[New post] ကာတွန်း ကူမိုးကြိုး – ပွင့်လင်းမြင်သာ နေရာတကာ ‘ပါ’ တိုင်း ကောင်းတာဟုတ်ဖူးလား

admin posted: " ကာတွန်း ကူမိုးကြိုး - ပွင့်လင်းမြင်သာ နေရာတကာ 'ပါ' တိုင်း ကောင်းတာဟုတ်ဖူးလား ဒီဇင်ဘာ ၆၊ ၂၀၁၂"

[New post] SF Bay Area – ကချင်ဒုက္ခသည်များ ကူညီရေးရန်ပုံငွေပွဲ အချိန်နဲ့ အစီအစဉ်

admin posted: "ကချင်ဒုက္ခသည်များ ကူညီရေးရန်ပုံငွေပွဲ အချိန်နဲ့ အစီအစဉ် မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၅၊ ၂၀�"

[New post] လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်မာမာအေးရဲ့ ရွှေဝါရောင်အရေးတော်ပုံ သီချင်း ခေတ်မီနေဆဲ

admin posted: " လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်မာမာအေးရဲ့ ရွှေဝါရောင်အရေးတော်ပုံ သီချင်း ခေတ်မီနေဆဲ မိုးမခ ပြန်လည်ဆ�"

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သျှမ်း၊မြောက် နမ့်ခမ်း၌ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲအပေါ်ပြန်လည်ရှင်းလင်း

Posted: 04 Dec 2012 11:24 PM PST

 နိုဝင်ဘာလ ၂၆ မှ ၂၈ ရက်နေ့ထိ ရန်ကုန်မြို့ တွင်ကျင်းပခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း ဆွေးနွေးပွဲအပေါ်ပြန်လည်ရှင်းလင်းပွဲကို သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရှိ သျှမ်းစာပေယဉ်ကျေးမှုရုံး ၌  ယမန်နေ့က ကျင်းပခဲ့ကြောင်းစုံစမ်း သိရသည်။
Num kham pictureငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း ဆွေးနွေးပွဲအပေါ်ပြန်လည်ရှင်းလင်းပွဲ

" ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းစောလှ နဲ့ သျှမ်းစာ/ယဉ် ဥက္ကဌ ဦးစိုင်းကျော်ဝင်း တို့ က ဖွင့်ပွဲ မိန့်ခွန်းပြောကြတယ်၊ ရန်ကုန်မြို့  ဆွေးနွေးပွဲ သွားတက် လာခဲ့တဲ့ ၃ ဦးကလည်း နေ့ လည် ၁ နာရီမှ ညနေ ၄း၄၀ နာရီ အထိ တလှည့်စီ ပြန်လည်ရှင်းလင်းပြောကြားခဲ့တယ်၊ မြို့မိမြို့ဖ တွေနဲ့ ရပ်ကွက် ခေါင်းဆောင် အသီးသီး နိုင်ငံရေးပါတီဝင်တွေ စုစုပေါင်း ၁၀၀ နီးပါးတက်ရောက် ကြတယ်" ဟု ရှင်းလင်းပွဲ သို့တက်ရောက်ခဲ့သော နမ့်ခမ်းဒေသခံစိုင်းခမ်းကပြောပြသည်။

ရန်ကုန်မြို့ ဆွေးနွေးပွဲ  ရောက်ခဲ့သော သူ ၃ ဦးမှာ ကျားဖြူပါတီ မှ စိုင်းထွန်းလှ ၊ကျားခေါင်းပါ တီမှ စိုင်းမောက်ခမ်း ၊သျှမ်းစာပေ အဖွဲ့မှ စိုင်းမြင့်သန်း တို့ဖြစ်ကြကြောင်း၊စိုင်းထွန်းလှ က ၂၆ ရက်က ဆွေးနွေးပွဲမှ မှတ်သားစရာ များနှင့်ဆွေးနွေးချက်တင်ပြချက်များကို ပြောကြားကြောင်း ၊ ကျန်နှစ်ဦး မှာလည်း ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့ ကဆွေးနွေးလာသော အကြောင်းအရာများကို   ပြန်လည်ပြောပြကြောင်း ၄င်းကဆိုသည်။

"နိုဝင်ဘာ၂၆ ရက်နေ့ က  လုံးခွန်ထွန်းဦး ရဲ့ မိန့်ခွန်းက အင်မတန်မှမှတ်သားစရာကောင်းလှပါတယ်၊ ဗမာစကားနဲ့ ပြောသွားတာ ။ ပြည်ထောင်စုကြီးဟာ ပန်းပေါင်းစုံပွင့်နေတဲ့တိုင်းပြည်ဖြစ်တယ်။ တိုင်းရင်းသားတွေဟာ ပြည် ထောင် စုကြီး ထဲမှာ ပွင့်နေကြတဲ့  ပြည်ထောင်စုပန်းပွင့်များ ဖြစ်ပါတယ်၊ အားလုံး အလှအပ ကိုယ်စီရှိနေကြပါ တယ်၊ ပိတောက်ပန်းက ကျက်သရေရှိနေသလို တောင်ဇလပ်ပန်းက ကျက်သ ရေရှိနေတာပဲ ချယ်ရီပန်းကလည်းလှတာပဲ ပြည်ထောင်စု ထဲက ပန်းအလှအပကို ဖျက်ဆီးတဲ့သူ၊  ပြည် ထောင်စုကြီး ကို ဖျက်ဆီးပစ်တဲ့သူဘဲ။ အဲဒီဖျက်ဆီးနေတဲ့သူကိုလည်း လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး" ဟု ပြောကြားခဲ့ကြောင်း ကျားဖြူပါတီ မှ စိုင်းထွန်းလှ က မိန့်ခွန်းထဲတွင် ပြောသည်။

ဤ ပြန်လည်ရှင်းလင်းဟောပြောပွဲ ကို နမ့်ခမ်းမြို့မှ ကျားခေါင်း၊ကျားဖြူပါတီ နှင့်သျှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ တို့က ပူပေါင်း ကျင်းပခဲ့သည်။

ရန်ကုန်မြို့၌ ကျင်းပ ခဲ့သော ငြိမ်းချမ်းရေး ဖြင့် ယုံကြည်မှုတည် ဆောက်ခြင်း ဆွေးနွေးတွင် အဖွဲ့အသီးသီး မှတင်ပြခဲ့သော အကြောင်းအရာ များ အများမိဘ ပြည်သူများသိ ရှိစေရန်ရည်ရွယ်ချက်ဖြင့်ကျင်းပကြောင်း ကျားခေါင်းပါတီ စိုင်းထွန်းလှ ထံမှ သိရှိရသည်။

[mrsorcerer:36246] Fwd: [လူဗိုလ်ဟူသည် ...] နိုင်ငံရေးဆိုတာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/5
Subject: [လူဗိုလ်ဟူသည် ...] နိုင်ငံရေးဆိုတာ
To: lubo601@gmail.com



by Bo K Nyein on Wednesday, December 5, 2012 at 7:39am 

လက်ဝဲသမားတွေ ပြောလေ့ပြောထ ရှိတဲ့ "တိုက်ပွဲကခေါင်းဆောင်ကိုဖေါ်ထုတ်သည်" ဆိုတဲ့ စကားများ မှန်နေရော့လားမသိ။ 
ဘယ်နိုင်ငံမဆို ၊ အပြောင်းအလဲ ကာလ ဟာ အခက်အခဲဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးကာလ လို့ဆိုချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ "Change" ဆိုတဲ့ (အပြောင်းအလဲ) ဖြစ်တာနဲ့ (Expectation) ဆိုတဲ့ (မျှော်လင့်ချက်) ဆိုတာ က ကပ်ပါလာလို့ပဲ။အပြောင်းအလဲ ဟာ တော်လှန်ရေးကြောင့် ၀ုန်းတိုင်းကြီးပဲ ပြောင်းပြောင်း ၊ evolution အရ တဖြေးဖြေး ပဲ ပြောင်းပြောင်း ၊ ပြောင်းလဲတယ် ဆိုတာနဲ့ လူတိုင်းမှာ (Expectation) ဆိုတာက ကပ်ငြိ တွယ်လာပြီပဲ။ လူတဦးစီ ရဲ့ Capacity အပေါ် မူတည်ပြီး ၊ ဒီ (Expectation) ဟာ ကွဲလွဲ သွားတတ်တယ်။ အစိုးရ အတွက် ကတော့ change ပြောင်းလဲမှု အတွက် (Expectation) မျှော်လင့်ချက် ကို မှန်မှန်ကန်ကန် ကိုင်တွယ် နိုင်မဲ့ expectation management လို့ခေါ်တဲ့ မျှော်လင့်ချက် ကို ကိုင်တွယ်မှု ဟာ အလွန် အရေးကြီးပါတယ်။
ဒါကြောင့် အနောက်နိုင်ငံတွေမှာ Spoke person ပြောရေးဆိုခွင့် ရှိသူ ဆိုပြီး ထားကြ တာပေါ့။ ဒီလူ က မီဒီယာ က တဆင့် ပြည်သူကို အသိပေးရင်း မျှော်လင့်ချက် မလွန်ကဲ စေဖို့ ထိန်းပေး ရတဲ့ အဓိက ကျတဲ့ အစိုးရရဲ့ ယန္တယား တစ်ခုပါပဲ။ စကားမမှားဖို့လိုတယ်။ နိုင်ငံရေး နားလည်ရမယ် ၊ မီဒီယာ အကြောင်း နားလည်ရမယ်။ Crisis Management လို့ခေါ်တဲ့ ပြဿနာပေါ်တာနဲ့ မကြီးထွားရ အောင် ၊ ချက်ချင်းရှင်း ၊ ချက်ချင်းကြေငြာ နိုင်ရမယ်။ သို့လော သို့လော အဖြစ် မခံနိုင်။ အမေရိကန်လို နိုင်ငံများမှာတော့ ပြောရေးဆိုခွင့် ရှိသူ ရဲ့ အထက်မှာ Communications Director ဆိုတာ ရှိတယ်။ ဒီလို လူကမှ မီဒီယာ ပေါ်လစီ နဲ့ ဗျူဟာ ကို ချပေးနိုင်တာ။ ဒီလို အရေးကြီးတဲ့နေရာတွေ မှာ Adult Supervision လိုပါတယ်။

ပြောင်းလဲမှု ကာလ မှာ အရေးအကြီးဆုံး နောက်တစ်ခုက အတွေးဟောင်း mentality ဟောင်း ကိုဖျောက် နိုင်ဖို့ပဲ။ အထူးသဖြင့် ဖိနှိပ်မှု နဲ့ အုပ်ချုပ် တဲ့ အာဏါရှင် စနစ် ကနေ လွပ်လပ်မှု နဲ့ ပွင့်လင်းမှု ကို အခြေခံတဲ့ ဒီမိုကရေစီ စနစ် ကို အပြောင်းမှာ အတွေးအခေါ် ၊ စိတ်ဓါတ် ပြောင်းဖို့ အင်မတန် အရေးကြီး သလို ၊ ခက်ခဲ ပါတယ်။
ဦးနေ၀င်း ဟာ ၁၉၆၂ ခုနှစ်မှာ စစ်တပ် နဲ့ အာဏါသိမ်းပြီး သကာလ တဆင့်လွန်ကဲပြီး ကွန်မြူနစ် စနစ်က (ဗဟိုဦးစီး) စနစ်ကို (မ) ချလာပြီး မြန်မာမှုပြကာ (အညမည) ဆိုတဲ့ (မဆလ) အတွေးအခေါ်ဆိုတာ ကို သွပ်သွင်းလာပါတယ်။ အမှန်က ဦးနေ၀င်း လူလည်ကျ တာပါ။ စစ်အာဏါရှင်စနစ် ကို တရားဝင်အောင် ကွန်မြူနစ် စနစ်က ဗဟိုဦးစီး နဲ့ ပေါင်းစပ်ပေးလိုက်တာပဲ။ ဦးနေ၀င်း ရဲ့ ဗမာနိုင်ငံမှာ ကွန်မြူနစ် ကေတာ တွေ အစား (စစ်သားကေတာ) က ဦးစီးတာပဲ ကွာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ကိုဖျက်စီး သွားတာ စစ်ဗိုလ်စစ်သား တွေပြီးရင် လက်နက်ချ ၊ ဖက်ပြောင်း ၊ အလံဖြူ ၊ အလံနီ ၊ အချောင်ဝင်နှိုက် ကြတဲ့ ရောင်စုံ ကွန်မြူနစ်တွေပဲ ဆိုရင် မမှားပါဖူး။

ဗဟိုဦးစီး စနစ် ကိုအခြေခံတဲ့ အတွက် ၊ ဗဟိုဦးစီးက စီးဆင်းလာတဲ့ (စိတ်ဓါတ်) ဟာ မြန်မာနိုင်ငံမှာ လွှမ်းမိုးခဲ့တာ မဆန်းပါဖူး။ ဒီစိတ်ဓါတ် ကို မြန်မာနိုင်ငံမှာ အားလုံး နားလည်ကြတာ က (မဆလ) စိတ်ဓါတ်။ ဦးနေ၀င်း ရဲ့ မဆလ ခေတ်က တဆင့် န၀တ ၊ နအဖ ခေတ်အဆက်ဆက် စစ်အာဏါရှင် စနစ် ပုံသဏ္ဍန် တွေ ပြောင်းသွားပေမဲ့ ဒီ (မဆလ) စိတ်ဓါတ်က တော့ ခေတ်အဆက်ဆက် ရှင်သန်လျှက်ပဲ။ စစ်တပ် ၊ ပြည်သူ နဲ့ ယုတ်စွ အဆုံး အတိုက်အခံ တွေထဲမှာ တောင် ဒီ (မဆလ) စိတ်ဓါတ်ကို ထုတ်နှုတ် လို့ မရ ခဲ့ကြပါဖူး။

ဒီ (မဆလ) စိတ်ဓါတ်ဟာ မြန်မာပြည် တစ်ခုထဲမှာ မှ မဟုတ် ၊ ကွန်မြူနစ် ဗဟိုဦးစီး စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ဒုက္ခ ပေးလျှက်ရှိတယ်။ ပူတင်ရဲ့ ရုရှားနိုင်ငံ ၊ တိန်လျှောက်ပိန် ရဲ့ တရုတ် နိုင်ငံ တို့မှာ လည်း ဒုက္ခပေးခဲ့ ၊ ပေးလျှက် ရှိသလို ၊ စာရေးသူတို့ ရဲ့ မြန်မာနိုင်ငံမှာ လည်း ယနေ့အထိ လွှမ်းမိုးလျှက် ရှိပါသေး တယ်။
လက်ပံတောင်းတောင် အရေးအခင်း မှာ အစိုးရ အကိုင်အတွယ်မှား တာ ၊ အစိုးရ အတွင်း က (မဆလ) စိတ်ဓါတ် တွေ မသိ လိုက်ရပဲ ပန်းထွက် လာတာလို့ စာရေးသူ က သုးံသပ်ချင်တယ်။ ဗဟိုဦးစီး စနစ် နဲ့ ဆိုရှယ်လစ်စီးပွားရေး စနစ် ကို ကျင့်သုံးတဲ့ နိုင်ငံတိုင်း ရှားပါးငတ်ပြတ် ရတာ ဓမ္မတာပဲ။ ဒီလို ရှားပါးတဲ့ အချိန်မှာ လူတွေရဲ့ စိတ်ဓါတ်တွေ ပျက်ပြား သွားရတယ်။ တကိုယ်ကောင်း ဆန်တဲ့ စိတ်တွေ ရှေ့ရောက် လာတတ်ကြတယ်။ ဒီကမှ တဆင့် အပြင်လူ ၀င်လာတာကို မလိုလားဖူး။ ငါတို့ပဲ ကြိပ် လုပ်မယ်ဆိုတဲ့ စိတ်တွေ လွှမ်းမိုး လာပြီး (အုပ်စု) ဖွဲ့ပြီး (ခိုးစား) တဲ့ အလေ့အထ တွေ ပေါ်လွင် လာတယ်။

စစ်အာဏါရှင် စနစ်တိုင်းမှာ (သစ္စာခံမှု) ဆိုတဲ့ Loyalty ဟာ အရေးအကြီးဆုံးပဲ။ ဦးနေ၀င်း ပြောခဲ့တဲ့ (လူတော်) (လူကောင်း) ပြဿနာ ဆိုတာ ဒီ သစ္စာခံမှု က ထိုက်ရိုက် ဆင်းသက် လာတဲ့ ပြဿနာပဲ။ စစ်အာဏါရှင် စနစ်မှာ စစ်ခေါင်းဆောင် တိုင်းဟာ မိမိအပေါ် သစ္စာခံဖို့ အတွက် (အကျိုးအမြတ်) လို့ခေါ်တဲ့ (Interest) နဲ့ ၀ယ်ယူရတယ်။ (Loyalty)  ရဖို့ (Interest) ကို (Currency) အနေ နဲ့ (အသုံးချ) ကြရတာပဲ။

မြန်မာနိုင်ငံမှာ ဦးနေ၀င်း ရဲ့ ဆိုရှယ်လစ် အမွေအနှစ် legacy က (ထိန်းချုပ်ခြင်းဖြစ်တဲ့(Regulation) ပဲ။

(Regulation) ကြောင့် (အခွင့်ထူးခံ) တွေ ပေါ်လာတယ်။ (Regulation) ကြောင့် (အခွင့်ထူးခံ) တွေ အတွက် (အကျိုး) (Interest) ဖြစ်ပွားစေတယ်။ ဒီ (အကျိုး) ရရှိမှု ကြောင့် ရာထူး ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ စီက (သစ္စာခံမှု) ကို ရလိုက်တယ်။ ဒီ (သစ္စာခံမှု) ကြောင့် စစ်အာဏါရှင် တည်မြဲတယ်။ ဒီလို နဲ့ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ဟာ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဖြစ်ခဲ့ရတယ်။

ဒီလို (မဆလ) စိတ်ဓါတ် အတွင်းလှိုက်စားခံခဲ့ရတဲ့ ၊ သပွပ်အူလို ရှုပ်ထွေးနေတဲ့ ၊ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ကို ဒီမိုကရေစီ ထုံးသုတ်လိုက်တာနဲ့ ၊ ဒီမိုကရေစီ ကြွေးကြော်လိုက်တာနဲ ၊ ပလို့ဂျိ ဆိုပြီး တတိုင်းတပြည်လုံး ဒီမိုကရေစီ ယိမ်းထွက် (က) လို့ ရကြတာမှာ မဟုတ်တာ။ ရှေ့ က ဘယ်လို ဒီမိုကရေစီ အော်နေပေမဲ့ အတွင်း စိတ်ဓါတ်က (မဆလ) သက်သက်ပဲ။ မပြောင်းလဲ နိုင်သေးပါဖူး။ ဒါကို (သိ) ဖို့ (သတိ) ရှိဖို့ လိုတယ်လို့ ထင်လို့ပါ။

န၀တ-နအဖ ခေတ်မှာ ဈေးကွက်စီးပွားရေး ကို ကျင်သုံးတယ်ဆိုပေမဲ့ ၊ (မဆလ) စိတ်ဓါတ် နဲ့ ကျင့်သုံး လိုက်တော့ (ခရိုနီ) ဆိုတာတွေ ကြီးစိုးလာတယ်။ အခု ခေတ်ပြောင်း ကာလ မှာတောင် ဒီမိုကရေစီ ကျင့်သုံး တယ် ဆိုပေမဲ့ (မဆလ)နောက်ခံ နဲ့ ဆိုတော့ လက်ပံတောင်းတောင် အရေး ကိုင်တွယ်ခြင်း ဖြစ်လာရတယ်။
ဒါက ဘာကို ညွှန်ပြနေသလဲ ဆိုရင် ၊ လူတိုင်းဟာ ဒီမိုကရေစီ အော်နေကြပေမဲ့ တကယ် လိုချင်ကြတာက (မိမိရဲ့အလိုဆန္ဒ) ပဲ။ ခံစားရတဲ့ သူတွေကလည်း မိမိတို့ရဲ့ ဆန္ဒကိုပဲ တောင်းသလို ၊ အစိုးရ ကလည်း အရင် အကျင့်အတိုင်း  ၊ (မဆလ) စိတ် အပြည့် နဲ့ (ချလိုက်မယ်ကွ) ဆိုပြီး (နှိမ်နင်း) ဖို့သာ (အာရုံစိုက်) ကြတော့ Consequence ဆိုတဲ့ (နောက်ဆက်တွဲ) ကို ထဲ့မစဉ်းစားကြတော့ဖူး။ ဒါကြောင့် (လိုတာထက်) ပို ပြီး အရုပ်ဆိုး ကုန်ကြရတယ်။

ဒေါ်စု ပြောတဲ့ (မိမိရဲ့အလိုဆန္ဒကိုပဲ မကြည့်ကြပါနဲ့ ဆိုတာ  ဒါကိုပြောတာပဲ လို့ ခံစားရမိတယ်။

အုပ်ချုပ်သူတွေ အထဲမှာလဲ ၊ စစ်မှန်သောပြောင်းလဲမှု ကို လိုလားတဲ့ သူတွေ ရှိသလို ၊ ပြောင်းလဲမှု သာ တကယ် ပြောင်းလဲ သွားရင် မိမိတို့ ရရှိခဲ့တဲ့ အကျိုး ၊ ရရှိဆဲ အကျိုး တွေ လျော့နဲ ပျက်စီး သွားမှာ ကို မလိုလား တဲ့ သူ တွေ ရှိကြတာပဲ။ ဒါ မြန်မာနိုင်ငံ တစ်နိုင်ငံပဲ မဟုတ်ပါ။ ပြောင်းလဲမှု ဖြစ်တဲ့ နိုင်ငံ တိုင်းမှာ တွေ့ကြုံရတဲ့ (နိုင်ငံရေးဓမ္မတာ) လို့ပြောလို့ ရပါတယ်။

မြန်မာနိုင်ငံ ရဲ့ ထူးခြားတဲ့ အခြေအနေ ကတော့ ဗျူဟာကိုကောင်းကောင်း နားလည်တဲ့ ဦးသန်းရွှေက ၊ စစ်တပ်အတွက် (အာမခံချက်) (Insurance) ၊ ဒီမိုကရေစီ လိုလားသူတွေ အတွက် (မြေမြှူပ်ဖုံး) လို့ပြော လို့ရနိုင်တဲ့ ၊ check and balance တွေကို Constitution မှာထဲ့ သွားခဲ့တယ်။

မှားမှားမှန်မှန် ၊ ဒါ reality ပဲ။ စစ်အာဏါရှင် စနစ်က နေ ဒီမိုကရေစီ ကို ဖြေးဖြေးပြောင်းချင်ရင် ၊ ဒီ reality ကို နားလည် ရမှာပဲ။

လက်ရှိ စနစ်မှာ သမ္မတ သည်ပင် တချက်လွှတ်အမိန့် ထုတ်နိုင်တဲ့ absolute အာဏါရ မရှိရှာ ပါဖူး။ ဒီမိုကရေစီ စနစ်ကို တကယ် နားလည်း လက်ခံရင် absolute အာဏါရှင် ကိုမလိုလား နိုင်ပါ။ ဒါကြောင့် သမ္မတ ကိုယ်တိုင် သူ့ရဲ့အုပ်ချုပ်မှု ဘောင်အတွင်းမှာ ရှိတဲ့ (အုပ်စု) (factions) တွေရဲ့ အားပြိုင်မှု ကို လိုက် လျှောညီထွေ ဖြစ်အောင် ကျင့်ကြံ ဆုံးဖြတ်ရတာတွေ ရှိတယ်။ အဓိက က သူအမွေဆက်ခံ ခဲ့ရတဲ့ စနစ်က အမွေတွေကို လက်မခံ လို့မရ။ ပြစ်ပြစ်ခါခါ စွန့်ပစ် လို့လည်းမရ။ သူ့နောက်ကြော မှာ Insurance (အာမခံ) အဖြစ်ထားခဲ့တဲ့ (စစ်တပ်) က ရှိနေသေးသည် မဟုတ်ပါလား။

ဒါကြောင့် လက်ရှိ သမ္မတ နှင့် ဒီမိုကရေစီ ခေါင်းဆောင် အားလုံး မကျော်နိုင်တဲ့ (မျဉ်း) ဆိုတာ ရှိသေးတယ် ဆိုတာကို မေ့ လို့ မရပါ။ အကယ်၍ မဖြစ်သင့် သည်များ ပြန်ဖြစ်ခဲ့ သည်ရှိသော် ၊ တိုင်းပြည် နောက် အနှစ် (၂၀) (၃၀) ပြန်နောက်ဆုတ် သွားနိုင်တဲ့ အန္တရယ် ကိုမေ့၍ မရပါ။

ဆုံးဖြတ်ချက် အားနဲချက် နဲ့ ဖေါ်ဆောင်မှု အမှား 
မြန်မာနိုင်ငံဟာ စစ်အာဏါရှင် လက်အောက်မှာ အနှစ် (၅၀) ကျော် ဖြတ်သန်းခဲ့ရတယ်။ (မဆလ) စိတ် ဓါတ် ဟာ တနိုင်ငံလုံး ပြန့်နှံ့ လွှမ်းမိုးလျှက်ရှိတယ်။ (ထိန်းချုပ်မှု) နဲ့ (ဖိနှိပ်မှု) ကို အားကိုးတဲ့ အာဏါရှင် စနစ် ကနေ (လွပ်လပ်မှု) နဲ့ (ပွင့်လင်းမှု) ကို အခြေခံတဲ့ ဒီမိုကရေစီ ကို ကူးပြောင်းတဲ့ ကာလ မှာ ပြည်သူတွေ တင်မက အုပ်ချုပ်သူတွေ ကိုယ်နှိုက် (adjust) လုပ်ကြရတာပဲ။ ပြည်သူတွေ နဲ့ ခံစားရတဲ့ သူတွေက လွပ်လပ်ခွင့် ကြောင့် (အဖြေ) ကိုသော်၎င်း ၊ (တရားမျှတမှု) ကိုသော်၎င်း ၊ ချက်ချင်း (လို) ချင်ကြတယ်။ (အခက်အခဲ) တွေကို နားမလည်း နိုင်ကြ။ အာဏါပိုင် တွေအဖို့ အမွေဆက်ခံမှု legacy ပြဿနာ တွေရှိတယ်။ တောင်းဆိုမှု တွေ ဆက်တိုက်ပေါ်လာမှာ ၊ ဆန္ဒထုတ်ဖေါ်မှု တွေ မပြတ် ပေါ်လာမှာ ကို စိုးရိမ်ကြတယ်။

စစ်မှန်သောပြောင်းလဲမှု ကိုလိုလားတဲ့ သူတွေက (မရမ်း) ဖို့ (အချိန်) ယူပြီး ခေါင်းအေးအေား နဲ့ ဖြေရှင်းဖို့ ပြောတယ်။ အပြောင်းအလဲ တွေမြန်ဆန် လွန်းတယ်လို့ တွေးထင်သူများ က စိုးရိမ်စိတ် လွန်ကဲ ပြီး မြန်မြန် ဖြေရှင်း လိုက်ဖို့ တိုက်တွန်းကြတယ်။ ဒါ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဒီနေရာမှာ အုပ်ချုပ်သူ အကြီးအကဲ က ချင့်ချိန်ပြီး ဆုံးဖြတ်ရတာပဲ။
ဒီလိုအခြေအနေကို ဆုံးဖြတ်ရာမှာ ခေါင်းအေးဖို့လိုသလို ၊ စိုးရိမ်စိတ် မကြီးဖို့ လည်း လိုအပ် လှပါတယ်။ တချိန်ထဲ မှာ အတွေ့အကြုံ ရှိတဲ့ ၊ Capacity ရှိတဲ့ အကြံဥါဏ် ပေးနိုင်တဲ့ လူတွေ လိုပါတယ်။ ဘာကြောင့် လဲ ဆိုရင် ဒီလို ပြဿနာ မျိုးဟာ မကိုင်တွယ် တတ်ရင် ပြဿဒ် က(စ) တပြည်လုံး မီးလောင် နိုင်လို့ပဲ။

လွန်ခဲ့တဲ့ (၅) နှစ်လောက် က တရုတ်ပြည် ဆင်ကျင်းပြည်နယ် (Xing Jing) မှာ ၀ီဂါ လူမျိုးတွေ ဆန္ဒ ထုတ်ဖေါ်ကြ တော့ ပြည်ပ ရောက်နေတဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း ဟာ ချက်ချင်း ပြည်တော် ပြန် ပြေးရတာပဲ။ တိန်အန်မင် အရေးအခင်းတုန်း ကလည်း တိန်လျှောက်ပိန်ကိုယ်တိုင် ၀င် အဆုံးအဖြတ် ပေးရတာပဲ။ အပြောင်းအလဲ လိုလားတဲ့ ကျောက်စီရမ်း က ကျောင်းသားတွေကို စေတနာ ဂရုဏါ ရှိတယ်။ တိုင်းပြည် အကျိုးထက် တရုတ်ကွန်မြူနစ် ပါတီ အကျိုး ကိုကြည့်တဲ့ တရုတ်ဝန်ကြီးချုပ် လီပန် တို့က ကျောင်းသားတွေကို နှိပ်ကွပ် ချင်တယ်။ နောက်ဆုံး တိန်လျှောက်ပိန် က Hardliners တွေဖက်ကရပ် လိုက်တော့ ကျောင်းသားတွေ အသတ်ခံ လိုက် ကြရတယ်။ တရုတ်ကျောင်းသားတွေ အထဲမှာ လည်း အန္တရယ် ကို (မြင်) တဲ့သူတွေ နဲ့ (လိုချင်တာပဲ) (သိ) တဲ့ သူတွေ အကြား အားပြိုင်မှု ရှိကြတာပဲ။

ဆုံးဖြတ်ချက်အပြီး ဖေါ်ဆောင်မှု 
ဆန္ဒထုတ်ဖေါ်မှု ကို နှိမ်နင်းဖို့ ဆုံးဖြတ်အပြီး ၊  ဒီ အမိန့် ကိုဖေါ်ဆောင်တဲ့နေရာမှာ ၊ အာဏါပိုင် လုံထိန်း တွေဟာ (မဆလ) စိတ်ဓါတ် နဲ့ အရင်နှိပ်ကွပ်မှု ယဉ်ကျေးမှု ၀သီ ကို မထိန်း နိုင်ကြတဲ့ အတွက် နောက် ဆက်တွဲ ပြဿနာ Consequence ကို မစဉ်းစား ပဲ Operation Plan ကိုရေးဆွဲခဲ့ကြ ပုံရတယ်။ အရင် အာဏါရှင် စနစ်အောက်မှာ တိပ်တိပ်ကြိပ် ရိုက် ၊ ကြိပ်နှိမ်နင်း ၊ ကြိပ်ရှင်း ၊ ကြိပ်ဖုံးဖိ လိုက်လို့ ရတယ်။ ခုလို ပွင့်လင်းမှု အတော်အတန် ရှိတဲ့ ကာလ မှာ ဆန္ဒထုတ်ဖေါ် တဲ့ ဘုန်းကြီးတွေ မီးလောင် ဒဏ်ရာ တွေနဲ့ ခံစားနေ ရတဲ့ ဓါတ်ပုံ တွေဟာ တမဟုတ်ချင်း ကမ္ဘာအနှံ့ ပြန့်နှံ့ သွားတာ အလွန် အရုပ်ဆိုး တယ်။

တိုင်းပြည်ရော ၊  အစိုးရ ပါ အတိုင်းထက်အလွန် သိက္ခာကျ ရတယ်။ A photo speaks more than a thousand words ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ တခါတရံ ဓါတ်ပုံ တစ်ပုံကြောင့် ၊ ကမ္ဘာ့ အမြင် တွေ ပြောင်းသွားနိုင်ပါတယ်။ ဗီယက်နမ်စစ် က အမေရိကန်တွေ နပန်းဗုံး ကြဲချတော့ ကြောက်အားလန့်အား နဲ့ မိမွေးဖမွေး အတိုင်း ထွက်ပြေးနေတဲ့ ဗီယက်နမ် ကလေး ပျို ရဲ့ ခံစားမှု ကို အမိဖမ်းထား တဲ့ ဓါတ်ပုံ ဟာ ကမ္ဘာ အနှံ့ ပြန့်ခဲ့တယ်။ ဓါတ်ပုံဆရာ လည်းကမ္ဘာကျော်သွားသလို ၊ ဗီယက်နမ် စစ် ဆန့်ကျင်ရေးဟာ လည်း အမေရိကန် အပြင် ကမ္ဘာပြန့် ခဲ့ရတယ်။ ခံစားချက် ထိမိ တဲ့ ၊ အသက်ဝင်တဲ့ ဓါတ်ပုံရဲ့ သြဇာ ပါပဲ လို့ ပြော လို့ ရနိုင်ပါတယ်။ တနည်း အားဖြင့် (လွပ်လပ်ခွင့်) ရဲ့ အာဏါစက် လို့လည်း ပြောလို့ရနိုင်တယ်။

ဒီလို power of a photo လို့ပြောနိုင်တဲ့ ဓါတ်ပုံ ရဲ့ သြဇာကိုသိ တဲ့ အာဏါပိုင် တွေဟာ ဆန္ဒထုတ်ဖေါ်မှု ကို အကြောင်းကြောင်း ကြောင့် ဖြိုခွင်းရတော့မယ် ဆိုရင်တောင် ရေပက်ပြီး ဖြိုခွဲမယ် ၊ အကြမ်းဖက်မှု နဲနိုင်သမျှ နဲအောင် လူအင်အားနဲ့ ဖြိုခွင်းမယ် စသည်ဖြင့် ဖြိုခွင်းနည်း တွေအထဲက အစွန်းရောက်မဲ့ ၊ အရုပ်ဆိုးတဲ့ နောက်ဆက်တွဲ တွေကို တတ်နိုင်သမျှ ကြိုးစားပြီး ၊ ရှောင်ထိန်းပြီး ဖြိုခွင်းမယ်။

နောက်ဆက်တွဲ Consequemces ကို ဂရုစိုက် စရာမလိုခဲ့တဲ့ ၊ ကြိပ်ဖုံး နိုင် ၊ ကြိပ်အနိုင်ကျင့် နိုင်တဲ့ ယဉ်ကျေးမှု ကို မစွန့်လွှတ် နိုင်သေးတဲ့ ရဲတပ်ဖွဲ့ နဲ့ အာဏါပိုင်တွေ အဖို့ ၊ (မဆလ) စိတ်ဓါတ် ကို ၊  မစွန့်လွှတ် နိုင်သေးတဲ့ ရဲတပ်ဖွဲ့ နဲ့ အာဏါပိုင်တွေ အဖို့ ကတော့ အလွယ်နည်းဖြစ်တဲ့ ၊ (အကြမ်း) နည်းကို စရိုက် ၊ နဂိုလ်ဝသီ အတိုင်း ဘီလူးဆိုင်း နဲ့ ထွက်လာကြမှာပဲ။

စာရေးသူ ဥါဏ်မှီ သလောက် စဉ်းစားရတာကတော့ ၊ လက်ပံတောင်းတောင် အရေး က အဖြစ်အပျက် ဟာ ၊ လုပ်ရိုးလုပ်စဉ် အတိုင်း ၀င်ကြမ်း ရုံမက ပေါချောင်ကောင်း ဈေးပေါပေါ နဲ့ ၀ယ်ထားတဲ့ မျက်ရေယိုဗုံး တွေမှာ phosphorous တွေပါတာ ၊ ရေနဲ့ရော ရင် လောင်ကျွမ်းနိုင်တာ ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်မှာကို ဘယ်သူက မှ မတွေးမိ ၊ အရေးမထားမိ ၊ သတိပေးမဲ့ သူလည်း မရှိ ဖြစ်ခဲ့ ရတယ်ထင်မိတယ်။

ဖြစ်ပြီးမှ တောင်းပန်တာတို့ ၊ ရှစ်ခိုးတာတို့ လုပ်ရတော့လည်း ၊ ထိရောက်မှု မရှိ ၊ လွန်သွားရပြီ
Liberalization ကာလ ၊ transition ကာလ မှာ ဒီလို ဆန္ဒထုတ်ဖေါ်မှု ဆိုတာတွေ နောက်လည်း ဖြစ်နေဦးမှာပဲ။ legacy ဆိုတဲ့ (အမွေ) က ရှောင်လို့မှ မရတာ။ ကြိပ်ဝိုင်းခေတ် မှာ ကြိပ်ခိုး ၊ ကြိပ်နှိပ်စက် ထားတာတွေက တဖြေးဖြေး ပေါ်လာရမှာပဲ။

Moral Authority လိုလာပြီ 
ဦးသိန်းစိန် ရဲ့ အစိုးရ ဟာ ဘယ်လောက်ပင် ရိုးသားတယ်ဆိုဆို ၊ စိတ်ထားမှန်ပါတယ် ပြောပြော ၊ အရင် စစ်အာဏါရှင် အစိုးရ ရဲ့ နောက်ဆက်တွဲ အစိုးရ ဖြစ်တဲ့ အတွက် ၊ မိမိတို့ ရဲ့ Legacy ကို ပယ်ဖျောက်၍ မရနိုင်ပါ။ ဒါဟာလည်း reality ပါပဲ။

ထို့ကြောင့် Moral Authority လို့ပြောရမဲ့ "စိတ်ဓါတ်ဆိုင်ရာပြောနိုင်ခွင့် အာဏါ" ကျတော့ အားနဲ လျှက် ရှိပါတယ်။
ဒီနေရာမှာတာ့ ဒီမိုကရေစီ အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး တို့က ၎င်းတို့၏ တိုင်ပြည်အတွက် စွန့်လွပ်မှု ၊ အနစ်နာ ခဲခဲ့မှု ရာဇ၀င် ကြောင့် ၊ လူထု ရဲ့ ယုံကြည်မှု နဲ့ အားကိုးမှု ကို ရရှိတဲ့ အတွက် Moral Authority မှတော့ အလွန် ခွန်အားပြည့်လျှက် ရှိပါတယ်။

ကံကောင်းတယ်ဗျို့ 
ကံကောင်းတာက ၊ ဒီလို တိုင်းပြည် အန္တရယ် ရှိတဲ့ အချိန်မှာ Moral Authority ရှိတဲ့ ပြည်သူ့ခေါင်းဆောင် တွေဟာ Capacity ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်လို့ ကျေနပ်မိတယ်လို့ ပြောချင်တယ်။ ဒေါ်စု ရော ၊ ၈၈ ခေါင်းဆောင် တွေဟာ ပြည်သူတွေ ရဲ့ ခံစားချက်ကို သိရုံ မက ၊ အစိုးရ တစ်ဖွဲ့ လိုက်နာရမဲ့ နိုင်ငံတကာ ဥပဒေနဲ့ လုပ်ထုံး တွေကို နားလည်သဘောပေါက် ကြတယ်။ ဒါကြောင့် တကိုယ်ကောင်း မဆန်ပဲ တိုင်းပြည် အကြပ်အတဲက လွပ်နိုင်အောင် အဖြေရှာဖို့ စေတနာ ရှိတာ ထင်ရှားပါတယ်။

ပြည်သူက အားကိုးတဲ့ ပြည်သူ့ ခေါင်းဆောင်တွေဟာ အရေးကြုံ လာတဲ့ အခါမှာ ပြည်သူကြား ၊ ပြည်သူ တွေ အနား မှာရှိနေပေမဲ့ တကိုယ်ကောင်း မဆန် ကြဖူး လို့ထင်မိတယ်။ ဆိုလိုချင်တာက နိုင်ငံရေး အခွင့်အရေး မယူကြဖူး။

ဘာကိုဆိုလိုတာလဲ 
ဗမာနိုင်ငံ လွပ်လပ်ရေး ရခါနီး ၊ ခုလိုပဲ ပြောင်းလဲကာလ transition period မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ခေါင်းဆောင် တွေဟာ တဖက်က နေမ၀င်အင်ပါယာ အင်္ဂလိပ် တွေနဲ့ ဥါဏ်ချင်းယှဉ် ပြီး လွပ်လပ်ရေး ကိုတောင်းဆိုနေရတယ် ၊ တဖက်ကလည်း လွပ်လပ်ရေးမှာ တိုင်းရင်သားတွေနဲ့ တညီ တညွပ် ထဲဖြစ်အောင် ပင်လုံညီလာခံ ခေါ်ပြီး လုံးပန်းနေရတယ်။ ဒီအချိန် မှာ နိုင်ငံရေး သြဇာ ရှိတဲ့ ကွန်မြူနစ် တွေက မိမိတို့ရဲ့ သြဇာ Political Capital ကို (ရှိ) တာထက် (ပို) အထင်ကြီးပြီး နိုင်ငံ့ အာဏါ ကို သိမ်းဖို့ အခွင့်အရေး လို့ ဆုံးဖြတ်ခဲ့ကြတယ်။ လက်နက်ကိုင် တော်လှန်ဖို့ တကဲကဲ ဖြစ်နေကြတယ်။
တိုင်းပြည် အကျိုးထက် ၊ ပါတီ အကျိုး ကို ၊ ပို ဦးစားပေးခဲ့ကြတယ်။။

ရလဒ်က ပြည်တွင်းစစ်။
ပြည်တွင်းစစ် ဖြစ်တော့ စစ်တပ် ကို ထောင်ရတယ်။ ချဲ့ရတယ်။  စစ်တပ်ရဲ့ role ကကြီးထွားလာတယ်။
ပြည်တွင်းစစ် ဖြစ်တော့ ၊ တဖက်က တိုင်းပြည်ထူထောင်ရေးကို လိုသလောက် ၊ မလုပ် နိုင်ကြဖူး။
အတိုက်ခံ ခေါင်းဆောင် ဆိုတာ ယနေ့ အတိုက်အခံ ဖြစ်နေပေမဲ့ ၊ မနက်ဖန် အစိုးရ ဖြစ်နေတတ်တယ်။
မိမိ အစိုးရ ဖြစ်ရင် လည်း Legacy ဆိုတဲ့ (တိုင်းပြည်အမွေ) ကိုရှောင်လို့ မရ။ တာဝန်ယူရမှာလေ။
ဒါကို ယနေ့ အတိုက်အခံ ခေါင်းဆောင်တွေ ၊ Moral Authority ရှိတဲ့ ခေါင်းဆောင် တွေက နားလည် တာကို ဆိုလိုတာပါ။ ကျေးဇူးတင်ပါတယ်။
ရှေးခေတ် က ကွန်မြူနစ် တွေ နဲ့ Capacity ရော စေတနာ မှာပါ ကွာကြတာ လို့ပဲ ထင်မိတယ်။

အလယ်သားစားချင်တဲ့ မြေခွေး နဲ့ လဒ တွေ 
တချိန်က ကွန်မြူနစ် တွေ capacity မမှီ ၊ စေတနာ က (နဲ) တာကြောင့် တိုင်းပြည် အခက်အခဲ တွေ့ ချိန်မှာ အမဲဖျက် ဖို့ ကြံစည် ကြ သလို ၊ ယနေ့ တိုင်းပြည် အခက် တွေ့ ချိန်မှာ ၊ ၀င် အမဲဖျက် ဖို့မြှောက်ပေး နေကြ တဲ့ နိုင်ငံရေး (လဒ) တွေ ၊ လက်ဝဲ ရော ၊  လက်ျာ မှာပါ ပေါ်ထွက်လာကြပြန်ပြီ။
ပြည်သူ တွေ emotional ဖြစ်နေချိန်မှာ အချွန် နဲ့ ကလော် ချင်သူတွေက မရှားပါ။

ငွေ ရှိရင် ရပြီ လို့ မထင်လိုက်ကြပါနဲ့
အမေရိကန် တွေ ရဲ့ အကျင့် က ထစ်ကနဲ ဆို ငွေ နဲ့ ကိုင်ပေါက်ဖို့စဉ်းစားကြတာ။ ဒါကြောင့် တကမ္ဘာလုံး က မုန်းတီးနေကြတာ။
ပြဿနာ က တိုင်းပြည် ဆူပူ ပြီးရင် ဘာဆက်လုပ်ကြမှာလဲ။ စဉ်းစားထားကြပါသလား။ တိုင်းပြည် Balkanization ဖြစ်မှာ ကိုတော့ မည်သူမှ လိုလား နိုင်မည် မထင်ပါ။ ပုဇွန်ခေါင်း လက်ဝဲ အတွေးနဲ့ ကွမ်းရာဆိုင် က အစ ပြည်သူပိုင် သိမ်းရုံ နဲ့ ပြည်သူတွေ ရဲ့ ဘ၀ မတိုးတက်လာနိုင်ပါ။
တိုင်းပြည် ဖရိုဖရဲ ဖြစ်ရင် ဘိုးတော်တွေ ပြန်ကြွလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူ ဖြစ်မိနေပါလိမ့်မယ်။
ဒီလိုအချိန်မှာ နိုင်ငံရေး အရောင်အသွေး ပေါ်လာစမြဲပါ။
ဒေါ်စု နဲ့ အတူ ၊ ဥါဏ်ရှိတဲ့ (၈၈) တွေ ရှိနေလို့ တော်ပါသေး လို့ထင်မိတယ်။

အာဏါပိုင် နဲ့ ရဲမှူးကြီးတွေ ဂရိ နိုင်ငံကို တချက်လောက်ကြည့်ပါဦး 
ယနေ့ ဂရိ နိုင်ငံဟာ အရင် အစိုးရ အဆက်ဆက် ရဲ့ အမှား တွေကြောင့် ဒေ၀ါလီ ခံရနီးနီး စီးပွားရေး အခက်ကြုံ နေကြရတယ်။
ပြည်သူတွေ ခါးစည်း ခံ နေကြရတယ်။

ဒီခံစားမှု တွေကြောင့် ပြည်သူတွေ မကြာခဏ လမ်းမ အပေါ်ထွက်ပြီး ဆန္ဒ ထုတ်ဖေါ် နေကြတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံဖြစ်တာမို့ ပုလိပ် (ရဲ) တွေဟာ သူ့အလုပ်သူလုပ် ကြပေမဲ့ နိုင်ထက်စီးနင်း ပြည်သူကို ရက်ရက်စက်စက် မနှိပ်စက်ကြဖူး။ အစိုးရ ကလည်း ဘာကြောင့် ပြည်သူ မကြိုက်တဲ့ ပေါ်လစီ တွေ ချမှတ်ရတယ်ဆိုတာ ကို ပြည်သူကို ချပြတယ်။ ပြီး သူလုပ်ရမဲ့ အလုပ် ကိုဆက်လုပ်ရတယ်။ ဒီလို မိုးထဲရေထဲမှာ ရွေးကောက်ပွဲ ကျင်းပရတော့ ၊ ပြည်သူက လက်တွေ့ကျတဲ့ အစိုးရ  ကိုပဲ ပြန်ရွေးကောက် ခဲ့ကြတယ်။ ပြည်သူအကြိုက် ပေါ်ပြူလာ အဆို တင်လာတဲ့ လက်ဝဲစွန်း တွေကို အနိုင် မပေးခဲ့ပါဖူး။

အစိုးရက ပြည်သူကို ချပြပြီး ပွင့်လင်းမှု နဲ့ Expectation Management ကို ပီပီပြင်ပြင် လုပ်နိုင်ခဲ့ သလို ၊  ရဲ တပ်ဖွဲ့ ၀င် တွေနဲ့ အာဏါပိုင်တွေ က ပြည်သူကို ရန်သူလို့ သဘော မထားပဲ ၊ ပြည်သူ တွေကို ဆန္ဒ ထုတ် ဖေါ် ခွင့်ပြုတဲ့ အတွက် ပြည်သူက လက်တွေ့ သမားတွေကို ပဲ ပြန်ရွေးခဲ့ကြတာ။ ပြည်သူကို နားလည် ပေးရင် ၊ ပြည်သူ ကလည်း နားလည်ပေး နိုင်တယ် လို့ ဆိုလိုတာပါ။

နောက်ဆုံးတော့ 
လက်ပံတောင်းတောင် အရေးအခင်းမှာ အစိုးရ ကိုင်တွယ် တာ မမှန်ဖူး ဆိုတာ ထင်သာမြင်သာ ပါတယ်။
အစိုးရ အာဏါပိုင်တွေလည်း အမှား က သင်္ခန်းစာ ယူနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
တိုင်းပြည် အပေါ် စိတ်ကောင်းရှိတဲ့ သူတွေလည်း စိတ် မလျော့ ကြပါနဲ့လို့ပြောပါရစေ။
နိုင်ငံရေးဆိုတာ  ကြွေတလက် ၊ ကြက်တခုန် ၊ စေတနာ မှန်ရင် ပစ်တိုင်းထောင် ဖြစ်နေဦး မှာပါ။
အဝေးက အော် နေကြသူများလည်း
ပြည်တွင်းမှာ ၊ ပြည်သူနဲ့ နီးနီးကပ်ကပ် နေကြည့်ကြပါဦး
ပြည်သူပြည်သားတွေ ၊ သိပ်ဆင်းရဲတယ်ဗျာ ….
တိုင်းသူပြည်သားတွေ သိပ်ဆင်းရဲ တာ ၊ ခံစားနေတာကို သတိရှိကြပါ။ တိုင်းပြည်ထူထောင်ရေး ကို သတိလက်လွပ် မဖြစ် ကြပါစေနဲ့ လို့ ဆုတောင်းလိုက်ပါတယ်။
ရနေတဲ့ အရှိန်လေး မပျက်သွား စေချင်တဲ့ စေတနာပါ။

ဘိုဘိုကျော်ငြိမ်း
ဒီဇင်ဘာလ ၅ ရက်
ခေတ္တ ရန်ကုန်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/06/2012 03:54:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36246] Fwd: [လူဗိုလ်ဟူသည် ...] အင်တာနက် ခရီးကြမ်း (အပိုင်း ၂၂)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/5
Subject: [လူဗိုလ်ဟူသည် ...] အင်တာနက် ခရီးကြမ်း (အပိုင်း ၂၂)
To: lubo601@gmail.com


by May Thandar Win on Wednesday, December 5, 2012 at 12:44am

                                                        Marc
၁၉၉၃ ခုနှစ်အစပိုင်းမှာ မာ့နဲ့ အဲရစ်ဟာ မိုးဇက်ကို သူတို့ တက္ကသိုလ်က ကွန်ရက်မှာ စပြီးတင် လိုက်ပါတယ်။ တင်ပြီးပြီးချင်းပဲ မိုးဇက်ဟာကျောင်းသားတွေကြားမှာ တောမီးလိုပဲ ချက်ခြင်း ပျံ့နှံ့သွားပါတယ်။ နှစ်ကုန်ခါနီး လောက်မှာ မိုးဇက်ကို ပထမဆုံး စသုံးတဲ့ ၁၂ ယောက်ကနေ တိုးပွားလာလိုက်တာ တစ်သန်းနီးပါးလောက် ဖြစ်သွားပါတော့တယ်။
ဒါဟာနောက်ထပ်လည်း ဆက်လက်တိုးပွားနေဦးမှာဖြစ်တဲ့အတွက် မာ့အနေနဲ့ ဒါကို စီးပွားဖြစ်လုပ်လို့ရမယ့်အရာကို စစဉ်းစားပါတော့တယ်။

မိုးဇက်ဟာ အင်တာနက် အသုံးပြုသူတွေကြားမှာ အရမ်းကို စိတ်လှုပ်ရှားစရာဖြစ်တဲ့အပြင် world wide web ကိုလည်း ပိုမိုကြီးထွားအောင် ပံ့ပိုးပေးလိုက်သလိုပါပဲ။

"ဘာလို့ မိုးဇက် အခုလို နေ့ချင်းညချင်း အောင်မြင်သွားရလဲဆိုတော့ လူတွေအနေနဲ့ သူတို့ရဲ့ သတင်းအချက် အလက်တွေကို အလွယ်တကူမျှဝေစရာ နေရာတွေ့သွားလို့ပဲ။ လူတွေဟာ တစ်ခုမဟုတ်တစ်ခု မျှဝေရတာကို အတော်ဝါသနာထုံတယ်မလား။ တချို့တွေကတော့ အရေးကြီးတဲ့ သတင်းဖြစ်တဲ့အတွက် မျှဝေချင်တယ်။ တချို့ကတော့ ဘာပဲဖြစ်ဖြစ်ကို ဟိုလူ့ပြောပြချင် ဒီလူပြောပြချင်လုပ်ချင်တယ်..။ အဲဒါဟာ ဒီသတင်းနဲ့နည်း ပညာခရီးမှာ ဆက်ဖြစ်နေဦးမှာပဲ" ဆိုပြီး မာ့က မိုးဇက်ရဲ့အောင်မြင်မှုကို ကောက်ချက်ချပါတယ်။

ဒီလိုနဲ့ လူတိုင်းနီးပါးဟာ သူတို့ရဲ့ ကွန်ပြူတာတွေမှာ world wide web ကနေတစ်ဆင့် လူတိုင်းမြင်နိုင်တဲ့ home page တွေကိုယ်စီနဲ့ဖြစ်လာပါတယ်။ မကြာခင်မှပဲ world wide web ကြီးတစ်ခုလုံး နိုင်ငံရေး၊ ဘာသာ ရေး နဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံတွေအကြောင်းကနေစပြီး ဂြိုဟ်သားနဲ့တွေ့တဲ့အကြောင်းရေးထားတဲ့ စိတ်ကူး ယဉ်လိုလို တကယ်လိုလိုတွေပါ ပလုံစိနေအောင် အမျိုးစုံလှတဲ့ home page တွေ ပွထ လို့လာပါတော့တယ်။ home page လုပ်ရတာ ကုန်ကျစရိတ်လည်း ဘာမှမရှိတော့ လူတိုင်းဟာ home page တွေဖန်တီးကြပြီး အဲဒီ home page တိုင်းကိုလည်း နေရာအနှံ့က သန်းနဲ့ချီတဲ့သူတွေမြင်နိုင် ဖတ်နိုင်ပါတယ်။

အဲဒီအခြေအနေကို တင်မ် အပါအ၀င် တချို့သော လူကြီးတွေကတော့ စိတ်ပူလာကြပါတယ်။ ၁၉၉၃ ခုနှစ် နွေ ဦးပေါက်လည်းရောက်ရော တင်မ် ဟာ မာ့ကိုသွားတွေ့ပြီး မိုးဇက်နဲ့ပတ်သတ်လို့ ဝေဖန်ပြစ်တင်ပါတော့တယ်။

တင်မ်။    ။"မင်း ဘာလို့ ပုံတွေသွားတင်တာလဲကွာ.. ဒါတော့ တော်တော်မကောင်းဘူး"

မာ့။   ။ "ဘာဖြစ်လို့လဲ.. ခင်ဗျားလည်း ပုံမကြိုက်ဘူးလား ပြော"

တင်မ်။    ။"ကြိုက်တာပေါ့.. ဒါပေမယ့် အခုဟာက ကြည့်လိုက်ဦး လူတိုင်းရဲ့ အိမ်မွေးတိရိစ္ဆာန်ကအစ တင်နေ ကြတာ. အဲဒါတွေအကုန်လုံးက နေရာ တအားယူတာကွ.. အဲလိုတွေလုပ်ဖို့ ၀က်ဘ်ကို လုပ်ထားတာ မဟုတ် ဘူးလေ"

မာ့။   ။"ကျွန်တော်ကတော့ ပုံတွေကြိုက်တယ်..။ လူတိုင်းလည်းကြိုက်ကြတယ်။ ဘာဖြစ်သွားမှာမို့လဲဗျာ။ သိပ် လည်း စိတ်မပူပါနဲ့။ အပျော်သပ်သပ် ပဲအုတ်စာ"









CERN မှာရှိတဲ့လူအများစုဟာ ၀က်ဘ် ကို သုတေသနစီမံကိန်းတွေအတွက်ပဲ အသုံးပြုချင်တာပါ။ တစ်ခြားသူ တွေအနေနဲ့ တစ်ခြားရည်ရွယ်ချက်တွေအတွက်လည်းလက်တွေ့သုံးလို့ရသေးတယ်ဆိုတဲ့အမြင်မျိုး သူတို့မှာ မရှိကြပါဘူး။ အဲဒါကြောင့်လည်း မာ့ ဟာ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ မဟုတ်တဲ့ သာမန်လူတွေ အတွက် ဖျော်ဖြေရေးမှာအသုံးဝင်နိုင်အောင် ရည်ရွယ်ပြီး မိုးဇက်ကို ဖန်တီးခဲ့တာပါ။

မာ့နဲ့ မိုးဇက်ကိုဖန်တီးသူ သူ့သူငယ်ချင်းတွေဟာ မိုးဇက် browser ရဲ့အောင်မြင်မှုနဲ့ပတ်သတ်ပြီး ကျေနပ်လို့ မဆုံးခင်မှာပဲ တစ်မနက် မတော့ သူတို့အဖွဲ့ရဲ့ပရိုဂရမ်ဆွဲတဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျွန်မစ်တယ်ဟူဆာ က သတင်းစာတစ်စောင်ကိုင်ပြီး အမောတကောနဲ့ရောက်လာပါတယ်။

"ဟေ့ရောင်တွေ.. ဒါမြင်ပြီးပြီလား" ဆိုပြီး ဒေါသပုန်ထနေတဲ့ အသံနဲ့ သူ့လက်ထဲက ၁၉၉၃ ဒီဇင်ဘာလ ရက်စွဲနဲ့ နယူးရော့ခ်တိုင်းမ် သတင်းစာရဲ့ စီးပွားရေးစာမျက်နှာကို လှန်ပြလိုက်ပါတယ်..။

"ဘာကြီးလဲ" ဆိုပြီး မာ့လည်း အလန့်တကြားဖြစ်သွားတဲ့ အသံနဲ့မေးလိုက်ပါတယ်။

ဂျွန်။    ။"ဒါ ဒီနေ့ သတင်းစာလေ။ ငါတို့ မိုးဇက် နဲ့ပတ်သတ်တဲ့ ဆောင်းပါး ခေါင်းကြီးပိုင်းမှာပါတယ်"
မာ့။   ။"အော်.. အဲတော့ ကောင်းတာပေါ့ကွ.. မင်းကလည်းကွာ ဒါများ အလန့်တကြား"
ဂျွန်။   ။"သေချာကြည့်ဦးကွ.. သူတို့ရေးထားပုံကိုဖတ်ကြည့်လိုက်ရင် မိုးဇက်က တစ်ခြားတစ်ယောက် ဆွဲထား တာလိုမျိုး ဖြစ်နေတယ်"

မာ့လည်း သတင်းစာကိုကြည့်လိုက်တော့ ဂျွန်ပြောတဲ့အတိုင်းပါပဲ.. ရေးထားတဲ့ဆောင်းပါးက သူတို့ကျောင်းက အကြီးအကဲ ဓာတ်ပုံအကြီးကြီးနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဆောင်းပါးရှင်က မိုးဇက်ဟာ အင်တာနက်နဲ့ ပတ်သတ်တဲ့ လုပ်ငန်းသစ်တွေ အတွက်ရှေ့ပြေးဖြစ်လိမ့်မယ်ဆိုတဲ့အကြောင်း၊ မိုးဇက်ရဲ့ ထူးခြားမှု၊ အသုံးဝင်ပုံ စသဖြင့် အသေးစိတ် ရေးပြထားပါတယ်။ ဒါပေမယ့် မာ့အပါအ၀င်မိုးဇက်ဖန်တီးသူ ဘယ်ပရိုဂရမ်သမားရဲ့ နာမည်ကိုမှ ဖော်ပြထားတာတော့မတွေ့ရပါဘူး။ တကယ်တော့ မိုးဇက်ကို ကျောင်းက ဖန်တီးဖို့မပြောနဲ့ အကူ အညီတောင်ရခဲ့တာမဟုတ်ပါဘူး။

"တွေ့တယ်မလား. ငါတို့ မိုးဇက် ကို ရေးကြတုန်းက အဲဒီ တက္ကသိုလ်က ဘော့စ်ငနဲ က ငါတို့ဘယ်သူမှန်း ဘာ လုပ်နေမှန်းတောင် သိတာမဟုတ်ဘူး။ မနက် ၂ နာရီလောက်ထိ ပီဇာနဲ့ ကုက်ခ် သောက်ပြီး သေအောင်လုပ်ခဲ့ တုန်းက ဘာမှတောင် အကူအညီရခဲ့တာမဟုတ်ဘူး။ အခုကျတော့ သူ့တို့လုပ်တာ ဖြစ်သွားပြီ.. တောက်…!" ဂျွန်က တက်တခေါက်ခေါက်နဲ့ မကျေမချမ်းပြောပါတယ်။

ဂျွန်ပြောမယ်ဆိုလည်း ပြောလောက်စရာပါ.. မကြာခင်မှာပဲ သူတို့ကျောင်းရဲ့ အကြီးအကဲဟာ မိုးဇက်စီမံကိန်း တစ်ခုလုံးကို လက်ဝါးကြီးအုပ်လိုက်ပြီးတော့ ကျောင်းက ပရိုဂရမ်မာတွေနဲ့ တစ်ခြား လူ ၄၀ လောက်ကို အစည်း အဝေးခေါ်ပြီး မိုးဇက် ကို ဘယ်လို့ရှေ့ဆက်လုပ်မလဲဆိုတဲ့အကြောင်းတွေ စတင်ဆွေးနွေးပါတော့တယ်။ ဒါပေ မယ့် ဦးဆောင်ဆွေးနွေးနေတဲ့ အဲဒီအကြီးအကဲတွေဟာ သူတို့ပြောနေတဲ့အကြောင်းလည်း ဂဃနဏသိပုံမပေါ် ပါဘူး။

"ကျောင်းတွေဟာ အစိုးရတွေဆီကနေ ကွန်ပြူတာကြီးတွေနဲ့ပတ်သတ်လို့ တစ်နှစ်တစ်နှစ် ဒေါ်လာ သန်းချီပြီးရ နေတာ။ အခု ဘယ်သူမှ အဲဒီ ကွန်ပြူတာအကြီးကြီးတွေကို ဆက်သုံးဖို့ မလွယ်တော့တဲ့အခါမှာ သူတို့မှာ ရွေး ချယ်စရာ လမ်းနှစ်လမ်းပဲရှိတော့တယ်။ တစ်လမ်းက အစိုးရငွေတွေကို ယူတာရပ်ချင်ရပ် မဟုတ်ရင် နောက် တစ်လမ်းက အစိုးရဆီက ပိုက်ဆံတောင်းစရာ နောက်ထပ်အကြောင်းအရာတစ်ခုခု ရှာချင်ရှာ။ ဒါပဲ.. ။ မင်းသိ တဲ့အတိုင်းပဲလေ.. တက္ကသိုလ်တွေအားလုံး အစိုးရပိုက်ဆံ လက်ဖြန့်တောင်းနေရတာ ဘယ်သူမှ အစိုးရဆီက ပိုက်ဆံမရဘဲ အဆင်မပြေနိုင်ဘူး။ အဲတော့လည်း သူတို့ ဒုတိယနည်းပဲသုံးမှာပေါ့.. အဲဒီမှာ ငါတို့ရဲ့ မိုးဇက်ကို သွားတွေ့တော့ လက်ဝါးကြီးအုပ်ပြီပေါ့ကွာ.." ဆိုပြီး မာ့လည်း အဲရစ်ကို မချိတင်ကဲ ပြောလိုက်ပါတယ်.။

မာ့လည်း မိုးဇက်ကို သူဘယ်လိုမှ ပြန်ယူလို့ရမှာ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်တာနဲ့ ကျောင်းကနေ ထွက်ပြီး အမေရိကားရဲ့နည်းပညာရွာဖြစ်တဲ့ ဆီလီကွန်ဗယ်လီ ကို စိတ်နာနာနဲ့ထွက်သွားပါတော့တယ်။







အဲဒီအချိန်မှာ ဆီလီကွန်ဗယ်လီရဲ့ အအောင်မြင်ဆုံးလုပ်ငန်းရှင် ဂျင်မ်ကလာ့ခ် က သူ့ရဲ့ စီမံကိန်းအသစ်လုပ်ဖို့ တာဆူနေပါတယ်။ ဂျင်မ် ဟာ SGI ဆိုတဲ့ ကုမ္ပဏီငယ်လေးကို ကွန်ရက်မှာ ချိတ်ဆက်လို့ရမယ့် ကွန်ပြူတာ သေးသေးလေးတွေရောင်းချခြင်းအားဖြင့် ဒေါ်လာဘီလျှံနဲ့ချီဝင်ငွေရှိတဲ့ ကုမ္ပဏီကြီးအဖြစ် အသွင်ပြောင်းနိုင်ခဲ့ သူပါ။ ဒါပေမယ့် အဲဒီအချိန်မှာ သူဟာ SGI ကို အတော်လေးစိတ်ပျက်ပြီး ဆက်မဦးဆောင်ချင်တော့လောက် အောင်ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ သူ့သွားစေချင်တဲ့ပုံစံကနေ ကုမ္ပဏီရဲ့ တစ်ခြားအဖွဲ့ဝင်တွေက သွေဖီ လာလို့ပါ။

၁၉၉၄ ခုနှစ် ဇန်န၀ါရီလ မှာ ဂျင်မ် ဟာ SGI ကနေ ထွက်လိုက်ပါတယ်။ သူလုပ်ချင်တဲ့ ပုံစံအတိုင်း သူ့ကိုယ်ပိုင် ကုမ္ပဏီလေးတစ်ခု တည်ထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။ သူနောက်ဆုံး SGI ကနေ အလုပ်ထွက်မယ့်နေ့မှာ အဲဒီက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ဘေလ်ဖော့စ် ကို အသိထဲမှာ အင်ဂျင်နီယာကောင်းကောင်းတစ် ယောက်လောက်များ မရှိဘူးလားဆိုပြီး မေးလိုက်ပါတယ်။

ဂျင်မ်။   ။ "အိုင်ဒီယာကောင်းတဲ့သူမျိုးတွေကို ငါ လိုချင်လို့ကွာ"

အတော်ပဲဖြစ်သွားတာကတော့ ဆီလီကွန်ဗယ်လီကို မာ့အန်ဒရီဆန် ရောက်နေတယ်ဆိုတာကို ဘေလ် အနေနဲ့ သတင်းအတိအကျ ရထားပါတယ်။ အဲဒါနဲ့ ဘေလ် လည်း မာ့ ရဲ့ တယ်လီဖုန်းနံပါတ်ကိုရှာပြီး ဂျင်မ် ကိုပေးလိုက် ပါတော့တယ်။

ဂျင်မ်။   ။"သူ့ကိုဆက်လိုက်.. ငါကြားရသလောက်တော့ အဲဒီတစ်ယောက် အတော် တော်တယ်ပြောတယ်"

ပြောပြောဆိုဆို သက်သေအဖြစ်နဲ့ ကွန်ပြူတာကနေ မိုးဇက်ကိုပါ ဖွင့်ပြလိုက်ပါတယ်။ ဂျင်မ်အနေနဲ့ ကွန်ပြူတာ လုပ်ငန်းမှာသာ ကျင်လည်နေတာ အခုမှပဲ world wide web ကို ပထမဆုံးအကြိမ် မြင်ဖူးပါတော့တယ်။ ဘေလ် ပြတဲ့ မိုးဇက် ကို ကြည့်လို့မဆုံးခင်မှာပဲ ဂျင်မ်လည်း မာ့ ဆီကို အီးမေးလ် ပို့လိုက်ပါတော့တယ်။

"ငါ့ကိုတော့ မင်းသိချင်မှ သိလိမ့်မယ်။ SGI ကို ငါစခဲ့တာ" ဆိုတာနဲ့ အစချီပြီး နောက်နေ့မှာ သူနဲ့ တွေ့ဖို့ မာ့ ကို ချိန်းလိုက်ပါတော့တယ်။ မာ့ ကလည်း ဂျင်မ်ကလာ့ခ်ဘယ်သူဆိုတာ သိနှင့်နေပြီးသားဆိုတော့ အလွယ်တကူပဲ တွေ့ဆုံဖို့ လက်ခံလိုက်ပါတော့တယ်။




NETSCAPE founders, Jim & Marc FILE--Netscape Communications Corporation co-founders Jim Clark, left, and Marc Andreessen pose outside of their offices in Mountain View, Calif., in this undated file photo. The company's initial public offering price of $28 per share traded as high as $75 Wednesday, August 8, 1995. The company makes a popular software internet browser program called Netscape. (AP Photo/HO) AP1995




(အပိုင်း ၂၃ ဆက်ရန်)



မေသန္တာဝင်း



၂၀၁၂ ဒီဇင်ဘာ ၅ ရက်နေ့


နေ့လည် ၃ နာရီ ၀၈ မိနစ်




Ref: The Story of the Internet by Stephen Bryant


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/06/2012 04:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36244] Fwd: [လူဗိုလ်ဟူသည် ...] ကိုယ့်ထက်သာ နာလိုတတ်တဲ့ စိတ်ဓာတ် (ပြောချင်လွန်းလို့ - မောင်ဝံသ)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/5
Subject: [လူဗိုလ်ဟူသည် ...] ကိုယ့်ထက်သာ နာလိုတတ်တဲ့ စိတ်ဓာတ် (ပြောချင်လွန်းလို့ - မောင်ဝံသ)
To: lubo601@gmail.com



by ပြည်သူ့ခေတ် on Tuesday, December 4, 2012 at 9:08pm ·

ခေါင်းဆောင်  ရွေးကြတဲ့အခါ
အခုအချိန်ဟာ ကျွန်တော်တို့ နိုင်ငံဟာ ခေတ်ဟောင်း တစ်ခုကနေ ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းဖို့ အားယူနေချိန် အခင်းအကျင်းတွေ ပျိုးနေချိန် ဖြစ်တယ်ဆိုတာ အထူး ပြောနေ စရာ မထင်ဘူးဗျ။
          တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်အတွင်း နိုင်ငံတော်အာဏာကို မျှော်မှန်းတဲ့ နိုင်ငံရေးပါတီတွေရော မမျှော်မှန်းတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေပါ အပြိုင်းအရိုင်း ပေါ်ပေါက်လာ နေတာလည်း အားလုံး အမြင်အတွေ့ပါပဲဗျာ။ အဖွဲ့အစည်းတွေ ဖြစ်တာနဲ့အညီ၊ အဲဒီ အဖွဲ့အစည်းတွေအတွင်း အဆင့်ဆင့်သော ခေါင်းဆောင်များ ရွေးချယ် တာဝန်ပေးအပ်ရေး ကိစ္စကို မရှောင်မလွှဲသာ မျက်မှောက်ပြု နေကြရပြီး အကျိုးဆက်အဖြစ် ဆူဆူညံညံ ပူညံပူညံ အသံတွေ ထွက်ပေါ် နေတာလည်း သတိမပြုဘဲ မနေနိုင်အောင်ပါပဲ။

          ပါတီကြီးတစ်ခုက အသံတွေဆိုရင် ပါတီစက်ဝန်းကိုကျော်ပြီး မီဒီယာ တွေကတစ်ဆင့် ပြည်သူတွေ နားထဲအထိ ပွက်လောရိုက်ခဲ့တယ်ဗျာ။ မလိုသူတွေက ဒီကိစ္စကို လက်ညှိုးထိုးပြီး အမနာပ ပြောစရာ ဖြစ်သွားပေမယ့် ကျွန်တော်တို့ကတော့ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ သဘာဝတစ်ခု လို့ပဲ ရှုမြင် လက်ခံလိုက်တယ်ဗျာ။
          အရေးကြီးတာက အဖွဲ့တိုင်းကို ခေါင်းဆောင်ကောင်းက ဦးဆောင်ခွင့် ရဖို့ ဖြစ်ပါတယ်။ ဒါမှ အဆင့်ဆင့် တက်ပြီး ခေါင်းဆောင်ကောင်းများက နိုင်ငံတော်အဆင့်အထိ ဦးဆောင်ခွင့် ရမှာ ဖြစ်တယ်ဗျာ။

အတော်ဆုံး  ခေါင်းဆောင်ဆိုတာ
ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းကို ဘယ်လိုဖွင့်ဆိုမလဲ။ အများကြီး ဖွင့်ဆိုနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဆယ့်လေးနှစ်တုန်းက လူငယ်အစည်းအဝေး တစ်ခုမှာ   လူငယ်တစ်ယောက်က   ဒေါ်အောင်ဆန်းစုကြည်ကို "ခေါင်းဆောင်ကောင်းဆိုတာရဲ့ အဓိပ္ပာယ်ကို ၀ါကျတစ်ကြောင်း တည်းနဲ့ ဖွင့်ဆိုပေးပါ"လို့ တောင်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က "ခေါင်းဆောင် ကောင်းဆိုတာ ခေါင်းဆောင်ကောင်းတွေကို ရှာဖွေ ဖော်ထုတ်ပေးနိုင်သူပေါ့" လို့ ပြောခဲ့တာ ကျွန်တော် မှတ်မိနေတယ်ဗျ။
          အဖွဲ့အစည်းတစ်ခုမှာ ငါ ခေါင်းဆောင် ဖြစ်သင့်တယ်၊ ငါဟာ ဒီနေရာအတွက် ထိုက်တန်သူ ဖြစ်တယ်လို့ ရိုးရိုးသားသား ယုံကြည်ယူဆထား သူများရှိတာ သဘာဝ ဖြစ်ပါ တယ်။ သူတို့ဟာ အဲသလို တွေးနိုင်လောက်တဲ့ အရည်အသွေး ရှိထားသူများလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုမျိုး လူတွေ ထဲမှာမှ ပိုပြီး တော်တဲ့သူကတော့ ကိုယ့်မှာသာ ခေါင်းဆောင် အရည်အသွေး ရှိတာမဟုတ်ဘူး။ အခြားသူများမှာရှိတဲ့ ခေါင်းဆောင် အရည် အသွေးများကိုပါ မြင်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ ဒါထက် ပိုတော်တဲ့သူကတော့ တခြားသူတွေ မှာရှိတဲ့ ခေါင်းဆောင် အရည်အသွေး နည်းနည်းလေး သေးသေးလေးကို များလာအောင် ကြီးလာအောင် ကူညီပံ့ပိုးပေးသူ ဖြစ်ပါတယ်။ အတော်ဆုံးသူကတော့ ကိုယ့်ထက် အရေးပါတဲ့ အရည်အသွေး အများစုမှာ ပိုသာတဲ့သူ (တစ်နည်း) ကိုယ့်ထက် ပိုတော်တဲ့သူကို ခေါင်း ဆောင်နေရာမှာထားပြီး မိမိက သူ့အောက်မှာ သူပေးတဲ့ တာဝန်များကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်သူပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကဒီအချက်ကို ဆိုလိုပုံ ရပါတယ်။

ခေါင်းဆောင်မှု  ဖြစ်ပေါ်လာပုံ
လူ့အဖွဲ့အစည်းရဲ့ အသေးငယ်ဆုံး ယူနစ်က လူဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့် တက်လာတော့ လူယောက်ျားနဲ့ လူမိန်းမတို့ သွေးနှော ပေါင်းစည်းမှုဖြစ်တဲ့ ဇနီးမောင်နှံ၊ အဲဒီကမှ နောက်တစ်ဆင့် တက်လာတော့ အဲဒီဇနီးမောင်နှံက ပွားစည်းလာတဲ့ သားသမီး တွေပါ ပါဝင်လာတဲ့ မိသားစု၊ အဲဒီကမှ နောက်တစ်ဆင့် တက်လာတော့ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အသိုင်းအ၀ိုင်း၊ အဲဒီကမှ လူ့အဖွဲ့အစည်း၊ အဲသလို အဆင့်ဆင့် ဖြစ်တည် နေတာ ဖြစ်ပါတယ်။
          ကျွန်တော် ပြောချင်တာက ခေါင်းဆောင်အကြောင်း၊ ခေါင်းဆောင်မှု အကြောင်းပါ။ အစုအဖွဲ့နဲ့ နေထိုင်သွားလာ ကျက်စားတဲ့ အလေ့အထ ပေါ်ပေါက်ထွန်းကား မလာခင် လူရယ်လို့ ပေါ်ဦးစ အချိန်တုန်းကတော့ လူသားဟာ အထီးတည်းလည်း ရပ်တည်တယ်။ သူဟာ သူဆန္ဒရှိတဲ့အတိုင်း ရွေးချယ်ဆုံးဖြတ် နေထိုင်လုပ်ကိုင်တာမို့ သူဟာ တစ်ချိန်တည်းမှာ ခေါင်းဆောင်ဖြစ်သလို နောက်လိုက်လည်းဖြစ်တယ်။ သူ့ကြမ္မာကို သူ အပြည့်အ၀ ပြဋ္ဌာန်း စီရင်ပိုင်ခွင့် ရှိတယ်။
          မိသားစုရယ်လို့ ဖြစ်လာချိန်မှာတော့ လိင်နှစ်မျိုးမှာ ပိုမို အားကောင်းတဲ့ လိင်ဖြစ်တဲ့ ယောက်ျားက မိသားစုအတွက် အစားအစာကို အဓိက ရှာဖွေသူ၊ မိသားစုအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို အဓိက ကာကွယ်စောင့်ရှောက်ပေးသူ ဖြစ်တာကြောင့် အိမ်ထောင်ဦးစီး ယောက်ျားဟာ မိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။ ဒီအထိ ခေါင်းဆောင် ရွေးချယ်မှုပြဿနာ မရှိသေးဘူး။

ရိုးရှင်း  လွယ်ကူရာမှ  ရှုပ်ထွေး  နက်နဲလာ
သွေးသား တော်စပ်ခြင်း မရှိတဲ့ မိသားစုတွေ ပေါင်းစည်းနေထိုင်ကြတဲ့ လူ့အသိုင်းအ၀ိုင်း တစ်ခု ဖြစ်လာချိန်ကစပြီး ခေါင်းဆောင်ရွေးချယ်မှုဟာ ပြဿနာနည်းနည်း ရှိလာပါပြီ။ အိမ်ထောင်ဦးစီး ယောက်ျားတစ်ယောက်ဟာ ကိုယ့်မိသားစုမှာ ကိုယ်က အလိုအလျောက် ခေါင်းဆောင်ဖြစ်နေပေမယ့် တစ်ခုထက်မကတဲ့ မိသားစုတွေနဲ့ ပေါင်းစည်း ဖွဲ့စည်းထားတဲ့ လူ့အသိုင်း အ၀ိုင်းတစ်ခု ပေါ်ထွန်းလာတဲ့ အခါမှာတော့ ကိုယ်ဟာ အဲဒီအသိုင်းအ၀ိုင်းရဲ့ ခေါင်းဆောင် အလိုအလျောက် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ မိသားစုခေါင်းဆောင် (အိမ်ထောင်ဦးစီး) တွေထဲကမှ အရည်အချင်း အပြည့်ဝဆုံး သူက အသိုင်းအ၀ိုင်း တစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်လာမှာ ဖြစ်ပါတယ်။ ပြောရရင် အဲဒီခေတ်ကာလမှာ ခေါင်းဆောင် ရွေးချယ်မှု လုပ်ငန်းဟာ ရာနှုန်းပြည့်လို့ ဆိုရမလောက် ချောမွေ့ညင်သာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းဦး ဘုံမြေခေတ်မှ မြေရှင်ပဒေသရာဇ်ခေတ်သို့ ကူးပြောင်းစ ကာလတွေမှာ ခေါင်းဆောင် ရွေးချယ်မှုလုပ်ငန်းဟာ အဲသလို ရိုးရှင်း လွယ်ကူခဲ့တာ ဖြစ်ပါတယ်။
          ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း နောက်ပိုင်းမှာ လူ့အသိုင်းအ၀ိုင်း လူ့အဖွဲ့အစည်းဟာ ပိုပြီး ကြီးမားကျယ်ပြန့်လာလေလေ ခေါင်းဆောင် ရွေးချယ်မှုလုပ်ငန်းဟာ ပိုပိုပြီး ရှုပ်ထွေး သိမ်မွေ့ ခက်ခဲနက်နဲလာလေလေ ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာတစ်ဝန်း နေရာတိုင်းမှာ ခေါင်းဆောင်မှု အပြောင်းအလဲကို ရည်မျှော်တဲ့ တော်လှန်ရေးတွေ ပေါ်ပေါက် လာခဲ့တာပါပဲ။ အဲဒီဖြစ်စဉ်ဟာ ဒီကနေ့အထိ မရပ်မနား ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး မြင်နိုင်တဲ့ အနာဂတ်မှာတော့ ရပ်ဆိုင်း သွားမယ့်ပုံ မရှိပါဘူး။

ပြည်သူက  ဆုံးဖြတ်တယ်  ဆိုသော်လည်း
နိုင်ငံတစ်ခု အရာရာကို အဆုံးအဖြတ်ပေးတာ ပြည်သူဖြစ်တယ်လို့ ဆိုကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ယေဘုယျ အမှန်တရားသာ ဖြစ်ပါတယ်။ သီးခြား ရွေးထုတ် ပြောရမယ်ဆိုရင် ခေါင်းဆောင်မှုကသာ အဲဒီနိုင်ငံရဲ့ ကံကြမ္မာကို စီရင် ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အဖွဲ့အစည်း တစ်ခုမှာလည်း ခေါင်းဆောင်ကသာ အဲဒီ အဖွဲ့အစည်းရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းစီရင်တာ ဖြစ်ပါတယ်။
          ဒါကြောင့် လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံး အဖွဲ့ကလေးတွေ အစ အကြီးဆုံး နိုင်ငံတော်အဆုံး ခေါင်းဆောင်ကောင်း ရရှိရေးဟာ အသက်ပမာ အရေးပါတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းက အဖွဲ့အစည်းကို၊ နိုင်ငံကို ရှေ့သို့ ရွေ့လျားစေပြီး ခေါင်းဆောင်ညံ့က နောက်သို့ နိမ့်လျှော့ ကျဆင်း ဆုတ်ယုတ်စေပါတယ်။

ကိုယ့်ထက်သာတာကို  နာလို  လက်ခံမှု
ဒီဆောင်းပါးကို ဥပမာကောင်းကောင်းလေး ပေးပြီး နိဂုံးချုပ်ဖို့ စဉ်းစားတဲ့အခါ အခြေခံပညာ အထက်တန်း ကျောင်းသုံး မြန်မာစကားပြေ စာအုပ်တစ်အုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို သွားသတိရမိပါတယ်။ ရွှေဥမင်ဆရာတော်နဲ့ တောင်ဖီလာ ဆရာတော်တို့ တွေ့ဆုံ စကားပြောကြပုံကို စာရေးဆရာက မြင်ယောင်စိတ်ကူးနဲ့ ကြည့်ပြီး ပုံဖော်ထားတဲ့ဆောင်းပါးပါ။ အဲဒီဆောင်းပါး မှာပါတဲ့ အဓိက အချက်တစ်ခုကတော့ မိမိ ရေးသားပြုစုထားတဲ့ ကျမ်း ထက် ရွှေဥမင် ဆရာတော် ပြုစုထားတဲ့ကျမ်းက ပိုကောင်းတာကို တွေ့သွားတဲ့ တောင်ဖီလာ ဆရာတော်က သူ့ကျမ်းကို ဘုရားရင်ပြင်တော်ပေါ်မှာ မီးရှို့ပူဇော်လိုက်တဲ့ အကြောင်းပါ။ ဒီဆောင်းပါးဟာ ဒီကနေ့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေချိန်မှာ ခေါင်းဆောင် ကောင်း၊ ခေါင်းဆောင်လောင်းတွေရဲ့ အရည်အသွေးတစ်ခုကို ဖော်ပြနေတယ်လို့ ကျွန်တော် ယူဆပါတယ်။                                          
(၀၁ - ၁၂ - ၂၀၁၂)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/06/2012 03:52:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36243] Fwd: [လူဗိုလ်ဟူသည် ...] ရွေ့လျား မြို့ပြ ဘ၀များ…



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/5
Subject: [လူဗိုလ်ဟူသည် ...] ရွေ့လျား မြို့ပြ ဘ၀များ…
To: lubo601@gmail.com



by Myanmar Online News on Wednesday, December 5, 2012 at 9:00am ·


ပူပြင်းပြင်းရာသီဥတုကို အံတုနေရရှာတဲ့ အိမ်ခန်းလေးတခန်း။ အကျယ်အဝန်းအားဖြင့် တဆယ့်နှစ်ပေ၊ ပေငါးဆယ် ပတ်လည်ရှိပြီး အစိမ်းရောင် နံရံဆေးများပင် ဟိုတကွက် သည်တကွက်ဖြစ်နေပြီ။ ဒီတိုက်ခန်း ကျဉ်းလေးထဲမှာ မရွှေရတီတို့ ဇနီးမောင်နှံ သုံးနှစ် နီးပါး နေထိုင်ခဲ့ပါတယ်။

အခုတော့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းက သူတို့နေထိုင်ရာ အဲဒီ ငါးလွှာတိုက်ခန်းမှ တခြားအခန်း တခန်းကို ပြောင်းရွှေ့ဖို့ ဇနီးမောင်နှံနှစ်ဦး အလောတကြီး ကြိုးစားရှာဖွေနေရပါပြီ။

ပုဂ္ဂလိက ဝန်ထမ်းတွေဖြစ်တဲ့ သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ လွန်ခဲ့တဲ့ ၃ နှစ် ဝန်းကျင်က လစဉ်ဝင်ငွေစုစုပေါင်းမှာ ကျပ်နှစ်သိန်း ကျော် ကျော်။ ထိုစဉ်က ယခုအိမ်ခန်း လစဉ်ငှားရမ်းခက ငါးသောင်းကျပ်။ ပထမ ခြောက်လ ငှားရမ်း အပြီးမှာ အိမ်ခန်းငှားခမှာ ကျပ် တသောင်းတိတိ တက်သွားပါတယ်။ တနှစ်ပြည့်တဲ့အချိန်မှာတော့  မရွှေရတီတို့ အိမ်ခန်းငှားခကို ကျပ်ခုနစ်သောင်းသို့ တက်မည်ဖြစ် ကြောင်း အိမ်ရှင်က တစ်လကြိုတင် အကြောင်းကြားလာပါတယ်။

အဲဒီတုန်းကတော့ ဇနီးမောင်နှံနှစ်ဦးလစာ သုံးသောင်းကျပ်စီတိုးခဲ့လို့ ပုံမှန်ဝင်ငွေကို သိပ်မထိခိုက်ဟု နှစ်ဦးသား ယူဆခဲ့ပါတယ်။ ဒါပေမယ့် အိမ်ငှားသက်တမ်း ၂ နှစ်ပြည့်တဲ့ အချိန်မှာတော့ အိမ်ခန်း ငှားခမှာ ကျပ် ရှစ်သောင်းအထိ တက်လာပြီး သုံးနှစ်ပြည့်ခါနီး ကျပ် တသိန်းအထိ တိုးတက်လာတဲ့ အခါ အိမ်ငှားစရိတ်ကို နှစ်ဦးသား တောင့်မခံနိုင်တော့ဘူးလို့ မရွှေရတီက ပြောပါတယ်။

"အခု တလ တသိန်းကနေ နောက်ထပ် ဆက်တက်တော့မှာ။ ကျမတို့မှာ အိမ်လခက တိုးတိုးလာနေတယ်၊ ဝင်ငွေတွေက တိုးမလာ ဘူး။ အခု ရှစ်သောင်း တန်လောက်နဲ့ ရတဲ့နေရာ ရှာနေရတယ်။ အခု နှစ်ယောက်ဝင်ငွေက သုံးသိန်းတောင် မပြည့်ဘူး။ အဲဒီ အထဲ က အိမ်လခ တလ တသိန်းပေးလိုက်ရရင် ကျန် ငွေလေးနဲ့ ရန်ကုန်မြို့ကြီးမှာ စားရေး ၀တ်ရေးနဲ့ လူမှုရေးတွေမှာ ဘယ်လိုမှ သုံး မလောက်တဲ့အပြင် မစုဆောင်းမိပါဘူး"လို့လည်း သူက ပြောပြပါသေးတယ်။
သူတို့ နှစ်ဦး လစဉ်ဝင်ငွေနဲ့ ဆိုရင် တလ ရှစ်သောင်းကျပ်တန် အိမ်ခန်းမျိုးပဲ တတ်နိုင်ပါတယ်။ အရင်က မိဘတွေကို အနည်း အ ကျဉ်း ထောက်ပံ့တာလေးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့တခြား ပိုမိုလာနေတဲ့ ကုန်ကျစရိတ်၊ လျော့ကျ သွားတာမရှိတဲ့ ရေခ၊ မီးခနဲ့ စားသောက်စရိတ်တွေကို တွက်ချက်ကြည့်ရင် ရတဲ့လစာနဲ့ မလောက်ငတော့။
တခါတလေမှာ မိဘနှင့် မောင်နှမတွေဆီကပင် ပြန်လည် အကူအညီ တောင်းရတာတွေ၊ ချေးငှားရတာတွေ ရှိလာပါတယ်။ ဆယ်စုနှစ် နှစ်စုအတွင်း ရန်ကုန်မြို့ပြရဲ့ လူနေထိုင်မှုပုံစံတွေဟာ အထပ်မြင့်တိုက်တွေ အပြိုင်းအရိုင်း ပေါ်ပေါက်လာ ပေမယ့် လက်ရှိအချိန် မှာတော့ မိသားစု တစုအတွက် အလွယ်တကူ အိမ်ခန်းငှားရမ်း ရရှိဖို့ မလွယ်ကူလှပါ။

အဆမတန် မြင့်မားလာတဲ့ အိမ်ခန်းငှားခ စရိတ်တွေကြောင့် ကိုယ်ပိုင်အိမ်ခန်းနဲ့ မြေယာပိုင်ဆိုင်သူ လူတန်းစားထက် အိမ်ယာခြံမဲ့ အိမ်ငှားလူတန်းစား အရေအတွက်က သိသိသာသာ များပြားလာနေပါတယ်။ ပြီးတော့ အခုခေတ် ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ ဖြစ်နေတဲ့ နေထိုင်မှုစရိတ်က ငှားရမ်း အများစု တတ်နိုင်တဲ့ နှုန်းထား မဟုတ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင် သူတွေကလည်း ပြောပါတယ်။
၁၂ x ၅၀ ပေ ပတ်လည် တိုက်ခန်းတစ်ခန်းရဲ့ တလ ငှားရမ်းခနှုန်းဟာ ရန်ကုန်မြို့တွင်းမှာ အနိမ့်ဆုံး ကျပ် ၇ သောင်းကနေ တစ် သိန်း နဲ့ အထက်ရှိနေပြီး အဲဒီထက် နည်းနည်းပိုကျယ်တဲ့ တိုက်ခန်းတွေဆိုရင်တော့ တသိန်း အထက်မှာ ရှိနေတာ တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်ကြသူတွေအနက် အစိုးရဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်း၊ အခြေခံလူတန်းစားတွေသာ အိမ်ခန်းငှားရမ်း နေထိုင်ကြရတာလို့  ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အခြေခံ လူတန်းစား တွေ တတ်နိုင်တဲ့ အိမ်ငှားရမ်းခ နှုန်းထားတွေက အများဆုံး တစ်လ ရှစ်သောင်းကျပ် ဝန်းကျင် ဖြစ်ပါတယ်။

မြို့ပြ အခြေခံလူတန်းစားတွေရဲ့ တစ်ဦးချင်း လစဉ်ဝင်ငွေက အနည်းဆုံး ကျပ် နှစ်သောင်းငါးထောင် ကနေ နှစ်သိန်း ဝန်းကျင် အထိပဲ ရှိပါတယ်။ တဦးချင်း လစဉ်ဝင်ငွေ ကျပ် နှစ်သောင်းငါးထောင် ခန့် ကနေ ကျပ် ခုနှစ်သောင်း ကြား ဝင်ငွေရှိတဲ့ မိသားစု တစုမှာ အနည်းဆုံး လူသုံးဦး ၀င်ငွေရှိမှသာ ကျပ်ခုနစ်သောင်းဝန်းကျင် အိမ်ခန်းတစ်ခု ငှားရမ်းနိုင်မှာဖြစ်တယ်လို့ စေတနာ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးကျော်စွာဝေက ပြောပါတယ်။
ရန်ကုန်မြို့မှာ လူတဦးချင်း ဝင်ငွေနဲ့ နေထိုင်စရိတ် မမျှမတ ဖြစ်နေတာဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်နှုန်း နိမ့်ပါးနေဆဲဆိုတာကို ဖော် ပြ နေတယ်လို့ စီးပွားရေးပညာ ရှင်တဦးက ဆိုပါတယ်။ အခြေခံ လူတန်းစားတဦး လစဉ်ရရှိတဲ့ဝင်ငွေရဲ့ သုံးပုံနှစ်ပုံခန့်ကို နေထိုင် ရေး အတွက် ဖြေရှင်းနေကြရတာဟာ နိုင်ငံကာနဲ့ နှိုင်းယှဉ်ကြည့်ရင် အဆမတန်များပြားနေပြီး ဝင်ငွေနဲ့ မမျှမတ ဖြစ်နေပါတယ်။
"အိမ်ခန်းငှားခ တရိပ်ရိပ် တက်လာနေတာ၊ အိမ်ရှင်ဘက်က ဘာ တာဝန်မှ ယူမပေးပါဘူး။ ရေဖိုး မီးဖိုး စည်ပင်ခွန် ဧည့်စာရင်း တိုင်တာက အစ အားလုံး အိမ်ငှားတွေကပဲ ကိုယ့်ဟာကိုယ် လုပ်ရတာ။ အိမ်ရှင်က ငွေယူဖို့ပဲ သိတယ်။ ဒီကြားထဲ အိမ်ရှင် ဆိုပြီး ရင့်သီးရိုင်းပျတာတွေ၊ အနိုင်ကျင့်ချင်တာတွေလည်း ရှိတယ်"လို့ အိမ်ငှား နေထိုင်သူတဦးက ပြောပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အိမ်ခန်းငှားရင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ လေအေးပေး စက်၊ အဝတ်ဗီရို အစရှိတဲ့ အိမ် အသုံး အဆောင်တွေ အဆင်သင့် ထားရှိပေးတာတွေ့ရပေမယ့် ရန်ကုန်မြို့က အိမ်ငှားဈေးကွက်မှာတော့ ငှားရမ်းသူတွေက နေ ထိုင်ချိန်အတွင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို အိမ်ရှင်ကို ကြိုတင်ပေးထားရတာတွေ ရှိနေပါတယ်။

"ကျမတို့ငှားမယ့်တိုက်က အသစ်စက်စက်မဟုတ်ပါဘူး။ ဒါကို အိမ်ရှင်က သံရိုက်တာတွေ ဘာတွေ အတွက် ပျက်စီးစရိတ် ဆိုပြီး တသိန်း တောင်းတယ်။ ကျမတို့က မနေဖြစ်လို့ဆင်းရင်တောင် ပျက်စီးသွားတာတွေအတွက် စရံကြိုတောင်းထားတာ တဲ့။ ရန်ကုန်မြို့မှာ အိမ်ခန်းတခန်း ငှားရတာ အိမ်လခတွေကသာ ခေါင်ခိုက်နေတာ၊ အိမ်ငှားတွေအတွက်တော့ ဘာမှ မလုပ်ပေးဘူး။ အိမ်ရှင် တွေဘက်က ချည့်ပဲ"လို့ ရန်ကုန် လသာမြို့နယ်အတွင်း တိုက်ခန်း ငှား နေထိုင်သူ ဒေါ်အေးမမ ကလည်း ပြောပါတယ်။
ပြီးတော့ နောက်ပိုင်း ဆောက်လုပ်လာတဲ့ အထပ်မြင့်တိုက်ခန်းတွေမှာ အခန်း ဖွဲ့ပေးမထားလို့ ငှားတဲ့သူက ကိုယ့်ဘာသာ အခန်းဖွဲ့ ပြင်ဆင် နေထိုင်ကြရလို့ နေထိုင်စရိတ် ပိုမိုမြင့်တက်သွားစေတာလည်း ရှိပါတယ်။

အထပ်မြင့် ကန်ထရိုက်တိုက်တွေမှာ မြေညီထပ်နဲ့ ပထမထပ်ကြားမှာ ထပ်ခိုးဆိုတဲ့ ကြားလွှာတခုကို ထည့်သွင်း ဆောက်လုပ်ထားပြီး အဲဒီ အလွှာတွေက ပုံမှန်အခန်းထက် ပိုနိမ့်၊ ပိုကျဉ်းကြပ်ပြီး ဝရံတာလည်း မပါတာတွေ့ရ ပါတယ်။ ဒီလို အခန်းကျဉ်းကို တလ ကျပ် တသိန်း အထိ ပေးရတယ်လို့ ဆိုပါတယ်။
အဲဒီလို အိမ်လခ မကြာခဏ တိုးယူ နေတာကြောင့် အိမ်ငှားနေထိုင်သူ အများစုလည်း ဆက်မငှားနိုင်ကြတော့ဘဲ အိမ်ပြောင်း အခန်းပြောင်းတွေ ဖြစ်လာရတာလို့လည်း ဆိုကြပါတယ်။
"မကြာခဏအိမ်ပြောင်းရတဲ့ ဒုက္ခက တကယ်မသေးဘူး။ တိုက်ခန်းပြောင်းရွှေ့ရတာဆို ပိုဆိုးတယ်။ ပစ္စည်းသယ်ဖို့ ကားငှားရ အလုပ်သမားခ ပေးရနဲ့။ အိမ်ခန်းငှား စရိတ်က မဖြစ်စလောက် ဆယ်ပေပတ်လည် အခန်းတခန်းတောင် အစိုးရဝန်ထမ်း တလ စာထက် များနေတယ်"လို့ ပုဂ္ဂလိက ကုမ္ပဏီတခုမှ အမျိုးသား ဝန်ထမ်းတဦး က ပြောပါတယ်။

အဲဒီအပြင် အိမ်ငှားတွေ မဖြစ်မနေ ရင်ဆိုင်နေကြရတာက အိမ်ပွဲစားပဲ ဖြစ်ပါတယ်။ အိမ်ငှားသူတွေဟာ အိမ် ခြံ မြေ အကျိုးဆောင် ကုမ္ပဏီ တွေက တဆင့် ရှာဖွေခြင်းထက် ပွဲစားနဲ့ ရှာဖွေရတာကို ပိုမိုပြုလုပ်ကြတယ်လို့ သိရပါတယ်။

လမ်းဘေးပလက်ဖောင်းမှာ ကွမ်းယာရောင်းသူတွေ၊ ဈေးသည်တွေဟာလည်း အလိုအလျောက် အိမ်ခန်းပွဲစားတွေ ဖြစ်လာကြ ပါတယ်။ ဒါဟာ ရန်ကုန်မြို့မှာ အိမ်ငှားတွေ များပြားလာတာကို ထင်ဟပ်စေတယ်လို့ ဇေ အိမ်ခြံမြေ အကျိုးဆောင်မှ ဈေးကွက် တာဝန်ရှိသူ တဦးက ဆိုပါတယ်။
အိမ်ငှားပွဲစားတွေနဲ့ ပတ်သက်ပြီး ဥပေဒပြဌာန်းချက် တစုံတရာ မရှိပေမယ့် ပွဲစားတွေကတော့ အိမ်ငှားတွေဆီက တလစာ ပွဲခ တောင်းခံတာတွေတော့ ရှိနေပါတယ်။
"အရင်က ခြောက်လစာ ချုပ်ရင် လစာရဲ့ တဝက်နှုန်းပဲ ပွဲစားကိုပေးရတာ။ အခုကျတော့ သူတို့ဘာသာ သတ်မှတ်ပြီး ခြောက်လဆို လည်း ပွဲခ တလစာလို့ သတ်မှတ်ကြတော့ အိမ်ငှားရတဲ့သူတွေမှာ မချောင်ပါဘူး။ အိမ်ရှင်တွေကလည်း အခုနောက်ပိုင်း ပွဲစားတွေကို ပွဲခပေးတာမဟုတ်ဘဲနဲ့ ကိုယ့်အိမ် ငှားချင်ရင် အိမ်ရှင်၊ အိမ်ငှားတိုက်ရိုက် ဆက်သွယ်လို့ရတဲ့ နည်းတွေနဲ့ လုပ်သင့်တယ်"လို့ ရန်ကုန် လမ်းမတော်မြို့နယ်မှာ နေတဲ့ အိမ်ရှင်မတဦးဖြစ်သူ မသဉ္ဇာရည်ကလည်း ပြောပါတယ်။
စိုးသိန်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဈေးကွက်ကျွမ်းကျင်သူ တဦးကလည်း"ဒီသုံးနှစ်လောက် အတွင်းမှာ နေထိုင်ရေးပြဿနာက ပိုကြီးလာတယ်။ လူတွေက သူတို့တတ်နိုင်တဲ့ ပမာဏနဲ့ တကယ်တမ်း ဈေးကွက် ဖြစ်နေတဲ့ပမာဏနဲ့က ကွာဟချက်ကြီး ရှိနေတယ်။ ဒါပေမယ့် မတတ်သာတော့ ငှားကြရတာပါပဲ။ ငှားလိုသူတွေ များနေပေ မယ့် ဈေးနှုန်းတွေကို မနိုင်ကြဘူး။ အိမ်ရှင်တွေကလည်း ငှားလိုသူတွေများနေတော့ ဈေးနှုန်းမလျှော့ဘူးပေါ့။ ဒါပေမယ့် အိမ်ရှင် တွေဆီက ဘာ facility(အသုံးအဆောင် ပစ္စည်း) မှ မရဘူး"လို့ ပြောဆိုပါတယ်။

အခြေခံ လူတန်းစားနဲ့ သာမန် ၀န်ထမ်းတွေ အတွက် တနှစ် အိမ်ခန်းငှားခ ကျပ် ရှစ်သိန်း နဲ့ ဆယ့်ငါးသိန်း အကြားရှိနေတဲ့ နေ ထိုင်ရေး ပြဿနာနဲ့ ပတ်သက်ပြီး အစိုးရက တစုံတရာ စီစဉ်ဆောင်ရွက်ပေးတာမျိုးလည်း အခုအချိန်ထိ မရှိသေးပါဘူး။
အစိုးရ မကြာခဏပြောဆိုနေတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းဟာလည်း လက်တွေ့နဲ့ ကင်းကွာနေဆဲပါ။ ငွေကြေး ပြည့်စုံသူတွေ သာ တတ်နိုင်တဲ့ ဈေးနှုန်းမြင့် ကွန်ဒိုတွေ၊ အဆင့်မြင့်တိုက်ခန်း တွေသာ တနှစ်ထက် တနှစ် ပိုမိုတိုးတက်လာနေတာ တွေ့ရပါတယ်။
ဆယ်စု တစုအတွင်း သိသိသာသာ ဖြစ်ပေါ်လာတဲ့ မြို့ပြရဲ့ နေထိုင်မှုဆိုင်ရာ ပြဿနာတွေဟာ အခြေခံ လူတန်းစား အများစုရဲ့ လစဉ်ဝင်ငွေ နည်းပါးမှုနဲ့ ဆက်စပ်နေပြီး ထပ်ဆင့်လာနိုင်တဲ့ တခြားလူမှုပြဿနာတွေလည်း ရှိလာနိုင်ပါသေးတယ်။ ပြီးတော့ စပေါ်ပေး ငှားရမ်းမယ် ဆိုရင်လည်း အနည်းဆုံး ကျပ်၂၅ သိန်းကနေ သိန်း ၈၀ အထိ ရှိနေတာကြောင့် အခြေခံလူတန်းစားအဖို့ တွေးပင် မတွေးရဲကြ။ ဒီလို အိမ်လခနဲ့ အမြဲ ၀န်ပိနေတဲ့ အခြေခံ လူတန်းစားတွေ အတွက်တော့ အိမ်ပိုင်တလုံးရရှိရေးမှာ ဝေးနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မရွှေရတီတို့ ဇနီးမောင်နှံနှစ်ဦးလည်း လက်ရှိအိမ်ခန်းဈေးထက် သက်သာတဲ့ နောက်ထပ် အိမ်ခန်း တခန်းကို ပွဲစား အားမကိုးဘဲ နှစ်ယောက်သား အပူတပြင်းလိုက်ရှာနေကြရပါတယ်။   ။

မေရီကို
ဧရာဝတီ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/06/2012 03:43:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ