admin posted: " နေပြည်တော်ခေတ် ကာချင်းသစ် မောင်စွမ်းရည်၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂ တရုတ်လာသည် - ယိုင်ယိုင်လော - ယိုင်�"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
RFA Burmese Weekly Newsletter December 14, 2012
လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၁၄ ရက် အထိ
အင်တာနက်ဝက်ဘ်ဆိုက်ပေါ်တွင် တစ်ပတ်အတွင်း ဖော်ပြခဲ့သည့် သတင်းနှင့် ဖတ်စရာမှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာ ပေးပို့ကာ သတင်းလွှာ မှာကြားနိုင်ပါသည်။
သတင်းလွှာကို ဆက်လက် အလိုမရှိတော့ဘဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။
* * *
Radio Free Asia
2025 M Street NW, Suite 300,
Washington DC 20036, USA
202-530-4900 | burweb@rfa.org | RFA Jobs © 2005 Radio Free Asia
[New post] ညက … ရှင်ဒဲလား စာရင်းကို ပြန်လည် ကြည့်ဖြစ်ခြင်း (Kama Pale)
admin posted: " ညက ... ရှင်ဒဲလား စာရင်းကို ပြန်လည် ကြည့်ဖြစ်ခြင်း ကမာပုလဲ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂ ညက ... ရှင်ဒဲလား�"
|
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- အနှစ်မဲ့ကာရံ
- ကျားဖြူပါတီ ကွတ်ခိုင်မြို့နယ်တွင် ရုံးခန်းဖွင့်လှစ်
- စစ်ဗိုလ်လူထွက် ပလောင်လူငယ်နှစ်ဦးကို ရိုက်နှက်
- KIO ဋ္ဌာနချုပ် လိုင်ဇာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ
| Posted: 14 Dec 2012 03:25 AM PST ပြီးခဲ့သည့် ရက်ပိုင်းက တိုင်းရင်းသားခေါင်းဆောင်နှင့် မြန်မာပြည်အရေးကျွမ်းကျင်ပညာရှင်အချို့တို့ ထိုင်းနယ်စပ်တနေရာ၌ တွေ့ဆုံခဲ့သည်။ ပညာရှင်များ ပြောဆိုသုံးသပ်ချက်မှာ Federalism ဖက်ဒရယ်စနစ် အတွက်တိုက်ပွဲဝင်နေသောပုဂ္ဂိုလ်များအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရ အဆိုပါစနစ်ရရှိပြီးဖြစ်သည်ဟုဆို၏။ ![]() "နည်းပညာအရ ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေဘဲ။ ဘာပြုလို့လဲ ဆိုတော့ အရင်က ခင်ဗျားတို့ပြည်နယ်တွေက ပြည်နယ်အစိုးရမရှိခဲ့ဖူးဘူး၊ အခုရှိနေပြီ။ အရင်က ပြည်နယ်မှာ ဥပဒေပြုအဖွဲ့ ပြည်နယ်လွှတ်တော်မရှိဘူး။ အခုရှိပြီ။ အဲဒါက ဖက်ဒရယ်စနစ်ဘဲပေါ့" ဟု ဆွေးနွေးသူ ပညာရှင်တဦးက သုံးသပ်ပြောဆိုပါသည်။ သို့သော် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများသည် အထူးကန့်သတ်ချက်ရှိသည်ဟု အခြားတဦးကဖြည့်စွက်ပြောဆိုပါသည်။ ပြည်ထောင်စု ဥပဒေပြုစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြု စာရင်းများအားအကြမ်းဖျဉ်း ကြည့်ရုံမျှနှင့် သိရှိနိုင်ပါသည်။ ဥပမာ - ပြည်နယ် နှင့် တိုင်းဒေသကြီး အတွက် စိုက်ပျိုးခွင့်အာဏာအပြည့်အ၀ ပေးထားသည်ဆိုသည့် ကိစ္စ တွင် လွတ်လပ်စွာစိုက် ပျိုးမွေးမြူနိုင်သော်လည်း စီးပွားရေးအာဏာတရပ်လုံးက ပြည်ထောင်စုအစိုးရ မှ ချုပ်ကိုင်ထားသောကြောင့် စိုက်ပျိုးခွင့်သာရှိပြီး စိတ်ကြိုက်ရောင်းဝယ်ဖေါက်ကားခွင့်မရှိပေ။ အခြားဥပမာ ဆက်ပြောရမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ အပိုဒ် ၄ (ခ) ဆားနှင့် ဆားထွက် ပစ္စည်း (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာဖြတ်တောက်ခြင်း၊ ကျောက် သွေး ခြင်း -- စသည့် ကိစ္စရပ်များသည် မိမိပြည်နယ်ထွက်ကျောက်များ သွေးခွင့် ဖြတ်တောက်ခွင့်သာရှိပြီး ကျောက်မျက် ဆိုင်ရာ အာဏာမှာမူ ပြည်ထောင်စု၌သာရှိ သောကြောင့် ကျောက်မျက်ရောင်းဝယ်ခွင့်လုံးဝ ပေးမထားပါ။ ဆားထွက် ပစ္စည်း ဆိုင်ရာ အာဏာမှာမူ ပြည်ထောင်စုကဏ္ဌတွင်မပါရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် ကဏ္ဌ များတွင် ထည့်သွင်းထားကြောင်း အချို့ပြည်နယ်များတွင် ဆားတွင်း ဆားကွင်းလုံးဝမရှိ၊ ကုန်သွယ်ရေးအရ ဆား၏ ထွက်ကုန် သွင်းကုန်တန်ဖိုးလည်း ဘာမှမရှိ၊ ဇယား ၂ အရ တိုင်းဒေသကြီး နှင့် ပြည်နယ်အတွက် အာဏာ ခွဲဝေပေးထားသည်မှာ အဓိပ္ပါယ်မရှိ အနှစ်သာရမရှိကြောင်း၊ မည်သည့်အခန်းကဏ္ဌမဆို ပြည်ထောင် စု အစိုးရသည် ပြည်နယ်အစိုးရအပေါ် လုံးဝလွှမ်းမိုးနေကြောင်း ထင်ရှားနေသည်။ လက်ဝဲ ဘက်လက်ဖြင့်ပေးပြီး လက်ျာဘက်လက်ဖြင့် ပြန်ယူခြင်းလုပ်ရပ်နှင့်သာတူပါသည်။ ထို့ကြောင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲခရီးက ခရီးရှည်ဆက်ရဦးဖြစ်၏။ "ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး ဗမာ့နိုင်ငံရေးသမားတဦးက ကျနော့်ကို မေးဖူးတယ်။ ဖက်ဒရယ်စနစ်က ကျနော်တို့ ဗမာတွေ အတွက် ဘာအကျိုးရှိနိုင်မှာလဲ မေးတယ်။ ကျနော်က ' ခင်ဗျားနေတဲ့တိုင်းဒေသကြီး လုပ်ပိုင်ခွင့်အာဏာပိုရှိဖို့ ဘဏ္ဌာငွေပိုမိုရရှိဖို့ တောင်းဆိုလာတယ်။ ဒါဟာ ဖက်ဒရယ်စနစ်ကိုတောင်းဆို တာပေါဲ့ လို့ ပြန်ပြောလိုက်တယ်" - ဟု အဆိုပါ ပညာရှင်က ပြောပါ သည်။ ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားများအတွက်သာမဟုတ် လူမျိုးတိုင်းနှင့်သက်ဆိုင်သည်ဟုရှင်းပြပါသည်။ မြန်မာနိုင်ငံတွင် ပြည်နယ် ၇ ခု တိုင်းဒေသကြီး ၇ ခု ရှိရာမှာ - 'တိုင်းပြည်အား ဖက်ဒရယ်စနစ်ဖြင့် တည် ဆောက် ခြင်းဆိုသည်မှာ ပြည်ထောင်စုဗဟိုအစိုးရအား အားနည်းဘို့မဟုတ်ဟူ၍လည်း ဆက်လက်ရှင်းပြပါသည်။ ပြည်နယ်များအာဏာအပြည့်အ၀ရှိရမည်ဆိုသည်မှာ ၎င်းတို့ပြည်နယ်အတွင်း မတူကွဲပြားမှုရှိနေသည့် ယဉ် ကျေးမှု(cultural diversity) အား ကာကွယ်စောင့်ရှောက်ရေး၊ ဒေသန္တရဗဟုသုတ local knowledge မှ ကောင်းကျိုးများရယူအသုံးပြုရေး၊ ဒေသအတွင်း ပြဿနာများ မြန်မြန် ဆန်ဆန် ဖြေရှင်းရေး(ဥပမာ - လမ်း၊ တံတားဥပဒေသည် ပြည်ထောင်စုအစိုးရတွင် ရှိသောကြောင့် ဒေသအတွင်းလမ်းပျက် တံတားပျက်ပါက ပြင်ဆင်အသုံးပြုရန်ဗဟိုအစိုးရအားတင်ပြရမည်။ လမ်း ညွှန်မှုပေးလာမှသာလျှင် ပြင်ရဆင်ခွင့်ရှိသည်။ ထိုကြာရှည်သောညွှန်ကြားချက် စောင့်ဆိုင်းရမည် ဆိုပါက အ ဆိုပါလမ်းနှင့်တံတား လုံးဝပျက်စီး၍ အသစ်ပြန်လည်တည်ဆောက်ရမည့် အဆင့်ရောက်သွား တတ်ပေသည်) နှင့် ဗဟိုအစိုးရအားပြန်လည် စောင့်ကြည့်ရန်အတွက် ပြည်နယ်များ အာဏာရှိသင့်သည် -- စသဖြင့် ပြောပါသည်။ ပြည်နယ်များလုပ်ပိုင်ခွင့်အာဏာအပြည့်အ၀ရလျှင် ဗဟိုအစိုးရအား အလိုမရှိတော့ ဆိုသည့်အချက်လည်း မဟုတ်- ဗဟိုအစိုးရလည်း ၎င်းတို့အတွက်သက်ဆိုင်ရာအာဏာရှိရမည်။ Unity (ပေါင်းစည်းရေး) နှင့် Uniformity (ဆင်တူရေး) နှင့်စပ်လျဉ်းလျှင် ပြည်ထောင်စုက ကိုင်တွယ်ရမည့် ကိစ္စရပ်များဖြစ်သည်။ ဥပမာ ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး -- စသည်တို့တွင် ပေါင်းစည်းမှု လိုအပ်၏။ သုံးစွဲသည့်ငွေကြေး နှင့် စီးပွားရေး ဈေးကွက်စည်း စနစ် တို့ တွင်တူညီမှုရှိရမည်။ ထို့အပြင် အာကာသအရေးတွင် ပြည်နယ်အစိုးရ အား ပေးထားစရာမလို အပိုသာဖြစ်သည်။ မည်သို့ဆိုစေကာမူ လက်ရှိအလိုအပ်ဆုံးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအာဏာပိုမိုရရှိလာရေး၊ ပြည်နယ်ဝင်ငွေများပိုမို ရရှိရေးဖြစ်ကြောင်း၊ ထိုအတွက် အချက်အလက်များစွာဖြင့် အကြံပြုသွားခဲ့သည်။ ပထမ အချက်မှာ ပြည်နယ်ဝန်ကြီးချုပ်အား ရွေးချယ်တင်မြောက်ရေးဖြစ်ရမည်။ သမ္မတမှ ခန့်အပ်ခြင်းမဖြစ်ရ။ သမ္မတကြီးမှရွေးချယ်ခန့်အပ်မည်ဆိုလျှင် - ဝန်ကြီးချုပ်သည် မည်သူနှင့်ပြဿနာ ဖြစ် နေနေ၊ မည်သည့် အခွင့်အရေး ကို ချိုးဖေါက်နေပါစေ - သမ္မတကြီးမှတပါး မည်သူ့ကိုမျှမကြောက်ရ။ ဒုတိယအချက်မှာမူ အမျိုးသားလွှတ်တော်အမတ်နေရာအားရွေးကောက်ပွဲမှ မဟုတ်ဘဲကိုယ်ကျိုးစွန့်ပြီး မိမိပြည်နယ် ကောင်းရာကောင်းကြောင်း အမှန်တကယ် အလုပ်အကျွေးပြုမည့် ပုဂ္ဂိုလ်ကို ပြည်နယ်လွှတ် တော်မှ စိတ်ကြိုက်ရွေးချယ်ပေးပို့ပါက ပိုမိုသင့်လျင်မည် (အမေရိကန်လည်း ထိုစနစ်ကျင့် သုံးဖူးသည်) ဟု ပြောဆိုကြပါသည်။ အဓိက ပြဿနာ တရပ်မှာ အစိုးရက ဖွဲ့စည်းပုံအား လွှတ်တော်အတွင်းသာပြင်ဆင်ရန်ပြောဆိုပြီး ဆန့်ကျင် ဘက်အုပ်စုများကမူ လွှတ်တော်ပြင်ပတွင်သာပြင်ဆင်ရန်ဆန္ဒရှိသည်။ မည်သို့ပင်ဆိုစေ ၂၀၁၅ မတိုင်မှီ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ပြီးစီးသင့်သည် ဟုလည်းပြောသည်။ နောက်ဆုံးအနေဖြင့်သုံးသပ်ကြည့်မည်ဆိုပါက နိုင်ငံတော် သမ္မတရုံးဝန်ကြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကဲ့သို့ ပုဂ္ဂိုလ် များက ဖက်ဒရယ်စနစ်အပေါ် နားလည်သဘောပေါက်လာပြီဖြစ်သော်လည်း အများစုကနားမလည်သေးပါ၊ ဗမာခေါင်း ဆောင်အချို့ကပင် ယခုထက်တိုင် ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုပြိုကွဲစေသည့်စနစ်ဖြစ် သည်ဟု ထင်မှတ်နေဆဲဖြစ်၏။ စင်စစ်မှာမူ ဖက်ဒရယ်စနစ်ကို မကျင့်သုံးခြင်းကြောင့်သာ ပြည်ထောင်စုကြီး ပြိုကွဲစရာ အကြောင်းရှိပါသည်။ ဤစနစ်ကို ကျင့်သုံး၍ မပြိုကွဲနိုင်ပါဟု ပြောကြားသွားကြပါသည်။ |
| ကျားဖြူပါတီ ကွတ်ခိုင်မြို့နယ်တွင် ရုံးခန်းဖွင့်လှစ် Posted: 14 Dec 2012 03:24 AM PST သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ကျားဖြူပါတီရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပပြု လုပ်ခဲ့ကြောင်း ကိုယ်တိုင်အခမ်းအနား တက်ရောက်သူတစ်ဦးက ပြောသည်။ ![]() ဒီဇင်ဘာ 14 ရက် 2012 ခု နတ်တော်လဆန်း 1 ရက် သျှမ်းနှစ်သစ်ကူးနေ့ ၌ ကွတ်ခိုင်မြို့ ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မြို့နယ်ကော်မတီရုံးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ကျားဖြူပါတီမှ မူစယ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် ၊ သိန္ဒီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေတို့ အပါအဝင် ဖိတ်ကြားထားသည့် ပါတီကိုယ်စားလှယ်များ ၊ ရပ်မိရပ်ဖများ တက်ရောက်သူ ၁၀၀ ခန့်ရှိကြောင်း သိရသည်။ |
| စစ်ဗိုလ်လူထွက် ပလောင်လူငယ်နှစ်ဦးကို ရိုက်နှက် Posted: 14 Dec 2012 03:23 AM PST မြန်မာအစိုးရ စစ်တပ်မှ အငြိမ်းစားယူထားသော ဗိုလ်ကြီး အောင်ဇော်မြင့် ဆိုသူသည် စစ်ဗျူဟာမှူး အရှိန်အဝါသုံး၍ ဒေသခံ ပလောင်လူငယ် ၂ ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်မှု တစ်ခု သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအတွင်း ယခုလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။ ပလောင်လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် ၄င်းစစ်ဗိုလ်အောင်ဇော်မြင့် စီးနင်းလာသည့် ဆိုင်ကယ်တို့ တိုက်မိရာမှ အချင်းများပြီး အဆိုပါ အငြိမ်းစားစစ်ဗိုလ်မှ ပလောင်လူငယ် နှစ်ဦးအား ဗျူဟာမှူးအမည်သုံးကာ ထိုးကြိတ်ရိုက်နှက်ခြင်း ဖြစ်ကြောင်း မုံးဝီးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "အဲဒီနေ့က မုံးဝီးဈေးနေ့ပေါ့ နမ့်ခမ်းဘက်ကဈေးလာဝယ်တဲ့ ပလောင်လူငယ်နှစ်ယောက်စီးတဲ့ ဆိုင်ကယ်နဲ့ အငြိမ်းစား ဗိုလ်ကြီး အောင်ဇော်မြင့်စီးတဲ့ ဆိုင်ကယ် ဈေးထဲမှာ တိုက်မိတဲ့အခါကျတော့ ပလောင်လူငယ်တွေဘက်က ဒဏ်ရာနည်း နည်းရသွားတယ် သူတို့က အငြိမ်းစား ဗိုလ်ကြီးကို ခင်ဗျားမှားတယ်ဆိုပြီး ပြောတာပေါ့ အဲဒီဗိုလ်ကြီးက စစ်ဗျူဟာမှူးနဲ့ ရင်းနှီးတော့ မကျေနပ်ရင် ဗျူဟာမှူးဆီသွားရှင်းမလားဆိုပြီး ခေါ်တာပေါ့ အဲဒီမှာပဲ ဗျူဟာမှူး နံမည်သုံးပြီး သူကိုယ်တိုင် ထိုးကြိတ် ရိုက်နှက် လိုက်တယ် " ဟု ဒေသခံက ဆိုသည် ။ အဆိုပါ အငြိမ်းစားစစ်ဗိုလ်၏ ရိုက်နှက်မှုကြောင့် ပလောင်လူငယ်များဘက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း ရိုင်းပျ စွာ အနိုင်ကျင့် စော်ကားသည့် အပေါ် မုံးဝီးဒေသခံများက မကျေမနပ် ဖြစ်နေကြောင်း သိရသည် ။ ၄င်းအငြိမ်းစားစစ်ဗိုလ်မှာ မုံးဝီးကျေးရွာတွင် နေထိုင်ကာ ဆန်အရောင်းအဝယ် လုပ်ကိုင်နေရာ ၄င်း၏ မောက်မာ ရိုင်းစိုင်း စွာ ဆက်ဆံတတ်သည့် အလေ့အထကြောင့် ဒေသခံများနှင့်လည်း သင့်မြတ်ခြင်း မရှိကြောင်း သိရသည် ။ |
| KIO ဋ္ဌာနချုပ် လိုင်ဇာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ Posted: 14 Dec 2012 03:22 AM PST KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် ၄ မိုင်ခန့် အကွာရှိ လဂျားယန်ရွာအနီးတွင် KIA , ABSDF ပူးပေါင်းတပ်များနှင့် အစိုးရစစ်တပ်တို့ အကြား နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။ MI25ယနေ့နံနက် ၆ နာရီခန့်မှ မွန်းလွဲပိုင်း ၂ နာရီကျော်အထိ ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ အစိုးရတပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းရောက် ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။ "ရင်ဆိုင်တိုက်ပွဲတွေ မနားတန်းဖြစ်နေတုန်း အတော်ပြင်းထန်နေတယ်၊ သူတို့ဘက်က လွယ်မောက် အမြောက် စခန်းနဲ့ ခမ်းကိုင် အမြောက်စခန်းကနေ အမြောက်တွေနဲ့ပစ်နေတယ်၊ လေကြောင်းပစ်ကူက နှစ်ကြိမ် ၊ မနက် ၁၁ နာရီလောက်က ရဟတ်ယာဉ် နှစ်စီးနဲ့ လဂျားယန်ရွာကို ပစ်တယ်၊ မွန်းလွဲ နှစ်နာရီလောက်မှာ ရဟတ်ယာဉ် ၄ စီးနဲ့ ဘွမ်ဆွမ်စခန်းကို ၀င် ပစ် တယ် " ဟု သူက ပြောသည်။ အစိုးရတပ်ဘက်မှ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းနေပြီး အခြားနေရာ ၃ ခုတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ "သူတို့ဘက်က စစ်ကြောင်းတွေ ဖြန့်တက်နေတယ် အင်အားတွေလည်း ထပ်ဖြည့်နေတယ် တချို့တပ်တွေက လဂျားယန် ရွာထဲဝင်နေပြီ အခုဖြစ်နေတာက မြစ်ကြီးနား - လိုင်ဇာလမ်း ခလားဘက်ရယ် နန်ဆန်ယန်ဘက်ရယ် ဆင်ဘိုခွင်က ဧရာဝ တီ မြစ်တစ်ကျောတွေမှာလည်း ဖြစ်နေတယ်" ဟု ဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဘက်အကျအဆုံးများရှိပြီး လဂျားယန်တိုက်ပွဲတွင် KIA ဘက်မှ တစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာ ရ ကြောင်း အစိုးရတပ်မှ အကျအဆုံး အတိအကျ မသိရသော်လည်း စစ်လက်နက် အသုံးအဆောင်များနှင့် ရုပ်အလောင်းများ သိမ်းဆည်းရမိကြောင်း သူက ဆက်ပြောသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
[New post] မဲဆောက်အဖမ်းအစီးကြမ်း မြန်မာများ မြ၀တီသို့ ရှောင်နေရ
admin posted: " မဲဆောက်အဖမ်းအစီးကြမ်း မြန်မာများ မြ၀တီသို့ ရှောင်နေရ ရွှေ့ပြောင်းသတင်းထောက် (ခေတ္တမဲဆောက်)၊"
|
Burma News International - December 14, 2012
| ||||||||||||||||
|
[mrsorcerer:36389] Fwd: [လူဗိုလ်ဟူသည် ...] "ထူးဆန်းသော အင်း"
From: Blogger <no-reply@blogger.com>
Date: 2012/12/13
Subject: [လူဗိုလ်ဟူသည် ...] "ထူးဆန်းသော အင်း"
To: lubo601@gmail.com
အချိန်ကား...တိတ်ဆိတ်သော သန်းခေါင်ကျော်.. ညအခါ ဖြစ်ပေသည်....။
ရွာ၏မြောက်ဖက် သုဿန်ရှိရာသို့ တရွေ့ရွေ့ တလှုပ်လှုပ်နှင့် မဲမဲသဏ္ဍန် နှစ်ခု သည် ချည်းကပ်လာလေသည်...။
ထိုမဲမဲသဏ္ဍန် နှခုမှာကား အခြား မဟုတ်ပေ...။
အထက်လမ်းဂိုဏ်းဆရာ "ရူးကြောင်မူးကြောင်
အရေးကြီး အထက်လမ်းဂိုဏ်း ကိစ္စတစ်ခု ဆောင်ရွက်ရန် အတွက်ကြောင့် ဤနေရာကို ဖြတ်သန်းသွားလာရခြင်းဖြစ်ပေသည်...။
ဆရာတပည့်နှစ်ယောက် တဖြေးဖြေး သွားနေရာမှ မြေပုံများ အုတ်ဂူများ အလယ်လောက် ရောက်သောအခါ...
လှုပ်ရှားသွားလာမှုများ ရုတ်တရက် ရပ်တန့်သွားလေသည်...။
အဘယ့်ကြောင့်ဆိုသော် ...သူတို့သွားရာ လမ်းတည့်တည့်တွင်....အမဲရောင်ဝတ်ရုံဝမ်းဆက် ၀တ်ဆင်တားသော....ရုပ်ဆိုးဆိုးမိန်းမကြီးတစ်ယောက်က ပိတ်ဆို့ကာ ရပ်နေသောကြောင့် ဖြစ်၏....။
ထိုမိန်းမကြီးကား အခြားမဟုတ်ပေ...ဤရွာအနီးတ၀ိုက်တွင် ဗိုလ်ကျစိုးမိုးကာ သောင်းကျန်းနေသော ......စုန်းမကြီး" မဖွားဇုံ " ဖြစ်ပေသည်...။
သွားမည့်လမ်း ပိတ်နေသဖြင့် "ရူးကြောင်မူးကြောင် အူစီမောင်" ဒေါသနည်းနည်း ဖြစ်သွား၏...။
"ဟေ့...ဖွားဇုံ...ငါတို့သွားမယ့်လမ်း ဘာလို့ ပိတ်ရပ်ထားတာလဲ....နင် အခု ဖယ်ပေးစမ်း...."
"ဟားဟား ဟား ဟား ဟား.....ရီစရာကောင်းလိုက်တာ...ဒါ ငါ့ပိုင်နက်နယ်မြေဟဲ့..အူစီမောင်ရဲ့....
နင်တို့ အခုပြန်လှည့်သွားကြစမ်း"
"ဖွားဇုံ...ငါ့ကို မနှောက်ယှက်နဲ့....ငါ့အကြောင်းသိတယ် မဟုတ်လား...ငါ မလုပ်ချင် ဘူးနော်...ဟင်းဟင်း.."
"အူစီမောင်...နင့်ပညာ မတောက်တခေါက်လေးနဲ့များ...ငါ့ကို လာစမ်းချင်တယ်....နင်စွမ်းရင်လုပ်ကြည့်လေ...ဟားဟားဟား"
"တောက်..နင် ဖယ်မလား မဖယ်ဘူးလား..."
"မဖယ်ဘူး...အစုတ်ပလုပ်ကောင်ရဲ့..."
"အေး..သိကြသေးတာပေါ့...တပည့်ကြီး ဘီဂါး..ဘယ်ဖက်က ဆရာ့လွယ်အိတ် ပေးစမ်းကွာ...."
"ဟုတ်ကဲ့ ဆရာ..."
"အူစီမောင်"သည်...လွယ်အိတ်ထဲမှ အဖြူရောင်အင်းတစ်ချပ်ကို ထုတ်ကာ မန်းမှုတ်၍... စုန်းမကြီး မဖွားဇုံအားပစ်ပေါက်လိုက်၏..။
"၀ုန်း"
ပေါက်ကွဲသံနှင့်အတူ အဖြူရောင် မီးခိုးလုံး ထွက်ပေါ်လာလေသည်....။ မဖွားဇုံမှာ ဘာမျှမဖြစ်ပေ....။
"ဟားဟားဟား...ဒါလား နင့်ပညာ..."
"အူစီမောင် "မျက်နှာ တစ်ချက်ပျက်သွား၏...။ "ဘီဂါး " လန့်သွား၏....။
နောက်ထပ် ရွှေရောင်အင်းတစ်ချပ်ကို ထုတ်ကာ မန်းမှုတ်၍ ပစ်လိုက်ပြန်၏...။
"၀ုန်း"
အမည်းရောင် မီးခိုးလုံး ထွက်ပေါ်လာလေသည်...။ မဖွားဇုံကား မဖြုံပေ.....။
"ဟားဟားဟား...ဟေ့ ... ဆရာစုတ်....နင့်ပညာ ဒါ အကုန်ပဲလား ...."
"အူစီမောင်" မျက်နှာပျက်သွားပြန်၏..။ "ဘီဂါး" လည်း ပိုလန့်လာ၏...။ ချွေးတွေတောင် စို့လာ၏...။
"တပည့်ကြီး "ဘီဂါး" ...ညာဖက်လွယ်အိတ် ပေးစမ်းကွာ..."
လွယ်အိတ်ထဲမှ ထုတ်ယူသော ကလေးကစားစရာ ရေပြွတ်သေနတ်ဖြင့် ပစ်လိုက်လေသည်...။
"ပြွတ်...ပြွတ်....ပြွတ်...."
"ဟဲ့...အူစီမောင် နင်ရူးသွားပြီလား....ရေနဲ့လာပက်နေတာ...ငွေအင်း...ရွှေအင်းတောင် မဖြုံတာ....ဟားဟားဟား..."
"သိပ်အပြောမကြီးနဲ့...ဒါဘာလဲ မြီးကြည့်စမ်း စုန်းမရဲ့..."
"အူစီမောင်"သည် လွယ်အိတ်ထဲမှ ခပ်ရှည်ရှည် အရာတစ်ခုထပ်ထုတ်ကာ...မဖွားဇုံအား ပစ်လိုက်လေသည်..။
"၀ုန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လိမ္မော်ရောင် မီးတောက်ကြီး ပေါ်ထွက်လာလေသည်....။
"နင်..နင်...နင်...ရက်စက်လိုက်တာ....ဒါ....ဘာအင်းလဲဟင်....အ...အာ....အား..."
စုန်းမကြီး မဖွားဇုံမှာ.....ပြောဆို၍ စကားမဆုံးခင်မှာပင် မီးတောက်လောင်ကာ လဲကျသွားလေတော့သည်...။
တပည့်ကျော် "ဘီဂါး" စုန်းမကြီး မီးလောင်သေဆုံး သွားသဖြင့် အံ့သြ၀မ်းသာသွားကာ ဆရာဖြစ်သူအား မေးလိုက်လေ၏...။
"ဆရာ...ခုန သုံးတာ ....ဘာအင်းလဲ ဆရာ..တော်တော်စွမ်းတာပဲ..."
"ငါ့တပည့်ရ..အဲဒါ အင်းမဟုတ်ဘူးကွ...မသေမချင်းမှတ်ထား.....လက်ပန်းတောင်းတောင် အရေးအခင်းမှာ သုံးတဲ့ မီးလောင်ဗုံးကွ...ကဲ သိပြီလား.."
"ဂိန်"
........................................................................................................................
ဝင်းမြင့်အောင် (၁၂.၁၂.၁၂)
ရယ်မောပျော်ရွှင်နိုင်ပါစေ...
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/14/2012 01:30:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



