သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မူစယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်များ တင်မြှောက်

Posted: 18 Dec 2012 03:34 AM PST

မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်များ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးကောက်တင်မြှောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားထားရာ ယမန်နေ့က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များ စတင် ရွေးကောက်တင်မြှောက်နေကြောင်း သိရသည် ။


မူစယ်မြို့ပေါ် ရပ်ကွက် ၉ ခုရှိသည့်အနက် ရပ်ကွက် ၃ ခုတွင် အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်မြှောက်ပြီး ဖြစ် ကြောင်း မြို့ခံရပ်မိရပ်ဖတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ရပ်ကွက်သူ ရပ်ကွက်သားတွေက ကိုယ်တိုင် မဲပေးစနစ်နဲ့ရွေးချယ်တာပေါ့။ ရပ်ကွက်သမာဓိက ကော်မရှင်သဘောမျိုး ထိန်း ကျောင်းပြီး လုပ်သွားတာပေါ့နော်။ မူစယ်မှာတော့ မနေ့က မြောက်ရပ်ကွက် တောင်ရပ်ကွက် ဈေးရပ်ကွက် ဒီ ၃ ခုတော့ တင် မြှောက်ပြီးသွားပြီ " ဟု အဆိုပါ မြို့ခံက ပြောသည် ။

ယခု ပြုလုပ်သည့် ရပ်ကွက်အဆင့် ရွေးကောက်ပွဲများမှာ မူစယ်မြို့အနေအထားအရ လွတ်လပ်ပြီး တရားမျှတမှု ရှိသည်ဟု ဆိုနိုင်သော်လည်း မြို့နယ်နှင့် ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးများကိုပါ ပြည်သူများကိုယ်တိုင် တိုက်ရိုက် ရွေးချယ်ခွင့်ရရန် လိုအပ်နေသေးကြောင်း သူက ထောက်ပြသည် ။
"မူစယ်မြို့ အနေအထားအရ အခုလုပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေက လွတ်လပ်ပါတယ် ။ ဒါပေမဲ့ ဒီ အဆင့်နဲ့တင် မလုံလောက်သေးဘူး။ ခုလို ဒီမိုကရေစီဘက် အကူးအပြောင်းကာလမှာ မြို့နယ် ၊ ခရိုင်အဆင့်တွေကိုပါ ဒေ သခံတွေ ကိုယ်တိုင် တိုက်ရိုက်ရွေးချယ်တဲ့ စနစ်ဖြစ်ဖို့လိုတယ်။ ဒါမှ ဒေသခံ အကျိုး ပိုပြီးဆောင်ရွက်ပေးနိုင်မယ် " ဟု ဆိုသည် ။

လက်ရှိ ခရိုင်နှင့်မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများမှာ ဗဟိုမှ တိုက်ရိုက်ခန့်အပ်သူများ ဖြစ်ပြီး ၄င်းအုပ်ချုပ်သူများမှာ ဒေသ ခံ တိုင်းရင်းသားများအရေး သိနားလည်သူများ မဟုတ်သဖြင့် တိုင်းရင်းသားများဘက်မှ နစ်နာကြောင်း သူက ဆိုသည် ။

"ဒေသခံတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆိုရင် ဒီဒေသအကျိုးပိုလုပ်နိုင်မယ်ပေါ့ဗျာ။ အခု က ဒေသခံတွေ ဖြစ်တဲ့ ကချင် ၊ ပလောင် ၊ သျှမ်း အကြောင်း မသိတဲ့လူတွေ ဖြစ်နေတော့ တိုင်းရင်းသားတွေ ဘက်က အများကြီးနစ်နာပါတယ် "

"ဥပမာပေါ့နော် သျှမ်းနှစ်သစ်ကူးပွဲဆိုရင် အရင်ဗိုလ်ချုပ်ခင်ညွန့် ကတော်က မြို့ထဲမှာ လုပ်တာ မတွေ့ချင်ဘူး ဆိုလို့ မြို့ပြင် ထုတ် ကျင်းပခိုင်းတာ။ ဒီနေ့အထိပဲ ဗမာတွေနှစ်သစ်ကူးကျတော့ မြို့လယ်မှာ ကျင်းပခွင့်ရတယ်ဗျာ။ နောက်တစ်ခုက ဒီလို တိုင်းရင်းသားတွေရဲ့ ပွဲတော်တွေဆို အစိုးရက ဘတ်ဂျက် တစ်ခါမှ မချပေးဖူးဘူး။ ကိုယ့်ဟာကိုယ် အလှူခံရ တဲ့ငွေလေးနဲ့ လုပ်ရတယ်။ ဘတ်ဂျက်ကိစ္စတွေဆို မရဘူးတော့ မေ့တောင်မေ့နေပြီ ။ဘာပဲလုပ်လုပ် သူတို့ခွင့်ပြုမှ လုပ်ရတဲ့ သဘောဖြစ် နေတယ် ။ဒီမိုကရေစီ အပြောင်းအလဲကာလမှာ ဒါမျိုးတွေ မဖြစ်သင့်တော့ဘူး။ ဒါကြောင့်မို့ ပြည်သူတွေ ကိုယ်တိုင် အထက် အဆင့်ဆင့်ကို ရွေးချယ်ခွင့်ရဖို့ လိုအပ်တယ်" ဟု သူက ဆက်ပြောသည် ။

လက်နက်ကိုင်တိုက်ခိုက်ခြင်းကိုနောက်ဆုံးရွေး လမ်းမရှိမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ

Posted: 18 Dec 2012 03:33 AM PST

မြန်အစိုးရတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပစ်ရပ် တနှစ်ပြည့် သက်တမ်းတလျှောက် မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ခဲ့ရပြီး မိမိတို့ဘက်မှ ရွေးလမ်းမရှိမှသာ လက်နက်ကိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

SYS at KT                                    RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်

အဆိုပါကြေငြာချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အပစ်ရပ်ခြင်းတနှစ်တာကာလအတွင်းမှ  ကောင်းကျိုး ဆိုးကျိုး များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ဆိုးကျိုးများမှာ အပစ်ရပ်ထားသော်လည်း အစိုးရက   မပြတ် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ များဆက်တိုက်ဖြစ် ပေါ်နေခြင်းအပေါ် လူထုကော တပ်ထုပါ နားမလည်ဖြစ်ခဲ့ရ ကြောင်း၊ ယုံကြည်စိတ်ချမှု မရှိသဖြင့် သျှမ်းပြည် တပ်မ တော်ဘက်ကလည်း တိုက်ပွဲ ဆင်နွဲရေးအမြဲ အသင့်ပြင်ဆင် ထားနေရကြောင်းဖော်ပြထားသည်။

အပစ်ရပ်ရေးကောင်းကျိုးမှာမူ လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ် စေလွှတ်ပြီး လူထုနှင့်တိုက်ရိုက် တွေ့ဆုံ နိုင်ကြောင်း၊ မြို့ပေါ်ကိုယ်စားလှယ်ရုံး ဖွင့်နိုင်သည့်အခွင့် အရေးရှိကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုနိုင်ကြောင်း စသဖြင့်ဖော်ပြထားသည်။   

အဆိုပါကြေငြာချက်တွင်- တခြားအဖွဲ့အစည်းတွေဝင်ထွက်ပြီးစည်းလုံးမှုတည်ဆောက်မည်၊ သျှမ်းပြည်ကံကြမ္မာကို  သျှမ်းပြည်သားများမှ အဆုံးအဖြတ်ပေးနိုင်ဖို့ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖေါ်ဆောင်မည်၊ လူထုအား ဒီမိုကရေစီ အကြောင်း ကွင်းဆင်းရှင်းပြမည်၊ မူးယစ်ဆေးဝါး တိုက်ဖျက်မည်၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နှင့် သျှမ်းလူထု အတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည်  လက်နက်ကိုင်တိုက်ခိုက်သည့်လမ်းစဉ်ကို အဆုံးစွန် ရွေးလမ်းမရှိမှသာ သုံးမည် အစရှိသဖြင့် ပါရှိသော သျှမ်းပြည်တပ်မတော် RCSS/SSA ၏  လုပ်ငန်းစဉ် ၆ ချက်ကို ပါထုတ်ပြန်ကြေငြာထားပါသည်။

၂၀၁၁ ခု သြဂတ်စ်လ ၁၈ ရက်က အပစ်ရပ်တပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သမတကြီးဦးသိန်းစိန် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း  ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးမှုအကောင်အထည်ဖော်နိုင်ခဲ့သည်။

ပတ်စပို့နှင့် ဗီဇာအတွက် မလျှောက်ထားရသေးသည့်အလုပ်သမားများအား ယခုလကုန် ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ကြေငြာ

Posted: 18 Dec 2012 03:32 AM PST

ယာယီနိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်ဗီဇာအတွက် မလျှောက်ထားရသေးသည့် ထိုင်းနိုင်ငံရောက်  ရွှေ့ပြောင်းအလုပ် သမား များအား ဒီဇင်ဘာလကုန်၌ နေရပ်ပြန်ပို့ရန်အတွက် လိုက်လံဖမ်းဆီးမှုပြုတော့မည်ဖြစ်ကြောင်း ထိုင်းအလုပ် သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
migrant workersယာယီနိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးနေသည့်ချင်းမိုင်မြို့မှ အလုပ်သမားများ

" ကျနော်တို့ ပတ်စပို့ ဗီဇာလုပ်ဖို့ ကြေငြာပြီးကတည်းကနေ ဒီနေ့အထိ ဖိဆွတ်ဆန်ချတ်အတွက် ၂ ကြိမ် ၂ ခါတိုင်တိုင် အချိန်တွေ တိုးပေးခဲ့ပြီးပြီ။ ဒီတခါတော့ ဒီဇင်ဘာလကုန်မှာ အလုပ်သမားကတ်ကိုင်ဆောင်ထားပေမယ့် ဖိဆွတ်ဆန်ချတ် မလုပ်ရသေးတဲ့လူ ပတ်စပို့ ဗီဇာ အလုပ်လုပ်ခွင့်လျှောက်လွှာ မတင်ရသေးတဲ့သူတွေကို လ၀က နဲ့ လုံခြုံရေးရဲတွေကနေ ထိထိရောက်ရောက်ရှင်းလင်းတော့မှာဖြစ်တယ်။ ဖမ်းမိတာနဲ့ ချက်ချင်း ပြန်ပို့မယ်" ဟုချင်းမိုင်မြို့ ဒုရဲမှူးကြီး ဥဒုမ်း ပီယနုဆောင်န် က ပြောသည်။

ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့်အတွက် အိမ်ပြန်ပို့ခံရမည့် ရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်း နိုင်ငံ နှင့်အဝှမ်း ၃ သိန်းခန့်ရှိနေသေးကြောင်း ထိုင်းသတင်းဌာနကပြောသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ရောက်ရှိအလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအနက် ဖိဆွတ်ဆန်ချတ် ခေါ်  မူလမွေးဖွားရာနိုင်ငံသားစီစစ်မှု မလုပ်ရသေးသူများအား အချိန်မှီ လုပ်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂၄ ရက် အထိ ဖိဆွတ်ဆန်ချတ်လုပ်ချိန်တိုးမြင့်ပေးထားကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

"အစက ဒီဇင်ဘာ ၁၄ ရက်နေ့အထိ နောက်ဆုံးထားပြီး စီစစ်မှုလုပ်ဖို့ ပေးထားတယ်။ ချင်းမိုင်မြို့မှာ ဖိဆွတ်ဆန်ချတ် မလုပ် ရသေးတဲ့လူ သောင်းနဲ့ချီရှိနေသေးတယ်။ အဲတာကြောင့် ၂၄ ရက်နေ့အထိ နောက်ထပ် ၁၀ ရက်တိုးပေးတယ်။ အဲဒီနောက်ပိုင်း ဖိဆွတ် ဆန်ချတ်မလုပ်ရသေးရင်တော့  တကယ်ပြန် ပို့မယ် လို့ကြားတယ်" ဟု အလုပ်သမားများအား ဖိဆွတ်ဆန်ချတ် နှင့် ပတ်စပို့၊ ဗီဇာများ လျှောက်တင်ရန် အတွက် ကူညီပေးနေသော စိုင်းနောင့်ကပြောပါသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား အလုပ်သမား ၆၉,၅၈၈ ယောက်ရှိကြောင်း အလုပ်သမားရေးရာ ဝန်ကြီး က ထုတ်ပြန်ကြေငြာ၏။ မြန်မာပြည်မှအလုပ်သမားအများဆုံးဖြစ်ရာ ၆၉,၃၉၈ ယောက်ရှိကြောင်း ထိုအနက် ဖိဆွတ်ဆန်ချတ်ခေါ်  မူလမွေးဖွားရာနိုင်ငံသားစီစစ်မှု   မလုပ်ရသေးသည့်သူ ၂၅၉၉ ယောက်ရှိကြောင်း၊ ဗီဇာတောင်းခံပြီး အလုပ်လုပ်ခွင့်လျှောက်လွှာမတင်ရသေးသည့်သူ ၅၆၇၇ ယောက်ရှိကြောင်း ပြောဆို၏။

ထိုင်းနိုင်ငံ၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ ၁ သန်းထက်မနည်း ရှိနေကြောင်း သု သေတနပညာရှင်များက ခန့်မှန်းကြသည်။ မြန်မာ ၅ သိန်းကျော်၊ လာအို ၉ သောင်းနှင့် ကမ္ဘောဒီးယား ၂ သိန်းကျော်ရှ်ိ ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်ဟုလည်း ထိုင်းသတင်းဌာနကဖော်ပြထားသည်။ ထိုအနက် ဖိဆွတ်ဆန်ချတ် မလုပ်ရသေးသည့်အရေအတွက်မှာ မြန်မာ ၆ သောင်း၊ လာအို ၉ သောင်းနှင့် ကမ္ဘောဒီးယား ၁ သိန်းခွဲ ရှိနေသေးရာ ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့်သူ  ၃ သိန်းကျော်ရှိနေသည်ဟုလည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားသည်။

ထို့ကြောင့် ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့် အဆိုပါ အလုပ်သမား ၃ သိန်းကျော်အား ထိုင်းရဲများမှ လိုက်လံဖမ်းဆီးမှု မရှိရလေအောင် မိမိအသိစိတ်ဓါတ်ဖြင့် မိမိနေရပ်သို့ အသီးသီး ပြန်ကြစေလိုကြောင်း၊ သို့သော် အပြန်ခရီးတွင်လည်း မိမိကိုယ်တိုင်အသိစိတ်ဖြင့် အိမ်ပြန်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် (သူဌေး) ၏ထောက်ခံချက်ကိုပါ ရယူရမည်ဖြစ်ကြောင်း လည်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာထားကြောင်း ထိုင်းသတင်းဌာန၌ ဖော်ပြထားပါသည်။

မုံးဝီးလူငယ်ပြုပြင်ရေးအဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်မြင့်ဆောင်ရွက်

Posted: 18 Dec 2012 03:30 AM PST

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာ ဒေသခံများ ကိုယ်တိုင်ပါဝင် ဖွဲ့စည်းထားသော လူငယ်ပြုပြင်ရေးအဖွဲ့က ရပ်ရွာအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Mong Weeသျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအုပ်စု(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

ယခုလ ၁၂ ရက်နေ့က မုံးဝီးဒေသခံများကို အစည်းအဝေးခေါ်ယူ ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆင့် ၃ ဆင့်ပါ အစီအစဉ်ဖြင့် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ကိုယ်တိုင်အစည်းအဝေးတက်ရောက်သူ မုံးဝီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းအဆင့် ၃ ဆင့်မှာ အသိပညာပေးခြင်း၊ ဆုပေး ဒဏ်ပေးစနစ်ကျင့်သုံးခြင်းနှင့် နောက်ဆုံးအနေဖြင့် ဖမ်းဆီးကာ ရဲလက်သို့ အပ်နှံခြင်းတို့ ဖြစ်ကြောင်း သိရသည်။

"၁၂ ရက်နေ့ နံနက် ၉ နာရီခွဲမှာ မုံးဝီးလူငယ်ပြုပြင်ရေးအဖွဲ့က ရွာလုံးကျွတ်အစည်းအဝေးခေါ်တယ်။ ဒေသခံ ၃၅၀ ကျော် လောက်တက် တယ်။ ရဲတွေ ကျန်းမာရေး ဋ္ဌာနက တာဝန်ရှိသူတွေလည်းတက်တယ်။ ဒီအဖွဲ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ကနေစပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်တော့မဲ့ အကြောင်း လူထုကို အသိပေးပြောသွားတယ်" ဟု ၄င်းဒေသခံက ပြောသည်။

အဆိုပါ လူငယ်ပြုပြင်ရေးအဖွဲ့ကို နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်းက စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အဖွဲ့ဝင် ၆၀ ခန့် ရှိပြီး ဒေသခံများ၏ ထောက်ခံအားပေးမှုကို ရရှိနေကြောင်း သိရသည်။

မိမိတို့ကြား ပြဿနာများကို အင်အားသုံးဖြေရှင်းတော့မည်မဟုတ်- သျှမ်းနှစ်သစ်ကူး၌ ဝ ကိုယ်စားလှယ်ပြော

Posted: 17 Dec 2012 07:52 PM PST

သျှမ်းပြည်တပ်မတော် RCSS/SSA  ဌာနချုပ် လွယ်တိုင်းလျန်း၌ ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲသို့ ဝ တပ်ဖွဲ့မှ ကိုယ်စား လှယ်တက်ရောက်ကာ တိုးတက်ပြောင်းလဲလာသောခေတ်ကြီး၌ မိမိတို့နှစ်ဦးနှစ်ဘက်ကြား ပြဿနာများကို အင်အားသုံး ဖြေရှင်းသည့်နည်းမသုံးကြရန်နှင့် အဘက်ဘက်တိုးတက်အောင်လက်တွဲအလုပ်လုပ် သွားကြရန် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
                        ဝ တပ်ဖွဲ့ဘက်က ကိုယ်စားလှယ် ကျောက်လောဝ်မိန်း

" ဝ တပ်ဖွဲ့ဘက်က ကိုယ်စားလှယ် ကျောက်လောဝ်မိန်း ။  တောင်ပိုင်းဝ တပ်ဖွဲ့ ရဲ့ အမှတ် ၁၇၁ စစ်ဒေသ ကကိုယ်စားလှယ် ပေါ့။  နှစ်သစ်ကူးနေ့က ပွဲတော်အခမ်းအနားမှာ စကားပြောတယ်။ ရှေ့ဆက်မှာ ဝ တပ်ဖွဲ့ နဲ့ သျှမ်းတပ်ဖွဲ့ကြား ပြဿနာတွေ ကို အင်အားသုံးပြီး မဖြေရှင်းဖို့နဲ့  မိမိရိုးရာယဉ်ကျေးမှုတွေ မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ပြောသွား တယ်" ဟု ပွဲတော်တက်ရောက်သူတဦး ကပြောပါသည်။

ယခုလ ၁၄ ရက် သျှမ်းနှစ်သစ် ၂၁၀၇ ခုနှစ်၌ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ပွဲတော်ကျင်းပရာ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၏ ကိုယ်စားလှယ်အဖြစ်ပွဲတက်ရောက်ရသူ  ကျောက်လောဝ်မိဏ်း က သျှမ်းတပ် နှင့် ဝ တပ်တို့ လက်တွဲကာ ကျန်းမာရေး၊ စီးပွါးရေးတို့၌ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၌လည်း မပပျောက်အောင် အချင်းချင်း ဖလှယ်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသူက ဆိုပါသည်။

"ဝ တပ်ဖွဲ့နဲ့ သျှမ်းတပ်ဖွဲ့ဆိုတာက နယ်မြေဒေသကိစ္စနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေမှာ အစဉ်အဆက်ပြ ဿနာ ရှိလာခဲ့တာလေ။ မကြာသေးခင်ကလဲ လွယ်ကော်ဝမ်း နဲ့ ပုံဖါ ပုံတောင်းဘက်မှာ သျှမ်းတပ်ဖွဲ့နဲ့ ဝ တပ်ဖွဲ့တို့ တင်းမာမှုရှိခဲ့ တာကော်။ ဆိုတော့ အခုလို သျှမ်းနှစ်သစ်ကူးအခါသမယ မှာ ဝ တပ်ဖွဲ့က ကိုယ်စားလှယ်က အဲလိုမိန့်ခွန်း လာပြောတော့ ကောင်းမွန်တဲ့ မင်္ဂလာတပါးဘဲလို့မြင်မိပါတယ်" ဟုလည်း အဆိုပါပွဲတက်ရောက်သူကပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ယမန်နှစ် ဒီဇင်ဘာလက အပစ်ရပ် ရေးဆွေးနွေးသဘောတူခဲ့ပြီးသော တပ်ဖွဲ့ဖြစ်သည်။ သို့သော် မြန်မာအစိုးရ၏ တပ်မတော် နှင့် ယနေ့တိုင်တိုက်ပွဲများ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားနေသေးသည်။

RCSS/SSA ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီယွက်စစ်ကမူ ဒီမိုကရေစီသို့ကူးပြောင်းရန်အတွက် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား များအားလုံးနှင့် လက်တွဲကြိုးပမ်းမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းရုပ်မြင်သံကြားသတင်းဌာန Thai PBS ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။

ယခုလ ၁၃ နှင့် ၁၄ ရက်နေ့က လွယ်တိုင်းလျန်းဌာနချုပ်၌ ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်သို့ဝ တပ်ဖွဲ့မှ ကိုယ်စား လှယ် အပြင် ဝ ရိုးရာအကဖြင့်လည်း ကပြဖျော်ဖြေခဲ့ပါသည်။

သျှမ်းတောင် မိုးနဲမြို့ ယခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော် လူငယ်များဦးဆောင်လှုပ်ရှား

Posted: 17 Dec 2012 07:51 PM PST

သျှမ်းပြည်တောင်ပိုင်း  စော်ဘွားမြို့ဟောင်းတမြို့ဖြစ်သော မိုးနဲတွင် ယခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော်အား စိုးရိမ်ကြောက် ရွံ့ခြင်းမရှိဘဲ ယခင်နှစ်များထက် ထူးကဲ စည်ကားစွာကျင်းပနိုင်ခဲ့ကြောင်း မိုးနဲဒေသခံများ ကပြောသည်။
Opening                                             သျှမ်းနှစ်သစ်ကူး ဖွင့်ပွဲ

"တည တညလူ ၃၀၀၀ ထက်မလျော့ဘူးဗျ။ တော်တော်စည်တယ်ပြောရမယ်။ ရပ်ကွက်တိုင်း ကျေးရွာတိုင်းက ဝတ်စုံဆင်တူ တွေဝတ်ကြပြီး မင်္ဂလာနှစ်သစ်ပါဆိုတဲ့ မိမိရပ်ရွာဆိုင်းဘုတ်လေးတွေန ချီတက်ကြတယ်။ ရပ်ကွက်တိုင်းအိုးစည်ဗုံမောင်းပါ တယ်။  စည်း လုံးညီညွတ်မှုကိုပြတာပေါ့ဗျာ" ဟု မိုးနဲသားတဦးကပြောသည်။

ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက သျှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကျင်းပရာ ၁၄ ရက်နေ့အထိ မဟာသုခ ချမ်းသာကြီးကျောင်း တိုက်၌ ကျင်းပခဲ့ကြောင်း၊ မုခ်ဦးဖွင့်ပွဲကို မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်၊ ပွဲတော်ကျင်းကရေးကော်မတီ ဥက္ကဌ ဦးထွန်းမြင့်၊ ပွဲတော်ကျင်းပရေးကော်မတီနာယက ဦးအောင်ဖေတို့က ဖွင့်လှစ်ပေးပြီး ရိုးရာနှင့် သမိုင်းပြတိုက်ဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်ကြီးနှင့်အဖွဲ့ကလည်းကောင်း၊ အကပဒေသာစတိတ်စင်များကိုမူ ပွဲတော်ကျင်း ပရေးကော်မတီအဖွဲ့ဝင် ဆရာဦးမျိုးသန့်နှင့်အဖွဲ့ကလည်းကောင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း ပွဲပရိသတ်တဦးက သျှမ်းသံတော် ဆင့်အားပြောပြသည်။


audience                                                 ဖွင့်ပွဲလာ ပရိသတ်

"အရင်နှစ်တွေတုန်းက သိပ်မငြိမ်းချမ်းဘူး၊ ပွဲဆိုလန့်ကြတယ်၊ ဗုံးကွဲတတ်လို့လေ၊ ဒီနှစ်တော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ၊ အခြား နှစ်တွေထက် စိုးရိမ်မှုကင်းမဲ့ပြီး ပျော်ရွှင်ကြတယ်။ တိုင်းပြည်ငြိမ်းချမ်းမှုရဲ့ လက္ခဏာလို့တောင် ပြောလို့ရမှာလား မသိဘူး" ဟု ဒေသခံတဦး လူငယ်တဦးကပြောပါသည်။

၁၂ ရက်နေ့မှ ပွဲပြီးသည့်နေ့အထိ နေ့စဉ် ညနေတိုင်း ဥယျာဉ်ရပ်ကွက်၊ နားခံရွာ၊ နမ့်မော်လေရွာ၊နားလင်းရွာ၊ နမ့်မော် ဆုမ့်ရွာ၊လွယ်လင်းရွာ၊ ပြင်ဦးရွာ၊ နမ့်သပြေရွာ၊ ကုန်းပေါင်းရွာတို့က မြို့၏အဓိကလမ်းမမှ ပွဲသို့ချီတက်ကြပြီး နားဟောင် ရပ်ကွက်၊ နောင်ကျော့ရပ်ကွက်၊ ကင်တုံရွာ ဆိုင်းဖယ်ရွာတို့က မြောက်ဘက်အရှေ့မြို့ပတ်လမ်းမှ ချီတက်ခဲ့ကြ၏။ တောင် ဘက်အရှေ့မြို့ပတ်လမ်းမှမူ လွယ်မြေရပ်ကွက် နောင်မိုင်းရွာ ဝမ့်ဟေ့ရွာတို့မှ ချီတက်ခဲ့ကြရာ စည်ကားလျက်ရှိကြောင်း မြို့ခံများကပြောကြသည်။

ကျေးလက်မှလာသည့် ပရိသတ်များအတွက်မူ ဦးသီလကျောင်း၊ ဆုတောင်းပြည့်စာသင်တိုက်၊ ဥယျဉ်ကျောင်းတိုက်၊ သာသနာ့ပါလစာသင်တိုက်၊ ဝါဆိုကျောင်းတိုက် တို့တွင် နေရာချပေးကြောင်း ဆိုပါသည်။


dancing with drum                                                   အိုးစည်တီး၍ ပွဲဖွင့်လှစ်

"စတိတ်စင် ၃ စင်ဆောက်တယ်။ ရိုးရာအငြိမ့် (ခေတ်ဟောင်းတေးဂီတ) အတွက်တစင်၊ ခေတ်သစ်တေး ဂီတ အတွက် တစင်နဲ့ အကအတွက် တစင်ဆောက်တယ်။ ပွဲတော်နောက်ဆုံးရက်မှာ အကပြိုင်ပွဲမှာဆုရတဲ့သူ၊ အားကစားပြိုင်ပွဲမှာ အနိုင်ရတဲ့ သူတွေအပြင် နွေရာသီသျှမ်းစာသင်တန်းကျောင်းက သင်တန်းသား ၆၀၀ ကျော်ကို ဆုချီးမြင့်တယ်။ ဆွမ်းကပ်၊ ဧည့်ခံ ကျွေးမွေး တရားနာတယ်။ ဒီနှစ်တော့ ပွဲက စည်ကားသိုက်မြိုက်လှပါတယ်။ အေးအေးချမ်းချမ်းနဲ့ ပြီးတဲ့အထိ ကျင်းပနိုင်ခဲ့ ပါတယ်" ဟု ဆိုပါသည်။

သျှမ်းပြည်တွင်း မြို့နယ်အသီးသီး၌အပြင် တရုတ်နယ်စပ် ရွှေလီ၊ တရုတ်ပြည် ယူနန်ပြည်နယ် တိုင်ခုံးကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်း မန်စီ (မိုင်းခွန်)တွင်လည်း အကြီးအကျယ်ပွဲကျင်းပခဲ့ကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ  အာသံပြည်နယ်ရှိ ဖကေးသျှမ်း မျိုးနွယ်စုပင် သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပခဲ့ကြကြောင်း ကြားသိရသည်။ မြန်မာလ တန်ဆောင်မုန်းလကွယ် - နတ်တော် လဆန်း ၁ ရက်နေ့ရောက်တိုင်း သျှမ်းအမျိုးသားတို့၏နှစ်သစ်ကူးဖြစ်ပါသည်။ ယခုနှစ်သည် သျှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ် အတွင်း သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

သျှမ်းပြည်အလယ်အပိုင်း ၄ မြို့နယ်အတွင်း လူငယ်များကွန်ယက်ဖွဲ့စည်း

Posted: 17 Dec 2012 07:49 PM PST

စနေနေ့က သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်အတွင်း လူငယ် ၁၈၀ ခန့်က အစည်းအဝေးတရပ်ကျင်းပပြီး လူငယ်များ စွမ်းရည်မြင့်တင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရေးအတွက် "သျှမ်းပြည်တိုင်းရင်းသားလူငယ်များ ကွန်ယက်" ဖွဲ့စည်းလိုက်ကြောင်း ကြားသိရပါသည်။

SSYNC          သျှမ်းပြည်တိုင်းရင်းသားလူငယ်များ ကွန်ယက်ဖွဲ့စည်းစဉ်

ဒီဇင်ဘာ ၁၅ ရက်နေ့၌ သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်မှ နှစ်သစ်ကူးပွဲတော်တက်ရောက်သည့်လူငယ် ၁၇၇ ဦးက သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ ၀မ့်ဟိုင်း၌ တွေ့ဆုံဆွေးနွေးပြီး လူငယ်များဆိုင်ရာကွန်ယက်တခု ဖွဲ့စည်းလိုက်ကြောင်း သျှမ်းလူငယ်များက ပြောပါသည်။

"အရင်တုန်းကလည်း ကျနော်တို့တွေ ထပ်ခါ ထပ်ခါတွေ့ဖူးပါပြီ။ အခုလက်ရှိ ကျနော်တို့ ကွန်ယက် အဖွဲ့ဝင် ၆၅ ယောက်ရှိတယ်။ ကျန်တဲ့သူကတော့ တက်ရောက်လေ့လာတယ်။ အကြံအဉာဏ်ပေးတယ်။ အဓိက ကတော့ လူငယ့်စွမ်းရည်မြင့်တင်ဖို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လက်တွဲလုပ်ဆောင်ဖို့ပါဘဲ။ ရှေ့လဆန်းပိုင်းမှာလဲ ကျနော်တို့ ထပ်တွေ့ဖို့ရှိတယ်" - ဟု ကွန်ယက်ပြောရေးတာဝန်ခံ စိုင်းဖုန်းဟန် ကပြောပါသည်။

သျှမ်းပြည်တိုင်းရင်းသားလူငယ်များ ကွန်ယက်တွင် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ ၀မ့်ဟိုင်း၊ မိုင်းနောင်မြို့နယ်ခွဲ၊ တန်းယန်းမြို့နယ်၊ နမ့်လောင်(၀်း)၊ မိုင်းကောင်(၀်)နှင့်  မိုင်းရယ်မြို့နယ် တို့မှ လူငယ်များဖြစ်ကြကြောင်း၊ လာမည့် ဂျန္နဝါရီ ၆ ရက် တွင် ထပ်မံတွေ့ဆုံပြီး ကွန်ယက်ဆိုင်ရာလုပ်ငန်းများ ချမှတ်ကာ တာဝန်ခွဲလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောပါသည်။

"ကျနော်တို့ တိုင်းပြည်မှာ  အဓိက ဖြစ်ပွားနေတာက မူးယစ်ဆေးဝါးပြသနာ။ မူးယစ်ကျေးကျွန် မဖြစ်အောင် ကျနော် တို့လူငယ်တွေ ဘယ်လိုလက်တွဲဖေါ်ဆောင်မလဲ။ ဘယ်လိုတားဆီးကြမှာလဲ။ လူငယ်စွမ်းရည်မြင့်တင်နိုင်ရင် တာတွေ လဲ အလိုလိုရင်း ကာကွယ်သွားနိုင်လိမ့်မယ်လို့ယုံကြည်တယ်" - ဟု အမည်မဖေါ်လိုသည့် ကျေးသီးရောက် လူငယ် တဦးက ပြောပါသည်။

လောလောလတ်လတ် ဖွဲ့စည်းလိုက်သော သျှမ်းပြည်တိုင်းရင်းသား လူငယ်များကွန်ယက်အနေဖြင့် မည်သည့် နိုင်ငံရေးအဖွဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်မျှမသက်ဆိုင်ကြောင်း ၄င်းကဆိုပါသည်။ သို့သော်လက်ရှိဖြစ် ပေါ် နေသော နိုင်ငံရေး ရေစီးကြောင်းအရ  ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပ်ခဲ့ကြသည့် TBP Trust Building for Peace သျှမ်းညီလာခံအား အကောင်းမြင်ကြောင်း၊ မကြာမှီ ကျင်းပမည်ဆိုသည့် သျှမ်းပြည်တိုင်းရင်း သားတရပ်လုံးအတွက်ညီလာခံအားလည်း ကြိုဆိုကြောင်း စိုင်းဖုန်းဟန်က ပြောပါသည်။

ယမန်နှစ် ၂၀၁၁ နိုဝင်ဘာ တွင်လည်း ပြည်တွင်းပြည်ပ သျှမ်း လူငယ် ၁၀၀ ခန့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နှစ်ရက်ကြာ တွေ့ ဆုံ ပြီး သျှမ်းပြည်တပ်မတော် RCSS/SSA (တောင်ပိုင်း)  နှင့် SSPP/SSA (မြောက်ပိုင်း) တို့ အမြန်ဆုံးပေါင်း စည်းကြရန် စာရေးတောင်းဆိုခဲ့ဖူးသည်။ သို့သော်လူငယ်ဆိုင်ရာအဖွဲ့အစည်းတရပ်အနေဖြင့် ဖွဲ့စည်းနိုင်ခြင်းမရှိပေ။

နမ်ခမ်းမြို့တွင် သျှမ်းနှစ်ကူးပွဲတော် ရုတ်တရက်ရပ်နား

Posted: 17 Dec 2012 07:48 PM PST

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော် နောက်ဆုံးည သန်းခေါင် မတိုင်မီ မထင်မှတ်ဘဲ ပွဲတော်ရုတ်တရက် ရပ်နားခဲ့ကြောင်း ပရိသတ်တဦးကပြောသည်။
child dance num kham              ပွဲတော်၌ အကများဖြင့် တင်ဆက်နေသော ကလေးငယ်များ

"ရုတ်ရုတ်သဲသဲတော့မရှိပါဘူး။ ဘာမှမကြေငြာဘဲနဲ့တီးဝိုင်းသမားတွေ စင်ပေါ်ကနေဆင်းသွားတယ်။  ပြန်မတက်လာဘူး။ အစီအစဉ်မှူးလဲဘာမှမကြေငြာဘဲ သီချင်းတွေဘဲဖွင့်ထားပေးတယ်။ ဒီတိုင်းဘဲပွဲက ပြီးသွားတာပေါ့"- ဟု ပွဲဝင်ပရိသတ်တဦးကပြောသည်။

အစဉ်အလာအရ ပွဲမှာ မနက် ၂ နာရီ ၃ နာရီမှပြီးဆုံးလေ့ရှိသည်ဖြစ်သော်လည်း ပွဲတော်နောက်ဆုံးည ဖြစ်သော သောကြာ ညက သန်းခေါင်မတိုင်မီပွဲတော်ပြီးဆုံးခဲ့ကြောင်း အကြောင်းရင်းကိုလည်း မသိရကြောင်း အဆိုပါမြို့ခံကပြောပါသည်။

အစောပိုင်းကမူ  မြန်မာစစ်ဖက် ထောက်လှမ်းရေး၊ SB နှင့် ရပ်ရွာအတွင်းထောက်လှမ်းရေး အမာခံလူတို့က ပွဲကော်မတီထံ လာရောက်စုံမေးမြန်းခဲ့ကြောင်း ပွဲတော်လုံခြုံရေး တာဝန်ကျ တဦးကလည်း သျှမ်းသံတော် ဆင့် အားပြောပြသည်။

"မျက်နှာစိမ်းတွေ ရှိလား။ SSA က ဘယ်နှစ်ယောက် ပွဲလာလဲ စသဖြင့်ပေါ့  အလှူခံဌာနမှာလဲမေးတယ်။ လုံခြုံရေးမှာ လည်း မေးတယ်။ ဘာကြောင့်ပွဲစောစောပြီး သလဲဘယ်သူမှမသိ ရပေမယ့် အဲလိုလာ မေးတာက ထူးခြားချက်ထဲကတခုပေါ့နော်။ နောက်တခုက တီးဝိုင်းအဖွဲ့ နဲ့ ပွဲကော်မတီ ပြဿနာတက်တာ လားပေါ့။ မနှစ်ကတော့ ဗမာစစ်သား အယောက် ၅၀ က သျှမ်းဝတ်စုံမှာယူပြီး သျှမ်းနှစ်သစ်ကူးပွဲတော်ကို နှောက် ယှက်မယ်ဆိုတဲ့ ကောလဟာလ သတင်းကြောင့် ပွဲတော် မကျင်းပဖြစ်ခဲ့ဘူး။" - ဟုမြို့ခံတစ်ဦးက ပြောပြသည်။
fruit numkham                                                သစ်သီးထွင်းထုပြိုင်ပွဲ

အမည်မဖေါ်လိုသူ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တဦးကတော့ - ဘာမှပြသနာမရှိပါဘူး၊ သီချင်းဆိုတဲ့သူ မရှိတော့လို့ပါ -  ဟုသာပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နောင့်စန့်ကုန်းအနီး (ပန်လိမ်ပျံ ခေါ် အင်္ဂလိပ်ခေတ် ကလေယဉ်ကွင်း)တွင် ဒီဇင်ဘာ ၁၃ ရက် နှင့် ၁၄ ရက် နှစ်ရက်တိုင်တိုင်ကျင်းပခဲ့သည်။

ဒီနှစ်သျှမ်းနှစ်သစ်ကူးပွဲတော်တွင် သံဃာတော်များ၊ တအာင်း ၊ ကချင်၊ လီရှော၊ ကရင် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊ RCSS/SSA သျှမ်းပြည်တပ်မတော် လက်အောက်ခံ ရဝ၁ တပ်ရင်းမှ ခေါင်းဆောင် ပိုင်းများ၊မြို့ခံပြည်သူ လူထုများ အယောက် နှစ်ထောင်နီးပါးတက်ရောက်ကြောင်းတွေ့ရသည်။
003-
"နေ့လည်ပိုင်းလည်း သိပ်မစည်ပါဘူး၊ အားကစားပြိုင်ပွဲအတွက် ဆုတွေပေးတယ်၊ မူကြိုကလေးအက ၊ ၁၀ ကျော်သက် ကလေးအက၊ သျှမ်းရိုးရာ သစ်သီးထွင်းပြပွဲတွေလုပ်တယ်။ ညပိုင်းမှ နှစ်ကူးစောင့်ကြိုတဲ့ သူတွေ ကွင်းအပြည့်ပဲ၊ ဒါပေမဲ့ နာမည် ကြီးသျှမ်းအဆိုတော်တွေ သိပ်မတွေ့ရဘူးဒီနှစ်။ အဆိုတော်သစ်နဲ့ဝါသနာရှင် အဆင့် အဆိုရှင်တွေဘဲရှိတယ်" - ဟု နမ့်ခမ်းလူငယ်စိုင်းခမ်းကပြောသည်။

ဒီဇင်ဘာ ၁၄ ရက်မနက်ပိုင်းတွင် နမ့်ခမ်းသျှမ်းစာ/ယဉ်မှု ဥက္ကဌ စိုင်းကျော်ဝင်း၊ ပြည့်သူ့လွတ်တော်ကိုယ် စားလှယ်ဒေါက်တာ စိုင်းကျော်အုန်း၊ နမ့်ခမ်းအုပ်ချုပ်ရေးမှူးသစ် နှင့် သျှမ်းစာပေအတွင်းရေး မှူးစိုင်းမြင့်သန်း တို့က မိန့်ခွန်းအသီးသီးပြောကြားခဲ့ ကြောင်း၊ ဆယ်တန်းအောင်သည့် ကျောင်းသားများကိုလည်းဂုဏ်ပြု လက်မှတ်များချီးမြှင့်ကြကြောင်း၊ သျှမ်းပွဲတော် တက်ရောက် လာသော ဧည့်ပရိတ်သတ် များကိုလည်း မနက်စာကျွေမွေးပေးခဲ့ကြောင်း ၄င်းကဆိုသည်။

[New post] လျှပ်စစ်ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုများ စာတမ်း (အပိုင်း ၁) (EPC Man)

admin posted: " လျှပ်စစ်ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုများ စာတမ်း (အပိုင်း ၁) အီးပီစီကလူ၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၂ နိုင်"

[mrsorcerer:36454] အချိန်တိုတိုအတွင်းမှာ အင်္ဂလိပ်လို အမြန်ပြောဆိုနိုင်ဘို့ နည်းလမ်း ( ၇ ) သွယ်

အချိန်တိုတိုအတွင်းမှာ အင်္ဂလိပ်လို အမြန်ပြောဆိုနိုင်ဘို့ နည်းလမ်း ( ၇ ) သွယ်
http://www.thebestenglish4you.com/learn-english-phrases---1.html

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36452] Fwd: [လူဗိုလ်ဟူသည် ...] ရူးသွပ်နေသူတယောက်အကြောင်း...........



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/18
Subject: [လူဗိုလ်ဟူသည် ...] ရူးသွပ်နေသူတယောက်အကြောင်း...........
To: lubo601@gmail.com




ကောင်မလေးရေ.... 
လက်ရှိဘ၀မှာ အခိုးအငွေ့တွေဖြစ်လိုက်
တိမ်စိုင်တိမ်ခဲတွေ ဖြစ်လိုက်နဲ့  မင်းရှိရာအရပ်ကို
ဦးတိုက်ရွှေ့ လျှားနေလေရဲ့  ကိုယ့်ဘ၀မှာအနာဂတ်ဆိုတာမရှိ
အတိတ်ဆိုတာမရှိ မျှော်လင့်ချက်ဆိုတာမရှိနဲ့ 
မင်းတယောက်ထဲဘဲစိတ်ထဲမှာရှိ ဘာဆိုဘာမှမသိ
ဒီလိုဘဲဆက်လက် လွင့်မျောရင်းနဲ့  ကိုယ့်ဘ၀ဆုံးရမယ်ဆိုတာကို
မတွေးမိခဲ့ မင်းမှမင်းဘဲ ဖြစ်နေတယ်ဆိုတာကို
မင်းများသိခဲ့မယ်ဆိုရင် ကိုယ်လွင့်မျောနေရတာ ကျေနပ်မိမယ်ထင်တယ်

အခုချိန်မှာဘာလုပ်ရမလဲ ကိုယ့်ဘ၀တခုလုံးက မင်းလက်ထဲရောက်နေပြီဆိုတော့
အဲ့လောက်ထိရူးသွပ်မိနေသူတယောက်ကို ဘာလို့ ပြစ်ထားတာလဲဆိုတာတွေးမိတော့
ရင်ထဲမှာအလိုလိုဝမ်းနည်းသွားတယ်ဆိုတာကို ကူကယ်ရာမဲ့ ဘယ်သူ့ အကူအညီတောင်းရမှာလဲ
မင်းကိုတွေ့ ရတော့မယ်ဆိုတဲ့အသံတွေ မင်းနဲ့ နီးရတော့မယ်ဆိုတဲ့ အသံတွေကြားနေရတယ်

ဒါပင်မဲ့  ဒါအိမ်မက်ထဲမှာလေ ကိုယ်ဆက်လက်ရွက်လွင့်နေမိတယ် ရွက်လွင့်နေတယ်
ဒါဟာ မိုက်ရူးရဲဆန်တာလား ဆိုတာကိုလုံးဝမတွေးမိခဲ့ အခုချိန်မှာ
ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတခုကတော့ မင်းနဲ့ အမြန်ဆုံး ဆုံတွေ့ ချင်နေတယ်ဆိုတာကို
ကံကြမ္မာကများ မျက်နှာသာပေးခဲရင်..................

ကိုတင့်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/19/2012 01:51:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36451] Fwd: [လူဗိုလ်ဟူသည် ...] ရွှေနန်းထက်မှ ဧကရီသုံးပါး ဗြိတိသျှ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/18
Subject: [လူဗိုလ်ဟူသည် ...] ရွှေနန်းထက်မှ ဧကရီသုံးပါး ဗြိတိသျှ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး
To: lubo601@gmail.com


By သန်းဝင်းလှိုင်

ဗြိတိသျှထီးနန်းကို ယနေ့တိုင် စိုးစံလျက်ရှိသော ဧကရီဘုရင်မကြီးမှာ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မဖြစ်သည်။ ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဘုရင် သည် ၁၉၅၂ ခုနှစ် ဖေဖော
်ဝါရီလ ၆ ရက်နေ့တွင် နတ်ပြည်စံခဲ့ပြီးနောက် ဗြိတိသျှထီးနန်းကို ဆက်ခံခဲ့သော သူဖြစ်သည်။ သို့သော် နန်းသိမ်းပွဲ ရာဇဘိသေကကို ခမည်းတော် နတ်ပြည်စံလွန်ပြီး ၁ နှစ်အကြာ ၁၉၅၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒုတိယမြောက် အယ်လစ်ဇဘက်ဘုရင်မကြီးသည် ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဘုရင် (King George VI) နှင့် မယ်တော် အယ်လစ်ဇဘက် မိဘုရား (Elizabeth Bowes – Lyon) တို့မှ ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လန်ဒန်မြို့၌ ဖွားမြင်သည့် မွေးချင်းနှစ်ဦးအနက် အကြီးဆုံးသမီးတော်ဖြစ်သည်။ ညီမတော်မှာ မာဂရက်မင်းသမီးဖြစ်သည်။ ခမည်းတော်မှာ ပဉ္စမဂျော့ဘုရင်၏ ဒုတိယသားတော်ဖြစ်ပြီး နောင်တော်မှာ နောင်တွင် နန်းစွန့်ဘုရင်ဟု ကျော်ကြားခဲ့သော အဋ္ဌမမြောက်အက်ဒွပ်ဘုရင် ဖြစ်သည်။ အယ်လစ်ဇဘက်မင်းသမီးသည် မွေးစအရွယ်မှ ၁၀ နှစ်သမီးအထိ နန်းစံရမည့် ဧကရီဘုရင်မအဖြစ် ခန့်မှန်း၍ မရသေးပေ။ သာမာန် ၀င်ဆာမင်းသမီးတစ်ပါးမျှသာ ဖြစ်သည်။ ဘကြီးတော် အဋ္ဌမအက်ဒွပ်ဘုရင်သည် အချစ်အတွက် ထီးနန်းကို စွန့်၍သာ ခမည်းတော် ယော့မြို့စားသည် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဗြိတိသျှ ထီးနန်းကို ဆက်ခံခွင့် ရခဲ့သည်။
ဤသို့ဖြင့် ၁၀ နှစ် သမီးအရွယ်သာ ရှိသော အယ်လစ်ဇဘက် မင်းသမီးသည် အလိုအလျောက် နန်းလျာမင်းသမီး ဖြစ်လာခဲ့လေသည်။ အယ်လစ်ဇဘက်မင်းသမီး၏ နာမည်အပြည့်အစုံမှာ အယ်လစ်ဇဘက် အလက်ဇန်ဒရားမေရီ (Elizabeth Alexandra Mary) ဖြစ်သည်။
မယ်တော်ကိုယ်တိုင် အယ်လစ်ဇဘက် မင်းသမီး၏ ပညာရေးကို ကြီးကြပ်၍ သင်ရိုးဘာသာရပ်များအပြင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေ၊ သမိုင်းဆိုင်ရာ ပညာရပ်တို့ကို နန်းတွင်းအကျော်အမော်များတို့ဖြင့် သင်ကြားစေခဲ့သည်။ မင်းသမီးသည် မြင်းစီးအတတ်၊ ရေကူးတို့၌ ကျွမ်းကျင်၍ မက္ကင်းနစ်စက်မှုအတတ်ပညာကိုပါ တတ်ကျွမ်းသည်။ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်တတ်ပြီး မော်တော်ယာဉ်စက်ပြင် မက္ကင်းနစ်ပညာကိုပါ တတ်ကျွမ်းသည်။ အနုပညာ၌ စာပေ၀ါသနာထုံ၍ စန္ဒရားကို ကောင်းစွာတီးနိုင်သည်။ ရုပ်ရှင်၊ ပြဇာတ်၌လည်း စိတ်ဝင်စားသည်။ ခွေး နှင့် မြင်းကိုလည်း ချစ်မြတ်နိုးသည်။


၁၉၃၇ ခုနှစ်တွင် အယ်လစ်ဇဘက်မင်းသမီးသည် အမျိုးသမီးကင်းထောက်အဖွဲ့သို့လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပင်လယ်ကင်းထောက်အဖွဲ့သို့လည်းကောင်း ၀င်ရောက်၍ လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ထိုနှစ်အတွင်း ခမည်းတော် ဆဋ္ဌမမြောက်ဂျော့ဘုရင်က သမီးတော်အား ဂရင်းနားဒီးယား အစောင့်တပ်ဖွဲ့ (Grenadier Guards) တွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး (Colonel – in – Chief) အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမျိုးသမီးများ အရန်တပ် (Women's Auxiliary Territorial Service) တွင် ၀င်ရောက်အမှုထမ်းခဲ့ရာ ၁၉၄၅ ခုနှစ် တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရသည်။ သူ၏ ကိုယ်ပိုင်အမှတ်မှာ ၂၃၀၈၇၃ ဖြစ်သည်။
၁၉၄၇ ခုနှစ် နှစ်ဦးတွင် အယ်လစ်ဇဘက်မင်းသမီးသည် ခမည်းတော်မယ်တော်တို့နှင့်အတူ ပထမဆုံး ခရီးစဉ်အဖြစ် တောင်အာဖရိကသို့ ခရီးထွက်ခဲ့သည်။ သူ၏ ၂၁ နှစ် ပြည့် မွေးနေ့တွင် မင်းသမီးသည် ဗြိတိသျှ ဓနသဟာယနိုင်ငံများ (British Commonwealth) အကျိုးကို တစ်သက်လုံးသယ်ပိုးဆောင်ရွက်ပါမည်ဟု အသံလွှင့်ကြေညာခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ယခင်က ဂရိ နှင့် ဒိန်းမတ် မင်းသားဖြစ်သည့် ဘုရင့်ရေတပ်မှ ဗိုလ် ဖိလစ်မောင့်ဘက်တန် (Lieutenant Philip Mountbatten) နှင့် စေ့စပ်ကြောင်းလမ်းကြေညာခဲ့သည်။ အယ်လစ်ဇဘက်မင်းသမီးသည် အသက် ၁၃ နှစ် အရွယ်ကပင် ဖိလစ်မင်းသား ဒတ်မောင့် (Dartmouth) မြို့၌ တော်ဝင်ရေကြောင်းတက္ကသိုလ်တက်နေစဉ်ကပင် မေတ္တာမျှခဲ့သည်။ ချစ်သူရည်းစားဘ၀၌ အပြန်အလှန် စာသ၀ဏ်လွှာ ပါးကာ နောက်ဆုံးယခုကဲ့သို့ စေ့စပ်ကြောင်းလမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူတို့နှစ်ဦး၏ ချစ်ခရီးလမ်းကား မေတ္တာမပျက်၊ သစ္စာဖက်ပြီး ရွှေလက်မြဲမြဲတွဲနိုင်သည်အထိ ခိုင်မြဲခဲ့လေသည်။
ယင်းနောက် ထိုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာပင် အယ်လစ်ဇဘက်မင်းသမီးနှင့် ဖိလစ်မင်းသားတို့သည် လန်ဒန်မြို့ ၀က်စမင်စတာအက်ဗေးဘုရားရှိခိုးကျောင်း၌ ထိမ်းမြားလက်ထပ်ခဲ့ကြသည်။ လက်မထပ်မီ အကြိုနေ့၌ ဆဋ္ဌမမြောက် ဂျော့ဘုရင်က သမက်တော် ဖိလစ်မင်းသားအား အက်ဒင်ဗရာ မြို့စားဘွဲ့ ချီးမြှင့်ပေးခဲ့ လေသည်။



အရှေ့တောင်အာရှ မဟာတပ်ပေါင်းစု၏ သေနာပတိ လော့ဒ်လူဝီမောင့်ဘက်တန်၏ တူလည်း ဖြစ်သည်။ ဒိန်းမတ်နှင့် ဂရိနိုင်ငံတို့၏ မင်းသားအဖြစ် ၁၉၃၄ မှ ၁၉၃၇ အထိ ထမ်းရွက်ခဲ့သည်။ ယင်းနောက် သူ၏ အရိုက်အရာကို နောင်တွင် ဒိန်းမတ်ဘုရင်ဖြစ်လာသည့် န၀မမြောက် ခရစ်တီယန် အား လွှဲပြောင်းပေးခဲ့သည်။ ဖိလစ်မင်းသားသည် ဂရိမင်းသား အင်ဒရူး၏ သားတော်ဖြစ်ပြီး ဂရိနိုင်ငံ ကော့ဖူးကျွန်းတွင် ၁၉၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဖိလစ်မင်းသားသည် ငယ်စဉ်က ပါရီမြို့ရှိ အမေရိကန် မူကြိုကျောင်း၊ ပြင်သစ်နိုင်ငံ စိန့်ကလို့မြို့ရှိ အမေရိကန်ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှရေတပ်ဗိုလ်ကလေးအဖြစ် စတင်အမှုထမ်းရင်း မြေထဲပင်လယ်ရေတပ်စခန်းတွင် တာဝန်ကျခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ရေကြောင်းဗိုလ်ကြီးဖြစ်လာပြီး ၁၉၄၄ ခုနှစ်အထိ ပစိဖိတ်သမုဒ္ဒရာ ဗြိတိသျှရေတပ်စခန်း၌ ထမ်းရွက်ခဲ့သည်။
ထို့နောက် အယ်လစ်ဇဘက်မင်းသမီးနှင့် ထိမ်းမြားပြီးနောက် ၁၉၅၃ ခုနှစ်တွင် တော်ဝင်ရေတပ်မတော်၌ ရေကြောင်းဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။
အယ်လစ်ဇဘက်မင်းသမီးသည် ကြင်ယာတော် အက်ဒင်ဗရာမြို့စား ဖိလစ်မင်းသားနှင့်အတူ ပြင်သစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးထွက်ခဲ့ သည်။ ထိုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သားဦးဖြစ်သော ချားလ်ဖိလစ်အာသာဂျော့ချားလ်မင်းသား ဖွားမြင်ခဲ့သည်။ သားတော်သည် ယခုအခါ ဗြိတိသျှနန်းလျာ အိမ်ရှေ့စံ ဝေလမင်းသား ဖြစ်နေပြီဖြစ်သည်။
ယင်းနောက် ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၅ တွင် အဲန်အယ်လစ်ဇဘက်အဲလစ်လူဝီမင်းသမီး ဖွားမြင်သည်။ နောင် အယ်လစ်ဇ ဘက်ဘုရင်မကြီးသည် သမီးတော်အား တော်ဝင်မင်းသမီးဘွဲ့ (Princess of Royal) ကို ၁၉၈၇ ခုနှစ် ဇွန်လတွင် ချီးမြှင့်ပေးခဲ့သည်။ အဲန်းမင်းသမီးသည် တော်ဝင်အမျိုးသမီးရေတပ်မတော်၏ တပ်မှူးချုပ်၊ အမျိုးသမီးသယ်ယူပို့ဆောင်ရေးတပ်၏ တပ်မှူးချုပ်နှင့် မြို့တော် အမျိုးသမီးများအဖွဲ့၏ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၈ ခုနှစ်မှစ၍ ဆဋ္ဌမဂျော့ဘုရင်၏ ကျန်းမာရေးချွတ်ယွင်းလာခဲ့ရာ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆဋ္ဌမဂျော့ဘုရင်ကြီးသည် နတ်ပြည်စံခဲ့လေသည်။ ထို့ကြောင့် အာဖရိကတိုက် ကင်ညာနိုင်ငံသို့ ရောက်ရှိနေသော နန်းလျာ အယ်လစ်ဇဘက်မင်းသမီးသည် အင်္ဂလန်ပြည်သို့ ချက်ချင်းပြန်၍ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ခမည်းတော်၏ အရိုက်အရာ ဗြိတိသျှထီးနန်းကို ဆက်ခံရသည်။ နန်းစံစဉ်ကပင် အသက် ၂၅ နှစ်သာ ရှိသေးသည်။ သို့သော် ရာဇဘိသေက နန်းတက်မင်္ဂလာပွဲသဘင်ကို ခမည်းတော်နတ်ပြည်စံပြီး ၁ နှစ်ကျော် အကြာမှ ၀မ်းနည်းအောက်မေ့ဖွယ်ကာလလွန်ပြီးမှ ပြုလုပ်ခဲ့သည်။ ယခုအခါ ဗြိတိသျှ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး၏ နန်းသက်သည် အနှစ် ၆၀ ပြည့်ပြီဖြစ်သလို သက်တော်မှာလည်း လာမည့် နှစ် ၂၀၁၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ၈၇ နှစ် ပြည့်ပြီဖြစ်သည်။ သူ၏ နန်းသက် နှစ် ၆၀ ပြည့် စိန်ရတု ရာဇဘိသိက်ခံယူပွဲသို့ ဗြိတိသျှ ကိုလိုနီ ၁၆ နိုင်ငံမှ နိုင်ငံ့အကြီးအကဲများ၊ ဗြိတိသျှ ဓနသဟာယနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စုမှ နိုင်ငံတော်အကြီးအကဲသမ္မတများ၊ ၀န်ကြီးချုပ်များ၊ ဘုရင်၊ ဘုရင်မများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဒုတိယသားတော် အင်ဒရူးအဲလဗတ် ခရစ္စတီယန် အက်ဒွပ် ကိုလည်းကောင်း၊ ၁၉၆၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အထွေးဆုံးသားတော် အက်ဒွပ်အန်တိုနီရစ်ချတ်လူဝီမင်းသားကိုလည်းကောင်း ဖွားမြင်ခဲ့သည်။



အယ်လစ်ဇဘက် ဘုရင်မကြီး၏ ညီမတော်မှာ မာဂရက်မင်းသမီးဖြစ်ပြီး သူသည် ဘုရင့်သမီးတော်ဖြစ်သော်လည်း ပကာသနကို ရှေ့တန်းမတင်၊ ဂုဏ်ဒြပ်ကို မမှုဘဲ အချစ်ရေးကို ဦးထိပ်ထားမိသဖြင့် ကြေကွဲဖွယ်ရာ အချစ်ပုံပြင်တစ်ပုဒ်ဖြင့် ဘ၀နိဂုံးချုပ်ခဲ့ရသည်။
အယ်လစ်ဇဘက်ဘုရင်မကြီး၏ နိစ္စဓူဝလုပ်ဆောင်ချက်များကိုလည်း ရှုပါဦး၊ နေ့စဉ်လုပ်ငန်းဆောင်တာ များ သည် နံနက် ၈ နာရီ ထိုးသည်နှင့် အစပျိုးတော့သည်။ နံနက်စာအဖြစ် လက်ဖက်ရည်၊ ပေါင်မုန့်ကင်နှင့် သစ်သီးစုံယိုတို့ကို စားသုံးပြီးသည်နှင့် နေ့စဉ်ထုတ်သတင်းစာများ၊ လစဉ်၊ အပတ်စဉ်ထုတ် မဂ္ဂဇင်းများ၊ ဂျာနယ်များ ဖတ်ရှုလေ့လာသည်။ ဘုရင်မကြီးသည် ဂန္တ၀င်စာပေများကို မလွတ်တမ်းဖတ်ရှုလေ့ရှိသည်။ နံနက် ၉ နာရီတွင် ဘက်ကင်ဟမ်နန်းတော်ရင်ပြင်၌ ဘုရင်မ စစ်တီးဝိုင်းမှ တီးမှုတ်သော နံနက်ခင်းအလံတင် တီးမှုတ်သံများကို နားသောတဆင်တော်မူရသေးသည်။
၁၀ နာရီထိုးသည်နှင့် အယ်လစ်ဇဘက်ဘုရင်မကြီးသည် သူ၏ ရုံးခန်းအတွင်း၌ အသင့်ရောက်ရှိနေသော အနီရောင်သေတ္တာငယ်အတွင်းမှ ထိပ်တန်းလျှို့ဝှက်အဆင့် (လ၀-၁)၊လျှို့ဝှက်အဆင့် (လ၀-၂)၊ အတွင်းရေး (လ၀-၃) သ၀ဏ်လွှာများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့သော သံကြိုးစာများ၊ ၀န်ကြီးဌာနအသီးသီးမှ အစီရင်ခံစာများကို ဖတ်ရှု၍ လက်မှတ်ရေးထိုးခြင်း၊ မှတ်ချက်ရေးခြင်း ပြုလုပ်ပေးရသည်။
နေ့လည်စာစားချိန် ရောက်သည်နှင့် နေ့လည်စာ ပွဲတော်တည်၍၊ ၁ နာရီတွင် ရုံးပြန်တက်သည်။ ရုံးချိန်ပြီးသည့် သူ၏ နားနေခန်း၌ ရုပ်မြင်သံကြား ကြည့်ရှုသည်။
အင်္ဂါနေ့ ညနေ ၆ နာရီခွဲတိုင်း ဘုရင်မကြီးသည် ၀န်ကြီးချုပ်အား လက်ခံတွေ့ဆုံလေ့ရှိသည်။
ဗြိတိသျှပြည့်ရှင်ဘုရင်မကြီးမှာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ရာ ဗြိတိန်နိုင်ငံ ဆန်းဒေးတိုင်းမ်စ် မဂ္ဂဇင်း နှင့် အမေရိကန်နိုင်ငံထုတ် ဖော့စ် (Forbes) မဂ္ဂဇင်း၌ ဖော်ပြချက်များအရ လက်ရှိဘုရင်မကြီး သုံးဆောင်နေသော အ၀တ်တန်ဆာ၊ သရဖူ၊ သန်လျက်၊ ရာဇလှံတံ စသည်တို့၌ တပ်ဆင်ထားသော နန်းစဉ်သုံးကျောက်သံပတ္တမြား များ၊ ရဲတိုက်များ၊ တော်ဝင်လှေသင်းတိုက်များ၊ ပြိုင်မြင်းများ မပါဝင်ဘဲ ၂၀၁၁ ခုနှစ် အထိ ဗြိတိသျှ စတာလင်ပေါင် ၇ ဒဿမ ၃ ဘီလီယံ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ (တစ်ဘီလီယံ တွင် သန်းတစ်ထောင် ရှိသည်။)
အယ်လစ်ဇဘက်ဘုရင်မကြီးသည် သူရရှိခံစားထိုက်သော ၀င်ငွေများကို အများနည်းတူ ထုံးစံအတိုင်း အကောက်အခွန်ကောက်ယူခွင့်ပြုထားသည်။
ဗြိတိသျှဘုရင်မကြီးသည် ဗြိတိန်နိုင်ငံ၌ နန်းသက် ဒုတိယအရှည်ဆုံးသော ဧကရီဘုရင်မကြီးဖြစ်ပြီး၊ သူ၏ နန်းသက် အနှစ် ၆၀ အတွင်း ၂၀၁၂ ခုနှစ် တွင် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ရုပ်ရှင်ကားတို့ကို နောက်ဆုံး ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရစ်နှင့်အတူ ပါဝင်သရုပ်ဆောင်ပေးခဲ့သည်။
မည်သို့ဆိုစေ… ဗြိတိသျှထီးနန်းဆက်ခံရေးတွင် ဗြိတိသျှဘုရင်မကြီးပြီးနောက် သားတော် ဝေလမင်းသား ချားလ်မှာ ဦးစားပေးနေရာတွင် ရှိနေပြီး၊ ၄င်း၏သားတော် ၀ီလျံမင်းသားသည် ဒုတိယဦးစားပေးနေရာတွင် ရှိသည်။ သို့သော် ဗြိတိန်ထီးနန်းဆက်ခံရေးတွင် အမျိုးသားများကိုသာ ဦးစားပေးရမည်ဟူသော ရာစုနှစ်ပေါင်းများစွာမှ ကျင့်သုံးလာသည့် ရိုးရာအစဉ်အလာ ဥပဒေနှင့် ထီးနန်းဆက်ခံ သူများမှာ ကက်သလစ်ဘာသာဝင်များအား လက်ထပ်ပိုင်ခွင့်အား တားမြစ်ထားသော အခြေခံဥပဒေပါ တားမြစ်ချက်များကို ပယ်ဖျက်ပေး ခဲ့သည်။ သို့သော် ထီးနန်းဆက်ခံရေး အပြောင်းအလဲမှာ လက်ရှိ ထီးနန်းဆက်ခံရေးတွင် လတ်တလော အကျိုးသက်ရောက်မှုရှိမည် မဟုတ်ဘဲ ၀ီလျံမင်းသား၏ သားသမီးများ လက်ထက်မှ စတင်၍ အကျိုးသက်ရောက်မှု ရှိမည်ဟု ဆိုသည်။



NLABR
Web-site: www.nlabr.com

Facebook: Sa Maung
Facebook: Miraculous Master For English Language


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/19/2012 01:42:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[New post] အော်ပီကျယ်၏ အာစရိယ ဂါရ၀ ကာတွန်း (သူ့၏ဖေ့စ်ဘွတ်စာမျက်နှာ)

admin posted: " အော်ပီကျယ်၏ အာစရိယ ဂါရ၀ ကာတွန်း (သူ့၏ဖေ့စ်ဘွတ်စာမျက်နှာ) ဒီဇင်ဘာ ၁၉၊ ၂၀၁၂ (ကျွန်တော် ၃တန်းကေ�"

[mrsorcerer:36451] Fwd: [လူဗိုလ်ဟူသည် ...] လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။ အပိုင်း (၃)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/18
Subject: [လူဗိုလ်ဟူသည် ...] လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။ အပိုင်း (၃)
To: lubo601@gmail.com



ဥပဒေစိုးမိုးရေးကို နိုင်ငံတော် ရှုဒေါင့်မှ အဓိက မဟုတ်ဘဲ လူထုရသင့်ရထိုက်သည့် အခွင့်အရေး အခြေခံမှ အဓိက ချဉ်းကပ်ရန်ကို၎င်း၊ ပထမဆုံးအနေဖြင့် လယ်လုပ်သူ လယ်ပိုင်ခွင့်အား အသိအမှတ်ပြုရန် ကို၎င်း၊ စာရေးသူ၏ ဆောင်းပါး အမှတ် (၁) နှင့် (၂) တို့တွင်ဖေါ်ပြခဲ့သည်။

အသက်ရှင်ရပ်တည်ခွင့်၊ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် စသည်များ မှာ တဦးချင်း အခွင့်အရေးများဖြစ်သည်။ လယ်လုပ်သူ လယ်ပိုင်ခွင့်သည်လည်း တဦးချင်းအခွင့်အရေးဖြစ်သည်။ ဥပဒေများအား လူထု၏ တဦးချင်း အခွင့်အရေးများကို အခြေခံလျှက် ပြဌာန်း ကျင့်သုံးရပါမည်။
သို့ရာတွင် ယင်းမျှ နှင့် မပြည့်စုံပါ။ လူထုတွင် တဦးချင်း အခွင့်အရေးသာမက အုပ်စုလိုက်အခွင့်အရေး (သို့မဟုတ်) စုပေါင်းအခွင့်အရေး များ လည်း ကျင့်သုံးခွင့် ရှိရပါမည်။ လူသည်
 တဦးချင်းသာမက စုပေါင်းကာ ရပ်တည်၊ ရှင်သန်၊ နေထိုင်ကြရသည့် သဘာဝ ရှိသောကြောင့်ပင်။ မြေယာနှင့် စပ်လျှဉ်း၍ စုပေါင်းအခွင့်အရေးကို မည်သို့ကျင့်သုံးမည်နည်း။

"နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေ ထိုင်လာခဲ့ ကြ သည့် ဒေသခံ ကျေးလက်လူထုများက မိမိတို့ ကျေးရွာဝန်းကျင် ရှိ မြေယာအား စုပေါင်းအသုံးချခွင့် [i]ဖြစ်သည်။ ဤအယူအဆသည် ဒေသခံလူထု များက မိမိတို့ဒေသအတွင်း တည်ရှိ နေသည့် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်း စောင့်ရှောက်မှု[ii] အား မထိပါးစေဘဲ အသက်မွေးဝမ်းကြောင်းပြုခွင့်[iii] အပေါ်တွင် အခြေခံသည်။ 
ဒေသတခုခု၌ ဘိုးစဉ် ဘောင်ဆက် နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေ ထိုင်လာခဲ့ ကြ သည့် ဒေသ ခံလူထု အနေဖြင့် မိမိတို့ ကျေးရွာ အနီးတ၀ိုက်ရှိ မြစ်ချောင်းများ နှင့် အင်းအိုင်များတွင် ငါးရှာခွင့်ရှိရမည်။ မိမိတို့ ကျေး ရွာအပြင်ရှိ သစ်တောများ အတွင်းဝင်ရောက်ကာ မိမိတို့ကိုယ်တိုင်နေထိုင်မည့် နေအိမ် ဆောက်လုပ်ရေး အတွက် သစ်ဝါးများခုတ်ခွင့်၊ မိသားစုစားသောက်ရန် သစ်သီး ၀လံ နှင့် သီးပင်စားပင် များ၊ တိရစ္ဆာန် သားကောင်ငယ် များ ရှာဖွေ ခွင့် ရှိရမည်။ မိမိတို့ကျေးရွာတ၀ိုက်တွင် ရှိနေသော မြေလွတ်၊
 မြေလပ်နှင့် မြေရိုင်းများအား စားကျက်မြေ အဖြစ် အသုံး ချခွင့်၊ စိုက်ပျိုးမြေတိုးချဲ့ခွင့်အပြင် ကျေးရွာတခု လုံး၏ စုပေါင်းအကျိုးစီးပွား အတွက် လိုအပ်သလိုအသုံးချ ခွင့် ရှိရမည် ဖြစ်သည်။ 

"နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေ ထိုင်လာခဲ့ကြသည့် ဒေသခံကျေးလက်လူထုများက မိမိတို့ကျေးရွာ ၀န်းကျင်ရှိ မြေယာ အားစုပေါင်းအသုံးချခွင့် ရှိလျှင် လူမှုရေးသဟဇာတဖြစ်မှု [iv] နှင့် လူမှုရေးတည်ငြိမ်မှု [v] ကို ပံ့ပိုးပေးသည်။ လူမှုရေးအရ ပေါင်းစည်းမှု[vi] ကို ခိုင်မာစသည်။ ဒေသခံလူထုများသည် မိမိတို့ ဒေသအတွင်းမှာပင် ဘ၀ရပ်တည်ရှင်သန်နိုင်ပါက အခြားကျေးလက်ဒေသများကိုဖြစ်စေ၊ မြို့ပြဒေသများ ကို ဖြစ်စေ ရွှေ့ပြောင်းနေထိုင်ပြီး အသက်ဝမ်းကြောင်း ပြုဘို့ ကြိုးစားရန် မလိုတော့၍ဖြစ်သည်။ လူထု၏ ဘ၀သည် အသက်မွေးဝမ်းကြောင်းနိုင်မှုအပေါ် မူတည်ပြီး အသက် မွေးဝမ်း ကြောင်း နိုင်မှုမှာလည်း လူထုအနေဖြင့် သဘာဝ သယံဇာတများအပေါ် မည်မျှအထိ လက်လှမ်းမှီ၊ အသုံးချ ခွင့်ရှိသည် ဟူသည့် အပေါ်တွင် မူတည်သည်။[vii]

မြေယာအား စုပေါင်း အသုံးချခွင့်သည် သမိုင်းအမွေအနှစ်များ [viii] ကို ထိမ်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ် သည်။ လူထုနှင့် သံဃာတော်များက အကြိမ်ပေါင်း များစွာ ဆန္ဒပြ ပြီးနောက်တွင်သာ လက်ပံတောင်းတောင်တွင် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့်ဗိမာန်အား ဆက်လက် ထိမ်းသိမ်းရန် သမတ ဦးသိန်းစိန်က ခွင့်ပြု ခြင်း ဖြစ်သည်။ ဤဖြစ်ရပ်တွင် ဗဟိုအစိုးရ အာဏာပိုင်
 သမတ က ခွင့်ပြု၍သာ ရသည့် အခွင့်အရေးဖြစ်နေသည်။ ဒေသခံလူထုအနေဖြင့် မြေယာအားစုပေါင်း အသုံးချခွင့် ကို အသိ အမှတ်ပြုပြီး ရရှိသည့် အခွင့်အရေး မဟုတ်ပါ။ ဤ သည်ကို ပြောင်းပြန်လှန်ဘို့ လိုပါသည်။

လက်တင်အမေရိက နိုင်ငံရှိတရားရုံးများသည် တရားစီရင်ရာ၌ စုပေါင်းအခွင့်အရေးနှင့် ဆက်စပ်သည့် လူမှုရေးပြသနာ များကို အာရုံထားလာကြသည်။[ix] မြေယာနှင့် ဆက်စပ်သည့် လူထု၏စုပေါင်းအခွင့် အရေး နှင့် စပ်လျှဉ်း၍ အိန္ဒိယ နိုင်ငံ ၌ မတူကွဲပြားသည့် လူမျိုးစုများ နေထိုင်ရာပြည်နယ်များတွင် တရားရုံးများက ပို၍ အကာအကွယ်ပေးလာကြ သည်။[x] ကျေုးရွာအတွင်းတွင် ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့် မိသားစုအုပ်စု အလိုက် ပိုင်ဆိုင်မှုကို အသိအမှတ်ပြုသကဲ့သို့ ကျေးရွာ အပြင်ရှိ မြေယာများအား ဒေသခံလူထုက စုပေါင်းပိုင်ဆိုင်မှုကို အသိအမှတ်ပြုသည်။[xi]

၁၉၉၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ တရားလွှတ်တော်ချုပ်သည် ဒေသခံ တိုင်းရင်းသားလူထုများ၏ ဘ၀၊ အသက်မွေးဝမ်း ကြောင်းပြုခွင့်၊ မြေယာ၊ သစ်တောများနှင့် စပ်လျှဉ်း၍ စံထားလောက်ဘွယ် စီရင်ချက် တရပ်ကို ချမှတ်ခဲ့သည်။ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တွင် ဆမာသာ ဟူသည့် အယ်န်ဂျီအိုတခုက ဒေသခံ တိုင်းရင်းသားလူထုကို ကိုယ်စားပြု၍ အဆိုပါ ဒေသအတွင်း မိုင်းတူးဖေါ်သည့် ကုမ္ပဏီ တခုအား တရားစွဲဆိုသည့် မှုခင်းတွင် ဖြစ်သည်။ မိုင်းတူးဖေါ်ရန် နှင့် စက်မှု လက်မှုဒေသများအဖြစ် ပြောင်းလဲ
တည်ဆောက်ရန် တို့အတွက် သစ်တောနှင့် မြေယာများအား အသုံးချခွင့်ကို ဒေသခံ တိုင်းရင်းသား မဟုတ်သည့် အခြားပုဂ္ဂိုလ်များ သို့မဟုတ် အခြား ပုဂ္ဂလိက ကုမ္ပဏီများအား ငှားရမ်းခွင့်မရှိဟူ၍ အိန္ဒိယ တရားလွှတ်တော်ချုပ်က စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။[xii]

အိန္ဒိယ နိုင်ငံ တရားလွှတ်တော်ချုပ်၏ စီရင်ချက်ကို စံနမူနာအဖြစ် ကိုးကားမည်ဆိုလျှင် လက်ပံတောင်း တောင် တွင် ကြေးနီစီမံကိန်းလုပ်သင့် မလုပ်သင့် ဒေသခံလူထု၏ သဘောထားဆန္ဒကို အဓိက ရယူရ မည်ဖြစ်သည်။ အခြေအနေတရပ်တွင် အခိုင်အမာသဘောတူညီမှုရရှိပါက ထိခိုက်ပျက်စီး သွားသော သဘာဝပတ်ဝန်းကျင်ကို   ပြန်လည်ကုစား နိုင်ခြေ ရှိပြီး လူမှုရေးသဟဇာတဖြစ်မှုကို ဆက်လက်ထိမ်းသိမ်း နိုင် ဘွယ်ရှိသည်ဟု ဒေသခံလူထုက သဘောတူလျှင် ကြေးနီ စီမံကိန်း ဆက်လက်ဖေါ်ဆောင်ရေးကို 
စဉ်းစားနိုင်သည်။ ယင်းသို့ဖြစ်လျှင် ပထမဆုံးအနေဖြင့် ၄င်းတို့တဦး ချင်း ပိုင်ဆိုင်သည့် လယ်မြေ များသာမက ဒေသအလိုက် စုပေါင်းပိုင်ဆိုင်သည့်မြေယာများ ဆုံးရှုံးသည့်အတွက်ပါ ၄င်းတို့ ကြေနပ် လောက်သည့် လျော်ကြေးငွေပေးရပါမည်။

ထို့နောက် ကြေးနီ စီမံကိန်းဖေါ်ဆောင်နေသမျှကာလပတ်လုံး အမြတ်ငွေများ မည်မျှရရှိ သည် ကို ရှင်းရှင်းလင်းလင်း သိနိုင်လောက်သည့် စနစ်တရပ်တည် ထောင်ရပါမည်။ ယင်း အမြတ်ငွေကို ခွဲဝေ ခံစား အသုံးချနိုင်ရန် သုံးချိုးစနစ် စဉ်းစားနိုင်သည်။

ပထမ တချိုးမှာ ဒေသခံလူထုအတွက်ဖြစ်သည်။ ရေရှည်ဝင်လာမည့် ယင်းအမြတ်ငွေအချိုးကို ဒေသ ဖွံဖြိုးရေးအတွက် နှင့် ပျက်စီးဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင် ပြန်လည် ထိမ်းသိမ်းရေး အတွက် အသုံးပြုရန်ဖြစ်သည်။ ဤသည် ကို သဘောတူလျှင် (အုပ်ချုပ်ရေးအာဏာပိုင်များ မဟုတ်သော) ဒေသခံလူထု၏ ကိုယ်စားလှယ်များနှင့် စနစ်တကျ ဖွဲ့စည်းထားသည့် လူထုအဖွဲ့အစည်းတရပ်ရှိရပါမည်။ ယင်းအဖွဲ့က လက်ခံရယူသုံးစွဲသွားရန် ဖြစ်သည်။

ဒုတိယ တချိုးအား ကုမ္ပဏီက ရယူသွားရန်ဖြစ်သည်။ တတိယ တချိုးမှာ စစ်ကိုင်းတိုင်းနှင့် ပြည်ထောင်စု တခုလုံး ဖွံ့ ဖြိုး ရး အတွက် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံသို့ပေးသွင်းသွားရန်ဖြစ်သည်။ ဤအမြတ်ငွေကို လက်ခံရယူ ပြီး မည်သို့ သုံးစွဲသွားသည်ကို အာဏာပိုင်များက နှစ်စဉ်စာရင်းရှင်းတမ်း တခုပြုစုပြီး တပြည်လုံးလူထုကို ချ ပြသွားရန် ဖြစ်သည်။ ယင်းစာရင်းများ မှန်မမှန် လူထုအနေဖြင့် စစ်ဆေးနိုင်ခွင့်ရှိရမည်။

ဒေသခံ လူထုနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိသည့် ဦးပိုင်ကုမ္ပဏီသည် ဤကြေးနီစီမံကိန်းမှ အမြတ်ငွေ တစုံတရာ ခံစားရန် မည်သည့် အကြောင်းအချက်[xiii] နှင့် တရားဝင်မှု[xiv] ရှိပါသနည်း။ လူထုတရပ်လုံးပိုင်သော သဘာဝသယံဇာတ ပစ္စည်းမှ အကျိုးစီးပွားကို ဦးပိုင်ကုမ္ပဏီက ရယူ၍ ဗိုလ်ချုပ်နှင့် အထက်ဖြစ်သည့် စစ်ခေါင်းဆောင်သစ်၊ ဟောင်း များ နှင့် ၄င်းတို့မိသားစုများခွဲဝေသုံးစွဲနေကြကြောင်း၊ ဗိုလ်မှုးကြီးအဆင့်အထိရှိသည့် အလတ်ပိုင်းနှင့် အောက်ခြေ အရာရှိ များပင် ခံစားခွင့်မရှိကြောင်း လူထု အတွင်းသတင်းများထွက်ပေါ်နေသည်။ ဦးပိုင်၏ အကျိုးအမြတ်များအား မည်သို့ ခွဲဝေသုံးစွဲနေကြောင်း တကြိမ်တခါမျှ လူထုကို စာရင်းရှင်းတင်ပြဘူးခြင်းမရှိသဖြင့် အဆိုပါ သတင်းမမှန် ဟု ငြင်းနိုင်ရန်မလွယ်ပါ။

 ဒုတိယစိုးရိမ်ချက်မှာ ဦးပိုင်ကုမ္ပဏီ၏၀င်ငွေများကို တိုင်းရင်းသားများအား ဆင်နွှဲနေသော ပြည်တွင်းစစ် အတွက်စစ်ရေး စါးရိပ်သုံးစွဲမည့်ကိစ္စ ဖြစ်သည်။ သံဃာတော်များအား ပစ်ခတ်ပြီး ပြင်းထန်သည့် မီးလောင် ဒဏ် ရာများ ရစေခဲ့ သည့် လက်နက်မှာ စင်စစ်အားဖြင့် ကချင်ပြည်နယ်သို့ပို့ဆောင်ပြီး အသုံးချရန် ဖြစ် သည်ဟူ၍ စစ်ကိုင်း တိုင်း ရဲတပ်ဖွဲ့ ရဲအုပ် တဦးကပြောဆိုကြောင်း သတင်းထွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့်စုံစမ်းစစ်ဆေးရေးကော်မရှင် သည် ဦးပိုင်ကုမ္ပဏီ၏ အခန်း ကဏ္ဍနှင့် စပ်လျှဉ်း၍ မည်သို့သုံးသပ်မည်ကို စောင့်ကြည့်ရပါမည်။

လက်ပံတောင်းတောင် အရေးကို အခြေခံလျှက် လူမျိုးရေးပိပက္ခဖန်တည်းခံရဦးမည့်အနေအထားကို သတိကြီးကြီး ထား၇န် လိုပါမည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစု အသီးသီးအနေဖြင့် မိမိတို့ လူမျိုးတည်တန့်မှုကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီး သည်မှန်သော်လည်း စစ်အာဏာရှင်စနစ်က ဖန်တည်း ထားသည့် လူမျိုးရေး ပိပက္ခများတွင်သာ ၀ဲလည်နေသမျှ ကာလပတ်လုံး တိုင်းရင်သား ပေါင်းစုံလူထုကြီးတရပ် လုံးသည် မည်သည့်အခါ တွင်မျှ ငြိမ်းချမ်းမှု နှင့် တိုးတက်ဖွံ့ဖြိုးမှု ရနိုင်ဘွယ်မရှိပါ။

အခြေခံအားဖြင့်မူ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် ဆိတ်သုဉ်းသွားလျှင် တရုပ်ကုမ္မဏီများ အပါအ၀င် သင့်တင့် လျှောက်ပတ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရ ပါမည်။ လက်ပံတောင်းတောင် အရေးတွင် ရန်သူသည် တရုပ်ကုမ္မဏီ မဟုတ် သလို၊ တရုတ်အစိုးရနှင့် တရုတ်လူထု လည်း မဟုတ်ပါ။ သို့ရာတွင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ပြောသလို ငတ်တုံးက ကျွေးထား၍ တရုတ်က ကျေးဇူးရှိ၍ တော့ မဟုတ် ပါ။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များ ၀င်ရောက်လာခြင်းဖြင့် ပြည်တွင်းနေလူထုများ အလုပ် အကိုင်များရရှိ၊ နည်းပညာများ သင်ကြားခွင့်ရ၊ လူမှု စီးပွား ရေးဘ၀ ချောင်လည်သွားနိုင် သောကြောင့် ဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရာတွင် သက်ဆိုင်ရာဒေသရှိ ဒေသခံလူထုများ အပါအ၀င် ပြည်တွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူထု ကြီးတရပ်လုံး၏ အခွင့်အရေး နှင့် အကျိုးစီးပွားများကို မထိပါးစေရေးအတွက် အစိုးရက လိုအပ်သည့် ဥပဒေများ ပြဌာန်း၊ လက်တွေ့ကျင့်သုံး၊ ကာကွယ်စောင့် ရှောက်ပေးရပါမည်။ ယခုမူ ပြောင်းပြန် ဖြစ်နေသည်။ 
၂၀၀၈ ဖွဲ့စည်းပုံနှင့် တည်ဆဲဥပဒေများသည် ယင်းကို မဖေါ်ဆောင်နိုင်ပါ။ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အာဏာပိုင်များ ကိုယ်တိုင်သည်လည်း ယင်းသို့ဖေါ်ဆောင်ရန် တက်တက်ကြွကြွ နည်းလမ်းရှာဖွေ ဆောင်ရွက် ရမည့် အစား လူထုကို ဆက်လက်ဖိနှိပ်နေကြကြောင်း တွေ့ရသည်။

အဓိက အားဖြင့် လူထုကြီးတရပ်လုံး၏ ရန်သူမှာ ပြည်တွင်းရှိ စစ်အာဏာရှင်စနစ်သာဖြစ်သည်။ စစ်အာဏာ ရှင်စနစ် သက်ဆိုးရှည်စေ ရန် စနစ်တကျ သွတ်သွင်းပြဌာန်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသာ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် ဟူသော စကားလုံးကို ကိုင်စွဲ၍ အင်အားကြီးထွားနေသည်မှာ စစ်အုပ်စု ဟောင်း သစ် များနှင့် ယင်းတို့နှင့် ပုလင်းတူ ဗူးဆို့ လက်တဆုပ်စာ စီးပွားရေးသမားကြီးများသာ ဖြစ်နေ သည်။ လူထုရာမ အများစုကြီးမှာ ထမင်းနပ် မှန်စားဘို့ရန်ပင် ရုန်းကန်နေရဆဲ ဖြစ်ပြီး လွန်မင်းစွာအင်အားချည့်နဲ့လျှက် ရှိသည်။ ဤအခြေအနေနောက်ခံတွင် ဥပဒေစိုးမိုးရေးသည် လက်တွေ့အောင်မြင်ရန် အကြောင်းမရှိပါ။

မြန်မာနိုင်ငံက တနှစ်စော၍လွတ်လပ်ရေးရသကဲ့သို့ တရုတ်နိုင်ငံမှာ တနှစ်နောက်ကျပြီးမှ လွတ်လပ်ရေးရလာခဲ့သည်။  ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂ ခုနှစ်အထိ ရှိနေခဲ့သည့် လယ်သမားများ၏ အခြေအနေကို တရုပ်နိုင်ငံနှင့် နိုင်းယှဉ်၍ စာရေးသူ၏ ဖခင် လယ်သမားကြီး က မကြာခဏ သုံးသပ်ပြောဆိုခဲ့သည်။

ဟ ငါ့သားရ။ အဲဒီတုံးက ငါတို့လယ်သမားတွေ ရွှေမိုး၊ ငွေမိုး ရွာနေတဲ့ ခေတ်ကြီးလို့ ပြောရင်မမှားဘူးကွ။ လယ် သမား ဆိုတာ တနှစ်မှာ သုံးရာသီ ရှိတဲ့အနက် မိုးတွင်းလောက်သာ အဓိက အလုပ်လုပ်ရပြီး ကျန်တဲ့ နှစ်ရာသီ မှာ ကျိန်လုံးကလေးကိုင် ရွာရိုးလျှောက်လည်နိုင်ခဲ့ခေတ်၊ ည့်သည်လာရင် ၀အောင် လင်အောင်ကြွေးနိုင်တဲ့ခေတ်၊ ဆိုင်းသံ အိုးစည်သံတွေ တညံညံ စည်စည်ကားကား နဲ့ လှူနိုင်တန်းနိုင်တဲ့ ခေတ်ကွ။ ရွာထဲမှာ စတုဒီသာ ကြွေးတဲ့ မပ်တွေနဲ့ ပြည့်လို့ပေါ့ကွာ။ အဲသည်တုံးမှာ တရုတ်တွေ ထမင်းငတ်နေကြတာကွ။ ဆန်ပြုတ်သောက်နေကြရ တဲ့ လူဦးရေ ဘယ်နည်းပါ့မလဲ။ ငါတို့ရွာမှာလာပြီး
 ပေါက်ဆီကလေးရောင်းစား၊ ရွာထိပ်မှာ ခေါက်ဆွဲဆိုင်ကလေးတွေ ဖွင့် စား သည်လိုလုပ်စားခဲ့ကြရတာ လေကွာ။ "

နှစ်ပေါင်း ငါးဆယ် ကြာပြီးနောက်တွင် တရုတ်လူထု နှင့် မြန်မာလူထု အခြေအနေသည် ပြောင်းပြန်ဖြစ် သွားခဲ့ပြီ။ တရုတ်ပြည်သည် ဥပဒေစိုးမိုးရေးကို အတိုင်းအတာအရ တစုံတရာ အောင်မြင်စွာကျင့်သုံးနိုင်
သဖြင့် ယခုမူ အိပ်နေ သော နဂါးကြီး ဘ၀မှ နိုးနေသော နဂါးကြီးဘ၀သို့ အောင်မြင်စွာ အသွင်ပြောင်း နိုင်ပြီ ဖြစ်ကြောင်းတွေ့ရသည်။ တရုတ်ပြည်တွင် လူဦးရေ သန်းသုံးရာခန့်မျှသည် သန်းကြွယ်သူဌေး များဖြစ်နေပြီ ဖြစ်ကြောင်း လေ့လာရသည်။

ဥပဒေစိုးမိုးရေးကို လက်တွေ့ခံစားနိုင်ရန်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြိုချဘို့လိုပါမည်။ လူထု၏ တဦးချင်း အခွင့် အရေး၊ စုပေါင်းအခွင့်အရေးများနှင့် တိုင်းရင်းသားများ၏ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့် အရေးများကို အာမခံသည့်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တရပ် ပေါ်ပေါက် လာရန်ကြိုးပမ်းဘို့လိုပါမည်။ ယင်းနောက်တွင် လူထုတွင် ဥပဒေစိုးမိုးရေးက ကျားကန်ပေးသော အင်အားရှိလာပါမည်။ နိုင်ငံခြား ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ညှိနိုင်းနိုင်သည့် အခွင့် အရေးနှင့် အနေအထားများ ရရှိလာ ပါမည်။ ယင်းအခြေအနေတွင် နိုင်ငံခြား ကုမ္ပဏီမှန်သမျှကို ကြိုဆို ဘို့ လိုပါ သည်။

ထို့အပြင် အကျိုးဆက်အနေဖြင့် တိုင်းရင်းသားပေါင်းစုံ လူထုကြီးတွင် ကမ္ဘာ့ဈေးကွက် ပြိုင်ဆိုင် နိုင်လောက်သည့် စွမ်းရည်များ ရှိလာပါမည်။ မြန်မာနိုင်ငံအား တရုတ်နိုင်ငံက ဈေးကွက်အဖြစ် သဘော ထားသည့် အဆင့်မှ ပြန်လည် ပြောင်းလဲပြီး မိမိတို့တိုင်းရင်းသားပေါင်းစုံ လူထုက လူဦးရေ များလှသည့် တရုတ်နိုင်ငံကြီးအား ဈေးကွက်အဖြစ် သဘောထား လုပ်ကိုင်နိုင်သည့် အဆင့်အထိ မြှော်မှန်းရန်လိုပါမည်။

လက်ပံတောင်းတောင်အရေးတွင် လူထုနှင့် သံဃာတော်များက ခံစားချက် နှင့် ပြသော ဆန္ဒထုတ်ဖေါ် ပွဲများ ဆက် လက် ကျင်းပနေခြင်းကို ကြိုဆိုရပါမည်။ ယင်းတို့အား "လယ်လုပ်သူ လယ်ပိုင်ခွင့် အခွင့် အရေး ကိုလည်းကောင်း၊ မြေယာအပေါ် ဒေသခံလူထုအနေဖြင့် စုပေါင်း အသုံးချခွင့် ကို လည်းကောင်း၊ အတိအကျ တောင်းဆိုသော ဆန္ဒထုတ် ဖေါ်ပွဲများအဖြစ်သို့ပြောင်းလဲနိုင်လျှင် ပိုမိုအကျိုးရှိပါမည်။ ယင်းအခွင့်အရေးများအား ဥပဒေပြဌာန်းချက်များ အဖြစ် ပြဌာန်းပေးရန် တောင်းဆိုသော ဆန္ဒထုတ်ဖေါ် ပွဲများ တပြည်လုံးအနှံ့ပေါ်ပေါက်လာလျှင် မူ အကျိုးအရှိဆုံးဖြစ် ပါမည်။ ဤတွင် ဥပဒေစိုးမိုးရေးသည် လက်တွေ့အကောင်အထည်ပေါ်လာနိုင်ပါမည်။

အပိုင်း (၄) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၁၈) ရက် ၂၀၁၂ ခုနှစ်
ရည်ညွှန်းချက်များ


[i] Collective Rights of People
[ii] Environmental protection
[iii] The right to livelihood
[iv] Social harmony
[v] Social stability
[vi] Social cohesion
[vii] "Life depends on livelihood and livelihood increasingly depends on people's access to required resources." Personal interview, anonymous statement by an NGO leader from Sri Lanka.
[viii] Historical heritage
[ix] Gretchen Helmke, Courts under Constraints: Judges, General and Presidents in Argentina, Cambridge University Press, 2005, p. 2.
[x] Hari Mohan Mathur, Tribal Land Issues in India: Communal Management, Rights, and Displacement by p. 1, 2 & 6-8. Available at:  http://www.adb.org/Documents/Books/Land-Cultural-Survival/chap06.pdf
[xi] Ibid
[xii] Ibid., p. 14. See also Samatha v. State of Andhra Pradesh A.I.R. 1997 S.C. 3297
[xiii] Fact
[xiv] Legitimacy


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/19/2012 01:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ