admin posted: " ကာတွန်းကူမိုးကြိုး - Burmese Hurt Locker ဒီဇင်ဘာ ၁၈၊ ၂၀၁၂"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:36437] Fwd: [လူဗိုလ်ဟူသည် ...] ABSDF ဒု ဥက္ကဌ ရဲဘော်မျိုးဝင်းနှင့် Living Color တွေ့ဆုံမေးမြန်းခန်း
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/17
Subject: [လူဗိုလ်ဟူသည် ...] ABSDF ဒု ဥက္ကဌ ရဲဘော်မျိုးဝင်းနှင့် Living Color တွေ့ဆုံမေးမြန်းခန်း
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/18/2012 01:31:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/17
Subject: [လူဗိုလ်ဟူသည် ...] ABSDF ဒု ဥက္ကဌ ရဲဘော်မျိုးဝင်းနှင့် Living Color တွေ့ဆုံမေးမြန်းခန်း
To: lubo601@gmail.com
by Nyo Htet on Monday, December 17, 2012 at 9:15am ·
"ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ လူထုရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ နှစ်ဘက်စလုံးက လူထုပါဝင်မှုအတွက် လမ်းဖွင့်ပေးဖို့လိုတယ်" ဆိုသည့် မြန်မာနိင်ငံလုံးဆိုင်ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ပြည်တွင်းငြိမ်းချမ်းရေး၊လူမျိုးကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ရေးတို့နှင့် ပတ်သက်ပြီး ဒုတိယဥက္ကဌ ကိုမျိုးဝင်းနှင့်တွေ့ဆုံမေးမြန်ထားသည်များ ကို စုစည်ဖော်ပြလိုက်ပါသည်။
Living Colors ။ ။ UNFC က ပြောတဲ့ ငြိမ်းချမ်းရေး ပုံစံ ၆ ချက် နဲ့ အစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး Road Map က နှစ်ချက်လောက်လွဲနေတယ်၊ အဲ့ဒါကို ဘယ်လိုညှိနို်င်းလို့ ရမယ်ထင်လဲ၊ အဲ့ဒီပေါ် မှာ ဘယ်လို သုံးသပ်ပါသလဲ။
UMW ။ ။ ဘက်နှစ်ဖက် ဆွေးနွေးမှုတိုင်းမှာတော့ ရပ်တည်ချက်နဲ့ အမြင်မတူနိုင်တာတွေ ရှိနိုင်ပါတယ်။ ကွဲလွဲ တာက ပြသနာမရှိဘူး၊ အရေးအကြီးဆုံးက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာလိုစိတ် ရှိဖို့ဘဲ။ ကြိုတင် သတ်မှတ်ထားချက်တွေကြောင့် တွေ့ဆုံဆွေးနွေးပွဲကို အကန့်အသတ် မဖြစ်စေသင့်ဘူး။
ဒီနေ့ကာလ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တောင်းဆိုတင်ပြနေတာက နိုင်ငံ ရေးအရ တန်းတူရည်တူ ဆွေးနွေးရေးဖြစ်တယ်။ ဒီနေရာမှာ အဓိက အဖြေရှာရမှာက ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အရင်းခံအကြောင်းတရားဘဲ ဖြစ်တယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံး တောင်းဆိုတိုက်ပွဲဝင်နေတာက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအ တွက်ဘဲ။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်မပြုဘဲ၊ နိုင်ငံရေးပါတီများ ထူထောင်ပြီး ရွေးကောက်ပွဲဝင်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်ခံပါ၊ လွှတ်တော်အ တွင်းမှာ အများဆန္ဒနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပါလို့ဘဲ အစိုးရဘက်က တဖက် သတ် တောင်းဆိုနေမယ်ဆိုရင်တော့ ဆွေးနွေးပွဲက အဆင်ပြေမှာမဟုတ်ဘူး။ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖေါ်ဆောင်နိုင်မဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ် တော်ပ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေကို အခိုင်အမာ ချမှတ်နိုင်ဖို့လိုမယ်။
အရေးကြီးဆုံးက ဒီနေ့ကာလ တိုင်းပြည်မှာ တည်ရှိနေတဲ့ နိုင်ငံရေးပြသနာအားလုံးကို တဦး ကောင်း၊ တဖွဲ့ကောင်းနဲ့ ဖြေရှင်းလို့မရဘူး။ အားလုံးလက်တွဲ ဖြေရှင်းသွားဖို့လိုမယ်။ ဒါကြောင့် အား လုံးပါဝင်နိုင်မဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲလိုတယ်။ ဒီဆွေးနွေးပွဲကနေ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပြင်ဆင်ရေးဆွဲရေးအပါအ၀င် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို ချ မှတ်သွားဖို့လိုမယ်။ ဒါမှသာလျှင် မတူညီမှုတွေ၊ ကွဲလွဲချက်တွေကို ကျော်လွှားနိုင်လိမ့်မယ်။
Living Color။ ။တိုင်းရင်းသားတွေက ဖက်ဒရယ် ပြည်ထောင်စုပုံစံ သွားချင်တယ် ၊ အစိုးရက ပြည်ထောင်စု ပြို ကွဲမယ်လို့ ထင်နေတာတွေ ရှိသေးတယ်၊ အဲ့ဒီပေါ် ဘယ်လိုအဖြရှာလို့ ရမယ်ထင်လဲ၊
UMW ။ ။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ဘူးဆိုတာကို လက်ခံ နားလည်ဖို့ လိုမယ်။ အဲဒါက ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့အကြောင်း ပြချက်ဘဲ ဖြစ်တယ်။ ပြည်ထောင်စုကြီး မပြိုကွဲရအောင် စစ်အုပ်စုက တာဝန်ယူလိုက်ရပါတယ် ဆိုတဲ့ ၀ါဒဖြန့်ချီမှုရဲ့ သက်ရောက်မှုဘဲလို့ မြင်တယ်။
ဒီနေ့ကာလ ကမ္ဘာကြီးမှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဘက်စုံ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေ အများကြီးရှိပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဂျာမဏီ၊ အိန္ဒိယ စတဲ့ ခိုင်မာအားကောင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေရှိတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ ယူဂိုစလား ဗီးယား ပြည်ထောင်စုတို့ ပြိုကွဲသွားခဲ့ရတာတွေက ဖက်ဒရယ်မူကြောင့် မဟုတ်ဘဲ အခြား နိုင်ငံရေး ပြသနာများကြောင့်ဆိုတာကိုတော့ လေ့လာတွေ့ရှိနိုင်မှာဖြစ်တယ်။
ကမ္ဘာကြီးမှာ အောင်မြင်တိုးတက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး အားသာ ချက်၊ အားနည်းချက်တွေကို ကျနော်တို့လေ့လာဖို့လိုမယ်။ ပုံတူကူးချဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ကျ နော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်မဲ့၊ မိမိတိုင်းပြည်ရဲ့ အခြေအနေနဲ့ ကိုက်ညီမဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမှု ပုံသဏ္ဍန်ကို အင်အားစုအားလုံး တိုင်ပင်ဆွေးနွေးပြီး ချမှတ်သွား ဖို့လိုမယ်။
Living Color။ ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အဓိက လိုအပ်ချက်က ဘာလို့ထင်လဲ။
UMW ။ ။ပထမ အရေးကြီးတဲ့အချက်က ပြည်ထောင်စု ဖွဲ့စည်းမှုပုံသဏ္ဍန်ဘဲ။ ဒီကနေ့ ဖက်ဒရယ်ပြည်ထောင် စု ဖွဲ့စည်းမှု ပုံသဏ္ဍန် နှစ်မျိုးရှိတာကို တွေ့ရှိနိုင်မှာဖြစ်တယ်။ လူမျိုးကိုအခြေခံပြီး ဖွဲ့စည်းတာနဲ့ ပထ၀ီဒေသကို အခြေခံဖွဲ့စည်းတာဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုဆိုရင် နယ်မြေကျယ်ဝန်းတဲ့အတွက် ပထ၀ီဒေသကို အခြေခံပြီး ဖွဲ့စည်း ထားတဲ့ ပြည်ထောင်စု ဖြစ်တယ်။ အိန္ဒိယဆိုရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တာ ဖြစ်တဲ့အတွက် လူမျိုးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်တယ်။
ကျနော်တို့ရဲ့ ပြည်ထောင်စုဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တာဖြစ်တဲ့အတွက် လူမျိုးကို အခြေခံတဲ့ ပြည်နယ်များဖွဲ့စည်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့လိုမယ်။ ဒီနေ့ကာလမှာ (၈) ပြည်နယ်မူ၊ (၁၄) ပြည်နယ်မူတို့ကို တင်ပြနေကြတာတွေ့ရှိရတယ်။ ကျနော့် အမြင်အရတော့ ပြည်ထောင်စုကို အမျိုးသားပြည်နယ်နဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ ဒေသများမှာတော့ အမျိုးသားများ(များ)ပြည်နယ်များနဲ့ ဖွဲ့စည်းဖို့လိုမယ်။ ဗမာကလည်း ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ကရင်နီတို့လို တိုင်းရင်းသား လူမျိုးတမျိုးဖြစ်တဲ့အတွက် ပြည်နယ်တခု အနေနဲ့ ဖွဲ့စည်းဖို့လိုမယ်။ ပြည်နယ်ရထိုက်တဲ့ လူမျိုးတစ်မျိုးအတွက် ပြည်နယ် တစ်ခုသာ ရှိရမယ်။ ပြည်ထောင်စုအဖွဲ့ဝင် အဆင့်ဆင့် သတ်မှတ်တာကိုတော့ ပင်လုံကဲ့သို့သော အင်အားစုအားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကနေ သတ်မှတ်ပေးရလိမ့်မယ်။
ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဒုတိယ အရေးကြီးတဲ့အချက်က ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့အကြား အာဏာခွဲဝေရေးဘဲ။ အာဏာခွဲဝေမှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရရဲ့ အာဏာများကို ကန့် သတ်ထားပြီးတော့ ကျန်အာဏာများကို ပြည်နယ်အစိုးရများ ကျင့်သုံးပိုင်ခွင့်ရှိတဲ့ အာဏာ ခွဲဝေ ရေးစနစ်ကို ကျင့်သုံးဖို့လိုမယ်။ လိုအပ်ချက်အရ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတို့ ပူးတွဲ ကျင့်သုံးပိုင်ခွင့်ရှိတဲ့ အာဏာများကိုလည်း သတ်မှတ်သွားဖို့လိုမယ်။ ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်ဟာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့အညီ ဖြစ်ဖို့လို မယ်။
ဖက်ဒရယ်ပြည်ထောင်စုရဲ့ တတိယ အရေးကြီးတဲ့အချက်က အမျိုးသားတန်းတူရေးကို ဖေါ်ဆောင် နိုင်မဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းမှုဖြစ်တယ်။ လူမျိုးစုကိုအခြေခံတဲ့ ပြည်နယ်အသီးသီးက တူညီသောကိုယ်စားလှယ်ဦးရေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားလွှတ်တော်ရှိမယ်။ လူဦးရေကို အခြေခံ တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းတဲ့ ပြည်သူ့လွှတ်တော် ရှိမယ်။ လွှတ်တော်နှစ်ရပ်စလုံးကိုလည်း တန်းတူတဲ့ ဥပဒေပြုခွင့်အာဏာများကို အပ်နှင်းထားဖို့လိုမယ်။ အဲဒီ လွှတ်တော် နှစ်ရပ်ပေါင်းပြီး တော့ ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းရမယ်။
Living Color။ ။ဒီဇင်ဘာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးနဲ့ အပြစ်ခတ်ရပ်ဆဲပြီး၊ အား လုံး ပါဝင်နိုင်မယ့် ငြိမ်းချမ်းရေး စကားဝိုင်းတစ်ခု ပြုလုပ်မယ်လို့ အစိုးရက အချို့ ဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူထားတယ်။ အဲ့ဒါက ဒီဇင်ဘာလမှာ ဖြစ်နိုင်မယ်လို့ထင် လား၊ အဲ့ဒါ လုပ်နိုင်ဖို့ အဓိက လိုအပ်ချက်က ဘာဖြစ်မလဲ။
UMW ။ ။ လက်တွေ့ဖြစ်မဖြစ်က အချိန်က ဆုံးဖြတ်သွားမှာဘဲ။ လက်ရှိအခြေအနေအရ တချို့သော အဖွဲ့အ စည်းတွေနဲ့ အပစ်အခတ်ရဲစဲရေး မပြုလုပ်နိုင်သေးတာကိုလည်း ပကတိ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ အဲဒါကို လက်တွေ့ ဖေါ်ဆောင်လိုတဲ့ဆန္ဒ အစစ်အမှန်ရှိတယ်ဆိုရင် မခက်ပါ ဘူး။ ဒီနေ့ကာလ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲသွားဖို့ တတိုင်း ပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရှိနဲ့ ကြေညာပြီး နိုင်ငံရေးအရ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး အကောင်အ ထည်ဖေါ်ရုံဘဲ။
Living Color။ ။ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်ဖို့ အဓိက လိုအပ်ချက်က ဘာလို့ထင်ပါသလဲ။
UMW ။ ။ KIO/ KIA နဲ့ စစ်အစိုးရတို့အကြား ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်လာခဲ့ပြီးမှ စစ်ရေး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်တယ်။ ၁၇ နှစ်တာကာလအတွင်း နိုင်ငံရေးပြသနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ KIO/ KIA ဘက်က နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ခဲ့တာကို တွေ့ရှိနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ ရလာဒ်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ အတင်းအကြပ် ဖိအားပေးခံခဲ့ရတာဘဲ။
သူတို့ရဲ့ အတွေ့အကြုံ၊ သင်ခန်းစာများအရ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုဘဲ အလေးထား တောင်းဆိုနေတာကလည်း တရားမျှတတယ်လို့မြင်တယ်။ အခုနောက်ဆုံး ရွှေလီဆွေးနွေးပွဲကနေ နှစ်ဘက် သဘောတူထားအတိုင်း ကြိုတင် သတ်မှတ်မှုမရှိတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ကောင်အထည်ဖေါ်နိုင်မယ်၊ နိုင်ငံရေးပြသနာတွေကို ဆွေးနွေး အဖြေရှာနိုင်မယ်ဆိုယင် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက အလိုလို ရပ်သွားလိမ့်မယ်လို့ ယုံကြည်တယ်။
Living Color။ ။ ငြိမ်းချမ်းရေးက အစိုးရနဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေပဲ ဆွေးနွေးနေတာ မဟုတ်ပဲ ပြည် သူလူထုဆီ ရောက်ဖို့တွက် လိုအပ်ချက်က ဘာဖြစ်မယ်ထင်လဲ။
UMW ။ ။ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ လူထုရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ နှစ်ဘက်စလုံးက လူထုပါဝင်မှုအတွက် လမ်းဖွင့်ပေးဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအနေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လူထုသဘောထားတွေကို ရရှိဖို့ သက်ဆိုင်ရာ ဒေသအသီးသီးမှာ နည်းလမ်းပေါင်းစုံနဲ့ စနစ်တကျ အကောင်အထည်ဖေါ် နေတာကို တွေ့ရတဲ့အတွက် အားရပါတယ်။ ငြိမ်းချမ်းရေးဟာ လူထုအတွက် အကျိုးရှိစေမဲ့ ငြိမ်း ချမ်းရေးဖြစ်ဖို့လည်း လိုပါတယ်။
တွေ့ဆုံဆွေးနွေးမှုကတော့ နှစ်ဘက် ဆွေးနွေးမှုကနေ လူထုပါဝင်ခွင့် ရှိလာတဲ့အထိ အဆင့်လိုက် ဖေါ်ဆောင်သွားဖို့ လိုပါလိမ့်မယ်။့
Living Color။ ။ထာဝရ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုပုံစံမျိုး သွားသင့်တယ် ထင်ပါသလဲ။
UMW ။ ။ အပစ်အခတ် ရပ်စဲရုံနဲ့တော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ သဘော ထားကို အစကတည်းက တင်ပြထားပြီးသားဖြစ်တယ်။
ထားဝရ ငြိမ်းချမ်းရေးရဖို့အတွက်က
- ဒီနေ့ကာလဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး ရပ်စဲသွားဖို့အတွက် လက်ရှိ အစိုးရအနေနဲ့ တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရှိဖြင့် ဆောင်ရွက်ဖို့လိုမယ်။
- တရားမျှတမှု၊ တန်းတူရည်တူမှုရှိနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့်တို့ကို ဂုဏ်သိက္ခာရှိစွာ ရှာဖွေ ဖေါ်ထုတ်နိုင်မဲ့ နိုင်ငံရေး အင်အားစုအားလုံး ကိုယ်စားပြုပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ အမြန် ဆုံး ဖေါ်ဆောင်ဖို့လိုမယ်။
- အင်အားစုအားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကနေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပြင်ဆင်ရေးဆွဲရေး အပါအ၀င် အသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေးတို့အတွက် ကြိုးစား ဆောင်ရွက်ကြရမယ်လို့ အလေးအနက်ယုံကြည်တယ်။
ဒါမှသာ ရေရှည်တည်တံ့ခိုင်မြဲမဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ဖေါ်ဆောင် နိုင်မှာဖြစ်တယ်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/18/2012 01:31:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36436] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာပြည်၏ မသိချင်ယောင်ဆောင်ထားသော လူကုန်ကူးမှုများ ပပျောက်ရန်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/17
Subject: [လူဗိုလ်ဟူသည် ...] မြန်မာပြည်၏ မသိချင်ယောင်ဆောင်ထားသော လူကုန်ကူးမှုများ ပပျောက်ရန်
To: lubo601@gmail.com
လူကုန်ကူးမှု (Human Trafficking) ဆိုတဲ့ အဓိပ္ပါယ်ကို အားလုံး အကြမ်းဖျင်း နားလည် ထားပြီး ဖြစ်မှာ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/18/2012 01:26:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/17
Subject: [လူဗိုလ်ဟူသည် ...] မြန်မာပြည်၏ မသိချင်ယောင်ဆောင်ထားသော လူကုန်ကူးမှုများ ပပျောက်ရန်
To: lubo601@gmail.com
Cloud Cuckoo Land shared Work.com.mm's photo.
လူကုန်ကူးမှု (Human Trafficking) ဆိုတဲ့ အဓိပ္ပါယ်ကို အားလုံး အကြမ်းဖျင်း နားလည် ထားပြီး ဖြစ်မှာ
ဖြစ်ပါတယ်။ ယင်းအကြမ်းဖျင်း အဓိပ္ပါယ်ကတော့ လူကို ကုန်စည်ကဲ့သို့ ကူးသန်းရောင်းဝယ်ခြင်း ဖြစ်ပါ တယ်။ အမှန်တော့ ဒီထက်မကတဲ့ အဓိပ္ပါယ်တွေ ရှိနေပါတယ်။
ဒီတော့ အားလုံး သိကြတဲ့အတိုင်း နယ်စယ်မှာ ရောင်းစားမယ်၊ ပြည်ပကို လူရောင်းစားမယ်။ ဒါကတော့ သိသိသာသာကြီးကို ထင်ရှားနေတဲ့ လူကုန်ကူးမှု ဖြစ်ပါတယ်။ မသိမသာ လူကုန်ကူးမှု တစ်ခု ရှိပါသေးတယ်။ ဒါကတော့ နိုင်ငံခြားမှာ အလုပ်ရမယ်။ နေရာကောင်းကောင်းမှာ အလုပ်ရမယ်ဆိုတဲ့ မြှူဆွယ်မှုနဲ့ အလုပ်ခေါ်ပြီး တကယ်လုပ်ရတာနဲ့ ကျတော့ တစ်လွဲတွေ ဖြစ်သွားရှာပါတယ်။ ဒါကလည်း လူကုန်ကူးခြင်းဆိုတဲ့ ခေါင်းစဉ် အောက်ထဲကို ရောက်သွားပါတယ်။ နောက်ထပ် လုံးဝကို မသိသာတဲ့ လူကုန်ကူးမှု တစ်ခုရှိပါသေးတယ်။ ဒါကို လူတော်တော်များများ လုပ်နေ ပါတယ်။ မြန်မာပြည်မှာတင် တော်တော်များများကို လုပ်နေပါတယ်။ ဒါက ဒီလို ရှိပါတယ်။
လူတိုင်း လူကုန်ကူးမှု ပြုလုပ်နေကြသည်
စာဖတ်သူ အိမ်မှာ အလုပ်သမား ရှိပါသလား။ ဘယ်အရွယ်လဲ။ ဘာတွေ လုပ်ခိုင်းသလဲ။
၁။ အသက် ၁၈ နှစ်ထက် ငယ်မယ်။
၂။ ထိုက်တန်သော လစာ မပေးဘူး။
၃။ မတော်မတရား ခိုင်းစေမယ်။
အထက်ပါသုံးချက်နဲ့ ညှိတဲ့ အလုပ်သမား တစ်ဦး ဖြစ်ဖြစ် ကိုယ့်ဆီမှာ ရှိနေမယ်ဆိုရင် ဒါဟာ စာဖတ်သူလည်း လူကုန်ကူးမှု ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ မရှင်းသေးရင် ထပ်ရှင်းပြပါမယ်။
စာရေးသူနဲ့ ခင်မင်တဲ့ မိတ်ဆွေ တို့ မိသားစုက စကားဆိုလာပါတယ်။ "သားရယ် သားတို့ နယ်ဘက်က တိုင်းရင်းသား ကလေးလေး တစ်ယောက်လောက် လိုချင်တယ်။ အန်တီ့အမေက လေဖြတ်နေတော့ ပြုစုမယ့်သူ မရှိဘူ။ အဲဒါ ကလေးတစ်ယောက်လောက် ရှိမှာ အဆင်ပြေမှာမို့။ အရင်က လုပ်နေတဲ့ ကလေးမက ရွာပြန်သွားရှာပြီ။ အမေ့ခမျာ ပြုစုမယ့်သူ မရှိဘူး ဖြစ်နေတယ်။ လစလွာလည်းပေးမယ်။ အိမ်အလုပ်လည်း သိပ်မခိုင်းပါဘူး။"
အထက်ပါ မေးခွန်းနဲ့ ကလေးတစ်ယောက် ရှာခိုင်းပါတယ်။ စာရေးသူက ကလေးဘက်ကနေ ဝင်တွေး ပေးကြည့် ပါတယ်။ အလုပ်ရမယ့် ကလေး ခမျာတော့ အလုပ်သာလုပ်ပေးရမယ်။ လေဖြတ်တဲ့ အမေအိုနဲ့ သူ့ မိသားစုဝင်တွေ ဝိုင်းအဟိန်းအဟောက်ခံနဲ့ သူ့ဘဝ ခမျာ နေ့တိုင်း အပိုးကျိုးနေအောင် အခိုင်းခံရမှာ ဖြစ်ပါတယ်။ အဆူအဆဲက ခံပါများရင် သူ့အတွက် ဘာမှ မဟုတ်တော့ဘူးဆိုပေမယ့် သူ့ဘဝ ရှေ့ ရေးကတော့ အမြဲ အစေခံဘဝနဲ့ ဇာတ်သိမ်းရမယ့် သဘော ရှိပါတယ်။ ဒါဆိုရင် ယင်းကလေးမတော့ ကျွန်စစ်စစ် ဖြစ်သွား ရရှာပြီ ဖြစ်ပါတယ်။ ဒီအပေါ် စာဖတ်သူ ဘယ်လိုမြင်ပါသလဲ။ အကယ်၍ စာဖတ်သူဆီမှာ နေမကောင်းတဲ့ အမေအို ရှိမယ်၊ ပိုက်ဆံကလည်း ရှိမယ်။ ကိုယ်ကလည်း မအားဘူးဆိုရင် ဒီလို အလားတူ ကလေးတစ်ယောက် ခေါ်ဖို့တော့ စိတ်ကူးမိအုံးမှာပဲ ဖြစ်ပါတယ်။
အားလုံးလည်း သိတဲ့အတိုင်း မြန်မာပြည်မှာ လူတန်းစားခွဲကြည့်တဲ့အခါ ငွေကြေးအရကြည့်ရင် ကွာဟမှု ရှိသလို၊ ပညာရေးအရလူတန်းစား ခွဲရင် လည်း အများကြီး ကွာဟ နေပါတယ်။ ဒီတော့ ရှင်းရှင်းသာ ပြောရရင်၊ အားမနာတမ်း ပြောရရင် ငွေမရှိ၊ ပညာမတတ်တဲ့ သူတွေက ငွေရှိ၊ လူချမ်း သာတွေဆီမှာ အခိုင်းအစေ ဖြစ်ရပါတယ်။ ယင်းအခိုင်းအစေ ဖြစ်မှုမှာ အထက်ပါ ဖော်ပြချက်အတိုင်း သုံးချက်ပါနေရင်တော့ စာဖတ်သူဟာ လူကုန်ကူးမှု ပြလုပ်နေခြင်းမှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။ ဒီတော့ လူကုန်ကူးမှု လုံးဝ ရပ်လို့ ပါးစပ်က ကြွေးကြော် နေပေမယ့် အိမ်မှာ အစေခံ ရှိနေရင် သင်ဟာလည်း လူကုန်ကူးခြင်း လုပ်ရပ် လုပ်ကိုင်နေသူ စာရင်းထဲ ပါဝင်သွားပါတယ်။ စာဖတ်သူ လက်ခံပါသလား။
မသက်သာလို့ ကျွန်ထားရတာဟု ဆိုသော်လည်း
"ဒါဆို နင်ဘာလုပ်ပါလား။ ငါတို့ ဒီလောက်ငွေကြေး တတ်နိုင်လို့၊ ဒီကလေး ကို၊ ဒီမိန်းကလေးကို၊ ဒီကောင်လေးကို အိမ်မှာ အလုပ် လုပ်ဖို့ခေါ်တယ်။ သူကလည်း သဘောတူလို့ လာလုပ်တယ်၊ ဒီမှာ ဘာမှားတာ ရှိလဲ" ဒီလိုမေးခွန်းတွေထပ်လာရော ဘယ်သူမှ မဖြေနိုင်တော့ပါဘူး။ ဒီတော့ ခေတ်သစ်ကျွန်စနစ် ခေါ်လူကုန်ကူးမှုဆိုတာ နယ်စပ်တွေမှာ၊ ပြည်တွင်းပြည်ပ အချိတ်အဆက်တွေမှာ ပပျောက်သွားပေမယ့် မြန်မာပြည်က မြို့ ကြီးပြကြီးတွေ၊ နေရာနေရာတွေ ခေတ်သစ်ကျွန်စနစ်ကို အားလုံးက လက်ခံ ကျင့်သုံး နေကြပြန်ပါတယ်။ ဒါကို ဘယ်လို ဖြေရှင်းပေး မလဲ……။
စာရေးသူ အရင်က ရေးခဲ့ဖူးတဲ့ ဆောင်းပါးထဲကလိုပဲ ပညာသင်ပေးခြင်းက လက်တလော ကာလအတွက်ကတော့ အကောင်းဆုံး အဖြေပဲ ဖြစ်ပါတယ်။ ပညာဆိုလို့ ကျောင်းတက်နေမှ ပညာကို ဆိုလိုခြင်း မဟုတ်ပါ။ တစ်ချိန်မှာ သူ့အတွက် ဘဝအာမခံချက်ရှိတဲ့ ပညာရပ် တစ်ခုကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ- အဝတ်ချုပ်၊ စာရင်းကိုင်၊ ဘာသာရေး စာပေ အစရှိသဖြင့် ဘဝ အာမခံချက်ရှိတဲ့၊ တစ်ချိန်ကိုယ့်ဆီမှာ အလုပ်မလုပ်တော့ဘူး ဆိုတဲ့ အချိန် သူ့အတွက် ဘဝရပ်တည်နိုင်မယ့် ပညာတစ်ခုခုကို ကိုယ်က သင်ပေးရ မှာဖြစ်ပါတယ်။
ပရဟိတ လုပ်တာ မဟုတ်သော်လည်း
"အလုပ်သမားခေါ်တာ။ ပရဟိတ လုပ်ဖို့ မဟုတ်ဘူး။ ပညာဒါန လုပ်ဖို့ မဟုတ်ဘူး" လို့ စာဖတ်သူ အချို့  ကွန်းပလိန့် တက်ချင်ပါလိမ့်မယ်။ ဒါဆို ထိုကဲ့သို့ မေးခွန်းထုတ်သူကို ပြန်မေးချင်ပါတယ်။
"ပညာမတတ်တဲ့ သူတွေကို သက်ဆိုးရှည်စေမှာလား၊ ကျွန်မွေးမှာလား"
တိုက်ရိုက်မဟုတ်ရင်တောင် အခြားနည်းလမ်းနဲ့ ကိုယ့်အပေါ်ရော တိုင်းပြည်ပေါ်ကိုပါ ထိခိုက် နစ်နာ စေမှု များစွာ ရှိပါတယ်။
၁။ ပညာမတတ် အစေခံထားရှိခြင်းဖြစ် ပညာမတတ် မိသားစု ရပ်ဝန်းကျယ်ပြန့်လာပါမယ်။
၂။ ယင်းပညာမတတ် ရပ်ဝန်း ကျယ်ပြန့်လာသည်နှင့်အမျှ တိုင်းပြည်ရော ကိုယ့် ပတ်ဝန်းကျင်ကိုပါ ထိခိုက် ဆုံးရှုံး နစ်နာစေမှုပေါင်း မြောက်များစွာ ရှိပါတယ်။ (စာရေးသူ ပြောနေစရာတောင် မလိုပါဘူး။ စာမတတ် လူတွေ မြန်မာပြည်မှာ များလာရင် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ လူတိုင်းသိပြီး ဖြစ်ပါတယ်)
ဒီတော့ ကျွန်ပြုတယ်ဆိုတာ အသက်အရွယ် မရွေးပါလား။ ကလေး၊ လူငယ်၊ လူကြီး အားလုံး မရွေးပဲ အားလုံးကို ပညာမတတ်သက်ဆိုးရှည်စေပြီး အလုပ်ပေးထားရင်တော့ ဒါဟာ ခေတ်သစ် လူကုန်ကူးမှု၊ ကျွန်ပြုမှု တစ်ခုပဲ ဖြစ်ပါယ်။ ဒီအတွက် ကိုယ့်ဆီမှာ ကျွန်ဖြစ်နေရသူတွေကို ဘဝအတတ်ပညာ သင်ပေးဖို့ အများကြီး ရင်းနှီးစရာ မလိုပါ။ အစေခံ တစ်ယောက်လုံး ခေါ်ထားပြီးမှ သူ့ဘဝ အာမခံချက် ရအောင် ဖန်တီးပေးဖို့ဆိုတာ ဘာမှ မခက်ခဲပါဘူး။ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ ကူညီပေးရုံ ဖြစ်ပါတယ်။
ကျွန်မရှိစေရ
ဒီတော့ အားလုံး ပညာတတ်လာမယ်။ ပညာတတ်လာတော့ ဥာဏ်ရည် ပိုင်းဆိုင်ရာ ခြားနားချက် နည်းလာပြီး ဘယ်အလုပ်မဆို သူ့အရာနဲ့သူ ဂုဏ်ဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။ ဒီတော့ အိမ်အစေဆိုတာလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲကလိုပဲ အဆင့်အတန်း တစ်ခုရှိပြီး စားသောက်ဆိုင် စားပွဲထိုးဆိုတာ ကျောင်းသားတွေ အတွက် အပိုဝင်ငွေ ရှာစရာ နေရာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကလေးတွေ မလိုတော့ပါဘူး။
၁။ ကလေးဆိုတာ အလုပ်ခိုင်းဖို့ မဟုတ်ပါဘူး။
၂။ ကလေးဆိုတာ ပညာသင်ကြားပေးဖို့ ဖြစ်ပါတယ်။
၃။ ကလေးဆိုတာ အနာဂတ်မှာ နိုင်ငံ့ တာဝန် လွဲပြောင်းယူမယ့် သူများ ဖြစ်ပါတယ်။
၎။ ပလပ်စတစ် ကောက်သော၊ တောင်းရမ်းစားသောက်သော၊ အစေခံလုပ်သော ကလေးများ မရှိစေရ။
အထက်ပါ လေးချက်အတိုင်း ရည်မှန်းချက် ပြည့်မှီအောင် အားလုံး ပူးပေါင်း လုပ်ဆောင်နိုင်ပါတယ်။ ကလေးတစ်ယောက် ကယ်လိုက်နိုင်တာလည်း။ ပညာသင်ပေးလိုက်နိုင်တာကလည်း ခေတ်သစ်လူကုန်ကူးမှု တိုက်ဖျက်ရေး မှာ ကိုယ့်က တစ်တက်တစ်အားနဲ့ ပါဝင်ပေးလိုက်တာ ဖြစ်ပါတယ်။
ကလေးချည်းပြောလို့ ကလေးတွေကိုပဲ လူကုန်ကူးမှုမှာ ပါဝင်တယ်လို့ မဆိုလို။ အသက်မရွယ်မရွေး အစေခံ ဖြစ်နေရသော၊ ပညာမတတ် သေးသော၊ မတော်မတရား အခိုင်းစေ ခံနေရသော အမျိုးသား၊ အမျိးသမီး လူငယ်၊ လူကြီး မရွေး အားလုံးကို ပညာတတ်စရန် ပထမဦးဆုံး ကြိုးစား ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ အားလုံး တန်းတူ ပညာ တတ်ပြီဆိုရင် အလုပ် အကိုင် အခွင့်အလှမ်းဆိုတာ ပြည်တွင်းမှာ ဘယ်နေရာ ရှာရှာရနိုင်မှာ ဖြစ်ပါ တယ်။
လူကုန်ကူးမှု တိုက်ဖျက်ရန် အားလုံတွင် တာဝန်ရှိသည်
ဒီတော့ ခေတ်သစ်လူကုန်ကူးမှု ခေါ် ခေတ်သစ်ကျွန်ပြု စနစ်ပပျောက်ဖို့ ဆိုတာ အစိုးရချည်းကို ပဲ အပြစ်တင်တာဝန် ပေးနေလို့ မရပါ။ အလုပ် အကိုင်အခွင့်အလှမ်းတွေ ဖန်တီးပေးနေသော်လည်း ပညာ တတ်သူ မရှိရင် အလကားပါပဲ။ ဒီတော့ အားလုံး ထွက်လာတဲ့ စကားက မြန်မာပြည်မှာ လစာနည်းတယ်။ အလုပ်ရှားတယ်။ မတရားဘူး၊ ခေါင်းပုံဖျက်တယ် အစရှိ သဖြင့် အားလုံးပြောဆိုကြပါတယ်။
အားလုံး ပညာတတ်တဲ့ အခြေအနေ တစ်ခုကို ဝိုင်းဝန်းဖန်တီး ပေးနိုင်တဲ့ အခါ အလုပ်အကိုင်ဆိုတာ သူများ ဖန်တီးပေးစရာ မလိုပဲ ကိုယ်တိုင်တောင် ရှာစားတတ်ကြ၊ လုပ်ကိုင်တတ်ကြမှာ ဖြစ်ပါတယ်။ ဒီတော့ လူကုန်ကူးမှု လုံးဝရပ်လို့ ကြွေးကြော်ရင်း မိမိပတ်ဝန်းကျင်က မသိချင်ယောင်ဆောင်ထား သော လူကုန်ကူးမှုကို တိုက်ဖျက်ကာ လှပသော အနာဂတ် များကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
---
အောင်ခမ်း
www.work.com.mm
www.facebook.com/Work.com.mm

[mrsorcerer:36434] Fwd: [လူဗိုလ်ဟူသည် ...] ရန်ကုန်ကိုချစ်လျှင်...
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/16
Subject: [လူဗိုလ်ဟူသည် ...] ရန်ကုန်ကိုချစ်လျှင်...
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/17/2012 11:17:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/16
Subject: [လူဗိုလ်ဟူသည် ...] ရန်ကုန်ကိုချစ်လျှင်...
To: lubo601@gmail.com
by MOPA Designs on Friday, December 14, 2012 at 5:59pm ·
အရှေ့တောင်အာရှ၏ ကြယ်တစ်ပွင့်ဖြစ်ရန် အရှိန်အဟုန်ဖြင့် မြန်မာနိုင်ငံသည် တိုးတက်ရေး
လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုကဲ့သို့အချိန် အခါမျိုး၌ နိုင်ငံရေး၊ စီးပွားရေးတိုးတက် လာမှုများနှင့်အတူ လူနေမှုအဆင့်
အတန်းများကလည်း မလွဲမသွေ တိုးတက်ပြောင်းလဲလာပေလိမ့်မည်။
ခေတ်မီမြို့ပြရုပ်လက္ခဏာများဖြစ် ကြသည့် ခေတ်မီလူနေတိုက်တာ အဆောက်အအုံများ၊
အထပ်မြင့်ရုံး အဆောက်အအုံများ၊ ရှော့ပင်းမောများ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအဆောက်
အအုံများနှင့် ကုန်ထုတ်လုပ်မှု Industrial Park များ စသည်ဖြင့် အဆောက်အအုံအသစ်များ
လှိုင်လှိုင် ပေါများလာရန်မှာ သေချာသလောက် ပင်ဖြစ်၏။
ထို့ကြောင့် စီးပွားရေး အချက် အချာကျသော နေရာများက ရင်းနှီး မြှုပ်နှံလိုသူများအတွက်
မျက်စိကျစရာ ဖြစ်လာပါသည်။
စီးပွားရေးအချက်အချာကျပြီး အစိုးရ ရုံးစိုက်ရာဖြစ်ခဲ့သော ရန်ကုန်မြို့လည်၌ ကိုလိုနီခေတ်၊
လွတ်လပ်ရေးခေတ်ဦးပိုင်း ကာလများက ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဟောင်းများ
က ယခင် ရန်ကုန်မြို့ဟောင်းကြီးရဲ့ ကြီးကျယ် ခမ်းနားခဲ့သည့် အတိတ်ကို ပြသနေဆဲ ဖြစ်ပြီး
ယခုအချိန်မှာတော့ ရင်းနှီးမြှုပ်နှံ သူများ၏ ဘူဒိုဇာအောက် ကျရောက်မည့် ဘေးအန္တရာယ်
ကို ရောက်ရှိနေပြီဖြစ်၏။
ကိုလိုနီခေတ်ကြီးမားခန့်ထည်သော အဆောက်အအုံများကတော့ ရှေး ဟောင်းယဉ်ကျေးမှု
အဆောက်အအုံများအဖြစ် သတ်မှတ်ခံရပြီးပြုပြင်ထိန်း သိမ်းစောင့်ရှောက်မှုခံနေရသော်လည်း
လူနေအိမ်များ၊ တိုက်ခန်းဟောင်းများကတော့ ဆောက်လုပ်ရေး ကန်ထရိုက်တာ အချို့၏
ဖြိုဖျက်ခြင်းခံရမည့် ဘေးနှင့် ကြုံတွေ့နေရသည်။
ကိုလိုနီခေတ်အဆောက်အအုံများ သည် သူ့ခေတ်သူ့အခါကသူ့ စံနှုန်းဖြင့် ကိုက်ညီသော
ဗိသုကာဒီဇိုင်းများဖြင့် ဆောက်လုပ်ခဲ့သည်။ အဆောက်အအုံ အဖွင့်က ကျဉ်းသော်လည်း
အိမ်အတွင်း ပိုင်းက ရှည်လျားသည်။ လိုအပ်သည့် လေကောင်းလေသန့်နှင့်အလင်းရောင်
ရရှိရန်အတွက် အတွင်းမျက်နှာကြက် အမြင့်ကို ခပ်မြင့်မြင့်ဆောက်ထားပြီး မျက်နှာစာကို
ပြတင်းပေါက်များဖြင့် အပြည့်ယူပေးထားသည်။
အဆောက် အအုံတစ်ခုချင်းစကြည့်လျှင်သုံးလွှာ၊ လေးလွှာပင်ဖြစ်သော်ငြားလည်း ယခု ခေတ်
ကန်ထရိုက်တိုက်များနှင့်ယှဉ်လျှင် ၆ လွှာအမြင့်ခန့် ရှိသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တချို့က ယခင် သုံးလွှာသာရှိသည့် အဆောက်အအုံကို ဖြို၍
၅ လွှာ ၆ လွှာခန့် ရှိသည့် တိုက်ခန်းများကို အစားထိုးဆောက် လုပ်လိုက်သည့်အခါမှာ မူလ
တိုက်ခန်းများ၏ မျက်နှာကြက်အမြင့်ထက်များစွာ နိမ့်ပြီး လေ၀င်လေထွက်နှင့် အလင်းရောင်
လုံလုံလောက်လောက် ရရှိ ဖို့ ခဲယဉ်းသွားကြသည်။
ကမ္ဘာပေါ်ရှိထင်ရှားသော မြို့ကြီးတိုင်းတွင် နှစ်ပေါင်းရာချီကြာနေပြီဖြစ် သော ရှေးဟောင်း
လူနေတိုက်တာ အဆောက်အအုံများကို မက်မက် မောမော ခင်တွယ်နေထိုင်နေကြဆဲပင်
ဖြစ်သည်။
Bugis Junction (Photo by DP architect)
လန်ဒန်၊နယူးယော့ခ်၊ ပဲရစ် စသည့် မြို့ကြီးများတွင် နှစ်ပေါင်း သုံးလေးရာခန့်က
ဆောက်လုပ်ထားခဲ့ ကြသော အဆောက်အအုံများတွင် အသုံးပြုနေထိုင်နေကြဆဲ
ပင်ဖြစ်သည်။
ထိုမြို့များတွင် မိုးမျှော်တိုက်ကြီးများ အပြိုင်အဆိုင်ဆောက်လုပ်နေကြသော်လည်း နဂို
မူရင်းရှေးဟောင်း အဆောက်အအုံခပ်နိမ့်နိမ့်များ၏ အလှအပကိုလည်း မပျက်အောင်
ထည့်သွင်း စဉ်းစား၍ ဆောက်လုပ်ခဲ့ကြသည်။
အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် ပါဝင်သည့် စင်ကာပူနိုင်ငံ၌ မြန်မာ နိုင်ငံကဲ့သို့ ရှည်လျား
လှသည့် သမိုင်း ကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မရှိသော်လည်း ထိုနိုင်ငံတိုးတက်မှု
သမိုင်းအတွက် အရေးပါသည့် စစ်ကြို ခေတ်၊ စစ်ပြီး ခေတ်လူနေဆိုင်ခန်းများက စင်ကာပူ၏
အချက်အချာကျသည့် နေရာများတွင် အများအပြားကျန်ရစ်ခဲ့ကြသည်။ ထိုအဆောက်အအုံ
များကို (shophouse)လို့ ခေါ်ကြသည်။
တနည်းအားဖြင့် ရန်ကုန်မြို့လယ်ထဲမှာ ရှိနေဆဲဖြစ်သည့် လူနေတိုက်ခန်းများကဲ့သို့ပင်။
ရန်ကုန်မှ အဆောက်အအုံများ သည်ပို၍ ကြီးမားခမ်းနားသည်ဟု ဆိုလျှင် ရနိုင်သည်။
စင်ကာပူမှ လူနေဆိုင်ခန်းများက နှစ်ထပ်သုံးထပ်ပင်ရှိပြီး Tanjong Pager ဟုခေါ်သည့်
စီးပွားရေးအချက်အချာကျသည့်နေရာများ၊ China Town နှင့် Little India စသည့်နေရာ
များ၌ ဆောက်လုပ်ခဲ့ကြသည်။
မြေရှားသည့် စင်ကာပူ နိုင်ငံအတွက်ထို shophouse များကို ဖြိုပြီး မိုးမျှော်တိုက်ကြီးအစားထိုး
တည်ဆောက်လိုက်လျှင် မြေရှားသည့် ပြဿနာကို အလွယ်တကူ ဖြေရှင်းလိုက် နိုင်မည့်အပြင်
အကျိုးအမြတ်အများကြီး ရရှိသွားနိုင်ပေမည်။
သို့ရာတွင် စင်ကာပူ အစိုးရသည်ထိုကဲ့သို့အလွယ်လမ်းကို မလိုက်ဘဲ ရှေ့ရေးမျှော်တွေးပြီး
ထိုလူနေ ဆိုင်ခန်းအဆောက်အအုံများကို ပြုပြင ထိန်းသိမ်းခဲ့သည်။
အချို့အဆောက် အအုံများကို လူနေတိုက်ခန်းများ အဖြစ် ထားရှိပြီး တချို့အဆောက်
အအုံများကို စီးပွားရေးဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာ အဆောက်အအုံများအဖြစ် ပြုပြင်
ပြောင်းလဲခဲ့သည်။
ယခုအခါတွင် ထိုအဆောက်အအုံများက စင်ကာပူမြေ ပေါ်တွင် ဒေါ်လာသန်းပေါင်းများစွာ
တန်နေပြီဖြစ်သည်။
ထိုအဆောက်အအုံ များတွင် ငှားရမ်းနေထိုင်မည်ဆိုပါက လည်း တချို့နေရာများ၌
တစ်လကို စင်ကာပူဒေါ်လာ တစ်သောင်းနီးပါးခန့် ပေးနေရပြီဖြစ်သည်။
စင်ကာပူနိုင်ငံမှ shophouse များကို ဆောက်လုပ်ခဲ့ရာ၌ မြေညီထပ်ကို စီးပွားရေး
လုပ်ငန်းများအတွက် ရုံးခန်းအဖြစ်သော်လည်းကောင်း၊ ဆိုင်ခန်းအဖြစ်သော်လည်းကောင်း
အသုံးချခဲ့ကြသည်။
ထို့ ကြောင့်များသောအားဖြင့် မြေညီထပ် များတွင် အခန်းဖွဲ့စည်းမှုမရှိဘဲ ဟင်းလင်းဖွင့်
အနေအထားမျိုးသာ ဖြစ်ကြသည်။
ပထမထပ်နှင့် ဒုတိယထပ်တွင် မိသားစုအတွက်အခန်းများဖွဲ့စည်းထား သော်လည်း
ယခုခေတ်လူနေထိုင်မှု အတွက် ထိုဖွဲ့စည်းမှုများ ခေတ်မီ ဆန်းပြားခြင်း မရှိတော့ချေ။
ထို့ကြောင့် မူလ shophouse ၏ အမြင့်ထက် ကျော်မြင့်ခြင်းမရှိစေဘဲ အိမ်နောက်ဖေးကို
တိုးချဲ့ခြင်း၊ ခေတ်မီအိမ်ဆောက် ပစ္စည်းများကို အသုံးချ၍ အိမ်ကိုပြုပြင် မွမ်းမံခြင်းများကို
ပြုလုပ်ခဲ့ကြသည်။
Shophouse များသည် တိုက်ခန်းတွဲများဖြစ်ကြပြီး တိုက်ခန်းတစ်ခုခြင်းစီ ကို ထိန်းသိမ်း
ခြင်းဖြင့်လည်းကောင်း၊ တိုက်ခန်းတစ်တွဲလုံးကို ဟိုတယ်၊ Service apartment အဖြစ်
လည်းကောင်း ပြောင်းလဲအသုံးပြုကြသည်။

Clarke Quay (Photo by Lu Lu @ KyawMin)
စင်ကာပူ နိုင်ငံ၏ အကျော်ကြားဆုံး Botique ဟိုတယ်တစ်ခုဖြစ်သည့် Scarlet Hotel
ကလည်း shophouse အတွဲလိုက်ကို ဟိုတယ်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။
စင်ကာပူ၌ပုံမှန်အားဖြင့် တစ်ညတာအားဖြင့် တည်းခိုခန်းခ ဒေါ်လာ တစ်ရာနှစ်ရာခန့်ပေးနေ
ရချိန် တွင် ထိုကဲ့သို့သောဟိုတယ်အမျိုးအစား များက အနည်းဆုံးဒေါ်လာလေးငါးရာခန့်
တစ်ညတာ တည်းခိုခ ပေးနေကြရသည်။
Scarlet Hotel တွင် ခေတ်မီ Bar Lounge များသာမက ဟိုတယ်တစ်ခု အတွက်မပါ
မဖြစ်သော Gym နဲ့ Jacuzzi များကိုပါ အသစ်ထည့်သွင်းပေးထားသည်။
ထိုမျှသာမကဘဲ ဧည့်သည်များ အတက်အဆင်းလွယ်ကူစေမည့် Lift များကိုပါ ထည့်သွင်း
ဆောက်လုပ်ပေးထားသည်။
Shophouse အတွဲလိုက်ကို ဟိုတယ်အဖြစ်ပြောင်းလဲသည့်အခါ၌ အခန်းများဖွဲ့စည်းခြင်း၊ Lift
များ ထည့်သွင်းခြင်း ပြုလုပ်လိုက်သည့် အခါမူလ Structure များကို ပြန်လည်အသုံးချနိုင်
ခြင်းမရှိတော့ဘဲ လိုအပ်သည့် အခန်း အဖွင့်နှင့် လူသွားလမ်းတွေရရှိရန် အတွက် Party wall
များကိုဖြိုချကာ နည်းပညာအသစ်နှင့် Structure အသစ်များကိုအသုံးပြုခဲ့ကြရသည်။
စင်ကာပူနိုင်ငံမှာ မြန်မာလူမျိုးများ အများဆုံး သွားလာလေ့ရှိကြသည့် Bugis Junction
ကလည်း shophouse များရှိကြသည့် လမ်းသုံးလေး လမ်းကို ပေါင်းစည်းထားပြီးမှန်ဖြင့်
ပြုလုပ်ထားသည့် အမိုးများဖြင့် မိုးလုံလေ လုံဖြစ်အောင်ပြုလုပ်ထားသည့် ရှော့ပင်း
မောလ်တစ်ခုပင်ဖြစ်သည်။
မူလလက်ရာ Shophouse များ၏ မျက်နှာစာကို မဖျက်ဆီးဘဲ အတွင်းပိုင်းအားလုံးကိုတော့
Layout အသစ်များဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
မူရင်းဈေးလမ်းများ၏ အပေါ် တွင် မှန်ခုံအမိုးရှိပြီးဈေးတစ်ခုလုံး ကို လေအေးပေးစက်များ
တပ်ဆင်ပေး ထား၏။ လူငယ်များကိုဦးတည်ချက်ထားသည့် ရှော့ပင်းမောဖြစ်သည့်
အားလျော်စွာ တိုလီမုတ်စဆိုင်သေးသေးလေးများ၊ Kiosks ဟုခေါ်သည့် လက်တွန်း
လှည်းလေးများပါမကျန် ထည့်သွင်း ပေးထားသည်။
စင်ကာပူရဲ့ ထင်ရှားသည့် နိုက်ကလပ် များ၊ ဘားများစားသောက်ဆိုင်များရှိသည့် (Clarke
Quay) ကလပ်ကီးကလည်း ယခင်က စင်ကာပူမြစ်ကမ်းဘေးမှာ ရှိသည့်ဆိုင်ခန်းများ
ဂိုဒေါင်များကို ဖြေဖျော်ရေးနေရာအဖြစ် ပြောင်းလဲထားသည့် နေရာတစ်ခုလည်း ဖြစ်၏။
Bugis ကဲ့သို့ အလုံပိတ်အဲကွန်းပေး ထားတဲ့ နေရာမျိုးမဟုတ်ဘဲ ဧရိယာ တစ်ခုလုံး အပူချိန်
၂၈ ဒီဂရီထက်မပို သည့် နေရာလေးတစ်ခုဖြစ်စေရန် လှပသည့် အမိုးကန်နိုပီများ၊ အေးမြသည့်
လေညှင်းလေးများ တိုက်ခတ်နေ သကဲ့သို့ ဖန်တီးပေးသည့် အဲကွန်းစနစ် များ တပ်ဆင်
ပေးထား၏။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှမှာ ကိုလိုနီခေတ် စစ်ပြီးခေတ် တန်ဖိုးကြီးမားသည့်
ဗိသုကာလက်ရာများ အများအပြားရှိနေဆဲပင်ဖြစ်သည်။
သို့ရာတွင် ထိုဗိသုကာလက်ရာများကို တတ်နိုင်သလောက် တတ်ကျွမ်း နားလည်သည့်
ပညာရှင်များဖြင့် မှန်ကန် သည့် ဆုံးဖြတ်ချက်များချမှတ်ကာ ရေရှည်စီမံကိန်းဖြင့် ထိန်းသိမ်း
စောင့်ရှောက်သင့်ပါသည်။
ဆောက်လုပ် ရေးလုပ်ငန်းရှင်များ၊ရင်းနှီးမြှုပ်နှံသူများ ကလည်း အဆောက်အအုံဟောင်းများ
ကို ဖြိုဖျက်ခြင်းမပြုဘဲ စင်ကာပူ နိုင်ငံကဲ့သို့ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ စာသင်ကျောင်း
များ၊ ရုံးများ အဖြစ်သို့ ပြောင်းလဲအသုံးပြုသင့်ပါသည်။
တချိန်တွင် ရန်ကုန်မြို့သည် စင်ကာပူထက် တိုးတက်လှပသော မြို့တော်တစ်ခု ရောက်လာ
မည်ဖြစ်သည်။
စာရေးသူသည် (Lasalle-SIA, the College of the Arts,Singapore) မှ Diploma in
Interior Design ရရှိခဲ့ပြီး (Open University, London) မှလည်း Diploma in Higher
Education ရရှိခဲ့သည်။ Art ed Domain Design တွင် Interior Design အဖြစ် နှစ်နှစ်ခန့်
လုပ်ကိုင်သည့် အတွေ့အကြုံရှိခဲ့ပြီး Surbana International Consultants တွင်
Architectural Assistant အဖြစ် လေးနှစ်လုပ်ကိုင်ခဲ့သည်။ စင်ကာပူနိုင်ငံတွင် နေထိုင်
လျက်ရှိပြီး စင်ကာပူရှိ MOPA Architecture Interior Design တွင် Freelances
Designer အဖြစ် လုပ်ကိုင်လျက်ရှိသည်။
Scarlet Hotel
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/17/2012 11:17:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36433] Fwd: [လူဗိုလ်ဟူသည် ...] ဘာမြူဒါ တြိဂံ (Bermuda Triangle)
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/16
Subject: [လူဗိုလ်ဟူသည် ...] ဘာမြူဒါ တြိဂံ (Bermuda Triangle)
To: lubo601@gmail.com
ဒီတစ်တခါတင်ဆက်ပေးမဲ့ အကြောင်းအရာလေးကတော့ Bermuda Triangle လို့ လူသိများတဲ့ ထူးခြားတဲ့ ကမ္ဘာပေါ်က နေရာလေးတစ်ခု အကြောင်းပါ။ ကြားဖူးတဲ့သူတွေကတော့ Devil's Triangle လို့လဲ သိကြပါ တယ်။ လေယာဉ်တွေ၊ သဘောင်္တွေ သူ့အလိုလို အဲ့ဒီနေရာကို ရောက်သွားတာနဲ့ ပျောက်ကွယ်သွားကြပြီး ပြန်လည်ရှာဖွေလို့ မရတော့တဲ့ နေရာလေးပါ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် MYMC ကနေပြီး တော့ .. ပြန်လည်ကူးယူ ဖော
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/17/2012 10:32:00 AM

်ပြပေးလိုက်ပါတယ်..
Bermuda Triangle တည်နေရာ
ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက် Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေနဲ့ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။ လူအများစုကတော့ ဒီထူးဆန်းစွာ ပျောက်ပျက်သွားမူကို ထူးခြားတဲ့ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီနေရာလေးက ပင်လယ်ကူး သဘောင်္ကြီးတွေ အမေရိက နဲ့ Europe နိုင်ငံတွေအတွက် အဓိက ကူးဖြတ်လေ့ရှိတဲ့ နေရာလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်းဆိုလည်း မမှားပါဘူး။ ဇိမ်ခံသဘောင်္ကြီးတွေလည်း Florida နဲ့ ကျွန်းငယ်လေးတွေကို သွားတဲ့အခါ မဖြစ်မနေ ဖြတ်သန်းရတဲ့ နေရာလေးပါ။ လေကြောင်းတွေအတွက် ကုန်တင်လေယာဉ်တွေ တောင်အမေရိက၊ Florida၊ နဲ့ Caribbean ကျွန်းတွေအတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။
History
>ပထမဦးဆုံး ထူးဆန်းစွာ ပျောက်ကွယ်သွားမှု ဖြစ်စဉ်ဟာ Bermuda ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Edward Van Winkle Jones ရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ George X ရေးသားတဲ့ Fate မဂ္ဂဇင်း က ဆောင်းပါးမှာလည်း Sea Mystery At Our Back Door ဆိုတဲ့ ဆောင်းပါးတိုလေးမှာလည်း ဒီနေရာလေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ရေးသားထားပါတယ်။ Sand က ဖော်ပြထားတဲ့ ဆောင်းပါးလေးမှာလည်း လေယာဉ်နဲ့သဘောင်္တွေ အမြောက်အမြား ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် Flight 19 လို့လူသိများတဲ့ US navy TBM avenger bombers လေယာဉ်ငါးစီးဟာ December 5, 1945 မှာ Naval Air Station Fort Lauderdale, Florida ကနေ Navigation problem No. 1 လို့ခေါ်တဲ့ လေ့ကျင့်မူတစ်ခုကို ပြုလုပ်နေစဉ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။ အဲဒီပျောက်ကွယ်မူမှာ လေယာဉ်မောင်း ၁၄ ယောက်ဟာလည်း အတူပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် အဲဒီ လေယာဉ်တွေကို ရှာဖွေတဲ့ဝန်ထမ်း ၁၃ယောက် ပါဝင်တဲ့ PBM Mariner flying boat ဟာလည်း ရေထဲမှာ သူ့အလိုလို ပေါက်ကွဲသွားတယ်လို့ ယူဆရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အမေရိကန် ရေတပ်ကတော့ ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာတိကျတဲ့ အဖြေမပေးနိုင်ခဲ့ပဲ လေယာဉ်တွေ ဓာတ်ဆီကုန်ပြီး သူ့အလိုလို ပျက်သွားတယ်လို့ ယူဆရပါတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်းကစပြီး ဒီထူးခြားတဲ့ နေရာလေးအကြောင်းကို လူတွေစိတ်ဝင်စားမှု ပိုများလာခဲ့ပြီး လေ့လာဖော်ပြချက်တွေ၊ ငြင်းခုံမှုတွေ အမြောက်အမြား ပေါ်ပေါက်လာပါတယ်။
Explanations (ဘာကြောင့် နစ်မြုပ်တွေ ဖြစ်ပေါ်စေတာလည်း)
Compass variations
ဒီလိုထူးခြားမှု ဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ လူတွေထင်မြင်ချက်နဲ့ သိပ္ပံနည်းကျ တွက်ချက်ဖော်ထုတ် ထားမူတွေက...။ ပထမဦးဆုံး Compass Variations ဆိုတဲ့ သံလိုက်အိမ်မြောင် တွက်ချက်မှု ပြောင်းလဲခြင်းဆိုတဲ့ ဖော်ပြချက်ပါ။ ဒီသံလိုက်အိမ်မြောင်နဲ့ ပတ်သတ်တဲ့ ပြောင်းလဲမှုက Triangle ဖြစ်ပေါ်ပြောင်းလဲမှုမှာ အဓိကကျတဲ့ အချက်တစ်ခုအဖြစ် ပါဝင်ပါတယ်။ သံလိုက်ဓာတ်တွေဟာ သာမန်အားဖြင့် သံလိုက်ဖြစ်ပေါ်တဲ့ နေရာ ကနေစပြီး ပြောင်းလဲတတ်တယ်လို့ လူသားတွေ သိရှိထားကြပါတယ်။ ဒါပေမယ့် တချို့မသိရှိသေးတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ အဲဒါကတော့ သဘာဝအားဖြင့် အလိုအလျောက် သံလိုက်ဓာတ်တွေ ပြောင်းလဲတတ်ခြင်းပါ။ တခါတလေ တြိဂံကြီးတစ်ခုအဖွယ် ပြောင်းလဲတတ်တဲ့ သဘောလည်းရှိပါတယ်။
Deliberate acts of destruction
Deliberate acts of destruction ဆိုတဲ့ ဖော်ပြချက်မှာတော့ အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။ အဲဒါတွေက စစ်မက်တွေကြောင့် ဖြစ်ပွားမူနဲ့ ပင်လယ်ဓားပြ တိုက်ခိုက်ခံရခြင်း ဆိုတာတွေပါ။ မြောက်များစွာသော ရေတပ်သဘောင်္တွေ နစ်မြုပ်သွားမှု ဖြစ်စဉ်တွေကို စစ်မက်ဖြစ်ပွားနေစဉ်မှာ မှတ်တမ်းတင်လေ့ရှိပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာ မကျန်ခဲ့တဲ့ ထူးခြားစွာနစ်မြုပ် ပျောက်ကွယ်သွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဥပမာ ၁၉၁၈ ခုနှစ်မှာ USS Cyclops လို့ ခေါ်တဲ့ စစ်သဘောင်္နဲ့ သူရဲ့ အမျိုးအစားတူတဲ့ သဘောင်္တွေဖြစ်တဲ့ Proteus နဲ့ Nereus သဘောင်္တွေဟာ ဒုတိယကမ္ဘာစစ် အတွင်းမှာ ပင်လယ်ရေအောက်ကို နစ်မြုပ်ခဲ့တယ်လို့သာ သိခဲ့ကြပါတယ်။ ဘာကြောင့်ဆိုတဲ့ ဖြေရှင်းချက်တွေတော့ ဘယ်မှတ်တမ်းတွေမှာမှ မတွေ့ရ နိုင်ပါဘူး။
နောက်တစ်ချက်က ပင်လယ်ဓားပြ တိုက်ခိုက်ခြင်းပါ်။ ဒီနေ့ဒီအချိန်ထိ ပင်လယ်ပြင်မှာ သွားလာနေတဲ့ သဘောင်္တွေကို တားဆီး လုယှက်မှုတွေဟာ ဖြစ်ပေါ်နေတုန်းပါ။ များသောအားဖြင့် ကုန်တင်သဘောင်္တွေကို ဓားမြတိုက်မှုဟာ များပါတယ်။ ဇိမ်ခံသဘောင်္တွေကိုလည်း တိုက်ခိုက်လေ့ရှိတယ်။ အများအားဖြစ်တော့ မူးယစ်ဆေး မှောင်ခိုထုတ်လုပ်တဲ့ သူတွေက မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းဖို့အတွက် ဇိမ်ခံသဘောင်္တွေကို ဓားမြတိုက်လေ့ရှိပါတယ်။ အဲဒီလိုဆိုတော့ အဲ့ဒီ Bermuda Triangle မှာ နစ်မြုပ်သွားတဲ့ သဘောင်္တွေ ပင်လယ်ဓားမြတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Gulf Stream
ို နောက်ထပ် အချက်လေးတစ်ချက်ကတော့ ပင်လယ်ရေစီးကြောင်းလို့ ပြောနိုင်ပါတယ်။ များသောအားဖြစ် Mexico ပင်လယ်ကွေ့ကနေ Straits of Florida ကို ဖြတ်ပြီး North Atlantic ထိ စီးဆင်းလေ့ရှိတဲ့ ပင်လယ်ရေစီးကြောင်း တွေကြောင့်လည်း နစ်မြုပ်မှူဖြစ်စဉ်တွေဟာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သမုဒ္ဒရာထဲမှာပဲ စီးဆင်းနေတဲ့ ပင်လယ်တွေလည်း ရှိတယ်လေ။ ပင်လယ်လိုမျိုး သူ့ရေစီးကြောင်းနဲ့သူ စီးနေကြတာ။ အဲဒီ ပင်လယ်တွေက ရေပေါ်မှာ မျှောနေတဲ့အရာတွေကို ဆွဲခေါ်သွားလေ့ရှိတယ်။ ပုံမုန်အားဖြင့်က တစ်စက္ကန့် ကို ၂.၅ မီတာ လောက်ကို အရှိန်နှူန်းမြန်မြန်နဲ့ စီးဆင်းနေလေ့ ရှိတယ်လေ။ ဒါကြောင့်လည်း ရေပေါ်မှာ ခဏ ရပ်နားတတ်တဲ့ လေယာဉ်ငယ်တွေ ဒါမှမဟုတ် စက်ချွတ်ယွင်းမှုရှိတဲ့ သဘောင်္တွေ အတွက်ကတော့ အဲဒီ ရေစီးကြောင်းတွေက အလွယ်တကူ ဆွဲယူနစ်မြုပ်လိုက်နိုင်ပါတယ်။
Human Error
>နောက်တစ်ချက်ကတော့ အဖြစ်အများဆုံး လူသားတွေနဲ့ ပတ်သတ်တဲ့ အမှားအယွင်းတွေကြောင့်လို့ ယူဆကြပါတယ်။ အမှားနဲ့ မကင်းဘူးဆိုတဲ့ လူသားတွေရဲ့ ချွတ်ယွင်းချက်တွေကြောင့် ဆုံးရူံးမူတွေ အများအပြား ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ ၁၉၇၂ မှာ ဖြစ်ပွားခဲ့တဲ့ Tanker SS VA Fogg နစ်မြုပ်မှူမှာ Benezne လို့ခေါ်တဲ့ ဓာတုအနည်တွေကို ကောင်းမွန်စွာ မသန့်စင်နိုင်တဲ့အတွက်ကြောင့်၊ ကောင်းမွန်စွာ သန့်စင်ဖို့ လေ့လာမူ အားနည်းချက်တွေကြောင့် နစ်မြုပ်ခဲ့ရပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ ခေါင်းမာ အရဲစွန့်မူတွေကြောင့် စီးပွားရေးသမား တစ်ယောက်ဖြစ်တဲ့ Harvey Conover ဟာ သူ့ရဲ့ အပျော်စီး ရွက်လှေကို ဆုံးရူံးလိုက်ရပါတယ်။ ဘာလို့လည်းဆိုတော့ သူက ၁၉၅၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ Florida တောင်ပိုင်းမှာ မုန်တိုင်းဖြစ်နေတဲ့ ကြားကခေါင်းမာပြီး အရဲစွန့် ရွက်လွင့်ခဲ့ရာကနေ အခုလို ဆုံးရူံးမှုတွေနဲ့ ကြုံရတာပါ။
Hurricanes
ဟာရီကိန်းလို့ ဆိုတာနဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းဆိုတာ လူတွေသိပြီးသား ဖြစ်မှာပါ။ အပူပိုင်း ဒေသတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဟာရီကိန်းတွေကြောင့် မြောက်များစွာသော လူ့အသက်တွေနဲ့ ဆုံးရုံးမှုတွေဟာ ဖြစ်ပွားလေ့ရှိပါတယ်။ အတိတ်မှာကော ခုချိန်ထိပါ မလွန်ဆန်နိုင်တဲ့ သဘာဝတရားရဲ့ ကြောက်မက်ဖွယ် ပြောင်းလဲမှုတွေဟာ လူသားတွေရဲ့ ဘ၀များစွာကို တခဏအတွင်းမှာ ချုပ်ငြိမ်း သွားနိုင်ပါတယ်။ ၁၅၀၂ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ စပိန်သဘောင်္ Francisco de Bobadilla ရဲ့ ဟာရီကိန်း မုန်တိုင်းကြောင့် နစ်မြုပ်မှုဟာ ပထမဦးဆုံး Bermuda ဒေသမှာ မှတ်တမ်းတင်ရတဲ့ မုန်တိုင်းကြောင့် နစ်မြုပ်မှုပါ။
Methane Hydrates
နောက်တစ်ချက်က မြောက်များလှစွာသော နစ်မြုပ် ပျောက်ကွယ်မှုတွေ အဓိကကျ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝဓာတ်ငွေ့ တစ်ခုဖြစ်တဲ့ Methane Hydrates တွေ တည်ရှိနေမှုပါ။ Australia နိုင်ငံက သုတေသန ပြုချက်အရ Methane ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်တတ်တဲ့ မြောက်များလှစွာသော ရေပွက် ( bubbles ) တွေဟာ ရေရဲ့ သိပ်သည်းဆကို လျော့နဲစေခြင်းအားဖြင့် သဘောင်္တွေကို နစ်မြုပ်နိုင်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဖြစ်ပေါ်ရတဲ့ အကြောင်းအရာက mud volcanoes လို့ ခေါ်လေ့ရှိတဲ့ Methane Eruptions တွေဟာ ရေမျက်နှာပြင် ကို အမြုပ်တွေထ ရေပွက်တွေ ဖြစ်ပေါ်လာစေနိုင်ပြီ သဘောင်္တွေအတွက် ရေပြင်ပေါ်နိုင် စွမ်းအားကို လျော့နဲလာစေနိုင်ပြီး နစ်မြုပ်သွားစေနိုင်တာပါ။ USGS လို့ခေါ်တဲ့ United States Geological Survey Agency က ဖော်ပြချက် တစ်ခုမှာတော့ ကမ္ဘာရေပြင်ရဲ့ အောက်ခြေမှာ မြောက်များလှစွာတဲ့ Methane ဓာတ်ငွေ့တွေ ရှိနေပါတယ် လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ထပ်ဖော်ပြချက် တစ်ခုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ လောက်ကတည်းက စပြီးကြီးမားတဲ့ ဓာတ်ငွေ့ ထုတ်လွတ်မှုတွေ Bermuda ဒေသမှာ မဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
Rogue Waves
နောက်ဆုံး အချက်ကတော့  Rogue Waves လို့ခေါ်ဆိုတဲ့ ခက်ထန်ကြမ်းတမ်းတဲ့ လှိုင်းတွေကြောင့်ပါတဲ့။ အများကလည်း Killer Waves, monster waves, Extrem waves, abnormal waves စသဖြင့် ခေါ်လေ့ရှိတဲ့ လှိုင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုလောက်ဆို Bermuda Triangle မှာ ဘာကြောင့် ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေလည်းဆိုတာ အကြမ်းပျင်းအားဖြင့် သိရှိသွားပြီလို့ ထင်ပါတယ်.။
မှတ်တမ်းမှတ်ရာတွေထဲက နစ်မြုပ်မှုဖြစ်စဉ်များကတော့.....
Flight 19
Flight 19 ဖြစ်စဉ်ကိုတော့ အကျယ်တ၀င့် အပေါ်မှာ ဖော်ပြခဲ့ပြီးပြီဆိုတော့ ထပ်မပြောတော့ဘူးနော်။ အဲဒီဖြစ်စဉ်က ၁၉၄၅ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ယောက် ပျောက်ဆုံးခဲ့ပါတယ်။
USS Cyclops
ဒီဖြစ်စဉ်ကတော့ အမေရိကန်နိုင်ငံရဲ့ ရေတပ်ဆုံးရှူံးမှုမှာ အများဆုံးလူပေါင်း ၃၀၉ ယောက်လောက် တစ်ချိန်ထဲမှာ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ ၁၉၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ Barbados ကမ်းကနေ ထွက်ခွာလာတဲ့ Lieutenant Commander G.W Worley ဦးဆောင်တဲ့ အမေရိကန် ရေတပ်ကြီး တစ်ခုလုံး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ တချို့ကတော့ သူတို့အားလုံး မုန်တိုင်းထဲမှာ သေဆုံးသွားကြတယ်ဆိုပြီး ပြောဆိုထင်မြင်ချက် ပေးကြပါတယ်။
Star Tiger and Star Ariel
ဒီဖြစ်စဉ်က British South American Airways (BSAA) ပိုင်ဆိုင်တဲ့ ခရီးသည်တင် လေယာဉ်နှစ်စီးဖြစ်တဲ့ G-AHNP Star Tiger နဲ့ G-AGRE Star Ariel ဆိုတဲ့ လေယာဉ်တွေပါ။ Star Tiger လေယာဉ်မှာတော့ ခရီးသည် ၂၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် စုစုပေါင်း ၃၁ ယောက် ပါဝင်ပြီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာကတော့ ၁၉၄၈ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာပါ။ နောက် Star Ariel လေယာဉ်မှာတော့ ခရီးသည် ၁၃ ယောက် လေယာဉ်ဝန်ထမ်း ၇ ယောက် ဟာ ၁၉၄၉ ဇန်န၀ါရီလာ ၁၇ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘာကြောင့် ပျောက်ဆုံးသွားတယ် ဆိုတဲ့ အဖြေကိုတော့ ခုချိန်ထိ ဘယ်သူမှ မသိသေးပါဘူး။
Douglas DC-3
1948 December ၂၈ ရက်မှာ Douglas DC-3 လေယာဉ်ဟာ ခရီးသည် ၃၂ ယောက်ကို တင်ဆောင်ပြီး San Juan ကနေ Miami ကို ပျံသန်းနေတုန်းမှာ ဘယ်လိုမှ ရှာဖွေလို့မရလောက်အောင် ပျောက်ကွယ်ခဲ့ပါတယ်။ Civil Aeronautics Board က စုံစမ်းစစ်ဆေးမှုမှာတော့ လေယာဉ်မပျံသန်းခင် ကတည်းက လေယာဉ် ဘက်တရီ ဟာ အားနည်းနေခဲ့ပြီး pilot က သေချာမစစ်ဆေးပဲ ပျံသန်းခဲ့တဲ့ အတွက်ကြောင့် လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြေကတော့ သိပ်ယုံကြည်ရတဲ့ အဖြေတော့ မဟုတ်ခဲ့ပါဘူး။
MYMC မှ.. တဆင့် ကူးယူဖော်ပြပါသည်...

[mrsorcerer:36432] Fwd: [လူဗိုလ်ဟူသည် ...] သင့် ဘ၀အဖော်မွန်အကြောင်း
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/16
Subject: [လူဗိုလ်ဟူသည် ...] သင့် ဘ၀အဖော်မွန်အကြောင်း
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/17/2012 10:03:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/16
Subject: [လူဗိုလ်ဟူသည် ...] သင့် ဘ၀အဖော်မွန်အကြောင်း
To: lubo601@gmail.com
သင့် ဘ၀အဖော်မွန် အကြောင်း - (၁)
အကယ်၍ သင်၏ဘ၀ အဖော်မွန်သည် ၁၂၈၂ ၊ ၁၂၈၉ ၊ ၁၂၉၆ ၊ ၁၃၀၃ ။ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ၊ ၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊ ၁၃၅၂ ၊ ၁၃၅၉ စသော မြန်မာမွေးသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက....
သူ၏ စိတ်ပိုင်းဆိုင်ရာ=
သူသည် လူဖြောင့်စိတ်တိုဖြစ်၏။ နေရာတကာတွင် ဦးဆောင်လိုသောသူဖြစ်၏။ စိတ်လည်း အလွန်မြန်သူ ဖြစ်၏။ သည်းခံလိုသော စိတ်လည်း မရှိ။ မည်သည့်အရာကိုမျှ အားမနာတတ်ပေ။ သူသည် ခက်ထန်၏။ မခံချင် စိတ်လည်းအလွန်ကြီးမားသူဖြစ်လေသည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ=
သူ့ကိုကြည့်လျှင် အစဉ်အမြဲ ဖြတ်လတ်နေ၏။ ဘာကိုပဲလုပ်လုပ် လျင်လျင်မြန်မြန် ဆောင်ရွက်လေ့ရှိ၏။
သူ၏ ကိုယ်ခန္ဓာသည် မာကျော၍ ကျစ်လစ်နေ၏။
အရပ်အနည်းငယ် ပုဟန်ရှိ၏။ ဟန်ဆောင်ကောင်း၏။ ရဲရင့်၏။ သူ၏အသံသည် အစဉ်ကျယ်၏။ သူသည် ပိန်ပါက ရောဂါမကင်းချေ။ သူ၏ စီပွားရေး ၊ လူမှု့ရေးဆိုင်ရာ=
ဈေးသည်၊ ကုန်သည်လုပ်ငန်း အကျိုးမပြုခြင်း ။ လူအများနှင့် ပူးတွဲပေါင်းစပ် အကျိုးမခံစားရခြင်း ၊ သူတစ်ပါး ကိုအားကိုးယုံကြည်လျှင် ဒုက္ခဖြစ်လွယ်ခြင်း ၊ ကိုယ်ဒူး ကိုယ်ချွန်မှ အကျိုးခံစားရခြင်း ၊ မိဘ ၊ ဆွေမျိုး ၊အိမ်ထောင်ဖက် ၊ဆရာတပည့်များ၏ အကျိုး မခံစားရခြင်း။
ကျန်မာရေးဆိုင်ရာ=
သူသည် လေရောဂါ ၊ လိပ်ခေါင်းရောဂါ ၊ ဒူလာရောဂါ ၊ မီးယပ်ရောဂါ ၊ ၀မ်းကိုက်ရောဂါ ၊ ရင်ခေါင်းစသည် တို့တွင်ဖြစ်တတ်တဲ့ ရောဂါများ။ အစာအိမ်ရောဂါ။ သည်းခြေရောဂါ။ ရေချိုးမှားခြင်း။ အဆုတ်ရေ၀င်ခြင်း စသောရောဂါများဖြစ်တတ်ပါတယ်။
လိုက်နာ ကျင့်ဆောင်ဖွယ်။
လူအောက်ကြို့ပေါင်းရမယ်တဲ့။ သူတစ်ပါးတွေကို လုံးဝ အားမကိုးရဘူး။ ကိုယ်ပေါင်း စိတ်ခွါပေါင်းသင်း ဆက်ဆံရမယ်။ လူတွေနဲ့ စိတ်ရှည် သီခံတတ်မယ်ဆိုရင် သင်၏ ဘ၀ကြင်ဖော်သည် မုချအောင်မြင်သော ပုဂ္ဂိုလ် ဖြစ်လာပါလိမ့်မည်။
အကယ်၍သင်၏ ဘ၀အဖော်မွန်သည် ၁၂၆၉ ၊ ၁၂၇၆ ၊ ၁၂၈၃ ၊ ၁၂၉၀ ၊ ၁၂၉၇ ၊ ၁၃၀၄ ၊ ၁၃၁၁ ၊ ၁၃၁၈ ၊ ၁၃၂၅ ၊ ၁၃၃၂ ၊ ၁၃၃၉ ၊ ၁၃၄၆ ၊၁၃၅၃ ၊ ၁၃၆၀ စသော မြန်မာသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက
စိတ်ပိုင်းဆိုင်ရာ=
သူဟာ တစ်ဖက်သတ်တစ်ယူသန်ဆန်တယ်။ တရားတစ်ဖက် ဓားတစ်ဖက် ပြုကျင့်လွယ်တယ်။ သူ့ကို အုပ်ချုပ်မှု ကို အလွန်ဆန့်ကျင်တတ်တယ်။ အယူအဆအစွဲအလမ်း ကြီးမားတတ်တယ်။ ဘာသာတရားနဲ့ နတ်ကို ယုံကြည်တတ်တယ်။
ရုပ်ပိုင်းဆိုင်ရာ=
အကြောများ သန်စွမ်းမာကြောခြင်း၊ အနေအထိုင် သတ်ရပ်သိမ်မွေ့ဟန်ရှိခြင်း၊ အပေါင်းအသင်းနှင့် ပူးတွဲနေထိုင်ပျော်ပါးခြင်း။ ဟန်ဆောင်ကောင်းတယ်။ လက်တွေ့ဆန်လွန်းတယ်။
စီးပွားရေး ၊ လူမှု့ရေးဆိုင်ရာ=
မိမိသဘောအတိုင်း စွန့်စားလုပ်ကိုင်မယ်ဆိုရင် အမှားများမယ်။ ပျက်စီးမယ်။ ပူးတွဲပေါင်းစပ် အုပ်ချုပ်မှု့ အောက်မှာ လုပ်ကိုင်မယ်ဆိုရင် ကြီးပွားလွယ်တယ်။ အပေါင်းအသင်းကြောင့် ပျက်စီးလွယ်ခြင်း။ အုပ်ချုပ်မှု့ကို သည်းမခံနိုင်တဲ့အတွက် သူ့မှာ အတိုက်အခံတွေ များမယ်။ စိတ်ဆင်းရဲရမယ်။
ကျန်းမာရေး ဆိုင်ရာ=
ဦးနှောက်အာရုံကြောတွေ ပျက်စီးလွယ်တယ်။ နှလုံးရောဂါလည်း ဖြစ်ပွားလွယ်တယ်။ မျက်စေ့၊နား။ အာရုံခံစားမှုများ ပျက်စီးလွယ်တယ်။ သည်းခြေပျက် မှတ်ညာဏ်ပျက်ခြင်းများ ဖြစ်တတ်တယ်။
လိုက်နာကျင့်ဆောင်ရန်=
မိမိသဘောနဲ့ စိတ်ထင်ရာ မလုပ်နဲ့။ မိဘ ဆရာ အုပ်ထိမ်းသူတို့၏ သဘောကို လိုက်နာရမယ်။ အရမ်းကြီး လွတ်လွတ်လပ်လပ် မနေရဘူး။ ရုတ်တရက် စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ ဒါဆိုသေချာပေါက် အောင်မြင်မယ်။
အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၀ ၊ ၁၂၇၇ ၊၁၂၈၄ ၊၁၂၉၁ ၊၁၂၉၈ ၊၁၃၀၅ ၊၁၃၁၂ ၊၁၃၁၉ ၊ ၁၃၁၉ ၊ ၁၃၂၆၊ ၁၃၃၃၊ ၁၃၄၀ ၊ ၁၃၄၇ ၊ ၁၃၅၄ ၊ ၁၃၆၁ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက................
စိတ်ပိုင်းဆိုင်ရာ=
စိတ်တိုခြင်း ၊ စိတ်မြန်ခြင်း ၊ နှုတ်ထွက်စကားဆိုးခြင်း ၊ ကြမ်းခြင်း ၊ ဘုဘောက်ဆက်ဆံခြင်း ၊ အတိုက်အခံ စိတ် ကြီးမားခြင်း ၊ မျိုသိပ်မထားနိုင်ခြင်း ။
ရုပ်ပိုင်းဆိုင်ရာ=
လှုပ်ရှားပြောင်းလဲမှုများခြင်း ၊သွေးသားအုပ်စုနှင့်မတည့်ခြင်း ၊မွေးရပ်မြေမှ လွင့်ပါးနေရခြင်း ၊ အိမ်ထောင်ရေး ရုတ်တရက်ကျခြင်း ၊ပျက်စီးလွယ်ခြင်း ၊မွေးချင်းမိဘနှင့် ခွဲခွါရတတ်ခြင်း ။
စီးပွားရေး ၊ လူမှူ့ ရေးဆိုင်ရာ=
မခံချင်စိတ်ကြောင့် ပျက်စီးလွယ်ခြင်း ၊ စကားများများပြောက အတိုက်အခံကြုံရခြင်း ၊ ခရီးများများသွားပါက ရန်များခြင်း ကျန်းမားရေးညံ့ခြင်း ၊ သွားလေရာ အိမ်ထောင်ကျလွယ်ခြင်း ၊ အိမ်ထောင်ဆက်များခြင်း ။
ကျန်းမားရေးဆိုင်ရာ=
ခံတွင်းနှင့်သွား ပျက်စီးလွယ်ခြင်း ၊ လေအောင့် ရင်အောင့် ရောဂါရလွယ်ခြင်း ၊ ခြေထောက် ထိခိုက်ပျက်စီးခြင်း ၊ခွဲစိပ်ရောဂါများ ဖြစ်ပွါးလွယ်ခြင်း ၊လေဖြတ်တတ်ခြင်း ။
လိုက်နာကျင့်ဆောင်ရန်=
စကားပြောသိမ်မွေ့ ပါ ၊ အတိုက်အခံသဘောရှောင် ၊ ခရီးသွားလာမှူ့  များခြင်းကိုရှောင်ကျဉ်ခြင်း ၊ စိတ်ပိုင်း ရုပ်ပိုင်း တည်ငြိမ်စွာနေခြင်း ၊ ရုတ်တရက် တဇွတ်ထိုးစကားမပြောရ ။
အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၁ ၊ ၁၂၇၈ ၊၁၂၈၅ ၊၁၂၉၂ ၊၁၂၉၉ ၊၁၃၀၆ ၊၁၃၁၃ ၊၁၃၂၀ ၊ ၁၃၂၇ ၊ ၁၃၃၄၊ ၁၃၄၁ ၊ ၁၃၄၈ ၊ ၁၃၅၅ ၊ ၁၃၆၂ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....
စိတ်ပိုင်းဆိုင်ရာ =
မခံချင်စိတ်ကြောင့် လောဘကြီးဟန်ဖြစ်ခြင်း ၊ ဖြတ်လမ်းသဘောလုပ်ငန်းလုပ်လိုခြင်း ၊ မခံချင်စိတ်ဖြစ်လွယ် ခြင်း ၊စိတ်ကျေနပ် ရောင့်ရဲမှူ့ နည်း၍ အပြောင်းအလဲမြန်ခြင်း ၊ အယုံလွယ်ခြင်း ။
ရုပ်ပိုင်းဆိုင်းရာ =
ဟန်- မာန်-အကြွား သဘောဆောင်ခြင်း ၊ လုပ်ငန်းများလုပ်ရာတွင် မသေသပ်ခြင်း ၊ ဂဏာမငြိမ်သော အမူအရာ ဖြစ်ခြင်း ဘုမသိဘမသိ သဘောနှင့် အိမ်ထောင်ပြုရတတ်ခြင်း ။
စီးပွားရေး ၊ လူမှုရေးဆိုင်ရာ=
အတိုက်အခံ ရန်ပေါများခြင်း ၊ လုပ်ငန်းများ အမျိုးမျိုးပြောင်းလဲခြင်း ၊ လက်တွေ့ ဆန်ခြင်း ၊ စီးပွားရေးလောဘကြီးသောကြောင့် ရုတ်တရက် ပျက်စီးတတ်ခြင်း ၊ ဧည့်ဝတ် မကျေပွန်တတ်ခြင်း ။
ကျန်းမာရေးဆိုင်ရာ =
သွေးနှင့်ပတ်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း ၊ ခွဲစိတ်ဖြတ်တောက် ရောဂါများ ကြုံလွယ်ခြင်း ၊ ရုတ်တရက် ဘေးဥပါဒ်ကြုံခြင်း ၊ သွေးတိုး ၊ အကြောပြတ် ၊ သွေးသွန် ၊ သားပျက်ဖြစ်လွယ်ခြင်း ။
လိုက်နာကျင့်ဆောင်ရန် =
ဖြတ်လမ်းသဘောပါသော စီးပွားရေးများမလုပ်ခြင်း ၊မခံချင်စိတ် လောဘစိတ် ၊ထိန်းသိမ်းနိုင်ခြင်း ၊ လုပ်ငန်း အမျိုးမျိုး မပြောင်းလဲခြင်း ၊ တစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းပြုပါ ။
အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၂ ၊ ၁၂၇၉ ၊၁၂၈၆ ၊၁၂၉၃ ၊၁၃၀၀ ၊၁၃၀၇ ၊၁၃၁၄ ၊၁၃၂၁ ၊ ၁၃၂၈ ၊ ၁၃၃၅၊ ၁၃၄၂ ၊ ၁၃၄၉ ၊ ၁၃၅၆ ၊ ၁၃၆၃ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....
စိတ်ပိုင်းဆိုင်ရာ....
တစ်သီးတစ်သန့် နေလိုစိတ်ကြီးမားတယ်။ သွေးသားဆွေမျိုးသားချင်းတွေနဲ့ မပျော်မွေ့ခြင်း။ အိမ်ထောင်ရေးကို စိတ်ကုန်မြန်ခြင်း။ အတွေးအခေါ်နှင့် ပေါင်းသင်းဆက်ဆံရေးတွင် တည်ငြိမ်ခန့်ငြားတယ်။
ရုပ်ပိုင်းဆိုင်ရာ.....
အနေအထိုင်သန့်ပြန်တယ်။ လူနေဟန်ထား ခန့်ခြားတယ်။ အိမ်ထောင်ဖက်၏ ကောင်းကျိုးကို မခံစားရခြင်း။ အပြင်လူများ၏ လေးစားခံရလွယ်ခြင်း အထင်ကြီးခံရခြင်း။
စီးပွားရေးနှင့် လူမှု့ရေးဆိုင်ရာ.....
အိမ်တွင်းစီးပွားရေး မထွန်းကားဘူး။ ဆွေမျိုးသားချင်းတွေနဲ့ ပေါင်းစပ်ပြီး စပ်တူစီးပွားရေး လုပ်ကိုင်မရဘူး။
အိမ် အပြင်မှာဆိုရင်တော့ အောင်မြင်လွယ်တယ်။ ကျော်ကြားလွယ်တယ်။ ဆွေမျိုးသားချင်းတွေပေးတဲ့ ဒုက္ခကို ခါးစည်း ခံရမယ်။
ကျန်းမာရေးဆိုင်ရာ....
ဦးခါင်း၊ ဦးနှောက်ရောဂါ ဖြစ်ပွားလွယ်တယ်။ ခေါင်းမူးမယ်။ သွေးတက်တယ်။ ဆီးရောဂါ ဖြစ်ပွားလွယ်တယ်။ ဒူလာ မုတ်ကျရောဂါ ဖြစ်လွယ်တယ်။ ဒူးခေါင်းကိုက်ခြင်း၊ ဦးခေါင်းကိုက်ခြင်း၊ ရောင်ခြင်းများနှင့် အမျိုးသမီးဆိုပါက သားအိမ်တွင်ရောဂါ ဖြစ်တတ်ပါတယ်။
လိုက်နာကျင့်ဆောင်ရန်.....
တစ်ကိုယ်ကောင်း မဆန်သင့်ပါဘူး။ တစ်ယောက်တည်း အထီးကျန်ဆန်စွာ မနေသင့်ပါဘူး။ ဆွေမျိုးတွေနှင့်
သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နေထိုင်သင့်ပါတယ်။ အိမ်ထောင်ရေးကို ပျော်ရွှင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တစ်ဖက်သတ် အနိုင်မယူသင့်ပါဘူး။
အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၃ ၊ ၁၂၈၀ ၊၁၂၈၇ ၊၁၂၉၄ ၊၁၃၀၁ ၊၁၃၀၈ ၊၁၃၁၅ ၊၁၃၂၂ ၊ ၁၃၂၉ ၊ ၁၃၃၆၊ ၁၃၄၃ ၊ ၁၃၅၀ ၊ ၁၃၅၇ ၊ ၁၃၆၄ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....
စိတ်ပိုင်းဆိုင်ရာ.......
သူဟာ စိတ်ကူးအရမ်း ယဉ်တတ်တယ်။ လူတစ်ဖက်သားကို ခွင့်လွှတ်တတ်တယ်။ ဟန်ဆောင် အရမ်းကောင်းတယ်။ အားနာတတ်တယ်။ ပရိယာယ် ကြွယ်ဝတယ်။ လိမ်တတ်တယ် ၊ လှည့်စားတတ်တယ်။ စိတ်အပြောင်းအလဲ မြန်တယ်။
ရုပ်ပိုင်းဆိုင်ရာ........
ဟန်ကောင်းကောင်းနဲ့ ပျော်ပျော်နေတတ်တယ်။ စကားကို လွယ်လွယ်ပြောတတ်တယ်။ ဂတိပေး အရမ်းမြန်တယ်။ အာမခံ ရဲတယ်။ လူတွေကိုအပေါ်ယံ သကာလောင်း ဆက်ဆံတတ်တယ်။
စီးပွားရေး-လူမှုရေးဆိုင်ရာ.......
ပေါင်းသင်းဆက်ဆံရေး ကောင်းပေမယ့် သူရဲ့ ဟန်ဆောင်တတ်တာရယ်၊ ကြွားတတ်တာရယ်ကြောင့် အောင်မြင်မှု့မရတတ်ဘူး။ အားနာတတ်လို့လည်း မကြာခဏ အခက်တွေ့ရတတ်တယ်။ သူတို့ဘ၀မှာ အချစ်ရေး အိမ်ထောင်ရေး အရှုပ်အထွေးတွေများတယ်။ နောက်ပြီး ဂတိပေးပြီး ဂတိပျက်တတ်သော ကြောင့် လူတွေက သူ့ကို မယုံမကြည်ဖြစ်တတ်တယ်။
ကျန်းမာရေးဆိုင်ရာ......
အကြောနှင့်ပါတ်သက်သောရောဂါများ ဖြစ်တတ်တယ်။ အစာအိမ်ရောဂါ နှင့် လေထိုးလေအောင့် ရောဂါတွေ ဖြစ်တတ်တယ်။ နောက်ပြီး ခြေလက်ကပ်ခြင်း အကြောသေခြင်းတွေကိုလည်း သတိထားသင့်တယ်။
လိုက်နာကျင့်ဆောင်ရန်......
လူတွေကို ဟန်ဆောင်မှု့ မရှိဘဲ ဆက်ဆံပါ။ ပေးထားသော ဂတိတစ်ခုကို တန်ဖိုးထားပါ။ အားမနာတတ်အောင် ကြိုးစားပါ။ အချစ်ရေးနှင့် အိမ်ထောင်ရေးကိစ္စများတွင် သစ္စာရှိပါ။
အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၄ ၊ ၁၂၈၁ ၊၁၂၈၈ ၊၁၂၉၅ ၊၁၃၀၂ ၊၁၃၀၉ ၊၁၃၁၆ ၊၁၃၂၃ ၊ ၁၃၃၀ ၊ ၁၃၃၇၊ ၁၃၄၄ ၊ ၁၃၅၁ ၊ ၁၃၅၈ ၊ ၁၃၆၅ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....
စိတ်ပိုင်းဆိုင်ရာ........
လျင်မြန်စွာ ဆုံးဖြတ်ချက်ချတတ်တယ်။ မခံချင်စိတ် အရမ်းကြီးမားတယ်။ ဒေါသလည်းကြီးတယ်။ မျိုသိပ်မထားတတ်ဘူး။ နောက် ပေါက်ကွဲလွယ်တယ်။
ရုပ်ပိုင်းဆိုင်ရာ........
သူက- အလှအပမက်မောတယ်။ နောက်ပြီး အရမ်းလည်း မွမ်းမံပြင်ဆင်တတ်တယ်တဲ့။ ခေတ်ဆန်တယ်။ မာန်မာနကတော့ ကြီးသလားမမေးနဲ့။ ကြည့်လိုက်ရင် သွက်သွက်လက်လက်ကလေးပဲ။ သိပ်တော့ တည်ငြိမ်မှု့ မရှိဘူး။
စီးပွားရေးနှင့်-လူမှု့ရေး......
လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့ ပရိယာယ်ကြွယ်တယ်။ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဟန်ဆောင်သိပ်ကောင်းတယ်။ အနုပညာတွေ ဘာတွေလုပ်ရင် ထွန်းပေါက် အောင်မြင်လွယ်တယ်။ အိမ်ထောင်ရေးကတော့ သူ့စိတ် ကြီး ပဲဆိုတော့ သိပ်အဆင်မပြေလှဘူး။ အလျိုတွေ လူပျိုတွေဆိုရင်တော့ အချစ်ဇာတ်လမ်းလေးတွေ များတတ်တယ်ပေါ့။
ကျန်းမာရေးဆိုင်ရာ.......
နှလုံးရောဂါ ၊ သွေးအားနည်းတဲ့ရောဂါ ၊ ရင်တုန်ခြင်း ၊ သည်းခြေပျက်တဲ့ရောဂါ ၊ မူးဝေမောပန်းခြင်းများ ဖြစ်တတ်တယ်။
** *** တွေးဆ ဆင်ခြင်နိုင်ကြပါစေ *** **
စာဖတ်သူများကို လေးစားလျှက် ...
* ညီမင်းစံ *