[mrsorcerer:36040] အမေရိကန် တက္ကသိုလ်ကောလိပ်များသို့ လာရောက်ပညာသင်ကြား လိုသူကျောင်းသားများအတွက် ငွေကြေးအထောက်အပံ့ဆိုင်ရာ အမျိုး စားလေးခု

အမေရိကန် တက္ကသိုလ်ကောလိပ်များသို့ လာရောက်ပညာသင်ကြား
လိုသူကျောင်းသားများအတွက် ငွေကြေးအထောက်အပံ့ဆိုင်ရာ အမျိုး
စားလေးခု ( Four kinds of Financial Aid ) အကြောင်း ဘာသာပြန်
ရှင်းလင်း ပို့ချချက်။
http://www.thebestenglish4you.com/-four-kinds-of-financial-aid.html

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36034] Fwd: [လူဗိုလ်ဟူသည် ...] ပြုပြင်ပြောင်းလဲရေး မေးခွန်းခြောက်ခွန်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/21
Subject: [လူဗိုလ်ဟူသည် ...] ပြုပြင်ပြောင်းလဲရေး မေးခွန်းခြောက်ခွန်း
To: lubo601@gmail.com




ပြုပြင်ပြောင်းလဲရေး မေးခွန်းခြောက်ခွန်း  ရေးသားသူ- တင်မောင်သန်း  ပြုပြင်ပြောင်းလဲရေးတိုင်းမှာ လူထုရဲ့ မျှော်လင့်ချက်တွေက ကြီးမားနေတတ်ကြပါတယ်။ မြင့်မားတဲ့ မျှော်လင့်ချက်တွေကို ဘယ်လို ကိုင် တွယ်ဖြေရှင်းမလဲဆိုတာက ပြုပြင်ပြောင်းလဲရေးလုပ်နေသူတွေ အလေးထား စဉ်းစားရတဲ့ ပြဿနာတစ်ရပ်ပါ။ ပြုပြင်ပြောင်းလဲရေး အချိန်ရင့် လာလေ၊ လူတွေအားမလိုအားမရ ပိုဖြစ်လာလေ။ အချိန်မီ ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် ပြုပြင်ပြောင်းလဲရေးအပေါ် လူတွေအယုံအကြည်မဲ့လာ ပြီး နိုင်ငံရေးအဆင့်ကို ရောက်သွားတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီပြဿနာ စနေပါပြီ။ မထိရောက်တဲ့ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းတွေကို ပယ်ဖျက်ပစ်ရာမှာ သတ်သတ်မှတ်မှတ်လုပ်ကိုင်နိုင်ဖို့ဝန်ကြီးဌာနတွေမှာ အလုပ်အဖွဲ့တွေဖွဲ့၊ အချိန်မှန် လုပ်ကိုင်ဖို့များ လိုလေမလား။ မေးခွန်းခြောက်ခွန်းနဲ့ ပြန်လည်သုံးသပ်နိုင်ပါတယ်။ - ဘာကို  စိုးရိမ်မကင်း  ဖြစ်နေတာလဲ။ ချမှတ်လိုက်တဲ့ မူဝါဒတစ်ရပ် ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံး လုပ်နည်းက ဘာကိုအကျိုးရှိလာအောင် လုပ်ချင်တာလဲ။ှ - အရင်တကယ်ဖြစ်ခဲ့တဲ့ အ ဖြစ်တွေကို ပြန်ကြည့်လိုက် တဲ့အခါ ဒီချမှတ်ထားတဲ့ မူဝါ ဒကြောင့် ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းကြောင့် ကိုယ့်ရည်မှန်းချက်ကို တိုက်ရိုက်ဖြည့်ဆည်းနိုင်ခဲ့တာလား။ ဒါမှမဟုတ် တခြားနည်းနဲ့ ဖြည့်ဆည်းနိုင်ခဲ့တာလား။  - မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ကြောင့် လူဘယ်လောက်များများ အကျိုးကျေးဇူး ခံစားကြရသလဲ။ ဒါမှမဟုတ် လူဘယ်လောက်များများ အချိန်ကုန် အလုပ်များ၊ ဒုက္ခများသွားရတာလဲ။   - မူဝါဒကို အကောင်အထည် ဖော်ရတာကြောင့်  ကုန်ကျရတဲ့၊ ပေးလိုက်ရတဲ့ စရိတ်စကထက် အကျိုးကျေးဇူးကောင်းတွေ ရရှိတာက သာရဲ့လား။  - မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတစ်ရပ်ကို အကောင်အထည်ဖော်ရတာကြောင့် လူ့အခွင့်အရေးနဲ့  နိုင်ငံသားအခွင့်အရေးအပေါ် အပြုသဘော ဒါမှမဟုတ် အဆိုးသဘော သက်ရောက်မှု ရှိနိုင်သလား။  ဒီထောင့်ကနေ မူဝါဒတစ်ရပ် ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ကို ဥပမာအဖြစ်ထားပြီး ကျွန်တော် သုံးသပ်ကြည့်ချင်ပါတယ်။ အဲဒီမူဝါဒကတော့ နိုင်ငံခြားသား ပညာရှင်တွေ၊  စီမံခန့်ခွဲသူတွေ နယ်ကိုသွားတဲ့အခါမှာ သက်ဆိုင်ရာ ဌာနတွေဆီက  ကြိုတင်ခွင့်ပြုချက်ယူရတဲ့ ကိစ္စဖြစ်ပါတယ်။ ခွင့်ပြုချက်ရဖို့က အချိန်သုံးပတ်အထိ ကြာပါတယ်။  မှတ်မိကြမယ်ထင်ပါတယ်။ ၂၀၀၅  ခုနှစ်မှာ  မြန်မာနိုင်ငံကို Global Fund က အကူအညီပေးမယ်လို့ လာရောက်ပြီးမှ ပြန်ထွက်သွားခဲ့ဖူးပါတယ်။ ထွက်သွားရတဲ့ အကြောင်းတွေထဲက တစ်ကြောင်းကတော့ ဒီကိစ္စကပါ။ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ
ရေးသားသူ- တင်မောင်သန်း

ပြုပြင်ပြောင်းလဲရေးတိုင်းမှာ လူထုရဲ့ မျှော်လင့်ချက်တွေက ကြီးမားနေတတ်ကြပါတယ်။ မြင့်မားတဲ့ မျှော်
လင့်ချက်တွေကို ဘယ်လို ကိုင်
တွယ်ဖြေရှင်းမလဲဆိုတာက ပြုပြင်ပြောင်းလဲရေးလုပ်နေသူတွေ အလေးထား စဉ်းစားရတဲ့ ပြဿနာတစ်ရပ်ပါ။ ပြုပြင်ပြောင်းလဲရေး အချိန်ရင့်လာလေ၊ လူတွေ အားမလို အားမရ ပိုဖြစ်လာလေ။ အချိန်မီ ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် ပြုပြင်ပြောင်းလဲရေး အပေါ် လူတွေ အယုံအကြည်မဲ့လာပြီး နိုင်ငံရေး အဆင့်ကို ရောက်သွားတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီပြဿနာ စနေပါပြီ။ မထိရောက်တဲ့ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း
စည်းကမ်းတွေကို ပယ်ဖျက်ပစ်ရာမှာ သတ်သတ်မှတ်မှတ်လုပ်ကိုင်နိုင်ဖို့ဝန်ကြီးဌာနတွေမှာ အလုပ်အဖွဲ့ တွေဖွဲ့၊ အချိန်မှန် လုပ်ကိုင်ဖို့များ လိုလေမလား။ မေးခွန်းခြောက်ခွန်းနဲ့ ပြန်လည်သုံးသပ်နိုင်ပါတယ်။
- ဘာကို စိုးရိမ်မကင်း ဖြစ်နေတာလဲ။ ချမှတ်လိုက်တဲ့ မူဝါဒတစ်ရပ် ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံး လုပ်နည်းက ဘာကိုအကျိုးရှိလာအောင် လုပ်ချင်တာလဲ။

- အရင်တကယ်ဖြစ်ခဲ့တဲ့ အ ဖြစ်တွေကို ပြန်ကြည့်လိုက် တဲ့အခါ ဒီချမှတ်ထားတဲ့ မူဝါ ဒကြောင့် ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းကြောင့် ကိုယ့်ရည်မှန်းချက်ကို တိုက်ရိုက်ဖြည့်ဆည်းနိုင်ခဲ့တာလား။ ဒါမှမဟုတ် တခြားနည်းနဲ့ ဖြည့်ဆည်းနိုင်ခဲ့တာလား။

- မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ကြောင့် လူဘယ်လောက်များများ အကျိုးကျေးဇူး ခံစားကြရသလဲ။ ဒါမှမဟုတ် လူဘယ်လောက်များများ အချိန်ကုန် အလုပ်များ၊ ဒုက္ခများသွားရတာလဲ။

- မူဝါဒကို အကောင်အထည် ဖော်ရတာကြောင့် ကုန်ကျရတဲ့၊ ပေးလိုက်ရတဲ့ စရိတ်စကထက် အကျိုးကျေးဇူးကောင်းတွေ ရရှိတာက သာရဲ့လား။

- မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတစ်ရပ်ကို အကောင်အထည်ဖော်ရတာကြောင့် လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအပေါ် အပြုသဘော ဒါမှမဟုတ် အဆိုးသဘော သက်ရောက်မှု ရှိနိုင်သလား။

ဒီထောင့်ကနေ မူဝါဒတစ်ရပ် ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း တစ်ရပ်ကို ဥပမာအဖြစ်ထားပြီး ကျွန်တော် သုံးသပ်ကြည့်ချင်ပါတယ်။ အဲဒီမူဝါဒကတော့ နိုင်ငံခြားသား ပညာရှင်တွေ၊ စီမံခန့်ခွဲသူတွေ နယ်ကိုသွားတဲ့အခါမှာ သက်ဆိုင်ရာ ဌာနတွေဆီက ကြိုတင်ခွင့်ပြုချက်ယူရတဲ့ ကိစ္စဖြစ်ပါတယ်။ ခွင့်ပြုချက်ရဖို့က အချိန်သုံးပတ်အထိ ကြာပါတယ်။

မှတ်မိကြမယ်ထင်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံကို Global Fund က အကူအညီပေးမယ်လို့ လာရောက်ပြီးမှ ပြန်ထွက်သွားခဲ့ဖူးပါတယ်။ ထွက်သွားရတဲ့ အကြောင်းတွေထဲက တစ်ကြောင်းကတော့ ဒီကိစ္စကပါ။ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ "ပုလိပ်နိုင်ငံ" တစ်နိုင်ငံ ဖြစ်တယ်လို့ နာမည်ပျက်နေတဲ့ အကြောင်းတွေထဲက တစ်ကြောင်းလည်းဖြစ်ပါတယ်။ စဉ်းစားကြည့်ရအောင်။
၁။ ဘာကို စိုးရိမ်မကင်းဖြစ်နေတာလဲ။ ဘာအကျိုးရှိလာအောင် လုပ်ချင်တာလဲ။ လုံခြုံရေးကို စိုးရိမ်မကင်းဖြစ်တာလို့ နားလည်နိုင်ပါတယ်။ ဒါမှမဟုတ် လူမှုအဖွဲ့တွေက လုပ်နေတာကို သိထားဖို့ လိုအပ်တယ်ဆိုပါတော့။ ဒီစိုးရိမ်မကင်းတဲ့ အချက်အောက်မှာ အမှန်အဖြစ် ယူဆထားချက်တွေ ရှိပါတယ်။ အဲဒီယူဆထားချက်တွေကို ကျွန်တော် မဆန်းစစ်သေးပါဘူး။ ဘာကြောင့်သိထားချင်ရတာလဲလို့ ကျွန်တော် မေးခွန်းမထုတ်သေးပါဘူး။ လုံခြုံရေးဆိုတဲ့ ထောင့်ကနေပဲ သိထားဖို့ လိုအပ်တယ်ဆိုတဲ့ ထောင့်ကနေပဲ လက်ခံစဉ်းစားကြည့်ပါမယ်။
၂။ အရင် တကယ်ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ပြန်ကြည့်လိုက်တဲ့အခါ၊ ဒီချမှတ်ထားတဲ့ မူဝါဒကြောင့် ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း၊ လုပ် ထုံးလုပ်နည်းကြောင့် ကိုယ့်ရည်မှန်းချက်ကို တိုက်ရိုက်ဖြည့်ဆည်းနိုင်ခဲ့တာလား။ ဒါမှမဟုတ် တခြားနည်းနဲ့ ဖြည့်ဆည်းနိုင်ခဲ့တာလား။ ခုလိုအကြောင်းကြားချက်ပေါင်း ဘယ်နှခုရှိပြီလဲ ပြန်ကြည့်ရပါမယ်။ နှစ်ပေါင်းက ၂၀ ကျော်ခဲ့ပြီဆိုတော့ ထောင်ချီရှိပြီလို့ နားလည်နိုင်ပါတယ်။ အဲဒီထောင်ချီတဲ့ အကြောင်းကြားချက်တွေထဲမှာ လုံခြုံရေးကို ထိပါးတဲ့ ကိစ္စဘယ်နှခုရှိခဲ့သလဲ။ ကျွန်တော်သိသလောက် မရှိပါဘူး။ ကဲ ရှိတယ်ပဲ ထားပါဦး။ ဆိုပါတော့ အဲဒီနိုင်ငံခြားသား ၀န်ထမ်းတစ်ယောက်က အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းတွေ ဖြန့်တယ်ဆိုပါတော့။ ဒါမှမဟုတ် ဖြန့်တော့မှဖြန့်ပေးတယ်လို့ သိလိုက်ရတာလား။

နိုင်ငံခြားသားတစ်ယောက်ဟာ နိုင်ငံတကာရဲမှတ်တမ်းဝင် တစ်ယောက်မဟုတ်ဘူးဆိုရင် တကယ်တော့ အမှုကိစ္စတိုင်းလောက် နီးနီးမှာ လုံခြုံရေးထိပါးလိုက်တော့မှ သိကြရတာပါ။ မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားဟာ ဘယ်သွားသွား လူဝင်မှုကြီးကြပ်ရေးကို အကြောင်းကြားရမယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေတစ်ရပ်လည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံကို ၀င်ရောက်လာခဲ့တဲ့ နိုင်ငံခြားသားတွေ နှစ်ပေါင်း ၂၀ ကျော်အ တွင်းမှာ သိန်းချီရှိခဲ့ပါပြီ။ အစိုးရကို ဒုက္ခပေးခဲ့တဲ့ နိုင်ငံခြားသား ကျွန်တော်မှတ်မိသလောက် ဆယ်ဂဏန်းပဲရှိမယ်။ ဥပမာ .. ကျိုင်းတုံကို ၀င်သွားတဲ့ မော်စလေရှိမယ်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရေကူးသွားတဲ့ ယက်တော ရှိမယ်။ မြို့တော်ခန်းမရှေ့ နိုင်ငံခြားသား ဆန္ဒပြတာနှစ်ခါလားမသိဘူးဖြစ်ဖူးတယ်။ ဒါကလည်း အကြောင်းကြားတဲ့အချိန်မှာ သိတာဟုတ်ပုံမရဘူး။ သိရင် ကာကွယ်နိုင်မှာပေါ့။ ဖြစ်မှပဲ ဒုက္ခပေးတဲ့သူလို့ သိလိုက်ရတာမျိုး။ လုံခြုံရေးအတွက် ကာကွယ်နိုင်တာနဲ့ အကြောင်းကြားချက် အဆက်အစပ် မရှိဘူးလို့ ဒီကိစ္စတွေက ပြတယ်။ စိုးရိမ်ချက်ကို မူဝါဒနဲ့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်က မဖြည့်ဆည်းနိုင်ဘူး။

ဒီမေးခွန်း နှစ်ခွန်းနဲ့တင် ဖယ်ရှားပစ်လို့ရတဲ့ မူဝါဒ၊ ဥပဒေ၊ စည်းကမ်းပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်း တော်တော်များများ အစိုးရဌာနတွေမှာ ရှိမနေပေဘူးလား။

၃။ မူဝါဒ ဒါမှမဟုတ် ဥပဒေ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်း ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတစ်ရပ်ကြောင့် လူဘယ်လောက်များများ အကျိုးကျေးဇူး ခံစားကြရသလဲ။ ဒါမှမဟုတ် လူဘယ်လောက်များများ အချိန်ကုန် အလုပ်များ၊ ဒုက္ခများသွားရတာလဲ။ လူမှုလုပ်ငန်းတွေ၊ လူမှုအဖွဲ့အစည်းတွေဟာ နိုင်ငံခြားအကူအညီနဲ့ ဆက်စပ်နေပါတယ်။ ဒီလုပ်ငန်းတွေမှာ ကြီးကြပ်ရတာ၊ ထိန်းကျောင်းဆန်းစစ်ရတာတွေရှိတယ်။ အလုပ်သဘောအရ နိုင်ငံခြားသား ၀န်ထမ်းတွေ သွားကြည့်ကြရတယ်။ ဒါ့အပြင် ခုလို နိုင်ငံတကာအကူအညီတွေ ပြန်ပေးဖို့ တာစူလာတဲ့အချိန်မှာ လုပ်ငန်းတွေလုပ်ဖို့ ကနဦးဆန်းစစ် အကဲဖြတ်ချက်တွေ (assessment) လုပ်ကြရပါတယ်။ သုတေသန လုပ်ကြရပါတယ်။ သက်ဆိုင်ရာ စီမံကိန်းက ပေးချင်တဲ့လူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးရပါတယ်။ အောက်ခြေအထိ ဆင်းရတယ်။ ရွာတွေအထိ သွားရပါတယ်။ စီမံကိန်းကောင်း၊ မူဝါဒကောင်းဆိုတာ ခုလိုသွားမှရတာပါ။ ဒါက အလုပ်သဘာဝပါ။

ဒါ့အပြင် အခုဆိုရင် နိုင်ငံခြားသားဖြစ်နေတဲ့ မြန်မာတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရှိတယ်။ နွေရာသီကျောင်းပိတ်ရက်ဆို နိုင်ငံတကာမှာသွားပြီး သူတို့လုပ်အားပေးကြတယ်။ ကျွန်တော့်သမီးငယ်က ခုဒုတိယနှစ် ရောက်ပြီ။ ပထမနှစ်ပြီးတော့ မြန်မာနိုင်ငံမှာ နွေရာသီလုပ်အားပေးဖို့ ကြိုးစားတယ်။ သူက ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်။ သူ့စိတ်ဝင်စားမှု ဘယ်ဒေသမှာ ရှိမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ သူ့ကို လက်ခံမယ်ဆိုရင် အဖွဲ့တွေက စာတိုစာရှည်တင်ရမယ်။ မလုပ်ချင်ကြဘူး။ ခွင့်ပြုချက်ကလည်း ရဖို့မသေချာပြန်ဘူး။
အချိန်ကလည်း ကြာဦးမယ်ဆိုတော့ ကျောင်းပြန်တက်ရမယ့်အချိန်နဲ့ ထူးမှာမဟုတ်ပါဘူးလို့ ပြောကြပါတယ်။ ဒါနဲ့ ရန်ကုန်တစ်လှည့်၊ မုံရွာတစ်လှည့် သူ့အဘိုးအဘွားတွေနဲ့နေ၊ ပြန်သွားရရှာတယ်။ နောက်နှစ်တော့ တခြားနိုင်ငံတစ်နိုင်ငံမှာပဲ အလုပ်သင်လုပ်အားပေးရှာတော့မယ်လို့ ပြောတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့နိုင်ငံခြားသား ဖြစ်ရပေမယ့် ဒါအဖေတို့နိုင်ငံဆိုပြီး ကျွန်တော် သမီးကို ခေါ်လာတယ်။ ကျွန်တော့် ရင်ထဲမကောင်းလိုက်တာ။ လက်တွေ့မှာ မထိရောက်တဲ့မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေက သမီးလို မြန်မာလူမျိုး လူငယ်တွေအတွက် ပိတ်ထားပါတယ်။ မူဝါဒသက်ရောက်ပုံက ခုမျိုးဆက်တင်မဟုတ်ဘူး။ နောက်မျိုးဆက်အထိ သွားပေတော့တာကိုး။ လူတွေမှာ စာတို စာရှည်တင် အလုပ်ရှုပ်၊ ဒုက္ခများ ကြရပါတယ်။ ဒီမထိရောက်တဲ့ မူဝါဒသက်ရောက်ပုံက နိုင်ငံတကာနဲ့ ပြည်တွင်းလူမှုအဖွဲ့အစည်းတွေအပေါ် အများကြီး သက်ရောက်နေပါတယ်။
နိုင်ငံတကာရန်ပုံငွေနဲ့ လုပ်ကိုင်နေကြရတဲ့ ကြိုက်တဲ့ လူမှု အဖွဲ့အစည်းကို သွားမေးကြည့်ပါ။ အစိုးရထိန်းချုပ်ချင်ပုံက မပြောင်းသေးဘူးဆိုတဲ့ အဖြေကို ကြားကြရပါလိမ့်မယ်။ သမ္မတကြီးရဲ့ နိုင်ငံတကာအကူအညီတွေကို ဖိတ်ခေါ်ကြိုဆိုရေး၊ ဖွင့်ရေး မူဝါဒကို ဒီမူဝါဒက ပြက်ရယ်ပြုနေသလိုပါပဲ။

၎။ မူဝါဒကို အကောင်အထည်ဖော်ရတာကြောင့် ကုန်ကျရတဲ့၊ ပေးလိုက်ရတဲ့ စရိတ်စကထက် အကျိုးကျေးဇူးကောင်းတွေ ရရှိတာက သာရဲ့လား။ ပေးရတာတွေက ငွေကြေးသဘောရှိတယ်။ ထိတွေ့လို့မရတဲ့ လူမှုသဘောတွေ ရှိတယ်။ နိုင်ငံရေးသဘောတွေ ရှိတယ်။ ငွေကြေးသဘောတွက် ကြည့်ကြရအောင်။ လုပ်အားခတွေ ပါလာမယ်။ အဲဒီအကြောင်းကြားရတဲ့အဖွဲ့ စာရိုက်မိတ္တူကူးရ၊ တချို့နေရာတွေမှာ ကာယကံရှင်က ပုံစံတွေဖြည့်ရ၊ မိတ္တူတွေကူးရ၊ အကြောင်းကြားစာကို လက်ခံရတဲ့ ရုံးမှာလည်း စာလက်ခံ၊ ဖိုင်တွဲ၊ အထက်လူကြီးအဆင့်ဆင့်ဆီပို့၊ အဆင့်ဆင့် အချိန်တွေသုံး၊ စက္ကူဖိုး၊ မင်ဖိုး၊ မိတ္တူဖိုး၊ ကားငှားခ၊ ဖုန်းဆက်စုံစမ်းရလို့ ဖုန်းခ။ အဆုံးအဖြတ်ပေးရတဲ့ အရာရှိခမျာလည်း အရေးကြီးတာ မစဉ်းစားရ။ မထိရောက်တဲ့ မူဝါဒနဲ့ အချိန်ကုန်ရလို့ စိတ်ဖိစီးမှုဖြစ်ရ။ အဲဒီ စိတ်ဖိစီးမှုရဲ့ ရုံးတွင်းဆက်ဆံရေးအကျိုးဆက်တွေ ထိုးထွင်းဖန်တီးမလုပ်ရတဲ့ အကျိုးဆက်တွေ၊ အလုပ်မဟုတ်တာတွေနဲ့ ရှုပ်နေတယ်ဆိုတဲ့ ခံစားချက်နဲ့ ဉာဏ်ရည်တုံးသွားတာတွေ နေရာတကာ ၀န်ထမ်းတွေက ထိန်းချုပ်ချင်တဲ့ စိတ်အထာကျလာတာကြောင့် အစိုးရနာမည်ပျက်ရတာတွေ။ အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာရှိသူတွေမှာ "ငါခွင့်ပြုမှ ရောဂါ" ရင့်လာပြီး ဗြူရိုကရေစီကြိုးနီစနစ်ခိုင်လာတာတွေ။ လုံခြုံရေးကြောင့်လို့ ယေဘုယျနားလည်တဲ့အတွက် "မိုးကျရွှေကိုယ်" ဘောင်းဘီဝတ်တွေ ဖန်တီးတဲ့ ဒုက္ခပဲလို့ နားလည်ပြီး စစ်တပ်နဲ့ လူထု အကွာအဟ ဖြစ်လာရတာတွေ။
ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ပြောပေမယ့် ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေတာတွေနဲ့ အဲဒါရဲ့ အကျိုးဆက်တွေ ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေကလည်းဖြစ်နေပြန်၊ Civil society လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေကလည်းဖြစ်နေပြန်၊ သူတို့ရဲ့ ကွန်ရက်က နိုင်ငံတိုင်းထိ ရှိနေပြန်တာမို့ မြန်မာနိုင်ငံရဲ့ ပုံရိပ်အပေါ် သက်ရောက်မှုတွေ။ စီးပွားရေးအရ၊ လူမှုသဘောအရ၊ နိုင်ငံရေးအရ ပေးလိုက်ရတာတွေဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မူဝါဒ သဘောအရ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ အဆင့်ဆင့် အလုပ်အကိုင်တွေ ရကြတယ်။ (လူ့အဖွဲ့အစည်းအတွက် အကျိုးများတဲ့ အလုပ် productive work ဟုတ်ရဲ့လားဆိုတာကလည်း ဆန်းစစ်ရမယ့် မေးခွန်းပါ။ ဘယ်လိုပဲ
ဖြစ်ဖြစ် အလုပ်တွေရကြတယ်။) နားလည်မှုစာချွန် (MOU) လက်မှတ်ရေးထိုးထားတဲ့ ၀န်ကြီးဌာနတွေအနေနဲ့ ဆိုင်ရာလူမှုအဖွဲ့အစည်းတွေ ဘာလုပ်နေသလဲဆိုတာ သိနိုင်တယ်။ (သိလိုတာဟုတ်၊ မဟုတ်ကို တခြားသတင်းအချက်အလက်တွေ တောင်း၊ မတောင်း၊ အဲဒီအချက်အလက်တွေအပေါ် အခြေခံပြီး ဘာကို ဆောင်ရွက်တာလဲဆိုတာနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ ဘာကြောင့် သိချင်ရတာလဲ။ သိဖို့ကော မူဝါဒသဘောအရလိုလို့လားဆိုတာကတော့ ဆက်လက်မေးရမယ့် မေးခွန်းပါ။ လိုအပ်တာ မလိုအပ်တာအပထား အဟန့်သဘောဖြစ်တယ်။ (အဲဒီအဟန့်ဟာ တကယ့်လုံခြုံရေး ထိပါးလာမယ့် ကိစ္စတွေအထိ တားဆီးနိုင်မယ့် အဟန့်ဖြစ်ရဲ့လား ဆိုတာကတော့ ဆက်လက်မေးမြန်းရမယ့် မေးခွန်းပါ။) အကျိုးကျေးဇူးတွေရှိဦးမှာပါ။

ခုလို အကျိုးအပြစ်ကို သိပြီးတဲ့နောက် ချမှတ်ထားတာတွေကြောင့် အစိုးရအနေနဲ့ ပေးလိုက်ရတာနဲ့ ရတာကိုချိန်ကြည့်ပြီး အသာအနာကို တွက်ရမှာပါ။ မူလရည်ရွယ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်၊ အနာထက် အကျိုးက များနေတယ်ဆိုရင် အဲဒီမူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းကို ဆက်လက်ကျင့်သုံးဖို့ အကြောင်းတစ်ကြောင်း ဖြစ်ပေတာပေါ့။

၅။ ပြီးတော့ မူဝါဒ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း တစ်ရပ်ကို အကောင်အထည် ဖော်ရတာကြောင့် လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအပေါ် အပြုသဘော ဒါမှမဟုတ် အဆိုးသဘော သက်ရောက်မှုရှိနိုင်သလား စဉ်းစားရပါဦးမယ်။ လူမှုအဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ နိုင်ငံခြားသားတွေကို သွားလာခွင့် ပေးထားပါတယ်။ အကြောင်းကြားဖို့ပဲ ပြောတာပါလို့ မကြာခဏဆိုသလို ၀န်ကြီးဌာနတွေက ပြော တတ်ကြပါတယ်။ အကြောင်းကြားတာနဲ့ ခွင့်ပြုချက်ယူရတာ ကွဲပါတယ်။ ခုဖြစ်နေတာက သက်ဆိုင်ရာ ၀န်ကြီးဌာန ခွင့်ပြုချက်ပါမှ သွားလာလို့ ရတာပါ။ မဟုတ်ရင် နယ်ရောက်တဲ့အခါ စာရွက်စာတမ်း မပါရင် အတားခံရပါတယ်။ မေးမြန်းခံရပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ချိုးဖောက်တာပါ။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာ အပိုင်း(၄) ပိုင်းပါပါတယ်။

- တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာနိုင်ပါတယ်။
- ဘယ်နေရာမှာပဲဖြစ်ဖြစ် နေထိုင်နိုင်တယ်။
- အဲဒီတိုင်းပြည်ကနေ ထွက်ခွာသွားနိုင်တယ်။
- ဒါပေမဲ့ အဲဒီသွားလာခွင့်ကို အစိုးရက ဟန့်တားနိုင်ပါတယ်။ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့၊ ငြိမ်ဝပ်ပိပြားရေးအတွက် ကာကွယ်
ဖို့၊ အများပြည်သူရဲ့ ကျန်းမာရေးနဲ့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ကာကွယ်ဖို့၊ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ထိပါးမယ့် အရေးက ကာကွယ်ဖို့ဆိုရင် အစိုးရက လူတစ်ယောက်ရဲ့ သွားလာခွင့်ကို ဟန့်တားနိုင်ပါတယ်။

လူမှုအဖွဲ့အစည်းတွေ နိုင်ငံခြားသား ၀န်ထမ်းတွေ ခရီးသွားလာနိုင်ပါတယ်။ ဒါပေမဲ့ ခွင့်တော့တောင်းရမယ်ဗျဆိုတာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်နေပါတယ်။ အစိုးရခွင့်ပြုမှ လုပ်နိုင်တာ လွတ်လပ်ခွင့်မဟုတ်ပါ။ ပြောင်းပြန်ပါပဲ။ အဲဒီလို အစိုးရဟာ လွတ်လပ်ခွင့်ကို ထိပါးနေတဲ့ အစိုးရသာ ဖြစ်ပါတယ်။

၆။ မူဝါဒကို အကောင်အထည် ဖော်တာကြောင့် ရလာတဲ့ အကျိုးဟာ ဘာမှမလုပ်ဘဲထားတာကြောင့် ပေးလိုက်ရမယ့် အဖိုးအခထက် သာလေရဲ့လား။ လူမှုအဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ နိုင်ငံခြားသားတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားတယ် ဆိုပါစို့။ အန္တရာယ် ရှိနိုင်ပါတယ်။ လုံခြုံရေးထိပါးချင်သူ ပါလာနိုင်တယ်။ ထိပါးနိုင်တဲ့ အန္တရာယ် ရှိနေနိုင်ပါတယ်။ လက်ရှိမူဝါဒကို ဆက်လက်ကျင့်သုံးနေတာကြောင့် အဲဒီလိုရလာမယ့် အဟန့်အကျိုးဟာ စောစောကတွက်ပြထားတဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုသဘောအရ ပေးရမှာတွေထက် သာလေရဲ့လား။

အထက်က မေးခွန်း ၅ မှာ ပြောခဲ့တာတွေကြောင့် နားလည်မှုလွဲမှာ ကျွန်တော်စိုးရိမ်ပါတယ်။ လက်ရှိအစိုးရဟာ လူ့အခွင့်အရေးကို တမင်ရည်ရွယ် ထိပါးနေတယ်လို့ ကျွန်တော် အဲဒီလို စွပ်စွဲနေတာ မဟုတ်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့ နေပြည်တော်မှာ ကျွန်တော်တွေ့တော့ လယ်ယာစိုက်ပျိုးရေး သုတေသနအတွက် ကျွန်တော်တို့ အတူလုပ်နေတဲ့ နိုင်ငံခြားသား ပညာရှင်တွေ သွားလာခွင့်နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားသားတွေဟာ ဘယ်နေရာမဆို သွားလာခွင့်ရှိပါတယ်။ သူတို့ လုံခြုံရေးကို ရှေ့ရှုပြီး ကန့်သတ်နယ်မြေကို မသွားဖို့ တားထားတာသာဖြစ်တယ်။ ခုဆိုရင် အပစ်အခတ်ရပ်စဲရေးတွေ ရှိလာပြီမို့ ကန့်သတ်နယ်မြေတွေ ပိုပြီးတော့တောင် နည်းလာပြီလို့ ဦးခင်ရီကပြောပါတယ်။ ဒါဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို ရှေ့ရှုဆောင်ရွက်လာတဲ့ လက်ရှိအစိုးရ ရဲ့ မူဝါဒလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးဌာန တော်တော်များများနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဆင့်ဆင့်က လက်တွေ့ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ပြောင်းပြန်တွေဖြစ်နေပါတယ်။

ဒီဆောင်းပါးဟာ လူမှုအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေ သွားလာခွင့်အတွက် အဓိကထားပြောတာမဟုတ်ပါ။ အဲဒီအကြောင်းက ဥပမာသာဖြစ်ပါတယ်။ မထိရောက်တဲ့ မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို မေးခွန်းခြောက်ခွန်းနဲ့ ပြန်လည်သုံးသပ်ပြီး ပယ်ဖျက်ဖို့က အဓိကဖြစ်ပါတယ်။ ဒါကို အကောင်အထည်ဖော်ဖို့ဆိုရင် ၀န်ကြီးဌာနတိုင်းမှာ သတ်သတ်မှတ်မှတ် အလုပ်အဖွဲ့ ဖွဲ့ပြီး ပုံမှန်ကို ဆောင်ရွက်ရမှာပါ။

ယခု မေးခွန်းတွေက မူဝါဒတစ်ရပ်မှာရှိတဲ့ အောက်ခံအမှန်အဖြစ် ယူဆချက် (assumptions) တွေကို ဆန်းစစ်တာမဟုတ်သေးပါဘူး။ လက်ရှိရှိနေတဲ့ အောက်ခံအမှန်အဖြစ် ယူဆချက်တွေအပေါ်မှာ တည်ဆောက်ထားတဲ့ ရည်မှန်းချက်တစ်ရပ်ကို အကောင်အထည်ဖော်ရာမှာ ထိရောက်မှုရှိလေရဲ့လား ဆိုတာကိုပဲ ဆန်းစစ်ထားတာ ဖြစ်ပါတယ်။ ဥပမာ- လုံခြုံရေးဆိုင်ရာ အယူအဆကို ဒီဆောင်းပါးမှာ မဆန်းစစ်ပါဘူး။ အဲဒီလုံခြုံရေး ရည်မှန်းချက်ကိုကော တကယ် ဖြည့်ဆည်းနိုင်ရဲ့လားလို့ ဆန်းစစ်တာသာဖြစ်ပါတယ်။ တကယ့်ကွေ့ချိုးအပြောင်းအလဲတွေကို လုပ်ဖို့ဆိုရင်တော့ ကိုယ့်မှာရှိနေတဲ့ အဲဒီအောက်ခံအမှန်အဖြစ် ယူဆချက်တွေကို စိန်ခေါ်ရပါတယ်။ ဒါက သပ်သပ်ရေးရမှာပါ။

ခု မေးခွန်း ၆ ခွန်းနဲ့ ဆန်းစစ်ပြီး မူဝါဒအဟောင်းတွေကို ဖယ်ရှားတာဟာ အစိုးရနဲ့ နေ့တဓူဝ ဆက်ဆံရာမှာ "အရင်လိုမဟုတ်တော့ဘူးဟေ့ တကယ့်ကို အစိုးရက ပြုပြင်ပြောင်းလဲနေတာ" လို့ အများပြည်သူက ထင်မြင်လာနိုင်တဲ့ လုပ်ဆောင်ချက် (quick win) တစ်မျိုးလည်း ဖြစ်ပါတယ်။ ဘဏ္ဍာရေး ကုန်ကျမှုလည်းနည်း၊ ပြုပြင်ပြောင်းလဲရေးအပေါ် ပြည်သူလူထု ထောက်ခံမှုလည်းရ၊ အစိုးရနဲ့ ဆက်ဆံနေရတဲ့ သာမန်ပြည်သူ တွေအတွက် အများကြီး ချောမွေ့လွယ်ကူ အချိန်ကုန်လည်း သက်သာတဲ့ ဆောင်ရွက်ချက်ဖြစ်မှာပါ။

မေးခွန်းကခြောက်ခွန်းထဲပါ။ လက်ရှိ မူဝါဒ တော်တော်များများအတွက် မေးခွန်းက ခြောက်ခွန်းအထိတောင် သွားဖို့လိုမယ် မထင်ကြောင်းပါဗျာ။
(စာရေးသူ တင်မောင်သန်းဟာ ယခင် သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာ၊ ဗဟုဖွံ့ဖြိုးမှုအဖွဲ့ထူထောင်သူတွေထဲက တစ်ဦးပါ။ ယခု စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (MDRI-CESD) မှာ အကြီးတန်း သုတေသီအဖြစ် ဆောင်ရွက်နေပြီး ရန်ကုန်မြို့မှာ နေထိုင်နေပါတယ်။)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/22/2012 01:27:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36034] Fwd: [လူဗိုလ်ဟူသည် ...] သတင်းထောက်ဆိုတာ ဘာလဲ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/21
Subject: [လူဗိုလ်ဟူသည် ...] သတင်းထောက်ဆိုတာ ဘာလဲ
To: lubo601@gmail.com



Tun Wai's photo.
ကောင်းတယ် ဖတ်ကြည့်ဖို့  သိသလောက်မျှဝေ လိုက်ပါတယ်။ ဒါမျိုးတွေသိထားမှ အသိတရားရဖို့ ထပ်ဆင့် တင်ပြလိုက်ပါရစေ   သတင်းထောက်ဆိုတာ ဘာလဲ *******************   ကင်မရာတလုံး၊ အသံဖမ်းစက်တခု၊ စာရွက်နဲ့မင်တန် တချောင်း ကိုင်ပြီး ကိုယ့်ကိုယ်ကို သတင်းထောက်ခန့်လို့ ရနေတော့ သတင်းထောက် တယောက်ဆိုတာ ဘာလဲ ဆိုတာ ရေးချင်လာပါတယ်။  ဆရာဝန်တယောက်က ဆေးမှားကုရင် ဆရာဝန်လက်မှတ် ဆုံးသွားနိုင် ပါတယ်။ ဒီလိုပဲ ရှေ့နေတယောက်က အမှုကို လှည့်ဖျားတင်ပြခဲ့ရင် ရှေ့နေ လိုင်စင်ဆုံးရုံကမ တရားခံလုံးလုံး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သတင်းသမားတယောက်ရဲ့ လုပ်ရပ်ကို ဘာနဲ့ ထိန်းချုပ်ထားသလဲ။  သတင်းသမားဆိုတာ လိုင်စင်ယူဖို့ မလိုပါဘူး။ စာမေးပွဲလည်း ဖြေစရာမလိုပါဘူး။ သတင်းလွတ်လပ်ခွင့်အောက်မှာ ဒီလို အဖွဲ့အစည်းတွေရဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို သတင်းသမားလို့ နာမယ်ခံမယ်ဆိုရင် ဒါလေးတွေတော့ သိစေချင်ပါတယ်။  သတင်းသမားတယောက်ရဲ့ ကျင့်ဝတ်ဟာ မိမိဖာသာ သတ်မှတ်ပြီး ဒီကျင့်ဝတ်ကို မိမိဖာသာ စောင့်ထိန်းရတဲ့ သဘောရှိပါတယ်။  သတင်းသမားတယောက်ကို ကုမ္ပဏီက ငှားရမ်းထားတယ် ဆိုရင် သူဟာ အဲဒီ ကုမ္ပဏီ အကျိုးစီးပွားအတွက် ချထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရပြီး အလွတ်သတင်းထောက် ဆိုရင်တော့ မိမိတဦးချင်းရဲ့ သတင်းအတွက် မိမိဖာသာ ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်ပါတယ်။  အဲဒီတော့ ဒီလောကထဲဝင်ပြီဆိုရင်၊ မိမိကိုယ် မိမိ သတင်းသမား ဖြစ်ချင်တယ်ဆိုရင် ကိုယ်က ဘယ်လို သတင်းသမားမျိုး ဖြစ်ချင်တာလဲ ဆိုတာ ကိုယ့်ဖာသာ ဆုံးဖြတ်၊ ကိုယ့်မူကိုယ် ချမှတ်ရပါတယ်။  လူအတော်များများက သတင်းတိုက်က ကျင့်ဝတ်ကို သတင်းကျင့်ဝတ်လို့ လက်ခံ လိုက်နာကြပါတယ်။ ဒါပေမဲ့ ဒီကျင့်ဝတ်က ကုမ္ပဏီ သတင်းတိုက်ရဲ့ အကျိုးစီးပွားကို ဦးစားပေးလာတဲ့အခါ၊ မိမိကိုယ်တိုင်က လက်ခံထားတဲ့ လူ့ကျင့်ဝတ်၊ သတင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့အခါမှာ ၀ိရောဓိတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အလွတ်သတင်းထောက်ဆိုတာတွေ ဖြစ်လာတာပါ။  သတင်းလွတ်လပ်ခွင့်ကို ကိုင်တွယ်ပြီး သတင်းလိုက်နေချိန်မှာ ဒီလွတ်လပ်ခွင့်နဲ့အတူ တာဝန်ကြီးကြီး ရှိလာပါတယ်။  အများလက်ခံထားတဲ့ အခြေခံကျတဲ့ သတင်းသမားကျင့်ဝတ် တချို့ကို ခေတ်အဆက်ဆက် အောင်မြင်ခဲ့တဲ့ သတင်းသမားတွေ ချမှတ်ခဲ့တာမို့ ဒီထဲကပဲ အကျဉ်းရုံး ပြောပါမယ်။  သတင်းသမားကျင့်ဝတ်အရ -  - အကြောင်းချင်းရာတခုကို အဖြစ်မှန်ကိုရှာပြီး ပြည့်ပြည့်စုံစုံ တင်ပြပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်က သိအောင် မပြတ်လေ့လာ စုံစမ်းနေပါ။ ရိုးသားစွာ၊ မျှတစွာ၊ ရဲရင့်စွာ သတင်းကို စုံစမ်းထောက်လှန်း တင်ပြပါ။ ပြောရေးဆိုခွင့် မရရှိသူတွေရဲ့ ကိုယ်စား သူတို့ ပြောချင်တာကို တင်ပြပါ။ အာဏာရှိသူတွေ လုပ်ပိုင်ခွင့်ရှိသူတွေကို တာဝန်ယူမှုပါ ရှိအောင် လုပ်ပါ။  - ထောင့်ပေါင်းစုံကနေ အကြောင်းချင်းရာတခုကို လေ့လာရာမှာ အာဏာရှိသူတွေရဲ့ သြဇာလွှမ်းမိုးမှု ကင်းလွတ်ပါစေ။ မိမိအပေါ် ယုံကြည်နိုင်မှုကို ထိခိုက်စေနိုင်မယ့်၊ မိမိရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မယ့် လုပ်ရပ်တွေ၊ အသင်းအပင်း အဖွဲ့အစည်းတွေနဲ့ ကင်းလွတ်အောင်နေပါ။  - သူတပါးအပေါ် ထိခိုက်မှုကို နဲနိုင်သမျှ နဲအောင် လုပ်ပါ။ မိမိတင်ပြတဲ့ သတင်းကြောင့် ထိခိုက် နစ်နာသွားမယ့်သူတွေ အပေါ် စာနာမှုရှိပါ။ မိမိရဲ့ သတင်းဇစ်မြစ်၊ မိမိ စုံစမ်းတဲ့ လူ၊ အဖွဲ့အစည်းနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လေးစားပါ။ အပြီးတိုင် ချေမှုန်းပစ်မယ်ဆိုတဲ့ အာဃာတမျိုး မထားပဲ လုပ်ဆောင်ရမယ်။ မိမိ ကိုယ် မိမိ မည်သူမည်ဝါ ဆိုပြီး မဟုတ်မမှန်ပြောဆိုပြီး သတင်းရယူတာမျိုး မလုပ်ရ။ လိမ်ညာပြောဆိုခြင်းမပြုရ။  -မိမိ ပါဝင်ပတ်သက်နေသော အဖွဲ့အစည်း၊ အုပ်စုအကြောင်း သတင်းတင်ပြခြင်း မပြုရ။ နိုင်ငံရေး၊ လူမှုရေး၊ လူမှုအဖွဲ့အစည်း၊ ဆန္ဒပြခြင်းမျိုးမှာ ပါဝင်လုပ်ဆောင်ခြင်း မပြုရ။ အစိုးရဖြစ်စေ၊ အစိုးရ တစိတ်တပိုင်း ဖြစ်စေ၊ လူမှုအဖွဲ့အစည်း၊ ကော်မတီ တခုခုတွင် ပါဝင်တာဝန်ထမ်းဆောင်ခြင်း မပြုရ။  - မိမိနှင့် သွေးသားတော်စပ်သူ၊ အမျိုးတော်စပ်သူ၊ မိမိနှင့် ပုဂ္ဂိုလ်ရေး အရသော်၎င်း၊ ငွေကြေးအရသော်၎င်း နီးစပ်သူများနှင့် ပတ်သက်ပြီး သတင်းတင်ပြခြင်း မပြုရ။ မိမိ၏ သတင်းထောက် ဖြစ်ခြင်းကို အသုံးချပြီး စီးပွားရေး၊ ငွေကြေးဆိုင်ရာအကျိုးအမြတ် ရယူခြင်း မပြုရ။ အခမဲ့ပေးသော အရာများကို မယူရ။  ဒါတွေကတော့ ခြုံငုံပြီး ရေးပြလိုက်တာပါ။ နောက်မှပဲ အကျယ် ရေးပါအုန်းမယ်။ အခုလောလောဆယ်တော့ သတင်းသမားတွေကိုယ်တိုင်ရော၊ ပရိသတ်တွေကပါ - သတင်းတပုဒ်ကို ဖတ်တဲ့အခါ၊ နားထောင်တဲ့အခါ၊ ထောက်လှမ်းတဲ့အခါတွေမှာ ဒီအခြေခံ စံတွေနဲ့ ဘယ်လောက် ညီ-မညီ အကဲဖြတ်ကြည့်ကြပါလို့ ပဲ ---။  သတင်းသမားဆိုတာ (၂)  ရေးရင်းနဲ့ပဲ ရေးစရာတွေ ရှိလာတော့ ရေးချင်ပြန်တယ်။ လိုသူယူ မလိုသူ မျက်နှာလွှဲထားလိုက်ကြပေတော့။  သမ္မတ ဦးသိန်းစိန်ကို သတင်းထောက်တချို့ ကန်တော့နေတဲ့ပုံ မိတ်ဆွေတယောက်ဆီက ရပါတယ်။ ဒီနေရာမှာ သတင်းထောက် တယောက်ရဲ့ မှတ်ကျောက်ကို ပို ပြီး တင်ပေးချင်လာပါတယ်။  ပြီးခဲ့တဲ့ ပို့စ်မှာ သတင်းသမားအခြေခံ ကျင့်ဝတ်အနေနဲ့ ရေးခဲ့ရာမှာ - မိမိအပေါ် ယုံကြည်နိုင်မှုကို ထိခိုက်စေနိုင်မယ့်၊ မိမိရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မယ့် လုပ်ရပ်တွေ၊ အသင်းအပင်း အဖွဲ့အစည်းတွေနဲ့ ကင်းလွတ်အောင်နေဖို့ ဆိုတဲ့အချက်နဲ့ ဒီလို ကန်တော့တဲ့ ကိစ္စ ညှိမယ်ထင်ပါတယ်။  ဒီနေရာမှာလည်း သမ္မတရယ် ဘယ်သူရယ် မဟုတ်ပါဘူး။ ဒါက သတင်းသမားရဲ့ ဂုဏ်သမာဓိ အရေးပါ။ (သံဃာကို ကန်တော့တာက တမျိုးပါ။ ဒီကိစ္စကိုတော့ နောက်ကြုံမှပဲ ဆွေးနွေးပါမယ်)။ သတင်းသမားဆိုတာ ယုံကြည်ထိုက်သူ ဖြစ်ဖို့ လိုပါတယ်။ ကင်မရာတလုံး။ စာတရွက် မင်တန်တချောင်းနဲ့ အသံဖမ်းစက်တလုံးနဲ့ သတင်းထောက်လုပ်လို့ ရပေမဲ့ ဒီလို လုပ်တိုင်းလည်း ယုံကြည်ထိုက်တဲ့ သတင်းထောက် မဖြစ်ပါဘူး။ ဥပမာ အစိုးရသတင်းဌာနအတွက် လုပ်တဲ့သူကို ဘယ်သူကမှ တကယ့်သတင်းထောက်လို့ မမြင်သလို လေးလည်း မလေးစားပါဘူး။ လူကို မဆိုလိုပါ။ သူ့ရဲ့ အလုပ်ကို ဆိုလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူဟာ အစိုးရကို ကိုယ်စားပြုနေရလို့ ပါပဲ။ အလားတူပဲ နိုင်ငံရေး ပါတီကြီးတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေကို ကိုယ်စားပြုတဲ့ သတင်းဌာနဟာ အဲဒီသူတွေကိုပဲ ကိုယ်စားပြုတဲ့အတွက် သူတို့ရဲ့ ရပ်တည်ချက်ဟာ မလွတ်လပ်ပါဘူး။ ဒါဟာ နိုင်ငံတကာ သတင်းလောကမှာ ဖြစ်နေတဲ့ အခြေအနေတွေဖြစ်ပြီးတော့ မြန်မာတခုထဲကို ရည်ရွယ်ပြောဆိုနေတာ မဟုတ်ပါဘူး။  ဒါကြောင့် သတင်းသမားဟာ နာမယ်တလုံး အရေးကြီးပါတယ်။ နာမယ်ကြီးတိုင်း နာမယ်ကောင်းတာ မဟုတ်သလို နာမယ်ကောင်းတိုင်း နေရာကောင်းမရနိုင်တာလည်း ရှိပါတယ်။ ဒီတော့ သတင်းထောက်ကောင်း သတင်းသမားကောင်း ဖြစ်ချင်ရင် မိမိဖာသာ စည်းမျဥ်း စည်းကမ်းထားပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် နေရ ပြုမူရ ဆင်ခြင်ရပါမယ်။ သိက္ခာရှိဖို့လိုပါတယ်။ သမာဓိရှိဖို့ လိုပါတယ်။ အရည်အချင်းရှိဖို့ လိုပါတယ်။ ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ဇွဲရှိမှု၊ အမှန်တရားကို လိုလားမှု - ဒါတွေရှိဖို့ လိုပါတယ်။ တကယ့် လွတ်လပ်တဲ့ သတင်းသမားကောင်း ဖြစ်ချင်ရင်တော့ ဒီအချက်တွေက အရေးကြီးပါတယ်။ နာမယ်ခံ သတင်းသမား လုပ်ချင်ရင်လည်း ထိုသူတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။  မြန်မာတွေရဲ့ ယဉ်ကျေးမှုအရ ကြီးသူကို ရိုသေလေးစားတာ ကောင်းတဲ့ ဓလေ့ပါ။ ဒါပေမဲ့ သတင်းသမားတွေ အနေနဲ့ အားနာလို့ မရပါဘူး။ လူမြင်ကောင်းအောင် ရောပြီးလိုက်လုပ်လို့ မရပါဘူး။ သူများယောင်လို့ လိုက်ယောင်တာ မဖြစ်ရပါဘူး။ ကိုယ်ကိုယ်တိုင်က မခိုင်မာ မပြတ်သားပဲနဲ့ ကိုယ်ထောက်လှမ်းမဲ့ သတင်းက ဘယ်လို ခိုင်မာ ပြတ်သားနိုင်မလဲဆိုတာ စဉ်းစားရပါလိမ့်မယ်။ ဒီလို အားနာစိတ်တွေနဲ့ ကိုယ်မြင်တာ ယုံကြည်တာကို မတင်ပြနိုင်ရင် ကိုယ့်သတင်းဟာ တန်ဖိုးမရှိပါဘူး။ ကိုယ့်ပရိသတ်ကိုလည်း သစ္စာဖောက်ရာကျပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ရှည်လများ အမြစ်တွယ်လာခဲ့တဲ့ self censorship ဆိုတဲ့ ကိုယ်တိုင်ဖြတ်တောက် ထိမ်းချုပ်ရေး အစဉ်အလာထဲ ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ အချိန်ကတော့ လိုနေနိုင်ပါတယ်။  သတင်းကိစ္စနဲ့ တွေ့တာမဟုတ်ကြဘူးဆိုရင်၊ အနားမှာ တခြားသူတွေ မရှိဘူးဆိုရင် ကိုယ့်မိတ်ဆွေ သူငယ်ချင်းကို နင်နင်ငါငါ ခေါ်နိုင်ပြောနိုင်ပေမဲ့ သတင်းယူမယ့် အနေအထားကို ရောက်လာရင် အဘ လည်း မခေါ်သင့်သလို အမ လည်း မခေါ်သင့်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က အဲဒီအချိန်မှာ ပရိသတ်ကို ကိုယ်စားပြုပြီး မေးနေလို့ပါ။ ကိုယ့်ပရိသတ်မှာ အရွယ်စုံ အဆင့်စုံ လူမျိုးစုံပါနေတဲ့အတွက် သူတို့ကို ကိုယ်စားပြုပြီး မေးရမှာပါ။  သတင်းထောက်ဟာ ကြားခံပဲ ဖြစ်ရပါမယ်။ ကိုယ်က ကိုအ၀ှါ မအ၀ှါ ဆိုတာ အရေးမကြီးတော့ဘဲ ကိုယ်မေးတဲ့ မေးခွန်း၊ ကိုယ့်ရဲ့ စိတ်ဝင်စားမှု၊ ကိုယ်ရဲ့ ဒီကိစ္စရပ်အပေါ် လေ့လာ သိကြွမ်းနားလည်မှု၊ ကိုယ့်စေတနာ၊ ကိုယ့်ရဲ့ သတင်းထောက် ပညာ - ဒါတွေကသာ အရေးပါ ပါတယ်။  အခုနက ကိစ္စကို ပြန်ကောက်ရရင် သမ္မတကို ကန်တော့နေတဲ့ သတင်းထောက်တွေဟာ သမ္မတကို တကယ်တန်း မေးခွန်းမေးတဲ့အခါမှာ လေးစားလွန်းတဲ့အတွက် တကယ်တန်းပြည်သူတွေက သိချင်တဲ့ သိသင့်တဲ့ မေးခွန်းတွေကို ကိုယ်စားပြုပြီး မေးဖို့၊ သမ္မတရဲ့ အဖြေကို မကျေနပ်ရင် အားမရရင် ပြန်မေးဖို့ဆိုတဲ့ အနေအထား ရှိနိုင်ပါအုန်းမလား။ သူတို့ကိုရော ဘယ်သူက လွတ်လပ်တဲ့ သတင်းထောက်လို့ လက်ခံနိုင်မလဲ။  ဒီနေရာမှာ အဲဒီသတင်းထောက်ရဲ့ မှတ်ကျောက်တရစ်ကို တွေ့နေရပါပြီ။ မြန်မာပြည်မှာ သတင်းထောက်ပညာနဲ့ အတွေ့အကြုံ လစ်ဟင်းနေခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ မနေ့တနေ့ကမှ ပြန်ပြီး အစပြုလာတဲ့ သတင်းလောကမှာ ဒီလို အမှားတွေကတော့ တွေ့နေရအုန်းမှာပါပဲ။  သတင်းသမားကို ကျောင်းကနေ မွေးထုတ်ပေးလိုက်လို့ မရပါဘူး။ ကျောင်းက သင်ခန်းစာကို လက်တွေ့ကျင့်သုံးရင်း အမှားတွေ တလှေကြီးထဲကနေ သင်ယူရင်း၊ သင်ဆရာ မြင်ဆရာတွေဆီကနေ ဆည်းပူးရင်းနဲ့ မိမိကိုယ်မိမိ ပျိုးထောင်ယူရတာပါ။ ဒီအမှားတခုကို နမူနာယူဖြစ်ပါစေလို့ပဲ ဆန္ဒပြုပါတယ်။ သတင်းသမားတယောက်ဟာ ကိုယ်က ဘယ်သူ့ကို ကိုယ်စားပြုသလဲဆိုတဲ့ မေးခွန်းကိုပဲ အပြန်ပြန် အလှန်လှန် ပြန်မေးနေဖို့ လိုမယ်လို့ ယူဆကြောင်းပါ။ (M)   (Burma-Newselite)  http://tunwai-states.blogspot.jp/2012/11/blog-post_5526.html
ကင်မရာတလုံး၊ အသံဖမ်းစက်တခု၊ စာရွက်နဲ့မင်တန် တချောင်း ကိုင်ပြီး ကိုယ့်ကိုယ်ကို သတင်းထောက်ခန့်လို့ ရနေတော့ သတင်းထောက် တယောက်ဆိုတာ ဘာလဲ ဆိုတာ ရေးချင်လာပါတယ်။

ဆရာဝန်တယောက်က ဆေးမှားကုရင် ဆရာဝန်လက်မှတ် ဆုံးသွားနိုင်ပါတယ်။ ဒီလိုပဲ ရှေ့နေတယောက်က အမှုကို လှည့်ဖျားတင်ပြခဲ့ရင် ရှေ့နေ လိုင်စင်ဆုံးရုံကမ တရားခံလုံးလုံး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သတင်းသမားတယောက်ရဲ့ လုပ်ရပ်ကို ဘာနဲ့ ထိန်းချုပ်ထားသလဲ။

သတင်းသမားဆိုတာ လိုင်စင်ယူဖို့ မလိုပါဘူး။ စာမေးပွဲလည်း ဖြေစရာမလိုပါဘူး။ သတင်းလွတ်လပ်ခွင့်အောက်မှာ ဒီလို အဖွဲ့အစည်းတွေရဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို သတင်းသမားလို့ နာမယ်ခံမယ်ဆိုရင် ဒါလေးတွေတော့ သိစေချင်ပါတယ်။

သတင်းသမားတယောက်ရဲ့ ကျင့်ဝတ်ဟာ မိမိဖာသာ သတ်မှတ်ပြီး ဒီကျင့်ဝတ်ကို မိမိဖာသာ စောင့်ထိန်းရတဲ့ သဘောရှိပါတယ်။

သတင်းသမားတယောက်ကို ကုမ္ပဏီက ငှားရမ်းထားတယ် ဆိုရင် သူဟာ အဲဒီ ကုမ္ပဏီ အကျိုးစီးပွားအတွက် ချထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရပြီး အလွတ်သတင်းထောက် ဆိုရင်တော့ မိမိတဦးချင်းရဲ့ သတင်းအတွက် မိမိဖာသာ ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်ပါတယ်။

အဲဒီတော့ ဒီလောကထဲဝင်ပြီဆိုရင်၊ မိမိကိုယ် မိမိ သတင်းသမား
ဖြစ်ချင်တယ်ဆိုရင် ကိုယ်က ဘယ်လို သတင်းသမားမျိုး ဖြစ်ချင်တာလဲ ဆိုတာ ကိုယ့်ဖာသာ ဆုံးဖြတ်၊ ကိုယ့်မူကိုယ် ချမှတ်ရပါတယ်။

လူအတော်များများက သတင်းတိုက်က ကျင့်ဝတ်ကို သတင်းကျင့်ဝတ်လို့ လက်ခံ လိုက်နာကြပါတယ်။ ဒါပေမဲ့ ဒီကျင့်ဝတ်က ကုမ္ပဏီ သတင်းတိုက်ရဲ့ အကျိုးစီးပွားကို ဦးစားပေးလာတဲ့အခါ၊ မိမိကိုယ်တိုင်က လက်ခံထားတဲ့ လူ့ကျင့်ဝတ်၊ သတင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့အခါမှာ ၀ိရောဓိတွေ
ဖြစ်လာပါတယ်။ ဒါကြောင့် အလွတ်သတင်းထောက်ဆိုတာတွေ
ဖြစ်လာတာပါ။

သတင်းလွတ်လပ်ခွင့်ကို ကိုင်တွယ်ပြီး သတင်းလိုက်နေချိန်မှာ ဒီလွတ်လပ်ခွင့်နဲ့အတူ တာဝန်ကြီးကြီး ရှိလာပါတယ်။

အများလက်ခံထားတဲ့ အခြေခံကျတဲ့ သတင်းသမားကျင့်ဝတ် တချို့ကို ခေတ်အဆက်ဆက် အောင်မြင်ခဲ့တဲ့ သတင်းသမားတွေ ချမှတ်ခဲ့တာမို့ ဒီထဲကပဲ အကျဉ်းရုံး ပြောပါမယ်။

သတင်းသမားကျင့်ဝတ်အရ -

- အကြောင်းချင်းရာတခုကို အဖြစ်မှန်ကိုရှာပြီး ပြည့်ပြည့်စုံစုံ တင်ပြပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်က သိအောင် မပြတ်လေ့လာ စုံစမ်းနေပါ။ ရိုးသားစွာ၊ မျှတစွာ၊ ရဲရင့်စွာ သတင်းကို စုံစမ်းထောက်လှန်း တင်ပြပါ။
ပြောရေးဆိုခွင့် မရရှိသူတွေရဲ့ ကိုယ်စား သူတို့ ပြောချင်တာကို တင်ပြပါ။ အာဏာရှိသူတွေ လုပ်ပိုင်ခွင့်ရှိသူတွေကို တာဝန်ယူမှုပါ ရှိအောင် လုပ်ပါ။

- ထောင့်ပေါင်းစုံကနေ အကြောင်းချင်းရာတခုကို လေ့လာရာမှာ အာဏာရှိသူတွေရဲ့ သြဇာလွှမ်းမိုးမှု ကင်းလွတ်ပါစေ။ မိမိအပေါ် ယုံကြည်နိုင်မှုကို ထိခိုက်စေနိုင်မယ့်၊ မိမိရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မယ့် လုပ်ရပ်တွေ၊ အသင်းအပင်း အဖွဲ့အစည်းတွေနဲ့ ကင်းလွတ်အောင်နေပါ။

- သူတပါးအပေါ် ထိခိုက်မှုကို နဲနိုင်သမျှ နဲအောင် လုပ်ပါ။ မိမိတင်ပြတဲ့ သတင်းကြောင့် ထိခိုက် နစ်နာသွားမယ့်သူတွေ အပေါ် စာနာမှုရှိပါ။ မိမိရဲ့ သတင်းဇစ်မြစ်၊ မိမိ စုံစမ်းတဲ့ လူ၊ အဖွဲ့အစည်းနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လေးစားပါ။ အပြီးတိုင် ချေမှုန်းပစ်မယ်ဆိုတဲ့ အာဃာတမျိုး မထားပဲ လုပ်ဆောင်ရမယ်။ မိမိ ကိုယ် မိမိ မည်သူမည်ဝါ ဆိုပြီး မဟုတ်မမှန်ပြောဆိုပြီး သတင်းရယူတာမျိုး မလုပ်ရ။ လိမ်ညာပြောဆိုခြင်းမပြုရ။

-မိမိ ပါဝင်ပတ်သက်နေသော အဖွဲ့အစည်း၊ အုပ်စုအကြောင်း သတင်းတင်ပြခြင်း မပြုရ။ နိုင်ငံရေး၊ လူမှုရေး၊ လူမှုအဖွဲ့အစည်း၊ ဆန္ဒပြခြင်းမျိုးမှာ ပါဝင်လုပ်ဆောင်ခြင်း မပြုရ။ အစိုးရဖြစ်စေ၊ အစိုးရ တစိတ်တပိုင်း ဖြစ်စေ၊ လူမှုအဖွဲ့အစည်း၊ ကော်မတီ တခုခုတွင် ပါဝင်တာဝန်ထမ်းဆောင်ခြင်း မပြုရ။

- မိမိနှင့် သွေးသားတော်စပ်သူ၊ အမျိုးတော်စပ်သူ၊ မိမိနှင့် ပုဂ္ဂိုလ်ရေး အရသော်၎င်း၊ ငွေကြေးအရသော်၎င်း နီးစပ်သူများနှင့် ပတ်သက်ပြီး သတင်းတင်ပြခြင်း မပြုရ။ မိမိ၏ သတင်းထောက် ဖြစ်ခြင်းကို အသုံးချပြီး စီးပွားရေး၊ ငွေကြေးဆိုင်ရာအကျိုးအမြတ် ရယူခြင်း မပြုရ။ အခမဲ့ပေးသော အရာများကို မယူရ။

ဒါတွေကတော့ ခြုံငုံပြီး ရေးပြလိုက်တာပါ။ နောက်မှပဲ အကျယ် ရေးပါအုန်းမယ်။
အခုလောလောဆယ်တော့ သတင်းသမားတွေကိုယ်တိုင်ရော၊ ပရိသတ်တွေကပါ - သတင်းတပုဒ်ကို ဖတ်တဲ့အခါ၊ နားထောင်တဲ့အခါ၊ ထောက်လှမ်းတဲ့အခါတွေမှာ ဒီအခြေခံ စံတွေနဲ့ ဘယ်လောက် ညီ-မညီ အကဲဖြတ်ကြည့်ကြပါလို့ ပဲ ---။

သတင်းသမားဆိုတာ (၂)

ရေးရင်းနဲ့ပဲ ရေးစရာတွေ ရှိလာတော့ ရေးချင်ပြန်တယ်။ လိုသူယူ မလိုသူ မျက်နှာလွှဲထားလိုက်ကြပေတော့။

သမ္မတ ဦးသိန်းစိန်ကို သတင်းထောက်တချို့ ကန်တော့နေတဲ့ပုံ မိတ်ဆွေတယောက်ဆီက ရပါတယ်။ ဒီနေရာမှာ သတင်းထောက် တယောက်ရဲ့ မှတ်ကျောက်ကို ပို
ပြီး တင်ပေးချင်လာပါတယ်။

ပြီးခဲ့တဲ့ ပို့စ်မှာ သတင်းသမားအခြေခံ ကျင့်ဝတ်အနေနဲ့ ရေးခဲ့ရာမှာ - မိမိအပေါ် ယုံကြည်နိုင်မှုကို ထိခိုက်စေနိုင်မယ့်၊ မိမိရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မယ့် လုပ်ရပ်တွေ၊ အသင်းအပင်း အဖွဲ့အစည်းတွေနဲ့ ကင်းလွတ်အောင်နေဖို့ ဆိုတဲ့အချက်နဲ့ ဒီလို ကန်တော့တဲ့ ကိစ္စ ညှိမယ်ထင်ပါတယ်။

ဒီနေရာမှာလည်း သမ္မတရယ် ဘယ်သူရယ် မဟုတ်ပါဘူး။ ဒါက သတင်းသမားရဲ့ ဂုဏ်သမာဓိ အရေးပါ။ (သံဃာကို ကန်တော့တာက တမျိုးပါ။ ဒီကိစ္စကိုတော့ နောက်ကြုံမှပဲ ဆွေးနွေးပါမယ်)။ သတင်းသမားဆိုတာ ယုံကြည်ထိုက်သူ ဖြစ်ဖို့ လိုပါတယ်။ ကင်မရာတလုံး။ စာတရွက် မင်တန်တချောင်းနဲ့ အသံဖမ်းစက်တလုံးနဲ့ သတင်းထောက်လုပ်လို့ ရပေမဲ့ ဒီလို လုပ်တိုင်းလည်း ယုံကြည်ထိုက်တဲ့ သတင်းထောက် မဖြစ်ပါဘူး။ ဥပမာ အစိုးရသတင်းဌာနအတွက် လုပ်တဲ့သူကို ဘယ်သူကမှ တကယ့်သတင်းထောက်လို့ မမြင်သလို လေးလည်း မလေးစားပါဘူး။ လူကို မဆိုလိုပါ။ သူ့ရဲ့ အလုပ်ကို ဆိုလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူဟာ အစိုးရကို ကိုယ်စားပြုနေရလို့ ပါပဲ။ အလားတူပဲ နိုင်ငံရေး ပါတီကြီးတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေကို ကိုယ်စားပြုတဲ့ သတင်းဌာနဟာ အဲဒီသူတွေကိုပဲ ကိုယ်စားပြုတဲ့အတွက် သူတို့ရဲ့ ရပ်တည်ချက်ဟာ မလွတ်လပ်ပါဘူး။ ဒါဟာ နိုင်ငံတကာ သတင်းလောကမှာ ဖြစ်နေတဲ့ အခြေအနေတွေဖြစ်ပြီးတော့ မြန်မာတခုထဲကို ရည်ရွယ်ပြောဆိုနေတာ မဟုတ်ပါဘူး။

ဒါကြောင့် သတင်းသမားဟာ နာမယ်တလုံး အရေးကြီးပါတယ်။ နာမယ်ကြီးတိုင်း နာမယ်ကောင်းတာ မဟုတ်သလို နာမယ်ကောင်းတိုင်း နေရာကောင်းမရနိုင်တာလည်း ရှိပါတယ်။ ဒီတော့ သတင်းထောက်ကောင်း သတင်းသမားကောင်း ဖြစ်ချင်ရင် မိမိဖာသာ စည်းမျဥ်း စည်းကမ်းထားပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် နေရ ပြုမူရ ဆင်ခြင်ရပါမယ်။ သိက္ခာရှိဖို့လိုပါတယ်။ သမာဓိရှိဖို့ လိုပါတယ်။ အရည်အချင်းရှိဖို့ လိုပါတယ်။ ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ဇွဲရှိမှု၊ အမှန်တရားကို လိုလားမှု - ဒါတွေရှိဖို့ လိုပါတယ်။ တကယ့် လွတ်လပ်တဲ့ သတင်းသမားကောင်း ဖြစ်ချင်ရင်တော့ ဒီအချက်တွေက အရေးကြီးပါတယ်။ နာမယ်ခံ သတင်းသမား လုပ်ချင်ရင်လည်း ထိုသူတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။

မြန်မာတွေရဲ့ ယဉ်ကျေးမှုအရ ကြီးသူကို ရိုသေလေးစားတာ ကောင်းတဲ့ ဓလေ့ပါ။ ဒါပေမဲ့ သတင်းသမားတွေ အနေနဲ့ အားနာလို့ မရပါဘူး။ လူမြင်ကောင်းအောင် ရောပြီးလိုက်လုပ်လို့ မရပါဘူး။ သူများယောင်လို့ လိုက်ယောင်တာ မဖြစ်ရပါဘူး။ ကိုယ်ကိုယ်တိုင်က မခိုင်မာ မပြတ်သားပဲနဲ့ ကိုယ်ထောက်လှမ်းမဲ့ သတင်းက ဘယ်လို ခိုင်မာ ပြတ်သားနိုင်မလဲဆိုတာ စဉ်းစားရပါလိမ့်မယ်။ ဒီလို အားနာစိတ်တွေနဲ့ ကိုယ်မြင်တာ ယုံကြည်တာကို မတင်ပြနိုင်ရင် ကိုယ့်သတင်းဟာ တန်ဖိုးမရှိပါဘူး။ ကိုယ့်ပရိသတ်ကိုလည်း သစ္စာဖောက်ရာကျပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ရှည်လများ အမြစ်တွယ်လာခဲ့တဲ့ self censorship ဆိုတဲ့ ကိုယ်တိုင်ဖြတ်တောက် ထိမ်းချုပ်ရေး အစဉ်အလာထဲ ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ အချိန်ကတော့ လိုနေနိုင်ပါတယ်။

သတင်းကိစ္စနဲ့ တွေ့တာမဟုတ်ကြဘူးဆိုရင်၊ အနားမှာ တခြားသူတွေ မရှိဘူးဆိုရင် ကိုယ့်မိတ်ဆွေ သူငယ်ချင်းကို နင်နင်ငါငါ ခေါ်နိုင်ပြောနိုင်ပေမဲ့ သတင်းယူမယ့် အနေအထားကို ရောက်လာရင် အဘ လည်း မခေါ်သင့်သလို အမ လည်း မခေါ်သင့်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က အဲဒီအချိန်မှာ ပရိသတ်ကို ကိုယ်စားပြုပြီး မေးနေလို့ပါ။ ကိုယ့်ပရိသတ်မှာ အရွယ်စုံ အဆင့်စုံ လူမျိုးစုံပါနေတဲ့အတွက် သူတို့ကို ကိုယ်စားပြုပြီး မေးရမှာပါ။

သတင်းထောက်ဟာ ကြားခံပဲ ဖြစ်ရပါမယ်။ ကိုယ်က ကိုအ၀ှါ မအ၀ှါ ဆိုတာ အရေးမကြီးတော့ဘဲ ကိုယ်မေးတဲ့ မေးခွန်း၊ ကိုယ့်ရဲ့ စိတ်ဝင်စားမှု၊ ကိုယ်ရဲ့ ဒီကိစ္စရပ်အပေါ် လေ့လာ သိကြွမ်းနားလည်မှု၊ ကိုယ့်စေတနာ၊ ကိုယ့်ရဲ့ သတင်းထောက် ပညာ - ဒါတွေကသာ အရေးပါ ပါတယ်။

အခုနက ကိစ္စကို ပြန်ကောက်ရရင် သမ္မတကို ကန်တော့နေတဲ့ သတင်းထောက်တွေဟာ သမ္မတကို တကယ်တန်း မေးခွန်းမေးတဲ့အခါမှာ
လေးစားလွန်းတဲ့အတွက် တကယ်တန်းပြည်သူတွေက သိချင်တဲ့ သိသင့်တဲ့ မေးခွန်းတွေကို ကိုယ်စားပြုပြီး မေးဖို့၊ သမ္မတရဲ့ အဖြေကို မကျေနပ်ရင် အားမရရင် ပြန်မေးဖို့ဆိုတဲ့ အနေအထား ရှိနိုင်ပါအုန်းမလား။ သူတို့ကိုရော ဘယ်သူက လွတ်လပ်တဲ့ သတင်းထောက်လို့ လက်ခံနိုင်မလဲ။

ဒီနေရာမှာ အဲဒီသတင်းထောက်ရဲ့ မှတ်ကျောက်တရစ်ကို တွေ့နေရပါပြီ။
မြန်မာပြည်မှာ သတင်းထောက်ပညာနဲ့ အတွေ့အကြုံ လစ်ဟင်းနေခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ မနေ့တနေ့ကမှ ပြန်ပြီး အစပြုလာတဲ့ သတင်းလောကမှာ ဒီလို အမှားတွေကတော့ တွေ့နေရအုန်းမှာပါပဲ။

သတင်းသမားကို ကျောင်းကနေ မွေးထုတ်ပေးလိုက်လို့ မရပါဘူး။
ကျောင်းက သင်ခန်းစာကို လက်တွေ့ကျင့်သုံးရင်း အမှားတွေ တလှေကြီးထဲကနေ သင်ယူရင်း၊ သင်ဆရာ မြင်ဆရာတွေဆီကနေ ဆည်းပူးရင်းနဲ့ မိမိကိုယ်မိမိ ပျိုးထောင်ယူရတာပါ။ ဒီအမှားတခုကို နမူနာယူဖြစ်ပါစေလို့ပဲ ဆန္ဒပြုပါတယ်။ သတင်းသမားတယောက်ဟာ ကိုယ်က ဘယ်သူ့ကို ကိုယ်စားပြုသလဲဆိုတဲ့ မေးခွန်းကိုပဲ အပြန်ပြန် အလှန်လှန် ပြန်မေးနေဖို့ လိုမယ်လို့ ယူဆကြောင်းပါ။ (M)


(Burma-Newselite)

http://tunwai-states.blogspot.jp/2012/11/blog-post_5526.html


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/22/2012 01:19:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36032] Fwd: [လူဗိုလ်ဟူသည် ...] 7 Examples of Valid Passive Construction (Passive ၀ါကျ မှန်ကန်စွာ ရေးသားပုံ ဥပမာ ၇ခု)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/21
Subject: [လူဗိုလ်ဟူသည် ...] 7 Examples of Valid Passive Construction (Passive ၀ါကျ မှန်ကန်စွာ ရေးသားပုံ ဥပမာ ၇ခု)
To: lubo601@gmail.com



Posted by Win Mya Swe on November 21, 2012 at 17:21 in

သဒ္ဒာစည်းမျဉ်းတွေထဲမှာ မှတ်လို့ အလွယ်ဆုံးကတော့ Passive Voice ဒါမှမဟုတ် Passive ၀ါကျကို ရှောင်ရှားသင့်တယ်ဆိုတဲ့ စည်းမျဉ်းဘဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီစည်းမျဉ်းမှာ ခြွင်းချက်တွေ ရှိနေတယ်။
Passive Voice ကို သူ့နေရာနဲ့သူ သုံးရမယ့် အခြေအနေတွေ ရှိတယ်။ Passive Voice သုံးသင့်တဲ့ အနေအထားတွေကို ဖော်ပြလိုက်ပါတယ်။

Passive Vocie ဆိုတာ ပြုလုပ်သူ မဟုတ်ဘဲ ပြုလုပ်ခံ နာမ် Noun ကို ကတ္တား နေရာမှာ subject ထားပြီး တည်ဆောက်ထားတဲ့ ၀ါကျတွေကို ခေါ်တယ်။ ဥပမာ Appropriate uses are described below. သင့်တော်တဲ့ အသုံးပြုပုံတွေကို အောက်မှာ ဖော်ပြထားပါတယ် လို့ ရေးမယ်ဆိုရင် Passive Voice ဖြစ်ပါတယ်။
Passive Voice ကို သုံးတာ မကောင်းဘူးလို့ အယူအစွဲ ရှိနေတာက ခိုင်လုံတဲ့ အကြောင်းတော့လည်း ရှိပါတယ်။ Passive Voice နဲ့ တည်ဆောက်တဲ့ ၀ါကျတွေက Active Voice နဲ့ တည်ဆောက်တဲ့ ၀ါကျတွေလောက် ကျစ်ကျစ်လစ်လစ် မရှိတတ်ဘူး။ ပြုလုပ်သူ ဘယ်သူလည်း ဆိုတာလည်း မပေါ်လွင်တော့ဘူး။ ပုံမှန် အင်္ဂလိပ်ဘာသာ ၀ါကျ ဖွဲ့စည်းတည်ဆောက်ပုံနဲ့လည်း ပြောင်းပြန် ဖြစ်နေတယ်။
ဒါပေမယ့် အောက်ဖော်ပြပါ အခြေအနေတွေမှာတော့ Passive Voice သုံးလို့ အဆင်ပြေတယ်။

၁။ ပြုသူကို အဓိကမထားလိုဘဲ အပြုခံကို အဓိကထားချင်တဲ့အခါ Passive Voice ကို သုံးနိုင်တယ်။ " The message was conveyed by the courier." စာကို ပစ္စည်းပို့သူက လာပေးသွားတယ်။

၂။ ပြုသူက မသက်ဆိုင်တဲ့အခါ ဒါမှမဟုတ် အဓိပ္ပာယ်သက်ရောက်ပြီး ဖြစ်နေတဲ့အခါ Passive voice ကို သုံးနိုင်တယ်။
" The defendent was found not guilty. " တရားခံကို အပြစ်မရှိဟု စီရင်ချက်ချသည်။

၃။ ပြုသူကို မဖော်ထုတ်နိုင်သောအခါ Passive Voice ကို သုံးနိုင်တယ်။
" The dog was poisoned" ခွေး အဆိပ်ခတ်ခံရတယ်။

၎။ ပြုသူကို မဖော်ထုတ်သင့်တဲ့အခါ (ဒါမှမဟုတ် မဖော်ထုတ်လိုတဲ့အခါ) Passive Voice ကို သုံးနိုင်တယ်။
" Mistakes were made" အမှားတွေ လုပ်ခဲ့တယ်။

၅။ ပြုသူကို ဖော်ပြပြီးနောက်မှာ သရုပ်ဖော်တဲ့ စကားစုတွေ အရှည်ကြီး ပါနေတဲ့အခါ Passive Voice ကို သုံးနိုင်တယ်။
" The alternative was suggested by John Smithk, the consultant hired to analyse the problem and recommend solutions. " အခြားရွေးချယ်နိုင်သော နည်းလမ်းကို ဂျွန်စမစ်က အကြံပြုပါသည်။ ဂျွန်စမစ်မှာ ပြဿနာကို ဆန်းစစ်လေ့လာပြီး ဖြေရှင်းချက်များ အကြံပြုရန် ခန့်အပ်ထားသော အတိုင်ပင်ခံဖြစ်ပါသည်။
(Active Voice နဲ့ ရေးမယ်ဆိုရင် " John Smith, the consultant hired to analyse the problem and recommend solutions, suggested the alternative " လို့ ဖြစ်ပါမယ်၊ အဲဒါဆိုရင် alternative အခြားရွေးချယ်နိုင်သော နည်းလမ်း ထက် ဂျွန်စမစ်ကို ပိုပြီး အလေးအနက်ပြုရာ ရောက်ပါတယ်။)

၆။ ပြုသူမည်သူဖြစ်ကြောင်း မဖော်ပြသေးဘဲ ရွှေ့ဆိုင်းချင်တဲ့အခါ Passive Voice ကို သုံးနိုင်တယ်။ " The candelabra was moved by the only guest who had the opportunity during that time — the professor! " ဖယောင်းတိုင်တင်တဲ့ စင်ကို ရွှေ့တာကတော့ အဲဒီအချိန်အတွင်းမှာ ရွှေ့ဖို့ အခွင့်အရေး ရှိခဲ့တဲ့ တစ်ဦးတည်းသော ဧည့်သည်ဖြစ်တဲ့ ပါမောက္ခကြီးဘဲ ဖြစ်ပါတယ်။

၇။ Passive Voice နဲ့ ၀ါကျတည်ဆောက်ခြင်းအားဖြင့် ပိုပြီး ဂုဏ်မြောက်နိုင်တဲ့အခါ Passive Voice ကို သုံးနိုင်တယ်။
" Never in the field of human conflict was so much owed by so many to so few. " လူသားများအကြား ပဋိပက္ခဖြစ်မှု နယ်ပယ်မှာ ဒီလောက်နည်းတဲ့လူတစ်စုကို ဒီလောက်များတဲ့ လူထုက ဒီလောက်များများ ကျေးဇူးတင်ရတဲ့အဖြစ် မရှိခဲ့ပါဘူ်း။


Read more: 7 Examples of Valid Passive Construction (Passive ၀ါကျ မှန်ကန်စွာ ရေးသားပုံ ဥပမာ ၇ခု) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A756613&xgs=1&xg_source=msg_share_topic#ixzz2Cv7WtdG2


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/22/2012 10:58:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36032] Fwd: [လူဗိုလ်ဟူသည် ...] အို ဘယ့်.. ရန်ကုန်တက္ကသိုလ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/21
Subject: [လူဗိုလ်ဟူသည် ...] အို ဘယ့်.. ရန်ကုန်တက္ကသိုလ်
To: lubo601@gmail.com



by Shwe Eaim Si on Wednesday, November 21, 2012 at 7:45pm ·


Webometrics ရဲ့ ၂၀၀၇ခုနှစ် နှစ်လည်ထုတ်ဝေလိုက်တဲ့ အရှေ့တောင်အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ ကို ကျွန်တော် ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်မျက်စိကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရတာကို ၀န်ခံပါရစေ။


အခု ၁၀၀ ထဲမှာ ထိုင်းနိုင်ငံက တက္ကသိုလ် ၄၁ခု၊ မလေးရှားက ၁၈ခု၊ အင်ဒိုနီးရှားက ၁၄ခု၊ ဖိလစ်ပိုင်က ၁၃ခု၊ စင်္ကာပူနဲ့ ဗီယက်နမ်က ၇ခုစီ ပါဝင်တယ်။ အဲဒီအထဲမှာ ကျွန်တော်တို့မြန်မာပြည်က တက္ကသိုလ်များကို မဆိုထားဘိ၊ ရန်ကုန်တက္ကသိုလ် တောင်မပါဘူး။
တစ်နှစ်ကို ၂ ကြိမ် ၂၀၀၄ခုနှစ်ကတည်းက စဉ်ဆက်မပြတ် စီစစ်တည်းဖြတ်လာတဲ့ အထက်ပါ စစ်တမ်းဟာ တက္ကသိုလ် အလိုက် ထုတ်လွှင့်ထားတဲ့ အင်တာနက်စာမျက်နှာ သတင်းအချက်အလက်များ၏ အရည်အသွေးကို အဓိက ဆန်းစစ်ခြင်း ဖြစ်တယ်။ လက်တွေ့ပြုလုပ်နေတဲ့ သိပ္ပံနှင့်နည်းပညာ ရှာဖွေတွေ့ရှိမှု၊ နိုင်ငံတကာအဆင့် သုတေသနလုပ်နိုင်မှု၊ သင်ကြားမှု အရည်အသွေး၊ နည်းပညာ ဖလှယ်မှု၊ အလုပ်အကိုင် ချိတ်ဆက်ထားရှိမှု စတဲ့ ကိစ္စရပ်များကို တပြေးညီ အင်တာနက်စာ မျက် နှာ မှာ လွှင့်တင်ထားဖို့ လိုအပ်ကြောင်းကိုလည်း အဆိုပါ စပိန်အခြေစိုက် သုတေသနအဖွဲ့ မှ အကြံပေးထားတယ်။


ရင်ထဲရှိတဲ့အတိုင်း ဆင်ဆာမဖြတ်ဘဲ ပြောရရင် … အမိမြန်မာပြည်က တက္ကသိုလ်အားလုံးကို မဆိုထားပါနဲ့အုံး၊ ရန်ကုန်တက္ကသိုလ်ကိုဘဲ ဦးတည်ပါစို့။

"အို… ကို ရန်ကုန်တက္ကသိုလ် …
မင်း .. အိပ်ပျော်နေတာလား၊ အိပ်ချင်ဟန်ဆောင်နေတာလား၊တမင်
တကာ မသိချင်ယောင် ဆောင်နေတာလား၊
မင်းတစ်ယောက်တည်းရှိတယ်လို့များ မှတ်ထင်နေလားကွာ..
မင်းကိုယ်မင်း ဆန်းစစ်ဖို့ လိုနေတယ်ကွ ကမ္ဘာကြီး တစ်ခုလုံးကို မကြည့်ပါနဲ့အုံး
တို့ အရှေ့တောင် အာရှ ၁၁ နိုင်ငံနဲ့ ယှဉ်ကြည့်ပါအုံး
ဘာတွေတိုးတက်အောင်လုပ်ဖို့လို
တယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး
မင်းအိပ်ပျော်နေတယ်ဆိုရင်လည်း နိုးချိန်တန်ပါပြီကွာ။
မင်း မသိချင်ယောင်ဆောင်နေရင်လည်း သိဖို့ တန်ပါပြီ
ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ရွာကြီးဖြစ်လာပြီဆိုတာ မင်းနားလည်ဖို့တန်ပါပြီ
၁၉၄၀-၅၀ နှစ်များဆီက အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့တယ်ဆို
တာကို မမေ့တန်ကောင်းပါဘူး
မင်းအတိတ်မေ့နေတယ်ဆိုတာကိုလည်း ငါမယုံနိုင်ဘူးကွာ။

ဒီတသက် ခေါင်းမချခင်မှာ မင်းဆီမှာ စတေးခဲ့ရတဲ့ တို့ဘ၀တွေကို အများက ဂုဏ်ယူစရာ၊ အတုယူစရာဖြစ်အောင်
မင်း ဆောင်ကြဉ်းပေးနိုင်ပါစေ...
ထို့အတူမင်းကြုံတွေ့ရမဲ့ အခက်အခဲတွေကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပါစေလို့…."တို့ ဆုတောင်းလိုက်ပါတယ်ကွာ။
အဆင့် ၁ မှ ၂၀ ရှိ အရှေ့တောင်အာရှ တက္ကသိုလ်များ၏ အဆင့်အတန်း

1 National University Of Singapore - Singapore
2 Nanyang Technological University - Singapore
3 Kasetsart University - Thailand
4 Chulalongkorn University - Thailand
5 Prince Of Songkla University - Thailand
6 Asian Institute Of Technology Thailand - Thailand
7 Chiang Mai University - Thailand
8 Thammasat University - Thailand
9 Assumption University Of Thailand - Thailand
10 Khon Kaen University - Thailand
11 Mahidol University - Thailand
12 Gadjah Mada University - Indonesia
13 Institute Of Technology Bandung - Indonesia
14 Universiti Sains Malaysia - Malaysia
15 Universiti Teknologi Malaysia - Malaysia
16 Multimedia University - Malaysia
17 University Of The Philippines Diliman - Philippines
18 Universiti Putra Malaysia - Malaysia
19 University Malaya - Malaysia
20 King Mongkut's Institute Of Technology Ladkrabang - Thailand
လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
စင်ကာပူ ၀န်ကြီးချုပ်ဖြစ်လာမယ် သူဟာ တက္ကသိုလ်ကျောင်းသားဘ၀ကမြန်မာပြည်က ရန်ကုန် တက္ကသိုလ် ကိုကြည့်ပြီး သိပ် အားကျခဲ့တာရန်ကုန်တက္ကသိုလ်ကြီးဟာ ငါတို့နိုင်ငံမှာ ဆိုရင်ဘယ်လောက်များကောင်းလိမ့်
မလဲ........
ဒီတက္ကသိုလ်ကြီးမှာသာ ဘွဲ့ယူခွင့်ရရင် ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိမ့်မလဲ....တဲ့
စင်ကာပူမြို့တော်ကိုတည်ဆောက်တဲ့
အခါ ငါတို့ Burma က Rangoon City ကို သူတို့ရဲံ ပညာရှင်တွေကိုယ်တိုင်
လာရောက်လေ့လာပြီးတော့မှ Rangoon City ရဲ့ ပုံစံကို အခြေခံယူပြီး singapore ကို တည်ဆောက်ခဲ့တာဘဲလေ......


လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ထိုင်း ဘတ်ငွေ ၂၅ ဘတ်က Burma ငွေ တစ်ကျပ် တဲ့
အခုတော့ ထိုင်း တစ်ဘတ် က မြန်မာ ငွေ ၃၅ ကျပ် ဖြစ်သွားပြီ...

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ဘားမား ဘောလုံးအသင်းက မာဒေးကားမှာ ( အရှေ့တောင်အာရှ နှင့် အာရှ ထိပ်တန်းအသင်းများပါဝင်)ဆိုဘားမားဘောလုံး အသင်းရဲံ အောင်မြင်မှုကို အရှေ့တောင်အာရှ က ဘယ်အသင်း မီမှာတဲ့လဲအာရှမှာ ချန်ပီယုံဖြစ်ခဲ့တာတွေက ပုံပြင်တွေလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးမှာ Burmese တစ်ဦးရဲ့ သြဇာကမ္ဘာကို လွမ်းခဲ့တာတွေ..........
အခုတော့ မြန်မာကိုယ်စားလှယ်ဆိုရင် ....မျက်လုံးစိမ်းတွေနဲ့

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
မယားတောသူ.........ကျွန်မှာကုလားတဲ့burma မှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေတို့ ဘားမားတွေ သူတို့ကို အိမ်သာဆေးခိုင်းတာတို့ဘားမားတွေ အင်္ဂလန်သွားတယ်ဆိုတာက ပညာတော်သင်..ပညာရှင်အဖြစ်နဲ့အခုတော့........မောင်
မလေးမှာ အိုးတိုက်မှာလား စလုံးမှာ စားပွဲထိုးမှာလားဒူဘိုင်းမှာ တွင်းတူးမှာလား



လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...

Burma ဆို OK
U Aung San ဆို Right
U Thant ဆို Right
U Nu ဆို Right

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
..............................
.
............
.................................................

အို so sorry.
I m stupid.
I m not Burma.now.
I m Myanmar.

Ha Ha ...
I m Myanmar.
Burma dead with her beauty.
Who kill?
Who kill?

              ------------------------------
-----------------
                                                            Source: Hittai

 ကျနော်အောက်ကပူးတွဲပါသတင်းလေးဖတ်ရမြင်ရတွေ့ ရကြားရတော့.....စစ်အာဏရှင်အစိုးရအောက်မှာကျဆုံးခဲ့ ရတဲ့ .. ရန်ကုန်တက္ကသိုလ်..အသက်ပြန်ရှင်လာပြီထင်ပါတယ်...

..ရောင်နီသန်းပြီအို ဘယ့်.. ရန်ကုန်တက္ကသိုလ်...ရယ်....

US President Obama rejuvenates the University of Yangon
By Zin Linn Nov 20, 2012 5:01PM UTC

The people of Burma were delighted with the choice of venue made by U.S. President Barack Obama to deliver this week's historic speech to their country. Mr. Obama chose the convocation hall of the University of Yangon as his podium for the speech. The university he singled out has a remarkable political environment that is intertwined with the country's destiny.
The historic nationwide student-led strikes against British colonialism in 1920, 1936 and 1938 were initiated on the campus of the then University of Rangoon. Anti-colonial leaders like Aung San, U Nu, Kyaw Nyein, Ba Swe and U Thant were all alumni of Rangoon University.  The practice of mass demonstration initiated by the university students continued after the country's independence. Student-led protests occurred in 1956, 1958, 1959, 1962, 1974, 1988 and 1996.
President Obama said: "I came here because of my respect for this university.  It was here at this school where opposition to colonial rule first took hold.  It was here that Aung San edited a magazine before leading an independence movement.  It was here that U Thant learned the ways of the world before guiding it at the United Nations.  Here, scholarship thrived during the last century and students demanded their basic human rights.  Now, your Parliament has at last passed a resolution to revitalize this university and it must reclaim its greatness, because the future of this country will be determined by the education of its youth."
By choosing the University of Yangon, Obama helped the campus to be liberated. This university had been taken into custody for decades under a series of dictatorial regimes. The university has regained its liberation after Obama's visit and it indicates that a free and modern education for Burma's new generation has to come sooner rather than later.

U.S. President Barack Obama waves after delivering a speech at University of Yangon's convocation hall in Yangon, Myanmar, Monday, Nov 19, 2012. (GEMUNU AMARASINGHE/AP Photo)
"The education of its youth will determine the future of this country," President Obama predicted.
Obama also pledged to help Burma's education by extending student-exchange programs in the near future.
"Just as education is the key to America's future, it is going to be the key to your future as well.  And so we look forward to working with you, as we have with many of your neighbors, to extend that opportunity and to deepen exchanges among our students.  We want students from this country to travel to the United States and learn from us, and we want U.S. students to come here and learn from you," he said.


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/22/2012 10:56:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Burma News International - November 22, 2012

Burma News International

Burma News International
November 22, 2012

President announces Four-point Plan for Rakhine State

Burma’s President Thein Sein told reporters on Wednesday that the government will pursue a four-point plan aimed at resolving the bitter divisions between Muslim and Buddhist communities in Rakhine State. He said the plan will involve changing people’s prejudices, promoting education, creating jobs—and introducing a program of birth control.

Coal extraction operation a concern for villagers

The Karen National Union in Southern Burma says a coal extraction operation near Karen villages in eastern Tavoy is not welcome. Villagers are concerned it could destroy most of their plantations.

Ex-VP’s Shan friend takes leave

Sao Ood Kehsi, 65, who had been ex-Vice President Tin Aung Myint Oo’s classmate in Taunggyi, passed away last night in Taunggyi at 21:30, according to sources there.

Bangladesh Deports Many Rohingyas Back To Burma

Over 28 Rohingya have been arrested for illegally crossing the Bangladesh border at Gumdum, Taungbro and Balukhali on Nov. 20. They were deported back to Burma the same day, according to one Border Guard Bangladesh (BGB) officer.

Reporters, ILO rep charged in fish farm dispute

The owner of a fish farm in the Irrawaddy delta has filed charges against two reporters and a representative of the International Labour Organization (ILO) for their involvement in a dispute between local farmers in Kyaunggon Township and himself.

ITD’s relocation claim is false, says Dawei CBO

A community-based organization (CBO) in Tavoy [Dawei] says that claims made by the Italian-Thai Development Company (ITD) that it has relocated the majority of villagers from the area affected by the construction of the Dawei Project are false.

RCSS/SSA ၏ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် ကျေးသီးစော်ဘွားမျိုးဆက် ကွယ်လွန်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/ SSA ၏ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျေးသီးစော်ဘွားမျိုးဆက် စဝ်အွတ်ကျေးဆီး လူကြီးရောဂါဖြင့် တောင်ကြီးမြို့၌ ကွယ်လွန်ပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် လူငယ်ဖိုရမ်ကျင်းပတော့မည်

မွန်ပြည်နယ် ဆယ်မြို့နယ်မှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြမည့် လူငယ်ဖိုရမ်တစ်ရပ်ကို မကြာမီကျင်းပတော့မည်ဟု အခမ်းအနားဦးဆောင်သူက ပြောသည်။

အပြစ်မဲ့ ရခိုင်အမျိုးသမီး ပြန်လွတ်ပေးရန် RWU မှ သမ္မတထံ တောင်းဆို

ထောင် (၂) နှစ် ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် မောင်တောမြို့မှ ရခိုင်အမျိုးသမီး တစ်ဦးအား ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန် ရခိုင်အမျိုးသမီး အစည်းအရုံး (RWU) က သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံစာပေးပို့ လိုက်သည်။

မူစယ်မြို့ ရဲကင်းအနီးရှိ လောင်းကစားဝိုင်းများ အရေးယူခြင်းမရှိ

တရုတ်နိုင်ငံ ကျယ်ဂေါင်(၀်) မြို့နှင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အဝင်အထွက် ဂိတ်တစ်ခု ဖြစ်သည့် မန်ဝိန်ကြီးဂိတ် အတွင်း လုံခြုံရေးယူထားသော မြန်မာရဲကင်းအနီး လောင်းကစားဝိုင်း ၁၀ ခုထက်မနည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

နိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်အတွက် ပြည်နယ်နှင့် တိုင်းများ ပြင်ဆင်နေ

တိုင်းနှင့် ပြည်နယ် အသီးသီးတွင် နိုဝင်ဘာလအတွင်း လူငယ်ဖိုရမ်များ ကျင်းပပြီး၊ ကျင်းပဆဲနှင့် ကျင်းပရန် စီစဉ်နေကြောင်း ဦးဆောင် ကျင်းပသူများထံမှ သိရသည်။

သစ်ခိုးထုတ်သည့် မြန်မာအဖွဲ့ ထိုင်းအာဏာပိုင် ဖမ်းမိ

ထိုင်းအမျိုးသား ဥယျာဉ်ပိုင် သစ်များအား တရားမဝင် ခိုးထုတ် နေသည့် မြန်မာနိုင်ငံသား အဖွဲ့တစ်ခုအား ယမန်နေ့က စံခလဘူရီ ခရိုင် ပလိုင်းနွစ် ရွာတွင် ထိုင်းအာဏာပိုင် များမှ ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

မင်းပြား သရက်အုပ် မွတ်ဆလင် ကျေးရွာ ပြန်လည် နေရာချ

အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် လူအုပ်စု နှစ်ခုအကြား အပြန်အလှန် တိုက်ခိုက်မူ အတွင်း ရွာလုံးကျွတ် မီးရှို့ခံခဲ့ရသော သရက်အုပ် မွတ်ဆလင်ကျေးရွာမှ ကျေးရွာသားများအား  ယခင်ကျေးရွာဟောင်း နေရာ၌ ပြန်လည် နေရာချထား ပေးနေကြောင်း သတင်း ရရှိသည်။

မလေးရှားသို့ ခိုးထွက်သူများ ရိုဟင်ဂျာဒုက္ခသည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှိ သတင်းဖော်ပြ

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေများဖြင့် ခိုးထွက်ပြီး မလေးရှားသို့ သွားလာနေကြသူများမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များ မဟုတ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက ယမန်နေ့က ထုတ်ဖော် ရေးသားလိုက်သည်။

မိုင်းပေါက်ကွဲမှုတွင် အစိုးရစစ်သား ၃ ဦးသေ ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လှုပ်ရှားနေသည့် အစိုးရတပ်ဖွဲ့တခု KIA တပ်ရင်း (၃) နယ်မြေ နန်ဇော်ယန် ဘက်သို့ ရောက်ရှိလာချိန် မိုင်း ၁ လုံးပေါက်ကွဲပြီး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။

ရန်ကုန် သို့မဟုတ် ကယ်တင်မှုကို လိုအပ်နေတဲ့မြို့ ဓါတ်ပုံစာအုပ်ဖြန့်ချိမည်

“ရန်ကုန် သို့မဟုတ် ကယ်တင်မှုကို လိုအပ်နေတဲ့မြို့” အမည်ရှိ အနုပညာဖန်တီးမှုဓာတ်ပုံစာအုပ်ကို မော်ရိုကိုနိုင်ငံဖွား သြစတေးလျလူမျိုး ဓာတ်ပုံဆရာ မောက်ဒီက မကြာမီထုတ်ဝေမည်ဖြစ်ပြီး လာမည့်မတ်လ တွင် ရန်ကုန်မြို့တွင်ဖြန့်ချိမည်ဟု သိရသည်။

စိန့်မာတင်ကျွန်းအနီး စက်လှေနစ်၍ လူ ၁၀ ဦးပျောက်ဆုံး

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ဝရှိ စိန်မာတင်ကျွန်းမှ ပင်လယ်ထဲတွင် ရပ်နားထားသော သင်္ဘောပေါ်သို့ လူတင်ပို့ရန် သွားသည့် စက်လှေနစ်မြုပ်သွားသဖြင့် လူ ၁၀ ယောက် နီးပါး ပျောက်ဆုံး နေသည်ကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးမယူလျှင် မြို့ပေါ်တက်ဆန္ဒပြမည်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကရုတ်ရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူး၏ ငွေအလွဲသုံးစားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့တင်ပြခဲ့သည့် ကိစ္စ အရေးယူဆောင်ရွက်ခြင်းမပြုလျှင် မြို့ပေါ်တက်၍ ဆန္ဒပြ မည်ဟု ဒေသခံရွာသားများက ပြောသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp