admin posted: " မုဒိတာရွှေကျောင်း မြန်မာစာကြည်တိုက်ဖွင့်ပွဲ ဟောပြောချက်များ အရှင်ဉာဏိကာဘိဝံသ၊ အရှင် ကံထွန"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- မူစယ်မြို့ သျှမ်းနှစ်သစ်ကူးပွဲတွင် သျှမ်းဧရာဇ်ဆေခန်ဖှ ဆု ချီးမြှင့်မည်
- သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည်
- RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက်လွှဲအပ်
- ကျိုင်းတုံ သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာဟန်လေး ဦးဆောင်ပြင်ဆင်
- နမ့်ခမ်းမြို့ ၌ သျှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ
| မူစယ်မြို့ သျှမ်းနှစ်သစ်ကူးပွဲတွင် သျှမ်းဧရာဇ်ဆေခန်ဖှ ဆု ချီးမြှင့်မည် Posted: 11 Dec 2012 07:03 PM PST သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ လွိုင်တိန်းခမ်းတောင်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၄ ရက်တာ ကျင်းပမည့် သျှမ်းနှစ်သစ်ကူးပွဲတော် အခါသမယ၌ သျှမ်းစာပေနှင့် လူမှုရေးအကျိုး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ သူများအား ပေးအပ်လေ့ရှိသည့် "စဝ်ဆေခန်ဖှဆု" ချီးမြှင့်မည့် အစီအစဉ် ပါဝင်ကြောင်း သိရသည်။ သျှမ်းစာပေပျံ့နှံ့ရေးစွမ်းစွမ်းတမံဆောင်ရွက်နေသော သျှမ်းစာပေသင်တန်းမှူး စိုင်းဖှယခုနှစ်တွင် သျှမ်းလူမျိုးများ နေထိုင်ရာ ဒေသအနှံ့ စာပေ လိုက်လံသင်ကြားပို့ချပေးနေသည့် သျှမ်းစာပေသင်တန်းမှူး စိုင်းဖှအား အဆိုပါ ဆုချီးမြှင့်မည် ဖြစ်ကြောင်း မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အတွင်းရေးမှူး စိုင်းကျောက်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "ဆေခန်ဖှဆု ဆိုတာ လူမှုရေးနဲ့ စာပေအကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတွေကို ပေးတဲ့ဆုပေါ့နော်။ ဒီနှစ် ဆုချီးမြှင့်ခံရတဲ့ စိုင်းဖှကျတော့ စာပေပိုင်းမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပေါ့။ နယ်လှည့်ပြီး သျှမ်းစာပေတွေကို သင်ကြားပေးတယ်။ တစ်နှစ်လုံးနေလို့ အိမ်မှာ တစ်လတောင် မနေရဘူးပေါ့နော် ဒါကြောင့်သူ့ကို ဆုချီးမြှင့်တာပါ " ဟု သူက ပြောသည် ။ အဆိုပါဆုကို မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးစီးချီးမြှင့်ခြင်းဖြစ်ပြီး စိုင်းဖှမှာ ပဉ္စမမြောက်ဆုလက်ခံရရှိသူ ဖြစ် ကြောင်း သိရသည် ။ သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ"ဒီဆုက နှစ်စဉ် တစ်နှစ်တစ်ကြိမ်ပေးတာတော့ မဟုတ်ဘူး။ ဒီရှေ့မှာ လူမှုရေး ဆောင်ရွက်သူ ၄ ဦးကို ပေးပြီးပြီ။ ဒါက ၅ ကြိမ်မြောက်ပေါ့။ စိုင်းဖှက နမ္မတူမြို့နယ် ဇာတိ ၊ လက်ရှိ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ နေထိုင်တယ် " ဟု သူက ဆက် ပြောသည် ။ လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် သျှမ်းမျိုးနွယ်စုဝင်များ၏ ၂၁၀၇ ခုနှစ်ပြည့် နှစ်သစ်ကူးပွဲတော်ကို မူစယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ် ဘုန်းတော်ကြီးကျောင်းတွင် သျှမ်းမျိုးနွယ်ဝင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည် ။ |
| သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည် Posted: 11 Dec 2012 07:02 PM PST ထာဝရ ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများလုံးပါဝင် မည့် ညီလာခံတရပ်အား လာမည့်သင်္ကြန်ကာလမတိုင်မှီ ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။ ဦးစိုင်းလင်းနှင့် ခွန်ထွန်းဦး (ဓါတ်ပုံ-SNLD)"နဂိုရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ်အနေနဲ့သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ဖိတ်ခေါ်ပြီးယုံကြည်မှုတည်ဆောက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော်တို့ မိုင်းလားကိုသွားတယ်။ နောက်တခါ သျှမ်းပြည်တိုင်းရင်းသားအားလုံးပါဝင်မယ့်ညီလာခံတရပ်လုပ်ခဲ့ရင် ပါဝင်ဖို့ မိုင်းလားအဖွဲ့က လှိုက်လှိုက် လဲလဲရှိတယ်" ဟု စိုင်းလိတ်ကပြောသည်။ ၂၀၁၃ ခုနှစ် သင်္ကြန်ကာလာမတိုင်မှီ သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပါဝင်သည့်ညီလာခံတရပ်ကျင်းပရန် မိုင်းလားတပ်ဖွဲ့အား ပထမဦးဆုံးသွားရောက်ဆွေးနွေးကြောင်း၊ နောက်ပိုင်း ၀တပ်ဖွဲ့၊ ပအိုဝ်း၊ ပလောင်၊ လားဟူ စသည့်တပ်ဖွဲ့များနှင့်လည်းတွေ့ဆုံဆွေးနွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်မှုအနေဖြင့် အောက်ခြေအရာရှိများနှင့်ဦးစွာတွေ့ဆုံမည်ဖြစ်ကြောင်း၊ ညီလာခံကြီးတွင် ခေါင်းဆောင် သို့မဟုတ် ဒုခေါင်းဆောင် Summit အဆင့်လုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်။ " ကျနော်တို့ ဒုတိယညီလာခံကိုတော့ သင်္ကြန်မတိုင်ခင်လေးမှာလုပ်ချင်တယ်။ လုပ်နိုင်အောင် ကြိုးစားနေပါ တယ်။ အခု မိုင်းလားဆီကိုဘဲလာရ သေးတယ်။ ကျန်တာအများကြီးရှိသေးတယ်။ သျှမ်း ပြည် အခြေစိုက်အဖွဲ့ အစည်းတွေလဲအများကြီးရှိ သေးတယ်။ ဒီအတွက်အချိန် ၄- ၅ လ ယူရဦးမယ်။ နှစ်သစ်ကူးပွဲပြီးရင်တော့ ဝ တပ်ဖွဲ့ခေါင်းဆောင်တွေကို ထပ်တွေ့ဖို့ရှိတယ်" - ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။ ထို့အတူ ပြည်ထောင်စုအစိုးရနှင့်တိုင်းရင်းသားကြား၊ တပ်မတော်နှင့် ပြည်သူကြား ယုံကြည်မှုတည်ဆောက် ရာတွင် တပ်မတော် နှင့် ပြည်သူနှစ်ဘက်စလုံးကပါ ထဲထဲဝင်ဝင်လေ့လာဖို့လိုကြောင်း၊ ထို့ကြောင့်လာမည့် ညီလာခံတွင် စစ် တိုင်း ၄ ခုက စစ်တိုင်းမှူးများ၊ လူထုကိုယ်စားလှယ်များလည်း တက်ရောက်စေလိုကြောင်း စိုင်းလိတ် ကပြောပါသည်။ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ ခွန်ထွန်းဦး၏ မိုင်းလားခရီးစဉ်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နာယ က ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စိုင်းကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည်ဟုဆိုသည်။ ဝ ခေါင်း ဆောင် နှင့် ခွန်ထွန်းဦးတို့ မကြာမှီတွေ့ဆုံနိုင်ရန်အတွက် ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း သို့ နိဒါန်းအဖြစ် သွားရောက်ဆွေးနွေးနေသည်ဟုလည်း ကြားသိရပါသည်။ |
| RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက်လွှဲအပ် Posted: 11 Dec 2012 07:01 PM PST သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသော ယာဘဆေးပြား ခုနှစ်သောင်းကျော်ကို ယခု အပတ်တနင်္ဂနွေနေ့က တရုတ်အစိုးရထံ လွှဲအပ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်မြောက် ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။ ဦးစိုင်းလူ၏ထောက်ခံစာနှင့်ဖမ်းမိပစ္စည်းများ (ဓါတ်ပုံ- မောက်ကောန်ထုန့်မောဝ်)တရုတ်နိုင်ငံသို့ ယာဘနှင့်မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်သော တန့်ယန်း မိုင်းကောင် ပြည်သူ့စစ်အဖွဲ့ဝင်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ နမ့်ခမ်းမြို့ တရုတ်နယ်စပ်အခြေစိုက် အမှတ် ၇၀၁ စစ်ဒေသမှ ဖမ်းဆီးရမခဲ့ပြီး မူးယစ်ဆေးဝါးများအား ဒီဇင်ဘာ ၉ ရက်နေ့က အခမ်းအနားဖြင့် တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု RCSS/SSA အမှတ် ၇၀၁ တပ်မှူးတဦးက ပြောသည်။ " ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ကျနော်တို့ တရုတ်အစိုးရလက်ကို အပ်လိုက်ပြီ။ မြို့ခံလူထုကို ဖိတ်ခေါ်ပြီး သက်သေ လုပ်ခိုင်းတယ်။ ယာဘအပြားပေါင်း ၇ သောင်း နဲ့အတူ ဖမ်းမိပစ္စည်းတွေပေါ့။ ဒီမူးယစ်ဆေးတွေသယ်ပေးတဲ့လူက ဦးစိုင်းလူ ခေါ် အိုက်လွယ်ဆုံ ။ မိုင်းကောင် လားဟူအထူးတိုက်ခိုက်ရေးရဲ/ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကထောက်ခံစာနဲ့သွားလာတာတဲ့" ဟု အမည်မဖော်လိုသည့် RCSS/SSA တပ်မှူးတဦးကပြောသည်။ စိုင်းလူအား နိုဝင်ဘာလ ၉ ရက်နေ့က မီဇူဘီရှီ ဗင်ကားတစီးနှင့်အတူ ယာဘအပြားပေါင်း ၇၀,၀၀၀ ဖြင့် သျှမ်းပြည်တပ်မ တော်က နမ့်ခမ်းမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ ၎င်းသည် လားဟူအထူးတိုက်ခိုက်ရေးရဲ/ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ခေါင်းဆောင် ဦးကျာညီး ( ဂျညီး) နှင့် စီးပွါး/ဆက်ဆံရေးတာဝန်ခံ ခွန်ညွန့်တို့၏ ထောက်ခံချက် လက်မှတ်ကိုကိုင်ဆောင်ကာယာဘများသယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း အဆိုပါတပ်မှူးကပြောသည်။ ဖမ်းမိပစ္စည်းများအား တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ် (ဓါတ်ပုံ- မောက်ကောန်ထုန့်မောဝ်)"သူက မိုင်းရယ်ကနေ လားရှိုး သိန္နီ ကွတ်ခိုင် ၁၀၅ မိုင်ဂိတ်ကိုတောင် ဖြတ်သန်းလာနိုင်ခဲ့တယ်။ မိုင်းကောင်အဖွဲ့ထဲက ပစ္စည်းကို သယ်ပေးတာလို့တော့ ထွက်ချက်ပေးတာဘဲ" ဟုဆိုပါသည်။ တန့်ယန်းမြို့နယ် မိုင်းကောင်အခြေစိုက် ဂျညီးနှင့် ဂျကွယ်တို့ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့သည် မြန်မာအစိုးရ၏ စစ်တိုင်းမှူး ၊ တပ်ရင်းမှူး များနှင့်အထူး ရင်းနှီးဝင်ရောက်ခဲ့ကြသည်ဖြစ်ရာ အခွင့်အရေးများအထူးရရှိကာ တန့်ယန်း မိုင်းရယ် မြို့နယ်အတွင်း လှုပ်ရှားနေခဲ့သည့်ဌာနပြည်သူ့စစ်အဖွဲ့ဖြစ်သည်။ ဒေသခံရွာသားများထံမှလည်း ကောက်ယူမှုများ မပြတ်ရှိနေသဖြင့် သျှမ်းပြည် တပ်မတော်နှင့် မကြာခဏ ပစ်ခတ်မှုများဖြစ်ပွါးနေခဲ့ရသော အဖွဲ့လည်းဖြစ်ပါသည်။ |
| ကျိုင်းတုံ သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာဟန်လေး ဦးဆောင်ပြင်ဆင် Posted: 11 Dec 2012 06:58 PM PST ဒီဇင်ဘာ ၁၄ ရက်နေ့ ကျရောက်သော ၂၁၀၇ သျှမ်းနှစ်သစ်အား သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့၌ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပမည်ဖြစ်ရာ ပွဲတော်အပြင်အဆင်များအား ကာတွန်းဆရာဟန်လေးက ဦးဆောင်ပြင်ဆင်နေကြောင်း ကြားသိရပါသည်။ ![]() "ကျနော်တောင်ကြီးကနေကျိုင်းတုံကို ရောက်တာနည်းနည်းနောက်ကျသွားတယ်။ အပြင်အဆင်အတွက် အရမ်းလော ရဒါလေ။ ကျနော်တို့ စတိတ်စင် ၅ ခု လုပ်တယ်၊ ခေတ်သစ် ခေတ်ဟောင်းတေးသီချင်းအတွက် နဲ့ တခြား သံလွင်အရှေ့ခြမ်း ရိုးရာဆောတို့ ဆင်တို့ သီချင်းကြီးတွေအဓိက ဆိုတဲ့အထူး သီးသန့် စင်ပေါ့။" - ဟု ကာတွန်းဆရာဟန်လေးက ပြောပါသည်။ ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ကိုသုံးရက်ကြာကျင်းပ ရန် ပြင်ဆင်နေခြင်းဖြစ်ပါသည်။ ပွဲတော်အပြင်အဆင်အတွက် ကာတွန်းဆရာဟန်လေးအပြင် ကာတွန်း၊ ပန်းချီ၊ ပန်းပု ပညာရှင် ဆရာဟတ်ဟိုင်း နှင့် ဆရာစိုင်း ထွန်းလှ တို့လည်းပါဝင်သည်။ ပွဲတော်ပြခန်း၌ ကျိုင်းတုံမြို့ သမိုင်းပြခန်း၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းမှ တိုင်းလျန် (သျှမ်းနီ) ယဉ်ကျေး မှုအဖွဲ့ အင်အား ၄၀ ခန့်လည်း ပြခန်းနှင့်တကွ လာရောက်ပြသပါဝင်ကြောင်း၊ ထို့အတူ ချင်းမိုင် သျှမ်းယဉ်ကျေးမှု အဖွဲ့ကလည်း ကိန္နရီ ၆ ကောင်၊ တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုမှ တိုးနယား ၆ ကောင် အပြင် ဖိတ်ကြားထားသော စာပေယဉ်ကျေးမှုအဖွဲ့များမှလည်း တမြို့နယ်လျင် တိုးနယား နှင့် ကိန္နရီ တစုံစီ လာရောက်ပူးပေါင်းမည်ဟုဆိုပါသည်။ ကျိုင်းတုံမြို့အတွင်း၌လည်း တရွာလျင် တစုံစီ လာရောက်ပူးပေါင်းမည်ဖြစ်ရာ ကိန္နရီ ကိန္နရာ တိုးနယား သုံးရာခန့်ဖြင့် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်သည့် စိုင်းဆိုင် ကပြောပါသည်။ "အခု စာပေဟောပြောပွဲအတွက် ပညာရှင်တွေ၊ ခေတ်သစ်ခေတ်ဟောင်းအဆိုတော်တွေ၊ ဆုချီးမြင့်ဖို့ ပင့်ဖိတ်ထားတဲ့ သံဃာတော် တွေ တော်တော်များများရောက်နေပြီ။ နက်ဖြန် မနက်ပိုင်းဖွင့်ပွဲ လုပ်တော့မှာလေ" - ဟု ဆက်ပြောပါသည်။ သျှမ်းနှစ်သစ်ကူးပွဲတော်သည် နှစ်စဉ် မြန်မာလ နတ်တော်လဆန်း ၁ ရက်နေ့ ၌ အမြဲ ကျရောက်သည်။ ၂၁၀၇ ခု သျှမ်းနှစ်သစ်ကူးပွဲတော်အား ကျိုင်းတုံမြို့တမျိုးသားလုံးစုပေါင်းပွဲအပြင် သျှမ်းပြည်နယ်မြို့နယ်အနှံ့၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း တောကျွဲအင်း ၊တိုက်ကြီး မြို့နယ်၊ ပြည်ပတွင်မူ ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်း၊ ဘန်ကောက်၊ လွယ်ကော်ဝမ်း၊ လွယ်တိုင်းလျဲန်း၊ ကောင်းမုန့်မိန်း … ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူ၊ မလေးရှားနိုင်ငံတို့တွင်သာမက အနောက်တိုင်းရှိ အင်္ဂလန်နှင့် USA တို့တွင်လည်း အသီးသီးကျင်းပရန်ပြင်ဆင်နေကြပါသည်။ |
| နမ့်ခမ်းမြို့ ၌ သျှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ Posted: 11 Dec 2012 06:57 PM PST သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုးလုံလေလုံ အားကစားရုံ တွင် ၂၁၀၇ သျှမ်းနှစ်ကူး အထိမ်းအမှတ် အတွက် ဒီဇင်ဘာလ ၇ ရက် နေ့က ဖိတ်ခေါ် ကြက်တောင်ရိုက်ပွဲ ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။ ![]() ထိုပြိုင်ပွဲတွင် မူစယ်ခရိုင် ကမ္ဘောဇကြက်တောင် ကလပ်နှင့် နမ့်ခမ်းမြို့မှ နမ့်ခမ်းဖောင်ကြက်တောင် ကလပ် တို့ ကြက်တောင်အားကစားသမား အယောက် ၃၀ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ "ကျနော်တို့ပြိုင်ပွဲ ဖြစ်ဖို့အတွက်တော့ နမ့်ခမ်း သျှမ်းစာ/ယဉ် မှ ငွေ ၅ သောင်းကျပ် မ တည်ပေးတယ်၊ ဆု ၆ ဆု အတွက် ကျနော်တို့ နမ့်ခမ်းဖောင်ကလပ်က အဖွဲ့ဝင် ၄ ဦး ကတာဝန်ယူပေးတယ်၊ ကျနော်တို့ အသင်းသားတွေ အားလုံးလည်း တတ်နိုင်သလောက် ၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိတော့ ပါဝင် ထည့် ၀င်ကြတယ်၊ သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ် အတွက် စုပေါင်းပြီး ကျင်းပခဲ့တဲ့ ပွဲ ဖြစ်တယ်"ဟု ပြိုင်ပွဲ ဖြစ် မြောက်ရေး လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။ ကြက်တောင်ရိုက်ပြိုင်ပွဲ ကို အကြီးတန်းနှစ်ယောက်တွဲ ၂ ဆု ၊ အငယ်တန်း နှစ် ယောက်တွဲ ၂ ဆု နှင့်လူသစ်တန်း နှစ်ယောက်တွဲ ၂ ဆု ရှိကြပြီး၊ နမ့်ခမ်းအားကစားသမားဘက် မှ ၁၁ ဆု ၊ မူစယ်ဘက်မှ ၁ ဆု သာရရှိခဲ့ ကြောင်း၊ ဆုရရှိသောအားကစား သမားများကို ဒီဇင်ဘာလ ၁၂ ရက် သျှမ်းနှစ်သစ်ကူး ပွဲတော်အတွင်း ဆုများချီးမြင့်ပေးမည်ဖြစ်ကြောင်း ၄င်းကဆို သည်။ ကြက်တောင်ရိုက်ပြိုင်ပွဲ မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိကျင်းပခဲ့ကြောင်း၊ အချိန်မရနိုင်၍ တစ် ယောက်ချင်း (single ) ကြက်တောင်ရိုက်ပြိုင်ပွဲကိုမကျင်းပနိုင်၊နှစ်ယောက်တွဲ(double ) ကြက်တောင်ရိုက် ပြိုင်ပွဲ ကိုသာ ပြုလုပ် ကျင်းပနိုင်ခဲ့ကြောင်းပြောသည်။ "မနှစ်ကနှစ်သစ်ကူးမှာ ကျနော်ကြက်တောင်ရိုက်တာ လည်းဆုရခဲ့တယ်။ ဒါပေမဲ့ စင်မြင့် ပေါ် တက် ပြီး ဆုယူဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် ပွဲတော်မဖြစ်မြောက်ခဲ့ပဲ ဆု တက်မယူနိုင်ခဲ့ပါဘူး၊ ဒီနှစ် ပြိုင်ပွဲမှာ ဆု ထပ်ရတော့ စင်မြင့်ပေါ် ဆုတက်ယူရမှာဖြစ်တဲ့အတွက် စိတ်တွေအတော်လှုပ်ရှားပြီး ၀မ်းသာနေပါတယ်"ဟု နမ့်ခမ်း ဖောင်ကြက်တောင်ကလပ်မှ လူငယ် တစ် ဦးက ပြောပြသည်။ နှစ်စဉ်နှစ်တိုင်း သျှမ်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် နမ့်ခမ်းသျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြက်တောင် ရိုက်ပြိုင်ပွဲ အပြင် ကလပ်ပေါင်းစုံဘောလုံးဒိုင်း၊ တင်းနစ် နှင့်စားပွဲတင် တင်းနစ် ပြိုင်ပွဲ များကို လည်းကြီးမှူးကျင်းပ ပေးလေ့ရှိကြောင်း၊ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နမ့်ခမ်းမြို့ရှိ နောင်စန့်ကုန်းအနီး ပန်လိမ်ပျံ (အင်္ဂလိပ်ခေတ်က လေယာဉ်ကွင်း) တွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
Burma News International - December 12, 2012
| ||||||||||||||||
|
[mrsorcerer:36356] Fwd: [လူဗိုလ်ဟူသည် ...] ညရဲ့မြို့
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/12
Subject: [လူဗိုလ်ဟူသည် ...] ညရဲ့မြို့
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/12/2012 11:25:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/12/12
Subject: [လူဗိုလ်ဟူသည် ...] ညရဲ့မြို့
To: lubo601@gmail.com
Lay Lay Ko and 9 other people shared 7Day News Journal's photo.
ရေးသားသူ- ဥက္ကာကိုကို
အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းတစ်ယောက် ဘဲပေါင်း၊ ကြက်ပေါင်းများကို မြိန်ရေယှက်ရေ စားသောက်ခဲ့ဖူးသည့် ရန်ကုန်မြို့လယ်ကောင်မှ လမ်း
အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းတစ်ယောက် ဘဲပေါင်း၊ ကြက်ပေါင်းများကို မြိန်ရေယှက်ရေ စားသောက်ခဲ့ဖူးသည့် ရန်ကုန်မြို့လယ်ကောင်မှ လမ်း
ကလေးသည် ယခုနှစ်ပိုင်းတွေမှာတော့ လူတန်းစားပေါင်းစုံ၏ ရီဝေေ၀ညချမ်းများကို ဖန်တီးပေးသည့် နေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိပါပြီ။
ဒီမိုကရေစီခေတ်၏ ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့လယ်ရှိ တရုတ်တန်း ၁၉လမ်းမှ ညှော်နံ့နှင့် မီးခိုးများက ကမ္ဘာလှည့်ခရီးသွား လူမျိုးပေါင်းစုံတို့ကို လည်း ဆွဲဆောင်ထားခဲ့ပြီဖြစ်သည်။
ညှော်နံ့များ၊ စီးကရက်မီးခိုးများ၊ အဖုံးတွင်းကံစမ်းမဲများ တစ်နေကုန် အသည်းအသန်ရှင်သန်ခဲ့သမျှ တစ်နေကုန် အပြင်းအထန် သေဆုံးခဲ့သမျှ
သူငယ်ချင်းတစ်ယောက်ရဲ့အိတ်ထောင်ထဲ ငွေစကြေးစကလေးလည်းချွေးတွေစိုလို့ ..... (ကြည်ဇော်အေး-၁၉ လမ်း ကဗျာမှ)
"၁၉ လမ်းကြေးအိုးက မြန်မာပြည်မှာ ပထမဆုံးရောင်းတဲ့ ကြေးအိုးပဲ" ဟု ဦးကျော်ကျော်က ပြောသည်။ ဦးကျော်ကျော်မှာ ၁၉ လမ်းတွင် ပထမဆုံး ဘီယာစရောင်းခဲ့သူတစ်ဦးလည်း ဖြစ်သည်။ မိခင်ရောင်းချသည့် ကြက်ပေါင်း၊ ဘဲပေါင်းများကို အောင်ဆန်းသူရိယ တိုက်ချွန်းတို့ လာရောက်စားသောက်သည့် ကာလ မှာ ဦးကျော်ကျော်က ခပ်ငယ်ငယ်ပင်ရှိသေးသည်။
ကြက်ပေါင်း၊ ဘဲပေါင်းမှသည် ၇၅ ကျပ်တန် ကြေးအိုးခေတ်သို့ ပြောင်းလဲသွားသည့် ကာလ၏ နောက်ပိုင်းမှာတော့ ဦးကျော်ကျော်ရောင်းချသည့် ဆိုင်ကလေးသို့ လာရောက်စားသောက်သူ ဖောက်သည်များတွင် ယခုဗိုလ်ချုပ်အငြိမ်းစား၊ လက်ရှိ အစိုးရအရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး တချို့အထိ ပါဝင်လာကြသည်ဟု သူကဆိုသည်။ ယခုတော့ ဦးကျော်ကျော်က အသက်အရွယ်အရ ၇၄ နှစ်ရှိခဲ့ပြီဖြစ်သလို သူ့ ဖောက်သည်ဟောင်းကြီးများကလည်း ကြီးမြင့်သော နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြရပြီ ဖြစ်သည်။
"တရုတ် အမြည်းစုံရတယ်။ ၁၉၉၀ ကျော်ကတည်းက။ မြည်းစုံ၊ အရက်စုံတဲ့အတွက် ယမကာသမားတွေ သဘောကျတယ်။ ၀ယ်ဖို့လွယ်တယ်၊ ဈေးနှုန်းလည်း သင့်တယ်။ ပြီးတော့ အပေါင်းအသင်းတွေ ၀ိုင်းဖွဲ့ချိန်းဆိုဖို့ ဆုံရပ်ကောင်း တစ်ခုလည်း ဖြစ်တယ်။ မဆလခေတ်နှောင်းပိုင်းမှာ လူကြီးတချို့ အမြည်းလိုရင် ၁၉ လမ်းမှာ သွားဝယ်ခိုင်းတတ်တယ်" ဟု စာရေးဆရာမင်းဒင်က လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ဝန်းကျင်၏ ၁၉ လမ်း သရုပ်ကို ပြောပြသည်။
"တိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင်.... စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့"
အဆိုတော်ခိုင်ထူး၏ အသံနှင့် ထပ်တူကျသည့် စစ်ကိုင်းလမ်းတေးသီချင်းကို သီဆိုသံက ယနေ့ ၁၉ လမ်း၏ ညချမ်းများမှာ ဂစ်တာသံနှင့်အတူ ကျယ်လောင်စွာ ပေါ်ထွက်လာစမြဲပင်။ ခိုင်ထူး၏ နာမည်ကျော် တေးသီချင်းများစွာကလည်း စားပွဲဝိုင်းတွေကြား လူးလာခေါက်တုံ့ အရက်ခွက်ကို ကိုင်ကာ နားဆင်နေကြ သူတို့ခေါင်း တလှုပ်လှုပ်။
အများက ၁၉ လမ်းခိုင်ထူးဟု ချစ်စနိုးခေါ်ကြသည့် သူ့အမည်ရင်းက ကိုထွန်းရွှေ။ ၁၉ လမ်းဘေး ဘီယာဝိုင်းတွေကြား ဂစ်တာတစ်လက်ဖြင့် တေးသီချင်းများ သီဆိုခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကြာခဲ့ပြီဖြစ်သည်။ ၁၉ လမ်း ခိုင်ထူး၏ ဖျော်ဖြေမှုအောက်မှာ စကားသံတွေက ညှော်နံ့များနှင့် အတူ ပျံ့လွင့်နေမြဲ။ ထို့နောက် စည်းနှင့်ဝါးကို တချွင်ချွင်ခေါက်ရင်း ခေတ်ဟောင်း တေးသီချင်းကြီးများကိုပိုင်နိုင်စွာ တစ်လှမ်းချင်း သီဆိုလာမည့် အသက် ၄၀ ကျော်အရွယ် မသန်မစွမ်း အမျိုးသမီးတစ်ဦးကို ချိုင်းထောက်တစ်လက်ဖြင့် တွေ့ရမည်။ ပြီးတော့ စားပွဲဝိုင်းတွေကြား
ဆောင့်ကြောင့်ထိုင်ကာ ၀ါးဆစ်ဘူးလေးနှစ်လုံးကို သံမံတလင်းပေါ် တတုံတုံခေါက်ရင်း"ငါ့ဘ၀ရဲ့ မီးအိမ်ရှင်ပါ ငါ့ဘ၀ရဲ့ပဲ့ကိုင်ရှင်လေး ငါ့ဘ၀ရဲ့တန်ခိုးရှင်ပါ" ဟု အသံစာစာလေးဖြင့် သီဆိုနေကြမည့် အသက် ၁၀ နှစ်ခန့်အရွယ်ရှိ ယောက်ျားလေးငယ်နှစ်ဦး။
ညနေ ၅ နာရီခန့်မှ စတင် စည်ကားလာသော ၁၉ လမ်း သည် ည ၁၀နာရီခန့်မှာတော့ ဇာတ်ရှိန်မြင့်လာပြီဖြစ်သည်။
ဝင်္ကပါမှာ သံသရာလည်ကြ ဆံပင်ရှည်ထားသလို စိတ်ရှည်ရှည် ထားနိုင်ရင်လည်း ကောင်းမယ် ရေခဲတုံးလေးများလို အရည်ပျော်၊ ပျော်ဝင်သွား
နိုင်ရင်လည်း ကောင်းမယ် ဘယ်လိုပြောမလဲ ဘာမှမပြောတာဘဲ ကောင်းမယ်... (ကြည်ဇော်အေး-၁၉ လမ်း ကဗျာမှ)
၁၉ လမ်းတွင် ကြက်ပေါင်း ဘဲပေါင်း၊ ဂျုံခေါက်ဆွဲ၊ ဆီချက်၊ကြေးအိုးတို့မှသည် ၁၉၉၀ ၀န်း ကျင်၌ BE ဆိုင်များ ပေါ်လာကြသည်။ ထို့နောက် ရမ်အရက်ခေတ်၊ ၀ီစကီခေတ်တို့မှ ဘီယာခေတ်သို့ ရောက်ရှိလာခဲ့သည်။ ခေတ်နှင့်အလိုက် ပြောင်းလဲလာခဲ့သည့် ၁၉ လမ်းသည် ဆယ်စုနှစ် တစ်ခုကြာပြီးနောက် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစတင်ကာ ပိုမိုကျော်ကြားလာခဲ့သည်။
၂၀၀၂ ခု နောက်ပိုင်းတွင် စားသောက်ဆိုင်များ ထပ်မံတိုးပွားလာပြီး ဆိုင်အားလုံးက အသားကင်နှင့် အသီး၊ အရွက်ကင်များကို အဓိကထားရောင်းချ လာကြသည်။ ၁၉ လမ်း၏ အကင်စုံကို အဓိကထား မှာယူရင်း အရက်၊ ဘီယာတို့နှင့် တွဲဖက်သုံးဆောင်ရသည်ကို အကြိုက်တွေ့လာကြ
ခြင်းကလည်း ၁၉လမ်းကို ကျော်ကြားစေသည့် အချက်တစ်ချက် ဖြစ်လာသည်။
"၂၀၀၀ ခုနှစ် ရှေ့ပိုင်းတုန်းက မစည်ကားသေးဘူးဗျ။ ပြီးတော့ မိန်းကလေးတွေ ဘီယာ မသောက်ကြသေးဘူး။ ၂၀၀၀ ခု နှစ်ဒီဘက်ပိုင်းမှာတော့ မိန်းကလေးတွေလည်း မရှက်တော့ဘူး။ ယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီး ဘီယာဆိုင်ထိုင်လာကြပြီ" ဟု ၁၉ လမ်း "၀င်း" စားသောက်ဆိုင်မှ မန်နေဂျာကိုထွန်းနိုင်က ပြောသည်။
အသက် ၃၆ နှစ်အရွယ် မန်နေဂျာကိုထွန်းနိုင်ကို ၁၉ လမ်းဖောက်သည်များက ကိုအရှည်ကြီးဟု သိကြသည်။ သူကလည်း ၁၉ လမ်းလောကမှာ ကျင်လည်လာတာ ၁၈ နှစ်တိတိရှိခဲ့ပြီ ဖြစ်သည်။ ၀င်းစားသောက်ဆိုင်မှာ မူလက ကြေးအိုးဆိုင်ဖြစ်ပြီး ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ဘီယာဆိုင်ဖြစ်လာခဲ့သလို ဆိုင်သက်တမ်းကလည်း နှစ်ပေါင်း ၄၀ ခန့်ရှိလာခဲ့ပြီဟု သိရသည်။ ယခုတော့ ဆိုင်ခန်း ၈ ခန်း၊ စား ပွဲဝိုင်း ၅၀ ကျော်၊ စားပွဲထိုး ၅၀ ကျော်ဖြင့် လည်ပတ်နေသည့် ၀င်း စားသောက်ဆိုင်က ၁၉ လမ်းဈေးကွက်ကို ဦးဆောင်နေခဲ့သည်။
"အကင်က အဓိကရောင်းရတယ်။ သူများဆိုင်တွေ ဘာတင် ရောင်းတယ်ဆိုတာ ကြည့်ပြီး ကိုယ်လည်းလိုက်တင်ရတယ်" ဟု ၁၉ လမ်းဓ၀င်းတွင် တစ်လ ၇၅၀ ကျပ် ဖြင့် စားပွဲထိုးစလုပ်လာခဲ့သည့် ကိုထွန်းနိုင်(ခေါ်) ကိုအရှည်ကြီးက ပြောသည်။
စားသောက်ဆိုင်များမှ အကြော်အလှော်နှင့် အကင်များအပြင် လမ်းပေါ်ဘီယာဝိုင်းတွေကြား ပြေးလွှားရောင်းချနေသည့် ဆယ်ကျော်သက်ကောင်လေးတို့ လွယ်ထားသော ခြင်းတောင်းထဲမှ မြေပဲပြုတ်၊ ငါးနီတူ၊ လက်ဖက်သားချဉ်စပ်စသည့် အလွယ်အမြည်းများကလည်း သောက်သုံးသူတို့အဖို့ သွားရည်ယိုစရာ ဖြစ်လာသည်။
လက်ရှိကာလမှာတော့ တရုတ်တန်း ၁၉ လမ်းထဲမှာ စားသောက်ဆိုင်ပေါင်း ၁၅ ခုခန့်ရှိနေပြီ ဖြစ်သည်။ ညလုံးပေါက် ဆူညံမှုနှင့်အတူ ခေတ်မိန်းကလေးများ၏ ရဲတင်းလွတ်လပ်သော အ၀တ်အစားများကြောင့် မျက်စိပသာဒလည်း ရှိနေပြီ ဖြစ်သည်။
ဒီလမ်းအတွင်း အပေါ်ထပ် တိုက်ခန်းများမှာ နေထိုင်ကြသူတို့မှာလည်း ဆူညံမှုကို လျစ်လျူရှု သည်းခံထားကြသည်။ တရုတ်တန်း၊ ၁၉ လမ်းဆိုတာက ယခု ကန်ထရိုက်တိုက်ခန်းများ မပေါ်လာမီ၊ သူတို့လာရောက် မနေထိုင်မီ ရှေးကနဦးကတည်းကပင် ပေါ်ပေါက်နေခဲ့ခြင်းကြောင့်ပင်။
"တိုက်ခန်းတွေကတော့ သူတို့ကြည့်ဝယ်ကြပေါ့။ ဒီဆိုင်တွေက ဒီတိုက်တွေဆောက်မှ ထရောင်းကြတာမှမဟုတ်တာ။ အရင်နှစ် ထပ်တိုက်ကလေးတွေနဲ့ ရောင်းလာခဲ့ကြတာ" ဟု ဦးကျော်ကျော်က ပြောသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်မားလာသည်နှင့်အညီ ၁၉ လမ်းအတွင်း ချီးယားစ်ပေးသံ တညံညံဖြင့် ခြေချင်းလိမ်နေကြသည့် နိုင်ငံခြားသားများစွာကို တွေ့မြင်ရပါမည်။ ဧည့်လမ်းညွှန်များကလည်း သူတို့၏ ဧည့်သည်များကို ခေါ်ဆောင်၍ ၁၉ လမ်း ယဉ်ကျေးမှုနှင့် စရိုက်အား မလွတ်တမ်း ပြသလာကြသည်။
တစ်နေကုန်ပင်ပန်းသမျှ၊ အကြောင်းကြောင်းကြောင့် စိတ်ညစ်ညူးခဲ့သမျှစသဖြင့် အကြောင်းမျိုးစုံဖြင့် ၁၉ လမ်းသို့ လူတန်းစား မျိုးစုံခြေချကြသည်။ များသောအားဖြင့် ကိုယ်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ မိတ်ဆွေအပေါင်းအသင်းများကို လမ်းတစ်လျှောက် စားပွဲဝိုင်းများတွင် မြင်တွေ့နှုတ် ဆက်သွားရခြင်းကလည်း အရသာတစ်ခု ဖြစ်သည်ဟု ဓာတ်ပုံဆရာတစ်ဦးက ဆိုသည်။ "ရွာ ပြန်ရောက်သွားသလိုပဲ" ဟု သူက ခံစားသည်။
"အနုပညာသမားတွေ၊ ဖော်ရိန်နာတွေ၊ မီဒီယာသမားတွေ၊ မိသားစုတွေ အစုံလာကြတယ်။ လူစုံတော့ မိန်းကလေးတွေလည်း စုံတာပေါ့။ အရင်တုန်းကဆို နေတိုးတို့လည်း လာတယ်။ ပြေတီဦးတို့လည်း လာဖူးတယ်" ဟု ၁၉ လမ်း ဆိုင်တစ်ဆိုင်မှ အသက် ၂၃ နှစ်အရွယ်စားပွဲထိုးတစ် ဦးက ပြောသည်။
၁၉ လမ်းတွင် သူငယ်ချင်းများနှင့် ထိုင်ဖူးသော အသက် ၂၄ နှစ်အရွယ် မအိမွန်သိမ်းကလည်း "မာဖီးယားတွေ ရှိတဲ့နေရာမှာ သောက်ရတဲ့ အထိတ်တလန့် ခံစားချက်မျိုးခံစားရတယ်။ ဘီယာက တစ်ခါတလေ ခါးနေပြီး တစ်ခါတလေမှာ ဂက်စ်သက်သက်ပဲလို့ ထင်မိတဲ့ ခံစားချက်မျိုးလည်း ရတယ်" ဟု ၁၉ လမ်းခံစားချက်ကို ပြောပြသည်။
တချို့ကလည်း ၁၉ လမ်းသည် ဘီယာသမားများ၏ Icon ဖြစ်သည်ဟု ဆိုကြသည်။ ၀ိုင်းလွတ်မရှိသည်အထိ ပြည့်နှက်ဆူညံနေသော်လည်း အပေါင်းအသင်း မိတ်ဆွေတစ်ဦးမဟုတ် တစ်ဦးကို တွေ့ရှိနိုင်ခြင်း၊ တစ်လမ်းလုံးရှိ ဘီယာဆိုင်များကို ရွေးချယ်စားသောက်နိုင်ခြင်းစသည်တို့ကြောင့် ၁၉ လမ်းကို နှစ်သက်လာကြသည်ဟု ဆိုကြသည်။
"ခံစားချက်က တခြားဘီယာဆိုင်တွေ သွားထိုင်တာနဲ့မတူဘူး။ ဒီတစ်လမ်းလုံးကိုလာတဲ့ သူတိုင်းရဲ့ ရည်ရွယ်ချက်က တူကြလို့လေ။ ဒါကိုလူကြီးတွေတော့ ကြိုက်ပုံမရဘူး။ ၁၉ လမ်းဆိုတဲ့ အသံကြားတာနဲ့ မကြိုက်တဲ့ ပုံပြတယ်ဗျ။ ထိုင်းမှာလည်း အရက်ဆိုင်တွေကြီးရှိတဲ့ လမ်းတွေရှိတယ်။ ကလပ်တွေချည်းပဲ ရှိတဲ့လမ်း ရှိတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ" ဟု Messenger သတင်းဂျာနယ်မှ အယ်ဒီတာကိုသန့်စင် ဦးက ဆိုသည်။
"ဒီလမ်းထဲရောက်ရင် သူလို ကိုယ်လို အသောက်သမား အစားသမားတွေချည်းမို့ ညီညွတ်ရေးနဲ့ ခင်ခင်မင်မင်၊ ကိုယ့်အုပ်စုနဲ့ ကိုယ် ၀ိုင်းဖွဲ့ကြ။ တခြားဝိုင်းက လိုင်းတူတွေကို လှမ်းပြီးနှုတ်ဆက်ကြ။ ယမကာလုလင် အကောင်းကြိုက်သူတွေ ဆုံစည်းပျော်ရွှင်ရာနေရာပေါ့" ဟု ပြည်ပတွင် နေထိုင်သည့် စာရေးဆရာမင်းဒင်က ၁၉ လမ်း အပေါ်မှတ်ချက်ပြုသည်။
ဆိုင်အတွင်းမှာသာမက ဆိုင်အပြင်ဘက် လမ်းပေါ်တွင် စားပွဲဝိုင်းများ ခင်းကျင်းထားရမှုကလည်း စားသုံးသူတို့၏ ဆန္ဒအရပင် ဖြစ်သည်။
"အရင်တုန်းက ဖောက်သည်တွေက အတွင်းမှာပဲ ထိုင်ချင်တယ်။ အခုကျတော့ လူတွေက အပြင်မှာပဲ နေချင်ကြတယ်" ဟု ဦးကျော်ကျော်က ဆိုသည်။ တစ်ရံတစ်ခါ လမ်းပိတ်ဆို့သည်ဟူ၍ တိုင်တန်းမှု တချို့ရှိလာပါက လမ်းပေါ်မှ စားပွဲများကို ခေတ္တနေရာ ရွှေ့ထားရခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။
"နယူးရီးယားတို့ဘာတို့၊ လူငယ်တွေလွတ်နေတဲ့ အချိန်တွေတော့ ရန်ပွဲတချို့ဖြစ်တတ်တယ်။ ဆိုင်ထဲမှာတော့ မဖြစ်ကြပါဘူး။ အပြန်မှဒီလမ်းထိပ်မှာ ငြိကြတာများတယ်" ဟု စားသောက်ဆိုင် မန်နေဂျာတစ်ဦးက ပြောပြသည်။
လမ်းအတွင်းရှိ စားသောက်ဆိုင်များမှာ လိုင်စင်အခွန်၊ ကျန်းမာရေးအခွန်၊ ဆိုင်းဘုတ်အခွန်၊ ရေ ခွန်၊ မီးခွန် စသည်တို့ကို ပေးဆောင်ရသော်လည်း လမ်းပေါ်တွင် ခင်းကျင်းထားသည့် စားပွဲဝိုင်းများအတွက် အခွန်အခ ပေးဆောင်ရန် မလိုပေ။
၁၉ လမ်းသည် အရက်တန်းဟု လူသိများသည်။ ၁၉ လမ်းတွင် လူတန်းစားပေါင်းစုံ ထိုင်ကြသည်။ ၁၉ လမ်းသည် မီးခိုးများတလူလူဖြင့် အရောင်အသွေး စုံနေသည်။ ၁၉ လမ်းသည် စကတ်ကိုအတိုဆုံး ၀တ်ဆင်ထားသည့် အပျိုဖြန်းမလေးတစ်ယောက်လည်း ဖြစ်သည်။ ၁၉ လမ်းသည် ပွင့်လင်းမြင်သာသည့် ယဉ်ကျေးမှုတစ်ရပ်ကို ဖော်ဆောင်နေသည်။ ထို့အပြင် ၁၉ လမ်းသည် လွတ်မြောက်နယ်မြေတစ်ခုလည်း ဖြစ်နေပါသည်။
"တိုင်းပြည် ပွင့်လင်းလာတာနဲ့အမျှ ဒီလမ်းက ပိုတိုးတက်လာမယ်။ လည်ပတ်မယ့်နေရာတစ်ခု ဖြစ်လာမှာပဲ။ ဒီနှစ်ဆိုရင် ခါတိုင်း နှစ်တွေထက် လူမျိုးပေါင်းစုံလာပြီး သွားကြပြီ" ဟု ၀င်းစားသောက်ဆိုင်မန်နေဂျာ ကိုအရှည်ကြီးက မှတ်ချက်ပေးသည်။
"တွေးမိရင်တောင် လွမ်းတုန်းပဲ။ အခုနေ အသိအကျွမ်းဟောင်းတွေ ၁၉ လမ်းမှာများ ပြန်ဆုံမိရင် ရှေးကထက်တောင် ပိုချစ်ကြမယ်ထင်ပါရဲ့" ဟု ၁၉ လမ်းနှင့် နှစ်နှစ်ဆယ်ခန့် ဝေးကွာနေခဲ့ရသည့် စာရေးဆရာမင်းဒင်က ပြောပါသည်။
၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်တွင် တန်လူရှောင်ဟုခေါ်သည့် တရုတ်ကြီးတစ်ဦးသည် တန်ဆူတောင်ဟုခေါ်
သည့် မိတ်ဆွေတရုတ်ကြီးတစ်ဦး နှင့်အတူ ၁၉လမ်းထဲမှနေ ကမ်းနားလမ်း စဥ့်အိုးတန်းဆိပ်ကမ်းဆီသို့ ခပ်အေးအေးပင်လမ်းလျှောက် သွားခဲ့ကြသည်။ ထိုတရုတ်ကြီးနှစ်ဦးသည် ထိုညမှာပင် တရုတ်ပြည်အမွိုင်မြို့သို့ ဟိုင်လီသင်္ဘောဖြင့် ထွက်ခွာသွားခဲ့လေသည်။ ထိုနေ့မှ နောက်ထပ် ရှစ်နှစ်ခန့်အကြာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် နံနက် ၄ နာရီမိနစ် ၂၀ တွင် လွတ်လပ်သောမြန်မာနိုင်ငံအလံတော်ကို လွှတ်တင်နိုင်ခဲ့သည်။
မြန်မာ့လွတ်လပ်ရေးအတွက် အကူအညီတောင်းခံရန် တရုတ်ပြည် အမွိုင်မြို့သို့ မထွက်ခွာမီ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ဖျက်ခဲ့သည့်လမ်း၊ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းနှစ်သက်သည့် အစားအသောက်များ ရှိခဲ့ရာလမ်း၊ မြန်မာနိုင်ငံမှ လူတန်းစားအလွှာ အသီးသီး တတန်းစားတည်း ထိုင်ခဲ့ဖူးသည့်လမ်း။
ယခုအခါတွင်မူ အရက်တန်းအဖြစ် နာမည်ကျော်ကြားနေသည့် ထိုတရုတ်တန်း၊ ၁၉ လမ်းသည် ကမ္ဘာလှည့်ခရီးသည်များအတွက် အလည်အပတ် နေရာသစ်တစ်ခုအဖြစ် ပိုမိုစည်ကားလာလိမ့်ဦးမည်လော ဆိုသည်ကိုတော့ စောင့်ကြည့်ကြရပါဦးမည်။
ညသန်းခေါင်ကျော် နံနက် ၁ နာရီဝန်းကျင်တွင် ပြောလက်စ စကားမပြတ်သူတချို့၊ စားပွဲဝိုင်း သိမ်းဆည်းနေသူတချို့၊ တံမြက် စည်းလှည်းကျင်းနေသူတချို့၊ ပိုက်ဆံရေတွက်နေသူတချို့ဖြင့် တစ်နေ့တာ၏ ၁၉ လမ်းကန့်လန့်ကာကို ပိတ်သိမ်းလိုက်ပါပြီ။
တစ်ယောက်ယောက်ကျန်ခဲ့ပုံရသည့် Angry Bird ပုံစံ မိုးပျံပူ ပေါင်းလေးတစ်လုံးသာ ဓာတ်တိုင်ထိပ်ဓာတ်ကြိုးများကြား ငြိတွယ်လျက်...။ ။
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ