သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့်
ဦးအောင်မင်းနှင့်အလွတ်သဘောတွေ့ဆုံစဉ် ရရှိသောသဘောတူညီချက်အချို့ကို အကောင်အထည်ဖော်နိုင်စေလို UNFC ခေါင်းဆောင်တဦးပြော
Posted: 19 Nov 2012 02:31 AM PST
ယခုလဆန်းကအစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်ဦးအောင်မင်းနှင့်အလွတ် သဘော တွေ့ဆုံ စဉ်ကဆွေးနွေးခဲ့သော  သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ခဲ့ပါက ၂ ဦး ၂ ဖက်အတွက် အောင်မြင် မှုတခု ဖြစ်လိမ့်မည်ဟု UNFC ၏ ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါသည်။
Khun OkkarUNFC ၏ ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာ
"ကျနော်တို့ UNFC နဲ့ အစိုးရနဲ့ ဒီလ ၉ ရက်နေ့မှာ အလွတ်သဘော တွေ့တုန်းက  သဘောတူညီချက် အချို့ရခဲ့တယ်။ ဒီ သဘောတူညီချက်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ ရင်တော့ ကျနော်တို့ ၂ ဦး၂ ဘက်အတွက် အောင်မြင် မှုဖြစ်လိမ့် မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်" ဟု UNFC ၏ ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက သျှမ်းသံတော်ဆင့် အား ပြောပါသည်။
အဆိုပါဆွေးနွေးပွဲမတိုင်ခင်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဖြစ်သော ဦးလှမောင်ရွှေ က သတင်းဌာနတခုအား -   ဦးအောင်မင်းအနေဖြင့် UNFC အား တွေ့ဆုံရန်အစီအစဉ်မရှိ ဟု ပြောကြားခဲ့ပါ သည်။
အလွတ်သဘောဆွေးနွေးပွဲ၌ ဦးအောင်မင်းအား UNFC မှ  အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သော ၇ ယောက် ပါအဖွဲ့က တွေ့ဆုံဆွေးနွေးရာ -
(၁)  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာဖြေရှင်းရန်။
(၂) နိုင်ငံရေးဆွေးနွေးပွဲကို UNFC အပြင် မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များအားလုံး တချိန်တည်း တပြိုင်တည်း  တစုတစည်းတည်း ပါဝင်နိုင်ရန်။
(၃) အောက်ပါ ခေါင်းစဉ်များ ကို Myanmar peace center ၌  လာမည့်ဒီဇင်ဘာလအတွင်း ဆွေးနွေးရန်။
(က) နိုင်ငံရေးဆွေးနွေးပွဲမူဘောင်၊
(ခ) နိုင်ငံရေးဆွေးနွေးပွဲခေါင်းစဉ်၊ အစီအစဉ် ၊
(ဂ) နိုင်ငံရေးဆွေးနွေးမှုအချိန်အပိုင်းအခြား ၊
(ဃ) နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးစရိတ် ပံ့ပိုးမှု - စသည့် သဘော တူညီ ချက်များဖြစ်သည် ဟု  ဩဂတ်စ်လ ၂၅ ရက်က အပစ် ရပ်ရေး သဘောတူမှုရရှိခဲ့သည့် PNLO ၏ ဥက္ကဌ လည်းဖြစ်သော ခွန်ဥက္ကာကပြောပါ သည်။ (PNLO သည် အစိုးစစ်တပ်နှင့်အပစ်ရပ်ခဲ့သည့် ၁၃ ဖွဲ့ မြောက် အဖွဲ့ဖြစ်သည်)
" အဓိကကတော့ UNFC ထဲက တဖွဲ့ဖွဲ့က ဦးကျွံပြီး သီးသန့်သွားမဆွေးနွေးလိုက်ဖို့ဘဲလိုတယ်။ နို့မဟုတ်ရင်တော့ ကျနော်တို့ လိုချင်တဲ့ စစ်မှန်သောဒီမိုကရေစီ ဆိုတာရလာမှာမဟုတ်ဘူး။ နောက်တခု UNFC က ကြိုးစားခဲ့သမျှ အဖတ် မတင်ဘဲနေမယ် " ဟု ခွန်ဥက္ကာကပြောသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကလည်း - နေပြည်တော်အစိုးရအား တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက်  ကြေငြာရန် UNFC ကတောင်း ဆိုလိုက်သည်ဟု ဆိုပါသည်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာက  အဆိုပါအချက် အပြင် နိုင်ငံရေး  လွှတ်ငြိမ်းချမ်းသာခွင့်ကိုပါ ပေးရန်ပါ တောင်းဆိုခဲ့သည်ဟု ဆိုပါသည်။
UNFC တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ရှိရာ အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးပြီးသည့်အဖွဲ့ ၆ ဖွဲ့ (ချင်း CNF, ကရင်နီ KNPP, ကရင် KNU, မွန် MNSP, သျှမ်းပြည်တိုးတက်ရေးပါတီ SSPP, ပအိုဝ်း PNLO) တို့ဖြစ်ပြီး အစိုးရနှင့် သဘောတူညီချက်မရသေး သည့် အဖွဲ့ ၅ ဖွဲ့ ( ကချင် KIO, ရခိုင် ANC, ပလောင် PSLF, လားဟူ LDU, ဝ WNO ) တို့ ဖြစ်ပါသည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်း ၁၃ ဖွဲ့ ရှိပြီဖြစ်ရာ UNFC အဖွဲ့ဝင် ၆ ဖွဲ့အပြင် အဖွဲ့ဝင် မဟုတ် သည့် ၇ ဖွဲ့မှာ (  ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, မိုင်းလား NDAA, တိုးတက် သော ကရင်ဗုဒ္ဓ ဘာသာတပ်မတော်  DKBA, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, နာဂ  NSCN, ကရင် KPC နှင့် ရခိုင် ALP ) တို့ ဖြစ်ပါသည်။ ထို့အပြင် ၁၉၉၄ ကတည်း က အပစ်ရပ်ပြီး ယနေ့တိုင် ထပ်မံပစ်ခတ်ခြင်းမရှိ ထပ်မံ ဆွေး နွေးခြင်းမရှိသော ကျန်အဖွဲ့တဖွဲ့မှာ ကယန်းပြည်သစ်ပါတီ KNLP  ပါတီဖြစ်ပါသည်။
အစိုးရတပ် ပစ်ခတ်မှုကြောင့် ကချင်အရပ်သားတစ်ဦး သေဆုံး
Posted: 19 Nov 2012 02:30 AM PST
နှစ်ဘက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော KIA နှင့် အစိုးရစစ်တပ်တို့ လှုပ်ရှားရာ သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်း မြို့နယ် မုံးဝီးကျေးရွာအနီးတွင် အစိုးရစစ်တပ်၏ ပစ်ခတ်မှုကြောင့် ယခုလ ၁၅ ရက်နေ့က အသက် ၄၈ နှစ်အရွယ် ကချင် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးသွားကြောင်း သိရသည် ။
Lasanbauknaw                                                 သဆုံးသူ ဦးလဆန်ဘောက်နော်
အဆိုပါ ဒေသတွင်းလှုပ်ရှား နေသည့် စကခ ၁၆ လက်အောက်ခံ ခမရ ၅၆၇ တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက မိုင်းဝီးရွာအနီး တွင် ၄င်းရွာသား ဦးလဆန်ဘောက်နော်အား  သေနတ်ဖြင့် ၆ ချက်တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းဝီးရွာသား တစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
"၁၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အသက် ၄၈ နှစ် အရွယ် ကချင်အမျိုးသားပေါ့နော်။ ကလေး ၅ ယောက် ရှိ တယ်။ သူ့နံမယ်က ဦးလဆန်ဘောက်နော်။ မိုင်းဝီးရွာရဲ့တောင်ဘက် နမ္မတူသွားတဲ့လမ်း ၊ ရေပူစမ်းနားမှာပေါ့။ ခမရ ၅၆၇ က ဗိုလ်ကြီး တစ်ယောက်က သေနတ်နဲ့ ၆ ချက်တိတိပစ်လိုက် " ဟု ၄င်းရွာသားက ဆိုသည် ။
လဆန်ဘောက်နော်သည် တောတွင်း၌ အိမ်ဆောက်ရန် သစ်ဝါးများ နေ့စဉ် သွားရောက်ခုတ်ယူနေရာ ၄င်းနေ့က အစိုးရ စစ်ကြောင်းဖြင့် တိုးမိ၍ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည် ။
"သူက အိမ်ဆောက်ဖို့ နေ့တိုင်း တောထဲမှာ တန်းတွေတိုင်တွေသွားခုတ်တာပေါ့။အဲဒီနေ့က ခလရ ၅၆၇ နဲ့သွားတိုးတော့  ထွက်ပြေးဖို့ လုပ်နေတုန်း ခမရ ၅၆၇ စစ်ကြောင်းက ဗိုလ်ကြီးတစ်ယောက်က  ပစ်သတ် လိုက်တယ်" ဟု ဆို သည် ။
အခင်းဖြစ်ပွားသည့် နေ့ကတည်းက လဆန်ဘောက်နော်၏ ရုပ်အလောင်းအား မိသားစုထံလွဲပြောင်း ပေးအပ်ခဲ့ပြီး ၄င်းနေ့ ကပင် ရုပ်အလောင်းအာ မီးသဂြိုလ်ခဲ့ကြောင်း သိရသည် ။
၎င်းဖြစ်စဉ် အပေါ် စစ်တပ်ဘက်မှ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးရာတွင် လဆန်ဘောက်နော်အား အစိုးရစစ်တပ်အား တိုက်ခိုက်ရန် ပြင်ဆင်နေသည့် KIA တပ်ဖွဲ့ဝင်တစ်ဦးအသွင် ဖန်တီးကာ ရိုက်ကူး ထားကြောင်းနှင့် မိသားစုဝင်များအပေါ် လည်း ခြိမ်းခြောက်မှုရှိနေကြောင်း သူက ဆက်ပြောသည် ။
အဆိုပါ သတင်းအပေါ် သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ ။
သမ္မတ ဦးသိန်းစိန်နှင့် လဝက ၀န်ကြီး ဦးခင်ရီ သိစေချင်
Posted: 19 Nov 2012 02:28 AM PST
သို့- သျှမ်းသံတော်ဆင့်
ယခင် သျှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်မြို့ (ယခု ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့) မြို့နယ် လဝကရုံးတွင် တာဝန်ထမ်းဆောင်နေသော လဝကမှူး ဒေါ်ခင်နှင်းအေး၊ (ဗိုလ်ဆွန်ပက်လမ်း၊ ကောင်း ဟုန်း ရပ်ကွက်၊ ဟိုပန်မြို့)နှင့် လ/ထ လဝကမှူး ဒေါ်ရွှေအိမ် (ပန်လုံလမ်းရပ်ကွက်၊ ဟိုပန်မြို့) တို့(၂)ဦး သည် တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုး၊ ပြစ်မှု အမျိုးမျိုးဖြင့် ထွက်ပြေးတိမ်းရှောင်လာပြီး ဟိုပန်မြို့ သို့ ရောက်ရှိနေထိုင်ကြသော တရုတ်နိုင်ငံသားများထံ တံစိုးလက် ဆောင်ရယူပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးလျက်ရှိပါသည်။
လွန်ခဲ့သည့် (ရက်စွဲမမှတ်မိ ) မကြာသေးခင်က လဝကမှူး ဒေါ်ခင်နှင်းအေးသည် ဟိုပန်မြို့၊ တရုတ် စာ သင် ကျောင်းတွင် ကျောင်းဆရာလုပ်ကိုင်နေသော တရုတ်နိုင်ငံသား ရန်ဆောင်းကန် ဆိုသူအား နိုင်ငံ သား စိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ ကြောင်း၊ ရန်ဆောင်းကန်သည် အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ် ပြားလက်မှတ် ရရှိရေးအတွက် လဝက ဒေါ်ခင်နှင်းအေး အိမ်ရှေ့ရှိ ရေချောင်းအား ကွန်ကရစ်တံတား ဆောက်လုပ်ပေးခဲ့ရကြောင်း၊ လဝကမှူး ဒေါ်ခင်နှင်းအေးသည် တရုတ်နိုင်ငံ သားများထံ တံစိုးလက် ဆောင်၊ အခငွေကျေးရယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရာတွင် အများအပြားရှိခဲ့ ကြောင်း၊ ယခုအခါ လဝကမှူး ဒေါ်ခင်နှင်းအေး၏ အိမ်တွင် ကိုယ်ပိုင် ဗင်ယာဉ်(၂)စီးဝယ်ယူထားပြီးဖြစ်ကြောင်း၊ လဝကမှူး ဒေါ်ခင်နှင်းအေး၏ ညီမတစ်ဦးလည်း တရုတ်နိုင်ငံသားစစ်စစ်ဖြင့်အိမ်ထောင်ကျခဲ့ပြီး သား သမီး (၂)ဦး ထွန်းကားခဲ့ကြောင်း၊ ယခုအခါ အဆိုပါ တရုတ်နိုင်ငံသားသည် ထွက်ပြေးတိမ်းရှောင် လျက် ရှိကြောင်း၊ ဒေါ်ခင်နှင်းအေးသည် ဟိုပန်မြို့တွင် နေထိုင်သော တိုင်းရင်းသားများနှင့်လည်း နိုင်ငံသား စိစစ် ရေးကတ်ပြားကိစ္စကြောင့် မကြာခဏ စကားများ ခဲ့ရကြောင်း၊ ဒေါ်ခင်နှင်းအေးထံ တံစိုး လက် ဆောင် လာရောက်ပေးကမ်းသူများမှသာ နိုင်ငံသားစိစစ်ရေးကတ်ပြားအား လျှင်မြန်စွာ ရရှိခဲ့ကြောင်း၊ အလားတူ လ/ထ လဝကမှူး ဒေါ်ရွှေအိမ် လည်း တရုတ်နိုင်ငံသားများထံ တံစိုးလက်ဆောင် ငွေကြေးရယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ဟိုပန်မြို့သား
ကချင်အမျိုးသား သာမာန်အရပ်သားတစ်ဦးကို အစိုးရစစ်တပ်ကစက်သေနတ်နှင့်ပစ်သတ်
Posted: 18 Nov 2012 08:39 PM PST
သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုနေ ရွာသားတစ်ယောက်ကို အစိုးရ စစ်တပ်က   နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရိုက်နှက်ပြီး သေနတ်ဖြင့်ပစ်သတ်လိုက်ကြောင်း ဒေသခံတစ်ဦးထံ မှ သိရှိရသည်။
Lasanbauknawဦးလစန်ဘောက်နော
"အသတ်ခံရသူက ကချင်အမျိုးသား ဦးလစန်ဘောက်နော။  သူ့ခြံထဲကနေ မီးသွေးဖုတ်ပြီးအပြန်   မွန်းတည့် ချိန်လောက်ပေါ့။ နမ္မတူသွားတဲ့လမ်း  နမ့်ပုံချောင်းနားက တဲထဲမှာ စောင့်နေတဲ့ ဗမာစစ်သား၆ ယောက်က   သူ့ကို ဖမ်းဆီး ရိုက်နှက်ပြီး စက်သေနတ်နဲ့  ပစ်သတ်လိုက်တယ်"ဟု မိုင်းဝီးရွာ သားတစ်ဦးကပြောပြသည်။
 အသတ်ခံရသူ ဦးလစန်ပေါက်နော အသက် ၄၈ နှစ်တွင်   သားသမီး ၅ ယောက် ရှိကြောင်း ၊ခြံ လုပ်ငန်းနှင့်မီးသွေးဖုတ်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ကြောင်း၊ ၎င်းသည် မည့် သည့်   လက်နက်ကိုင်အဖွဲ့နှင့်မျှ ပတ်သက်ခြင်းမရှိကြောင်း၊ ဦးလစန်ပေါက်နော၏ ရုပ်အလောင်းကို နိုဝင်ဘာ ၁၆ ရက်နေ့က မြေ မြုပ်သဂြိုလ် လိုက်ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
"စက်သေနတ်နဲ့ ၆ ချက် ပစ်လိုက်တာ။  ၀မ်းဗိုက်တွေ ၊ ခြေထောက် ၊ လက်တွေမှာ ကျည်ဆံ  ဝင်သွားတဲ့အပေါက်တွေတွေ့ရတယ်။ မျက်နှာမှာလည်း ရိုက်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်၊ ညာဘက် လက်မ တောင် ပြတ်လုနီးပါးဖြစ်နေတယ်၊  သူ့ကိုယ်မှာပါလာတဲ့  ဓါးမ နဲ့ ခြံအသုံးအဆောင်ပစ္စည်း တွေကို လည်း ဗမာ စစ်သား တွေ ယူသွားတယ်၊ ဗမာစစ်သားတွေ  စွပ်စွဲပြီးပြောတာကတော့ သူက လက်ပစ်ဗုံး နဲ့ ပစ်မလိုလုပ်လို့ ပစ်သတ် လိုက်တာတဲ့" ဟု သေဆုံးသူ၏  မိတ်ဆွေတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပြသည်။
ဦးလစန်ဘောက်နောကိုပစ်သတ်လိုက်သော မြန်မာအစိုးရတပ်သည် မည်သည့်တပ်ရင်းမှ တပ်ဖွဲ့ များ ဖြစ်ကြောင်း အသေးစိပ်  မသိရှိရသေးပါ။
သို့သော် မိုင်းဝီး ကျေး ရွာ အုပ်စု ၌ လှုပ်ရှားနေသောအစိုးရတပ်မှာ ဂက်စ်ပိုက်လိုင်း လုံခြုံရေး ယူသော ခလရ ၁၄၄ တပ်ဖွဲ့တစ်ဖွဲ့ သာရှိကြောင်း နယ်စပ် စစ်ရေးလေ့လာသူတစ်ဦးကဆိုသည်။
မြန်မာအစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား ခဲ့တာ ကာလကြာ လာသည် နှင့်အမျှ အရပ်သားထိခိုက်သေဆုံးမှု လည်း မြင့်တက်လာနေကြောင်း သိရှိရပါသည်။
ဗမာအမျိုးသားဖြစ်ရခြင်း၏ အခွင့်ထူး
Posted: 18 Nov 2012 08:38 PM PST
မြန်မာနိုင်ငံ၏ အာဏာရှင်အစိုးရအဆက်ဆက်  ကြီးစိုးရေးဝါဒ လုပ်နေသည်မှာ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများက မိမိတို့ ဗမာအမျိုးသားများလည်း တိုင်းရင်းသားများကဲ့သို့ ခံစားရကြောင်းယုံကြည်ကြသည်။ အမှန်မှာ တိုင်းရင်းသားများ ကြုံတွေ့ခံစားရပြီး ဗမာအမျိုးသားများမကြုံရသော အဖြစ်များ အများကြီးရှိနေသေးသည်ကို သတိမပြုမိ ခဲ့ကြခြင်းဖြစ် သည်ဟု Journal of Contemporary Asia တွင် Mathew J. Walton ခေါ် ဦးသာနိုး က wages of Burman-ness အမည်ဖြင့် ရေးသားဖော်ပြထားပါသည်။
file-sign
အာဏာရှင်မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေကြသော ဒီမိုကရေစီရေးလှုပ်ရှားသူအများစုက သျှမ်း၊ ကရင်၊ ကချင် တို့ကဲ့သို့ ဗမာလူထုလည်း အစိုးရ၏ စစ်တပ်များကဖိနှိပ်ခဲ့သည်။ အခွင့်အရေးများချိုးဖောက်ခဲ့သည်။
ထို့ကြောင့်မိမိတို့ဘ၀တူ သာဖြစ်သောကြောင့် မိမိတို့၏အားလုံး ရည်မှန်းချက်တူထားပြီး ဒီမိုကရေစီတိုက်ပွဲဝင်ရမည်။ ဒီမိုကရေစီရအောင်ယူရမည်ဟု ပြောဆို လေ့ရှိ ကြကြောင်း ၎င်းကပြောသည်။
အစိုးရ၏လူထုအပေါ် ဆက်ဆံရေးမှာ တိုင်းရင်းသား နှင့် ဗမာအမျိုးသားတို့အကြားကွာခြားမှု သိပ်မရှိလှကြောင်း ဒေါ်အောင် ဆန်းစုကြည်ကပင် ယူဆပုံရသည်ဟုလည်း ဆိုထားပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၈၉ ကပြောသော မိန့်ခွန်းတခုတွင် - လူမျိုးကွဲပြားခြားနားချက်သည် ကြီးမားသောပြဿနာမဟုတ်။ တိုင်းရင်းသားများအားလုံး၊ ဗမာပြည်သူလူထုအားလုံး လက်တွဲပူးပေါင်းကာ ကြိုးစားပါမှ ဒီမိုကရေစီရနိုင်မည်။ တိုင်းရင်းသား၊ ဗမာဟူ၍ ခွဲခြားနေပါက မိမိတို့လို ချင်သောဒီမိုက ရေစီရနိုင်မည်မဟုတ်၊ ဒီမိုကရေစီအတွက် ကြိုးပမ်းရာ၌ ညီရင်းအကိုမောင်နှမကဲ့သို့၊ မဟာမိတ်ကဲ့သို့ သဘောထားကြပါမှ အောင်မြင် နိုင်မည်ဟု ပြောဆိုခဲ့ သည်။ 
အမေရိကန်နိုင်ငံတွင် လူဖြူတို့သည် လူမဲများထက် အခွင့်ထူးရနေသည်ဟု မိမိကိုယ်မိမိ မထင်သကဲ့သို့    ဗမာလူမျိုး များ လည်းတိုင်းရင်းသားများအပေါ် ခွဲခြား ဆက်ဆံခြင်းမရှိဟု   မြန်မာများလည်း  ယုံကြည်မှုရှိနေကြသည်။
ထိုယုံကြည်မှုများသည် မိမိတို့ လက်တွဲပူးပေါင်းရေး အတွက် အဟန့်အတား တခုဖြစ်လာမည်ဆိုသည်ကိုလည်း သတိ မမူမိ ကြပေ။ 
မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားသည့် တိုင်းရင်းသားမဟုတ်သော အဖွဲ့တို့သည် ၁၉၈၈ အရေးအခင်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးစသည်တို့ကို လက်ညှိုးညွှန်ကာ အာဏာရှင်အစိုးရသည် မြန်မာပြည် သူလူထုတခုလုံးကို လူမျိုးမရွေး ဖိနှိပ်သည် ဟုပြောဆိုကြ သည်။ အမှန်ဆိုသော် ဗမာလူထုတို့ မကြုံရသော မြန်မာမှုသွင်းခြင်း ကို တိုင်းရင်းသားများကြုံတွေ့ရသည်။ ဗမာစာ ဗမာယဉ်ကျေးမှုမြင့်တင်ခြင်း ဗမာစာတတ်မြောက် ရေးအတွက် အစိုးရစာသင်ကျောင်းများ နေရာအနှံ့ ဖွင့်ပေးခြင်းတို့ ပြုလုပ်သည်။
တိုင်းရင်းသားနယ်မြေများသို့ ဗုဒ္ဓဘာသာဗမာဘုန်းတော်ကြီးများ စေလွှတ်၍ ယဉ်ကျေးမှုအရ ဝါးမြိုခြင်းပြုလုပ်သည်။
တိုင်းရင်းသားစာပေသင်ကြားပို့ချမှု ပိတ်ပင်သည်။ ရှိရင်းစွဲမြို့ရွာ၊ လမ်းတံတား အပြင် တိုင်းပြည် နာမည်များအား ဗမာအမည်အဖြစ်သို့ ပြောင်းလဲ ရန်အတွက် ၁၉၈၉ မေလတွင်ကော်မရှင်ဖွဲ့စည်း၍ ဂျွန်လတွင် အမိန့်ထုတ်ပြန် ပြင်ဆင်ခေါ်ဆိုသတ်မှတ်ခဲ့သည်။ 
တိုင်းရင်းသားနယ်မြေများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပြုခဲ့သည်။ မြေမြုပ်မှိုင်းများအသုံးပြုခြင်း၊ ဒေသခံလူထု၏ ပိုင်ဆိုင်မှုများအား လုယက်သိမ်းဆည်းခြင်း၊ မြို့ရွာများအတွင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြင်ပအကူအညီများ လက်မခံခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ပေါ်တာဆွဲခြင်း စသည်တို့ပြုခဲ့ကြသည်။
၎င်းအဖြစ်တို့သည် ဗမာလူထုနှင့် မြေပြန့်ဒေသတို့တွင် မကြုံတွေ့ကြရပေ။ ရိုးသားသော ဗမာလူမျိုးတို့အတွက် စာပေ ဖျောက်ဖျက်ခြင်း၊ ယဉ်ကျေးမှု ဖျောက်ဖျက်ခြင်း၊ ဘာသာစကား နှင့် လူမျိုး ဝါးမြိုခြင်းမျိုးအား တိုင်းရင်းသားများကဲ့သို့ မခံစားရပေ။ ထိုအခွင့်ထူးများအား ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာများ ဗမာများအားလုံး သိထားသင့်ပေသည်။
လွတ်လပ်ရေးရပြီး သမိုင်းကို ပြန်ကြည့်သော် မိမိကိုယ်ကို ဗမာမဟုတ်ဟုဆိုကတည်းက အာခံသူအဖြစ်မိမိကိုယ်ကို   အမှတ်တံဆိပ်ခတ်ထားပြီးဖြစ်ကြောင်းတွေ့ရသည်။
၁၉၇၉ နိုင်ငံနှင့် တပ်မတော်ခေါင်းဆောင်ဦးနေဝင်းက မိန့်ခွန်းတရပ်တွင် ကရင်၊ ကချင် စသောတိုင်းရင်းသားတို့သည် ကျနော်တို့ ဗမာ လူမျိုး၊ ဗမာနိုင်ငံအပေါ် သစ္စာရှိပါမည်လော ဟူသည်ကိုဆန်းစစ်ရပါမည် ဟုဆိုပါသည်။
ထိုအတွက်ကြောင့် ယနေ့ခေတ်အစိုးရက ငြိမ်းချမ်းရေးတည်ဆောက်နေပါသည်။ အမျိုးသားရင်ကြားစေ့ရေး လုပ်နေပါသည် ဆိုသည်မှာ မျှော်လင့်ချက် ရှိနိုင် မရှိနိုင် မေးခွန်းထုတ်စရာ ရှိလာပါသည်။ စာရေးသူ ဦးသာနိုးက ရှိသည်ဟု မြင်ပါသည်။
  အမေရိကန်နိုင်ငံတွင် လူဖြူ ကြီးစိုးမှု (Whiteness) ကို ဦးဆောင်ဦးရွက် ဆန့်ကျင် လှုပ်ရှားသူမှာ လူဖြူများသာ ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံတွင်လည်း ဗမာဖြစ်မှု (Burman- ness) မှ ကျော်လွန်နိုင်ရေးအတွက် ဦးအောင်မျိုးမင်းနှင့် မောင်ဇာနည်တို့ကဲ့သို့ ဗမာများ ကဦးဆောင်ရမည်ဖြစ်ပါသည်။
ဆောင်းပါးအသေးစိတ်ကို ဖတ်ရှုလိုပါက အောက်ပါလင့်ခ်ကိုဆက်နိုင်ပါသည်။
The "Wages of Burman-ness": Ethnicity and Burman Privilege in Contemporary Myanmar
Journal of Contemporary Asia
Link: http://dx.doi.org/10.1080/00472336.2012.730892
By Matthew J. Walton, Department of Political Science, George Washington University, Washington D.C, USA
[mrsorcerer:35981] Fwd: [လူဗိုလ်ဟူသည် ...] အင်္ဂလိပ်စာဘယ်လိုဖတ်မလဲ?
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/19
Subject: [လူဗိုလ်ဟူသည် ...] အင်္ဂလိပ်စာဘယ်လိုဖတ်မလဲ?
To: lubo601@gmail.com
Posted by AungKoU (UMK) on November 17, 2012 at 11:58 in 
အင်္ဂလိပ်ဘာသာစကားကိုလေ့လာရာတွင် Reading skill သည်အရးကြီးသောကဏ္ဍတစ်ခု ဖြစ်သည်။ မိခင်ဘာသာစကား (Native Language) တွင်ပင်လျှင် စာဖတ်ခြင်းဖြင့် ပျော်ရွင်ခြင
်း၊ အသိပညာ ဗဟုသုတရရှိနိုင်ခြင်း၊ ဘဝကိုမြှင့်တင်ပေးနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ လူမှုဆက်ဆံရေး တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်သောကြောင့် လူတိုင်းစာဖတ်ရန် အရေးကြီးပါသည်။ စာဖတ်ရာတွင် အင်္ဂလိပ်စာဖြစ်စေ၊ မြန်မာစာဖြစ်စေရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဖတ်ကြသည်။မည်သည့်ရည်ရွယ်ချက်ဖြင့် ဖတ်သည်ဖြစ်စေစာဖတ်ရာတွင် အဆင်ပြေစေမည့် နည်းလမ်း များကို မျှဝေလိုပါသည်။ စာဖတ်ခြင်းသည် စကားလုံးများအပါအဝင် အသိပညာဗဟုသုတများကို နားလည်ရရှိရန် သာမက ကိုယ်တိုင်ပြန်လည်အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် ဘာသာစကားလေ့လာသင်ယူသူများအတွက် Reading သည် အဓိကထောင်ပံ့ပေးထားသောSkill တစ်ခုလည်းဖြစ်ပါသည်။ စာများများဖတ်ထားသောဘာသာစကားလေ့လာသင်ယူသူတစ်ယောက်သည် စကားလုံး (word) များ အဆင်သင့် ရှိနေပြီးListening, Speaking, Writing စသည့်Skillများအားလုံးတိုးတက်မှု မြန်ဆန်စေရန် ကူညီနိုင်ပါသည်။ဘာသာစကားကိုလေ့လာသင်ယူသူများအတွက် စာဖတ်ခြင်းသည် အခြားသောSkill များထက် ပိုမိုထိတွေ့ရန် လွယ်ကူပြီးသဘောပေါက် နားလည်လွယ်နိုင်ပါသည်။ ဘာသာစကားလေ့လာသင်ယူသူများအတွက်အောက်ဖော်ပြပါအချက်များအရစာဖတ်ခြင်းသည်လေ့လာရန် ပိုမိုအဆင်ပြေယုံသာမကအကျိုးကျေးဇူးများစေပါသည်။
- စာဖတ်ရာတွင် စကားလုံးများ၊ စကားစုများကိုအကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆိုလေ့ကျင့်ခြင်းဖြင့်စကားလုံးများသာမကသဒ္ဒါပုံစံများကိုပါ သတိရမှတ်မိစေနိုင်သည်
- စာဖတ်ခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား၏ rhythm နှင့် ရင်းနှီးစေပြီးစကားလုံးများ၊ ဝါကျများ၏ သဘာဝကိုပိုမိုနားလည် စေနိုင်သည်
- စကားပြောလေ့ကျင့်ခြင်း နှင့် မတူဘဲတစ်ဦး၊ တစ်ယောက်တည်းလေ့လာနိုင်သည်
- စာဖတ်ရန်အတွက် ငွေကုန်ကြေးကျ အလွန်မများဘဲတစ်ခါတစ်ရံအလားကားပင် ရနိုင်သည်
- စာဖတ်ခြင်းဖြင့် တိကျသောစာလုံးပေါင်း (spelling) များကိုသတိရမှတ်မိစေရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည် အင်္ဂလိပ်ဘာသာစကား တိုးတက်လိုပါလျှင် အင်္ဂလိပ်စာဖတ်ခြင်းကိုချစ်မြတ်နိုးရပါမည်။အင်္ဂလိပ်စာပေဖတ်ရှုရာတွင် ဆောင်ရွက်သင့်သည့် အချက်(၇)ချက်ကိုပြောပြလိုပါသည်။
(၁) စိတ်ဝင်စားသည့် အကြောင်းအရာကိုရွေးချယ်ဖတ်ရှုပါ
စာရေးသူသည် အင်္ဂလိပ်ဘာသာစကားသင်ကြားသည့် ဆရာတစ်ယောက်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများကိုအင်္ဂလိပ်စာပေဖတ်ရန် ပြောတိုင်း" ဘယ်လိုစာကိုဖတ်ရမှာလဲ? " ဟူသောမေးခွန်းကိုအများဆုံး ပြန်မေးကြပါသည်။ စိတ်ဝင်စားသည့် အကြောင်းအရာကိုဖတ်ပါ၊ စိတ်ဝင်စားသည့်၊ နားလည်နိုင်သည့် အကြောင်းအရာကိုဖတ်ရှုမှသာလျှင်အမှန်တကယ် အသုံးပြုရာတွင် စကားလုံးများအသက်ဝင်လာပြီးစာဖတ်ချင်စိတ် မြင့်တက်လာပါလိမ့်မည်၊နားမလည်နိုင်သော၊ စိတ်မဝင်စားသောအကြောင်းအရာမျိုးကိုဖတ်ရှုမိလျှင် အခက်အခဲတွေ့ပြီးတစ်ကြိမ်တည်းနှင့်ပင် လက်လျှော့သွားတတ်ကြပါသည်။ စိတ်ဝင်စားသည့် အကြောင်းအရာကိုဖတ်ရှုလျှင် သိချင်စိတ်ကအခက်အခဲကိုကျော်ဖြတ်ရန် ထောက်ပံ့ပေးပါသည်၊ စာကိုစတင်ဖတ်ရှုရန်သာအရေးကြီးပါသည်၊ ကြိမ်ဖန်များစွာဖတ်လျှင် စာဖတ်ခြင်းစွမ်းရည် တိုးတက်လာပါလိမ့်မည်။
(၂) မိမိ၏အဆင့်နှင့်ကိုက်ညီသော (သို့) အနည်းငယ်ခက်သောစာကိုဖတ်ပါ
လွယ်လွယ်ကူကူဖတ်နိုင်သော Ladder Series များ၊ Guided Reading များကိုစတင်ဖတ်ရှုပါ၊ စာအုပ်တစ်အုပ်ကိုမဖတ်မီအနည်းငယ် စာမြည်းကြည့်လျှင် စာမျက်နှာတစ်မျက်နှာတွင် မသိသောစကားလုံး (၅)လုံးခန့် နှင့် ၎င်းဝန်းကျင်ခန့်ဆိုပါလျှင် စတင်ဖတ်ရှုသူအတွက်အဆင်ပြေပါလိမ့်မည်။ စကားလုံးများအားလုံးသိနေလျှင်လည်းပေါ့လျော့တတ်ပြီးမသိသောစကားလုံးများနေပါကလည်းအကြိမ်ကြိမ် အဘိဓာန်ကြည့် နေရလျှင် ငြီးငွေ့နိုင်သည်။ မလွယ်လွန်းမခက်လွန်းသောအခြေအနေတွင်သာအဆင်ပြေလိမ့်မည်၊ စာဖတ်သက်ကြာလာသည်နှင့်အမျှတစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပါလိမ့်မည်။
(၃) အကြောင်းအရာတစ်ခု (သို့) စာအုပ်တစ်အုပ်ကိုကျေညက်အောင် ဖတ်ပါ
ကြောင်းအရာတစ်ခု (သို့မဟုတ်) စာအုပ်တစ်အုပ်ကိုဖတ်ဖန်များလာသောအခါ ၎င်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးပိုမိုနားလည်လာပါလိမ့်မည်၊ ဗဟုသုတရရှိရန်အတွက် စာအုပ်များစွာကိုဖတ်ရမည်ဖြစ်သော်လည်းအသုံးပြုရန်အတွက်မူစာအုပ်တစ်အုပ်ကိုကျေညက်အောင် ဖတ်သင့်သည်။ ဤနေရာတွင် သာဓကပြလိုပါသည် -စာရေးသူ၏ ကျေးဇူးရှင်ဆရာကြီးဦးမြကြိုင်သည် အင်္ဂလိပ်စာအုပ်ပေါင်းများစွာကိုအမြဲတမ်းဖတ်သော်လည်းဆရာမကြီးဒေါ်ခင်မျိုးချစ် ရေးသားသော" ColourfulMyanmar " စာအုပ်တစ်အုပ်တည်းကိုလက်စွဲစာအုပ်အဖြစ်စာသင်သားဘဝမှ ယခုအချိန်ထိတိုင်အောင်ဖတ်ပါသည်၊ အန္ဒိယနိုင်ငံနယူးဒေလီ ၌ Shimla University နှင့် British School of Language တွင် အင်္ဂလိပ်စာမဟာဝိဇ္ဇာတန်း နှင့် အင်္ဂလိပ်ဘာသာစကားသင်ယူခဲ့စဉ်တွင် ၎င်းစာအုပ်တစ်အုပ်တည်းမှပင် စကားလုံးပေါင်းများစွာကိုအသုံးပြုနိုင်ခဲ့သလိုယင်းစာအုပ်ကပင် များစွာအထောက်အကူပေးပါသည်။ "စာတတ်ခြင်း၏လျှို့ဝှက်ချက်သည် စာကျေခြင်းဖြစ်သည်"ဟုဆရာကြီးကလမ်းညွှန်ပါသည်။စာအုပ်တစ်အုပ်ကိုကျေညက်လျှင် အခြားသောစာအုပ်များကိုဖတ်ရှုရာတွင် များစွာအထောက်အကူပေးပါသည်။
(၄) စာဖတ်ရာတွင် အခက်အခဲရှိပါကဦးစွာနားထောင်ပါ
Ladder Seriesစာအုပ်များတွင်အသံထွက်ဖတ်ပြသော Audio Book များစွာရှိပါသည်။ ၎င်းတို့ကိုနားထောင်ခြင်းဖြင့် အသံအယူအဆများကိုတပြိုင်နက်တည်းလေ့လာနိုင်သည်၊စာဖတ်စဉ် အခက်အခဲရှိပါကစတင်စာမဖတ်မီ Audio Book များကိုဦးစွာနားထောင်ကြည့်ပါ။ ၎င်းက စကားလုံးများ၊ စကားစုများ၊ စာပိုဒ်များ နှင့် ပိုမိုရင်နှီးစေပါသည်၊ Audio Book များမှ အသံများသည် ကိုယ်တိုင်ဖတ်ရှုသောအခါ အကူအညီပေး နိုင်ပါသည်။ နားတွင်ကြားဖူးသောအကြောင်းအရာများသည် ကျက်မှတ်ထားခြင်းထက် ပိုမှတ်မိတတ်သည်။ အခြားသောစာအုပ်များကိုဖတ်ရှုသည့်အခါတွင်လည်းနားတွင်ကြားဖူးထားသောစကားလုံးများ၊ စကားစုများကြောင့် သတိရမှတ်မိနားလည်စေနိုင်သည်၊
(၅) စာဖတ်စဉ် စိတ်အာရုံကိုစာထဲတွင် နှစ်မြှပ်ထားပါ
စာဖတ်စဉ် စာအုပ်ထဲတွင် ဈန်ဝင် နေရန် အရေးကြီးပါသည်၊ စတင် စာဖတ်ရာတွင် စာအုပ်အပေါ်တွင် မေးခွန်းထုတ်ခြင်း၊ သုံးသပ်ခြင်းများမလုပ်ပါနှင့်၊ နားလည်ရန်သာ ကြိုးစားဖတ်ပါ။ ၎င်းအပြုအမူများသည် စာဖတ်သည့် အရှိန်ကိုထိခိုက်စေနိုင်သည်။ စတင် စာဖတ်စဉ် စာအုပ်ကိုခန့်မှန်းသုံးသပ်ရန် မလိုအပ်သေးဘဲစာရေးသူပြောလိုသောအကြောင်းအရာကိုသာဖမ်းဆုပ်မိရန်အရေးကြီးပါသည်။
(၆) စာဖတ်စဉ် နားမလည်သည့် အခက်အခဲများကိုမစိုးရိမ်သင့်ပါ
စာဖတ်စဉ်တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံရမည်မှာမလွဲပါ၊ မိခင်ဘာသာစကားဖြစ်သော မြန်မာစာအုပ်များသည်ပင်လျှင် တစ်ခါတစ်ရံချက်ချင်းနားမလည်နိုင်ပါ။ ဆရာနှင့်အတူဖတ်ခြင်းမဟုတ်သည့်အတွက် နားမလည်လျှင် ၎င်းကိုကျော်ပြီးဆက်ဖတ်ပါ၊ ပြီးမှ နောက်တစ်ကြိမ် ထပ်ဖတ်ပါ၊ ထပ်ခါထပ်ခါ ဖတ်သောအခါ ဆိုလိုရင်းကိုအတိအကျနားမလည်သည့်တိုင် အကြောင်းအရာတစ်ခုလုံးနှင့် ဆက်စပ်ပြီးအနီးစပ်ဆုံးခန့်မှန်းနားလည်နိုင်ပါသည်။
(၇) ဖတ်ရှုပြီးသောအခါ အဓိကအချက်အလက်များကိုမှတ်သားပါ
အကြောင်းအရာတစ်ခုလုံး ပြီးမြောက်အောင်မြင်စွာဖတ်ရှုပြီးသောအခါ စကားလုံးအသစ်များ၊ စကားစုများ၊ စာပိုဒ်များကိုစာရင်းပြုစုကာမှတ်စုစာအုပ်တွင် ရေးမှတ်ပါ။ စကားလုံးအသစ်များရရှိရန် အတွက် အဓိကလမ်းမှာစာဖတ်ခြင်းသာဖြစ်ပါ၍ အချိန်ရသရွေ့ ဖတ်နိုင်သမျှဖတ်ပါ။ စာဖတ်ခြင်းအလေ့အထမှသည် စာဖတ်ခြင်းကိုစွဲလန်းမြတ်နိုးလာသောအခါ စာပေ၏ အကျိုးကျေးဇူးကိုလက်တွေ့ ခံစားရပါလိမ့်မည်။
စာဖတ်ခြင်းသည် အသိပညာဗဟုသုတရရှိယုံသက်သက်မဟုတ်ဘဲလက်တွေ့အသုံးပြုရန် အတွက်လည်းဖတ်ကြရသည်။ စာဖတ်ရာတွင် စာမေးပွဲများအတွက်ဖတ်ခြင်း၊ တင်ပြချက်များကိုဖတ်ခြင်း၊ ရည်ညွှန်းကိုးကားရန်ဖတ်ခြင်းစသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးကွဲပြားနိုင်ပါသည်။ အခြေအနေအပေါ်မူတည်၍ စာဖတ်သည့် နည်းစနစ်၊ နည်းလမ်းများလည်းကွဲပြားသွားပါသည်။ စာဖတ်ရာတွင်အသုံးပြုသည့် Scanning, Skimming, Detail Reading, SQ3R စသည့် စာဖတ်နည်းပုံစံများကိုလည်းသိထားသင့်ပါသည်။ Skimmingဆိုသည်မှာစာတစ်ပုဒ်၏ ဆိုလိုရင်းအဓိကအကြောင်းအရာအကျဉ်းချုပ်ကိုသာရရှိရန်ဖတ်ရှုခြင်း ဖြစ်သည်။စာတစ်ပုဒ်လုံးကိုအားလုံးမဖတ်ဘဲလိုအပ်သည့် အချက်အလက်ကိုသာဦးတည် ဖတ်ရှုခြင်းကို Scanning ဟုခေါ်နိုင်သည်။စာတစ်ပုဒ်လုံးကိုအကြောင်းအရာအသေးစိတ်ဖတ်ရှုခြင်းသည် Detail Reading ဖြစ်သည်။ SQ3R ဟုအတိုကောက် ခေါ်သောSurvery(ဆန်းစစ်လေ့လာခြင်း)၊ Questions(မေးခွန်းထုတ်ခြင်း)၊ Read(ဖတ်ရှုခြင်း)၊ Recall(ပြန်လည်စဉ်းစားခြင်း) နှင့်Review(ပြန်လည်သုံးသပ်ခြင်း) များသည်လည်း Detail Reading ကိုထောက်ပံ့ပေးသောနည်းစနစ်တစ်ခု ဖြစ်သည်။
အထက်တွင်ဖော်ပြထားသောစာဖတ်ရာတွင် အသုံးပြုသည့် နည်းစနစ်များကိုနောက်အပတ်များတွင် တစ်ခုခြင်းအသေးစိတ် ဆက်လက်ရေးသားသွားပါမည်။အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူသူတိုင်းအင်္ဂလိပ်စာဖတ်ခြင်းကိုချစ်မြတ်နိုးပြီးအင်္ဂလိပ်စာတိုးတက်ပါစေကြောင်းရည်ရွယ်လျှက် ရေးသားလိုက်ပါသည်။
အောင်ကိုဦး (UMK)
အောင်ကိုကိုဦး
Assistant English Language Teacher
U MYA KYAING ENGLISH LANGUAGE SCHOOL for life
Email: aungkou.englishlanguageclass@gmail.com
Phone: 95+ 9 - 421752568
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/20/2012 02:06:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:35978] Fwd: [လူဗိုလ်ဟူသည် ...] လက်သီးဆုပ်ကို ဖြေလိုက်တဲ့အခါ
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/19
Subject: [လူဗိုလ်ဟူသည် ...] လက်သီးဆုပ်ကို ဖြေလိုက်တဲ့အခါ
To: lubo601@gmail.com
        လွန်ခဲ့တဲ့ ၆လကျော် မြန်မာပြည်က ထွက်လာခဲ့တုန်းက နောင် ၆လကြာတဲ့အခါမှာ အိုဘားမားလို အမေရိကန်သမ္မတတစ်ယောက် ရန်ကုန်မြို့လယ်ခေါင်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်လို နေရာ မျိုးမှာ မိန့်ခွန်းပြောလိမ့်မယ်လို့ အိပ်မက်ထဲမှာတောင် ယောင်လို့ မမက်ခဲ့ဘူးပါ။
ယနေ့ အသက်၂၀ကျော်၊၃၀ ၀န်းကျင် လူငယ်များနည်းတူ ရန်ကုန်တက္ကသိုလ်ဆိုလိုက်တာနဲ့ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ရင် ရဲတွေလာဝိုင်း တတ်တဲ့နေရာ၊ တက္ကသိုလ်ရိပ်သာလမ်းဆိုတာဟာလည်း အမြဲတမ်းပိတ်ထားတတ်တဲ့ နေရာလို့ သိထား တာကိုး။ စာတွေပေတွေ ထဲမှာတော့ ဖတ်ဖူးပါရဲ့။ ရန်ကုန်တက္ကသိုလ်ဆိတာ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအတွက်အခြေတည်ခဲ့တဲ့နေရာလို့။
            အခုမှ အိုဘားမားက ရန်ကုန်တက္ကသိုလ်ကို သူ့စိတ်ထဲလေးစားလို့လာခဲ့တာ။ လာမယ်ဆိုတဲ့ သူ့ကတိကို တည်အောင်ထိန်းခဲ့တာဟာ အောင်ဆန်းတို့၊ဦးသန့်တို့လို ကမ္ဘာကျော်ပုဂ္ဂိလ်တွေ ပေါ်ပေါက်ခဲ့တဲ့ နေရာမို့လို့၊ မြန်မာ့လွတ်လပ်ရေး အခြေတည်ခဲ့တဲ့ နေရာမို့လို့၊ အရေးကြီးဆုံးက ကိုလိုနီလက်အောက်ကနေပြီး လူ့အခွင့်အရေးဆိုတာကြီးကို ရအောင် အံတုခဲ့တဲ့နေရာမို့လို့ သူလာခဲ့တာတဲ့။ ကျွန်တော် မြန်မာပြည်ပြန်ရောက်လို့ ရွှေတိဂုံဘုရားဖူးပြီးရင် ရန်ကုန်တက္ကသိုလ်ကို ရောက်အောင်သွားမယ်။
            အသက် ၁၇နှစ်သားထဲက စစ်တပ်ထဲရောက်ခဲ့တာ။ လက်ဖ၀ါးဆိုတာ ဖြန့်ထားတဲ့အချိန်နဲ့ ဆုပ်ထားတဲ့အချိန်၊ ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထားခဲ့ရတဲ့ အချိန်အများစုကို ဖြတ်သန်းခဲ့ရတဲ့ လူငယ်တစ်ယောက်အဖို့ လက်သီးဆုပ်ထားမှ လုံခြုံမှုရှိမယ်လို့ စိတ်ထဲစွဲနေပြီ။ ကိုယ့်နိုင်ငံကရောဘာထူးလဲ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကမ္ဘာ့အလယ်မှာ ကျစ်လစ်သိပ်သည်းပိတ်ဆို့မွန်းကျပ်ပြီး နေခဲ့တဲ့တိုင်းပြည်။ အဲဒီမှာ မွေးတဲ့ လူငယ်တစ်ယောက်အဖို့ လက်သီးကို ဆုပ်ထားလေ့ရှိတဲ့ စစ်တပ်ထဲရောက်သွားတာ မဆန်းပါဘူးလေ။
            လက်သီးကတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမယ့် လက်ချောင်းလေးတွေကြားထဲက သဲပွင့်လေးတွေ စိမ့်ကျထွက်သလို ဖိနှိပ်မွန်းကျပ်မှုဒဏ်ကို မခံနိုင်လို့ တိုင်းပြည်ပြင်ပကို ဖောက်ထွက်သွားကြတဲ့ နိုင်ငံသားတွေလည်း အများကြီး။ လက်သီးဆုပ်ထဲမှာ ကျစ်ကျစ်ပါအောင် အဆုပ်ခံထားရာက ကျေမွနွမ်းခြွေသွားတဲ့ ဘ၀တွေလဲ အများကြီးနေမှာ။
            အိုဘားမားက မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်။ လက်သီးဆုပ်ထားတဲ့ တိုင်းပြည်တွေ လက်ဖ၀ါးဖြန့်လိုက်တဲ့အခါ လှမ်းပြီး လက်ဆွဲနှုတ်ဆက်ဖို့ သူတို့အမေရိကန်ပြည်က အမြဲစောင့်နေ ခဲ့ပါတယ်တဲ့။ အခု ကျွန်တော်တို့ ရွှေတိုင်းပြည်ကြီး လက်ဖ၀ါးကို ဖြန့်လိုက်ပြီ။ လက်ဆွဲနှုတ်ဆက်မယ့် သူတွေကလည်း အလုံးအရင်းနဲ့ဝင်လာကြပြီ။ အ၀မ်းသာဆုံးက နောက်မျိုးဆက်သစ်လူငယ်တွေ ပိတ်ဆို့မွန်းကျပ်နေတဲ့ လက်သီးဆုပ်ထဲမှာ နေရမှာမဟုတ်တော့ဘူးပေါ့။
            အိုဘားမားက သတိပေးသွားတယ်။ဒီပြောင်းလဲမှုက ခုမှ အစပဲရှိသေးတာတဲ့။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက်မဟုတ်ဘူး။ လွတ်လပ်စွာ ပြောဆိုခွင့်၊လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လိုအပ်ချက်များမှ ကင်းဝေးခြင်း၊ကြောက်ရွှံ့ခြင်းမှ ကင်းဝေးခြင်း freedom of speech, freedom of worship,
 freedom from want, and freedom from fear ဆိုတဲ့ အခြေခံတရား ကြီးလေးခုရှိရမယ်တဲ့။
            မြန်မာပြည်ကိုတကူးတကလာပြီး ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လာရှင်းပြသွားတဲ့ သူ့ရင်ထဲက စေတနာကိုလှမ်းမြင်လိုက်ရပါတယ်။အမေရိကန်ဟာ ကမ္ဘာပေါ်မှာ စစ်တပ်အင်အားအကြီး ဆုံးဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်နေပေမယ့် စစ်တပ်ဟာ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတလက်အောက်မှာပဲ ရှိပါတယ်တဲ့။ ဒီစကားဟာ အမေရိကန်ပြည်သူတွေအနေနဲ့ အမေရိကန် စစ်တပ်ရဲ့ လက်သီးဆုပ်ထဲမှာ၊စစ်အုပ်ချုပ်ရေးရဲ့ ဖိနှိပ်မှုအောက်မှာ ဘယ်တော့မှ ခြေမွမခံရဘူးလို့ ကတိပေးတဲ့စကား။
            သို့ပေမယ့် လက်သီးဆုပ်ခုမှ ပြေကာစတိုင်းပြည်က ပြည်သူတွေ လွတ်လပ်စွာပြောခွင့်ရပြီ ဆိုတော့လဲ အားပါးတရထိုင်ကြီးပဲ ဆဲနေကြလို့ မဖြစ်သေးဘူး။ကိုယ့်လူမျိုးအကြောင်း ကိုယ်သိကြရဲ့ မဟုတ်လား။ လွပ်လပ်စွာကိုးကွယ်ခွင့် ရပြီဆိုတိုင်းလဲ မဖြစ်သေးဘူး။ တော်ကြာ ကျွန်တော်တို့ သမီးလေးတွေ ခေါင်းမြီးခြုံနေကြရမယ်။
 အမေရိကန်က နိုင်ငံသားတွေဆိုတာက သူတို့ဒီမိုကရေစီနဲ့ နှစ်ပေါင်း၂၀၀ကျော် အခြေကျပြီးသား။ သူတို့မှာက အမျိုးသားရေးတို့၊ အမျိုးဘာသာသာသနာတို့ဆိုတာ မရှိဘူး။ အမေရိကန် အိပ်မက်ဆို တာပဲရှိတာ။ သူတို့တိုင်းပြည်ထဲ ရောက်လာသူမှန်သမျှ လူမျိုး၊ဘာသာမရွေးအမေရိကန်အိပ်မက်ကို မက်လို့ရတယ်လို့ဆိုတယ်။
            သူတို့ကတော့ ဟုတ်တာပေါ့။မြောက်အမေရိကတိုက်ကြီးကို ဥရောပက ထွက်ပြေးလာသူတွေ စုစည်းပြီးသင့်မြတ်အောင် နေကြရ၊ ဥရောပကိုလိုနီတွေကို တိုက်ထုတ်ရ၊သူတို့သမိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကစတာ။ကျွန်တော်တို့တိုင်းပြည်ရဲ့ အမျိုး၊ဘာသာ၊သာသနာဆိုတာက နှစ်ပေါင်းထောင်ချီနေ ပြီလေ။ ဒီတော့ ဒီမိုကရေစီဆိုတိုင်းလဲ သူတို့ဆီက မိတ္တူကူးလို့ မရသေးဘူး။ ကျွန်တော်တို့ ရွှေတိုင်းပြည် မှာက နှစ်ပေါင်းထောင်ချီ ကတည်းက အတူတူနေလာကြတဲ့ တိုင်းရင်းသားတွေရှိတယ်။ အခွင့်အရေးတူမျှကြဖို့ဆိုရင် ၁၃၅မျိုးဆိုတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ဘာသာ၊ယဉ်ကျေးမှု၊စာပေဆို တာတွေကိုသာ စောင့်ရှောက်ထိန်းသိမ်းကြဖို့ဖြစ်ပါတယ်။
            အိုဘားမားက ရိုဟင်ဂျာလို့တော့ တစ်ကြိမ်ထည့်သုံးသွားတယ်။ သူကတော့ ရိုဟင်ဂျာမှာလည်း လူ့အခွင့်အရေးရှိသင့်တယ်လို့ပြောချင်တာပါ။ ခက်တာက ရိုဟင်ဂျာကိစ္စဟာ ကျွန်တော်တို့တိုင်းရင်းသား တွေ ဘက်ကကြည့်ရင် လူ့အခွင့်အရေးကိစ္စမဟုတ်ဘူး။တိုင်းရင်းသားမျိုးနွယ်စု အချင်းချင်းနှိပ်ကွပ်နေတာ မဟုတ်ဘူး။ ကျူးကျော်သူကို တိုက်ထုတ်နေတဲ့ တရားသောစစ်သာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်နေတဲ့ အကြမ်းဖက်သမားတွေကို အရေးယူနေတဲ့ ကိစ္စသာလျှင် ဖြစ်ပါတယ်။
            အမေရိကန်မှာဆိုရင် မွေးကင်းစကလေးကနေ သမ္မတဖြစ်တဲ့ အိုဘားမားအထိ နိုင်ငံသား အခွင့်အရေးအတူတူပါပဲတဲ့။ ဥပဒေတစ်ခုထဲအောက်မှာပဲ ရှိပါတယ်တဲ့။ သို့ပေမယ့် သမ္မတမို့လို့ အခွင့်အရေးပိုရတာတော့ ရှိပါတယ်။ "စာပန်းတောထဲ မျောကြည့်ခြင်း"မှာကျွန်တော် ရေးဖူးတယ်။အမေရိကန်မှာ အသက် ၅၀ကျော်မှ လုပ်ရတဲ့ အူမကြီးကင်ဆာစစ်ဆေးမှုကို အိုဘားမား ပထမအကြိမ် သက်တမ်း သမ္မတဖြစ်ခါစ အသက် ၄၈နှစ်မှာစစ်ဆေးတော့ သူတို့မီဒီယာတွေက ၀ိုင်းအော်လိုက်ကြတာ။ အခွင့်ထူးခံတယ်ပေါ့။ အိမ်ဖြူတော်ကလည်း ပြန်ချေပပါတယ်။ သမ္မတကြီးမို့လို့ လုပ်တာ ဘာဖြစ်လဲတဲ့။ ဘာမှတော့ မဖြစ်ပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်၊ရေးသားခွင့်ရှိတာ၊ ပွင့်လင်းမြင်သာမှုရှိတာကို ပြတာပေါ့လေ။
            အိုဘားမားက ပြောသွားသေးတယ်။ နိုင်ငံသားတိုင်းဟာ ကြိုးစားခွင့်လည်း ရှိရမယ်။ကြိုးစားပြီး ထိုက်တန်တဲ့ အောင်မြင်မှုကိုလည်း ရရမယ်တဲ့။ဒီလိုမှ တိုင်းပြည်ကတိုးတက်မှာတဲ့။ ဒီလိုဖြစ်လာအောင် အဂတိလိုက်စားမှု၊ခြစားမှုတွေကို ဖျောက်ဖျက်ကြရမယ်တဲ့။ ဒီအထဲမှာ ခရိုနီတွေလဲ ပါတာပေါ့နော်။ သီပေါမင်းလက်ထက်ကတည်းက မယ်တော်ကြီးစုဖုရားလတ်က သစ်ပါမစ်တွေကို သူ့ဆွေမျိုးတွေ ချပေး ခဲ့တာ။ ဒီအကျင့်ဆိုးကြီးကို တို့ရွှေတွေ ဖျောက်နိုင်ပါ့မလား။ လွတ်လပ်စွာပြောဆိုခွင့်ရှိရင်၊ ကြောက်စရာ မရှိရင် ခရိုနီတွေ၊ခြစားမှုတွေ မကြာခင်မှာ သေပန်းပွင့်ကြလိမ့်မပေါ့။
            နောက် ၃ရက်ဆိုရင် စာရေးသူကျွန်တော် အသက် ၃၃နှစ်ပြည့်ပြီ။ လူ့သက်တမ်း ထက်ဝက်နီးပါး မှာလက်ဝါးဆုပ်ကို ဖြေနေတဲ့ အမိတိုင်းပြည်ကို မြင်ရပြီပေါ့။ လူကလက်သီးဆုပ်ကို ဆုပ်ထားပေမယ့် စိတ်ပြတင်းကိုတော့ အမြဲဖွင့်ထားခဲ့တာ။တိုင်းပြည်ကတော့ လက်သီးဆုပ်ဖြေပါ။ ကျွန်တော်တို့ နိုင်ငံသားတွေကတော့ ဆက်ပြီး လက်ကိုဖွဖွလေးတော့ ဆုပ်ထားရဦးမှာ။ အဲသည်လက်ဖ၀ါးဆုပ်ထဲမှာ ကြေမွသွားမယ့် ဘ၀တွေမရှိဘူး။
လက်ဖ၀ါးကြားကနေ ဖိနှိပ်မှု မခံနိုင်လို့ စိမ့်ထွက်မဲ့ သူတွေ မရှိဘူး။ သို့ပေမယ့် အမျိုး၊ဘာသာ၊သာသနာ အတွက်၊ နိုင်ငံလုံခြုံရေးအတွက်၊ တိုင်းပြည် တိုးတက်ရေးအတွက် အားတင်းတဲ့အနေနဲ့ ကျွန်တော်ကတော့ လက်သီးကို ခပ်ဖွဖွ ဆုပ်ထားရဦးမှာ။
                                                            ၁၉/ ၁၁/ ၂၀၁၂
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/20/2012 01:01:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:35978] Fwd: [လူဗိုလ်ဟူသည် ...] ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/19
Subject: [လူဗိုလ်ဟူသည် ...] ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ
To: lubo601@gmail.com
by Myat Thi Ha on Monday, November 19, 2012 at 5:30am ·
ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။
သမ္မတအိုဘားမား မိန့်ခွန်းပြောကြားသည်ကို တက်ရောက်နားထောင်ရန် ဖိတ်ကြားခံထားရသော ဦးကျော်သူနှင့် ဧည့်သည်တော်များကို ရန်ကုန်တက္ကသိုလ်တွင် တွေ့ရစဉ်။
(အိမ်ဖြူတော်သတင်းဌာနမှ ထုတ်ပြန်သည်)
အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။
တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ၀တ်စုံဖြူတွေ၊ ၀တ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ အကြောင်း၊ ကျောင်းသားတွေရဲ့ အသံ၊ လွတ်လပ်ခြင်းသီချင်းတွေကို သီကျူးနေတဲ့ ဟစ်ပ်ဟော့ပ်ဂီတသမားတွေရဲ့ အသံ၊ အားလုံးကိုလည်း ကျနော်တို့ကြားခဲ့ရပါတယ်။ ပြည်ပမှာရောက်ရှိနေပြီး အမိမြေနဲ့ မိသားစုထံ အမြဲတမ်းတဆက်သွယ်ချင်နေတဲ့ ဒုက္ခသည်တွေ၊ ပြည်ပရောက်အင်အားစုတွေ အကြောင်းလည်း ကျနော်တို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အံ့မခန်း ဂုဏ်သိက္ခာကြီးမားမှုကိုလည်း ကျနော်တို့ လေးစားအားကျခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက်နှလုံးသားခိုင်မြဲသူတွေကို ဘယ်လိုမှ အကျဉ်းချထားလို့မရနိုင်ဘူးဆိုတာသက်သေပြခဲ့တာပါ။
သမ္မတရာထူးလက်ခံခဲ့တဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာရှိနေတဲ့ ခြိမ်းခြောက်အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ကျနော်သ၀ဏ်လွှာစကား ပါးခဲ့ဖူးပါတယ်။ အဲဒါကတော့ - "တင်းကြပ်တဲ့လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လက်ကမ်းပါမယ်" ဆိုတဲ့ စကားပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်းမှာပဲ၊ အပြောင်းအလဲတွေဟာ အရှိန်အဟုန်နဲ့ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ၅ ခုကြာ၊ အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့သူတွေဟာ သူတို့ရဲ့ချုပ်ကိုင်မှုတွေကို ဖြေလျော့လာခဲ့ပါပြီ။ သမ္မတဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြောင်းလဲမှုလိုလားတဲ့ဆန္ဒတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တခု ဆုံဆည်းပေါ်ထွက်လာခဲ့ပါပြီ။ အခုဆိုရင်၊ အရပ်သားအစိုးရတခုနဲ့ အတူ၊ ပြည်သူ့လွှတ်တော်ဟာလည်း အင်အားယူပေါ်ထွက်လာနေပါပြီ။ တချိန်က တရားမ၀င်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုလျှင်လည်း၊ ရွေးကောက်ပွဲဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေလည်း ရာနဲ့ချီပြီ လွတ်မြောက်လာခဲ့သလို၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို တားဆီးမှုတွေရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမအပစ်အခတ်ရပ်စဲရေးတွေလုပ်နိုင်ခဲ့သလို၊ ပိုပြီးပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေအသစ်တွေလည်း ပေါ်လာနေပါပြီ။
ဒါ့ကြောင့် ဒီနေ့မှာ ကျနော်အနေနဲ့ ပေးခဲ့တဲ့ကတိအတိုင်း၊ မိတ်ဆွေအဖြစ်လက်ကမ်းဖို့ ရောက်လာခဲ့တာပါ။ အခုဆိုရင်၊ ရန်ကုန်မြို့မှာ အမေရိကန်သံအမတ်ကြီးလည်း ရှိနေပါပြီ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း လျှော့ချထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည် နာလန်ထူနိုင်ပြီး၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေပေါ်လာအောင် ကျနော်တို့ ကူညီပါ့မယ်။ ဒါဟာ တကမ္ဘာလုံးဖွံ့ဖြိုးဖို့အတွက် အင်အားတရပ်လည်းဖြစ်စေရပါမယ်။ ဒါပေမဲ့လည်း ဒီခရီးဟာ အခုမှ အစပဲရှိသေးပြီး၊ ရှေ့ဆက်အများကြီးသွားရအုံးမှာပါ။ လူမှုအသိုင်းအ၀ိုင်းရဲ့ ထိပ်ပိုင်းကနေ၊ ဆင်းသက်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အခြေခံမှာရှိနေတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းမှုတွေနဲ့ တထပ်တည်းရှိဖို့လိုပါတယ်။ ကျနော်တို့ အခုမြင်နေရတဲ့ တိုးတက်မှု ရောင်ခြည်မီးပွားလေးတွေ၊ ငြိမ်းမသွားစေရေးနဲ့ ဒီမီးပွားလေးတွေဟာ မြန်မာပြည်သူတရပ်လုံးအတွက်၊ ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီးလိုဖြစ်သွားစေဖို့ လိုပါတယ်။
အဖိနှိပ်ခံရမှုတွေအစား အားလုံးစုံရုံးပိုင်ခွင့်ကို အပြည့်အ၀လေးစားလိုက်နာရပါမယ်။ ချုပ်ချယ်ကန့်သတ်မှုတွေအစား သတင်းဆင်ဆာဖြတ်တောက်မှုတွေကို ဆက်ပြီးဖယ်ရှားသွားရပါလိမ့်မယ်။ ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်သွားရင်၊ တိုးတက်မှုတွေ တွေ့လာမှာပါ။ မြစ်ဆုံရေကာတာစီမံကိန်းမှာဆိုရင်၊ ကန့်ကွက်ကြတဲ့ ပြည်သူတွေရဲ့ အသံကို လစ်လျူမရှု့ဘဲ၊ လေးစားလိုက်နာခဲ့တာကို တွေ့ခဲ့ရပါပြီ။ မတရားအသင်းလို့ ကြေငြာမှုတွေမရှိတော့ဘဲ နိုင်ငံရေးပါတီတွေကိုလည်း လှုပ်ရှားလုပ်ဆောင်ခွင့်တွေ ပေးလာနေပါပြီ။
လွှတ်တော်ရွေးကောက်ပွဲတွေတုန်းကဆိုရင်၊ မဲဆန္ဒရှင်တဦးက - ကျနော့်အဖိုးအဖွားတွေ၊ တချိန်လုံးစောင့်ဆိုင်းခဲ့ပြီး၊ မတွေ့သွားတဲ့ ဒီအခွင့်အရေးပါပဲလို့ ပြောခဲ့တာ ကြားရပါတယ်။ ဒီလိုမဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အာဏာရှိသူတွေအနေနဲ့ သဘောထားကြီး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ပုံစံပါပဲ။ အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။ ကျနော်တို့ကိုယ်တိုင်ဟာ သမ္မတ နိုင်ငံတော်စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက်လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီတညာတည်းဖြစ်နေလို့ပါပဲ။
ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ်ရောက်ချင်တဲ့အနာဂတ်ကို ရောက်အောင်သွားနိုင်မှာပါ။ အဲဒီအနာဂတ်မှာဆိုရင်၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေတယ်ဆိုရင်တောင် များလွန်းလှပြီလို့ ဆိုကြပါလိမ့်မယ်။ ဥပဒေဟာလည်း ခေါင်းဆောင်တွေရဲ့ အထက်မှာရှိနေပြီး၊ ဘယ်ကလေးသူငယ်ကိုမှလည်း စစ်သားအဖြစ်ခိုင်းစားတာမျိုးမရှိသလို၊ ဘယ်အမျိုးသမီးကိုမှလည်း မတရားခေါင်းပုံဖြတ်တာ မရှိတော့ပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အရပ်သားထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပ်က ကာကွယ်ပေးထားပြီး၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ သူတွေ အုပ်ချုပ်ခွင့်ရှိစေမယ့်၊ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လည်း ရှိနေမယ့်အနာဂတ်ဖြစ်ပါတယ်။ ဒီခရီးလမ်းကို ရောက်အောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက အဆင့်တိုင်းမှာ ကူညီသွားပါမယ်။ လူထုလူတမနးစားအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ အကူအညီတွေ၊ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးလေးစားတဲ့ စစ်တပ်တရပ်ဖြစ်လာစေဖို့ ၊ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ အတူ၊ ဒီမိုကရေစီလမ်းစဉ်ဆီကို ရှေ့တိုးလုပ်ဆောင်လာနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ ကူညီသွားမှာပါ။
နိုင်ငံသားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆွေးနွေးငြင်းခုံခဲ့ရတာပါ။ အခုထိလည်း ဆက်ပြီး ငြင်းခုံရဆဲပါ။ ဒါပေမယ့် အဓိကအခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါပဲ။ ဘယ်သူဖြစ်ဖြစ် အခြိမ်းခြောက်မခံရပဲ နေထိုင်နိုင်ခွင့် ရှိဖို့ လိုပါတယ်။ မိသားစုတွေ ဘေးရန်ကင်းကင်း နေနိုင်ဖို့ လိုပါတယ်။ သူတို့ ဘယ်သူဘယ်ဝါဖြစ်နေလို့ ဒါမှမဟုတ် သူတို့ ဘယ်နေရာကနေ ရောက်လာလို့ ဆိုပြီး သူတို့အိမ်တွေ မီးရှို့ခံရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်ရဲ့ နိုင်ငံညီညွတ်မှုကို လုပ်နိုင်တာပါ။ မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။
ကျနော့် နိုင်ငံ၊ ကျနော် လျှောက်လှမ်းခဲတဲ့ ဘ၀အတွေ့အကြုံတွေကို ကျနော် ပြောပြနေတာပါ။ အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေ၊ မူစလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူနဲ့ ဘာသာ အယူဝါဒမရှိသူတွေ အတူနေကြတဲ့ နိုင်ငံပါ။ ကျနော်တို့ နိုင်ငံဟာ ဘာသာစကားမျိုးစုံနဲ့ ယဉ်ကျေးမှု မျိုးစုံ ထွန်းကားတဲ့ နိုင်ငံပါ။ ကျနော်တို့မှာ ပြည်တွင်းစစ်ရဲ့ ခါးသီးမှုတွေ ရှိခဲ့ပေမယ့် လူသားတွေဟာ အမုန်းတရားတွေကို အသဲနှလုံးထဲကနေ ဖယ်ရှားနိုင်စွမ်း ရှိတယ်၊ ဘာသာ နဲ့ လူမျိုးဆိုတဲ့ ကဏ္ဍခြားထားတဲ့ လိုင်းတွေကလည်း မှေးမှိန်သွားနိုင်ပါတယ် ဆိုတာကို သမိုင်းကပြနေပါတယ်။ တကယ်တမ်း ဘာကျန်နေသလဲဆိုတော့ ရိုးသားတဲ့ အမှန်တရား ပါပဲ။ အမေရိကန်နိုင်ငံမှာ ကွဲပြားမှုတွေ အများကြီး ရှိပေမယ့် ကျနော်တို့ဟာ တစိတ်ထဲ တ၀မ်းထဲ လူမျိုး တမျိုးထဲပါ။ ကာလကြာလာတာနဲ့ အမျှ ဒီအမှန်တရား ကနေ ကျနော်တို့ နိုင်ငံကို အင်အားဖြစ်စေခဲ့ပါတယ်။
ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။ ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။
Excerpts of President Obama's Speech in Burma
FOR IMMEDIATE RELEASE:
Above all, I came here because of America's belief in human dignity. Over the last several decades, our two countries became strangers. But today, I can tell you that we always remained hopeful about you – the people of this country. You gave us hope. And we bore witness to your courage.
We saw the activists dressed in white visit the families of political prisoners on Sundays, and monks dressed in saffron protesting peacefully in the streets. We learned of ordinary people who organized relief teams to respond to a cyclone, and heard the voices of students and the beats of hip hop artists projecting the sound of freedom. We came to know exiles and refugees who never lost touch with their families or their ancestral home. And we were inspired by the fierce dignity of Daw Aung San Suu Kyi, as she proved that no human being can truly be imprisoned if hope burns in your heart.
When I took office as President, I sent a message to those governments who ruled by fear: "we will extend a hand if you are willing to unclench your fist." And over the last year and a half, a dramatic transition has begun, as a dictatorship of five decades has loosened its grip. Under President Thein Sein, the desire for change has been met by an agenda for reform. A civilian now leads the government, and a parliament is asserting itself. The once-outlawed National League for Democracy stood in an election, and Aung San Suu Kyi is a Member of Parliament. Hundreds of prisoners of conscience have been released, and forced labor has been banned. Preliminary cease-fires have been reached with ethnic armies, and new laws allow for a more open economy.
So today, I have come to keep my promise, and extend the hand of friendship. America now has an Ambassador in Rangoon, sanctions have been eased, and we will help rebuild an economy that can offer opportunity for its people, and serve as an engine of growth for the world. But this remarkable journey has just begun, and has much further to go. Reforms launched from the top of society must meet the aspirations of citizens who form its foundation. The flickers of progress that we have seen must not be extinguished – they must become a shining North Star for this entire nation's people.
*** Instead of being repressed, the right of people to assemble together must now be fully respected. Instead of being stifled, the veil of media censorship must continue to be lifted. As you take these steps, you can draw on your progress. Instead of being ignored, citizens who protested the construction of the Myitsone dam were heard. Instead of being outlawed, political parties have been allowed to participate. As one voter said during the parliamentary elections, "Our parents and grandparents waited for this, but never saw it."
To protect the freedom of that voter, those in power must accept constraints. That is what our American system is designed to do. America may have the strongest military in the world – but it must submit to civilian control. As President and Commander-in-Chief, I cannot just impose my will on our Congress – even though sometimes I wish I could. I appoint some of our judges, but I cannot tell them how to rule – because every person in America, from a child living in poverty to the President – is equal under the law.
That is how you must reach for the future you deserve – a future where a single prisoner of conscience is one too many, and the law is stronger than any leader; where no child is made to be a soldier, and no woman is exploited; where national security is strengthened by a military that serves under civilians, and a Constitution guarantees that only those who are elected by the people may govern. On that journey, America will support you every step of the way: by using our assistance to empower civil society; by engaging your military to promote professionalism and human rights; and by partnership with you as you connect your progress towards democracy with economic development.
*** Every nation struggles to define citizenship – America has had great debates about these issues, and they continue to this day. But certain principles are universal – the right of people to live without the threat that their families may be harmed or their homes may be burned simply because of who they are or where they come from. Ultimately, only the people of this country can define your union, but I have confidence that – as you do – you can draw on diversity as a strength, not a weakness.
I say this because my own country, and my own life, has taught me this. The United States of America is a nation of Christians and Jews; Muslims and Buddhists; Hindus and non-believers. Our story is shaped by every language and enriched by every culture. We have tasted the bitterness of civil war and segregation, but our history shows us that hatred in the human heart can recede, and the lines between races and tribe fade away. What is left, then, is a simple truth: e pluribus unum; in America, out of many, we are one nation, we are one people. Time and again, that truth has made our union stronger.
We amended our Constitution to extend the democratic principles that we hold dear. And I stand before you today as President of the most powerful nation on Earth, with a heritage that would have once denied me the right to vote. So I believe deeply that this country can transcend its differences, and that every human being within these borders is a part of your nation's story.
(White House Press Office)
သတင်းအကျဉ်းချုပ် ...
at 4:07 PM 0 comments Posted by Htut Htut
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/20/2012 12:52:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:35978] Fwd: [လူဗိုလ်ဟူသည် ...] အမေ ...
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/19
Subject: [လူဗိုလ်ဟူသည် ...] အမေ ...
To: lubo601@gmail.com
by သလ္လာဝတီ စာကြည့်တိုတ် on Wednesday, November 14, 2012 at 4:09am ·
"ချမ်းလိုက်တာ….."
ခမောက် အမိုးထဲကို ဝင်နိုင်သမျှ ဝင်အောင် ကိုယ်ကိုကျုံ့ ဝင်ရင်း ညီးတွားမိပါတယ်…အဝေးကကြည့်ရင် လူ ကိုတွေ့ ရမယ် မထင်ပါ ခမောက် အကြီးကြီးတစ်ခုကိုပဲတွေ့နိုင်ပါလိမ့်မယ် ကျနော့် အတွက် ဒီခမောက် က မိုးကာလဲဟုတ်..ထီးလဲ ဟုတ်ပါတယ်…မိုးတွင်းအဆက်ဆက်တိုင်းကို ဒီ ခမောက်လေးနဲ့ပဲဖြတ်ကျော် ခဲ့ပါ တယ်…အခုလဲ မိုးဖွဲဖွဲလေး ကျနေပါတယ်…
ကျနော့်ခြေထောက်တွေ လဲအေးစက်နေ ပါပြီ…ဒါပေမယ့် ကျနော် အိမ်မပြန်ချင်သေးပါ.. ။ ကျနော့် အမေနေမကောင်း ဖြစ်တာ တပါတ်လောက်ရှိပါပြီ အခုမှ အဖျား ပျောက်ကာစဆိုတော့အားနည်နေပါတယ် .. အမေ့ကို ငါးဟင်းစွတ်ပြုတ်လေး ပြုတ်တိုက်ချင်လို့မိုးရွာကြီးထဲမှာ ကျနော် ငါးထွက်မျှားနေတာပါ…။
"ဟာ…တွတ်ပြီ…" ဒေါင်းမှီးနဲ့လုပ်ထားတဲ့ ဖော့တံလေးက လှုပ်လာပါတယ် ပေါ်ချီ မြုပ်ချီမဟုတ်ပဲ လှုပ်ရုံတင် လှုပ်တာဆိုတော့ ငါးကြီးဖြစ်ဖို့ များပါတယ်… "ငါးရံ့ ရရင်ကောင်းမယ် …" ဖော့မြုပ်သွားပါပြီ..ဘူစီပေါင်းတွေ ပလုံစီအောင်တတ်လာတာ ကိုကြည့်ခြင်းအားဖြင့် ငါးခူဖြစ်မယ် ထင်ပါတယ်.. ဖော့မြုပ်တဲ့ဖက်နှင့်ဆန့်ကျင်ဖက်ကို ခပ်ဆပ်ဆပ်လေး ရိုက် ဆွဲတင်လိုက်ပါတယ်…။ ထီးရိုးဝါးဖြင့်လုပ်ထားတော့ ငါးမျှားတံ ကညွှတ် ပြီးပါလာပါတယ်… "အာ.. အကြီးကြီး ပဲဟ…" ဟုတ်ပါတယ် ငါးခူ ကြီးက နှုတ်ခမ်းမွှေး အ၀ါနဲ့ ကျနော့်လက် တတောင် ကျော်ထိအောင်ကိုကြီး လှပါတယ်…ငါးခူ အစွယ်က အဆိပ်ရှိပါတယ် သတိကြီးစွာထားပြီးတော့ သူ့ရဲ့ အစွယ်နှစ်ဖက်အောက်ကို လက်ညှိုး လက်သန်းထည့်..အောက်မေးရိုးကို လက်မနှင့် လှန်ချ ပြီးတော့ ချိတ်ကိုဖြုတ်လိုက်ပါ..အဲ့လိုဖြုတ်တတ်ဖို့ ငါမျှားတတ်တဲ့ဦးလေး ကြီးဆီမှာ အချိန်တော်တော်ကြာ သင်ခဲ့ရတာပါ..။
ငါးကိုသေချာကြည့်လိုက်တော့ ဗိုက် ၀ိုင်းကြီးပါ ဖြူလဲ ဖြူနေပါတယ်..ဒါ ငါးခူအထီး ကြီးပါ..ငါးခူ အကောင်ကြီးတွေက အဖော်နဲ့ နေတတ်ပါတယ် ဒီအချိန်က ငါးတွေ သား ကျချိန်ဆိုတော့ ငါးအမကြီး ရှိနိုင်ပါတယ်..ကျနော်လဲ ဘေးပါတ်ဝန်းကျင် တလျောက် လိုက်လေ့လာကြည့်လိုက်ပါတယ်… "ဟာ" တွေ့ပါပြီ ငါးသားအုပ်ကြီးပါ..ငါးခူအုပ်ဆိုတာ ကြည့်တာနဲ့ သိပါတယ် မည်းမည်း နဲ့ ငါးသားလေးတွေ လဲ အများကြီးပါ... အဲ့ဒီအောက်မှာ ငါးမကြီး ရှိပါတယ်..ငါးအမ များဟာ အထီးများထက် အကောင်ကြီးကြပါတယ်...သားချ ထားလို့ ပိန်တော့ ပိန်တတ်ပါတယ်…
"အင်း ငါးသားလေးတွေ ကကြီးတော့ တီနဲ့ ချလို့ကတော့ သူတို့ ၀ိုင်းစား ကြတာနဲ့ ကုန်မှာ ပဲ ပိုးဟပ်နဲ့ မျှားမှ"
ကျနော့် စိတ်ကူးနဲ့ ကျနော် အစာချလိုက်ပါတယ်…ငါး အမေ ကြီးဟာ သူတို့ သားအုပ်ပေါ် ဖြတ်ပြေးတဲ့ မွေက အစ ဟပ်ပါတယ် ..။ သားသမီးကို ကာကွယ်တတ်သော မိဘ တွေရဲ့ ပုံစံ အမှန်ပါ..။ကျနော့် အစာကိုလဲ တန်းပြီးဟပ်ပါတယ်..။ ကျနော် ငါးအမေ ကြီးကိုဆွဲတင်လိုက်ပါတယ်.. အားပါးပါး ဒီတစ်ကောင်က ပိုတောင်ကြီးပါသေးတယ်.. ကျနော် ရဖူးတဲ့ ငါးခူတွေ ထဲမှာ ဒီအကောင်လောက်ကြီးတာတော့ မတွေ့ဖူးပါ တကောင်တည်း နဲ့တင် ၅၀ သားကျော်လောက်ရှိပါတယ်…။ ကျနော် ငါးတွေကို ကြေးနန်းကြိုးနဲ့ သီပြီး ပြန်ဖို့ပြင်လိုက်ပါတယ်…။ ငါးအုပ်ကို ပြန်ကြည့်မိတယ်…သူတို့ အရင်လို မိခင်နောက်ကို အုံခဲပြီးလိုက်နေ သလိုမျိုး တစုတဝေးထဲ ဖြစ်မနေတော့ပါ..ဦးတည်ရာမဲ့ လျောက်သွားနေပါတော့တယ်…ဒီထဲမှာ တချို့က ကံကောင်းပြီး အသက်ရှင်နိုင်သလို တချိုကျတော့လဲ ငါးအကြီးကြီး တွေရဲ့ အစာ ဖြစ်သွားမှာပါ…အော် သူတို့ မိဘ မဲ့ဖြစ်သွားပြီကိုး…။
                                                                        ………………………………………………………………………………………………..
"အမေရေ အမေ အမေ.." "ဟဲ့ သားလေး ဘယ်တွေ လျောက်သွားနေတာလဲ မိုးရွာနေတာကို " "အမေ သားငါးခူ ဖမ်းလားတယ်" "ဟယ်ကြည့်စမ်း သား အမေဘာပြောထားလဲ သူများအသတ် မသတ်ရဘူးလို့ ပြောထားတယ်လေ အမေ့စကား ကိုနားမထောင်ဘူးပေါ့ …ဟုတ်လား ကိုဇင်"
"သားက အမေ့ကို စွတ်ပြုတ်လုပ်တိုက်ချင်လို့ပါ..အမေ နေကောင်းကာစ ဆိုတော့ အားရှိအောင်ပါ.."
အမေက ကျနော့်ကိုကြည့်ရင်း မျက်ရည်ဝဲလာပါတယ်…
"လာ သားလေး ခေါင်းတွေ သုတ်စမ်း ဖျားတော့မှာပဲ ဒီကလေးကတော့…" အမေ ကျနော့် ကို မဆူ ရက်တော့ ပါ...။
"အမေ ငါးခူကို ရဲယိုရွက်နဲ့ ချက်စားရအောင်နော် ..ပိုတာကို အမေ့အတွက် စွတ်ပြုတ်လုပ်ပေးမယ်.."
"အမယ် နင့်ငါးခူ ကဘယ်လောက် ကြီးလို့လဲ.." ကျနော်လဲ အိမ်ဘေးက စဉ်းအိုးဘေးမှာ ချထားတဲ့ ငါးခူနှစ်ကောင်တွဲ ကိုလက်ညိုးထိုးပြလိုက်ပါတယ်.. "ဟိုမှာလေ.." "ဟယ်တော့ အကြီးကြီး ပဲ…သားလေး အိမ်မှာ ထမင်းချက်ထား ဒီအချိန် ဆို ဈေးမကွဲသေးဘူး အမေး ဈေးမှာ သွားရောင်းလိုက်မယ်…" "အမေ့…..ငါးခူနဲ့ ရဲယိုရွက် လေ…." "သားလေး အိမ်မှာဆန်ကုန်နေပြီလေ..ဒါလေးရောင်းရရင် အဆင်ပြေမှာ..သားကလိမ္မာ ပါတယ် နောက်မှ အမေအဆင်ပြေရင် သား စားချင်တာချက်ကျွေးမယ်လေ..အော် နောက်တစ်ခါတော့ အဲ့လိုငါးထွက်မျှားတာ အမေခွင့်မပြုဘူးနော် သားလေး…ကို့ ရဲ့အခက်ခဲ အတွက် သူများ အသက်ကို သတ်တာ သိပ်အောက်တန်းကျတယ် နော်သား" "ဟုတ် ကဲ့ပါ အမေရဲ့..အမေ မြန်မြန်ပြန်လာနော် နေကောင်းသေးတာလဲ မဟုတ်ဘူး" "အေးပါသားရဲ့ အမေ နေကောင်းနေပါပြီ..ထမင်းချက်ထားနော်.." အမေက ပြောရင်းနဲ့ ဇလုံထဲကို ချိန်ခွင်တွေ ဓါးတွေ ၊ ငါးတွေ ထည့်ပြီး ခါးစောင်းတင်ရွေ့ ထွက်သွား ပါတော့သည်..။
……………………………………………………………………………………….
"ငါးခူတွေ ရမယ် ငါးခူတွေ လတ်တယ်နော်…လတ်တယ်…" သူမအသံမှာ အားလုံးဝ မရှိပါ…သူမဘေးမှ အသံစာစာဖြင့် အော်ရောင်းနေသောတခြားငါးသည် တွေရဲ့ အသံကို ဖုံးသွားအောင်လဲ သူမ မအော်နိုင်ပါ…ဒါပေမယ့်သူမ အဆက်မပြတ် အော်နေပါတယ်...။ "ငါးခူတွေ ရမယ် ငါးခူတွေ"
"အမကြီးဈေးကောက်…"
"အဲတော့ မောင်လေးရယ် အမမှာ တစ်ကျပ်မှ ကိုမရှိတာပါ…"
"ခင်ဗျားတို့ ကလဲ ပြောလိုက်ရင်အဲ့လို ကြီးပဲ ကျူပ်တို့ကလဲ ကောက်ချင်လို့ကောက်နေတာ မဟုတ်ဘူးဗျ ကောက်ခိုင်းသလောက် မရရင် အိပ်စိုက်ရမှာဗျ"
"အေးပါ ကွယ် အမ ငါးရောင်းရရင် ပေးပါ့မယ် ပြန်လာခဲ့ နော်…"
ဈေးကောက် ကောင်လေးမှာ မကျေမနပ်ဖြင့် ထွက်သွားပါတော့တယ်..အော်သူလဲ သူ့ဒုက္ခနဲ့ သူပဲလေ.
. …………………………………………………………………………………………..
"အမေ သမီး ငါးခူ ကြော်စားချင်တယ်…" "ဟုတ်လား သမီးစားချင်ရင် အမေကြော်ကျွေးမှာပေါ့ ဒီအချိန်က ငါခူ ရပါ့မလားတောင် မသိဘူး…" "အမေ အကြီးကြီး ကိုကြော်စားချင်တာနော်…" "အေးပါ တွေ့ရင် အမေ ၀ယ်ပါ့မယ် သမီးကလဲ.." "မေမေ ဟိုမှာ နှုတ်ခမ်းမွေးကြီးနဲ့ …ဟိုမှာ ငါးခူတွေ.." "ဘယ်မှာလဲ သမီးရဲ့ အော် ဟိုမှာ လာလာ သမီး.." ပျံကျဈေးပေမယ့် လဲ ဈေးဝယ်လို့ ကောင်းလို့ ဒီဈေးကိုပဲ လာလာ ၀ယ်ဖြစ်ကြပါတယ်…ဒီနေ့လဲ ဒေါ်သွယ်တယောက် ကိုယ်တိုင် ဈေးဝယ်ထွက်လာခဲ့ပါတယ်..ဒီမြို့နယ်မှာတော့ ဒေါ်သွယ်တို့က လူချမ်းသာ စာရင်းဝင်တွေ ပါ..။
"ဟိတ်.. ငါးခူ ဘယ်ဈေးလဲ …" "၈၀ ပါ အမ…" "ဟဲ့ ညည်းဟာက များလှချီလား လျော့ပါဦးဟ…" "အမ ရယ် ငါးခူဈေးက ၁၀၀ ပါ ညီမက ခေါင်းရွက်ဗျက်ထိုးဈေးသည်မို့လို့ လျော့ရောင်းတာပါ.." "နင့်ငါးခူတွေ ကလဲ ကြီးလှ ချီလား ဘုရားငါးခူတွေ ဖြစ်နေမယ်နော်…" "မဟုတ်ပါဘူး အမရယ်…ကျမသားလေးကိုယ်တိုင် အိမ်ရှေ့ ကန်ကြီးထဲက မျှားလာတာပါ.." "အမလေးနော် လိုက်လဲ လိုက်တဲ့သားအမိပဲ ကဲကဲ နှစ်ကောင်လုံးချိန်လိုက်…အလေးမခိုးနဲ့နော်…" "စိတ်ချပါ အမရဲ့… အားလုံး ၉၅ ကျပ် သားပါ အမ ၉၀ သားပဲ ထားလိုက်ပါ့မယ် ရ၂၀ ပါ.." "၇၀၀ ပဲထားလိုက် ရော့ ..ကိုင်ပေးဦးနော်…" "ဟုတ်ကဲ့အမ .." သူမ ငါးကိုအချွဲ ချွတ် ပြီး ဆူးတောင်တွေ ခုတ်ပေးလိုက်ပါတယ်…။ကုန်ပြီ ပြန်ရုံပါပဲ.. သူမပါလာသော ပစ္စည်းများကို အလျင်အမြန် ကောက်သိမ်းလိုက်ပါတယ်..။သူမရဲ့ လှုပ်ရှားမှု မှာ ပေါ့ပါးလွန်းလှပါတယ်…။လက်ချိုးခြေခတ် ခပ်သွက်သွက်ဖြင့် ကခတ် နေသော ကချေသည် မလေးနှင့်ပင်တူနေပါတော့သည်..။
"သားလေးတော့ ဆာနေတော့ မှာပဲ.."
သူမ ကုန်စုံဆိုင် ကို အပြေးလေး သွားရင်း ပဲနဲ့ ဆန်ဆီ အနည်းငယ်ဝယ်လိုက်ပါတယ် ဈေးထဲ ကို ပြန်ပြေးပြီး ဘူးသီးတစ်လုံးလဲ ၀ယ်လိုက်ပါသေးသည်…ညနေစာအတွက် ကတော့ လမ်းထိပ်ထမင်း ဆိုင်မှာ ပဲ ၀က်နံရိုး တစ်ရာဖိုးနဲ့ ငါးပိရည်တို့စရာ များဝယ်လာလိုက်ပါတယ်.
. "အင်း သားလေး ကျေးဇူးနဲ့ နက်ဖြန်တော့ ဘူးသီးကြော်နဲ့ ဘယာကြော်လေး ပြန်ထွက်နိုင်မယ်ထင်တယ်.."
သူမ နေမကောင်းဖြစ်တဲ့ တပတ်မှာ အိမ်စရိတ် ဆေးဖိုးနဲ့ သူမရဲ့ လက်လုပ် အကြော်ဆိုင်လေး အရင်းပြုတ်သွားခဲ့တာပါ..
……………………………………………………………………………………..
"ဆရာမ .." "ဆရာမ" ဒုတိယ မြောက် ခေါ်သံနဲ့အတူ မည်သည့်စာရင်းတွေ လုပ်နေသလဲ မသိသော ကျနော့်၏အတန်း ပိုင် ဆရာမ မျက်လွှာပင့်ပြီးတော့ ကျနော့်ကိုကြည့်ပါတယ်..ပြီးတော့ မှ ကျနော့်ရဲ့ ဟောင်းနွမ်းနေသော ကျောင်းဝတ်စုံနဲ့ ပုံစံခပ်မှိုင်းမှိုင်းကို မြင်မိပြီး ရွံ သလို ကိုယ် ကို ရို့ သွားပါတယ်.. "ပြော ဘာလဲ.." "ဆရာမ ကျနော့် အင်္ဂလိပ်စာ အမှတ်တွေ က ပေါင်းတာ မှားနေလို့…"
"ပြစမ်း ဘယ်နားမှားလို့လဲ ဆရာမ သေချာပေါင်းထားတာပဲ"
"ဒီမှာ ဆရာမ (၇) မှတ်တန် နှစ်ပုဒ်နဲ့ (၆ )မှတ် တန် တစ်ပုဒ် လေ သားအကုန်မှန်တဲ့ဟာကို ဆရာမက ၁၀ မှတ်ပဲရေးထား ပြီးတော့ ပေါင်းထားလို့…"
"အာ ဟုတ်သားပဲ ကြည့်ဦး ဆရာမ ကလဲ အလုပ်တွေ ရှုပ်နေတာနဲ့ သေချာတောင် မကြည့်မိဘူး..သားကလဲ အခုမှ လာပြောရလား အမှတ်တွေ ကရီပို့ ကတ်တွေ ထဲတောင် ရောက်နေပြီ.."
"သားတို့ အဖြေလွှာစာအုပ်က မနက်ကမှရလို့ပါ ဆရာမ…"
"အော် အေးအေး သားနာမည်က ဘယ်သူ ဇင်ယော် နော်..သားက တော်သားပဲ အဆင့်လေးတဲ့…တော်ရောပေါ့သားရယ် အဆင့်လေးဆို ရှေ့ဆုံးတန်းမှာ ထိုင်ရမှာနော်…"
"ဆရာမ ဒီတစ်ပါတ် အဆင့် တစ်က ဘယ်သူလဲ ဟင် " "အော် ဒီတစ်ပါတ် က ကျော့ကေသွယ်ရတာ.." သြော် ကျောင်းဆင်းရင် ကားဖြင့်လာလာကြို တတ်သော သဌေးမကြီး ဒေါ်သွယ်ရဲ့ သမီး ကိုး..အဲ့ဒီကားဖြင့် ကျောင်းဆင်းတိုင်း ဆရာမလဲ ပါပါ သွားတတ်တာ ကို တွေ့ဖူးပါတယ်..
"အကယ်ရွေ့ အခုလိုနေတဲ့ ၁၀ မှတ်ကို ထည့်ပေါင်းရင် သားအဆင့်ဘယ်လောက်ရမလဲ ဟင်.."
"အင်း သားက တစ်ပေါ့ ဒါပေမယ့် ပေါင်းလို့ မရတော့ ဘူးသားရဲ့ နောက်တစ်ပါတ် မှ အဆင့် တစ်ယူတော့နော်…"
"ဟုတ်…" ဟုတ်လို့သာ ပြောရတာ သိပ်တော့ မကျေနပ်ချင်လှပါ ..ကျနော်က အရင် လပါတ်လေးတွေ မှာ အမြဲတမ်း အဆင့်တစ်ရခဲ့တာပါ ဒါပေမယ့် ကျနော့်နေရာက တတိယတန်း ပြတင်းပေါက် အစွန်ကနေ လုံး ၀မတတ်ပါဘူး ကျနော့်ပုံစံ နဲ့ ရှေ့ဆုံးတန်းထိုင်ရင် A ခန်းဂုဏ်ငယ်မယ်လို့ ထင်လို့ နေမှာပါ..ဒီတစ်ခါဖြေထားတဲ့ စာမေးပွဲက ပထမ အစမ်း စာမေးပွဲ ကြီးပါ ..
ဒီ စာမေးပွဲ မှာ အဆင့် (၁) ရတဲ့ လူတိုင်းကို ကျောင်းအုပ်ကြီးက ဆုချ မြဲပါ ဒါကြောင့်ကျနော် လိုချင်ခဲ့တာ ပါ ခုတော့ မရနိုင်တော့ ပါတဲ့လေ..ဘာလို့ မရနိုင်ပါလိမ့်လို့ တွေးနေရုံကလွဲရွေ့လဲ ကျနော် ဘာမှ မတတ်နိုင်ပါ..။
…………………………………………………………………………………………….
"အမေ့.."
"ဟဲ့ ပလုပ်တုတ် အမလေး လန့်လိုက်တာနော် သားလေး ကျောင်းကပြန်လာပြီလား…"
"အမေရောင်းကောင်းလား …"
"ကောင်းပါ့တော် အခု ဘယာကြော်လေး နည်းနည်းကျန်နေလို့ စောင့်နေတာ တယောက်စာပဲ ကျန်တော့တယ်..သားလေးဗိုက်ဆာရင် ထမင်းစား လေ အမေ ချဉ်ပေါင်ကြော်ထားတယ်.."
"ဟာရှယ်ပဲ အမေ ပုဇွန်နဲ့ရောကြော်ထားတာ လား ၀က်သားနဲ့ ရောထားတာလား"
အမေက ပြန်မဖြေပါ ကျနော့်ကို မျက်လုံးပြူးပြီး အံကြိတ်ပြပါတယ်…"
"ဟုတ်ပါတယ်ဗျာ ထမင်းစားဖို့ အသက်ရှင်တာ မဟုတ်ပါဘူး အသက်ရှင်ဖို့ ထမင်းစားတာပါ ချဉ်ပေါင်ရွက် ရိုးရိုးနဲ့စားလဲ မသေနိုင်ပါဘူးလေ…"
"ဟွန်း လေသံကတော့ သူ့ အဖေ လေသံ အတိုင်း ပဲ.."
"ဟဲဟဲ အမေ သားမကူတော့ဘူးနော် ထမင်းစားပြီး၇င် သား စာသွားကျက်တော့မယ် …အမေလဲ အဖေ့ကိုသတိ ရမနေနဲ့ဦး..နော်"
"ကြည့်စမ်း ဒီကောင်လေး အမေကို .."
"ဟားဟ …" ကျနော်အမေ့ ပါးကိုတစ်ချက်နမ်းရင်း အိမ်ပေါ် ကိုပြေးတက်လိုက်ပါတော့တယ်..။
ကျနော်တို့ ကအမေတစ်ခုသားတစ်ခုပါ.. ကနော့်အဖေ ကတော့ လွန်ခဲ့တဲ့ ၃ နှစ်က ဌက်ဖျားရောဂါ နဲ့ ဆေးရုံမှာ အသက် ဆုံးပါးခဲ့ ရပါတယ် ။ ကျနော် ကအလယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်.. သူများကျောင်းသားတွေလို လဲ ကျုရှင်မယူနိုင်ပါဘူး .. အမေ့ရဲ့ အကြော်ဆိုင်ဝင်ငွေ အိမ်လခ ဖိုး စားသောက် စရိတ်နဲ့ ကျနော့် ရဲ့ ပညာသင်စရိတ်ကို မနည်း ကျားကန်ထားရတာပါ..ဒါတောင် အမေက ကျနော့်ကို မြို့နယ်ရှိ အကောင်းဆုံး ကျောင်းမှာ မရမက ကျောင်းထားလို့ ပါတ်ဝန်းကျင်ကတောင် မေးငေါ့ကြရပါတယ်.. ထမင်းကြမ်းနဲ့ ချဉ်ပေါင်ကြော် ကိုအစာပြေစားပြီးတာနဲ့ ခေါင်းရင်းအိမ် က အမကြီးဆီကို ပြေးရပါမယ်…သူက ကျနော့်ကို စေတနာနဲ့ စာပြပေးပါတယ်.. သူကိုယ်တိုင်ကလဲ ပထမနှစ် တက္ကသိုလ်ကျောင်းသူပါ.ကျနော်နားမလည်တဲ့ စာများကို မေးလို့ရပါတယ်..
သူ့မောင်လေးကလဲ ကျနော်တို့နဲ့ အတန်းတူပါတယ် .နောက်တစ်ခု က သူတို့ အိမ်က မီးရပါတယ် မီးမလာတဲ့ နေ့ဆိုရင်လဲ သူတို့ ကဘက်ထရီအိုးနဲ့ ကြည့်ကြတာပါ ကျတော်တို့ သားအမိမှာက ရေနံဆီ မီးခွက်လေး တစ်ခွက်ပဲ ရှိပါတယ် အဆင်မပြေ လှပါ.. အမေယပ်ခပ်တာကို ခံပြီး စာကျက်ချင်တဲ့ဆန္ဒကတော့ ဆန္ဒ အဖြစ်ပဲ ရှိနေခဲ့ပါတယ်…ကျနော် စာကျက်ပြီးလို့ အိမ်ပြန် ပြီး အမေနဲ့ ညနေစာစား မနက်ဖြန်အတွက် အမေ ပြင်ဆင်တာကို ကူ ..အလုပ်တွေအားလုံး ပြီးရင်တော့ အမေက ကျနော့်ကိုရင်ခွင်ထဲ ထားပြီးတော့ စကားတွေ ပြောကြပါတယ် အမေက တစ်ခါတစ်လေ ပုံပြောပြပါတယ် သီချင်းဆိုပြပါတယ်…ကျနော့် ဘ၀မှာ အဲ့ဒီ အချိန် ကိုအရမ်း သဘောကျတာပါ..။
တနေကုန်ဘယ်လောက် ပဲ စိတ်ပင်ပန်းတဲ့ဟာတွေ ကြုံ ရပါစေ ကျနော်ရဲ့ အမေ့ရင်ခွင် ဗိမာန် ကို မှာ အားလုံးဖွင့်ချ ပြီးတော့ ညတွေတိုင်း ကို ကျနော် အေးချမ်းစွာ အိပ်စက်ခဲ့ရတာပါ..။ "အမေ…" "ရှင့်…" "အမေ သင်္ချာတတ်လား ဟင်…"
"အမေက ၄ တန်းထိပဲ ကျောင်းနေဖူးတာ သားရဲ့..သားလောက်တော့ ဘယ်တတ်မလဲ.."
"အမေ (၇) ရယ် (၇) ရယ် (၆) ရယ်ပေါင်းရင် ဘယ်လောက်ရလဲ …" "အမယ် အမေက ဈေးသည်ပါနော် အဲ့လောက်တော့ သိပါတယ်..၂၀ ပေါ့သားရဲ့…" "ဟာ အမေက တော်လိုက်တာ သားတို့ အတန်းပိုင်ဆရာမ က အမေ့လောက်တောင် သင်္ချာ မတတ်ဘူး…"
"ဟိတ် ကို့ ဆရာသမား ကိုအဲ့လိုမပြောရဘူးလေ…"
"အမေသိလား သားဒီတစ်ပါတ် စာမေးပွဲမှာ အမှတ်အများဆုံးရတာ သိလား ဒါပေမယ့် သား အဆင့်က ၄ ပဲ ရတာ ဆရာမ က အမှတ်မှားပေါင်းတာလေ…"
"အော် သားလေးရယ် ဘာဖြစ်လဲ အဆင့် ၄ ရတော့ရော..သားက စာမေးပွဲမှာ အဆင့် ကောင်း ဖို့ စာသင်တာလား ..စာတတ်ချင်လို့ စာသင်တာလား…."
အမေ့စကားကိုကျနော် ဥာဏ်မှီသလောက် တွေးလိုက်ပါတယ်..
"ဟုတ်တယ်နော် အမေ ကျောင်းတတ်တယ်ဆိုတာ တကယ်တန်းတော့ စာတတ်ဖို့ပဲ နော်…"
"ဟုတ်တယ် သားလေးရဲ့ စာကိုပဲ တတ်အော်သင်နော်..ငါ့သားလေးကို အမေက အဲ့ဒီ ကျောင်းမှာထားတာ စာတတ်စေချင်လို့ အဆင့်ကောင်းစေချင်လို့ မဟုတ်ဘူး.."
"ဟုတ် .." ထိုကဲ့သို့ အမေ သည် ကျနော့် အား ကျောင်းမှ သင်ပေးသော ကျောင်းစာများထက် ပိုရွေ့ ခက်ခဲပြီး နားလည်ရန်လဲ ခက်ခဲသော ဘ၀ သင်ခန်းစား များအား ညစဉ် ညတိုင်း ပို့ချ ခဲ့ပါတယ်..။
…………………………………………………………………………………………………..
ဝါတွင်းကာလဥပုဒ် နေ့မို့ အိမ်တိုင်းမှ အဖိုးအဖွားများနှင့် အိမ်ရှင်မများဥပုဒ် သီလယူရန် ရက်ကွက်ဓမ္မာရုံ သို့ သွားနေကြပါတယ်..ကျနော့် အမေကတော့ ချွေးတစ်လုံးလုံးနဲ့ အကြော်တဲလေး ထဲမှာ အလုပ်များနေပါတယ်… "အမေ ဥပုဒ် သွား မစောင့်ဘူးလား…"
"သားလေးရယ် အမေ တို့ တနေ့လုပ်မှ တနေ့စားရတာ .."
"ဟာ အမေကလဲ သားလဲ အကြော်ကြော်တတ်နေတာ ပဲကို ပြီးတော့ ဥပုဒ်နေ့ဆို ကျောင်းပိတ်နေကြ ပဲလေ..သား အမေ့ကို ကုသိုလ် ပြုပြီးတော့ အကြော်ကြော်ပေးမယ် လေ နော်အမေ…"
အမေက ကျနော့်ကို တွေတွေလေး ကြည့်လို့ ပြုံးနေပါတယ်..
"သား ရယ် အမေ့လဲ ဥပုဒ်ယူပြီး တနေကုန် စေတီလေးမှာ တရားမှတ်ချင်တာ ပေါ့.. ဒါပေမယ့် အမေ့မှာ မှာ ယောဂီ ထည်လေးတောင် မှမရှိတာ အကြော်ဆီတွေ ပေနေတဲ့ အင်းကျီနဲ့ ဆို အမေ့ကို နှာခေါင်းရှုံ့ ကြမှာပေါ့ ကလေးရဲ့…အမေ့ဘာသာ အိမ်မှာ ဘုရားရှိခိုး တရားထိုင်လဲ အဆင်ပြေပါတယ် ငါ့သားလေးက ကုသိုလ်လိုချင်တယ် ဆိုရင် စာကိုကြိုးစား သင့်ပေါ့ နော်…အမေကလေ ဘယ်လောက် ပဲ ပင်ပန်းပင်ပန်း ငါ့သားလေးကို သားသူငယ်ချင်းတွေ က စာလာမေးတဲ့ အချိန်ဆို သြော် ငါ့သားလေးက သူတို့ထက် စာကို ကောင်းကောင်း သင်ယူတာပဲ ဆိုပြီး ပိတိနဲ့ အမောတွေ ပြေသွားရော.." "သားက အိုအေစစ် လေးပေါ့နော် ဟုတ်လား အမေ.." "ဘာလဲ အိုအေစစ်.." ဟိုဟာလေ ရေသန့်ဗူး ကိုပြောတာ..
"ဒါပေါ့ ငါ့သားလေးက အမေ ကို အမောပြေစေတာပေါ့.." ဟေးးးး…ဟားဟား ကျနော် နှင့် အမေ့ရဲ့ ရယ်သံများ အကြော် တဲလေးထဲမှာ ဆူညံနေခဲ့ပါတယ်..
………………………………………………………………………………………………
"အဒေါ် အဲ့ဒီ ယောဂီထမီလေးက ဘယ်လောက်လဲ ဟင်…" "အဲ့တာက အစုံလိုက်အပ်မှ ချုပ်ပေးတာ ကောင်လေးရဲ့ အင်္ကျီရော တဘက်ရောလေ ၃၅၀၀ .." "၃၅၀၀ တောင်လား .. ဟုတ် နောက်မှ ၀ယ်တော့မယ် နော်…" "အေးပါအေးပါ…" အထည်ဆိုင်မှ အမကြီးက ကျနော့်ကိုမယုံသလိုနှင့် ပြုံး စစပြောပါတယ်…ကျနော့် စိတ်ထဲမှာတော့ အမေ့ကို ယောဂီထည်လေး မရမက ၀ယ်ပေးချင်နေခဲ့ပါတယ်… စာသင်ခန်းထဲ ရောက်တာတောင် စိတ်ကူးထဲက ယောဂီဝတ်စုံ လေးနဲ့ အမေ့ကို မျက်စီထဲက မထွက်ပါ.. "ဒီနေ့ ဆရာမကြီးက ဆုတွေ လိုက်ပေးမယ်တဲ့ ဟိုမှာ ကျော့်ကေသွယ်တို့ အိမ်က ဓါတ်ပုံဆရာတောင် ခေါ်လာတယ် တွေ့လား…" ဘေးနားမှ ကျနော့် သူငယ်ချင်းတယောက်ရဲ့ အသံကြောင့် လက်ရှိအခြေနေကို ပိုစိတ် ၀င်စား မိပါတယ်..
"ဘာလို့ဖို့လဲဟ ဓါတ်ပုံဆရာ…"
"အာ မင်းကလဲ အဲ့တာ သူ့သမီးဘယ်လောက်တော်လဲ ဆိုတာ ကို ဓါတ်ပုံရိုက် အိမ်မှာ အကြီးချဲ့ ပြီးချိတ်ထား မှာပေါ့ ဧည့်သည်လာတော့ ကြွားလို့ရတာပေါ့..ကွ…" "အော် အဲ့လိုလား…" ကျောင်းအုပ်ဆရာမကြီးက ကျော့ကေသွယ် ကို ကျောင်းသုံးဗလာစာအုပ် ဘောပင် ခဲတံ နှင့် တခြားကျောင်းသုံး ပစ္စည်းများကို ဆုချ ပါတယ်…။ အခန်းထဲ မှာ ကျော့ကေသွယ် တို့က ပိုက်ဆံရှိအသိုင်းအ၀ိုင်းမို့ ကျောင်းသုံးပစ္စည်းတွေ ဆိုလျှင် အသစ်အဆန်း နောက်ဆုံးပေါ်တွေ သုံးတတ်လွန်းလို့ ကျနော်တို့ ငေးကြရ စမြဲပါ..။ အကောင်းဆုံးနဲ့ အချော့မွေ့ဆုံး စာအုပ်တွေကိုသာ သုံးတတ်တဲ့ ကျော့်ကေသွယ် တယောက်.. ကျောင်းအုပ်ဆရာ မကြီး ဆုချတဲ့ ကျောင်းသုံး ဗလာစာအုပ် များကို ဘာလိုအသုံးချမလဲ ဆိုတာကို အနားလိပ်နေပြီဖြစ်သောကုန်ခါနီး ကျနော့်သင်္ချာစာအုပ် ၏ အနားစများကို ပြန်ဖြန့်ရင်း တွေးမိပါတော့ သည်..။
………………………………………………………………………………………………
"အမေ.."
"ပြော သားလေး…"
"လူတွေ ကလေ ပိုက်ဆံ ရှိမှ အထင်ကြီးကြတာလားဟင် … သားတို့ အခန်းထဲ ကကောင်မလေး တယောက်ဆို သူ့မိဘတွေ ပိုက်ဆံ ရှိတော့ သူ့ကိုဆို လူတိုင်းက အားကျ အထင်ကြီးကြတယ် …" "သား က လူအထင်ကြီးတာ လိုချင်လို့လား…"
"အဲ့တာ မကောင်းဘူးလား အမေ ရဲ့…"
"သားရဲ့ လူ့ဘ၀မှာ လေ လူတွေအထင်ကြီးတယ်ဆိုတာ က အပေါ်ယံပဲ သားရဲ့ ပိုက်ဆံရှိရင် အထင်ကြီးတယ် ဂုဏ်ရှိန်တွေ ရှိနေရင် အထင်ကြီးတယ်…အဲ့တာတွေ ကတကယ်တော့ ဘာမှ အနှစ်သာရ မရှိဘူးသားလေးရဲ့…လူ့ဘ၀မှာ သူများက ကို့ကို အထင်ကြီးဖို့ ထက် ကို့ကိုကို အထင်ကြီးဖို့က အရေးကြီးတယ်ကွယ့်…" "ကို့ကို ကို အထင်ကြီးဖို့ ဟုတ်လား အဲ့တာ ဘယ်လိုမျိုးလဲ…"
"လူတိုင်းက ကို့ရဲ့ လုပ်ဆောင်ချက် မှားလား မှန်လားဆိုတာကို ကိုယ်ကိုတိုင် ပဲ သိတာလေ ကို့ အကြောင်းကို ကိုပဲ အသိကြဆုံးလေ…အဲ့ဒီတော့ ကို့ရဲ့ လုပ်ဆောင်ချက်ဟာ အထင်ကြီးဖို့ ကောင်းလား မကောင်းဘူးလား ဆိုတာလဲ ကိုယ်ကိုယ်တိုင် ထက် ဘယ်သူမှ မသိနိုင်ကြဖူးလေ အဲ့ဒီ တော့ သားလေး ဘာပဲ လုပ်လုပ် ကို့ကိုကို အထင်ကြီး နိုင်မဲ့ အလုပ်တွေ ပဲဖြစ်ရမယ် သူများတွေ အထင်ကြီးတာ အထင်သေးတာတွေ ကြည့်မနေနဲ့ ဟုတ်ပြီလား.."
"ဒါဆို သား သူများတွေ အထင်ကြီးအောင် မနေတော့ ဘူး.. ကို့ကိုကို အထင်ကြီးအောင် ပဲနေတော့မယ် …"
"ဒါပေါ့ သားလေးရဲ့ …" "အော် အမေ ဒီနေ့ အမေ အကြော်တွေ အစောကြီးကုန်သွားတာလား…"
"မဟုတ်ဘူး သားလေးရဲ့ အမေ အကြော်တွေ ကို လိုက်ရောင်းလိုက်တာ…" "ဟာ အမေ ကလဲ ပင်ပန်းမှာပေါ့ ကို့ဘာသာ ဆိုင်မှာ ထိုင်ရောင်းပါ လား အမေရဲ့…"
"အမေလဲ အဲ့လိုပဲ ရောင်းချင်တာပေါ့ သားလေးရယ် နေ့လည်က စည်ပင်က လာပြောတယ် အမေ့ အကြော်တဲက သူတို့ နယ်မြေထဲ ရောက်နေလို့တဲ့…မနက်ဖြန် ကျရင် အကြော်တဲ ဖျက်ရမှာ …" "ဟင် ဒါဆို အမေနေ့တိုင်း အကြော်ဗန်း ရွက်နေရမှာပေါ့..အမေရယ်…"
"ရပါတယ် သားရယ် အမေ အရင်ကလဲ အဲ့လို ရောင်းဖူးပါတယ်…"
ကျနော် တကယ် စိတ်မကောင်းဖြစ်မိပါတယ် အမေ အစောကြီးထ အကြော်တွေ ကြော် ပြီးတော့ ဗန်းထဲ ထည့် ပြီး အကြော်တွေ မကုန်မချင်း အသံတွေ နာအောင် အော် ပြီးရောင်းရမှာ…။ " အဲ့ဒီ စည်ပင် နယ်မြေ တွေ ကလဲ နေရာ တကာပဲနော်..သူတို့ ၀ယ်ထားတာ ကြနေတာပဲ…သူတို့နယ်မြေတွေလို့သာ ပြောတာပါ လမ်းထိပ်က ဘီယာ ဆိုင် ကြီး ကျတော့ စည်ပင်သာယာ နယ်မြေဆိုတဲ့ ဆိုင်းဘုတ် ကြီး ကို ခွဆောက်ထားတာ အဲ့ဒီဆိုင်ကိုကျတော့ မဖျက်ခိုင်းဘူး … ဟွန်း တော်တော် တရားတယ်နော် အမေ.." "သားလေး ကလဲလေ … လောကမှာ က အမှန်တရား ဆိုတာ နေရာတိုင်းမှာ ရှိနေပါတယ်သားလေးရဲ့ မတရားမှုဆိုတာ ရှိသလို တရားမှု ဆိုတာလဲရှိတာပဲလေ … သားလေးက လောကမှာ ဘယ်ဟာက အမှန်တရား ဆိုတာ သိသွားတဲ့တနေ့ အမှန်တရား ဘက်မှာ ရပ်တည်ရဲတဲ့ တနေ့ အမေ့သားလေး လူပီသတဲ့ နေ့ပဲ..အမှန်တရားကို မသိချင်ဆောင် ဆောင်နေသရွေ့တော့ ငါ့သားလေး လူနုံ လေး တယောက် ဖြစ်နေမှာပဲ.." "ဟာ အမေကလဲ သား လူနုံလူအလေး တော့ အဖြစ် မခံနိုင်ပါဘူး အမှန်တရားကို သိအောင်လုပ်မှာ.." "ဒါပေါ့ သားလေးရဲ့ သားလေး အမှန်တရားကိုသိအောင်လို့ အမေက ကူညီပေးမှာပေါ့…" "ဟုတ် .." ကျနော် အမေ့ ရင်ခွင် ထဲကို တိုးဝင်ရင်း စိတ်ကျေနပ်စွာ မှေးစက်လိုက်ပါတော့တယ် ..
…………………………………………………………………………………………………..
"ပညာရေးမှုး လာ မယ်တဲ့…" "ဟုတ်လား…" ကျနော် အံ့သြစွာ မေးမိပါတယ်… ကျနော်တို့ အလယ်တန်း ကျောင်းသား ဘ၀ ရောက်တဲ့ အထိ ပညာရေးမှုးဆိုတာကို မတွေ့ ဖူး စကား မပြောဖူးပါ.. ပညာရေးမှုးတွေ ဟာ ကျောင်းအုပ်ကြီးလိုက်ပြတဲ့ အခန်းတွေကိုပဲ လိုက်ကြည့်ပြီး ပြန်သွားကြတာလား မသိပါ..
"ကျော့်ကေသွယ် က ပညာရေးမှုးကို အင်္ဂလိပ်နှုတ်ဆက် ရမှာ လေ ငါ့တို့ အခန်းကို လာစစ်ခဲ့ရင်ပေါ့..လာမယ်လဲ မထင်ပါဘူး …"
ကျနော့် သူငယ်ချင်းက ဝေဖန်လိုက်ပါတယ်..။ "ဟရောင် ဇင်ယော် မင်း အင်းကျီက ကျောင်းစိမ်း ရော ဟုတ်ရဲ့လား ကျောင်းဘက်တောင် မပါဘူး ..ဒီနေ့ ပညာရေးမှု လာပါမယ်ဆိုမှ …"
" အေးကွာ ငါ့အင်းကျီ ကလျှော်ထားလို့ မနှစ်က အင်းကျီ ကိုပြန်ဝတ်လာတာ ကျောင်း တံဆိပ် က ဘယ်ကတည်း က ပြုတ်နေမှန်းတောင် မသိတော့ဘူး…နေပါဦးဟ ငါမသိလို့ကျော့ကေသွယ် က အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်လို့လားဟ…"
"မနေ့က ဆရာမ နှုတ်တိုက် သင်ပေးထားတယ်လေ … ဟိုမှာတွေ့လား ဗီဒီယို ကင်မရာ သူစကားပြောနေတာကို ရိုက်ဖို့တဲ့ …"
ကျနော် ပြုံး လိုက်မိပါတယ် အမေပြောတဲ့ လူတွေ အထင်ကြီးအောင်ထက် ကို့ကိုကို အထင်ကြီးအောင် နေဆိုတဲ့ စကား ကိုလဲ ပြန်အမှတ်ရမိပြန်ပါတယ်…။ ပညာရေးမှုးက တကယ်ပဲ အခန်းကို ရောက်လာပါတယ်…ပညာရေးမှုး ကိုကြောက်လို့ ကျောင်းသားတွေလဲ အသံတိတ်နေတာမှ အပ်ကျသံ တောင် ကြားရလောက်ပါတယ်… ကျော့ကေသွယ် ကတော့ အင်္ဂလိပ် နှုတ်တိုက် သင်ထားသော နှုတ်ဆက်ပုံ နှုတ်ဆက်နည်းတွေ နဲ့ ရွှန်းရွှန်းဝေအောင် ပြောနေပါတော့သည်.. ပညာရေးမှုးဆိုတဲ့ ဆရာကြီးကလဲ ပြုံးလျက်နားထောင်နေပါတယ်…
"သမီးက ဒီအခန်းထဲမှာ စံပြ ကျောင်းသူထင်တယ်.."
"ဟုတ်ပါတယ် ရှင့် …" အတန်းပိုင်ဆရာမက ၀င်ပြောတာပါ… ပညာရေးမှုး ကခေါင်းညှိတ်လျက်..
"အင်း ဒါဆို အဘကို သမီးတို့ အတန်းမှာ သင်ခဲ့ရတဲ့ The Last Leave ဆိုတဲ့ အင်္ဂလိပ် ဇာတ်လမ်းလေး အကြောင်းကို သမီးခုနက အဘကို နှုတ်ဆက် သွားသလို ပဲ အင်္ဂလိပ်လို သမီးမှတ်မိသလောက် ရှင်းပြ ပါလား…"
သွားပြီ ကျော့ကေသွယ် တယောက် မှိုင်သွားပါသည်..တော်တော်လဲ ကြောက်နေပုံ ရပါတယ် အတန်းပိုင် ဆရာမကို အားကိုးသလိုကြည့် နေပါသည်..။ဆရာမလဲ မျက်နှာ အလွန့်အလွန် ကိုငယ်နေပါသည်..။ပညာရေးမှု က အခြေနေ ကိုချက်ချင်း သဘောပေါက်သွားပုံပါ..
"ကဲ ဒါဆို သားတို့ သမီးတို့ ထဲ က ဘယ်သူ အဘ ကိုပြောနိုင်မလဲ …" ရုတ်တရက် ကျနော် လက်ထောင်မလို့ ဟန်ပြင်လိုက်ပြီးတော့မှ ကျနော့်ရဲ့ ကျောင်းဝတ်စုံကို သတိပြုမိပြီး ဒီတိုင်းလေးပဲ နေလိုက်ပါတော့တယ်… "ဘယ်သူမှ မရှိကြဘူးလား .. ကဲကဲ ကလေး တွေ အဘ ကိုမကြောက်နဲ့ နော် ပြောတတ်ရင် ထွက်ပြောကြ…ကလေးတွေ ထဲ က အဲ့ဒီ အကြောင်းကို အင်္ဂလိပ် လိုပြောနိုင်တဲ့ သူကို အဘ က ဆုချမယ်ဗျာ…" "ကဲကဲ ဘယ်သူပြောမလဲ ဆုတော်ငွေ ၃၀၀၀ ပေးမယ်ကွာ ၃၀၀၀ ..ချက်ချင်းဆုချမှာ …" ဟင် ၃၀၀၀ ဆိုပါလား.. ကျနော် အားတတ်သွားပါသည်.. ဟာ အမေ့ အတွက်ကျနော် ၀ယ်ပေးချင်တဲ့ယောဂီ ၀တ်စုံလေးက ၃၅၀၀ ဆိုတော့ သိပ်တောင် မလိုတော့ပါလား…ကျနော် ဘာမှ မစဉ်းစား တော့ပဲ …လက်ထောင် လိုက်ပါတယ်..
"ဟော ဟုတ်ပြီ တယောက်တော့ လက်ထောင်ပြီ လာလာ အရှေ့ကိုလာပါ…"
"မင်္ဂလာပါ…"
ကျနော် မြန်မာလိုပဲ နှုတ်ဆက်လိုက်ပါတယ်.. "အေးအေး မင်္ဂလာပါ…" ပညာရေးမှုး က ပြုံးရွှင်စွာ ပြောပါသည်..။ "ကဲ သား အဘကို ပြောပြပါ.." "အဘ ကျနော် ပြောနိုင်ရင် ကျနော့် ကို ၃၅၀၀ ပေးပါ.." "ဟေ…" "ဟင်…." ပညာရေးမှုး ရော ကျောင်း အုပ်ကြီး နဲ့ ဆရာမ များပါ အသံမျိုးစုံ ထွက် လာကြပါတယ်. ပညာရေးမှုးက အေးချမ်းစွာ ပြန်ပြောပါတယ်.. "ကောင်းပါပြီ ကွာ သားပြောနိုင်ရင် သားကို အဘက ၅၀၀၀ ပေးမယ်.." "ဟင့် အင်း အဘ ကျနော် ၃၅၀၀ ပဲ လိုချင်ပါတယ်…" ပညာရေး မှုးလဲ ဆုကြေးငွေ ကိုဈေးဆစ်နေသော ကျနော့်ကို အထူးအဆန်း တယောက်လို ကြည့်နေပါတယ်.. "အေးပါကွာ..သား သဘောပါ.."
"ကျေးဇူးတင်ပါတယ်ခင်ဗျ…"
ပညာရေးမှုးအား ရိုသေစွာဦးညွတ်လိုက်ပြီး ကျနော် စပြော လိုက်ပါတယ် "Su and John were artists. They live with Mr.Barman in NewYork city…" ကျနော် ပြောသမျှ ကို အဘ နားထောင်ရုံ သက်သက်မဟုတ်ပဲ တစ်ပိုဒ်ပြောပြီးတိုင်း အင်္ဂလိပ်လို မေးခွန်း ပြန်ထုတ်ပါတယ်..ကျနော် ကပြန်ဖြေရပါတယ်..အဘ မေးတော့ မရှင်းလျှင် ကျနော် ကပြန်မေးပါရန် မေတ္တာ ရပ်ခံ ပါတယ်..ကျနော်နဲ့ အဘ ရဲ့ စကား ပြောနေတာကို အားလုံးငြိမ် ပြီး နားထောင်နေပါတယ်..အဘ က မေးခွန်း လှည့်မေးရင်လဲ ကျနော်က မရမက အဖြေရအောင် ဖြေပါတယ်..နောက်ဆုံးတော့ ကျနော် အောင်မြင်သွားတယ်..။
ကျနော်လဲ တော်တော် မောသွားပါတယ် အဘ ကကျနော့်ကို ချီးကျုးစကား မပြောပါ..အိပ်ကပ်ထဲမှ ၅၀၀ တန် အထပ်လိုက် ကိုထုတ်ပြီးတော့ ၃၅၀၀ ရီပြီးတော့ ကျနော့်ကို ထုတ်ပေးပါတယ် ကျနော်လဲ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ယူလိုက်ပါတယ်…ပြီးတော့ ကို့နေရာကို ပြန်ရန် လှည့်အထွက်..
"သား နေပါဦး..အဘ မသိလို့ သားက အဲ့ဒီပိုက်ဆံ ၃၅၀၀ ကို ဘာလုပ်ဖို့လဲ သားရဲ့.."
"ကျနော့် အမေ အတွက် ယောဂီ ထည် ၀ယ်ပေးချင်လို့ပါ…၃၅၀၀ ကုန်မှာ မို့လို ပါ…"
ကျနော် ပြောတာကို ပညာရေးမှုး က အဓိပါယ် ပေါင်းများစွာ ပါသော မျက်လုံးဖြင့် ကြည့်နေပါတယ်…ကျနော်တော့ အဓိပါယ် မဖော်တတ် ပါ… ညကျမှ အမေ့ကို အဲ့ဒီ အဖြစ်ပျက်လေးကို ပြောပြဆွေးနွေးရပါမယ်…။
……………………………………………………………………………………………………
" အဒေါ် ကြီး.. ကျနော်ယောဂီထည်ဝယ် မလို့…"
" အန် လူက ဘယ်မှာလဲ လူခေါ်လာမှ တိုင်းလို့ ရမှာပေါ့ ကောင်လေးရဲ့…"
" ပုံစံက ဟိုအဒေါ် ကြီးလောက်ပဲ..ချုပ်ပေးထားပါ ပိုက်ဆံ ပေးထားခဲ့မယ်…" ဘေးနားမှာ စက်ချုပ်နေသော အမေ့အရွယ် ကိုယ်လုံးကိုပေါက်နဲ့ အဒေါ်ကြီး တယောက်ကို လက်ညှိုးထိုးပြရင် ပြောလိုက်ပါတယ်… အဲ့လို မလုပ်ရွေ့ မဖြစ် …အမေ့ ကိုအသိပေးပါက အမေက လက်ခံမည်မဟုတ်.ကျနော့် ကျောင်းစရိတ် ထဲ ပါသွားလိမ့် မယ်..။ အမေ့ကို လုပ်ပေးချင်တာ လုပ်ပေးခွင့် ရခဲ့ လို့ ကျနော်ပျော်နေ ပါ သည်…။
" ဟင်…" ကျနော့် အိမ်ရှေ့ မှာ လူတွေ များလှချီလား…ဘာ ဖြစ်လို့ပါလိမ့်…ကျနော် ဇဝေ ဇ၀ါ ဖြင့် ခြံထဲ သို့ ၀င်လိုက်ပါသည်… ဟင် ကျော့ကေသွယ်တို့ သားအမိပါလား..ဘာလာလုပ်တာပါလိမ့်…ကျနော်သူတို့ သားအမိကို နှုတ်ဆက် လိုက်ပါတယ်.. " အဒေါ် နေကောင်းတယ်နော်.. ကျနော်တို့ အိမ် ကို ဘာ အကြောင်းရှိလို့ လာတာလဲ မသိဘူး…" ကျနော် မေးနေတာကို သူ မဖြေပါ..အဲ့ဒီအချိန်မှာ ပဲ ဘေးနားသို့ ကျနော့်ကို အမြဲ စာပြပေး တဲ့ အမကြီးရောက်လာပါတယ်..ကျနော့် ပုခုံးကို ကိုင်ပြီးတော့ လေသံတိုးတိုးလေးဖြင့် ပြောပြပါတယ်..
" မောင်လေး မမ ပြောပြမယ်နားထောင်နော်..စိတ် အေးအေး ထား..ဒီနေ့ မောင်လေး အမေ က ဈေးရောင်းသွားတယ် အဲ့တာ ကားလမ်းဖြတ်ကူးတော့ ဒီက အဒေါ်ကြီး မောင်းလားတဲ့ကားနဲ့ တိုက်မိတာ ကားကလဲ ဘရိတ်ပေါက်နေတော့ အရှိန်မထိန်း…"
ကျနော် ထို အမကြီး ပြောနေတဲ့ အသံကို မကြားနိုင်တော့ ပါ သူ့ကိုတွန်းဖယ်လျှက် အိမ်ပေါ်ကို အတတ်နိုင်ဆုံး စိတ်ကိုထိမ်း ရွေ့ တက်လိုက်ပါတယ်… ကျနော့် နဲ့ အမေ ညဖက်တိုင်း လဲလျောင်းပြီး စကား ပြောနေကျ.. ကျနော့်ကို အမေ ဘ၀ အကြောင်းတွေ သင်ပေးနေကြ နေရာမှာ အမေ တယောက်တည်း မလှုပ်မလျက် လဲလျောင်းနေပါတယ်…
" အမေ…"
ကျနော် ခေါ်နေကြ ပုံစံ အတိုင်းပဲ ရိုးရိုးလေး ခေါ်လိုက်ပါတယ်..အမေ ပြန်မထူး ပါ အမေ့ မျက်နှာ ကိုသာ ကျနော် တွေတွေ လေး ငေးနေမိပါတယ်… အမေ ရယ်…. သား ကို အမှန်တရား တွေ့ဖို့ အတွက် ကူညီမယ်ဆို… အမေ ရယ်…. သား ကို ရင်ခွင်ထဲ မှာ မှေးသိပ်ပြီးတော့ လူလောက ရဲ့ သဘောတရား အသစ်တွေ ကို သင်ပေးပါဦး အမေရယ်.. သား တွေ့ကြုံ နေရတဲ့ ဘ၀ အခက်ခဲတွေ နဲ့ သားနားမလည်တဲ့ လူ့လောက ပုစ္ဆာတွေ ကို ကူညီ ဖြေရှင်းပေးပါဦး အမေ ရယ်… ကျနော် ၀ယ်ပေးတဲ့ ယောဂီ လေး ၀တ်ပြီး ၀တ်ပြုသွားတာ ကို သား မြင်ချင် သေးတယ် အမေရဲ့..
(((((အမေ့…)))))
ကျနော် စိတ်တွင်းမှ ချုံး ပွဲချ ငိုလိုက်မိပါတယ် မျက်ရည်တော့ ကျမလာပါ..တမလွန် ဘ၀ကနေ အမေ တွေ့ရင် စိတ်မကောင်း ဖြစ်ပြီး ကျနော့်ကို စိတ်မချ ဖြစ်နေမှာ စိုးလို့ပါ.. "ကိုဇင် သားအမေက ဆုံးသွားခဲ့ပြီ…" ဘေးနား ကရက်ကွပ် ၁၀ အိမ်မှုး က ကျနော့်ကို သတိပေးသလို ပြောပါတယ်.. ကျနော့် အမေ မဆုံးပါ ကျနော့် ရင်ထဲမှာ ကျနော့် အမေက အသင်ရှင်မှာပါ ကျနော် အသက်ဆုံး သွားတဲ့အချိန်ကျမှ အမေက တကယ်ဆုံးပါးသွားမှာပါ.. ကျနော် အမေ့ မျက် နှာ ကို သေချာ စိုက်ကြည့်နေရင်းနဲ့ ထိန်းထားတဲ့ ကြားမှ မျက်ရည်တစ်စက် ကျလာပါတယ်…မျက်စိထဲ မှာလဲ မိခင်ကြီး မရှိတော့ လို့ ဦးတည်ရာ မဲ့ ကူးခတ်သွားလာနေသော မိဘမဲ့ ငါးခူ အကောင် ပေါက်လေးများ ကို ပြန်လည် မြင်ယောင် လာမိပါတော့တယ်……………
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/20/2012 12:45:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
Burma News International - November 19, 2012
Burma News International
Burma News International
October 19, 2012
Nobel laureates call for end to Rakhine violence
Five female Nobel Peace Prize laureates have released an open letter to US President Barack Obama and President Thein Sein of Burma urging them to make a firm commitment to end the sectarian violence in Rakhine State.”
Ceasefire brings changes for ethnic villagers, both good and bad
An independent human rights organisation has reported that the ceasefire between the government and the Karen national union has brought respite for villagers caught in the 60-year conflict.
Obama pledges commitment to Burma’s reforms
If Burma continues with its commitment to democratic reforms and ending ethnic conflict, the United States will offer its ongoing support in assisting to rebuild its crippled economy, US President Barack Obama said on Monday afternoon.
US Ready To Help Find A Solution To Rohingya Crisis
The US is ready to assist Bangladesh to find a lasting solution for Rohingya refugees in their country, according to María Otero, US Under Secretary for Democracy and Global Affairs. Otero who oversees and co-ordinates US foreign policy on issues such as democracy and human rights, was in Bangladesh on Nov.15.
“Freedom to Walk” anti-trafficking fundraiser ends in Three Pagodas Pass
More than 70 participants joined the final day of a 370-kilometer walk from Bangkok to the Burma border in Three Pagodas Pass on Saturday to support efforts to end human trafficking across the globe.
ASEAN leaders sign controversial human rights charter
The heads of the 10-member Association for Southeast Asian Nations (ASEAN) on Sunday night signed a human rights pact despite widespread criticism that the declaration falls short of international standards and offers governments a variety of loopholes.
Many Rohingyas Detained In Nasaka Camps
Nasaka has exploiting the communal violence in June and October in Arakan State to extort money from Muslim communities. Many Rohingyas have been arrested by Burma’s border security force on trumped up charges but are unable to pay the expensive bribes for their release, according to locals.
45 political prisoners released across Burma
The Assistance Association for Political Prisoners- Burma (AAPP) has confirmed that 45 political dissidents were released from prisons across Burma on Monday as part of a presidential amnesty.
Italian NGO to work only in KNU controlled areas in Karen State
The spokesperson of an Italian non-government organization, Popolis, which has been working in Karen State since 2001, said it would only operate in areas under the control of the Karen National Union. In a statement to Karen News, Popili’s spokesperson (who requested that their name not be used) said.
Burma Army torture leaves one man dead in Pa’an
Despite a ceasefire agreement between Burma’s military backed government and the Karen National Union (KNU) in January of this year, community based human rights organisation, Karen Human Rights Group continues to document attacks on civilians.
ASEAN cannot support Rohingyas’ citizenship claims: Surin
The role of the Association of Southeast Asian Nations (ASEAN) in the affairs of the Rohingya minority in Burma must be one of humanitarian engagement and consistency, said Dr. Surin Pitsuwan, the General Secretary of ASEAN, in response to a question at the ASEAN Summit Editors' Roundtable on Friday in Phnom Penh.
Thein Sein returns to Burma to meet US President
Burma’s President Thein Sein flew on Sunday evening from Phnom Penh to Rangoon where he will host visiting US President Barack Obama on Monday. Thein Sein will then return to the Cambodian capital to resume participation at the current ASEAN summit.
President Blames Nationalist And Religious Extremists For October Violence
Burmese President Thein Sein blamed extremisms for the violence that erupted between Muslims and Buddhists in Rakhine State in October. The president made the comments to Buddhist and Muslim religious leaders during a recent meeting in Rangoon.
သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် တွင် ရှေ့နေ စောကျော်ကျော်မင်း ပါဝင်
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင် တရားရုံးတော်တွင် မထီမဲ့မြင်ပြုမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ရှေ့နေစောကျော်ကျော်မင်း ယနေ့နံနက် ၇ နာရီက လွတ်မြောက်လာပြီဖြစ်သည်။
CNF လူထုတွေ့ဆုံပွဲ အကြိုမိတ်ဆက်ခြင်း ပြုလုပ်
လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထု တွေ့ဆုံပွဲ အကြိုမိတ်ဆက်ခြင်းကို ချင်းအမျိုးသားတပ်ဦး CNF မတူပီမြို့ ဆက်ဆံရေးရုံး က ဦးဆောင်၍ Rev Tha Dun ဘုရားကျောင်းတွင် ပြုလုပ် ကြောင်း သိရသည်။
ကြိုးမိန့်ကျ ABSDF ရဲဘော် လွတ်မြောက်လာ
မြန်မာ-အိန္ဒိယ နယ်စပ် တမူး-နန့်ဖာလုံဈေးတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်နေသည်ဟု စွပ်စွဲချက်ဖြင့် မန္တလေး-အိုးဘို ထောင်အတွင်း ကြိုးမိန့်ပေး ခံထားရသည့် ABSDF (အနောက်ဖက်ဒေသ) မှ မိုးရေးရုံးတာဝန်ခံ ကိုမောင်မောင်ဦး နိုဝင်ဘာလ ၁၈ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီဟု ညီမဖြစ်သူ က အတည်ပြု ပြောကြားသည်။  
“သင်မပါဝင်ဘဲ ငြိမ်းချမ်းရေးမရနိုင်” ရှင်းလင်းပွဲပြုလုပ်
“သင်မပါဝင်ဘဲ ငြိမ်းချမ်းရေးမရနိုင်” ဟူသော ဆောင်ပုဒ်နှင့်အတူ Alternative ASEAN Network on Burma မှ မြန်မာအမျိုးသမီးများ အလုပ်သင်အဖွဲ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နှစ်နေရာခွဲ၍ မြန်မာရွေ့ပြောင်း အလုပ်သမားများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် အပေါ် ဘင်္ဂလာဒေခ်ျ့ အစိုးရ တုန့်ပြန်
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က မွတ်ဆလင်တွေဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက တရားမ၀င် ပြောင်းရွှေ့ ၀င်ရောက်နေထိုင်သူတွေ ဖြစ်တယ်လို့ မှတ်ချက်ပေး ပြောဆိုမှုသည် အစိုးရ၏ ရပ်တည်မှုနှင့် ကွဲလွဲနေကြောင်း ဘင်္ဂလားဒေ့ခ်ျက တုန့်ပြန် ပြောဆိုလိုက်သည်။
ဖားကန့် ဒေသ၌ တိုက်ပွဲပြင်းထန်နေ
ကချင် ပြည်နယ်ဖါးကန့် ဒေသလုံးခင်း ကျေးရွာနှင့် မိုးကောင်းမြို့အကြား ကားလမ်းတလျှောက် နေရာ (၃) ခု ထက်မနည်း တိုက်ပွဲများ ပြင်းထန် နေသည်ဟု ဒေသတွင်းရှိ KIA အရာရှိ တဦးက ပြောသည်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် ကျောင်းပိတ်လိုက်ရ
ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ အစိုးရ၏ ဗျူဟာကုန်းမှ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ် ရှိရာသို့ လက်နက်ကြီးဖြင့် ၁ဝ ကြိမ် ပစ်ခတ်ခဲ့သဖြင့် ဖားကန့် အထက ကျောင်းသားများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ပြီး ယနေ့ညနေက ကျောင်းပိတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။
လူကုန်ကူးတားဆီးရေး စုပေါင်းလမ်းလျှောက်ပွဲပြီးဆုံး
လူကုန်ကူးမှုတားဆီးရေးလှုပ်ရှားမှုတရပ်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ဘုရားသုံးဆူနယ်စပ်အထိ Freedom to Walk အဖွဲ့ဝင် ၇၀ ခန့်က ၁၅ ရက်ကြာ စုပေါင်း လမ်းလျှောက်ပွဲကို ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်နေ့လည်ပိုင်းက ခရီးစဉ်ပြီးဆုံးခဲ့သည်။
‘အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း’ ထုတ်ပြန်
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပသော ၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းဝေးမှ အပိုဒ်ပေါင်း ၄ဝ ပါရှိသော‘အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း’ ကို နိုဝင်ဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်သည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်/ကျဉ်း ၄၅ ဦး ထပ်လွတ်လာ
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၄၅ ဦး ပါဝင်လာကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီ စောင့်ရှောင်ရေး အသင်း(မြန်မာနိုင်ငံ) AAPP က တနင်္လာနေ့ ညနေ ၃ နာရီအထိ စုဆောင်း ရရှိသော စာရင်းအရ သိရသည်။
ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်း ကျောက်တော်တွင် ဆိုင်တချို့ ဖေါက်ထွင်းခံရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း ဈေးဆိုင်များ ဖေါက်ထွင်းခံနေရကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အတွင်း မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေ
ကျောက်ဖြူမြို့မှ အနောက်တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ၊ ဧရာဝတီတိုင်း ပုသိမ်မြို့ရဲ့ အနောက်ဘက် မိုင် ၃၉၀ အကွာ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ခိုလှုံရာမဲ့သူတွေရဲ့ ဘဝ
စစ်အစိုးရရဲ့ အာဏာရှင် စံနစ် အုပ်ချုပ်မှုအောက်မှာဖိနှိပ် ချုပ်ချယ်မှု အမျိုးမျိုးခံခဲ့ရသလို နေ့စဉ်နဲ့အမျှ စားဝတ်နေ ရေးအခက်အခဲတွေ ပြေလည်အောင် ရုန်းထွက်နိုင်ဖို့ နယ်စပ်ဖြတ်ကျော်ပြီး နေထိုင်နေကြရတဲ့ ချင်းလူမျိုးတွေ သွားရောက်ခိုလုံနေတဲ့ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက် ကမ်းက ဆိုင်းခုမ်ဖိုင်း ဆိုတဲ့ကျေးရွာတရွာ ဖြိုဖျက်ခံလိုက်ရပြန်ပါတယ်။
ဆစ်ဒနီရောက် အနုပညာရှင်များက မိဘမဲ့ကလေးများ ရံပုံငွေ ဖျော်ဖြေပွဲလုပ်
မြန်မာနိုင်ငံရှိ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်၍ မြန်မာနိုင်ငံသား အနုပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုတရပ်ကို သြစတြေးလျ နိုင်ငံ ဆစ်ဒနီ မြန်မာ့လူမှုအဖွဲ့အစည်းမှ ကြီးမှူး ကျင်းပခဲ့သည်။
Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.
Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net
Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202
Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf
---------------------------------------------
Duty Editor
Burma News International
bnidutyeditor6m@gmail.com
www.bnionline.net
Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp