲ့ ကမ္ဘာက အာရုံ စိုက်လာတဲ့ အချိန်ကာလမှာ ၊အဘက်ဘက်က နိမ့်ကျယို ယွင်းနေတဲ့ နိုင်ငံ ကို ပြန်လည်ထူထောင်ဖို့  အရှိန်အဟုန်နဲ့ ကြိုးစား ပမ်းစား လုပ်ဆောင်နေတဲ့ အချိန်ကာလမှာ ချိန်ကိုက် ပေါ်ပေါက်လာတဲ့ ဒီပြဿနာများဟာ အလွန် ကို ဆိုးရွားလှပါတယ်။ အခု ဒီဆောင်းပါးဟာ ပဋိပက္ခဖြစ်ကြတဲ့ဘက်နှစ်ဘက် အကြား ဘယ်သူ မှန်တယ် ဘယ်သူ မှားတယ် ဆိုတာ ၀င်ရောက်ဆုံးဖြတ်ခြင်း သုံးသပ်ခြင်းမဟုတ်ပါ ။ ဆောင်းပါးရှင် တစ် ယောက်အနေ နဲ့ ဆုံးဖြတ်ပိုင်ခွင့် လည်း မရှိပါ ။ ဒီလို ပြဿနာတစ်ရပ်ဟာ ဘာကြောင့် ဒီလောက်ကြီးထွားသွားခဲ့ရသလည်း  ၊ ပြဿနာကြီးထွားသွားရတာ ဘယ်သူတွေမှာ တာဝန်ရှိသလည်း ဆိုတာကိုပဲ သုံးသပ်တင်ပြ သွားမှာဖြစ်ပါတယ် ။

ဒီလိုတင်ပြရတာကလည်း နိုင်ငံတော်သမ္မတကြီးရဲ့ (နိုင်ငံတော်သမ္မတရုံးမှ) ၂၀၁၂ခုနှစ် အောက်တိုဘာ ၂၅ရက် နေ့စွဲပါ သတင်းထုတ်ပြန်ချက် ၁/၂၀၁၂ နဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့စွဲ ပါ သတင်းထုတ်ပြန်ချက် ၂/၂၀၁၂ တို့ကြောင့်ဖြစ်ပါတယ် ။ သတင်းထုတ်ပြန်ချက် ၁/၂၀၁၂ အပိုဒ် ၆ မှာ "ဤသို့သော အခြေအနေအတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော ဆူပူအကြမ်းဖက် မှုများသည် နိုင်ငံတော် ၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက် သွားမည်ဖြစ်ပါသည် ။ ထို့ပြင် ရခိုင်ပြညနယ်ပဋိပက္ခတွင် နောက်ကွယ် မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဖော် ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ အပ်ပါသည် " ဟုဖော်ပြပါရှိသကဲ့သို့ သတင်းထုတ်ပြန်ချက် ၂/၂၀၁၂ အပိုဒ် ၆ တွင်လည်း "လက်ရှိအခြေအနေတွင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက် မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ် ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ စစ်ဆေး အရေးယူ လျှက်ရှိကြောင်း အသိပေးကြေငြာအပ်ပါသည် " ဟု ဖော်ပြပါရှိပါသည် ။ ဒီနေရာမှာ စာရေးသူတင်ပြချင်တာက အဲဒီပဋိပက္ခဖြစ်စဉ်တွေ ကို မီးပွားအဆင့်မှာတင် ငြိမ်းသေသွားအောင် မဆောင်ရွက်နိုင်ခဲ့ဘဲ တာဝန်ထမ်းဆောင်မှု ပေါ့လျော့ အားနည်းခဲ့တဲ့ တာဝန်ရှိသူတွေ မီးပွားကလေးကနေ မီးတောက်ကြီးတစ်ခုဖြစ်သွားစေခဲ့တဲ့ အထိ တာဝန်ပျက်ကွက်ခဲ့သူတွေကိုကော ဘယ်လိုဖော်ထုတ် အရေးယူမှာလည်း ဆိုတဲ့ တာဝန်ရှိမှု ( accountability) နဲ့ တာဝန်ယူမှု ( responsibility) တို့ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ် ။

တစ်နည်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ရဲ့ စိစစ် ထိမ်းညှိမှု (Check and balance) အကြောင်းတရားဖြစ်ပါတယ်။
    အခုဆိုရင် "ပျားရည်တစက်ကြောင့် ပြည်ပျက်" တဲ့ ဇာတ်လမ်းလိုပဲ ရခိုင်ပြည်နယ်မှာ လူပေါင်းများစွာ အသက် အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးကြရပြီးဖြစ်ပါတယ် သတင်းများအရ မေလ နှင့် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများကြောင့် အသက် ဆုံးရှုံးရသူ (၅၀)ဦး ဒဏ်ရာရသူ (၅၄) ဦး အိမ်ခြေ ၂၂၃၀ နှင့် ဘာသာရေး အဆောက်အဦး (၁၄)ခု မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ သိရ ပါတယ် ။ အပြစ်မဲ့ ဒေသခံ ပြည်သူလူထု (၆၀၀၀၀) ကျော်တို့ အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည် ဘ၀ရောက်ခဲ့ကြပါတယ် ။ အေးချမ်းစွာ နေထိုင်လိုကြသူများ သောကမျက်ရည်ပင်လယ်ဝေခဲ့ရပါတယ် ။"တောင်လဲရာ မြက်ပြတ်" ဆိုသလိုပဲ ကလေးသူငယ်လူမမယ်တွေ အတိ ဒုက္ခ ရောက်ကြရ ပါတယ် ။ ကျောင်းသား/သူ လူငယ်လေးတွေရဲ့ အေးချမ်းစွာပညာသင်ကြားရခြင်းနေ့ရက်များဟာ  မီးတောက်ထဲမှာ လောင်ကျွမ်းပြာကျခဲ့ရပါတယ် ။ ကြားရသူ မြင်ရသူအပေါင်း နှလုံး စိတ်ဝမ်း ညှိုးနွမ်းပူလောင်ရကြရပါတယ် ။ တစ်စထက်တစ်စမဟုတ်ဘဲ အရှိန်အဟုန်နဲ့ ကြီးထွားလာတဲ့ပြဿနာများကြောင့် ရခိုင်ပြည်နယ်အစိုးရက ပြဿနာဖြစ်ပွားရာ မြို့နယ်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း ၊ နိုင်ငံတော်သမ္မတက ဥပဒေ ကဲ့သို့ အာဏာတည်သည့် အမိန့်ကို ထုတ်ပြန်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းမှုကို  ပြန်လည်ထိမ်းသိမ်းရတဲ့ အခြေအနေထိ ဆိုက်ရောက်သွားခဲ့ပါတယ် ။ ဒါပေမဲ့ ပြဿနာက လုံးဝ အေးငြိမ်းမသွားခဲ့ဘဲ ဖွဲမီးလို အတွင်း လှိုက်လောင် နေခဲ့ပါတယ်။ ဒီပြဿနာမီးဟာ တစ်ကျော့ပြန်ပြီး လောင်ကျွမ်းခဲ့ရာက ယခုတစ်ဖန် ကျောက်ဖြူ ၊ မင်းပြား ၊ မြေပုံ ၊ မြောက် ဦး စတဲ့ မြို့များမှာ ပဋိပက္ခများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး လူ(၉၀) ကျော် အသက်ဆုံးရှုံးပြီး (၁၃၀) ကျော် ဒဏ်ရာရရှိခဲ့ ရပါတယ် ။ အိုးအိမ် ၅၃၀၀ ကျော် နှင့် ဘာသာရေး အဆောက်အဦး (၈)ခု မီးလောင်ပျက်စီးပြီး လူဦးရေ ၃၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ကြ ရပြန်ပါတယ် ။ အဲဒီအတွက် နောက်ထပ်တဖန်  အရေးပေါ်အမိန့် ထပ်မံထုတ်ပြန်ရတဲ့ အခြေကို ဆိုက်ရောက်သွားပါတယ် ။    ဒီပြဿနာစတင်ပေါ်ပေါက်လာတဲ့အချိန်ကစလို့  ဘက်ပေါင်းစုံက သူမှားတယ် ငါမှန်တယ်လို့ ပြောကြဆိုကြသံ တွေကလည်း မီးလောင်ရာလေပင့်သလို ပွက်ပွက် ညံအောင်ထွက်ပေါ်လာပါတယ် ။ တိုင်းရင်းသား နဲ့ တိုင်းရင်းသား မဟုတ်သူ ဆိုတဲ့ ပြဿနာတွေကို ရှေ့တန်းတင်လာကြပါတယ် ။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေကိုပါ  ပြဿနာထဲ ဆွဲသွင်းလာတာကိုလည်းတွေ့ရပါတယ် ။ အတိတ်က လုပ်ဆောင်ချက်အမှားတွေကို ပြန်လည်တူးဆွ ဖော်ထုတ်လာတာတွေလည်း ရှိပါ တယ် ။ ဒါတွေဟာ ပဋိပက္ခများ ဖြစ်တိုင်း ဖြစ်တိုင်းမှာ ပေါ်ထွက်လာတတ်တဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ် ။ မီးလောင်ရာလေပင့်ဆိုသလို အင်တာနက် စာမျက်နှာ တွေပေါ်မှာလည်း ဘယ်သူဘယ်ဝါ မသိသူချင်းရော သိသူချင်းပါ ပြဿနာရှာကြတာတွေကိုလည်း (Storm in the tea cup) တွေ့ရပါတယ် ။

လူ့အသိုင်းအ၀ိုင်းမှာ ဒီလိုနှမသားချင်းမစာမနာ ကိုယ့်အသွေးအသားထဲကတဏှာရာဂဘီလူးကို မထိမ်းချုပ်နိုင်လို့ ဖြစ်ပွားတဲ့ မုဒိန်းတန္တမှုတွေ မကြာခဏ ပေါ်ပေါက်တတ်ပါတယ်။ အရွယ်ရောက်ပြီးသူမိန်းမပျိုတွေကိုသာမက အရွယ်မရောက်သေးသူမိန်းကလေး များကိုမချန်  အရွယ်လွန် မိန်းမအိုတွေကိုပင်အလွတ်မပေးဘဲ  သွေးသားသောင်းကျန်းကြသူတွေအကြောင်း သတင်းစာ အစောင်စောင် မှုခင်းဂျာနယ်အစောင်စောင်မှာ ဖတ်ဘူးကြပါလိမ့်မယ် ။ နောက်ဆုံး ကိုယ့်သမီးအရင်းကိုတောင် ကိုယ်ပြန်ကျင့်တဲ့ တိရိစ္ဆာန်စိတ်ပေါက် သွားကြတဲ့ အဖေများအကြောင်းလည်း ဖတ်ဖူးကြားဖူးကြမှာပါ ။လူ့အသိုင်းအ၀ိုင်းမှာ အလွန်စက်ဆုပ်ရွံမုန်း အော့နှလုံးနာစရာကိစ္စ ဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေဟာ ဖြစ်တတ်တဲ့အကြောင်းတွေ ၊တစ်နည်းအားဖြင့် ထူး၍ မဆန်းသော အကြောင်း တရားတွေသာ ဖြစ်ပါတယ် ။ကိုယ်ကျင့်တရားနဲ့(morals) နဲ့ ကိုယ့်ကိုကိုယ်ထိမ်းချုပ်မှု (self-control) တို့ အားနည်းတဲ့သူတွေ ရှိနေသမျှ ဒီလိုပြဿနာ တွေနဲ့ မကင်းနိုင်ပါဘူး ။ ဒါဟာ မီးပွားတစ်ခုပါ ။ ဒါပေမဲ့ မီးပွားကျတာခြင်း အတူတူ မြေပျော့ မြေစိုပေါ်ကျတဲ့ မီးပွားနဲ့ သစ်ရွက်ခြောက်ပုံပေါ်ကျတဲ့ မီးပွားတို့ရဲ့ အကျိုးသက်ရောက်မှုတို့ကတော့ ကွာခြားလှပါတယ် ။ အထူးသဖြင့် ရေနံတွင်း အစပ်က ယမ်းပုံပေါ်ကျတဲ့ မီးပွားတစ်ခုရဲ့ အကျိုးသက်ရောက်မှုကတော့ ကြောက်ခမန်းလိလိ ဖြစ်သွားတော့တာပါပဲ။

    ဖြစ်ရပ်တစ်ခု ဖြစ်ပွားတိုင်းမှာ လတ်တလောအကြောင်းတရားနှင့် အကြောင်းရင်းများ ဆိုပြီးတော့ ရှိစမြဲပါ။ လတ်တလော အကြောင်းရင်းဟာ မီးပွားတစ်စဖြစ်ပြီး ၊ အကြောင်းရင်းကတော့ ရေနံတွင်းအစပ်က ယမ်းပုံပါပဲ ။ ပထမ ကမ္ဘာစစ် ဖြစ်ပွားခဲ့တာမှာ သြစကြီးယား အိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် နဲ့ ကြင်ယာတော်လုပ်ကြံခြင်းခံရတာ က လတ်တလော အကြောင်းတရားဖြစ်ပေမဲ့ တကယ်တမ်း အကြောင်းရင်းတွေက စက်မှုခေတ်ပြောင်းတော်လှန်ရေးကြောင့် ၊ ကိုလိုနီနယ် အပြိုင်ရှာဖွေမှုကြောင့် ၊လက်နက် အပြိုင် တပ်ဆင်မှုကြောင့် ဆိုတာတွေကို သမိုင်းဘာသာရပ်မှာ သင်ခဲ့ကြဘူးမှာပါ ။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားရတာဟာ ဟစ်တလာကြောင့် ၊ မူဆိုလီနီကြောင့် ၊ နာဇီဝါဒ ၊ ဖက်ဆစ်ဝါဒများကြောင့် လို့ ဆိုနိုင်ပေမဲ့ အကြောင်းရင်းများကို အသေအချာဖွေရှာကြည့်ရင် ပထမ ကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ရတဲ့ ဂျာမန်နိုင်ငံကို စစ်နိုင်မဟာမိတ် နိုင်ငံတွေက နိုင်ထက်စီးနင်း စာချုပ်များချုပ်ဆိုထားခဲ့တာ ၊ စစ်လျော်ကြေးများ မတရားပေးဆောင်စေခဲ့တာ စတဲ့ နာကျည်းမှု အကြောင်းရင်းများကို ရှာတွေ့ကြမှာပါ ။ အဲဒီမှာမှ စီးပွားရေးကို လက်ဝါးကြီးအုပ် ချယ်လှယ် ထား ကြတဲ့ ဂျူးလူမျိုးများကို မုန်းတီးတဲ့စိတ်က မီးလောင်ရာ လေပင့်ပေး ခဲ့တာ ပါ ။

    အခုရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများဟာ ဒီသဘောတရားကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ် ။ ခေတ်သမိုင်း အ ဆက်ဆက်မှာ နယ်မြေဒေသ နိုင်ငံတစ်ခုခုက အခြေချနေထိုင်သူတွေဟာ နိုင်ငံရေးပြဿနာ၊ လူ့အဖွဲ့အစည်း ပြဿနာ၊အသက်မွေး ၀မ်းကျောင်းအခက်အခဲ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဇာတိကို စွန့်ခွာပြီး အခြားအခြားသော တိုင်းနိုင်ငံများမှာ အခြေပြောင်း နေထိုင်ကြပါတယ် ။  အဲဒီလို ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလာသူများဟာ အလျဉ်းသင့်ရာ ဒေသတစ်ခုခု မှာ အခြေချကြပါတယ် ။ ယခုခေတ်မှာ အဲဒီလိုရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က တရားဥပဒေ လုပ်ထုံး လုပ်နည်းများနဲ့ အညီ နိုင်ငံခြားသား ၊ ဧည့်နိုင်ငံသား ၊ နိုင်ငံသား စသည်ဖြင့် စိစစ် ဆောင်ရွက်ပေးရပါတယ် ။ ဒီနေရာမှာ မိမိတို့ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး အာဏာတည်ဆောက်လိုသူတွေ ၊ အကျင့်ပျက် ကိုယ်ကျိုးရှာ နိုင်ငံ့ဝန်ထမ်းဆိုသူတွေရဲ့ လုပ်ဆောင်မှု တွေဟာ ဒေသခံတိုင်းရင်းသားပြည်သူတွေကို ထိခိုက်နစ်နာစေခဲ့တယ် ၊ မခံမရပ်နိုင်ဖြစ်စေခဲ့တယ် ဆိုတာကို ဘယ်နည်းနဲ့မှ မငြင်းနိုင် တဲ့အမှန်တရားဖြစ်ပါတယ် ။ ဖဆပလ ၊ ပထစ ၊ ပမညတ စတဲ့ပါတီတွေ ပြဿနာပေါင်းစုံ ပေါ်ပေါက်ခဲ့ကြတဲ့ ပါလီမန်ဒီမိုကရေစီ ခေတ် ကတည်းက  နိုင်ငံရေးကစားကွက်တွေထဲမှာ အဲဒီရွှေ့ပြောင်းအခြေချသူတွေ ကို ထည့်သွင်းခဲ့တာ ကအစ ၊ မဆလပါတီခေတ်က "မူဂျာ ဟေဒင်" ပြဿနာများကအလည် ၊ န၀တစစ်အစိုးရခေတ် မှာ နယ်စပ်ဒေသအာဏာပိုင်တွေနဲ့ အစိုးရ အဖွဲ့တာဝန်ရှိကြီးကြီးပိုင်း ပုဂ္ဂိုလ် တွေ အထက်အောက်ညှိနှိုင်း ကိုယ်ကျိုးစီးပွားရှာပြီး နိုင်ငံရဲ့နောက်ဖေးပေါက်တံခါး နဲ့ အရှေ့ပေါက်တံခါးကို သာလာယံဇရပ်လို ဟင်းလင်းဖွင့်ပေးခဲ့တာ အဆုံး ၊ အားလုံးသော အကြောင်းတရားတွေက ဒီပဋိပက္ခကို အပြင်းထန်ဆုံး လောင်ကျွမ်း ပေါက်ကွဲစေတဲ့ အကြောင်းရင်းများ ဖြစ်ပါတယ် ။ အဲဒီလို လူမျိုးရေးကွဲပြားမှု ပြဿနာ ၊ ဘာသာရေး ကွဲပြားမှုပြဿနာတွေ အတွင်းကြိတ် အစိုင်အခဲ ဖြစ်နေတဲ့ နေရာဒေသတစ်ခုမှာ နာကျည်းမုန်းတီးစရာကောင်းတဲ့ လူကျင့်ဝတ်ကို အဆိုးရွားဆုံး ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု တစ်ခု ပေါ်ပေါက်လိုက်တာက  အနှစ်နှစ်အလလက ခိုအောင်းနေခဲ့တဲ့ အကြိတ်အခဲတွေ ပေါက်ကွဲထွက်လာစေတဲ့ လတ်တလော အကြောင်းတရားတစ်ခု ဖြစ်သွားခဲ့တာပါပဲ ။   

ပြဿနာတစ်ခုပေါက်ကွဲနေချိန်မှာ ပြဿနာရဲ့အကြောင်းရင်းကို အရင်ရှာကြမလားဆိုတာထက်  ပြဿနာကို အရင်ငြိမ်သက် အောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အရေးကြီးပါတယ်။ မီးလောင်မှုတစ်ခု အကြီးအကျယ်ဖြစ်နေချိန်မှာ မီးဘယ်က စလောင်သလည်း ၊ဘာကြောင့် လောင်သလည်း ၊ လောင်မီးလား ရှို့မီးလား ဆိုတာတွေကို အကြောင်းရှာနေဖို့ အချိန်မဟုတ်ပါဘူး ၊ အဓိက က ဘေးပတ် ၀န်းကျင်ကို မီးမကူးစက်ဖို့ နဲ့ အဲဒီမီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်ဖို့ ကြိုးပမ်းအားစိုက်လုပ်ဆောင်ကြရမှာပါ ။ မီးငြိမ်းပြီဆိုမှ ဘာကြောင့် မီးလောင်မှုဖြစ်ပွားတယ်ဆိုတာကို အဖြေထုတ်ရမှာပါ ။ လူတစ်ယောက် သေနတ်အပစ်ခံရတယ်ဆိုရင် ခြောက်လုံးပူးနဲ့ အပစ်ခံရတာ လား ၊ ပစ်စတိုနဲ့ အပစ်ခံရ တာလား ၊ လုပ်သေနတ်နဲ့ အပစ်ခံရတာလား အရင်အဖြေရှာနေဖို့ထက် အသက်ကယ်ဖို့ ဆေးရုံ အရင်ပို့ဖို့ လိုအပ်တယ် ဆိုတာ အားလုံးသိကြမယ့် ကိစ္စ ဖြစ်ပါတယ် ။

အခုလည်း ရခိုင်ကိစ္စမှာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အရင်ရှာဖို့ထက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တွေ နောက် ထပ် မပျက်ပြားရအောင် ငြိမ်းချမ်းရေး ထိမ်းသိမ်းဖို့နဲ့ တရားဥပဒေ စိုးမိုးဖို့ကို အရင်လုပ်ရပါမယ် ။ အဲဒီလို ငြိမ်းချမ်းရေးကို ထိမ်းသိမ်းနိုင်ပြီ တရားဥပဒေစိုးမိုးအောင် လုပ်နိုင်ပြီဆိုမှ ဒီပြဿနာတွေဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်း တွေကို မြေလှန်ရှာရပါမယ် ။ အဲဒီအကြောင်းရင်း တွေကိုရှာတွေ့မှ ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ နှစ်ဦးနှစ်ဘက်အကြား ပြေလည်အောင် ညှိနှိုင်းမှုများနဲ့ ရေရှည်ငြိမ်းချမ်းမှု ၊ တရား ဥပဒေ စိုးမိုးမှုများကို အခိုင်အမာ တည်ဆောက်နိုင်မှာ ဖြစ် ပါတယ် ။

ဒီဆောင်းပါးမှာ စာရေးသူတင်ပြလိုတာက အပိုင်းနှစ်ပိုင်းဖြစ်ပါတယ် ။ အပိုင်းတစ်ပိုင်းက ရခိုင်ပြည်နယ်ပြဿနာဟာ ဘာ ကြောင့်ဒီလောက်ကြီးထွားသွားခဲ့ရသလည်း ဆိုတာဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ဒီလို ပြဿနာကြီးထွားသွားရတာ ဘယ်သူတွေ မှာ တာဝန်ရှိသလည်းဆိုတာပဲ ဖြစ်ပါတယ် ။

ကမ္ဘာပေါ်မှာ စစ်ပွဲတွေ အမြောက်အများ ဖြစ်ပွားခဲ့ပါတယ် ။ ကမ္ဘာကြီးမှာ စစ်မက်မဖြစ်ပွားခဲ့တဲ့ အချိန်ရယ်လို့ မရှိသလောက် ပါပဲ ။  အဲဒီလိုစစ်ပွဲတွေထဲမှာ သဘောတရားအခြေခံများအရ (၁)အာဏာလု စစ်ပွဲ ၊ (၂)တန်ခိုး အာဏာချဲ့ထွင်မှု စစ်ပွဲ ၊ (၃)နယ်ချဲ့စစ်ပွဲ ၊ (၄)နယ်မြေလုစစ်ပွဲ ၊ (၅)စီးပွားရေးစစ်ပွဲ ၊ (၆)လူမျိုးရေးစစ်ပွဲနဲ့ (၇)ဘာသာရေး စစ်ပွဲ လို့ ခွဲခြားလေ့လာ နိုင်ပါတယ် ။
အဲဒီလိုစစ်ပွဲတွေအနက်က တိုင်းပြည်တစ်ခု၊မြို့ပြနိုင်ငံတစ်ခုအတွင်းမှာ ဖြစ်ပွားလေ့ရှိတဲ့စစ်ပွဲအများစုဟာ အာဏာလုစစ်ပွဲတွေ ဖြစ်ကြပါတယ်  ၊ ပဒေသရာဇ်ခေတ်တွေမှာ အခြားနိုင်ငံပိုင်နက်နယ်မြေများကိုသိမ်းပိုက်တဲ့ တန်ခိုးအာဏာချဲ့ထွင်မှု စစ်ပွဲတွေဖြစ်ပွား တတ်ပါတယ် ။ အင်္ဂလိပ်နဲ့ မြန်မာစစ်ပွဲများဟာ နယ်ချဲ့စစ်ပွဲအမျိုးအစား ဖြစ်ပါတယ်။  ပထမကမ္ဘာစစ်ကြီးဟာ နယ်မြေလုစစ်ပွဲနဲ့ စတင်ခဲ့ တာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ကတော့ အင်အားကြီးနိုင်ငံတွေ စီးပွားရေး စားကျက်လုကြတဲ့ စစ်ပွဲဖြစ်ပါတယ် ။ အဲဒီစစ်ပွဲတွေထဲမှာ အရက်စက်အကြမ်းကြုတ်ဆုံးက လူမျိုးရေးစစ်ပွဲအမျိုးအစား ဖြစ်ပြီး ၊ ကာလအရှည်ကြာ ဆုံးနဲ့ အသေအပျောက် အပျက်အစီးအများဆုံး စစ်ပွဲကတော့ ဘာသာရေးစစ်ပွဲအသွင်သဏ္ဍာန် ဖြစ်ပါတယ် ။

ရခိုင်ပြည်နယ် ပဋိပက္ခဟာ လူမျိုးရေးနဲ့စပြီး ဘာသာရေးပါ ရောယှက်လာတဲ့အတွက် ဒီလောက်ကြီးထွားသွားခဲ့ရတယ် လို့သုံး သပ်နိုင်ပါတယ် ။ အထက်မှာတင်ပြခဲ့တဲ့အတိုင်း လူမျိုးရေး စစ်ပွဲတိုင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့အသွင်ကို ဆောင်ပါတယ် ။ ကိုရီးယား ဂျပန်စစ်ပွဲမှာ ၀ါးချွန်နဲ့ထိုးပြီး ရက်စက်စွာသတ်ဖြတ်ကြတာတွေ ၊ ဒုတိယကမ္ဘာစစ်မှာ ဂျူးတွေကို ဂျာမန်တွေက ရက်စက်စွာ မျိုးဖြုတ် သတ်ဖြတ်တာတွေ ၊ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ခရိုအေးရှားစစ်ပွဲမှာ အပြစ်မဲ့သူတွေကို ရက်စက်စွာ(သေနတ်နဲ့မပစ်ဘဲ သစ်သား တင်းပုတ်ဖြင့် ခေါင်းကိုထု)သတ်ဖြတ်တာတွေဟာ လူမျိုးရေးစစ်ပွဲရဲ့ အနိဌာရုံတွေပါ ။ ရခိုင်ပြည်နယ်မှာ တစ်ဦးနဲ့တစ်ဦး ရက်ရက် စက် စက် ခုတ်ထစ်သတ်ဖြတ်တာတွေမှာ အဲသည်လို မုန်းတီးမှုတွေ ရောယှက်ပါဝင်လာတာကို တွေ့မြင်ခဲ့ရပါတယ် ။ ကမ္ဘာပေါ်မှာ ကိုးကွယ် ယုံကြည်မှုတွေကွဲပြားခြားနားမှုတွေအကြား ဖြစ်ပွားခဲ့တဲ့ ဘာသာရေးစစ်ပွဲ(ခရူးဆိတ်စစ်ပွဲ)ဟာ အချိန်ကာလအရှည်ကြာဆုံးနဲ့ ကမ္ဘာ့လူ သား များရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စိးဆုံးရှုံးမှု အများဆုံး စစ်ပွဲကြီးလို့ သမိုင်းမှတ်တမ်းများက ဆိုပါတယ် ။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခဟာ ဘာသာရေးပြဿနာတွေ ရောယှက်လာတဲ့အတွက်လည်း အခုလောက် ပြဿနာတွေတာရှည် လာရတယ်လို့လည်း သုံးသပ်နိုင်ပါတယ် ။ ဒါတွေဟာ ရခိုင်ပြည်နယ် ပဋိပက္ခများရုတ်ခြည်းပြင်းထန် ကြီးထွားလာရခြင်းရဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ် ။ ဒီအချက်တွေဟာ အရှိကိုအရှိအတိုင်း မခြွင်းမချန်မကွယ်မ၀ှက် သုံးသပ်တင်ပြတာဖြစ်ပါတယ် ။ တာဝန်ရှိသူများအနေနဲ့ ဒီအချက်တွေကို ခြေခြေမြစ်မြစ်သုံးသပ်နိုင်မှသာလျှင် ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ် ။

နောက်တစ်ပိုင်းကတော့ ဒီလို ပြဿနာကြီးထွားသွားရတာ ဘယ်သူတွေမှာ တာဝန်ရှိသလည်းဆိုတာပဲ ဖြစ်ပါတယ် ။ သမ္မတ ကြီး သတင်းထုတ်ပြန်ချက်မှာ ပါဝင်သလို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ပါဝင် နေလိမ့် မယ် ဆိုတာ ငြင်းချက်မထုတ်လိုပါဘူး ၊ အိမ်တစ်အိမ်မှာ လင်မယားနှစ်ယောက် အခန့်မသင့်လို့ ရန်ဖြစ်ကြရင်တောင် "နင့်ဘက်က နာလို့ ပြောတာ ၊မင်းဘက်က ငါမခံနိုင်လို့" စတဲ့ တို့မီး ရှို့မီး အမှောင့်ပယောဂများဝင်တတ်သေးရင် ဒီလို ပဋိပက္ခမှာ ပွဲလှန့်ပြီး ဖျာခင်းလိုသူတွေ လည်း ရှိနိုင်တယ်ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ "မစွမ်းရင်း မရှိရင် ကန်းစွန်းခင်းငြိလည်း အရေးမဟုတ်ပါဘူး " အဲဒီ ပြဿနာ မီးပွားစတင်ခဲ့တဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကသာ မီးပွားကို မီးပွား အဆင့်မှာ ငြိမ်းသတ်နိုင်တဲ့၊ ပြည်သူတွေက ပေးအပ် ထားသော တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်တဲ့ စွမ်းရည်ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ရင် ဒီပြဿနာ ဒီလောက်ကြီးထွား လာမှာ မဟုတ် ဘူး လို့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ် ။ သမ္မတကြီးပြောတဲ့ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားမှုနေသော ပုဂ္ဂိုလ်များ နှင့်အဖွဲ့အစည်း များ ဆိုတာနဲ့ ပတ်သက်လို့ ပြောချင်တာလေးတစ်ခု ရှိပါတယ် ။ အဲဒါကိုတော့ ပုံပြင်လေးတစ်ခုနဲ့ပဲ ဖော်ပြချင်ပါတယ် ။ "ရှေးတုန်းက ကုန်သည် ခရီးသွားတစ်စုဟာ တောလမ်းခရီးတစ်ခုကိုဖြတ်သန်းလာတုံး ညနေရိုးရီမှာ ဓါးပြတိုက်ခံရပါသတဲ့။ ပါသမျှ ကုန်စည်တွေရော ရှိစုမဲ့စု ပစ္စည်းလေးတွေရော အကုန်ပါသွားတာပေါ့ ။ နောက်တနေ့မနက်ကျတော့ ရွာတစ်ရွာကို ရောက်သွားပြီး အကြောင်းစုံပြောပြလို့အကူအညီတောင်းတဲ့အခါ ရိုးသားကြတဲ့ရွာသူရွာသားတွေကသူကြီးအိမ်ကိုခေါ်သွားပြီး တိုင်ခိုင်းတာပေါ့ အဲဒီမှာ သူကြီးက ဓါးပြအဖွဲ့မှာဘယ်နှစ်ယောက်ပါသလည်း၊ မျက်နှာတွေကိုမှတ်မိလိုက်လား နဲ့ မေးပြီးအမှုစစ်တယ်။ အဲသည်အခါမှာ ခရီးသည် အဖွဲ့ထဲက ခေါင်းဆောင်အဖိုးအိုက တုန်တုန်ယင်ယင်နဲ့ ပြောရှာတယ်" သူကြီးရယ်" တဲ့ " ဓါးပြတွေက သူကြီးနဲ့ သူကြီးတပည့်တွေ လည်ပင်းမှာ ပတ်ထားတဲ့ မာဖလာမျိုးတွေကို မျက်နှာတွေမှာစည်းထားတော့ ဘယ်သူဘယ်ဝါတွေမှန်း မသိလိုက်ရပါဘူး" တဲ့ ။

တိုင်းပြည်တစ်ခုမှာ အစိုးရအဖွဲ့ဆိုတာ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့် ရှောက်ပေး နိုင်ဖို့ဟာ အဓိကကျသော တာဝန်တစ်ခုဖြစ်ပါတယ် ။ အဲဒီနည်းတူ တိုင်း/ပြည်နယ် အစိုးရအဖွဲ့များဟာ မိမိတို့ သက်ဆိုင်ရာ တိုင်း/ပြည် နယ်အတွင်းရှိ တိုင်းသူ တိုင်းသား ၊ ပြည်နယ်သူ ပြည်နယ်သား များရဲ့ အသက်အိုးအိမ်စည်းစိမ် တို့ကို ကာကွယ်စောင့်ရှောက် ပေးရန်တာဝန်ရှိကြပါတယ် ။ ထိုကဲ့သို့ ပြည်နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေး တာဝန်များကို ထမ်းဆောင်ရန်အတွက်  ပြည်နယ်သူ/ သားများ  ဘေးကင်းရန်ကွာ ငြိမ်းချမ်းစွာ နေထိုင်၊လုပ်ကိုင်၊စားသောက်နိုင်ရေး တို့အတွက် ထိုပြည်နယ်သူပြည်နယ်သားများ က ရွေးချယ်တင်မြှောက်ပေးထားသော အစိုးရအဖွဲ့ဟာ ၊ အဲဒီလို အသက်အိုးအိမ် စည်းစိမ်ကို မှ အကာအကွယ်မပေးနိုင်လျှင် ဘယ့်အတွက်ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နေကြဦးမှာလဲ ၊ လုပ်ပိုင်ခွင့်နဲ့ အာဏာတော့ယူပြီး တာဝန်မှ မကျေကြရင် ဘာအတွက်ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နေကြဦးမှာလဲ " လို့ ပြတ်ပြတ်သားသား မေးရမှာ ဖြစ်ပါတယ် ။

အထက်မှာ တင်ပြခဲ့သည့်အတိုင်း အဓမ္မကျင့်သတ်ဖြတ်ခြင်းခံရသူ အမျိုးသမီးကလေး နှင့် လူမဆန်စွာကျင့်ကြံခဲ့ ကြသူ (၃)ဦး တို့၏ ပြဿနာမီးပွားမှာ ရခိုင် အမျိုးသမီးကလေး နှင့် လူမျိုးခြား (၃)ဦးဟူသော လူမျိုးရေး ပြဿနာ ၀င် ရောက် မထွေးယှက်ခဲ့ပါလျှင်  ၊ ဘာသာရေး ပြဿနာများ သာ မရောယှက် မဆက်နွယ်လာခဲ့ရင် ဒါဟာ ရဲအရေးပိုင်တဲ့ ရာဇ၀တ်မှုကြီး တစ်ခုသာလျှင် ဖြစ်ပါလိမ့်မယ် ။ အဲဒီလိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ အမှုအခင်းစတင်ဖြစ်ပွားရာ  မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့အကြီးအကဲရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ အားနည်းမှုကြောင့် ဒီပြဿနာ ကြီးထွားဖို့ အစပြုတယ် လို့ ဆိုရမှာဖြစ်ပါတယ် ။ (မိမိ၏ အားနည်းချက်ကို ဖုံးကွယ်လို၍ ပြည်သူတွေရဲ့ ဒေါသနှင့် ဆန္ဒစောမှုများ ကြောင့်ဟု ဆင်ခြေပေး၍ မရပါ) ။ နောက်ထပ်တာဝန်ရှိသူကတော့ ထိုမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ် ။ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြဿနာဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နာက် ကာယကံရှင်များ ၊ ရပ်မိရပ်ဖများ ဒေသဆိုင်ရာအကြီးအကဲများနဲ့ ညှိနှိုင်းဆောင်ရွက်မှုများကို ထင်သာမြင်သာရှိစွာ ပြုလုပ်ပြီး ပြဿနာ မီးပွားကို အမြန်ဆုံးငြိမ်းသတ်ရမဲ့ တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ ဆိုရပါမယ် ။ အထူးသဖြင့် မတူကွဲပြားသော လူမျိုးစုများ ၊ ဘာသာရေး အယူဝါဒကွဲပြားသော လူ့အဖွဲ့အစည်းများ ယှဉ်တွဲနေထိုင်ရာ အရပ်ဒေသတစ်ခုမှာ တရားဥပဒေ စိုးမိုးမှုကို တာဝန်ယူရတဲ့ ဥပဒေ၀န်ထမ်းများရဲ့ တာဝန်ဟာ အလွန်ပဲ ကြီးလေးလှကြောင်း ၊ လူမျိုးရေး ဘာသာရေးအသွင်ဆောင်သော ပြဿနာများကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ဖြေရှင်း၍ မရနိုင်ကြောင်းကို မဆွကတည်းက သိနားလည် ထားရမှာ ဖြစ်ပါတယ် ။ တစ်ဆက်တည်းမှာ နောက်ဆက်တွဲပေါ်ပေါက်လာနိုင်သော ပြဿနာများကို ကြိုတင်ကာကွယ်နိုင်တဲ့ အမျှော် အမြင် နှင့် ကြိုတင်ပြင်ဆင်ကာကွယ်တားဆီးမှုများလည်း လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ် ။ လူမျိုးရေး ဘာသာရေး ပြဿနာများဟာ နောက်ဆက်တွဲ ပြဿနာများ လွယ်လင့်တကူ ကြီးထွားလာနိုင်တာကို ကြိုတင်မတွက်ဆ၊မပြင်ဆင်၊မကာကွယ်နိုင်ခဲ့တဲ့အတွက် အထက်ပါပုဂ္ဂိုလ်များမှာ အဓိက တာဝန်ရှိတယ်လို့ ဆိုရပါမယ် ။

တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ စာရင်းမှာ ချန်ထားခဲ့လို့ မရနိုင်သူများကတော့ သက်ဆိုင်ရာ ခရိုင်အစိုးရအဖွဲ့ အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ၊ အထူးသဖြင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ ပြည်နယ် ရဲချုပ် တို့ပဲ ဖြစ်ပါတယ် ။ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဟာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်အရှိဆုံးသူ ဖြစ်ပါတယ် ။ကိုယ့်ပြည်နယ်အတွင်း မှာ ဖြစ်ပွားလာတဲ့ ရာဇ၀တ်မှုတစ်ခု ကနေ လူမျိုးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခတွေအထိကြီးထွားလာရတာဟာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှု နဲ့ အုပ်ချုပ်ရေးပိုင်း အားနည်းချက်ဖြစ်တယ် ဆိုတာ ဘယ်လိုမှ ငြင်းချက်မထုတ်နိုင်ပါဘူး ။ ပြဿနာ တစ်ခုရဲ့ အတိမ်အနက်  ကို လေ့လာဆန်းစစ်ပြီး ဖြစ်နိုင်ခြေများကို တွက်ဆ၍ ကြိုတင်ကာကွယ်မှုများ တားဆီးမှုများ ပြုလုပ်ဖို့ ဆုံးဖြတ်ချက်များ ကို ချမှတ်ပေးရမယ့် အဓိကတာဝန်ရှိသူ တစ်ဦးအနေနဲ့  မိမိတာဝန်ကို ကျေပြွန်စွာမထမ်းဆောင်နိုင်ခဲ့ဘူးလို့ ပြောရမှာဖြစ်ပါတယ် ။ ထိုနည်းတူ ပြည်နယ်ရဲချုပ်ဟာ ကိုယ့်ပြည်နယ် အတွင်း တရားဥပဒေ စိုးမိုးမှု ကဏ္ဍမှာ တာဝန်အရှိဆုံးသူ ဖြစ်ပါတယ် ။ ပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်သော ရာဇ၀တ်မှုများကို စုံစမ်းဖော်ထုတ် ကြိုတင်ကာကွယ်ဖို့ ၊ ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများကို ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့ ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များကို စောင့်ရှောက်ကာကွယ်ဖို့ တာဝန် အရှိဆုံးသူ ဖြစ်ပါတယ် ။ ဒီပြဿနာမှာ ပြည်နယ် ရဲချုပ်သည်လည်းပဲ တိုင်းပြည်က ပေးအပ်ထားသော တာဝန်ကို ကျေပြွန်စွာ မထမ်းဆောင်နိုင်ဘူး လို့ ကောက်ချက်ချနိုင်ပါတယ် ။

ပြည်သူတွေက အစိုးရကို ရွေးချယ်တင်မြှောက်ပြီး လစာအသုံးစာရိတ်ငွေများ ခံစားခွင့်များပေးအပ်လျက် မိမိတို့ကို အုပ်ချုပ်ပိုင် ခွင့် ၊စီမံပိုင်ခွင့်များပေးအပ်တယ် ဆိုတာ အလကားသက်သက် အလုပ်မရှိအလုပ်ရှာတာ မဟုတ်ကြပါဘူး ၊ ကျောက်ခေတ်၊ကြေးခေတ် ၊ သံခေတ် ၊အမိအုပ်ထိမ်းသောခေတ် ၊ အဖ အုပ်ထိမ်းသောခေတ်တို့က စလို့ အုပ်ချုပ်သူ (ခေါင်းဆောင်) ဆိုတာဟာ အုပ်ချုပ်ခံတို့ရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးနိုင်မယ့်သူကို ရွေးချယ်ခဲ့ကြတာပါ ။အစိုးရနှင့် ပြည်သူရယ်လို့ အုပ်ချုပ်ရေးစနစ် မပေါ်ပေါက် မီ  ခေါင်းဆောင်နှင့် အဖွဲ့အစည်းဟု စတင် သန္ဓေတည်ခဲ့ချိန်ကပင်၊ ခေါင်းဆောင်သူသည် အဖွဲ့အစည်းဝင်တို့၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ရမည် ဆိုသောအချက်သည် ပဋိညဉ် ပြုရန်မလို ၊ ကျမ်းသစ္စာကျိန်ဆိုရန်မလိုဘဲ အလိုအလျောက် သဘော သက်ဝင်ပြီး ဖြစ်ပါတယ် ။ လူ့အဖွဲ့အစည်းတစ်ခုကို ဦးဆောင်သူ အုပ်ချုပ်သူတစ်ယောက်ဟာ အုပ်ချုပ်ခံတို့ကို ကောင်းစွာစောင့်ရှောက် ရမယ် ၊ ၎င်းတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရုံသာမက အကျိုးစီးပွား တိုးတက်ရာတိုးတက်ကြောင်းကိုလည်း ဖန်တီး လုပ်ဆောင်ပေးဖို့ အပြည့်အ၀ တာဝန်ရှိပါတယ်  ။

ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်ခြင်းခံတဲ့သူတွေမှာ တာဝန်ယူမှု ဆိုတာရှိရပါတယ် ။ တာဝန် ကို မကျေပြွန် သူတွေအနေနဲ့ ထိုတာဝန်များကို ပေးအပ်ထားသော ပြည်သူများကို ရှက်တတ်ရပါမယ် ။ ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ တာဝန်ဆိုတာ ကို ယူပြီးရင် ကျေပြွန်အောင်ထမ်းဆောင်ရင်ထမ်းဆောင် မထမ်းဆောင်နိုင်ရင် မိမိကို ပေးအပ်ထားသော တာဝန်များကို ပြည်သူ့ထံ ပြန်လည်အပ်နှံရမှာပဲ ဖြစ်ပါတယ် ။ အဲဒီလိုလုပ်ဆောင်တာဟာ ဒီတာဝန်ကို ထမ်း ဆောင်နိုင်မယ့် အခြားပုဂ္ဂိုလ်တစ်ဦးကို ထပ်မံရွေးချယ်နိုင်ဖို့ အခွင့်အရေးကို ပြည်သူ့ထံ ပြန်လည်ပေးအပ်လိုက်တာပဲဖြစ် ပါတယ် ။ နိုင်ငံတစ်ခုမှာ ကွန်ပြူတာ ထိန်းချုပ်စနစ် ချွတ်ယွင်းလို့ မီးရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိတဲ့အတွက် ပြည်သူတွေ အသက်ဆုံးရှုံးရတာကို မိမိမှာ တာဝန်ရှိပါ တယ်လို့ လူသိရှင်ကြား ၀န်ချတောင်းပန်ပြီး ရာထူးက နှုတ်ထွက်သွားတဲ့ မီးရထားဝန်ကြီးအကြောင်း သတင်းလေးတစ်ပုဒ် ဖတ်လိုက် ရပါတယ် ။ အဓိကရုဏ်းဖြစ်ပွားတာကို မထိမ်းသိမ်းနိုင်တဲ့အတွက် ရဲချုပ်က သူ့တာဝန်သူယူပြီး နှုတ်ထွက်သွားတဲ့ သတင်းကို ဖတ်ရတယ် ။ အဲဒါတွေဟာ တာဝန်သိမှုနဲ့ တာဝန်ယူမှု တွေပါ ၊ စာရေးသူတို့ မြန်မာနိုင်ငံက အစိုးရအရာရှိကြီးတွေ ၊ ၀န်ကြီးတွေ ၊ အကြီးအကဲတွေမှာ အဲဒီလို တာဝန်သိမှုနဲ့ တာဝန်ယူမှုတွေ နည်းပါးနေသေးတာကို တွေ့မြင်နေရတာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ များစွာ စိတ်မချမ်းသာ ဖြစ်ရပါတယ် ။ တာဝန်ကျေဖို့ မကျေဖို့ က အဓိက မဟုတ်ဘူး သက်တမ်းရှည်နိုင်သမျှရှည်ရှည် နေရာမြဲဖို့က အဓိက လို့ ယူဆကြတဲ့ အောက်တန်းကျစိတ်ထားသဘောထားတွေ နောက်မျိုးဆက်တွေကို မကူးစက်စေချင်ပါဘူး ။ အဲဒါကြောင့် ပြည်သူ့တာဝန် များ ကို ထမ်းဆောင်နေကြပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးများအနေနဲ့ မိမိတို့ရဲ့ စီမံအုပ်ချုပ်မှုညံ့ဖျင်းအားနည်းမှုတွေကြောင့် ၊ ပြည်သူတွေအပေါ်တာဝန်မကျေမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ ပြည်သူပြည်သားတွေရဲ့ ၀ိညဉ်တွေကို ရှက်ကြစေချင်ပါတယ် ။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး အေးအေး ချမ်းချမ်းနေထိုင်နေရတဲ့ ဘ၀ကနေ ဒုက္ခသည်စခန်း တွေကို ရောက်သွားကြရပြီး  သူတစ်ပါးပေးစာကမ်းစာ ထောက်ပံ့စာနဲ့နဲ့ ဆင်းဆင်းရဲရဲဝတ်စားနေထိုင်နေကြရတဲ့ ပြည်သူတွေကို ရှက်ကြစေချင်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဘ၀ရောက်သွားကြရတဲ့ အပြစ်မဲ့ ကလေးငယ်များကို ရှက်ပါ ။ ပညာသင်စခန်း ၊ ကျောင်းသင်ခန်းများမှာ စာသင်စာအံ နေကြရမယ့်အစား  ဒုက္ခသည်စခန်းမှာ လွယ်အိပ်ကို ဘေးချပြီး ငိုကြွေးနေကြရရှာသော ကျောင်းသားအရွယ်လူမမယ်ကလေးများကို ရှက်ကြပါ ။ မိမိတို့ ပြည်သူတွေအပေါ် ဘာတွေတာဝန်လစ်ဟင်း ချွတ်ယွင်းခဲ့ပါသလည်း ဟု နဖူးပေါ်လက်တင်၊လက်ပေါ်နဖူးတင်၍ ဆင်ခြင်စဉ်းစားကြည့်ကြပါ ၊ ပြီးလျှင် မိမိတို့ ဘာလုပ်သင့်သည်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါစေ ဟု တိုက် တွန်း လိုက်ရုံမှတပါး …………… ။

ထင်လင်းဦ (Wisdom Villa)
by Myanmar  News Now


ရန်ကုန် တက္ကသိုလ်အတွင်း လုံခြုံရေးတင်းကျပ်ထား

Posted: 17 Nov 2012 06:27 AM PST

ရန်ကုန်၊ နိုဝင်ဘာလ ၁၇။

ရန်ကုန်တက္ကသိုလ်အတွင်း အမေရိကန်သမ္မတ အိုဘားမားမှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင်
လာရောက်ဟောပြောမည် ဖြစ်သဖြင့် လုံခြုံရေး တင်းကျပ် ထားကြောင်း သိရသည်။

လုံခြုံရေးတပ်ရင်းများဖြစ်သည့် အမှတ် (၁၀) ရဲတပ်ရင်းနှင့် အခြားလုံထိန်းတပ်များ နေရာအနှံ့
ဖြန့်ကျက်ထားကြောင်း သိရသည်။

"တက္ကသိုလ်ဖွင့်ဖို့ ပြင်တာဆင်တာတော့ ပြီးခဲ့တဲ့လကတည်းက ပြင်ကြတယ်။ လုံခြုံရေးကတော့
ချထားတာတစ်ပါတ် လောက်တော့ ရှိပြီ။ ဘွဲ့နှင်းသဘင်နဲ့ နီးစပ်တဲ့လမ်းကြောင်းတိုင်းမှာ
လုံခြုံရေးတာဝန်ကျ ရဲဘော်တွေရှိတယ်" ဟု ရန်ကုန်တက္ကသိုလ် ၀င်းအတွင်း ဈေးရောင်းနေသူ
တစ်ဦးက ဆိုသည်။

လုံခြုံရေးတပ်ရင်းများ နေရာအနှံချထားသည့်အပြင် မြေပြင်လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ ရဲတပ်ရင်းများအပြင် နီးစပ်ရာ တိုင်းဒေသကြီးအချို့မှ ရဲတပ်ရင်းများလည်း ရောက်ရှိနေကြောင်း
သိရသည်။

"တပ်ရင်းတွေမှာ ရှိသမျှ ရဲဘော်တွေ အကုန်ထွက်ရတယ်။ တပ်မှာ မိန်းမနဲ့ ကလေးတွေပဲ ကျန်ခဲ့တယ်။
အနီးကပ်လုံခြုံရေး ကတော့ အိုဘားမားအတွက် လာတဲ့လုံခြုံရေးနဲ့ ကျနော်တို့ပေါင်းပြီး တာဝန်ယူရမယ်။
အဓိက ကျွန်တော်တို့တပ်ရင်းတွေက သူသွားမယ့် လမ်းကြောင်းတိုင်းမှာ မြေပြင်လုံခြုံရေးအတွက်
တာဝန်ယူရမယ်"ဟု ရွှေဂုံတိုင်တွင် လုံခြုံရေးတာဝန်ကျနေသော ရဲတပ်ရင်းမှ အရာရှိတစ်ဦးက
ယနေ့တွင် ပြောကြားသည်။

စူးရှ - မြန်မာ့ခေတ်


တောဆင်ရိုင်းများ သောင်းကျန်းမှု ချောင်းသာ အနီးရှိရွာများ ရင်ဆိုင်နေရ

Posted: 17 Nov 2012 06:12 AM PST

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာ ကမ်းခြေသို့
သွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ တောင်ဆင်းရိုင်း
 များမကြာခဏ ဆိုသလို ၀င်ရောက် ကာ လူများအား အန္တရာယ်
ပြုသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် စိုက်ခင်းများအား ဖျက်ဆီးနေခြင်း
တို့ကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်နေရ လျက်ရှိပြီး ယင်းဆင်ရိုင်း
များအား တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ် ဖြင့် ကာကွယ် တားဆီးမှု
များပြုလုပ် ပေးစေလိုကြောင်း ဒေသခံပြည်သူ များထံမှ သိရှိရသည်။

"တောရှင်းပြီး ရော်ဘာ အစား ထိုး စိုက်ပျိုးမှုတွေ လုပ်တော့ ဆင်ရိုင်း
တွေ နေရာပျောက်ပြီး အနီးနားက ရွာတွေကို ရောက်ရောက်လာတာ၊
သူတို့ကြောင့် သေတဲ့လူတွေလည်း မနည်းတော့ဘူး။ ဆင်တွေဖျက်ဆီး
 လို့ပျက်စီးတဲ့အိမ်တွေလည်းမနည်း တော့ဘူး။ ရွာမှာလူတိုင်းက ဗျောက်
 အိုးဆောင်ထားရတယ်။ သူတို့လာရင် ခြောက်ဖို့ ဒါပေမဲ့ မထိရောက်ပါဘူး။
 ဒီဆင်ရိုင်းတွေကြောင့် တောစပ်သွားပြီး ၀မ်းရေးရှာမယ့် လူတွေလည်း
သွားမရှာရဲဘူး။ ဒါကို မစိုးရနဲ့ အစီအစဉ်တစ်ရပ်အနေ နဲ့
ဖြေရှင်းပေးစေချင်တယ်"ဟု ရှမ်းစုကျေးရွာနေပြည်သူတစ်ဦးက
ပြောကြားသွားခဲ့သည်။

တောများရှင်းပြီး ရာဘာအစားထိုးစိုက်ပျိုးမှုကြောင့် နေရာ ပျောက်၍
တောဆင်ရိုင်းများမှ အနီးရှီကျေးရွာများသို့ မကြာခဏ ၀င်ရောက်၍ စိုက်ခင်းနှင့်
 လူနေ အိမ်များအားဖျက်ဆီးခြင်း၊ လူများ အားအသက်
အန္တရာယ်ပြုနေခြင်း တို့ပြုလုပ်လျက်ရှိနေပြီး တောဆင်ရိုင်းအန္တရာယ်
အများဆုံးစိုးရိမ်နေ ရသောရွာများမှာ ရှမ်းစု၊ သစ်တိုပင်၊ ကလောခုံ၊ ၀ါဘိုး၊
လျှောပြာ၊ ရွာသစ်ကြီးစသည်တို့ဖြစ်ကြောင်း သိရှိရသည်။

ခန့်ခန့်(ဒဿနိက)
Hot News



ကျေးလက် အရစ်ကျမိုဘိုင်းဖုန်း အပိုဆောင်းပေးဆောင်ရမှုရှိနေ

Posted: 17 Nov 2012 06:12 AM PST

သံတွဲ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၂၊ YPI

ကျေးလက် ဒေသများ အတွက် GSM ဆင်းကတ်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးလျှက် ရှိရာတွင် သံတွဲမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့က သတ်မှတ် နှုန်းထားထက် ပိုမိုကောက်ခံ နေကြောင်း ဒေသခံများက ပြောသည်။

ဒွါရာဝတီမြို့သစ် ဒေသခံတစ်ဦးက" မှတ်ပုံတင် မိတ္တူ နှစ်စောင်ပေးရတယ်။ ခရီး စရိတ်ဆိုပြီး နှစ်ထောင် ပေးရတယ်။ တချို့ဆိုရင် ၅ ထောင်ပေးရတယ် လို့ပြောတယ်။ အ.ထ.က (၂) ကျောင်းရန်ပုံငွေ ကံစမ်းမဲ နှစ်စောင် ၀ယ်ရတယ်" ဟုပြောသည်။

၂ သိန်းတန် GSM ဆင်းကတ်ကို အရစ်ကျစနစ်ဖြင့် ရောင်းချသည့် အစီအစဉ်အရ ၀ယ်ယူသူ အနေဖြင့် ပထမလတွင် ၄ သောင်းကျပ် ပေးသွင်းရပြီး ကျန်ရှိသည့် လများ၌ ကျပ်တစ်သောင်းစီ ပေးသွင်း ရမည်ဖြစ်သည်။

သံတွဲမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ဆင်ခေါင်းကျေးရွာတွင်လည်း ခရီးစရိတ်အဖြစ် အပိုကြေး ၅ ထောင်စီ ပေးနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အကယ်၍ ဖုန်း SIM ကတ် ပျက်စီးခဲ့လျှင် အခမဲ့လဲလှယ်ပေးသည် ဆိုသော်လည်း စစ်တွေသို့ ပို့ဆောင်ရသည့် ခရီးစရိတ်ဟုဆိုကာ ငွေတစ်သောင်းခွဲပေးခဲ့ရကြောင်း SIM ကတ်ပျက်စီး၍ ဆက်သွယ်ရေးရုံးတွင် သွားရောက် ဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောသည်။

ယခုရောင်းချသည့် အရစ်ကျစနစ်မှာ ဖုန်းဈေးနှုန်းလျော့ကျသွားပါက ၎င်းဈေးနှုန်းအတိုင်း ပေးချေရမည် ဖြစ်ကြောင်း ငှားရမ်းသောစာချုပ်တွင် ဖော်ပြထားသည်။

by Yangon Press International


ဆီတွဲမီးလောင် လူနာများအတွက် ဆေးဝါးများ လိုအပ်လျက်ရှိ

Posted: 17 Nov 2012 05:52 AM PST

ရန်ကုန်၊ နိုဝင်ဘာ ၁ရ

သေဆုံးသူ ဦးရေမှာ ၄၆ ဦးအထိ မြင့်တက်ခဲ့သော ဆီတွဲရထားတိမ်မှောက် မီးလောင် မှုကြောင့် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများ အတွက် ဆေးဝါများ လိုအပ်လျက်ရှိပြီး လှူဒါန်း လိုသူများ အနေဖြင့် ဆေးဝါး သော်လည်းကောင်း၊ ဆေးဖိုး ကုန်ကျငွေသော် လည်းကောင်း ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ လှူဒါန်းနိုင်ကြောင်းနှင့် လူနာများ လက်သို့လည်း တိုက်ရိုက် လှူဒါန်းနိုင်ကြောင်း အဆိုပါ ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ မိုးမြင့် က The Voice Weekly သို့ ပြော ကြားသည်။

"ကျွန်တော်တို့ လူနာတွေ အတွက် အဓိက လိုအပ်တာ ဆေးဝါးပါ၊ ကျန်တာတွေလည်း လူနာတွေ အတွက် ပံပိုး ပေးနေပါတယ်၊ လှူချင်တဲ့ လူတွေအနေနဲ့ ဆေးဝယ်ပြီး လှူရင်လည်း ရသလို ငွေသားလည်း လှူလို့ ရပါတယ်" ဟု ဒေါက်တာမိုးမြင့်က ဆိုသည်။

နိုဝင်ဘာ ၁၀ရက်မှ ၁ရရက်နေ့ အထိ ကန့်ဘလူ ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေသူ ပြင်းထန်မီးလောင် လူနာ ၂၁ ဦး ထပ်မံ သေဆုံးခဲ့ရာသေဆုံးသူ ဦးရေမှာ ၄၆ ဦးအထိ မြင့်တက်ခဲ့သည်။


ချပ်ကြီးဘူတာ အနီး ဆီးတွဲ မီးလောင်မှုကြောင့် ကန့်ဘလူ ကုတင် ၁၀၀ဆေးရုံမှ မီးလောင် လူနာများအတွက် ကျန်းမာရေးဝန်ကြီးဌာန ကငွေကျပ်သိန်းတစ်ရာ နှင့် ပြင်ပအလှူရှင် များက ငွေကျပ် တစ်ရာလေးဆယ့်သုံးသိန်း ကို လှူဒါန်း ခဲ့ကြောင်းလူနာများ အတွက် တစ်ရက်ဆေးဖိုး ကုန်ကျငွေမှာ ငွေကျပ် ၃၅ သိန်းခန့် ရှိကြောင်း ၎င်းကပြောကြားသည်။

လူနာများအတွက် လှူဒါန်းလိုသူ များသည် ကန့်ဘလူဆေးရုံ ဆေးရုံအုပ် ဖုန်း ၀၇၅-၂၇၀၁၃၊ ဦးမင်းကြည်ဦး-၀၉-၆၈၀၈၈၅၀၊
ဒေါက်တာ လှိုင်မြင့်ဟန်-၀၉-၄၇၀၆၆၇၁၃၊ ဦးဇော်လင်းထွန်း-၀၉-၆၄၆၆၂၃၂ တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

ရန်ကုန်မြို့မှ အလှူရှင်များအနေဖြင့် ဆေးဝါ (သို့)ဆေးဝါးဝယ်ယူ ရန်ငွေကြေးများ လှူဒါန်းလိုပါက The Voice Weekly ရုံးခန်း အမှတ် ၄၅၈၊မဟာဗန္ဒုလလမ်းနှင့်၃၁ လမ်းထောင်ဖုန်းနံပတ်၂၄၂၄၂၄၊၃၈၉၂၁၀၊၃၈၉၂၁၁၊၃၇၂၉၀၅ တို့သို့ဆက်သွယ်လှူဒါန်းနိုင် ကြောင်း အသိပေးအပ်ပါသည်။

The Voice Weekly



အိုဘားမားကြောင့် ရန်ကုန်လေဆိပ် နှစ်နာရီကြာ ပိတ်မည်

Posted: 17 Nov 2012 05:45 AM PST

ရန်ကုန်၊ နိုဝင်ဘာ-၁၇

အမေရိကန်သမ္မတ လာရောက်မည့် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နံနက်တွင် တစ်ကြိမ် ညနေတွင် တစ်ကြိမ် ပိတ်ထားမည်ဟု သတင်းရရှိသည်။

''မနက်ပိုင်းက ၈ နာရီကနေ ၉ နာရီထိ တစ်ကြိမ် ပိတ်မယ်။ ညနေပိုင်းက ၃ နာရီကနေ ၄ နာရီထိ ပိတ်မယ်'' အေးရှားဝင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် နိုဝင်ဘာ ၁၉ ရက်တွင် ပုံမှန် ၈နာရီ ၄၀ မိနစ်တွင် ပျံသန်းသော ရန်ကုန်-စင်ကာပူ ခရီးစဉ်အား မိနစ် ၄၀ စော၍ နံနက် ၈ နာရီတွင် ထွက်ခွာမည်ဟု အမ်အေအိုင် လေကြောင်းလိုင်းဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

ထို့အပြင်အခြားသော ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းမှာလည်း နိုဝင်ဘာ ၁၉ ရက်တွင် ပျံသန်းမည့် လေယာဉ်အချိန်များကိုအပြောင်းအလဲလုပ်ထားကြောင်း ပြည်တွင်း၊ ပြည်ပလေကြောင်း လိုင်းအချို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။

7Day News Journal


ကမ္ဘာကျော်တေးသံရှင် Jason Mraz မြန်မာနိုင်ငံသို့ လာရောက်ကာ ပြည်သူ့ရင်ပြင်တွင် အခမဲ့ဖျော်ဖြေမည်

Posted: 17 Nov 2012 12:31 AM PST

Lucky , life is wonderful, I'm yours သော တေးသီချင်းများနှင့် ကမ္ဘာကျော်ကာ မြန်မာနိုင်ငံ တွင်လည်း လူသိများ ပရိသတ် အခိုင်အမာ ရရှိထားသော အမေရိကန် တေးသံရှင် Jason Mraz သည် လူကုန်ကူးမှုပညာ ပေးရေး ခရီးစဉ် အတွင်း မြန်မာနိုင်ငံ သို့လည်း လာရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း huffington post သတင်းစာ ကဖော်ပြထားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်မည်

Posted: 17 Nov 2012 12:27 AM PST

နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း မရှိသည့် နိုဝင်ဘာ(၁၅)ရက်နေ့ လွတ်ငြိမ်း ချမ်းသာခွင့် ကို  (၈၈) မျိုးဆက် ကျောင်းသား များနှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့မှ ကန့်ကွက်သည့် ကြေငြာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။ အဆိုပါ ကြေငြာချက်အား နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီက တော်ဝင်နှင်းဆီ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ 

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အိုဘားမားခရီးစဉ် လုံခြုံရေးအတွက် လုံခြုံရေးအင်အား တစ်သောင်းချထား

Posted: 16 Nov 2012 11:53 PM PST

နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ရောက်ရှိလာမယ့် အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ အိုဘားမားရဲ့ ခရီးစဉ် လုံခြုံရေး အတွက် မြန်မာ အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား တစ်သောင်း နီးပါး အသုံးပြု ထားတယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်အောင်ဆန်းစုကြည် အိန္ဒိ IT မြိုကတော်သို့ ဆိုက်ရောက်

Posted: 16 Nov 2012 11:43 PM PST

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ၏ သတင်းနည်းပညာ IT မြို့ တော်ဟု ကမ္ဘာတွင် ကျော်ကြားလှသည့် ကာနာတာကာ ပြည်နယ်၊ ဘန်ဂလိုမြို့သို့ သောကြာနေ့ည ၈ နာရီ ၅၅ မိနစ်က အိန္ဒိယ လေကြောင်းလိုင်းဖြင့် ဆိုက်ရောက် လာခဲ့သည်။

စနေနေ့တွင် အန်ဒရာပရာဒက်ရှ် ပြည်နယ်ရှိ ကျေးလက်ဖွံ့ဖြိုးရေးနှင့် အမျိုးသမီး စွမ်းဆောင်ရည်မြှင့် အစီအစဉ်များကို မနက်ပိုင်းတွင် သွားရောက် လေ့လာရန်ရှိသည်။

ဒေါ်စု ခရီးစဉ်ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု စိုးရိမ်စရာမလို

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ရက်တာ ဘန်ဂလိုခရီးစဉ် အတွင်း ယာဉ်ကြောပိတ်ဆို့မှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း ဘန်ဂလို ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

အိန္ဒိယရှိ သတင်းနည်းပညာIT မြို့တော် ဘန်ဂလိုတွင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ သိပ္ပံကျောင်း နှင့် နည်းပညာ တက္ကသိုလ်သို့ သွားရောက်ရန်ရှိပြီး ထို့အတွက် ယာဉ်ကြောပိတ်ဆို့မှုကို စိုးရိမ်ဖွယ် မရှိကြောင်း
ပြောသည်။

ဘန်ဂလိုမြို့မှာ အိန္ဒိယနိုင်ငံတွင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးမြို့များထဲမှ တမြို့ဖြစ်၍ တက္ကစီများနှင့် အခြား ယာဉ်မောင်းများ၏ စိုးရိမ်မှုအား တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သောကြာနေ့က နယူးဒေလီရှိ Lady Shri Ram ကောလိပ်သို့ အလာတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့်
ဒေါ်အောင်ဆန်းစုကြည် ၁ဝ မိနစ် နောက်ကျခဲ့ရသည်။

ဘန်ဂလို (မဇ္ဈိမ)

၁၉၆ဝ ခုနှစ်များက နိုင်ငံရေးသိပ္ပံပညာ ဆည်းပူးခဲ့သည့် Lady Shri Ram အမျိုးသမီးကောလိပ်သို့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဒေါ်အောင်ဆန်းစုကြည် ပြန်လည်သွားရောက် လည်ပတ်စဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နာရီဝက်ကျော်ကြာ အမှတ်တရစကားများ ပြောကြားခဲ့သည်။


နိုဝင်ဘာလ (၁၉)ရက်နေ့ ထုတ် The Voice Vol.8 / No.46

Posted: 16 Nov 2012 11:25 PM PST

နိုဝင်ဘာလ (၁၉)ရက်နေ့ ထုတ် The Voice Vol.8 / No.46

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ကျောက်တော် စစ်တပ်က ရိတ်သိမ်းလယ်များ မြို့နယ်ဦးစီးက ကွင်းဆင်း စစ်ဆေး

Posted: 17 Nov 2012 12:35 AM PST

ရခိုင် ပြည်နယ် ကျောက်တော် မြို့နယ် ပြိန်းချောင်း ကျေးရွာတွင် စစ်တပ်က စပါး ရိတ်သိမ်း သွားသော လယ်မြေ ဧကများကို မြို့နယ် ဦးစီးမှူးရုံးက ယနေ့တွင် ကွင်းဆင်း စစ်ဆေး နေသည်ဟု သတင်း ရရှိသည်။ " ဟုတ်ကဲ့။ မြို့နယ် ဦးစီးမှူးရုံးနဲ့ မြို့နယ် မြေတိုင်း ဦးစီးမှူးရုံးက လာရောက် တိုင်းတာ နေပါတယ်။ စစ်တပ်က ရိတ်သိမ်းသွားတဲ့ လယ်ဧက ဘယ်လောက် ရှိတယ် ဆိုတာကို အခု တိုင်းတာ နေပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
 
စစ်တပ် မိသားစုများက ပြည်သူများ ထွန်ယက် စိုက်ပျိုးထားသော စပါး စိုက်ခင်းများကို တက်ရောက် ရိတ်သိမ်းနေစဉ် (ဓါတ်ပုံ- RSV)
စစ်တပ်က ရိတ်သိမ်းပြီး စပါးများကို တပ်ရင်းသို့ ကားဖြင့် သယ်ယူနေစဉ် (ဓါတ်ပုံ- RSV)



ရခိုင်အရေး ဘန်ကီမွန်းဆီ ဦးသိန်းစိန်စာပို့

Posted: 16 Nov 2012 10:49 PM PST

မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် ကုလ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့ နေပြည်တော်မှာ တွေ့ဆုံကြစဉ် (ဧပြီ ၃၀၊ ၂၀၁၂)
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ဆီက ပေးစာ တစ်စောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း လက်ခံ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ကြေညာချက် ထုတ်ပြန်ု လိုက်ပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ အဓိပ္ပါယ်မဲ့ အကြမ်းဖက်မှု တွေကြောင့် အသက်တွေ လူတွေ သေဆုံးခဲ့ရမှု၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ရမှု ဖြစ်ပေါ်ခဲ့ရခြင်းဟာ ဆိုရင်၊ ပြစ်မှုဆိုင်ရာ လုပ်ရပ်တွေအဖြစ် သမ္မတဦးသိန်းစိန်က ရှုတ်ချထားပါတယ်။

တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အညီ ဖော်ထုတ် အရေးယူ သွားဖို့လည်း ကတိပြုထားပါတယ်။ ဒေါသ ရန်မီးတွေ အေးငြိမ်း သွားတဲ့အခါ၊ ဒီပြဿနာတွေကို နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ် အဖြေရှာသွားမယ် လို့လည်း ဖော်ပြထားပါတယ်။

အခုလောလောဆယ်မှာ အဲဒီဒေသခံတွေအတွက် လိုအပ်နေတဲ့ စာနာမှု အထောက်အပံ့တွေ ပေးပို့ကူညီနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၊ နိုဝင်ဘာလ ၁၆ ရက်နေ့နေ့စွဲ တပ်ထားတဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။  သမ္မတဦးသိန်းစိန်ရဲ့ ဒီစာနဲ့ အတူ လုပ်ဆောင်ချက်တွေကိုလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)


ယခုတစ်ပတ်ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၆)

Posted: 16 Nov 2012 10:35 PM PST

ယခုတစ်ပတ်ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




မြန်မာ့သွင်းကုန် ပိတ်ပင်မှု အမေရိကန် ပြန်ဖွင့်ပေး

Posted: 16 Nov 2012 10:22 PM PST

အမေရိကန် အစိုးရက ၁၀နှစ်နီးပါး မြန်မာ နိုင်ငံက ပို့ကုန် အများစု ပိတ်ပင် ထားတာကို နိုဝင်ဘာလ ၁၆ ရက် သောကြာနေ့က ပြန်ဖွင့်ပေး လိုက်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင် အခုလို ပိတ်ဆို့မှုကို ပြန်ဖွင့်ပေး လိုက်တာ ဖြစ်ပါတယ်။


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဂါဇာကို မြေပြင် ထိုးစစ် ပြင်နေသလား

Posted: 16 Nov 2012 10:09 PM PST

ဂါဇာက ဟားမတ်စ် စစ်သွေးကြွ တွေအပေါ် အစ္စရေး လေကြောင်းက ဆက်လက် တိုက်ခိုက် နေချိန်မှာပဲ အရံတပ် သား ခုနစ် သောင်းခွဲ ထိ ဆင့်ခေါ်ဖို့ အစ္စရေး အစိုးရက ခွင့်ပြု လိုက်ပါပြီ။ ဒီလို ဆင့်ခေါ် လိုက်တဲ့ အတွက် အစ္စရေးက ဂါဇာကို မြေပြင် က စစ်ဆင် သိမ်းပိုက်ဖို့ ပြင်နေတယ် ဆိုတဲ့ ထင်ကြေးတွေ ပိုများ လာပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အစ္စရေး ဘက်က စစ်ပြင်ဆင်မှု တွေရှိ


ပြောဆိုဆက်ဆံမှုနှင့် စိတ်ဓါတ်အခံများ (မောင်ဘိုးလှိုင်)

Posted: 16 Nov 2012 03:30 PM PST

ခိုင်မာသော နေပြည်တော် သတင်းရပ်ကွက်များမှ ကြားသိရသော သတင်းများအရ အထက်ပါ ရုံးဌာနများ၌ တာဝန်ထမ်းဆောင် နေသော၊ ပြည်သူ့ ဝန်ထမ်းကောင်းများဟု ထင်မြင်ယူဆရသော အမှုထမ်း၊ အရာထမ်းများ၏ ပြောဆိုဆက်ဆံမှု မောက်မာရိုင်းစိုင်းခြင်း၊ တင်စီးလွန်ခြင်း၊ ၀န်ထမ်းအချင်းချင်း အနိုင်ကျင့်လွန်းသော လက္ခဏာရပ်များ၊ အာဏာပါဝါ ပြလွန်းခြင်းများကို တွေ့ ရှိနေရပြီး၊ ယင်းကဲ့သို့ ဖြစ်ရပ်များကိုလည်း----

အပြည့်အစုံ  ဖတ်ရန် ဒီနေရာကို နှိပ်ပါ

by Myanmar News Now


ကြို့ပင်ကောက်မြို့မှ အုပ်စုဖွဲ့ရမ်းကားမှု

Posted: 16 Nov 2012 03:13 PM PST

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ရံပုံငွေဈေးရောင်း ပွဲတော်ကျင်းပရာ(15.11.12) ညပိုင်းတွင် ဆိုးသွမ်း လူငယ်တစ်စုမှ ပွဲတော်တွင် လာရောက် ရောင်းချနေသော ဈေးသည် လူတစ်ဦးအား လူအများရှေ့တွင် အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ကြောင်း သိရှိရသည်။ မျက်နှာတွင် သွေးထွက်ဒဏ်ရာ ရစေယုံသာမက ဆိုင်ရှိ ပစ္စည်းအချို့ကိုလည်း ဖျက်ဆီးသွားကြသည်။

ထိုအချိန်သည် ဈေးပွဲတော် လုံခြုံရေးများ ရှိနေချိန်လည်းဖြစ်သည်။ သို့ရာတွင် ပြစ်မှု့ ကျူးလွန်သူများအား တစ်စုံတရာ အရေးယူခြင်း မရှိဘဲ ကျူးလွန်ခံရသူကိုသာ ဈေးဆက်မရောင်းဘဲ အိမ်ပြန်ရန် ပြောကြားခဲ့ပါသည်။

ထိုလူငယ်များသည် မြို့ပေါ်တွင် ထိုကဲ့သို့သော ပြစ်မှုများ မကြာခဏ ကျူးလွန်လေ့ရှိကြသည်။ သူတို့၏ မိဘများမှာ အာဏာပိုင်များနှင့် မကင်းရာ မကင်းကြောင်း ရှိကြသည်။ ထို့ကြောင့် နောက်နောင် ထိုသို့မဖြစ်စေရန် သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူသင့် ကြောင်း ကြို့ ပင်ကောက်မြို့ ခံများက Myanmar News Now ကို ပြောပြပါသည်။




ဘိုကလေးမြို့နယ်တွင် အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက် ဖျက်စီးမူ့ ကျူးလွန်သူများကို အရေးမယူနိုင်သေး

Posted: 16 Nov 2012 03:13 PM PST

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကဒုံကနိ ကျေးရွာအုပ်စု၊ မရမ်းချောင်း ကျေးရွာ တွင် အောက်တိုဘာလ ၅ ရက်နေ့က တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို လစ်လျှူရူ့ ပြီး ရွာသား ၃၃ ဦးခန့်က စုရုံးကာ တုတ်၊ ဓါး၊ သရေဂွ၊ ၀ါးချွန်၊ အုတ်ခဲ၊ ပေါင်တူ၊ ရဲဒင်း အစရှိသော လက်နှက်များ ကိုင်ဆောင်လျက်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

                                     ဒဏ်ရာရရှိသူများနှင့် အပျက်အစီး ဓါတ်ပုံများ







By Myanmar News Now


ရန်ကုန်မြို့မှ ရမည်းသင်းမြို့ထိ ခြေလျင်လျှောက် ဆန္ဒဖေါ်ထုတ်သည့် မိုးထိမိုးမိ အဖွဲ့ တောင်ငူမြို့သို့ ဆိုက်ရောက်

Posted: 16 Nov 2012 02:55 PM PST





ရန်ကုန်မြို့မှ ရမည်းသင်းမြို့အထိ ရန်ကုန် - မန္တလေး အဝေးပြေး ကားလမ်းမကြီး အတိုင်း ခြေလျင်ခရီး လျောက်၍ ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများအဖွဲ့ တောင်ငူမြို့သို့ ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့သည်။

အဆိုပါ အလုပ်သမားအဖွဲ့မှာ ရန်ကုန်မြို့မှ နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ အင်အား (၈၁) ယောက်ဖြင့် စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး လမ်းခရီးတလျှောက် ရာသီဥတု ပြင်းထန်မှုနှင့် လမ်းလျှောက် ဆန္ဒပြသူ အချို့၏ ကျန်းမာရေး အခြေအနေကြောင့်  တောင်ငူမြို့သို့ ရောက်ရှိချိန်တွင် အင်အား (၆၀) ကျော် ခန့်သာ ကျန်ရှိကြောင်း၊  လမ်းလျှောက် ဆန္ဒပြ အဖွဲ့သည် (၁၆-၁၁-၂၀၁၂) ရက်နေ့  ညတွင်  တောင်ငူမြို့၊ စည်ပင်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တရပ်နားပြီး ညအိပ်တည်းခိုခဲ့သည်။ (၁၇-၁၁-၂၀၁၂) ရက်နေ့ တွင် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရပါသည်။

By Myanmar News Now


ကမ္ဘာ့အလိမ်အညာ ပြိုင်ပွဲ

Posted: 16 Nov 2012 01:37 PM PST

ဗြိတိန်နိုင်ငံတွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် ကမ္ဘာ့ အလိမ်အညာ ပြိုင်ပွဲကို စတင်နေပြီ ဖြစ်သည်။

အဆိုပါ ထူးထူးဆန်းဆန်း ပြိုင်ပွဲကို (၁၉)ရာစုနှစ်က Bridge Innမြေရှင်ကြီး ဝီလ်ရစ်ဆန်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။  ရစ်ဆန်သည် ၎င်းရှင်သန် နေထိုင်ခဲ့စဉ် ကာလအတွင်း ဂန္ထဝင်မြောက် အလိမ်အညာ စကားများ ပြောကြားခဲ့သူဟု လူသိများသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





CIA က ပက်ထရေးရပ်စ် ကိစ္စ စုံစမ်းမယ်

Posted: 16 Nov 2012 01:18 PM PST

အမေရိကန် ပြည်ထောင်စု မှာတော့ ဗဟို ထောက်လှမ်းရေး ဌာန CIA က သူ့ရဲ့ အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရေးယပ်စ် အိမ်ထောင်ရေး ဖောက်ပြန် မှုနဲ့ ရာထူးက နုတ်ထွက် ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက် လို့ စုံစမ်း စစ်ဆေး မှုတွေစတင် လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


CIA အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်


ဂါဇာကို အတိုက်ရပ်ဖို့ အီဂျစ်ဝန်ကြီးချုပ် အစ္စရေးကိုပြော

Posted: 16 Nov 2012 01:09 PM PST

အီဂျစ် ဝန်ကြီးချုပ် ဟီရှမ် ကန်ဒီးလ်က အစ္စရေး ဘက်က ဂါဇာကို ပစ်ခတ် တိုက်ခိုက် နေတာ တွေကို ရပ်တန့်ဖို့ ပြောလိုက်ပါတယ်။ အီဂျစ် ဝန်ကြီးချုပ်ဟာ ဂါဇာက ပါလက်စတိုင်း ပြည်သူတွေနဲ့ တစည်းတလုံးထဲ ရှိနေတာကို ပြသတဲ့ အနေနဲ့ အဲဒီကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဂါဇာကို ရောက်နေတဲ့ အီဂျစ်ဝန်ကြီးချုပ် ဟီရှမ် ကန်ဒီးလ်


ဖွဲ့စည်းပုံမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားမမျှတနိုင်

Posted: 16 Nov 2012 12:58 PM PST

အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ဟာ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့က မြန်မာ ဒုက္ခသည် တွေအများဆုံး နေထိုင်တဲ့ ဗီဂက်စ်ပူရီ ရပ်ကွက်က အောက်စဖို့ဒ် အထက်တန်း ကျောင်းမှာ မြန်မာ လူမျိုး ၁ ထောင်ကျော်နဲ့ တွေ့ဆုံ စဉ်မှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်


မြန်မာနဲ့ စစ်ရေးဆက်ဆံမှု ပြန်စဖို့ အမေရိကန်စဉ်းစား

Posted: 16 Nov 2012 12:06 PM PST

အမေရိကန်နဲ့ မြန်မာနိုင်ငံ အကြား စစ်ရေး ဆက်ဆံမှုတွေ ပြန် စဖို့ ရှိတယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Leon Panetta က ပြောလိုက်ပါတယ်။ မြန်မာနဲ့ စစ်ရေး ဆက်ဆံမှုတွေကို တဆင့်ချင်း တည်ဆောက် သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဆက်ပြီး လုပ်သွားရလိမ့်မယ်လို့ တိုက်တွန်း လိုက်ပါတယ်။


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

U.S. Defense Secretary Leon Panetta ကမ္ဘောဒီးယားနိုင်ငံ ကို ဆိုက်ရောက်စဉ်။ (နိုဝင်ဘာ ၁၆၊ ၁၂။)


You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ