[New post] ကာတွန်း ကူမိုးကြိုး – ဒီမိုကရေစီပေါက်ကောင်ကို ဒိုင်စားသွားမယ်

admin posted: " ကာတွန်း ကူမိုးကြိုး - ဒီမိုကရေစီပေါက်ကောင်ကို ဒိုင်စားသွားမယ် နိုဝင်ဘာ ၂၂၊ ၂၀၁၂ "

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


စိုင်းအောင်မြတ်အား တရုတ်အစိုးရထံမှ ပြန်ခေါ်ပေးရန် သမ္မတကြီးထံ မိသားစုတောင်းဆို

Posted: 21 Nov 2012 12:43 AM PST

ရွှေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်းအမှုအတွက် မြန်မာနိုင်ငံဘက်မှ သက်သေအဖြစ် တရုတ်အစိုးရထံ ယာယီ လွှဲအပ်ခြင်းခံရသည့် စိုင်းအောင်မြတ်အား ပြန်ခေါ်ယူပေးရန် မိသားစုဝင်များက မြန်မာသမ္မတ ဦးသိန်းစိန် ထံ စာရေးတင်ပြတောင်းဆိုထားသည်ဟု မိသားစုအသိုင်းအဝိုင်းကပြောပါသည်။
စိုင်းအောင်မြတ်၏ ဇနီးနှင့် သားသမီး
 
"ကျမတို့ သောကြာနေ့က တင်လိုက်တာပါ။ စိုင်းနော်ခမ်းကို သေဒဏ်ပေးလိုက်ပြီဆိုတော့ စိုင်းအောင်မြတ်ကို နေရပ်ပြန်ပို့ပေးသင့်ပြီလေ။ အခုမှာ သူ့မိန်းမကလဲ ကလေးသုံးယောက် နဲ့ အငယ်ဆုံးက လပိုင်းလောက်ပဲ ရှိသေးတာ။ အဲဒါကြောင့် စိုင်းအောင်မြတ်ကို ပြန်ခေါ်ပေးဖို့ နိုင်ငံတော် သမ္မတကြီးဆီ စာတင်လိုက်ရတာ ဖြစ်တယ်" - ဟု မိသားစု အသိုင်းအဝိုင်း တဦးကပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စု တာဆမ်ဖူးရွာနေ စိုင်းအောင်မြတ် ၏ ဇနီး နန်းအွန်၊ သား စိုင်းနော်၊ သမီး နန်းလောင်(ဝ်)ဆိုင်၊ လပိုင်းအရွယ် နန်းဇံဟွမ် တို့မှ နိုင်ငံတော် သမ္မတကြီးထံ စာရေးတောင်းဆိုခြင်းဖြစ်သည်။

"နီးစပ်တဲ့ဆွေမျိုးတွေကဘဲ ကျွေးမွေးထားရတာပေါ့။ စိုင်းအောင်မြတ်ရဲ့ မိန်းမ က ကလေးနဲ့ဆိုတော့၊ စိုင်း အောင်မြတ်ကို အစိုးရလာခေါ်သွားတုန်းက သူ့ရဲ့ အငယ်ဆုံးသမီး က ၂ လ ကျော်ဘဲရှိသေးတယ်။ ငြိမ်းချမ်း ချင် လို့ လက်နက်ချတာဘဲ။ အခုကတော့ သူ့ရဲ့မိသားစုတွေက အရမ်းအခက်အခဲဖြစ်နေတယ်" - ဟု ဆွေမျိုး အသိုင်းအဝိုင်းက ပြောပါသည်။

စိုင်းနော်ခမ်းနှင့်အဖွဲ့အား တရားရုံးမှ အမြန် ဆုံးအမှုစီရင်ဆုံးဖြတ်နိုင်ရေးအတွက် ယခုနှစ် ဩဂတ်စ် ၂၈ ရက် နံနက် ၄ နာရီ၌ စိုင်းအောင်မြတ်အား မြန်မာအစိုးရက တရုတ်အစိုးရထံသို့ နိုင်ငံတော်သက်သေအဖြစ် ယာယီ လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာကဆိုပါသည်။

၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့၌ တရုတ်တရားရုံးက စိုင်းနော်ခမ်းနှင့်အဖွဲ့ဝင် ၄ ဦးကို သေဒဏ်ချမှတ်လိုက်သော် လည်း စိုင်းအောင်မြတ်ကို မြန်မာအစိုးရထံ ပြန်လည်လွှဲအပ်ပေးခြင်းမရှိသေးပေ။

၂၀၁၁ အောက်တိုဘာ ၅ ရက် မဲခေါင်မြစ်အတွင်း တရုတ်စက်လှေနှစ်စီးအားပြန်ပြေးဆွဲပြီး တရုတ် လှေသား ၁၃ ဦး သတ်ဖြတ်ခံရသည့်အမှုတွင် စိုင်းနော်ခမ်း၏ ဒုလက်ထောက်ဖြစ်သည့် စိုင်းအောင်မြတ်က တိုက်ရိုက် ပါဝင် ပတ် သက်သည်ဟု ထိုင်းသတင်းစာများက ရေးသားသည်။

စိုင်းနော်ခမ်းအဆက် ထိုင်းအမျိုးသားတဦး၏ ပိုင်ဆိုင်မှုအားလုံး ထိုင်းအာဏာပိုင်သိမ်းပိုက်

Posted: 21 Nov 2012 12:41 AM PST

တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခံရသော ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့်နီးစပ်သူတယောက်ဟု နာမည်ရနေသူ ထိုင်းအမျိုးသားတဦး၏နေအိမ်အား ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြပါသည်။
Noat houseပူနွတ်၏အိမ်အား အာဏာပိုင်များဝင်ရောက်စစ်ဆေး (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)

" အိမ်နီးချင်းနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ ယူဆတဲ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက် နေတဲ့သူ တွေကို ဆက်လက်စစ်ဆေး သွားမယ်။ အခုလို ရှောင်တခင်ဝင်စစ်တာကိုလဲ ခဏခဏလုပ်သွားမယ် " ဟု ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုံးစဖတ် ဖုံးဂျရွန်းက ပြောသည်။

စိုင်းနော်ခမ်း နှင့်နီးစပ်သူဟု နာမည်ကြီးနေသော ထိုင်းနိုင်ငံ ချင်းရိုင်းသား ပူနွတ်၏ (ချင်းရိုင်းခရိုင်အတွင်းရှိ) နေအိမ် ၄ လုံးကို ထိုင်းမူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့က အင်အား ၇၀၀ ကျော်သုံး၍ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုတန်ဘိုး ဘတ်သန်း ၂၀၀ ခန့်အား သိမ်းပိုက်လိုက်ကြောင်း၊ ပူနွတ် ဆိုသူမှာ ကြိုတင်ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ ကြောင်း၊ ၎င်း၏ အိမ်ဖော်တဦးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်း၏ သတင်းများ၌ ဖော်ပြထားသည်။

အလားတူ  ချင်းရိုင်းခရိုင်အတွင်း မြို့နယ် ၃ ခုတွင်လည်း တားဆီးစစ်ဆေးဂိတ်နေရာ ၄၀ ခန့် ချကာ  အထူး စစ်ဆေးခဲ့ ကြောင်း ချင်းရိုင်းဒေသခံများကပြောသည်။

ယမန်နေ့က ထိုင်းရဲများရှောင်တခင်စစ်ဆေးမှုအပါအဝင် နော်ခမ်းနှင့်ပတ်သက်ဆက်နွယ်သည့်သူများထံမှ ယာဘ အပြား ပေါင်း ၁ သန်းကျော်နှင့် မူးယစ်ဆေးဝါးတန်ဖိုး ဘတ်သန်း ၅၀၀ ဖမ်းဆီးမိပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
Noat ownသိမ်းဆည်းရမိသော ပူနွတ်ခေါ်  ဂျမ်းရတ် ဖာ့ဂျရိန်း ၏ ပိုင်ဆိုင်မှု (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)
 
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ ပူနွတ်၏ နေအိမ်အားလည်း ပြီးခဲ့သည့် တနှစ်ခန့်က ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှုပြုခဲ့သေးသည်။ သို့သော် ထိုစဉ်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းများ  တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံ တစ်ရာ မတွေ့ခဲ့ရပေ။

ပူနွတ် ဆိုသူသည် Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူးလည်းဖြစ်ခဲ့ပြီး ငယ်စဉ်ထိုင်းနာမည်မှာ ဂျမ်းရတ် ဖာ့ဂျရိန်းဖြစ်၏။ ထိုနောက်ပိုင်း အိုးလန်း ဖာ့ဂျရိန်း၊ ဂျမ်းရတ် ဆုမ်ဖုန်းဖန်း စသည့်နာမည်များ ပြောင်းလဲခေါ် ဝေါ်သည် ဟုဆိုသည်။

အသက် ၅၈ နှစ်ခန့်ရှိ ပူနွတ်(ဦးနှုတ်ခမ်းမွေးအဓိပ္ပါယ်ရ) သည် မယ်ဆိုင်ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ် နယ်စပ်အရေး အခင်း အတွင်း ထိုင်းနိုင်ငံမှတိမ်းရှောင်ခဲ့ဖူးသည်။ သျှမ်းပြည်အရှေ့ပိုင်း သျှမ်းအမျိုးသမီး ( တချို့က မိုင်းယန်းသူ ဟုဆိုကြ၏) နှင့်အိမ်ထောင်ပြုခဲ့သည်။  ထို့ နောက်ပိုင်း ဇာတိမြေသို့ ပြန်လာပြီး မယ်ဆိုင်မြို့ သျှမ်းတိုင်းရင်းသား အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ၎င်းသည် ယမန်နှစ်က ဒု-ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဆန်တီ ချိုင်းဝိရတ်တန ဆိုသူအသတ်ခံရမှုဖြင့်လည်း ရဲဘက်မှအလိုရှိနေသူဖြစ်သည်။

စိုင်းနော်ခမ်းမှာမူ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တော်တရားရုံး၌ ယခင်အပတ်က တရားရုံးမှ သေဒဏ်ချမှတ်ပေးပြီးဖြစ် သည်။

သျှမ်း၊ မြောက် အကြိမ်ကြိမ်ဗုံးပေါက်ကွဲမှုကြောင့် ကျားဖြူပါတီမှ လူထုနှင့်တွေ့ဆုံရှင်းလင်းရေးလုပ်ရန်စီစဉ်

Posted: 20 Nov 2012 07:12 PM PST

ယခု လ အတွင်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အကြိမ်ကြိမ်ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ဒေသခံပြည်သူလူထု တို့ ဓါးစာခံဖြစ်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကျားဖြူပါတီလွှတ်တော်အမတ်များက လူထုနှင့်တွေ့ဆုံရှင်းလင်းရေးပြုလုပ် သွားရန်စီစဉ်နေကြောင်း ကျားဖြူအမတ်များသတင်းရပ်ကွက်ကဆိုပါသည်။

leg ၁၉ ရက်မနက်က ဗုံးနင်းမိသော ပကာကျေးရွာသူ နန်းအေးဌေး (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

" အခုလိုအကြိမ်ကြိမ် ဗုံးပေါက်ကွဲနေတာကြောင့် ဒေသခံလူထု အဖမ်းခံရတယ်။ ရိုက်နှက်ခံရတယ်။ အိမ်တွေပျက်စီးတယ်။ အဲလိုလုပ်နေတဲ့အပေါ် ကျနော်တို့ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် အမတ်တွေကနေ လူထုနဲ့တွေ့ ဆုံပြီး ရှင်းလင်းပွဲလုပ်မယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းက ဌာနဆိုင်ရာတွေ နဲ့အတူပေါ့နော်။ လာမယ့်အပတ်ထဲမှာ လုပ်ဖို့ စီစဉ်ထားတယ်" ဟု ကျားဖြူပါတီလွှတ်တော်အမတ် စိုင်းသန်းမောင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ၌ အမည်မသိလက်နက်ကိုင် အဖွဲ့က ဝမ့်တာ့လုံရွာထဲသို့ ယခုလ ၉ ရက်နေ့ မနက် ၃ နာရီတွင်တကြိမ်၊ ဝမ့်ပေါက်ရွာတွင် တကြိမ် (ရက်နှင့်အချိန်မသိရ)၊ ၁၄ ရက်နေ့ ဝမ့်လုံရွာတွင်တကြိမ် လက်နက်ကြီးပစ်ခတ်ခံရပြီး ၁၉ ရက် ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ပကာကျေးရွာတွင် ရွာသူတဦး ဗုံးနင်းမိ သဖြင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု ဒေသတွင်း သတင်းရပ်ကွက်များက ဆိုပါသည်။

ရွာထဲသို့  လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့လည်း အစိုးရ၏ ရဲတပ်ဖွဲ့များဖမ်းဆီးခြင်းကို ခံကြရကြောင်း ဆိုပါသည်။

" မိုင်းငေါ့မြို့နယ်ခွဲတဝိုက်မှာ ပြင်ပ လက်နက်ကိုင်တပ်ဖွဲ့တွေမရှိဘူး။ မြန်မာအစိုးရစစ်တပ်ဘဲရှိတယ်။ လက်နက်ကြီး ဒဏ်တွေကြောင့် ဝမ့်ပေါက်ရွာ သူကြီးဆိုရင် ခု မန္တလေးဆေးရုံမှာ ဆေးကုနေရတုန်းဘဲလို့ကြားရတယ်။ ပစ်ခတ်မှုတွေ ဗုံးကွဲမှုတွေဖြစ်ပြီးနောက်ပိုင်းမှာလဲ မိုင်းငေါ့အုပ်စု ဝမ့်ကောင်းရွာက ဥက္ကဌဟောင်း စိုင်းစံညွန့်နဲ့ ပြည်သူ့စစ် လုံးဂန္ဓမာ တို့ ၂ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့က ရဲက လာဖမ်းတယ်။ စိုင်းစံညွန့် ကိုတော့ ဖမ်းတဲ့နေ့ မှာဘဲ ပြန်လွှတ်ပေးတယ်။ ကျန်တဲ့တယောက်ကိုတော့ မနေ့ညနေကမှပြန်လွှတ်တယ်။ ရွာသားတွေ သွားပြီးထောက်ခံလို့ ပြန်လွှတ်ပေးတာ" ဟု ကျောက်မဲမြို့ရောက် မိုင်းငေါ့ဒေသခံ နန်းလီ ကပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲ ကြောင့် သျှမ်းပြည်တပ်မတော် သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက မိမိတို့လက်ချက်မဟုတ်ကြောင်း၊ မိုင်းငေါ့ဘက်လှုပ်ရှားသည့်အစိုးရစစ်ကြောင်းနှင့် ရဲစခန်းရှိရဲများ ပူးပေါင်းကြံစည်ခြင်း သာဖြစ်ကြောင်းပြောသကဲ့သို့ ဒေသခံရွာသားများနှင့် ကျားဖြူပါတီလွှတ်တော်အမတ်များကလည်း ထိုတဝိုက်တွင် မြန်မာ စစ်တပ်သာလှုပ်ရှားကြောင်းပြောဆိုသည်။

သို့သော် ဒေသအတွင်းလှုပ်ရှားသည့် အစိုးရစစ်ကြောင်းနှင့် မိုင်းငေါ့ရဲစခန်းတို့ပူးပေါင်းပြီး လူထုအားခေါ်ယူကာ ဗုံးပေါက် ကွဲမှုမှာ ၎င်းတို့လုပ်ရပ်မဟုတ် SSPP/SSA တို့၏ လုပ်ရပ်သာဖြစ်ကြောင်း သောကြာနေ့က ရှင်းလင်းပြောကြား ခဲ့သည် ဟုဆို၏။

ယမန်နေ့ ဗုံးနင်းမိသည့် နန်းအေးဌေး၏ သတင်းနှင့်ပတ်သက်၍ မြ၀တီ သတင်းဌာနက  " အကြမ်းဖက် သောင်းကျန်းသူ များ၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ" ဟူ၍ သတင်းများ ရေးသားဖော်ပြ ထား သည်။

[New post] မုဒိတာရွှေကျောင်း မြန်မာစာကြည့်တိုက် ဖွင့်ပွဲ ဖိတ်ကြားလွှာ

admin posted: " မုဒိတာရွှေကျောင်း မြန်မာစာကြည့်တိုက် ဖွင့်ပွဲ ဖိတ်ကြားလွှာ အချိန် - ၂၀၁၂၊ နိုဝင်ဘာ ၂၅ Sunday၊ ညနေ �"

[mrsorcerer:36021] အလွယ်ကူဆုံး အင်္ဂလိပ်စကားပြောပုံစံများ

အလွယ်ကူဆုံး အင်္ဂလိပ်စကားပြောပုံစံများ
http://www.thebestenglish4you.com/easy-conversations.html

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Burma News International - November 21, 2012

Burma News International

Burma News International
November 21, 2012

Shops burgled amid curfew in Kyauktaw

Burglars are taken advantage of strict curfews imposed in Arakan State to rob shops in Kyauktaw. Several were robbed near the Shwe Pyi Thit bus station on Saturday morning.

Suu Kyi appointed UN ambassador for ‘Zero Discrimination’

The Joint United Nations Programme on HIV/AIDS (UNAIDS) has appointed Burma’s Aung San Suu Kyi as a “Global Advocate for Zero Discrimination.”

Shan conference expected to be a lively affair

Some 150 Shan representatives from all over the country are expected to participate in the 3 day conference in Rangoon next week, according to organizers of the event and the prospective participant.

Rohingya Leaders Angry About Suu Kyi’s Comments

Rohingya leaders are condemning recent comments by opposition leader Daw Aung Suu Kyi during her trip to India.

KNU claims Burma Army forcible recruiting Karen villagers for militia

The Karen National Union claim move by the Burma Army to force Karen villagers to attend militia training will damage trust between the two sides during ongoing ‘peacetalks’.

Burma may agree to nuclear protocol

The Burmese government is ready to sign an international agreement with the International Atomic Energy Agency (IAEA) that would require it to declare all nuclear facilities and materials, according to an Associated Press (AP) report on Wednesday.

US President Said There Is No Excuse For Violence Against Innocent People

US President Barack Obama used his historic visit to Burma to call an end to the sectarian unrest in western Arakan (Rakhine) State.

Police Apologize For Torturing Youth

The case of two Arakanese youths who were reportedly tortured by police after being arrested at a teashop is being formerly investigated.

OIC plan Burma visit

The Organisation of Islamic Cooperation (OIC) is planning a visit to Burma for discussions on ways to resolve the Rohingya crisis, according to a report on Wednesday by Malaysian news agency Bernama.

Burmese, Indonesian presidents discuss Rohingya Crisis

Burma’s President Thein Sein requested help from Indonesia in resolving the crisis in Rakhine State during a meeting on Tuesday between both countries’ presidents on the sidelines of the current ASEAN summit in Phnom Penh, according to a report on Wednesday in the Jakarta Post.

UN, Govt to announce revised Rakhine plan

The United Nations Resident and Humanitarian Coordinator Ashok Nigam and Burma’s Minister for Border Affairs Lt-Gen. Thein Htay have announced that they will unveil a “Revised Rakhine Response Plan” to the media on Wednesday, November 21.

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု UNA ကြေညာချက်ထုတ်ပြန်

တိုင်းရင်းသားပါတီ ၇ ပါတီ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

စိုင်းအောင်မြတ် မိသားစုက သမ္မတထံ စာပို့

ရွှေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်းအမှုအတွက် မြန်မာနိုင်ငံဘက်မှ သက်သေအဖြစ် တရုတ်အစိုးရထံ ယာယီ လွှဲအပ်ခြင်းခံရသည့် စိုင်းအောင်မြတ်အား ပြန်ခေါ်ပေးရန် မိသားစုဝင်များက မြန်မာသမ္မတ ဦးသိန်းစိန်ထံ စာရေးတင်ပြတောင်းဆိုထားသည်ဟု မိသားစုအသိုင်းအဝိုင်းကပြောသည်။

ဒုက္ခသည်များ ပြန်ယူရန် ဘင်္ဂလာက မြန်မာ သံအမတ်ကြီးကိုပြော

မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်ယူဖို့ ဘင်္ဂလာဒေခ်ျ့  အာဏာပိုင်တွေက မြန်မာ သံအမတ်ကြီးကို မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

လယ်တီ သပိတ်စခန်း ရိက္ခာ၊ ဆေးဝါးနှင့် သောက်ရေ ခက်ခဲလာ

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး ဆန္ဒပြနေသည့် လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့တော်မူခဲ့ရာ တောင်ပေါ် အမှတ် ၂ သပိတ်စခန်းတွင် ရိက္ခာ၊သောက်သုံးရေနှင့် ဆေးဝါး အခက်အခဲ ဖြစ်ပေါ်နေကြောင်း သပိတ်စခန်း တာဝန်ရှိသူတဦး က ပြောသည်။  

ရာဘာစေး အထွက်နည်းခြင်းကြောင့် မွန်ရာဘာခြံပိုင်ရှင်များ ငြီးငြူ

မွန်ပြည်နယ်တွင် ရာဘာအစေးခြစ်လုပ်ငန်းကို အောက်တိုဘာလမှ စတင်ပြီး တွင်တွင်ကျယ်ကျယ် လုပ်ကိုင် လာသော်လည်း ရာသီဥတု ပူနွေးလာမှုကြောင့် ယခင်နှစ်ကထက် ရာဘာစေး အထွက်နည်းသည့်အတွက် ရာဘာခြံရှင်များက ငြီးငြူနေကြသည်။

စိုင်းနော်ခမ်းနှင့် နီးစပ်သည့် ထိုင်းအမျိုးသားပိုင် ပစ္စည်းများ ထိုင်းအာဏာပိုင်သိမ်းပိုက်

တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခံခဲ့ရသည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့်နီးစပ် သည်ဟု နာမည်ထွက်နေသူ ထိုင်းအမျိုးသား တဦး၏နေအိမ်အား ထိုင်းအာဏာပိုင်များမှ ယမန်နေ့က ဝင်ရောက်စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။

၁၆ ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ် KWO ကျင်းပ

လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျရောက်သော လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများအား ဆန့်ကျင်သော ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ဂုဏ်ပြုပွဲ တရပ်ကို ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ ကျင်းပခဲ့သည်။

မိုးထိမိုးမိ ရွှေလုပ်သားများ ချီတက်ပွဲ ခေတ္တဆိုင်းငံ့ထား

ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက် ချီတက် ဆန္ဒပြသည့် မိုးထိမိုးမိ ရွှေလုပ်သား ၈ဝ ခန့်မှာ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ မြို့လှမြို့အရောက်တွင် ခရိုင်ရဲတပ်ဖွဲ့မှူး၏ မေတ္တာ ရပ်ခံချက်ကြောင့် ချီတက်ပွဲကို ခေတ္တရပ်နား ထားကြောင်း ဆန္ဒပြသူများက ပြောသည်။

ရွာပြောင်းခြင်းကိစ္စ ITD လုပ်ကြံပြောကြောင်း ထားဝယ်အဖွဲ့ဆို

ထားဝယ် စီမံကိန်း နယ်မြေအတွင်းရှိ ကျေးရွာများ အပြီးသတ် ပြောင်းရွှေ့နိုင်တော့မည်ဟု အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (ITD) ၏ ပြောဆိုမှု မဟုတ်မှန်ကြောင်း ထားဝယ် လူထုအခြေပြုအဖွဲ့တခုက ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်သည်။

လယ်သမားအရေး သတင်း သွားယူသူ နှစ်ဦး တရားစွဲခံထားရ

လယ်သမားများ အရေးနှင့် ပတ်သက်၍ သတင်းသွားယူသည့် Burma VJ မီဒီယာမှ သတင်းထောက် ကိုမျိုးကျော် (ခေါ်) ညီထွေးနှင့် New Day မီဒီယာမှ အလွတ်သတင်းထောက် မကြည်ငြိမ်းသော် တို့ကို အင်းသူကြီးက ပုဒ်မ ၃ ခုဖြင့် ပန်းတနော် ရဲစခန်းတွင် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ဘင်္ဂလား မြန်မာ နယ်စပ်ဂိတ်များပိတ်

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အကြား ဖြတ်သန်းသွားလာနေသည့် နယ်စပ် ဂိတ်အားလုံးကို မြန်မာဘက်က ပိတ်ထားကြောင်း သိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:36020] Fwd: [လူဗိုလ်ဟူသည် ...] ဝါဒမှိုင်းတိုက်မှုတွေ…လာရာ…လားရာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/21
Subject: [လူဗိုလ်ဟူသည် ...] ဝါဒမှိုင်းတိုက်မှုတွေ…လာရာ…လားရာ
To: lubo601@gmail.com



by Kyawmoe Aung on Wednesday, November 21, 2012 at 2:22am ·

 ငယ်ငယ်က သမိုင်းမှာ သင်ခဲ့ဖူုးသလောက်ဆို ဖက်ဒရယ်မူဆိုတာကြီးက တိုင်းရင်းသားတွေက ပြည်ထောင်စုကို ဖြိုဖျက်ဖို့အကြံအစည်ဆိုပဲ။ 
ခုတစ်လောဂျာနယ်တွေမှာတွေ့ရတော့ကျ အဲလိုမဟုတ်ပါလား။ ဘယ်လိုဖြစ်သွားတာပါလိမ့်။ 
လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ဆယ်တန်းကျောင်းသားတစ်ယောက်နဲ့ စကားစမည်ပြောဖြစ်တော့ ထိုင်းတွေကို အလွန် အမြင်ကပ်တယ်တဲ့။ သူလည်း ထိုင်းမရောက်ဖူးဘဲနဲ့ … ဘယ်ကထိုင်းလူမျိုးနဲ့မှလည်း ပတ်သက်ရာပတ်သက်ကြောင်းရော ရန်ငြိုးရန်စပါ မရှိဘဲနဲ့ ဘယ်လိုဖြစ်ပါလိမ့်ပေါ့ … မေးကြည့်တော့မှ (ကျွန်တော်တို့လက်ထက်က မပါခဲ့တဲ့၊ သူတို့တွေလက်ထက် ခဏတာပြဌာန်းခဲ့တဲ့) ထိုင်းမြန်မာဆက်ဆံရေး ကျောင်းသင်ရိုးညွှန်းတမ်း ဝါဒဖြန့်စာအုပ်ရဲ့ နောက်ဆက်တွဲအောင်ပွဲပေါ့။ ခုတော့တစ်ခါ ဒီရောဂါ ပြီးသွားပြန်ပါပြီ။ နှစ်ပြည်ထောင်လမ်းတွေဖောက်လို့။


ဒါပေမယ့် မကြာသေးခင်က ထိုင်းပညာရေးတက္ကသိုလ်တစ်ခုက ဆရာရဲ့ ပြောစကားအရတော့ ထိုင်းနိုင်ငံရဲ့ သင်ရိုးတစ်ချို့မှာတော့ ဗမာမကောင်းကြောင်းတွေ ကျန်သေးဆိုပဲ။ ပညာရေးလောကက ဆရာတစ်ယောက်ဖြစ်တဲ့ သူကတော့ အဲဒါတွေက တကယ်တမ်းတော့ အဆိပ်အတောက်တွေမို့ သင်ရိုးထဲမှာမထည့်တော့ဖို့ သူတို့တွေ နိုင်သလောက် ကြိုးစားပြင်ဆင်နေပြီ။ မျိုးချစ်စိတ်ရှိဖို့အရေး နောင်လာနောင်သားတွေရင်ထဲကို အမုန်းတရားလက်ဆင့်မကမ်းချင်တော့၊ မှားခဲ့ကြတဲ့သမိုင်းအသီးသီး ရှိခဲ့ကြတာကို (ကျုးကျော်နယ်ချဲ့မှုစသည့်) မကောင်းသောဖြစ်ရပ်ဝါဒ၏ မကောင်းကြောင်းကိုသာ သင်ခန်းစာယူစေချင်သည်၊ ထိုစဉ်ကဖြစ်ရပ်များနှင့် မည်သို့မျှ သက်ဆိုင်ခြင်း အလျဉ်းမရှိသည့် လက်ရှိလူသားကမ္ဘာက မည်သူမျှ ဒီဖြစ်စဉ်၏အကျိုးဆက် ဆိုးမွေ အမုန်းတရား မဆက်ခံရစေသင့်တော့ပါတဲ့။

ကိုယ့်အမျိုးကိုယ်ချစ်ဖို့ ကိုယ့်နိုင်ငံကိုယ်ချစ်ဖို့ သူများကိုမုန်းပြစရာ၊ ရန်လုပ်စရာမလိုပါတဲ့။

ထိုအချက်မှန်ကန်ကြောင်း ဘန်ကောက်မြို့တွင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ဥပမာရှိသည်။ ညနေစောင်းပိုင်း Chatuchak Weekend Market ကို အလည်ရောက်စဉ် ညနေ ၆နာရီတိတိတွင် လမ်းပေါ်ကလူတွေကားတွေအားလုံး ရုတ်တရက် ရပ်သွားသည်၊ အစကတော့ ချက်ချင်း သတိမပြုမိ၊ ကိုယ်က ကိုယ့်အရှိန်နှင့်ကိုယ် မုန့်က လက်တစ်ဖက်ကစားရင်း၊ မျက်လုံးက ဈေးဆိုင်များအား ငေးရင်း တောသား မြို့ရောက်ကိုး။ နောက်မှ နိုင်ငံတော်သီချင်းသံကြား၍ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြမှန်းသိရသည်။ မြန်မာပြည်မှာ ရုပ်ရှင်ရုံအတွင်း အလံတော်အလေးပြုသည်ကို မတ်တပ်မရပ်ကြသူတွေ၊နိုင်ငံတော်သီချင်းသံ ပြိင်္းသွားသည်အထိတောင် မစောင့်နိုင် မအောင့်နိုင်ကြသူများကို ချက်ချင်း မြင်ယောင်မိလိုက်သည်။

ငယ်ငယ်ကကြည့်ခဲ့ဖူး၊ စွဲလမ်းခဲ့ဖူးသည့် James Bond ဇာတ်လမ်းများ၊ အက်ရှင်ကားများ ပြန်ကြည့်ဖြစ်သည်။ ဗီလိန်လူဆိုးက အများအားဖြင့် ဆိုဗီယက်ရုရှဖြစ်သည်ကို သတိပြုမိသည်။ စတားလုံး၏ First Blood ခေါ် John Rambo 3 လောက်ထိဖြစ်သည်။ ထိုထဲတွင်ဆို အမေရိကန်က မြှောက်ပေး၊ လက်နက်ပေး၊ အကုအညီပေးခဲ့သည်က သနားစဖွယ်ပုံဖော်ခံရသည့် (ထိုစဉ်ကလည်း တကယ်အမှန် သနားစရာကောင်းခဲ့ရသည့်) အာဖဂန် နစ္စတန်မှ တာလီဘန် မူဂျာဟစ်သူပုန်တို့ကို….။ Rambo ကိုယ်တိုင် ထိုတာလီဘန်တွေကို သွားကယ်ရသူ။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သူငယ်ချင်းတစ်ယောက်အိမ်သို့ မကြာမကြာ ရောက်တတ်တော့ အသက်ရှစ်ဆယ်ကျော် သူတို့အဖွား (ယခုတော့ ကွယ်လွန်သွားပါပြီ။) သတင်းစာဖတ်နေသည်ကို သတိရမိသည်။ အဖွားက အသက်ရှစ်ဆယ်ကျော်ပေမယ့် မျက်လုံးက မျက်မှန်မပါဘဲ စာဖတ်နိုင်သူ၊ နားကတော့ လုံးဝ မကြားရသလောက်။ သတင်းစာဖတ်ပြီး ဘိုကတော်စုကြည်က ဘာဖြစ်တယ်ညာဖြစ်တယ် အော်ပြောနေတတ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်ကို အတော်မျက်မုန်းကြိုးနေရှာသူ။ အစိုးရ ပြောသမျှ လုပ်သမျှ ချွင်းချက်မရှိ အကောင်းမြင်တတ်သူ။ (ထိုအချိန်က ဂျာနယ်တွေလည်း ခုလို ခေတ်မကောင်း သေးကိုး။) သူငယ်ချင်းကို တအံ့တသြ လှမ်းကြည့်တော့ သူက ပြုံးစိစိနဲ့။ နားမကောင်းတဲ့သူ့အဖွား ရေဒီယိုလည်း နားမထောင် အပြင်ကလည်း ပြောတာမကြားရတော့ သတင်းစာထဲ ပါသမျှ အကုန်ယုံသတဲ့လေ။

ခပ်ငယ်ငယ်က နေ့စဉ်ကြားခဲ့ရသလောက်ဆိုလည်း ပြည်ပအားကိုး ပုဆိန်ရိုးအကြောင်းရယ်၊ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါရယ် … စသည်စသည်တွေပေါ့လေ။

နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ ဝါဒမှိုင်းတိုက်မှုတွေရဲ့ လာရာနဲ့ လားရာကို စဉ်းစားမိလေလေ … ကြောက်လေလေပဲ။

လူတစ်ယောက်အတွက် အခက်ဆုံးက unlearn လို့ခေါ်တဲ့ ကိုယ့်စိတ်က လက်ခံထားပြီးသားတစ်ခုကို အဲဒီလို မဟုတ်ကြောင်း ပြန်ပြောင်းမှတ်ယူဖို့ပဲတဲ့။

တကယ်တမ်းတော့ ဖြစ်စဉ်ဖြစ်ရပ်တော်တော်များများမှာ အများစုက ရုပ်သေးရုပ်များသာ။ ကြိုးစွဲရာ ကကြရသူများသာ။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

နှလုံးသားတိုင် အမှန်ရောက်လို့ အမှားပျောက်ကြပါစေ။

အာဃာတတရား အမုန်းမီးပွား အေးငြိမ်းပါရစေ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/21/2012 09:22:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[New post] တလတာဖေ့စ်ဘွတ်က ပျောက်ကွယ်ခဲ့တဲ့ RFA မြန်မာစာမျက်နှာပြန်လာပြီ

admin posted: "  တလတာဖေ့စ်ဘွတ်က ပျောက်ကွယ်ခဲ့တဲ့ RFA မြန်မာစာမျက်နှာပြန်လာပြီ မိုးမခအထောက်တော် ၁၄၊ နိုဝ�"

[mrsorcerer:36019] Fwd: [လူဗိုလ်ဟူသည် ...] သမ္မတ အိုဘားမား မိန့်ခွန်းကို ဘယ်လို မြင်ကြသလဲ (သူတို့ အမြင်များ)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/20
Subject: [လူဗိုလ်ဟူသည် ...] သမ္မတ အိုဘားမား မိန့်ခွန်းကို ဘယ်လို မြင်ကြသလဲ (သူတို့ အမြင်များ)
To: lubo601@gmail.com



ဧရာဝတီ| November 20, 2012 | Hits: 2,019
မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့သော အမေရိကန် သမ္မတ အိုဘားမားကရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိနစ် ၃၀ ကြာ သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် ဒီမိုကရေစီ၊လူ့အခွင့်အရေးနှင့် လွတ်လပ်မှု၊ အမျိုးသားပြန်လည် သင့်မြတ်ရေး စသည့် အကြောင်းများကို အသေးစိတ် ပြောဆိုသွားသည်။


ပြည်သူသာလျှင် နိုင်ငံတခု၏ အချုပ်အခြာအာဏာကို အဓိက ပိုင်ဆိုင်ပြီး ဒီမိုကရေစီစနစ် တည်ဆောက်ရေး
အတွက်အမေရိကန်က ကူညီပံ့ပိုးပါမည်ဟု ကတိပြုသွားသည်။ မြန်မာ့ဒီမိုကရေစီပန်းတိုင်သို့ ခရီးရှည်ကြီး
ဆက်လျှောက်ရဦးမည်ဖြစ်ပြီး ယင်းခရီးရှည်အတွက် မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ရပ်တည်မည်ဟု
လည်း ဆိုထားသည်။ရန်ကုန်တက္ကသိုလ်တွင် သမ္မတ အိုဘားမား မိန့်ခွန်းမပြောကြားမီနှင့် ပြောကြားအပြီး
ထင်မြင်ယူဆချက်များကိုဧရာဝတီသတင်းထောက် သာလွန်ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။

သီတဂူဆရာတော် အရှင်ဉာဏိဿရ
------------------------------------

အိုဘားမားကို မည်းမည်းလေးမြင်တယ်။ အသားမည်းပေမယ့် အသည်းဖြူတယ်လို့ ယူဆတယ်။

ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
---------------------------------------------------------

ကျနော်တို့ အနာဂတ်မျိုးဆက်တွေ အတွက်ပါပဲ။ သူတို့အတွက် စွမ်းရည်တွေ မြှင့်တင်ပေးဖို့ နိုင်ငံတကာက
ကူညီရမယ်။သူတို့မျိုးဆက်က တိုင်းပြည်ကို တည်ဆောက်မယ့်သူတွေ ဖြစ်တဲ့အတွက် သူတို့အတွက်
ပညာတော်သင် ကိစ္စတွေကအစအရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းအောင် ၀ိုင်းပြီးကြိုးစားပေးဖို့
ပြောခဲ့ပါတယ်။ သူ့အနေနဲ့ အလေးအနက် ထားတယ်ဆိုတာ ပြောပါတယ်။

ကိုမျိုးရန်နောင်သိန်း (ဗေဒါအင်စတီကျူ)
------------------------------------------

ကျနော်တို့နဲ့ သီးခြားတွေ့တဲ့ အချိန်မှာတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို တန်ဖိုးထားတယ်ဆိုတာ
ပြောတယ်။ဒီလိုတွေနဲ့တွေ့ချင်လို့ ရုန်ကန်းမှုတွေကို အားပေးချင်လို့ အဓိကလာတဲ့အကြောင်း ပြောသွားတယ်။
အတိုချုပ်ကတော့ ဒါပါပဲ။ကျနော်တို့နဲ့တွေ့တဲ့အချိန်မှာ ကျနော်ပြောလိုက်တာက ပြည်တွင်းမှာရှိတဲ့သူတွေက မြန်မာပြည်ကို ကိုယ်စားပြုတယ်။
အဲဒီတော့ ပြည်ပလူတွေ ဘာပြောတယ်ဆိုတာထက် ပြည်တွင်းကလူတွေကို ပိုပြီးတော့ ဂရုစိုက်ပါ။
မြန်မာပြည်တွင်းမှာပိုပြီးတော့ Engagement ပိုလုပ်ပါ။ စစ်တပ်နဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်ပေးဖို့လည်း
ကျနော်ပြောတယ်။

သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သူတို့ ပိုပြီးတော့ ပညာပိုရသွားမယ်။ အဲဒါကို ပြောပါတယ်။
သူအဲဒါကြောင့် မြန်မာပြည်လာတဲ့ အကြောင်းလို့ သမ္မတက သူပြောတယ်။
ရိုဟင်ဂျာကိစ္စကလည်း ဘာသာရေးကိစ္စ မဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စဖြစ်တယ်။


ဒေါက်တာ သန့်မြင့်ဦး (သမိုင်းပညာရှင်)
--------------------------------------

ရန်ကုန်တက္ကသိုလ်ပေါ့၊ နေရာရွေးချယ်မှုက အရမ်းအရေးကြီးတယ်။ နှစ်ပေါင်း ၅၀ စစ်အစိုးရက အဆိုးဆုံးက
ပညာရေးစနစ်အပေါ်သက်ရောက်မှု အဆိုးဆုံးပဲ။ အခု ရန်ကုန်တက္ကသိုလ်မှာ သမ္မတအိုဘားမား လာပြီးတော့
စကားပြောတော့ နည်းနည်းလေးတော့အချိုးအကွေ့တခုကို ရောက်ပြီလို့ ပြောလို့ရတယ်။ သူရဲ့ မိန့်ခွန်းကလည်း
ကောင်းတယ်၊ သဘောကျတယ်။

သူပြောပြတဲ့ အမေရိကန်သမိုင်းကလည်း ကျနော်တို့ မျှော်လင့်ချက်တွေနဲ့ ဘယ်လို ချိတ်နိုင်မလဲဆိုတာကို
နည်းနည်းလေးပြောပြတာလည်း ကောင်းတယ်လို့ ထင်တယ်။

ကျနော်တို့က ကွဲပြားခြားနားမှုတွေကို အားနည်းချက်အနေနဲ့ မစဉ်းစားဘဲ အင်အားအနေနဲ့ စဉ်းစားတာကလည်း
အရမ်းအရေးကြီးတယ် ထင်ပါတယ်။ ဒါကိုတော့ တိုင်းရင်းသားလူနည်းစုတွေက သေသေချာချာ နားလည်တယ်
ထင်တယ်။ လူအများကတော့ နားမလည်ဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်ဖို့ မတူကွဲပြားမှုတွေကို
ဘယ်လိုတန်ဖိုးထားရမယ်၊ ဘယ်လိုကောင်းတယ်ဆိုတာ သေသေချာချာနားလည်ဖို့လို့ ထင်တယ်။

အမေရိကန် သမ္မတဒီကိုလာတာကအခုရောက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေက နောက်ပြန်လှည့်ရင်
အမေရိကန်ကလက်မခံဘူးဆိုတဲ့ လက္ခဏာပဲ။ မြန်မာ-အမေရိကန် ဆက်ဆံရေး အားကောင်းလာမယ်
ထင်တယ်။ အိုဘားမားပြောတာကမြန်မာပြုပြင်ပြောင်းလဲမှုသာ အောင်မြင်သွားရင် တကမ္ဘာလုံးအတွက်
နမူနာဖြစ်သွားနိုင်တယ်။

၂၁ ရာစုအတွက် အမေရိကန်-တရုတ်ဆက်ဆံရေးက ဘယ်လိုဖြစ်မယ်ဆိုတာ မသိနိုင်သေးတဲ့အချိန်မှာ
မြန်မာနိုင်ငံကပူးပေါင်းဆောင်ရွက်မှု ဇုန်တခုဖြစ်လာမယ်ဆိုရင် သိပ်ကောင်းတယ်။ မြန်မာနိုင်ငံက
တရုတ်နဲ့အမေရိကန်ကို ပူးပေါင်းဆောင်ရွက်ဖို့ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကောင်းတယ်။
တရုတ်ဘက်မှာတော့ အမေရိကန်နဲ့ ပတ်သက်လို့ စိတ်ပူပန်မှုရှိမှာပဲ။


ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် တိုးတက်ရေး ပါတီ – KSPP)
-----------------------------------------------------------------

ကျနော် အိုဘားမား မိန့်ခွန်းကို သဘောကျတယ်။ အမေရိကန်က မြန်မာပြည်ကို ချန်မထားဘူး။
စာနာတယ်၊တိုးတက်စေချင်တယ်။ တော်တော်လည်း ထင်ထင်ပေါ်ပေါ် တွေ့နေရပြီ။ ပိုပြီးတော့
ဖွံ့ဖြိုးတိုးတက်လာအောင်အားပေးသွားတာပေါ့။ ပြဿနာတွေ ရှိနေတယ်ဆိုတာ သိတယ်။
အမေရိကန်သမိုင်းကို ဥပမာ ပေးသွားတယ်။ရခိုင်ပြည်နယ်မှာ ပြဿနာတွေရှိတယ်၊ ကချင်မှာလည်း
စစ်မီးမငြိမ်းသေးဘူး။ ဒါတွေလည်း ပြေလည်မှုရရှိအောင်အားလုံး ပြေပြေလည်လည်ဖြစ်အောင်
ဖြေရှင်းရမယ်။ ကျောသားရင်သား မခွဲခြားဘဲနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်
တည်ဆောက်ဖို့ ပြောသွားတယ်။

ခြုံပြီးတော့ ပြောရင် ရန်ကုန်တက္ကသိုလ်မှာ အိုဘားမားပြောသွားတဲ့ တန်ဖိုးရှိတဲ့ သမိုင်းဝင်မိန့်ခွန်းပါပဲ။
မြန်မာပြည်သူတွေကို ပစ်မထားဘူး။ ဒီက ပြည်သူပြည်သားတွေလည်း အမေရိကန် ပြည်သူပြည်သားတွေလို
ဖြစ်ပေါ်စေချင်တဲ့ စေတနာကို မြင်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်တဲ့အပိုင်းကတော့
သမိုင်းတင်တဲ့နေရာ ဖြစ်တယ်။

နိုင်ငံ့ခေါင်းဆောင်တွေ ပေါ်ထွန်းတဲ့နေရာကို သူပြန်လာပြီး မိန့်ခွန်းပြောတာက ကျောင်းသားလူငယ်တွေကို
အားပေးတာပဲ။မိန့်ခွန်း တက်ရောက်နားထောင်တဲ့သူတွေမှာလည်း လူငယ်တွေများတယ်။ လူငယ်တွေများတယ်
ဆိုတာက အနာဂတ်အတွက်ရည်ညွန်းတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြာခဏဆိုသလို ထုတ်ဖော်
ပြောကြားတဲ့အတွက် သူဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ပြတာပဲ။ သူရဲ့တန်ဖိုးထားမှုတွေကို
ပေါ်လွင်စေပါတယ်။


ဒေါက်တာအေးမောင်
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)
-------------------------------------------------------------------------------------

သူ့အနေနဲ့ သုံးခွင့်ရှိတဲ့သဘော ရှိမှာပေါ့။ ကျနော်တို့ကတော့ မကြိုက်ချင်ဘူး။ ရင်ကြားစေ့ရေးဆိုတာ
တိုင်းရင်းသား အချင်းချင်းကတော့ဖြစ်နိုင်တာပေါ့။ တိုင်းရင်းသား မဟုတ်တဲ့ပုဂ္ဂိုလ်တွေ၊ အခြားတနေရာက
လာတဲ့ပုဂ္ဂိုလ်တွေက အမည်သစ်ထွင်ပြီးကာမှ ရည်မှန်းချက်ကြီးကြီးလုပ်တာမျိုးမို့လို့ အိုဘားမား
လေ့လာဖို့လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကုန်လုံးရဲ့သဘောထားတခု ထွက်နိုင်ပါတယ်။ ကျနော် မကြိုက်ဘူး။

သူက လွတ်လွတ်လပ်လပ် တိုင်းပြည်ကဆိုတော့ မည်သည့်နိုင်ငံကိုမဆို လွတ်လွတ်လပ်လပ်
ပြောဆိုဝေဖန်နိုင်တယ်။ သူရဲ့အမြင်ကိုးဗျ။ဒါပေမယ့် နိုင်ငံတခုကို လာတဲ့ခေါင်းဆောင်ဆိုတာက
ဒီနိုင်ငံနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတခုကို သုံးမယ်ဆိုရင် ဇာစ်မြစ်ကိုလေ့လာဖို့လိုမယ်။
သူက ကမ္ဘာ့ခေါင်းဆောင်လေ။ ကမ္ဘာ့ခေါင်းဆောင်ဆိုတာက ကမ္ဘာကြီးတခုလုံး အပ်ကျတာကအစ
သိနေတယ်ဆိုရင်လေ။ အိုဘားမားက မွတ်စလင်ပဲ။ နောက်မှ ခရစ်ယာန်ပြောင်းတယ်လို့ သိတာကိုး။
ဒါပေမယ့် ကျနော်တို့ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံးဝမကြိုက်ဘူး။ သူက လွတ်လွတ်လပ်လပ်နေရာက
လာတဲ့လူသားကိုးဗျ။


ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်တိုင်းဒေသကြီးအစိုးရ)
-------------------------------------------------------------

သူ့မိန့်ခွန်းကို သဘောကျတယ်၊ ကောင်းတယ်။ သမ္မတကြီး အိုဘားမားက ရိုဟင်ဂျာလို့ သုံးနှုန်းသွားတာက
တောင်းဆိုနေတဲ့လူတွေကိုအသိအမှတ်ပြုပြီးတော့ ငြိမ်းချမ်းရေးအတွက် ညွှန်းပြီးတော့ ပြောသွားတယ်လို့
ထင်တယ်။ အသိအမှတ်ပြုတယ်လို့တော့ မဟုတ်ဘူး။သဘောမကျဘူး။ ဒါပေမယ့် အဲဒီအုပ်စုကို ညွှန်းပြီး
ညွှန်းပြီးတော့ ပြောတာပါ။
ကမ္ဘာပေါ်မှာ အချုပ်အခြာ အာဏာက ပြည်သူပဲ ပိုင်တယ်။ပြည်သူရွေးတဲ့ သမ္မတက ပြည်သူ့ကိုယ်စား
အုပ်ချုပ်ရတယ်။ ပြည်သူ့အကျိုးကိုပဲ ဦးစားပေးပြီး လုပ်တယ်။ ပြည်သူ့ဆန္ဒကိုပဲ လိုက်လျောရမယ်။
မြစ်ဆုံကိစ္စမှာ ပြည်သူ့ဆန္ဒ လိုက်လျောတာကို သူကြိုဆိုတယ်။ သူ့နိုင်ငံမှာ သူဒီလိုပဲ သွားနေရတယ်။
သူ့နိုင်ငံမှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ဆိုတာရှိတယ်။ အဲဒီစစ်တပ်ဆိုတာက
ပြည်သူရွေးထားတဲ့သမ္မတရဲ့ အမိန့်အောက်မှာပဲ ရှိရတယ်ဆိုတာလည်း ပြောသွားတယ်။
ဒါက ကျနော်တို့ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် ခံယူရမယ့် ခံယူချက်တွေပဲလို့ ထင်မြင်ပါတယ်။


ဦးဌေးဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ)
--------------------------------------------------------------------

သမ္မတ အိုဘားမားက သူရဲ့ ပထမသက်တမ်းအတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို
သူနားလည်တယ်။သူနားလည်တဲ့အတွက် အားပေးကူညီမှုတွေ လုပ်ခဲ့တယ်။ ဒုတိယ သက်တမ်းအတွင်းမှာ
ဦးဦးဖျားဖျား အာဆီယံ အစည်းအဝေးလာတက်ရင်းနဲ့ ကျနော်တို့နိုင်ငံကို ၀င်လာတယ်။
အရင်တုန်းကလည်း နားလည်မှုရှိတဲ့ပုဂ္ဂိုလ်၊ အခုလည်း လာတယ်ဆိုတော့ကျနော်တို့ရဲ့ နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုကို ပိုပြီး အားပေးကူညီမှုတွေ လုပ်လာလိမ့်မယ်။ သူအလေးထားတာဖြစ်လို
ပိုပြီးတော့မြန်မြန်ဆန်ဆန် အကျိုးရှိမယ်။


ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ)
------------------------------------

အိုဘားမားမိန့်ခွန်းက ကျနော်တို့ မျှော်လင့်ထားသလို မဟုတ်ဘူး။ အိုဘားမားက ဒီမိုကရေစီက ရွေးကောက်ပွဲ
သင်တန်းလာပို့ချနေတာ။ကျနော်တို့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးဖို့ နည်းနည်းလမ်းကြောင်းပေးတာတော့
ရှိတာပေါ့။ ဒါပေမယ့် သူတို့ရဲ့ထုံးစံအတိုင်းသူတို့ကိုယ်ကျိုးစီးပွား အဓိကပဲ။ ပြီးတော့ မြောက်ကိုရီးယားကို
သတိပေးချင်တာလည်း ပါတယ်။

မြောက်ကိုရီးယားကို မဆီမဆိုင် ကျနော်တို့ဆီကနေ သတင်းစကား ပါးလိုက်သေးတယ်။ တခု ကျနော်ဘ၀င်မကျတာ
တိုင်းရင်းသားအမျိုးပေါင်း ၁၀၀ ကျော်တယ် ရှိတယ်ဆိုတဲ့ သတင်းအမှားကို သူရလိုက်တယ်။ ဒါကတော့ ကျနော်တို့
တိုင်းရင်းသား ၁၀၀ ကျော်မရှိဘူး။ ၁၀၀ ကျော်ရှိတယ်ဆိုတာ ဒီက အစိုးရ အစဉ်အဆက်ရဲ့ တိုင်းရင်းသားတွေကို
ခွဲခြားစိတ်ဖြာပြီးတော့ သေးနိုင်သမျှ သေးအောင်လုပ်တဲ့ အခြေအနေကို လက်ခံထားရတာ။ တိုင်းရင်းသား ၁၀၀ ကျော်
ဆိုတာလက်မခံဘူး။ အဲဒါကို လာမယ့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်တဲ့အခါကျရင် အဖြစ်မှန်
ဖော်ထုတ်ချင်တယ်။

ရခိုင်ပြည်အကြောင်း ပြောတဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့ ရာဇ၀င် သိပ်သိပုံမရပါဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံ
ဘယ်လိုဖွဲ့စည်းတယ်ဆိုတာက အစပေါ့၊ သိမယ့်ပုံ မပေါ်ဘူး။ ကြားလို့ကောင်းအောင် ပြောသွားတာ။ ကျနော့်အာရုံထဲကို
လေးလေးနက်နက် မထိရောက်ခဲ့ဘူး။ အဓိက အရေးကြီးဆုံးက ဖက်ဒရယ် ပြည်ထောင်စုကိစ္စကို သူတခွန်းမှ
ထည့်မပြောဘူး။ ကျနော်ဒီအချိန်မှာ ဖက်ဒရယ်ဆိုတာ သူတို့ကိုယ်တိုင်ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင်
ထူထောင်နိုင်တာ ဖက်ဒရယ်ကြောင့်ပဲ။ အဲဒီကိစ္စ တခွန်းပြောရင်တောင် ကျနော် ၀မ်းသာမှာပါ။အဲဒါကို လုံးဝမပြောဘူး။
အဆင့်တွေကျော်ပြီး လျှောက်ပြောနေတယ်။ ဒီမိုကရေစီအောင်မြင်ဖို့က ငြိမ်းချမ်းရေးမရလို့ မအောင်မြင်ဘူး။

ငြိမ်းချမ်းရေးမရတာကလည်း တိုင်းရင်းသားတွေက လက်နက်ကိုင်လို့ ငြိမ်းချမ်းရေးမရတာ။ တိုင်းရင်းသား
လက်နက်စွန့်လို့ရအောင်ကျန်တဲ့အသိုင်းအ၀ိုင်းက ဘာတွေ ပံ့ပိုးသင့်သလဲ။ ဘာတွေဝိုင်းပြီး ဆွေးနွေးပေးရမလဲ။
အဲဒါအခြေခံအချက်ပဲ။ တကယ့်တိုင်းပြည်ကိုသူတို့နိုင်ငံလို ထူထောင်ဖို့ဆိုတာ ငြိမ်းချမ်းရေးရဖို့ဆိုတာ ဖွဲ့စည်းပုံ
အခြေခံဥပဒေက ဖက်ဒရယ်စနစ် ဖြစ်ရမယ်။ ဒါတွေကို မပြောဘဲအဆင့်ကျော် ပြောသွားတယ်၊ လိုအပ်ချက်ကို
မပြောဘူး။ ဒီမိုကရေစီ သင်ပုန်းကြီး ဖတ်စာလာရွတ်တာ။ ကျနော်တို့က ဒီမိုကရေစီရဖို့မိုးပေါ်က ရေခံသောက်သလို
လုပ်နေတဲ့လူတွေ မဟုတ်ဘူး။ သွေးနဲ့သားနဲ့ အသက်နဲ့ရင်းပြီး လုပ်နေကြတာ၊ တိုက်ပွဲဝင်နေကြတာ။
အခုမှ ရေးရေးလေး ပေါ်လာတဲ့အချိန်မှာ တကယ့်ကို ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တက်ထောင်ပြီး
အော်ချင်နေကြတယ်။လူထုရှေ့မှာ စကားပြောတဲ့နေရာမှာ ပါတီကြီးတခုလောက်ကို အမွှန်းတင်လိုက်တာမျိုး။
ကျနော်တို့ ပါတီစုံစနစ်ပါ။ကျနော်တို့ နားလည်သွားပါတယ်၊ ဘယ်သူ့အတွက် စည်းရုံးရေး လာဆင်းတယ်ဆိုတာကို
နားလည်သွားတယ်။


ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ)
---------------------------------------------------------------

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့သဘော ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာမှာ
စိတ်ဝင်စားလာကြ တာပေါ့။မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြု ကြိုဆိုတယ်
ဆိုတော့ ကောင်းတယ်။ သို့သော်လည်းအိုဘားမားကလည်း အခြားနိုင်ငံ ခေါင်းဆောင်တွေလိုပဲ သူတို့
အမျိုးသားအကျိုးစီးပွားအတွက်ပဲ ပြောတာပါပဲ။

လူ့အခွင့်အရေး ဆိုတာကလည်း နိုင်ငံခြားရေး ပေါ်လစီပဲလေ။ ရခိုင်ကိစ္စကို ပြောတုန်းက လူ့အခွင့်အရေးကိစ္စကို
ပြောခြင်းအားဖြင့်သူ့ကိုကြည့်ရတာ မွတ်စလင်နိုင်ငံတွေရဲ့ စိတ်မသက်သာမှုကို ပြေလျော့သွားအောင်
သုံးနှုန်းသွားတယ်။ ဒီနိုင်ငံမှာ မသုံးတဲ့ စကားတခွန်းကိုသူသုံးသွားတယ်။ ဒီနိုင်ငံက တရားဝင်လက်မခံတဲ့
အသုံးအနှုန်းတခုကို သူသုံးသွားတယ်။ မွတ်စလင်နိုင်ငံတွေအပေါ် နှစ်သိမ့်နေတာကအမျိုးသား အကျိုးစီးပွား
ရေနံလုံခြုံရေးအတွက်များ သက်ဆိုင်နေမလားလို့ သံသယရှိတယ်။ လာတာကောင်းတယ်။

သူ့ကတိအတိုင်း ဆက်လုပ်ဆောင်ပေးဖို့ လိုတယ်။ ဒါပေမယ့်လည်း သူ့အမျိုးသားအကျိုးစီးပွား အဓိကဆိုတာ
နိုင်ငံတကာခေါင်းဆောင်တွေရဲ့ အစဉ်အလာတိုင်းပါပဲ။ ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/21/2012 02:29:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ