သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲရှိ

Posted: 01 Dec 2012 03:20 AM PST

 ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒုဥက္ကဌကျောက်ဝင်ကွမ်း လေဖြတ်ရောဂါခံစားနေရကြောင်း ၀ တပ်ဖွဲ့အရာရှိများ သတင်းရပ်ကွက်ကဆိုပါသည်။

Zhao Wen Gwang                                             UWSA ဒုဥက္ကဌကျောက်ဝင်ကွမ်း

"ကျောက်ဝင်ကွမ်းဟာ ၀ တပ်ဖွဲ့ထဲမှာ သက်တမ်းရင့်တဲ့ သူ အတွေ့အကြုံများတဲ့သူ တယောက်လို့ ပြောလဲရတယ်။ သူဟာ ကွန်မြူနစ်ခေတ်ကတည်းက ၀ တပ်ဖွဲ့ထဲမှာတာဝန်ထမ်းဆောင်လာခဲ့တဲ့ သူဘဲ" ဟု ပန်ဆန်းအရာတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ဝ ပြည်သွေးစည်းစည်းညီညွတ်ရေးတပ်မတော်၏ ဒု ဥက္ကဌ ကျောက်ဝင်ကွမ်းသည် ခွန်ဆာ၏ မုံးတိုင်း တပ်မတော် နှင့် လွယ်လန်းတိုက်ပွဲ (၁၉၈၉ မှ ၁၉၉၆ အထိ) တွင်လည်း ပါဝင်ခဲ့သူတဦးဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ တွင် ဉက္ကဌကြီးပေါက်ယူချမ်း၊ ဒုဥက္ကဌ ၁ ရှောက်မင်လျှံ၊ ဒုဥက္ကဌ ၂ ကျောက်ဝင်ကွမ်းတို့ဖြစ်သည်။ ဒုတိယစစ်သေနာပတိချုပ်မှာ ကျောက်ကျုံးတန်းနှင့် တာ့အိုက်လွန်းတို့ဖြစ်သည်။

ဥက္ကဌကြီး ပေါက်ယူချမ်း၏ လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီတွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေးကြောင်းပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးကပြောပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်ကြသည်။

တဖက်တွင်လည်း ယခုနှစ် ဩဂတ်စ်လက UWSA တပ်မတော်၏ အကြီးဆုံးတပ်မဟာတခုဖြစ်သော  မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ၏ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု အား မိုင်းပေါက် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးပြောင်းပြီးနောက် ၎င်းနေရာ အား ပေါက်ယူချမ်း၏တူတော်စပ် သည့် တာ့ပန်းအား အစားထိုးခန့်အပ်ရာ နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ တာဝန်များ စတင်ထမ်းဆောင် နေပြီဖြစ် ကြောင်း ၀တပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

တာ့ပန်းသည် ၂၀၀၅ က ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် ဖမ်းဆီးမှုတွင် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ထောင်ကျနေရာ ယခုနှစ်ဆန်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူဖြစ်ပါသည်။

၂၀၂၀ တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နိုင်သူ လူလတ်ပိုင်းထက် သက်ကြီးပိုင်းဦးရေပိုများမည်

Posted: 01 Dec 2012 03:19 AM PST

လက်ရှိထိုင်းနိုင်ငံတွင် နှစ် ၄၀ အတွင်း မွေးစာရင်းစစ်တမ်းအရ မိန်းမတယောက်ကလေးမွေးနှုန်း ၆  ဦးမှ ၂  ဦးအထိ ကျဆင်းလာနေရာမှာ လာမည့် နှစ် ၂၀၂၀ တွင် ပင်စင်စားလူအိုပိုင်းက အလုပ်နိုင်သူ လူလတ်ပိုင်းဦး ရေထက်ပိုများလာမည်ဖြစ်ကြောင်း UNFPA အဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ပါသည်။

migrant workers in chiangmai                    ချင်းမိုင်မြို့တွင်းတနေရာက မြန်မာပြည်မှ ရွှေ့ပြောင်းအလုပ်သမားများ

UNFPA (United Nations Fund for Population Activities) အဖွဲ့ နှင့် ထိုင်းအစိုးရ လက်တွဲပူးပေါင်း အလုပ် လုပ် ခြင်းနှစ် ၄၀ ပြည့် အစီရင်ခံစာ၌ ဖေါ်ပြပါသည်။

ထိုင်းနိုင်ငံသို့ UNFPA မရောက်ရှိမှီအချိန်က ထိုင်းနိုင်ငံ အမျိုးသမီးတဦး ၏ ကလေးမွေးနှုန်းက ၆ ယောက် ဖြစ်ပြီး လက်ရှိမှာ ၂ ယောက်အထိ ကျဆင်းလာနေကြောင်း၊ တဘက်ကအိမ်ထောင်စုစီမံကိန်း လုပ်ငန်းအောင်မြင်သည်ဟု ဆိုသော် လည်း နောင်လာမည့် ၂၀၂၀ ပြည့်နှစ်တွင်မူ ပင်စင်စား သက်ကြီးဦးရေက အလုပ်လုပ်နိုင်သူ လူလတ်ပိုင်း  ထက် ပိုများမည်ဖြစ်သောကြောင့် လူ့အရင်းအမြစ် စွမ်းအင်ကျဆင်းသွားမည်ဖြစ်ကြောင်း ရေးသားပါသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး နစ်တီထမ်းရုန်း ဘွန်းဆုံဖိုင်းဆန်က - 'ကြုံတွေ့လာမည့် လူစွမ်း အားအခက် အခဲပြဿနာအားဖြေရှင်းနိုင်ရန်အတွက်   ရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်း၍ ရှံ့သာဆန့်သာသော ပေါ်လစီရှိသင့်သည်' ဟု ပြောပါသည်။

ထို့အတွက် အသက် ၆၀ ပြည့် ဝန်ထမ်းတိုင်း ပင်စင်စားရမည်ဆိုသည့် ထိုင်းအစိုးရ၏ပေါ်လစီအားလည်း နှစ် ၆၀ အထက်သို့ပြင်ဆင်သတ်မှတ်ပေးရေးအတွက် စဉ်းစားရလိမ့်မည်ဟု UNFPA ၏အစီရင်ခံစာ၌ ပါရှိပါသည်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာမူ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းရောက်ရှိသည့် မြန်မာနိုင်ငံအလုပ်သမား များ အတွက် ယာယီနိုင်ငံကူးလက်မှတ်နှင့်အလုပ်လုပ်ခွင့်ဗီဇာ ကိုလည်း မူလမွေးဖွားရာနိုင်ငံသားစိစစ်မှု (ဖိဆွတ်ဆန်ချတ်) Nationality Verification အား ယခု လာမည့် ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အပြီးလုပ်ဆောင်ရမည်၊ မမှီသူများအားလုံး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် - စသဖြင့် ထုတ်ပြန်ထားပါသည်။

လက်ရှိတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့်ဗီဇာဖြင့် နေထိုင်သူ ၉ သိန်း(၈၈၆,၅၀၇ ယောက်)ခန့်သာရှိပါသည်။ ဖိဆွတ်ုဆန်ချတ်လုပ်ရန် ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် ရွှေ့ပြောင်းအလုပ်သမားဦးရေ ၁ သန်းကျော်ရှိနေသေးသည်ဟု ယခုလနောက်ဆုံးပတ်ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါသည်။

Wikipedia 2010 စစ်တမ်းအရ ထိုင်းနိုင်ငံတွင် လူဦးရေ ၆၅ သန်းကျော်ရှိသည်ဟုဖေါ်ပြထားပါသည်။

စစ်တမ်းရလဒ် ၈၀% ကျော်က သျှမ်းအဖွဲ့အစည်းအားလုံးတစုတစည်းတည်းရှိစေချင်

Posted: 01 Dec 2012 03:18 AM PST

သျှမ်းပါတီများ ပူးပေါင်းကြစေလိုကြောင်း၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များကိုလည်းပူးပေါင်း ကြ စေလိုကြောင်း လူထုဆန္ဒ သဘော ထားကောက်ခံရာ၌ သျှမ်းပြည်သားများက ဖြေကြား ခဲ့ကြသည်ဟု ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း Trust Building for Peace  ဆွေးနွေးပွဲမှ သိရှိရပါသည်။


"ကျနော်တို့မျှော်လင့်ထားတဲ့အတိုင်း အဖြေကကွက်တိထွက်လာတာ တော်တော်အံ့ဩစရာ ကောင်း ပါတယ်။ ဒီအတွက်ရလဒ် က စည်းလုံးညီညွတ်မှုအတွက် အုဋ်မြစ်ချနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်ဗျာ။ ပူးပေါင်းမှုကိုလိုလားတဲ့အကြောင်း စစ်တမ်းဆင်းကောက်တဲ့ကာလ ကတည်းက လူထုက ပြောကြတယ်။ နောက်တခု စစ်တမ်းထဲကအဖြေနဲ့ဆွေးနွေးပွဲတက် ရောက် သူတွေရဲ့အဖြေတွေက လုံးဝ တူနေတာတွေ့ရတယ် " ဟု စစ်တမ်းကူညီကောက်ပေးသူ လူငယ်  တဦးက ပြောပါသည်။
alt                          Trust Building for Peace ဆွေးနွေးပွဲ(Photo: NVS facebook)

အဆိုပါစစ်တမ်းတွင် မေးခွန်း အချက် ၅၀ ပါဝင်ပါသည်။ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၉ မြို့နယ်ကိုစစ်တမ်း ကောက် ယူရာ ဖြေကြားသူပေါင်း ၂၅၅၀ ဦးရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်မှ ၁၉ ဦး စုစုပေါင်း ဖြေဆိုသူ ၂၅၆၉ ဦးရှိပါသည်။

စစ်တမ်းတွင် (၁) နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ (၂) သျှမ်းလက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍ (၃)လူထုအခြေပြုအဖွဲ့ အစည်းများ၏အခန်းကဏ္ဍ (၄)မူးယစ်ဆေးဝါး (၅) သျှမ်းတိုင်းရင်းသားများဆက်လက်ရပ်တည်သွားနိုင်ရန် (၆) သယံဇာတ နှင့်သဘာဝပတ် ဝန်း ကျင် ဟူသည့်ခေါင်းစဉ်ကြီးများအောက်၌ မေးခွန်းပေါင်း ၅၀ ကိုမေးမြန်းထားခြင်းဖြစ်သည်။

ထိုအနက် လူထုစိတ်ဝင်စားမှုအရှိဆုံး မေးခွန်းများ၏အဖြေမှာ-(၁)ဖြစ်သင့်သည့်မြန်မာနိုင်ငံ၏ အနာဂတ်ဖွဲ့စည်းပုံသည် - တပြည်ထောင် ၉ %၊ ဖက်ဒရယ် ၈၇ %၊ မဖြေ ၄% ၊ (၂)သျှမ်းပါတီ သုံးခု ပြန်လည်ပူးပေါင်းရေးမပူးပေါင်းရေးအတွက် - ပူးပေါင်းသင့် ၉၇%၊ မပူးပေါင်းသင့် ၁%၊ မဖြေ ၂% ၊ (၃) သျှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး တဖွဲ့တည်းအဖြစ် ပူးပေါင်း ရန် သင့် မသင့် - ပူးပေါင်းသင့် ၈၈ % ၊ မပူးပေါင်းသင့် ၁% ၊ မဖြေ ၁၁%  ဟူ၍ဖြစ် ကြောင်း အဆိုပါလူငယ် က ဆက်လက်ပြောပြသည်။

ပြည်တွင်းပြည်ပသျှမ်းအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတို့ မှ " ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း" အမည်ရ တွေ့ဆုံ ဆွေးနွေးမှုမှာ မြန်မာပြည်တွင်း၌ ယခုပထမ ဆုံးအကြိမ် တရားဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။

"ဒီတကြိမ် အောင်မြင် သွားလို့ နောက်တဆင့်အနေနဲ့ ရှမ်းပြည်တဝှမ်းလုံးမှာ ရှိတဲ့တိုင်းရင်း သားအားလုံးပါဝင်လာတဲ့ အဆင့်ဖြစ်အောင်ဆက်လုပ်သွား ဖို့ရှိတယ်။ အဓိကကတော့ ပြည် တွင်းပဋိပက္ခတွေ လျော့ကျဖို့   အားလုံးဝိုင်း ဝန်း လက်တွဲကြိုးပမ်းဖို့လိုအပ်တယ်" SNLD ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးကပြောပါသည်။

အဆိုပါပွဲမျိုး များများရှိသင့်ကြောင်း၊ နောက်နောင်အကြိမ်များ ထပ်မံရှိပါကကူညီထောက်ခံ မှုပေး သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ကဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။

UWSA ဌာနချုပ်သို့ သမ္မတရုံးဝန်ကြီးဦးအောင်မင်း သွားမည်

Posted: 01 Dec 2012 03:12 AM PST

လာမည့်ဒီဇင်ဘာလဆန်းပိုင်း၌ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဉက္ကဌ ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်သို့ထံသွားရောက်လည်ပတ် မည်ဟု ဝခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့်အသိုင်း အဝိုင်း ကပြောပါသည်။
altဒီဇင်ဘာ ၂၆ ရက် UWSA နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် (Photo: ကြေးမုံ)

"ဒီဇင်ဘာ ၁ ရက်လို့ပြောတယ်။ အတိအကျလို့တော့ပြောလို့မရသေးဘူး။ ရက်နီးမှပြန် အကြောင်းကြား မယ် ပြောတယ်။ ဦးအောင်မင်းတို့ ကျနော်တို့ဆီကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဘဲ" ဟု ဝ အကြီးအကဲ တဦးက ပြောပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးပြီးသည့် အဖွဲ့ဖြစ်သည်။ဆွေးနွေးပွဲ သုံးကြိမ်စလုံးကို ဝ နှင့်နီးစပ်သည်ဟုနာမည်ကြီးသည့် ဦးအောင်သောင်းဘက်မှ ဦးဆောင် ဆွေးနွေးခဲ့သည်။

ယမန်နှစ်အတွင်း စက်တင်ဘာလ ၆ ရက် တွင် ပဏာမအပစ်ရပ်ရေးအဆင့်၊ အောက်တိုဘာ လ ၁ ရက်နေ့တွင် ပြည်ထောင်စုမှ မခွဲထွက်ရေးအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစ ရှိပါသည့် ပြည်ထောင်စုအဆင့် ပထမ အကြိမ်တွေ့ဆုံခဲ့ကြ၏။ ဒီဇင်ဘာလ ၂၆ ရက် ပြည် ထောင်စု အဆင့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာမူ လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော် အမတ် ထားရှိရေး စသဖြင့် ဆွေးနွေးထားခဲ့ဖူးပါသည်။

ပြည်ထောင်စုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲတွင် သွင်းကုန်ထုတ်ကုန် နှင့်ပတ်သက်၍ ဆွေး နွေးရန် စီစဉ်ထား ကြောင်း ဝ  အရာရှိအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်အား ပြောပြဖူးပါ သည်။ ၎င်းနှင့် ပတ်သက်၍ ယခုလ လယ် ရမခတိုင်းမှူးနှင့် တွေ့ဆုံစဉ် ကြိုးနီခတ်မှုလျော့လာ သည်ကိုတွေ့ရကြောင်း ၎င်းက ပြန်လည်ပြောပြပါသည်။

"ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်စိုး နဲ့ ကျနော်တို့ ဝ အကြီးအကဲတွေဖြစ်တဲ့ ဒု ဥက္ကဌရှောက် မင်လျှံ၊ ကျောက်ကော် အန်း၊ လီဂျူးလျဲ့ ခေါ် ဦးအောင်မြင့် ၊ ဒု စစ်ဦးစီးချုပ် တာ့အိုက်လွန်း တို့ တန့်ယန်းမှာ တွေ့ဆုံတုန်းက တိုင်းမှူးက ပြောတယ်။ ခုချိန်ကစပြီး ရိက္ခာသယ်ဖို့ကိစ္စ၊ ဘာဘာညာညာသယ်ဖို့ ကိစ္စတွေဆိုရင် သက်ဆိုင်ရာဌာန ဆီကိုဘဲ တိုက်ရိုက်ခွင့်ပြုချက် တောင်းပါ။ စစ်ရေးကိစ္စနဲ့ပတ်သက်လာရင်တော့ သူနဲ့တိုက်ရိုက်ဆိုင်တဲ့သဘော။ တိုင်းမှူး က လူကြီးလုံခြုံရေးအတွက်ဆို လက်နက်ကိုင်တပ်ဖွဲ့တွေကို လားရှိုးသို့ ဘာသို့ မြို့ကြီးတွေအထိ လဲ သွားလာလို့ ရတယ် ပြောတယ်။ ဆိုတော့ ဒီဟာကို ကြည့်ခြင်းအားဖြင့်ကြိုးနီခတ်မှုလျော့ လာတယ်လို့ ပြောလို့ရ တယ်" - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုတကြိမ် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဦးအောင်မင်း နှင့်တွေ့ဆုံရာတွင် မည်သည့်အချက်အပေါ် အခြေခံ၍ဆွေးနွေးသွားမည် ဟူသည့်အချက်ကိုမူ သျှမ်းသံတော်ဆင့်မှ စုံစမ်းနေဆဲဖြစ် ပါသည်။

[mrsorcerer:36176] Fwd: [လူဗိုလ်ဟူသည် ...] virus အမျိုးမျိုးသတ်နည်းအကြောင်း



McAfee SiteAdvisor Warning
This e-mail message contains potentially unsafe links to these sites:
flashy.com more info...
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/1
Subject: [လူဗိုလ်ဟူသည် ...] virus အမျိုးမျိုးသတ်နည်းအကြောင်း
To: lubo601@gmail.com


Posted by ရဲဂျာ on December 1, 2012 at 8:58pm in Virus နည်းပညာBack to Virus နည်းပညာ Discussions

SVCHOST.EXE သတ်နည်း

SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်.. သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..

ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်.. အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာ ပါတယ်.. Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..

အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာ အရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows
ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ.. ပြီးရင်

Tool>Folder Options ကိုသွားပါ...

ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..

နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်း ပါလိမ့်မယ် Yes ကိုနှိပ်ပါ..အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..


3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ။startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchostအလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restartပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..


Gtalk Virus

Gtalk virus ဆိုပြီး ခေတ်စားနေတဲ့ private cam အတွက် fix ရပါပြီ
ဒီနေရာမှာ ယူလိုက်ပါ။ ဒီ file ကို run ပြီးရင်တော့ task manager ထဲမှာ private cam နဲ့ စတဲ့ process တွေကို end task လုပ်ပြီး ဒီ file ကို ပြန် run လိုက်ပါ။Folder တွေအောက်မှာ ပုန်းခိုနေတဲ့ .exe တွေကိုတော့ သင်ဖြတ်ပြစ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါပြင် regedit ထဲက [HKCU \Software \Microsoft \Windows\CurrentVersion \Run] ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ file တွေကိုလဲဖြတ်ပြစ်ပါ။ msconfig ထဲက setup မှာလဲ မလိုအပ်တဲ့ file တွေကို uncheck
ပြုလုပ်ပေးပါ။ သင့် computer ကို restart ပြုလုပ်လိုက်ပါ။


Kill Autorun Virus


Folder Option ထဲက View မှာ Show Hidden files and folders ကို Tip လုပ်ပါ။ Hide extension for known file type နဲ့ Hideprotected operating system file ကို tip ဖြုတ်ပါ။ ပြီးရင် တော့ Hard Driveထဲက Autorun.inf နဲ့ Virus file ကိုဖြတ် ပစ်ပါ။ဖြတ်လို့မရရင် Task Managerထဲက process မှာ run နေတဲ့ Virus file ကို kill process လုပ်လိုက်ပါ။
Computer ကို restart လုပ်လိုက်ပါ။ ရှင်းသွားပါပြီ။

Virus များအတွက် website


့http://www.scanwith.com/
scanwith ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော် စုံပါတယ် update, removal tool,antivirus software အားကိုးလောက်တဲ့ site လေးပါ။ မသိသေးသူများ အတွက်
မျှဝေလိုက်ပါတယ်

I love you Virus ကိုသတ်တဲ့ ဆော့ဝဲလ်...

i love you Virus ကို သတ်တဲ့ ဆော့ဝဲလ်လေးပါ။ သိကြတဲ့ အတိုင်းပါပဲ...။ Memory stick ကို ဘာထိပြီ ဆိုရင် ကြည့်လိုက်... ဒီ အိုင်လက်ဖြု ပဲ....။ အခုဟာလေးကတော့ HD ရော Memory stick ကိုရော ရှာသတ်ပေးနိုင်ပါတယ်။ ဒီ မှာဒေါင်းပါ။

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခု..

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။ Loikaw Virus သည် USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊ အသုံးပြုနေသော Program သို့ စာကြောင်းများပေးပို့ခြင်း၊ bat file, cmd file များကို အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့် အခြား အနှောက်အယှက် ဖြစ်စေ နိုင် သော ကိစ္စများကို ဖြစ်စေပါသည်။ Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏ Desktop တွင် Virus Information.txt ဟုသောဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။ ထို Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒါလေး ကို ဒေါင်းလိုက်ပါ။ Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus Removal ကို Run လိုက်ခြင်းဖြင့် Virus ကို အပြီးတိုင် ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။

Virus အမျိုးအစားခွဲခြားခြင်း..

၁။ Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable file တွေဖြစ်ကြပါတယ်...

ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ ၀င်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာ တွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ Worm

worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster Worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။ Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ဖူးကြမှာ ပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware

သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...သူက ကွန်ပျူတာကို ထိခိုက် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီး တဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာ မယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။ Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

၇။ Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...

Funny Virus သတ်နည်း

Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....

အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....

Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...

Funny ၀င်ဝင်ချင်းမှာ
C:\Documents and Settings\Administrator\Application Data
C:\Documents and Settings\LocalService\Application Data
အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...
ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...

နောက်တစ်ခုအနေနဲ့
kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....

ကဲ... နေရာတွေ လဲသိပြီ....

Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..
kill.exe ကို Del လုပ်..

autorun.inf ကို Del..လုပ်
မျိုးပြုတ်ပေါ့ funny ရေ....

တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်...
မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll
icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော
Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..

ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံးဝင်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....

Desktop ပေါ်က Funny Folder အတွက်တော့

Desktop properties >>> Desktop >>> Customize >>>Clean Desktop Now
ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...

အဆင်ပြေနိုင်ကြပါစေ...

Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါတယ်....

Desktop, Mycompter ထဲက Funny (Folder)ကို Register Editor ထဲ က ဖျက်ချင်ရင်တော့

HKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}

ကိုဖျက်လိုက်ပါ။

အားလုံးအဆင်ပြေကြပါစေ.........ှ 



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/02/2012 02:16:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36176] Fwd: [လူဗိုလ်ဟူသည် ...] ဘာကြောင့် ရဟန်းတွေက တောင်းပန်တာကို လက်မခံရတာလဲ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/1
Subject: [လူဗိုလ်ဟူသည် ...] ဘာကြောင့် ရဟန်းတွေက တောင်းပန်တာကို လက်မခံရတာလဲ
To: lubo601@gmail.com



Nyo Htet and 3 other friends shared အသောက အသောက အသောက'sphoto.
ဘာကြောင့် ရဟန်းတွေက တောင်းပန်တာကို လက်မခံရတာလဲ ******************************************** အခု သံယာတော်တွေကို တောင်းပန်ဖို့ လုပ်တာ သံယာတွေက လက်မခံဘူးလို့ပြောတာ ဘာကြောင့်လဲ မဟာကံကြီးငါးပါး ကံကို နိုင်ငံတော်အကြီးကဲကြီး များနားမလည်သလို ပါတီခေါင်းဆောင်တွေရော နာလည်သလား နားမလည်သလား မမေးလိုတော့ပါ။  မြန်မာတွေရဲ့မကောင်းတဲ့ သောက်ကျင့်ဆိုးကို လက်တွေ့ကျင့်သုံးပြတာမဟုတ်ဘူး အမွေဆိုး တခုကိုပေးတာပါ။   လုပ်ချင်ရာ လုပ် အမျိုးမျိုး သတ်ဖြတ်ပြီး တောင်းပန်လိုက်ရင် ဘာသာရေးအရ ခွင့်လွတ်ရမယ်လို့ နေပြည်တော်က အွန်လိုင်း တွေကနေ ၀ါဒဖြန့်နေတာ။ အားလုံးကို တင်ပြလိုတာက ရာဇ၀တ်မှုတောင်မှသေးသေးလေးမဟုတ်ဘူး ဘုန်းတော်ကြီးတွေကို မီးဖုတ် မီးကင်တဲ့ အကြမ်းဖက် နှိမ်နှင်း ချေမုန်းမှု။  အဲဒီလို ဖုတ်ပုမီးတိုက်လုပ်ပြီး တောင်းပန်ပွဲလေး အိုးပုတ်တမ်းကစားသလိုလုပ်လို့မရဘူး။ ဥပဒေကြောင်းအရ အရင်မစဉ်းစားပဲ သံယာတွေကို တောင်းပန်မှုကို လုပ်မယ်ဆိုရင် ဘာအပြင်ဆင်နဲ့ ဘာ အခင်းကျင်းတွေလိုသလဲ ပထမ စဉ်းစားရမယ်။  (၁) ပြစ်မှုကြူးလွန်သူ တွေအားလုံး တောင်ပန်ခွင့်ရအောင် နာမည် အတိကျ ဆရာတော်များကို အရင် လျောက်ထားရမယ်။   (၂) သမ္မတ ကနေ တာဝန်ရှိသူတွေအားလုံးယခု ဖြစ်စဉ် မှာ ပါဝင်ရမယ်။  (၃) တောင်းပန်တာကို အစိုးရရုံးက ထပ်ပြီး စီမံ ညွန်ကြားတာမျိုး မလုပ်ပဲ ဓမ္မသတ်ဘောင်ကျကျ လုပ်ကိုင်ဆောင်ရွက်ရမယ်။  (၄) မိမိ ဘာတွေ ကြူးလွန်ခဲ့ကြောင်း အရင်ဆုံး ၀န်ခံ တင်ပြလျောက်ထားရမယ်။  (၅) မိမိကြူးလွန်ခဲ့တာတွေကို ဘယ်အပြစ်က ကင်းလွတ်နိုင်ကြောင်း ဘယ်အပြစ်က မကင်လွတ်နိုင်ကြောင်း ဆရာတော် သံယာတော်တွေက ၀ိနည်းအရ ဆုံးမပြောဆိုတာ သြ၀ါဒ အဆုံးမပေးတာကို ခံရမယ်။  (၆) ပြီးတော့ မိမိတို့ ကြူးလွန်းခဲ့သူ တဦးချင်း ငါးပါးသီလ ခံယူရမယ်။  (ရ) ပြီးတော့ ဆရာတော်များက ခွင့်လွတ်ကြောင်း (သို့)မဟုတ် နားလည်ကြောင် ဓမ္မသတ်နည်းကျကျ ဟောပြမယ့်တရားကို နာယူရမယ်။  (၈) နောက်နောင် ယခုကဲ့သို အကုသိုလ် ဒုစရိုက်တွေကို ယခုကဲ့သို့ မကြူးလွန်တော့ကြောင်း ကတိက၀တ်ပြုရမယ်။  (၉) မကြေနိုင်သော အပြစ်များကို ဘ၀ဆက်သမျှခံရမည်ကို မိမိကိုယ်တိုင် ခံယူလိုကြောင်း ၀န်ခံ လျောက်ထားရမည်။  (၁၀) နောက်ဆုံး သံယာတော်များ ရွတ်ဖတ်သရယ်ဆယ်မှု ကို ခံယူပြီး ထိချင်းငါးပါးနှင့် ဂါရ၀ပြု အဆုံးသတ်ရမည်။  ဒါတွေကို နည်းလမ်းကျကျမလုပ်ဘူးဆိုရင် တောင်းပန်တာမဟုတ်ဘူး နောက်ဆက်တွဲ အနေနဲ့ ဥပဒေအရ ဘယ်လိုအစီမံတွေ လုပ်ရမည်ဆိုတာကို ဆက်လက်တင်ပြပေးဦးမည်။ (Khin Mgoo)
အခု သံယာတော်တွေကို တောင်းပန်ဖို့ လုပ်တာ သံယာတွေက လက်မခံဘူးလို့ပြောတာ
ဘာကြောင့်လဲ
မဟာကံကြီးငါးပါး ကံကို နိုင်ငံတော်အကြီးကဲကြီး များနားမလည်သလို ပါတီခေါင်းဆောင်တွေရော နာလည်သလား နားမလည်သလား မမေးလိုတော့ပါ။

မြန်မာတွေရဲ့မကောင်းတဲ့ သောက်ကျင့်ဆိုးကို လက်တွေ့ကျင့်သုံးပြတာမဟုတ်ဘူး အမွေဆိုး တခုကိုပေးတာပါ။

လုပ်ချင်ရာ လုပ် အမျိုးမျိုး သတ်ဖြတ်ပြီး တောင်းပန်လိုက်ရင် ဘာသာရေးအရ ခွင့်လွတ်ရမယ်လို့ နေပြည်တော်က အွန်လိုင်း တွေကနေ ၀ါဒဖြန့်နေတာ။
အားလုံးကို တင်ပြလိုတာက ရာဇ၀တ်မှုတောင်မှသေးသေးလေးမဟုတ်ဘူး ဘုန်းတော်ကြီးတွေကို မီးဖုတ် မီးကင်တဲ့ အကြမ်းဖက် နှိမ်နှင်း ချေမုန်းမှု။

အဲဒီလို ဖုတ်ပုမီးတိုက်လုပ်ပြီး တောင်းပန်ပွဲလေး အိုးပုတ်တမ်းကစားသလိုလုပ်လို့မရဘူး။
ဥပဒေကြောင်းအရ အရင်မစဉ်းစားပဲ သံယာတွေကို တောင်းပန်မှုကို လုပ်မယ်ဆိုရင် ဘာအပြင်ဆင်နဲ့ ဘာ အခင်းကျင်းတွေလိုသလဲ ပထမ စဉ်းစားရမယ်။

(၁) ပြစ်မှုကြူးလွန်သူ တွေအားလုံး တောင်ပန်ခွင့်ရအောင် နာမည် အတိကျ ဆရာတော်များကို အရင် လျောက်ထားရမယ်။

(၂) သမ္မတ ကနေ တာဝန်ရှိသူတွေအားလုံးယခု ဖြစ်စဉ် မှာ ပါဝင်ရမယ်။

(၃) တောင်းပန်တာကို အစိုးရရုံးက ထပ်ပြီး စီမံ ညွန်ကြားတာမျိုး မလုပ်ပဲ ဓမ္မသတ်ဘောင်ကျကျ လုပ်ကိုင်ဆောင်ရွက်ရမယ်။

(၄) မိမိ ဘာတွေ ကြူးလွန်ခဲ့ကြောင်း အရင်ဆုံး ၀န်ခံ တင်ပြလျောက်ထားရမယ်။

(၅) မိမိကြူးလွန်ခဲ့တာတွေကို ဘယ်အပြစ်က ကင်းလွတ်နိုင်ကြောင်း ဘယ်အပြစ်က မကင်လွတ်နိုင်ကြောင်း ဆရာတော် သံယာတော်တွေက ၀ိနည်းအရ ဆုံးမပြောဆိုတာ သြ၀ါဒ အဆုံးမပေးတာကို ခံရမယ်။

(၆) ပြီးတော့ မိမိတို့ ကြူးလွန်းခဲ့သူ တဦးချင်း ငါးပါးသီလ ခံယူရမယ်။

(ရ) ပြီးတော့ ဆရာတော်များက ခွင့်လွတ်ကြောင်း (သို့)မဟုတ် နားလည်ကြောင် ဓမ္မသတ်နည်းကျကျ ဟောပြမယ့်တရားကို နာယူရမယ်။

(၈) နောက်နောင် ယခုကဲ့သို အကုသိုလ် ဒုစရိုက်တွေကို ယခုကဲ့သို့ မကြူးလွန်တော့ကြောင်း ကတိက၀တ်ပြုရမယ်။

(၉) မကြေနိုင်သော အပြစ်များကို ဘ၀ဆက်သမျှခံရမည်ကို မိမိကိုယ်တိုင် ခံယူလိုကြောင်း ၀န်ခံ လျောက်ထားရမည်။

(၁၀) နောက်ဆုံး သံယာတော်များ ရွတ်ဖတ်သရယ်ဆယ်မှု ကို ခံယူပြီး ထိချင်းငါးပါးနှင့် ဂါရ၀ပြု
အဆုံးသတ်ရမည်။

ဒါတွေကို နည်းလမ်းကျကျမလုပ်ဘူးဆိုရင် တောင်းပန်တာမဟုတ်ဘူး
နောက်ဆက်တွဲ အနေနဲ့ ဥပဒေအရ ဘယ်လိုအစီမံတွေ လုပ်ရမည်ဆိုတာကို ဆက်လက်တင်ပြပေးဦးမည်။
(Khin Mgoo)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/02/2012 02:03:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36175] Fwd: [လူဗိုလ်ဟူသည် ...] “ချီကာကုန်”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/1
Subject: [လူဗိုလ်ဟူသည် ...] "ချီကာကုန်"
To: lubo601@gmail.com



by Soe Min on Saturday, December 1, 2012 at 5:55am 

          "စကြာမင်းဘုန်း မိုးသို့ချုန်း ပွေးပုန်းပေါင်မှာ မနေသာ" တဲ့။ မစ္စတာပရက်စီးဒင့်ကြီးက လွှတ်ကို ဘုန်းကြီးပါပေတယ်။ နေ့တ၀က်သာသာကလေး ခြေချသွားရုံနဲ့ ကျုပ်တို့ ရန်ကုန်ရွှေမြို့တော်ကြီးဟာ ချီကာဂိုမြို့ကြီးနဲ့ နင်လားငါလား ပြောင်းလဲသွားရော့သလား မှတ်ပါတယ်ဗျာ။ စင်္ကာပူကို မီအောင် ကြိုးစားမဟဲ့ဆိုတဲ့ လူကြီးတောင် နောက်ကောက်ကျွမ်းပြန်ကျသွားပါပေါ့။ အိုဗာတင်းသောက်နေတယ် မထင်ပါနဲ့။ အဟုတ်ပြောတာပါ။ အပြင်ပန်းသဏ္ဍာန်မှာ မီးမလာတာ၊ ရေမြောင်းလျှံတာ၊ ကားလမ်းပိတ် တာတွေက အရင်ကနဲ့ ဘာမှမထူးဘူးဆိုပေမယ့် ရန်ကုန်သူရန်ကုန်သားတွေရဲ့ စရိုက်သဘာဝကတော့ ချီကာဂိုမြို့ကြီးသားတွေနဲ့ ရင်ဘောင်တန်းလို့ လိုက်နိုင်တဲ့အပြင် သာတောင် သာချင်သေး။ (ခုလောက်ဆို နိုင်ငံတကာအဆင့်မီ ရန်ကုန်သားတွေအတွက် နိုင်ငံတကာအဆင့်မီ အဓိကရုဏ်းနှိမ်နှင်းရေးလုပ်ငန်းစဉ် အဆင့်ဆင့် နဲ့ လက်နက်ပစ္စည်းအပြည့်အစုံတောင် ပြင်ဆင်ထားပြီးလောက်ပြီ။
နိုင်ငံတကာအဆင့်မီ ကြေညာချက်၊ ကြေညာချက် ရုတ်သိမ်းချက်၊ ၀န်ချတောင်းပန်ချက်တွေတောင် ရယ်ဒီ) လျှာအရိုးမရှိတိုင်း ပေါက်တတ်ကရ ပြောတယ်ထင်မှာစိုးလို့ သက်သေသက္ကာယကလေးနဲ့ ရှင်းပြမယ်နော်။ အခုပြောတဲ့ "ချီကာဂို" ဆိုတာ ကက်သရင်းဇီတာဂျုံးကြီး အော်စကာဆုရသွားတဲ့ ကမ္ဘာကျော် ဂန္တ၀င်တေးသံစုံ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားကြီးကို ပြောတာပါ။ ကြည့်ဖူးတဲ့သူတွေဆို တစ်ခွန်းတည်းနဲ့ ဘာပြောချင်သလဲ တန်းကနဲ ဓါတ်ပေါက်သွားပေမယ့် မကြည့်ရသေးသူ၊ မေ့နေသူများအတွက် အဲဒီအထဲက ဇာတ်ကောင်စရိုက်ကလေးတွေနဲ့ ဇာတ်ကြောင်းကလေးတွေ ပြန်ပြမယ်နော်။ ဒီအခါ ကိုယ့်ဆီကလူတွေကို မျက်စိထဲ ပြေးပြေးမြင်လာလိမ့်မယ်။
          ရစ်ချတ်ဂီးရာ၊ ကက်သရင်းဇီတာဂျုံး နဲ့ ရီနေးဇဲလ်ဝက်ဂါတို့ ခေါင်းဆောင်ပါဝင်တဲ့ အဲဒီရုပ်ရှင်ဟာ အော်စကာဆုတွေ အများကြီးရခဲ့ပြီး တေးသီချင်းပေါင်းမြောက်များစွာပါဝင်တဲ့ အမေရိကန်ပြည် ချီကာဂိုမြို့ကလူတွေရဲ့ စရိုက်ကို သရော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သီချင်းကလေးတွေနှစ်သက်သလို သရော်မော်ကားစာတွေရေးလေ့ရှိတဲ့ ကိုယ့်လိုလူအတွက် အသည်းစွဲဇာတ်ကားတစ်ကား ဖြစ်တယ်ဆိုတာ အံ့သြစရာ မကောင်းပါဘူး။ မကြာခဏဆိုသလို အဲဒီကားထဲက သီချင်းတွေကို ယူကျုမှာ ရှာပြီး နားလည်းနားထောင်၊ ရှဲလည်းရှဲပေးဖူးတယ်။ အဲဒီရုပ်ရှင် မတိုင်ခင်ကတည်းက ဒီဇာတ်လမ်းဟာ သူတို့ဆီက ပြဇာတ်ရုံတွေမှာ တေးသံစုံ ဇာတ်မြူးကြီးအဖြစ် အစဉ်အဆက် ကပြလာခဲ့ကြတဲ့ နံမည်ကျော် အနုပညာတစ်ရပ်ဖြစ်ခဲ့ပြီး သူတို့ဆီက ကျောင်းကပွဲတွေမှာ ကပြလေ့ရှိတဲ့ မိတ်အင်ယူအက်စ်အေ ရှိတ်စပီးယားပြဇာတ်တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဖူးခက်ကိုရောက်တုန်းက "Simon Cabaret Show" ဆိုတဲ့ သူတို့ဆီက နံမယ်ကြီး မိုးကြိုးပစ်မယ့် ငှက်ငယ်ကလေးများကပွဲမှာလည်း အဲဒီရုပ်ရှင်ထဲက "All that jazz" ဆိုတဲ့ သီချင်းကို ကက်သရင်းဇီတာဂျုံးကြီး ကသွားတဲ့အတိုင်း တသွေမတိမ်းတူအောင် ခမ်းခမ်းနားနား ကပြသွားတာကို ရင်သပ်ရှုမော ကြည့်လိုက်ရတယ်။ ဒီရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်ထဲဝင်ဝင်ကြည့်မိတဲ့အခါ အဲဒီဇာတ်ကားထဲက ဇာတ်ကောင်တွေကို လူစေ့တက်စေ့ မြင်မြင်လာလို့ ထုံးစံအတိုင်း သီချင်းကလေး တကျော်ကျော်နဲ့ မမ်မရီရီကောလေး လုပ်လိုက်ကြရအောင်ဗျာ။
          ဇာတ်အိမ်တည်ထားတာကတော့ ဂျပ်စ်တေးဂီတတွေ အလွန်ခေတ်စားကောစ ၁၉၆၀ ၀န်းကျင် အမေရိကန်ပြည် ချီကာဂိုမြို့က စပါတယ်။ နံမယ်ကျော် ကဇာတ်ရုံကြီးတစ်ခုမှာ သည်းသည်းလှုပ်နံမည်ကြီး မင်းသမီးကလေးနှစ်ယောက် ပွဲစချိန်ထိ ရောက်မလာသေးလို့ ဇာတ်အဖွဲ့သားတွေ ဖင်ထိုင်မကျ တကြွကြွမျှော်နေတုန်း မရွှေချောက သုတ်သီးသုတ်ပျာ စင်ပေါ်တက်လာပြီး ကန့်လန့်ကာဖွင့်ခိုင်းလိုက်ပါတယ်။ ဆိုတဲ့သီချင်းက All that Jazz ပါ။ အဲဒီတုန်းက ဂျပ်စ်တေးဂီတဆိုတာ အခု စန္ဒီမြင့်လွင်တို့၊ ဂျေးမီတို့ ထက်ထက်တို့ ဟစ်ဟော့ဆိုသလို ခေတ်အစားဆုံးသီချင်းတွေဖြစ်ပြီး လူပုံစံကလည်း အလန်းလွန် အလွန်လန်းခင်ဗျ။ လက်လက်ကိုထလို့ လို့ ပြောရမယ်။ ချီကာဂိုရဲ့ အသည်းနှလုံး ပြုံးအလှပိုင်ရှင်ကလေးပီပီ၊ ညှို့မျက်ဝန်းကြီးတွေနဲ့ ဖမ်းစားလို့ ဖော်တန်ဖော် ကျော်တန်ကျော်၊ ကြော့ကြော့မော့မော့ ကော့တော့ကော့တော့ နဲ့ ကသွားလိုက်တာ အော်စကာပေးပွဲကျ ဗိုက်ကြီးတကားတကားနဲ့ တက်လာတော့မှ ဟင် အဲဒီအခန်းရိုက်တုန်းက ကိုယ်ဝန်ကြီးနဲ့ပေါ့ ဆိုတာတောင် မယုံနိုင်အောင် ဖြစ်ကြရသတဲ့။ မာမီတွေတောင် လိုက်ကယူရတယ်ဆိုကတည်းက သဘောပေါက်လိုက်တော့နော်။ အဆင်တော့ချောသွားသား။ ဒါပေမယ့် အစောမချင်ဘူး။ အမှန်က အဲဒီအခန်းက သူနဲ့အတူ အမွှာညီအမနှစ်ယောက် ကရမှာလေ။ ခုတော့ တစ်ယောက်တည်း နှစ်ကိုယ်ခွဲကြဲသွားရတာ သူ့ခမျာ ဖတ်ဖတ်ကိုမောလို့။ ဟိုတစ်ယောက်က ဘယ်ရောက်သွားလို့လဲ။ ဘယ်သူမှလည်း မသိလိုက်ကြပါလား လို့ မထင်နဲ့။ သိလွန်းလို့။ ဟိုမှာ သီချင်းတောင် မဆုံးသေးဘူး။ ပြည်သူ့ဝိုင်းတွေက ရဲကုန်ပြီ။ ဆီဇာရီယိုဟော်တယ်မှာ ညီမလေးနဲ့ ယောင်္ကျားနဲ့ နှစ်ပါးသွားတာ မိသွားလို့ သူကိုယ်တိုင် နှစ်ယောက်လုံးကို ပစ်သတ်ပြီးမှ စင်ပေါ်တက်လာပြီး သွေးအေးအေး ကနေတာကိုး။ နဂိုကမှ ဆယ်လီဗျစ်တီပါဆိုနေ။ အခု နှစ်လောင်းပြိုင်လူသတ်မှုနဲ့ ရဲကလာဖမ်းပတဲ့။ ၀က်ဝက်ကွဲကို နံမည်ကြီးတော့တာ။ နောင်ကျတော့ သူ့ကို "အဲဒီညတုန်းက တို့လည်း အားပေးနေသေးတယ် သိလား။" လို့ ပြောတဲ့အခါ "မင့်ချည့်ပဲ ထင်မနေပါနဲ့။ ချီကာဂိုမြို့တ၀က်လောက်ပါပါသေးတယ်။" လို့ ချေပလိုက်သေး။ တို့ဆီမှာလည်း ဇာတ်လမ်းတောင် မရိုက်ရသေးဘူး။ မှုခင်းဂျာနယ်ထဲမှာ ကော်လံပြည့်ပါလာတဲ့ အလှအပကလေးတွေ ရှိလာပြီ မဟုတ်လား။ "ဥပဒေဘောင်အတွင်းကဆိုရင် ဘာတွေပဲ ကူညီရ ကူညီရ" ဆိုတဲ့ ကူညီပါရစေ ဒယ်ဒီကြီးတောင် နံမည်ကို ကြီးလို့။
          အဲဒီညက ဗယ်လမာကယ်လီကို လာမဖမ်းခင် အားကျလွန်းလို့ စိတ်ကူးတွေယဉ်ပြီး ကြည့်နေခဲ့တဲ့ ပရိသတ်ထဲမှာ ရောက်ဆီဟတ် လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်လည်း ပါပါတယ်။ တနေ့ကျရင် စင်ပေါ်မှာ အဲလိုပဲ ကလိုက်ရရင် သေပျော်ပါပြီဆိုတဲ့ အိပ်မက်တွေ အပြည့်နဲ့ပေါ့။ သူတို့ အမေရိကားမှာလည်း တို့ဆီနဲ့ သိပ်မထူးပါဘူး။ ၀မရှိပဲ ၀ိလုပ်လို့ မရဘူး။ နံမည်ကြီးချင် စပွန်ဆာ အရင်ရှာရတယ်။ ကဇာတ်ရုံက ဒါရိုက်တာ အဖွဲ့ဝင်တွေနဲ့ ရယ်ကာမောကာ စကားပြောနေတဲ့ လူငယ်ကလေးတစ်ယောက်ကို "ကျွန်မကိုလည်း မိတ်ဆက်ပေးပါလား။ ကျွန်မမှာလည်း အနုပညာတွေ အများကြီးပဲ။ ငါလေ မြင်နိုင်ရင် မင်းကို ပြချင်တယ်။" လို့ စကားသွားခေါ်တော့ ဟိုက ဖင်ပြန်ခေါင်းပြန်ရှိုးပြီး "ဖြစ်နိုင်သားပဲ။ လာသွားစို့။ ကြည့်ရအောင်။" ဆို တော်တော်ကလေး အကဲခတ်ပစ်လိုက်သတဲ့။ အကဲခတ်ပါများတော့ အိမ်နီးချင်းတွေတောင် ရိပ်မိကုန်လည်း ကောင်မလေးကတော့ မရိပ်မိသေးဘူး။ အိုက်တင်တွေ ပြလိုက်ရတာ အမျိုးမျိုး။ နောက်ဆုံး ဟိုက လစ်ချင်လာလို့ "အလကားဆွဲစားတာ သူ့မှာ ဘာအဆက်အသွယ်မှ မရှိဘူး" ဆိုတော့မှ ဒေါသထွက်ထွက်နဲ့ သေနတ်နဲ့ ပစ်သတ်လိုက်တာ ဘယ်နှစ်ချက်ဆိုလားပဲ။ မိန်းမတွေကို ဒါမျိုးလာလုပ်လို့ ရရိုးလား။ သိက္ခာနဲ့နေတာလေ။ လူပေးလိုက်ရတဲ့ သိက္ခာက အရေးမကြီးဘူး။ "အဘတ်ခံလိုက်ရအောင် အ ပါပေ့" လို့တော့ အထင်မခံနိုင်ဘူး။ (ဒါကြောင့် တို့ဆီမှာလည်း အပျိုစင် မင်းသမီးကလေးက ဟိုသူဌေးကလေးကို တိုင်းကျော်ပြည်ကျော် တရားစွဲပလိုက်တာနေမယ်။)
          ရောက်ဆီဟတ်လို လှတပတ အညတြမိန်းမပျိုလေးတွေအတွက် ကယ်တင်ရှင်ဆိုတာ မရှားပါဘူး။ ဝေးဝေးသွားရှာနေစရာကို မလိုဘူး။ သူ့မှာလည်း လင်တစ်ယောက်လုံး ငုတ်တုတ်ရှိတယ်။ "ကိုကိုရယ် ... သူများကိုလေ။ အဟင့် အဟင့်။" ဆိုတာနဲ့ မောင်မင်းကြီးသားက "ကျွန်တော့်အိမ် သူခိုးဝင်ပြီး မယားကလေးကို နသားပါယားကြံလို့ ကျွန်တော်ကိုယ်တိုင် ပစ်သတ်ပလိုက်တာပေါ့။" လို့ ဖြောင့်ချက်ပေးတယ်။ ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျောပဲ။ ရဲတွေက မင့်အိမ်ကို အဲဒီသူခိုးက ဒီတစ်ပါတ်အတွင်းကို သုံးခါ ၀င်တာလားတဲ့။ အောက်ထပ်နဲ့ ဘေးအိမ်ကတောင် မှတ်မိနေတဲ့ သူခိုးကို မင်းမြင်ဖူးသလား သေချာကြည့်ပါဦးဆိုတော့မှ ဘသားချောလည်း အရိပ်ပြအကောင်ထင်တော့တယ်။ လောကကြီးမှာ တစ်ယောက်ယောက်က လှည့်ပတ်ပြောလိုက်ဆိုလိုက်တာနဲ့ အဟုတ်ကြီးမှတ်ပြီး စွတ်တင်နေတဲ့သူတွေ ဖေ့စ်ဘုတ်ပေါ်မှာတင် ရိုက်သတ်လို့ မကုန်အောင် ရှိပါသဗျား။ သူများသွား အပြစ်တင်မနေနဲ့။ မတော် ကိုယ်ပါ အဲသည်လိုလူတွေထဲမှာ မားမားကြီးပေါ်လာဦးမယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ လည်လှချည့်ထင်ကြတာ ဓမ္မတာ။ ဒီအခန်းမှာ ရောက်ဆီက သူ့ယောင်္ကျားက သူ့အပေါ်ဘယ်လောက်ကောင်းတဲ့အကြောင်း၊ ရိုးတဲ့အကြောင်း၊ အလိုလိုက်တဲ့အကြောင်း အဲလို ယောင်္ကျားမျိုး ရှားတဲ့အကြောင်း သီချင်းဆိုပါတယ်။ "Funny Honey" တဲ့။ ဘာပဲဖြစ်ဖြစ် ရာဇ၀တ်ဘေး မပေးမလွတ်တဲ့အတွက် ရောက်ဆီတစ်ယောက် ထောင်ထဲရောက်သွားပါလေတော့တယ်။
          ထောင်ထဲမှာ ရောက်ဆီတွေ့တာကတော့ သူနေရတဲ့ အမျိုးသမီးအကျဉ်းဆောင်က ထောင်ဝါဒင်ကြီး မေထရွန် မာမာမော်တွန်နဲ့ပါပဲ။ နံမည်ကြီးအဆိုတော် ကွင်းလာတီဖာက သရုပ်ဆောင်ပါတယ်။ ထောင်ဝါဒါတစ်ယောက်ရဲ့ စရိုက်ကို သီချင်းတစ်ပုဒ်တည်းနဲ့ အစအဆုံး မျက်စိမလွှဲနိုင်အောင် သရုပ်ဖော်သွားတာကတော့ "When you're good to Mama" ပါတဲ့။ အသားမည်းမည်း ၀၀တုတ်တုတ် ကပ္ပလီမကြီးက လှုပ်ကာရမ်းကာ ကသွားလိုက်တာများ ဖက်နမ်းချင်စရာတောင် ကောင်းတယ်။ "Ask any of the chickies in my pen, they'll tell you I'm the biggest mother hen. I love them all and all of them love me, because the system works, the system called Reciprocity" တဲ့။ သတင်းစာ၊ ဆေးလိပ်၊ စားစရာ၊ အပြင်နဲ့ ဖုန်းခေါ်ဖို့ကစလို့ ဘယ်အရာမဆို အပြန်အလှန် ကျေးဇူးတုန့်ပြန်ခြင်းအားဖြင့် အဆင်ပြေနေတဲ့ လောကကြီးအကြောင်းကို လှလှပပ ဖွဲ့ဆိုထားပါတယ်။ "There's a lot of favors, I've prepared to do. You do one for Mama. She'll do one for you." တဲ့ဗျ။ "They say the life is tit for tat. Yes, that's the way I live. So I deserve a lot of tats for what I gotta give." လို့ ဆိုတယ်။ ဘယ်နေရာမှာမဆို အပေးအယူမရှိရင် ဘာတစ်ခုမှ ဖြစ်မလာတဲ့ ကိုယ်တို့ဘ၀တွေအတွက် သီချင်းစာသားတစ်ကြောင်းတိုင်း တစ်ကြောင်းတိုင်းဟာ ခေါင်းကိုတူနဲ့နှက်လိုက်သလို လာလာမှန်နေတဲ့အတွက် ဘယ်လောက်နှစ်သက်မိသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ငှက်မွှေးဒေါင်းတောင်ကြီးတဖားဖားနဲ့ ပုပ္ပားမယ်တော်ကြီးလို ကပြသွားတဲ့ မင်းသမီးကြီးကို ကြိုက်လွန်းလို့ နံမယ်ဘယ်လိုခေါ်သလဲတောင် လိုက်ရှာယူရတယ်။
          တရားဥပဒေစိုးမိုးမှုအောက်က ရောက်ဆီနဲ့ ဗယ်လ်မာတို့ရောက်နေတဲ့ လူသတ်သမဆောင်မှာ သူတို့နဲ့အတူ ပြဏ်ဒဏ်စီရင်ခံနေကြရတဲ့ မိန်းမပျိုကလေးတွေလည်း ရှိပါသေးတယ်။ အဲဒီအထဲက ဒါဇင်ဝက်က  "Cell Block Tango" ဆိုတဲ့ အကနဲ့ လျှောက်လဲချက်ပေးကြတယ်။ တကယ်တော့ သူတို့မှာ အပြစ်မရှိရှာပါဘူးတဲ့။ အကြောင်းပြချက်တွေ မတူညီသော်ငြား သူတို့အားလုံးမှာ တူညီတဲ့ စိတ်ထားတစ်ခုကတော့ ယောင်္ကျားတွေရဲ့ အသက်ဆိုတာ ဖက်ရွက်ကလေးလောက်တောင် တန်ဖိုးရှိတာ မဟုတ်ဘူးတဲ့။ အပြစ်တစ်ခုခု ကျူးလွန်ပြီးတဲ့အခါ ခိုင်လုံတဲ့ အကြောင်းပြချက်မပေးပဲ၊ အကျိုးဆက်တွေကို တာဝန်ယူမယ့်သူမရှိပဲ "၀န်ချတောင်းပန်တယ် ခွင့်လွှတ်လိုက်တော့နော်။ မင်းလည်း ငါ့နေရာရောက်နေရင် ငါ့လိုပဲ လုပ်ရမှာ မလွဲဘူး" လို့ လူသိရှင်ကြား ပြောကြားနေကြတဲ့ ဒီနေ့အဖို့ အဲဒီသီချင်းလောက် နောက်ခံဖွင့်ပေးဖို့ကောင်းတာ မရှိဘူး။ ကသွားလိုက်တာလည်း ကောင်းလိုက်တာ။ စီအိုင်ဒီက ကြည်မာခင်ယိမ်းအဖွဲ့ပဲ။
            နံမည်မကြီးသေးခင်မို့ လူကလွဲရင် ဘာမှ ပေးစရာမရှိတဲ့ ရောက်ဆီဆီက ခြူးတစ်ပြားမကျနိုင်မှန်းသိသော်ငြား အရွယ်ကလေး ရုပ်ကလေးသနားကမားနဲ့မို့ မြှောက်စားမယ့်သူတွေ့ရင် တောက်ကြွားနိုင်တာ အကဲခတ်မိတဲ့ မာမာဟာ ချီကာဂိုက နံမယ်ကျော် ရှေ့နေကြီး ဘီလီဖလင့်ရဲ့ လိပ်စာကဒ်ကို ဒစ်ကောင့်နဲ့  ပေးလိုက်ပါတယ်။ အမေရိကန်က နံမည်ကျော်ရှေ့နေကြီးဆိုတာလည်းပဲ တို့ဆီက ရှေ့နေကြီးတွေနဲ့ အတူတူပါပဲ။ အင်မတန်တိကျ ပြတ်သားတယ်။ ဒေါ်လာ ၃၀၀၀ မပြည့်ရင် လက်ခံစကား မပြောနိုင်ဘူးလို့ဆိုရင် ၂၉၉၉ကျပ်နဲ့လည်း မလာနဲ့။ ဥပဒေရဲ့မျက်နှာဆိုတာ အဲသလို ကျောသားရင်သား မခွဲခြားပဲ တိတိကျကျ လိုက်နာရတာလေ။ ရှေ့နေကြီးဘီလီရဲ့ စရိုက်ကို သရုပ်ဖော်တဲ့ သီချင်းကလေးကတော့ "All I care about is love." တဲ့။ တင်းကြပ်ပြတ်သားတဲ့ စည်းကမ်းအောက်က တရားဥပဒေဘက်တော်သားကြီးမှာလည်း ကြင်နာသနားတတ်တဲ့ အသည်းနှလုံး ရှိပါသေးတယ်။ ကလေးမလေးက တစ်ပြားမှ မပေးနိုင်သော်လည်းပဲ ကလေးမလေးကို အသုံးချပြီး ပိုက်ဆံရှာလိုက်ရင်တော့ သူလိုချင်တဲ့ ရှေ့နေခ ကာမိသွားမှာ အမှန်ပဲ လို့ တွက်မိတဲ့အတွက် ဒီကလေးမကို ထင်ပေါ်လို့ စင်တော်က ကောက်ဖို့ရာ စတုတ္ထမဏ္ဍိုင်ကြီးနဲ့ ထောက်ပေးလိုက်ပါတော့တယ်။
           အဲဒီခေတ်တုန်းကတော့ ဖေ့စ်ဘုတ်မှ မပေါ်သေးတာ ပိတ်သတ်ကြီးရယ်။ ဂျာနယ်နဲ့ သတင်းစာတွေပဲ အားကိုးရတာပေါ့။ ဖေ့စ်ဘုတ်သာရှိရင် သူများအကူတောင်မလိုဘူး။ Fan Page တစ်ခုကောက်လုပ်ပြီး ဗုတ်တလုပ်တောက်တဲ့ ကစားခိုင်းလိုက်ရင် နန်းခင်ဇေယျာကလေးတောင် အိုကေသွားတာ တွေ့ဘူးလား။ အရင်ဆုံး ဂျာနယ်လစ်တွေနဲ့ အင်တာဗျူးလုပ်ဖို့အတွက် အင်းနိုးဆန့်ရုပ်ခံ အဖြူထည်ကလေးဖြစ်အောင် ဆံပင်တွေကိုဆေးဆိုးပြီး တောရုပ်ကလေး ပြန်ဖော်ယူရတာပေါ့။ ရင်နာဖွယ်ရာ ဇာတ်အိမ်ကလေးကလည်း ဆင်ရဦးမှာဆိုတော့ ကောင်မကလေးကို မိဘမဲ့ကွန်ဗင့်ကျောင်းကထွက်တဲ့ ဗိုင်းကောင်းကျောက်ဖိ ကျောင်းသူလေးအဖြစ် မွေးထုတ်ရတယ်။ (ရိုဟင်ဂျာတွေ ရွာလိုက်မီးတိုက်ခံရတယ်ဆိုတာမျိုး နေပါလိမ့်မယ်) ကောင်မလေးမှာ အပြစ်မရှိဘူးဆိုရုံနဲ့ အမှုက မပြီးဘူး။ အပြစ်ရှိတဲ့သူ တစ်ယောက်ယောက်တော့ ဆွဲစိမှ ပွဲသိမ်းလို့ရမယ်။ အမြင်ကပ်တဲ့လူ လျှောက်မရှာနဲ့ဦး။ ဘယ်သူမှ မသိတဲ့သူ ဆွဲထည့်ရင် ဘယ်သူမှ စိတ်မ၀င်စားဘူး။ ရေပန်းအစားဆုံး၊ လူသိအများဆုံးတစ်ယောက်ယောက်ကို ဖွလိုက်မှ ကြားလိုက်တာနဲ့ "မဟုတ်ကဟုတ်က ဟယ်" ဆို  ၀ုန်းကနဲထလာ၊ ပြီးတော့မှ "ကဲ ပြောစမ်းပါဦး သေသေချာချာ" လို့ ပြန်နားထောင်ယူရတဲ့ သတင်းမျိုးဖြစ်အောင် ချောက်ချရတယ်။ ဆဲချင်တဲ့သူတွေ ဆဲချင်သလောက်ဆဲပလေ့စေ။ မပူနဲ့။ လူဆဲလေ ပွဲဆူလေ လို့ မှတ်။ အရေးကြီးတာက နဂိုက ဘယ်သူမှ မသိတဲ့ နံမည်တစ်ခုဟာ လူတကာ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး ဖြစ်နေရမယ်။ (ငါးမင်းဆွေကြီးတောင် အဲဒီနည်း သုံးသွားတာပဲဟာ) ဇာတ်လမ်းထဲမှာတော့ ပုဂ္ဂိုလ်ရေးတွေကိုရှောင်ပြီး ခေတ်ပေါ်ဂျပ်စ်ဂီတရဲ့ သွေးဆောင်ဖြားယောင်းမှုကြောင့် ရေတိမ်နစ်သွားရရှာသူ ဆယ်ကျော်သက် မိန်းမပျိုကလေးတစ်ယောက် နောင်တကြီးစွာနဲ့ လူငယ်တွေ သူ့လို လမ်းမှားမရောက်ဖို့ မှာကြားတဲ့ အကွက်ကို ခင်းပါတယ်။ ဘယ်ဟာတွေ ဘယ်လိုပဲဆင်ဆင် သုံးတဲ့လက်နက်နဲ့ ရတဲ့ဒဏ်ရာကို ကြည့်လိုက်ရင် ဘယ်လိုမှ မုန်လာဥလုပ်လို့ မရနိုင်တာကိုလည်းသိတော့ (ဘုရားစူးရစေ့။ ရုပ်ရှင်အကြောင်းပြောနေတာနော်။ ဟိုတွေးသည်တွေး တွေးပါနဲ့။ ခိခိ) အဲဒီသေနတ်ကြီးက မိုးပေါ်ကကျလာပြီး နှစ်ယောက်သား လုံးလားထွေးလား လုရင်းက မတော်တဆ ကျည်ဆန်ထွက်သွားတယ် လို့ ထွက်ဆိုချက်ပေးပြီး သတင်းဆောင်းပါးများစွာနဲ့ ကောက်ချက်တွေ မှတ်ချက်တွေ မလူပျံသွားအောင် ရေးလိုက်ရှဲလိုက်ကြတာ Like တွေ မရေမတွက်နိုင် ရသွားသတဲ့။ (လုပ်ထားဦးပေါ့အေ။ နောက်လကျ kyats/byte နဲ့ ကောက်တော့မှ ဘယ်လောက်ထိ ဆက်ရှဲနိုင်မလဲ ကြည့်ရသေးတာပေါ့)။ ဇာတ်ကားတစ်ကားလုံးရဲ့ အနှစ်သာရဟာ ဒီအခန်းပဲ လို့ ပြောချင်ပါတယ်။ ရစ်ချတ်ဂီရာကြီး ပြောင်မြောက်စွာ သရုပ်ဆောင်ထားတဲ့ "We both reach for the gun" သီချင်းကို ဂျာနယ်လစ်ပေါင်းများစွာ သောင်းသောင်းဖျဖျ အားဖြည့်ပေးထားပါတယ်။
             ဆယ်လီဗျစ်တီဖြစ်ဖို့ဆိုတာ လူတွေ ဘာကြိုက်တတ်သလဲ သိဖို့ပဲ လိုပါတယ်။ အခုတော့ ရောက်ဆီဆိုတာ ဟီးရိုးအင်းမလေး ဖြစ်သွားပြီ။ သူကချင်တဲ့ ဇာတ်ခုံပေါ်မှာ သူကိုယ်တိုင် နံမယ်ကြီး အကြီးကြီးရေးလို့ ကနိုင်ပြီ။ သီချင်းနံမည်ကိုက "Roxie (The name on everybody's lips)" တဲ့။ သို့သော်လည်း သူတို့လောကသားတွေဘ၀က ဟုန်းကနဲတောက်လာပြီးရင် ဟုတ်ကနဲငြိမ်းသွားတတ်တာ ဓမ္မတာလေ။ ရောက်ဆီတက်လာတော့ ဗယ်လ်မာမှိန်သွားတယ်။ သတင်းစာထဲမှာတောင် သူ့သတင်းက နောက်ကျောဖုံး အောက်ဖက်ထောင့်မှာ စာလေးနှစ်ကြောင်းလောက်နဲ့ပဲ ပါတော့တယ်။ ဒါကြောင့် အထည်ကြီးပျက်ရုပ်ကို လူမသိအောင်ဖုံးပြီး ရောက်ဆီနဲ့ သွားညှိရတာပေါ့။ သူက ဒီလောကမှာ စီနီယာ၊ လုပ်ကွက်တွေ ခွင်တွေ အကြောင်း ကောင်းကောင်းသိတယ်။ အရင်တုန်းက သူနဲ့သူ့ညီမနှစ်ယောက်တွဲကတဲ့ ကကွက်မျိုး သူနဲ့ ရောက်ဆီနှစ်ယောက် ပြန်ပွဲထုတ်လိုက်ရင် ဘယ်လိုနေမလဲ၊ "I can't do it alone" သီချင်းနဲ့ ကသွားတဲ့ ကက်သရင်းဇီတာဂျုံးဟာ အဲဒီအခန်းနဲ့ အော်စကာရသွားပါတယ်။ မီးမြင့်နေသေးတဲ့ ရောက်ဆီက ချေလွှတ်လိုက်ပြီး လက်မခံပါဘူး။ သူ့စန်းကလေးဟာလည်း ဘာမှတောင် မကြာလိုက်ဘူး။ လူသတ်မှုတွေ တစ်မှုပြီးတစ်မှုပွေနေတဲ့ ချီကာဂိုမှာ သူ့ထက်စိတ်ဝင်စားစရာကောင်းတဲ့အမှုတွေနောက်မှာ မှိန်တိန်တိန်ကလေး ဖြစ်လာရော။ နဂိုကတည်းက မတတ်ပလုပ်လွန်းလို့ အစာမကြေဖြစ်နေတဲ့ ဘီလီကတောင် သူ့အမှုကို တန်းလန်းထားပြီး နောက်တစ်မှုကူးမယ့်ဆဲဆဲမှာ ရောက်ဆီက နောက်တစ်ကွက်ဆန်းအောင် ထွင်ရပြန်ပါတယ်။ ခွေကနဲမူးလဲလို့ နှာနှပ်ပြပြီးတဲ့နောက်မှာ မျက်ရည်လေးစမ်းစမ်းစမ်းစမ်းနဲ့ မပေါ့မပါးဖြစ်နေကြောင်း သတင်းထုတ်ပြန်ရော။
          ကွက်ရှင်မတ်အကြီးကြီး ထွက်လာတာက "ဘယ်သူနဲ့ရတာလဲ" ပါ။ နဂိုကတည်းကမှ နှစ်ပင်လိမ်ထားပြီးသား။ အခုရောက်နေတာက ထောင်ထဲ။ ရှေ့နေကြီး ဇ ကလည်း သေးမှတ်လို့။ သံသယ၏အကျိုးဆိုတာ တရားခံသာလျှင် ခံစားခွင့်ရှိတယ်ဗျ။ ဒါမျိုးကျ ဥပဒေသမားတွေက သိပ်သွက်တာ။ အရာရာ အထောက်အထားနဲ့သာလျှင် စကားပြောတယ်။ ဆေးစစ်တဲ့ဆရာဝန်ကို ကိုယ်ဝန်ရှိမရှိမေးတယ်။ ဟိုက "ရှိတယ်" ဆိုရင် "ဂယ်ကြီးလား"တွေ ဘာတွေ မမေးတော့ဘူး။ "တရားရုံးမှာ သက်သေခံမှာလား" ပဲ မေးတယ်။ ဟိုက "အင်း" ဆို "ရပြီ။ ဘောင်းဘီဇစ်ပြန်တပ်လိုက်ဦး။" ပဲ ပြောတယ်။ ဟုတ်တယ်လေ။ သက်သေခိုင်လုံနေမှတော့ လေဥပဲဖြစ်ဖြစ် တရားဝင်နေပြီ။ ထိုင်ရမလို ထရလို ပျားတုပ်သွားတဲ့သူကတော့ ရောက်ဆီရဲ့ ချစ်လင်ကြီးပါပဲ။ ခက်တာက တလောကလုံးက သူ့ကို ရှိတယ်လို့တောင် သဘောမထားကြတော့ ဘယ်သူကမှလည်း အဘက်လုပ်ပြီး မေးမြန်းဖြေကြားမနေပါဘူး။ ဒီမှာ ခံစားချက်တွေ ပေါက်ကွဲပြီး သူဆိုတဲ့သီချင်းက "Mr Cellophane" တဲ့။ ဘယ်သူပဲဖြစ်ဖြစ် လူလည်ခေါင်မှာ လက်ကြီး ဝှေ့ကာယမ်းကာ အော်ဟစ်လှမ်းခေါ်နေရင် တစ်ယောက်မဟုတ်တစ်ယောက်တော့ သတိပြုမိဖို့ ကောင်းပါတယ်တဲ့။ ခုတော့ သူဘာလုပ်လုပ် ဘာပြောပြော ဘယ်သူကမှ မြင်ပုံတွေ့ပုံမရလို့ သူ့ကိုယ်သူ ရှိန်းဆာယာဖိုမောက်ပြီး ကိုယ်ပျောက်နေရော့သလား လို့ သံသယ၀င်မိပါသတဲ့။ လောကကြီးမှာ သူ့လို ကိုကြည်လင် ဖြစ်နေတဲ့သူတွေကလည်း နည်းတော့ မနည်းပါဘူး။ မိုးလေ၀သက ဦးထွန်းလွင်ကြီးဆို နာဂစ်ဝင်ကာနီးတုန်းက တကြော်ကြော် သတိပေး ဟစ်အော်နေရှာသော်လည်း သူ့ကို ဘယ်သူမှ မမြင်ရုံတင် မဟုတ်ဘူး။ ကြားလည်း မကြားကြဘူး။ တကယ်တော့ သမာဒေ၀နတ်တွေက အဲသလို အရေးကြီးတဲ့ သတင်းနိမိတ်စကားများပါးချင်ရင် မင်းတြားကြီးအိမ်က သားတော်ကြီး မယ်တော်ကြီးများကိုသာ အိပ်မက်ပေးလိုက်ရောပေါ့။ ဒီ့ထက် အရေးတယူဆောင်ရွက်ကြမှာ မလွဲဘူး။ အဲဒါကြောင့်ထင်ပါရဲ့။ နောက်ကို လူတွေ မကြည့်ကြည့်မိအောင် လှယမင်းကလေးတွေ ချိတ်ရောင်စုံဆင်မြန်းပြီး မြေပုံတုတ်နဲ့ထိုးကြလေတော့တယ်။
           အချက်အလက်နဲ့ သက်သေတွေ ပြည့်စုံလာတဲ့အခါ လူပုံအလည်မှာ ဆိုရေးရှိကဆိုအပ်လှစွာ လျှောက်လဲချက်ပေးတဲ့သီချင်းကတော့ "Razzle Dazzle them" တဲ့။ မူးဝေအီနောက်သွားအောင်သာ မွှေနှောက် ခြောက်ခြားပလိုက်စမ်းပါ။ တကယ်တော့ လူတွေက နားလည်ချင်ယောင်သာဆောင်မယ်။ တကယ်နားလည်တဲ့သူတစ်ယောက်မှ မပါပါဘူးတဲ့။ ကိုယ့်ကိစ္စမပါရင် သေသေချာချာ စိတ်ဝင်စားတဲ့သူလည်း ရှားပါသတဲ့။ ဒါကြောင့်မို့ ဆန်းပြားတာလေးတွေ မျက်စိလှည့်စားတာကလေးတွေသာ ပါအောင်သုံးပါ။ လူတွေက အံ့အားသင့်ပြီး အဲဒီနောက် မျောပါသွားရင် အမှန်တရားဆိုတာ ဘယ်သူမှ သတိရတော့မှာတောင် မဟုတ်ဘူးတဲ့။ ချောင်ပိတ်မိနေရင် ရူးချင်ယောင်သာဆောင်လိုက်။ စကားတွေအများကြီး ပြောပြီးတဲ့အခါ ကြားတဲ့သူက ဘာကိုမှ မှတ်မိတော့မှာ မဟုတ်ဘူးတဲ့။ ကောင်းလိုက်တဲ့အကွက်တွေဗျာ။ ဒီကနေ့ထိ အဲဒီအကွက်တွေ ဘယ်လောက် အသုံးတည့်နေသေးသလဲဆိုတာ ဖေ့စ်ဘုတ်မှန်မှန်တက်ရင် သဘောပေါက် လာလိမ့်မယ်။
            အဲဒီအထဲမှာ ဂျာနယ်လစ်တွေ အတုခိုးလိုက်နာစရာ စူပါပါဝါအကွက်တွေလည်း ပါတယ်ဗျ။ တရားရုံးက စီရင်ချက် မချရသေးဘူး။ သူတို့ဂျာနယ်ကို "လွတ်စေ" တစ်စောင်၊ "ထောင်ကျစေ" တစ်စောင် အဆင်သင့်ရိုက်ထားပြီး တရားရုံးပြူတင်းပေါက်က လက်ကိုင်ပုဝါနဲ့ အချက်ပြလိုက်တဲ့အစောင်ကို တန်းဖြန့်ဖို့ အသင့်ပြင်ထားတယ်။ ဘာမလွတ်စရာရှိမလဲဗျာ။ ဘီလီကြီးက ပိုင်လွန်းလို့ ဦးပိုင် မှည့်ထားတာပဲ ဥစ္စာ။ သူသုံးသွားတဲ့ အကွက်တွေက ခင်ဗျားတို့ ကျုပ်တို့ ရေးနေတဲ့ စမာကလာအကွက်တွေ တစ်ကွက်မှ မပါဘူးဗျ။ တကယ့် ပွဲတွေ့ မြစ်ချင်းပြီး ဆေးစွမ်းကောင်းကြီးတွေပဲဟာ။ ဒီအခန်းရောက်တဲ့အထိမှ ခင်ဗျားမျက်စိထဲမှာ ချီကာဂိုဆိုတာ ရန်ကုန်နဲ့ အတူတူပါလား လို့ မခံစားရသေးရင် တော်တော်ကြီး ပိန်းနေပြီ လို့သာမှတ်။ နောက်ဆုံးဇာတ်သိမ်းခန်းကလေးတော့ ကြည့်သွားလိုက်ပါဦး။ သီချင်းလေးက "Nowadays" တဲ့။ ဆယ်လီဗျစ်တီတို့မည်သည် လင်ကိုသတ်လို့ပဲဖြစ်ဖြစ်၊ ဟိုအခွေဒီအခွေတွေ ထွက်လာလို့ပဲဖြစ်ဖြစ်၊ ပါးရိုက် တရားစွဲ ရုံးထဲကန္နားထဲ ဟိုးလေးတကျော်ဖြစ်တာတောင် "အေးမေတ္တာ သို့ပေတဲ့ မပျက်ပေါင်ရှင်" ဆိုတာမျိုးဗျ။ ပိုပြီးတော့တောင် နံမယ်ကျော်ကျော်သွားရတာမို့လို့ အဲဒီသိုင်းကွက်မျိုးကိုတော့ ဈေးကွက်နည်းနည်းအေးသွားတဲ့သူတွေက အသက်ကယ်ဆေးအဖြစ် ကျားကန်ဖို့ သုံးလေ့ရှိပါတယ်။
           အခုလည်း ဖေ့စ်ဘုတ်ပေါ်မှာ မောင်စံဖားကလေးကို ရိုးအီငြီးငွေ့ပြီး အချစ်လျော့ချင်ချင်ဖြစ်နေတဲ့ ပိတ်သတ်ကြီးဆီက အာရုံပြန်စိုက်လာအောင် ဒီချီကာကုန်တေးသံစုံဖာတ်မြူးကြီးကို ကိုယ်တိုင်သီဆိုကပြ အသုံးတော်ခံရကောင်းမလား မသိပါဘူး။ မိုးယုစံကလေး နဲ့ ၀တ်မှုန်ရွှေရည်ကလေးနဲ့ဆို ဘယ်လိုနေမလဲ။ ကလေးမလေးတွေ မီအောင် မလိုက်နိုင်မှာပဲ စိုးတာပါ။ မာမာမော်တွန်အခန်းကိုတော့ ကိုယ်ချင်းကိုယ်ချင်းတွေမို့ ဖြူဖြူကျော်သိန်းပဲ ခေါ်လိုက်တော့မယ်။ ဇာတ်သိမ်းခန်းကျရင် စက်သေနတ်နဲ့မပစ်ဘူးဗျ။ ပိုပြီးခေတ်မီအောင် မီးလောင်ဗုံးဆိုတာကလေးတွေကို ကန့်လန့်ကာကြီးဘက် လှည့်ဖောက်မယ်။ ဒါမှ ရေမီးအစုံနဲ့ ရွှေစည်းခုံကနေ တောင်းပန်လို့ရမှာ။ ပရက်ရှိုးလာတဲ့ သတင်းထောက်တွေထဲက ရေအလျှံဆုံးတစ်ယောက်လောက်ကို အဘဥက္ကလာကိုကိုလို နောက်ကကားနဲ့ လိုက်ရိုက်လုဖို့လည်း စီစဉ်ထားတယ်။ ဒီတစ်ပွဲပြီးလို့မှ ၀က်ဝက်ကွဲ မပေါက်ရင်တော့လား။ ဟင်း ဟင်း။

    All that Jazz
   Funny Honey
   When you're good to Mama
   Cell Block Tango
      All I care about is love
   We both reach for the gun
    Roxie (The name on everybody's lips)
    I can't do it alone
     Mr Cellophane
    Razzle dazzle them
     Nowadays



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/02/2012 01:43:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36174] Fwd: [လူဗိုလ်ဟူသည် ...] လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ...



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/1
Subject: [လူဗိုလ်ဟူသည် ...] လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ...
To: lubo601@gmail.com




ဆဲချင်ကြလဲ အားလုံးဝိုင်း ဆဲကြဗျာ။ ဒီပွဲမှာ မြန်မာနိုင်ငံ ရဲ့ ၂နှစ်သားဒီမိုကရေစီ မရင့်ကျက်သေးကြောင်း၊ ကလေးအဆင့်ပဲရှိသေးကြောင်းကမ္ဘာကိုပြလိုက်တာပဲ။ ကျွန်တော်ကတော့ ဒီကိစ္စမှာ သုံးဘက်လုံးမှားတယ်ယူဆပါတယ်၊ လက်ရှိအစိုးရဟာ အရင်အစိုးရလက်ထက်က အထုပ်တွေကို လက်ဆင့်ကမ်းကာကွယ်နေတာ ရပ်သင့်ပါပြီ၊ ဒေသခံတွေအတွက် ထည့်သွင်း စဉ်းစားထားခြင်းမရ
ှိတဲ့ Project မှန်သမျှ ပြန်သုံးသပ်ပြီး Revise လုပ်သင့်ပါပြီ၊ မြန်မာနိုင်ငံ သည် Sovereign State ဖြစ်တဲ့အတွက်၊ နိုင်ငံအကျိုး၊ လူထုအကျိုး အတွက် မှန်ကန်စွာ Revise လုပ်ခြင်းကို ဘယ်နိုင်ငံမှ အပြစ်ပြောလို့မရပါ၊ Investor ဆိုတာ မတောင်းရင်တော့ အလိုလိုပေးမှာ မဟုတ်ပါ၊ မပေးလို့မရတဲ့ ဥပဒေ စည်းမျည်း ရှိလျှင် ပေးကြမှာပါ၊ လက်တင် အမေရိကက Belize နိုင်ငံဟာ မဟော်ဂနီသစ် ကောင်းထွက် လို့ နာမည်ကြီးပါတယ်၊ သူ့ဆီမှာ သစ်ခုတ်ခြင်ရင် ခုတ်တဲ့ အပင် အရေအတွက် အတိုင်း အစားထိုးပြန်စိုက် ပြီး ရှင်ပြီ သေချာမှ သစ်ပေးခုတ်ပါတယ်၊ ဒါ့အပြင် သစ်အလုံးလိုက် ပေးမပို့ပါဘူး၊ အချောထည်စက်ရုံများထောင်ခိုင်းပြီး အချောထည်များပဲ Export ပေးပါတယ်၊ တချက်ခုတ်သုံချက်ပြတ်ပေါ့၊ Investor တွေက လိုချင်တော့လာရတာပဲ၊ Investor ဆိုတာ လွယ်ရင်တော့လုပ်မှာပဲ၊ မလွယ်လဲလာလုပ်ကြတာပါပဲ၊ နဲနဲမြတ်တာနဲ့ များများမြတ်တာပဲကွာတာကိုး၊ မလွယ် ရင် လူသန့်သွားပါတယ်၊ နောက်တခု Pacific Ocean ထဲက Nauru ဆိုတဲ့ကျွန်းနိုင်ငံသေးသေးလေး၊ ၈မိုင်ပါတ်လည်ပဲရှိတယ်၊ လူဦးရေက ၁သောင်းမပြည့်ဘူး၊ ဖော့စဖိတ်ထွက်တယ်၊ ကိုလိုနီတွေရဲ့ ခေါင်းပုံဖြတ်တာာ တသက်လုံးခံခဲ့ရတယ်၊ ဩစတျေးလျား အဓိကပေါ့၊ လွတ်လပ်ရေးလဲရရော၊ ၊ ဖော့စဖိတ် တဝက်ကျော်ကုန်ပြီ၊၊ကျွန်းလဲရစရာမရှိတော့ဘူး၊ အဲဒီမှာ ဩစတျေးလျားကို တရားစွဲတာ နိုင်သွားတော့ ဩစတျေးလျားက ကျွန်းသားတိုင်းကို တလ AUD ၂၅၀၀ ထောက်ပံ့ရတယ်၊ Nauru ကျွန်းသားတွေ ဩစတျေးလျားမှာနေချင်ရင် PR တန်းပေးရတယ်၊ ခုချိန်မှာ Pacific Island တွေထဲမှာ တဦးချင်းဝင်ငွေအမြင့်ဆုံးပဲ၊ သူ့ဆီမှာ ဖော့စဖိတ်တူးချင်ရင် ကျွန်းသားတွေအတွက် ရန်ပုံငွေထူပေးရတယ်၊ ဖော့စဖိတ်ကုန်သွားရင် ကမ္ဘာ တည်သရွေ့စားလောက်အောင်၊ ဒါလဲလာတူးကြတာပဲ၊ အရင်တုံးကတော့ကျွန်တော်တို့မမာနိုင်ဘူး၊ Sanctions တွေကြောင့်၊ အခုမာလို့ရပြီ၊ မြန်မာ့ကျွန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ ကြေးနီ၊ စသည်ဖြင့် ကမ္ထာ မှာနာမည်ကြီးတယ်၊ မြန်မာကရတာအနဲဆုံးပဲ၊ ကြားပွဲစားနဲ့ ဝိသမ Investor တွေကပိုရနေတယ်၊ ခုကြေးနီကိစ္စ အစိုးရက တရုပ်ကုမ္ပဏီကို Agreement Revise ပြန်လုပ်ခိုင်းလို့ရပါတယ်၊ Revise လုပ်တာနဲ့ Cancel လုပ်တာမတူပါ၊ ဒေသခံတွေ အတွက် အကျိုးအမြတ်ကျေနပ်အောင်ခွဲပေးလိုက်ရင်ပြီးသွားမှာပါ၊ Environmental Rehabilitation ပါပါရပါမည်၊ ဆန္နပြတာကို အလွံအကျွံအင်အားသုံးဖြေရှင်းတာအလွန်မှားပါတယ်။

ဒေသခံတွေကကော?၊ စိးပွားဖြစ်လယ်စိုက်လို့မရတဲ့မြေကို ပိုက်ထားပြီး၊၊ကျားကျားမီးယပ်ပဲဆိုပြီး ကဏ္ဏကောဇ လုပ်နေဘို့မသင့်ပါ၊ မိမိလည်းသူဌေးမဖြစ်လောက်၊ နိုင်ငံတော်ပြည်သူလည်း အကျိုးအမြတ် မရအောင်လုပ်နေကြရင် ဒီတိုင်းပြည် ဘယ်လိုပိုက်ဆံရှာ တိုးတက်တော့မလဲ?၊ တိုက်ရတောင်းရမှာက၊၊ရလာမဲ့အကျိုးအမြတ်ကိုထိုက်သင့်စွာရှယ်ပေးဘို့၊ လယ်မစိုက် တပိုင်ကြေးမချက်ပဲ နေထိုင်စားသောက်နိုင်ဘို့တောင်းရမှာပါ၊
နိုင်ငံရေးအင်အားစုတွေကကော?၊ ပွဲဆူရင်ပြီးရော မြောက်မပေးသင့်ပါ၊ နိုင်ငံလည်းနာမည်ပျက်၊ လူတွေလဲနစ်နာပါတယ်၊ တိုင်းပြည်အတွက်၊လူထုအတွက်စေတနာထားရင်၊ ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာတဲ့ အဖြေကိုရအောင်ထုတ်ပြီး၊ အစိုးရကို Advocate လုပ် လူထုကို Educate လုပ်ရမှာ၊ နိုင်ငံရေးသမားတွေရဲ့တာဝန်ပါ။
မှတ်ချက်၊ လက်ပံတောင်းတောင်ဖြစ်စဉ်တွင်၊ ထိခိုက်နစ်နာသူ အားလုံး အတွက် ကာယကံရှင်၊ မိသားစု များနည်းတူ အလွန်ဝမ်းနဲပါကြောင်း၊

By Wanna More

နိုင်ငံရဲ့  စီမံကိန်းတွေ က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။ နောက်ပြီး ပြည်သူတွေကသာ ဒီစီမံကိန်းကို ရပ်ပေးပါ ရပ်ပေးပါ လို့ အော်နေကြတာ နိုင်ငံမှာ ကြွေးမီတွေက အရမ်း များနေပါတယ်။ အဲဒီ ကြွေးမီတွေကို ဘယ်သူ ဆပ်ပေးမှာလဲ... ပြည်သူတွေဆီက ပိုက်ဆံတောင်းပြီး ဆပ်ပေးမှာလား... စီမံကိန်းတစ်ခု ကို (အရင်အစိုးရက) လက်မှတ်ထိုးတဲ့ အခါ ဒီစီမံကိန်း မဖြစ်ရင် လျော်ကြေးဘယ်လောက် ဘယ်လောက် ပေးရမယ်ဆိုပြီး ထည့်ချုပ်ပြီးသားပါ၊ မြစ်ဆုံ ကိစ္စ တုံးကလည်း ကြားဖူးတာက မြစ်ဆုံစီမံကိန်းရဲ့ တန်ကြေးတင် ဒေါ်လာ ၂ ဘီလီယံ တန်တယ်လို့ ကြားဖူးတယ်။ လျော်ကြေးမဟုတ်သေးဘူးနော်.. တန်ကြေးပဲ ရှိသေးတယ်။ လုံးဝ ရပ်ဆိုင်းလိုက်တာနဲ့ လျော်ပေတော့ပဲ...။ ဒါပေမယ် မြစ်ဆုံက တစ်နိုင်ငံလုံးရဲ့ အသက်သွေး ဖြစ်တဲ့ အတွက် လျော်ရရင်တောင် တန်ပါသေးတယ်။ နိုင်ငံ တစ်ခုလုံးမှာ ရှိတဲ့ ယခု စီမံကိန်းလို မျိုးတွေ အားလုံးကို ရပ်ရမယ် ဆိုရင် လျော်ရမယ့် လျော်ကြေးက ဘယ်လောက်ရှိမလဲဆိုတာ မခန့် မှန်းနိုင်ပါဘူး။ အရင် (ချီးထုပ်) အစိုးရ က လက်မှတ်ထိုးခဲ့တယ်ဆိုတာလည်း ဦးသန်းရွှေ ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ ထိုးတာမဟုတ်ပါဘူး၊ နိုင်ငံ့ ခေါင်းဆောင် အနေနဲ့ ထိုးတာပါ အဲဒါကြောင့် စီမံကိန်း အားလုံးဟာ အစိုးရ ဘယ်နှစ်ဆက်ပြောင်းပြောင်း နိုင်ငံရဲ့  အမွေ ဖြစ်သွားပါပြီ။ ဒါတွေအားလုံးကို လျော်ဖို့ ဘယ်က ပိုက်ဆံရပြီး ဘယ်လို ဆပ်ကြမှာလဲ... နိုင်ငံရဲ့  အခွန်တော်ကို ထမ်းဆောင်နေတဲ့ လူဟာ နိုင်ငံမှာ ရှိတဲ့ လူဦးရေ ရဲ့  ၁% ခန့် ပဲ ရှိတယ်လို့ ဖတ်ဖူးပါတယ်။ အဓိက ရတဲ့ ငွေဟာ အဲဒီ စီမံကိန်းတွေ ရောင်းစားတာနဲ့  ဌာနဆိုင်ရာတွေက ရတဲ့ ငွေ (ဥပမာ - စည်ပင်သာယာ) တွေနဲ့  နိုင်ငံ့ အရင်းအမြစ်တွေ ကို ထုတ်ရောင်းတဲ့ ဆီက ရတဲ့ ပိုက်ဆံနဲ့ ပဲ နိုင်ငံ ဆက်လက်ရပ်တည်နေရတာပါ။ ဘာလို့  Complain တက်ရလဲဆိုတော့ အကို ပြောတာတဲ့ အားလုံးကို Revise လုပ်သင့်တယ်ဆိုတာ ကလည်း Cancel နဲ့ မတူတာမှန်ပါတယ်။ ဟိုဘက်ကရော လက်ခံဦးမှပါ။ လက်မခံရင် လျော်ပေရော့ပဲ... အဲဒါကြောင့် နိုင်ငံ အတွက် ဝိုင်းဝန်းစဉ်းစားပေးကြပါ

By Pixie Lay

ဝေဖန်တာကျေးဇူးပါ၊ ကျွန်တော်ကိုယ်တိုင် ပါဝင်ခဲ့ဘူးတဲ့ Investment Project Agreement ချုပ်ဆိုတာနဲ့ပါတ်သက်ပြီးပြောရရင်၊ နိုင်ငံတော် အဆင့် ဘယ်စာချုပ်မှာမှ လျော်ကြေးဆိုတာမပါပါ၊ Government to Government (G to G), Government to Private/ Public (G to P) နုစ်မျိုးရှိရာမုာ၊ G to G project ကနဲပါတယ်၊ G to G မှာလဲ လျော်ကြေးဆိုတာမပါပါ၊ တရုတ်နဲ့က G to P တွေများပါတယ်၊ G to P မှာဘာပါလည်းဆိုတော့ Sovereign Guarantee ခေါ်တဲ့ Project ကို ပြည်သူပိုင် မသိမ်းပါဘူးဆိုတဲ့ အာမခံချက်နဲ့၊ ပြည်သူပိုင် သိမ်းခဲ့ရင် နစ်နာကြေး ပြန်ဖော်နိုင်အောင် ဗဟိုဘဏ်က State Bank Guarantee ထုတ်ပေးပါတယ်၊ တခြားနိုင်ငံတွေရဲ့ State Bank Guarantee က တန်ဘိုးအရှိဆုံး Guarantee တွေဖြစ်ပေမဲ့၊ Defacto အစိုးရ အုပ်ချုပ်ပြီး Sanction အောက်က Myanmar ရဲ့ Sovereign Guarantee နဲ့ State Bank Guarantee က ကမ္တာ့စာချုပ်စာတမ်းဈေးကွက်မှာ ငါးပြားမှမတန်ပါဘူး၊ နောက်ပြီးစာချုပ်တိုင်းမှာ Force Majeure ဆိုတာပါပါတယ်၊ Project လုပ်နေတဲ့နိုင်ငံမှာ စစ်ဖြစ်ခဲ့ရင်၊ "ဆန္န ပြပွဲဖြစ်ခဲ့ရင်"၊ သဘာဝဘေးကျရောက်ခဲ့ရင်၊ အစိုးရ (သို့) Investor က Notice ပေးပြီး တဘက်သတ်ရပ်လို့ရပါတယ်၊ ဘာလျော်ကြေးမှပေးစရာမလိုဘူး၊ ဒါကြောင့် ဦးသိန်းစိန် အစိုးရက မြစ်ဆုံကို ဖျက်သိမ်း (ပြည်သူပိုင်သိမ်း) တယ် မပြောဘဲ ရပ်ဆိုင်းတယ်လို့ပြောတာပါ၊ Force Majeure ကိုသုံးတာပါ၊ အင်မတန်ကောင်းတဲ့ရွှေ့ကွက်ပါ၊ ဒါကြောင့်တရုပ်တွေ ဘာမှလုပ်မရဘဲ ဟိုအော် ဒီအော် နဲ့ ပြန်ညှိမယ်လုပ်နေတာပါ၊ ဒီဥပမာကို ကြည့်ရင်၊ အစိုးရက Force Majeure သုံးပြီး Investor ကိုပြန်ညှိ ခိုင်းလို့ရကြောင်း ထင်ရှားပါတယ်၊ ကြေးနီတောင် ကိစ္စမှာ ကော်မရှင်ဖွဲ့တာ ပထမခြေလှမ်းပါ၊ မြစ်ဆုံတုံးက Without Notice လုပ်ခဲ့တဲ့အတွက် နောက်တခု ထပ်လုပ်ရင်မကောင်းတတ်လို့၊ ဆန္န ပြပွဲ နဲ့ ကော်မရှင်ကို ခေါင်းစဉ်တပ်၊ ဆင်ခြေဆင်လက် ပေးပြီး တရုတ်နဲ့ညှိ ဖို့ ဖြစ်နိုင်ပါတယ်၊ မယုံရင်ကြည့်ပါ တရုတ်က ပြန်ညှိ လာပါလိမ့်မယ်၊ Investor ဆိုတာ လျော်ကြေး လိုချင်တာမဟုတ်ပါ၊ စီးပွားရေးလုပ်ချင်လို့ အကျိုးအမြတ် များများရချင်လို့လာလုပ်တာပါ၊ ကြေးနီတောင် Investment Project Agreement ကို လူထုကြားချပြပြီး နားလည်သူများက တဖက်စောင်းနင်း ဖြစ်နေတဲ့ အချက်တွေပြင်၊ နှစ်ဘက်မျှတ အောင် ပြန်ရေး၊ ဒေသခံတွေ အတွက်၊ သဘာဝပတ်ဝန်းကျင် အတွက် အချက်တွေ ဖြည့်စွက် လိုက်ရင်၊ တရုတ် ငြင်းလို့မရပါဘူး၊ သူငြင်းရင် သူက စာချုပ်ဖောက်ဖျက်သူဖြစ်သွား ပါမယ်၊ အဲ စာချုပ်မှာ အဘ တို့အတွက် ပွဲခတွေ၊ ဆွေ ၇နှစ်ဆက် ပေးရမယ့်ကော်မရှင်တွေပါလို့ ချမပြရဲရင်တော့ မပြောတတ်ဘူး ဗျာ၊

ဥပမာပေးရရင် တောင်အမေရိက ဗင်နီဇွဲလား သမ္မတ Hugo Chavez က American ကိုကြည့်မရတော့ American ရေနံကုမ္မဏီတွေ နဲ့ နိုင်ငံတော် အဆင့် စာချုပ်ထားတဲ့လုပ်ကွက်တွေ အားလုံးကို ဘလိုင်းကြီး ပြည်သူပိုင်သိမ်းပြီး မောင်းထုတ်၊ ငါးပြားမှ နစ်နာကြေးမပေးနိုင်ဘူးကွာ ဆိုပြီး ထုတ်ပေးထားတဲ့ Guarantee တွေအားလုံး Cancel လုပ် လိုက်တာ American တွေ ကက်ကက်လန်အောင် အော်ယုံ ပဲတတ်နိုင်တယ် ဘာမှ လုပ်လို့မရ၊ တကမ္တာလုံးက တရားရုံးတွေမှာ တရား ပတ်စွဲလဲ ဒီနေ့ထိ ငါးပြားမှ မရသေးပါ၊ သူကတော့ လူဆိုးပေါ့ဗျာ၊ ဒါပေမဲ့ Sovereign State ဆိုတာ လုပ်ချင်ရင် လုပ်လို့ရကြောင်း ပြောတာပါ၊ နောက်တော့ ကျွန်တ်ာတို့ဇာတ်လိုက် တရုတ်က ဗင်နီဇွဲလား ကိုပြေးပြီး လုပ်ကွက်တွေ အားလုံးကို Take Over လုပ်လိုက်တာပါ၊
ဒါကြောင့် ကျွန်တော်တို့ လုပ်ရမှာက နိုင်ငံတော်အဆင့် ကော်မရှင်ဖွဲ့ပြီး ကြေးနီတောင် အပါအဝင် နိုင်ငံတော် အဆင့် စီမံကိန်း အားလုံးရဲ့ စာချုပ် တွေပြန်စိစစ် Investor တွေနဲ့ပြန်ညှိ ဖို့တောင်းဆိုရမှာပါ၊ စာချုပ် တွေ ဖျက်သိမ်းဖို့ကို အားမပေးပါ၊ အရင်စာချုပ်တွေပြန်ညှိ၊ နောက်လာမဲ့စာချုပ်တွေကို သေချာ စိစစ်ပြီး မသာမနာ ရအောင် အကြံပေးနိုင်တဲ့ တတ်သိပညာရှင်များ၊ နဲ့ပါ သင့်သူများပါတဲ့ Foreign Direct Investment Advisory ကော်မရှင်ကို မှန်ကန်စွာ ဖွဲ့နိုင်ရင် ပြည်တွင်းလဲ လေးစား၊ ပြည်ပလဲ လေးစားပြီး လက်ရှိပြသနာတွေ လဲပြေလည်၊ Investment အသစ်တွေလဲ ပိုပြီး ဝင်လာနိုင်ပါတယ်၊

By Wanna More

ထစ်ကနဲရှိ တော်လှန်ဖို့ လုပ်တာ ဆန်ဒပြဖို့ လုပ်တာက ဖြေရှင်းနည်းတစ်မျိုး ဖြစ်ပြီး လက်ရှိ အကြပ်အတည်းအတွက် အဲဒီဖြေရှင်းနည်းနဲ့ alternative solution ကို ဆွေးနွေးထားတာကို နှစ်သက်မိလို့ share ပါတယ် ...


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/02/2012 01:38:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36173] Fwd: [လူဗိုလ်ဟူသည် ...] ဦးပိုင် လီမိတက် ဘာလဲ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/1
Subject: [လူဗိုလ်ဟူသည် ...] ဦးပိုင် လီမိတက် ဘာလဲ
To: lubo601@gmail.com



by Lu Cifer on Saturday, December 1, 2012 at 8:29am 


နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေက ရန်ကုန်မြို့ ဦးပိုင် လီမိတက်ရှေ့တွင် လက်ပံတောင်း သပိတ် အကြမ်းဖက် ဖြိုခွင်းမှုအတွက် ဆန္ဒပြပြီး တောင်းဆိုချက်များ ထုတ်ဖော်စဉ် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်နေကြသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား နိုဝင်ဘာလ ၂၉ ရက်နေ့၌ အင်အားသုံး အကြမ်းဖက် ဆောင်ရွက်ခဲ့မှုတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လည်း ပါဝင်ပတ်သက်နေသည်။

အဘယ်ကြောင့်ဆိုသော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံမှ ၀မ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးသည့် စီးပွားရေး ဦးပိုင်လီမီတက်သည် ကြေးနီစီမံကိန်းကြီး အပြင် မြန်မာနိုင်ငံ၏ အဓိကျသည့် စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်လုပ်ကိုင်လျက် ရှိသည်။

ထိုစီမံကိန်းသည် စစ်တပ်အတွက် အရေးပါသည့် စီမံကိန်းဖြစ်ပြီး စစ်တပ်မှ အငြိမ်းစားယူထားသည့် ရဲဘော်မိသားစုများအတွက် ဖြစ်ကြောင်းလည်း ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ပြီးခဲ့သည့် သီတင်းပတ်က ပြည်ထောင်စုလွှတ်တော် ၌ ဖြေဆို ခဲ့သေးသည်။

ထိုစီမံကိန်းသည် စစ်တပ်ပိုင် ဦးပိုင် လီမိတက်နှင့်တရုတ်နိုင်ငံတို့အကြား အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်းကြောင့် မျက်နှာမပျက်စေလိုကြောင်း ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ကြေးနီစီမံကိန်းနှင့်ပ တ်သက်၍ ဖြေဆိုသွားသည်။

ဦးပိုင် လီမီတက်အား ၁၉၉၀ ပြည့်နှစ်တွင် ယခင်စစ်အစိုးရ၏ စစ်တပ်အကြီးအကဲများ ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ်နေရေး ပြေလည်စေရန်ဟု သိရသည်။ ဦးပိုင်၏ လက်ရှိ ဥက္ကဋ္ဌ မှာ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်ပြီး၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးလည်း ဦးပိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သေးသည်။

ဦးပိုင် လီမိတက်သည်  ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကျောက်မျက်၊ သတ္တု တူးဖော်ရေး လုပ်ငန်းများ၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းအများ အပြားကိုလည်း ကုမ္ပဏီပေါင်း ၅၀ ၀န်းကျင်ဖြင့် လုပ်ဆောင်နေကြောင်း မောင်အောင်မျိုး ရေးသားသည့် Building the Tatmadaw: Myanmar Armed Forces Since 1948 စာအုပ်တွင် ဖော်ပြထားသည်။

ထို့အတူ ကြယ်ငါးပွင့်သဘောင်္လိုင်း၊ ပြည်တွင်းရေကြောင်းပိုင် လုပ်ငန်းတချို့၊ လောင်စာဆီ အရောင်းဆိုင်များ၊ ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များနှင့် တခြားသော စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်ထားကြောင်း ၀ီကီလိ(ခ်) အင်တာနက်စာ မျက်နှာ၌ ဖော်ပြထားသည်။ အလားတူ ပြည်ပ ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကိုလည်း ဦးပိုင် လီမိတက်က တင်ပို့ခွင့် ရရှိထားသည်။

ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ သကြားစက်၊ ပလတ်စတစ် ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများလည်း လုပ်ကိုင်ထားသည်။ ထိုသို့ စီးပွားရေးလုပ်ငန်း အများစုကို လုပ်ကိုင်ဆောင်ရွက်နေသော်လည်း စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးနေခြင်းကြောင့် ထိုလုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုလည်း မရှိပေ။

မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ်မှစ၍ အခွန်တိမ်းရှောင်မှု ပပျောက်စေရန် ဆောင်ရွက်နေသော်လည်း နိုင်ငံတော် အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးပိုင်လီမီတက်သည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ၂၀၁၁ ခုနှစ်  နှစ်ဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ဦးပိုင် လီမီတက်သည် စစ်အစိုးရလက်ထက် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းအများအပြားကို ဦးစီးထားပြီး လက်ရှိ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ထိုလုပ်ငန်းများကို လက်ဝါးကြီးအုပ် ချူပ်ကိုင်ထားဆဲ ဖြစ်သည်။ စင်ကာပူနှင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ ထားသည့် စီပွားရေး လုပ်ငန်းအများစုနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြောင်း ၀ီကီလိ(ခ်) ၌ ဖော်ပြထားသည်။

ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ပြောသကဲ့သို့ ဦးပိုင်နှင့် ကြေးနီစီမံကိန်းသည် တပ်မတော် အောက်ခြေရဲဘော်များ၊ အငြိမ်းစား တပ်မတော်သားများ မိသားစုများ၏ သက်သာချောင်ချိရေးအတွက် ဖွဲ့စည်းထားခြင်းဟု ပြောဆိုနေသည့်တိုင် အမှန်တကယ် အကျိုးအမြတ် ခံစားနေသူများမှာ တပ်မတော်၏ ထိပ်ပိုင်း ခေါင်းဆောင်များသာ ဖြစ်ကြောင်း သိရသည်။

တပ်ရင်းတခုလျှင် ကျပ်ငွေသိန်း ၂၀၀ မှ ၃၀၀ စီ ထည့်ဝင်ရကြောင်း၊ ထိုသို့ ထည့်ဝင်နိုင်ရန်အတွက် အောက်ခြေရဲဘော်များက အစ တပ်မတော်သားများ၏ လစာထဲမှ စုငွေအဖြစ် လစဉ် ဖြတ်တောက်သည့်အတွက် လစာကျပ်ငွေ တသိန်းအောက်သာ ရရှိသည့် ရဲဘော် မိသားစုများမှာစားဝတ်နေရေး ကျပ်တည်းလေ့ရှိသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

ဦးပိုင် လီမိတက်သည် ၂၀၀၇ ခုနှစ်တွင် ရင်းနှီးမှုရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၀၀၀ အထိခွင့်ပြုခဲ့ကြောင်း မောင်အောင်မျိုး၏ စာအုပ်၌ ရေးသားထားသည်။ ရှယ်ယာထည့်ဝင်ရသည့် တပ်ရင်းများအတွက် အကျိုးအမြတ်ငွေကို ရှယ်ယာအများစု ထည့်ဝင်သည့်သူများအား နှစ်စဉ်ထုတ်ပေးကြောင်းလည်း သိရသည်။

ခင်ဦးသာ
December 1, 2012
ဧရာဝတီ



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/01/2012 11:39:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[Real Family: 24828] သင် အသုံးချနိုင်သလောက် အသုံးကျမယ့် Google Drive

by Sun Thurain Moe on Saturday, 1 December 2012 at 19:42 ·

          ကွန်ပျူတာ နည်းပညာ နယ်ပယ်ကို အဓိက ဦးဆောင်နေသူများ ဖြစ်ကြတဲ့ Apple, Google နဲ့ Microsoft တို့ဟာ သူတို့ရဲ့ customers များကို အပြီးအပိုင် ဆွဲဆောင် သိမ်းသွင်းထား နိုင်ဖို့အတွက် မိမိတို့ရဲ့ services များကို ကောင်းသထက် ကောင်းအောင် အပြင်းအထန် ယှဉ်ပြိုင် ကြိုးစားခဲ့ကြပါတယ်။ အဲဒီ ကြိုးစားမှုတွေရဲ့ ရလာဒ်အဖြစ် April 24, 2012 မှာ ထွက်ပေါ်လာခဲ့တာကတော့ Google ရဲ့ cloud-based service ကို အခြေခံထားတဲ့ Google Drive ပါပဲ။

 

          Google ရဲ့ support အသစ်တစ်ခုဖြစ်တဲ့ Google Drive ဟာ သူ့ရဲ့ သုံးစွဲသူတွေကို ယခင်ကထက် ပိုမိုလွယ်ကူ မြန်ဆန်တဲ့ online files sharing စနစ်တစ်ခု ပံ့ပိုးပေးနိုင်ဖို့ အဓိက ရည်ရွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Google ဟာ သူ့ရဲ့ သုံးစွဲသူတွေကို ထပ်မံဆွဲဆောင်တဲ့ အနေနဲ့ သုံးစွဲသူတွေအတွက် အဓိက လိုအပ်နိုင်မယ့် Documents, Presentations, Spreadsheets နဲ့ အခြား features များကို အလွယ်တကူ လုပ်ဆောင်နိုင်စေဖို့လဲ online office suits တွေကို Google Drive မှာ ပေါင်းစပ် ထည့်သွင်း ပေးထားခဲ့ပါတယ်။

 

          Gmail account တစ်ခုရှိသူတိုင်း ရယူသုံးစွဲနိုင်တဲ့ Google Drive ဟာ သုံးစွဲသူတွေကို online cloud storage 5 GB အထိ အခမဲ့ သုံးစွဲခွင့်ပြုပါတယ်။ နောက်ထပ် လိုချင်သေးတယ် ဆိုယင်တော့ 25GB ကို တစ်လ USD 2.49 နဲ့ ထပ်တိုးပြီး အသုံးပြုနိုင်ပါတယ်။ Google ရဲ့ Google Drive နဲ့ အတူ ပွဲထုတ်လာတာတွေကတော့

 

 

File Sharing

 

          Google Drive ကို install လုပ်ပြီးယင် Google Drive ဟာ သုံးစွဲသူရဲ့ စက်ထဲက Hard Disk အပေါ်မှာ folder တစ်ခုအနေနဲ့ ရှိနေမှာ ဖြစ်ပြီး ကိုယ့်ရဲ့ data တွေကို online မှာ သိမ်းဆည်းထားဖို့အတွက် သာမန် copy, paste processes တွေမျိုးလောက်သာ လုပ်ဖို့ လိုပါတယ်။ Syn ကို သာမန်အားဖြင့် Google က တာဝန်ယူပြီး automatic process အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ Google ရဲ့ Syn process ဟာ Gmail attachment လုပ်တာထက်စာယင် သိသိသာသာ မြန်ဆန်မှာဖြစ်ပြီး Google Drive ပေါ်မှာရှိတဲ့ ကိုယ့်ရဲ့ data တွေကို email address တစ်ခုရှိတဲ့ မည်သူ့ဆီကိုမဆို share လုပ်နိုင်ပါတယ်။

 

          စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ချက်ကတော့ Google ဟာ Gmail attachment ကို ယခင်က 25 MB အထိသာ ခွင့်ပြုခဲ့ပေမယ့် Google Drive မှာတော့ 10 GB အထိ ခွင့်ပြုထားတာမို့ အဆ 400 ပိုပြီး ခွင့်ပြုပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးကို အံ့အားသင့်စေခဲ့တာကတော့ Google Drive ထဲက files တွေကို mobile devices တွေကနေ Chrome (သို့) Mozilla လိုဟာမျိုးသုံးပြီး access လုပ်လို့ ရပေမယ့် Gmail attachments အဖြစ် အခုအချိန်အထိ လုပ်လို့မရနိုင်သေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။

 

 

Docs, Sheets and Slides

 

          Google က သူ့ရဲ့ သုံးစွဲသူတွေအတွက် real-time data တွေကို online documents တွေအဖြစ် အချိန်နဲ့ တပြေးညီ အသုံးပြု ဖြန့်ဝေနိုင်စေဖို့ Google Docs တွေလို့ အများက သိကြတဲ့ Word processor, Spread sheets နဲ့ Presentation slides online apps တွေကို free office suits သဘောမျိုး Google Drive မှာ ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ Google Drive ကို အသုံးပြုတဲ့ မည်သူမဆို ရောက်တဲ့နေရာက တွေ့တဲ့ ကွန်ပျူတာနဲ့ ဒီ apps တွေကို အသုံးချပြီး ကိုယ့်ရဲ့ data တွေကို အလွယ်တကူ သိမ်းဆည်းထားနိုင်၊ အခြားသူများဆီကို ပေးပို့နိုင်ပါတယ်။

 

 

၁။ Google Doc

 

        Google doc ဟာ online word processing app တစ်ခုဖြစ်ပြီး word processing တစ်ခုမှာ အဓိက လိုအပ်တဲ့ လုပ်ဆောင်မှုများ ပါဝင်ပါတယ်။ Google docs မှာ

 

-       Word document တစ်ခုကို upload လုပ်နိုင်ပြီး Google document အဖြစ် ပြောင်းလဲနိုင်ပါတယ်။

 

-       Online ပေါ်က အခြား တစ်ယောက်ကို ဖိတ်ခေါ်ပြီး သူနဲ့အတူ edit လုပ်နိုင်တဲ့ feature ပါတဲ့အတွက် document အတွင်းမှာပဲ online chatting လုပ်နိုင်ပါသေးတယ်။

 

-       ကိုယ့်ရဲ့ document ကို အခြားသူ တစ်ယောက်ကို ဝင်ကြည့်ခွင့်၊ comment ရေးခွင့် ပြုနိုင်ပါတယ်။

 

-       Google document ကို edit လုပ်ခဲ့သမျှ revision history မှာ ဝင်ကြည့်ပြီး edit မလုပ်ခင်က အခြေအနေကို အချိန်မရွေး roll back  ပြန်လုပ်နိုင်ပါတယ်။

 

-       Google document တစ်ခုကို RTF, PDF, HTML ဒါမှမဟုတ် Zip file တွေအဖြစ် download လုပ်နိုင်ပါတယ်။

 

-       Language တစ်ခုကနေ အခြား language ကို translate လုပ်နိုင်ပါတယ်။

 

-       Email attachment အဖြစ် တွဲပို့ပေးနိုင်ပါတယ်။

 

 

၂။ Google Sheet

 

        အခြား spread sheet app တွေလိုပဲ spread sheet တစ်ခုမှာ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ အားလုံးပါဝင်ပြီး Google Doc မှာ ပါဝင်တဲ့ online features တွေ ပါပါတယ်။

 

-       Excel ရဲ့ .txt, .csv နဲ့ .osd အမျိုးအစား files တွေကို Google sheet အဖြစ် import လုပ်နိုင်သလို Google sheet ကနေလဲ Excel ကို ပြန်ပြီး export လုပ်နိုင်ပါတယ်။

 

-       Google sheet ကနေ PDF နဲ့ HTML တွေအဖြစ်လဲ ပြောင်းနိုင်ပါတယ်။

 

-       Excel မှာလိုပဲ formula editing လဲ လုပ်နိုင်တဲ့အပြင် chart တွေလဲ ထုတ်နိုင်ပါတယ်။

 

-       Google doc မှာလိုပဲ အခြားတစ်ယောက်နဲ့ online မှာ အတူတကွ editing လုပ်နိုင်သလို edit လုပ်နေယင်းနဲ့ sheet ထဲမှာတင် online chatting လုပ်နိုင်ပါသေးတယ်။

 

-       Google sheet ကို web site (သို့) blog တွေမှာ embedded လုပ်ပြီး သုံးနိုင်ပါတယ်။

 

 

၃။ Google Slides

 

        Online presentation app တစ်ခု ဖြစ်ပါတယ်။ Google slides ကို အသုံးပြုမယ် ဆိုယင် ကိုယ့်ရဲ့ presentation file ကို နေရာတကာ ယူဆောင်သွားစရာ မလိုအပ်တော့ပါဘူး။

        Internet conn ရတဲ့ ဘယ်လိုစက်မျိုးမှာမဆို Google Drive ကို support လုပ်တဲ့ browser တစ်ခုရှိတာနဲ့တင် အဆင်ပြေပါတယ်။

 

-       Google Docs နဲ့ Google Sheets တွေလိုပဲ online မှာ အခြားသူတွေနဲ့ real time အတူတကွ presentation slides တွေကို ပြင်ဆင်နိုင်ပါတယ်။

 

-       Presentation slides တွေထဲမှာ images နဲ့ videos တွေကို ထည့်သွင်းနိုင်ပါတယ်။

 

-       Powerpoints files တွေဖြစ်တဲ့ .pptx နဲ့ .pps files တွေကို Google presentation အဖြစ် ပြောင်းလဲနိုင်ပါတယ်။

 

-       Google presentation files တွေကို .pdf, .ppt နဲ့ .txt files တွေ အဖြစ် download လုပ်နိုင်ပါတယ်။

 

-       Google presentation ကို web site (သို့) blog တွေမှာ embedded လုပ်ပြီး သုံးနိုင်ပါတယ်။

source: https://www.facebook.com/notes/sun-thurain-moe/%E1%80%9E%E1%80%84%E1%80%B9-%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9E%E1%80%B1%E1%80%9C%E1%80%AC%E1%80%80%E1%80%B9-%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%80%E1%80%BA%E1%80%99%E1%80%9A%E1%80%B9%E1%80%B7-google-drive/4635644363018

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။