Re: [MM Daily Mail:3551] ဒေါ်အောင်ဆန်းစုကြည် ကြားသိစေလို

ဘယ်အကြောင်းကို အဓိကပြောချင်တာလည်းဆိုတာ ကွဲကွဲပြားပြား မသိပါ။လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ဆိုတာက အများကလက္ခံ၏ လက်မခံ၏ ပေါ်မှာသာဆုံးဖြတ်ဝမှာပါ-မ------ခင်ဗျာ
စစ်အုပ်စုရရဲ့ ဦးဆောင်မှုကိုခံယူချင်နေတဲ့သဘောများ လား ။
၂၀၀၈-ဖွဲ့စည်းပုံ ၊အရပ်ဝတ်ပြောင်း အစီုးမရနဲ့ နောက်လိုက်များ အလိုမရှိ။
မြင့်ဆွေ(ခေတ္တ ဂျပန်)

iPhoneから送信

On 2012/11/24, at 5:18, simple views <simpleviews2010@googlemail.com> wrote:

မြန်မာနိုင်ငံကို Burma/Myanmar ဘယ်လိုခေါ်ခေါ် အရေးကြီးတာက တိုင်းပြည်ကို လူသိဖို.လို.ပဲ ယူဆထားခဲ့ပါတယ် ။ Burma လို.သိရင် Burma နဲ.ပြောပြီး ၊ Myanmar နဲ. သိရင် Myanmar နဲ.ပဲ ပြောဖြစ်ခဲ့ပါတယ် ။ တခါတလေဆိုရင် နင်တို.တိုင်းပြည်မှာ နာမည် ၂ ခု ရှိတယ်မလား လို.တောင် သူတို.က ပြောတတ်ကြပါသေးတယ် ။ Burma နဲ.သိတာများကြပြီး တချို.ကတော့ အံသြစရာကောင်းလောက်အောင် ကိုယ်က Burma လို.ပြောရင် မသိပဲ အော... Myanmar လို.ပြောတာကိုလဲ ကြုံဖူးပါတယ်။ မိုင်းမာ လို.သူတို.အသံနဲ.ခေါ်တတ်ကြပါတယ် ။ ပြောချင်တာက အရင်က Burma နဲ.သိခဲ့ပေမယ့် အခု Myanmar လို.ပြောရင်လည်း သိလာကြပြီဖြစ်တဲ့အတွက် ကိုယ့်မြန်မာနာမည် အခေါ်တွင်စေချင်ရင် ကိုယ်ကိုယ်တိုင်က ခေါ်ဝေါ်သုံးစွဲပေးဖို.ပါပဲ ။
ကျမ စရောက်ကာစကဆို Burma လို.ပဲသုံးတယ် ။ အစိုးရကို မကြိုက်လို.လေ ။ တကယ်ပြောတာပါ ။ ဟိုပွဲ ဒီပွဲ သွားရင်း လာရင်း လူ.စရိုက်တွေကို သိလာတဲ့အခါ Burma ဆိုတာကို လူအထင်ကြီးအောင် အထူးသဖြင့် အနောက်တိုင်းသားတွေနဲ.ပြောတဲ့အခါမျိုးမှာ တမင်ကို သုံးစွဲနေတဲ့လူမျိုးတွေ ၊ အစိုးရဘာလုပ်လုပ် ကန်.လန်.တိုက်မယ်ဆိုတဲ့ ဟာမျိုးတွေကိုလည်း တွေ.လာခဲ့ရပါတယ်။
အဲ့ဒီအခါမှာ ကိုယ့်ကိုယ်ကို ဆင်ခြင်လာတတ်ခဲ့တယ် ။ ဒီအသုံးနဲ. ပါတ်သက်ပြီး ဖဘ မှာ ဝေဖန်နေကြတုန်းက သာမန်သဘောမျိုးနဲ.သာ ပြန်လည် ပြောဆိုခဲ့ပြီး အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး နဲ.အင်တာဗျူးခြင်း ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းတွေကို ဖတ်လိုက်ရတဲ့အခါ အရမ်းကို အံ့အားသင့်ခဲ့ရသလို impression လဲ ကျသွားခဲ့ရပါတယ် ။

အမေရိကန်အမတ်ကြီးရဲ့ အပြောအရ ဒီမိုကရေစီနည်းကျ ပြောင်းလဲခဲ့တာ မဟုတ်လို. Myanmar လို.မခေါ်နိုင်တာပါ။ မြန်မာပြည်သူတွေ သဘောဆန္ဒအတိုင်း ခေါ်ဝေါ်သွားမှာပါတဲ့ ။ အိုခေ

ဒါဆိုရင် သမ္မတကြီး ဦးသိန်းစိန် နယူးယောက်သွားတုန်းက မြန်မာနိုင်ငံ အလံ ဘယ်အလံကို လွှင့်ထူပေးပါသလဲ ၊ အလံအဟောင်းလား ဒီမိုကရေစီနည်းမကျပဲ ပြောင်းလဲထားတဲ့ အလံအသစ်ပါလား ။ ကုလသမ္မဂ ကကော ဘာကြောင့် လက်ခံ လွှင့်ထူပေးပါသလဲ ။

နဝတ အစိုးရ လက်ထက်မှာ နိုင်ငံ အမည်သာမက မြို.အမည်များ လမ်းအမည်များကိုပါ မြန်မာနာမည်ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ် ။ ဒါကို အသိအမှတ်မပြုနိုင်လို.မခေါ်ဘူးဆိုရင်  ရန်ကုန်ကို Rangoon, ပုသိမ်ကို Basein စသည်ဖြင့် သတင်းများတွင် ထည့်သွင်းခေါ်ဆိုရပေလိမ့်မည် ။ ယုတ္တိရှိသော ဆင်ခြင်သာ ဖြစ်သင့်ပေသည် ။  ထို.အပြင် မြန်မာပြည်သူတို.၏ သဘောဆန္ဒကို အလေးထားသည် ဆိုပါက နိုင်ငံ၏ ၉၀ % မျှ လက်မခံသော ဘင်္ဂါလီများကို အတင်းအသိအမှတ်ပြုရန် ဖိအားပေးနေသည်မှာ အပြောနှင့် အလုပ် မညီပါ ။ ထို ဘင်္ဂါလီများသည် စနစ်ဟောင်းက ဒီမိုကရေစီနည်းလမ်းမကျစွာ တိုင်းပြည်တွင်းခိုးဝင် ဝင်ရောက်နေထိုင်နေကြသူများသာဖြစ်၍ ကျမတို. မြန်မာပြည်သူများကလည်း လက်မခံနိုင်ဟု ပြန်ပြောလိုပါသည် ။ အိုဘားမား ပြောသွားသည်တွင် ၄င်း၏ အသားအရောင်သည် အရင်တချိန်က မဲပင် ပေးခွင့်မရှိခဲ့ဟုဆိုပါသည် ။ မှန်ပါသည် ။ သို.သော် အမေရိက နှင့် မတူ ကွဲပြားသည်က ကျမတို.နိုင်ငံတွင် အသားအရောင် ပြဿနာဖြစ်နေခြင်းမဟုတ်ပါ ။ မြန်မာပြည်တွင်းတွင် တခြားနိုင်ငံများထက်များသော တိုင်းရင်းသား ၁၃၅ မျိုးနှင့် အခြား အေးဆေးနေထိုင်သော  ဟိန္ဒူ ၊ နီပေါ ၊ ဂေါ်ရခါး ၊ တရုတ် စသည်ဖြင့် မတူညီသော အသားအရောင်များ ရှိကြပါသည် ။ မည်သည့် ပြဿနာမှ မရှိပါ ။ ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေခြင်းသည် ဒီမိုကရေစီ နည်းမကျခင်ကတည်းက ခိုးဝင်ဝင်ရောက်ပြီး ဒီမိုကရစီနည်းမကျပဲ နေထိုင်နေကြသူများမှ မိမိ ခိုလှုံနေထိုင်ရာ ဒေသကို ပြန်လည်ဖျက်ဆီးနေကြသည့် အကြမ်းဖက်မှု.သာဖြစ်ပေသည် ။ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းထက် မတန်မရာ တိုင်းရင်းသားအဖြစ် လွန်ကျူးတောင်းဆို နေကြခြင်းသည် ဒီမိုကရေစီနည်းကျ နိုင်ငံ၏ ၉၀% မှ လက်သင့်မခံနိုင်ခြင်းဖြစ်သည်  ။

ယခင် စစ်အစိုးရ အုပ်ချုပ်စဉ်ကပင် ပြည်သူ.ဆန္ဒမပါ ၊ ဒီမိုကရေစီနည်းမကျပဲ စစ်အစိုးရပိုင်းကို လက်ခံ အသိအမှတ်ပြု ခဲ့သည်ကို ပြန်လည် မှတ်မိစေလိုပါသည် ။

တဖန် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို.ခေါင်းဆောင်အနေဖြင့် Burma ဟု နှုတ်ကျိုးနေခဲ့ပြီး အစိုးရက သတိပေးမှ လက်မခံနိုင်သော ဆင်ခြင်ပေးသည်ကို ရှက်ရမ်းရမ်းသည်ဟုသာ မြင်မိပါသည် ။ ဘယ်တုန်းကမှ အစိုးရသည် ပြည်သူ.ဆန္ဒအတိုင်း မလုပ်ခဲ့သည်ကို သိပါရက်နဲ. မိမိ လက်ခံနိုင်သည့်အရာများကိုတော့ လိုက်လျောညီထွေ လက်ခံခဲ့ပြီး နိုင်ငံအခေါ်အဝေါ်ကျမှ ယုတ္တိမတန်သော ဆင်ခြင်ပေးသည်မှာ ခေါင်းဆောင်ကောင်းတစ်ရပ်၏ လုပ်ရပ်မဟုတ်ပါ ။ လူတိုင်း အမှားမကင်းပါ ။ အရင်က နှုတ်ကျိုးနေ၍ Burma ဟု ပြောဆိုသုံးနှုန်းခဲ့သော်လည်း Myanmar ဟု ကုလသမ္မဂအသိအမှတ်ပြု ပြန်လည်ခေါ်ဆိုလျှင်လည်း မည်သူမှ ဘာမှ ပြောမည်မဟုတ်ပါ ။ အပြစ်တင်မည်လည်းမဟုတ်ပါ ။ ပြင်စရာ ရှိ၍ ပြင်သည့် ခေါင်းဆောင်ကောင်းဟု ပြည်သူများက လေးစားလိမ့်မည် ။ ယခု Myanmar ခေါ်ရန် ဆန်.ကျင်ပါက  ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ.ဆန္ဒမပါပဲ အစိုးရလုပ်ခဲ့သည့် ကိစ္စတိုင်းကို ဆန်.ကျင်ရပါမည်။ အပြောနှင့် အလုပ်ညီရပါမည် ။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရခိုင်အရေးတွင် ရခိုင်လူမျိုးများ၏ ထောက်ခံမှု.ဆုံးရှုံးခဲ့ရသလို ကျမ ၏ လေးစားစိတ်များသည် လှုပ်တုပ်တုပ်ဖြစ်ခဲ့ရပါသည် ။ ယခု နိုင်ငံအမည် အသုံးအနှုန်းနှင့် ပါတ်သက်၍ impression လုံးဝ မရှိတော့ပါ ။ ထို.ကြောင့် ပြည်သူ.ခေါင်းဆောင်တစ်ယောက် အနေဖြင့် မိမိပြောစကားကို မပြောခင် စဉ်းစားစေချင်သလို ၊ ပြောသလိုလည်း လုပ်စေချင်မိပါသည် ။

ကျမ၏ ကိုယ်ပိုင်ခံစားချက် အမြင်သာဖြစ်ပါသည် ။ လွတ်လပ်စွာကွဲလွဲ နိုင်ပါသည် ။

လေးစားစွာဖြင့်
SV

http://www.simpleviewsonmyland.blogspot.co.uk/2012/11/blog-post.html

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်

အလွှာစုံပါဝင်မည့် သျှမ်းညီလာခံအား ရန်ကုန်၌ တနင်္လာနေ့စတင်မည်

Posted: 23 Nov 2012 02:18 AM PST

လာမည့်တနင်္လာနေ့မှစ၍ 'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း' ညီလာခံတရပ်အားသျှမ်းတိုင်း ရင်းသားများသီးသန့်တွေ့ဆုံကာ သုံးရက်ဆက်တိုက် ဆွေးနွေးဖလှယ် ကြမည်ဟုသိရှိရပါသည်။
000 အောက်တိုဘာ ၁၅ ရက်နေ့က သျှမ်းညီလာခံအတွက် အကြိုအစည်းအဝေး
 
"ကျနော်တို့လဲ အတွေ့အကြုံမရှိသေးဘူး။ ဒါပေမယ့် ဒီတကြိမ်အောင်မြင်သွားရင် နောက်တဆင့် ထပ်တက် မယ်။ ပြောချင်တာက ကျနော်တို့သျှမ်းအမျိုးသားအကြား ဒီအစည်းအဝေးကနေ ညီညွတ်မှုရသွားရင် သျှမ်းပြည်တဝှမ်းလုံးမှာ ရှိတဲ့တိုင်းရင်းသားအားလုံးပါဝင်လာတဲ့အဆင့်ထပ်လုပ်သွားမယ်။ ဒါ့ကြောင့် ဒီအစည်းအဝေးမှာ အလေးအနက်ထားပြီး ပါဝင်ဆွေးနွေးသွားစေချင်တယ်" - ဟု သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ ခွန်ထွန်းဦးကပြောပါသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ စတင်မည့် Trust Building for Peace 'ငြိမ်းချမ်းရေးအ တွက် ယုံကြည်မှုတည် ဆောက်ခြင်း' သျှမ်းညီလာခံ၌ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ ဥက္ကဌ ခွန်ထွန်းဦး၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မှ Joint Secretary လဲချားမြို့ပြည်သူ့လွတ်တော်အမတ် စိုင်းမောင်တင်၊ တိုင်းလျဲန်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ စိုင်းဌေးအောင်တို့တက်ရောက်ဟုလည်း ဆိုသည်။

"SSPP နာယက ဗိုလ်ချုပ်ဆေထဲင်၊ RCSS က ဗိုလ်မှူးချုပ်ပေါင်ခေး လဲတက်မယ်။ မိုင်းလားတပ်ဖွဲ့ကော လာမယ်။ ညောင်ရွှေစော်ဘွားရဲ့သား စဝ်ဟန်ယောင်ဟွေ့တို့လဲ တက်မယ်၊ ဒါ့အပြင် ဒေါက်တာ စိုင်းခမ်းလိတ် က အနုပညာနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်နဲ့လဲလာဟောပြောဦးမယ်။ တခြားသျှမ်းလူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ မြို့နယ်ကိုယ်စားလှယ်တွေလဲတက်မယ်" - ဟု ပါဝင်ကူညီသူ လူငယ်တဦး ကပြောပါ သည်။

"နိုင်ငံရေးဖြစ်စေ၊ စစ်ရေးဘဲဖြစ်စေ၊ အသွင်မတူလို့ခွဲလုပ်ရပေမယ့် ဦးတည်ချက်တော့တူရမယ်။ ဘယ်သူ မဆို မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ တောင်တန်းဒေသ မြေပြန့်ဒေသ တန်းတူအခွင့်အရေးရစေချင် တာပေါ့။ တန်းတူညီမျှမှုမရှိလို့ လက်နက်ကိုင်လမ်းစဉ်ပေါ်လာတယ်။ ပြည်ထောင်စုကို နာမည်နဲ့ဘဲ မတည် ဆောက်ဘဲ တန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အချိန်တန်ပြီ။" ဟု ပြည်သူ့လွှတ် တော်အမတ်စိုင်းမောင်တင် ကပြောပါသည်။

အဆိုပါညီလာခံအား ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ ၌ နိုဝင်ဘာ ၂၆-၂၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီခန့်အထိ ကျင်းပမည်ဖြစ်သည်။

SSPP/SSA လှုပ်ရှားရာ သျှမ်းမြောက် လေးမြို့နယ်အား အစိုးရတပ်ထိုးစစ်တိုက်ခိုက်နေ

Posted: 23 Nov 2012 02:17 AM PST

သျှမ်းပြည်မြောက်ပိုင်းလေးမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်စစ်ကြောင်း များ၊ ယာယီတပ်စခန်းများအား အစိုးရတပ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သျှမ်းပြည်တပ်မတော်အသိုင်း အဝိုင်းကပြောပါသည်။
SSPP SSA
"ကျနော်တို့ ဌာနချုပ်အနီးအနားကလွဲလို့ ကျန်တဲ့နေရာတွေမှာ ကျနော်တို့ကို လိုက်တိုက်နေတယ်။ အခုလဲ သိန္နီ၊ ကျောက်မဲ၊ မိုးမိတ်၊ နမ္မတူ မြို့နယ် တွေထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ကျနော်တို့စစ်ကြောင်းရဲ့ သတင်းကိုရတာနဲ့ အစိုးရတပ်က နောက်ယောက်ခံလိုက်တိုက်နေတာ" - ဟု ဗိုလ်မှူးကြီးစိုင်းထူး ကပြော ပါသည်။

သျှမ်းပြည်မြောက်ပိုင်း သိန္နီ၊ ကျောက်မဲ၊ နမ္မတူ၊ မိုးမိတ် မြို့နယ် အတွင်းလှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၁ ၊ ၁၅၃၊ ၆၁၂ တို့အား အစိုးရ တပ်၏ ကျောက်မဲ အခြေစိုက် စကခ ၁ လက်အောက်ခံ တပ်ရင်းများ၊ သိန္နီအခြေစိုက် စကခ ၁၆ လက်အောက် ခံတပ်ရင်းများ၊ အောင်လံ နှင့် မန္တလေးမှ တပ်ရင်း အချို့တို့က လိုက်လံတိုက်ခိုက်နေကြောင်း ဝမ့်ဟိုင်းဌာနချုပ် အရာရှိ အသိုင်း အဝိုင်းက ပြောပါသည်။

"ကျနော်တို့ကိုဘဲ တိုက်နေတာမဟုတ်ဘူး။ လူထုတွေကိုပါနှိပ်စက်နေတာ။ အစိုးရတပ်က အင်အားတိုးချချင် လို့ ရပ်ရွာဗုံးကွဲမှုကိုဖန်တီးတယ်၊ လူထု သေကျေဒဏ်ရာရတယ်။ ကျနော်တို့ရဲ့အမာခံလူဆိုပြီး ရပ်ရွာအုပ်ချုပ် ရေးမှူး တွေကို ဖမ်းဆီးရိုက်နှက်တယ်။ အပစ်ရပ်တယ်ဆိုတာ ဌာနချုပ်အနီးအနားဝန်းကျင်လောက်ပဲလို့ ပြောရမှာ။ တခြားနေရာမရပ်ဘူး။ သူတို့က ကျနော်တို့ဆီ ဦးတည်လာနေတာတွေ့ရင်လဲ ကျနော်တို့က တော့ ပစ်ခတ်ရတာဘဲ" - ဟု အမည်မဖေါ်လိုသူ တပ်မှူးတဦးက ပြောပါသည်။

ထို့အတူသျှမ်းပြည်မြောက်ပိုင်း မန်တုံ မြို့နယ်အတွင်းတွင်လည်း မြန်မာအစိုးရတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ အနည်းဆုံးတပတ်နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားနေသည်ဟု TNLA က ပြောပါသည်။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် အစိုးရနှင့်အပစ်ရပ်ရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် အလွတ်သဘော တွေ့ဆုံခဲ့ဖူးသည်။ သျှမ်းပြည်တိုးတက်ရေးပါတီမှာမူ ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ နေ့၌ ပြည်ထောင်စုအဆင့်အပစ်ရပ်ထားသော်လည်း ထိုနေ့မှ ယနေ့အထိ တိုက်ပွဲပေါင်းအကြိမ် ၅၀ ထက်မနည်းရှိပြီဟု သျှမ်းပြည်တိုးတက်ရေးပါတီအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးကပြောပါသည်။

နမ့်ခမ်းမြို့တွင် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲ ပထမဆုံးအကြိမ် ကျင်းပ

Posted: 23 Nov 2012 02:13 AM PST

သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် မိုခမ်းရပ်ကွက်ရှိဇေယျသုခ ဘုန်းတော်စာသင်ကျောင်း တွင်ပထမဆုံး အ ကြိမ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲ ကို ယနေ့ မနက် ၉းဝဝ နာရီအချိန်တွင် စတင်ဖွင့်လှစ် ကျင်းပခဲ့ ကြောင်း စုံစမ်းသိရှိရသည်။

ss1                    နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

"ကျောင်းသားကျောင်းသူတွေ၊ ဆရာ/ဆရာမ၊ နိုင်ငံရေးပါတီအကြီးအကဲတွေ၊ ပညာရေး မှူးရုံးဝန်ထမ်း တစ်ချို့ အားလုံးပေါင်း အယောက် ၂၀၀ နီးပါးလောက်ရှိကြတယ်၊ တိုင်းဧည့်ကြို အဖွဲ့ကနေ သျှမ်းရိုးရာ ကိန္နရာ  တိုးနယား အက ဖျော်ဖြေတင်ဆက်ပြီး မန္တလေးမြို့က Dreamland Art အဖွဲ့ကလည်း တယောနဲ့ ဖျော် ဖြေတင်ဆက်ကြတယ်" ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်းကပြောပြသည်။

ဖွင့်ပွဲ မိန့်ခွန်းကို ကျောင်းအုပ်ဆရာတော် အရှင်ဘဒ္ဒန္တဝိနယာစာရ၊ ပြပွဲဦးဆောင်သူ ဦးစူးစိုးမြင့်သိန်း၊ ပြပွဲတာဝန်ခံ ပန်းချီဆရာ စိုင်းလောဝ်ခေး၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဌစိုင်းထွန်းအေး၊လက်ထောက် မြို့နယ်ပညာရေးမှူးတို့မှပြောကြားကြသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးလည်း မိန့်ခွန်းပြော မည့် အစီအစဉ်တွင် ပါဝင်သော်လည်း အခမ်းအနားသို့တက်ရောက်ခြင်းမရှိကြောင်း၎င်းကဆိုသည်။
လာရောက်ပြသပေးသောပန်းချီကားများမှာ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊တောင်ကိုးရီးယား၊ ကမ္ဘောဒီးယား၊ ယူကရိန်း၊ဥဇပေကစ္စတန်၊ပိုလန်၊မွန်ကိုးရီးယား၊ဗီယက်နမ်၊ထိုင်း၊အိန္ဒယ၊ထိုင်ဝမ် စသောနိုင်ငံများ၏ က လေးလက်ရာ ပန်းချီကားများဖြစ်ကြသည်။
ss2                       နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

ပန်းချီပြခန်းတွင်အာရှတိုက်မှ ၁၃ နိုင်ငံ ရှိ ကလေး များ၏ပန်းချီကားပေါင်း ၅၀၀ ကျော် ကိုခင်းကျင်းပသ ခဲ့ကြောင်း၊ ပြပွဲသို့ တက်ရောက်လာသော ကလေး ငယ် ၁၀၀ ကျော် ကိုလည်းလွတ်လပ်စွာ ပန်းချီရေး ဆွဲ ခွင့်ပြုခဲ့ ကြောင်း၊ အဆိုပါပန်းချီကားများကို  ရွေးချယ်ပြီး နိုင်ငံတကာပန်းချီပြပွဲ သို့ ပို့ဆောင်ပြ သပေးမည်ဖြစ်ကြောင်း၊ နမ့်ခမ်းမြို့တွင်ပြသပြီးပါက ချောက်နှင့်ရေနံချောင်းရှိမြို့များတွင် ထပ်ပြသရန်စီစဉ်ထားကြောင်း ပန်းချီပြပွဲဦးဆောင်သူ ဦးစူးစိုးမြင့်သိန်းက ဖွင့်ပွဲ မိန့်ခွန်းတွင်ဆိုသည်။

"ပန်းချီပြပွဲ ကို မနက် ၉ နာရီကနေည ရးဝဝ နာရီအထိ နှစ်ရက်ကျင်းပမယ်။ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုလေ့လာနိုင်တယ်၊ လာရောက်ပြသတဲ့ ပန်းချီအဖွဲ့ဟာ ဘယ် NGO အဖွဲ့အစည်းနဲ့လည်းမပတ်သက်ဘူး၊ စေတနာရှင်ပြည်သူလူထု အကူအညီနဲ့ လာရောက်ပြသခဲ့တာဖြစ်ပါတယ်"ဟု ပြခန်းတာဝန်ခံပန်းချီစိုင်းလောဝ်ခေးက မိန့်ခွန်းထဲတွင်ပြောခဲ့သည်။
ss3                     နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

ကမ္ဘပေါ်ရှိ နိုင်ငံပေါင်းစုံမှ ကလေးများလူငယ်များ၏ ပန်းချီအနုပညာ လက်ရာတွေကို မြန်မာ နိုင်ငံရှိကလေးလူငယ်များ ယဉ်ကျေးမှု ဖလှယ်နိုင်ရေးနှင့် အတွေးသစ် အမြင်သစ်များ ဖန်တီးနိုင်ရေးကိုရည် ရွယ်ပြီး ပြုလုပ်သည့်ပြပွဲဖြစ်ကြောင်းသိရှိရသည်။

[mrsorcerer:36051] Fwd: [လူဗိုလ်ဟူသည် ...] English for Hotel and Catering Industry (Unit 11 - Talking about Wine)

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/23
Subject: [လူဗိုလ်ဟူသည် ...] English for Hotel and Catering Industry (Unit 11 - Talking about Wine)
To: lubo601@gmail.com

Posted by zar ni (My Way!) on November 23, 2012 at 8:54 in

ဝိုင်ဆိုတာအနောက်ဥရောပသားတို့အတွက် အလွန်အရေးကြီးတဲ့အဖျော်ယမကာတစ်မျိုးပါ။ အစားအသောက်ပွဲတိုင်းမှာ ၀ိုင်မပါမဖြစ်ပါလေ့ရှိသလို အမျိုးအမည်တွေကလည်းများလွန်းလှတော့ ဘာသာရပ်တစ်ခုလိုလေ့လာယူရပါတယ်။ ၀ိုင်ရဲ့အနံ့အသက်၊ အရသာ၊ ဂုဏ်သတ္တိတွေကို အာရုံခံမြီည်းကြည့်ကာ အဆင့်အတန်းသတ်မှတ်ခြင်းကို Wine tasting လို့ခေါ်ပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့အထိကျွမ်းကျင်သူတွေကို sommelier (သို့မဟုတ်) wine taster လို့ခေါ်ပြီးစားသောက်ဆိုင်တွေမှာဈေးကြီးပေးခန့်ထားကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ၀ိုင်အကြောင်းပြောဆိုခြင်းဆိုတဲ့သင်ခန်းစာကိုလေ့လာကြည့်ကြပါစို့။

Unit 11 - Talking about wine
Would you like to order some wine?

Waitress:      Would you like to order some wine with your meal?
Customer1:   Yes, please. Which is drier, the Riesling or the Sauvignon Blanc?
Waitress:      The Sauvignon Blanc is drier than the Riesling. But it isn't as dry as the Pinot Grigio.
Customer1:   Right, I'll have a glass of Sauvignon Blanc. Nancy, you prefer something sweeter, don't you?
Customer2:   Yes, a glass of Chardonnay please.
Customer1:   Then, we'd like a bottle of red to go with our main course. Which is lighter, the French or 
Chilean Merlot?
Waitress:      Well, they're both full-bodied wines. I recommend the French. It's more expensive than the
Chilean but it's smoother.
Customer2:   OK, then let's have the French.
Waitress:      Thank you Madam. Would you like some mineral water?
Customer2:   Yes, a bottle of sparkling water please.

လေ့လာထားရမည့် expression များ
Which is drier, the Riesling or the Sauvignon Blanc? ဘယ်ဟာကပိုပြင်းလဲ။ Riesling လား the Sauvignon Blanc လား။
Sauvignon Blanc is drier than the Riesling. Sauvignon Blanc က Riesling ထက်ပိုပြင်းပါတယ်။
it isn't as dry as the Pinot Grigio.       Pinot Grigio လောက်တော့မပြင်းပါဘူး။
they're both full-bodied wines.  နှစ်မျိုးစလုံးကတော့အရင့်စားတွေချည်းပါ။
The French Merlot is more expensive than the Chilean.
The French Merlot က the Chilean ထက်ဈေးပိုကြီးပါတယ်။
wine ကို sweet လား dry လားဆိုတဲ့သတ်မှတ်ချက်ကို ၀ိုင်ချက်ပြီးတဲ့အချိန်မှာ သူထဲမှာကျန်နေခဲ့တဲ့ သကြားပမာဏအနည်းအများကိုမူတည်ပြီးသတ်မှတ်တယ်လို့ဆိုပါတယ်။ပြီးတော့ ပါဝင်တဲ့အရက်ပမာဏ၊ အချဉ်ဓါတ်စတာတွေကိုလည်းထည့်စဉ်းစားကြရပါတယ်။ ဒါကြောင့် dry ဆိုတာ အချိုရဲ့ဆန့်ကျင်ဘက်လို့ယေဘုယျမှတ်ထားနိုင်ပါတယ်။ (ဒီမှာတော့ဝိုင်အပြင်းလို့ပဲဘာသာပြန် ပေးထားပါတယ်။ အတိအကျမမှတ်စေလိုပါဘူး။)
ဝိုင်နီမှာလည်း ၀ိုင်ချက်လုပ်ရာစပျစ်သီးအမျိုးအစားရဲ့အရောင်ကြောင့် အနီရောင်ရင့်ရင့်ကနေ အနီဖျော့ဖျော့အထိရှိနိုင်ပါတယ်။ ဒါကို lightness လို့ခေါ်ဝေါ်ကြပါတယ်။ သဘာဝအရောင်ချယ် ပမာဏ tannin ပါဝင်မှုနည်းတာကို light-bodied လို့ခေါ်ပြီး ပါဝင်မှုအများဆုံးဝိုင်ကိုတော့ full-bodied လို့ရည်ညွှန်းတယ်လို့သိရပါတယ်။

လေ့လာထားရမည့်ဝေါဟာရများ
become  =  ဖြစ်လာသည်
district = အရပ်ဒေသ၊ စီရင်စု၊ ခရိုင်
excellent = ထူးကဲသော။ အကောင်းဆုံးဖြစ်သော
fine =  အဆင့်မြင့်သော။ အထက်တန်းကျသော။ ကောင်းသော
improve = တိုးတက်သည်
popular = လူကြိုက်များသော၊ ရေပန်းစားသော
produce = ထုတ်လုပ်သည်
recommend = ထောက်ခံသည်။ ညွှန်းသည်။
smooth (wine) =  (သောက်ရတာ)ညက်ညောသော

လေ့လာထားရမည့်ဝါကျတည်ဆောက်ပုံများ
နှိုင်းယှဉ်ခြင်း Comparisons
အရာဝတ္ထုများကို -er than, more … than, not …. as … as အသုံးပြု၍နှိုင်းယှဉ်ခြင်း
-er than ကိုသုံးပြီးအရာဝတ္ထုနှစ်ခုကိုနှိုင်းယှဉ်မယ်ဆိုရင် အောက်ပါဥပဒေသလေးများကို မှတ်ထားပါ။
1) Adjectives with one syllable
positive
comparative
superlative
clean
cleaner
cleanest
new
newest
cheap
cheapest

2) Adjectives with two syllables and the following endings:
2 - 1) Adjectives with two syllables, ending in -y
positive
comparative
superlative
dirty
dirtier
dirtiest
easy
easier
easiest
happy
happier
happiest
pretty
prettier
prettiest

2 - 2) Adjectives with two syllables, ending in -er
positive
comparative
superlative
clever
cleverer
cleverest

2 - 3) Adjectives with two syllables, ending in -le
positive
comparative
superlative
simple
simpler
simplest

2 - 4) Adjectives with two syllables, ending in -ow
positive
comparative
superlative
narrow
narrower
narrowest

3) Spelling of the adjectives using the endings -er/-est
positive
comparative
superlative
comment
large
largest
leave out the silent -e
big
bigger
biggest
Double the consonant after short vowel
sad
sadder
saddest
dirty
dirtier
dirtiest
Change -y to -i (consonant before -y)
shy
shyer
shyest
Here -y is not changed to -i.
(although consonant before -y)

B - Comparison with more - most

positive
comparative
superlative
difficult
more difficult
(the) most difficult
all adjectives with more than one syllable (except some adjectives with two syllables – see 2 - 1 to 2 - 4)

C - Irregular adjectives

positive
comparative
superlative
comment
good
better
best

bad
worse
worst

much
more
most
uncountable nouns
many
more
most
countable nouns
little
less
least

little
smaller
smallest

D - Special adjectives

Some adjectives have two possible forms of comparison (-er/est and more/most).
positive
comparative
superlative
clever
cleverer / more clever
cleverest / most clever
common
commoner / more common
commonest / most common
likely
likelier / more likely
likeliest / most likely
pleasant
pleasanter / more pleasant
pleasantest / most pleasant
polite
politer / more polite
politest / most polite
quiet
quieter / more quiet
quietest / most quiet
simple
simpler / more simple
simplest / most simple
stupid
stupider / more stupid
stupidest / most stupid
subtle
subtler / more subtle
subtlest / most subtle
sure
surer / more sure
surest / most sure

Examples
The Italian wine is sweeter thanthe New Zealand wine.
The French wine more expensivethan the Chilean.
The New Zealand wine isn't as dry asthe Portuguese.

လေ့ကျင့်ခန်း
၁။ အောက်ပါဝါကျများကိုမှန်ကန်သည့်နှိုင်းယှဉ်မှုပုံစံဖြင့်ရေးပါ။
1.       The restaurant is ...................(busy) tonight than last weekend.
2.       The Plaza is ................(close) to the airport than the Grand.
3.       A suite is .............. (expensive) than a single room.
4.       I think the Sauvignon Blanc is ...............(good) than the Riesling.
5.       Mineral water is .................(Cheap) than wine.
6.       The Chilean Merlot is ................. (not smooth) as the French.

၂။ အောက်ပါတို့ကိုအသုံးပြုပြီး စာပိုဒ်ကို ပြည့်စုံအောင်ဖြည့်ပါ။
Champagne             Port              France Bordeaux
Italian                    Spain            Frascati
.......................1 is the famous sparkling wine produced east of Paris. St. Emilion is also produced in ....................2 in the ......................3 region. Two ...................4 wines include Chianti fromthe Florence region and .....................5 near Rome ............6 comes from Portugal and sherry from the south of ...................7.

ကဲဒါကတော့ talking about wine နဲ့ပတ်သက်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ နောက်ဆုံးပိတ် ၀ိုင်နဲ့ပတ်သက်တဲ့ စကားပုံလေးနဲ့ပိတ်လိုက်ရအောင်။
Like good wine, marriage gets better with age - once you learn to keep a cork in it.
Gene Perret
ဝိုင်လိုပဲအိမ်ထောင်ရေးဟာလည်း သက်တမ်းရင့်လာတာနဲ့ပိုကောင်းလာရတယ်။ ဗူးဆို့လေးဖုံးတတ်သွားပြီဆိုတာနဲ့ပေါ့။

ဇာနည်(MyWay!)

ဗြိတိသျှကောင်စီ (ရန်ကုန်) တွင် အင်္ဂလိပ်စာသင်တန်းသစ်များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

ဝင်ခွင့်စာမေးပွဲများကို ဇန်နဝါရီလ (၇) ရက်နေ့မှ (၁ဝ) ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်သဖြင့် (အသက် ၇ နှစ်နှင့် အထက် မည်သူမဆို) တက်ရောက်လိုသူများ လာရောက်ဖြေဆိုနိုင်ပါသည်။ ဝင်ခွင့်စာမေးပွဲကြေးမှာ မြန်မာငွေ တစ်သောင်းကျပ်ဖြစ်ပြီး မှတ်ပုံတင်ကဒ်ပြား (သို့မဟုတ်) သန်းခါင်စာရင်း/မွေးစာရင်း မူရင်းဖြင့် ဝင်ခွင့် စာမေးပွဲဖြေရန် နိုဝင်ဘာလ (၁၉) ရက်နေ့ မှစ၍ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၉:ဝဝ) မှ ညနေ (၅:ဝဝ) အတွင်းလာရောက် စာရင်းသွင်းနိုင်ပါပြီ။ ဆက်လက်ဖတ်ရှုပါရန်

ဗြိတိသျှကောင်စီမှ IELTS Preparation သင်တန်းသစ်များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
IELTS Preparation သင်တန်းတက်လိုပါက ပထမဦးဆုံး အရည်ချင်းစစ် စာမေးပွဲကို ဖြေဆိုရပါသည်။ ဝင်ခွင့် စာမေးပွဲများကို ဇန်နဝါရီလ (၇) ရက်နေ့မှ (၁ဝ) ရက်နေ့အထိကျင်းပသွားမည်ဖြစ်သဖြင့် (အသက် ၁၆ နှစ်နှင့် အထက် မည်သူမဆို) လာရောက်ဖြေဆိုနိုင်ပါသည်။ IELTS Preparation အတန်းမှာ နာရီ (၆ဝ) သင်တန်း ဖြစ်ပြီး တစ်ပတ်လျှင် (၃) ရက် တစ်ရက်လျှင် (၂) နာရီ တက်ရပါသည်။ သင်တန်းကြေးမှာ မြန်မာငွေ ၂၉၀,၀၀၀ ကျပ် ဖြစ်ပါသည်။ ဆက်လက်ဖတ်ရှုပါရန်
အသေးစိတ်သိရှိလိုပါက British Council Customer Service & Sales Department ဖုန်းနံပါတ် ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ (လိုင်းခွဲ - ၃၃၂၅, ၃၃၂၆, ၃၃၁၈) သို့ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:၃ဝ) အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး enquiries@mm.britishcouncil.org သို့လည်း အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Read more: English for Hotel and Catering Industry (Unit 11 - Talking about Wine) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A757944&xgs=1&xg_source=msg_share_topic#ixzz2D4sKNFbO

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/24/2012 03:00:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
[mrsorcerer:36051] Fwd: [လူဗိုလ်ဟူသည် ...] ကိုကိုကြီး ပြောချင်လို့  ပြောခဲ့တာတွေ အပိုင်း-၂

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/23
Subject: [လူဗိုလ်ဟူသည် ...] ကိုကိုကြီး ပြောချင်လို့  ပြောခဲ့တာတွေ အပိုင်း-၂
To: lubo601@gmail.com

by Htay Tint on Thursday, November 22, 2012 at 11:28pm

ကိုကိုကြီး၏ ခွင့်ပြုချက်ဖြင့် ပြည်ပနေထိုင်သော မြန်မာစာ ဖတ်တတ်သူများအတွက် မျှဝေသည် ။
လူထုက  ၅ နှစ်တကြိမ် မဲပုံးထဲ မဲထဲ့ရင် ဒီမိုကရေစီဖြစ်သွားပြီ ယေဘူယျ အသိက မလုံလောက်ဖူး ။
လွတ်တော်ကိုယ်စားလှယ်တွေက မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို ဘယ်လိုတင်ပြ အကောင်ထည်နေလဲ ။

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/24/2012 02:46:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
[MM Daily Mail:3550] ဒေါ်အောင်ဆန်းစုကြည် ကြားသိစေလို

မြန်မာနိုင်ငံကို Burma/Myanmar ဘယ်လိုခေါ်ခေါ် အရေးကြီးတာက တိုင်းပြည်ကို လူသိဖို.လို.ပဲ ယူဆထားခဲ့ပါတယ် ။ Burma လို.သိရင် Burma နဲ.ပြောပြီး ၊ Myanmar နဲ. သိရင် Myanmar နဲ.ပဲ ပြောဖြစ်ခဲ့ပါတယ် ။ တခါတလေဆိုရင် နင်တို.တိုင်းပြည်မှာ နာမည် ၂ ခု ရှိတယ်မလား လို.တောင် သူတို.က ပြောတတ်ကြပါသေးတယ် ။ Burma နဲ.သိတာများကြပြီး တချို.ကတော့ အံသြစရာကောင်းလောက်အောင် ကိုယ်က Burma လို.ပြောရင် မသိပဲ အော... Myanmar လို.ပြောတာကိုလဲ ကြုံဖူးပါတယ်။ မိုင်းမာ လို.သူတို.အသံနဲ.ခေါ်တတ်ကြပါတယ် ။ ပြောချင်တာက အရင်က Burma နဲ.သိခဲ့ပေမယ့် အခု Myanmar လို.ပြောရင်လည်း သိလာကြပြီဖြစ်တဲ့အတွက် ကိုယ့်မြန်မာနာမည် အခေါ်တွင်စေချင်ရင် ကိုယ်ကိုယ်တိုင်က ခေါ်ဝေါ်သုံးစွဲပေးဖို.ပါပဲ ။
ကျမ စရောက်ကာစကဆို Burma လို.ပဲသုံးတယ် ။ အစိုးရကို မကြိုက်လို.လေ ။ တကယ်ပြောတာပါ ။ ဟိုပွဲ ဒီပွဲ သွားရင်း လာရင်း လူ.စရိုက်တွေကို သိလာတဲ့အခါ Burma ဆိုတာကို လူအထင်ကြီးအောင် အထူးသဖြင့် အနောက်တိုင်းသားတွေနဲ.ပြောတဲ့အခါမျိုးမှာ တမင်ကို သုံးစွဲနေတဲ့လူမျိုးတွေ ၊ အစိုးရဘာလုပ်လုပ် ကန်.လန်.တိုက်မယ်ဆိုတဲ့ ဟာမျိုးတွေကိုလည်း တွေ.လာခဲ့ရပါတယ်။
အဲ့ဒီအခါမှာ ကိုယ့်ကိုယ်ကို ဆင်ခြင်လာတတ်ခဲ့တယ် ။ ဒီအသုံးနဲ. ပါတ်သက်ပြီး ဖဘ မှာ ဝေဖန်နေကြတုန်းက သာမန်သဘောမျိုးနဲ.သာ ပြန်လည် ပြောဆိုခဲ့ပြီး အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး နဲ.အင်တာဗျူးခြင်း ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းတွေကို ဖတ်လိုက်ရတဲ့အခါ အရမ်းကို အံ့အားသင့်ခဲ့ရသလို impression လဲ ကျသွားခဲ့ရပါတယ် ။

အမေရိကန်အမတ်ကြီးရဲ့ အပြောအရ ဒီမိုကရေစီနည်းကျ ပြောင်းလဲခဲ့တာ မဟုတ်လို. Myanmar လို.မခေါ်နိုင်တာပါ။ မြန်မာပြည်သူတွေ သဘောဆန္ဒအတိုင်း ခေါ်ဝေါ်သွားမှာပါတဲ့ ။ အိုခေ

ဒါဆိုရင် သမ္မတကြီး ဦးသိန်းစိန် နယူးယောက်သွားတုန်းက မြန်မာနိုင်ငံ အလံ ဘယ်အလံကို လွှင့်ထူပေးပါသလဲ ၊ အလံအဟောင်းလား ဒီမိုကရေစီနည်းမကျပဲ ပြောင်းလဲထားတဲ့ အလံအသစ်ပါလား ။ ကုလသမ္မဂ ကကော ဘာကြောင့် လက်ခံ လွှင့်ထူပေးပါသလဲ ။

နဝတ အစိုးရ လက်ထက်မှာ နိုင်ငံ အမည်သာမက မြို.အမည်များ လမ်းအမည်များကိုပါ မြန်မာနာမည်ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ် ။ ဒါကို အသိအမှတ်မပြုနိုင်လို.မခေါ်ဘူးဆိုရင်  ရန်ကုန်ကို Rangoon, ပုသိမ်ကို Basein စသည်ဖြင့် သတင်းများတွင် ထည့်သွင်းခေါ်ဆိုရပေလိမ့်မည် ။ ယုတ္တိရှိသော ဆင်ခြင်သာ ဖြစ်သင့်ပေသည် ။  ထို.အပြင် မြန်မာပြည်သူတို.၏ သဘောဆန္ဒကို အလေးထားသည် ဆိုပါက နိုင်ငံ၏ ၉၀ % မျှ လက်မခံသော ဘင်္ဂါလီများကို အတင်းအသိအမှတ်ပြုရန် ဖိအားပေးနေသည်မှာ အပြောနှင့် အလုပ် မညီပါ ။ ထို ဘင်္ဂါလီများသည် စနစ်ဟောင်းက ဒီမိုကရေစီနည်းလမ်းမကျစွာ တိုင်းပြည်တွင်းခိုးဝင် ဝင်ရောက်နေထိုင်နေကြသူများသာဖြစ်၍ ကျမတို. မြန်မာပြည်သူများကလည်း လက်မခံနိုင်ဟု ပြန်ပြောလိုပါသည် ။ အိုဘားမား ပြောသွားသည်တွင် ၄င်း၏ အသားအရောင်သည် အရင်တချိန်က မဲပင် ပေးခွင့်မရှိခဲ့ဟုဆိုပါသည် ။ မှန်ပါသည် ။ သို.သော် အမေရိက နှင့် မတူ ကွဲပြားသည်က ကျမတို.နိုင်ငံတွင် အသားအရောင် ပြဿနာဖြစ်နေခြင်းမဟုတ်ပါ ။ မြန်မာပြည်တွင်းတွင် တခြားနိုင်ငံများထက်များသော တိုင်းရင်းသား ၁၃၅ မျိုးနှင့် အခြား အေးဆေးနေထိုင်သော  ဟိန္ဒူ ၊ နီပေါ ၊ ဂေါ်ရခါး ၊ တရုတ် စသည်ဖြင့် မတူညီသော အသားအရောင်များ ရှိကြပါသည် ။ မည်သည့် ပြဿနာမှ မရှိပါ ။ ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေခြင်းသည် ဒီမိုကရေစီ နည်းမကျခင်ကတည်းက ခိုးဝင်ဝင်ရောက်ပြီး ဒီမိုကရစီနည်းမကျပဲ နေထိုင်နေကြသူများမှ မိမိ ခိုလှုံနေထိုင်ရာ ဒေသကို ပြန်လည်ဖျက်ဆီးနေကြသည့် အကြမ်းဖက်မှု.သာဖြစ်ပေသည် ။ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းထက် မတန်မရာ တိုင်းရင်းသားအဖြစ် လွန်ကျူးတောင်းဆို နေကြခြင်းသည် ဒီမိုကရေစီနည်းကျ နိုင်ငံ၏ ၉၀% မှ လက်သင့်မခံနိုင်ခြင်းဖြစ်သည်  ။

ယခင် စစ်အစိုးရ အုပ်ချုပ်စဉ်ကပင် ပြည်သူ.ဆန္ဒမပါ ၊ ဒီမိုကရေစီနည်းမကျပဲ စစ်အစိုးရပိုင်းကို လက်ခံ အသိအမှတ်ပြု ခဲ့သည်ကို ပြန်လည် မှတ်မိစေလိုပါသည် ။

တဖန် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို.ခေါင်းဆောင်အနေဖြင့် Burma ဟု နှုတ်ကျိုးနေခဲ့ပြီး အစိုးရက သတိပေးမှ လက်မခံနိုင်သော ဆင်ခြင်ပေးသည်ကို ရှက်ရမ်းရမ်းသည်ဟုသာ မြင်မိပါသည် ။ ဘယ်တုန်းကမှ အစိုးရသည် ပြည်သူ.ဆန္ဒအတိုင်း မလုပ်ခဲ့သည်ကို သိပါရက်နဲ. မိမိ လက်ခံနိုင်သည့်အရာများကိုတော့ လိုက်လျောညီထွေ လက်ခံခဲ့ပြီး နိုင်ငံအခေါ်အဝေါ်ကျမှ ယုတ္တိမတန်သော ဆင်ခြင်ပေးသည်မှာ ခေါင်းဆောင်ကောင်းတစ်ရပ်၏ လုပ်ရပ်မဟုတ်ပါ ။ လူတိုင်း အမှားမကင်းပါ ။ အရင်က နှုတ်ကျိုးနေ၍ Burma ဟု ပြောဆိုသုံးနှုန်းခဲ့သော်လည်း Myanmar ဟု ကုလသမ္မဂအသိအမှတ်ပြု ပြန်လည်ခေါ်ဆိုလျှင်လည်း မည်သူမှ ဘာမှ ပြောမည်မဟုတ်ပါ ။ အပြစ်တင်မည်လည်းမဟုတ်ပါ ။ ပြင်စရာ ရှိ၍ ပြင်သည့် ခေါင်းဆောင်ကောင်းဟု ပြည်သူများက လေးစားလိမ့်မည် ။ ယခု Myanmar ခေါ်ရန် ဆန်.ကျင်ပါက  ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ.ဆန္ဒမပါပဲ အစိုးရလုပ်ခဲ့သည့် ကိစ္စတိုင်းကို ဆန်.ကျင်ရပါမည်။ အပြောနှင့် အလုပ်ညီရပါမည် ။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရခိုင်အရေးတွင် ရခိုင်လူမျိုးများ၏ ထောက်ခံမှု.ဆုံးရှုံးခဲ့ရသလို ကျမ ၏ လေးစားစိတ်များသည် လှုပ်တုပ်တုပ်ဖြစ်ခဲ့ရပါသည် ။ ယခု နိုင်ငံအမည် အသုံးအနှုန်းနှင့် ပါတ်သက်၍ impression လုံးဝ မရှိတော့ပါ ။ ထို.ကြောင့် ပြည်သူ.ခေါင်းဆောင်တစ်ယောက် အနေဖြင့် မိမိပြောစကားကို မပြောခင် စဉ်းစားစေချင်သလို ၊ ပြောသလိုလည်း လုပ်စေချင်မိပါသည် ။

ကျမ၏ ကိုယ်ပိုင်ခံစားချက် အမြင်သာဖြစ်ပါသည် ။ လွတ်လပ်စွာကွဲလွဲ နိုင်ပါသည် ။

လေးစားစွာဖြင့်
SV

http://www.simpleviewsonmyland.blogspot.co.uk/2012/11/blog-post.html

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။

[mrsorcerer:36050] Fwd: [လူဗိုလ်ဟူသည် ...] “သူသည် လူငယ်တစ်ယောက်ဖြစ်သည် ၊ သူသည် ကျွန်တော်တို့၏ နှလုံးသားဖြစ်သည်”

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/22
Subject: [လူဗိုလ်ဟူသည် ...] "သူသည် လူငယ်တစ်ယောက်ဖြစ်သည် ၊ သူသည် ကျွန်တော်တို့၏ နှလုံးသားဖြစ်သည်"
To: lubo601@gmail.com

- သူရဿဝါ -

ထို ကစားသမား ကို သူအခုလို နာမည် မကြီးလာခင်၊ ရန်ကုန် ယူနိုက်တက် အသင်းတွင် ပုံမှန် နေရာ မရသေးခင် ကာလ ကတည်းက (သူလူစားဝင် ကစားသော အချိန် များတွင်) သူ၏ ကစားပုံကို ကြည့်ပြီး သဘောကျ ခဲ့သည်။ ဘောလုံးပွဲ ကြည့်ဖော် သူငယ်ချင်း များကိုလည်း "သူ့ကို ကြည့်ရတာ တစ်ချိန် ကျရင် အောင်မြင် လာဦးမှာ၊ ကစားတာ ကောင်းတယ်" ဟု ကျွန်တော် ဟောကိန်းထ
ုတ် ပြောဆိုခဲ့ ဖူးသည်။ ကြည်လင်း အတွက် ကျွန်တော် ခန့်မှန်းသည့် "တစ်ချိန်ကျရင်" ဆိုသည်က မြန်မြန် ဆန်ဆန် ရောက်လာသည်။ အချိန် တစ်နှစ် ကျော်ကျော် အတွင်းမှာ ရန်ကုန် ယူနိုက်တက် အသင်းမှ မထင်မရှား လူငယ် ကစား သမား လေး ကြည်လင်းသည် ပရိသတ် အချစ်တော် ကြည်လင်း ပြည်တွင်း ပြည်ပ ပြိုင်ဖက်များမှ ဂရုတစိုက် စောင့်ကြည့်ရသည့် ကြည်လင်း ဖြစ်လာသည်။ အဲဒါကို သူ အလကား ရခဲ့တာ မဟုတ်၊ အချောင် ရခဲ့တာ မဟုတ်။ ဘောလုံးကွင်းထဲမှာ ရင်ဘတ်ကလေး ကော့ကော့ပြီး သူပြေးလွှား နေခဲ့ရသည့် ခွန်အား စိုက်ထုတ်မှုတွေ၊ ပွဲပြီးလျှင် ချွေးစက်လက် ကြားထဲမှ ဘယ်လောက် ပင်ပန်းသည် ဖြစ်စေ ပရိသတ်ဖက်ကို အနည်းဆုံးတော့ လက်ကလေးတစ်ဖက် ဝှေ့ယမ်းပြခဲ့သည့် လေးစားမှုတွေ၊ အဲဒါတွေကို ထည့်သွင်းပေါင်းစပ်နိုင်ခဲ့သဖြင့် ပရိသတ်က ချစ်သော၊ အားကိုးသော ကြည်လင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အရပ်ခပ်ပြတ်ပြတ်၊ ကိုယ်လုံးကိုယ်ထည် ခိုင်ခိုင်သန်သန်နှင့် ကြည်လင်း ..။
ဘောလုံး ကစားနေချိန်တွင် ဘောလုံးမှ လွဲ၍ ဘာမှ ခေါင်းထဲရှိနေပုံ မရသော ကြည်လင်း။
တစ်ကိုယ်တော် ဘောလုံးစွမ်းရည်ကောင်းသော ကြည်လင်း။
သူ ကွင်းထဲတွင် ကစားသည့် ပုံစံကို ကြည့်ရချိန် အတော်များများတွင် သူ့ကို အားပေးရတာ လျော့တိလျော့ရဲ မရှိ။ ပွဲချိန်ပြည့် ခွန်အားစိုက်ထုတ်၍ ပြေးလွှား ရုန်းကန်နေတတ်သော၊ သူ့ဆီ လာမည့် အခွင့်အရေးကို စနစ်တကျ စောင့်ဆိုင်းယူတတ်သော၊ လာမည့်အခွင့်အရေးမရှိလျှင် ကိုယ်တိုင် ဖန်တီးယူတတ်သော၊ ကိုယ် ဖန်တီးလိုက်သည့် အခွင့်အရေး တစ်ဖက်အသင်း ခြေထောက်တွင်း ရောက်သွားလျှင် မရ ရအောင် ပြန်လည် ဖျက်ထုတ်ယူငင်တတ်သော ကြည်လင်း ဟူသည့် ကစားသမားလေးသည် တဖြည်းဖြည်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတွင် မရှိမဖြစ် ဖြစ်လာသည်။ နိုင်ငံအသင်းတွင် ဦးစားပေး ရွေးချယ် ရသူတစ်ဦး ဖြစ်လာသည်။

သူ့ကို အားပေးရတာ ဘယ်တုန်းကမှ အချည်းနှီးမဖြစ်ခဲ့။ ကွင်းထဲတွင် လမိုင်း မကပ်သဖြင့် သူ့ကစားပုံ မကောင်းခဲ့လျှင်တောင်၊ သူအလွဲလွဲ အချော်ချော်တွေ လုပ်နေခဲ့လျှင်တောင် သူ၏ ကြိုးစားအားထုတ်မှုနှင့် ကျားကုတ်ကျားခဲ ဟန်ပန်က လျော့မသွား။ တချို့ကစားသမား တွေလို ကစားရတာ အဆင်မပြေလို့၊ အသင်းရှုံးနေလို့ ဆိုကာ စိတ်ဓါတ်ကျပြီး ကွင်းထဲတွင် လမ်းလျှောက်မနေ၊ သူအမြဲတမ်း ကြိုးစားပြနေခဲ့သည်။ ကျွန်တော်တို့ မြန်မာ ပရိသတ် လိုချင်တာလည်း ဒီလိုလူမျိုးတွေပဲ ဖြစ်သည်။ ကြည်လင်းသည် တဖြည်းဖြည်းနှင့် မြန်မာဘောလုံးပရိသတ်၏ အားကိုးအားထား ပြုစရာ၊ မြန်မာ အသင်း အောင်မြင်မှုကို တစိတ်တပိုင်း ယူဆောင်ပေးနိုင်မည့်သူဟု မျှော်လင့်ချင်စရာ ကောင်းသော ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ သိပ်ပြီး မကွာဝေး သေးသော ကာလတုန်းက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကစားခဲ့သည့် ယူ - ၂၁ ဘောလုံး ပြိုင်ပွဲတွင် ကြည်လင်း၏ အောင်မြင်မှု အပေါ် ဆာလောင်ပုံက ပို၍ ပြင်းထန် လာသလို ထင်ရသည်။ ပရိသတ်၏ သူ့အတွက် လက်ခုပ်သံ ကလည်း ပို၍ ပို၍ ကျယ်လောင် လာတာကို မြင်ရသည်။ ထိုပွဲတွင် မြန်မာ အသင်းကလည်း ပရိသတ်၏ ယုံကြည်မှုကို အကောင်းဆုံး ပြန်လည် ပေးဆပ်ကာ (ကိုရီးယားလို အသင်းမျိုးကိုပင် သရေကစားပြခဲ့ပြီး) ခြေစစ်ပွဲ အောင်ခဲ့သည်။ ထိုပွဲတွင် ကြည်လင်း ဖန်တီးမှုတွေ အများကြီးပြုလုပ်ခဲ့သည်၊ ဂိုးတွေ အများကြီး သွင်းယူ နိုင်ခဲ့သည်။ ကြည်လင်းကြောင့် မြန်မာအသင်း ခြေစစ်ပွဲ အောင်ခဲ့ခြင်း မဟုတ်သော်လည်း မြန်မာ အသင်း၏ ခြေစစ်ပွဲအောင်ရခြင်း အကြောင်းအရင်းတွင် ကြည်လင်း၏ ပေးဆပ်စိုက်ထုတ်မှု ရာခိုင်နှုန်း အတော်များများ ပါဝင်ခဲ့သည် ဆိုတာကိုတော့ ပရိသတ်အားလုံး လက်ခံခဲ့ကြသည်။

ထိုခြေစစ်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဆုလာဘ်ကို ကြည်လင်း ယခု ခံစားရသည်။ ပြီးခဲ့သော အောက်တိုဘာလ အာရှအကောင်းဆုံး ဆယ်ဦးစာရင်းကို Goal.com မှ ထုတ်ပြန် ကြေငြာတော့ ကြည်လင်း ပါဝင် လာခဲ့သည်။ အာရှတွင် သူ့ထက် ကစားသက်ရင့်သော၊ စွမ်းရည် ပိုကောင်းသော ကစားသမား အချို့ကို ကျော်တက်ပြီး ကွင်းလယ် တစ်နေရာစာ အတွက် ကြည်လင်း အရွေးချယ် ခံခဲ့ရသည်။ ကြီးကြီးမားမား အောင်မြင်မှုဆီ ချက်ချင်း မရောက်ရှိ နိုင်သေးသော မြန်မာ ဘောလုံးလောကနှင့် မြန်မာ ဘောလုံး ပရိသတ်အတွက်တော့ ဒါသည်ပဲ ကြီးကျယ် ခမ်းနားသည့် ဝမ်းသာ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်နေသည်။ မနက်ဖြန် ဆူဇူကီးဖလား ယှဉ်ပြိုင် ကစားတော့မည်။ မြန်မာ့ လက်ရွေးစင် အသင်းတွင် ကြည်လင်း ပါဝင် နေသည်။ မြန်မာ့ လက်ရွေးစင် အသင်းတွင်ပင် ပါဝင်နေတာ မဟုတ်။ espnstar.com မှ ရွေးချယ်သည့် ဆူဇူကီးဖလားတွင် စောင့်ကြည့်ရမည့် ကစားသမား (၈)ဦး စာရင်းတွင်ပါ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။ ဆိုလိုတာက .. ကြည်လင်းကို ကျွန်တော်တို့ မြန်မာ ဘောလုံး ပရိသတ်တွေသာ စောင့်ကြည့်မည် မဟုတ်။ ဆူဇူကီး ဖလား ပြိုင်ပွဲဝင် အသင်းတိုင်း၏ ကစားသမားများလည်း စောင့်ကြည့်မည်၊ နည်းပြများလည်း စောင့်ကြည့်မည်၊ ကျန်ပြိုင်ဖက် အသင်းများ၏ ဘောလုံး ပရိသတ် များလည်း စောင့်ကြည့် နေကြလိမ့်မည်။ အဲဒါတွေ အပေါ် ကြည်လင်း ပြောမည့် စကားတွေကို အနည်းငယ် ကြားချင်သည်။ ကံကောင်းချင်တော့ အဲဒီဆန္ဒကလည်း Soccer Myanmar ၏ ကျေးဇူးကြောင့် ပြည့်ဝ ခဲ့ရသည်။

ကြည်လင်းနှင့် အင်တာဗျူးကို Soccer Myanmar Website တွင် ဖတ်ရသည်။ ကြည်လင်း၏ တိတိကျကျ ပြတ်ပြတ်သားသား ကစားပုံ၊ ကိုယ်နေ ဟန်ထားနှင့် လိုက်ဖက်စွာ သူ၏ အဖြေ စကားတွေ ကလည်း ပြတ်ပြတ်သားသား၊ တိတိကျကျ။ သူ့အဖြေ စကားတွေ ထဲတွင် သူ၏ လူငယ်စိတ်၊ ရဲရင့်မှုနှင့် ဘာကိုမဆို ကျော်ဖြတ်မည် ဟူသော ယုံကြည်ချက် တို့ကို အတိုင်းသား မြင်နေရသည်။ မျှော်မှန်းသည့်အတိုင်း ဖြစ်ချင်မှ ဖြစ်မည် .. ဒါပေမယ့် ကိုယ့်ဖက်ကတော့ အစွမ်းကုန် ကြိုးစားမည် ဟူသော သဘောမျိုးတွေ သူဖြေထားသည်။ ကြည်လင်း၏ ပရိသတ် တစ်ဦး ဖြစ်သော၊ ကြည်လင်း ကစားပုံကို နှစ်သက်သော ကျွန်တော့်အနေဖြင့် သူ၏ စိတ်ဓါတ်ရေးရာနှင့် စိတ်ထား ခိုင်ကျည်မှုကို ထပ်၍ လေးစားရပြန်သည်။

"သူတို့က ကျွန်တော့်ကို ထိန်းချုပ်ဖို့ ကြိုးစားရင် ကျွန်တော်က သူတို့ကို ကျော်ဖြတ်နိုင်အောင် နှစ်ဆ ပိုအားစိုက်မယ်"
"ဒဏ်ရာမရဖို့ထက် မြန်မာအသင်း အောင်မြင်မှု ရဖို့က ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်နာရင် တစ်ခြားလူ ၀င်လိမ့်မယ်။ မနာခင် အထိကတော့ အသေရုန်းမယ်။ နာမှာစိုးလို့ ထိန်းကစားနေရင် နစ်နာမှာက မြန်မာအသင်းလေ။ အသင်းမှာ ဘယ်တစ်ယောက်မှ ကစားအားကို လျော့လို့ မရပါဘူး။ ကျွန်တော်ကတော့ ချမှာပဲ"
သူနှင့်ပြုလုပ်သည့် အမေးအဖြေ (၇)ခုလုံးကို ကျွန်တော် သဘောကျသည်။ စိတ်တိုင်းကျသည်။ အထက်တွင် ဖော်ပြသည့် စကားနှစ်ခွန်း ကတော့ ကျွန်တော့်ရင်ကို အရိုက်ခတ်ဆုံး။ ကြည်လင်း၏ ပြတ်သား ရဲဝင့်သည့် အဖြေစကား များကို ဖတ်ရင်း ကျွန်တော့် လက်ဖျားတွေ တုန်ရီလာသည်။ အပိုစကား၊ ချွဲနွဲ့ပြောသော စကား တစ်ခွန်းမှ မပါဘဲနှင့် ကျွန်တော့် ရင်ထဲတွင် လှိုက်ခနဲ ..။ ကျွန်တော့် ရင်ထဲ ဆို့နစ်နေမိသည်။ ဝမ်းသာမှုကြောင့် ဖြစ်လာသော တုန်ရင်လှိုက်မောစိတ်ကို ကျွန်တော် ခံစားလိုက်ရသည်။ ကြည်လင်းလို လူငယ်မျိုး၊ စိတ်ဓါတ်မျိုး တွေသာ ကျွန်တော်တို့ နိုင်ငံမှာ အများအပြား ရှိခဲ့လျှင် .. ဟူသော အတွေးကိုပါ တွေးမိလာသည်။ လူငယ်ဆိုတာ .. ဒါပါပဲ။ ကြည်လင်းသည် တကယ့်ကို လူငယ်တစ်ယောက် ဖြစ်သည်။

ကျွန်တော်သည် သာမာန်အချိန်တွင် မန်ချက်စတာယူနိုက်တက် ပရိသတ် ဖြစ်ချင်ဖြစ်မည်၊ အာဆင်နယ်လ် ပရိသတ် ဖြစ်ချင် ဖြစ်မည်၊ စာဖတ် နေသော ပရိသတ် တို့သည်လည်း မိမိ စိတ်ခံစားချက် အလိုက် ကျွန်တော်နှင့် မတူသော ကလပ် အသင်းများ၏ ပရိသတ်တွေ ဖြစ်ချင် ဖြစ်မည်။ သာမာန် အချိန် များတွင် ရွန်နီ ပိုကောင်းသည်၊ ခရစ္စတီယာနို ရိုနာလ်ဒို ပိုသာသည်၊ ဖာဂူဆန်က ပိုတော်သည်၊ အာဆင်ဝင်းဂါး အကွက်မြင်သည် စသည်ဖြင့် ကျွန်တော်တို့ ဂုဏ်တု ဂုဏ်ပြိုင် ငြင်းခုန်ချင် ငြင်းခုန်ကြမည်။ သာမာန် အချိန်များတွင် ထိုကစားသမားများ၊ ကလပ်အသင်းများ အကြောင်း ဆွေးနွေးမိသဖြင့် ကြည်လင်းကို မေ့ချင် မေ့နေမည်၊ မြန်မာ အသင်းကို မေ့ချင် မေ့နေမည်။ သို့သော် အရေးကြုံ လာသော အချိန်တွင်မူ ကျွန်တော်တို့ အားလုံးသည် တစ်သားတည်း ဖြစ်သွားကြသည်၊ နှလုံးသား တစ်ခုတည်း ဖြစ်သွားကြသည်။ မန်ချက်စတာ ယူနိုက်တက်သည်၊ ချယ်လ်ဆီးသည်၊ ရီးရဲလ်သည်၊ မန်စီးတီးသည်၊ အရာ အားလုံးသည် မြန်မာ အသင်း၏ နောက်ကွယ်သို့ ရောက်သွားသည်။ ရွန်နီသည်၊ တီဗက်ဇ်သည်၊ မက်ဆီသည်၊ တောရက်စ်သည်၊ သူတို့ အားလုံးသည် ကြည်လင်းနှင့်တကွ မြန်မာ ကစားသမား အားလုံး၏ အနောက်သို့ အလိုလို ရောက်သွားသည်။ မြန်မာအသင်း ကစားနေချိန်တွင် ကျွန်တော်တို့ ချစ်သော မြန်မာအသင်းသည် ကျွန်တော်တို့ အားလုံး၏ မန်ယူလည်း ဖြစ်သည်၊ ချယ်လ်ဆီးလည်း ဖြစ်သည်၊ အာဆင်နယ်လ်လည်း ဖြစ်သည်၊ လီဗာပူးလ်လည်း ဖြစ်သည်။ ဗဟာဒူး တို့မှ စ၍ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင် အလယ် ယခုနောက်ဆုံး ကြည်လင်း၊ ကျော်ကိုကို၊ သိန်းသန်းဝင်း၊ ပိုင်စိုး၊ ဒေးဗစ်ထန်၊ သီဟစည်သူ တို့အားလုံးသည် ပြိုင်ပွဲဝင် နေချိန်တွင် ကျွန်တော်တို့ ပရိသတ်များ အားလုံး၏ ရွန်နီလည်း ဖြစ်သည်၊ ရိုနာလ်ဒိုလည်း ဖြစ်သည်၊ ဒရော့ဂ်ဘာလည်း ဖြစ်သည်။ အဲဒီလို အချိန်မျိုးတွင် ကျန်တာ အားလုံး နောက်ထား၊ ကျွန်တော်တို့သည် မြန်မာ ဆိုတာကိုသာ စိတ်ဝင်တစား အားပေး ခဲ့ကြသည်။ မြန်မာ ဆိုသည့် စကားလုံးသာ ကျွန်တော်တို့ နှလုံးသား ထဲတွင် မှတ်ကျောက်တင် ထားခဲ့သည်။

မနက်ဖြန် (၂၄) ရက်နေ့ စတင် ကစားမည့် ဆူဇူကီး ဖလားပွဲ တွင်လည်း ကျွန်တော်တို့ ဘာမှ မပြောင်းလဲ။ မနက်ဖြန်မှ စ၍ မြန်မာ အသင်း၏ ပွဲစဉ် အားလုံး ကျွန်တော်တို့နှင့် ဆိုင်သည်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ အားလုံး မြန်မာ အသင်းကစားမည့် ပွဲချိန် မိနစ် (၉၀) တိုင်းတွင် နှလုံးသား တစ်ခုတည်း အဖြစ်ပေါင်းစည်း ကြမည်။ အားလုံး၏ ဂရုစိုက် စောင့်ကြည့် ခံနေရသော ကြည်လင်း ဖိအားများအေက် ကျရောက် နေမည်လား၊ သူ့ကို ဖိထားသော အားများ အောက်မှ အားမာန်အပြည့်ဖြင့် ရုန်းကန် တွန်းထိုး ထွက်လာကာ ကွင်းအတွင်း လှလှပပ ပေါက်ကွဲပြလေ မည်လား။ ဘာနှင့်မျှ မတူသော ကျွန်တော်တို့၏ ရင်ခုန်သံသည် မြန်ဆန် ကြပါတော့မည်။
စတော့မည် ဖြစ်ပါသည်။
ကျွန်တော်၏ နှလုံးသားသည် ကြည်လင်း ဖြစ်၍ နေပေတော့မည်၊ မြန်မာအသင်း ဖြစ်၍ နေပေတော့မည်။
ကျွန်တော်တို့ မြန်မာဘောလုံးပရိသတ်များ၏ တသားတည်းပေါင်းစည်းထားသော နှလုံးခုန်သံသည် ကြည်လင်း ကြည်လင်းဟု ယုံယုံကြည်ကြည် အော်ဟစ်နေလိမ့်မည် ဖြစ်သည်။
မြန်မာ မြန်မာ မြန်မာဟု စူးစူးနစ်နစ် အော်ဟစ်နေလိမ့်မည် ဖြစ်သည်။

၂၃ - နိုဝင်ဘာ - ၂၀၁၂

(မှတ်ချက်။ ။ Soccer Myanmar နှင့် ကြည်လင်းတို့၏ အင်တာဗျူးစာသားများကို အောက်တွင် ပြန်လည်ဖော်ပြလိုက်ပါသည်။ Soccer Myanmar တွင် သွားရောက်ဖတ်ရှုလိုပါက http://www.soccermyanmar.com/index.php?option=com_content&view=article&id=16946%3A2012-11-21-21-07-17&catid=56%3Asuzuki-cup&Itemid=114 တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။)

မေး။ ဆူဇူကီးဖလား ပြိုင်ပွဲမှာ မြန်မာအသင်း ဘယ်အဆင့်ထိ ရောက်မယ်လို့ ထင်လဲ။
ဖြေ။ အုပ်စုကလွတ်အောင် အရင်ဆုံး ကြိုးစားရမယ်။ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ်။ ဗီယက်နမ်ကို နိုင်အောင် ကစားနိုင်ရင် ကျွန်တော်တို့မှာ အခွင့်အရေး ရှိတယ်။ ထိုင်းကောင်းပေမယ့် ကျွန်တော်တို့ မကြောက်ပါဘူး။ အဓိက,က စိတ်ဓါတ်ပါ။ ကျွန်တော်တို့မှာ နိုင်ရမယ် ဆိုတဲ့ စိတ်ရှိတယ်။

မေး။ ထိုင်းက အိမ်ရှင်လေ။ သူတို့မှာ အိမ်ရှင် အားသာချက် ရှိနေတယ် မဟုတ်လား။
ဖြေ။ ဟုတ်ပါတယ်။ ဒါပေမယ့် ထိုင်းမှာ ကျွန်တော်တို့ မြန်မာ ပရိသတ် တွေလည်း အများကြီး ရှိနေတာပဲ။

မေး။ ကြည်လင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဘောလုံးဝက်ဘ်ဆိုက် တွေရဲ့ ဂရုတစိုက် ဖော်ပြလာမှုက ပြိုင်ဘက်တွေရဲ့အာရုံစိုက်မှုကို ပိုပြီး ခံလာရနိုင်လား။
ဖြေ။ အဲလိုတော့ မထင်ဘူးဗျ။ ပြိုင်ဘက်တွေ ကတော့ တစ်သင်းလုံးကို အာရုံစိုက်ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကို ပြိုင်ဘက်တွေ ကြောက်ပါတယ်။

မေး။ အကယ်၍ပေါ့....ပြိုင်ဘက်တွေက ပွဲထဲမှာ ကြည်လင်းကို အာရုံစိုက် ထိန်းချုပ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒါက အခက်အခဲ ဖြစ်စေမလား။
ဖြေ။ အခက်အခဲ ဖြစ်စေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်ကတော့ မြန်မာအသင်း အောင်မြင်မှုရဖို့အတွက် အစွမ်းကုန် ကြိုးစားမှာပါ။ သူတို့က ကျွန်တော့်ကို ထိန်းချုပ်ဖို့ ကြိုးစားရင် ကျွန်တော်က သူတို့ကို ကျော်ဖြတ်နိုင်အောင် (၂)ဆ ပိုအားစိုက်မယ်။

မေး။ ကြည်လင်းရဲ့ ကစားပုံက ဒဏ်ရာရဖို့ နီးစပ်တယ်လို့ ပရိသတ်တွေက ပြောကြတယ်။ ဒဏ်ရာမရအောင် ကစားပုံ ပြောင်းဖို့ရှိလား။
ဖြေ။ ဒဏ်ရာမရဖို့ထက် မြန်မာအသင်း အောင်မြင်မှု ရဖို့က ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်နာရင် တစ်ခြားလူ ၀င်လိမ့်မယ်။ မနာခင် အထိကတော့ အသေရုန်းမယ်။ နာမှာစိုးလို့ ထိန်းကစားနေရင် နစ်နာမှာက မြန်မာအသင်းလေ။ အသင်းမှာ ဘယ်တစ်ယောက်မှ ကစားအားကို လျော့လို့ မရပါဘူး။ ကျွန်တော်ကတော့ ချမှာပဲ။

မေး။ ခုနောက်ပိုင်း ဂိုးတွေ အရမ်းရလာတာ ဘာကြောင့်လဲ။
ဖြေ။ ကျွန်တော် ဂိုးတွေရလာတာက နည်းပြက ဂိုးသွင်းခွင့် ရမယ့်နေရာမှာ ပေးကစား လာတာရယ်၊ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုရယ် ကြောင့်လို့ထင်ပါတယ်။ နောက်ပြီး ကျွန်တော် ကိုယ်တိုင်ကလည်း ပွဲအတွင်းမှာ ဂိုးရအောင် အရမ်းအားစိုက်တယ်။ လေ့ကျင့်ရေး ကွင်းမှာလည်း ဂိုးသွင်းတာတွေကို အမြဲလေ့ကျင့်ပါတယ်။

မေး။ ဒီပြိုင်ပွဲမှာရော ဂိုးသွင်းနိုင်ပါ့မလား။
ဖြေ။ ပြောရင် ယုံမလားတော့ မသိဘူး။ ကျွန်တော် ဒီပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဆုနဲ့ အကောင်းဆုံး ကစားသမား ဆုတွေရဖို့ မှန်းထားတယ်။

Credit: Soccer Myanmar
 —

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/23/2012 02:10:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
[mrsorcerer:36049] လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားပြောသင်ခန်းစာ

လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားပြောသင်ခန်းစာ
( At the Hotel )
http://www.thebestenglish4you.com/at-the-hotel.html

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
[aurorageneration] Re: ရခိုင်ပြည်နယ်အတွင်းပဋိပက္ခဖြစ်အောင်ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား ပြစ်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပြီ

ွှအချိန်က စကားပြောလာလိမ်.မယ်....ဒီလို ထက်ထက်လို အရေးပါတဲ. တရား ခံ တယောက်လုံး အစဖျောက် လိုက်တာ...မရိုးသားဘူး......

2012/11/23 Ruby Mirror <ruby.mirror786@gmail.com>
ဝဋ်မှာအပ ငရဲမှာ အမြဲ...... စိုင်းထီးဆိုင် သချင်းလားသိဘူး

2012/11/23 Haroon <roon.ha@gmail.com>
မယောင်ရာ ဆီလူးနေတာပဲ။
တကယ်တန်းသွေးထိုးခဲ့တဲ့ မှူးဇော်ဆိုတဲ့ ကောင်ကိုတော့ လွှတ်ထားတယ်။
RNDP ပါတီကကောင်တွေကိုလည်း လွှတ်ထားတယ်။

သက်ဆိုးရှည်မရှည်စောင့်ကြည့်ရတာပေါ့။

:)

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
 
http://www.itn-group.org/

http://www.itn-group.org/

Link to ITN

[Information & Technology Network] ဟော့စပေါ့....အကြောင်းလေးသိသူများပြောပြပါလားဗျာ...တ...

Posted: 23 Nov 2012 06:28 AM PST

[WEW! - http://wew.web.id] Eminem Beats Lady Gaga, Rihanna To 60 Million Facebook Fans

Posted: 23 Nov 2012 06:08 AM PST

Join my network on LinkedIn

Posted: 23 Nov 2012 04:45 AM PST

[Information & Technology Network] ဒါဘီလိုဖြစ်သွားတာလဲဟင်...........

Posted: 23 Nov 2012 02:05 AM PST

[Information & Technology Network] handy client...

Posted: 22 Nov 2012 08:50 PM PST

[Information & Technology Network] နက်ဆိုင်ဆာဗာ...စက်ဖွင့်လိုမရလိုအကိုတိုရေဘယ်လိုလုပ်...

Posted: 22 Nov 2012 07:37 PM PST

[Information & Technology Network] ios ရဲ့ ipa တွေကို com နဲ့ download တာ IDM နဲ့ ...

Posted: 22 Nov 2012 06:21 PM PST

[Lowongan Kerja] Administrasi Staff LKITnews

Posted: 22 Nov 2012 03:00 PM PST

[Toy] Generations FOC DLX Starscream

Posted: 22 Nov 2012 02:02 PM PST