admin posted: " လျှပ်စစ်ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုများ စာတမ်း (အပိုင်း ၂) အီးပီစီက လူ၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၂ အဂတိ�"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[New post] မူဆယ်မြို့ စာပေဟောပြောပွဲ – ဇာဂနာ၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ရွှေကူမေနှင်း တို့ ဟောပြော
admin posted: " မူဆယ်မြို့ စာပေဟောပြောပွဲ - ဇာဂနာ၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ရွှေကူမေနှင်း တို့ ဟောပြော မိုးမခဓ�"
|
[New post] လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းနှင့် ဒေသခံမြန်မာတို့ နောက်ခံဖြစ်ရပ်များ
admin posted: " လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းနှင့် ဒေသခံမြန်မာတို့ နောက်ခံဖြစ်ရပ်များ Motion DVD Magazine Vol 1 က ရု�"
|
[New post] Mar Mar Aye – 451
Yan Lo Kywe posted: ""ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၅၁) အောင်လင်း (သို့မဟုတ်) ကိုတင်ဖေ မာမာအေး ဒီဇင်ဘာ"
|
[mrsorcerer:36462] Fwd: [လူဗိုလ်ဟူသည် ...] အွန်လိုင်းပေါ်မှ ကျင့်ဝတ်များ
From: Blogger <no-reply@blogger.com>
Date: 2012/12/19
Subject: [လူဗိုလ်ဟူသည် ...] အွန်လိုင်းပေါ်မှ ကျင့်ဝတ်များ
To: lubo601@gmail.com
by Thanda Win on Tuesday, December 18, 2012 at 2:40am
- အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။
- ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။
- ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပါပဲ။ ကိုယ်လိုချင်တာ သူများကို ပေးပါ။ ကိုယ်မလိုချင်တာ သူများကို မပေးပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးပါ။ သူတပါးခံစားချက်တွေကို ပြက်ရယ်မပြုပါနဲ့။
- အွန်လိုင်းပေါ်မှာတော့ ပိုပြီးသတိထားရပါတယ်။ တဖက်က မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ အသံအနိမ့်အမြင့်တွေကို မသိရပဲ စာလုံးတွေချည်း မြင်နေရတာနဲ့ပဲ လူသားတွေဆိုတာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။
- အွန်လိုင်းပေါ်မှာ စကားပြောကြ၊ ဆွေးနွေးကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်းကို အဓိပ္ပါယ်မပေါက်တာ၊ ကောက်ချက်လွဲသွားတာတွေ ဖြစ်တတ်ပါတယ်။ တယောက်နဲ့ တယောက်လည်း မသိကြ၊ မဆုံဖူးကြဘူး။ ကွန်ပြူတာကတဆင့် သိကြတာဆိုတော့ ပင်ကိုယ်စရိုက် မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ကားမောင်းတဲ့အခါ တဖက်က မောင်းသူကို ဆဲဆိုတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ လုပ်မိတတ်ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာ၊ အိမ်မှာတော့ အများအားဖြင့် ဒါမျိုးဘယ်တော့မှ မလုပ်ကြပါဘူး။ အွန်လိုင်းပေါ်မှာတော့ အလွယ်တကူ လုပ်မိတတ်ပြန်ရော။ ဒါဟာ လက်သင့်ခံစရာ၊ လိုက်လျောစရာမဟုတ်ပါဘူး။
- အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့၊ နယ်မြေသစ်တွေကို ရှာဖွေဖို့နဲ့ ရဲရဲရင့်ရင့် တခြားကမ္ဘာအထိ အရောက်သွားဖို့ပါပဲ။ ဒါပေမယ့်လည်း တဖက်က လူသားပကတိဆိုတာ သတိပြုရပါမယ်။ တကယ်လို့များ မျက်နှာချင်းဆိုင်ဆိုရင် ဒါမျိုးပြောဖြစ်မလား လို့ စဉ်းစားသင့်ပါတယ်။အဖြေက ဟင့်အင်းဆိုရင်တော့ အသစ်တခုသာ ပြန်ရေးပါတော့။ သက်ရှိလူသားတယောက်ကို ပြောလို့အဆင်ပြေတဲ့အဆင့်ကို မရောက်မချင်း ထပ်ကာ ထပ်ကာပြန်ရေးပါ။
- မျက်နှာတည့်တည့်ကြည့်ပြီး ပက်ပက်စက်စက် ပြောပစ်လိုက်ရမှ အရသာရှိတယ် ထင်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါမျိုးဆိုရင်တော့ ဒီဆောင်းပါးကလည်း မကူညီနိုင်ပါဘူး။ ယဉ်ကျေးလိမ္မာသင်တန်း ပြန်တက်ဖို့သာ ပြောရတော့မှာပဲ။
- ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးသင့်တဲ့ နောက်တကြောင်းကတော့ စာလုံးတွေက အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ပြီးသားဖြစ်နေလို့ပါ။ လက်လှမ်းမမှီတဲ့ တနေရာမှာ သိမ်းပြီးသားဖြစ်သွားရင် အရိပ်လိုလိုက်လာတတ်တယ်လေ။
- အမေရိကန်သမ္မတအိမ်ဖြူတော်က အိုလီဗာနော့ဆိုရင် ရေးထားသမျှ ဂရုတစိုက်ပြန်ဖျက်တာပဲ။ သူမသိတာက တခြားကွန်ပြူတာတခုက ဖျက်သမျှပြန်သိမ်းနေတာလေ။ နောက်ဆုံး တရားရုံးရောက်တော့ အကုန်လုံးလက်ပူးလက်ကြပ် မိကုန်ပါရောလား။ ဒီလို ရာဇ၀တ်မှုမျိုးတွေနဲ့ မပတ်သက်ဘူးဆိုရင်တောင် ပို့လိုက်သမျှသော စာတွေ၊သတင်းတွေဟာ တနေရာမှာ သိမ်းထားနိုင်တယ်ဆိုတာ သိထားရပါမယ်။
- တကယ့်ဘ၀ထဲမှာ လူများစုဟာ ဥပဒေကို လေးစားကြပါတယ်။ အဖမ်းခံရ၊ ဖယ်ကျဉ်ခံရမှာစိုးတာကြောင့် ထင်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ မဟုတ်တာလုပ်ပေမယ့် မိတဲ့အကြိမ်ကနည်းပါတယ်။ ဒါကြောင့်လည်း တခါတလေ ကွန်ပြူတာတဖက်မှာ လူရှိနေတာ သတိမထားမိပဲ ကျင့်ဝတ်မထိန်းတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေကို လုပ်လို့ရတယ်လို့ ထင်မိတတ်တယ်။
- လက်တွေ့ဘ၀နဲ့ အွန်လိုင်းဘ၀ကြားထဲမှာ ဇဝေဇ၀ါဖြစ်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမှားကတော့ အမှားပါပဲ။ အတွင်းနဲ့ အပြင် အတူတူပါပဲ။ ကျင့်ဝတ်ဆိုတာ စောင့်စည်းဖို့ပါ။ တစုံတယောက်ကများ ဘာမှစောင့်စည်းနေစရာ မလိုပါဘူးလို့ ဆိုလာခဲ့ရင် မယုံပါနဲ့။ အွန်လိုင်းပေါ်မှာ ဒွိဟဖြစ်စရာတွေပေါ်ခဲ့ရင် အပြင်လောကမှာ လိုက်နာနေကျအတိုင်းပဲ လိုက်နာရမှာပါပဲ။ အဖြေရှာရမှာပါပဲ။
- တကယ်လို့ ပိုက်ဆံပေး ရှဲ လုပ်ရတာမျိုးဆိုရင် ပေးလိုက်ပါ။ ဒါမှလဲ စာရေးတဲ့လူ ပိုများလာမယ်။ မဖြစ်စလောက်ငွေလေးက နောင်အရှည်သဖြင့်မှာ အွန်လိုင်းတခုလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။
- ဥပဒေချိုးဖောက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါပဲ။ အွန်လိုင်းပေါ်မှာ ဥပဒေမဲ့ လုပ်တာဟာလည်း အတူတူပါပဲ။ တချို့ဥပဒေတွေကတော့ ရှူပ်ထွေးပြီး နားလည်ဖို့ခက်ပါတယ်။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ဥပဒေတွေထုတ်ထားပါတယ်။ ဒီဆောင်းပါးက ဥပဒေစာအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အပြင်လောကမှာကော၊ အွန်လိုင်းမှာပါ ဥပဒေဘောင်ထဲမှာ သတိထားနေဖို့ တိုက်တွန်းပါရစေ။
- အွန်လိုင်းတနေရာမှာ လက်ခံနိုင်တာတခုက နောက်တနေရာမှာ ရိုင်းချင်ရိုင်းနေမှာပါ။ ဥပမာ - ရုပ်မြင်သံကြားက အိမ်ရှင်မများ သတင်းပလင်း အစီအစဉ်မှာ အတင်းအဖျင်းတွေ ပြောတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဂျာနယ်သမားတွေရဲ့ စာပုံးထဲကို ကောလဟာလမျိုးစုံ လျှောက်ထည့်ရင်တော့ ဘယ်သူမှ မကြိုက်ပါဘူး။ တနေရာနဲ့ တနေရာ မတူဘူးဆိုတာကို နားလည်ရပါမယ်။
- ဒါကြောင့်မို့ နေရာအသစ်တခုကိုရောက်ရင် သူများတွေ ပြောနေ၊ ရေးနေတာတွေကို အရင်ကြည့်ပါဦး။ ဘယ်လိုလူမျိုးတွေလည်းလို့ လေ့လာပါဦး။ ပြီးမှသာ ၀င်ပြောသင့်ပါတယ်။
- အခုခေတ်မှာ လူတိုင်းအချိန်ရှားပါတယ်။ အိပ်ချိန်နဲနဲ အလုပ်ချိန်များများဖြစ်နေကြတယ်။ ဆွေးနွေးဖို့ အကြောင်းအရာတခု တင်ပြထားရင် ဒါကိုဖတ်ဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် သူများအချိန်ကို ဖြုန်းသလိုဖြစ်စေနိုင်တဲ့ ပို့စ်တွေ မတင်တာကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ သတင်းစီးဆင်းနှုန်းနဲ့ သိမ်းဆည်းထားဖို့ နေရာကလည်း အကန့်အသတ်ရှိပါတယ်။ ကိုယ်တယောက်တည်း သုံးနေတာမှ မဟုတ်တာ။ ဒါကြောင့် သတင်းတခုထဲကို မတော်တဆ ၅ ကြိမ်ပို့မိတယ်ဆိုရင် အချိန်ကိုကော နေရာကိုပါဖြုန်းတာပါပဲ။
- နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်းအလုပ်တွေထဲ ခေါင်းနှစ်နေရရင် ကျန်တာတွေ မေ့တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်မေးခွန်းတွေကို တဖက်က ချက်ချင်းပြန်ဖြေဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်က အားတက်သရောပြောနေပေမယ့် အားလုံးက သဘောတူခေါင်းငြိမ့်လိမ့်မယ်၊ အရေးလုပ်လိမ့်မယ်လို့လည်း မထင်ပါနဲ့။
- အများအားဖြင့် အုပ်စုအဖွဲ့ဝင်တွေဟာ ကွန်ပြူတာသုံးချိန်၊ မိသားစုနဲ့ နေချိန်၊ ကိုယ်ပိုင်အိပ်ချိန်စားချိန် စသဖြင့် အားချိန်နည်းပါတယ်။ ပြီးတော့ စာတပုဒ်ကို ဖတ်တော့မယ်ဆိုတာနဲ့ ဖွင့်ဖို့ကလည်း အချိန်ယူပါသေးတယ်။ နိဒါန်းပျိုးနေတာတွေကို ဖတ်ပြီးမှ သော့ချက်ကိုရောက်ရတာပါ။ တကယ်လို့များ ကြိုးစားပမ်းစားဖတ်ပြီး ဘာမှလည်းမဟုတ်ဘူးဆိုရင် အစာမကျေဘူး ဖြစ်တတ်ပါတယ်။
- အရင်ခေတ်ကတော့ ကာဘွန်စက္ကူတွေသုံးပြီး မိတ္တူပွားရတာပါ။ တခါပွားရင် ၅ စုံထက်မပိုပါဘူး။ ဒါကြောင့် ဒီစာကို ဘယ်သူ့ဆီအဓိကပို့မလဲဆိုတာ သေသေချာချာစဉ်းစားရပါတယ်။ အခုတော့ ဒါတွေမလိုတော့ပါဘူး။ ကူးချင်သလောက်ကူး၊ ပွားချင်သလောက်ပွားလို့ရပါပြီ။ ဒါကြောင့်လည်း အကျင့်ပါပြီး ပွားချင်တိုင်း ပွားနေမိတတ်ပါတယ်။ လူတွေမှာ အချိန်ရှားပါတယ်။ သတင်းကလည်း စုံလွန်း များလွန်းပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဘာကြောင့်သိသင့်တာလဲလို့ ကိုယ့်ဘာသာ အရင်မေးကြည့်တာ ကောင်းပါတယ်။ မလိုအပ်ဘူးထင်ရင် မပို့ပါနဲ့။ လိုချင်လည်း လိုနိုင်တယ် ဆိုရင်တောင်မှ မပို့ခင် ၂ ခါပြန်စဉ်းစားပါဦးလေ။
- အွန်လိုင်းပေါ်မှာ အေးတိအေးစက်၊ စော်ကားမော်ကားလုပ်တတ်သူတွေနဲ့ ပြည့်နေတာပဲလို့ ထင်ကုန်ကြရင် မကောင်းပါဘူး။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းသုံးသူအများစုဟာ တခြားသူတွေက like လုပ်သွားတာ လိုချင်တတ်ကြပါတယ်။ တခါမှ မသိဖူးသူတွေနဲ့ ဆုံခွင့်ရတယ်။ သူတို့ကလည်း ကိုယ့်ကိုမမြင်နိုင်။ ကိုယ့်အပေါ်မှာ ဆံပင်အရောင်၊မျက်လုံးအရောင်၊ ကိုယ်ခန္ဓာအချိုးအဆက်၊ အသက်အရွယ်၊ အ၀တ်အစား စတာတွေနဲ့ မဆုံးဖြတ်ပဲ စာအရေးအသားနဲ့သာ ဆုံးဖြတ်မှာပါ။ စာလုံးတွေကို မသုံးချင်ရင် ဘယ်သူမှ အွန်လိုင်းမလာပါဘူး။ ဒါကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း အရေးပါ ပါတယ်။
- အွန်လိုင်းလည်း အသုံးများတယ်၊ ဒီဟာတွေကိုလည်း စိုးရွံ့တယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာပဲ လမ်းညွှန်စာအုပ်တွေ ဖတ်ရင်း၊ လေ့လာသင်ယူရင်း ပျော်စရာကောင်းလာမှာပါ။ အွန်လိုင်းသင်တန်းတွေ၊ ပြင်ပသင်တန်းတွေရှိရင်လဲ တက်လို့ရပါတယ်။ အသက်အရွယ်ကြီးရင့်သူများဆိုရင်တော့ အသိအကျွမ်းတွေပိုရလာပြီး ပိုပျော်စရာကောင်းပါလိမ့်မယ်။
- ကိုယ်ရေးချင်တဲ့အကြောင်းအရာကို အဓိပ္ပါယ်ပေါက်အောင် ရေးပါ။ ကိုယ်တကယ်သိတဲ့ ကိစ္စဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် သဘောပေါက် နားလည်ထားတာလား၊ သူများပြောလို့ ယုံထားတာလားဆိုတာ အရင်မေးကြည့်ပါဦး။ ပို့စ်မတင်ခင်၊ အချက်အလက်တွေကို ပြန်မစစ်ခင် တကယ်တင်ချင်ရဲ့လားလို့ ထပ်မေးပါဦး။ သတင်းဆိုးတွေဟာ တောမီးလိုပျံ့လွယ်ပါတယ်။ တဆင့်စကား တဆင့်နားဖြစ်သွားရင် မူလဆိုလိုရင်း ပျောက်သွားတတ်ပါတယ်။ အွန်လိုင်းပဲဟာ၊ မှန်ကန်တိကျစရာမလိုဘူးလို့ ပြန်ငြင်းချင်လည်းငြင်းပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူတတ်ရမှာပေါ့လေ။
- နောက်တချက်ကလည်း မှတ်စုတွေရေးတဲ့အခါ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆက်စပ်တာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ စာတပိုဒ်လုံးမှာ သတ်ပုံ၊ သဒ္ဒါတလုံးမှ မမှားပေမယ့်လည်း ဘာပြောမှန်းမသိတာတွေ ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးစေချင်တာနဲ့ စကားလုံးအကြီးကြီးတွေ သုံးမိတဲ့အခါမျိုးတွေမှာပေါ့။ ရိုးရိုးပဲရေးတာကောင်းပါတယ်။
- တို့မီး၊ ရှို့မီးတွေ မရေးပါနဲ့။ ယဉ်ယဉ်ကျေးကျေး၊ လှလှပပလေးတွေရေးပါ။ ညစ်ညမ်းတဲ့စကားတွေ မသုံးပါနဲ့။ ဆန့်ကျင်လိုတာသက်သက်နဲ့ ဆန့်ကျင်ဘက်တွေမရေးပါနဲ့။
- အွန်လိုင်းပေါ်မှာ ဆဲလို့ရသလား လို့ မေးကြပါတယ်။ အမှိုက်ကို ရွှေထင်တဲ့ နေရာတွေမှာတော့ လက်ခံမှာပါ။ ဆဲဆိုလိုက်ဖို့ လိုတယ်ထင်ရင်လည်း စာလုံးဖျောက်ပြီးသုံးနိုင်ပါတယ်။ ---င်၊ ----ာ စသည်ဖြင့်။ လူတိုင်းက ကိုယ်ဘာဆိုလိုတယ်လို့ သိမှာပါပဲ။ မလိုအပ်ပဲ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တာကောင်းပါတယ်။
- ဆိုးတာတွေပြောပြီးသွားတော့ ကောင်းတာလေးတွေပြောပါရစေ။ အွန်လိုင်းရဲ့ မူလဘူတအစွမ်းက လူမျိုးစုံ အသုံးများတာပါ။ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ မေးလိုက်ရင် ဗဟုသုတကြွယ်ဝသူတွေ အများကြီးရှိနေတာမို့ အဖြေရနိုင်ပါတယ်။ တယောက် နှစ်ယောက်လောက်က ၀င်ပြောပေးလိုက်တာနဲ့ အကြံကောင်း ဥာဏ်ကောင်းတွေ တိုးလာပါတယ်။ အင်တာနက်ဆိုတာကို ရှာဖွေတွေ့ရှိပြီး ဖန်တီးတည်ဆောက်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုက သိပ္ပံပညာရှင်တွေဟာ သူတို့အချင်းချင်း ပညာဖလှယ်ချင်လို့ပါ။ တဖြည်းဖြည်းနဲ့မှ လူတွေအားလုံးပါလာကြတာပါ။
- ဒါကြောင့်မို့ ကိုယ်သိတာလေး ကိုယ်ဝင်ပြောဖို့ မတွန့်ပါနဲ့။ မေးခွန်းတခုမေးလိုက်လို့ အဖြေတွေရလာတယ်ဆိုရင် အကျဉ်းချုပ်ကလေး ပြန်ရေးပြီး ဆွေးနွေးခန်းမှာ ပြန်တင်ပေးပါ။ ဒါမှလည်း တတ်သိသူတွေက အချိန်ကုန်ခံရေးပေးထားတဲ့ ဗဟုသုတတွေကို အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးနိုင်မှာပါ။
- ကိုယ်တိုင်က တတ်သိပညာရှင်ဆိုရင်တော့ ပိုတောင်မှလုပ်ပေးနိုင်ပါဦးမယ်။ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးတာတွေ၊ အများစိတ်ဝင်စားမယ့် အကြောင်းအရာကို ရေးတင်တာမျိုးတွေ၊ မေးခွန်းထုတ်တာတွေ လုပ်နိုင်ပါတယ်။ ဗဟုသုတဝေမျှတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါဟာအွန်လိုင်းရဲ့ ရိုးရာဓလေ့ထုံးစံပါ။ ကမ္ဘာကြီးကိုလည်း ပိုကောင်းစေတယ်လေ။
- တခြားသူတွေက ပြင်းပြင်းထန်ထန်ရေးနေကြပြီ၊ အခိုင်အမာတွေ ဆုပ်ကိုင်ငြင်းနေပြီဆိုရင် သွေးဆူလာတတ်ကြပါတယ်။ ဒီအချိန်မှာ နဲနဲအရှိန်ဝင်လျှော့ပေးဖို့ လိုပါတယ်။ အွန်လိုင်းမှာ သွေးဆူ၊ သွေးပူခွင့်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သွေးဆူတယ်ဆိုတာ အွန်လိုင်းရဲ့ ရိုးရာပါပဲ။ ဒါကို အပြောင်အပျက် ရယ်စရာ မောစရာလုပ်ပေးလိုက်ရင် ပျော်စရာဖြစ်သွားပါရော။ တခါတလေတော့လည်း အရှိန်မသေသေးရင် ဆက်ဖြစ်ပေါ့လေ။
- ဒါပေမယ့်လည်း အွန်လိုင်းကျင့်ဝတ်မှာ တဖက်နဲ့တဖက် မပြီးနိုင် မစီးနိုင် တိုက်ခိုက်နေတာတွေ၊ ရန်စနေတာတွေ၊ စော်ကားနေတာတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါက အဖွဲ့တခုလုံးကို စိတ်ပျက်စေပါတယ်။ တခြားမဆိုင်သူတွေအပေါ်မှာလည်း မတရားရာရောက်ပါတယ်။ အစပိုင်းမှာတော့ စကားနိုင်လုနေတာကို ၀ိုင်းကြည့်ရတာ ပျော်စရာကောင်းသလိုလိုပေါ့။ နောက်ပိုင်းမှာတော့ ၀င်မပါတဲ့သူတွေက ပျင်းသွားတာပါပဲ။ ကိုယ်တွေချည်းပဲ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတာ မသင့်တော်ပါဘူး။
- လုပ်ဖော်ကိုင်ဖက်ရဲ့ အံဆွဲကို ခွင့်မတောင်းပဲ ဖွင့်ကြည့်ဖို့ မသင့်တော်သလိုပဲ သူများစာတွေကို ဖွင့်မဖတ်ပါနဲ့။ နမူနာတခုကတော့ ဂျာနယ်တိုက်တခုမှာ စာတွေဖွင့်ဖတ်ခံရတယ်လို့ သံသယရှိတဲ့အခါ သတင်းအတုတခုကို ထည့်ထားလိုက်ပါတယ်။ ဖတ်တဲ့လူက အဲဒီသတင်းအတုအကြောင်း မေးလာတဲ့အခါ မိသွားတာပေါ့။ ဒါနဲ့ သူ့ကို တခြားနေရာပို့ပစ်လိုက်ပါတယ်။ သူများအတွင်းရေးစပ်စုတာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။
- တချို့လူတွေဟာ အင်တာနက်မှာ ဆရာကြီးတွေပါ။ ကွန်ပြူတာစနစ်နဲ့ အင်တာနက်ကို သူများတွေထက် ပိုကျွမ်းကျင်ရုံနဲ့ သူများဆီက အခွင့်အရေးပိုယူဖို့ မသင့်ပါဘူး။ ဥပမာ -- ဌာနမှုးက လက်အောက်ငယ်သားတွေရဲ့ ကိုယ်ပိုင်စာတွေကို မဖတ်ရပါဘူး။
- လူတိုင်းက အွန်လိုင်းမှာ လူသစ်ဖြစ်ဖူးကြတာပါပဲ။ ဒီဆောင်းပါးကိုလည်း လူတိုင်းဖတ်ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် သတ်ပုံမှားတာ၊ အူကြောင်ကြောင်မေးတာ၊ မလိုအပ်ပဲ စကားကြောရှည်တာတွေကို သည်းခံလိုက်ပါ။ အသေးအဖွဲဆိုရင် ပြောနေဖို့တောင် မလိုပါဘူး။ ပြောဖို့လိုတယ် ထင်ရင်တောင် ၂ ခါပြန်စဉ်းစားပါ။ ကိုယ်တော်တာနဲ့ပဲ သူများကိုဆရာလုပ်တာ ဘယ်ကောင်းပါ့မလဲ။ မှားနေတယ်လို့ ပြောတော့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ။ အများရှေ့မှာမပြောပဲ တဦးထဲကို စာပို့ပြောပါ။ ဘယ်လိုပြောပြော သူ့ဘက်က ဒီထက်ကို ပိုမသိတော့တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာကြီးလေသံ မဖမ်းပါနဲ့။ သူ့အမှားကို ကိုယ့်အမှားမဖြစ်ပါစေနဲ့။ ကျင့်ဝတ်နဲ့ ညီ မညီငြင်းကြရင်းနဲ့ ကျင့်ဝတ်နဲ့မညီပဲကို ရန်ဖြစ်တတ်ကြောင်း သတြိပုတော်မူကြပါကုန်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/20/2012 03:39:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36458] Fwd: [လူဗိုလ်ဟူသည် ...] English Lessons
From: Blogger <no-reply@blogger.com>
Date: 2012/12/18
Subject: [လူဗိုလ်ဟူသည် ...] English Lessons
To: lubo601@gmail.com
Spring Flowers's photo.
***သတိထားရမှာက မင်းသွားသင့်တယ် ဆိုတာ အနာဂတ်ကို ရည်ညွှန်းတယ် ဆိုတာပါ ။ မသွားရသေးလို့ သွားသင့်တဲ့အကြောင်း ပြောနေတာ မဟုတ်လား ။
***အခု ပြောချင်တာကတော့ အတိတ်မှာတုန်းက လုပ်သင့်ရဲ့နဲ့ မလုပ်ခဲ့လို့ နောင်တရသံလေး သို့မဟုတ် အပြစ်တင်သံလေးနဲ့ ပြောတာကိုပါ ။ အဲဒါကို
should have + past participle နဲ့ သုံးရတယ် ။ past participle ဆိုတာက ငယ်စဉ်တောင်ကျေးတုန်းက မြန်မာပြည်ကျောင်းတွေမှာ သင်လေ့ရှိတဲ့ Verb 3 ဆိုတဲ့ဟာပါ ။ go = Verb 1, went = Verb 2 , gone = Verb 3 လို့ သင်တတ်ကြတယ်လေ ။ ဘယ်လိုဘဲ သင်လွှတ်လိုက်လိုက် နားတော့ လည်သွားခဲ့တာဘဲ ....ဟီး ။ အဲတော့ ဆက်ရရင် ဥပမာ
You should have gone to the interview. အင်တာဗျူးကို မင်းသွားသင့်ခဲ့တယ် ( မသွားလိုက်လို့ အပြစ်တင်တဲ့ သဘော ၊ ပြီးသွားပြီ ၊ အတိတ်ကို ပြန်ပြောပြီး ဒေါသထွက်နေတာလေ ၊ ဒီတော့ အဲဒါကို သွားပြီး You should go to the interview လို့ မပြောရဘူး )
I should have accepted the offer. အဲဒီ ကမ်းလှမ်းမှုကို ကျမ လက်ခံသင့်ခဲ့တယ် ။
She should not have said that . သူမ အဲဒါကို မပြောသင့်ခဲ့ဘူး ( ခုတော့ ပြောပြီးသွားပြီ...ကွိုင်ဘဲ )
He should have sent me a message at least . သူ ကျမကို message လေးတော့ အနည်းဆုံး ပို့သင့်ပါတယ် ။ ( ခုတော့ စောင့်လိုက်ရတာ လည်ပင်းရှည် )
I should have studied harder . ငါစာကို ဒီထက် ပိုကြိုးစားခဲ့သင့်တယ် ။ ( ခုတော့ အမေ့သား ဘ၀...အဟင့် )
အင်မတန် လွယ် အင်မတန် အသုံးဝင်ပါတယ် ၊ အင်မတန်လည်း အသုံးများပြီး အင်မတန်လည်း မှားနေကြတာမို့ should have + Verb 3 ဆိုတာကိုသာ ခေါင်းထဲ အသေမှတ်ထားလိုက်ပါ ။ တခုခုကို လုပ်သင့်ရဲ့နဲ့ မလုပ်ခဲ့လို့ နောင်တ သို့မဟုတ် အပြစ်တင် ကြိမ်းမောင်းပြီး အတိတ်ကို ရည်ညွှန်းတယ် ဆိုတာပါ မမေ့ကြပါနှင့် ။
I should not have loved him .
ကျမ သူ့ကို မချစ်သင့်ခဲ့ပါဘူး ။ ( ခုတော့ ကလေး ၂ ယောက်ထွက်လာတာဘဲ အဖတ်တင်တယ် ) ကဲ...ဒီလောက်ဆို မှတ်မိမယ် ထင်ပါတယ်နော် ။
အတိတ်မှာတုန်းက လုပ် '' သင့် '' တာကို မလုပ်ခဲ့လို့ အခုအချိန်မှာနောင်တရတဲ့ အနေနဲ့ ပြောရင် I should do လို့ မပြောရဘဲ I should have done လို့ ရေးရတာကို ပြောခဲ့ပြီးပါပြီ ။ ဥပမာ
You should have told me earlier.
မင်းငါ့ကို ဒီထက်အရင် ပြောခဲ့သင့်တယ် ။ ( အခုတော့ မဖြစ်သင့်တာဖြစ်ကုန်ပြီ )
They should have kept their promise.
သူတို့ကတိကို တည်ခဲ့သင့်တယ် ။ ( ကတိဖျက်လို့ ဒေါသနဲ့ ပြောတဲ့စကား )
I should not have drunk too much . ငါအလွန်အကျွံမသောက်ခဲ့သင့်ဘူး ။ ( အခုတော့ ကျွဲခိုးပေါ်ကုန်ပါပေါ့လား )
အဲဒီလိုအသုံးတစ်ခု အခု ထပ်ပြောပြပါရစေ ။
အတိတ်မှာ လုပ်'' နိုင် '' ရက်နဲ့ မလုပ်ခဲ့ရင် could + have + V3 ကို သုံးပါတယ် ။ ဥပမာ
I could have helped him . သူ့ကို ငါကူညီနိုင်ခဲ့သားဘဲ ( ဒါပေမယ့် မကူညီခဲ့ဘူး )
I could have gone to Oxford University but I preferred Harvard.
အောက်စဖို့ကို ငါသွားတက်နိုင်ခဲ့သားဘဲ ။ ဒါပေမယ့် ဟာဗတ်ကို ပိုသဘောကျတယ်လေ ( နောက်ဘ၀မှ ဂလို ဟန်ပါပါနဲ့ ပြောပစ်ဦးမယ် )
She could have married him but she didn't want to.
သူမက သူ့ကို လက်ထပ်နိုင်ခဲ့သားဘဲ ။ ဒါပေမယ့် ယူမှမယူချင်တာကိုး ( ဖြစ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တဲ့ အဓိပ္ပါယ် )
They could have bought a house here 20 years ago but chose not to.
သူတို့ ဒီမှာ လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းက အိမ်ဝယ်လို့ ရသားဘဲ ။ ဒါပေမယ့် မ၀ယ်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြတယ် ။ ( တတ်နိုင်ရက်နဲ့ မလုပ်ခဲ့ )
လုပ်နိုင်ရက်နဲ့ မလုပ်ခဲ့လို့ အပြစ်ပြောချင်တဲ့အခါလည်း သုံးတယ် ။
***************************
You could have phoned me to let me know.
မင်းကွာ...ငါ့ကို အသိပေးဖို့ ဖုန်းဆက်လို့ရသားနဲ့ ( မဆက်ခဲ့ဘူး )
They could have helped me instead of just sitting there.
ထိုင်နေမယ့်အစား သူတို့ ငါ့ကို ကူညီလို့ရနိုင်ရက်နဲ့ ( မကူညီခဲ့ကြဘူး )
I could have done more to help you. Sorry.
မင်းကို ငါ ဒီထက်ကူညီလို့ ရနိုင်ရက်သားနဲ့ကွာ ။ ဆောရီး ( မစောတော့ဘူး ပြောင်ရေ )
I couldn't have managed without you.
မင်းမပါဘဲ ငါ manage လုပ်နိုင်မှာမဟုတ်ဘူးကွာ ( မင်းကို ကျေးဇူးတင်တယ်ဆိုတဲ့သဘော )
I couldn't have got the job. He was always going to appoint his nephew.
ငါအလုပ်ရနိုင်သားဘဲ ။ ( ဒါပေမယ့် ) သူက သူတူကို ခန့်ဖို့ လုပ်ပြီးသား။
ဖြစ်နိုင်တာကို ခန့်မှန်းပြီး ပြောရာမှာလည်းသုံးတယ် ။
***********************************
Mary could have taken the earlier train.
မေရီက ဒီထက်စောတဲ့ ရထားကို စီးရင်လည်း စီးလာနိုင်တာဘဲ ။ ( မေရီရထားပေါ် ရောက်နေချိန် မျှော်နေသူတွေက ခန့်မှန်းပြောတဲ့စကား )
Mg Mg could have told her.
မောင်မောင်က သူမကို ပြောရင် ပြောလိုက်မှာနော် ( ခုလောက်ဆို သူမသိနေလောက်ပြီ )
She could have overheard what I said.
ငါ ပြောတာကို သူမ မတော်တဆ ကြားသွားနိုင်လောက်တယ်.....( တိန် )
ဒီ Link ကို သွားကြည့်ပါဦး
https://www.facebook.com/photo.php?fbid=403340573071186&set=a.356850597720184.81083.100001857416736&type=3&theater
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/19/2012 10:29:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36458] Fwd: [လူဗိုလ်ဟူသည် ...] ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်-
From: Blogger <no-reply@blogger.com>
Date: 2012/12/18
Subject: [လူဗိုလ်ဟူသည် ...] ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်-
To: lubo601@gmail.com
Nay Zaw shared Tun Wai's photo.
ဗိုလ်ချုပ်အောင်ဆန်းသည် ရာထူးနှင့်အာဏာကို မမက်မောသလို ပကာသနကိုလည်း အလေးမထားပေ။ ဟိတ်ဟန်လည်း မလုပ်တတ်။ ရိုးသားမှုကို မြတ်နိုး၍အမှန်တရားကို ဦးထိပ်ပန်သည်။ သူသည် တိုင်းပြည်နှင့် လူမျိုး သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးကိုသာ အလေးအနက် စိတ်ဝင်စားကာ မြန်မာ့လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု
သမိုင်းတလျှောက်တွင် ပြည်သူလူထုလေးစားယုံကြည်ထောက်ခံမှု အရဆုံးသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ ဆိုဗီယက်ပြည်ထောင်စုမှ လီနင်၊ တရုတ်ပြည်မှ ဒေါက်တာဆွန်ယက်ဆင်၊ အမေရိကန် (၁၆) ဆက်မြောက် သမ္မတ လင်ကွန်း၊ ဗီယက်နမ်မှ သမ္မတ ဟိုချီမင်း တို့ကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းသည် ရိုးသားဖြောင့်မတ်၍ ရိုးရိုးကုပ်ကုပ်သာ နေထိုင်ဝတ်စားဆင်ယင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကပင် အ၀တ်အစားနှင့် ပတ်သက်၍ ချေးမများခဲ့။ ဖြစ်သလိုနေထိုင်စားသောက် ခဲ့သည်။ ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားခဲ့သော အထ္ထုပတ္တိတွင် ဤသို့ ရေးသားထားလေသည်။ "ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှ ကွာ၏။ သူနှင့်ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဖက်ဖြစ်၏။ သူကားလက်မြန်၏။ ကျွန်တော်ကား အားကြီး၏။ မချိန်မဆ လက်လွတ်စပယ်လုပ်တတ်၏။ သူကား နု၏။ မင်းသားကျချင်၏။ ကျွန်တော်ကား ကြမ်း၏။ သူသည် အစားအသောက်အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့်အခါ မြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျွန်တော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏။ ကျွန်တော်ကား မ၀တ်တတ်။ မြန်မြန်ညစ်အောင် ၀တ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ။ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏။ လျှင်၏။ ကျွန်တော်ကား ထူ၏။ အေး၏။" ဤသို့ပင် ဗိုလ်ချုပ်သည် သူ့ငယ်စဉ်က အနေအထိုင်အစားအသောက် ၀တ်စားဆင်ယင်ခဲ့ပုံကို မကွယ်မ၀ှက်ရေးသားခဲ့၏။ ဗိုလ်ချုပ်သည် သူကိုယ်တိုင် ထိုကဲ့သို့ ရေးခဲ့သည်သာမက သူ ရေနံချောင်းအမျိုးသားကျောင်းဘ၀တွင် ၀တ်စားဆင်ယင်မှု နှင့် ပတ်သက်၍ အတော်ဂွကျ၏။ ကျောင်းသားများကြားတွင် ဂိုက်ပေးခြင်း၊ ဆိုက်ပေးခြင်း မရှိဘဲ ရိုးရိုးကုပ်ကုပ် ဖြစ်သလို ၀တ်စားဆင်ယင်တတ်မှုကြောင့် တကျောင်းလုံးက ရယ်စရာမောစရာ ဖြစ်နေခဲ့သည်။ တဖန် ဗိုလ်ချုပ် ရှစ်တန်းကျောင်းသားဘ၀တွင် မိခင်အမေစုထံမှ အနီရောင် ပိုးရောချည်လုံချည်များ ပို့ပေးလေ့ရှိ၏။ ဗိုလ်ချုပ်သည် ထိုလုံချည်များကို ကြိုက်နှစ်သက်သဖြင့် ခုံခုံမင်မင်ဝတ်တော့၏။ အကယ်၍ ၀တ်နေစဉ် အောက်အနားက စုတ်ခဲ့သော် ထိုအစုတ်ကိုပင် ပြန်၍ ထုံးပြီး ချည်နှောင်ဝတ်ဆင်ခဲ့၏။ ဗိုလ်ချုပ်ကား သူ့ဝတ်စားမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ကို ဤသို့ ဂရုမစိုက်၊ ရှက်လည်းမရှက်ပေ။
ရဲဘော်သုံးကျိပ်စတင်ဖွဲ့စည်းပြီး ယိုးဒယား(ထိုင်း) နိုင်ငံတွင်ရှိစဉ်က အစည်းအဝေးတစ်ခုတွင် စကားပြောစရာရှိသဖြင့် စစ်ယူနီဖောင်းကို ၀တ်ပြီး ထွက်သွားရာ စီးသွားသော စစ်ဖိနပ်မှာ ကျပ်နေသဖြင့် ဗိုလ်မင်းခေါင်အား ကြည့်ခိုင်းရာ ဘယ်နှင့်ညာမှားစီးထားသဖြင့် နောက်ဆုံး အမှန်ပြန်၍ စီးခဲ့ရသည်။ ဗိုလ်ချုပ်မှာ ထိုသို့ ဖိနပ်စီးရာတွင်ပင် ဘယ်နှင့်ညာမှားစီးခဲ့သည်အထိ သူ၏ စိတ်တွင် မြန်မာပြည် လွတ်လပ်ရေးနှင့် ပတ်သက်၍ မည်မျှစိတ်ရောက်နေသည်ကို ခန့်မှန်းနိုင်ပါသည်။ ဂျပန်ခေတ် (၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့ မှ ၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့အထိ) အတွင်း ဗိုလ်ချုပ်သည် ဗမာ့တပ်မတော်၏ စစ်ဝန်ကြီးနှင့် စစ်သေနာပတိချုပ်ပင် ဖြစ်သော်လည်း အ၀တ်အစားနှင့် ပတ်သက်၍ စစ်အင်္ကျီနှစ်ထည်နှင့် စစ်ဘောင်းဘီနှစ်ထည်သာ ရှိသည်။ အောက်ခံစွပ်ကျယ်တစ်ထည်မျှပင် ကောင်းကောင်းမရှိချေ။ ဇာပေါက်တွေကဲ့သို့ အပေါက်ဗရပွနှင့် စွပ်ကျယ်တစ်ထည်သာ တော်လှန်ရေးပြီးသည်အထိ ၀တ်ခဲ့ရာ မည်မျှအထိ ခြိုးခြံချွေတာ တင်းတိမ်နိုင်သည်ကို မှန်းဆနိုင်ပါသည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/19/2012 11:00:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36458] Fwd: [လူဗိုလ်ဟူသည် ...] "ပုံခြင်း၏ တခြားတဖက်၌ (သို့) ဘုံရန်သူ သတ်မှတ်ခြင်း၏ အခြားသော စာမျက်နှာများ"
From: Blogger <no-reply@blogger.com>
Date: 2012/12/18
Subject: [လူဗိုလ်ဟူသည် ...] "ပုံခြင်း၏ တခြားတဖက်၌ (သို့) ဘုံရန်သူ သတ်မှတ်ခြင်း၏ အခြားသော စာမျက်နှာများ"
To: lubo601@gmail.com
by Maung Maung Oo on Tuesday, December 18, 2012 at 7:34am
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/19/2012 10:11:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

