သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မူစယ်မြို့ပြ စီမံကိန်း လုပ်ငန်းတချို့ ဂရိတ်ဟော်ခမ်း ကုမ္ပဏီသို့လွှဲပြောင်း

Posted: 13 Dec 2012 02:56 AM PST

နယူးစတားလိုက် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ပြ အိမ်ယာမြေစီမံကိန်း လုပ်ငန်းများ အနက် လမ်းတည်ဆောက်ရေးအပိုင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီသို့ ယမန်နေ့ နံနက်ပိုင်းက အခမ်းအနားဖြင့် လွှဲပြောင်းလိုက်ကြောင်း သိရသည်။
img aa copyကုမ္ပဏီလွှဲအပ်သည့်အခမ်းအနား ။

၎င်းအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ပြီး နယူးစတားလိုက်ကုမ္ပဏီမှ စီမံကိန်းနေရာများ လိုက်လံပြ သခဲ့ကြောင်း ကိုယ်တိုင် အခမ်းအနားတက်ရောက်ခဲ့သူ မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"လွှဲပြောင်းပွဲ အခမ်းအနားပေါ့နော် နယူးစတားလိုက် ကုမ္ပဏီ MD - ကျော်ကျော်ဝင်း ၊ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးအောင် ၊ ဂရိတ်ဟော်ခမ်း ကုမ္ပဏီ MD - စိုင်းအုန်းမြင့် ၊ ဂရိတ်ဟော်ခမ်း  အင်ဂျင်နီယာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းရဲ့တူပေါ့နော် စိုင်းရီမွန်၊ သူတို့က မိန့်ခွန်းပေးတယ်၊ နောက် Power Point နဲ့ စီမံကိန်း ပရော့ဂျက်တွေ ရှင်းပြတယ် " ဟု ၄င်းမြို့ခံက ပြောသည်။

စီမံကိန်းတည်ဆောက်ရန် အတွက် လယ်ဧက ၁၀၀ ကျော်နှင့် ဥယျာဉ်ခြံမြေ ၁၀၀ ကျော်ကို မူစယ်ဒေသခံများထံမှ နယူး စတားလိုက်က လျော်ကြေးပေး၍ သိမ်းယူခဲ့ခြင်းဖြစ်ပြီး မြေအကျယ်အဝန်း ဧက ၂၀၀ ကျော်ရှိကြောင်း သိရသည် ။

အဆိုပါ စီမံကိန်း မစတင်မီက မြေသိမ်းယူခံရသည့် ဒေသခံများကို တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက် ခွင့်ပြုမည်ဟု နယူးစတားလိုက်ကုမ္ပဏီမှ ပြောကြားခဲ့သော်လည်း  ယခုအခါ ဒေသခံများအား ပါဝင်ခွင့် မပေးပဲ ဂရိတ် ဟော်ခမ်းကုမ္ပဏီသို့လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း နောက်ထပ်ဒေသခံ တစ်ဦးက ပြောသည်။
img bb copyကုမ္ပဏီလွှဲအပ်သည့်အခမ်းအနား ။

"ဒီပရော့ဂျက် မစခင်က ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် မူစယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားတွေ အားလုံးတက်တဲ့ အစည်းအဝေးမှာ မြေသိမ်းခံရတဲ့ဒေသခံတွေကို စီမံကိန်းမှာ ဆောင်ရွက်ခွင့်ပြုမယ်လို့ နယူးစတားလိုက်က ပြောထားတယ် ဒေသခံ တွေက မြေသယ်ကားတွေ ဘာတွေဝယ်ထားကြတယ်ဗျ အခု ဒေသခံတွေကို ပါခွင့်မပြုပဲ နောက်ကုမ္ပဏီတစ်ခုကို လွှဲလိုက်တယ်ဗျာ၊ ဒေသခံတွေဘက်က အရမ်းကိုနစ်နာတယ် " ဟု ပြောသည်။

လက်ရှိတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နေထိုင်ရန် အိမ်တစ်လုံးကို နယူးစတားလိုက် ကုမ္ပဏီမှ ငွေကြေး အကုန်အကျခံကာ ဂရိတ်ဟော်ခမ်းကုမ္ပဏီမှ စိုင်းမောက်ခမ်း၏ တူတော်စပ်သူ အင်ဂျင်နီယာကိုယ်တိုင် တာဝန်ယူဆောက် လုပ်နေကြောင်း သိရသည်။

၁၇/၁ ဖြင့် လူထုအားဖမ်းဆီးပါက ဦးအောင်မင်းကိုပါ ဖမ်းဆီးရမည်ဟု RCSS/SSA ပြော

Posted: 13 Dec 2012 01:33 AM PST

မြန်မာစစ်တပ်က ပြည်သူလူထုအား မတရားအသင်းနှင့်ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းကိုလည်း ဖမ်းဆီးရမည်ဟု RCSS/SSA က ပြောကြားလိုက်သည်။

Paung Khurကျိုင်းတုံ သျှမ်းနှစ်သစ်ကူး အထူးပွဲတော်၌ တွေ့ရသည့် ဗိုလ်မှူးချုပ် ပေါင်ခေး (Photo : Kawli Media)

"သျှမ်းစာပေနဲ့ အမျိုးသားရေး ဟောပြောပွဲမှာ RCSS က စဝ်ပေါင်ခေးက ပြောတာ။ တကယ်လို့ ဗမာ စစ်တပ်က လူထုတွေကို သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးရင် ဦးအောင်မင်း ကို လည်း ဖမ်းရမယ်။ ဦးအောင်မင်းကလည်း သူပုန်နဲ့ဆက်သွယ်တယ်ပေါ့" - ဟု ကျိုင်းတုံ သျှမ်းနှစ်သစ် ကူးပွဲ တက်ရောက်သူတစ်ဦးက ပြောပါသည်။

တပ်မတော်၏ အခန်းမှာ တိုင်းပြည်နှင့် လူထုကို ကာကွယ်ပေးရန် ဖြစ်ကြောင်း၊ လူထုက ညှင်းပန်း နှိပ်စက်ခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ဖမ်းဆီးခံရခြင်း ရှိပါက RCSS/SSA ၏ ဆက်ဆံရေးရုံးသို့မဟုတ် ပြန်ကြားရေးရုံးသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ လူထု၏ ကြုံတွေ့နေရသည့် ပြဿနာများကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း RCSS/SSA ငြိမ်းချမ်းရေးဖေါ်အောင်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး က ပြောဆိုခဲ့သည်ဟု ဆို၏။

ဤကိစ္စနှင့် စပ်လျဉ်း၍ ဦးအောင်မင်း ကိုယ်တိုင်က သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင် ခွန်ထွန်းဦး အား "ခွန်ထွန်းဦး သူပုန်နှင့်ဆက်သွယ်၍ အဖမ်းခံရလျှင် ကိုယ်တိုင်လာ ရောက် အာမခံ လွှတ်ပေးမည်။ မလွှတ်ပေးနိုင်ပါက ကိုယ်တိုင် ခွန်ထွန်းဦးနှင့်အတူ အကျဉ်းကျခံမည်" ဟု ဂျူလိုင် ၂၂ ရက်နေ့က ပြောခဲ့သည်။

"ကိုယ်စားလှယ်ရုံးထားရှိရာမြို့တွေ မှာ RCSS/SSA ပြန်ကြားရေးရုံးတွေလဲ ဆက်တိုက်ဖွင့်သွားမယ်လို့ ပြောတယ်။ လူထုရဲ့ မကျေနပ်ချက်တွေကို တိုင်ကြားဖို့လို့ပြောတာဘဲ။ ဘယ်အဆင့်အထိ လုပ်ပေး နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့" - ဟု ကျိုင်းတုံပွဲတော်ရောက် ချင်းမိုင်မှ စိုင်းဆိုင် က ပြောပါသည်။

လူထုအနေဖြင့် မေလ ၁၉ ရက်နေ့ သဘောတူညီချက်အရ RCSS/SSA နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့် ရထားသော်လည်း ယခုတိုင် ပုဒ်မ ၁၇/၁ ကြောင့် စိတ်ပူမှုရှိနေကြကြောင်း သတင်းအရင်းအမြစ်များက ဆိုပါသည်။

ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ တိုင်းရင်းသားစာပေဆိုင်ရာ ဟောပြောပွဲကျင်းပ ရာ အားဂျန်နန်သန်းက ကျိုင်းတုံမြို့သမိုင်းကြောင်း၊ ဆရာစိုင်းအောင်ထွန်းက သျှမ်းလူမျိုးများ၏ သမိုင်းကြောင်း၊ စိုင်းဆမ်တစ် ခေမရဌ်က သျှမ်းလူမျိုး၏ ယုံကြည်ကိုးကွယ်မှု၊ ခံယူမှုအကြောင်း၊ ဗိုလ်မှူးချုပ်ပေါင်ခေးက သျှမ်းအမျိုးသားရေးအကြောင်း၊ စိုင်းပင်ခမ်းက သျှမ်းနှစ်သစ်ကူးအကြောင်းကို ဟောပြောခဲ့ကြသည်။

ကျိုင်းတုံ သျှမ်းနှစ်သစ်ကူးအထူးပွဲ ခွန်ထွန်းဦးတက်ရောက်ဖွင့်လှစ်

Posted: 13 Dec 2012 01:32 AM PST

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပသော သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ဖွင့်ပွဲ ယနေ့ မနက် ကျင်းပရာ သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးကိုယ်တိုင် တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်အား ခွန်ထွန်းဦးနှင့် စိုင်းလုံးဆိုင်တို့ ဖဲကြိုးဖြတ် ပွဲဖွင့်လှစ်စဉ် (ဓါတ်ပုံ-ကော့လီမီဒီယာ)

"ကျိုင်းတုံမြို့ ဘောလုံးကွင်းမှာ ဖွင့်ပွဲလုပ်တယ်။ ပရိတ်သတ် ၈၀၀၀ ကျော်တက်ရောက်တယ်။ သျှမ်း တိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ကျနော်တို့ သျှမ်းအမျိုးသားခေါင်းဆောင်ကြီး ခွန်ထွန်းဦး နဲ့ ပြည်နယ်လွှတ်တော်ဥက္ကဌ လုံးစိုင်းလုံးဆိုင် က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတယ် " ဟု ကျိုင်းတုံ ရောက် သျှမ်းသံတော်ဆင့် သတင်း ဌာနမှ  စိုင်းဆိုင်ယ ကပြော သည်။

ဖွင့်ပွဲအား နံနက် ၉ နာရီ ၉ မိနစ်တွင် ကျင်းပရာ တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး အပြင် သျှမ်းသမိုင်းကျွမ်းကျင် ပညာရှင် ဆရာစိုင်းအောင်ထွန်း၊ မြို့မိမြို့ဖ လုံးစိုင်းဟောင်ခမ်း ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ ဒေါက်တာ စိုင်းဆန်အိုက် ၊ ပွဲဖြစ်မြောက်ရေး ဥက္ကဌစိုင်းယွက် တို့ အမှာစကားပြောကြားခဲ့ကြ သည်ဟု ဆိုပါသည်။

"တိုင်းမှူးက ငွေကျပ် ၁ သန်း ထည့်ဝင်ကူညီတယ်။ သမိုင်းပြခန်းကို လေ့လာသွားတယ်။ ယဉ်ကျေးမှု ပြခန်း အသုံးအဆောင် ပြခန်းကြည့်ရှုတယ်။ တိုင်းမှူးပြောသွားတာက ကနေ့ခေတ် နိုင်ငံရေးတိုးတက်ပြောင်းလဲလာပြီ။ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့ ဆိုတာလဲ မရှိတော့ဘူး။ အေးအေးချမ်းချမ်းရှိလာပြီဆိုတော့ မိမိဒေသ မိမိလူမျိုးရဲ့ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်လာအောင်လက်တွဲပူးပေါင်း မြင့်တင်ဖို့ - အစရှိပြောသွားတယ်။ ပရိသတ်သဘောအကျဆုံးကတော့ တိုင်းမှူးက အဖွင့်မှာ မိုင်ဆုံခါ့ လို့ပြောတယ်။ အပိတ်မှာကျတော့ ယင်းစုမ်းခ လို့ နှုတ်ဆက်သွားတယ်။ အဲတာက မြို့ခံတွေက သဘောကျတယ်။  " စိုင်းဆိုင်ယ က ပြောသည်။

ဖွင့်ပွဲသို့  SNLD ဥက္ကဌ ခွန်ထွန်းဦး ဦးဆောင်သောအဖွဲ့၊ စိန်ကျော့ဌာနေပြည်သူ့စစ်မှ  စဝ်ကိုင်ဖှ ၊ မိုင်းလား တပ်ဖွဲ့မှ စဝ်ခွန်ဆန်လူ စဝ်ဆိုင်လား ၊ သျှမ်းပြည်တပ်မတော် RCSS/SSA မှ  စဝ်စိုင်းလူး ၊ ကျားဖြူပါတီ ဥက္ကဌ စိုင်းယွက်  ၊ ဆရာမ နန်းမိုခမ်း ဆရာမနန်းဟွမ်လိတ်တို့လည်း တက်ရောက်ခဲ့သည်။   သျှမ်းပြည်မြောက်ပိုင်းမူဆယ်နမ့်ခမ်းလားရှိုး   သျှမ်းပြည်တောင်ပိုင်း  တောင်ကြီး  လွယ်လင် ပင်လုံ မိုးနဲ အစရှိ မြို့နယ်များအားလုံး မှ စာပေယဉ်ကျေးမှုအဖွဲ့ အင်အား ၈၀၀၀ ကျော် ဖွင့်ပွဲတက်ရောက်ခဲ့သည်။ 

" အခု နေ့ခင်းပိုင်းမှာကျတော့  မုံးပိန်းကျောင်းတိုက်မှာ ဆရာစိုင်းအောင်ထွန်း ဒေါက်တာစိုင်းဆန်အိုက် မဟာမုံ့ (မုံးစယ့်) ဒေါက်တာစိုင်းဆန်ဖေ အစရှိ သမိုင်းဆရာတွေ မြို့မိမြို့ဖတွေက ကျိုင်းတုံမြို့ သမိုင်းကြောင်းကိုဟောပြောနေကြတယ်။   ည ကျမှ မြို့နယ်အသီးသီးက ပြင်ဆင်လာတဲ့ အကအဖွဲ့ကနေ ကပြတင်ဆက်သွားတယ်။ ခေတ်ဟောင်း ခေတ်သစ်တေး သီချင်းတွေ သီဆိုဖျော်ဖြေကြမယ်။ နက်ဖြန်မနက်မှ စာပေဟောပြောမယ့် ဆင်မီနာ အခန်းအနား စမယ်" ဟုလည်း ဆိုပါသည်။

သျှမ်းပြည်အတွင်း ပထမဆုံးအကြိမ်စုပေါင်းကျင်းပမှုဟုလည်းဆိုနိုင်သည့်အဆိုပါပွဲတော်သို့ ပရိ သတ်အများအပြား လာရောက်ပူးပေါင်းဖွင့်လှစ်ရာ နေရာထိုင်ခင်း မရှိတော့သည့်အဖြစ်လည်း ရှိခဲ့ကြောင်း ကျိုင်းတုံဒေသခံတဦးကပြောသည်။

ကျိုင်းတုံမြို့  သျှမ်းနှစ်သစ်ကူးအထူးပွဲတော်ကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

၂၁၀၇ ခု သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲတော်အား အနယ်နယ်အရပ်ရပ်၌ကျင်းပ

Posted: 13 Dec 2012 01:30 AM PST

လာမည့်သောကြာနေ့တွင်ကျရောက်သော သျှမ်းသက္ကရာဇ်  ၂၁၀၇ နှစ်သစ်ကိုကြိုဆိုသည့်ပွဲအား သျှမ်းပြည်အတွင်း မြို့နယ် အသီးသီးနှင့် ပြည်ပရောက်သျှမ်းလူမျိုးများက အသီးသီးကျင်းပနေကြပြီဖြစ်ကြောင်းသိရသည်။


သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် နှစ်သစ်ကူးပွဲတော်ကို သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံး၌ ၁၃ ရက်နှင့် ၁၄ ရက် ၂ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း တောင်ကြီးမြို့ခံ စိုင်းလင်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
TGIတောင်ကြီးမြို့ သျှမ်းနှစ်သစ်ကူး ( Taunggyi Family Group)

မြောက်ပိုင်းရှိမူစယ်နှင့်နမ့်ခမ်းမြို့တွင်လည်း ယနေ့ည ပွဲစတင်ကျင်းပမည်ဖြစ်ကြောင်း နမ့်ခမ်းဒေသခံစိုင်းခမ်း ကပြော သည်။  မူဆယ်မြို့တွင် စာပေနှင့်ယဉ်ကျေးမှုအတွက် ကိုယ်ကျိုးစွန့် လုပ်နေသည့် ပုဂ္ဂိုလ်အား စဝ်ဆေခန်ဖှ (ဧကရာဇ်) ဆု ချီးမြင့်မည်ဖြစ်ကြောင်း၊ ယခုနှစ်ဆုရှင်အား သျှမ်းစာပေပြန့်ပွါးရေးလှုပ်ရှားနေသည့် သျှမ်းစာပေဆရာ စိုင်းဖှ အားရွေးချယ် ထား ကြောင်းသိရသည်။ မူစယ်မြို့တွင် လွယ်တိန်ခမ်းတောင်၌ လည်းကောင်း နမ့်ခမ်းမြို့တွင် နောင်ကုန်းစန့်အနီး လေယာဉ်ပျံကွင်းတွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံတွင်လည်း သျှမ်းတမျိုးသားလုံးစုပေါင်းကျင်းပသည့် သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ကို ယနေ့မနက် ၉ နာရီက ဖွင့်ပွဲကျင်းပခဲ့သည်။ ၂၁၀၇ နှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဖိတ်ကြားထားသော မြို့နယ် ၂၈ မြို့နယ်မှ စာပေယဉ်ကျေးမှုအဖွဲ့များအပြင် ပြည်တွင်းပြည်ပ ဧည့်သည် ပရိသတ် ၁ သောင်းနီးပါးရှိသည်ဟု ပွဲတက်ရောက်သည့် ချင်းမိုင်မှ စိုင်းယ က ပြောသည်။
KTbကျိုင်းတုံသျှမ်းနှစ်သစ်ကူးဖွင့်ပွဲအခမ်းအနား (Sai Sai Loang)

အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့၏မြို့တော် မိုင်းလားတွင်လည်း ဒီဇင်ဘာ ၉ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပကြောင်း သိရသည်။ ကျိုင်းတုံပွဲအပြီး အနယ်နယ်အရပ်ရပ်မှ ပရိသတ်များ မိုင်းလားသို့ အလည်အပတ်ရောက်ရှိနိုင်အောင် စီစဉ်ခြင်းဖြစ်သည်ဟုလည်း မိုင်းလားမြို့ခံများကပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် ၁၁ ရက်နေ့ညက ဖွင့်ပွဲကျင်းပရာ သျှမ်းအမျိုးသား များ အကြား တော်လှန်ရေး တေးသီချင်း ဖြင့်နာမည်ကြီးအဆိုတော် စိုင်းမူး (ကွယ်လွန်) ကိုဂုဏ်ပြု သည့် ပွဲကိုပါ ပူးတွဲကျင်းပခဲ့ကြောင်း၊ လူငယ်များအား ကိုယ်ပိုင်သံစဉ် တေးဂီတ မြတ်နိုးသည့်စိတ်မွေးတတ်အောင် တဖက်တွင်လည်း အမျိုးသားရေးလုပ်ငန်း မမေ့မပျောက် အောင် ရည်ရွယ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသည့် ဦးစိုင်းတ က ပြောပါသည်။
MP Sai Mooမိုင်းပန်မြို့ သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲ ဖွင့်ပွဲည (Sai Da)

လင်းခေးခရိုင် လင်းခေးမြို့နယ်တွင်လည်း ၁၁ ရက်ညမှ ၁၅  ရက်ည အထိ ကျင်းပမည်ဟု လင်းခေးမြို့ခံ ကိုစိုင်းက ပြောသည်။

LKလင်းခေးမြို့ သျှမ်းနှစ်သစ်ကူးပွဲအတွက် စတိတ်စင်( Sai Oo)

ခွန်ဆာ့ MTA ဌာနချုပ်ဟောင်းဖြစ်သော သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်တွင်မူ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ နှစ်သစ်ကြိုဆိုပွဲကျင်းပသွားမည်ဟုသိရသည်။

ရန်ကုန်မြို့တွင်မူ  ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ ဦးစီးကာ ကိုးမိုင်သျှမ်းကျောင်း၌ ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက် ၂ ည ကျင်းပမည်ဖြစ်သည်။ ရန်ကုန်နှင့် ပဲခူးတိုင်းအတွင်း မြို့နယ်အသီးသီးနေ သျှမ်းမိသားစုများ ဝင်ရောက်ပူးပေါင်းရန် ဖိတ်ကြားထားကြောင်း ရန်ကုန်သျှမ်းစာ/ယဉ်အသင်းဝင်လူငယ်တဦးက ပြောသည်။

မန္တလေးမြို့တွင်မူ မန္တလေး သျှမ်းစာပေယဉ်ကျေးမှု အဖွဲ့က ဒီဇင်ဘာ ၁၄ ရက် တံခွန်တိုင် နမ့်ခမ်းကျောင်းတိုက်တွင် ဆွမ်းကပ်လှူဒါန်းကာ သျှမ်းနှစ်သစ်ကြိုဆိုပွဲကျင်းပမည်ဟု ဆိုပါသည်။

MDYလင်းခေးမြို့ သျှမ်းနှစ်သစ်ကူးပွဲအတွက် စတိတ်စင်( Sai Oo)
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင်  စာပေနှင့်ဓလေ့ထုံးတမ်းလေ့လာရေးသျှမ်းအဖွဲ့အစည်း ကလည်း ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ဝပ်ကူတောက်ဘုန်းကြီးကျောင်း၌ ကျင်းပမည်ဖြစ်သည်။ ထို့ပြင် ချင်းမိုင်ခရိုင်အတွင်းရှိ ဖှန်မြို့နယ်တွင် ၁၃ ရက်ည၌လည်းကောင်း၊ ဝိန်းဟိုင်မြို့နယ် နယ်စပ်လတ်တိုင် ရွာတွင် ၁၂ ရက်မှ ၁၄ ရက်နေ့အထိလည်းကောင်း၊ ထိုင်းနယ်စပ် တလျှောက် မယ့်ဟောင့်ဆောင်မြို့နှင့်မျက်နှာချင်းဆိုင်ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျန်း တွင်လည်း ၁၂ မှ ၁၄ ရက်အထိ၊  ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင်ရှိ RCSS/SSA တပ်မဟာ ၇၂၇ တပ်စခန်း လွယ်ဆန်စု တွင် ၁၂ ရက်မှ ၁၅ ရက်နေ့အထိ၊ မယ့်ဟောင့်ဆောင် အနီးရှိ RCSS/SSA ၏ စစ်ဒေသ အမှတ် ၆  တပ်စခန်းရှိရာ ကောင်းမုံမိန်းတွင် ၁၂ ရက်မှ ၁၄ ရက်နေ့အထိလည်းကောင်း အသီးသီးကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် ချင်းရိုင်းမြို့၌ ၁၁ ရက်နေမှ ၁၅ ရက်နေ့အထိ ၊ ဘန်ကောက်မြို့၌ ၁၅ ရက်နှင့် ၁၆ ရက် တို့ ကျင်းပသွားမည်ဖြစ် သည်ဟု သိရသည်။

Londonလင်းခေးမြို့ သျှမ်းနှစ်သစ်ကူးပွဲအတွက် စတိတ်စင်( Sai Oo)
မလေးရှားရောက်သျှမ်းမိသားစုကလည်း ဒီဇင်ဘာ ၂၁ ရက်တွင်လည်းကောင်း စင်ကာပူသျှမ်းမိသားစုက ဒီဇင်ဘာ ၁၅ ရက်တွင်လည်းကောင်း အမေရိကန်ရောက်သျှမ်းမိသားစုက ဒီဇင်ဘာလ ၁၆ ရက်လည်းကောင်း လန်ဒန်ရောက် သျှမ်းမိသားစုက ဒီဇင်ဘာလ ၉ ရက်ကလည်းကောင်း အသီးသီးကျင်းပ မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

[mrsorcerer:36372] Fwd: [လူဗိုလ်ဟူသည် ...] 13.12.2012 နေ့ဖတ်ရန်သတင်းများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/13
Subject: [လူဗိုလ်ဟူသည် ...] 13.12.2012 နေ့ဖတ်ရန်သတင်းများ
To: lubo601@gmail.com



by Myanmar Journal on Wednesday, December 12, 2012 at 6:49pm ·

အာကာသထဲ မြောက်ကိုးရီးယား ဒုံးပျံ အောင်မြင်စွာ လွှတ်တင်
အာကာသ အစီအစဉ်တွေ ဆက်လုပ်သွားမယ်လို့ မြောက်ကိုးရီးယားပြော
နိုင်ငံတကာရဲ့ ကန့်ကွက် သတိပေးမှု တွေ ရှိနေတဲ့ကြားက မြောက်ကိုရီးယား အစိုးရက ဂြိုဟ်တု တင်ဆောင် ထားတဲ့ ရော့ကက် ဒုံးပျံ တစ်စင်းကို ကမ္ဘာပတ် လမ်းကြောင်းထဲ အောင်အောင် မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ တယ်လို့ ထုတ်ဖေါ် ကြေညာလိုက် ပါတယ်။
ပြည်ပ ကနေ ဘယ်လို တုံ့ပြန်မှု တွေပဲ လာလာ မြောက်ကိုရီးယား အနေနဲ့ သူတို့ရဲ့ အာကာသ အစီအစဉ် တွေကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

မြောက်ကိုးရီးယားနိုင်ငံရဲ့ ဒီဒုံးပျံ လွှတ်တင်မှုဟာ နျူကလီးယား လက်နက် စမ်းသပ်ဖို့ တဘက်လှည့်နဲ့ လုပ်တာ ဆိုပြီး အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။
အခု ပစ်လွှတ်လိုက်တဲ့ Taepodong ၂၊ မြောက်ကိုးရီးယား အခေါ် ပက်တူဆန် ၂ ဒုံးပျံဟာ အကွာအဝေး ကီလိုမီတာ ငါးထောင်ကနေ တသောင်းငါးထောင် အထိ ဝေးဝေး သွားနိုင်ပါတယ်။
ဒီ Taepodong တာဝေးပစ် ဒုံးပျံကို ၂၀၀၆ခုနှစ်၊ ၂၀၀၉ခုနှစ်နဲ့ အခုနှစ် ဧပြီလတုန်းက အာကာသလွှတ် ဒုံးပျံအဖြစ် ၃ကြိမ်တိုင်တိုင် စမ်းသပ် ပစ်လွှတ်ခဲ့ဖူးပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
အခုတခါမှာတော့ အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ခဲ့တာပါ။
တကယ်လို့ ဒီစမ်းသပ် လွှတ်တင်မှု အောင်မြင်သွားမယ်၊ မျှော်မှန်းထားတဲ့ အမြင့်ဆုံး အကွာအဝေးကို ပစ်လွှတ်လိုက်နိုင်တော့မယ် ဆိုရင် တော့ နောက်ထပ် စွမ်းအင်တွေထပ်တိုး တည်ဆောက်လိုက်ရင် မြောက်ကိုးရီးယား နိုင်ငံအနေနဲ့ မစ်ဆိုင်းဒုံးတွေကို သြစတြေးလျ၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေဆီ အရောက်ပစ်လွှတ်နိုင်စွမ်း ရှိလာတော့မှာပါ။
အခုအခါ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီကိစ္စကို ဘယ်လို တုံ့ပြန်ရမယ် ဆိုတာ စဉ်းစားဖို့ အစည်းအဝေး ခေါ်ယူဖို့ ရှိပါတယ်။
တရုတ်နိုင်ငံ ကတော့ ကုလသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှုဟာ သင့်တင့် မျှတမှု ရှိဖို့ လိုတယ်၊နောက်ထပ် တင်းမာမှုတွေ တိုးပွား မလာအောင် ရှောင်ရှား သင့်တယ်လို့ ပြောပါတယ်။

 အမေရိကန် က မြောက်ကိုရီးယား ကို ဒုံးပျံ ကိစ္စ သတိပေး
မြောက်ကိုရီးယား က ပစ်လွှတ် လိုက်တဲ့ ဒုံးပျံ
မြောက်ကိုရီးယား နိုင်ငံ က တာဝေးပစ် ဒုံးပျံ စမ်းသတ် ပစ်ခတ် မှု ကို အမေရိကန် ပြည်ထောင်စု က ရှုတ်ချ လိုက်ပြီးတော့ ဖြစ်လာမယ့်အကျိုးဆက်တွေ ကို မြောက်ကိုရီးယား တို့ တွေ့ရစေမယ် လို့ အမေရိကန် ဘက်က ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကလည်း အခု ရော့ကက် ဒုံးပျံ စမ်းသတ်မှုကို သူတို့အနေနဲ့ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ချပြီး တားမြစ်ထားပါလျှက် မြောက်ကိုရီးယား က သိသိသာသာ ကို ချိုးဖောက်တာ ပါလို့ အစောပိုင်း က ပြောခဲ့ပါတယ်။
အမေရိကန် က မြောက်ကိုရီးယား အနေနဲ့ ရန်စတဲ့ အပြုအမူကို လုပ်တာ လို့လည်းဆိုပါတယ်။
ဒီ လုပ်ရပ် ဟာ ဒေသတွင်းလုံခြုံရေး ကို ခြိမ်းခြောက်တာ လို့ လည်း သူတို့က မှတ်ယူပါတယ်။
မြောက်ကိုရီးယား တို့ဘက် ကတော့ သူတို့ရဲ့ ပထမဆုံးသော ဂြိုလ်တု ကို ကမ္ဘာပတ် လမ်းကြောင်း ထဲ ပို့ ဖို့ ဒုံးပျံ နဲ့ လွှတ်တင်တာ ဖြစ်ကြောင်း နဲ့ အခု ဂြိုလ်တု က ကမ္ဘာပတ်လမ်းကြောင်း ထဲမှာ ရှိနေပြီလို့ ရှင်း ထားပါတယ်။
သူတို့ ဂြိုလ်တု ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်သွားတာ ကလည်း အမှန်ပါ၊ ဒါပေမယ့် သူတို့ ဒုံးပျံလုပ်နေတာဟာ တိုက်ချင်းပစ် မစ်ဇိုင်း ဒုံးကျည် လုပ်ဖို့ ကြံစည် နေတာလို့ အမေရိကန် နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း က ယုံကြည်နေတဲ့ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ချ ပြီး တော့ အခုလို စမ်းသတ်မှုတွေ မလုပ်ဖို့ တားဆီး ထားတာပါ။
မြောက်ကိုရီးယား ဟာ အခုလုပ်ရပ် ရဲ့နောက်ဆက်တွဲ တွေကို ကြုံရမယ် လို့ အမေရိကန်က သတိပေးနေ ပေမယ့် အမေရိကန် အနေနဲ့ ကလည်း လုံခြုံရေး ကောင်စီ က အရေးယူ မှု အနေအထား ကို သူတို့ ကြည့်ဦးမယ် လို့ ပြောပါတယ်။
နောက်ပြီးတော့ မြောက်ကိုရီးယားရဲ့ တဦးတည်းသော မဟာမိတ် ဖြစ်တဲ့ တရုတ် ကလည်း မြောက်ကိုရီးယား တို့ လုပ်ရပ် ကို စိတ်မကောင်း ဖြစ်ကြောင်း ပြောပေမယ့် မြောက်ကိုရီးယား ကို လက်တုန့်မပြန် ကြ ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။
အနောက်နိုင်ငံတွေ က မြောက်ကိုရီးယားတို့ အနေနဲ့ သူတို့ ရဲ့ မစ်ဇိုင်း စီမံချက် လည်း အောင်မြင်သွားမယ်၊ နောက်ပြီးတော့ နျူကလီးယား လက်နက် စီမံချက်လည်း အောင်မြင်သွားပြီ ဆိုရင် အမေရိကတိုက် အနောက်ဖက်ကမ်း အထိ နျူကလီယား ထိပ်ဖူးတပ် မစ်ဇိုင်းတွေ ပစ်လို့ ရသွား မယ် လို့ မှန်းဆပြီး စိုးရိမ်ကြပါတယ်။
ဒါပေမယ့်လည်း မြောက်ကိုရီးယားတို့ စီမံချက် ၂ ခုလုံးက အခုအချိန်မှာတော့ အဲဒီလောက် အထိ တော့ ခရီးမပေါက်သေးဘူး လို့ လည်းသူတို့ သိထားပါတယ်။ 

ညွှန့်ပေါင်းအဖွဲ့ကို ဆီးရီးယား မိတ်ဆွေနိုင်ငံတွေ အသိအမှတ်ပြု
ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius
မော်ရိုကိုမှာ ကျင်းပနေတဲ့ နိုင်ငံပေါင်း တရာကျော် ပါဝင်တဲ့ အစည်းအဝေးက အတိုက်အခံ ဆီးရီးယား အမျိုးသား ညွှန့်ပေါင်း အဖွဲ့ဟာ လူထုကို ကိုယ်စားပြုတဲ့ တခုတည်းသော အဖွဲ့အစည်း အဖြစ် သဘောတူ အသိအမှတ် ပြုခဲ့ကြပါတယ်။
ဒီအသိအမှတ် ပြုချက်ဟာ လူမှု ကယ်ဆယ်ရေး အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် ပေးဖို့နဲ့ သမ္မတ ဘတ်ရှား အယ်အာဆက်ကို ဖယ်ရှားဖို့ တပ်ဖွဲ့တွေကို စစ်အင်အား အကူအညီ ပေးရာမှာ လမ်းပွင့်သွား စေလိမ့်မယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ပြောပါတယ်။
ဒါ့အပြင် အနောက် အုပ်စုနဲ့ အာရပ် နိုင်ငံတွေ အတူတကွ ပါဝင်တဲ့ ဆီးရီးယား မိတ်ဆွေ နိုင်ငံများ အစည်းအဝေးဟာ အထူးတလည် တိုးတက် အောင်မြင်မှု ရခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
အစည်းအဝေးမှာ တချို့နိုင်ငံတွေကတော့ ဆန့်ကျင်တဲ့ အမြင်တွေ ထုတ်ဖော်ပြောကြားမှု ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆီးရီးယား အစိုးရကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက အခု သီတင်းပတ် အတွင်းမှာ သူပုန်တွေကို ရုရှားထုတ် စကဒ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် အရာရှိ တယောက်က ပြောပါတယ်။
ဒမားစကပ်စ်မြို့ တဝိုက် ကနေ မြောက်ဖက်အရပ်မှာရှိတဲ့ သူပုန်တွေကို ပစ်မှတ်ထား ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလို့ အဲဒီ အမည်မဖော်လိုတဲ့ အရာရှိက ဆိုပါတယ်။
သူတို့ရဲ့ စောင့်ကြည့် လေ့လာမှုတွေ ကလည်း ဒီ စကဒ် ဒုံးကျည် အသုံးပြုမှုတွေကို တွေ့တယ်လို့ နေတိုး တပ်ဖွဲ့က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး ကတော့ စကဒ် ဒုံးကျည် ပစ်လွှတ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတည်ပြု ထည့်သွင်း မပြောခဲ့ပေမယ့် လတ်တလော မီးလောင်ဗုံးတွေ အသုံးပြုမှုဟာ သမ္မတ အာဆက်ဒ် တပ်ဖွဲ့တွေ အနေနဲ့ လူအများအပြား သေစေတဲ့ လက်နက်တွေ ထုတ်သုံးနေတာကို ပြသနေတာဘဲလို့ ဆိုပါတယ်။
ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း ဒဲရာဇိုမြို့မှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် ထောင်သောင်းချီတဲ့ လူတွေနဲ့ ဒဏ်ရာရသူ အများအပြား ပိတ်မိနေတယ်လို့ Medecins Sans Frontieres နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ပြောပါတယ်။
ဒဲရာဇို မြို့ဟာ နေ့စဉ် နီးပါး အမြောက်ဗုံးတွေ ကြဲချ ခံနေရတယ် ၊ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ ကလည်း အလွန်တရာမှ ခက်ခဲလွန်းနေတယ်လို့ အဲဒီဒေသကို ရောက်ခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ပြောပါတယ်။
အဲဒီမြို့မှာ ဆရာဝန် လေးယောက် ဆေးကုနေတဲ့ ယာယီ ရွက်ဖျင်တဲ့ ဆေးခန်းတခုသာ ရှိပြီး ဆေးပစ္စည်းတွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

JICA အကူအညီနဲ့ မိုးဇလ စခန်း တည်ဆောက်မယ်
တိုင်ဝမ်က ရေဒါ စခန်း
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ အကူအညီနဲ့ မိုးလေ၀သခန့်မှန်းရေး ရေဒါစခန်း သုံးခုကို တည်ဆောက်သွားဖို့ အဆိုပြု ထားတယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ဌာန ပြောခွင့်ရသူ ဦးကျော်လွင်ဦးက ပြောပါတယ်။
ရေဒါ စခန်းတွေကို တည်ဆောက်ဖို့ အတွက် ဂျပန်အစိုးရနဲ့ နားလည်မှုစာချွန်လွှာကို ဇူလိုင်လက တည်းက လက်မှတ် ရေးထိုးထားခဲ့ပြီး တကယ်လို့ အဲဒီရေဒါစခန်းတွေ တည်ဆောက်ဖြစ်မယ် ဆိုရင် မုန်တိုင်းကြီး တွေကို မိုးလေ၀သ ခန့်မှန်းရာမှာပိုပြီး တိတိကျကျဆောင်ရွက်နိုင်လိမ့်မယ် လို့ ဦးကျော်လွင်ဦးက ရှင်းပြပါတယ်။
ကျောက်ဖြူ ၊ ရန်ကုန် ၊ မန္တလေး တို့မှာ တပ်ဆင်ပေးဖို့ အဆိုပြုထားတာ ဖြစ်တယ် နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မသိရသေးလို့ သူက ဆိုပါတယ်။
ဒါတွေကို တည်ဆောက်ဖြစ်မယ် ဆိုရင် ဘင်္ဂလား ပင်လယ်အော်ကို မုန်တိုင်းကြီးတွေ ကမ်းခြေကို မဝင်ရောက်မီ တရက်လောက် ကြိုခန့်မှန်းနိုင် လိမ့်မယ်လို့ သူက ပြောပါတယ်။
မုန်တိုင်း မဟုတ်ပေမယ့် မိုးရွာသွန်းနိုင်မယ့် ပမာဏနဲ့ ဆိုးရွားတဲ့ မိုးလေဝသ အခြေအနေကို ဖန်တီးနိုင်တဲ့ တိမ်တောင် တိမ်တိုက် ဖြစ်ထွန်းမှုတွေကိုလည်း တွက်ချက် ထုတ်ပြန် နိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။
ဒေသတွင်း မိုးလေ၀သ ခန့်မှန်းချက်တွေကို ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်တွေရှိရာ ဂျပန် ၊ တရုတ် ၊ အိန္ဒိယ နဲ့ ကိုရီးယား အစရှိတဲ့ ဒေသတွင်းက ဌာနကြီးတွေက ထုတ်ပြန်ချက် အပေါ် မြန်မာနိုင်ငံက မိုးလေဝသ ခန့်မှန်းရေးမှူးတွေက အချက်အလက်တွေ အသုံးပြုပြီး ခေတ်မှီစွာ လတ်တလော အသုံးပြု ထုတ်ပြန်နေတာ ဖြစ်တယ်လို့ JICA က ဦးကျော်လွင်ဦးက ရှင်းပြသွားခဲ့ပါတယ်။

မြန်မာနိုင်ငံက ဘိန်းထုတ်မှု အများဆုံး ဖြစ်နေဆဲ
မြန်မာ နိုင်ငံမှာ မနှစ်ကထက် ဘိန်းစိုက်ဧရိယာ ၁၇ ရာနှုန်း တိုးလာ
မြန်မာ နိုင်ငံဟာ အရှေ့တောင် အာရှမှာ မူးယစ် ဆေးဝါး ထုတ်လုပ်မှု အများဆုံး နိုင်ငံ ဖြစ်နေ တုန်းပဲလို့ UNODC ကုလသမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ ပါတယ်။
မြန်မာ နိုင်ငံဟာ မက်တာအမ်ဖီ တမင်း လို့ခေါ်တဲ့ ရူးသွပ် ဆေးပြား အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အပြင် ဘိန်း စိုက်ပျိုးမှု ဟာလည်း လွန်ခဲ့ ခြောက်နှစ်က စပြီး ဆက်တိုက် ဆက်လက် မြင့်တက် နေတယ်လို့ UNODC ဒီဇင်ဘာလ ၁၂ ရက် နေ့စွဲနဲ့ အစီရင် ခံစာ ထုတ်ပြန်ပြီး ဘန်ကောက် နိုင်ငံခြား သတင်းထောက် ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
အာဆီယံ နိုင်ငံ အပါ အဝင် ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ သြစတြေးလျနဲ့ နယူးဇီလန် စတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ မက်တာအမ်ဖီ တမင်း သုံးစွဲမှုဟာ လွန်ခဲ့တဲ့ ငါး နှစ်ကထက် ငါး ဆ ပိုတိုး လာတယ်လို့ ကုလ သမဂ္ဂက ပြော ပါတယ်။
အရင်က တော့ မြန်မာ နိုင်ငံမှာ လက်နက်ကိုင် ပဋိ ပက္ခတွေကြောင့် မူးယစ်ဆေး ထုတ်လုပ်မှုတွေ တိုးခဲ့တာလို့ ကုလသမဂ္ဂက ပြောခဲ့ ပါတယ်။
ဒါပေမဲ့ အခု ချိန်မှာ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး သဘော တူညီချက်တွေ ရထားခဲ့တဲ့ ကြားက မူးယစ် ဆေးဝါး ထုတ်လုပ်မှု များနေရ တာက အမ်ဖီ တမင်း ဆေးပြားတွေ ထုတ်လုပ် ဖို့ရာ စက်ရုံတွေ ရှိဖို့ မလိုသလို ဘာမှ စိုက်ပျိုး စရာလည်း မလို ဘူးလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ ဂယ်ရီ လူးဝစ် Gary Lewis က ပြောပါတယ်။
ဒါ့အပြင် အခြေ အနေတွေက မသေချာ မရေရာ သေးဘဲ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ ကြားမှာ အချင်းချင်း ယုံကြည်မှု မရှိတာ တွေကြောင့်လည်း မူးယစ်ဆေး ထုတ်လုပ်မှုတွေ တိုးခဲ့တာလို့ သူက ပြောပါတယ်။
ဘိန်းစိုက်ပျိုးမှု ဧရိယာ ဟာ မနှစ်ကထက် ၁၇ ရာခိုင်နှုန်း ပိုများလာပြီး ဘိန်းခင်း ဧကပေါင်း ငါးသောင်း တစ်ထောင် ဟက်တာ ရှိနေရတဲ့ အကြောင်းက ဘိန်းတောင်သူတွေ အတွက် တခြား ၀င်ငွေ ရလမ်း မရှိလို့ ဖြစ်ရတာလို့ ဂယ်ရီ လူးဝစ်က ထောက်ပြ ပါတယ်။
အဓိက အားဖြင့် မူးယစ် ဆေးဝါး ထုတ်လုပ်မှု တိုက်ဖျက် နိုင်ရေးမှာ ရန်ပုံငွေ နည်းပါးလွန်း နေတယ်၊ လေးနှစ်စာ စီမံကိန်း အသေးစား လေးတွေ အတွက် ဒေါ်လာ ၇ သန်း သာ ရှိတာ ဟာလည်း မလုံလောက်ဘူးလို့ သူက ဆို ပါတယ်။ နိုင်ငံ တကာက ပုဂ္ဂိုလ် တွေနဲ့ တွေ့တဲ့ အခါ မြန်မာ နိုင်ငံကို ကူညီနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားဖို့ တိုက်တွန်း ခဲ့တယ်လို့ လည်း ပြောပါတယ်။
မြန်မာ အစိုးရ အနေနဲ့တော့ ဘိန်းစိုက်ခင်း လေးပုံ တစ်ပုံကို လျှော့ချ နိုင်ခဲ့တယ်လို့ ဂယ်ရီ လူးဝစ်က ပြောပါတယ်။

လက်ပံတောင်းကိစ္စ သံဃာတော်တွေ ဆန္ဒဖော်ထုတ်ကြ
ရန်ကုန်မြို့က သံဃာတော်တွေရဲ့ ဆန္ဒဖော်ထုတ်ပွဲ
လက်ပံတောင်း တောင်က သပိတ်စခန်း တွေကို အကြမ်းဖက် ဖြိုခွဲခဲ့ တာကို နိုင်ငံတော် အဆင့် ကနေ မတောင်းပန် သေးလို့ ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါ အဝင် ပခုက္ကူ၊ မုံရွာ၊ ချောက်နဲ့ ပြည်မြို့ တွေမှာ သံဃာတော်တွေ မေတ္တာပို့ ကြွချီ ခဲ့ကြပါတယ်။
လက်ပံတောင်းတောင်နဲ့ မျက်နှာချင်းဆိုင် ချင်းတွင်းမြစ် တဖက်ကမ်းမှာ ရှိတဲ့ မုံရွာ မြို့မှာ သံဃာတော် ၅၀၀ ကျော် စီတန်းပြီး မေတ္တာပို့ ကြွချီ ခဲ့ကြပါတယ်။
သံဃာတော် တွေဟာ မွန်းတည့် ၁၂ နာရီ ထိုးပြီးတာနဲ့ ရွှေစည်းခုံ ဘုရား ကနေစပြီး တောင်းဆိုချက် တွေကိုကိုင်ဆောင်ပြီး မုံရွာ မြို့တွင်းကို စီတန်း လှည့်လည် မေတ္တာပို့ ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုကြီး မြစ်ဖျားခံ ခဲ့တဲ့ မြို့ဖြစ်တဲ့ ပခုက္ကူ မြို့မှာလည်း သံဃာတော် ၁၀၀၀ ကျော်ဟာ မြို့လယ် အတိုင်း စီတန်း ကြွချီပြီး မေတ္တာပို့ ခဲ့ကြပါတယ်။ သီဟိုဠ်ရှင် ဘုရားကြီးမှာ ဝတ်ပြု ဆုတောင်းပြီး တောင်းဆိုချက် ၆ ချက်ကို ထုတ်ပြန် ခဲ့ကြပါတယ်။
၁၂ရက် ၁၂လ ကျရောက်တဲ့ နေ့မှာ နိုင်ငံတဝန်း ဆန္ဒထုတ်ဖော် ကြဖို့ လှုံ့ဆော် ခဲ့တဲ့ မန္တလေး မြို့မှာလည်း ထောင်ချီတဲ့ သံဃာတော် တွေနဲ့ ဗကသ ကျောင်းသားတွေဟာ မြို့တွင်းကို လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။
အလားတူ ကန့်ကွက် ရှုံ့ချ ပွဲတွေကို ပဲခူးတိုင်း ပြည်မြို့မှာလည်း သံဃာတော် ၃၀၀ ဝန်းကျင်က ဆန္ဒဖော်ထုတ် ကန့်ကွက် ကြသလို ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။
တခါ ရခိုင်ပြည်နယ် စစ်တွေ မြို့မှာလည်း လက်ပံတောင်း တောင်မှာ အကြမ်းဖက် ဖြိုခွင်း ခံခဲ့ရတဲ့ သံဃာတော်တွေ၊ ပြည်သူတွေနဲ့ ရခိုင်ပြည်နယ် အတွင်းက ရဟန်းတော်တွေ ထပ်တူ ရှိနေတယ် ဆိုတာ ဖော်ပြလိုတဲ့ သံဃာတော် ၆၀ ဟာ စစ်တွေ ဘုရားကြီးမှာ ထိုင်သပိတ် လုပ်ပြီး တောင်းဆိုချက်တွေကို တောင်းဆို ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ သံဃာတော် ၁၀၀ လောက်က ရွှေဘုံသာ စေတီ ရင်ပြင်တော်မှာ ထိုင်သပိတ် လုပ်ခဲ့သလို၊ မကွေးတိုင်းက ချောက်မြို့မှာတော့ သံဃာတော် ၃၀ ကျော်ဟာလည်း ဘိုးဘွား ရိပ်သာ နားက နှစ်ကျိတ် ရှစ်ဆူ စေတီမှာ ထိုင်သပိတ်တွေ လုပ်ရင်း မေတ္တာပို့ခဲ့ ကြပါတယ်။

အိန္ဒိယ ဂီတ ပညာရှင် ရာဗီ ရှန်ကာ ကွယ်လွန်
ထင်ရှားတဲ့ အိန္ဒိယ ဂီတ ပညာရှင်ကြီး ရာဗီ ရှန်ကာ နဲ့ the Beatles အဖွဲ့ဝင် ဂျော့ ဟယ်ရစ်ဆန်
ထင်ရှား ကျော်ကြားတဲ့အိန္ဒိယ ဂီတ ပညာရှင်ကြီး ရာဗီ ရှန်ကာ Ravi Shankar ဟာ ကာလီ ဖိုးနီးယား က သူ့နေအိမ်မှာ ကွယ်လွန် သွားခဲ့ ပါတယ်။
ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၂ နှစ် ရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပါတ်က ဆန်ဒီ ယေးဂိုး San Diego မြို့က ဆေးရုံမှာ နှလုံး ရောဂါ အတွက် သူ ခွဲစိတ် ကုသမှု ခံယူ ခဲ့ရ ပါတယ်။
အိန္ဒိယ နိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းက ရာဗီ ရှန်ကာ ဟာ တိုင်းပြည် အတွက် အဖိုး မဖြတ်နိုင်တဲ့ သူ ဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ နဲ့ ပတ်သက်တဲ့ ကမ္ဘာလုံး ဆိုင်ရာ သံတမန် တစ်ယောက် ဖြစ်တယ်လို့ ဖော်ညွှန်း ပြောဆို ပါတယ်။
ရာဗီ ရှန်ကာဟာ Sitar လို့ ခေါ်တဲ့ ဗျပ်စောင်းလို အိန္ဒိယ ကြိုးတပ် တူရိယာကို ကမ္ဘာကျော် The Beatles အဖွဲ့နဲ့ အတူ တီးခတ် ဖြော်ဖြေ ခဲ့တဲ့ အတွက် နာမည် ကျော်ကြား ခဲ့ပါတယ်။
သူ့ရဲ့ နှစ်ပေါင်း ၇၀ ကျော် ဂီတ ခရီးလမ်းမှာ ဂရမ်မီ ဂီတ ထူးချွန်ဆု ၃ ဆု၊ အိန္ဒိယ နိုင်ငံက အရပ်သားတွေကို ချီးမြှင့်တဲ့ ဆုတွေ ထဲမှာ အမြင့်ဆုံး ဂုဏ်ပြုဆု ဖြစ်တဲ့ Bharat Ratna ဆုတို့ကို Ravi Shankar ရရှိခဲ့ပါတယ်။
ဂန္ဒီ ရုပ်ရှင်ကား အပါအဝင် ရုပ်ရှင် ကားပေါင်း မြောက်မြားစွာအတွက် တေးသီချင်းတွေ ကိုလည်း သူရေးစပ် သီကုံးခဲ့ ပါတယ်။

ထိုင်းအလုပ်သမားမူဝါဒသစ် ရွှေ့ပြောင်းလုပ်သားတွေပေါ် ထိခိုက်နိုင်
ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။
ဒီဇင်ဘာလ ၁၄ ရက်နောက်ပိုင်းကစလို့ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့် လက်မှတ် ရှိမှသာ ရွှေ့ပြောင်းအလုပ်သမားတွေ လာအလုပ်လုပ်နိုင်မဲ့ မူဝါဒသစ်ဟာ လူမှောင်ခိုကူးမှု၊ အလုပ်ရှင်တွေ အပေါ် အလုပ်သမားတွေ အကြွေးတင်မှု ပိုပြီး များစေလိမ့်မယ်လို့ ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာ ကျွမ်းကျင်သူက သုံးသပ်လိုက်ပါတယ်။ မြန်မာနိုင်ငံက အပါအဝင် ထိုင်းနိုင်ငံမှာ ရှိနေကြတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို နေရပ်ရင်းပြန်ပို့ဖို့ ထိုင်းအစိုးရ သတ်မှတ်ထား တဲ့ နောက်ဆုံးရက် နီးလာချိန်မှာ စာရွက်စာတမ်းအတု ပြဿနာတွေ ပေါ်ပေါက်နေတယ်လို့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ထိုင်းအစိုးရရဲ့ မူဝါဒသစ်ကြောင့် သန်းချီ ရှိနေတဲ့ မြန်မာနိုင်ငံက တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁၄ ရက်နောက်ပိုင်း တရားဝင် နေထိုင်ခွင့် အလုပ်လုပ်ခွင့် စာရွက်စာတမ်း မရှိတဲ့၊ သက်တမ်းကုန်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို နေရပ်ရင်းပြန်ပို့မယ်လို့ ထိုင်းအစိုးရ က ကြေညာထားတဲ့အတိုင်း နောက်ဆုံး သတ်မှတ်ရက်ရောက်ဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ မြန် မာနိုင်ငံက တရားမဝင်အလုပ်လာလုပ်နေကြသူတွေ စိုးရိမ်နေကြတယ်ပါတယ်။ တရားဝင် အထောက် အထား မရှိကြသူတွေ အဖမ်းခံရမဲ့အရေး စိတ်ပူနေကြတာကို မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ အရေးဆောင်ရွက်ပေးနေတဲ့ မဲဆောက်မြို့က ကိုမိုးကြိုးက ခုလိုပြောပြပါတယ်။

"ထိုင်း-မြန်မာနယ်စပ်အပါအဝင် ပတ်ဝန်းကျင်မြို့ရွာတွေမှာတော့ ဒီကိစ္စက ခြိမ်းခြောက်မှုတခုပဲ။ အားလုံးလည်း ထိတ်လန့်တကြား ဖြစ်နေကြတယ်ပေါ့။ ပြောမယ်ဆိုရင် သူတို့တွေ အဖမ်းအဆီး ကို တော်တော်လေးကို ကြောက်လန့်နေကြတယ်။"

အဖမ်းခံရလို့ နေရပ်နိုင်ငံဘက်ကို ပြန်ပို့ခံရသူတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ပြန်လာအလုပ်လုပ်ချင်တယ် ဆိုရင် အလုပ်ခန့်စာနဲ့ လျှောက်ရတဲ့  မြန်မာအစိုးရဆီက ယာယီနိုင်ငံကူးလက်မှတ်နဲ့မှ ထိုင်းနိုင်ငံထဲ ကို ပြန်ဝင်နိုင်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲရောက်ရင်လည်း အလုပ်လုပ်ခွင့် လက်မှတ်ကို ထပ်ပြီး လျှောက်ရမှာဖြစ်ပါတယ်။ အဲဒီလို ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နိုင်ဖို့ ကုန်ကျစရိတ် များတာကြောင့် လုပ်အားခ နည်းနည်းပဲရတဲ့ ရွှေ့ပြောင်းအလုပ်သမား အတော်များများက တရားဝင် အလုပ်လုပ်ဖို့ မတတ်နိုင်ကြတာဖြစ်ပါတယ်။

"ကြီးကြီးမားမား အကျပ်အတည်း အခက်အခဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်တဲ့ ကုန်ကျစရိတ် မတတ်နိုင်ကြတာပါပဲ၊ အရင် တုန်းကဆိုရင် အလုပ်သမား လက်မှတ် တမျိုးတည်းတောင်မှပဲ ဘတ် လေးထောင်ကျော် ကုန်တယ်ဗျာ။ အခု ယာယီပတ်စ်ပို့ဆိုတဲ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရရဲ့ အစီအစဉ်နဲ့လုပ်ရတာ မဲဆောက်နဲ့ မြဝတီမှာဆိုရင် ဘတ် ၅,၅၀၀ ကုန်တယ်။ ထိုင်းနိုင်ငံမှာ အလုပ်သမား တယောက်က နေထိုင် အလုပ်လုပ်ဖို့အတွက် အားလုံးပေါင်း ဘတ်တသောင်း ဝန်းကျင်လောက် ကုန်တယ်ဗျ။ ဒီကိစ္စကို ဘယ်သူမှ မတတ်နိုင်ကြဘူး။ ထိုင်း-မြန်မာ နယ်စပ်က ပိုတောင် မတတ်နိုင်သေးတယ်။ လုပ်အားခ အနည်းဆုံးဒေသဖြစ်နေလို့။"

လောလောဆယ် ထိုင်းနိင်ငံမှာ မြန်မာအလုပ်သမား ၄ သန်းထက်မနည်းရှိနေပြီး တဝက်လောက်က တရားဝင်နေထိုင် အလုပ်လုပ်ခွင့် မရှိကြဘူးလို့  ဘန်ကောက်မြို့ဝန်းကျင်က မြန်မာအလုပ်သမားတွေ အရေးကို ဆောင်ရွက်နေသူ ဦးကျော်သန်းကဆိုပါတယ်။

ထိုင်းအစိုးရရဲ့ ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးသတ်မှတ်ရက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမြောက်အမြားရှိတဲ့ စမွတ်စခွန် မဟာချိုင်ဘက်မှာ ယာယီနိုင်ငံကူးလက်မှတ်အတု လုပ်တဲ့ ပြဿနာတွေလည်း ပေါ်ပေါက်နေပါတယ်။

"မဟာချိုင်အပါအဝင် ဘန်ကောက်ပေါ့။ ဘန်ကောက်မှာလည်း အဲဒါမျိုးတွေ အနည်းအကျဉ်း အတုတွေ လုပ်ကြတယ်။ ဆိုလိုတာက အဲဒီ စာရွက်စာတမ်းမရှိဘဲနဲ့ ပွဲစားတွေနဲ့ ထိုင်း-မြန်မာ တာဝန်ရှိတဲ့အမှုထမ်းတွေက အခု တရားမဝင်တဲ့ပုံစံမျိုးနဲ့ ပတ်စ်ပို့တွေ လုပ်ပေးနေတယ်။ ယာယီ ပတ်စ်ပို့တော့ ဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားတွေက ထိုင်း ဥပဒေကြောင်းအရဆိုရင် Work Permit လျှောက်တာမျိုးတို့၊ နေထိုင်ခွင့်တို့က မရှိဘူး။ စာအုပ်တော့ စာအုပ်ပါပဲ၊ အဲဒါတွေ ကျနော်တို့လက်ထဲမှာ သေသေချာချာ အထောက်အထား ရှိထားတာတွေက ရှိတယ်။ အဲဒါကို မြန်မာ သံရုံးကိုလည်း ကျနော်တို့က တင်ပြ တောင်းဆိုထားတာရှိတယ်။ အလုပ်သမားတွေကတော့ ဘတ် သောင်း၊ ခြောက်ထောင့်ငါးရာကနေ သောင်းရှစ်ထောင်အထိ အကုန်အကျ ခံပြီးတော့မှ ဒီလို ဒီလို စာအုပ်တွေ လုပ်ထားတယ်၊ မိတ္တူတွေလည်း ရထားပြီးပြီ ဖြစ်တယ်-ဆိုပြီးတော့ လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ကျနော်တို့ သတင်းပေးပို့ထားတယ်။"

ထိုင်းတာဝန်ရှိသူတွေနဲ့ ပွဲစားတွေပေါင်းပြီးတော့ ခုလိုလုပ်နေကြတာလို့ ဆိုပါတယ်။အလုပ်သမား အင်အား အမြောက်အမြားလိုအပ်တဲ့ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်တွေဟာ အလုပ်အားခ အင်မတန် သက်သက် သာသာနဲ့ ခိုင်းနိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လိုလားပါတယ်။ အလုပ်အကိုင်ရှားပါးတဲ့ မြန်မာနိုင်ငံက အလုပ်လုပ်ချင်တဲ့သူတွေ ကလည်း အမြောက်အများရှိတာမို့ ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်နေထိုင်ခွင့် အလုပ် လုပ်ခွင့်ရှိမှ အလုပ်လုပ်နိုင် တော့မယ်ဆိုတဲ့ မူဝါဒအသစ်ကြောင့် ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ မဟိဒေါတက္ကသိုလ် လူဦးရေနဲ့ လူမှုရေးဆိုင်ရာလေ့လာရေးဌာနက ရွှေ့ပြောင်းသူများအရေး ကျွမ်းကျင်သူပညာရှင် Andy Hall ကသုံးသပ်ပါတယ်။

ထိုင်းအစိုးရရဲ့ မူဝါဒသစ်ကြောင့် စနစ်တကျ အာဏာအလွဲသုံးစားလုပ်မှုတွေ၊ လာဘ်ပေး လာဘ်ယူ မှုတွေ ပိုများလာနိုင်တယ်။ လူကုန် ကူးမှုတွေ ပိုများလာနိုင်တယ်။ အလုပ်ရှင်တွေဆီမှာ အကြွေးနဲ့ ချီတုပ် ခိုင်းခံရမှုတွေ ပိုများလာနိုင်တယ်။ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အင်မတန် အနုတ်လက္ခဏာ ဆောင်တဲ့ သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ တရားမဝင် အလုပ်သမားတွေကို အလုပ်ပေးထားတဲ့ အလုပ်ရှင်တွေ အပေါ်မှာလည်း အလားတူ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့  မဟီဒေါတက္ကသိုလ် လူဦးရေနဲ့ လူမှုရေးဆိုင်ရာလေ့လာရေးဌာနက ရွှေ့ပြောင်းသူများအရေး ကျွမ်းကျင်သူ Andy Hall က ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံကိုလာသွားတဲ့  မြန်မာအလုပ်သမား ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းနဲ့ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေကြား ညှိနှိုင်းမှုကြောင့် ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားလက်မှတ် ရှိထားကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သက်တမ်းတိုးချိန် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၁၄ ရက်အစား ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြောင်းရွှေ့အချိန်ပေးထားပါတယ်ရှင်။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/14/2012 02:49:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36370] Fwd: [လူဗိုလ်ဟူသည် ...] အလယ်အလတ်လမ်းစဉ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/13
Subject: [လူဗိုလ်ဟူသည် ...] အလယ်အလတ်လမ်းစဉ်
To: lubo601@gmail.com



ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နိုင်ငံရေးကို ယုံကြည်နေချိန်၊ ၈၈ မျိုးဆက်ခေါင်းဆောင်များက လူမှုနိုင်ငံရေးကို ဇောက်ချလုပ်နေချိန်၊ ပြည်ခိုင်ဖြိုးအစိုးရက မျက်နှာပန်းလှနေချိန်မှာ ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်လာတယ်။ ဒီချုပ်ရော ၈၈ များပါ ဆန္ဒပြပွဲကို ဖြစ်စေချင်ကြမှာမဟုတ်ဘူး။ သိန်းစိန်အစိုးရဆိုရင် ဆန္ဒပြပွဲကို မကြိုက်လို့ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အထိ အကိုင်အတွယ်ကြမ်းခဲ့တယ်။ 
ဒဏ်ရာရသံဃာတော်များကို တောင်းပန်ဖို့ သမ္မတသိန်းစိန်က ဝန်လေးနေပုံကို ကြည့်ရင် နှိမ်နင်းရေးကို သမ္မတက တိုက်ရိုက်လုပ်ဆောင်ခဲ့ဖွယ် ရှိတယ်။ ကမန်းကတန်းဖျက်သွားတဲ့ သမ္မတရုံးကျေညာချက်မှာ လည်း ဝန်ခံထားပြီသား ဖြစ်တယ်။ သမ္မတသိန်းစိန်အနေနဲ့ သံဃာတော်အရှင်သူမြတ်များကို ကန်တော့ဖို့ ဘာကြောင့် မာန်မာနကို မနှိမ့်ချနိုင် သလဲ။ သူ့မှာ အခက်အခဲရှိနေလို့လား၊ သံဃာတော်များကို အထင်ကြီးလေးစားမှုမရှိတာလား။ ဒါမှမဟုတ် ကြောက်ရွံ့ ထိတ်လန့်နေသလား။

 ၁၂၊ ၁၂၊ ၁၂ ရက်နေ့မှာ သမ္မတသိန်းစိန်က ဝန်ချတောင်းပန်မှုကို မလုပ်တော့ ကျေညာထားတဲ့အတိုင်း သံဃာတော်အရှင်သူမြတ်များက ဆန္ဒပြရပါတယ်။ ဗကသ အထက်မြန်မာပြည်အပါအဝင် အဖွဲ့အစည်းအချို့ ပူးပေါင်းပါဝင်လာပါတယ်။ ဒီသပိတ် ကြာရှည်လာခဲ့ရင် အကြီးစားနိုင်ငံရေးပါတီများလည်း ပူးပေါင်းပါဝင်လာကြဖွယ် ရှိတယ်။ တိုင်းရင်းသားလူမျိုးများလည်း အားတက်သရော လမ်းပေါ်ထွက်လာကြဖွယ် ရှိတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့ သဘောတားဘယ်လို့ရှိမလဲ။ 
ဦးစိုးသိန်းရဲ့ အပြစ်ရှိကြောင်း ဝန်ခံချက်၊ ဦးအောင်မင်းရဲ့ ကျေးဇူးတော်ချီးမွမ်းမှု၊ သမ္မတသိန်းစိန်ရဲ့ ငရဲရေကြောင့် တပြည်လုံး ပေါက်ကွဲလာတာကို ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားထိန်းပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ကော်မရှင်ကနေ ၈၈ တွေ နုတ်ထွက်သွားတဲ့နေ့က စပြီး အစိုးရကို ထိခိုက်နိုင်တဲ့အချက်အချို့ကို စုံစမ်းစာရင်းကနေ ဖယ်ထုတ်ခဲ့ပါတယ်။ ထုတ်ပယ်လိုက်တဲ့အချက်များဟာ ၈၈ တွေ အကြံပြုထားတဲ့အချက်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၈၈ တွေကို ဒေါသထွက်လို့ အရှင်ဂမ္ဘီရကို ဆွဲစေ့ခဲ့တာလည်း လူတိုင်းအသိပါ။
 
ကြည့်ရတာ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းကနေ ပိတ်ဆို့မှုရုပ်သိမ်းတဲ့အထိ အစိုးရအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ တို့ရဲ့ ကူညီပံ့ပိုးမှုများဟာ အစိုးရမှာ စိတ်ကောင်းဝင်အောင် ဆောင်ကျဉ်းပေးနိုင်ခြင်းမရှိသေးပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ကို ၂၀၁၅ ရွေးကောက်ပွဲနဲ့ ချိတ်ထားပြီး ခိုင်းကောင်းကောင်းနဲ့ အသုံးချနေပါတယ်။ ဒါဟာ လွှတ်တော်ဝင်ရေး အဓိကရည်မှန်းချက်များကို ဝိုးတဝါးဖြစ်အောင် လုပ်ခြင်းသာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ အလိုလိုက်အကြိုက်ဆောင်ပြီး ကာမသုခလ္လိကာနုယောဂနိုင်ငံရေးနည်းနဲ့ အစိုးရကို ပြောင်းလဲစေနိုင်မယ်လို့ ယူဆထားခဲ့ပါတယ်။ အစိုးရကလည်း တက်ကြွလာတဲ့ တိုင်းသူပြည်သားများကို အကြမ်းဖက်ပြီး အတ္တကိလာမထာနုယောဂနည်းနဲ့ ဆက်ပြီး ဖိနှိပ်ထားလို့ရသေးတယ်လို့ ယုံကြည်နေတုန်းပဲ ဖြစ်တယ်။ အမှန်မတော့ နှစ်ခုစလုံးဟာ အစွန်းမလွတ်ပါဘူး။ ကာမဂုဏ်အစာကျွေးပြီး တဏှာကို ချော့မော့ရုံနဲ့ သံသရာကနေ မလွတ်မြောက်နိုင်ပါဘူး။ ပြည်သူပြည်သားများကို အကြမ်းဖက်ပြီး ဒေါသကို အစာကျွေးရုံနဲ့ သံသရာကနေ မလွတ်မြောက်နိုင်ပါဘူး။ အချစ်နဲ့လည်း မရသလို အမုန်းနဲ့လည်း မရပါဘူး။
ဒါကြောင့် ကြေးနီစီမံကိန်းကနေ စပြီး ယထာဘူတကျကျ လုပ်ရပါတော့မယ်။ အစိုးရချစ်အောင် နေဖို့မလိုသလို မုန်ဖို့လည်း လုပ်စရာမလိုဘူး။ အလုပ်ကို အလုပ်သဘောအရ လုပ်ဖို့ ကောင်းပြီ။ မြန်မာနိုင်ငံမှာ အမှန်တကယ်ရင်ဆိုင်နေရတဲ့ပြဿနာကို ကိုင်တွယ်ဖို့ ကောင်းနေပြီ။ အမှန်ကို အမှန်အတိုင်း သိမှ အမှားကို ပယ်နိုင်မယ်။ အမှားကို ပယ်နိုင်မှ နိုင်ငံကို ကယ်နိုင်မယ်။ နိုင်ငံကို ကယ်နိုင်မှ ငြိမ်းချမ်းရာကို ရောက်နိုင်ပါ့မယ်။ ဒါဟာ ယနေ့မြန်မာ့နိုင်ငံရေးရဲ့ သစ္စာလေးပါးပါပဲ။
၁။ ကြေးနီစီမံကိန်းဟာ အဆင်မပြေတဲ့စီမံကိန်းများမှ တစ်ခုသာ ဖြစ်တယ်။
၂။ ရွှေလုပ်သားများဆန္ဒပြမှုဟာ အဆင်မပြေတဲ့လုပ်ငန်းခွင်များမှ တစ်ခုသာ ဖြစ်တယ်။
၃။ လှိုင်သာယာလယ်မြေအသိမ်းခံရမှုဟာ မြန်မာနိုင်ငံအခြားဒေသမှာ သိမ်းထားတဲ့မြေနဲ့စာရင် အသေးအမွှားသာ ဖြစ်တယ်။
၎။ ကချင်ကိစ္စဟာ တိုင်းရင်းသားအားလုံးနဲ့ ဖြစ်ပေါ်နေတဲ့ပြဿနာများမှ တစ်ခုသာ ဖြစ်တယ်။
 အစိုးရဟာ ပြဿနာဖြစ်ရင် ပြဿနာကို မရှင်းတတ်ဘူး။ မရှင်းတတ်တာလား၊ မရှင်းချင်တာလား တစ်ခုခုပါပဲ။ ပြဿနာတစ်ခုဖြစ်ရင် ဒီပြဿနာတစ်ခုကို မေ့သွားအောင် ဒီထက် ကြီးတဲ့ပြဿနာတစ်ခုနဲ့ အစားထိုးလိုက်ခြင်းပဲ သူတို့တတ်နိုင်တယ်။ ဒါဟာ အတ္တကိလမထာနုယောဂကျင့်စဉ်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ ဒီချုပ်ကလည်း အစိုးရကို ကူညီပြီးရင်း ဆက်ပြီး ကူညီပေးနေတယ်။ ကော်မရှင်ဥက္ကဋ္ဌနေရာကို ယူပြီး ခရိုနီတွေ ဝါဒဖြန့်လို့ကောင်းအောင် အခွင့်အရေးလုပ်ပေးသလို ဖြစ်နေတယ်။ ဒါဟာ အလိုလိုက်အကြိုက်ဆောင်တာပဲဖြစ်လို့ ကာမသုခလ္လိကာနုယောဂ ကျင့်စဉ်လို့ပြောရတာ ဖြစ်တယ်။ ဒါပေမဲ့ ဒီနည်းနဲ့ ဖြေရှင်းလို့ အပေါ်က ပြဿနာတွေ ပြီးသွားရောလား။ ဒုက္ခရဲ့အကြောင်းရင်း၊ ပြဿနာရဲ့အကြောင်းရင်းကို မကိုင်တွယ်ရင် ဘယ်နည်းနဲ့ ဖြေရှင်းပါစေ ပြဿနာက ငြိမ်းသွားမှာမဟုတ်ဘူး။
ဒီတော့ အလယ်အလတ်လမ်းစဉ် မဇ္ဇျိမပဋိပဒါလမ်းစဉ်ကို ကျင့်သုံးသင့်တယ်။ အဲဒီအလယ်အလတ်လမ်းစဉ်ဟာ တစ်ဦးအပေါ်တစ်ဦး အလိုလိုက်အကြိုက်ဆောင်ကြဖို့မဟုတ်သလို အမုန်းပွားဖို့လည်းမဟုတ်ဘူး။ သမ္မတသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ အချင်းချင်းယုံကြည်မှုရှိကြတယ်လို့ ပြောဖူးကြပါတယ်။ သူတို့နှစ်ဦးစလုံးကလည်း စစ်မှန်တဲ့ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို ထူထောင်ကြမယ်လို့ ကတိပြုထားကြပါတယ်။ ဒီတော့ကာ...

၁။ သမ္မတသိန်းစိန်အနေနဲ့ သံဃာတော်အရှင်သူမြတ်များကို တောင်းပန်ပေးပါ။ ဒီတောင်းပန်မှုဟာ သူတော်ကောင်းတို့ ပြုကျင့်တဲ့အမှုဖြစ်လို့ ရှက်စရာမဟုတ်ပါဘူး။ တရားအားမထုတ်ခင်လေးမှာ ယောဂီတိုင်းက ကန်တော့ရသလိုပဲလို့ သဘောထားပေးပါ။
၂။ ကြေးနီစီမံကိန်းနဲ့ ကချင်ထိုးစစ်ကို ခဏလေး ဆိုင်းငံ့ထားပြီး ကျောင်းသားခေါင်းဆောင်များ၊ အတိုက်အခံခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ တပ်မတော်အရာရှိကြီးများ ပါဝင်စေလျှက် ညီလာခံတစ်ခု စောနိုင်သမျှစောအောင် လုပ်ပေးပါ။
၃။ ၂၀၀၈ ဥပဒေကို ဒီမိုကရေစီနည်းကျအောင်၊ ပြည်ထောင်စုစစ်စစ်မူဖြစ်အောင် ပြင်ဆင်ရေးသားပြီး ယင်းဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပေးပါ။

ဒီအချက်များဟာ လုပ်သင့်လုပ်ထိုက်ပါတယ်။ ဦးပိုင်နဲ့ စစ်တပ်ခေါင်းဆောင်များအနေနဲ့ တိုင်းပြည်မျက်နှာကို ထောက်ထားတဲ့အနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ပါ။ မိမိရသင့်ရထိုက်တာကိုပဲ ယူကြပြီး ပြည်သူ့ဘဏ္ဍာများကို ပြည်သူ့တို့ထံ ပြန်ပေးခြင်းနဲ့ အလှူဒါနပြုကြပါ။ သံဃာတော်များကို ဝန်ချတောင်းပန်ဖို့ သမ္မတသိန်းစိန်အနေနဲ့ တစ်ယောက်ထဲ ရှက်ကိုးရှက်ကန်းဖြစ်နေရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့လည်း ဝိုင်းဝန်းကူညီပေးသင့်ကြပါတယ်။ ပြီးတော့ ကူညီလက်စနဲ့ အပေါ်က (၃)ချက် အထမြောက်အောင်မြင်ဖို့ ဆက်လက်ကူညီပေးကြစေလိုပါတယ်။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/14/2012 01:29:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36369] Fwd: [လူဗိုလ်ဟူသည် ...] စာရေးကောင်းဖို့ အကြံပြုချက် ၁၀ချက် - အပိုင်း ၁



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/13
Subject: [လူဗိုလ်ဟူသည် ...] စာရေးကောင်းဖို့ အကြံပြုချက် ၁၀ချက် - အပိုင်း ၁
To: lubo601@gmail.com


Posted by Language Republic on December 12, 2012 at 16:49 in 

အလုပ်အတွက် စာရေးမယ်ဆိုရင် ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာမဟုတ်တဲ့ အခြားအကြောင်းအတွက် စာရေးမယ်ဆိုရင် အရေးအသား အဆင့်အတန်း ပိုမြင့်ဖို့ လိ
ုပါတယ်။ ၀န်ဆောင်မှုတောင်းတဲ့အခါ၊ ၀န်ဆောင်မှုကို မကျေနပ်လို့ တိုင်တဲ့အခါ၊ အလုပ်လျှောက်တဲ့အခါ၊ အလုပ်လျှောက်တဲ့သူကို စာပြန်တဲ့အခါ လိုက်နာသင့်တဲ့ ပုံစံကလေးတွေ ရှိပါတယ်။ စာ သို့မဟုတ် အီးမေးလ် ရေးတဲ့အခါ သတိပြုသင့်တဲ့အချက်တွေကို အကြံပြုဖော်ပြလိုက်ပါတယ်။

၁။ အကျဉ်းဖော်ပြချက်

ရေးသားမယ့် အကြောင်းအရာကို အကျဉ်းချုပ်အချက်ထုတ်ပြီးတော့ဖြစ်စေ၊ အလေးအနက် ဖော်ပြလိုတဲ့ အချက် တွေကို စာရင်းပြုလုပ်ပြီးတော့ဖြစ်စေ ပြောချင်တဲ့အကြောင်းအရာတွေကို အစမ်းလေ့ကျင့်ကြည့်ပါ။ စိတ်ထဲက အတွေးကို စာနဲ့ရေးပြရတာ အခက်အခဲ ရှိနေရင် အသုံးအနှုန်း ခက်ခက်တွေကို မသုံးဘဲ လွယ်လွယ် ရေးကြည့်ပါ။ နောက်မှ အဆင့်မြင့်မြင့် ပြန်ရေးလို့ ရပါတယ်။ (လွယ်လွယ်ရေးတာ ကောင်းနေရင်လည်း ထားလိုက်လို့ ရပါတယ်။)

"Please clarify your request in your letter about (blank). I was confused by the reference to (blank)." ------------- နှင့် စပ်လျဉ်း၍ လူကြီးမင်း၏ စာပါ မေတ္တာရပ်ခံချက်ကို ကျေးဇူးပြု၍ ရှင်းလင်းဖော်ပြစေလိုပါသည်။ ------------- ကို ရည်ညွှန်းချက်ကြောင့် ရှုပ်ထွေးမှု ဖြစ်ခဲ့ပါသည်။ လို့ ရေးမယ့်အစား "I want to know what you meant when you wrote (blank). Your letter was confusing because (blank)" ----- လို့ ရေးလိုက်တာ ဘာကို ဆိုလိုတာလဲ သိချင်တယ်၊ စာမှာ ------------ လို့ ဖော်ပြထားတော့ ရှုပ်နေတယ်လို့ ရှင်းရှင်း လွယ်လွယ် အစပျိုးနိုင်ပါတယ်။

၂။ အကြောင်းအရာ

စာရေးရာမှာ ရုံးတွင်းစာလို အကြောင်းအရာကို သီးခြား ရေးပြစရာ မလိုဘူး။ အီးမေးလ်ပို့တာဆိုရင်တော့ အကြောင်းအရာ subject line ကို အဓိပ္ပာယ် ထင်ရှားအောင် ရေးရပါမယ်။ ဥပမာ "Information Needed" အချက်အလက် လိုအပ်ခြင်းလို့ ရေးတာထက် "Request for Purchase Records" ၀ယ်ယူမှုမှတ်တမ်းများ တောင်းခံခြင်းလို့ ရေးတာက ဖတ်တဲ့သူအတွက် ပိုပြီး သတိပြုမိမှာ ဖြစ်တယ်။

၃။ နှုတ်ဆက်ခြင်း

အခြားအဖွင့်ပိုင်း နှုတ်ဆက်တဲ့ အသုံးအနှုန်းတွေ ဘယ်အသုံးအနှုန်းနဲ့မှ အဆင်မပြေမှသာ "To Whom It May Concern"သက်ဆိုင်သူသို့ကို သုံးသင့်တယ်။ "To Whom It May Concern" နောက်က ကော်မာ မလိုက်ရဘူး၊ colon (:) လိုက်ရမယ်ဆိုတာကို သတိပြုပါ။ ("Dear Sir or Madam") လူကြီးမင်းခင်ဗျား လို့ ရေးတာကတော့ ရှေးခေတ်သုံး ဖြစ်တယ်။) စာပို့တဲ့အခါ ဘယ်သူ့ဆီ ရောက်မယ့်စာလဲဆိုတာ ကြိုတင်ပြီး မသိနိုင်ဘူးဆိုရင် (ဒါမှမဟုတ် သက်ဆိုင်ရာပုဂ္ဂိုလ်ဆီကို ဆက်လက်ပို့ပေးမယ့်သူကို မသိဘူးဆိုရင်) အဲဒီအဖွဲ့အစည်းက ဗျူရိုကရေစီ များပြားလွန်းနေတာလား၊ ဆက်သွယ် အလုပ်လုပ်သူတွေကို တန်ဖိုးမထားဘဲ စုံစမ်းမေးမြန်းလို့တောင် မရတာလား၊ ဒါမှမဟုတ် ကိုယ့်ဘက်က အပျင်းကြီးပြီး ဘယ်သူ့ဆီ စာရေးရမယ်ဆိုတာ မမေးမြန်း မစုံစမ်းတာလား တစ်ခုခုဘဲ။

၎။ ရင်းနှီးခြင်းနှင့် ဘက်မလိုက်ခြင်း

ကိုယ်ကစပြီး ရေးတဲ့စာ ဆိုရင် တစ်ဘက်သားကို Mr. Smith သို့မဟုတ် Ms. Jones စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းနိုင်တယ်။ နာမည်ကြည့်ပြီး ကျား-မ မသဲကွဲဘူးဆိုရင် နာမည်အပြည့်အစုံနောက်က colon ထည့်ပြီး ခေါ်ဝေါ်သုံးနှုန်း နိုင်တယ်။ ဥပမာ Pat Johnson: လို့ ရေးနိုင်တယ်။

ပြန်စာရေးတာဆိုရင် ပေးစာမှာ ရေးတဲ့သူက နာမည်အပြည့်အစုံနဲ့ လက်မှတ်ထိုးထားရင် ပြန်စာရဲ့ နှုတ်ခွန်းဆက် အပိုင်းကလည်း ခန့်ခန့်ငြားငြား ရေးပေးရမယ်။ ဒါပေမယ့် အဖျားဆွတ်ခေါ်တဲ့ နာမယ်မျိုး ဒါမှမဟုတ် ရင်းနှီးသူချင်း ခေါ်တဲ့ နာမည်နဲ့ လက်မှတ်ထိုးထားရင်တော့ ဥပမာ "Pat" လို့ လက်မှတ်ထိုးထားရင် ပြန်စာရဲ့ နှုတ်ခွန်းဆက် အပိုင်းမှာလည်း ရင်းနှီးသူချင်း ခေါ်တဲ့ နာမည် first name နဲ့ ခေါ်ပြီး ရေးနိုင်ပါတယ်။ နိဂုံးချုပ်မှာလည်း လွတ်လပ်ပေါ့ပါးစွာ အဆုံးသတ်နိုင်ပါတယ်။

ဒါပေမယ့် သတိထားရမှာက ကိုယ်နဲ့ မသိတဲ့သူ ဒါမှမဟုတ် တစ်ကြိမ်တစ်ခါလောက် ဆုံဘူးသူဆိုရင် သိပ်ရင်းနှီးတဲ့ လေသံမျိုးနဲ့ မရေးသင့်ဘူး။ ကိုယ်ရေးကိုယ်တာတွေလည်း မရေးသင့်ဘူး။ တစ်ဘက်သားရဲ့ အနေအထား ဆက်စပ်မှုတွေကို ကြည့်ခြင်းဖြင့် ကိုယ်နဲ့ သဘောထားအယူအဆ တူညီတယ်လို့ ထင်ရတဲ့ တိုင်အောင် နိုင်ငံရေး၊ အယူဝါဒရေး၊ ဘာသာရေးတွေမှာ ဘယ်သို့ ဘယ်ပုံ ယုံကြည်တာဖြစ်လိမ့်မယ်လို့ ယူဆပြီး စာကို မရေးသင့်ဘူး။ ခင်မင်သူချင်း ခေါ်တဲ့ နာမည်ကို ခေါ်ပြီး စာချင်း ဆက်သွယ်နေသည့်တိုင်အောင် ဒါမှမဟုတ် လူချင်း တွေ့ဖူးပြီး ဖြစ်သည့်တိုင်အောင် အလုပ်သဘောဘဲ ပီပြင်အောင် ရေးသင့်တယ်။

၅။ အစပျိုးခြင်း

စာရေးရတဲ့ ရည်ရွယ်ချက်ကို ချက်ချင်း ပြောပါ။ ၀န်ဆောင်မှုတစ်ခုအတွက် ကျေးဇူးတင်ကြောင်း ရေးတာဆိုရင် စာစရေးကတည်းက ကျေးဇူးတင်တာကို ဖော်ပြပါ။ အသေးစိတ်ကို နောက်မှ ဆက်ရေးပါ။ ၀န်ဆောင်မှု တစ်ခု ဒါမှမဟုတ် ရှင်းလင်းချက် တောင်းခံချင်တာဆိုရင် အစကတည်းက တောင်းလိုက်ပါ။ တိုင်ကြားချက် ဒါမှမဟုတ် မကျေနပ်ချက် ရှိတယ်ဆိုရင်လည်း အဲဒီအကြောင်းကို အစပိုင်းမှာ ဖော်ပြလိုက်ပါ။
ဆက်ပါအုံးမယ် ....


Read more: စာရေးကောင်းဖို့ အကြံပြုချက် ၁၀ချက် - အပိုင်း ၁ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A768208&xgs=1&xg_source=msg_share_topic#ixzz2Etp0lfq0


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/14/2012 02:02:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36369] Fwd: [လူဗိုလ်ဟူသည် ...] ဒီဇင်ဘာ ၂၁ နီးလာပြီ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/13
Subject: [လူဗိုလ်ဟူသည် ...] ဒီဇင်ဘာ ၂၁ နီးလာပြီ
To: lubo601@gmail.com



13 DECEMBER 2012

ကိုယ်တိုင် မကြုံလိုမတွေ့လို သော်လည်း လူ့ဘောင်လောက ပျက်စီးနိုင်သည် ဟူသော သတင်း များသည် လူအများ၏ စိတ်ဝင်စား မှုကို ခံရပြီး လျင်မြန် လွယ်ကူစွာ ပျံ့နှံ့လေ့ရှိကြသည်။ ဥပမာ-၂ဝဝဝ ခုနှစ်ရောက်လျှင် ကမ္ဘာတွင် ဧရာမ
ဘေးကြီး ကျရောက်လိမ့်မည်ဟု လွန်ခဲ့သည့် ၁၂နှစ်ကျော် က ပေါ်ခဲ့သည့် ဝိုင်တူးကေ Y2K ကောလာဟလသည် ပညာတတ် အချို့ကြား၌ပင် စိုးရိမ်စိတ်များ ဖြစ်ခဲ့သည်အထိ 'အောင်မြင်'ခဲ့သည်။ ဝိုင်တူးကေနှင့် အလားတူ ၂ဝ၁၂ ဒီဇင်ဘာ ၂၁ တွင် ကမ္ဘာပျက်ကိန်း ရှိသည်ဆို သည့်သတင်းသည် လွန်ခဲ့သောနှစ် အနည်းငယ်မှစ၍ ပေါ်လာကာ ဟုတ်များ ဟုတ်လေမလားဟု အ ထင်ရောက် စိတ်ဝင်စားသူအများ ရှိသည်။
ယင်းကမ္ဘာပျက်ကိန်းဆို သည်ကို အခြေခံသော ရုပ်ရှင်များ၊ စာအုပ်များကို ဖန်တီးသူများသည် လည်း ဝင်ငွေကောင်းကြသည်။ ၂ဝ၁၂ ကမ္ဘာ ပျက်ကိန်း ကောလာ ဟလကို ထုတ်လွှင့်သူများသည် လက်တင်အမေရိကနှင့် တောင်အမေရိကတွင် လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ခန့်မှစ၍ ထွန်း ကားစည်ပင်ခဲ့သော မာယာလူမျိုး တို့၏ အမွေအနှစ် တစ်ခုကို အသုံး ချခဲ့ကြသည်။ အမေရိကတိုက်၏ လူ့ယဉ်ကျေးမှုကြီးများအနက် အ ဆင့်အမြင့်ဆုံး လူ့အဖွဲ့စည်းကို ထူ ထောင်နိုင်ခဲ့ကြသော မာယာလူ မျိုးတို့သည် သင်္ချာ၊ နက္ခတ္တဗေဒ စသည့် အဆင့်မြင့်ပညာအချို့ကို နားလည်တတ်ကျွမ်းခဲ့ကြသည်။ မာယာတို့သည် ပြက္ခဒိန်အမျိုးမျိုးကို ရေးဆွဲအသုံးပြုခဲ့ရာ တစ်မျိုး သော ပြက္ခဒိန်တွင် ယင်းခေတ် ကာလဝန်းကျင်မျှကို သာမဟုတ်၊ အနာဂတ်နှစ်ပေါင်း ထောင်ဂဏန်း အထိ ကြိုတင် တွက်ချက် ရေးဆွဲ ထားခဲ့သည်။ ကမ္ဘာပျက်ကိန်းကောလာဟ လကို ဖန်တီးသူတို့က ဆိုသည်မှာ မာယာတို့၏ ယင်းပြက္ခဒိန်သည် ၂ဝ၁၂ဒီဇင်ဘာ ၂၁တွင် အဆုံး သတ်သွားသည်။ ထိုသို့အဆုံးသတ် ခြင်းသည် မာယာတို့က ယင်းနေ့ တွင် ကမ္ဘာပျက် မည်ကို ကြိုတင် တွက်ချက်သိရှိခဲ့သဖြင့် ဆက်လက် ရေးထိုးခြင်းမပြုခဲ့သောကြောင့် ဖြစ် သည်ဟု သတင်းလွှင့်ခဲ့သည်။ မာယာသမိုင်း သုတေသီတို့ က ယင်းအချက် မမှန်ကြောင်း ခေတ်သုံးပြက္ခဒိန်သည် ဒီဇင်ဘာ ၃၁ တွင် ကုန်ဆုံးသကဲ့သို့ မာယာ ပြက္ခဒိန်သည် ဒီဇင်ဘာ ၂၁ တွင် နှစ်ကုန်၍ အဆုံးသတ်သွားခြင်းသာ ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ ပြီးဖြစ်သည်။
သို့သော် ကောလာ ဟလဖန်တီးရှင်တို့သည် မီဒီယာများကို ကျွမ်းကျင် စွာ အသုံးချနိုင်သဖြင့် လည်းကောင်း၊ ကြောက်စရာ ကိုမှ ပို၍အာရုံပြုတတ်သည့် လူ့ သဘာဝကြောင့်လည်းကောင်း ယင်း ကောလာဟလသည် တော မီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မည်မျှ ပျံ့နှံ့သနည်းဆိုပါလျှင် ပညာတတ်အချို့သည်ပင် ဒီဇင်ဘာ ၂၁ တွင် ကမ္ဘာပျက်နိုင်သည့်နည်း များကို ဆွေးနွေးပြောဆိုလာကြ သည်အထိ ဖြစ်သည်။ သူတို့ ဆွေး နွေးချက်များမှာ သိပ္ပံပညာရှင်တို့ အခိုင်အမာတွေ့ရှိထားသည်များနှင့် ဆန့်ကျင် လျက် ရှိသည်။ ကမ္ဘာနှင့် ဝင်တိုက်နိုင်သော အရာများကို စနစ်တကျ မှတ်တမ်းတင် ထောက်လှမ်းနေသည့် အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)က ကမ္ဘာကို ဧရာမ အပျက်အစီးများ ဖြစ်ပေါ် စေနိုင်လောက်အောင် ဝင် တိုက်နိုင်သည့် ဂြိုဟ်၊ ဂြိုဟ်သိမ်၊ ဂြိုဟ်ပဲ့များ လောလော ဆယ်မရှိသေးပါဟု ပြောနေသည့် ကြားမှ နီဘီရူးဟု အမည်ပေးထား သော ဂြိုဟ်ကြီးတစ်လုံးက ဒီဇင် ဘာလအတွင်း ကမ္ဘာနှင့်ဝင်တိုက် နိုင်သည့်အကြောင်း သတင်းလွှင့် သူကလွှင့်သည်၊ ယုံသူက ယုံသည်။
နေမှ မီးလျှံများ ထွက်ခြင်း သည် ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ်ပြီး ယင်းမီးလျှံ အများစုကို ကြိုတင်ခန့် မှန်းနိုင်သည့် နည်းပညာလည်း အဆင်သင့်ရှိသည်။ သို့စဉ်လျက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ တွင် နေမှ ဧရာမမီးလျှံကြီးတစ်ခု ထွက် လာကာ ကမ္ဘာကိုဖုံးအုပ်လောင် မြိုက် စေနိုင်သည်ဟု အချို့ကအခြေ အမြစ်မရှိဘဲ ပြောကြသည်။ လက်ခံသူက လက်ခံကာ တွေးကြောက် ကြသည်။ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းသည် နှစ်ပေါင်းသန်း ၂ဝ အတွင်း ၅ဝ ဒီဂရီမျှပြောင်းခဲ့သည်။ နောက်ထပ် နှစ်ပေါင်း ၁ သန်းအတွင်း ဖြည်း ညင်းစွာသာ ပြောင်းသည်ဟု ပညာ ရှင်တို့သိပြီးဖြစ်သည်။ သို့စဉ်လျက် ၂ဝ၁၂ ဒီဇင် ဘာ ၂၁တွင် ကမ္ဘာ့ သံလိုက်ဝင်ရိုးစွန်းများ ရုတ်ခြည်း နေရာပြောင်းရွှေ့ကာ ရှိရှိသမျှအရာ များဇောက်ထိုးမိုးမျှော် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်မည့် အရေးကို စိုးရိမ် နေသူများလည်းရှိသည်။ ကမ္ဘာသည် ဂလက်ဆီခေါ် ကြယ်စု၏'ပြင်ညီ'ကို ၂ဝ၁၂ ခုနှစ် အတွင်းတွင် ဖြတ်ပြီး ယင်းပြင်ညီ ရှိကြယ်များ၊ ဂြိုဟ်များနှင့်တိုက်မိ ကာ ကမ္ဘာပျက်မည်ဟု အချို့ကဆို ကြသည်။
နက္ခတ္တပညာရှင်များ၏ လေ့လာ တွက်ချက်မှုများအရ ကမ္ဘာသည် လွန်ခဲ့သော နှစ်ပေါင်း ၂ သန်းခန့်က ယင်းပြင်ညီကို ဖြတ်ခဲ့ပြီး နောက်ထပ်နှစ်ပေါင်း ၁၄ သန်းကြာမျှ ပြင်ညီနှင့်ဝေးရာ အပေါ်ပိုင်းသို့ ဆက်၍ တက်နေဦး မည်သာဖြစ်ကြောင်း တိုင်းတာသိရှိ ပြီးဖြစ်သည်။ ခေတ်သစ် သိပ္ပံပညာ ရှင်တို့ တွေ့ရှိထားသည်ကို လက်မခံဘဲ ၂ဝ၁၂ ဒီဇင်ဘာ ၂၁တွင် ကမ္ဘာပျက်မည်ဟု မာယာတို့က ကြိုသိခဲ့သည်ဟု ဆိုနေသူများသည် မာယာတို့နှင့် ခေတ်သစ်လူသားများ အကြား ရှိနေသည့် အဓိကကွာဟ ချက်တစ်ခုကို သတိမမူမိသူများ ဖြစ်ကြသည်။ မာယာတို့ တီထွင်အသုံးပြုခဲ့သော ကိရိယာများသည် သူ့ခေတ် သူ့အခါက 'အဆင့်မြင့်' တန်းဝင် သော်လည်း ယခုခေတ်အနေနှင့် မူအကြမ်းစား မျှသာ ဖြစ်ကြသည်။ အလွန်ဝေးလံ လှသောနေရာမှ ဂြိုဟ်များ၊ ကြယ် များကို လှမ်း ကြည့် လေ့လာနိုင်သော တယ်လီစကုပ် စသည့် ကိရိယာများကို မာယာတို့ မပိုင်ဆိုင်ခဲ့ချေ။ လက် တွေ့ အသုံးချနိုင်သော တယ်လီ စကုပ်များသည် မာယာယဉ်ကျေးမှု ပျက်သုဉ်းပြီး နှစ်ပေါင်း ၇ဝဝ ကျော် အကြာမှ ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။ ခေတ်သစ် လူသားတို့သည်မူ အလင်းရောင်သုံး တယ်လီစကုပ် များသာမက အိပ်စရေးရောင်ခြည်၊ ဂမ်မာရောင်ခြည် စသည်တို့အပြင် ဒြပ်ဆွဲအားကို အသုံးပြုလေ့လာ နိုင်သော တယ်လီစကုပ်များကိုပင် ပိုင်ဆိုင်ထားကြသည်။ တယ်လီစကုပ် အချို့ကို အာကာသထဲသို့ ပို့ လွှတ်ထားရှိခြင်းဖြင့် မြေပြင်ပေါ်မှ လေ့လာသည်ထက် ပိုမိုပြတ်သားသော မြင်ကွင်းများကို ရရှိကာ နက္ခတ္တဗေဒ ဆိုင်ရာ တွေ့ရှိချက်များ ကို ဖော်ထုတ်နေကြသည်။ အာကာသတွင်းမှ အန္တရာယ် များကို အထက်ပါ ခေတ်မီကိရိယာ များဖြင့်သာလျှင်ကြိုတင်သိရှိနိုင် သည်။ ယင်းကိရိယာများသာ မရှိလျှင် ခေတ်သစ် ပညာရှင်တို့ သည်လည်း အာကာသ အန္တရာယ်များ ပေါ်လာနိုင်ခြင်း ရှိမရှိကို ကြို ပြောနိုင်မည်မဟုတ်ချေ။
မာယာတို့ သည် ခေတ်သစ်လူသားတို့ထက် ဥာဏ်ရည်သာလွန်သည်ထားဦး၊ အဆိုပါ ကိရိယာများ မရှိသဖြင့် ခိုင်မာတိကျသော နက္ခတ္တတွေ့ရှိ ချက်များကို ဖော်ထုတ်နိုင်ခြင်း မရှိ ခဲ့ပေ။မာယာတို့ကို ခုတုံးလုပ်၍ လွှင့်ထုတ်သော ဒီဇင်ဘာ ၂၁ကောလာဟလသည် အခြေအမြစ် ကင်းမဲ့လွန်းသဖြင့် အထင်ကရ သိပ္ပံပညာရှင်အ များအပြားက ယင်း တို့ကို အရေးတယူဖြေရှင်းခြင်းပင် မပြုကြချေ။ ဤသည်ကို အခွင့် ကောင်းယူ၍ လုပ်စား လှန့်စားနေသူများ ရှိဆဲပင် ဖြစ်သည်။ ယင်းတို့ထဲတွင် တောင်အမေရိက တိုက် ဂွာတီမာလာ နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနကပါ ပါဝင် ပတ်သက်လာ သောအခါ ယင်း နိုင်ငံတွင် ယနေ့ အထိ ရှင်သန်နေဆဲ မာယာအဆက်အနွှယ်တို့ က ကန့်ကွက်စာများ ထုတ်ပြန်ရသည်အထိ ဖြစ်လာသည်။
ဂွာတီမာလာ အစိုးရနှင့် ခရီး သွားကုမ္ပဏီတို့သည် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် 'ကမ္ဘာပျက် အခမ်းအနား' လုပ်မည်ဆိုကာ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်စည်းရုံး လျက်ရှိရာ ယင်းလုပ်ဆောင်ချက်သည် မာယာလူမျိုးတို့ကို သိက္ခာချမည့် လုပ်ပွဲတစ်ရပ်သာ ဖြစ်ကြောင်း 'မာယာမဟာမိတ် များအဖွဲ့' Oxlajuj Ajpop က ကြေညာသည်ဟု ယခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့ အေအက်ဖ်ပီသတင်း၌ ဖော်ပြထားသည်။ ယင်းအဖွဲ့၏ ခေါင်းဆောင် ဖိလစ်ဂိုမက်ဇ်က "ကျွန်တော်တို့ရဲ့ ရှေးအမွေအနှစ် အမှန်တရားတွေကို စီးပွားရေး သမားတွေက သူတို့ရဲ့ အကျိုးအမြတ်အတွက် တစ်နည်းတစ်ဖုံ လှည့်ဖြား အသုံးချနေကြတာကို ထုတ်ဖော်ပြောဆို ကန့်ကွက်ရ ခြင်းဖြစ်ပါတယ်"ဟု ပြောသည်။ မည်သို့မျှ အခြေအမြစ် မရှိသော ဒီဇင်ဘာ ၂၁ ကမ္ဘာပျက် မည့်ကိစ္စသည် ဒီဇင်ဘာ ၂၂မှစ၍ ပျောက်ကွယ်တော့မည် ဖြစ်သော်လည်း ရှိသင့်သော သိပ္ပံဗဟုသုတနှင့် မှန်ကန်စွာ အကျိုးအကြောင်း ဆင်ခြင်နိုင်မှုများ ကျယ်ပြန့်စွာ မရှိသေးသရွေ့ 'ဒီဇင်ဘာ၂၁များ'၊ 'ဝိုင်တူးကေ' များ ထပ်၍ ပေါ်လာဦးမည်သာဖြစ်သည်။

ကျော်ဦး

အေးချမ်းမွန်မှ POPULAR NEWS တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :POPULAR NEWS


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/14/2012 02:00:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

Burma News International - December 13, 2012

Burma News International

Burma News International
December 13, 2012

Development threatens village life and work

Hsa Keh village is a small fishing community – nothing more than a line of small bamboo houses with leaf roofing. Under a clear sky, three small wooden fishing boats glide onto the beach. A peaceful scene that now has a dark development cloud hanging over the villagers.

CNF hold public meeting following peace talks in Rangoon

The Chin National Front (CNF) met with civilians, religious leaders and Chin politicians following the 2nd Union level peace talks in Rangoon. The public meeting that took place at the Myanmar Institute Theological Hall on Dec.12 was intended to clarify the 27-points the rebel group signed with the government during the peace talks that took place from Dec.7-9.

SSA: Naypyitaw negotiator sticking his neck out

Speaking at a public meeting in Kengtung in order to urge people for more participation in the peace process, Brig Gen Pawng Kherh, Restoration Council of Shan State / Shan State Army (RCSS/SSA)’s chief negotiator, said if anyone were to be prosecuted with Section 17-1 (unlawful association) for assisting in the peace process, the first one should be his Naypyitaw counterpart U Aung Min.

Mandalay monks vow to protest every day

More than 1,000 Buddhist monks in Mandalay have vowed to continue demonstrating every day until the Burmese government meets their demands, including issuing an apology for the violent crackdown on monks and activists at the Monywa copper mine site on November 29.

Imprisoned Arakanese Youth Awarded “Nonentity Hero Prize”

An Arakanese political prisoner known as Ko Naing Soe (a) Mae Lone who is still being held in Pakokku Prison and four others have been awarded a “Nonentity Hero Prize”.

1.2 billion kyat addendum budget discussed in Arakan’s parliament

The Parliament of Arakan State has discussed a 1.2 billion kyat addendum of 2012-2013 budget in its fifth session that started on 10th of December, according to the local lawmakers.

Abhisit promises to push for education funding for border groups

The former Thai Prime Minister, Mr. Abhisit Vejjajiva, made a commitment during his visit to the Thai border town of Mae Sot that he would help lobby funders to continue supporting migrant education on the border.

Landmines still killing Pa-an villagers

An independent human rights organization, Karen Human Rights Group have reported that thousands of unexploded landmines are a daily threat to the lives of the civilian population and their livestock in Karen State.

မူစယ်မြို့ပြ စီမံကိန်း လုပ်ငန်းတချို့ ဂရိတ်ဟော်ခမ်း ကုမ္ပဏီသို့လွှဲပြောင်း

နယူးစတားလိုက် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ပြ အိမ်ယာမြေစီမံကိန်း လုပ်ငန်းများ အနက် လမ်းတည်ဆောက်ရေးအပိုင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီသို့ ယမန်နေ့ နံနက်ပိုင်းက အခမ်းအနားဖြင့် လွှဲပြောင်းလိုက်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် တလလျှင် ကလေး ၂ဝ ခန့် ရောင်းဝယ်ခံနေရဆဲ

မြန်မာ-ထိုင်း နယ်စပ် တလျှောက်တွင် တလလျှင် ကလေး အယောက် ၂ဝ ခန့် ကူးသန်းရောင်းဝယ်ခံနေရ သည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ကိုအောင်မျိုးမင်း က ဗုဒ္ဓဟူးနေ့က ကျင်းပသော ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အခမ်းအနားတွင် ပြောကြားလိုက် သည်။

Last Updated on သောကြာနေ့၊ ဒီဇင်ဘာလ 14 ရက် 2012 ခုနှစ်

ဖားအံတွင် လူငယ်များ တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် လူငယ်အဖွဲ့များမှ ကိုယ်စားလှယ်အချို့ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သုမေဓါရာမ ကြားတောရကျောင်းတွင် လူငယ်အဖွဲ့ပေါင်း (၂၇)ဖွဲ့မှ ကိုယ်စား လှယ် ၂၀၀ ခန့်စုပေါင်း၍ ယခုရက်ပိုင်းအတွင်း “လူငယ်များ တွေ့ဆုံဆွေးနွေး ပွဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ် ကျင်းပ ခဲ့သည်။

၁၇/၁ ဖြင့် လူထုအားဖမ်းဆီးပါက ဦးအောင်မင်းကိုပါ ဖမ်းဆီးရမည်ဟု RCSS/ SSA ပြော

မြန်မာစစ်တပ်က ပြည်သူလူထုအား မတရားအသင်းနှင့်ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းကိုလည်း ဖမ်းဆီးရမည်ဟု RCSS/ SSA က ပြောကြားလိုက်သည်။

လက်ပံတောင်းပြဿနာ ကြီးလာမှာကို မွန်ဒီမိုကရေစီပါတီ စိုးရိမ်

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာအား အစိုးရက အကြမ်းဖက် ဖြေရှင်းခဲ့သည့်အပေါ် ပိုမိုကြီးမားသည့် ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မွန်ဒီမိုကရေစီပါတီ (MDP) က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရခိုင်သံဃာထု လက်ပံတောင်းတောင် ရဟန်း၊ ပြည်သူများနှင့် ထပ်တူ ရှိဟုဆို

ရခိုင်သံဃာထုဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ထပ်တူ ရှိနေတယ်လို့ ရခိုင် သံဃာတော်များ စည်းကမ်း ထိမ်းသိမ်းရေးနဲ့ တည်ငြိမ်ရေး အဖွဲ့ ဥက္ကဌ ဦးဥာဏက ပြောပါတယ်။

ကျိုင်းတုံ သျှမ်းနှစ်သစ်ကူးအထူးပွဲ ခွန်ထွန်းဦးတက်ရောက်ဖွင့်လှစ်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပသော သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ဖွင့်ပွဲ ယနေ့ မနက် ကျင်းပရာ သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးကိုယ်တိုင် တက်ရောက်ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

၂၁၀၇ ခု သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲတော်အား အနယ်နယ်အရပ်ရပ်၌ကျင်းပ

လာမည့်သောကြာနေ့တွင်ကျရောက်သော သျှမ်းသက္ကရာဇ်  ၂၁၀၇ နှစ်သစ်ကိုကြိုဆိုသည့်ပွဲအား သျှမ်းပြည်အတွင်း မြို့နယ် အသီးသီးအပါအ၀င် ပြည်ပရောက်သျှမ်းလူမျိုးများက သက်ဆိုင်ရာ ဒေသအလိုက် ကျင်းပနေကြပြီဖြစ်ကြောင်းသိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Chiang Mai 50202
Email Marketing Powered by MailChimp