[New post] ကျော်မြင့် ဦးဆောင်သော “ဇုန်” လူသတ်ဘင်္ဂါလီအဖွဲ့ အာဏာစက်ကြီးထွားလာ ဟု ဆို

admin posted: " ကျော်မြင့် ဦးဆောင်သော "ဇုန်" လူသတ်ဘင်္ဂါလီအဖွဲ့ အာဏာစက်ကြီးထွားလာ ဟု ဆို By Thaung Kwre (ကိုရယ်အာရကန် �"

[New post] လက်ပံတောင်းတောင် သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှုအလှူ – ရွှေည၀ါဆရာတော် တရားပွဲကျင်းပမည်

admin posted: " လက်ပံတောင်းတောင် သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှုအလှူ - ရွှေည၀ါဆရာတော် တရားပွဲကျင်းပ�"

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလားရောက် အထူး (၄) ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

Posted: 10 Dec 2012 03:40 AM PST

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဉက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် သျှမ်းပြည်အရှေ့ ပိုင်းမိုင်းလားမြို့သို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ တည်ဆောက်နေသောငြိမ်းချမ်းရေးကိစ္စများဆွေး နွေးခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကပြောပါသည်။

KTO SSL
"မရောက်ဖူးလို့ လေ့လာဖို့သွားရင်း ချစ်ကြည်ရေးခရီးလဲလုပ်ရင်းပေါ့နော်။ နဂို ရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ် အနေနဲ့ သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ယုံကြည်မှုတည်ဆောက်ဖို့အတွက် နိဒါန်းသွားပျိုးတယ်လို့ လဲပြောလို့ရတယ်။" SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ SNLD ရုံးခွဲဖွင့်ပွဲသို့ရောက်ရှိခဲ့သော ဥက္ကဌကြီး စဝ်ခွန်ထွန်းဦးနှင့်အဖွဲ့ ပြီးခဲ့သည့် သောကြာ နေ့ ၇ ရက်နေ့ ၉ ရက်နေ့အထိ မိုင်းလားသို့ရောက်ရှိပြီး(အထူးဒေသ ၄ ) မိုင်းလားတပ်ဖွဲ့ NDAA-ESS ဉက္ကဌ စိုင်းလင်း အပါအဝင် ဒုဥက္ကဌ (၁) ဦးဆန်းပေ၊ ဒုဥက္ကဌ (၂) စိုင်းဆန်လူ နှင့် အတွင်းရေးမှူးစိုင်းဆိုင်လားတို့က လက်ခံတွေ့ဆုံကြောင်း၊  ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် နှစ်ဘက်လုပ်ငန်းစဉ်များအား အပြန်အလှန်ရှင်းပြခဲ့ကြောင်း၊ သျှမ်းပြည် တမျိုးသားလုံးပါဝင်မည့် ဒုတိယညီလာခံအတွက်ကြိုတင်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ခရီးစဉ်အတွက်ကျေနပ်အားရဖွယ်ကောင်း ကြောင်း စိုင်းလိတ်က ပြောပါသည်။

မိုင်းလားမြို့၌ ၂ ညအိပ်ကာ ခွန်ထွန်းဦးတို့အဖွဲ့ ၂၁၀၇ ခုနှစ် သျှမ်းရိုးရာနှစ်သစ်ကြိုဆိုပွဲအတွက် ဒီဇင်ဘာ ၉ ရက် မနက် ပိုင်း၌ မိုင်းလားမှ ကျိုင်းတုံသို့ ပြန်လာခဲ့ကြောင်း ကြားသိရပါသည်။

"ကျနော်တို့လုပ်ငန်းစဉ်ကိုရှင်းပြတော့ စဝ်စိုင်းလင်းတို့က  ဝမ်းသာအားရကြိုဆိုတယ်။ ပါဝင်ဖို့ ကြိုးစားမယ်လို့ ပြောတယ်။  ဒုတိယညီလာခံကိုတော့ လာမယ့်နှစ် သင်္ကြန်မတိုင်ခင်လောက်မှာဖြစ်ဖို့ခန့်မှန်းတယ်။ လောလောဆယ်ကျနော်တို့  မိုင်းလား ဆီကိုဘဲ ရောက်သေးတယ်။ အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်။ သျှမ်းပြည် အခြေစိုက်အဖွဲ့အစည်းတွေနဲ့လဲ တွေ့ရ ဦးမယ်ဆိုတော့ ဒီအတွက် ၄- ၅  လအချိန် ယူရဦးမယ် " ဟု စိုင်းလိတ်က ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချု၌ ဥက္ကဌခွန်ထွန်းဦးနှင့်အတူ ဒုဥက္ကဌ စိုင်းရွှေဂျူး အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောရေးဆိုခွင့် စိုင်းလိတ်တို့အပြင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စဝ်ကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။

KIA နှင့် အစိုးရတပ်တို့ လက်နက်ကြီးတိုက်ပွဲဖြစ်နေ

Posted: 10 Dec 2012 03:39 AM PST

KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ်အနီး  လိုင်ဇာမြို့တစ်ဝိုက်တွင် ယခုလ ၈ ရက်နေ့မှ ယနေ့အထိ KIA နှင့် အစိုးရတပ်တို့ အကြား နှစ်ဘက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း သိရသည်။
Mortar-120mm-beyt-hatotchan-1                                                    120 mm လက်နက်ကြီး

ယခုလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က အဆိုပါ ဋ္ဌာနချုပ်လိုင်ဇာနှင့် ၆ မိုင်ခန့်အကွာရှိ မန်မော်ရွာ အနီးတွင် နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တုန်ဖုန်းယန်မြို့နယ်ခွဲ ခမ်းကိုင်ရွာ အခြေစိုက် အစိုးရအမြောက်တပ်ရင်း မှ လိုင်ဇာမြို့သို့ လက် နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လိုင်ဇာမြို့ နောက်ကျောတစ်ဝိုက် ကျရောက်ပေါက်ကွဲ ခဲ့ပြီး KIA ဘက် မှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ယနေ့အထိ နှစ်ဘက် လက်နက်ကြီး တိုက်ပွဲ ဖြစ်ပွား နေကြောင်း လဂျာယန်ရွာ အခြေစိုက် ABSDF ကျောင်းသားတပ်မှ တပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"စကခ ၃ လက်အောက်ခံတပ် ၊ အင်အား ၂၀၀ ကျော်လောက်က ခလရ ၄၀ ကို အင်အားလာထပ်ဖြည့်တာ။  လိုင်ဇာကို ဦး တည်လာတာပေါ့။ လိုင်ဇာနားက မန်မော်ရွာထဲမှာ လာထားသွားတာ အဲဒီရွာထဲမှာပဲ စစ်တပ်က နှစ်ခြမ်းခြမ်း ပြီးနေထား တာ ။ အဲဒီအင်အားလာဖြည့်တဲ့တပ်နဲ့ တိုက်ပွဲစဖြစ်တော့ ခမ်းကိုင်အမြောက်တပ် ကနေ လက်နက်ကြီးတွေနဲ့ လိုင်ဇာကို လှမ်းပစ်တယ် " ဟု သူက ဆိုသည်။

KIA ဘက်မှလည်း ၁၂၀ မမ အမြောက်များဖြင့် ခမ်းကိုင်အမြောက်တပ်ရှိရာဆီသို့ ပြန်လည်ပစ်ခတ်နေရာ လက်နက်ကြီး ကျည်များ ၄င်းအမြောက်တပ်အတွင်း ကျရောက်ပေါက်ကွဲကာ မီးလောင်မှုများ ဖြစ်ပွားနေ ကြောင်း ယနေ့တွင် ဗန်းမော်မြို့မှ အစိုးရတပ် အင်အား ၂၅၀ ခန့် လိုင်ဇာဘက်သို့ ထပ တက်လာကြောင်း ၄င်းတပ်မှူးက ဆက်ပြောသည်။

UWSA ဌာနချုပ် ‘ပန်ဆန်း’ ၌ ကျင်းပသည့် ‘သျှမ်းနှစ်သစ်ပွဲ’ နာမည်ထည့်ခွင့်မရ

Posted: 10 Dec 2012 03:38 AM PST

ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ဖြစ်သော သျှမ်းပြည်အရှေ့ပိုင်း ပန်ဆန်း မြို့၌ ကျင်းပသည့် သျှမ်းနှစ်သစ်ကြိုဆိုပွဲအား 'သျှမ်းနှစ်သစ်ကူးပွဲ' ဆိုသည့်အမည်တပ်ခွင့်မရကြောင်း ဒေသခံများက ပြောပါသည်။


"ကောင်းမူးလုံပွဲလို့ဘဲ နာမည်တပ်ခိုင်းတယ်။  သျှမ်းနှစ်သစ်ကူးပွဲလို့ နာမည်မတပ်ရတော့ စိတ်ပျက်မိ တယ်။ တခြားရိုးရာပွဲတွေတောင်လုပ်သေးတာဘဲ။ နောက်ဆိုသျှမ်းရိုးရာဓလေ့တွေ ပျောက်သွားမှာကို စိုးရိမ်လို့ပြောတာ။" - ဟု ပန်ဆန်းလူငယ်တစ်ဦးက ပြောပါသည်။

စစ်အစိုးရလက်ထက် ထောက်လှမ်းရေးခေတ်က ဗိုလ်ချုပ်ခင်ညွန့်မှ အဆိုပါမြို့တွင်းရှိ ကောင်းမူးလုံ စေတီအား ရွှေတိဂုံပုံတူစေတီ ပြင်ဆင်မွမ်းမံကာ ထီးတော်ပြန်တင်ထားခဲ့သည်။

ဝ ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့ရှိ သျှမ်းရွာများဖြစ်သည့် ကောင်းဟုန်းရွာ၊ ကောင်းမူးရွာ၊ နားလောတ် ရွာ၊ ကျူဟဲ့ရွာ၊ ဟတ်ဇုံးရွာ နှင့် နမ့်တောင်း(ဝ်း)ရွာတို့စုပေါင်း၍ ဒီဇင်ဘာ ၁၂ ရက် မှ ၁၄ ရက်ထိ သျှမ်း နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ကြောင်း ဆို၏။

သျှမ်းနှစ်သစ်အားကြိုဆိုပါ၏ ဆိုသည့် စာတမ်းအားပါပွဲဆိုင်းဘုတ်တပ်ရန် ဝ အာဏာပိုင်များက တား မြစ်ထားသောကြောင့် မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်ဟု လူငယ်တဦးက ဤကဲ့သို့ ပြောပါသည်။

"သျှမ်းနှစ်သစ်ကူးပွဲလို့ မပြောနဲ့ သျှမ်းဆိုတဲ့စာလုံးလေးတလုံးတောင် တနေရာမှ မတွေ့ရဘူး။ မေး ကြည့်တော့ အာဏာပိုင်တွေက တပ်ခွင့်မပေးဘူးလို့ ပြောတယ်"

သျှမ်းနှစ်သစ်ကူးပွဲ ရုပ်သွင်ပေါ်ရန် အရေးမကြီးကြောင်း၊ ပွဲဖြစ်မြောက်ရန်သာ အရေးကြီးကြောင်း၊ သျှမ်းနှစ်သစ်နာမည်မပါဘဲ ကျင်းပလာတာ ၁၀ နှစ် ၁၀ မိုးရှိပြီဖြစ်ကြောင်း၊ ကျင်းပခွင့်မပြုတာမဟုတ် ကြောင်း၊ တရုတ်နှစ်သစ်ကူး နှင့် တခြား တိုင်းရင်းသား နှစ်သစ်၊ ကောက်သစ်ပွဲလည်း ထို့နည်းတူ နှစ်စဉ်နှစ်တိုင်းကျင်းပခွင့်ပြုကြောင်း ၀ အရာရှိတစ်ဦးက ပြောပါသည်။

သျှမ်းနှစ်သစ်ကူးပွဲတော်သည် ရိုးရာပွဲများအနက် သျှမ်းလူမျိုးများ ခေတ်အစားဆုံး၊ အမြတ်နိုးဆုံးပွဲ တော်တစ်ခုဖြစ်သည်။ ထို့အတွက် ယခုနှစ် ၂၁၀၇ သျှမ်းနှစ်သစ်အား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ ပြည်တွင်းပြည်ပ သျှမ်းများက စုပေါင်းကြိုဆိုမည်။ သျှမ်းလူမျိုးများဆိုင်ရာ စာပေဟောပြောပွဲလည်း ပူးတွဲ ကျင်းပသွားမည်ဖြစ်သည်။

[New post] မှောင်နဲ့ မည်းမည်း လရောင်လည်း သဲကွဲမလင်းတယ်…. (မြ၀တီ)

admin posted: " မှောင်နဲ့ မည်းမည်း လရောင်လည်း သဲကွဲမလင်းတယ်.... မြ၀တီသား (ခေတ္တမဲဆောက်) ဒီဇင်ဘာ ၁၁၊ ၂၀၁၂          "

[New post] ကာတွန်းစောငို – ခေတ်ပေါ် စစ်ချီသီချင်းသစ်၊ ကာရာအိုကီဗားရှင်း

admin posted: " ကာတွန်းစောငို - ခေတ်ပေါ် စစ်ချီသီချင်းသစ်၊ ကာရာအိုကီဗားရှင်း ဒီဇင်ဘာ ၁၁၊ ၂၀၁၂"

[mrsorcerer:36329] Fwd: [လူဗိုလ်ဟူသည် ...] ရှေးရှေးတုန်းက ရည်းစားစာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/9
Subject: [လူဗိုလ်ဟူသည် ...] ရှေးရှေးတုန်းက ရည်းစားစာ
To: lubo601@gmail.com



Published By  On Tuesday, November 1st 2011. Under တစ်နှစ်ပြည့်အထိမ်းအမှတ်မျက်ရှုဆောင်းပါး    

အင်တာနက်ကြီးရဲ့ ကျေးဇူးနဲ့ ကမ္ဘာတခွင် ပြဲပြဲစင်အောင် လည်ပတ်သွားလာ ဆက်သွယ်လို့ရနေတဲ့ ခေတ်ကြီးမှာ နထို့ပလို့ရွာက ဂျာအေးတို့ ဗွေးတုတ်တို့လည်း အိုင်လပ်ဖ်ယူ လောက်ကတော့ မိုးသန်းအိုင်ကန်ဆေး ဖြစ်နေပါပြီ။ ကျုပ်တို့ဗမာတွေလောက် သင်လွယ်တတ်လွယ်တာလည်း ဗမာတွေပဲ ရှိပါလိမ့်မယ်။ ဂျပန်အစ ပန်းကန်ကဆိုတဲ့ ခေတ်တုန်းကလည်း ခွန်းနိချိဝ ယောဒေါရှိ တတ်ခဲ့တာပဲ။ အညာကဆရော်တို့ အိုပတို့ခေတ်ကောင်းလာတော့လည်း အမေရိကမှာရှိတဲ့ ဆူရှီဈေးကွက်ကြီးကို ဗမာတွေကပဲ လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သတဲ့။ တရုတ်လူမျိုးတွေ အစေ့ကျရာ အပင်ပေါက်တာက ဝေါ်ပုကျိတောက်ကို တရုတ်လိုအပြင် မပြောတတ်ပဲ လင်ယူသားမွေးလုပ်ခဲ့ကြပေမယ့် ဗမာတွေဆိုရင်တော့ ထမင်းစားရေသောက် မပြောတတ်ပဲ အာဘာယာဘာလောက်နဲ့တော့ ရေမြောကမ်းတင် အခြေမချတတ်ပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံရပ်ခြားမှာ အနေကြာသွားတဲ့ ဗမာများဟာ ကိုယ်ရောက်နေရာအရပ်က ဘာသာ စာပေ ယဉ်ကျေးမှုတို့ကို သိပ်မကြာခင်မှာပဲ အသားကျလက်ခံ လာလေ့ရှိပါတယ်။ နောက်ထပ်မျိုးဆက် တစ်ဆက်လောက် အဲဒီမှာပေါက်ဖွားလာလို့ကတော့ ဘာပြောကောင်းမလဲ။ အခုခေတ်ကလေးတွေဟာ စိန့်ဗယ်လင်တိုင်းနေ့ဆိုလည်း ရေရေရာရာ သိလိုက်ကြတာပဲ။ ဟောလိုဝင်းပွဲတော်တဲ့ဟေ့ ဆိုလည်း ကုစားမလား ပြုစားရမလားလို့ သကြားလုံးလေးတွေ လိုက်တောင်းတတ်ကြတာပဲ။ ခရစ်စမတ်တို့ နှစ်သစ်ကူးတို့ဆိုရင်တော့ ဓမ္မတေးတွေတောင် လိုက်ဆိုတတ်သေးတာ။ မိရိုးဖလာ ဗုဒ္ဒဘာသာကို ဘယ်လောက်ပဲ စွဲမြဲတယ်ပြောပြော အဖော်ကောင်းရင် ကောင်းသလို သူများ ဘာသာ စာပေ ယဉ်ကျေးမှုတွေကို ခုံခုံမင်မင် လေ့လာလိုက်စားတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ မြန်မာစာ မြန်မာမှုတွေနဲ့ အလှမ်းဝေး အနေစိမ်းမသွားအောင် ပြန်နွှေးပေးလိုက်ချင်ပါတယ်။ အစစအရာရာ တိုးတက်ခမ်းနားတဲ့ တိုင်းတပါး လူနေမှုပတ်ဝန်းကျင်မှာ ရင်သပ်ရှုမော အံ့သြရင်းကနေ ကိုယ့်ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို တန်ဖိုးမထားပဲ အထင်သေး အမြင်သေးဖြစ်ကုန်မှာလည်း စိုးပါတယ်။ လက်လက်တောက်နေတဲ့ ခရစ်စတယ်ဖန်မီးဆိုင်းတွေရဲ့ ဖမ်းစားမှုကြောင့် ကိုယ့်အိမ်မှာ ဘိုးဘွားလက်ထက် ကတည်းကရှိနေတဲ့ ရွှေစင်န၀ရတ်ပန်းကလပ်တွေကို ဖုန်တသောသောနဲ့ အစုတ်အပြတ်တွေလို့မထင်အောင် အရောင်တင် ဆေးကြောသန့်စင် ကြည့်ကြပါစို့။



နိုင်ငံတစ်ခု လူမျိုးတစ်မျိုးရယ်လို့ ဖြစ်လာရင် ကိုယ်ပိုင်ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှုရှိမှသာ အဆင့်အတန်းမြင့်ခဲ့တဲ့ လူမျိုးလို့ အကဲခတ်သတ်မှတ်ပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါတို့တောင်မှ အဲဒီလို ကိုယ်ပိုင် ယဉ်ကျေးမှုအမွေအနှစ်တွေ မရှိခဲ့ဘူးလေ။ မြန်မာတွေဆိုတာကတော့ အာရှတိုက်မှာ အင်မတန် လွှမ်းမိုးနိုင်စွမ်းတဲ့ အင်အားကြီးနိုင်ငံနှစ်ခုအကြားမှာ ကိုယ်ပိုင်ဘာသာစကား ယဉ်ကျေးမှုအမွေအနှစ်တွေကို နှစ်ပေါင်းထောင်ချီကျော်အောင် ထိမ်းသိမ်းလာနိုင်ခဲ့တာ မငြင်းနိုင်ပါဘူး။ စာပေ ကဗျာ၊ လင်္ကာ၊ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား စတာတွေဟာ ပုဂံခေတ်မှာကတည်းက သေသေသပ်သပ် ပေါ်ထွန်းလာခဲ့တာ ဘယ်ခေတ်မှာမှ မတိမ်ကောခဲ့ပါဘူး။ ဒီခေတ်မှာကျတော့မှ မှေးမှိန်ပျောက်ကွယ်လုလု ဖြစ်ရတယ်ဆိုရင် မြန်မာတစ်ယောက်အနေနဲ့ တာဝန်မကျေရာ ကျတော့မပေါ့။ "အဲဒါတွေ တတ်တော့ရော အလုပ်ရှာရလွယ်လို့လား။ သံချီသံကွေးလောက်မှ အသုံးဝင်တာမဟုတ်" လို့ အပြောမခံရရင် ကံကောင်း။

အဲသလောက် နားဝေး အနေစိမ်းနေတဲ့ မြန်မာလူငယ်ကလေးတွေကို သူတို့အလွယ်တကူ နားလည်ခံစားနိုင်မယ့် မြန်မာကဗျာကလေး တစ်စုံနဲ့ မိတ်ဆက်ပေးလိုက်ပါ့မယ်။ လူငယ်ဘာဝ ချစ်ရေးကြိုက်ရေး လွမ်းရေးမျှော်ရေးတွေကို စာဖွဲ့လာခဲ့တဲ့အထဲမှာ ဒီကဗျာကလေးနှစ်ပုဒ်ကတော့ စာဆိုတစ်ဦးတည်းက လူနှစ်ဦးအတွက် အပြန်အလှန်ရေးဖွဲ့ပေးထားတဲ့ ရည်းစားစာ ဆိုပါတော့ကွယ်။ ခေါင်းစဉ်က "ချစ်၍ခေါ်သည်" နဲ့ "ချစ်၍ခေါ်ရာ" တဲ့။ ရေးတာကတော့ စိန္တကျော်သူဦးသြပါ။ (ဆင်ဆာမဖြတ်လိုက်နဲ့ဦးနော်။ ဟိုရုပ်ရှင်မင်းသားနဲ့ ဘာမှ မပတ်သက်ဘူး။ အာမခံတယ်။) ဘိုးတော်ဘုရားဖြစ်လာမယ့် ပဒုံမင်းသားကလေးက သူ့ငယ်ချစ် မယ်လွန်းမယ်ကိုပေးဖို့ အကြီးတော်လုပ်တဲ့ ဦးသြကို ရေးပေးစေတဲ့အခါ မယ်လွန်းမယ်ကလည်း ဦးသြကိုပဲ ပြန်စာရေးပေးခိုင်းပါသတဲ့။ သူတို့ အပြန်အလှန်ပေးစာတွေကို ရေးပေးရရှာတာကတော့ အသက်ခုနှစ်ဆယ်လောက်ရှိနေပြီဖြစ်တဲ့ ဦးသြပါတဲ့။ အဘိုးကြီးအို ခါးကုန်းကုန်းက ဖလန်းဖလန်းထနေအောင်ကို အရေးကောင်းလိုက်တာ ဒီကနေ့ထိဖတ်ပြီး ကြွေသွားတဲ့လူတွေထဲမှာ သင်လည်းပါလေဦးအံ့ လို့ ကြိုပြောထားလိုက်မယ်။ ဖတ်ကြည့်။

ချစ်၍ခေါ်သည် လိုက်တော်မူခဲ့
မပြောင်းနွဲ့နှင့် အံ့ဖွယ်အတိ
တိုင်းမသိသား ပြည်ကြီးတန်ဆာ
ကန်နန္ဒာမူ ရာဇာများပန်း
မှန်နန်းများရှင် ဖန်စီရင်၍
ညာခွင်ချောင်းရိုး ကိုးဆယ့်ကိုးက
ရေမိုးယှက်လည် စီးလာသည်ကို
ဆီးဆည်သယ်ဖို့ တောင်ကဲ့သို့ပင်
မို့မို့ညိုယောင် သင်းကန်ပေါင်နှင့်
ရေတောင်မောက်သာ လွမ်းဖွယ်သာသည်
ရောက်ခါမြင်တော်မူလိမ့်မည် ….။

ပဒုံမင်းသားဟာ အလောင်းမင်းတရားရဲ့ သားတော်ငယ်တစ်ပါးဖြစ်ပြီး ညီအကိုတတွေ ကြီးစဉ်ငယ်လိုက် နန်းစံရမယ်လို့ ခမည်းတော် အမှာစကားကို ဆင်ဖြူရှင်လက်ထက်ကစပြီး အရူးကွက်နင်းလို့ ကိုယ့်သားကိုယ် နန်းတင်ခဲ့ရာက စဉ့်ကူးမင်း၊ ဖောင်းကားစားတို့နဲ့ နန်းတွင်းရေးတွေ ရှုပ်အလာမှာ ရွှေဘိုကိုထွက်လို့ ထီးနန်းလုပ်ကြံရပါသတဲ့။ ဒီအခါမှာ ငယ်ရည်းစားဖြစ်တဲ့ မယ်လွန်းမယ်ကို "တူတူလိုက်မလား သွားမယ် မေ" လို့ စိတ်လည်လာအောင် ရွှေဘိုရဲ့ သာယာပုံတွေနဲ့ မြူဆွယ်ဖိတ်ခေါ်တာပေါ့။ ဒီအခါမှာ မယ်လွန်းမယ်ဘက်ကလည်း မိန်းကလေးတို့ဘာဝ "အေးသာရေ .. ကောက်ရိုးပုံ" လို့ခေါ်လိုက်တာနဲ့ စွေ့ကနဲပါမသွားပဲ "လိုက်တော့ လိုက်ချင်ပါရဲ့။ ဒါပေမယ့် ပိုင်ပိုင်နိုင်နိုင် လက်ထပ်ထိမ်းမြားရတာလည်း မဟုတ်သေးပဲနဲ့ လိုက်သေးပါဘူး။ နောက်နောင်ခါမှပဲ လိုက်တော့မယ်" လို့ မူတူတူကလေးလုပ်နေတာကို ဒီလို ရေးဖွဲ့ထားပါတယ်။

ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း
နော်ဇာရွှေကုံး တစ်ခိုင်လုံးကို
လုံးလုံးမယ်ထွေး မပိုင်သေးခဲ့
မဝေးဘူးဆို မြို့မြောက်ဟိုတွင်
မြင့်မိုရ်တောင်လောက် ကန်ပေါင်မောက်နှင့်
ယင်သောက်ရုံမျှ မြူမကျသား
ချမ်းမြရေကြည် ကြာငါးမည်လည်း
ထောပည်ဟင်းရမ်း ဖြူးပြောက်မွှန်းလျှက်
ဆွတ်လှမ်းမလွယ် ကုံးသီသွယ်သို့
လွမ်းဖွယ်သာယာ ကန်တော်မှာသည်
ရောက်ခါမြင်ရပေလိမ့်မည်..။

ဒီကဗျာနှစ်ပုဒ်ရဲ့ ဆိုလိုရင်း အကြမ်းဖျင်းလောက်ကို နှောင်းခေတ်တေးတွေတုန်းက အောင်ရင်နဲ့ မေဆွိတို့ ပြန်ဆိုထားတဲ့ သီချင်းကလေးလည်း ကြားဖူးကြမလားမသိပါဘူး။ "ချစ်၍ခေါ်မည် လိုက်တော်မူခဲ့ မပြောင်းနွဲ့နဲ့ကွယ် မောင်တို့ဆီ မြို့ကြီးပြကြီးမို့ စည်ကားလွန်းလှတယ်.." ဆိုတာလေ။ သူကတော့ "ဖေဖေချစ်ရပါစေမယ်" တို့ "မေမေချစ်ရပါစေမယ်" တို့ ပါတာပေါ့။ ဆရာကြီးသော်တာဆွေကလည်း ဆရာမကြီးဒေါ်ကြည်အေးကို ကဗျောင်ကဗျက်စပ်ပြီး ကျီစယ်ခဲ့တာ ဖတ်ခဲ့ဖူးပါတယ်။ "ချစ်၍ခေါ်မည် လိုက်တော်မူခဲ့ အရက်လျှော့သောက်" ဆိုတာပဲ မှတ်မိတော့တယ်။ အရင်ခေတ်တုန်းကတော့ တက္ကသိုလ်မှာ အင်မတန်ခေတ်စားတဲ့ ကဗျာလေးတွေ ဖြစ်မယ်ထင်ပါတယ်။ နားမလည်စရာ ပေါရာဏတွေ လူအထင်ကြီးလောက်စရာ ခန့်ခန့်ညားညားကြီးတွေမပါပဲ မျက်စိထဲမှာ မြင်ယောင်ခံစားလာစေလောက်တဲ့ အဖွဲ့အနွဲ့တွေနဲ့ ကဗျာလေးမှာ စာပေရဲ့တန်ဖိုး သမိုင်းရဲ့ တန်ဖိုးတွေတင်မကပါဘူး။ မြန်မာလုလင်ပျို၊ လုံမပျိုကလေးတွေရဲ့ ချစ်စရာသိင်္ဂါရဓလေ့လေးတွေကိုလည်း ထင်ဟပ်စေပါတယ်။ ဗင်းဆင့်ဗန်ဂိုးကို တမ်းလိုလည်း တမ်းကြပါ၊ အိုမာခရမ်ကို ညွှန်းလိုလည်း ညွှန်းကြပါ။ တဂိုးမျိုးလို့ ကြွေးကြော်လိုကလည်း ကြွေးကြော်ပါ။ မြန်မာကဗျာကလေးတွေကိုတော့ ကြားလည်း မကြားဖူးဘူး လို့ မပစ်ပယ်လိုက်ပါနဲ့နော်။ ကိုယ့်ရင်သွေးကလေးတွေကို ညအိပ်ယာဝင်ချော့သိပ်တဲ့အခါမှာလည်း ""Old Macdonald had a farm E I E I O …' လို့မချော့ပဲ "လူကလေးရဲ့ အိပ်ချိန်တန် ဗျိုင်းရှေ့ကပျံ.." လို့ပဲ ချော့ကြရင် မကောင်းဘူးလား။

ဒေါက်တာစိုးမင်း

(မှတ်ချက်။ မျက်ရှုနှစ်ပတ်လည်အတွက် စာမူတောင်းခံခဲ့တဲ့သူတွေအထဲမှာ ဆရာစိုးက စာမူ အစောဆုံး ပို့ပေးခဲ့တဲ့သူပါ။ ဒါပေမယ့် ဘာအမှတ်တရစကားမှတော့ လက်ဆောင်ပါး မသွားဘူး။ )



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/10/2012 09:43:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36327] Fwd: [လူဗိုလ်ဟူသည် ...] Facebook လုံခြုံရေးမြှင့်ရန်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/9
Subject: [လူဗိုလ်ဟူသည် ...] Facebook လုံခြုံရေးမြှင့်ရန်
To: lubo601@gmail.com



by Ye Min Tun on Sunday, December 9, 2012 at 12:04pm 

ချစ်ခင်ရပါသော မိတ်ဆွေများအတွက် Hacker လို့ မိမိကိုယ်ကို အမည်ခံတဲ့  ခွေးလေးဂျပိုးများနှင့် စိတ်မညစ်ရအောင်။ တကယ်တော့ အကောင့်ကို လိုက်ခိုးတာက Hacker မဟုတ်ပါဘူး။ Hacker တယောက်ဖြစ်ဖို့ဆိုတာ ပေါက်လို့ပဲစားလုပ်ရလောက်အောင် အရည်ချင်းမနှိမ့်ပါဘူး။ ဒီလိုအဆင့်မျိုးကိုလည်း Hacker တွေက အချိန်မပေးနိုင်ပါဘူး။ မိတ်ဆွေတို့သိရအောင်ပြောရရင် Hacker တွေက အခုဆိုရင် လုပ်ငန်းတွေမှာ ခေါ်ယူအသုံးပြုနေလို့ သူတို့အချိန်က ငွေနှင့်ဆက်ပြီး တန်ဖိုးရှိပါတယ်။ ဒီလို free user အကောင့်လောက်ကို crack လုပ်ပြီး။ Hacker လို့အမည်ခံတာ Hacker တွေ သိက္ခာရပါတယ်။ တခုရှင်းပြမယ်။
Hacker တယောက်ဖြစ်ဖို့ သချာင်္က သိပ်တော်ရမယ်။ လက်ရိုက်တဲ့ အမြန်နှုန်းက sever တွေက Auto update တွေထက် နှစ်ဆနီးပါးမြန်ရမယ်။ ဒီလောက်ဆို Hacker တယောက်၏ အရည်ချင်းကို မှန်းလို့ရပါပြီ။ နောက်တခုက hacker ဖြစ်ဖို့ ပါရမီအခံလေးရှိမှပါ ဘာလို့လည်းဆိုတော့ လေ့ကျင့်တိုင်း ဖြစ်တဲ့ ပညာရပ်မဟုတ်လို့ပါ။ ဦးနှောဏ်သိပ်ကောင်းရပါတယ်။ ဒီတော့ အဲဒီလို လူမျိုးက ဒီလိုခွေးလေးဂျပိုး အလုပ်တွေ လုပ်မလုပ်ကို မိတ်ဆွေတို့ တွေးဆကြည့်ပါတော့။
  
လုံခြုံရေးအတွက် မသိသေးသူများ အောက်မှာ ပြထားတဲ့ ဓါတ်ပုံနှင့် အဆင့်ဆင့်လုပ်သွားပါ။ အရမ်းလွယ်ပါတယ်။ မြန်မာနိုင်ငံက ဖုန်းတွေနှင့် ရမရတော့ မသိဘူး ဖုန်းနှင့် လုပ်မရရင်လည်း အီးမေလ်းနှင့် အတည်ပြုခိုင်းပါ။ ဖုန်းနှင့် ဆိုရင်တော့ သိပ်ကောင်းပါတယ်။ မိမိဖုန်းကို မိမိ Facebook တခါဖွင့်တိုင်း မိမိသုံးနေကျ စက်မဟုတ်တာနှင့် အတည်ပြုဖို့ code ဂဏန်းခြောက်လုံး ပေးပို့မှာဖြစ်ပါတယ်။

ပထမပုံမှာ ပြထားတဲ့အတိုင်း setting ကိုသွားပါ။ ..
.
 
ဒုတိယပုံအတိုင်း Security ကိုသွားပါ
.
တတိယပုံအတိုင်း Login Notifications ကို Email နှင့် Text massage ကိုရွေးလိုက်ပါ။

ပြီးတော့ ယ္ခုပုံအတိုင်း မိမိဖုန်းဖြင့် Login approvals လုပ်ပါ။ မိမိဖွင့်နေကျ မဟုတ်သော ကွန်ပြူတာ မိုဘိုင်းတွေမှ ဖွင့်တိုင်း ဖုန်းဖြင့် အတည်ပြုချက်ရယူရန် အတွက် မိမိဖုန်း နံပါတ်ထည့်ပြီး။ အတည်ပြုသည့် code ကိုစောင့်ရပါသည်။ ထို code ရောက်လာရင် ရိုတ်ထည့်ပေးလိုက်ခြင်းဖြင့် မိမိဖုန်းကို အတည်ပြုပါသည်။  မိမိဖုန်းနံပါတ်ကို အကောင့်မှာ Public မလုပ်ထားချင်ရင် About me မှာသွားပြီး မိမိဆက်သွယ်ရန် information တွေကို me only ကိုရွေးချယ်ထားလိုက်ပါ။
.
ဒါလေးကတော့ အပိုဆုပါ မိမိ Facebook ဖွင့်တိုင်း Internet Browse မှာ http အစား https ဆိုတဲ့ လုံခြုံရေးအဆင့်ပါ။ သူကတော့ မြန်မာပြည်က အင်တာနက်အမြန်နှုန်းနှင့်ဆို မလွယ်ဘူးထင်ပါတယ်။ ရရင်သုံးပေါ့ မရရင် မသုံးပါနှင့် မရရင် မရကြောင်း အသိပေးပါလိမ့်မည်။..
.
https ဖြစ်သွားရင် Facebook ကိုဖွင့်တိုင်း အခုလိုပေါ်နေမှာဖြစ်ပါတယ်။
  
အားလုံးပဲ အဆင်ပြေမှာပါ။ အဆင်မပြေရင်လည်း comment မှာရေးထားလိုက်ပါ။ ကျနော်သိသလောက် ကူညီဖြေရှင်းပေးပါမည်။
  
ချစ်ခင်စွာဖြင့်

ရဲမင်းထွန်း


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/10/2012 09:21:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36327] Fwd: [လူဗိုလ်ဟူသည် ...] တခါက WWW ကိုထိမ်းချုပ်ဖို့ ကျိုးစားခဲ့ဘူးသလို



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/9
Subject: [လူဗိုလ်ဟူသည် ...] တခါက WWW ကိုထိမ်းချုပ်ဖို့ ကျိုးစားခဲ့ဘူးသလို
To: lubo601@gmail.com



by Than Saw on Sunday, December 9, 2012 at 11:43am 

 ကျမ website တွေကို ၁၉၉၆ ခုနှစ်ကတည်းက ဟိုတစ ဒီတစ စထောင်ဘူးပါတယ်။
ကျမ ၁၉၉၈ ခုနှစ် မတိုင်ခင်က domanin names နဲ့ website  အတော်များများကိုဝယ်ပြီး ချုပ်ထားဘူးပါတယ်။ အခုကျမလုပ်နေသလိုပါဘဲ။ 
 အဲဒီတုန်းက domain name နဲ့  website ပါဝယ်ထားရင် တော်တော် လေး ပိုက်ဆံကုန်ပါတယ်။

ကျမရဲ့ မြန်မာပြည်က  ညီမနှစ်ယောက်ကလည်း အီတာလျှံ့တွေနဲ့ ဖက်စပ် ကုမ္ပဏီထောင်ကြတုန်း ကလည်း ကျမက ဒီဖက်က အခမဲ့ ကိုယ်အိတ်ထဲက ပိုက်ဆံနဲ့  company domain name ရယ် website ရယ်ကို ဦးစီလုပ်ပေးပါတယ်။
သူတို့က ကျမဘာလုပ်ပေးနေတယ်ဆိုသာတောင် လုံးဝနားမလည်ပါ။ ကျေးဇူးတင်ဖို့ကတော့ ဝေးသေး။ ကျမဘက်ကသာ အိမ်မက်ကြီးကြီး မက်ပေးပါတယ်။  တနေ့ သူတို့ ကုမ္ပဏီလည်း ဒေဝါလီခံတဲ့ အခါကျမှ ကျမလည်း ဒီဖက်က ဖြုတ်ပေးလိုက်ပါတယ်။

သူတို့ ကုမ္ပဏီအတွက် ဒီဖက်က website ထောင် ပြီး ကြီးကြပ်ကွပ်ကဲပေးနေရတော့ ဝယ်ထားတဲ့ domain names  နဲ့ websites  တွေကို မကြည့်နိုင်တော့ဘူး။ မြန်မာနိုင်ငံက ပြည်နယ်အားလုံးရဲ့ ဒိုမိန်းနိမ်းတွေပါ။ WWW ကို ထိန်းချုပ်လိုတဲ့ ကျမအိမ်မက်က တော်တော်လေးကြီးခဲ့ပါတယ်။ စီးပွားရေးနဲ့ ထိန်းချုပ်ခြင်သာမျိုးမဟုတ်ပါ။ ကိုယ်မှာ ငွေးရေးကြေးရေး မတောင့်တင်းဘဲ ဝမရှိဘဲ ဝိလုပ်ဖို့ ကြိုးစားခဲ့သာပါ။

 ၂၀၀၃ ခုနှစ်လည်း ရောက်ရော ကျမလည်း မတတ်နိုင်တော့ဘူး။ ကိုယ့်ဝမ်းစာအတွက်လည်း အင်မတန် ရုံးကန်ရတော့ ဒီ domain names တွေကို လက်လွှတ်လိုက်တော့တယ်။ အဲဒီတုန်းက ထီပေါက်ခြင်လိုက်သာ။ ထီသာ ပေါက်ရင် အခမဲ့ ဒိဝက်ဆိုက်ဒတွေ အားလုံးကို မြန်မာပြည်အတွက် အခမဲ့ ကြီးကြပ်ပြီး WWW ကိုလည်း ချုပ်ထားမယ်ပေါ့။ နောက်ဆုံး ကိုယ်တစ်ယောက်ထဲ ဒါတွေအတွက်လုပ်ဖို့ ဆက်လက် ငွေ မထောက်ပံ့နိုင်ခဲ့ဘူး။ အိမ်မက်မက်ခဲ့သာလေ။

ယူကျုပ်ပေါ်လာတော့ ကျမတော်တော်လေး စိတ်ထောင်းနေပါပြီ။ အကောင့် ၃ လေးခုထားခဲ့ပါတယ်။ ဘာမျှ မယ်မယ်ရရ မလုပ်ခဲ့ပါ။ 

ဖေ့စ်ဘွတ်စပေါ်တော့လည်း ဒီအတိုင်းပါဘဲ။ ကိုယ်ရဲ့ ပထမအိမ်မက်ပျက်ခဲ့တော့ ချက်ခြင်း နိုးနေသော်လည်း အိပ်ယာထဲက မထခြင်ဘူး။

ဝက်စမင်တာ မြို့တော်  ကောင်စီကိုတီးခြင်လို့ ဘလော့ဂ်ဆိုက်ဒ်တို့  ဖေ့စ်ဘွတ်တို့မှာ  တက်လာပြီး ကျမရဲ့ ဖျက်ဆီးခြင်း ခံရတဲ့ ဥယာဉ်လေးအတွက် ပေ့ခ်ျထောင်ပြီး သူတို့ကို ဆော်ခဲ့တယ်။ သူတို့က ကျမ အိမ်ခန်းခသက်သာတဲ့ အခန်းစုတ်ထဲကတုန်းထုတ်ပြီး၊ အိပ်ခန်း တခန်းပါတဲ့ အိမ်ခန်းထဲ တွန်းပို့လိုက်တယ်လေ။ တမင်တကာ ဂျောက်ချသာ။   မိုးပျံတိုက်တခုလုံးမှာ အိပ်ခန်း ၂ ခန်းပါတဲ့ အခန်းငှားနေသူအားလုံးထက် များတဲ့ အခန်းခကို တောင်းတယ်။ တတိုက်လုံးမှာ ကျမတစ်ယောက်ဘဲ ပထမဦးဆုံး အခန်းခ အများဆုံး ပေးခိုင်းခဲ့တယ်။

အခုတော့ အိုကေပါဘဲ။ နေမကောင်းဖြစ်တော့ ဒီဈေးကြီးတဲ့ အခန်းခကို သူတို့ဘဲ ပြန်ပေးရတော့တယ်။ ဒါပေမဲ့ အိမ်ခန်း အပူပေးခ သောက်ရေ သုံးရေခကို တပတ် ၂၃ ပေါင်ပြန်ယူတယ်လေ။ ကိစ္စမရှိဘူး။ ကိုယ်က တပတ် ၁၀ ပေါင်နဲ့ အသက်ရှင်နိုင်တယ်။ သူတို့လည်း ကျမ ကိုယ် ကျမ သတ်သေမှာ သိပ်ကြောက်နေတယ်လေ။ ဒီလိုဖြစ်ရင် သူတို့ သမိုင်းဆိုးက သူတို့ကို ပတ်တော့မှာကို သိပ်ကြောက်နေကြတယ်။ ဒီတော့ ကျမကို ပိုးမွေးသလို မွေးကြတော့မယ်။ ရီစရာတော့ အကောင်းသား။ ကဲ အင်တာနက်ဘက် ပြန်လှည့်ကြရအောင်။

ဖေ့စ်ဘွတ်က်မှာ ပေ့ခ်ျတစ်ခုကို ထောင်မိသာနဲ့ ဘိန်းစွဲသလိုပါဘဲ။ နောက်ထပ် သစ်ပင်တွေ ပန်းပင်တွေ ပေ့ခ်ျသတ်ကို ၂၀၁၁ မေလလောက်မှာ ထောင်ဖြစ်တယ်။ နောက် အခု မြင်တဲ့ အတိုင်းပါဘဲ အဖွဲ့တွေ ပေ့ခ်ျတွေ အရေအတွက်က ရာကျော်သွားပြီ။ 

ပင်စင် ထောက်ပံ့ကြေးထဲက ကျမ Sky Broadband ကို တလ ပေါင် ၃၀ နီးပါး  ပေးခြင်းအားဖြင့် ဒီဒစ်ဂျစ်တယ် စင်္ကြဝဠာကြီးကို (Virtual Universe)  ထောင်နိုင်တယ်လေ။  ကိုယ်က အသက် ၆၀ အရွယ်မှာ ရောဂါ ဘလပွနဲ့  အပြင်ထွက်ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုတော့သာကိုဘဲ နှစ်သက် သဘောကြမိတယ်။ ကိုယ်ကြိုက်သာကိုယ်ဖို့ အချိန်တွေ ပိုရလာတယ်လေ။ What's your name? Your age? Why did you flee Myanmar? ဆိုတဲ့ မေးခွန်းတွေ အဖြေတွေကိုဘဲ ဥဏှောက်ကို ထုံထိုင်းသွားအောင် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ဘာသာပြန်နေစရာမလိုတော့ဘူး။

ဖေ့စ်ဘွတ်က် ပေ့ခ်ျလေး တစ်ခုထောင်ဖို့ အတွက် အင်တာနက် ဝက်ဆိုက်ဒ် ထောင်ဖို့အတွက် တနှစ် ဒေါ်လာ ၁ သန်း ရှိစရာမလိုပါဘူး။ ကျမပင်စင်ထောက်ပံ့ကြေးအထဲက အင်တာနက်အတွက် တလ ကို ပေါင် ၃၀ သုံးပြီး၊ ကိုယ့်ရဲ့ ၄ နှစ်သား လက်ပ်တော့လေးနဲ့ Virtual Universe ကြီးတစ်ခုလုံးကို  မြန်မာပြည်သားများအတွက် တခါက WWW ကိုထိမ်းချုပ်ဖို့  ကျိုးစားခဲ့ဘူးသလို  ထိန်းချုပ်ဖို့ အခု ပြန် ကြိုးစားနေပါတယ်။

ဘာမျှ အခကြေးငွေမရဘဲ စေတနာနဲ့ ဝိုင်းဝန်း ကူညီကြသူတွေ အားပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အက်ဒ်မင်အားလုံး အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။

မြန်မာပြည်အထဲက ငွေကြေးမတတ်နိုင်လို့ ကျောင်းကောင်းကောင်း မတက်နိုင်သူတွေ နိုင်ငံခြားထွက် ပညာမသင်နိုင်သူတွေ အားလုံးအတွက် ဒီပေ့ခ်ျတွေကို သုံးပြီး လေ့လာနိုင်ရန် ဆက်လက် ဝိုင်းကူညီကြပါ။ ကျေးဇူးတင်ပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/10/2012 09:13:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36326] Fwd: [လူဗိုလ်ဟူသည် ...] တွဲဖက်၍ မစားသင့်သော အစာများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/10
Subject: [လူဗိုလ်ဟူသည် ...] တွဲဖက်၍ မစားသင့်သော အစာများ
To: lubo601@gmail.com



ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး
• ကျွဲသား နှင့် ကြာစွယ်ကြာဥ
• ကြက်သွန်ဖြူ နှင့် နို့ရည်
• ကြံ့သား နှင့် ငါးခူ၊ ငါးဒန်
• ကြက်သား နှင့် အင်ဖူး
• ကြက်ဟင်းခါးသီး နှင့် မှို
• ကြက်ဟင်းခါးသီး နှင့် ကြက်သား
• ကိုင်းဥ နှင့် ပုဇွန်ချဉ်
• ကြက်ဥ နှင့် ခံသီး
• ကြက်ဥ နှင့် တမာရွက်၊ တမာဖူး
• ချင်း နှင့် သင်္ဘောသီး၊ သင်္ဘောပွင့်
• ချောကလက် နှင့် စောင်းလျား
• ချောကလက် နှင့် ပဲမြစ်
• ချိုချဉ် နှင့် ပဲငါးပိ
• ချဉ်ဆီ နှင့် ထောပတ်
• ခရမ်းပိမ့်သီး နှင့် နို့ရည်
• ခရု နှင့် အမဲသား
• ခိုသား နှင့် ချင်းစိမ်း
• ခိုသား နှင့် ခြေလေးချောင်းသား
• ခိုသား နှင့် မုန်ညင်းဆီ
• ခံသီး နှင့် ငရုတ်ကောင်း
• ခံသီး နှင့် နို့ရည်
• ချီးသီး နှင့် နို့ရည်
• ခံသီး နှင့် ပီလောပီနံဥ
• ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
• ဂွေးရွက် နှင့် နို့ရည်
• ဂွေးသီး နှင့် အာတာလွတ်ဥ
• ဂွေးသီး နှင့် နို့အေးချောင်း
• ဂွေးသီး နှင့် ပီလောပီနံဥ
• ဂျယ်လီ နှင့် ကော်ဖီ
• ငရုပ်ကောင်း နှင့် ခံသီး
• ငွေ နှင့် ရှိန်းခို
• ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
• ငါးဆီ နှင့် ပိတ်ချင်းရွက်
• ငှက်ပျောသီး နှင့် မှို
• ငါးရံ့သား နှင့် ပွေးသား
• ငုံးသား နှင့် စောင်းလျား
• ငုံးသား နင့် ခိုသား
• ငှက်သား နှင့် ကြက်ဆူဆီ
• ငါးပူတင်းဥများ
• ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း
• စတော်ဘယ်ရီ နှင့် သီးသီး
• စားတော်ပဲ နှင့် သီးသီး
• စိန် နှင့် သံပရာသီး
• စိမ်းစားဥ နှင့် ချောကလက်
• စိမ်းစားဥ နှင့် ရေခဲချောင်း
• စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
• စောင်းလျားသီး နှင့် ခိုသား
• စောင်းလျားသီး နှင့် ရှောက်သီး
• ဆေးခြောက် နင့်နနွင်းရည်
• ဆီ နှင့် ဆီခဲစပ်တူ
• ဆင်သမနွယ်ရွက် နှင့် နို့ရည်
• ဆောင်မေခါးရွက် နှင့် နို့ရည်
• ဆိတ်ဖူး နှင့် ငှက်ပျောဖူး
• ဆိတ်သား နှင့် ကျွဲသား
• ဆတ်သား နှင့် ဆူးပန်းရွက်
• ဆတ်သား နှင့် နို့ရည်
• ဆိတ်နို့ နှင့် ဆူးပန်းရွက်
• ဆပ်ပြာ နှင့် အုန်းရည်
• ဆပ်ပြာ နှင့် အချဉ်မျိုး
• ဆိတ်နို့ဆိတ်သား နှင့် ငါးကြီးဆီ
• စောင်းလျားသီး နှင့် ပီလောပီနံဥ
• ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး
• တလည်းသီး နှင့် နို့ရည်
• တလည်းသီး နှင့် ပဲကြီး
• တောပဲရိုင်း နှင့် နို့
• တောင်ပိန္နဲသီး နှင့် နို့ရည်
• တေဇောဘမ်း နှင့် ခါချဉ်ကောင် ကိုက်သည် ကိုမလိမ်းရ၊
• ထနောင်းရွက် နှင့် မန်ကျည်းသီးမှည့်
• ထုံး နှင့် မြင်းသား
• ထန်းလျက် နှင့် နလင်ကျော်
• ထန်းလျက် နှင့် သပြေသီး
• ထန်းရည်ချို နှင့် ဝက်သား
• ထန်းသီး နှင့် နို့မျိုး ချဉ်
• ထန်းလျက် နှင့် သပြေသီး
• ထောပတ် နှင့် ကြေးခွက်
• ထောပတ် နှင့် ဆီခဲအမျိုးမျိုး
• ထုံးရေတို့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
• ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
• ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း
• ဒန့်သလွန်ရွက် နှင့် နို့ရည်
• ဒန့်သလွန်သီး နှင့် ကလောဥ
• ဒိန်ချဉ် နှင့် ထန်းသီးမုန့်
• ဒုတ္တာ နှင့် အချဉ်မျိုး
• ဒူးရင်းသီး နှင့် ရှိန်းခို
• ဒေါင်းသား နှင့် နို့ချဉ်
• ဒေါင်းသား နှင့် ပီလောပီနံ
• နလင်ကြော် နှင့် ထန်းလျက်
• နလင်ကြော် နှင့် အချဉ်
• နို့ခဲပျက် နှင့် ပဲဒလက်
• နို့မျိုး နှင့် ဆား
• နို့မျိုး ချဉ် နှင့် ပီလောပီနံဥ
• နို့စိမ်း နှင့် အချဉ်မျိုး
• နို့ရည် နင့် စောင်းလျားသီး
• နို့ရည် နှင့် ကုလားပဲ
• နို့အေးချောင်း နှင့် သခွားသီး
• နို့အေးချောင်း နှင့် ဘူးသီး
• နှမ်းမှုန့်ဆုပ် နှင့် တလည်းသီး
• ပတဲကော နှင့် သံပရာသီး
• ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
• ပရုတ်ဆီ နှင့် ကရင်နီကောင်ကိုက်သည့်နေရာကို မလိမ်းပါနှင့်
• ပဲကြီး နှင့် မုန်လာ
• ပဲဒလက်စေ့ နှင့် ဆူးပန်း
• ပဲလင်းမြွေသီး နှင့် လင်းမြွေသား
• ပဲဒလက်စေ့ နင့်ဆိတ်သား
• ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
• ပိန္နဲသီး နှင့် ပျားရည်
• ပီလောပီနံ နှင့် ပျားရည်
• ပီလောပီနံ နှင့် ပေအူ
• ပေရည် နှင့် ငှက်သား
• ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
• ပျားရည် နှင့် မိုးရည်
• ပျားရည် နှင့် ကင်းပိတ်ရွက်
• ပျားရည် နှင့် ရှားစောင်း
• ပျားရည် နှင့် ပိတ်ချင်းရွက်
• ပုန်းရည် နှင့် ဗျိုင်းအောက်သား
• ပြောင်းသား နှင့် နို့ရည်
• ပိုင်ရီတွန် (Piriton) နှင့် အရက်
• ဖရဲသီး နှင့် နို့မျိုး
• ဖရဲသီး နှင့် ဘဲဥ
• ဖားသား နှင့် မှို
• ဖွတ်သား နှင့် ကြက်ဆူဆီ
• ဖောင်စီးဂဏန်း နှင့် မှို
• ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
• ဖန်ခါးသီး နှင့် ပီလောပီနံဥ
• ဗုံလုံသီး နှင့် ပီလောပီနံ
• ဗျိုင်းသား နှင့် ဝက်ဆီ
• ဗျိုင်းအောက်သား နှင့် ဝက်ဆီ
• ဗျိုင်းနှမ်းနှင် သေရည်
• ဘူးသီး နှင့် ကြက်တူရွေးသား
• ဘာစပရိုဆေးပြား နှင့် သံပရာသီး
• ဘာမီတွန် Burmeton ဆေးပြား နှင့် ထန်းလျက်ခဲ
• ဘာမီတွန် Burmeton နှင့် Tiffy တစ်ဖီအစိမ်းရောင် ကတ်
• ဘီလုံးငှက်သား နှင့် ကြက်ဆူဆီ
• ဘာစပရို Buspro ဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊
• မဲနယ်အိုး နှင့် သားငါး
• မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
• မိချောင်းသား နှင့် နနွင်း
• မန်ကျည်းသီး နှင့် နို့ရည်
• မင်းကွတ်သီး နှင့် သကြား
• မတ်ပဲ နှင့် တင်လဲ
• မတ်ပဲ နှင့် မုန်လာ
• မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
• မုန်လာမြစ် နှုင့်ပျားရည်
• မုန်လာ နှုင့် မတ်ပဲ
• မှို နှင့် ရှားစောင်း
• မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
• မြေဇာဥ နှင့် သစ်ကြားသီး
• မျောက်တည်သီး နှင့် နို့ရည်
• မြွေသား နှင့် ငါးရံသား
• မြန်မာလျက်ဆား နှင့် သွားတိုက်ဆေး
• မြင်းခွာရွက် နှင့် သခွားသီး
• မက်ထရိုနီဒါဇော (Meronidazole) နှင့် အရက်
• ယုန်သား နှင့် မှို
• ရာဘာချဉ် နှင့် ဆိတ်သား
• ရှာလကာချဉ် နှင့် ပီလောပီနံ
• ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
• ရေခဲသုပ် နှင့် ချင်းသုပ်
• ရေငန်သီး နှင့် လက်ဖက်
• ရှားစောင်းချဉ် နှင့် အမဲသား
• ရှားစောင်း နှင့် ကုလားဗရာကြော်
• ရှောက်သီး နှင့် စောင်းလျားသီး
• ရှောက်သီး နှင့် ပီလောပီနံ
• ရှောက်သီး နှင့် ပဲစိမ်းစားဥ
• ရှောက်သီး နှင့် ခိုသား
• ရှောက်သီး နှင့် နို့ရည်
• ဝက်သားချဉ် နှင့် မဲနယ်အိုး
• ဝက်သား နှင့် ဒိန်ချဉ်
• ဝက်သား နှင့် နွားနို့
• ဝမ်းဘဲဥ နှင့် ဖရဲသီး
• ဝမ်းဘဲဥ နှင့် ပေသီးပေရည်
• ဝါစေ့/ ဝါဆီ နှင့် သမင်သား
• ဝါးမျှစ် နှင့် အင်ဥ
• သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
• သမုန်းရွက် နှင့် ငါးချက်သောအိုး
• သကြားပြာ နှင့် ပျားရည်
• သမင်သား နှင့် ဝါရွက်
• သပြေသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် နို့ရည်
• သံပရာသီး နှင့် စိမ်းစားဥ
• သားငါးအဆီ နှင့် ထောပတ်
• သားငါးတို၏အဆီ နှင့် ချဉ်ဆီ
• သားမျိုးဟင်း နှင့် နှမ်းမှုန့်
• သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
• သေရည်သေရက် နှင့် နှမ်းမှုန့်ဆုပ်
• သေရက်မျိုး နှင့် ပိတ်ချင်းရွက်
• သေရည် နှင့် ဗျိုင်းအောက်သား
• သေရည်သေရက် နှင့် နို့အမျိုးမျိုး
• သစ်ကြားသီး နှင့် ဝက်မြေဇာဥ
• သည်းခြေ နှင့် သားဟင်းမျိုး
• ဟင်းငန်ရွက် နှင့် နှမ်းဖတ်
• ဟစ်တမင်း (Histamine) နှင့် အရက်
• အင်ဥ နှင့် ပြောင်းဆန်
• အမဲသားချဉ် နှင့် မဲနယ်အိုး
• အရက် နှင့် ဘိန်း
• အရက် နှင့် Burmeton ဘာမီတွန်
• အချဉ်မျိုး နှင့် နို့မျိုး
• အိမ်ဆီးချို နှင့် နို့ရည်
• အုန်းသီး နှင့် နိုရည်
• အုန်းရည် နှင့် ပျားရည်
• အုံတုံဆံ နှင့် ကလောဥ
• ဥသျှစ်သီး နှင့် ပျားရည်
• ဥဒေါင်းသား နှင့် ကြက်ဆူဆီ
• ဥမျိုး နှင့် ကြက်ဆူဆီ
• ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
• သြဇာသီး နှင့် ပျားရည်
• တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ
• ကြက်ဆူသီး + ငှက်သား = သေ
• ကျေးသား + ဘူးသီး = သေ
• ကြောင်လျှာသီး + ငါးသေတ္တာ = သေ
• ကြောင်လျှာသီး + ပဲဒလက် = သေ
• ကြောင်လျှာသီး + စပါးကြီးမြွေ = သေ
• ကျွဲကောသီးး + သံပရာသီး = သေ
• ကျွဲခေါင်းသီး + သံပရာသီး = သေ
• ကိုင်းဥ + ပုစွန်ချဉ် = သေ
• ချောကလက် + စောင်းလျားသီး = သေ
• ချောကလက် + ပဲမြစ် = သေ
• ခိုသား + ချင်း = သေ
• ခိုသား + ဖရုံသီး = သေ
• ချင်း + သင်္ဘောသီး = သေ
• ဂွေးသီး + အာတာလွတ် = သေ
• ငှက်ပျောသီး + ထန်းသီး = သေ
• တညင်းသီး + ရှိန်းခို = သေ
• ထန်းလျက် + နလင်ကျော် = သေ
• ထန်းလျက် + ၂၇ ပါးဆေး = သေ
• နို့ဆီ + ကိုးပါးဆေး = သေ
• နွားနို့ + အချဉ်အမျိုးအမျိုး = သေ
• နွားနို့ + မှို = သေ
• နို့အေးချောင်း + ဂွေးသီး = သေ
• ပျားရည် + သြဇာသီး = သေ
• ပျားရည် + အုန်းသီး = သေ
• ပျားရည် + ဥသျှစ်သီး = သေ
• ပီလောပီနံ + ပဲကြားလှော် = သေ
• ပီလောပီနံ + မျှစ်ချဉ် = သေ
• ပီလောပီနံ + ဒေါင်းသား = သေ
• ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ
• မင်းကွတ်သီး + သကြား = သေ
• မှို + တညင်းသီး = သေ
• မိုင်လို + ပဲမြစ် = သေ
• မှို + ဖားသား = သေ
• မှို + လယ်ကဏန်း = သေ
• မှို + ယုန်သား = သေ
• ရေခဲမုန့် + ချင်းသုပ် = သေ
• ရှောက်သီး + နွားနို့၊ နို့ရည် = သေ
• လက်ဖက် + ကျွဲခေါင်းသီး = သေ
• ဝက်သား + ထန်းရည်ချို = သေ
• ဝက်သား + ဗျိုင်းသား = သေ
• ဝက်သား + ကြာရိုးကြာစွယ် = သေ
• သပြေသီး + ထန်းလျက် = သေ
• သိုးသား + စောင်းလျားသီး = သေ
• အမဲသား + ခရု = သေ
• အုန်းနို့ခေါက်ဆွဲ + Pepsy ပက်ပစီ = သေ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/10/2012 11:26:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Burma News International - December 10, 2012

Burma News International

Burma News International
December 10, 2012

Tiger Head leader visits Mongla

Shan Nationalities League for Democracy (SNLD) leader Hkun Htun Oo has returned to Kengtung yesterday, following a 3-day visit to Mongla, 80 km away on the Sino-Burmese border, according to sources in Kengtung.

Villagers tell Government they are not happy with Dawei Project

Villagers at a public meeting attended by government ministers, political organisations, community groups and developers called for new impact assessments to be carried out on the Dawei Special Economic Zone.

CNF and Government sign agreement

A twenty-seven point agreement was reached between the Chin National Front (CNF) and the central government during the second phase of union level peace talks. The meeting took place at the Myanmar Peace Center in Rangoon from Dec. 7-9. The CNF signed a cease fire with the Myanmar army last year.

Government military operations increasing in Paloung territory

More fighting between the Ta'ang National Liberation Army (TNLA)  and Burma army in Northern Shan State is expected, according to TNLA spokesperson Major Tar Phonn Kyaw.

Union commission investigates 14 more cases of land confiscation in Arakan

The Land Investigation Commission that has been formed by the Union Parliament is now conducting field investigations for the second time for 14 more cases of confiscation of agrarian lands in Arakan State.

Village administrators summoned by Nasaka

All the village administration officers who live under Nasaka (Burma’s border security force) area No.7 in Maungdaw South, in Arakan state, were recently summoned for a meeting with the Nasaka commander.

UN CALLS FOR ACCESS TO KACHIN REFUGEES

The United Nation's Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator Valerie Amos used her recent visit to Burma this week to publicly urge the Burma's government to allow the UN to resume aid shipments to Kachin civilians displaced from the ongoing fighting.

Woodside announces deal on Block A-6

Australian oil and gas giant Woodside announced on Monday, December 10, that its offer to farm-in, or operate, the A-6 Block in Burma’s Rakhine Basin has been accepted.

Burmese Vice president Sai Mauk Kham visits to Arakan

The Burmese vice president Dr. Sai Mauk Kham along with many foreign diplomats has arrived in Sittwe, the capital of Arakan State on Friday and travelled to Maungdaw  and Minbya, a troubled towns of Arakan in June and October, from Sittwe.

Dr. Cynthia Maung: people in Burma still oppressed

More than a 1,000 well-wishers turned up at the Child Development Center, a migrant school based in the Thai border town of Mae Sot, to celebrate Dr. Cynthia Maung’s 53rd birthday on the 6th December.

Intel throws its chips in on Burma

Intel-logoThe world’s largest semiconductor chip maker, California-based Intel, has announced that it will become the first semiconductor manufacturer in Burma with plans to begin providing its technologies via local Ingram Micro distributor KMD next year.

Curfew extended in Maungdaw

A curfew for Maungdaw township that was supposed to end on Dec.8 is being extended. Authorities say the situation on the ground is still unstable after sectarian violence broke out in June and October.

Parliament approves census bill

The Assembly of the Union, or Pyidaungsu Hluttaw, published its “Population and Housing Census Bill” via state-run media on December 9, 2012.

Campaign calls for candlelit vigils for U Gambira

Activists around the world are being urged to mark International Human Rights Day on Monday by lighting a candle for detained Saffron Revolution leader U Gambira.

Demonstration held at Burmese Consulate in New York

Burmese democratic forces have held a demonstration at the Burmese consulate in New York on Saturday decrying the recent violent crackdown on the protestors of the copper mine project at Lat Pan Daung Mountain in Sagaing Division in Burma.

Burma objects Al Jazeera’s plan to telecast Arakan’s unrest

The Burmese government has issued a statement on Friday opposing Al Jazeera’s plan to telecast a documentary that is said to have included allegations of “genocide against the so-called Rohingya” during the violent communal riots that broke out last June and October in Arakan State.

Citizens of 22 more countries to get visas on arrival

The passport holders of an additional 22 countries will soon be eligible to receive visas on arrival in Burma.

Burmese vice president visits Maungdaw to help Rakhines

Burma’s Vice President Nyan Tun visited Maungdaw to deliver aid and money to Rakhines affected by the sectarian violence but not for Rohingyas.

Burmese foreign affairs ministry slams Al Jazeera's new Rohingya documentary

Al Jazeera reacted to a Burmese foreign affairs ministry press release in the New Light of Myanmar that attacked their new documentary, “The Hidden Genocide”, by encouraging the public to see the film for themselves and make up their own minds.

ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလား ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဉက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် သျှမ်းပြည်အရှေ့ ပိုင်းမိုင်းလားမြို့သို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စများဆွေး နွေးခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်း လုပ်ဆောင်ရန် CNF နှင့် ညီနောင် ပါတီတို့ ဆွေးနွေး

ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များအား ပူးပေါင်း အကောင်အထည် ဖော်နိုင်ရန် ညီနောင် တိုင်းရင်းသား ပါတီ (Nationalities Brotherhood Forum) မှ ကိုယ်စားလှယ် များနှင့် ချင်းအမျိုးသားတပ်ဦး CNF ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

လူ့အခွင့်အရေးနေ့တွင် ဦးအောင်မင်း လက်ရှိအခြေအနေ ရှင်းပြ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က လက်ရှိ ဖြစ်ပေါ်တိုးတက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောဆိုသွားခဲ့သည်။

ရခိုင် နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုး အညတရ သူရဲကောင်းဆု ချီးမြင့်ခံရ

ပခုက္ကူ ထောင်တွင် အကျဉ်းကျနေသော ရခိုင်နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုး(ခေါ်) မဲလုံးကို တခြား လူပုဂ္ဂိုလ် ၄ဦးနှင့် အတူ  အညတရ သူရဲကောင်းဆု ချီးမြင့်လိုက်သည်ဟု သတင်း ရရှိသည်။

မုံရွာခရိုင် ရွှေကျင်သံဃာများ စာတော်ပြန်ပွဲ ရပ်ဆိုင်းလိုက်ရ

နှစ်စဉ် နတ်တော် လဆန်းတွင် ကျင်းပလေ့ရှိသည့် သံဃာတော် ထောင်ချီ၍ ပါဝင်ဖြေဆိုသော မုံရွာခရိုင် ၈ မြို့နယ် ရွှေကျင် နိကာယ ဝိနည်း စာတော်ပြန်ပွဲကြီးကို မကျင်းပသေးဘဲ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

အစိုးရ၏ ပန်ဝါ စစ်ဆင် ရေးအား KIA တန်ပြန် တိုက်ခိုက်

အစိုးရ၏ ပန်ဝါ ဒေသ ဗျူဟာမြောက် စစ်ဆင် ရေးများကို ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) က တန်ပြန် တိုက်ခိုက် နေပြီ ဖြစ်ကြောင်း ပြောခွင့်ရသူ ဦးလနန်က ဆိုသည်။

UWSA ဌာနချုပ်၌ ‘သျှမ်းနှစ်သစ်ကူးပွဲ’ ဟု ရေးသားခွင့်မရ

ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ဖြစ်သော သျှမ်းပြည်အရှေ့ပိုင်း ပန်ဆန်း မြို့၌ ကျင်းပသည့် သျှမ်းနှစ်သစ်ကြိုဆိုပွဲတွင် ‘သျှမ်းနှစ်သစ်ကူးပွဲ’ ဆိုသည့် အမည် ရေးသားခွင့် မရကြောင်း ဒေသခံများက ပြောသည်။

လေယာဉ်ဟောင်းများကို Embraer 190 လေယာဉ်သစ်များဖြင့် အစားထိုးမည်

မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်ဟောင်းများ နေရာတွင် ဘရာဇီးနိုင်ငံထုတ် Embraer 190 လေယာဉ်သစ်များဖြင့် အစားထိုး ပျံသန်း ပြေးဆွဲသွားမည် ဖြစ်သည်။

ရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် အား အာမခံ သိန်း ၄၀ ဖြင့် ပြန်လွှတ်

ရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်အား အာမခံငွေကျပ် သိန်း ၄၀ ဖြင့် တနင်္လာနေ့တွင် အင်းစိန်ထောင်မှ ထုတ်ကာ သန်လျင်တရားရုံးသို့ ခေါ်ဆောင်သွားမည်ဟု ၎င်း၏ အကိုအကြီးဖြစ်သူ ကိုအောင်ကျော်ကျော် က ပြောသည်။

ကြေးနီးတောင် စီမံကိန်း အကြမ်းဖက်မူ ရှုတ်ချပွဲ မလေးရှားရောက် မြန်မာများ ပြုလုပ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းတော်များကို မြန်မာ အစိုးရမှ အကြမ်းဖက်ဖြိုခွဲမူ အပေါ် ကန့်ကွက် ရှုတ်ချသော အခမ်းအနား တစ်ရပ်ကို မလေးရှားတွင် ပြုလုပ်ခဲ့ကြသည်။

ကချင်၌ ပထမဆုံး အကြိမ် လူ့အခွင့်ရေးနေ့ အခမ်းအနား ပြုလုပ်

ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်မနော ကွင်းမှာ ယနေ့ ဒီဇင် ဘာလ (၁၀) ရက်နေ့မှာ ကချင်လူမှု အဖွဲ့အစည်းတွေ (၉) ခုလောက် စုပေါင်း ပြီးတော့ နိုင်ငံတကာ လူ့အခွင့် အရေးနေ့ အခမ်းအနားကို ပထမဆုံး အကြိမ် အဖြစ် ပြုလုပ် ခဲ့ကြ သည်ဟု အခမ်း အနား ဖြစ်မြောက်ရေး အဖွဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဦးမုန်ဆိုင်းတူးက ပြောသည်။


သန်းခေါင်စာရင်း ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်းကို ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင် ရေးအတွက် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်နေ့က ပြည်တော်စုလွှတ်တော်က နိုင်ငံပိုင် မီဒီယာများမှတဆင့် ဖေါ်ပြလိုက်သည်။

အိန္ဒိယ အခြေစိုက် ရခိုင် ANC ဥက္ကဌ တာဝန်မှ နုတ်ထွက်

အိန္ဒိယ အခြေစိုက် ရခိုင်အမျိုးသား ကောင်စီ (ANC) ဥက္ကဌ ဦးအာရိယ ၀ံသသည်  တာဝန်မှ  နုတ်ထွက် လိုက်ပြီ ဖြစ်ကြောင်း နိရဉ္စရာသို့ ပေးပို့သော စာတစ်စောင်တွင် ဖေါ်ပြသည်။

နယူးယောက်မြို့ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင်  မြန်မာ့ ဒီမိုရေစီ အင်အား စုများမှ ဒီဇင်္ဘာလ ၈ ရက်နေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

CNF နှင့် အစိုးရတို့ ပြည်ထောင်စု အဆင့် သဘောတူညီချက်

ချင်းအမျိုးသားတပ်ဦး CNF နှင့် ပြည်ထောင်စု အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စုဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့အကြား ရန်ကုန်မြို့၊ Myanmar Peace Center တွင် အောင်မြင် စွာကျင်းပခဲ့ကြရာ နှစ်ဖက်အဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ပြည်တွင်းပြည်ပမှ လေ့လာသူများ၊ ပြည်တွင်း နိုင်ငံရေး ပါတီအသီးသီးမှ လေ့လာသူများ တက်ရောက် ခဲ့ကြသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Chiang Mai 50202
Email Marketing Powered by MailChimp