[mrsorcerer:36224] Fwd: [လူဗိုလ်ဟူသည် ...] နမ်းမှာလားမောင်ရဲ့ မောင့်ကော်မရှင်ကြီးနဲ့
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/4
Subject: [လူဗိုလ်ဟူသည် ...] နမ်းမှာလားမောင်ရဲ့ မောင့်ကော်မရှင်ကြီးနဲ့
To: lubo601@gmail.com
by Freedom News Group(Burma) on Monday, December 3, 2012 at 8:40pm ·
 by Hla Mg Han  နောက်တခါ လာပြန်ပြီဟေ့။ စုံစမ်းရေး ကော်မရှင်ဆိုပါကလား။ အားရစရာကြီးဗျ။ ကျွန်ုပ်တို့ တိုင်းပြည်မှာ အနှီလို စုံစမ်းရေး ကော်မရှင် ဆိုသဟာကြီးတွေဟာ မကြာမကြာ ပေါ်လို့၊ ပေါ်လို့လာတတ်သဗျ။
ဘာ့ကြောင့်များ စုံစမ်းရေးကော်မရှင်ဆိုတာကြီးတွေ လုပ်လုပ်နေရသတုံးလို့ မေးရင်၊ ခင်ဗျားတို့ လူထုက တောင်းဆိုတာကိုးလို့ ပြောမယ်ထင်ရဲ့။
နိုင်ငံတကာမှာလည်း ဒါမျိုးလုပ်ကြတာပဲလေလို့လည်း ပြောမယ်ထင်ပါရဲ့။ ဟုတ်တာပ။ အမေရိကန်ပြည် ထောင်စုမှာလည်း စီးပွားရေး ကပ်ဆိုက်တော့ ဘဏ်တွေ၊ အိမ်ယာမြေလုပ်ငန်းတွေကို စီးပွားရေးကပ် စုံစမ်းရေးကော်မရှင်ဆိုတာဖွဲ့ပြီး စုံစမ်းကြရဲ့။ ဗြိတိန်နိုင်ငံမှာလည်း လွှတ်တော်အမတ်ဆိုတဲ့သူတွေက ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်တော့ စုံစမ်းရေးကော်မရှင်ဆိုပြီး လုပ်လားလုပ်ကြ၊ ဒီတော့ ဒို့မြန်မာကလည်း အားကျမခံပေါ့လေ။
   နို့ပေတဲ့ဗျာ။ သုမနကျောမှာ ဒဏ်ရာတွေနဲ့လို့ ဆိုရပေချိမ့်လော မသိပေါ့လေ။ ကျွန်ုပ်တို့လို အခါခါ သေဖူးလို့ ပျဉ်ဖိုး၊ သံဖိုးသာမက၊ ရဝတကိုပေးရတဲ့ စာရွက်စာတမ်းဖိုးပါ နောကျေအောင်သိနေတဲ့လူမျိုးတွေကတော့ စုံစမ်းရေး ကော်မရှင်ဖွဲ့လိုက်ပြန်ပြီဟဲ့ ဆိုတဲ့ အသံများကြားရင်ကို ကျောထဲ စိမ့်စိမ့်သွားလေရဲ့။
စိမ့်တာလည်း မပြောနဲ့လေ။ ကျွန်ုပ်တို့ဆီမှာ ဖွဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဆိုတာများဟာ ဟုတ်တာမှန်တာများ ဘယ်တုန်းက ပြောဖူးလို့တုန်း။
   ၁၉၈၈ ခုနှစ် ဖုန်းမော်အရေးအခင်းဖြစ်တုန်းကလည်း ဒီလိုပဲ စုံစမ်းရေး ကော်မရှင်ဆိုတာကြီး ဖွဲ့ခဲ့သေးပါသော်ကော။ အဲဒီစုံစမ်းရေး ကော်မရှင်ဆိုတာကြီးက ဘာပြောတုန်း။ ကျောင်းသားတွေကို မထိအောင် မြေကြီးပေါ်ရှပ်ပစ်တာဆိုပဲ။ မှန်လိုက်သမျှကလည်း စုစုပေါင်း ငါးယောက်လား ခြောက်ယောက်လားဟာ နောက်ကျောတို့ ဝမ်းပိုက်တို့မှာချည်းဗျ။ အဲဒီစုံစမ်းရေး  ကော်မရှင်အစီရင်ခံစာကြီးဖတ်ပြီးမှ အော်…. သေနတ်မှန်ခံကြရတဲ့သူတွေဟာဖြင့် မြေကြီးပေါ်ဝပ်ရှောင်တဲ့သူတွေ ပါလားလို့ အတွေးအသစ်၊ အမြင်သစ်၊ သေနတ်ပစ်တိမ်းရှောင်နည်း သင်ခန်းစာသစ်တွေရလာခဲ့သကိုး။ ဒီလိုအတွေးအသစ် အမြင်သစ်တွေကြောင့် နောက်နောင် အရေးအခင်းဖြစ်လေတိုင်းမှာ မြေကြီးပေါ်ရှပ်ပစ်မယ်အထင်နဲ့ ခုန်ဆွခုန်ဆွလုပ်နေတတ်သူဟာ တခြားသူဟုတ်ပါရိုးလား။ ကျွန်ုပ်လှမောင်ဟန်ပင်ဖြစ်တော့သည်တကား။
   တလောကလည်း ရခိုင်အရေး စုံစမ်းရေး ကော်မရှင်ဆိုလား ဖွဲ့လိုက်ပါသေးရော။ ရခိုင်တပြည်လုံး မီးတွေ သာ တဟုန်းဟုန်းတောက်သွားပါလေရော။ သူ့စုံစမ်းရေးက ပြီးကို မပြီးနိုင်ဘူး။ စုံစမ်းရေးကော်မရှင်ပါများ မီးထဲပါသွားသလားမသိ။
   ခုတခါ လာပြန်ပြီ။ စုံစမ်းရေးကော်မရှင်တဲ့။ စုံစမ်းတာကတော့ ဟုတ်ပါပြီ။ ပြူစောထီးတွေကို ဖွင့်ချထားတဲ့ ဦးဘဂျမ်းကာတွန်းလိုပဲ၊ ညက လာတိုက်တဲ့ဓါးမြကလည်းသူ၊ အမှုစစ်ဆေးမယ့်သူကလည်းသူဆိုတော့ ခက်ဖူးလားနော့။ အခုဟာကလည်း မီးရှို့ခိုင်းတာကလည်း သမ္မတဂျီး၊ စုံစမ်းရေး ကော်မရှင်ဖွဲ့ ပေးတာကလည်း သမ္မတဂျီးဆိုရင် မခက်လားဗျာ။ ဆိုရင်လို့ ပြောတာပါနော။ ပြုပြင်ပြောင်းလဲရေး သမ္မတဂျီးကို အပ်ချမတ်ချဖြင့် မစွပ်စွဲရဲပေါင်ဗျာ။
   အဲတဲ့…. နို့ပေတဲ့ပေါ့လေ။ ဆင်တကောင်လုံးကြီးတွေ့နေမင့်ဟာ၊ ဆင့်အီးအီးရှာရဦးမယ်ဆိုတော့ …. ကျွန်ုပ်ဖြင့် ဦးနှောက်စားလို့ မဆုံးပါပေ။ ဘယ့်နှာပါလိမ့်ပေါ့နော။
သူတို့ဟာ စုံစမ်းရေး ကော်မရှင်ဖွဲ့တယ်ဆိုတာ တကယ်တော့ စုံစမ်းစေချင်လို့မှ မဟုတ်တာကပဲ။ မကျေနပ် တဲ့သူတွေကို အချိန်ဆွဲလို့ရအောင် နှစ်သိမ့်လို့ရအောင် လုပ်တဲ့ နည်းဗျူဟာကြီးပါကလား။ အမြဲတန်း၊ အမြဲတန်း သူတို့ဖွဲ့တဲ့ စုံစမ်းရေးကော်မရှင်ဆိုတာတွေကို ကြည့်လိုက်ရင် အဆုံးမတော့ ရည်ရွယ်ချက်က ဂလိုကိုးဗျ။
   အခု လက်ပံတောင်းအရေးကြီးမှာ အဓိက အရေးကြီးဆုံး စုံစမ်းရမှာက သံဃာတွေကို မိုက်မိုက်ရိုင်းရိုင်း မီးလောင်တိုက်သွင်းတဲ့လူ၊ ဘယ်သူလဲဆိုတဲ့အချက်မဟုတ်လား။ အဲဒါကို အသိဆုံးလူက သမ္မတဂျီးကလွဲ ပြီး ဘယ်သူရှိနိုင်ဦးမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲကြည့်ကြည့်၊ သူတို့ စစ်အာဏာရှင်တွေရဲ့ အထက်အောက် အဆင့်အတန်းအရပဲကြည့်ကြည့် သမ္မတဂျီး မသိဘဲ ဘာမှ လုပ်လို့မရဘူးဆိုတာ အသေအချာပေါ့။ မြေကြီးလက်နဲ့ခတ်တာကမှ လေယာဉ်ပေါ်ရောက်နေရင် လွဲချင်လွဲဦးမလေ။ သမ္မတဂျီး အမိန့်ကို ကျော်ပြီး လွန်လွန်ကျူးကျူး ဖောက်ဖောက်ပြား သရော်မော်ကား လုပ်ရဲတဲ့ကောင်များရှိရင်လည်း ဘာခက်သတုန်း။ အများပြည်သူသိအောင် ပြည်သူ့ရှေ့မှောက်မှာ ခုံရုံးဖွင့် အရေးယူလိုက်ရုံသာပ။ ရိုးရိုးသား သား လုပ်ချင်ကြတယ် ဆိုရင်ပေါ့လေ။
   ခုတော့ ဟုတ်ပေါင်ဗျာ။ သမ္မတဂျီးကပဲ ကော်မရှင်ဖွဲ့ပြီး စုံစမ်းခိုင်းဦးမတဲ့။ ပြောလိုက်ပြန်တော့ အိုးနင်းခွက်နင်း၊ လုပ်လိုက်ပြန်တော့လည်း ဦးနင်းပဲ့ထောင်။ မီးလောင်ဗုန်းနဲ့ ပစ်ပြီး နောက်တနေ့မှာ ကြေညာချက်ထုတ်လိုက် ပါသေးလား။ မီးလောင်ဗုန်းမသုံးပါဘူးတဲ့၊ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနဲ့ အညီပါ တဲ့။ အော်….. သူတို့ ဒီမိုကရေစီဆိုတာ ဒါမျိုးပါလားလို့ အားလုံးနားလည်လိုက်တဲ့ အချိန်မှာ ဟော… မဟုတ်ပြန်ဘူးတဲ့ဗျ။ အဲဒီကြေညာချက်ကြီး ရုပ်သိမ်းလိုက်ပြန်ရောတဲ့။ ဘာလဲဟ။ ဒါလား သမ္မတ။
   အရင်တုန်းက ပြောနေကျ အတိုင်း ပြည်သူတွေက ကျွန်တော်တို့ကို ယုံကြည်ပြီး ရွေးကောက်တင်မြှောက် ထားတာဖြစ်လို့ ပြည်သူလူထုကြီးတခဲနက် ဆန္ဒမဲပေးထားတဲ့ အခြေခံဥပဒေကြီးနဲ့အညီ ပြည်သူတို့ရဲ့ သဘောဆန္ဒအတိုင်း သံဃာတော်တို့ကို မီးလောင်ဗုန်းနဲ့ လောင်မီးတိုက်လိုက်ရပါကြောင်းလို့များ မိန့်ခွန်းတွေ ဘာတွေ ထွက်ပြောဦးမလားတောင်ထင်မိသေး…. အောင်မယ်…. ဒါမျိုးကျတော့ အရူးပါးဗျ၊ ဘာသံမှ ထွက်မလာဘူး။ ငြိမ်ချက်သားကောင်းနေလိုက်ပုံများ အသက်မှရှိသေးရဲ့လားအောက်မေ့ရ။
   ဟော… ဟော.. ပြောင်းပြန်ပြီဗျ။ ပြောင်းပြန်ပြီ။ ကော်မရှင်ထဲကလူတွေကလည်း အရင်လူတွေ မဟုတ်တော့ဘူးတဲ့ခင်ဗျ။ ကော်မရှင်ရဲ့ မစ်ရှင်ကလည်း အရင်လို မဟုတ်တော့ဘူးတဲ့ဗျ။  
   ကဲ… ကဲ…. ထားပါတော့လေ။ လူတွေကို သဘောတူညီချက် ဘာညာ မမေးမမြန်းဘဲ တွေ့ကရာ ကောက်ဆွဲပြီး လုပ်ချင်ရာ လျှောက်လုပ်ထားတာမို့လို့ ကာယကံရှင်တွေက သဘောမတူလို့ ပြင်ရတယ် ထားပါတော့။ အဲ… မရိုးဖြောင့်လိုက်ပုံက နောက်ပြန်ဖွဲ့တဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေထဲမှာ သံဃာတော်များ ထိခိုက်ဒဏ်ရာရသည့် အပေါ် သုံးသပ်ချက် ဆိုတာ ပါမလာတော့ဘူးဗျ။ ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများဆိုတာလည်း ပါမလာတော့ဘူး။ ဒါက ဘာသဘောလဲ။ ဘာ့ကြောင့် ချန်လိုက်တာလဲ။ ဘာမှလည်း ရှင်းမပြပါလား။
    ခင်ဗျားတို့ သမ္မတကြီးက နံတယ်ဗျာ။ ခင်ဗျားတို့လူကြီးက ယုံအောင်လည်း ဖြီးတတ်တယ်။ ကျွမ်းအောင်လည်း ရှို့တတ်သဗျ။ ခင်ဗျားတို့ပေးတဲ့ ဒီမိုကရေစီက ညှီစော်နံတယ်။ သွေးညှီစော်၊ အသားညှီစော်၊ ဘာဘီကျူးစော်နံသဗျာ။
    တကယ်တော့ ခင်ဗျားတို့ပြောနေတဲ့ သမ္မတဂျီး၊ သမ္မတဂျီး ဆိုတာ လက်စသပ်တော့ ကြောင်သူတော်ကြီးပါလား။ အမေရိကန်ရှေ့ကျတော့ မခုပ်တတ်တဲ့ကြောင်လေးလို။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ ၊ အမေရိကန်သမ္မတရှေ့တို့ရောက်တော့ ကျွန်စုပ်တဲ့ သရက်စေ့လို့ ကုပ်ကုပ်က လေး။ ကျုံ့ကျုံ့ ယုံ့ယုံ့ကလေး။ ကျို့ကျို့ရို့ရို့ကလေး။ လူကွယ်ပြီ၊ လူလစ်ပြီလားဆိုရင်ဖြင့် သေနတ်နဲ့ ပစ်ချင်၊ ဗုံးနဲ့ ပစ်ချင်တဲ့ ခွေးမြီးကောက်က ဖြောင့်ကို မဖြောင့်နိုင်သေးဘူး။
    ခုလည်း ဖွဲ့လိုက်တဲ့ ကော်မရှင်က ကြည့်ဦး။ အဓိက လက်ရင်းလက်သည်လို့ အများယုံကြည်ကြတဲ့ ပြည်ထဲရေး နဲ့ ကာကွယ်ရေးတွေက ပါလိုက်သေး။ သူတို့ကို စုံစမ်းပါမယ် ဆိုမှ သူတို့ကို ထည့်ထားတာက ဘယ်လိုတုန်းဗျ။ ဒါလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ အညီလား။ သူခိုးကိုမှ ဓါးရိုးကမ်းရက်ပါပေ့ သမ္မတဂျီးရယ်။ ကျန်တဲ့သူတွေလည်း ကြည့်ဦး။ သူတို့ ခိုင်းတာမလုပ်ရင် အလုပ်ပြုတ်မှာ ကြောက်နေရမယ့် ဗျူရိုကရက်ကြီးများက ငါးယောက်၊ တကြိတ်တည်း တဥာဏ်တည်း၊ တအိုးတည်းစား၊တခွက်တည်းစား ဒီပုပ်ထဲကဒီပဲများဖြစ်ကြတဲ့ ကြံ့ဖွတ်အလိုတော်ရိအမတ်ကြီးများက သုံးယောက်၊ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုမှန်သမျှ ဆင်ခြေရှာပြီး အကာအကွယ်ပေးလေ့ရှိသော စစ်ကျွန် လူ့အခွင့်အရေး ကော်မရှင်ကတယောက်၊ ဒီလူတွေခြံရံတင်းကြပ်ထားပြီး ရွာသားနှစ်ယောက် သုံးယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဤရွေ့ဤမျှ လွတ်လပ် အနှောင်အဖွဲ့ကင်းလှသော အနှီစုံစမ်းရေး ကော်မရှင်ကြီးကနေ မည်သို့သော ထူးထူးခြားခြား တွေ့ရှိချက်များ ထွက်ပေါ်လာမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ရအံ့နည်း။
     ဟို သီချင်းထဲကလိုပေါ့ သမ္မတဂျီးရယ်။ လိမ်တယ်ညာတယ်  သမ္မတဂျီးရယ် ယုံအောင်ဖြီးတတ်တယ်၊ ပျိုပျိုခင်ကို ချစ်ပါဘဲနဲ့ ကော်မရှင်ထဲထည့်တယ် ဆိုတာမျိုးဖြစ်နေပါပေါ့လား။
      ဒီကော်မရှင်ဟာ ကြောင်သူတော်ကြီး ညှစ်ထုတ်လိုက်တဲ့ ပျော့ပျော့လေးနဲ့ နံမယ့်ကြောင်ချေးပဲဆိုတာ အပွေးမြင်ရုံနဲ့ အပင်သိနိုင်ပြီးသားပါ။ ဒါပေမဲ့ သမ္မတကြီး ဘယ်လောက်နံနံ မထွေးနိုင်၊ မအံနိုင်ကြပဲ နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင် လုပ်ချင်နေသူတွေကလည်း ပေါမှပေါ၊ များမှများပါ။ ဟိုလူကြီးတွေ က အာဏာပြန်သိမ်း လိုက်ရမလားဆိုပြီး မျက်လုံးပြူးပြလိုက်ရင်၊ အမလေးကြောက်လှချည်ရဲ့ လန့်လှချည်ရဲ့ အာဏာတော့ မသိမ်းလိုက်ပါနဲ့ သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ်၊ လုချင်လု၊ ယက်ချင်ယက်သွားကြပါ၊ အာဏာတော့မသိမ်းလိုက်ပါနဲ့ဆိုသူတွေကလည်း အနမတဂ္ဂ။
      ထားပါတော့လေ။ သူတို့ကိုတော့ အပြစ်မတင်တော့ပါဘူး။ အော်… သူတို့မှာက မမြဝင်းရောဂါကြီးနဲ့ကိုး။
လှမောင်ဟန်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/05/2012 01:43:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36223] Fwd: [လူဗိုလ်ဟူသည် ...] ‎'' ချစ်သော ပြည်သူတွေ ''
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/4
Subject: [လူဗိုလ်ဟူသည် ...] ‎'' ချစ်သော ပြည်သူတွေ ''
To: lubo601@gmail.com
  • လာမယ့်ဆီးဂိမ်းရဲ့  ရွက်လှေပြိုင်ပွဲကို ငွေဆောင်မှာ လုပ်မယ်လို့ သိရတယ်..။ မိတ်ဆွေ
    တစ်ယောက်က ဆီးဂိမ်းအကြို ပြင်ဆင်မှုတချို့ အတွက် ကန်ထရိုက်ရတယ်..။ ပြင်ဆင် တည်ဆောက်ရမယ့် မြေနေရာက.. အားကာဝန်ကြီးဌာနက ပိုင်တယ်လို့ ဆိုတယ်။
    အဲဒီမြေနေရာကို လိုအပ်တဲ့ ဆာဗေးဆင်း- တိုင်းထွာမှုတွေလုပ်ပြီး မနက်ဖန် ပန္နက်ရိုက် တော့မယ်လဲ ဆိုရော.. ဒီနေ့လို ညမှာ တဲ နှစ်လုံးက ဘယ်ကမှန်းမသိ ရောက်လာပြီး ကျောက်ချနေသတဲ့..။
    သူတို့အဆို.. ဒီမြေဟာ.. သူတို့မိသားစု အစဉ်အဆက်နေခဲ့တဲ့ ဘိုးဘွားမြေမို့ ဖယ်မပေး နိုင်ဘူးတဲ့..။
    အဲဒီမှာ ပြဿနာက အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်ပြီး နောက်ဆုံး ၈၈ နောင်တော်
    များအဖွဲ့ပါ ရောက်ရှိဖျန်ဖြေပေးဖို့ ကြိုးစားပါတော့တယ်..။
    အပြန်အလှန် အခြေအတင် ဆွေးနွေး စစ်ဆေးမှုတွေ လုပ်လဲပြီးရော.. တဲလာထိုးသူများ
    ထောင် နှစ်လ ကျသွားရှာပါတယ်..။ အစိုးရပိုင်မြေကို တရားမ၀င်ကျုးကျော်နှောင့်ယှက် မှုနဲ့လို့ သိရတယ်..။
    ပြီးခဲ့တဲ့ ဒီဇင်ဘာက.. ထားဝယ်ရေနက်ဆိပ်ကမ်းကို မိတ်ဆွေတချို့ နဲ့ စနည်းနာ သွား
    ဖြစ်တယ်..။ ဟိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်.. စီမံကိန်းနယ်မြေတွေကို ညှိနှိုင်းအလျော်ပေးတဲ့ပွဲနဲ့ တည့်တည့်တိုးတယ်..။
    မြေတစ်ဧက ဘယ်လောက်လို့ လျော်တဲ့အပြင် အဲဒီမြေပေါ်မှာ စိုက်ပျိုးရှင်သန်ဖြစ်ထွန်း
    နေတဲ့ သီးပင်စားပင်များကိုလည်း တစ်ပင်ဘယ်လောက်ဆိုပြီး နှုန်းသင့်လျော်တယ်..။
    စီမံကိန်း ကုမ္ပဏီက.. မြေအကျယ်အ၀န်းကို လက်တွေ့ကွင်းဆင်း တိုင်းတာတယ်..။
    အဲဒီအထိ နှစ်ဦးနှစ်ဖက် ပြဿနာမရှိ- ကျေကျေနပ်နပ်ပါပဲ..။ အဲ.. ဒါပေမယ့်.. သီးပင်စားပင် တွေကို ရေတွက်ရမှာတော့.. ပြဿနာတွေ တက်ကုန်တော့တယ်..။
    ဒီနေ့လို ကွင်းဆင်းစစ်ဆေးမယ်ဆိုတာ.. ကြားတာနဲ့ အလျော်မရတဲ့ ခြံထဲက သီးပင်စားပင်တွေ ကို တူးပြီး မနေ့ညကလိုမှာ.. ဒီဖက်ခြံ ပြောင်းစိုက်ထား လို့တဲ့..။
    စစ်ဆေးသူများက.. အပင်ကို လက်နဲ့ တွန်းလိုက်တာနဲ့ ဟိုကအမြစ်က ကျွတ်ထွက် လဲကုန်ရော..။ တစ်ညထဲနဲ့ ဘယ်လိုလုပ် အမြစ်တွယ်မှာလဲ..။
    အဲဒီမှာ နှစ်ဦးနှစ်ဖက် ဒေါသတွေပေါက်ကွဲ .. ထိုးကြကြိတ်ကြမယ်အထိ ဖြစ်ကုန်တယ်။
    ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ရဲ့  အမျိုးသားက နိုင်ငံခြားကို မကြာခဏ သွားလေ့ရှိတယ်..။ သူငယ်ချင်းက.. စကော့ဈေးမှာ ဆိုင်ထိုင်တယ်..။ တစ်ဦး တည်းသော သားလေးက.. များသောအားဖြင့် အိမ်ဖော်တွေနဲ့ အိမ်မှာ ကျန်ခဲ့လေ့ ရှိတယ်..။
    တစ်ရက်သား.. အိမ်ဖော်က ရှိသမျှ ပစ္စည်းတွေမ- ကလေးလေး အိပ်နေတုံး- မီးဖိုထဲက ဂတ်စ်အိုးဖွင့်ပြီး လစ်သွားတယ်..။ ကံကြီးလို့ မီးမလောင်- သားလေးကို မဆုံးရှုံး- အိမ်ထောင်ဦးစီး ဒုက္ခမရောက်- ပစ္စည်းပဲ ပါသွားတယ်..။
    စက်မှုဇုန်တွေမှာ လစာတိုးတောင်းတဲ့ ဆန္ဒပြပွဲတွေ မကြာခဏ ကြားနေရတယ်..။ အထည်ချုပ်-ဖိနပ်စက်ရုံ စတဲ့ labor intensive industry တွေမှာ အဖြစ်များတာ တွေ့ရတယ်..။
    သူတို့မှာက အလုပ်သမား ထောင်ချီ ရှိတယ်..။ တစ်ယောက်ကို နှစ်သောင်း တိုးပေးရင် လူတစ်ထောင် တစ်လ သိန်းနှစ်ရာ-တစ်နှစ်ကို သိန်းနှစ်ထောင့်လေးရာ ရှိတယ်..။
    ဒီကြားထဲ ကိုယ်က ဒေါ်လာအားကိုးနဲ့ ပြည်ပကို တင်ပို့တာ..။ မြန်မာငွေက ဘာကြောင့်
    မှန်းမသိ စွပ်ရွတ်တန်ဖိုးတက်တော့.. အရင်က ဒေါ်လာတစ်သိန်းဖိုးက မြန်မာငွေ ကျပ်သိန်းတစ်ထောင့်နှစ်ရာလောက် ရနေရာကနေ.. အခု သိန်းရှစ်ရာပဲ ရတော့တယ်။
    တက်တုံးကရော လို့ စောဒက တက်စရာရှိတယ်..။ ဒီနိုင်ငံမှာ လုပ်ကိုင်စားသောက် ရတဲ့ လုပ်ငန်းရှင်များအနေနဲ့ မဟားဒယား သိပ်မြတ်စွန်းနေရင်.. မြန်ပြည်တ၀ှမ်း စက်ရုံအလုပ်ရုံတွေ ကြိတ်ကြိတ်ကိုတိုးလို့- မီးခိုးတွေတလူလူနဲ့ စည်ကားနေမှာပေါ့..။ စက်မှုဇုန်တလွှား အခုလို ကျီးနဲ့ဖုတ်ဖုတ် ဘယ်ဖြစ်မှာလဲ..။
    အိပ်မက်တောင် မမက်နဲ့တော့..။ ငွေဈေးဘာဖြစ်ဖြစ်- ပေးပြီးစလစ် ပဲ..။ သူတို့ခမျာ့ များလည်း တစ်ယောက်ချင်းဆီ နှစ်သောင်းတိုးရသည့်တိုင် ထမင်းနပ်မှန်ရုံသာသာပဲ။
    ဆိုတော့.. အလုပ်ရှင်နဲ့ အလုပ်သမား ပဋိပက္ခတွေ ကြားရတိုင်း .. နှစ်ဦးနှစ်ဖက်ကို ကိုယ်ချင်းစာစိတ်နဲ့ ကျွန်တော် ရင်မောမိတယ်..။ တချို့  ထင်သလို.. အားနည်းတဲ့ ၀န်ထမ်းတွေအပေါ် ခေါင်းပုံဖြတ်-ကုတ်သွေးစုပ်နေတဲ့ လုပ်ငန်းရှင်များ ဆိုတာလဲ လက်တွေ့မှာ မဟုတ်တာ များတယ်ဆိုတာ.. သိနေရလို့ပဲ..။
    အိမ်ဖော်-အိမ်ရှင် ပြဿနာတွေ မီဒီယာတွေမှာ ဖတ်ရတိုင်းလဲ.. ခံရသူအိမ်ဖော်များ အကြောင်း စိတ်မကောင်းဖြစ်မိသလို.. အိမ်ဖော်ကြောင့် ဖြူခါပြာခါ ကျသွားရတဲ့ အိမ်ရှင်များ ရှိနေကြောင်းလဲ တွေ့နေမိတယ်..။
    မြေသိမ်းယာသိမ်း ကိစ္စတွေမှာလဲ.. မရှိဆင်းရဲသားများ မတရားသဖြင့် ခံလိုက်ရတာမျိုး
    တွေ ရှိသလို- လုပ်စားဖို့အခွင့်အရေးတစ်ခုလို မြင်ပြီး လုပ်စားဖို့ ကြိုးစားရှာတဲ့ လောဘ
    သားကောင်တွေ ရှိပါ့လားဆိုတာလဲ လက်မခံချင်ပေမယ့် လက်ခံထားရပါတယ်..။
    အလုပ်ရှင်-အလုပ်သမား၊ အိမ်ဖော်နဲ့ အိမ်ရှင်၊ အစိုးရနဲ့ ပြည်သူ.. ဘယ်လိုဖြစ်ဖြစ်..အား
    နည်းသူ အမှန်ရယ်လို့ အလွယ်တထစ်ချ ပုံပစ်လိုက်တာမျိုး မဖြစ်စေချင်တဲ့ စေတနာနဲ့ သိမြင်ကြုံတွေ့ရသမျှ မျှဝေတဲ့သဘောပါ..။
    ကားနဲ့ လူ.. ဘယ်လိုပဲတိုက်တိုက် ဒရိုင်ဘာအမှား လို့ လုပ်ချခဲ့တဲ့ ခေတ်ဟောင်း မှာ
    ဟန်ဆောင်တိုက်လှဲချ- အလျော်တောင်းတဲ့ လူတန်းစားတစ်ရပ် မွေးဖွားလာတာကို မမေ့သင့်ပါ..။
    ကိုယ့်ပိုင်ဆိုင်မှု မဟုတ်မှန်း သိသိကြီးနဲ့ တဲသွားထိုး အလျော်တောင်းရဲတဲ့ သနားစရာ စိတ်ဓါတ်တွေ ဘာကြောင့်ပေါက်ဖွားလာရတာလဲ ဆိုတာကိုလဲ အဖြေရှာသင့်ပါတယ်။
    အားနည်းသူဖက်အမြဲ ရပ်တည်ပေးဖို့ ကြိုးစားတာဟာ.. မရည်ရွယ်သော်ငြား- သူတို့ရဲ့  အပျက်စိတ်ကို မြေတောင်မြှောက်ပေးသလို ဖြစ်သွားတတ်ပါတယ်..။
    ပဋိပက္ခ ညှိုနှိုင်းဖြေရှင်းသူများ- မီဒီယာများ အနေနဲ့ အားနည်းသူများ မှန်တဲ့ သတင်း
    တွေအပြင်.. အားနည်းသူများ မှားတဲ့ သတင်းတွေကိုလည်း ခြေရာခံ စီစစ်ပြီးသကာလ တင်ပြနိုင်အောင် ကြိုးစားကြရမှာပါ..။
    ဒါမှ .. ပြည်သူက.. သင်ခန်းစာ ယူသင့်တာယူ- အတုမခိုးသင့်တာကို အတုမခိုးဘဲ.. အမှန်တရားနဲ့ မြန်မြန် နီးစပ်ခွင့်ရကြမှာပါ..။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/05/2012 01:47:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36223] Fwd: [လူဗိုလ်ဟူသည် ...] မှန်ကန်သော အုပ်ချုပ်ရေးစနစ်နှင့် ပညာရှိသော အစိုးရလိုသည်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/4
Subject: [လူဗိုလ်ဟူသည် ...] မှန်ကန်သော အုပ်ချုပ်ရေးစနစ်နှင့် ပညာရှိသော အစိုးရလိုသည်
To: lubo601@gmail.com
by ပြည်သူ့ခေတ် on Monday, December 3, 2012 at 9:08pm ·
(၂ ဒီဇင်ဘာ ၂၀၁၂)
တန်ဆောင်မုန်း လပြည့်ညအလွန် သန်းခေါင်ကျော် လင်းအားကြီး အချိန် ၂၉ နိုဝင်ဘာ ၂၀၁၂ နံနက် ၃ နာရီခန့်မှာ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒပြ နေကြသော သပိတ်စခန်းလေးခုကို ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွဲလိုက်ခြင်းဖြင့် လက်ရှိ အစိုးရလက်ထက် အကြီးကျယ် ဆုံးသော အမှားတစ်ခုကို ကျူးလွန်လိုက်ပါသည်။
          မည်မျှပင် ခဲကတ်ဖြေရှင်းရန်ခက်သော ပြည်သူ အစုအဝေးပင်ဖြစ်စေ၊ အကြမ်းဖက် နည်း၊ လက်နက်အင်အား သုံးသည့်နည်းဖြင့် မဖြေရှင်းရဘူး ဆိုသည်က အခြေခံမူပဲ ဖြစ်ပါ သည်။ သပိတ်စခန်းရှိ လူစုလူဝေးကြီးတွင် အများစုက သံဃာတော်များ ဖြစ်နေသည့် အတွက် ပြည်သူအများအတွက် ပို၍ စိတ်ထိခိုက် ဖွယ်ဖြစ်ခဲ့သည်။
လူဝတ်ကြောင်ဖြစ်စေ၊ သံဃာတော် များဖြစ်စေ အကြမ်းဖက် ဖြေရှင်းခြင်းငှာမထိုက်။ လူဝတ်ကြောင်များ ဆိုလျှင်တော့ လူတွေ ကစပြီး အကြမ်းဖက်တာပါဟု အတင်းငြင်းလို့ ရကောင်းရနိုင်မည် ဖြစ်သော်လည်း၊ သံဃာတော်များ ဖြစ်သည့်အတွက် တစ်ဖက်သတ် အကြမ်းဖက် ဖြေရှင်း ခဲ့ကြောင်း ထင်ရှား သွားခဲ့သည်။ မီးသတ်ပိုက်နှင့် ပက်ကာ လူစုခွဲသည်၊ နောက်မီးခိုးဗုံး၊ နောက်မီးလောင်ဗုံး များဖြင့် ပစ်ခတ်သည်ဟု သိရသည်။ သံဃာတော် အများအပြားနှင့် လူအနည်းငယ် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်။ ဓာတုပစ္စည်းများ ပါဝင်သည့် မီးလောင်ဗုံးများဟု အရပ်က ပြောကြသည်။ မည်မျှ မှန်ကန်သည်ကို တိတိကျကျ မပြောနိုင်သော်လည်း၊ သံဃာတော်များ ရရှိသည့် မီးလောင် ဒဏ်ရာများကတော့ အတော်ပင် ဆိုးဝါးလှတာကို တွေ့ရပါသည်။ သည့်အတွက် တာဝန်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး စန်းယုက သြ၀ါဒ ခံယူခြင်းဟုဆိုကာ မုံရွာနယ်မှ သံဃာတော်များကို ပင့်ဖိတ်၍ မိမိတို့ တာဝန်အရ လုပ်ဆောင်ရာမှာ အမှားအယွင်း ရှိခဲ့တာကို ၀န်ခံခဲ့ကြသည်။
          ယခုလို အကြမ်းဖက်ဖြိုခွဲမှု မပြုမီကတည်းက အဆိုပါ သပိတ်စခန်းများ ရှိရာသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်ဟု ကြေညာထား တာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မှ မထွက်ခွာမီ အချိန်ပိုင်းမှာသည်လို ဆိုးဆိုး ၀ါးဝါး ဖြစ်ပွားခဲ့တာလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ ပြည်သူလူထု အရေးအတွက်ဆိုလျှင် မိမိတို့မှာ အမြဲတမ်း တာဝန်ရှိသည်ဟု ခံယူထားကြသော ပြည်သူ့ ဘက်သားများ အချင်းဖြစ်ရာ နေရာသို့ ချက်ချင်းဆိုသလို ရောက်လာကြတာ တွေ့ရသည်။ သီတဂူ ဆရာတော်၊ မင်းကိုနိုင်၊ ကိုကိုကြီး အစရှိသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ နာရေးကူညီမှုအသင်းမှ ကိုကျော်သူ အစရှိသူတို့။
          အားလုံးသော ဆရာတော်ကြီးများ၊ ခေါင်းဆောင်များနှင့် ပြည်သူတစ်ရပ်လုံးက အကြမ်းဖက် နှိမ်နင်းတာကို ရှုတ်ချကြ သည်။ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေလည်လည် ဖြေရှင်းရေးကို တောင်းဆိုခဲ့ကြသည်။ ဦးသိန်းစိန် အစိုးရသည် ပျော့ပျောင်းစွာ၊ နိုင်ငံရေး ဆန်စွာ အလုပ်လုပ်ချင်သည့် သဘောထားရှိသည်ဟူ၍ ပြည်တွင်းမှာရော၊ နိုင်ငံတကာ နယ်ပယ်ကပါ ခန့်မှန်းပြောဆို နေကြစဉ်မှာ ယခုလို ဖြစ်လိုက်သည့် အတွက် အတော်ပင် ရုပ်ဆိုးသွားခဲ့ပါသည်။
          ဘာကြောင့် ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းကို မသုံး နိုင်ရပါမည်လဲ။
          အစိုးရ တစ်ရပ်အနေဖြင့် ဖြစ်ပျက်နေသည့် ကိစ္စရပ် အားလုံးကို ချက်ချင်း ပြန်လည် သုံးသပ်၍ လုပ်ငန်းစဉ်အဆင့်ဆင့် ချမှတ် ဆောင်ရွက်စရာများ ပေါ်လာပါသည်။ အကြမ်း ဖက်နည်း စဉ်းစားထားသည်များရှိလျှင် အားလုံးကို ချက်ချင်းရပ်ဆိုင်း၍ အမြော်အမြင်ရှိရှိ ပညာဉဏ်ကြီးကြီး ရှုမြင်ရမည်ဟု ထင်ပါသည်။ ဖြစ်ပျက်ခဲ့သည်များ အတွက် အစိုးရ အနေဖြင့် တာဝန် ရှိကြောင်း နားလည်ဝန်ခံပြီး ငြိမ်းချမ်းပြေလည်စွာ ဖြေရှင်း နိုင်ရေးကို အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ဆုံးဖြတ်ပြီး လူထုကို ကတိပြုသင့်သည်။ ဖြေရှင်းနိုင်ရေး နည်းလမ်း များကိုလည်း အစွဲ ကင်းကင်းဖြင့် ရှာဖွေသင့်သည်။
          နိုင်ငံရပ်ခြား လုပ်ငန်းရှင်များနှင့် ယခင်အစိုးရတို့၏ ကတိက၀တ် စာချုပ်များကို သေချာ စေ့ငုစွာ လေ့လာပြီးမှ လက်ရှိအစိုးရက မည်မျှ၊ မည်သို့ တာဝန် ဆက်လက် ယူနိုင်မည်လဲ ဆိုတာကို ဆုံးဖြတ်ရမှာလည်း ရှိနေပါသည်။ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော စာချုပ်များကို နောက်ဆက်ခံသည့် အစိုးရများက ဆက်လက် တာဝန်ယူရတာရှိ နေသလို၊ အဆိုပါ မူလ သဘောတူညီချက်များ၏ တရားဝင်မှု၊ တရားမျှတမှု၊ အချက် အလက်များ ပြည့်စုံညီညွတ်မှု စသည်တို့ အမှန်တကယ် ရှိဖို့ကလည်း အရေးကြီးတာဖြစ်သည်။ ဘက်ပေါင်းစုံမှ မျှတစွာ၊ တရားနည်းလမ်းကျစွာ၊ ဂုဏ်သိက္ခာရှိစွာ စဉ်းစား ချင့်ချိန်ပြီး အဖြေရှာရမှာ ဖြစ်ပါသည်။
          ယခု လောလောဆယ် ကြားသိရသော သတင်းအရ၊ ယင်းပြဿနာများနှင့် စပ်လျဉ်း၍ စုံစမ်းရေး ကော်မရှင်တစ်ခု ဖွဲ့စည်းလိုက်သည်ဟု ဆိုပါသည်။ သမ်္မတ၏ လက်မှတ်ဖြင့် ထုတ်ပြန်လိုက်တာဖြစ်ပြီး ယင်းကော်မရှင်ကို ခေါင်းဆောင်မည့်သူမှာ ဒေါ်အောင်ဆန်းစုကြည် ဟု သိရပါသည်။ အားလုံးသော ပြဿနာများ ချက်ချင်း ပြေလည်သွားမှာ မဟုတ်သော်လည်း ဒါက မျှော်လင့်ချက်ရှိသော သတင်းကောင်းတစ်ခုဟု ယူဆရပါသည်။
          ယင်းကော်မရှင်က အဓိကလုပ်ငန်းများ အနေဖြင့်၊ ကြေးနီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နိုင်ငံတကာ စံချိန်စံဩန်း၊ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ခြင်း ရှိ မရှိ၊ ပတ်ဝန်းကျင်ကို ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုးများ သက်ရောက်နိုင် သည်လဲ၊ စီမံကိန်းကြောင့် နိုင်ငံအတွက် အကျိုးရှိမရှိ၊ စီမံကိန်းရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြမှု၏ အကြောင်းရင်းက ဘာလဲ၊ ဆန္ဒပြမှုကို ထိန်းသိမ်းရာ၌ သံဃာတော်များ ထိခိုက် ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်၊ စီမံကိန်း ဆက်လက် ဆောင်ရွက်သင့် မသင့်၊ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ စသည်တို့ ဖြစ်ပါသည်။
          အထက်ပါ အချက်အလက်များအရဆိုလျှင် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာက ကြေးနီစီမံကိန်း ပြဿနာများကို ဖြေရှင်းရာမှာ အဓိကကျသည့် နေရာမှာ ရှိလာမှာ ဖြစ်ပါ သည်။ အစီရင်ခံစာကို ၃၁ ဒီဇင်ဘာ ၂၀၁၂ အမီ တင်ပြရန်လည်း တောင်းခံထားတာ တွေ့ရပါသည်။ ကော်မရှင်၏ စိစစ်သုံးသပ်ချက် အစီရင်ခံစာပေါ်မှာ မူတည်လက်ခံပြီး အစိုးရက မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်ကာ ဆက်လက် ဆောင်ရွက်နိုင်ဖို့တော့ လိုပါလိမ့် မည်။
          ပြည်သူ့ အင်အားစုများ အနေဖြင့်မူ လက်ရှိ အခြေအနေ ကို ပိုမို ပြင်းထန်ရန်လိုသည့် စစ်ပွဲ ဖြစ်မသွားအောင် ထိန်းသိမ်းဖို့ ကြိုးစားချင်ကြပါသည်။ ဒီလိုဖြစ်ရပ်များကို အလွန်ပင် စိတ်ထိခိုက်၊ ဒေါသထွက်ကြသော်လည်း ဒါကို အခြေပြု၍ ပိုမို ကြီးကျယ်သော ပဋိပက္ခ ဖြစ်လာမှာကို မလိုလားကြပါ။ ဒါဟာ အမျိုးသားချင်း ရေဆုံးရေဖျား ဆင်နွှဲရမည့် တိုက်ပွဲဟု မယူဆကြပါ။ အမျိုးသား သင့်မြတ်ရေးမူကို စွဲမြဲ ဆုပ်ကိုင်ထားလိုကြတာ ဖြစ်ပါသည်။
          လက်ရှိ အနေအထားများကို သုံးသပ် ပြောဆိုရမည်ဆိုလျှင် အစိုးရ၏ စိတ်သဘော ထား မှန်ကန်မှုက အနာဂတ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီး တာ ဖြစ်ပါသည်။ ဂုဏ်သိက်္ခာရှိသောနိုင်ငံ၊ ငြိမ်းချမ်းသော နိုင်ငံဖြစ်ဖို့ဆိုတာ ပညာရှိသော အစိုးရ၊ ပညာဉဏ် ကြီးသော အစိုးရဖြစ်ဖို့က အရေးတကြီး လိုအပ်ချက် ဖြစ်ပါသည်။ တိုင်းရေးပြည်ရာ ပြဿနာများကို လူမိုက်လို ဖြေရှင်းလို့ မရနိုင်ပါ။ ပညာရှိလို ဖြေရှင်းနိုင်ဖို့ လိုပါသည်။
ပြည်သူ့ခေတ်  အယ်ဒီတာ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/05/2012 01:25:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
Re: [aurorageneration] မသီတာထွေး အမှတ်တရ အလယ်တန်းကျောင်းဆောင်သစ် ဆောက်မည်
အေးကွယ် ..နောင်ကို ဂါထာပေးလို့  တေးမဖြစ်ပါစေနဲ့ ။
--
သုခဒုက္ခံ သဟ အာယန္တိ ဥပဂစ္ဆန္တီတိ။
သဟာယကော၊ ချမ်းသာဆင်းရဲကို အတူတကွ ခံစားတတ်သောကြောင့်
သဟာယက - သူငယ်ချင်းမည်၏.......။
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
Burma News International - December 4, 2012
Burma News International
Burma News International
December 4, 2012
KNU President General Tamla Baw resigns and urges Congress to elect ‘right leaders’…
General Tamla Baw, the Karen National Union’s President resigned on the first day of the KNU’s 15th Congress held at Lay Wah Camp, Hlaing Bwe Towhship in Karen State. General Tamla Baw, who had a long and distinguish career as a soldier said in his opening speech at the KNU Congress.
Handbook on Burma’s armed movements launched
Burma Centre for Ethnic Studies (BCES), an independent think tank founded in March this year, launched its first publication in English about the country’s diverse armed movements today “for all those who are interested in peace and reconciliation in Burma,” according to its publishers.
Monywa Inquiry Commission reduced in numbers and powers
Burma’s Presidential Office issued a notification on Monday saying that the number of appointees on the Monywa Copper Mine Inquiry Commission would be reduced from 30 to just 16.
Burma and Bangladesh border security forces meet
Nasaka (Burma’s border security force) and Border Guard Bangladesh (BGB) met in Maungdaw to discuss border concerns on Dec.2, according to a local businessman who didn’t want his name used.
Controversial Pyu Monograph Reading Ceremony concluded
The “Monograph Reading Ceremony of Pyu Tribe and Pyu Kingdom” that began on November 30 came to a close at the Myanmar Bank Association building in Rangoon on December 1.
Six Rangoon demonstrators refused bail
Six demonstrators who were arrested after taking part in a peaceful demonstration last Monday, November 26, in Rangoon have been charged under a law that denies them release on bail, according to a report on Tuesday by The Associated Press (AP).
The first Karen magazine, ‘Thu Ri Ya’ Magazine will be from a political party…
An ethnic political party will publish the first nationally distributed Karen magazine since the government launched its media reform agenda.
Border trade picks up after being re-opened
Business along the Maungdaw-Teknaf border point is finally back to normal after being re-opened on Nov. 24. Two-hundred and sixty-one people have already crossed the border in one week, according to Border Guard Bangladesh (BGB) officials. The majority being Burmese nationals
88 Generation students urge government not to arrest protesters
The 88 Generation Students group on Monday issued a statement urging the Burmese government not to arrest protesters who oppose the Latpadaung Mountain copper mine project.
KIO condemns ‘chemical’ attacks
The Kachin Independence Organization (KIO) on Monday condemned the violent crackdown by riot police on peaceful protesters, including hundreds of monks, at the Latpadaung Mountain copper mine site in Sagaing Division, and said that it is deeply saddened by the incident.
Burmese delegation heads to Singapore for knowledge-sharing mission
A Burmese government delegation headed by President’s Office Minister Soe Thane is heading to Singapore this week to meet with Prime Minister Lee Hsien Loong and other top Singaporean officials for a regional “knowledge-sharing” mission.
လက်နက်ကိုင် တော်လှန်ရေး အကြောင်း မသိလျင် စစ်မှန်သည့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်
မြန်မာနိုင်ငံ၌ တိုင်းရင်းသားများ လက်နက်ကိုင် တော်လှန်နေသည့် အကြောင်းရင်းကို မသိပါက စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း “Martin Luther King Prize” ဆုရှင် ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောသည်။
လက်ပံတောင်း ဒဏ်ရာရ ရဟန်းတော်များကို ကူညီရန် ရခိုင်မှ အဖွဲ့တစ်ဖွဲ့ စစ်ကိုင်းသို့ ထွက်ခွာ
ပြည်တွင်း ပြည်ပ ရခိုင်အမျိုးသားများမှ ထည့်ဝင် လှူဒါန်းသော ငွေများကို စုဆောင်းပြီး ဒဏ်ရာရ ရဟန်းတော်များကို ကူညီနိုင်ရန် အတွက် ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင်မှ အဖွဲ့ တစ်ဖွဲ့သည် ယမန်နေ့က စစ်တွေမှနေ စစ်ကိုင်းသို့ ထွက်ခွာသွားသည်ဟု သတင်း ရရှိသည်။
လက်ပံတောင်း လျော်ကြေးပြဿနာ အလွန်ရှုတ်ထွေးဟု တရုတ်သံအရာရှိ ပြော
ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ၏ လျော်ကြေး တောင်းဆိုမှုများသည် အလွန်ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။
KIA နယ်မြေ၌ စစ်ဆင်ရေး ပြင်းထန်လာ
ဒီဇင်ဘာ လဆန်းမှ စပြီး ကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နယ်မြေ၌ စခန်းသိမ်း တိုက်ပွဲ အပါဝင် အစိုးရ စစ်ဆင်ရေး လှုပ်ရှားမှုများ တိုးတက်များပြား လာခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တစ်ဦးက ပြောသည်။
စစ်တပ်သိမ်းဆည်းခဲ့သော လယ်များနှင့် အိမ်ခြံမြေများ ပြန်လည်ရရှိဖို့ ပြည်နယ်အစိုးရထံ တောင်းဆို
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်း အမှတ် (၁၀၂) ခြေလျင်တပ်ရင်းက သိမ်းဆည်းထားခဲ့သော အိမ်ခြံမြေများနှင့် လယ်ယာမြေများ ပြန်လည်ရရှိဖို့ ငွေတောင်ကျေးရွာမှ ဒေသခံများက ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။
အရှင်ကမ္ဘီရ (ခ) ကိုညီညီလွင် ထပ်မံဖမ်းဆီးခံရမှုအပေါ် AAPP ကန့်ကွက်
၂၀၁၂ခုနှစ် ဇန်နဝါရီလ အတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာသော အရှင်ကမ္ဘီရ (ခ) ညီညီလွင်အား အာဏာပိုင်များမှ တဖန်ပြန်လည်ဖမ်းဆီးလိုက်သည့်အပေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP (Burma) အနေဖြင့် လုံးဝကန့်ကွက်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ဘုရားသုံးဆူရဲဖမ်းဆီးထားစဉ် သေဆုံးခဲ့သူအား ယနေ့ မီးသင်္ဂြိုလ်
ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းက ဖမ်းဆီးထားစဉ် သေဆုံးသွားသော ဦးသိန်းမြင့်(ခေါ်) ဦးသားငယ် အသက်(၄၇)နှစ်၏ ရုပ်အလောင်းကို ယနေ့မွန်းလွဲပိုင်းက မီးသင်္ဂြိုလ်ခဲ့ကြောင်း ဆွေးမျိုးတော်စပ်သူတို့ထံမှ သိရသည်။
မိုးထိမိုးမိ လုပ်သားခေါင်းဆောင်များ ရုံးချိန်းတွင် ပုဒ်မ ထပ်တိုးခံရ
အဖမ်းခံထားရသည့် မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် လေးဦးကို နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုထားရာမှ အင်္ဂါနေ့ ရုံးချိန်းတွင် အခြား အမှုတမှုဖြင့် ထပ်မံ စွဲဆိုလိုက်ကြောင်း တရားခွင်သို့ ရောက်ရှိခဲ့သူများက ပြောသည်။
အမေရိကန်ရောက် ကရင်မိသားစု အချို့မှ KNU ခေါင်းဆောင် ၉ဦးကို ဂုဏ်ပြု
အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲဘော်ဟောင်း မိသားစု အချို့က လက်ရှိ တော်လှန်ရေးတွင် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်သည့် ခေါင်းဆောင်ကြီး ၉ ဦး ကို ဂုဏ်ပြုသည့် အခမ်းအနားတခု နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည်က လက်ရှိ KNU ကွန်ကရက် ခမ်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
မသီတာထွေး အမှတ်တရ အလယ်တန်းကျောင်းဆောင်သစ် ဆောက်မည်
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် သပြေချောင်းကျေးရွာတွင်  မသီတာထွေး အမှတ်တရ အလယ်တန်းကျောင်းဆောင်သစ် တစ်ခု တည်ဆောက်သွားမည်ဟု သိရသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တရားဝင် မှတ်ပုံတင်
သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ် ကျေးလက်ဒေ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့်ရရန် သက်ဆိုင်ရာ အာဏာပိုငိများထံ မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ကြောင်း မိုင်းဝီး ဒေသခံများက ပြောသည်။
လက်ပံတောင်းသပိတ် ဖြိုခွင်းမှုကိစ္စလည်း ကော်မရှင်စုံစမ်းမည်ဟုဆို
ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်အနေနှင့် ကြာသပတေး နံနက် သပိတ်စခန်းများ ဖြိုခွင်းမှုကိစ္စကိုလည်း စုံစမ်းဖော်ထုတ် မှတ်ချက်ပြုသွားမည်ဟု ဆိုသည်။
ရခိုင် တော်လှန်ရေး ရဲဘော်ကြီး ဦးထွန်းအောင်ဖြူ ကွယ်လွန်
ဘ၀တလျှောက်လုံး တော်လှန်ရေးထဲ၌ ပေးဆပ် ပါဝင်ခဲ့သူ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီမှ ရဲဘော်ကြီး ဦးထွန်းအောင်ဖြူသည် ယမန်နေ့က လူကြီး ရောဂါဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ကွယ်လွန် အနိစ္စရောက်သွားခဲ့ပါသည်။
နိုင်ငံခြားနှင့် မြန်မာ အဆိုတော်များ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဂီတဖျော်ဖြေပွဲ
လူကုန်ကူးမှု အသိပညာပေး နိုင်ရန်အတွက် နိုင်ငံခြားနှင့် မြန်မာ တေးဂီတဝိုင်းများ၏ အခမဲ့ ဂီတဖျော်ဖြေ ပွဲတခုကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ဒီဇင်္ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။
သျှမ်း/ မြောက်လူငယ်များ ဘိန်းဖြူသုံးနည်း အသစ်အဆန်းများ ပြုလုပ်လာ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ယခင်နှစ်များထက် ယခုနှစ်အတွင်း ဘိန်းဖြူကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပြီး သုံးစွဲနည်း အသစ်အဆန်းများ ခေတ်စားလာသည်ကိုတွေ့ရကြောင်း ဒေသခံရပ်မိရပ်ဖ များကပြောသည်။
Last Updated on ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 05 ရက် 2012 ခုနှစ်
ဒဏ်ရာရ သံဃာများ ကုသရေး ရွှေညဝါဆရာတော်၏ ထိုင်းနိုင်ငံ တရားပွဲ ခရီးစဉ်
လက်ပန်းတောင်း သပိတ်စခန်း ဖြိုခွင်းခံရစဉ်က ဒဏ်ရာ ရရှိခဲ့သော ကိုယ်တော်များဆေးဝါး ကုသနိုင်ရန် အတွက် ထိုင်းနိုင်ငံတွင်း တရားပွဲများ လှည့်လည် ဟောပြောခြင်းဖြင့် ကုသိုလ်ပြုရန် ရွှေညဝါ ဆရာတော် က စီစဉ်ထားသည်။
၁၂ ကြိမ်မြောက် တရုတ် - မြန်မာ ကုန်စည်ပြပွဲ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည်
၁၂ ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်၌ လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ရွှေဝါရောင် ဦးဆောင်ကိုယ်တော် ထပ်မံထိန်းသိမ်းခံရ
၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင်ကိုယ်တော် အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် အား စနေနေ့ညက ထပ်မံထိန်းသိမ်းလိုက်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေး က ပြောသည်။
Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.
Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net
Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202
Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf
---------------------------------------------
Duty Editor
Burma News International
bnidutyeditor6m@gmail.com
www.bnionline.net
Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
Re: [aurorageneration] မသီတာထွေး အမှတ်တရ အလယ်တန်းကျောင်းဆောင်သစ် ဆောက်မည်
ကြိုက်တယ် ထောက်ပြချက်- ကျေးဇူး။
2012/12/4 Pao Wyne <eniweniw@googlemail.com>
သတ်ပုံကျမ်းတွေ ဘေးချပြီးပြောရအောင် မြန်မာစာ ဖြေနေတာမဟုတ်ဘူး ။
ပြောချင်သလိုသာပြော ။ အရေးကြိးတာက ပေးချင်တဲ့ မက်ဆေခ့်ျ ရဖို့ပဲ ။
ပြောချင်တဲ့ မက်ဆေ့ခ်ျ က ( မြန်မာလူမျိုးတိုင်း  အစ္စလမ် ကြမ်းဖက်တို့ကို
သတိထားကြပါ ) လို့ ပြောချင်တာ ။ဒါပဲ ။
ဒီလိုတန်ဖိုးကြီးတဲ့ မက်ဆေ့ခ်ျ ကိုမမြင်ဘဲ ယပင့် နဲ့ ယရစ်ပဲ မြင်တဲ့
သူငယ်တန်း သူငယ်နှပ်စား အမြင်လောက်နဲ့  လူတောထဲ မရှက်မကြောက် ၀င်ပြောရဲတာ
အံ့ ပါရဲ့ ။
ပညာမဲ့တဲ့သူမျန်း အာကာသ လွန်းပျံယဉ် ချပြတာတောင် .. ဘယ်နေရာ
ဖုံတက်သလဲလောက်ပဲ ကြည့်တတ်ပြီး ဝေဖန်တတ်ရှာကြသတဲ့ ။ အာကာသအကြောင်း သူက
နကန်းတလုံးမှ မှ မသိရှာတာ ။
ဒီတော့လဲ .  နွားကို ပလာတာကျွေးရသလို သတ်ပုံလောက်ပဲ ဝေဖန်ပြီး
မရှက်မကြောက် စာပြန်တတ်တဲ့သူတွေကို ခွင့်လွှတ်လိုက်ကြပါကွယ်ရို့  ။
ပုံ
ပေါသ် ပေါသ် ။
--
သုခဒုက္ခံ သဟ အာယန္တိ ဥပဂစ္ဆန္တီတိ။
သဟာယကော၊ ချမ်းသာဆင်းရဲကို အတူတကွ ခံစားတတ်သောကြောင့်
သဟာယက - သူငယ်ချင်းမည်၏.......။
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
[Real Family: 24835] "အဂတိ ၄ ပါး" မလိုက်စားခြင်း တရားတော်
  • "အဂတိ ၄ ပါး" မလိုက်စားခြင်း တရားတော်      =========================  "(ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ  ဘိဝံသ ဟောကြားဆုံးမတော်မူသောတရားတော်)"  ဗုဒ္ဓ ဘာသာဝင် တွေ ပြောဆိုနေလေ့ ရှိကြတဲ့ စကား- အဂတိ လိုက်စားတယ်၊ မလိုက်စားဖူး။   ၁။ အဂတိ တရား မလိုက်စား ခြင်း ဟာ လူတွေ ရဲ့ ကိုယ့်ကျင့် တရား မှာ အရေးကြီးတဲ့ (Human dignity) လို့  ခေါ်တဲ့ လူရဲ့ ဂုဏ် သိက္ခာ ကို ထိန်းသိမ်းစောင့်ရှောက်နိုင် တဲ့ တရားဖြစ်လို အင်မတန်မှ အရေးကြီး ပါတယ်။  ဒါကို ဘုရားရှင် က လူ့ ကျင့်ဝတ် အဖြစ် ဟောကြား ဆုံးမခဲ့ ပါတယ်။   အဓိပါယ်က- လူ့ ရဲ့ ကိုယ်ကျင့်တရား ကို ပျက် ပြား စေတဲ့ အတွက်  မလုပ်သင့် မဖြစ် သင့် တဲ့ အရာ  မလိုက်သင့် တဲ့ အရာ (ဘာကြောင့် လဲ ဆိုတော့ မသင့်လျော် တဲ့ ဘက် လိုက်မှု)----မလုပ်သင့် မလုပ်ထိုက် တာ ကို လုပ်ပြီ၊ မဖြစ် သင့် တာ ကို ဖြစ်ေ အောင် လုပ်ပြီဆိုရင် - ဒီလို လုပ် ရင် အပါယ် ကို ရောက် စေ သော အကုသိုလ် ဖြစ် ခြင်း ဆိုတာ ကို သိ ထားရမယ်။  မြတ်စွာဘုရား က အဂတိ သုတ်မှာ -  အဂတိလိုက်တဲ့ ပုဂ္ဂိုလ် ရဲ့ ဂုဏ်သိက္ခာတွေ ဟာ လဆုတ်ရက် မှာ ထွက်တဲ့ လလို ပဲ - တစ်နေ့ တစ်ခြား ယုတ်လျော့ သေးသိမ် ပြောက်ကွယ် သွား နိုင် တယ်။ ဒါအရေးကြီး တယ်- လူရယ်လို့ ဖြစ်လာ လို့ ရှိ ရင် - အဂတိ လိုက် စားလိုက်ရင် လူ့ ရဲ့ ဂုဏ်သိက္ခာ ဟာ ညီုး နွမ်းပျက် ပျယ်ပြီး၊ မကျန်တော့ ဖူး လို့ ပြောတာ။  အဂတိ တရား မလိုက် စား ရင် ဖြင့် - လဆန်းရက် မှာ ထွက်တဲ့ လဟာ တဖြေးဖြေး ၀န်းပ ထွန်း လင်း တောက် ပြောင် လာ သလို အဂတိမလိုက်စား တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ် သိက္ခာဟာ တိုး တက်မြင့်မားစေ တယ်။  အဂတိ လိုက်စား တယ် ဆို တာ-  ဓမ္မလမ်းကြောင်း ကနေသွေဖီ သွား တဲ့ ကိုယ်ကျင့်တရား ပျက် ပြား တဲ့ လမ်း ကို လိုက်တာ အဓမ္မလမ်းကြောင်း ကို သွားနေတာ၊ ဒုစရိုက် ၁၀ ပါး ကို ကျူးလွန် စေတာ-  ဒီ လို ဖြစ်စေတဲ့ -အကြောင်းတရား ဟာ ၄မျိုး ရှိတယ်။  (၁။)ဆန္ဒာဂတိ=လောဘသံယောစဉ်ရှိတဲ့အတွက်အဂတိလိုက်ခြင်း                                                                                                                 ဒါ ဟာ ဆန္ဒလို့  သုံး ထား ပေမဲ့ -  လော ဘ ကို ရည်ညွှန်းတာ- သံယောစဉ် ဆို တဲ့ တဏှာ လောဘစိတ်နဲ့  တစ်ဘက်သား ကို ဘက် လိုက်၍ - ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ ၊ မပြောသင့် တာ ကို ပြောတာ --- အကုသိုလ် ဖြစ်စေတာ၊ လောဘ ကလွှမ်းမိုး လာပြီ၊ ဆိုရင် မှန်ကန်အောင်တွေး တော နိုင်တဲ့ မရှိတော့ တဲ့ ထို ပုဂ္ဂိုလ် မျို ရဲ့ စိတ် ကို - မြတ်ဘုရား က--- မိမိ အကျိုး ကို သော် ၄င်း၊ သူတစ်ပါး အကျိုး ကို မသိတော့၊ နှစ် ဦးနှစ်ဖက် ကောင်း ကျိုး ကို မသိ တော့၊  ဒါ တင် မက- သတ်ဖို့ ဖြတ်ဖို့ လဲ ၀န် မလေးတော့၊ လိမ်ဖို့ ညာ ဖို့  ကို လဲ ၀န် မလေးတော့၊ စတဲ့ အကုသိုလ် တွေ ပြုဖို့ ဖြစ် ဖို့ ဝန်မလေး တော့ သလို - ဒေါ မနဿ ဝေဒနာ ကို လဲ အကျိုး ဆက် အနေ နဲ့ ခံစား ရတယ်။  ဒါကို ကြည့်ရင် ဆန္ဒာဂတိ ဆို တဲ့ ဓမ္မလမ်းကြောင်း ကသွေဖီ သွားစေတဲ့ - လောဘ စိတ် ကလွှမ်းမိုး လာပြီ ဆိုရင် အကုသိုလ်တွေ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာစေတယ်။  (၂။) ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း  ဒီ လိုပဲ ဒေါသ နဲ့ ယှဉ်ပြီး ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကိုမုန်း လို့  ရသင့်ရထိုက် တဲ့ အခွင့် အရေး ကို မပေးတာ မျိုး ၊ သို့  မဟုတ်၊ တရာဥပဒေ ခွင် မှာ ပြစ်မှု ကို ပို ပြီး ချတာမျိုး၊ ပေးသင့် တဲ့ ပြစ်ဒဏ် ထက် ပို ပြီး တော့ ပေးတာမျိုး ၊ ကို ဒေါသ ဂတိ လို ခေါ်တယ်။  ဒီလို အဂတိ တရား ဆို တာ ဆရာတွေ က တပည့် အပေါ် မှာ၊ တိုင်းပြည် အုပ်ချုပ်တဲ့ သူတွေ က ပြည်သူတွေ အပေါ် မှာ ကင်းရှင်း သင့် တယ်။ ချစ်ရင် တစ်မျိုး မုန်းရင် တစ် မျိုး၊ မဖြစ်စေရပဲ ၊ သတ် မှတ်ထား တဲ့ ဓမ္မ လမ်းကြောင်း က မသွေဖီပဲ မှန်မှန် ကန် ကန် ရပ် တာ် မှ အဂတိ က လွတ်တယ် လို့ ဆိုရမယ်။      (၃။) မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက်  အမှန်မသိမှု - အမှား အမှန် ဝေဖန်နိုင် တဲ့  ဆင်ခြင်တုံတရားမရှိတဲ့အတွက်  ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ --- အကုသိုလ် ဖြစ်စေတာ၊   အမှန် ကို မသိ ပဲ စွတ်ရွတ် လုပ် တာ မျိုး၊ လုပ်ရမဲ့ ဟာ မလုပ်ဖူး၊ မလုပ်ရမဲ့ ဟာ လုပ် တယ်။ မဆုံးဖြတ်ရမဲ့ ဟာ ဆုံးဖြတ်တယ်၊ ဆုံး ဖြတ်ရမဲ့ ဟာ မဆုံး ဖြတ်ဖူး၊ အသိဥာဏ် နည်းတဲ့ ပုဂ္ဂိုလ် တွေ မှာ ဖြစ် လေ့ရှိတယ်။ အမှား ကို အမှန် ထင် ကာ-  မောဟရဲ့ လွှမ်းမို မှု ကို ခံရပြီး -  ပြောရင်လဲ ကို့ ယို့ ကား ယား၊ လုပ်ရင် လဲ ကို ယ့် ရို့  ကား ယား၊ အမှား တွေ ဆင့်ကဲ စုပုံ ပြီး ယဉ်ယဉ် လေး နဲ့  ရူးနေတဲ့ သူတွေ ပေါ့။      (၄။)ဘယာဂတိ= ကြောက်တဲ့အတွက်အဂတိလိုက်ခြင်း                                 ဒီနေရာမှာ    ကြောက်တယ် ဆို ကဒေါသနဲ့  ယှဉ် ပြီး ကြောက်တာ  - အကုသိုလ် လုပ်ရမှာ ကိုကြောက်တာ မဟုတ်ဖူး - အကုသိုလ် ကိုကြောက်တာ ဆို ရင် - အသိဥာဏ် လို့  ခေါ်တယ်။   ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကို ကြောက်၍ တရား ဥပဒေ ကို မမှန်မကန် ဆုံးဖြတ်တာ ၊ လျှော့ ပေါ့၍ ဆုံး ဖြတ်တာ၊ ကြောက်ရွံ့ သော ကြောင့် ဓမ္မ က သွေဖီပြီး အကု သိုလ် တရား တွေ ဆင့် ကဲ ဖြစ်စေ တာ၊  အဂတိဖြစ် စေ တဲ့ ဒီ လောဘ၊ ဒေါသ၊ မောဟ နဲ့  ယှဉ်တဲ့ စိတ်တွေ၊ အတွေးတွေ၊ အပြောအဆို၊ အလုပ်တွေ၊  ဆုံး ဖြတ်မှု တွေ ဟာ အလွန်ကြီး မား တဲ့ အကုသိုလ် အလုပ်တွေ ကျူးလွန်တာ ဖြစ်ပြီး -  အပါယ် ကို ကျ စေတတ်တယ် လို့  ပြောရမယ်။  ၂။ ဒီနေရာမှာ မြတ်စွာဘုရားက - ပဋ္ဌါန်း တရားတော် မှာ - ဟေတုပစ္စယော ဆိုပြီး - လောဘ တရား လွှမ်းမိုး နေတဲ့ ပုဂ္ဂိုလ် ဟာ- လော ဘနဲ့ တွေး မယ်၊ လော ဘနဲ့  ပြော မယ် လော ဘ နဲ့  လုပ်မယ်- ဒါ ကြောင့် လော ဘ ဟာ- ထို သို သော အကုသို လ်တွေ ကို ဆင့် ကဲ ဖြစ် ပေါ် လာ စေတဲ့  အခြေခံ ရေသောက် မြစ်ပဲ လို့  ဟော ကြား ခဲ့ တယ်။ အဲဒိတော့ လောဘ စိတ်ရှိ နေသမျှ ကာလပါတ်လုံး ဓမ္မ လမ်းကြောင်းမှန် ပေါ် ကို ပြန်ရောက် ဆို အမင်တန်မှ ခဲယင်း ပါတယ်။  ဒါဟာ ဘာကိုပြတာ လဲ ဆို တော့-  လူ့ ကျင့်ဝတ် တစ်ခု၊ လောက ဥပဒေတစ်ခု၊ လိုက်နာရမယ့် ဓမ္မနည် လမ်း တွေ ရှိနေ လင့် ကစား- ပုဂ္ဂိုလ် တစ် ဦးနဲ့  ပါတ်သတ် လာ တဲ့ အခါ မှာ - ဆန္ဒ လို ဆို တဲ့- လော ဘ ၊ ဒေါသ၊ မောဟကို အခြေခံ ပြီးတော့ မှန်မှန် ကန်ကန် စဉ်းစား နိုင် မှု မရှိပဲ နဲ့ ၊ မျှမျှတတ ဆုံးဖြတ်နိုင် မှု မရှိ ပဲ၊ မဆုံးဖြတ်သင့် တာ ကို ဆုံးဖြတ်ပြီး မလုပ် သင့် တာ တွေ ကို လုပ် သွားတယ်၊ ဓမ္မလမ်းကြောင်း နဲ့  ဆန့် ကျင်တာ တွေ ကို လုပ် သွားတယ် လို့  ခေါ်တယ်။ ဥပမာ ဆိုရင်- တရားဥပဒေ အရ ဖြစ်မှု ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ် ကို တရား ဆုံး ဖြတ်ရာမှာ - မမှန်မကန် ဆုံးဖြတ် ပြီဆို ရင်သော်၎င်း၊ အားလုံး ညီတူညီမျှ ရှိရမဲ့ နေရာမျိုး မှာ - ဓမ္မ ကသွေဖီပြီး မမျှမတ ဆုံးဖြတ် ပြီဆို ရင်- ဒီ ပုဂ္ဂို မျို ရဲ့ (human dignity) ဂုဏ်သိက္ခာ မရှိတော့ဖူး၊ စိတ်နေစိတ် ထား မမှန်တော့ ဖူး - အပါယ် ငရဲ အထိကျ တဲ့ အကုသိုလ် တွေ ပြု နေပြီ လို သိလိုက်ကြပါ။  ၃။ ဒီအဂတိ တရား တွေ ဟာ- ဒုစရိုက် တွေဆင့် ကဲ ဆင့် ကဲကျုး လွန် စေပြီါ်- အကုသိုလ် ဆို တဲ့ အသီး အပွင့်တွေ ဝေဆာစေ တဲ့ အကြောင်းတရား ဖြစ် တယ်။ ဒါကြောင့် ဒီ အဂတိ တရား လွှမ်းမိုး နေသူ တွေ ဟာ ဘယ် ဘ၀ ရောက် ရောက် ဖြစ်ရာ ဘ၀ မှာ ထို ပုဂ္ဂို လ် တွေ ရဲ့ ဘ၀ တွေ ဖျက် ဆီး ကြပြီး အမတန် မှ ကြောက် စရာ ကောင်းတဲ့ ငရဲ၊ တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကါယ် လို့ ခေါ် တဲ့ အပါယ် လေးပါး ကို ကျ ရောက်စေတယ်။  အဂတိ တရား ကင်းဝေးရေး ဟာ - လောက ကြီး တိုး တက် မှု လူသား တွေ တိုး တက် မှု ၊ ညီညွတ်မှု အတွက် အရေးကြီး တဲ့ တရား ပါ။  အကုသို လ် မှန် သမျှ- အပါယ် လေး ပါး ကျစတေယ်၊ ဒုစရိုက် မကောင်းမှု နဲ့  လူ့  ဂုဏ် သိက္ခာ ဆုတ်ယုတ် စေတယ်၊ ရောက်လေရာ ဘ၀ မှာ မကောင်း မှု အသီး အပွင့် တွေ ဝေပြီး သံသရာ မှာ ဆင်းရဲဒု က္ခတွေ ကျစတယ် ၊  ၄။ ဒါတွေ ကို ပါယ်သတ် နိုင် ဖို့  အတွက်  လောဘ ကို- စွန့် လွှတ်ခြင်း ဖြင့်  ဒေါ သ ကို - မေတ္တာ စိတ် ဖြင့်  မော ဟ ကို -  ပညာ ဆို တဲ့ ၀ိပဿနာ ဥာဏ် အသိ စတဲ့ သူတော် ကောင်း တရား တွေ ကျင့်ကြံ ကြရမယ်။ သူတော် ကောင်း တရားတွေ မိမိ ခန္ဓာ မှာ ပေါ်လာအောက် ကြိုး စား ကျင့် ကြံကြရမယ်။   ဒါကြောင့် ဒကာ၊ ဒကာ မတွေ အားလုံး-   ဓမ္မ လမ်း ကြောင်းထက် မှာ မတ်မတ် ခိုင်ခိုင်ရပ် တည် ပြီး၊ လူ့ ရဲ့ ဂုဏ်သိက္ခာ တိုး တက် စေအောင်၊ အပါယ် ကျသော ဘေး မှ လွတ် နိုင် အောင်၊ ကုသိုလ် တရား တွေ ပွားများ နိုင် အောင်၊ သမထ၀ိပဿနာ ကမ္မဋ္ဌါန်း ကို ပွား များ ပြီး၊ ဒီ အဂတိ တရား တွေ ကို ဖြစ်စေတဲ့ လောဘ၊ ဒေါသ၊ မော ဟ တရားတွေ ကို အမြစ်မှ ပါယ် ရှား ၍ ကောင်းကျိုး အဖြာဖြာ ရနိုင် ကြပါစေသော်။   "(ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ၂၇-၀၈-၂၀၁၁ နေ့ မန္တလေးမြိုးတွင် ဟောကြားဆုံးမတော်မူသောတရားတော်)" မှ ကောက် နှုတ် မျှဝေပါသည်။
    ‎"အဂတိ ၄ ပါး" မလိုက်စားခြင်း တရားတော်
    =========================
    "(ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ဟောကြားဆုံးမတော်မူသောတရားတော်)"
    ဗုဒ္ဓ ဘာသာဝင် တွေ ပြောဆိုနေလေ့ ရှိကြတဲ့ စကား- အဂတိ လိုက်စားတယ်၊ မလိုက်စားဖူး။
    ၁။ အဂတိ တရား မလိုက်စား ခြင်း ဟာ လူတွေ ရဲ့ ကိုယ့်ကျင့် တရား မှာ အရေးကြီးတဲ့ (Human dignity) လို့  ခေါ်တဲ့ လူရဲ့ ဂုဏ် သိက္ခာ ကို ထိန်းသိမ်းစောင့်ရှောက်နိုင် တဲ့ တရားဖြစ်လို အင်မတန်မှ အရေးကြီး ပါတယ်။
    ဒါကို ဘုရားရှင် က လူ့ ကျင့်ဝတ် အဖြစ် ဟောကြား ဆုံးမခဲ့ ပါတယ်။
    အဓိပါယ်က- လူ့ ရဲ့ ကိုယ်ကျင့်တရား ကို ပျက် ပြား စေတဲ့ အတွက် မလုပ်သင့် မဖြစ် သင့် တဲ့ အရာ မလိုက်သင့် တဲ့ အရာ (ဘာကြောင့် လဲ ဆိုတော့ မသင့်လျော် တဲ့ ဘက် လိုက်မှု)----မလုပ်သင့် မလုပ်ထိုက် တာ ကို လုပ်ပြီ၊ မဖြစ် သင့် တာ ကို ဖြစ်ေ အောင် လုပ်ပြီဆိုရင် - ဒီလို လုပ် ရင် အပါယ် ကို ရောက် စေ သော အကုသိုလ် ဖြစ် ခြင်း ဆိုတာ ကို သိ ထားရမယ်။
    မြတ်စွာဘုရား က အဂတိ သုတ်မှာ -
    အဂတိလိုက်တဲ့ ပုဂ္ဂိုလ် ရဲ့ ဂုဏ်သိက္ခာတွေ ဟာ လဆုတ်ရက် မှာ ထွက်တဲ့ လလို ပဲ - တစ်နေ့ တစ်ခြား ယုတ်လျော့ သေးသိမ် ပြောက်ကွယ် သွား နိုင် တယ်။ ဒါအရေးကြီး တယ်- လူရယ်လို့ ဖြစ်လာ လို့ ရှိ ရင် - အဂတိ လိုက် စားလိုက်ရင် လူ့ ရဲ့ ဂုဏ်သိက္ခာ ဟာ ညီုး နွမ်းပျက် ပျယ်ပြီး၊ မကျန်တော့ ဖူး လို့ ပြောတာ။
    အဂတိ တရား မလိုက် စား ရင် ဖြင့် - လဆန်းရက် မှာ ထွက်တဲ့ လဟာ တဖြေးဖြေး ၀န်းပ ထွန်း လင်း တောက် ပြောင် လာ သလို အဂတိမလိုက်စား တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ် သိက္ခာဟာ တိုး တက်မြင့်မားစေ တယ်။
    အဂတိ လိုက်စား တယ် ဆို တာ-
    ဓမ္မလမ်းကြောင်း ကနေသွေဖီ သွား တဲ့ ကိုယ်ကျင့်တရား ပျက် ပြား တဲ့ လမ်း ကို လိုက်တာ အဓမ္မလမ်းကြောင်း ကို သွားနေတာ၊ ဒုစရိုက် ၁၀ ပါး ကို ကျူးလွန် စေတာ-
    ဒီ လို ဖြစ်စေတဲ့ -အကြောင်းတရား ဟာ ၄မျိုး ရှိတယ်။
    (၁။)ဆန္ဒာဂတိ=လောဘသံယောစဉ်ရှိတဲ့အတွက်အဂတိလိုက်ခြင်း ဒါ ဟာ ဆန္ဒလို့  သုံး ထား ပေမဲ့ - လော ဘ ကို ရည်ညွှန်းတာ- သံယောစဉ် ဆို တဲ့ တဏှာ လောဘစိတ်နဲ့  တစ်ဘက်သား ကို ဘက် လိုက်၍ - ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ ၊ မပြောသင့် တာ ကို ပြောတာ --- အကုသိုလ် ဖြစ်စေတာ၊ လောဘ ကလွှမ်းမိုး လာပြီ၊ ဆိုရင် မှန်ကန်အောင်တွေး တော နိုင်တဲ့ မရှိတော့ တဲ့ ထို ပုဂ္ဂိုလ် မျို ရဲ့ စိတ် ကို - မြတ်ဘုရား က--- မိမိ အကျိုး ကို သော် ၄င်း၊ သူတစ်ပါး အကျိုး ကို မသိတော့၊ နှစ် ဦးနှစ်ဖက် ကောင်း ကျိုး ကို မသိ တော့၊
    ဒါ တင် မက- သတ်ဖို့ ဖြတ်ဖို့ လဲ ၀န် မလေးတော့၊ လိမ်ဖို့ ညာ ဖို့  ကို လဲ ၀န် မလေးတော့၊ စတဲ့ အကုသိုလ် တွေ ပြုဖို့ ဖြစ် ဖို့ ဝန်မလေး တော့ သလို - ဒေါ မနဿ ဝေဒနာ ကို လဲ အကျိုး ဆက် အနေ နဲ့ ခံစား ရတယ်။
    ဒါကို ကြည့်ရင် ဆန္ဒာဂတိ ဆို တဲ့ ဓမ္မလမ်းကြောင်း ကသွေဖီ သွားစေတဲ့ - လောဘ စိတ် ကလွှမ်းမိုး လာပြီ ဆိုရင် အကုသိုလ်တွေ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာစေတယ်။
    (၂။) ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း
    ဒီ လိုပဲ ဒေါသ နဲ့ ယှဉ်ပြီး ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကိုမုန်း လို့  ရသင့်ရထိုက် တဲ့ အခွင့် အရေး ကို မပေးတာ မျိုး ၊ သို့  မဟုတ်၊ တရာဥပဒေ ခွင် မှာ ပြစ်မှု ကို ပို ပြီး ချတာမျိုး၊ ပေးသင့် တဲ့ ပြစ်ဒဏ် ထက် ပို ပြီး တော့ ပေးတာမျိုး ၊ ကို ဒေါသ ဂတိ လို ခေါ်တယ်။
    ဒီလို အဂတိ တရား ဆို တာ ဆရာတွေ က တပည့် အပေါ် မှာ၊ တိုင်းပြည် အုပ်ချုပ်တဲ့ သူတွေ က ပြည်သူတွေ အပေါ် မှာ ကင်းရှင်း သင့် တယ်။ ချစ်ရင် တစ်မျိုး မုန်းရင် တစ် မျိုး၊ မဖြစ်စေရပဲ ၊ သတ် မှတ်ထား တဲ့ ဓမ္မ လမ်းကြောင်း က မသွေဖီပဲ မှန်မှန် ကန် ကန် ရပ် တာ် မှ အဂတိ က လွတ်တယ် လို့ ဆိုရမယ်။
    (၃။) မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အမှန်မသိမှု - အမှား အမှန် ဝေဖန်နိုင် တဲ့ ဆင်ခြင်တုံတရားမရှိတဲ့အတွက်
    ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ --- အကုသိုလ် ဖြစ်စေတာ၊
    အမှန် ကို မသိ ပဲ စွတ်ရွတ် လုပ် တာ မျိုး၊ လုပ်ရမဲ့ ဟာ မလုပ်ဖူး၊ မလုပ်ရမဲ့ ဟာ လုပ် တယ်။ မဆုံးဖြတ်ရမဲ့ ဟာ ဆုံးဖြတ်တယ်၊ ဆုံး ဖြတ်ရမဲ့ ဟာ မဆုံး ဖြတ်ဖူး၊ အသိဥာဏ် နည်းတဲ့ ပုဂ္ဂိုလ် တွေ မှာ ဖြစ် လေ့ရှိတယ်။ အမှား ကို အမှန် ထင် ကာ- မောဟရဲ့ လွှမ်းမို မှု ကို ခံရပြီး - ပြောရင်လဲ ကို့ ယို့ ကား ယား၊ လုပ်ရင် လဲ ကို ယ့် ရို့  ကား ယား၊ အမှား တွေ ဆင့်ကဲ စုပုံ ပြီး ယဉ်ယဉ် လေး နဲ့  ရူးနေတဲ့ သူတွေ ပေါ့။
    (၄။)ဘယာဂတိ= ကြောက်တဲ့အတွက်အဂတိလိုက်ခြင်း
    ဒီနေရာမှာ ကြောက်တယ် ဆို ကဒေါသနဲ့  ယှဉ် ပြီး ကြောက်တာ - အကုသိုလ် လုပ်ရမှာ ကိုကြောက်တာ မဟုတ်ဖူး - အကုသိုလ် ကိုကြောက်တာ ဆို ရင် - အသိဥာဏ် လို့  ခေါ်တယ်။
    ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကို ကြောက်၍ တရား ဥပဒေ ကို မမှန်မကန် ဆုံးဖြတ်တာ ၊ လျှော့ ပေါ့၍ ဆုံး ဖြတ်တာ၊ ကြောက်ရွံ့ သော ကြောင့် ဓမ္မ က သွေဖီပြီး အကု သိုလ် တရား တွေ ဆင့် ကဲ ဖြစ်စေ တာ၊
    အဂတိဖြစ် စေ တဲ့ ဒီ လောဘ၊ ဒေါသ၊ မောဟ နဲ့  ယှဉ်တဲ့ စိတ်တွေ၊ အတွေးတွေ၊ အပြောအဆို၊ အလုပ်တွေ၊ ဆုံး ဖြတ်မှု တွေ ဟာ အလွန်ကြီး မား တဲ့ အကုသိုလ် အလုပ်တွေ ကျူးလွန်တာ ဖြစ်ပြီး - အပါယ် ကို ကျ စေတတ်တယ် လို့  ပြောရမယ်။
    ၂။ ဒီနေရာမှာ မြတ်စွာဘုရားက - ပဋ္ဌါန်း တရားတော် မှာ - ဟေတုပစ္စယော ဆိုပြီး - လောဘ တရား လွှမ်းမိုး နေတဲ့ ပုဂ္ဂိုလ် ဟာ- လော ဘနဲ့ တွေး မယ်၊ လော ဘနဲ့  ပြော မယ် လော ဘ နဲ့  လုပ်မယ်- ဒါ ကြောင့် လော ဘ ဟာ- ထို သို သော အကုသို လ်တွေ ကို ဆင့် ကဲ ဖြစ် ပေါ် လာ စေတဲ့  အခြေခံ ရေသောက် မြစ်ပဲ လို့  ဟော ကြား ခဲ့ တယ်။ အဲဒိတော့ လောဘ စိတ်ရှိ နေသမျှ ကာလပါတ်လုံး ဓမ္မ လမ်းကြောင်းမှန် ပေါ် ကို ပြန်ရောက် ဆို အမင်တန်မှ ခဲယင်း ပါတယ်။
    ဒါဟာ ဘာကိုပြတာ လဲ ဆို တော့- လူ့ ကျင့်ဝတ် တစ်ခု၊ လောက ဥပဒေတစ်ခု၊ လိုက်နာရမယ့် ဓမ္မနည် လမ်း တွေ ရှိနေ လင့် ကစား- ပုဂ္ဂိုလ် တစ် ဦးနဲ့  ပါတ်သတ် လာ တဲ့ အခါ မှာ - ဆန္ဒ လို ဆို တဲ့- လော ဘ ၊ ဒေါသ၊ မောဟကို အခြေခံ ပြီးတော့ မှန်မှန် ကန်ကန် စဉ်းစား နိုင် မှု မရှိပဲ နဲ့ ၊ မျှမျှတတ ဆုံးဖြတ်နိုင် မှု မရှိ ပဲ၊ မဆုံးဖြတ်သင့် တာ ကို ဆုံးဖြတ်ပြီး မလုပ် သင့် တာ တွေ ကို လုပ် သွားတယ်၊ ဓမ္မလမ်းကြောင်း နဲ့  ဆန့် ကျင်တာ တွေ ကို လုပ် သွားတယ် လို့  ခေါ်တယ်။ ဥပမာ ဆိုရင်- တရားဥပဒေ အရ ဖြစ်မှု ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ် ကို တရား ဆုံး ဖြတ်ရာမှာ - မမှန်မကန် ဆုံးဖြတ် ပြီဆို ရင်သော်၎င်း၊ အားလုံး ညီတူညီမျှ ရှိရမဲ့ နေရာမျိုး မှာ - ဓမ္မ ကသွေဖီပြီး မမျှမတ ဆုံးဖြတ် ပြီဆို ရင်- ဒီ ပုဂ္ဂို မျို ရဲ့ (human dignity) ဂုဏ်သိက္ခာ မရှိတော့ဖူး၊ စိတ်နေစိတ် ထား မမှန်တော့ ဖူး - အပါယ် ငရဲ အထိကျ တဲ့ အကုသိုလ် တွေ ပြု နေပြီ လို သိလိုက်ကြပါ။
    ၃။ ဒီအဂတိ တရား တွေ ဟာ- ဒုစရိုက် တွေဆင့် ကဲ ဆင့် ကဲကျုး လွန် စေပြီါ်- အကုသိုလ် ဆို တဲ့ အသီး အပွင့်တွေ ဝေဆာစေ တဲ့ အကြောင်းတရား ဖြစ် တယ်။ ဒါကြောင့် ဒီ အဂတိ တရား လွှမ်းမိုး နေသူ တွေ ဟာ ဘယ် ဘ၀ ရောက် ရောက် ဖြစ်ရာ ဘ၀ မှာ ထို ပုဂ္ဂို လ် တွေ ရဲ့ ဘ၀ တွေ ဖျက် ဆီး ကြပြီး အမတန် မှ ကြောက် စရာ ကောင်းတဲ့ ငရဲ၊ တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကါယ် လို့ ခေါ် တဲ့ အပါယ် လေးပါး ကို ကျ ရောက်စေတယ်။
    အဂတိ တရား ကင်းဝေးရေး ဟာ - လောက ကြီး တိုး တက် မှု လူသား တွေ တိုး တက် မှု ၊ ညီညွတ်မှု အတွက် အရေးကြီး တဲ့ တရား ပါ။
    အကုသို လ် မှန် သမျှ- အပါယ် လေး ပါး ကျစတေယ်၊ ဒုစရိုက် မကောင်းမှု နဲ့  လူ့  ဂုဏ် သိက္ခာ ဆုတ်ယုတ် စေတယ်၊ ရောက်လေရာ ဘ၀ မှာ မကောင်း မှု အသီး အပွင့် တွေ ဝေပြီး သံသရာ မှာ ဆင်းရဲဒု က္ခတွေ ကျစတယ် ၊
    ၄။ ဒါတွေ ကို ပါယ်သတ် နိုင် ဖို့  အတွက်
    လောဘ ကို- စွန့် လွှတ်ခြင်း ဖြင့်
    ဒေါ သ ကို - မေတ္တာ စိတ် ဖြင့်
    မော ဟ ကို - ပညာ ဆို တဲ့ ၀ိပဿနာ ဥာဏ် အသိ စတဲ့ သူတော် ကောင်း တရား တွေ ကျင့်ကြံ ကြရမယ်။ သူတော် ကောင်း တရားတွေ မိမိ ခန္ဓာ မှာ ပေါ်လာအောက် ကြိုး စား ကျင့် ကြံကြရမယ်။
    ဒါကြောင့် ဒကာ၊ ဒကာ မတွေ အားလုံး-
    ဓမ္မ လမ်း ကြောင်းထက် မှာ မတ်မတ် ခိုင်ခိုင်ရပ် တည် ပြီး၊ လူ့ ရဲ့ ဂုဏ်သိက္ခာ တိုး တက် စေအောင်၊ အပါယ် ကျသော ဘေး မှ လွတ် နိုင် အောင်၊ ကုသိုလ် တရား တွေ ပွားများ နိုင် အောင်၊ သမထ၀ိပဿနာ ကမ္မဋ္ဌါန်း ကို ပွား များ ပြီး၊ ဒီ အဂတိ တရား တွေ ကို ဖြစ်စေတဲ့ လောဘ၊ ဒေါသ၊ မော ဟ တရားတွေ ကို အမြစ်မှ ပါယ် ရှား ၍ ကောင်းကျိုး အဖြာဖြာ ရနိုင် ကြပါစေသော်။
    "(ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ၂၇-၀၈-၂၀၁၁ နေ့ မန္တလေးမြိုးတွင် ဟောကြားဆုံးမတော်မူသောတရားတော်)" မှ ကောက် နှုတ် မျှဝေပါသည်။
https://www.facebook.com/propagators/posts/384541818298193?ref=notif&notif_t=like
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။