[New post] ကာတွန်း ကူမိုကြိုး – တကြိမ်၊ နှစ်ကြိမ်၊ ဦးနှိမ်ချ လို့ …

admin posted: " ကာတွန်း ကူမိုကြိုး - တကြိမ်၊ နှစ်ကြိမ်၊ ဦးနှိမ်ချ လို့ … ဒီဇင်ဘာ ၁၅၊ ၂၀၁၂ "

[New post] ကွန်နတီးကဒ်၊ နယူးတောင်း၊ မူလတန်းကျောင်းမှာ ကလေးနှင့် လူကြီး ၂၇ ဦးကို သေနတ်သမား ပစ်သတ်

admin posted: "  ကွန်နတီးကဒ်၊ နယူးတောင်း၊ မူလတန်းကျောင်းမှာ ကလေးနှင့် လူကြီး ၂၇ ဦးကို သေနတ်သမား ပစ်သတ် မို"

[New post] ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို

admin posted: " ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို  (ဓာတ်ပုံ မော"

[Real Family: 24863] ပြင်ညာရေး စနစ်

ပြင်ညာရေး စနစ်

ပြင်ညာရေး စနစ်

တစ်ခါတုန်းက တောအုပ်ထဲမှာရှိတဲ့တိရိစ္ဆာန်တွေဟာ ကျောင်းတစ်ခု စဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ကျောင်း သားတွေ ထဲမှာ ငှက်တစ်ကောင်ရယ် ၊ ရှဉ့်တစ်ကောင်ရယ် ၊ ငါးတစ်ကောင်ရယ် ၊ ခွေးတစ်ကောင် ရယ် ၊ ယုန်တစ်ကောင်ရယ် ၊ စိတ်ချို့ယွင်းနေရှာတဲ့ ငါးရှဉ့်တစ်ကောင်ရယ်ပါဝင်ပါတယ် ။

ဒီလိုနဲ့ တောတွင်းပညာရေး အဖွဲ့ကနေပြီး သင်ရိုးညွှန်းတမ်းတစ်ခုပြုစုဖို့ဆုံးဖြတ်လိုက်ကြတယ် ။ အဲဒီသင်ရိုး ညွှန်းတမ်းထဲမှာ ပျံသန်းခြင်း ၊ သစ်ပင်တက်ခြင်း ၊ ရေကူးခြင်း ၊ မြေတူးဆွခြင်းတွေပါဝင်ပြီး အဲဒါတွေက ပညာရေးအခြေခံတွေဖြစ်တယ်လို့ယူဆထားကြတယ် ။ တိရိစ္ဆာန်အားလုံးဟာ ဘာသာရပ်အားလုံးကို သင်ကြား ရမှာဖြစ်တယ် ။

ငှက်ဟာ ပျံသန်းခြင်းမှာ အတော်ဆုံးဖြစ်ပြီး A အဆင့်ရသွးတယ် ဒါပေမယ့် မြေတူးဆွခြင်းမှာတော့ အဆင်မပြေခဲ့ ဘူး ။ သူ့အတောင်ပံတွေနဲ့ မြေတူးဆွဖို့ရာ သူ့နှတ်သီးနဲ့လှိုဏ်ခေါင်းတစ်ခုစာရဖို့ တူးဆွဖို့ရာ မှာ အဆင်မပြေတဲ့အတွက် အဲဒီဘာသာရပ်ရှုံးနိမ့်ခဲ့ရတယ် ။ သစ်ပင်တက်ခြင်းမှာ C အဆင့်ရခဲ့ တယ် ရေကူးတဲ့နေရာမှာတော့ F အဆင့်ပဲရခဲ့တယ် ။ ရှဥ့်ကတော့ သစ်ပင်တက်တဲ့နေရာမှာ ဆရာကြီးပါပဲ ဒါပေမယ့် ရေကူးတဲ့နေရာမှာတော့ ရှုံးနိမ့်ခဲ့ရတယ် ။ ငါးဟာလည်းရေကူးတဲ့နေရာမှာ အတော်ဆုံးဖြစ်ပေ မယ့် ရေအပြင်ကိုမထွက်နိုင်ခဲ့ဘူး တခြားအရာတွေမှာ F အဆင့်ပဲရခဲ့တယ် ။ ခွေး ဟာ ကျောင်း ဆက်မတက်တော့ပဲ ကျောင်းအတွက်လခပေးတာကိုလည်းရပ်ခဲ့တယ် ။ ပြီးတော့ ပညာရေး အဖွဲ့ကို သင်ရိုးညွှန်း တမ်းမှာ " ခွေးဟောင်နည်း " ပါ ထည့် သင်ဖို့ အတွက် ဆန္ဒပြခဲ့တယ် ။ ယုန် ကတော့ မြေ တူးဆွတဲ့နေရာမှာ A အဆင့်ရပါတယ် ။ ဒါပေမယ့် သစ်ပင်တွေတက်ဖို့ကတော့ သူ့အတွက်ပြဿ နာတစ်ခုဖြစ်နေခဲ့ရတယ် ။ မြေပြင်ပေါ် ခဏခဏပြန်ပြုတ်ကျပြီး ဦးနှောက်ကိုပါ ထိခိုက်ခဲ့ရ တယ် ။ မကြာခင်မှာ မြေတူးဆွခြင်းကိုပါ သိပ်မလုပ်နိုင်တော့ပဲ အဆင့် C ပဲရခဲ့တယ် ။

စိတ်အာရုံချို့ယွင်းနေတဲ့ငါးရှဉ့်ကတော့ အရာရာကို တစ်ဝက်လောက်ပဲလုပ်နိုင်ပြီး သူဟာ တစ်တန်းလုံးမှာ အမှတ်အရဆုံး သတ္တ၀ါဖြစ်ခဲ့တယ် ။ သူ့စိတ်ထဲမှာ ပျံသန်းခြင်းလည်းမရှိ တူးဆွခြင်းလည်းမရှိ ၊ သစ်ပင် တက်ခြင်းလဲမရှိ ခဲ့ဘူး ။

တောတွင်းပညာရေးအဖွဲ့ကတော့ သူတို့ရဲ့ သင်ရိုးညွှန်းတမ်းကို သတ္တ၀ါတိုင်းသင်ယူကြတယ် သူတို့အောင်မြင် တယ်ဆိုပြီးပျော်နေခဲ့ကြတယ် ။

------------------------------------------------

တကယ့်ပညာရေးစနစ်ဆိုတာဟာ ကျောင်းသားတွေရဲ့ တစ်ဘ၀စာ ရေရှည်အ တွက်ပြင် ဆင်ပေးခြင်းဖြစ်တယ် ။ အထူးသဖြင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာပါ ထူးချွန်တဲ့ ဗီဇ အစွမ်းအစတွေကို ထိခိုက်စေခြင်းမရှိပဲနဲ့ပေါ့ ။

အားလုံးနဲ့လိုက်လျောညီထွေဖြစ်မယ့်သင်ရိုးညွှန်းတမ်းတစ်ခုကိုပြုစုဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ် ခုတော့မ ဟုတ် ပါဘူး ။ဒါပေမယ့်မလိုအပ်တဲ့ အရာတွေ ( ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာ ပါ ထူးချွန်တဲ့ဗီဇ အစွမ်းအစတွေကို ထိခိုက်စေတဲ့အရာတွေ ) ကို ဖယ်ထုတ်ပြီး အားလုံးနဲ့လိုက်လျောညီထွေဖြစ်မယ့် အားလုံးကို အကောင်ဆုံး ကျောင်းပညာရေးသာမက ဘ၀ပညာရေးပါ တတ်စွမ်းအောင်သင်ပေးနိုင်တဲ့ သင်ရိုးညွှန်းတမ်း ကျောင်းပညာရေးဖြစ်ဖို့လိုပါတယ် ။

သက်တန့်ချို
Broad Based Education? အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

www.thettantcho.com

--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
[Real Family: 24862] ရောင်စုံဘောလုံးလေးတွေ

ရောင်စုံဘောလုံးလေးတွေ

ရောင်စုံဘောလုံးလေးတွေ

တစ်ခါတုန်းက လူတစ်ယောက်ဟာ ပျော်ပွဲရွှင်ပွဲတွေမှာ ရောင်စုံဘောလုံးလေးတွေရောင်းရင်းအသက်မွေးဝမ်းကြောင်းပြုတယ် ။ သူ့မှာ ဘောလုံးအနီရောင် အ၀ါရောင် အစိမ်းရောင်အပြာရောင် အဖြူရောင် စတဲ့ ရောင်စုံရှိတယ် ။

သူဟာ ဘောလုံးလေးတွေအ၀ယ်ပါးတဲ့နေ့ဆိုတရင်သူ့လက်ထဲက ဘောလုံးတစ်လုံးကို လေထဲကို လွှတ်တင်လိုက်တယ် ။အဲဒီအခါ ပျော်ပွဲရွှင်ပွဲကကလေးတွေက သဘောကျပြီး သူ့ဆီမှာ ဘောလုံးတွေလာဝယ်ကြတဲ့အခါ ရောင်းအားလည်းပြန်တက်လာခဲ့တယ် ။

နေ့စဉ်နေ့တိုင်း သူဟာရောင်းအားကျတဲ့နေ့တွေဆိုရင် သူ့လက်ထဲက ဘောလုံးတွေထဲက တစ်လုံးကို လေထဲ လွှတ်တင်ပြီးကလေးတွေကို ဆွဲဆောင်လေ့ရှိတယ် ။တစ်နေ့ တော့ သူဘောလုံးရောင်းနေရင်း ကလေးတစ်ယောက်က သူ့ကို အနောက်ကနေ လှမ်းဆွဲလိုက်တာသတိထားမိလိုက်တယ် ။

သူလှည့်ကြည့်လိုက်တော့ ကလေးငယ်က သူ့ကိုမေးတယ် ။

" ဦးဦး.... ဦးဦး လက်ထဲက ဘောလုံး အနက်ရောင်လေးကရော တခြား ရောင်စုံဘောလုံးတွေလို လေပေါ်တက်နိုင်လားဟင် "

ဘောလုံးရောင်းတဲ့သူက ညှင်သာစွာ ပြုံးပြလိုက်ပြီး ကလေးကိုပြောတယ် ။

" သားရေ . . လေပေါ်ကို ပျံတက်နိုင်တာဟာ ဘောလုံးတွေရဲ့အရောင်ကြောင့်မဟုတ်ပါဘူး ..ဘောလုံးထဲမှာ ထည့်ထားတဲ့ ဟီလီယံ ဓါတ်ငွေ့တွေကြောင့်ပါ ဒါကြောင့် အနက်ဖြစ်စေ အနီဖြစ်စေ အပြာဖြစ်စေ အထဲမှာ လေပေါ်ပျံတက်နိုင်တဲ့အစွမ်းသတ္တိရှိတဲ့ ဓါတ်ငွေ့တွေထည့်ထားရင် ပျံတက်နိုင်ပါတယ် "

--------------------------------------

အပြင်ပုံပန်းသဏ္ဍာန်တွေနဲ့ လူတွေကို အကဲဖြတ်လို့မရသလို အစွမ်းအစကိုလည်းဆုံးဖြတ်ပေးလို့မရဘူး ။ အောင်မြင်ခြင်းနဲ့ အမြင့်ပေါ်ပျံတက်နိုင်တဲ့အစွမ်းဟာ ပုံသဏ္ဍန်ပေါ်မူတည်နေတာမဟုတ်ဘူး ။ အတွင်းက ပျံတက်နိုင်တဲ့အစွမ်းသတ္တိ အရည်အချင်းတွေ ကြောင့်သာဖြစ်တယ် ။

သင်ရော . . . အပြင်ပန်းလှအောင်ကြိုးစားနေတဲ့လူတစ်ယောက်လား ...အတွင်းက စိတ်နှလုံးသား မြင့်မြတ်အောင် အစွမ်းသတ္တိရှိအောင် ကြိုးစားနေတဲ့သူတစ်ယောက်လား ?

သက်တန့်ချို
The Man Who Sells Balloons အားခံစားဘာသာပြန်သည် ။ 

 စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
You might also like:

http://www.thettantcho.com
--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
[Real Family: 24861] မေ့မေ့လျော့လျော့နေကြသူတွေ သိပ်များလာတယ်

မေ့မေ့လျော့လျော့နေကြသူတွေ သိပ်များလာတယ်

 မေ့မေ့လျော့လျော့နေကြသူတွေ သိပ်များလာတယ်

မနေ့ညနေက ကားစီးနေရင်း မျိုးကြီးရဲ့ " ဆေးပေးပါ " သီချင်းနားထောင်မိရင်း အတွေးတချို့တွေးမိလိုက်တယ် ။ အခုတလော တွေးတာတွေ က များနေပြီး စာကို မယ်မယ်ရရ ချမရေးဖြစ်ခဲ့ဘူး ။ အခုတော့တွေးမိသလောက်လေး ပြန်ချရေးကြည့်ဖြစ်တယ် ။

၁ ။ သမီးသား ဇနီးမယား လင်ယောင်္ကျား ကိစ္စ အ၀၀တွေကြား ကျွန်တော်တို့ အားလုံး " တစ်နေ့ သေကို သေရမှာ " မေ့မေ့လျော့လျော့နေနေကြတယ် ။ မိုးခါးရေတွေ သောက် ပြီး အိပ်လိုက်စားလိုက် နဲ့ တစ်နေ့ သေကိုသေရမယ် ဆိုတာကိုမေ့နေတတ်ကြတယ် ။

၂ ။ နှဖူးစာ ရွာလည်တာကို အသာထား နှဖူးမှာ သေခြင်းတရားက ဘယ်နေ့ဘယ်အချိန်မှာ အချိန်စေ့ပြီလို့ ဖိတ်စာလေးကပ်ပေးလိုက်တာတော့ ကျိန်းသေတယ် ။ အဲဒါကို အပုပ်ကောင် ခန္ဓာကြီးကို အဟုတ်ထင် ပြင်ကြဆင်ကြ ငိုဟယ်ရီဟယ်နဲ့ တစ်ဘ၀တာ ခဏတာလေးမှာ အပူသောကလုံးတွေကြွ ဘ၀ရဲ့ အနှစ်သာရကို မေ့နေတတ်ကြတယ် ။

၃ ။ တစ်နေ့ ပြာဖြစ်ရမယ့် ခန္ဓာဟာ တကယ်တော့ အပုပ်အသိုးတွေနဲ့ဖွဲ့စည်းထားတယ် ။ ချွေး ၊ သွေး ၊ သလိပ် ၊ ပြည် စတဲ့ အရည်တွေအပြင် အရွတ် အရိုးအရည်ဆိုတဲ့ ခန္ဓာ အစိတ်အပိုင်းတွေဟာ တကယ်တော့ ယာယီ တည်ရှိမှု တွေသာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပုပ်သိုးနံဟောင်လာမယ်ဆိုတာကို မေ့မေ့ လျော့လျော့နေတတ်ကြတယ် ။

၎ ။ တခဏတာ လည်ခွင့်ရတဲ့ လူ့ဘ၀လေးမှာ သက်တမ်းအားဖြင့် ၆၀ ၊ ရက်နဲ့တွက်ကြည့်လိုက်တဲ့အခါ ၂၁၉၀၀ ရက်ပဲ ရှိတယ် ။ ရက်ပေါင်း ၂ သောင်းကျော်လေးကို ကျွန်တော်တို့ ဘာတွေ များလုပ်ခဲ့ကြပြီးပြီလဲ ဘာတွေများ သံသရာအတွက်ပြင်ဆင်ကြပြီးပြီလဲ ။

၅ ။ သံသရာခရီးရှည်ကြီးကို ဆက်လက် သွားဖို့လမ်းကြောင်းမှာ လူ့ဘ၀ ရတုန်းရခိုက် " အယူမမှားဖို့လိုတယ် ၊ တလွဲမတွေးကြဖို့လိုတယ် ၊ ယုံကြည်မှု စစ်မှန်ဖို့လိုတယ် " မဟုတ်တာကို အဟုတ်ထင် အများယောင်တိုင်းလိုက်ယောင်ကြသူတွေဟာ တကယ်တော့ သနားစရာ လူသားတွေဖြစ်တယ် ။ အယူဝါဒစစ်စစ် နဲ့ ဓမ္မ နဲ့ အဓမ္မ ကို ယှဉ်တွဲ သိမြင်လာမှသာ လူ့ဘ၀ အနှစ်သာရကိုမြင်တွေ့နိုင်မယ် ။

၆ ။ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား ဆိုတဲ့ စာသားလေးအတိုင်း အခွင့်သာနေတဲ့ လူ့ဘ၀ကြီး ရောက်နေခိုက် ကိုယ့်အသိဥာဏ်တွေကို ဖုံးလွှမ်းနေတဲ့ အယူဝါဒ မှိုင်းတွေကို ဖယ်ရှားပစ်ဖို့လိုတယ် ။ တရားစစ် တရားမှန်ကို ရှာတွေ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းမှုရှိရာ လမ်းကိုလျှောက်နိုင်မှသာ အေးချမ်းနိုင်မယ် ။

၇ ။ ကိုယ်သေရင်ကိုယ့်နောက်ဘယ်သူတွေလိုက်ကြမလဲ ။ ကိုယ်ချစ်တဲ့ ဇနီးမယားလင်ယောင်္ကျားတွေလား ကိုယ်ချစ်တဲ့ သမီးသား ဆွေမျိုးမိတ်ဆွေတွေလား ။ ကိုယ်သေရင် ကိုယ့်ကို ၇ ရက်လောက်အထိ ငိုကြလိမ့်မယ် ပြီးတဲ့အခါ မေ့မေ့လျော့လျော့ လူ့ဘ၀ ဇာတ်ခုံကို သူတို့ဆက်ကနေကြလိမ့်ဦးမယ် ။ သင် လူ့ဘ၀ကို လာတာ တစ်ယောက်တည်းလာခဲ့ရသလို သင်ပြန်တဲ့အခါမှာလည်းတစ်ယောက်တည်းပြန်ရမှာပဲဖြစ်တယ် ။ သင်သေသွားသော် သင့်နောက်ကို ဘယ်သူမှ မလိုက်ပါဘူး ။ သင့်ခန္ဓာကိုယ်က အ၀တ်တစ်ထည်ကိုယ်တစ်ခုလည်း ပြာအတိဖြစ်သွားမှာပါ ။

၈ ။ ကိုယ်သေရင်ကိုယ်နဲ့ထပ်ချပ်မကွာလိုက်မဲ့အရာတွေတော့ရှိတယ် ။ သံသရာတလျှောက်အရိပ်လို မခွဲမခွာလိုက်နေမဲ့အရာတွေပေါ့ ။ အဲဒါတွေကတော့ ကိုယ်တစ်သက်လုံးပြုလုပ်ခဲ့သမျှ " ကုသိုလ် နဲ့အကုသိုလ် " တွေပဲဖြစ်တယ် ။ " တရား နဲ့ မတရား " တွေပဲဖြစ်တယ် ။ " ဒါန ၊ သီလ ၊ ဘာဝနာ " တွေပဲဖြစ်တယ် ။ သင်ချစ်တဲ့အရာမှန်သမျှ သင်စွန့်ခွာလို့ မိုးရွာရွာ နေပူပူ သင့် ခရီးကို သင်တစ်ယောက်တည်းသာ ထွက်ခွာရမှာဖြစ်တယ် ။

၉ ။ ရတုန်းရခိုက်လူ့ဘ၀လေးမှာ သင် အရာအားလုံးကို မယုံကြည်ပဲနေနိုင်ပါတယ် ဒါပေမယ့် " တစ်နေ့ သေကိုသေရမယ် " ဆိုတဲ့စကားကိုတော့မယုံကြည်လို့မရဘူး ။ အဲဒါဟာ Universal Truth ဖြစ်တယ် ။ ကမ္ဘာပေါ်မှာ သင်အပါအ၀င်လူတွေဟာ တစ်နေ့ သေကိုသေရမှာဖြစ်တယ် ။ အဲဒါကို ဂုဏ်တုဂုဏ်ပြိုင်တွေ နဲ့ အတုအချင်းချင်းပြိုင်ရင်း လောဘဒေါသ မောဟတွေကြားလောင်မြိုက်ရင်း ဆင်းရဲချမ်းသာပြိုင်လို့ တရားစစ်ကို မေ့လျော့နေတတ်ကြတယ် ။

၁၀ ။ ခဏတာ အချိန်လေးမှာ အရာရာကို " မေတ္တာထား ပါ " ဆိုတဲ့စကားလေးပဲမှာချင်ပါတယ် ။ မေတ္တာဟာ ဂရုဏာနဲ့မတူပါဘူး ။ လမ်းပေါ်မှာ ခွေးတစ်ကောင် ကားကြိတ်လိုက်လို့ သင်က တွေ့သွားတယ်ဆိုပါစို့ ။ " ဟာ သနားလိုက်တာ " ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်ခြင်းဟာ ဂရုဏာ အဆင့်ပဲဖြစ်တယ် ။ " ဟာ သနားလိုက်တာ ဒီခွေးလေး ဒါဏ်ရာကို အသက်ချမ်းသာရာရအောင်ငါကယ်လိုက်ဦးမှ " ဆိုပြီးခွေးကလေးကိုကယ်ဆယ်တဲ့အဆင့်ရောက်မှာ " မေတ္တာ " လို့ခေါ်တယ် ။

နောက်ဆုံးပြောချင်တာကတော့ " အပြစ်တွေ လုပ်ခဲ့သမျှ ဒါန သီလ ဘာဝနာ တရား မေတ္တာ တရားနဲ့ဆေးကြောရမယ် " အခွင့်သာတုန်းလေး မေတ္တာ တရားကိုအခြေခံပြီး ကိုယ်မပိုင်တဲ့ ဥစ္စာတွေကို မတွယ်တာနေပါနဲ့ ။ လှူသင့်တာလှူ လို့ စွန့်ကြဲသင့်တာစွန့်ကြဲပါ ။ မီလီယံနာသူဌေးကြီးလည်း ပြာ အဖြစ်ကလွဲလို့ ဘာမှမဖြစ်နိုင်သလို သင်လည်း ပြာအဖြစ်ကလွဲလို့ ဘာမှဖြစ်နိုင်ဘူး ။ ကြုံတုန်းကြုံခိုက်လေးမှာ ငြိမ်းအေးချမ်းမြေ့စွာနေလို့ မြတ်စွာဘုရားရဲ့ တရားဒေသနာတော်တွေကို ဆည်းပူး လေ့လာ ရင်း သံသရာကို ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ပါစေ ။

မေတ္တာတရားများစွာဖြင့်
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

http://www.thettantcho.com

--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
[Real Family: 24860] ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ

ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ

ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ 

တစ်ခါတုန်းက လူတစ်ယောက်ဟာ တောကြီးမျက်မည်းထဲမှာ ခရီးသွားနေခဲ့တယ် ။ သူဟာ သူ့ဆွေမျိုးတွေရှိတဲ့ရွာကို သွားဖို့အတွက် အခုလို တောကြီးမျက်မည်းထဲကနေ ဖြတ်သွားမှ သာ အမြန်ဆုံးရောက်နိုင်မှာဖြစ်တယ် ။ သူ သွားတဲ့လမ်းတလျှောက်မှာရှိတဲ့ ခြုံပုတ်တွေကို ရှင်းလင်းပြီး သွားတဲ့အခါ တစ်နေရာရောက်တော့ ပျားစားငှက်တစ်ကောင်ကိုတွေ့လိုက်ရတယ် ။ ပျားစားငှက်ဟာ ထူးထူးဆန်းဆန်း မြေပြင်ပေါ်မှာ လှဲနေပြီးခြေထောက်နှစ်ချောင်းကို မိုးပေါ် ထောင်ထားတာတွေ့လိုက်ရတယ် ။

အဲဒီလူက အံ့သြလွန်းလို့ ပျားစားငှက်ကိုမေးလိုက်တယ် ။ " ဘာလို့ မြေပေါ်မှာ လှဲအိပ်ပြီး ခြေထောက်နှစ်ချောင်းကို မိုးပေါ် ထောင်ထားရတာလဲ " ပြီးတော့ သူကဆက်ပြောတယ် ။ " ဒီလိုသာ မြေကြီးပေါ်လှဲနေရင် တောကောင်တွေ ကြံ့တွေ ဆင်တွေ ဖြတ်သွားတဲ့အခါ မင်းကို နင်းသွားမှာပေါ့ မင်းသေသွားမှာပေါ့ " ဆိုပြီး ငှက်ကလေးကို သတိပေလိုက်တယ် ။

ငှက်ကလေးကပြန်ပြောတယ် ။ " ဟာ ခင်ဗျား ဒီလောက်ကြီးကျယ်တဲ့သတင်းကို မကြားမိသေးဘူးလား ခင်ဗျားတို့ လူသားတွေက ဒီလိုသတင်းကိုပိုတောင်သိသင့်တာပေါ့ မကြာခင် မိုးပြိုကျတော့မှာဗျ မြေကြီးပေါ် ပြိုကျတော့မှာ " လို့ ငှက်ကလေးက ထိတ်လန့်စွာပြောလိုက်တယ် ။ " ဒီသတင်းကို သစ်တောက်ငှက်ဆီကရတာပါ " လို့ ငှက်ကလေးကဆက်ပြောတယ် ။

ခရီးသွား လူက ငှက်ကလေးကို သနားဂရုဏာသက်စွာကြည့်ပြီးပြောလိုက်တယ် ။ " ဟင် ..မင်းရဲ့ခြေထောက်လေးတွေက သေးသေးလေးတွေနဲ့ အားအင်ကလည်း ချိနဲ့ပါဘိသနဲ့ ဘယ်လိုလုပ်ပြီး ဒီမိုးကောင်းကင်ကြီးကို ထမ်းထားနိုင်မှာလဲ " လို့ သနားတဲ့ဟန်နဲ့ပြောလိုက်တယ် ။ ငှက်ကလေးက ပြုံးပြီးတော့ပြန်ဖြေတယ် ။

" မှန်ပါတယ်ဗျာ ခင်ဗျားပြောတာမှန်ပါတယ် ကျွန်တော့်ခြေထောက်လေးတွေဟာ သေးငယ်ပြီး အားအင်ကလည်းချည့်နဲ့ကောင်းချည့်နဲ့ပါလိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကိုယ်လုပ်နိုင်တာကို ကိုယ်တတ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ် ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ်ဗျာ " လို့ ပြန်ပြောလိုက်ပါတော့တယ် ။

----------------------------------------------------

ဒီနေရာလေးမှာ ဒီသတင်း မှန်တယ် မမှန်ဘူး ငှက်ကလေးဦးနှောက်ရှိတယ်မရှိဘူး ကျွန်တော်တို့စဉ်းစားစရာမလိုပါဘူး ပုံပြင်ကပေးချင်တဲ့ အသိဟာ Reality ဆိုတဲ့ အစစ်အမှန်ဖြစ်မှုနဲ့ Reason ဆိုတဲ့အကြောင်းပြချက်တွေမဟုတ်ပါဘူး ။

တစ်ခုခု ပြဿနာ ဘေးဒုက္ခကြုံလာတဲ့အခါ ကိုယ့်အတွက်ဘယ်လောက်ပဲ မျှော်လင့်ချက်တွေကင်းမဲ့နေပါစေ ကိုယ့်အတွက် အဲဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဘယ်တော့မှ ကျွန်တော်တို့လက်မြှောက်အရှုံးမပေးရပါဘူး ။ ငှက်ကလေးပြောသလိုပဲ ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ်ဗျာ။ ဥပမာဗျာ AIDS ရောဂါကြီး တစ်ကမ္ဘာလုံးမှာပျံ့နှံ့နေတယ် ဘယ်လို မှကုသဖို့မဖြစ်နိုင်ဘူးဆိုပြီးလက်လျော့မနေရဘူး ။ ကိုယ်လုပ်နိုင်တာ ဘာရှိလဲ ကျန်းမာရေးအသိပေးခြင်းလား ကာကွယ်ခြင်းလား သူငယ်ချင်းတွေကို ပြောပြခြင်းလား အဲဒီလို လုပ်နိုင်တာလေးလုပ်ခြင်းအားဖြင့်ကျွန်တော်တို့ ရှင်သန်နေရပါမယ် ။

သက်တန့်ချို
The Bee Eater အား ခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

http://www.thettantcho.com
--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
[Real Family: 24859] အဖေသွားနှင့်ပြီ သမီးလေးရေ

အဖေသွားနှင့်ပြီ သမီးလေးရေ

တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီးကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။ သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုးသမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။

ဒါပေမယ့်လည်း ဘ၀ကံနုံချာလွန်းတဲ့အတွက် ဆင်းဆင်းရဲရဲ့ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။ ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ်ရောက်လာခဲ့တယ် ။ " အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် " အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ
ဆို့နင့်သွားခဲ့ရတယ် ။

" အေးပါသမီးရယ် အဖေပိုင်တဲ့လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ " ဆိုပြီးအားပေးစကားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ သမီးလေးတစ်ယောက်မြို့ကျောင်းကို တက်ခဲ့ပါပြီ ။ လယ်ယာ မဲ့ဖြစ်သွားတဲ့ ဖခင်ကတော့ တောရွာမှာပဲ သူများလယ်ကို အငှားသွားလုပ်လိုက် ၊ သူများခိုင်းတာလေးလုပ်လိုက်နဲ့ ချို့တဲ့စွာနေခဲ့ရတယ် ။

လစဉ်လတိုင်း ရသမျှ ပိုက်ဆံလေးကို ခြစ်ခြုတ်စုလို့ သမီးလေးအတွက် ပေးပိုရရှာတယ် ။ တစ်နေ့တော့ သမီးလေးကိုတွေ့ချင်လွန်းအားကြီးတဲ့ဖခင်က မြို့ကို တက်သွားပြီး သမီးလေးကျောင်းကိုလိုက်သွားခဲ့တယ် ။ သမီးဖြစ်သူက ဖခင်ကိုတွေ့တဲ့အခါ မျက်နှာတစ်ချက်ပျက်သွားပြီး မသိချင်ယောင်ဆောင်လို့ မခေါ်မပြောပဲ ထွက်သွားခဲ့တယ် ။ ဖခင်က ၀မ်းနည်းစွာနဲ့ပဲ ရွာကိုပြန်လာခဲ့တယ် ။

နောက်တစ်နေ့မှာ ရွာကိုသမီးဖြစ်သူလိုက်လာပြီး ဖခင်ကိုပြောတယ် ။ " အဖေရယ် ရှက်စရာကြီး သမီးကျောင်းကိုဘာလို့လိုက်လာရတာလဲ ... သမီးကိုတွေ့ချင်တယ်ဆို စာရေးလိုက်ပေါ့ လာတွေ့မှာပေါ့ အခုတော့ အဖေ့ကို သမီးအဖေမှန်းသာသိသွားရင် သမီးရှက်လွန်းလို့ မျက်နှာဖော်ရဲမှာမဟုတ်ဘူး " လို့ပြောခဲ့တယ် ။ ဖခင်ဖြစ်သူက မျက်နှာညှိုးနွမ်းစွာနဲ့ မျက်ရည်တွေစီးကျလို့ သမီးဖြစ်သူကို ဘာမှပြန်မပြောပဲ တွေတွေကြီးပဲစိုက်ကြည့်နေခဲ့တယ် ။

အဲဒီလိုနဲ့ . . .

သမီးလေးဖြစ်သူ ဘွဲ့ယူတဲ့နေ့ရောက်လာပါပြီ ။ သမီးဖြစ်သူက ရွာက အဖေလည်း ဘွဲ့ယူတာ ကြည့်ချင်မှာပဲလေ ငါ့အဝေးကနေ ကြည့်ခိုင်းရင်ရတာပဲဆိုပြီး သူ့အဖေကို မြို့ကိုလိုက်လာဖို့ ရွာကိုစာပို့လိုက်တယ် ။ သိပ်မကြာခင်မှာပဲ ရွာက စာပြန်လာတယ် ။

" သမီးလေး...

သမီးလေး စာပိုတဲ့အချိန် အဖေလူ့လောကမှာ မရှိတော့ဘူးကွယ် သမီး လေးမြို့ကိုခေါ်မယ့်ရက် ဆို..အဖေ ဟာ တမလွန်မှာ ရောက်နေရောပေါ့ ဒါကြောင့်ဒီစာလေးကို ကြိုရေးထားခဲ့တာပါ .. သမီးရေ သမီးငယ်ငယ်တုန်းကပေါ့ သမီး နဲ့အဖေ တခြားရွာကို သွားစဉ်က နေကလည်းပူ လယ်ကွင်းပြင်ပြင်ထဲ မှာ စကားလေးမပီကလာပီကလာနဲ့ သမီး ရေဆာတယ်လို့ ပူဆာခဲ့တယ်နော် ။ အဖေတို့ဆီမှာသောက်ရေကလည်းပါမလာတော့ သမီးကို နေရိပ်ထဲခဏထားပြီး ကွင်းပြင်ကြီးထဲ အဖေပြေးလွှားလို့ တခြားရွာမှာ သောက်ရေ သွားယူခဲ့ဖူးတယ် ။

သမီး နောက်ထပ် ဆယ်နှစ်အရွယ်လောက်မှာပေါ့ ။ သမီးလေး ကျောင်းမှာ မျက်နှာမငယ်ရဖို့ .. အဖေ ဟာ နေ့တိုင်း ထမင်းတစ်နပ်ပဲ စားပြီးခြိုးခြံချွေတာခဲ့ဖူးတယ် ။ သမီးရေ .. သမီးကို ဒါတွေပြန်ပြောနေရတာ သမီးဆီက အဖေ့မေတ္တာကို နားလည်ပေးနိုင်ဖို့တစ်ခုပါပဲ ။

သမီးလေး . . သမီးလေး သတိမထားမိလို့ပါကွယ် သမီးလေး မြို့ကျောင်းကို အဖေ အပတ်စဉ်တိုင်းရောက်ပါတယ် သမီးလေးရှက်မှာစိုးလို့ အဖေ အဝေးကနေပဲ သမီးလေးကို ငေးမောကြည်နူးနေခဲ့ရတယ် ။ သမီးရယ် ...သမီးဆီက အဖေဘာမှမမျှော်လင့်ပါဘူး လူ့ဘ၀ဆိုတာက တိုတိုလေးပါ အဲဒီတိုတိုလေးအတွင်းမှာ သမီးကိုပြည့်ပြည့်စုံစုံမထားနိုင်ခဲ့တဲ့အဖေ့ကိုယ်သာ အဖေယူကြုံးမရဖြစ်ခဲ့တာပါ သမီးရယ် အဖေတို့ မိဘတွေဆိုတာ သားသမီးကိုရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်းအဖေတို့ကိုရွေးချယ်ခွင့်မရှိခဲ့ပါဘူး ။ ဘ၀အဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေကြောင့်သာ ဒီဘ၀မှာ မိဘနဲ့သားသမီးဆိုပြီး တော်စပ်လာခဲ့ကြရတာပါ ။

သမီးလေးရေ ..သမီးကို အဖေခွင့်လွှတ်ပါတယ် ။ ကံတရားက မိဘကိုစော်ကားလို့ အပြစ်ပေးမှာကို အဖေက စိုးရိမ်ပူပန်နေခဲ့ရတာပါ ။ သမီးလေး သွားလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ ...

သမီးရေ ...ဖေဖေ သွားနှင့်ပြီ ..ကွယ် လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ ..မှာရင်း အဖေသွားနှင့်ပြီကွယ် ... "

--------------------------------------------

သက်တန့်ချို
ဖြစ်ရပ်မှန်ဇတ်လမ်းလေးတစ်ပုဒ်ပါ ကျွန်တော်နေခဲ့တဲ့ရွာကလေးမှာဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးတစ်ပုဒ်ပေါ့ ။ အခုတော့ အဲဒီစာဖတ်ပြီး ကတည်းက ဇတ်လမ်းထဲက သမီးလေးဟာ အဲဒီနေ့မှာပဲ ရွာကိုပြန်ပြီး သူ့အဖေ မြေပုံနဲ့မနီးမဝေးက သီလရှင်ကျောင်းလေးမှာ အခုထက်ထိပဲ တရားရိပ်ကို ခိုလှုံနေပါတော့တယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
You might also like:

http://www.thettantcho.com

--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
[Real Family: 24858] မိဘဟူသည်

မိဘဟူသည်

မိဘဟူသည်

- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်သမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။

နောက်ဆုံး

သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။

သက်တန့်ချို
ပုံအားခံစားရေးဖွဲ့သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

http://www.thettantcho.com
--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
[Real Family: 24857] ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး

ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး

ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး

တစ်ခါတုန်းက မျက်မမြင်ကောင်လေးတစ်ယောက်က အဆောက်အဦးတစ်ခုရဲ့လှေကားရင်းမှာ ထိုင်နေပြီး သူ့ရှေ့မှာ ဦးထုပ်လေးတစ်လုံးချထားတယ် ။ ဆိုင်းဘုတ်လေးတစ်ခုလည်းထောင်ထားတယ် ။ " ကျွန်တော်မျက်မမြင်တစ်ယောက်ပါခင်ဗျာ ကူညီကြပါ " သူ့ဦးထုပ်ထဲမှာ အကြွေစေ့အနည်းငယ်ရှိတယ် ။

လူတစ်ယောက်က ဘေးနားကနေဖြတ်သွားတယ် ။ သူက အိတ်ကပ်ထဲကနေ အကြွေအနည်းငယ်ယူပြီး ဦးထုပ်ထဲချလိုက်တယ် ။ ပြီးတော့ဆိုင်းဘုတ်ကိုယူပြီး နောက်ဖက်လှည့်လိုက်တယ် စကားလုံ
းအနည်းငယ်ရေးထားခဲ့တယ် ။ ဆိုင်းဘတ်ကို ဘေးနာကလူတွေဖြတ်သွားရင်စကားလုံးအသစ်တွေမြင်ရအောင် လှည့်ထားခဲ့လိုက်တယ် ။

မကြာခင်မှာ ဦးထုပ်က အကြွေစေ့တွေ စတင်ပြည့်လာပါပြီ ။ မျက်မမြင်ကောင်လေးကို လူတွေက ပိုက်ဆံတွေပိုပိုပေးသွားကြတယ် ။ နေ့လည်ရောက်တဲ့အခါ စာသားအသစ်ပြင်ပေးသွားတဲ့လူကပြန်ရောက်လာတယ် ။ ကောင်ကလေးက သူ့ ခြေလှမ်းသံကို ဂရုပြုမိသွားပြီး မေးတယ် ။ " ဒီမနက် ကျွန်တော့်ဆိုင်းဘုတ်ကို စာသားပြောင်းပေးသွားတဲ့လူလားခင်ဗျာ ဘာတွေရေးပေးခဲ့တာလဲဟင် "

ဆိုင်းဘုတ်ပြင်ရေးပေးတဲ့လူကပြောတယ် " ကျွန်တော်အမှန်တရားတစ်ခုကိုရေးပေးခဲ့တာပါ ကျွန်တော်ကလည်း ဒီက လူရေးတဲ့အတိုင်းရေးထားခဲ့တာပါပဲ ဒါပေမယ့်နည်းလမ်းတော့ကွာတယ် " တကယ်တော့ အဲဒီလူရေးပေးခဲ့တဲ့စာသားကအောက်ပါအတိုင်းဖြစ်တယ် ။

" ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး " တဲ့ ။

-----------------------------------

ပထမ စာသားနဲ့ဒုတိယစားသားက အဓိပ္ပါယ်ခြင်းတူပေမယ့် တင်ပြပုံခြင်းကွာခြားလွန်းလှပါတယ် ။ ဒါပေါ့ ဆိုင်းဘုတ် နှစ်ခုစလုံးက ကောင်လေးမျက်စိမမြင်ဘူးဆိုတာဖော်ပြနေတာပါပဲ ။ ဒါပေမယ့် ပထမစားသားက လူတွေကို ဦးထုပ်ထဲ ပိုက်ဆံထည့်သွားပေးကြဖို့ကူညီကြဖို့ ရိုးရှင်းစွာပြောထားတာဖြစ်ပါတယ် ။ ဒုတိယ စာသားကတော့ လူတွေကို နေ့တစ်နေ့ရဲ့အလှအပကိုပြောထားတယ် ဒါပေမယ့် သူဟာ မျက်စိမမြင်တဲ့အတွက် အဲဒီအလှအပမှာ ခံစားသက်ဝင်နိုင်မှုမရှိဘူး လူဖြစ်ရှုံးနေရပါတယ်ဆိုတဲ့သဘောမျိုးရေးထားတာဖြစ်တယ် ။ ထပ်ဆင့်ပြောရရင် ပထမ စာသားဟာ ကောင်လေးမျက်မမြင်ဖြစ်ကြောင်း ရိုးရှင်းစွာပြောထားတာဖြစ်ပြီး ဒုတိယစာသားကတော့ လူတွေဟာ အရမ်းကံကောင်းကြတယ် ဘာကြောင့်လည်းဆိုတော့ သူတို့ မျက်ကန်းတစ်ယောက်မဟုတ်တဲ့အတွက် သဘာဝလောကကြီးရဲ့အလှအပကို မြင်နိုင်ကြတယ်ဆိုပြီး ရေးထားခြင်းဖြစ်တယ်။

ဒုတိယ စာသားက ပိုပြီးထိရောက်တယ်လို့ရော သင်တို့မထင်မိကြဘူးလား ။ တချို့အရာတွေက အတူတူတော့အတူတူပါပဲ ဒါပေမယ့်တင်ပြပုံပေါ်မူတည်ပြီးလူတွေရဲ့စိတ်ကို ညှို့ငင်ဆွဲယူနိုင်စွမ်းရှိတယ် ။ ဒါကြောင့် တီထွင်ဖန်တီးမှုရှိပါ မတူညီတဲ့အတွေးတွေကို လက်ခံပါ နေရာတိုင်းမှာ အကောင်းဆုံးနည်းလမ်းဆိုတာရှိပါတယ် ။

သက်တန့်ချို
Be creative .. better ways !! အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

http://www.thettantcho.com
--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
[Real Family: 24856] တကယ်ချစ်ဖို့သာခက်တယ်

တကယ်ချစ်ဖို့သာခက်တယ်

တကယ်ချစ်ဖို့သာခက်တယ်

တစ်ခါတုန်းက အရမ်းကိုဆင်းရဲ့တဲ့ လူတစ်ယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တယ် ။ တစ်နေ့မှာ ဇနီးဖြစ်သူက သူ့ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေကို ဖြီးသင်ဖို့အတွက် ဘီးလေး တစ်ချောင်း လိုချင်တဲ့အကြောင်းပြောခဲ့တယ် ။ ယောင်္ကျားဖြစ်သူက ဘီးအသစ်တစ်ချောင်းမ၀ယ်ပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းသွားပြီး မ၀ယ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ် ။

သူက သူ့ရဲ့ကြိုးပျက်ဆီးနေတဲ့လက်ပတ်နာရီလေးကို ထုတ်ပြပြီး အဲဒီလက်ပတ်နာရီလေးပြင်ဖို့တောင် ငွေမရှိတဲ့အကြောင်းကို သေချာရှင်းပြခဲ့တယ် ။ အမျိုးသမီးဖြစ်သူက

ယောင်္ကျားဖြစ်သူကို ပြုံးပြီး နားလည်စွာ ကြည့်နေခဲ့တယ် ။ ပြီးတော့ယောင်္ကျားဖြစ်သူက အလုပ်ကိုသွားခဲ့တယ် အလုပ်သွားတဲ့လမ်းက နာရီ ဆိုင်တစ်ခုမှာ သူ့ရဲ့ ကြိုးပြတ်နာရီလေးကို ရတဲ့ဈေးနဲ့ရောင်းချခဲ့တယ် ။ ပြီးတော့ သူ့ဇနီးသည်အတွက် ဘီးလေးတစ်ချောင်းဝယ်လာခဲ့တယ် ။ သူဟာ လက်ထဲမှာ ဇနီးဖြစ်သူကို ပေးဖို့ ဘီးကလေးကိုင်ရင်း အိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ရှေ့ရောက်တဲ့အခါ ဇနီးဖြစ်သူကိုကြည့်ပြီး သူဟာ အရမ်းကို တုန်လှုပ်အံ့သြသွားခဲ့ရတယ် ။ ဇနီးဖြစ်သူဟာ ဦးခေါင်းထက်က ဆံပင်အရှည်ကြီးကို တိုတိုလေးညှပ်ထားတဲ့အတွက်ဖြစ်တယ် ။ သူမဟာ ဆံပင်အရှည်ကြီးကိုဖြတ်ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ယောင်္ကျားဖြစ်သူအတွက် လက်ပတ်နာရီကြိုးလှလှလေးတစ်ခုဝယ်ပေးထားခဲ့တယ် ။

နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ် ။ သူတို့လုပ်ရပ်တွေအတွက် တစ်ဦးကိုတစ်ဦး ၀မ်းနည်းလို့မဟုတ်ပေမယ့် သူတို့တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်တွေကို အချင်းချင်းနားလည်သွားလို့ဖြစ်ပါတယ်

--------------------------------------------------

ချစ်တယ်ဆိုတာက မခက်ခဲပါဘူး တကယ်ချစ်တတ်ဖို့ တကယ့်ကိုချစ်မိသွားဖို့ဆိုတာကတော့ စိတ်ထဲကနှစ်နှစ်ကာကာ ရင်ခုန်သံတွေနဲ့ သီဖွဲ့ထားဖို့လိုပါတယ် သင်ရော သူ့ကို တကယ်ချစ်ပါသလား . . . ဘယ်တော့ မှ သူမျက်ရည်ကျအောင်မလုပ်မိပါစေနဲ့ ဘယ်တော့မှ သူ့ကို အဝေးထွက်သွားခွင့်မပေးပါနဲ့ စစ်မှန်တဲ့ချစ်ခြင်းအားဖြင့် သူ့ကို နွေးထွေးစွာ ပွေ့ဖက်ထားလိုက်ပါ ။

သက်တန့်ချို
the beauty of love.. အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

http://www.thettantcho.com
--
စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
[Real Family: 24855] ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး

ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး

ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး
 
တစ်ခါတုန်းက အမျိုးသမီးတစ်ဦးဟာ သူ့အိမ်မိသားစုဝင်တွေနဲ့ စားဖို့အတွက်ရယ် အရမ်းကို ဆာလောင်နေ တဲ့ ခရီးသွားတွေ စားဖို့ရယ် အတွက် ပေါင်မုန့်တွေ အမြဲဖုတ်နေခဲ့တယ် ။ အဲဒီအမျိုးသမီး ဟာ ပေါင်မုန့်အပို တစ်လုံးကို အမြဲ ပဲ ပြတင်းပေါက်တံခါးဘောင်မှာ တင်ထားခဲ့ပြီး မည်သူမဆို ဆာလောင်နေခဲ့ရင်အဝေးကို ယူသွားနိုင်အောင် စီစဉ်ထားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ကျောကုန်းမှာ ဘုကြီး တစ်လုံးရှိနေ တဲ့ခါး ကုန်းကြီးတစ်ယောက်က လာလာပြီး အဲဒီပေါင်မုန့် ကို အဝေးယူယူသွားလေ့ရှိတယ် ။ ကျေးဇူး တင်စကားတွေနဲ့ဖော်ပြရမယ့် အစားသူဟာ အောက်ပါစကားတွေကိုပဲ တတွတ် တွတ်ပြောနေလေ့ ရှိတယ် ။

" သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ "

ဒီလိုနဲ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ခါးကုန်းကြီးက ရောက် လာပြီး ပေါင်မုန့်ကို ယူသွားတယ်ပြီးတော့ လည်းအဲဒီစကားကို ထပ်ခါထပ်ခါညည်းတွားပြောဆိုနေခဲ့တယ် ။ " သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ "
 
 အမျိုးသမီးဟာ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာခဲ့တယ် ။ " အတော် ယဉ်ကျေးမှုမရှိတဲ့လူ . .ကျေးဇူးတင်စကားတော့မဟုတ်လောက်ဘူး " လို့ သူမကိုယ်ကိုယ်ညည်းတွားပြောဆိုလိုက်တယ် ။ " နေ့တိုင်း ဒီခါးကုန်းကြီးဟာ ဒီစကားကို ပဲ ထပ်ခါထပ်ခါပြောနေတယ် သူဘာကိုဆိုလိုတာပါလိမ့် "

ပြီးတော့ အမျိုးသမီးဟာ ဘာလုပ်တယ်ထင်ပါသလဲ ။ အမျိုးသမီးဟာ သူ့အတွက်ပြင်ဆင်ထားမယ့် ပေါင်မုန့် ထဲမှာ အဆိပ်တွေခပ်ထားခဲ့တယ် ပြီးတော့ ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားခဲ့တယ် ။ သူ့လက်တွေ ကတော့ တုန်ယင်နေခဲ့ပါတယ် ။

" ငါ ဘာတွေများလုပ်မိပါလိမ့် " သူ့ဘာသာသူတွေးမိလိုက်တယ် ။

ရုတ်တရက်ချက်ခြင်းပဲ သူဟာ အဲဒီပေါင်မုန့်ကို ကောက်ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်တယ် ပြီးတော့ တခြားပေါင်မုန့်တစ်လုံးထပ်ဖုတ်ပြီး ပြတင်းပေါက်ဘောင်ပေါ်တင်ထားခဲ့တယ် ။

ထုံးစံအတိုင်းပါပဲ ခါးကုန်းကြီးရောက်လာပြန်တယ် ပြီးတော့ ပေါင်မုန့်ကို ယူလိုက်ပြီး ပြောနေကျ စကားတွေကိုပြောဆိုခဲ့တယ် ။ " သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ "

ခါးကုန်းကြီးက သူ့ခရီးသူဆက်တယ် ။ အမျိုးသမီးရဲ့စိတ်ထဲမှာ ခုနက လတ်တလောဖြစ်ပျက်ခဲ့တဲ့ အပြုအမူ အဖြစ်အပျက်တွေကို သတိမမူမိပဲ ချမ်းမြေ့စွာ ရှေ့ဆက်သွားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ အမျိုးသမီး ဟာ ပြတင်းဘောင်ပေါ်မှာ ပေါင်မုန့်ကို တင်ပေးထားခဲ့ပြီး အဝေးမှာ ရောက်နေတဲ့ သားဖြစ်သူ အတွက် ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းနေခဲ့တယ် ။ လပေါင်းများစွာကြာတဲ့အခါ သူဟာ သားဖြစ်သူ ရဲ့သတင်းကို မကြားရတော့ပဲ အဆက်အသွယ်ပြတ်သွားပါတော့တယ် ။ ဒါကြောင့် သားဖြစ် သူ ဘေးအန္တရာယ်ကင်းစွာပြန်လာနိုင်ဖို့အတွက်ဆုတောင်းနေခဲ့တယ် ။

ညနေခင်းတစ်ခုမှာတော့ အိမ်တံခါးကို လာခေါက်သံကြားလိုက်ရတယ် ။ ဒါကြောင့် အမျိုးသမီးက တံခါးကို ဖွင့်လိုက်တဲ့အခါ အရမ်းကို အံ့သြသွားခဲ့ရတယ် ။ သူဟာ သူ့သားကို တံခါးဝမှာ တွေ့လိုက်ရလို့ပဲဖြစ်ပါတယ် ။ သားဖြစ်သူဟာ အရွယ်ရောက်လာပြီး ပိန်ချုံးသွားပါတယ် ။ အ၀တ်အစားတွေက စုတ်ပြတ်နေပြီး တွန့်ကြေနေခဲ့တယ် ။ သားဖြစ်သူဟာ ဆာလောင်နေပုံရပြီး အားလည်းနည်းနေနေခဲ့တယ် ။

သားဖြစ်သူက အမျိုးသမီးကိုမြင်တဲ့အခါ ပြောတယ် " အမေ ကျွန်တော်ဒီမှာရောက်နေတာ အရမ်းကို အံ့သြဖို့ကောင်းလှပါတယ် ကျွန်တော် ဒီနေရာရောက်ဖို့ တစ်မိုင်လောက်အလိုမှာ အရမ်းကို ဆာလောင်ပြီး မေ့လဲသွားခဲ့ရတယ် ကျွန်တော် သေမယ်လို့ ကိုယ့်ကိုယ်ကိုတွက်လိုက်တယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ အသက်ကြီးကြီးခါးကုန်းကြီးတစ်ယောက်ရောက်လာခဲ့တယ် ။ ကျွန်တော်သူ့ဆီက အစာအနည်း ငယ်ကျွေးးဖို့ အသနားခံခဲ့တယ် သူက ကျွန်တော့်ကို ကြင်နာစွာနဲ့ ပေါင်မုန့်တစ်လုံးလုံးကျွေးခဲ့တယ်အမေ သူက ကျွန်တော့်အသက်ကိုကယ်လိုက်တာပါပဲ " သူက ဆက်ပြောတယ် " ကျွန်တော်နေ့တိုင်း ဒီကိုမလာခင်စားနေရတာတွေခါးကုန်းကြီးရဲ့စေတနာတွေပါပဲ "

အဲဒီစကားကြားတဲ့အခါ အမျိုးသမီးရဲ့မျက်နှာဟာ ပန်းရောင်ပြောင်းပြီးနီရဲသွားတယ် ။ သူ အမှားအကြီးကြီး လုပ်မိမလို့ လက်တစ်ကမ်းပဲ လိုတော့တယ်မဟုတ်လား ။ ခါးကုန်းကြီးရဲ့စကားကိုအမြင်ကပ်လို့ တစ်မနက် မှာပေါင်မုန့်ထဲအဆိပ်တွေ ခပ်ဖို့ ကြံစည်ခဲ့ဖူးတယ် ။ နောက်မှ အမြင်မှန်ရပြီးပေါင်မုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ခြင်းဟာ အခုတော့ သူ့ရဲ့ချစ်လှစွာသောသားဖြစ်သူရဲ့အသက်ကိုကယ်တင်လိုက်နိုင်ခြင်းဖြစ်တယ်လို့ အံ့သြတုန်လှုပ်စွာတွေးနေမိတယ် ။ အဲဒီနောက်မှာ အမျိုးသမီးဟာ ခါးကုန်းကြီးပြော တဲ့စကားအနက်အဓိပ္ပါယ်ကိုနားလည်လာခဲ့တယ်

" သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ "

------------------------------------------------

သိပ်မှန်တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ ။ လူတွေဟာ သူတပါးကို မကောင်းကြံစည်ကြမယ် ကုန်းချောကြမယ် တိုက်ခိုက်ကြမယ် အနိုင်ယူကြမယ် စတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ပူကျွမ်းလောင်မြိုက်နေလေ့ရှိကြတယ် ။ တကယ်တော့ ကိုယ်သွားလေရာကိုယ့်အရိပ်ကလိုက်ပါနေသလို ကိုယ်လုပ်နေသမျှ အလုပ်တွေရဲ့ အကျိုးအပစ်တွေကို တာဝန်ယူ ရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ် ။ သင်သာ သူတပါးကိုမကောင်းကြံစည်ရင် အဲဒီ ဒဏ်ကို သင် ဟာ မလွဲမသေ ပြန်ခံစားရမှာပါပဲ ။ ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်း ကိုယ်ချင်းစာတရားလက်ကိုင်ထားလို့ စာနာနားလည်ခွင့်လွှတ်နိုင်ကြရင် လူသားအချင်းချင်း မနာလို မုန်းတီး စိတ်တွေမထားကြဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဟာ သာယာချမ်းမြေ့နေမှာ အမှန်ပါပဲ ။

သက်တန့်ချို

[The Woman and the Bread] အားခံစားဘာသာပြန်သည် ။