RFA Burmese Weekly News Letter November 30, 2012

လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၂၄) မှ နိုဝင်ဘာလ (၃ဝ) ရက် အထိ

အင်တာနက်ဝက်ဘ်ဆိုက်ပေါ်တွင် တစ်ပတ်အတွင်း ဖော်ပြခဲ့သည့် သတင်းနှင့် ဖတ်စရာမှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာ ပေးပို့ကာ သတင်းလွှာ မှာကြားနိုင်ပါသည်။

သတင်းလွှာမှာကြားရန်

သတင်းလွှာကို ဆက်လက် အလိုမရှိတော့ဘဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။

သတင်းလွှာရပ်ဆိုင်းရန်




* * * * *

 

 

Radio Free Asia

2025 M Street NW, Suite 300,

Washington DC 20036, USA

202-530-4900 | burweb@rfa.org | RFA Jobs © 2005 Radio Free Asia


[mrsorcerer:36153] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/29
Subject: [လူဗိုလ်ဟူသည် ...] မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ
To: lubo601@gmail.com



Myint Sein and 3 other friends shared RFA Burmese's photo.
မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ ဗြိတိ Spitfire လေယာဉ်များကို စတင်ရှာဖွေ  ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။  Spitfire လေယာဉ်အသစ်စက်စက်တွေကို မြန်မာနိုင်ငံအတွင်း နေရာ (၃) နေရာမှာ မြှပ်နှံထားပြီး၊ အဲဒီထဲက တစ်နေရာကတော့ ရန်ကုန်နိုင်ငံတကာ လေယာဉ်ကွင်းရဲ့အောက်  အနက် (၃၃) ပေ မှာ အလုံပိတ် သေတ္တာကြီးတွေနဲ့်မြှပ်နှံထားကြောင်း၊ (၃၆) စင်းလောက်ရှိမယ်လို့ ယုံကြည်ရကြောင်း မစ္စတာ Cundall က ပြောပါတယ်။  အဲဒီ ဗြိတိန်နိုင်ငံလုပ် တစ်ယောက်စီး Spitfire လေယာဉ်တွေကို ၁၉၄၅ ခုနှစ် မြန်မာပြည်ကို  ဂျပန်အဝင်မှာ ဂျပန်စစ်တပ်တွေ မတွေ့ရအောင်  ဗြိတိသျှစစ်တပ်က မြေအောက်မှာ လျှို့ဝှက်မြှပ်နှံခဲ့တယ်လို့ ယူဆကြပါတယ်။  ဦးဆောင်ရှာဖွေသူ မစ္စတာ Cundall ဟာ လယ်သမားတစ်ဦးဖြစ်ပြီး၊ လေယာဉ်ဝါသနာအိုး တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလေယာဉ်တွေနဲ့ ပတ်သက်ပြီး မစ္စတာ Cundall က မိမိအနေနဲ့ ဒီလေယာဉ်တွေရဲ့ သဲလွန်စကို (၁၆) နှစ်တိုင်တိုင် စုံစမ်းခဲ့ပြီး၊ (၁၆) ကြိမ်  ခရီးထွက်ခဲ့ရပါတယ်။  မျက်မြင်သက်သေတွေထဲမှာ အမေရိကန်လေတပ်သားဟောင်းတစ်ယောက်နဲ့ လေယာဉ်တွေ်မြှပ်နှံရာမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာလူမျိုးတွေ ပါဝင်ကြပါတယ်၊ သူတို့အားလုံးက နေရာတစ်နေရာတည်းကို  ညွှန်ပြခဲ့ကြပါတယ်လို့ ပြောဆိုခဲ့တာပါ။  လက်ရှိအနေနဲ့ တစ်ကမ္ဘာလုံးမှာ Spitfire ဗြိတိသျှ တိုက်လေယာဉ် အစင်း (၅ဝ) လောက်သာ ကျန်ရှိနေပါတယ်။ မစ္စတာ Cundall ရဲ့  ရှာဖွေမှုအောင်မြင်မယ်ဆိုရင် အရေအတွက် နှစ်ဆတက်သွားမယ့်အပြင် ၊ ကမ္ဘာ့လေကြောင်းသမိုင်းမှာလည်း အထင်ကရဖြစ်သွားမယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။  ဒီရှာဖွေတူးဖေါ်မှုကနေ ရရှိမယ့်အကျိုးအမြတ်ကို မစ္စတာ Cundall က (၃ဝ) ရာခိုင်နှုန်း၊ သူ့လက်ထောက်တွေက (၂ဝ) ရာခိုင်နှုန်း၊ မြန်မာအစိုးရက ( ၅ဝ) ရာခိုင်နှုန်း ခွဲဝေဖို့ သဘောတူညီထားပါတယ်။ ဒါပေမဲ့ Spitfire လေယာဉ်တွေရဲ့ တန်ဖိုးကိုမသိရသေးပါဘူး။ မစ္စတာ Cundall ကတော့ ငွေအတွက် တူးဖေါ်တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတ
ဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

Spitfire လေယာဉ်အသစ်စက်စက်တွေကို မြန်မာနိုင်ငံအတွင်း နေရာ (၃) နေရာမှာ မြှပ်နှံထားပြီး၊ အဲဒီထဲက တစ်နေရာကတော့ ရန်ကုန်နိုင်ငံတကာ လေယာဉ်ကွင်းရဲ့အောက် အနက် (၃၃) ပေ မှာ အလုံပိတ် သေတ္တာကြီးတွေနဲ့်မြှပ်နှံထားကြောင်း၊ (၃၆) စင်းလောက်ရှိမယ်လို့ ယုံကြည်ရကြောင်း မစ္စတာ Cundall က ပြောပါတယ်။

အဲဒီ ဗြိတိန်နိုင်ငံလုပ် တစ်ယောက်စီး Spitfire လေယာဉ်တွေကို ၁၉၄၅ ခုနှစ် မြန်မာပြည်ကို ဂျပန်အဝင်မှာ ဂျပန်စစ်တပ်တွေ မတွေ့ရအောင် ဗြိတိသျှစစ်တပ်က မြေအောက်မှာ လျှို့ဝှက်မြှပ်နှံခဲ့တယ်လို့ ယူဆကြပါတယ်။

ဦးဆောင်ရှာဖွေသူ မစ္စတာ Cundall ဟာ လယ်သမားတစ်ဦးဖြစ်ပြီး၊ လေယာဉ်ဝါသနာအိုး တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလေယာဉ်တွေနဲ့ ပတ်သက်ပြီး မစ္စတာ Cundall က မိမိအနေနဲ့ ဒီလေယာဉ်တွေရဲ့ သဲလွန်စကို (၁၆) နှစ်တိုင်တိုင် စုံစမ်းခဲ့ပြီး၊ (၁၆) ကြိမ် ခရီးထွက်ခဲ့ရပါတယ်။

မျက်မြင်သက်သေတွေထဲမှာ အမေရိကန်လေတပ်သားဟောင်းတစ်ယောက်နဲ့ လေယာဉ်တွေ်မြှပ်နှံရာမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာလူမျိုးတွေ ပါဝင်ကြပါတယ်၊ သူတို့အားလုံးက နေရာတစ်နေရာတည်းကို ညွှန်ပြခဲ့ကြပါတယ်လို့ ပြောဆိုခဲ့တာပါ။

လက်ရှိအနေနဲ့ တစ်ကမ္ဘာလုံးမှာ Spitfire ဗြိတိသျှ တိုက်လေယာဉ် အစင်း (၅ဝ) လောက်သာ ကျန်ရှိနေပါတယ်။ မစ္စတာ Cundall ရဲ့ ရှာဖွေမှုအောင်မြင်မယ်ဆိုရင် အရေအတွက် နှစ်ဆတက်သွားမယ့်အပြင် ၊ ကမ္ဘာ့လေကြောင်းသမိုင်းမှာလည်း အထင်ကရဖြစ်သွားမယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဒီရှာဖွေတူးဖေါ်မှုကနေ ရရှိမယ့်အကျိုးအမြတ်ကို မစ္စတာ Cundall က (၃ဝ) ရာခိုင်နှုန်း၊ သူ့လက်ထောက်တွေက (၂ဝ) ရာခိုင်နှုန်း၊ မြန်မာအစိုးရက ( ၅ဝ) ရာခိုင်နှုန်း ခွဲဝေဖို့ သဘောတူညီထားပါတယ်။ ဒါပေမဲ့ Spitfire လေယာဉ်တွေရဲ့ တန်ဖိုးကိုမသိရသေးပါဘူး။ မစ္စတာ Cundall ကတော့ ငွေအတွက် တူးဖေါ်တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/30/2012 08:30:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36152] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/29
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ
To: lubo601@gmail.com


နတ်သားလေး နေလှိုင်း

နိုင်ငံတကာနှင့် ဆက်ဆံမှု့တိုးတက်လာသော ယနေ့အချိန်တွင် ယဉ်ကျေးမှု့ ကူးလူးယှက်နွယ်ခြင်း.. များကြောင့်တချို့ကိစ္စ များတွင် အရိုးပေါ် အရွက်ဖုံးသည့် အခြေအနေများကိုတွေ့လာကြရပါသည်။

နိုင်ငံတကာ ဘာသာဗေဒ စကားများ အသုံးတွင်ကျယ်လာမှု့အပေါ်မူတည်ပြီး ... မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများမှေးမှိန်ပျောက်ကွယ်ခြင်းမရှိစေရန်အတွက် မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများအကြောင်း အနည်းငယ်တင်ပြလိုပါသည်။ မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ ကိုလေ့လာကြည့်သောအခါ မိသားစုခြင်း ရိုသေလေးစားမှု့၊ချစ်ခင်ကြင်နာမှု့ကို အခြေတည်ကာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း တွေ့ရပါသည်။အရွယ်အကြီးအငယ်ကို လိုက်ပြီး.... မိကြီး ၊ မိထွေး ၊ ဘကြီး ၊ ဘထွေး၊... ဟူ ၍ လည်းကောင်း...မေတ္တာကို အခြေခံပြီး..... ဖိုး ၊ ဖွား ၊ သား ၊ သမီး ၊ ခင်ပွန်း ၊ ခမည်း ၊ ခဲအို ၊ ခယ်မ ၊ ........စသဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ ရှိကြပါသည်။


ဖိုး ၊ ဖွား ၊ တို့၏အထက်..ဆွေမျိုးဆက်များအား အတိတ်တွင် ကျန်ခဲ့ ဝေးခဲ့ သည့် သဘောဖြင့်..ဘေး ၊ ဘီ ၊ ဘင် ၊ ဟူ ၍ လည်းကောင်း.........သား ၊ သမီး မှ အောက်အဖို့ကား သံယောဇဉ် အရင်းအမြစ် တွယ်တာသည့်သဘော၊မြှေးကပ်တွယ်သည့် သဘောဖြင့် ....မြေး ၊ မြစ် ၊ တီ ၊ ကျွတ် ၊ တွတ် ၊ ဟူ ၍ လည်းကောင်း ..ခေါ်ဝေါ် အသုံးပြုခဲ့ပါသည်။

မင်းကြီး မဟာသီရိဇေယျသူ ၁၂၂၇ ခုနှစ်တွင် ရေးသားခဲ့သော က၀ိလက္ခဏာဒီပနီကျမ်းတွင်..မိမိအထက်...ဆွေမျိုး ခုနှစ်ဆက်ကို...အဖအဖိုးအဘေးအဘီအဘဲးအဘောအဘွေး ... ဟူ ၍ လည်းကောင်း...........မိမိအောက် ဆွေမျိုး ခုနှစ်ဆက်ကို......သားမြေးမြစ်တီတွတ်ကျွတ်မျှော့........ ဟူ ၍ လည်းကောင်း ....ဖေါ်ပြထားပါသည်။.................................................................................

အမိ ၊ အမေ = မိမိကို မွေးသောကျေးဇူးရှင်................= တိုက်ရိုက် သွေးသား တော်စပ်ခြင်း( နှာသံ ဖြင့် ရွတ်ရသော နူတ်ခမ်းဗျည်း ကို အနိမ့်သက်သံ အိ ဖြင့် ပေါင်းစပ်ထားခြင်း )အဖ ၊ အဖေ = ချစ်ခင် အားကိုး ပြုလောက်သူ...... = အကြီး အကဲ အချုပ်( နူတ်ခမ်းဌာန်ဖြစ် ရုန်းပွင့်ဗျည်း ပ ကို လေသံတင်းဖြင့် ရွတ်ဖတ်ခြင်း မှ ဖ ဖြစ်လာသည် )ဖိုး ၊ အဖိုး = ခေါင် ၊ အကြီး အမှုး = အဖိုးထိုက် အဖိုးတန်

အဖွား = အထူး ချစ်ခင်အပ်သူ = ကြီးမားသော(လျှာနောက်ပိုင်းသရ ဖာ ကို အပွင့်သရ မှ လျှာ အမြင့်ဆုံး အူ သရ သို့ ရောက်အောင်ရွတ်ဆိုခြင်းဖြင့် ဖွာ သရ ဖြစ်ပြီး အမြင့်သက်သံ ဖြင့် ပြန်ရွတ်သောအခါ ဖွား ဖြစ်လာသည်)

သား = အသွေးအသား ၊ ငယ်ရွယ်သူ

သမီး = ရင်သွေး ၊ မိန်းကလေး.....(သား + မိ မှ လာသည်)

မြေး = ရှက်တွယ် ၊ မြှေးကပ် သူ

မြစ် = အမြစ်တွယ် သည့် သဘော

တီ...တွတ်....မျှော့....= မပြုတ်အောင် တွယ်ကပ်သည့် သဘော..........................

မိခင် နှင့် တော်စပ်သူများ........

မိကြီး = အမိ ထက် ကြီးသူ ၊ အမိ နှင့် မခြား ချစ်အပ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး အဖြစ်လည်း သုံးသည် )မိထွေး = အမိ ထက်ငယ်သူ ၊ အဖ ၏ နောက် ဇနီး

ကြီးတော် = အမိ နှင့် မခြား ကြီးမြတ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး ၊ အဖေ့ နှမ ၊ ဦးလေး ၏ ဇနီး အဖြစ်လည်း သုံးသည် )

ဒွေးဒေါ် ၊ ဒွေးလေး ၊ ဒွေးကြီး = ကြီးမြတ်သူ........................အမေ ၏ ညီမ ၊ အဖေ့ ညီ၏ ဇနီး

ဒေါ်ကြီး ၊ ဒေါ်လေး ၊ အဒေါ် = ကြီးမြတ်သူ........................အမေ ၏ အစ်မ ၊ အဖေ့ အစ်ကို ၏ ဇနီး

ဦးကြီး ၊ ဦးရီး ၊ ၀ရီး ၊ ဦးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ.............အမိ ၏ အစ်ကိုကြီး ၊ အဖ ဘက်မှ အဒေါ်၏ ခင်ပွန်း.................................................................................

ဖခင် နှင့် တော်စပ် သူများ ........ဘကြီး ၊ ဘထွေး = အဖ နှင့် မခြား ချစ်အပ်သူပထွေး = အမိ ၏ နောက်အိမ်ထောင်

အရီးကြီး ၊ အရီးလတ် ၊ အရီးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ......................အဖေ ၏ နှမ အကြီး+ အလတ် + အငယ် ၊ အမေ့မောင် ဦးလေး၏ ဇနီး


ညီ ၊ ညီမ = တမိသားချင်း ၊ မိမိ နှင့် ထပ်တူမျှ တွယ်တာအပ်သူ.....................စွဲငြိ + ငြိတွယ် + ညီမျှ ခြင်း သဘော

နှမ = နှစ်သက်တွယ်တာ အပ်သောတမိပေါက် သားချင်းများ အနက် ယောင်္ကျားလေးမှ မိမိအောက်ငယ်သော..မိန်းကလေး အား ခေါ်ခြင်း

နောင် ၊ နောင်ကြီး ၊ နောင်ငယ် = ရှေ့ ကျသည့်သဘော ၊........တမိပေါက် သားချင်းများ ညီ အစ်ကို များ အနက် အငယ်က အကြီးကို ခေါ်ခြင်း

မောင် ၊ မောင်ကြီး ၊ မောင်ငယ် = အင်အားကြီးမား ၊ အားကိုးအားထားတမိပေါက် သားချင်းများ အနက် မိန်းကလေးမှ မိမိအောက်ငယ်သော ယောင်္ကျားလေး အား ခေါ်ခြင်း

အစ်ကို ၊ အစ်ညီ ၊ အစ်မ = ပြည့်ပြည့် ၀၀ ၊ အားပြု လောက်သောတမိပေါက် သားချင်းများ အနက် ငယ်ရွယ်သူ မှ မိမိ ထက် အကြီးများ အား ခေါ်ခြင်း

ဝမ်းကွဲ ၊ တနို့ခြား = ညီအစ်ကို + မောင်နှစ်မ အရင်းမှ မွေးဖွား လာသူများ.................................................................................လက်ထပ် ထိမ်းမြား ၍ တော်စပ်သူများ ................ခမီး (ခမည်း) ၊ ခမက် = ဖခင်ရင်းကဲ့သို့ မြတ်နိုး ချစ်ခင်အပ်သူ ၊..............................သား သမီး နှင့် စပ်ကာ ခင်မင်တွယ်တာရသူ( လင်မယား နှစ်ယောက်၏ အမိ အဖ အချင်းချင်း တော်စပ်ပုံ )

ခယ်မ = နှမ အရင်းကဲ့သို့ တွယ်တာ အပ်သူ( မယား ၏ ညီမ ၊ ညီ ၏ မယား )

ခဲအို = အစ်ကို အရင်းကဲ့သို့ တွယ်တာ အပ်သူ ( အမ ၏ ခင်ပွန်း ၊ လင် ယောင်္ကျား ၏ အစ်ကို )

ခင်ပွန်း ၊ ခင်ပွန်းမ = ခင်မင် ချစ်ခင် ရင်းနှီး ကျွမ်းဝင်ရသူ

ဇနီး = အထူး နီးနီးကပ်ကပ် ရှိသူ

ခြွေးမ = အခြွေ အရံ ခြွေရွေ ၀န်းရံ =သားဖြစ်သူ၏ ဇနီး

တူ ၊ တူမ = တူညီ ၊ ထပ်တူ (မိမိ ရင်သွေးနှင့် မခြား ချစ်ခင်အပ်သူ)(မိမိ၏ အကို+အမ+ညီ+ညီမ မှ မွေးဖွားသူ )

မယား = စွဲယူ ၊ စွဲမြဲ ( စွဲမြဲ ထားသော မိန်းမ)

လင် = ပြည့်ပြည့် ၀၀ အားကိုးထိုက်သူ

မရီး = = ပွန်းပွန်းတီးတီး ကျွမ်းဝင်အပ်သော အမျိုးသမီး (အကို ၏ ဇနီး ၊ မယား ၏ အမ )

မတ် = မယိမ်း မယိုင် ဖြောင့်မတ်သောသူ ( လင် ၏ ညီ ၊ ညီမ ၏ လင် )

ယောက္ခမ = ရစ်ပတ် ဖွဲ့ရှက် ခင်မင်ရသူ ( မယား+ လင် ၏ အမိအဖ )

ယောက်ဖ = ရစ်ပတ် ဖွဲ့နှောင် လာသူ ( မယား ၏ မောင် ၊ နှမ ၏ လင် )

ယောက်မ = ရစ်ပတ် ဖွဲ့နှောင် လာသူ ( လင် ၏ နှမ ၊ မောင် ၏ ဇနီး )

( ဆရာမ ဒေါ်မာလေး ၏ မြန်မာဆွေမျိုးစပ် ဝေါဟာရ များ....စာပေဗိမာန် ၁၉၇၇ မှကောက်နူတ် တင်ပြပါသည် )


kyikyi ရေးသားပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/30/2012 10:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36150] Fwd: [လူဗိုလ်ဟူသည် ...] ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ် ဈေးကွက် ကြီးမားလာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/29
Subject: [လူဗိုလ်ဟူသည် ...] ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ် ဈေးကွက် ကြီးမားလာ
To: lubo601@gmail.com



by Shwe Eaim Si on Monday, November 26, 2012 at 7:30pm ·


Monday, 01 February 2010 13:07 ဧရာဝတီ

ဆယ်တန်း စာမေးပွဲတွင် စာကူးဖြေသူ များအတွက် အထူးစီမံ ထုတ်လုပ်ထားသော စာအုပ်ငယ် ဈေးကွက် သည် ရန်ကုန်တွင် တနှစ်ထက် တနှစ် ပိုမို ကြီးမားလာသည်။ ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲ ကျင်းပ ရန် ရက်ပေါင်း ၄၀ ခန့်သာ လိုသည့်အချိန်တွင် ထိုစာအုပ်ငယ်များ အလွန် အရောင်းသွက်နေသည်ဟု ခိုးကူး စာရွက်စာတမ်း ရောင်းချသူများက ပြောသည်။


[လျှို့ဝှက်သယ်ဆောင်ရန် လွယ်ကူသည့် ပေါ့ကက် (pocket) ခေါ် ခိုးကူးစာအုပ်ငယ်များ (ဓာတ်ပုံ - ဧရာဝတီ)]

"စာအုပ်ဆိုင်တွေမှာ တင်ရောင်း သလို၊ လူကိုယ်တိုင်လည်း လမ်းပေါ် လျှောက်ပြီး ဒိုင်လျှို ရောင်းကြတယ်" ဟု ဆိပ်ကမ်းသာလမ်း အနီးရှိ စာအုပ်ဆိုင် တဆိုင်မှ ၀န်ထမ်းတဦးက ပြောသည်။

ဆယ်တန်း ဘာသာရပ်စုံ ပါဝင်သော ခိုးကူး စာရွက်စာတမ်း တစုံလျှင် အနည်းဆုံး ကျပ် ၃၅၀၀ ဖြင့် ရောင်းဝယ် ကြကြောင်း၊ စာမေးပွဲ နီးလာချိန်တွင် ၀ယ်ယူသူ ပိုမို များပြား လာဖွယ် ရှိကြောင်း ခိုးကူးစာအုပ် ရောင်းသူတဦးက ပြောသည်။

"ဖေဖော်ဝါရီ လကုန်နဲ့ စာမေးပွဲ စဖြေတဲ့ မတ်လဆန်း လောက်ဆို တနေ့ကို ခိုးကူး အစုံ ရာချီ ရောင်းရတယ်။ ခိုးကူးတစုံကို ၃၅၀၀နဲ့ ရောင်းတယ်။ စာအုပ်ဖိုးရော၊ လိုင်းကြေး အပါ ခိုးကူးတစုံ အရင်းချည်းပဲ ၁၈၀၀ ရှိတယ်" ဟု သူက ရှင်းပြသည်။

လိုင်းကြေး ဆိုသည်မှာ အာဏာပိုင် အဖွဲ့အစည်းများကို ပေးရသည့် လာဘ်ငွေ ဖြစ်သည်။

နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို နေ့စဉ် ကျပ် ၅၀၀၀ ပေးရပြီး စည်ပင်ရဲ၊ ရယက၊ ကြံ့ဖွံ့ စသည့် ဒေသခံ အဖွဲ့အစည်းများကိုလည်း လာဘ်ငွေ အနည်းငယ် ပေးရသည်ဟု ဆူးလေးဘုရားအနီးရှိ ခိုးကူးစာအုပ် အရောင်းဈေးသည် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားများသည် ကိုးတန်းအထိ စာမေးပွဲနှင့် ပတ်သက်ပြီး ကြီးမားသည့် အခက်အခဲများနှင့် မကြုံခဲ့ရပေ။ သက်ဆိုင်ရာ ကျောင်းမှ ဆရာ ဆရာများက စာမေးပွဲနီးလျှင် လေ့လာကျက်မှတ်ရမည့် သင်ခန်းစာများကို ရွေးချယ်ပေးလေ့ရှိသည်။

ကျောင်းသားများ ဆယ်တန်းသို့ ရောက်သည့်အခါ ယခင်နှင့်မတူဘဲ ခက်ခဲသည့် စာမေးပွဲနှင့် ရင်ဆိုင်ရသည်။ ဆယ်တန်း စာမေးပွဲသည် အစိုးရစစ် ဖြစ်ပြီး မေးခွန်းလွှာများကို ပညာရေးဝန်ကြီးဌာနက စီစဉ်သဖြင့် ပါဝင်မည့် မေးခွန်းများကို ကြိုတင် မသိနိုင်သောကြောင့် လေ့လာ ကျက်မှတ်ရမည့် သင်ခန်းစာများ အထူး များပြားနေခြင်းသည် ကျောင်းသားများ၏ အခက်အခဲ ဖြစ်နေသည်။

၁၉၉၅ ခုနှစ်ခန့်မှ စပြီး စီးပွားရေး သမားများက စာမေးပွဲခန်း အတွင်း စာကူးပြီး ဖြေလိုသူ ကျောင်းသားများ ခိုးဝှက် သက်ဆောင်ရန် လွယ်ကူသည့် စာအုပ် ငယ်များကို ပုံနှိပ် ရောင်းချခဲ့ကြသည်။

ဆယ်တန်း စာမေးပွဲတွင် ခိုးကူး ဖြေဆိုသူများကို စာမေးပွဲ ရာသက်ပန် ဖြေဆိုခွင့် ပိတ်သည် အထိ အရေးယူ နိုင်ကြောင်း အခြေခံ ပညာ အထက်တန်းကျောင်း တကျောင်းမှ ဆရာတဦးက ရှင်းပြသည်။

ရန်ကုန်မြို့မှ နာမည်ကြီး ကျူရှင်ဆရာကြီး တဦးက ပညာရေးသည် တိုင်းပြည် တိုးတက်ရေး အတွက် အဓိက ဖြစ်သောကြောင့် အာဏာပိုင် တို့က ခိုးကူးရောင်း ချမှုများကို ထိရောက်စွာ နှိမ်နင်းသင့်သည်ဟု သုံးသပ်သည်။

"အရေးယူမှု မရှိလို့ ဒီလောက် တွင်ကျယ်လာတာ။ ဒါ ပညာရေးကို အလေးမထားတဲ့ လုပ်ရပ် ဆိုရင် ပိုမှန်မယ်" ဟု သူက ပြောသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲကို မတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်သည်။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/30/2012 12:26:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36150] Fwd: [လူဗိုလ်ဟူသည် ...] တကယ်မွှေးမှာလား ကံ့ကော်မြေ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/29
Subject: [လူဗိုလ်ဟူသည် ...] တကယ်မွှေးမှာလား ကံ့ကော်မြေ
To: lubo601@gmail.com



Cloud Cuckoo Land shared 7Day News Journal's photo.
တကယ်မွှေးမှာလား ကံ့ကော်မြေ  ရေးသားသူ- ဥက္ကာကိုကို
ရေးသားသူ- ဥက္ကာကိုကို

"ကန်ရေပြင် မြေနီလမ်း ..တို့နဲ့ဝေး ..စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး .. ယုံပါကွာ အချစ်ဆုံးမင်းကို . တို့တော့ သတိရ 
နေမှာပါ ..."

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ကျောင်းဖွင့်ချိန် ဇွန်လများမှာ မိုးစက်များခပ်ဖွဲဖွဲရွာနေပေလိမ့်မည်။ စိန်ပန်းတွေလည်း ရဲရဲပွင့်နေလိမ့်မည်။ တရုတ်စကားပွင့်တွေလည်း ဖူးပွင့်နေပေလိမ့်မည်။ အဓိပတိလမ်းမကြီးတစ်လျှောက် ထီးရောင်စုံကိုယ်စီဖြင့် အဆင်အသွေးစုံ ကျောင်းသား၊ ကျောင်းသူများ ပျားပန်းခတ်နေလိမ့်မည်။ သည်လမ်း မကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ခြေချခဲ့ကြပါလိမ့်မည်။

ပြီးတော့ ရန်ကုန်တက္ကသိုလ် ရင်ခွင်ကို ခိုလှုံဖူးသူတို့ ဘယ်တော့မှမေ့မရနိုင်သည့် သစ်ပုပ်ပင်ကြီး၊ အဓိပတိလမ်းကို ၀င်ဝင်ချင်း ဘယ်ဘက်က မန္တလေးဆောင်ကြီး၊ ညာဘက်က ဗိုလ်အောင်ကျော် ကျောက်တိုင်ပုလေး၊ ဂျပ်ဆင်ဘုရားကျောင်း၊ ရွှေဘိုဆောင်၊ နာမည်ကျော်မာလာဆောင်၊ အင်းလျားဆောင်၊ ကိုအောင်ဆန်းနေဖူးသော ပဲခူးဆောင်စသည့် အဆောင်များအားလုံး၏ ပင်မဖြစ်သော ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၊ တက္ကသိုလ်စာကြည့်တိုက်ကြီး .. ပြီးတော့ .. ကံ့ကော်ပင်တွေ၊ ပိတောက်ပင်တွေ၊ တရုတ်စကားပွင့်လေးတွေ၊ သစ်တိုပင်လမ်းကလေး၊ ဦးချစ်လက်ဖက်ရည်ဆိုင်၊ ယမ်းဘီလူးဆိုင်၊ အင်းလျားကန်ပေါင်။

ရန်ကုန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့အတွက် ဂုဏ်ယူစရာအထိမ်းအမှတ်နေရာများစွာက ခေတ်အဆက်ဆက် ရှင်သန်နေဆဲဖြစ်သည်။ ယခင်က တက္ကသိုလ်ကြီးထဲ ခြေချဖူးသူတို့ ၏ သတင်းစကားများ၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် စာရေးဆရာကြီးများ၏ ရေးသားဖော်ပြ ချက်များကိုသာ ယနေ့မှာတော့ ခေတ်လူငယ်တို့အတွက် ပုံပြင်တစ်ပုဒ်နှယ် ကြားသိခဲ့ရသည်။

တက္ကသိုလ်ကြီးအကြောင်း မည်သည့်အချိန်မှာပင် ကြားရစေတော့ ချက်ချင်းပင်ပြေးကြည့်၊ ပြေးတက်လိုက်ချင်သည့်စိတ်ကလည်း တဖွားဖွားပေါ်လာတတ်စမြဲ၊ သို့ သော် ရန်ကုန်တက္ကသိုလ်ကြီး ကိုယ်တိုင်ပင် သူ့ရင်သွေးများနှင့်ဝေးကွာခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။
အမိရင်ခွင်မှ အမှတ်တရများကိုတော့ ဘယ်သောအခါမျှ မမေ့နိုင်ကြ။

အဓိပတိလမ်းထက်က ရွက်ကြွေများ
"ကြင်နာသူရဲ့ ကံ့ကော်တန်း .. ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း ... ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ ... တို့တော့သတိရနေမှာပါ"
ရန်ကုန်တက္ကသိုလ်ပင်မဂိတ်ပေါက်မှ လှမ်းဝင်လိုက်သည်နှင့် အဓိပတိလမ်းမကြီးက ခန့်ထည်စွာ ဆီးကြိုပါလိမ့်မည်။ ယခုအခါ ပြန်လည်ပြင်ဆင်ထားသည့် အဓိပတိလမ်းသည် ၀ဲယာတစ်ဖက် တစ်ချက်၌ မီးတိုင်သစ်များ၊ ပိုးထားသော ကတ္တရာသစ်များ၊ ပလက်
ဖောင်းသစ်များ၊ မြက်ခင်းသစ်များဖြင့် ကြည့်ကောင်းနေပေသည်။ ၀င်ဝင်ချင်း ညာဘက်သို့ လှည့်ကြည့်ပါက ဗိုလ်အောင်ကျော်အထိမ်းအမှတ် ကျောက်တိုင်ငယ်လေး တွေ့ရပါမည်။

ဘယ်ဘက်သို့ လှမ်းကြည့်ပါက New Hall ဟုခေါ်ဆိုခဲ့ကြသော မန္တလေးဆောင်၊ အမရဆောင်၊ ရာမညဆောင်၊ တောင်ငူဆောင်စသည်တို့ကို တွေ့ရမည် ဖြစ်သည်။ အဓိပတိလမ်းမတစ်လျှောက်တွင် ငွေစာရင်းရုံး၊ ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ တက္ကသိုလ် စာကြည့်တိုက်နှင့် သိပ္ပံ၊ ၀ိဇ္ဇာစာ သင်ဆောင်များရှိကြသည်။

ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်ဖွဲ့စည်းပုံအတိုင်း တည်ထောင်ထားသော ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးသည် ယနေ့ထက်တိုင်ပင် သစ်ရွက်ခြောက်များ တဖွဲဖွဲကြွေကျဆဲဖြစ် သည်။ သူ့ရင်ခွင်ပေါ် နင်းဖြတ်လာမည့် ကျောင်းသား၊ ကျောင်းသူတို့၏ ခြေသံများကိုလည်း နားစွင့် နေဆဲဖြစ်ပါသည်။

အထီးကျန်သော်လည်း အကျည်း မတန်သည့် ကျောင်းဆောင်များ
ရန်ကုန်ကောလိပ်အဆောက်အအုံများကို ၁၉၀၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၂၀၊ ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။

သထုံ၊ ပဲခူး၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်းကျောင်းဆောင်များသည် Central Hall ပင်မကျောင်းဆောင်များဖြစ်ပြီး ၁၉၂၈ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည်။ ပြည်၊ တကောင်းနှင့် ပုဂံဆောင်များကို ၁၉၂၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၀ိဇ္ဇာနှင့်သိပ္ပံစာသင်ဆောင်များ အပါအ၀င် ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ သီရိဆောင်များကို ၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

New Hall ဟုခေါ်သည့် မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူဆောင်များ၊ မာလာဆောင်၊ ရတနာဆောင်၊ အင်းလျားဆောင်တို့ကို လွတ်လပ်ရေးခေတ်ဦးကျမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သထုံလမ်းဘက်တွင် ပညာရေးကျောင်းသူများ နေထိုင်သည့် တီတီစီကျောင်းဆောင် (နှင်းဆီကုန်း) လည်းရှိသည်။

လက်ရှိရန်ကုန်တက္ကသိုလ် နယ်မြေကြီးကို ၁၉၁၈ ခုနှစ် ဇွန်လမှစတင်ကာ ဧက ၇၀၀ နှင့် ၈၀၀ အကြား ကျယ်ဝန်းသည့် သရက်နှင့် မရမ်းခြံများကို ခုတ်ထွင်ရှင်းလင်း၍ ရန်ကုန်တက္ကသိုလ် အဆောက်အအုံများ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်ခေတ်လက်ရာ အဆောက်အအုံနီနီကြီးများ၏ အခန်းငယ်များထဲမှ စာအံသံများ ထွက်ပေါ်ခဲ့ဖူးသည်။ ဂစ်တာသံများ၊ ပျော်ရွှင်စွာရယ်မောသံများ ပေါ်ထွက်ခဲ့ဖူးသည်။ တေးသီချင်းများဖြင့် အဆောင်သူတို့ အိပ်မက်တွေ လှပခဲ့ကြသည်။

ထင်ရှားသည့်နိုင်ငံ့ခေါင်းဆောင်အချို့သည် ထိုအဆောင်များထဲမှပင် ပေါ်ထွက်လာကြသည်။ အနုပညာရှင်များစွာသည် ထိုအဆောင်များထဲမှာ သန္ဓေတည်ခဲ့ကြသည်။ စာပေပညာရှင်များသည် ထိုအဆောင်များထဲမှာ ဉာဏ်ကွန့်မြူးခဲ့ကြသည်။ ပဲခူးဆောင်မှ ကိုအောင်ဆန်းနေထိုင်ခဲ့သည့် အခန်းငယ်လေးကို တန်ဖိုးထားခဲ့ကြသည်။

မည်သို့မျှ မေ့ပျောက်မရနိုင်သော အဆောင်ဟောင်းကြီးများထဲမှာ ကြီးမားသော သမိုင်းကြောင်းတွေ ရှိသည်။ မြန်မာတစ်နိုင်ငံလုံး၏ အနာဂတ်အဆုံးအဖြတ်သည် ထိုအဆောင်ဟောင်းကြီးများထဲမှ ပေါ်ထွက်လာဖူးသည်။ ယခင်က စည်ကားသိုက်မြိုက်ခဲ့ဖူးသည့် အ ဆောင်ဟောင်းကြီးများသည် ယခုအခါ ခြောက်သွေ့နွမ်းလျနေပါသည်။ လူတွေကလည်း နေထိုင်သည်ဆိုရုံ၊ ရှိသည်ဆိုရုံမျှ။

ထိုသို့နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သော်လည်း အဆောင်များအားလုံး အကျည်းမတန်သေးပါ။ ခန့်ညားထည်ဝါလျက်ပင် ရှိပါသည်။ လက်ရှိတွင် ရန်ကုန်တက္ကသိုလ်ရှိ အဆောင်များကို ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

သမိုင်းကြောင်းကို ငုံ့ကြည့်နေသော သစ်ပုပ်ပင်ကြီး
အဓိပတိလမ်းမထက်မှာ ရန်ကုန်တက္ကသိုလ်စတည်စဉ်ကတည်းက ရှိနေခဲ့သည့် သစ်ပုပ်ပင်ကြီးကို တွေ့ရပါမည်။ မလှမ်းမကမ်းမှာ ဘွဲ့နှင်းသဘင်ကြီးက ထည်ဝါစွာ ရပ်တည်လျက်ရှိသည်။ နှစ်ပေါင်းတစ်ရာကျော်လာပြီဖြစ်သည့် သစ်ပုပ်ပင်အိုကြီးသည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံဆဲ။

တက္ကသိုလ်နယ်မြေမှ ကျောင်းသားကျောင်းသူတိုင်းသည် သစ်ပုပ်ပင်ကြီးနှင့် ထိတွေ့ရင်းနှီးခဲ့ကြသည်။ သူ့အရိပ်အောက်မှာ ခိုဝင်ခဲ့ကြသည်။ သူ့ပင်စည်မှာ စာထွင်း၍ တစ်သက်တာ အမှတ်တရများ ရေးခြစ်ခဲ့ကြသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းရှိ သက်တမ်းရင့်သစ်ပင်ကြီးများစွာ ပြိုလဲခဲ့ရသည်။ ထိုစဉ်က ကျောင်း သားဟောင်းများသာမက ပြည်သူအများက သူတို့ချစ်သော သစ်ပုပ်ပင်ကြီးကို စိုးရိမ်တကြီးဖြစ်ခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်နှင့် တွဲမြင်ရသည့် ကြီးမားသော ဂုဏ်ပုဒ်တစ်ရပ်ကြောင့် သစ်ပုပ်ပင်ကြီး အဆုံးသတ်သွားမှာကို စိုးထိတ်ခဲ့ ကြသည်။ သစ်ပုပ်ပင်ကြီးရှိနေဆဲပါ။ ကြံ့ကြံ့ခံ၍ နာဂစ်ကို ဖြတ်သန်းနိုင်ခဲ့သည်။

ဂျပ်ဆင်အိုနှင့်ဓမ္မာရုံ
အမေရိကန် ဘက်ပတစ် သူနာပြုအဖွဲ့ ထူထောင်သော ဘက်ပတစ်ကောလိပ်သည် ၁၈၉၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။ အဆိုပါကောလိပ်ကို ယုဒသန်ကောလိပ်ဟူ၍ ၁၉၁၈ ခုနှစ်တွင် အမည်ပြောင်းလဲခဲ့သည်။ ယုဒသန်ဘုရားကျောင်းကိုလည်း တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ဂျပ်ဆင်ခန်းမ၊ ဂျပ်ဆင်ဘုရားကျောင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၂၀ ရန်ကုန် တက္ကသိုလ် အက်ဥပဒေအရ ရန်ကုန်ကောလိပ်နှစ်ခုကိုပေါင်းစည်းကာ ရန်ကုန်တက္ကသိုလ်ဟူ၍ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

ဂျပ်ဆင်ဘုရားရှိခိုးကျောင်းမှာ ယနေ့ထက်တိုင် တနင်္ဂနွေနေ့တိုင်း လူစည်ကားဆဲဖြစ်သည်။ အမေရိကန်အဖွဲ့က ဂျပ်ဆင်ဘုရားရှိခိုးကျောင်းကို တည်ဆောက်ခဲ့ကြသလို မြန်မာကျောင်းသားကြီးများကလည်း တက္ကသိုလ်ရိပ်သာလမ်းနှင့် လှည်းတန်းမီးပွိုင့်အနီး၌ တက္ကသိုလ်ဓမ္မာရုံကြီးကို ၁၉၃၁-၃၂ ခုနှစ်တွင် တည်ဆောက်ပြုပြင်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းက ခရစ်ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာ ဓမ္ဓာရုံကြီးတို့ နှစ်ခုစလုံးသည် ယခုအခါ အိုမင်းလာကြပြီဖြစ်သည်။ သမိုင်းဝင် နေရာများအဖြစ် တည်ရှိနေကြပြီဖြစ်သည်။ ဂျပ်ဆင်ဘုရားကျောင်းထိပ်မှာ လရိပ်ကတော့ သာဆဲပင်။

ဇာတ်လိုက်ကျော်အင်းလျားနှင့် အတိတ်ဆိုးတံတားဖြူ
"အိမ်ပြန်ချိန် .. တို့ခွဲ .. တစ်လမ်းစီမို့ .. ပြန်လည်ဆုံဆည်းကြနိုင်ဖို့ .. ကံကိုသာ မျှော်လင့်ရင်းအဝေးက .. တို့ သတိရနေမှာပါ ..""
ရေပြင်သည် လေအသော့တွင် လှိုင်းကြက်ခွပ်လေးများ လှုပ်ကာလှုပ်ကာဖြင့် အမြင်တင့်နေဆဲ။ တက္ကသိုလ် ကျောင်းသားနှင့် တက္ကသိုလ်ကျောင်းသူတို့၏ ချစ်သူ့နယ်မြေဖြစ်သော အင်းလျားကန်ပေါင်သည် တစ်သက်တာ လက်တွဲရမည့် အိမ်ထောင်ဖက်ကို ရွေးချယ်ပေးလိုက်လေ့ရှိသည်။ အင်းလျားကန်ပေါင်ထက်မှ ကျောင်းသား၊ ကျောင်းသူတို့၏ ခြေရာများမှာလည်း မေ့ပျောက်မရသည့် အမှတ်တရများထဲမှ တစ်ခုပင်ဖြစ်သည်။ အင်းလျားကန်ပေါင်အောက်ဘက် ပြည်လမ်းပေါ်မှ တံတားဖြူမှတ်တိုင်ကတော့စနစ်ဆိုးအောက်မှာ သွေးစက်တို့ဖုံးလွှမ်း၍ တံတားနီအဖြစ် အတိတ်ဆိုးတွင်ရစ်ခဲ့ရသည်။ ၁၉၈၈ မတ်လ ၁၆ ရက် (တံတားနီအရေးအခင်းနေ့)ကို တံတားဖြူမှတ်တိုင်နှင့် အင်းလျားရေပြင်ကြီးက ဘယ်တော့မှမမေ့။

အစဉ်အလာကြီးသော တက္ကသိုလ်
တစ်ချိန်က ရန်ကုန်တက္ကသိုလ်သည် ပညာရေးနှင့်ပတ်သက်လျှင် အရှေ့တောင်အာရှတွင် အစဉ်အလာကြီးမားခဲ့သည်။ ၁၉၆၀ မတိုင်မီအထိ နိုင်ငံရပ်ခြား အချို့မှ ကျောင်းသားကျောင်းသူများသည် ရန်ကုန်တက္ကသိုလ်တွင် လာရောက်ပညာသင်ကြားခဲ့ကြရသည်။

ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဒေါက်တာလုစ်၊ ကျောင်းအုပ်ကြီး ဦးဖေမောင်တင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတိုက်စိုး၊ ဒေါက်တာ သန်းထွန်း၊ ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်၊ ဒေါက်တာသာလှ၊ ဒေါက်တာညီညီ၊ ဒေါက်တာမောင်မောင်ခတို့အပြင် အင်္ဂလိပ်စာဌာနမှဆရာကြီးဦးမျိုးမင်း၊ ဦးခင်မောင်လတ်၊ ဒဿနိကဗေဒပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၊ ယခုနိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့် (စီးပွားရေးတက္ကသိုလ်) တို့အထိ ပေါ်ထွန်းခဲ့ကြသည်။

အပြောင်းအလဲများရဲ့အစ၊ ကျောင်းသားသမဂ္ဂနဲ့ တိုက်ပွဲခေါ်သံ
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ဒီဇင်ဘာလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ဖွင့်ချင်းပင် ဆောက်နှင့်ထွင်းသလိုဖြစ်ခဲ့ရသည်။ ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်နှင့်အတူ ပေါ်ထွက်လာခဲ့သည့် ကိုလိုနီနယ်ချဲ့အစိုးရ၏ ၁၉၂၀ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်သောအားဖြင့် ကျောင်းသား ၂၆ ဦး ခေါင်းဆောင်၍ ပထမကျောင်းသားသပိတ်ကြီးကို ၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့ (တန်
ဆောင်မုန်းလဆုတ် ၁၀ ရက်) တွင် စတင်ဆင်နွှဲခဲ့ကြသည်။ ထိုသပိတ်ကြီး၏ နောက်ဆက်တွဲအဖြစ် ယနေ့နိုင်ငံတော်က သတ်မှတ်ထား
သော အမျိုးသားနေ့အဖြစ် ပေါ်ပေါက်လာခဲ့သည်။

၁၉၃၈ ဒီဇင်ဘာလ ၂၀ ရက် ဒုတိယကျောင်းသားသပိတ်တွင် အတွင်းဝန်များရုံးကို ကျောင်းသားများ ၀ိုင်းဝန်းဆန္ဒပြခဲ့ကြရာမှ မြင်းစီးပုလိပ်များ၏ ရိုက်နှက်မှုကြောင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရသည်။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုသိန်းတင် (ညိုမြ)၊ ကိုကျော်ငြိမ်းတို့သည် ကျောင်းသားသမဂ္ဂကို ဦးဆောင်၍ နယ်ချဲ့အား ဆန့်ကျင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး ခေတ်တွင်လည်း ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားခေါင်းဆောင်အသီးသီးသည် ကျောင်းသားအခွင့်အရေးသာမက ပြည် တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတို့တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြစမြဲ။

ဤသို့ဖြင့် ၁၉၆၂ ခုနှစ်၊ ဇူလိုင် လ ၇ ရက်တွင် စစ်အာဏာရှင် နေ၀င်း၏ တပ်များက သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးရုံသာမက ပစ်ခတ်မှုကြောင့် ကျောင်းသားကျောင်းသူပေါင်း ရာနှင့်ချီကျဆုံးခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းနှင့် ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံတို့တွင် ကျောင်းသားများရက်စက်စွာ သတ်ဖြတ်ခံကြရသော်လည်း ဦးကားမညွတ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လုံထိန်းများ၏ လက်ချက်ဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။ ထိုမှစ၍ ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး ၁၉၉၆ တွင် ကျောင်းသားသပိတ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ကိုပိတ်ပစ်ခဲ့ပြီး တက္ကသိုလ်သစ်များကို ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များ၏ အပြင်ဘက်သို့တိုင် ပြောင်းရွှေ့တည်ဆောက်ကာ ကျောင်းသားကျောင်းသူများကို ဝေးလံစွာ တက်ရောက်စေခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။

ကျောင်းသားများသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သံဃာ့အရေးအခင်းကြီးတွင်လည်း သံဃာထုနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ ကြသည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲများနှင့် ကြီးမားသော လှုပ်ရှားမှုတိုင်းတွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများကတိုင်းပြည်အတွက် အမြဲဦးဆောင် ပါဝင်ခဲ့ကြလေသည်။

ရန်ကုန်တက္ကသိုလ် ပြန်လည်အသက်ဝင်လာတော့မည်လော
"လိုင်ဘရီလေးလည်း တို့နဲ့ ဝေး .. အာစီလေးလည်း သတိရမိတယ် .. ရင်မှာလွမ်းလို့ ကျတဲ့ မျက်ရည် .. ဂျပ်ဆင်အိုကလေး .. ဘယ်မမေ့ဘူး..."
နှစ်များစွာကြာအောင် စွန့်ပစ်ခြင်းခံထားရသည့် ရန်ကုန်တက္ကသိုလ်နယ်မြေသည် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ပြန်လည်အသက်ဝင်လာတော့မည့် သဏ္ဍာန်ကို ခပ်ရေးရေးတွေ့လာရသည်။ အမေရိကန် သမ္မတဘားရက်အိုဘားမား၏ နိုဝင်ဘာ ၁၉ ရက် ခရီးစဉ်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအတွင်း မိန့်ခွန်းပြောကြားပြီးနောက် ရန်ကုန်တက္ကသိုလ်အား ပြည်တွင်းပြည်ပမှ ပြန်လည်အာရုံစိုက်မိလာကြခြင်းသည် တက္ကသိုလ်နယ်မြေ၏ ပြန်လည်ရှင်သန်မှုအတွက် ရောင်နီဦးတစ်ရပ်ပင်ဖြစ်ပါသည်။

ပြင်ဆင်မှုများပြုလုပ်လာသည့် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ ဖွင့်လှစ်နေဆဲဖြစ်
သော်လည်း အများစုသော ကျောင်းဆောင်များကတော့ သော့ခတ်ထားဆဲ။

ထိုကျောင်းဆောင်များသည် တိုင်းပြည်အနာဂတ်ကို ဖန်တီးမည့် ကျောင်းသား၊ ကျောင်းသူများကို စောင့်ကြိုနေပါသည်။ အဓိပတိလမ်းကြီး သည်လည်းကောင်း၊ သစ်ပုပ်ပင်ကြီးသည်လည်းကောင်း၊ ဂျပ်ဆင်အိုကြီးသည်လည်းကောင်း၊ ဘွဲ့နှင်းသဘင်ကြီးသည်လည်းကောင်း တစ်ချိန်က အရှေ့တောင်အာရှတွင် လက်မထောင်နိုင်ခဲ့သည့် ပညာရေးစနစ်တစ်ရပ်နှင့် ပညာရည်နို့သောက်စို့ကြမည့် ရင်သွေးများကို မျှော်လင့်ကြိုဆို နေပါသည်။

ကံ့ကော်ပန်းများ ပင်လုံးကျွတ် ဝေေ၀ဆာဆာပွင့်လာမည့် တစ်နေ့တွင် အဓိပတိလမ်းမကြီးပေါ်၌ တက်ကြွသော ခြေသံများနှင့် ချိုလွင်လတ်ဆတ်သော ရယ်သံများ ပျံ့လွင့်လာပါလိမ့်ဦးမည်။ ယခုတော့ လေတစ်ချက်ဝှေ့လိုက်တိုင်း ရွက်ခြောက်များ တရှဲရှဲ အော်မြည်၍ တဖွေ့ဖွေ့ တဖွဲဖွဲ ကြွေကျ နေဆဲ .....။

မှတ်ချက်-တို့သတိရနေမှာပါသီချင်းကို လူမောင်(ဆေး-၁)ရေးဖွဲ့ခြင်းဖြစ်ပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/30/2012 12:21:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36150] Fwd: [လူဗိုလ်ဟူသည် ...] ဟာသ စာတိုများ ....



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/29
Subject: [လူဗိုလ်ဟူသည် ...] ဟာသ စာတိုများ ....
To: lubo601@gmail.com




ဟာသ စာတို (၈၃)

"ဟဲလို ... ယောက်ျားရေ အခုအိမ်ပြန်လာနေပြီလား
အဝေးပြေးလားလမ်းပေါ်ရောက်နေပြီလား .. ကားဖြေးဖြေးမောင်းနော်
သေချာကြည့်မောင်း ... အဝေးပြေးကားလမ်းပေါ်မှာ ကားတစ်စီး လမ်းပြောင်းပြန်မောင်းနေတယ်လို့ သတင်းက လာလို့..."
" မိန်းမရေ .. တစ်စီးတည်း လမ်းပြောင်းပြန်မောင်းနေတာ မဟုတ်ဘူး..
တွေ့သမျှကားတွေ အားလုံးလမ်းပြောင်းပြန်မောင်းနေတာဟ...."

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၈၄)

ဒူးနားရှိတဲ့ စကပ်တို ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် bus

ကားပေါ်တက်မယ်အလုပ်မှာ ... စကပ်က တအားကျပ်နေတယ်... ခြေထောက် မ

လို့ မရဘူး ... အဲဒါနဲ့ မိန်းကလေးက စကပ်နောက်က ကြယ်သီး တစ်လုံး

ဖြုတ်လိုက်တယ်...ဒါပေမယ့် တက်မရသေးဘူး ကျပ်နေတုန်းပဲ ..

နောက်တစ်လုံးထပ်ဖြုတ်တယ်... မရဘူး .. နောက်တစ်လုံးဆက်ဖြုတ်တယ်...

ဒါလည်း စကပ်က ကျပ်နေတုန်းပဲ ... မိန်းကလေးနောက်မှာ တန်းစီနေတဲ့

ကောင်လေးတစ်ယောက်က မိန်းကလေးရဲ့ စကပ်ကကြယ်သီးတစ်လုံးကို

ဖြုတ်ပေးလိုက်တယ်...
မိန်းကလေး သိလိုက်တော့ နောက်လှည့်ပြီး ... " နှာဘူး တနှားရူး..." လို့

ဆဲဆိုတာပေါ့ ...
ကောင်လေးက မျက်နှာငယ်လေးနဲ့ .." ကျွန်တော်က နှာဘူး ဟုတ်လား

... ခင်များ ကျွန်တော်ရဲ့အိင်္ကျီကြယ်သီး သုံးလုံးဖြုတ်တာတောင် ကျွန်တော် ဘာမှ

မပြောခဲ့ဘူး ... ကျွန်တော် ခင်များရဲ့ ကြယ်သီးတစ်လုံးပဲ ဖြုတ်သေးတာပါ..."

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၈၅)

ကျွန်တော့ သူငယ်ချင်း တစ်ယောက် ကားကို အမြန်မောင်းလာတယ်...

မောင်းဖို့ သတ်မှတ်ထားတဲ့ အရှိန်ထက် ပိုမြန်နေတယ်... ယာဉ်ထိန်းရဲက တားပြီး

ပြုံးစိစိ ပြောလိုက်တယ်... " ချာတိတ် မင်းကို ငါ စောင့်နေတာကြာပြီ..."

ကျွန်တော့သူငယ်ချင်းက အဲလိုပဲ ခဏခဏ အရှိန်မြန်မြန်မောင်းတတ်တော့

ရဲတွေက စောင့်ဖမ်းရတဲ့အထိပဲ.... ရဲက အဲလို ပြောလိုက်တော့

ကျွန်တော့သူငယ်ချင်းက " ဗိုလ်ကြီး စောင့်နေမှန်းသိလို့ ကျွန်တော့

အမြန်ဆုံးအရှိန်နဲ့ ရောက်အောင်လာခဲ့တာ ပါပဲ ....."

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၈၆)

မောင်မောင်ရဲ့သူငယ်ချင်း လေယာဉ် ပိုင်းလော့ ကြီး ခွင့်ရလို့

မောင်မောင်နေတဲ့မြို့လေးကို လာလည်တယ်... မောင်မောင်ရဲ့ ကားကို ငှားပြီး

အပြင်ထွက်သွားတယ်....
မောင်မောင်လည်း ငှားပေးပြီးမှ စိုးရိန်နေတယ်...
သူငယ်ချင်းတစ်ယောက်က " မင်းဘာတွေ စိုးရိန်နေတာလည်း

သူတစ်ခုခုဖြစ်မှာ ပူတာလား "
" မဟုတ်ဘူးဟ ... ငါ့ကားကို စိုးရိန်နေတာ.."
" မင်းသူရဲ့ အလုပ်ကို မေ့နေပြီလား ... သူ့မှာက လေယာဉ်မောင်းတဲ့

လိုင်စင် နဲ့နော်.... "
"အေး.. ငါအဲဒါ ပူနေတာပဲ ... သူ ကားကျော်တက်တဲ့အခါ ..

ဘယ်ဘက်ကမကျော် ညာဘက်ကလည်း မကျော်ဘဲနဲ့ ... အရှိန်တင်ပြီး

စီယာတိုင်ကို စွဲတင်နေမှာစိုးလို့ဟ"

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၈၇)

ကျွန်တော်အဆောင်တစ်ခုမှာနေတုန်းက... ညတစ်ညမှာ

ဘေးကုတင်ကသူငယ်ချင်းတစ်ယောက် ကုတင်ပေါ်က ပြုတ်ကျတယ်... "ဝုန်း..

ဒုန်း...."
တစ်ခန်းလုံးက လူတွေ နိုးလာကြတယ်....
ပြုတ်ကျတဲ့သူငယ်ချင်းက ခေါင်းလေးကုတ်ပြီး အိပ်ချင်မူးတူးနဲ့ ....

"ဟေ့ရောင်တွေ ဘယ်သူပြုတ်ကျတာလည်းဟ...ဘာဖြစ်သွားသေးလည်း.."
ကျွန်တော်တို့ဝါးကနဲ ရယ်ဖြစ်ကျတယ်.. အဲလောက်တောင်

အိပ်ရသလား......

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၈၈)

ကျွန်တော် supermarket ထဲမှာ တစ်နေကုန်ပတ်နေတော့ ရှူးရှူးက

အရမ်းပေါက်ချင်လာတယ်...
အပြေးအလွှား အိမ်သာ ရှာတယ်... အိမ်သာတွေ့တော့

ပြေးဝင်လိုက်တယ်...
မတ်တပ်ရပ်ပြီး ရှူးရှူးပေါက်တဲ့ခွက်ကို ရှာမတွေ့တော့မှ... ကျွန်တော်

မိန်းကလေး အိမ်သာထဲ ဝင်မိမှန်း သိတယ်.... ဘယ်သူမှ မရှိတုန်း

အမြန်ပြန်ထွက်လာခဲ့တယ်...
အဲ ... အဲဒီ အထွက်မှာ ပြဿနာစတာပဲ ...
မိန်းကလေး တစ်ယောက်ဝင်လာတာနဲ့ တည့်တည့်တိုးတယ်ဗျာ....
ကျွန်တော် ရှက်လိုက်တာ ဘာပြောရမှန်းတောင်မသိ မျက်နှာကလည်း

နီလို့နေမယ်ထင်တယ်..... ကောင်မလေးကိုကြည့်လိုက်တော့ သူလည်းရှက်လို့

ခေါင်းငုံ့နေတယ်
ကျွန်တော်ဘာပြောရမှန်းမသိဖြစ်နေချိန်မှာ မိန်းကလေးက

အသံထွက်လာတယ်....
"sorry နော် ကျွန်မ အိမ်သာမှားဝင်တော့မလို့..." ပြောပြီး

လှည့်ထွက်သွားတယ်... လှည့်ထွက်သွားပြီး ကျားအိမ်သာထဲကို

တန်းတန်းဝင်သွားတော့တယ်...
"အား........." အော်သံနဲ့အတူ မိန်းကလေး ကျားအိမ်သာထဲကနေ

မျက်နှာအုပ်လို့ ပြေးထွက်သွားတော့တယ်....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၈၉)

ကောင်လေး၂ယောက် ဆိုင်ကယ်နဲ့ ခရီးသွားနေတယ်...

ဆိုင်ကယ်မောင်းတဲ့ကောင်လေးဝတ်ထားတဲ့ သားရေဂျာကင်က ဇစ်

ပျက်နေတယ်.. လေတအားတိုးပြီး ရင်ဘတ်နာလာတယ်...ဒါကြောင့် ဂျာကင်ကို

ပြောင်းပြန်ဝတ်ပြီး မောင်းလာခဲ့တယ်...
အကွေ့လမ်းတစ်ခုမှာ ဆိုင်ကယ်မှောက်တယ်..
အနီးအနားရွာထဲက ဦးလေးကြီးတစ်ယောက်က ရဲကို ဖုန်းဆက်ပြီး

ယာဉ်တိမ်းမှောက်မှု ကို ပြောပြတယ်....
ရဲရောက်လာတော့မေးတယ်..... " ဦးလေးကြီး ရောက်တဲ့အချိန်မှာ

၂ယောက်လုံးသေနေပြီလား..."
" မောင်းတဲ့ကောင်လေးက မသေသေးဘူး..

ကြောက်စရာကောင်းလိုက်တာ... ခေါင်းကြီးက

ပြောင်းပြန်ဖြစ်တာတောင်မသေသေးဘူး ... အဲဒါနဲ့ ဦးလေးလည်း

ပြန်တည့်ပေးလိုက်တယ်... အဲ .. ပြန်တည့်ပေးလိုက်တော့ သေသွားတာပဲ ...

အသက်ပြောင်းပြန်ငင်နေတယ် ထင်ပါတယ်...."
ဗျာ.... ရဲအရာရှိကြီး ဘာပြောရမယ်မသိဖြစ်သွားတယ်...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၀)

ကျွန်တော်နဲ့သူငယ်ချင်း တစ်ယောက် ဆိုင်ကယ် ဦးထုပ် မစောင်းဘဲနဲ့

ထွက်လာကြတာ လမ်းမှာ suprise check နဲ့တွေ့တော့

နောက်ပြန်ဆုတ်လာခဲ့ရတယ်... အဲဒီလမ်းကလည်း မဖြတ်မဖြစ် ဆိုတော့

ဦးထုပ်ဆိုင်တစ်ခုထဲကို ဝင်ခဲ့လိုက်တယ်...
ဦးထုပ်ဆိုင်က အမကြီးက ကလေးကို နို့တိုက်နေတယ်...

လသားလေးပဲရှိအုံးမယ်ထင်တယ်... ကလေးက တအားငိုတာ...

ဗိုက်ဆာလို့ငိုတာမဟုတ်လောက်ဘူးဗျ... နို့မစို့လို့လေ...
ကျွန်တော်တို့လည်း နောက်ကျတော့မှာမို့ စိတ်မကြည်တာနဲ့

မလာရောင်းသေးဘူးလားဆိုပြီး မျက်လုံးပြူးပြီးစိုက်ကြည့်လိုက်မိတယ်...
ကလေးအမေကလည်း ကလေးချော့ရတာ

စိတ်မရှည်လာလို့ထင်တယ်... ကလေးကို ခြောက်ပြီး ချော့တယ်... ဒါပေမယ့်

အဲဒီစကားကြီးက တစ်မျိုးကြီးပဲ....
"သားသား... နို့စို့လေဟယ်... ဟိုမှာ တွေ့လား

ဦးဦးတို့မျက်စိကလယ်ကလယ် နဲ့ ကြည့်နေတယ်...သားသားမစို့ရင် ဦးဦးတို့ကို

ကျွေးလိုက်မှာနော်" O(∩_∩)O~
(တစ်ချက်လေး စိုက်ကြည့်မိပါတယ်...အဲဒါလည်း

မျက်နှာကိုကြည့်တာပါ ပိုသေချာအောင်ပြောရရင် မျက်စိကိုကြည့်မိတာ...

အဲလိုကြီးတော့ မပြောလိုက်ပါနဲ့လေ... သားသားကို ပြောတာ လုံးဝမဖြစ်နိုင်ဘူး

လသားလေးကစကား နားမလည်သေးဘူးလေ....)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၁)

အဆောင်တစ်ခုမှာ

မောင်မောင်သရဲကားကြည့်နေတယ်...ဘေးကုတင်ကသူငယ်ချင်းက

ရုတ်တရက်ထထိုင်ပြီးအော်လို့ လန့်ပြီးမေ့လဲသွားတယ်... အိပ်မက်ယောင်တာပါ...

ယောင်လိုက်ပုံက " ဟေ့ကောင်လက်မြှောက် သေနတ်နဲ့ပစ်လိုက်မှာနော်..

ဒိုင်း...." ဆိုပြီး ပြန်အိပ်သွားတယ်.... O(∩_∩)O~

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၂)

လေယာဉ်စက်ချို့ယွင်းနေလို့ ခရီးစဉ်နောက်ကျမှ ထွက်မှာကို

ကြေငြာတယ်.. ခဏလည်းနေတော့ သွားလို့ ရပြီးဆိုပြီး

လေယာဉ်ပေါ်တက်ခိုင်းတော့တယ်...
လေယာဉ်ပျံသန်းနေချိန်မှာ ခရီးသည်တစ်ယောက်က

လေယာဉ်မယ်လေးကို မေးကြည့်တယ်.. "အစက ခရီးစဉ်နောက်ကျမယ်လို့

ကြေငြာပြီးမှ ဘာလို့ ချက်ချင်း သွားလို့ ရပြီဖြစ်သွားတာလည်း" သူ့အတွေးထဲမှ

ဒီနိုင်ငံကလေယာဉ်အင်ဂျင်နီယာတအားတော်ပါလား

သေချာအောင်မေးကြည့်ချင်လို့ မေးလိုက်တာဖြစ်တယ်..
လေယာဉ်မယ်လေးက ပြုံးပြုံးလေးနဲ့ ပြန်ဖြေပါတယ်... " မောင်းရဲတဲ့

pilot တစ်ယောက်ကို ပြောင်းမောင်းခိုင်းလိုက်လို့ပါ "

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၃)

ဗေလုဝ သူငယ်ချင်းတစ်ယောက်နဲ့

စားသောက်ဆိုင်မှာထမင်းစားနေတယ်... ဘီယာလေးက
စ်ထားတော့

ရှူးရှူးပေါက်ချင်လို့ဆိုပြီး အိမ်သာထသွားတယ်.. ပြန်လာတော့ ဘောင်းဘီရှေ့မှာ

ရေစိုကွက်ကြီးနဲ့ သူငယ်ချင်းကမေးတယ်... "ကိုကြီးဗေလုဝ

ဘယ်လိုဖြစ်လာတာလည်း ဘောင်းဘီစိုနေတယ်.. မူးနေပြီလား.."
"ဘီယာလောက်နဲ့ မူးစရာလားဟ... ငါ ဘီလူး

ဇာတ်ကားရိုက်ပြီးတော့နာမည်ကြီးပြီး နောက်ပိုင်းမှာ မကြာခဏဒီလို

အဖြစ်မျိုးနဲ့ကြုံရတယ်..."
" မကြာခဏကြုံရတယ်... ဘီးလူးနဲ့ဘယ်လို ဆိုင်တာလည်း"
" အေးလေကွာ.. ရှူရှူးပေါက်ပြီဆို ရှူးရှူးပေါက်တဲ့ ခွက်မှာ

ရပ်လိုက်တာပဲရှိသေးတယ်... ဘေးကလူက ကျနော့်ဖက်လှည့်လာပြီး ကိုကြီးက

ဘီးလူးကားထဲက ကိုဗေလုဝ မဟုတ်လား ဆိုပြီး နှုတ်ဆက်တယ်လေဗျာ"

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၄)

တိရစ္ဆာန်ဥယျာဉ်မှာ မျောက်ဝံကြီးတစ်ကောင် အသစ်ရောက်နေတယ်..

တအားရုပ်ဆိုးတယ်လို့ သွားကြည့်ပြီးတဲ့သူတွေကပြောကြတယ်...

ကြည့်ပြီးတဲ့သူတိုင်းမအန်တဲ့သူမရှိဘူး... ကျွန်တော် မယုံလို့

သွားကြည့်ကြည့်တယ်... ကျွန်တော် အန်ပြီး ပြန်လာခဲ့တယ်... နောက်တစ်ရက်မှာ

နင်ကမယုံလို့ဆိုပြီးသွားကြည့်တယ်... မျောက်ဝံကြီး အန် သွားတယ်...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၅)

ကောင်လေးတစ်ယောက်

စွာကျယ်စွာကျယ်ကြက်တူရွေးတစ်ကောင်ဝယ်လာတယ်... တစ်နေကုန် "ချမယ်

ချမယ် ဘယ်ငှက်မိုက်လည်း မိုက်တဲ့ငှက်ဝင်ခဲ့ ချမယ် ချမယ် " ပဲ အော်နေတယ်...
ကောင်လေးလည်း စာကလေးတစ်ကောင် နဲ့ ပေါင်းပြီး

လှောင်အိမ်ထဲထည့်လိုက်တယ်.. စာကလေးသေသွားတယ်...
တော်တော်စွာတဲ့ကောင် တွေ့မယ်ဆိုပြီး ကောင်လေး

သိန်းငှက်ကြီးတစ်ကောင်ဝယ်လာတယ်... သိန်းငှက်လှောင်အိမ်ထဲကို

ကြက်တူရွေးထည့်လိုက်တယ်...
ပွဲကြီးပွဲကောင်းဗျာ ချတယ် ကုတ်တယ် ရိုက်တယ် ...

နာရီဝက်လောက်ကြာတော့ သိန်းငှက်ကြီးသေသွားတယ်၊

ကြက်တူရွေးကရင်အုတ်ထိ အမွေးတွေ ကျွတ်သွားတယ်.. အပေါ်ပိုင်း

အမွေးမရှိတော့ဘူး
ကြက်တူရွေးကပြောတာကြားလိုက်တယ်... " တော်တော် သန်တဲ့

ကောင်းကြီးဗျ... တီဗွီထဲက ဘရုစလီ လို အပေါ်အိင်္ကျီချွတ်ချမှပဲ

နိုင်တော့တယ်..."

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၆)

ဆရာမက ကျောင်းသားများကို ဥာဏ်စမ်းမေးခွန်းမေးတယ်..

"ဘာအကောင်လည်း မနက်ဆိုရင် နေမထွက်ခင်းတွန်တာ သားသားမီးမီးတို့ကို

အိမ်ယာနိုးဖို့ခေါ်တာလေ...."
ကျောင်းသားများက ... "မေမေ ဖြစ်ပါတယ်" O(∩_∩)O~

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၇)

သူငယ်ချင်း၂ယောက် တောကြီးတစ်ခုကို ရောက်တော့ ...

ကျားကြီးတစ်ကောင်နဲ့တိုးတယ်... ကျားကြီးကသွားရည် တမြမြနဲ့လိုက်တယ်...

သူငယ်ချင်း၂ယောက်လုံးပြေးလိုက်တာ ပြေးလိုက်တာ...
နာရီဝက်လောက်ကြာတော့ တစ်ယောက်က မပြေးနိုင်တော့လို့

တိုင်ပင်တယ်.. ၂ယောက်ပေါင်းပြီး ဒီကောင့်ကို နှိမ်နင်းလိုက်မယ်...

နောက်တစ်ယောက်ကပြောလိုက်တယ်...
"ကျားလိုက်တာကနေ လွတ်အောင်မပြေးနိုင်ပေမယ့်...

မင်းထက်မြန်အောင်ပြေးဖို့တော့ ငါလုပ်နိုင်ပါသေးတယ်ဟ...."

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၈)

လိုင်းကားတစ်ခုပေါ်ကို အလန်းဇယားလေး တစ်ယောက်

တက်လာတယ်... အိတ်ထဲက tissue ကိုထုတ်ပြီး ထိုင်ခုံကို ဖုံခါတယ်... ဖုံကို

ပြောင်အောင် ခဏခဏ သုပ်ပြီးမှ ထိုင်တယ်... ကောင်မလေး

ခုံပေါ်ထိုင်လိုက်တဲ့အချိန်မှာ "ဘူ..." ဆိုပြီ အီပေါက်သွားတယ်... { ဟိုက် ဒုက္ခပါပဲ

ထိန်းနေတဲ့ကြားက ဘယ်လိုလုပ် ထွက်သွားတာပါလိမ့် ဘယ်သူမှမကြားပါစေနဲ့ }
ဆုတောင်လို့ မဆုံးသေးဘူး .. ကားစပါယ်ရာ

ရဲ့အသံကိုကြားလိုက်တယ်...
" ဟား.... လူများလှလှလေးဝတ်ထားပြီးဆို အသန့်ကြိုက်လိုက်ကြတာ..

tissue နဲ့ ဖုံခါပြီးတာတောင် လေနဲ့မှုတ်ဖို့ မမေ့ဘူးဗျ...."
ဝါးကနဲ ကားတစ်စီးလုံးရှိလူများ ရယ်ကုန်ကြသည်....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၉၉)

လူးဆိုးတွေက မင်းသမီးကို ဖမ်းမိတော့

သစ်ပင်တစ်ပင်အရင်းမှာချည်ထားတယ်... ၁ဝပေလောက်အကွာမှာ

ကျားကြီးတစ်ကောင်ကို ချည်ထားတယ်... ကျားကြီးကို ချည်ထားတဲ့ကြိုးကို

ဖယောင်းတိုင်မီးနဲ့ ရှို့ထားတယ်... ကြိုးကို မီးအရင်းဆွဲမလား .. မင်းသား

အရင်လာကြိုမလား .. မင်းကံပဲ ဆိုပြီး မင်းသမီးနဲ့ ကျားကို ထားသွားတယ်...
မင်းသမီးက ကျားကြီးကို ပြုံးပြတယ် မဲ့ပြတယ် ငိုပြတယ်..

ဆဲဆိုတယ်... ကျားကြီးကတော့ သွားရည်တွေနဲ့ စိုက်ကြည့်နေတယ်...ဘယ်နရက်

အငတ်ထားထားလည်းမသိ.... မင်းသမီး စိတ်ညစ်ညစ်နဲ့

ဖယောင်းတိုင်ကိုကြည့်လိုက်တော့ အကြံတစ်ခုရသွားတယ်...

သီချင်းတစ်ပုဒ်ဆိုလိုက်တာ OK သွားတယ်...
" Happy birthday to you happy birthday to tiger .. happy

birthday to you .... "
ကျားကြီးက ဖယောင်းတိုင်ကို မှုတ်လိုက်တယ်...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟာသ စာတို (၁ဝဝ)

စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ လူနာတစ်ယောက်

စာထိုင်ရေးနေတယ်... ဆရာဝန် round လှည့်တဲ့အချိန် မြင်တော့

မေးလိုက်တယ်...
"ကိုသာအေး ဘာလုပ်နေတာလည်းဗျ"
"စာရေးနေတာ ပို့မလို့ ..."
"ဟုတ်လှချီလား... ဘယ်သူ့စီ ပို့မှာလည်း..."
"ကျွန်တော့စီကိုလေ ... "
"အဲ... ဘာအကြောင်းတွေရေးထားလည်း..."
"ခင်များ ရူးနေပြီလား .. ကျုပ်စီ စာမှ ရောက်မလာသေးတာ

ဘယ်လိုလုပ် သိမှာလည်းဗျ......."


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/30/2012 12:13:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36149] Facebook ပေါ်က Freedom News Group (Burma)တဲ့

Facebook Freedom News Group 


--

                                               



  http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36148] သိုဟန်ဘွား

သိုဟန်ဘွား AD 1527-1543

6:52 AM SHAN HISTORY NO COMMENTS

မြန်မာသက္ကရာဇ် (၈၈၈) ခု၊ အေဒီ ၁၅၂၇ ခု အင်းဝပျက်သည့်နှစ်သည်
မင်းဝမင်းနရပတိ၊ ပြည်ဘုရင် ဆင်ဖြူရှင် သတို့မင်းစော၊ ဟံသာဝတီမင်း
ဗညားရံတို့ အနိစ္စရောက်သည့် နှစ်လည်းသည်။ ထိုအချိန်ကား ရှမ်းပြည်တွင်
သိုဟန်ဘွား ဒုတိယအကြိမ် နန်းတက်ခြင်းဖြစ်သည်။

သက္ကရာဇ် (၇၂၆)၊ အေဒီ ၁၃၆၄ ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး
ဘုရင်နရပတိ တိုင်အောင် မင်း ၁၄ ပါးတွင် မင်းစဉ်ပြတ်၍ မိုးညှင်းစဝ်လုံသား
သိုဟန်ဘွားသည် အင်းဝကိုတက်၍ မင်းပြုတော်မူသည်။ သိုဟန်ဘွားကို
အဘစဝ်လုံပေးသော အလုံးအရင်းကား တိုက်ဆင်နှစ်ရာ၊ မြင်းလေးထောင်၊
စစ်သူရဲခြောက်သောင်း ပေးသည်ဟူ၏။ နရပတိ၏တူတော် မင်းကြီးရန်နောင်သည်
အင်းဝပျက်သောအခါ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေသည်ကို
မိုးညှင်းစဝ်လုံကျခါ်၍ "ငါ့သား သိုဟန်ဘွားသည် ဗမာအမှု၌ မလိမ္မာပါ။
မင်းကြီးသွန်သင်ပဲ့ပြင်၍ စီရင်ခင်းစီရင်ဖွယ်ရှိသောအခါ ငါ့သားနှင့်
တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ" ဟူ၍ ဆို၏။ ပြင်စည်မြို့ကိုလည်း ပေး၍ စား၏။
စဝ်လုံလည်း အင်းဝနိုင်ငံကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ပြန်လေ၏။
သိုဟန်ဘွားလည်း စလင်းမြို့ကို စည်သူကျော်ထင်အားပေး၏။ ပုဂံကို
သတို့အားပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအားပေး၏။ ပေါင်းတည်ကို
ပျံချီကိုပေး၏။ အမြင့်ကို သက်တော်ရှည်အားပေး၏။

အင်းဝဘုရင်သိုဟန်ဘွားလည်း ပြည်တောင်ငူသို့ချီ၍ သိမ်းယူမည့်အကြောင်းကို
မင်းကြီးရန်နောင်အား တိုင်ပင်တော်မူသော် မင်းကြီးရန်နောင်လည်း
"ဤစော်ဘွားချီ၍ လုပ်ကြံချေက ပြည်တောင်ငူမျှသည် ခံနိုင်ချိမ့်မည်မဟုတ်။
ယင်းသို့မခံနိုင်၍ ပျက်ခဲ့လျှင် ဗမာနိုင်ငံ ဟူ၍ မရှိပြီ။ ရှမ်းတို့သာ
ဗမာတို့ကို အစိုးရလေတော့မည်။ ကြွင်းမိသည့် ဗမာကြွင်းပါစေ" အမှတ်ရှိ၍
ဤသို့လျှောက်၏။ "ပြည်တောင်ငူကိုချီ၍ လုပ်ကြံတော်မူမည် မိန့်တော်မူရာမှာ
ဆင်မြင်းဗိုလ်ပါသာ ပင်ပန်းတော့မည်။ ဘုန်းတော်ကြောင့် အလိုလိုညွတ်လာလေမည်။
အင်းဝကို အလိုတော်ပြည့်လေပြီးသည်ကို နေဝံ့မည်လော" ဟူ၍ လျှောက်၏။

"သိုဟန်ဘွားကား ကောင်းမှု မကောင်းမှုကိုမသိ။ ရတနာသုံးပါး ကိုလည်း မရိုသေ။
ချီ၍ လုပ်ကြံက ပျက်ချေတော့မည်။" ဟုယူဆ၍ သိုဟန်ဘွားထံ လက်ဆောင်ပဏ္ဏာများ
ဆက်သပြီး ရင်းနှီးမှုကို ရယူမှ နိုင်ငံအရှည်တည်တံ့မည့် အကြောင်းကို
ပြည်တောင်ငူမင်းတို့အား မင်းကြီးရန်နောင်က စကားဆိုသည်။
ပြည်တောင်ငူမင်းတို့လည်း ပဏ္ဏာကာရပို့သကြ၍ အချစ်ကိုယ်တူဖြစ်ကြ၏။
တောင်ငူနယ်စပ်နှင့် အင်းဝကျေးစပ်တွင် ရှမ်းတို့နေလာမည်စိုး၍
ကန်ချောင်းဆည်မြောင်းရှိသမျှကိုလည်း တောင်ငူ မဟာသီရိဇေယျသူရက ဖျက်ဆီးရ၏။
သက္ကရာဇ် (၈၉၂) ခုတွင် တောင်ငူမဟာသီရိ ဇေယျသူရ အနိစ္စရောက်၍
သားတော်မင်းတရား ရွှေထီးမင်းဖြစ်သည်။

သက္ကရာဇ် (၈၉၄) အေဒီ ၁၅၃၂ ခုနှစ်တွင် မိုးညှင်း စဝ်လုံသည်
အင်းဝသို့ချီလာပြီး သားသိုဟန်ဘွားကိုခေါ်ပြီး ပြည်သို့ချီလေသည်။
ပြည်ဘူရင်ထွေးလည်း မိုးညှင်းစဝ်လုံ တို့တိုက်ခိုက်လျှင် အထူးထူးသော
ပုဆိုးကောင်းများကိုယူ၍ အခြွေအရံ (၁၀၀၀) ခန့်နှင့် မိုးညှင်းစဝ်လုံကို
ဆက်သလေ၏။ မိုးညှင်းစဝ်လုံလည်း အခြွေအရံနှင့်တကွ သိမ်းပြီးလျှင်
အင်းဝသို့ပြန်လေသည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး
ပြန်လေ၏။ ဒီပဲယင်းသို့ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ
လွှတ်ပေးလေ၏။ မိုးညှင်းစလုံလည်း မြေတူးအလွန်သို့ ရောက်လျှင်
အတွင်းရှမ်းအပြင်ရှမ်း အချင်းတများရှိရာတွင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍
အနိစ္စရောက်တော်မူလေ၏။

အေဒီ ၁၅၃၉ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို
တိုက်ခိုက်သိမ်းပိုက်သည်။ မွန်ဘုရင်သူရှင်တကာရွတ်ပိ မခံနိုင်သဖြင့်
ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ပူးပေါင်းလေသည်။ တပင်ရွှေထီးတို့သည်
ပြည်အထိ လိုက်၍တိုက်ခိုက်သည်။ ပြည်ဘုရင်လည်း အင်းဝဘုရင် သိုဟန်ဘွားကို
အကူအညီတောင်းသဖြင့် အင်းဝဘုရင် သိုဟန်ဘွားသည် ရေတပ်ဖြင့်
ပြည်သို့ရောက်လာ၏။ ရေတပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုနှစ် ပြည်ကို
တပင်ရွှေထီးတို့က မအောင်နိုင်သေးချေ။ အေဒီ ၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး
ကြည်းတပ်အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်ပြန်၏။

ပြည်ကိုဝန်းရံတိုက်ခိုက်စဉ် အင်းဝဘုရင်သိုဟန်ဘွား၊
အုန်းပေါင်းခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစဝ်လုံငယ် တို့သည်
ပြည်ဘုရင်ကို ကူညီရန်အတွက်ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က
လမ်းတွင်ဆီးကြို တိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားများ ပျက်၍ အင်းဝသို့
ဆုတ်ခွာကြရလေသည်။

အင်းဝတွင် သိုဟန်ဘွားသည် "ရဟန်းသံဃာတို့သည် သားမယားမရှိဘဲလျက်
တပည့်တပန်းထား၍ အခြွေအရံဆည်းပူးကြသည်။ ပုန်ကန်သောင်းကျန်းလိုက
ပုန်ကန်သောင်းကျန်းနိုင်ဖွယ် ရှိသည်" ဟု သံဃာတော်များကို အလှူဒါန
လုပ်ဟန်ဖြင့် ပင့်ဆောင်၍ သတ်ပစ်လေသည်။ ထို့ကြောင့် အေဒီ ၁၅၄၈ ခုတွင်
မင်းကြီးရန်နောင်က ပရိယာယ်ဆင်၍ သိုဟန်ဘွားကို လုပ်ကြံသတ်ဖြတ်ပစ်လေသည်။

မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏
ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။
--

http://blog.mrjugger.net စာလာဖတ်ဖို့ဖိတ်ခေါ်ပါတယ်

★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Burma News International - November 30, 2012

Burma News International

Burma News International
November 30, 2012


Monks lead crackdown protests in Rangoon

Buddhist monks and activists initiated a protest at Sule Pagoda in Rangoon, starting at 4 pm on Friday, to protest the violent crackdown by riot police on peaceful protesters, including hundreds of monks, at the Monywa copper mine site in Sagaing Division.

Shan conference organizers claim success

In response to criticisms that the 3-day Shan conference in Rangoon that concluded Wednesday, 28 November, did not come up with formal resolutions, its organizers have countered with statements that the meeting augurs well for subsequent peace building efforts.

Padoh Mahn Sha Young Leader Award open for nominees

The Phan Foundation officially announced its call for nominees to enter the 5th year of the Padoh Mahn Sha Young Leader Award. The cut off date for applications is January 31, 2013.

More Rohingya deported to Burma

Rohingya travelling on four small boats were arrested and deported by the Border Guard Bangladesh (BGB) and Coast Guard of Bangladesh while trying to illegally enter the country.

Mandalay monks protest copper mine crackdown

Some 200 Buddhist monks staged a “sit-down” protest at Eindawyar Pagoda in Mandalay starting at 1:00 pm on Friday, to protest the violent crackdown by riot police on peaceful protesters, including hundreds of monks, at the Monywa copper mine site in Sagaing Division.

Rohingya villagers face starvation

Rohingya affected by the mob violence in June are struggling to survive after the military has locked them in their villages in Rathidaung Township. They have very little food and scarce materials on hand to re-construct shelters. As winter approaches and the temperatures drop the situation will only worse. There is no medicine on hand to treat the illnesses that will likely occur.

President’s Office retracts govt assessment on Monywa crackdown

Burmese President Thein Sein’s office moved quickly on Thursday to distance itself from a press release posted earlier by the government’s Information Team that had stated that security forces did not use excessive force when breaking up protests at Latpadaung Mountain where at least 80 people, including many Buddhist monks, were burned and injured when riot police moved in to disperse protesters.

Thein Sein hosts Vietnamese President

Burma’s President Thein Sein hosted his Vietnamese counterpart, Truong Tan Sang, on Thursday afternoon at a meeting which included the signing of MoUs on banking and the petroleum sector, as well as an agreement to enhance defense ties.

၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက် သပိတ်မှောက်နေကြသည့် ရဟန်းသံဃာများအား အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ ကမိန့်ကြားလိုက် သည်။

သျှမ်းအဖွဲ့အစည်းအားလုံး စုစည်းမှုစစ်တမ်း ၈၀% ကျော် သဘောတူညီမှုရ

သျှမ်းပါတီအချင်းချင်းနှင့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းတို့ ပူးပေါင်းကြစေလိုကြောင်း လူထုဆန္ဒ သဘော ထားကောက်ခံရာ၌ သဘောတူညီမှု ၈၀ ရာခိုင်နှုန်းကျော် ရရှိကြောင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း Trust Building for Peace  ဆွေးနွေးပွဲမှ သိရှိရပါသည်။

ကျောက်ဖြူ ရခိုင်အိမ်ထောင်စု (၆၅) စု အိမ်ပြန် ဆောက်ခွင့်မရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလအတွင်းက  ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ အိမ်များ မီးရှို့ခံလိုက်ရသဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသော ရခိုင်မိသားစု (၆၅) စု၏ နေအိမ်များ ပြန်လည် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာမှ တားမြစ်ပိတ်ပင်ထားသည်ဟု သိရသည်။

အကြမ်းဖက်ဖြိုခွဲမှုရပ်တန့်ရန် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သံဃာတော်များဆန္ဒပြ

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် သံဃာတော်အပါး ၅၀ ကျော်ခန့် ယနေ့မွဲလွဲပိုင်းက ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဆက် ဖြစ်နေမှု RCSS ဘက်က လှုပ်ရှားမှု လျော့ချရန် ဦးအောင်မင်း ပြောဆို

အစိုးရတပ်ဖွဲ့များနှင့် ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှုများ ပြေလျော့စေရန် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု တ၀က်ခန့်ကို လျှော့ချရန် လိုအပ်ကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

ငွေကြေးစာရင်းမရှင်းနိုင်သဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းကော်မတီ တိုင်ကြားခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထုံးအိုင်ရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာမီးလင်းရေးကော်မတီက ဒေသခံရွာသားများထံ ငွေကောက်ခံခဲ့ပြီး စာရင်းမရှင်းနိုင်သဖြင့် ရွာသားများက မြို့နယ်သို့တိုင်ကြားထား ကြောင်း သိရသည်။

မီးလောင်ဒဏ်ရာများသာဖြစ်ကြောင်း ဆေးရုံအုပ်ကြီးပြော

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများ ကြာသပတေးနေ့ နံနက်က ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။

UWSA ဌာနချုပ်သို့ သမ္မတရုံးဝန်ကြီးဦးအောင်မင်း သွားမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဉက္ကဌ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လာမည့်ဒီဇင်ဘာလဆန်းပိုင်း၌ UWSA  ဝ ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် ဌာနချုပ်သို့သွားရောက် လည်ပတ်မည်ဟု 'ဝ' ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့်အဝိုင်းအဝိုင်းကပြောသည်။

သပိတ် စခန်း အကြမ်းဖက်ဖြိုခွင်းမှု ပြည်တွင်း ပြည်ပ၌ ဆန္ဒပြ

အစိုးရ အာဏာပိုင် များက ကြေးနီတောင် သပိတ် စခန်းကို အကြမ်းဖက် ဖြိုခွင်းလိုက်သည့် အပေါ် ပြည်တွင်း ပြည်ပ အင်အားစု များက ဆက်လက် ဆန္ဒပြ နေကြသည်။

လက်ပံတောင်းအရေး ရန်ကုန်၊ ဆူးလေတွင်လည်း ဆန္ဒပြနေ

ရန်ကုန်မြို့ ဆူးလေ စေတီ၌ သောကြာနေ့ ညနေ ၄ နာရီတွင် ဆန္ဒပြပွဲတခု စတင်ပြုလုပ် နေကြောင်း သိရသည်။

ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကျင်းပ

ထွန်းဖောင်ဒေးရှင်း၏ ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်းတိုက် အဆောက်အအုံ၌ ယနေ့နံနက် ၉ နာရီခန့်တွင် စတင်ကျင်း ပခဲ့ကြောင်း တက်ရောက်သူများထံမှ သိရသည်။

၈၈ တို့၏ တနင်္သာရီခရီးတွင် ဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုး အဓိက ဆွေးနွေးရ

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသား များ၏ တနင်္သာရီတိုင်း ခရီးစဉ်အတွင်း စက်မှုဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံများ ကြုံတွေ့နေရသည့် ပြဿနာများကို အဓိက ပြောခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp