admin posted: " ကာတွန်း ကူမိုးကြိုး - မုဒိတာမပွားနိုင်တဲ့ ကာတွန်း ဒီဇင်ဘာ ၂၃၊ ၂၀၁၂ "
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:36504] Re: [လူဗိုလ်ဟူသည် ...] လမင်းကို ခွေးဟောင်ခြင်း
2012/12/22 Blogger <no-reply@blogger.com>
ဒေါက်တာလွဏ်းဆွေ ၀က်ဆိုဒ်တွင် ဒီကနေ့(၂၂-၁၂-၂၀၁၂) ရက်နေ့တွင်
* စိန်နဲ့ စုနဲ့ နှစ်ပါးကြည် အများပြည်သူ တုံးလုံးပက်လက် Dec 2
* လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော ... Dec 21 ဤသတင်းနှစ်ပုဒ် ပါလာပါသည်။ အလွန်ဆိုးရွားပါသည်...။
တာဝန်ရှိသူများထက်ပင် ပို၍ အသိမြင်ကျယ်နေကြပြီလား ?
သို့မဟုတ်
လက်ရှိတာဝန်ယူထားကြသော နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ၄င်းတို့လောက်ပင်
အမျိုးမချစ်၊ အတွေးအခေါ်မဲ့သည်ဟု ယူဆနေပါသလား ?
မတွေးတတ်ပါ။
အထက်ပါ ဆောင်းပါးဟု အမည်တတ်ထားသော အဆင့်နိမ့် ထင်မြင်ယူဆချက်ကိုရေးသားထားသူများနှင့် ဒေါက်တာလွဏ်းဆွေ ဟူသော
ဘလော့ပိုင်ရှင်တို့သည် ယနေ့အထိ တိုင်းပြည်အတွက်... တိုင်းပြည်အတွက်ဆိုလျှင် ကြီးကျယ်လွန်းပါသည်... ၄င်းတို့၏ မိသားစုနှင့် ၄င်းတို့ကိုယ်တိုင်အတွက်
ကောင်းစွာ စောင့်ရှောက်နိုင်သူများ မဟုတ်ပါ....။
မိမိအိမ်ရှေ့ရှိ လမ်းကလေးကိုပင် ကျောက်ခဲ တစ်လုံးမျှ ခင်းဘူးကြမည် မဟုတ်ပါ..... သေချာပါသည်။
အမြဲတမ်း မကောင်းမြင်တတ်သော အကျင့်ဆိုး အဖျက်သမားများသည် နေရာတိုင်းတွင် ရှိပါသည်။
ပြောပြပါဦးမည်.....။
ဒေါ်အောင်ဆန်းစုကြည်သည် (၁၉၈၉)ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့သည်။
ပြဿနာပေါင်းများစွာကို ဘ၀နှင့်ရင်း၍ ရင်ဆိုင်ခဲ့သည်။ ကမ်းမမြင် လမ်းမမြင် ဒုက္ခပင်လယ်ကြီးထဲတွင်
အစုန်အဆန် ကူးခပ်ခဲ့သည်။ တစ်ချက်ကလေးမျှ ငြိမ်းအေးခြင်းမရှိခဲ့။
သို့သော် ဇွဲလျော့မသွားခဲ့ပါ... နှုတ်ဆက်မသွားခဲ့ပါ။ အတူတူ လိုက်ပါကူးခပ်သူများ တစ်ချို့ ကြွက်တက်သဖြင့် လမ်းတ၀က်မှ ကမ်းဘက်သို့
ကူးခပ်သွားကြရသည်။ တစ်ချို့လည်း အမောဆို့ကာ စုံးစုံးမြုပ်သွားခဲ့ရသည်။ တစ်ချို့လည်း ၀ဲကတော့အတွင်း ပျောက်ကွယ်ခဲ့ရသည်။
ကမ်းသို့ရောက်ရမည်ဟူသော ယုံကြည်ချက်ဖြင့် တစိုက်မတ်မတ်ဖြင့် ကူးခပ်ခဲ့သဖြင့် ယနေ့အချိန်အခါတွင် ပူးပေါင်းဆောင်ရွက်ရခြင်း ဟူသော ကမ်းစပ်သို့ ရောက်ရှိခဲ့ပါပြီ။
ဤအချိန်တွင် အမေစုနှင့် အတူလိုက်ပါကူးခပ်ခဲ့သူများ ခြေကုန်လက်ပန်းကျနေကြပါပြီ....
အမောဆို့နေကြပါပြီ။
အရွယ်ကုန်နေကြပါပြီ။
ကမ်းစပ်တွင် မျှော်လင့်ခြင်း အပြုံးလေးများဖြင့် ကြိုဆိုနေသူများ(ပြည်သူများ)နှင့် လက်ကမ်းပေးသူများ (သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များ)ကြောင့်
အမောပြေကာ ပြန်လည် လန်းဆန်း တက်ကြွလာကြသည်ဟု တင်စားချင်ပါသည်။
ယနေ့အချိန်တွင် တိုင်းပြည်အတွက် အကောင်းဆုံးများကိုသာ ဆောင်ကျဉ်းပေးနေသော
နိုင်ငံတော်သမ္မတကြီးကို ဖခင်အဖြစ် သတ်မှတ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မိခင်အဖြစ် သတ်မှတ်ပါသည်။
သားသမီးများ အပေါ်တွင် ဒုက္ခရောက်စေလိုသော... အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့စေလိုသော မိဘများ ဤစကြ်ာဝဠာအတွင်း မည်သည့်နေရာတွင်မျှ မရှိပါ။
နှစ်ပေါင်း(၂၀)ကျော် ဒုက္ခခံစားခဲ့ရခြင်းများသည် သားသမီးများအတွက် နောက်ဆုံးထွက်သက်အထိသာမက မျက်ကွယ်ပြုပြီးသည့်တိုင် ပြည့်စုံကြွယ်ဝစေလိုသော
မိဘများ၏ စေတနာပင် ဖြစ်ပါသည်။
အိမ်ထောင်စုတစ်ခုထဲတွင်ပင် လိမ်မာသော သားသမီးများနှင့် ဆိုးသွမ်းသော မိဘနှင့် သဘောထားခြင်း မတိုက်ဆိုင်သော သားသမီးများ ရှိတတ်ကြပါသည်။
သားဖြစ်သူနှင့် ရန်ဖြစ်ပါက ဓါးကမ်းပေးသော မိဘများ မြန်မာမှု နယ်ပင်တွင် မရှိပါ။
နှစ်သိမ့်ကာ တားဆီးသော မိဘများသာ ရှိပါသည်...၊ ဖူးရောင်ကွဲပြဲလာပါကလည်း ကျပ်ထုပ်ထိုးပေးခြင်း၊ ဆေးလိမ်းပေးခြင်းကိုသာ မြန်မာတို့ဆောင်ရွက်ကြပါသည်။
မိဘအချင်းချင်း တွေ့ဆုံဆွေးနွေး ကြေအေးတတ်ကြပါသည်။ ရန်ကို ရန်ချင်း မတုံ့နှင်းတတ်ပါ..... ထို့ထက် ပိုသော် သားသမီးများ၏ ရှေ့ခရီးလမ်းတလျှောက်
အန္တရာယ်ကင်းစွာ လျှောက်လှမ်းစေလိုသော မိဘများသာရှိကြပါသည်။
နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်(အမေစု)အား ပုတ်ခပ် စော်ကားသော အဆင့်နိမ့် စာရေးသူများ၊ တင်ပြသူများကို ပြင်းထန်စွာ ရှုံ့ချပါသည်။
ထင်ရာမြင်ရာ အမှားအမှန်မခွဲခြား၊ အနာဂတ်ကို မျှော်တွေးမကြည့်တတ်သူများအား ရွံရှာပါသည်။
ထို့ထက်ပို၍ ပြောရသော်....
ဂုဏ်သိက္ခာရှိမှ ဝေဖန်ပါ.....။
စွန့်စားရဲမှ တာဝန်ယူပါ....။
ရန်ဖြစ်သမျှ ၀ိုင်းဝန်းရိုက်နှက်ရသော ရွာလူမိုက်ကြီးစိုးသော ခေတ် မဟုတ်ပါ....။
ခေတ်သစ် စနစ်သစ်အတွက် မိဘများကြိုးပမ်းဆောင်ရွက်နေပါသည်။
အကောင်းဆုံးများကို ယူဆောင်ပေးပါလိမ့်မည်....။
အခုရေတွင်းတူး အခုရေကြည်သောက်ချင်ရင် ရေသန့်ဗူးဝယ်သောက်စေချင်ပါသည်။
အဆင့်မတူပဲ စော်ကားခြင်းသည် `` လမင်းကို ခွေးဟောင်ခြင်းသာဖြစ်ပါသည် ´´
ပိုနားလည်၍ ပိုမိုယုံကြည်ရသဖြင့်၊ ပိုမိုအားကိုးထိုက်၍သာ ပိုကြီးမားသော တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ပါသည်။
ဤဆောင်းပါးဖြင့် ဒေါက်တာလွဏ်းဆွေနှင့် အဆင့်နိမ့် စာရေးသူများအား အထင်အမြင်သေးစွာ ရှုံ့ချပါကြောင်း ဖော်ပြအပ်ပါသည်။.....
ကွန်ဆူးမား(၂၂-၁၂-၂၀၁၂)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/23/2012 02:07:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36501] Fwd: [လူဗိုလ်ဟူသည် ...] အစွယ်လိုသူများ (တတိယပိုင်း)
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/22
Subject: [လူဗိုလ်ဟူသည် ...] အစွယ်လိုသူများ (တတိယပိုင်း)
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/23/2012 01:42:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/22
Subject: [လူဗိုလ်ဟူသည် ...] အစွယ်လိုသူများ (တတိယပိုင်း)
To: lubo601@gmail.com
by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, December 22, 2012 at 10:01am ·
(၂၆) ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်။ အင်းစိန်ထောင်၊ အထူးခုံရုံး။ ဂဠုန်ဦးစောသည် ရှမ်းဘောင်ဘီ အနက်ရောင်အား ၀တ်ဆင်၍ ထားသည်။ နေကာမျက်မှန် အနက်ရောင်အား တပ်ဆင်ထားပြီး သူ့မျက်လုံး၏ အတွင်းသဏ္ဍာန်အား ဖုံးကွယ်ထားရန် ကြိုးစား၏။ တရားခံများထိုင်သည့် ၀က်ခြံအတွင်း၌ သူသည် အိနြေ္ဒရရ ထိုင်၍နေသည်။ မောင်စိုး၊သက်နှင်း၊ မှုန်ကြီးတို့က ဦးစော၏ဘေး ၀က်ခြံငယ် တခုအတွင်း၌ ထိုင်နေကြသည်။ မှုန်ကြီး၏လက်က သေနတ်ဒဏ်ရာကြောင့် ဖြတ်ပစ်ခဲ့ရသည်။ ရန်ကြီးအောင်၊ စိန်ကြီး၊ ခင်မောင်ရင်နှင့် သုခတို့က သက်နှင်းတို့၏ဘေး ၀က်ခြံငယ် တခုတွင် ထိုင်နေကြသည်။ သီးသီးသန့်သန့်စီ ----။ သတင်းထောက်များမှ ဓါတ်ပုံများ ရိုက်ကြ၏။ အထူးခုံရုံးအဖွဲ့၏ ဥက္ကဌဖြစ်သူ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များဖြစ်သော ဦးအောင်သာကျော် ၊ ဦးစီဘူးတို့သည် ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ တရားခံများအားလုံး မတ်တပ်ရပ်ကြ၏။ အထူးခုံရုံးအဖွဲ့သည် နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားလိုပြသက်သေ (၇၈) ဦးနှင့် တရားခံပြ သက်သေ (၃၁) ဦးတို့အား ရုံးတော်မှ ခေါ်ယူ စစ်ဆေး၏။ ဦးစောမှ သူ့အတွက် ရှေ့နေအား ၀တ်လုံတော်ရ မစ္စတာ ဗတားနစ်နှင့် အင်္ဂလန်မှ ၀တ်လုံတော် မစ္စတာ ကာတဘင်းနက်တို့ နှစ်ဦးအား ငှား၏။ မစ္စတား ကာတဘင်းနက်က အင်္ဂလန်မှ ဘုရင်တော်ဝင် ကောင်စီဝင် တဦးလည်း ဖြစ်သည်။ ကျန်သည့် လူသတ်သမား တရားခံများအတွက်မူ သာယာဝတီမှ ဦးသူငယ်အား ဦးစောမှ ငှားပေးသည်။ (၃၇) ရက်တိုင် ရုံးထိုင်၍ စစ်ဆေးပြီးနောက် ဦးစောနှင့် အပေါင်းအပါတို့၏ နိုင်ငံတော် လုပ်ကြံမှုကြီးအား ရုံးတော်မှ စီရင်ချက်ချတော့သည်။ သေဒဏ်နှင့် တသက်တကျွန်း ----။
(၂၇) ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။ အင်းစိန်ထောင်။
ထောင်ပိုင်ကြီးသည် ဦးစော၏ အခန်းရှေ့မှ သော့ခလောက်ကြီးအား ဖွင့်လိုက်သည်။ မီးရောင် မှိန်ပျပျအောက်၌ ဦးစောသည် သံတိုင်အားကိုင်လျက် မတ်တပ်ရပ်လျက် ရှိ၏။ ကုတ်အင်္ကျီအနက်နှင့် ပိုးပျော့ ရှမ်းဘောင်ဘီအရှည်အား ၀တ်ထားသည်။ တညလုံး အိပ်စက်ထားဟန် မတူ။ မျက်လုံးများက နီ၍ နေသည်။ ဂဠုန်ဦးစောသည် သံတိုင်အား ဆုပ်ကိုင်ရင်း ထောင်ပိုင်ကြီးအား အင်္ဂလိပ်ဘာသာဖြင့် မေး၏။
"Any Message from London"
ထောင်ပိုင်ကြီးမှ ဦးစောအား ကြည့်ပြီး တိုးညှင်စွာ အဖြေပေး၏။
"No Nothing, Very Sorry ---"
အင်းစိန်ထောင်ဝင်း တခုလုံး တိတ်ဆိတ်၍ နေသည်။ ဦးစော၏ အိမ်မက်က ပြီးဆုံး၍ သွားသည်။ မရတော့ ----။ မျှော်လင့်ချက် ကင်းမဲ့သွားသည့် ဦးစော၏ မျက်နှာသည် လူသေတဦးကဲ့သို့ ----။ သွေးရောင် ဆုတ်လျော့ပြီး ဖြူဖျော့၍ နေတော့သည်။ ထောင်အာဏာပိုင်များ၏ ခေါ်ရာသို့ ဦးစောသည် လိုက်၍ ပါလာခဲ့သည်။ တလှမ်းချင်း ----။
အင်းစိန်ထောင် အုတ်ရိုးနီနီများပေါ်၌ ကျီးတို့သည် ငိုက်မြည်း၍ နေကြသည်။ အာရုံက မပေါ်သေး ---။ အမှောင်ထုသည် အင်းစိန်ထောင်ဝင်းကြီးအား လွှမ်းခြုံ၍ မိုးထားဆဲ ----။
တလှမ်း ---၊ နှစ်လှမ်း ----။
တရွေ့ရွေ့နှင့် ဦးစောသည် အင်းစိန်ထောင်တိုက် (၃)မှ ကြိုးစင်ဆီသို့ ထောင်အာဏာပိုင်များ ခေါ်ယူရာအတိုင်း လိုက်ပါ၍ လာခဲ့သည်။ အသိမဲ့စွာ ----။ အင်းစိန်ထောင် ကြိုးစင်ဝန်းကျင်၌ လျှပ်စစ် မီးရောင်များဖြင့် လင်းလင်းပပ ----။ ဘေဘီစောသည် ဖခင်အား နောက်ဆုံးအကြိမ်အဖြစ် ကန်တော့၏။ ဦးစော၏ ရုပ်သွင်က အသက်ကင်းမဲ့သည့် အရုပ်တခုကဲ့သို့ ----။ ဦးစောအား ထောင်အာဏာပိုင်များက ခေါ်၍သွားသည်။ ကြိုးပေးသတ်မည့်သူအတွက် ၀တ်ရုံအဖြူကြီးအား ဦးစောအား စွပ်၍ ပေးကြသည်။ ပြီးလျှင် ---- ဦးစော၏ ခြေနှစ်ချောင်းအား ကြိုးနှင့် စည်း၏။ ထောင်ဝန်ထမ်းတဦးမှ ဦးစော၏ လည်ပင်းသို့ ကြိုးကွင်းအား စွပ်သည်။ ပြီးလျှင်---- ဦးစော၏ ဦးခေါင်းအား အ၀တ်ဖြူနှင့် စွပ်ရန် ပြုလုပ်၏။
ဦးစောမှ ----
"ရပါတယ်။ ကျနော် ရင်ဆိုင်ရဲပါတယ်" ဟု ပြောသည်။ ထောင်ပိုင်ကြီးမှ လုပ်ရိုးလုပ်စဉ်အရ ပြုလုပ်ရကြောင်း ပြောသည်။ ဦးစောမှ မငြင်း ----။ သူ၏ ဘေးသို့ နောက်ဆုံး ငဲ့၍ကြည့်၏။ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့က အ၀တ်ဖြူအုပ်၍ ကြိုးပေးရန် အသင့်ဖြစ်၍ နေကြပြီ။
"ဂျိုင်း"
မင်းဟန် ------------------------------ ကိုးကား ----
- ကိုသန်း (ကြည့်မြင်တိုင်) ၏ ကိုယ်တွေ့ကြုံခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုကြီး
- ဦးနု၏ တာတေစနေသား
- သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ
- နတ်မောက်ဘုန်းကျော်၏ ငမိုးမသေသေး ဆောင်းပါး (မြ၀တီမဂ္ဂဇင်း၊ ၁၉၅၇ခုနှစ် ၊ ဇူလိုင်လ)
- မောရစ်ကောလစ်၏ Last And First in Burma
- တက္ကသိုလ်နေ၀င်း၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
- အင်ဒီဒီမှ ထုတ်ဝေသည့် မြန်မာပြည်ရွေးကောက်ပွဲများနှင့် ပြည်သူတို့ နိုင်ငံရေးအရ ပါဝင်မှု
by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, December 22, 2012 at 10:01am ·
(၂၆)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်။
အင်းစိန်ထောင်၊ အထူးခုံရုံး။
ဂဠုန်ဦးစောသည် ရှမ်းဘောင်ဘီ အနက်ရောင်အား ၀တ်ဆင်၍ ထားသည်။ နေကာမျက်မှန် အနက်ရောင်အား တပ်ဆင်ထားပြီး သူ့မျက်လုံး၏ အတွင်းသဏ္ဍာန်အား ဖုံးကွယ်ထားရန် ကြိုးစား၏။ တရားခံများထိုင်သည့် ၀က်ခြံအတွင်း၌ သူသည် အိနြေ္ဒရရ ထိုင်၍နေသည်။ မောင်စိုး၊သက်နှင်း၊ မှုန်ကြီးတို့က ဦးစော၏ဘေး ၀က်ခြံငယ် တခုအတွင်း၌ ထိုင်နေကြသည်။ မှုန်ကြီး၏လက်က သေနတ်ဒဏ်ရာကြောင့် ဖြတ်ပစ်ခဲ့ရသည်။ ရန်ကြီးအောင်၊ စိန်ကြီး၊ ခင်မောင်ရင်နှင့် သုခတို့က သက်နှင်းတို့၏ဘေး ၀က်ခြံငယ် တခုတွင် ထိုင်နေကြသည်။
သီးသီးသန့်သန့်စီ ----။ သတင်းထောက်များမှ ဓါတ်ပုံများ ရိုက်ကြ၏။ အထူးခုံရုံးအဖွဲ့၏ ဥက္ကဌဖြစ်သူ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များဖြစ်သော ဦးအောင်သာကျော် ၊ ဦးစီဘူးတို့သည် ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ တရားခံများအားလုံး မတ်တပ်ရပ်ကြ၏။ အထူးခုံရုံးအဖွဲ့သည် နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားလိုပြသက်သေ (၇၈) ဦးနှင့် တရားခံပြ သက်သေ (၃၁) ဦးတို့အား ရုံးတော်မှ ခေါ်ယူ စစ်ဆေး၏။ ဦးစောမှ သူ့အတွက် ရှေ့နေအား ၀တ်လုံတော်ရ မစ္စတာ ဗတားနစ်နှင့် အင်္ဂလန်မှ ၀တ်လုံတော် မစ္စတာ ကာတဘင်းနက်တို့ နှစ်ဦးအား ငှား၏။ မစ္စတား ကာတဘင်းနက်က အင်္ဂလန်မှ ဘုရင်တော်ဝင် ကောင်စီဝင် တဦးလည်း ဖြစ်သည်။ ကျန်သည့် လူသတ်သမား တရားခံများအတွက်မူ သာယာဝတီမှ ဦးသူငယ်အား ဦးစောမှ ငှားပေးသည်။ (၃၇) ရက်တိုင် ရုံးထိုင်၍ စစ်ဆေးပြီးနောက် ဦးစောနှင့် အပေါင်းအပါတို့၏ နိုင်ငံတော် လုပ်ကြံမှုကြီးအား ရုံးတော်မှ စီရင်ချက်ချတော့သည်။ သေဒဏ်နှင့် တသက်တကျွန်း ----။ (၂၇)
၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင်။
ထောင်ပိုင်ကြီးသည် ဦးစော၏ အခန်းရှေ့မှ သော့ခလောက်ကြီးအား ဖွင့်လိုက်သည်။ မီးရောင် မှိန်ပျပျအောက်၌ ဦးစောသည် သံတိုင်အားကိုင်လျက် မတ်တပ်ရပ်လျက် ရှိ၏။ ကုတ်အင်္ကျီအနက်နှင့် ပိုးပျော့ ရှမ်းဘောင်ဘီအရှည်အား ၀တ်ထားသည်။ တညလုံး အိပ်စက်ထားဟန် မတူ။ မျက်လုံးများက နီ၍ နေသည်။ ဂဠုန်ဦးစောသည် သံတိုင်အား ဆုပ်ကိုင်ရင်း ထောင်ပိုင်ကြီးအား အင်္ဂလိပ်ဘာသာဖြင့် မေး၏။
"Any Message from London"
ထောင်ပိုင်ကြီးမှ ဦးစောအား ကြည့်ပြီး တိုးညှင်စွာ အဖြေပေး၏။
"No Nothing, Very Sorry ---"
အင်းစိန်ထောင်ဝင်း တခုလုံး တိတ်ဆိတ်၍ နေသည်။ ဦးစော၏ အိမ်မက်က ပြီးဆုံး၍ သွားသည်။ မရတော့ ----။ မျှော်လင့်ချက် ကင်းမဲ့သွားသည့် ဦးစော၏ မျက်နှာသည် လူသေတဦးကဲ့သို့ ----။ သွေးရောင် ဆုတ်လျော့ပြီး ဖြူဖျော့၍ နေတော့သည်။ ထောင်အာဏာပိုင်များ၏ ခေါ်ရာသို့ ဦးစောသည် လိုက်၍ ပါလာခဲ့သည်။ တလှမ်းချင်း ----။
အင်းစိန်ထောင် အုတ်ရိုးနီနီများပေါ်၌ ကျီးတို့သည် ငိုက်မြည်း၍ နေကြသည်။ အာရုံက မပေါ်သေး ---။ အမှောင်ထုသည် အင်းစိန်ထောင်ဝင်းကြီးအား လွှမ်းခြုံ၍ မိုးထားဆဲ ----။
တလှမ်း ---၊ နှစ်လှမ်း ----။
တရွေ့ရွေ့နှင့် ဦးစောသည် အင်းစိန်ထောင်တိုက် (၃)မှ ကြိုးစင်ဆီသို့ ထောင်အာဏာပိုင်များ ခေါ်ယူရာအတိုင်း လိုက်ပါ၍ လာခဲ့သည်။ အသိမဲ့စွာ ----။ အင်းစိန်ထောင် ကြိုးစင်ဝန်းကျင်၌ လျှပ်စစ် မီးရောင်များဖြင့် လင်းလင်းပပ ----။ ဘေဘီစောသည် ဖခင်အား နောက်ဆုံးအကြိမ်အဖြစ် ကန်တော့၏။ ဦးစော၏ ရုပ်သွင်က အသက်ကင်းမဲ့သည့် အရုပ်တခုကဲ့သို့ ----။ ဦးစောအား ထောင်အာဏာပိုင်များက ခေါ်၍သွားသည်။ ကြိုးပေးသတ်မည့်သူအတွက် ၀တ်ရုံအဖြူကြီးအား ဦးစောအား စွပ်၍ ပေးကြသည်။ ပြီးလျှင် ---- ဦးစော၏ ခြေနှစ်ချောင်းအား ကြိုးနှင့် စည်း၏။ ထောင်ဝန်ထမ်းတဦးမှ ဦးစော၏ လည်ပင်းသို့ ကြိုးကွင်းအား စွပ်သည်။ ပြီးလျှင်---- ဦးစော၏ ဦးခေါင်းအား အ၀တ်ဖြူနှင့် စွပ်ရန် ပြုလုပ်၏။
ဦးစောမှ ----
"ရပါတယ်။ ကျနော် ရင်ဆိုင်ရဲပါတယ်" ဟု ပြောသည်။ ထောင်ပိုင်ကြီးမှ လုပ်ရိုးလုပ်စဉ်အရ ပြုလုပ်ရကြောင်း ပြောသည်။ ဦးစောမှ မငြင်း ----။ သူ၏ ဘေးသို့ နောက်ဆုံး ငဲ့၍ကြည့်၏။ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့က အ၀တ်ဖြူအုပ်၍ ကြိုးပေးရန် အသင့်ဖြစ်၍ နေကြပြီ။
"ဂျိုင်း"
မင်းဟန်
------------------------------
ကိုးကား ----
- ကိုသန်း (ကြည့်မြင်တိုင်) ၏ ကိုယ်တွေ့ကြုံခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုကြီး
- ဦးနု၏ တာတေစနေသား
- သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ
- နတ်မောက်ဘုန်းကျော်၏ ငမိုးမသေသေး ဆောင်းပါး (မြ၀တီမဂ္ဂဇင်း၊ ၁၉၅၇ခုနှစ် ၊ ဇူလိုင်လ)
- မောရစ်ကောလစ်၏ Last And First in Burma
- တက္ကသိုလ်နေ၀င်း၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
- အင်ဒီဒီမှ ထုတ်ဝေသည့် မြန်မာပြည်ရွေးကောက်ပွဲများနှင့် ပြည်သူတို့ နိုင်ငံရေးအရ ပါဝင်မှု
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/23/2012 01:42:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36501] Fwd: [လူဗိုလ်ဟူသည် ...] အချမ်းသာဆုံး ဆရာဝန်တို့အကြောင်း နှင့် ဆင်းရဲသားမာန
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/22
Subject: [လူဗိုလ်ဟူသည် ...] အချမ်းသာဆုံး ဆရာဝန်တို့အကြောင်း နှင့် ဆင်းရဲသားမာန
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/23/2012 01:40:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/22
Subject: [လူဗိုလ်ဟူသည် ...] အချမ်းသာဆုံး ဆရာဝန်တို့အကြောင်း နှင့် ဆင်းရဲသားမာန
To: lubo601@gmail.com
by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Saturday, December 22, 2012 at 12:05am ·
ဆရာဝန်ဖြစ်လာဖို့ ပညာသင်ယူရသည်မှာ မလွယ်ပါ။ဆရာဝန်ဖြစ်ပြီးတော့လည်း ဆရာဝန်ဘ၀မှာ
ဘ၀သက်ဆုံး ဆက်လက်ပြီး အရိုးထုတ်ဖို့ဆိုသည်မှာ ပိုပြီးတော့မလွယ်ပါ။ အထူးသဖြင့် ဖွံ့ဖြိုး ဆဲနိုင် ငံဖြစ်သော ကျွန်တော်တို့နိုင်ငံမျိုးမှာ ဆရာဝန်အဖြစ် အသက်မွေးဖို့ဆိုသည်မှာ ပိုပြီးတော့ခက်ခဲပါသည်။
တ၀မ်းတခါးအတွက် ၀မ်းစာရှာကြရသူများအချင်းချင်း ဆရာဝန်များ ငွေရှာသည့်အခါ ပြောချင်ဆိုချင် ကဲ့ရဲ့ချင်၊ တရားစွဲဆိုချင်၊ အပြစ်တင်ချင်သူတွေ အလွန်များပါသည်။ နိုင်ငံခြားကို ရောက်လာသည့်အခါ နိုင်ငံခြားက ဆရာဝန်တွေ ဘယ်လိုရှင်သန်ရပ်တည်နေကြ သလဲဆိုတာကို တွေ့ရပါသည်။ စင်္ကာပူလိုနိုင်ငံမျိုးမှာ အလုပ်သင်ဆရာဝန်အလုပ်ရပြီးမကြာခင်မှာ သူတို့ဆရာဝန်လေးတွေသည် သူတို့ရသည့် လစာဖြင့် ကမ္ဘာပတ်နိုင်ပါသည်။ သို့ပေမယ့် ဆရာဝန်သည် လူချမ်းသာ၊အထက်တန်းဆုံးအလွှာ မဟုတ်ပါ။ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ဆရာဝန်သာမက တော်တန်ရုံဘွဲ့ရ ပညာတတ်သည်လည်း သူတို့လစာဖြင့် ကမ္ဘာပတ်နိုင်ကြပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများမှာလည်း ဆရာဝန်ကို တရားစွဲဆိုမှုတွေ ရှိပါသည်။လျော်ကြေးတွေ တောင်းကြပါ
သည်။သို့ပေမယ့် အနိုင်ရသူရှားပါသည်။တရားစွဲခံရပေါင်းများလှပြီဖြစ်သောကြောင့် နိုင်ငံခြားကဆရာဝန်
များမှာ အာမခံတွေရှိပါသည်။ကာကွယ်ပေးမည့် အဖွဲ့တွေ၇ှိပါသည်။ဆရာဝန်များဘက်မှလည်း လူနာကို
ကုသည်ထက် ရောဂါကိုသာကုပါသည်။ သဘောက လူနာ၏ ငွေရေးကြေးရေး၊ဆန္ဒစသည်များထက် လုပ်ရ
မည့် စည်းကမ်းများအတိုင်းမညှာမတာ အတိအကျလုပ်ပါသည်။ တရားစွဲဆိုခံရခြင်းမှ ကာကွယ်နိုင်ရန်ဖြစ်
ပါသည်။
ဆရာဝန်တွေ လုပ်သမျှ၊ကိုင်သမျှကို လိုက်ပြီး ငြိုငြင်အပြစ်ရှာသူများလည်းရှိကြပါသည်။ စင်္ကာပူ
အထွေထွေဆေးရုံကြီးက စားသောက်ဆိုင်မှာ နေ့လည်စာစားကြတော့ လွတ်နေသည့် ထိုင်ခုံပေါ်မှာ နေရာ
ဦးရန်အလို့ငှာ ကျွန်တော်က နားကျပ်ကလေးကို ဖြုတ်ပြီး ထိုင်ခုံပေါ်ကိုတင်လိုက်ပါသည်။ ထိုအခါ စင်္ကာပူ
သားဆရာဝန်တစ်ယောက်က မတင်ပါနဲ့ဟုတားပါသည်။ အကြောင်းရှိသည်။ တစ်ခါက ထိုသို့တင်ထားခဲ့
သည့် နားကျပ်ကိုဓာတ်ပုံရိုက်၍ သူတို့ဆီက ဂျာနယ်တစ်စောင်တွင် ဆရာဝန်များသည် သူတို့၏ နားကျပ်ကို
ချချင်သည့်နေရာတွင် ချလျက် လူနာဆောင်ထဲသို့ ရောဂါပိုးများကို ဖြန့်ဖြူးသယ်ဆောင်နေကြပါသည်ဟူ၍
အရေးခံရဖူးသောကြောင့် ဖြစ်ပါသည်။
စင်္ကာပူဆေးရုံကြီးမှာ နံနက်ပိုင်းရောင်းလှည့်ပြီး မနက်စာစားသည့်အခါ ထိုစားသောက်နေသည့်
ဆရာဝန်များကို ဓာတ်ပုံရိုက်လျက်ပြင်ပလူနာမှာ စောင့်ဆိုင်းနေကြသည့် လူနာများနှင့် ပုံကို တွဲလျက်ဖော်ပြပြီး ဆရာဝန်များသည် လူနာများစောင့်ဆိုင်းနေသည်ကိုသိလျက်နှင့် အချိန်ဆွဲစားသောက်ပျော် ရွှင်နေကြသည်ဟု ဂျာနယ်များမှာ ဖော်ပြခဲ့ဖူးသည်။မြန်မာပြည်မှ အတင်းထောက်..အဲ သတင်းထောက်များ နည်းနာယူကြပါကုန်။
သည်တော့ အပင်မြင့်၍လေတိုက်ခံရသည့် ဆရာဝန်ဘ၀ဟု လည်း မပြောချင်ပါ။ ဆရာဝန်ဘ၀သည်ဘ၀ကိုမြုပ်နှံရုန်းကန်ရသည့် ဘ၀ဖြစ်သော်လည်း မြင့်မားသည့်ဘ၀၊ချမ်းသာသည့် ဘ၀တော့ မဟုတ်ပါ။ အထူးသဖြင့် ဆင်းရဲသည့် ကိုယ့်နိုင်ငံမှာ ဆင်းရဲသည့် ကိုယ့်နိုင်ငံသားများနှင့် ဆင်းရဲကျပ်တည်းသည့် ဆရာဝန်ဘ၀ကို သစ္စာရှိစွာ ဖက်တွယ်ထားကြသူ ဆရာဝန်အချင်းချင်း ပိုလို့ပင်ကိုယ်ချင်းစာမိပါသည်။အနှီဆရာဝန်များသည် ယခုထက်သာလွန်သောဘ၀ကို လှမ်းနိုင်သူ၊အရည်အချင်း၇ှိသူများ ဖြစ်သော်လည်း ယုံကြည်ချက်၊ ခံယူချက်ကိုယ်စီဖြင့်ကိုယ့်မြေ၊ ကိုယ့်ရေ ပေါ်မှာပဲ အရိုးထုတ်နေသူများဖြစ်ကြပါသည်။
ပညာထူးချွန်လွန်းသဖြင့် အထူးကု၊ပါမောက္ခကြီးများ ဖြစ်လာသည့်အဆင့်ရောက်သည့်အချိန်မှ သည်ဆရာကြီးများ ဆေးခန်းမှာ လူနာများလှတယ်၊ကြည့်မရပါဟု မစ္စရိယစိတ်ဖြင့် ညစ်ပြောပြော၍မရပါ။ သူတို့သည်အဆင့်ရောက်လာစေရန် ယခုကဲ့ရဲ့ဝေဖန်သူများ၏ ဆွေမျိုးမိတ်ဆွေများအပါအ၀င် မိဘပြည်သူအများအပြားကို အဘယ်မျှဆေးဝါးကုသပြုစုစောင့်ရှောက်ပေးခဲ့ကြကြောင်း အဆိုပါဝေဖန်သူများ သိပါ လေစ။သူတို့သည့် ဘွားကနဲ နတ်ရေကန်ထဲမှ ပေါ်လာပြီး ပါမောက္ခကြီးတွေ၊ပါရဂူကြီးတွေ ဖြစ်သွားကြသည်မဟုတ်ပါ။ သူတို့ဘ၀၏ အချိန်၊ငွေနှင့် ချွေးစက်ပေါင်းများစွာကို မြန်မာပြည်က မြန်မာလူနာများ၏ လူနာဆောင်များထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးကုန်လွန်စေ ခဲ့ကြပြီးဖြစ်ပါသည်။
မြန်မာပြည်က ဆရာဝန်များ၏ အလွန်များပြားလှသည့် လစာငွေနှင့် နှိုင်းယှဉ်နိုင်ရန်အလို့ငှာ အမေရိကားမှ အချမ်းသာဆုံးဆရာဝန်များ၏ လစာနှင့် ချိန်ထိုးတင်ဆက်လိုက်ရပါသည်။
အမေရိက၏ အချမ်းသာဆုံးဆရာဝန်မှာ အရိုးခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။ ဘောလုံးသမားများ၏လစာကို သိကြမည်ဆိုရင် ထိုဘောလုံးသမားများ၏ ဒူးဒဏ်ရာ၊ခြေဒဏ်ရာများကို ခွဲစိတ်ကုသပေးကြသည့် အရိုးဆရာဝန်များ၏ လစာမများကြောင်း နားလည်ကြပါလိမ့်မည်။ ခွဲစိတ်ပညာသည် အတွေ့အကြုံနှင့် ကျွမ်းကျင်မှု၊လေ့ကျင့်မှုများ လိုအပ်သည့်အတွက် ပိုပြီး လစာငွေကြီးခြင်းဖြစ်နိုင်ကြောင်း ဆိုကြသူများလည်း ၇ှိပါသည်။ပျမ်းမျှ အမေရိကန်အရိုးဆရာဝန်တစ်ဦး၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄သိန်းနှင့် ၉ထောင်ကျော်ရှိပါသည်။
ဒုတိယအချမ်းသာဆုံးဆရာဝန်များမှာ နှလုံးခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။ နှလုံးရောဂါများ အဖြစ်များလာသည့်နည်းတူ နှလုံးခွဲစိတ်ပညာ၏ လုပ်ဆောင်နိုင်မှုသည်လည်း ပိုမိုများပြားလာခြင်းကြောင့် နှလုံးခွဲစိတ်ဆရာဝန်တွေ ၀င်ငွေပိုလာရခြင်းဖြစ်ပါသည်။ သူတို့၏ပျမ်းမျှတစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄သိန်း ၁ထောင်ခန့်ဖြစ်ပါသည်။
တတိယလိုက်သူများကတော့ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။ သူတို့သည်လည်း ကျွမ်းကျင်မှုနှင့် ပညာလိုအပ်ခြင်းကြောင့် ဈေးကောင်းရကြခြင်းဖြစ်သည်ဟု ဆိုကြသည်။ သူတို့တွေကပျမ်းမျှတစ်နာရီကို ဒေါ်လာ ၁၀၀လောက်ရသည်။တစ်နှစ်လုံးဆိုရင်တော့ အမေရိကန်ဒေါ်လာ ၄သိန်းခန့်ဖြစ်ပါသည်။
အဆင့် ၄ မှကပ်ပါနေသူများကတော့ သိပ်ထင်ထားကြမှာ မဟုတ်သည့် မေ့ဆေးဆရာဝန် များဖြစ်ပါသည်။ ခွဲစိတ်ဆရာဝန်တွေ သည်လောက်ဝင်ငွေဖြောင့်နေမှတော့ သူတို့မပါလျှင် ခွဲခန်းထဲဝင်လို့မရသည့် မေ့ဆေးဆရာတွေ ၀င်ငွေကောင်းသည်မှာ မဆန်းပါ။ယနေ့ အမေရိကန်ပြည်ထောင်စုတွင် မေ့ဆေးဆရာဝန်ပေါင်း နှစ်သောင်းကိုးထောင့်ရှစ်ရာကျော် ခန့်ရှိရာ သူတို့လေးတွေ၏ ပျမ်းမျှတစ်နှစ်ဝင်ငွေမှာအမေရိကန် ဒေါ်လာ သုံးသိန်းသုံးသောင်း ၀န်းကျင်ခန့် မျှသာ ဖြစ်ပါသည်။
နံပါတ်(၅) အချမ်းသာဆုံးသူများကတော့ အထွေထွေခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။ သူတို့သည်
ခန္ဓာကိုယ်အပေါ်ပိုင်းကို ဦးစားပေးပြီး ခွဲစိတ်ကြပါသည်။ပါးစပ်ထဲ၊စအိုထဲကိုလည်း ပိုက်များ ထိုးထည့်ပြီး လည်း ကြည့်တတ်ကြပါသည်။ သူတို့၏ ပျမ်းမျှ ၀င်ငွေမှာ တစ်နှစ်ဒေါ်လာ သုံးသိန်းခန့်ဖြစ်ပါသည်။
အမေရိကန်ကဆရာဝန်များ တစ်နှစ်လျှင် မြန်မာငွေ သိန်းသုံးထောင်ကျော်ခန့်ရသည့် အချိန်မှာ မြန်မာပြည်က ၀န်ထမ်းဆရာဝန်များသည် တစ်နှစ်ကို လစာငွေ ဆယ်သိန်းမှ ၁၅သိန်းခန့်ရပါသည်။နံနက် ၈နာရီမှ ညနေလေးနာရီထိ ရုန်းကန်ပြီးသည့်အခါ ခြေကုန်လက်ပန်းကျနေသည့် ဆရာဝန်သည် နောက်နေ့ဆေးရုံကို ကားမောင်းသွားနိုင်ဖို့ရာ စက်သုံးဆီဖိုးရဖို့အတွက် ဆေးခန်းလေးတွေဆီကို အလျှိုလျှိုပြေးရပါသည်။ ထိုငွေသည် မိသားစု၏ ထမင်းအိုးဖြစ်ပါသည်။ သားသမီးများ၏ ပညာရွှေအိုးလည်း ဖြစ်ပါသည်။ဆရာဝန်သည် လူနာများထံမှ ပီတိကိုစားလျက် ဗိုက်မဆာသော်ငြား အိမ်က ကလေးများက ဗိုက်ဆာသောကြောင့် ငိုနေကြပါသည်။
ထိုသို့သော ပါရမီပုဂ္ဂိုလ်ထူးများကို စောင့်ဆိုင်းရန်စောင်နေကြသည့် ဒေ၀ဒတ်သားမြေး တီတွတ် များကိုတွေ့သည့်အခါ ကျွန်တော်သည် အလွန်အံ့သြမိပါသည်။ ဆရာဝန်သည် အစိုးရဆေးရုံများထဲမှာ အလုပ်လုပ်နေသည့်အခါ မည်သူကမျှ တော်တန်ရုံ အပြစ်မရှာရဲပါ။ အနှီသနားစရာ့ဆရာဝန်သည် ၀မ်းရေးအလို့ငှာ ဆေးခန်းသို့ ရောက်လာသည့်အခါ အပြစ်ရှာလျော်ကြေးတောင်းလိုသူ၊ဓာတ်ပုံရိုက်ပြီး သတင်းမှာ ဖော်ပြလိုသူ၊ ထိုထိုသူငှာတို့က စောင့်နေကြပါသည်။
မြန်မာပြည်ကဆရာဝန်သည် ဆေးကုဖို့တစ်ခုတည်းတာဝန်ရှိတာမဟုတ်ပါ။ သူတို့သည် ဆေးရုံထဲမှ မရှိ ဆင်းရဲသူလူနာများအတွက်ငွေကိုလည်းလှူကြသည်၊ဆေးကိုလည်း လှူကြသည်၊သွေးကိုလည်း လှူကြသည်။
ဆေးကုနေသည့် ဆရာဝန်သည် မှားတတ် ပါသည်။ဆေး ပညာကိုယ်တိုင်ကိုက ၁၀၀%မမှန်ပါ။ ပညာတွေသင်ယူရတာခက်ခဲသလောက် အမှားကိုရှာပြီး အပြစ်ဖော်ထုတ်ရတာ လွယ်ကြောင်း၊ပညာတတ်ဆရာဝန်ကြီးတစ်ဦး၏ဘ၀ကို တည်ဆောက်ရခက်ခဲသလောက် ဖျက်ဆီးဖို့ရာ အလွန်လွယ်ကြောင်း အားလုံးတွေ့မြင်ဖူးကြပါလိမ့်မည်။
ဘယ်သူတွေ ဘယ်လောက် စိတ်ပျက်အောင် လုပ်ကြပါစေ၊ ဆင်းရဲသည့် နိုင်ငံမှ ဆင်းရဲသား ကျွန်တော်တို့ ဆရာဝန်များသည် ဆင်းရဲခြင်းကို ဖက်တွယ်လျက်၊ အနှောက်အယှက်များ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံလျက်အပြုံးမပျက်ပဲ တိုင်းရင်းသားမိဘပြည်သူများ၏ကျန်းမာရေးကို ယခင်ထက်ပိုပြီး ဆက်လက်စောင့်ရှောက်ပေးနိုင်ရန် ကြိုးစားပါမည့် အကြောင်း ဘ၀တူု ဆင်းရဲသား မျိုးချစ်ဆရာဝန်များ ကိုယ်စား ရေးသားဖော်ပြလိုက်ရပါသတည်း။
၂၂/၁၂/၂၀၁၂
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/23/2012 01:40:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36501] Fwd: [လူဗိုလ်ဟူသည် ...] 22.12.2012 နေ့ဖတ်ရန်သတင်းများ
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/22
Subject: [လူဗိုလ်ဟူသည် ...] 22.12.2012 နေ့ဖတ်ရန်သတင်းများ
To: lubo601@gmail.com
မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်မယ်
အာဆီယံ- အိန္ဒိယ အစည်းအဝေး ကျင်းပ ပြီးစီး
ဗိုလ်ချုပ်မူတူးကို ကေအန်ယူ ဥက္ကဌ အဖြစ်တင်မြှောက်
အီဂျစ် ဆန္ဒခံယူပွဲ နောက်တသုတ်ကျင်းပမယ်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/23/2012 01:31:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/22
Subject: [လူဗိုလ်ဟူသည် ...] 22.12.2012 နေ့ဖတ်ရန်သတင်းများ
To: lubo601@gmail.com
by Myanmar Journal on Friday, December 21, 2012 at 7:47pm ·
အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး

John Kerry nomination Sound
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အထက်လွှတ်တော်အမတ် John Kerry ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဆက်ခံဖို့အတွက် အမည်စာရင်းတင်သွင်း အဆိုပြုလိုက်ပါတယ်။ John Kerry ဟာ ရှေ့လာမယ့်နှစ်တွေအတွင်း အမေရိကန်သံတမန်ရေးလုပ်ငန်းစဉ်တွေအတွက် ပြီးပြည့်စုံတဲ့ရွေးချယ်မှု ဖြစ်တယ်လို့ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ သောကြာနေ့က ချီးကျူးပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့လုပ်ခဲ့တာတွေကြောင့် John Kerry ဟာ အထက်လွှတ်တော်အမတ်တွေနဲ့ ကမ္ဘာတ၀ှမ်းကခေါင်းဆောင်တွေကြားမှာ ယုံကြည်ကိုးစားမှုကို ခံရသူ၊ အများက လေးစားခြင်းခံရသူဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ရှေ့လာမယ့်နှစ်တွေမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရမှာဖြစ်ကြောင်း ဒါပေမဲ့ အမေရိကန်နိုင်ငံအနေနဲ့ ဆက်ပြီးတော့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။ မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်အထက်လွှတ်တော်အမတ်ဖြစ်တဲ့ John Kerry ဟာ အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး၊ အာဖရိက ကနေ ပါကစ္စတန်လိုမျိုး ပြဿနာအကြီးအကျယ်တက်နေတဲ့ ဒေသတွေကိုလည်း သွားရောက်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဗီယက်နမ်စစ်ပြန်တဦးလည်းဖြစ်ပါတယ်။ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ကယ်ရီဟာ ၂၀၀၄ ခုနှစ်တုန်းက ဒီမိုကရက်ပါတီကို ကိုယ်စားပြုပြီးတော့ သမ္မတရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ အဲဒီတုန်းက သူဟာ သမ္မတ George W. Bush ကို ရှုံးနိမ့်ခဲ့တာပါ။ အထက်လွှတ်တော်ကသာ အတည်ပြုခဲ့မယ်ဆိုရင်တော့ ဂျွန်ကယ်ရီဟာ ဟီလရီကလင်တန်ဆီကနေ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ဆက်ခံရမှာဖြစ်ပါတယ်။
Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ

Pennsylvania ပြည်နယ် ပစ်ခတ်မှု ဖြစ်ပွားစဉ်။
အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည်နယ်မှာ သောကြာနေ့က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၄ယောက်သေဆုံးပြီးတော့ ပြည်နယ်ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရ သွားခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်မြို့တော် Harrisburg မြို့ ရဲ့ မိုင်တစ်ရာလောက်ဝေးတဲ့ Frankstown မြို့မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
သေဆုံးသူ လေးယောက်ထဲမှာ သေနတ်သမားလည်း ပါဝင်ခဲ့ပြီး အရေးပေါ် အခြေအနေက ကျော်လွန် သွားပြီဖြစ်တယ်လို့ ပြောပါတယ်။ သေနတ်သမားက ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ယောက်၊ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပတ်အကြာမှာ အခုလို ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက စစ်မြေပြင်တွင် ကချင်စစ်သားများကို တွေ့ရစဉ်။
ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးရနိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးမှာ ကချင်ပြည်နယ်အရေး အရေးတကြီးအဆို တင်သွင်းပြီး ကချင်ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေကို ပိုပြီး သိရှိနိုင်အောင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကိုယ်တိုင် ကချင်ပြည်နယ်ကို ရောက်ရှိလေ့လာနေပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အကြောင်းစုံ ပြောပြပေးပါမယ်။
အခုဆိုရင် ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတဲ့ အနေအထားဖြစ်နေတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အင်မတန်ကြီးမားတဲ့ အခက်အခဲ အကျပ်အတည်းကို ဖြစ်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နမ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
"ကျနော်တို့ တပြည်နယ်လုံး၊ ပြည်နယ်သူ၊ ပြည်နယ်သား အားလုံး ဒုက္ခဖြစ်နေတာနဲ့ ကျနော်တို့ ပြည်နယ်ရဲ့ ဒီအခက်အခဲကလည်း ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းအတွက်လည်းပဲ ဖြောင့်ဖြူးဖို့အတွက် ခက်တဲ့အတွက်ကြောင့် ဒီဟာကတော့ နှစ်ဖက်စလုံးကို ယုံကြည်မှု မြန်မြန်တည်ဆောက်ပြီးတော့ ယုံကြည်မှု မြန်မြန်ရစေချင်တာနဲ့ အပစ်အခတ် အမြန်ဆုံး ရပ်စေချင်တာကတော့ ရင်ထဲက စကား၊ ရင်ထဲက အပြည့်အဝရှိတဲ့အနေအထားပေါ့။"
ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေဟာ နှစ်နဲ့ချီကြာမြင့်လာတာနဲ့အမျှ နှစ်ဘက်စလုံးက တိုက်ပွဲအရှိန်ကို ပိုပြီးတော့ မြှင့်လာတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေရေးထိုင်ရေး၊ ကျမ်းမာရေးအပြင် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေး၊ကုန်ထုတ်လုပ်ရေးတွေကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။
"အကုန်လုံးအဆင်ပြေဖို့ကတော့ ငြိမ်းချမ်းသွားမှပဲ ဖြစ်နိုင်တဲ့အနေအထားပါ။ အခုက အစစအရာရာ ပညာရေး၊ ကျမ်းမာရေးကအစ အားလုံး၊ အားလုံးပေါ့၊ စိုက်ရေးပျိုးရေး၊ မွေးမြူရေး အကုန်လုံး၊ နေတာထိုင်တာကအစ ကြာလာလေ၊ လူဦးရေများလာလေ။ ကြာလာလေ စိတ်ဓာတ်ကျလေ၊ ကြာလာလေ ဒုက္ခများလေ အဲ့လိုဖြစ်နေတယ်။"
ဒါ့အပြင် နှစ်ဘက်ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် သိန်းဂဏန်းလောက်ထိ မြင့်တက်လာတဲ့ အချိန်မှာ ကလေးငယ်တွေအတွက် ပညာသင်ယူနိုင်ရေး ကိုပါ ထိခိုက်ပျက်ပြားစေနေတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို အချိန်ကြာလာတာနဲ့အမျ ဒေသတွင်း တည်ငြိမ်မှုမရှိဘဲ အခြေအနေဆိုးဝါးလာနေတဲ့ ကချင်ပြည်နယ်အရေး ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတင်ပြနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးဖြစ် ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဦးခက်ထိန်နန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
"အခုလွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စာတင်ထားတယ်။ အခုလာမယ့် ဆဌမအကြိမ်မှာ ဆွေးနွေးခွင့်ရမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့လည်း ကိုယ့်ဒေသကို ကိုယ်ပြည်နယ်ကို ရောက်လာတာ အခုနှစ်ရက်၊ သုံးရက်ရှိလာပြီဆိုတော့ ဒီကိစ္စလည်း ဒီမှာဆွေးနွေးပြီးတော့ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဆွေးနွေးဖို့၊ တတ်နိုင်ဘက်က အကြံညဏ်တောင်းဖို့ ဒီဟာတွေတော့ ကျနော်တို့ အစီအစဉ်တွေတော့ ဆွဲနေပါတယ်။"
အခုဆိုရင် ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ထိုးစစ်ဆင်နိုင်ဖို့အတွက် မြန်မာစစ်တပ်ဘက်က စစ်သည်အင်အားတွေ တိုးပြီးချလာဖို့ လုပ်ဆောင်နေသလိုပဲ တိုက်ပွဲတွေအတွင်းမှာလည်း အဆင့်မြင့်စစ်တပ်သုံးလေယာဉ်တွေ၊ လက်နက်ကြီးတွေပါ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေဟာ အခြေအနေ ပိုပြီးတော့ ဆိုးဝါးလာနေတယ် လို့လည်း ကချင်သတင်းစဉ်က ကိုနော်ဒင်းက ပြောပါတယ်။
"တိုက်ပွဲအခြေအနေကတော့ ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်သာမကပဲနဲ့ ကချင်ပြည်နယ်တခုလုံးမှာ တိုက်ပွဲ အရှိန်အဟုန်တွေက မြင့်မားလာနေတာကို တွေ့ရတယ်။ အစိုးရဘက်က တိုက်လေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အတော်လေး အသုံးပြုလာတာကိုလည်း တွေ့ရတာပေါ့။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကလည်း ရထားသုံးစီးလောက်နဲ့ အောက်မြန်မာပြည်က စစ်သား သောင်းဂဏန်းလောက် ကချင်ပြည်နယ်ထဲကို ပို့ထားလိုက်ပြီ။ အခုလည်း စစ်ရေးအရ ကေအိုင်အိုကို သူတို့က ချေမှုန်းဖို့အတွက် အခြေအနေတွေရှိတော့ ကချင်တွေဘက်က တိုက်စစ်လည်း မဆင်သေးဘူး။ ထိုးစစ်လည်း မလုပ်သေးဘူး အစိုးရကို။"
အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ ကေအိုင်အေရဲ့ တပ်စခန်းချထားတဲ့နေရာအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ထိုးစစ်တွေ အပြင်းထန်ဆုံး မြှင့်တင်လာတဲ့ မြန်မာအစိုးရနဲ့ ခံစစ်နဲ့ ပြန်တိုက်နေတဲ့ ကချင်တပ်တွေကြား ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာအနေအထားကို ရောက်ရှိနေပြီး ဒုက္ခသည်စခန်းတွေက စစ်ပြေးပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့ ကျမ်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့အတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကနေ ကြိုးစားနေကြတယ်လို့လည်း ကချင်ပြည်နယ်အရေးစောင့်ကြည့်နေသူတွေ ပြောပါတယ်။
တရုတ်ခေါင်းဆောင်သစ် အင်တာနက် ဆင်ဆာလျှော့ပေါ့ဖွယ်မရှိ

တရုတ်နိုင်ငံ ဘေဂျင်းမြို့က အင်တာနက်ဆိုင်မှာ အင်တာနက်အသုံးပြုနေသူ လူငယ်များကို မြင်ရစဉ်။
တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီသစ်ခေါင်းဆောင်တွေဟာ တင်းကျပ်တဲ့ အင်တာနက် အွန်လိုင်း ဆင်ဆာဖြတ်တောက်မှုတွေအပေါ် ဖြေလျော့ပေးမယ့် အရိပ်လက္ခဏာလုံးလုံး မပြပါဘူးလို့ လေ့လာသူတွေက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ဆယ်နှစ်မှာ တစ်ကြိမ် ခေါင်းဆောင်အပြောင်းအလဲကာလမှာ တိုင်းပြည်အတွင်း အင်တာနက်အသုံးပြုသူ သန်းပေါင်းငါးရာက အနည်းဆုံးတော့ အင်တာနက် ဆင်ဆာဖြတ်တောက်မှု ကို ဖြေလျော့ပေးဖို့ မျှော်လင့်ထားခဲ့ကြတာပါ။
အွန်လိုင်းမှာ ရေးသားခြင်းအားဖြင့် အောက်ခြေဝန်ထမ်းအများအပြားကို တာဝန်က ရပ်နားစေခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးတွေ ရှိလာစေတဲ့ အစိုးရအဖွဲ့အတွင်းက အဂတိလိုက်စားမှုတွေအပေါ် ဝေဖန်ပြစ်တင်မှုတွေကို အခုထက်ပိုပြီး ခွင့်ပြုဖို့ လွှတ်တော်နဲ့ အာဏာပိုင်တွေကို သူတို့ကတောင်းဆိုနေကြတာပါ။
တရုတ်လူမှုရေး သတင်းဌာနရဲ့ ထင်ရှားတဲ့ သတင်းထောက်လည်းဖြစ်၊ လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ မိုက်ကယ်အိုင်တီက အပြောင်းအလဲတွေက အရေးမကြီးဘူးလို့ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ အဂတိလိုက်စားမှုတွေ ပြည့်နှက်နေတဲ့ အစိုးရအဖွဲ့အပေါ် တရုတ်ပြည်သူတွေရဲ့ ဝေဖန်မှုတွေဟာ ကာလရှည်ကြာ စဉ်းစားချင့်ချိန်စရာဖြစ်နေတဲ့ ပါတီရဲ့ ပြဿနာတရပ်ဖြစ်နေပြီး အသစ်အဆန်းမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
ရခိုင်နဲ့ ကချင်အတွက် ယူရိုငါးသန်း EU ထောက်ပံ့မည်

ကချင်ပြည်နယ် လိုင်ဇာက စစ်ပြေးဒုက္ခသည်စခန်းထဲက ဒုက္ခသည်ကလေးငယ်များ ဆော့ကစားနေစဉ်။
မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့ ဒေသတွေအတွက် ယူရိုငွေ ၅ သန်းခွဲ အကူအညီတွေ ထပ်ပေးသွား ဖို့ ရှိတယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။ ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် အိုးအိမ် ပျက်စီး ဆုံးရှုံးရသူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးဖို့ နဲ့ ဒုက္ခရောက်နေသူတွေကို အကာအကွယ် ပေးနိုင်ဖို့ အခုလို အကူအညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာကူညီရေးဆိုင်ရာ ECHO၊ ဌာနေရုံး အကြီးအကဲက ပြောပါတယ်။ အပြည်စုံကို ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအထိ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်တွင်းက စစ်ပြေး ဒုက္ခသည်တွေ အတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ ထပ်တိုး ပေးသွားဖို့ ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာကူညီရေးဆိုင်ရာ ECHO၊ ဌာနေရုံး အကြီးအကဲ ခရစ္စတိုဖာ ရယ်လ်တီယံ က ပြောပါတယ်။ ဥရောပ ကော်မရှင် အနေနဲ့ တခြား အကူအညီ လိုအပ်တဲ့ ဒေသတွေမှာလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာ ဖြစ်ပေမဲ့ လို့ လောလောဆယ်မှာတော့ ရခိုင်နဲ့ ကချင်ပြည်နယ်တွေက အခြေအနေတွေက အဆိုးရွားဆုံး ဖြစ်လို့ ဒီဒေသနှစ်ခုကို အာရုံစိုက်ဖို့ လိုအပ်နေတယ်လို့လည်း မစ္စတာ ရယ်လ်တီယံက ပြောပါတယ်။
"ECHO လို့ အသိများတဲ့ ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာကူညီပေးရေးဆိုင်ရာ ရုံးကနေ ရခိုင်နဲ့ ကချင်ပြည်နယ်တွေက လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့သူတွေ အတွက် နောက်ထပ် ယူရိုငွေ ၅ သန်းခွဲ ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဒေသတွေမှာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြပြီး အကူအညီတွေ အများအပြား လိုအပ်နေတာပါ။ ဒါကြောင့် ဒီလူတွေ အတွက် အစားအစာ၊ ရေ၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ ဒီလူတွေကို အကာအကွယ် ပေးနိုင်ဖို့ ကိစ္စတွေမှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့အတွက် ခုလို နောက်ထပ်တိုး ကူညီ ထောက်ပံ့သွားဖို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။"
ခုလို ဒုက္ခရောက်နေသူတွေအတွက် အကူအညီတွေ ပေးသွားတဲ့ တချိန်တည်းမှာလည်း ပဋိပက္ခတွေ ငြိမ်းအေးသွားတဲ့ အခြေအနေတွေကို မရောက်သေးတာကြောင့် လက်ရှိ အခြေအနေ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း ဥရောပ ကော်မရှင်က အနီးကပ် စောင့်ကြည့် လေ့လာ သွားမှာဖြစ်တယ်လို့လည်း မစ္စတာ ရယ်လ်တီယံ က ပြောပါတယ်။
"ဥရောပ ကော်မရှင် လူသားချင်းစာနာကူညီရေးအဖွဲ့ ECHO ဟာ ငွေကြေး အလှူရှင်အဖွဲ့အစည်း သက်သက်ပါ။ ဒါကြောင့် လုပ်ငန်းတွေကိုတော့ ကျနော်တို့က တိုက်ရိုက် ဆောင်ရွက်တာမျိုး မရှိပါဘူး။ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သူတို့ကပဲ လုပ်ငန်းတွေကို လက်တွေ့ အကောင်အထည် ဖော်တဲ့ အပိုင်းကို တာဝန်ယူကြတာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ငွေကြေး အကူအညီတွေနဲ့ လုပ်ငန်း ထိရောက်မှု ရှိမရှိ ဆိုတာတွေကိုပဲ စောင့်ကြည့် စစ်ဆေးတာ ဖြစ်ပါတယ်။"
ဥရောပ ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာတဲ့ အကူအညီတွေ အရင်ကတည်းကလည်း ပေးနေတာ ဖြစ်ပြီး အခုတကြိမ် ထပ်ပြီး အကူအညီ အလိုအပ်ဆုံး နေရာတွေအတွက် ထပ်မံ ပေးအပ်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အခုတကြိမ် ပေးအပ်မယ့် ယူရိုငွေ ၅ သန်းခွဲကို အကူအညီ အလိုအပ်ဆုံး အခြေအနေမှာ ရှိနေတဲ့ ဒုက္ခသည် ၂ သိန်းလောက်အတွက် အစားအစာ၊ ရေနဲ့ ကျန်းမာရေး ဆိုင်ရာ အကူအညီတွေကို အဓိက ပေးသွားမှာ ဖြစ်တယ်လို့ မစ္စတာ ရယ်လ်တီယံ က ပြောပါတယ်။
"လိုအပ်ချက် အခြေအနေအပေါ်မှာ မူတည်ပြီး အကူအညီတွေကို ပေးသွားမှာပါ။ ကချင်ပြည်နယ်က လိုအပ်ချက်နဲ့ ရခိုင်ပြည်နယ်က လိုအပ်ချက်တွေ ကြားမှာတောင် မတူတာတွေ ရှိပါတယ်။ အကူအညီ အဓိက လိုအပ်တဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး တုံ့ပြန် ဆောင်ရွက် သွားဖို့ ပြင်ဆင်ရတာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒုက္ခသည်တွေ အခြေခံအားဖြင့် နေ့စဉ် လိုအပ်နေတဲ့ စားနပ်ရိက္ခာ အကူအညီတွေ အဓိက ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ရေနဲ့ တကိုယ်ရေး သန့်ရှင်းမှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ပါ။ ဒုက္ခသည်စခန်းတွေထဲမှာ ရေလုံလုံလောက်လောက် ရရဲ့လား၊ သန့်ရှင်းမှုရှိရဲ့လား စသည်ဖြင့်ပေါ့ဗျာ။"
ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာကူညီရေးဆိုင်ရာ ECHO၊ ဌာနေရုံး အကြီးအကဲ ခရစ္စတိုဖာ ရယ်လ်တီယံ ကို ပြောပြခဲ့တာပါ။ ဒီနေ့ ထပ်မံ ပေးအပ်လိုက်တဲ့ အကူအညီ အပါအ၀င် ဥရောပကော်မရှင် အနေနဲ့ မြန်မာနိုင်ငံက လူသားချင်း စာနာမှု လုပ်ငန်းတွေအတွက် ဒီနှစ် ၂၀၁၂ ခုနှစ်တခုတည်းမှာတင် ယူရိုငွေ ၂၄ သန်း ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ခုလို လူသားချင်း ကူညီစာနာမှု အကူအညီတွေ မြန်မာနိုင်ငံကို ၁၉၉၄ ခုနှစ်ကတည်းက စတင် ပေးလာခဲ့တာဖြစ်သလို ယူရိုငွေ ၁၄၅ သန်းနီးပါး ရှိပါတယ်။
တချိန်တည်းမှာပဲ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းက အိုးအိမ်မဲ့ ဒုက္ခသည်တွေ အတွက် ဗြိတိန်အစိုးရက လူသားချင်း စာနာမှု အကူအညီတွေ ထပ်ပေးသွားဖို့ ရှိတဲ့အကြောင်း ဗြိတိန်ဖွံ့ဖြိုးရေးဝန်ကြီး Justine Greening က ဒီကနေ့ ကြေညာသွားပါတယ်။
မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်မယ် ပြည်တွင်းမှာ ရောက်နေတဲ့ နိုင်ငံခြားသား အရေ အတွက် သိရအောင်လည်း စာရင်း ကောက်မယ်
မြန်မာ နိုင်ငံမှာ သန်းခေါင် စာရင်း ကောက်ခံတဲ့ အခါ ပြည်ပမှာ တရားမဝင် ရောက်နေ သူတွေနဲ့ ပြည်တွင်းက နေရာ အခြေ တကျ မရှိတဲ့ သူတွေကိုပါ ကောက်ခံ သွားမှာ ဖြစ်ပါတယ်။
သန်းခေါင် စာရင်း ကောက်ခံတဲ့ နေရာမှာ လူအရေ အတွက် ၊ အသက် အရွယ်၊ ဒုက္ခိတ ဖြစ်မှု အစ ရှိတဲ့ အခြေခံ အချက် အလက်တွေကိုပါ တပါတည်း ကောက်မှာ ဖြစ်ပါတယ်။
နိုင်ငံခြား ရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေ ကိုတော့ သံရုံး အပါ အဝင် သက်ဆိုင်ရာ နိုင်ငံက စာရင်း ဇယား အပေါ် အခြေခံပြီး ကောက်သွားမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။
ပြည်တွင်းမှာ ရောက်နေတဲ့ နိုင်ငံခြားသား အရေ အတွက် သိရအောင်လည်း၊ စာရင်း ကောက်သွားဖို့ ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါ တယ်။
အာဆီယံ- အိန္ဒိယ အစည်းအဝေး ကျင်းပ ပြီးစီး အာဆီယံ-အိန္ဒိယ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်
အိန္ဒိယ နိုင်ငံမှာ ဒီဇင်ဘာ ၂၀ နဲ့ ၂၁ ရက် နေ့တွေက ၂ရက်တာ ကျင်းပခဲ့တဲ့ အိန္ဒိယ အာဆီယံ အစည်းအဝေး ကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံး သွားပါပြီ။
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တာ ကတော့ အာဆီယံ ဒေသတွင်း ကုန်းတွင်း ကုန်သွယ်မှု ချောမွေ့ စေဖို့အတွက် အိန္ဒိယ-မြန်မာ-ထိုင်း ၄ လမ်းသွား ကားလမ်းကြီးကို အမြန်ဆုံး အကောင်ထည် ဖေါ်နိုင်အောင် ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ အကြမ်း သဘောတူ ခဲ့ကြပါတယ်။
နောက်ပြီးတော့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေ မှာတော့ အိန္ဒိယ အနေနဲ့ မြန်မာက ပုဂံနယ်မြေ အပါအ၀င် ကမ္ဘောဒီယားက အန်ကောဝတ် နဲ့ အာဆီယံ နိုင်ငံတွေရဲ့ ရှေးဟောင်း နယ်မြေတွေမှာ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် အကူညီတွေ ထပ်ပေးဖို့ သဘောတူခဲ့တယ်လို့သိရပါတယ်။
စိတ်ဝင် စားစရာ ကောင်းတာ ကတော့ ပင်လယ် ရေကြောင်း ဆက်သွယ်ရေး၊ ပင်လယ် ရေကြောင်း ဆိုင်ရာ လုံခြုံရေး၊ ပင်လယ် ဓားပြရန် ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ပင်လယ်ပြင်မှာ ငါးဖမ်းတဲ့ ကိစ္စတွေနဲ့ ပင်လယ် ရေကြောင်းဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး စတာတွေကို အရင်ကထက် တိုးပြီး လုပ်ကြဖို့ သဘောတူခဲ့ ကြပါတယ်။ အပြီးသတ် သဘောတူ စာချုပ်တွေ ဘယ်တော့ ချုပ်ဆိုနိုင်မယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ဒီဆွေးနွေးပွဲရဲ့ အပိတ် မိန့်ခွန်းမှာတော့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက အာဆီယံ-အိန္ဒိယ လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်ရေး စာချုပ် ချုပ်ဆိုနိုင်ဖို့ အပြီးသတ် ဆွေးနွေး ခဲ့နိုင်ပြီလို့ ပြောပါတယ်။
အာဆီယံ-အိန္ဒိယ ကုန်သွယ်ရေး ပမာဏ ကိုတော့ ၂၀၁၅ မှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ အထိ ရောက်အောင်လုပ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
နောက်ပြီးတော့ အင်ဒိုနီးရှားက စခဲ့တဲ့ အာဆီယံ-အိန္ဒိယ ရင်းနှီး ချစ်ကြည်ရေး ၈ နိုင်ငံဖြတ်ပြီး ကီလိုမီတာ ၈ထောင်ကျော် မောင်းခဲ့တဲ့ ကားမောင်းပွဲကို ဒေလီမှာ အဆုံးသတ်ပြီး အလံချ အခမ်းအနား ကိုလည်း ကနေ့မှာ လုပ်ခဲ့ ပါသေးတယ်။
ဒီအာဆီယံ- အိန္ဒိယ အစည်းအဝေးကို တက်ရောက် လာခဲ့တဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ကတော့ အစည်းအဝေး အပြီးမှာ မွန်ဘိုင်းမြို့ကို သွားခဲ့ပါတယ်။
အခု သမ္မတ ဦးသိန်းစိန် ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ် အတွင်းမှာ ဒေလီရောက် မြန်မာတွေက ကန့်ကွက်တဲ့ အနေနဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှု မှတ်တမ်းတွေကို ဓါတ်ပုံပြပွဲလို လုပ်ပြီးတော့ သူမလာခင် ကတည်းကနေ ဒီနေ့ထိ ၅ ရက်တိုင်တိုင် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဗိုလ်ချုပ်မူတူးကို ကေအန်ယူ ဥက္ကဌ အဖြစ်တင်မြှောက် စောမူတူး ဥက္ကဌ ဖြစ်လာတဲ့ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပိုသွက်လာနိုင်
၁၅ ကြိမ်မြောက် ကရင် အမျိုးသား အစည်း အရုံး (KNU) ကွန်ဂရက် ကနေ ဗိုလ်ချုပ်ကြီး စောမူတူး စေဖိုးကို ကေအန်ယူ ဥက္ကဌ အဖြစ် ရွေးချယ် တင်မြှောက် လိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးဟာ အစိုးရနဲ့ ဘားအံမြို့မှာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့တဲ့သူ ဖြစ်ပြီး၊ ဖေဖေါ်ဝါရီလကလည်း ဘားအံမှာ ကေအန်ယူ တပ်မဟာတွေရဲ့ ဆက်ဆံရေးရုံးကို ဦးစီး ဖွင့်လှစ် ပေးခဲ့တဲ့ အတွက်၊ ကေအင်ယူ ဗဟို အလုပ်အမှုဆောင် အဖြစ်ကနေ ထုတ်ပယ် ခံခဲ့ရသူ ဖြစ်ပါ တယ်။
အခု ကွန်ဂရက် မတိုင်ခင် အချိန် ကမှ၊ ကေအန်ယူ အတွင်း သွေးမကွဲအောင် ဆိုပြီး၊ သူ့ကို မူလ ဗဟို အလုပ်အမှုဆောင် နေရာ ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
အရင် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီ ဖိုးရာစိန်က ဒုဥက္ကဌ ဖြစ်လာပြီး၊ အထွေထွေ အတွင်းရေးမှူးချုပ် ကတော့ စောကွယ် ထူးဝင်း ဖြစ်လာ ပါတယ်။ အတွင်းရေးမှူး ၁ နဲ့ အတွင်းရေးမှူး ၂ တို့ကတော့ စောသောသီဘွဲ နဲ့ မန်း မန်းမန်း တို့ ဖြစ်ကြ ပါတယ်။
ကျန်တဲ့ အရေးကြီး ရာထူး တခု ဖြစ်တဲ့ စစ်ဦး စီးချုပ် ရာထူး ကိုတော့ လက်ရှိ ကေအန်ယူ တပ်မဟာ ၇ တပ်မဟာမှူး လည်းဖြစ်၊ ဒုတိယ စစ်ဦးစီးချုပ် လည်း ဖြစ်တဲ့ ဗိုလ်ချုပ် စောဂျော်နီ ရမယ်ဆိုပြီး တစ်ပြေးနေ ပါတယ်။
စောမူတူး ဥက္ကဌ ဖြစ်လာတဲ့ အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ဆက်တိုက် ဆက်လုပ်သွား လိမ့်မယ်လို့ ယူဆရ ပါတယ်။
ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ကလည်း ဗိုလ်ချုပ် မူတူး ကေအန်ယူ ဥက္ကဌ ဖြစ်လာတဲ့ အပေါ် ကြိုဆို လိုက်ပါတယ်။
အီဂျစ် ဆန္ဒခံယူပွဲ နောက်တသုတ်ကျင်းပမယ် အီဂျစ် အခြေခံ ဥပဒေ မူကြမ်း ဆန္ဒ ခံယူပွဲ စနေနေ့ မှာ ဒုတိယ အသုတ် ကျင်းပဖို့ ရှိပါတယ်။
အီဂျစ် နိုင်ငံ တလွှား လုံခြုံရေး အစောင့်အကြပ် နှစ်သိန်း လောက် ချထား ပါတယ်။
ပထမ အကျော့ မဲပေးပွဲမှာ မဲမသမာမှု တွေ ရှိတယ်လို့ အတိုက်အခံ တွေက စွပ်စွဲ နေကြပါတယ်။
သောကြာ နေ့က အလက်ဇန္ဒြီးယား မြို့ ဗလီရှေ့မှာ အတိုက်အခံနဲ့ အစိုးရ ဘက်သား တွေကြား အဓိကရုဏ်း ဖြစ်ပွား ခဲ့လို့ မျက်ရည်ယို ဗုံးနဲ့ လူစု ခွဲ ခဲ့ရပါတယ်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/23/2012 01:31:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36499] Fwd: [လူဗိုလ်ဟူသည် ...] မရဲတရဲ တိတ်တခိုး မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်အလင်းတန်းလေး ပီပြင်ပါရစေ အမေစု
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/21
Subject: [လူဗိုလ်ဟူသည် ...] မရဲတရဲ တိတ်တခိုး မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်အလင်းတန်းလေး ပီပြင်ပါရစေ အမေစု
To: lubo601@gmail.com
နားထောင်ကြည့်လိုက်မိချိန်မှာတော့ ဆရာချစ်ဦးညိုရဲ့စာပေဟောပြောပွဲလေးဖြစ်နေပါတယ် ။
နားထောင်ပြီးသွားချိန်မှာတော့ အမေစုထံသို့ပေးစာလေး တစ်စောင် အသနားခံ ရေးချင်မိတဲ့ စိတ် ဖြစ်ပေါ်စေခဲ့ပါတယ် ။
ကျွန်မဘယ်တုန်းကမှ နိုင်ငံရေးစာတွေ ဘာတွေ မရေးခဲ့ဖူးပါဘူး ။
ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးကိုချစ်တဲ့ စိတ်တော့ ကျွန်မကိုယ်တွင်းမှာ အပြည့်ရှိနေတယ်ဆိုတာကို ၊
လက်ပံတန်းတောင် စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆရာတော်တွေ ရခဲ့တဲ့ဒဏ်ရာတွေကို မြင်တွေ့ခွင့်ရတဲ့အချိန်မှာတော့ ၊
ကျွန်မရင်ထဲမှာ မဖော်ပြနိုင်လောက်အောင် နာကျင်ခံစားခဲ့ရပါတယ် ။
တိုင်းပြည်ရှိရင် လူမျိုးရှိတယ် ။
လူမျိုးရှိရင် ကိုးကွယ်တဲ့ဘာသာရှိတယ် ။
ဘာသာတရားရှိမှ ဘာသာတရားရဲ့ အဆုံးမအောက်မှာ ယဉ်ကျေးမှုတွေနဲ့ တန်ဖိုးရှိစွာ နေထိုင်တတ်တဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ လူမျိုးစုတစ်ခု ဖြစ်လာနိုင်မှာပါ ။
ကျွန်မတို့ကိုးကွယ်တဲ့ ဘာသာတရားကို လမ်းညွှန်ဆုံးမပေးနေတော်မူသော ဆရာတော်တွေရဲ့ ဖြစ်ရပ်ဟာ မြန်မာလူမျိုးတွေရဲ့ နှလုံးအိမ်ကို ပဲ့ကြွေစေခဲ့ပါတယ် ။
မြန်မာပြည်အတွက် ဆင်တူရိုးမှားရက်စက်မှုတွေက ရိုးနေပါပြီ ဆိုပေမယ့် ဒီတခါရက်စက်မှုကတော့ ရင်နာစရာကောင်းသလို သိပ်ကို စိတ်ပျက်မိပါရဲ့ ။
မိမိဒေသအား မဆုံးရူံးရအောင် ကာကွယ်နေကြသော ဒေသခံမြန်မာများနှင့်တစ်ကွ ၊ ဆရာတော်များရဲ့ ဆန္ဒဖော်ထုတ်မှုအပေါ် ၊
ပြန်လည်တုံ့ပြန်ခဲ့တဲ့ တုံ့ပြန်မှုကတော့ အတိုင်းတာထက် မြောက်များစွာ လွန်ကဲနေခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ် ။
သတင်းဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေထဲက ဒဏ်ရာရ ဆရာတော်တွေနဲ့ ပြည်သူတွေရဲ့ ထိခိုက်ဒဏ်ရာတွေအပြင် ၊
အများပြည်သူရဲ့ ရင်ထုမနာ စကားသံတွေက သက်သေထူနေခဲ့ပါပြီ ။
အမေစုအပေါ် ယုံကြည်ချက်နဲ့ အမေ့ဆုံးဖြတ်ချက်တွေကို အရင်းအနှီးပေါင်းများစွာနဲ့ စောင့်စားနေကြတဲ့ ၊
ပြည်သူတွေရဲ့ သနားစဖွယ်မျက်နှာတွေကို အမေမြင်လှည့်ပေးပါရှင် ။
သေလုအောင်နာကျင်ခံစားနေရတဲ့ ဒဏ်ရာရ ဆရာတော်တွေနဲ့ ၊ ပြည်သူတွေရဲ့ နာကျင်မှုတွေကို အမေမြင်လှည့်ပေးပါ ။
အမေဦးဆောင်မှုနဲ့ စုံစမ်းဖော်ထုတ်နေတဲ့ အဖြေရဲ့ ရလာဒ်က တရားမျှတ မှန်ကန်မှုတွေ ဖြစ်ပါရစေ အမေ ။ ဘာပဲဖြစ်ဖြစ် အမေစုကို အားလုံးက အဖြေကောင်းပေးနိုင်လိမ့်မယ်လို့ မျှောင်လင့်နေကြပါတယ် ။
အမေ့ကို အားကိုးယုံကြည်စွာ မျှော်လင့်နေကြတဲ့ မြန်မာလူမျိုးတွေရဲ့ နစ်နာမှုတွေအတွက် ၊
တရားမျှတမှုကို အမေစွမ်းဆောင်ပေးနိုင်မယ်လို့ ၊ မရဲတရဲ တိတ်တခိုး မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်အလင်းတန်းလေး ၊
ပီပြင်ပါရစေလို့ ဘုရားရှင်ကိုယ်တော်မြတ်ရှေ့ လက်အစုံမိုးကာ ဆုတောင်းနေမိပါတော့တယ် အမေ ။
KL (SD )
အမြိုက်တရားတွေ လောင်မီးကျခဲ့ရတဲ့ လက်ပန်းတောင်း
အစွယ်ငေါငေါနဲ့ အဆိပ်လှိုင်းဟာ ရနံ့ဟောက်ပက်လွယ်ပြီး လရောင်အောက်မှာ ပြုစားနေတယ်
ကဝေအနမ်းတွေကြဲပက်လိုက်သလို ရင်ဝတည့်တည့်ပြေးဝင်လာတဲ့ ဓားကို ရှောင်မရခဲ့ဘူး
အရိုးပေါ်အရေတင်နေ့စွဲတွေထဲ အဲဒီချွတ်ခြုံမှုဟာ နိုဝင်ဘာ တိမ်တစ်စမှာ ဇောက်ထိုးဆွဲခံလိုက်ရသလို
နင့်နင့်သီးသီးကြေမြည့်နေပုံများ လက်ပံတောင်းဟာ အလျှံတညီးညီး
ရိတ်သိမ်းခံလိုက်ရတဲ့ ဆန္ဒမှာ အရေပြားဟာ တုံးလုံးပက်လက်
ဖျက်ဆီးခံလိုက်ရတဲ့ တရားမှာ သာသနာဟာ မျက်တွင်းဟောက်ပက်
အရေဆုတ်ခံလိုက်ရတဲ့ အရင်းအနှီးမှာ မတရားမှုတွေသာ ထူထူထောင်ထောင် ဖွံ့ထွားခဲ့တယ်
တရားကို ဘယ်လို အလမ္ပာယ်နဲ့ မှော်ဝင်အသက်သွင်းလိုက်ရမလဲ ငါ့ရှင်
ထစ်ချုန်းခွင်းဝင်လာတဲ့ အမိုက်တရားမှာ ခံနိုင်ရည်ဟာ ဦးဆွေးဆံမြည့်
သတ်ကွင်းထဲက သေအံ့မူးမူးညထက် ပြည်သူတွေရဲ့ ဆန္ဒကို ရယူမပေးနိုင်ခဲ့တာ ရင်နာတယ်
သာသနာကိုသံဃာစောင့်ရှောက်တယ် သံဃာကို ပြည်သူစောင့်ရှောက်တယ်
မင်းတို့ချွေးနည်းစာရဲ့ ဆွမ်းတစ်နပ်အတွက် ငါတို့အရေပြားကို လောင်ကျွမ်းခံပစ်လိုက်တယ်
ဘယ်လိုနက္ခတ်မျိုးကမှ ဒီညကို ကြည်မွေ့အောင် ဖန်ဆင်းမပေးနိုင်ခဲ့တော့ဘူး
တော်လဲမှုဟာ အရိုင်းဆန်ဆန် လက်ပံတောင်းညကို အရှင်လတ်လတ် မျိုချပစ်လိုက်တယ်
အမှန်တရားကို ကာကွယ် စောင့်ရှောက်ထားတဲ့ တံတိုင်းဟာ သင်္ကန်း
လက်နက်ဆန်းဟာ သင်္ကန်းကို ဖြတ်ကျော်ပြီး ရင်အစုံကိုပါ ရိုက်ချိုးသွားခဲ့တယ်
တည်တည်တံ့တံ့အမှန်တရားအတွက် ငါတို့အသက်ကို စိုက်စိုက်မတ်မတ် စိုက်ပျိုးထားခဲ့တယ်
သာသနာ့ရာဇဝင်မှာ သာကီနွယ်မျိုးတို့အတွက် ဝိဋဋူပရဲ့ အမျက်ကို ဘယ်လိုတားဆီးခဲ့သလဲ
ရှင်တော်ဗုဒ္ဓရဲ့ အစိရဝတီ သောင်ကမ်း သုံးကြိမ်မြောက်ခြေလှမ်းဟာ အမျိုးကိုစောင့်ရှောက်ခြင်းပဲ
သံဃာဟာ သာသနာကို စောင့်ရှောက်သလို အမျိုးကို စောင့်ရှောက်ရမယ်
အမြိုက်တရားတွေ ညက်ညက်ကြေခဲ့ရတဲ့ လက်ပံတောင်း
သံဃာ့သွေးတွေ နက်နက်စွေခဲ့ရတဲ့ လက်ပံတောင်း
ဆန္ဒနဲ့ ဘဝမှာ အမှန်တရား ဈာပနဟာ ကြေကြေကွဲကွဲ
တစ်သက်စာခိုးယူခံလိုက်ရတဲ့ အနာဂတ်ကြီးအတွက်
ရှင်သန်ခြင်းတရားကိုပဲ လွတ်လွတ်ကျေကျေ ပူဇော်ပသလိုက်ပါတယ် ။
ညီလင်းနိုင်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/22/2012 02:08:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/21
Subject: [လူဗိုလ်ဟူသည် ...] မရဲတရဲ တိတ်တခိုး မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်အလင်းတန်းလေး ပီပြင်ပါရစေ အမေစု
To: lubo601@gmail.com
ဒီနေ့ ကျွန်မ တစ်ယောက်ထဲ အားအားရှိတာနဲ့  အင်တာနက် ထဲဝင်ပြီး သတင်းတွေဖတ်နေတုန်း ၊
"ကလစ် "ဆိုတဲ့ အသံကြားလို့ ဂျီတော့ကွက်လေးကို ကြည့်မိတော့ ၊
ဦးဇင်းလေးဆီမှ တက်လာတဲ့ လင့်ခ်လေးဖြစ်နေတယ်။
အဲဒါနဲ့  ကျွန်မလည်း လင့်ခ်လေးကိုနှိပ်ကြည့်လိုက်လေရဲ့ ။
"ကလစ် "ဆိုတဲ့ အသံကြားလို့ ဂျီတော့ကွက်လေးကို ကြည့်မိတော့ ၊
ဦးဇင်းလေးဆီမှ တက်လာတဲ့ လင့်ခ်လေးဖြစ်နေတယ်။
အဲဒါနဲ့  ကျွန်မလည်း လင့်ခ်လေးကိုနှိပ်ကြည့်လိုက်လေရဲ့ ။
နားထောင်ကြည့်လိုက်မိချိန်မှာတော့ ဆရာချစ်ဦးညိုရဲ့စာပေဟောပြောပွဲလေးဖြစ်နေပါတယ် ။
နားထောင်ပြီးသွားချိန်မှာတော့ အမေစုထံသို့ပေးစာလေး တစ်စောင် အသနားခံ ရေးချင်မိတဲ့ စိတ် ဖြစ်ပေါ်စေခဲ့ပါတယ် ။
ကျွန်မဘယ်တုန်းကမှ နိုင်ငံရေးစာတွေ ဘာတွေ မရေးခဲ့ဖူးပါဘူး ။
ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးကိုချစ်တဲ့ စိတ်တော့ ကျွန်မကိုယ်တွင်းမှာ အပြည့်ရှိနေတယ်ဆိုတာကို ၊
လက်ပံတန်းတောင် စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆရာတော်တွေ ရခဲ့တဲ့ဒဏ်ရာတွေကို မြင်တွေ့ခွင့်ရတဲ့အချိန်မှာတော့ ၊
ကျွန်မရင်ထဲမှာ မဖော်ပြနိုင်လောက်အောင် နာကျင်ခံစားခဲ့ရပါတယ် ။
တိုင်းပြည်ရှိရင် လူမျိုးရှိတယ် ။
လူမျိုးရှိရင် ကိုးကွယ်တဲ့ဘာသာရှိတယ် ။
ဘာသာတရားရှိမှ ဘာသာတရားရဲ့ အဆုံးမအောက်မှာ ယဉ်ကျေးမှုတွေနဲ့ တန်ဖိုးရှိစွာ နေထိုင်တတ်တဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ လူမျိုးစုတစ်ခု ဖြစ်လာနိုင်မှာပါ ။
ကျွန်မတို့ကိုးကွယ်တဲ့ ဘာသာတရားကို လမ်းညွှန်ဆုံးမပေးနေတော်မူသော ဆရာတော်တွေရဲ့ ဖြစ်ရပ်ဟာ မြန်မာလူမျိုးတွေရဲ့ နှလုံးအိမ်ကို ပဲ့ကြွေစေခဲ့ပါတယ် ။
မြန်မာပြည်အတွက် ဆင်တူရိုးမှားရက်စက်မှုတွေက ရိုးနေပါပြီ ဆိုပေမယ့် ဒီတခါရက်စက်မှုကတော့ ရင်နာစရာကောင်းသလို သိပ်ကို စိတ်ပျက်မိပါရဲ့ ။
မိမိဒေသအား မဆုံးရူံးရအောင် ကာကွယ်နေကြသော ဒေသခံမြန်မာများနှင့်တစ်ကွ ၊ ဆရာတော်များရဲ့ ဆန္ဒဖော်ထုတ်မှုအပေါ် ၊
ပြန်လည်တုံ့ပြန်ခဲ့တဲ့ တုံ့ပြန်မှုကတော့ အတိုင်းတာထက် မြောက်များစွာ လွန်ကဲနေခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ် ။
သတင်းဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေထဲက ဒဏ်ရာရ ဆရာတော်တွေနဲ့ ပြည်သူတွေရဲ့ ထိခိုက်ဒဏ်ရာတွေအပြင် ၊
အများပြည်သူရဲ့ ရင်ထုမနာ စကားသံတွေက သက်သေထူနေခဲ့ပါပြီ ။
အမေစုအပေါ် ယုံကြည်ချက်နဲ့ အမေ့ဆုံးဖြတ်ချက်တွေကို အရင်းအနှီးပေါင်းများစွာနဲ့ စောင့်စားနေကြတဲ့ ၊
ပြည်သူတွေရဲ့ သနားစဖွယ်မျက်နှာတွေကို အမေမြင်လှည့်ပေးပါရှင် ။
သေလုအောင်နာကျင်ခံစားနေရတဲ့ ဒဏ်ရာရ ဆရာတော်တွေနဲ့ ၊ ပြည်သူတွေရဲ့ နာကျင်မှုတွေကို အမေမြင်လှည့်ပေးပါ ။
အမေဦးဆောင်မှုနဲ့ စုံစမ်းဖော်ထုတ်နေတဲ့ အဖြေရဲ့ ရလာဒ်က တရားမျှတ မှန်ကန်မှုတွေ ဖြစ်ပါရစေ အမေ ။ ဘာပဲဖြစ်ဖြစ် အမေစုကို အားလုံးက အဖြေကောင်းပေးနိုင်လိမ့်မယ်လို့ မျှောင်လင့်နေကြပါတယ် ။
အမေ့ကို အားကိုးယုံကြည်စွာ မျှော်လင့်နေကြတဲ့ မြန်မာလူမျိုးတွေရဲ့ နစ်နာမှုတွေအတွက် ၊
တရားမျှတမှုကို အမေစွမ်းဆောင်ပေးနိုင်မယ်လို့ ၊ မရဲတရဲ တိတ်တခိုး မျှော်လင့်နေမိတဲ့ မျှော်လင့်ချက်အလင်းတန်းလေး ၊
ပီပြင်ပါရစေလို့ ဘုရားရှင်ကိုယ်တော်မြတ်ရှေ့ လက်အစုံမိုးကာ ဆုတောင်းနေမိပါတော့တယ် အမေ ။
KL (SD )
အမြိုက်တရားတွေ လောင်မီးကျခဲ့ရတဲ့ လက်ပန်းတောင်း
အစွယ်ငေါငေါနဲ့ အဆိပ်လှိုင်းဟာ ရနံ့ဟောက်ပက်လွယ်ပြီး လရောင်အောက်မှာ ပြုစားနေတယ်
ကဝေအနမ်းတွေကြဲပက်လိုက်သလို ရင်ဝတည့်တည့်ပြေးဝင်လာတဲ့ ဓားကို ရှောင်မရခဲ့ဘူး
အရိုးပေါ်အရေတင်နေ့စွဲတွေထဲ အဲဒီချွတ်ခြုံမှုဟာ နိုဝင်ဘာ တိမ်တစ်စမှာ ဇောက်ထိုးဆွဲခံလိုက်ရသလို
နင့်နင့်သီးသီးကြေမြည့်နေပုံများ လက်ပံတောင်းဟာ အလျှံတညီးညီး
ရိတ်သိမ်းခံလိုက်ရတဲ့ ဆန္ဒမှာ အရေပြားဟာ တုံးလုံးပက်လက်
ဖျက်ဆီးခံလိုက်ရတဲ့ တရားမှာ သာသနာဟာ မျက်တွင်းဟောက်ပက်
အရေဆုတ်ခံလိုက်ရတဲ့ အရင်းအနှီးမှာ မတရားမှုတွေသာ ထူထူထောင်ထောင် ဖွံ့ထွားခဲ့တယ်
တရားကို ဘယ်လို အလမ္ပာယ်နဲ့ မှော်ဝင်အသက်သွင်းလိုက်ရမလဲ ငါ့ရှင်
ထစ်ချုန်းခွင်းဝင်လာတဲ့ အမိုက်တရားမှာ ခံနိုင်ရည်ဟာ ဦးဆွေးဆံမြည့်
သတ်ကွင်းထဲက သေအံ့မူးမူးညထက် ပြည်သူတွေရဲ့ ဆန္ဒကို ရယူမပေးနိုင်ခဲ့တာ ရင်နာတယ်
သာသနာကိုသံဃာစောင့်ရှောက်တယ် သံဃာကို ပြည်သူစောင့်ရှောက်တယ်
မင်းတို့ချွေးနည်းစာရဲ့ ဆွမ်းတစ်နပ်အတွက် ငါတို့အရေပြားကို လောင်ကျွမ်းခံပစ်လိုက်တယ်
ဘယ်လိုနက္ခတ်မျိုးကမှ ဒီညကို ကြည်မွေ့အောင် ဖန်ဆင်းမပေးနိုင်ခဲ့တော့ဘူး
တော်လဲမှုဟာ အရိုင်းဆန်ဆန် လက်ပံတောင်းညကို အရှင်လတ်လတ် မျိုချပစ်လိုက်တယ်
အမှန်တရားကို ကာကွယ် စောင့်ရှောက်ထားတဲ့ တံတိုင်းဟာ သင်္ကန်း
လက်နက်ဆန်းဟာ သင်္ကန်းကို ဖြတ်ကျော်ပြီး ရင်အစုံကိုပါ ရိုက်ချိုးသွားခဲ့တယ်
တည်တည်တံ့တံ့အမှန်တရားအတွက် ငါတို့အသက်ကို စိုက်စိုက်မတ်မတ် စိုက်ပျိုးထားခဲ့တယ်
သာသနာ့ရာဇဝင်မှာ သာကီနွယ်မျိုးတို့အတွက် ဝိဋဋူပရဲ့ အမျက်ကို ဘယ်လိုတားဆီးခဲ့သလဲ
ရှင်တော်ဗုဒ္ဓရဲ့ အစိရဝတီ သောင်ကမ်း သုံးကြိမ်မြောက်ခြေလှမ်းဟာ အမျိုးကိုစောင့်ရှောက်ခြင်းပဲ
သံဃာဟာ သာသနာကို စောင့်ရှောက်သလို အမျိုးကို စောင့်ရှောက်ရမယ်
အမြိုက်တရားတွေ ညက်ညက်ကြေခဲ့ရတဲ့ လက်ပံတောင်း
သံဃာ့သွေးတွေ နက်နက်စွေခဲ့ရတဲ့ လက်ပံတောင်း
ဆန္ဒနဲ့ ဘဝမှာ အမှန်တရား ဈာပနဟာ ကြေကြေကွဲကွဲ
တစ်သက်စာခိုးယူခံလိုက်ရတဲ့ အနာဂတ်ကြီးအတွက်
ရှင်သန်ခြင်းတရားကိုပဲ လွတ်လွတ်ကျေကျေ ပူဇော်ပသလိုက်ပါတယ် ။
ညီလင်းနိုင်
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/22/2012 02:08:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36499] Fwd: [လူဗိုလ်ဟူသည် ...] လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ သမိုင်းဝင်လိမ်ညာမှုကြီးလား .
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/21
Subject: [လူဗိုလ်ဟူသည် ...] လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ သမိုင်းဝင်လိမ်ညာမှုကြီးလား .
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/22/2012 02:04:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/12/21
Subject: [လူဗိုလ်ဟူသည် ...] လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ သမိုင်းဝင်လိမ်ညာမှုကြီးလား .
To: lubo601@gmail.com
by Shwe Eaim Si on Friday, December 21, 2012 at 2:51am

လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ သမိုင်းဝင်လိမ်ညာမှုကြီးလား .
စစ်အေးခေတ်က ဆိုဗီယက်ယူနီယံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ လပေါ်ကို ဘယ်သူအရင်ရောက်အောင် ခြေချနိုင်မလဲဆိုတဲ့ သိပ္ပံပြိုင်ပွဲကြီးတစ်ခုကို နိုင်ငံရေးအရရော၊ ဩဇာအရပါ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲကြီးရဲ့ အဆုံးသတ် အရှုံးအနိုင်အဖြေဟာ (၁၉၆၉)ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှာ ထင်ထင်ရှားရှား ပေါ်လာပါတော့တယ်။
အမေရိကန်ရဲ့ Apollo 11ဒုံးပျံနဲ့ လိုက်ပါသွားတဲ့ နီးလ်အမ်းစထရောင်းနဲ့ ဘက်ဇ်အဲလ်ဒရင်တို့ဟာ လဆင်းယာဉ်နဲ့အတူ လပေါ်ကို ပထမဆုံး ခြေချခွင့်ရတဲ့ မဟာလူသားတွေအဖြစ် ကမ္ဘာကို ဂုဏ်ယူစွာ ကြေငြာခွင့် ရခဲ့ပါတော့တယ်။ ကမ္ဘာ့လူသားတွေဟာ နည်းပညာ နယ်ပယ်သစ်အတွက် အခမ်းနားဆုံး အောင်မြင်မှုကြီးအဖြစ် Apollo 11ကို ဂုဏ်ပြခဲ့ကြပါတယ်။ ခုတော့ ဒါတွေဟာ နှစ်ပေါင်း(၄၀)တောင် ကြာခဲ့ပါပြီ။ နောက်ပြီးတော့ Apollo 11ဟာ နိုင်ငံရေးအရ ဩဇာကြီးမားလာဖို့ NASA အမျိုးသား အာကာသ သိပ္ပံအေဂျင်စီက အကြံကြီးကြီးနဲ့ လှည့်ပတ်ထားတဲ့ အလိမ်အညာ ဇာတ်လမ်းကြီးလားလို့ ယူဆစရာ ဖြစ်လာရပါပြီ။ "လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ လိမ်ထားတာ သတ်သတ်မှန်း ကျွန်တော်သိတယ်"လို့ ရုပ်ရှင်လုပ်ငန်းရှင် ဘတ်ဆီဘရယ်လ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ သူဟာ အဲဒီသမိုင်းဝင် သိပ္ပံအောင်မြင်မှုကြီးကို သံသယ၀င်နေတဲ့ ပညာရှင်တွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီခေတ်က အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ ဆိုဗီယက်အပေါ် အသာရရေး မူဝါဒကြောင့် NASAက မဖြစ်မနေ လုပ်ကြံလိုက်ရတဲ့ ဇာတ်လမ်းကြီးပါလို့ ဆီဘရယ်လ်က ဆိုပါတယ်။ သူဟာ (၁၉၆၉)ကနေ (၁၉၇၂)ခုနှစ်ထိ အမေရိကန်တွေ လပေါ်(၆)ခါ ဆင်းခဲ့သမျှ အတုတွေချည်းပဲလို့ ပြောသွားခဲ့ပါတယ်။ ဒီနေ့ခေတ် နည်းပညာ ထွန်းကားလာချိန်မှာ လပေါ်လူတွေဆင်းနိုင်တာ ဖြစ်လာနိုင်ပေမယ့် (၁၉၇၂)ခုနှစ်ထိတော့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ဆီဘရယ်လ်က စွပ်စွဲထားပါတယ်။
ဆီဘရယ်လ်ဟာ သံသယ မရှိသင့်တာကို ရှိနေတယ်လို့တော့ ယူဆလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီပြဿနာကို မယုံမကြည် ဖြစ်နေတဲ့လူတွေက သူတစ်ယောက်ထဲ မဟုတ်လို့ပါပဲ။ (၁၉၉၉)ခုနှစ်က ကောက်ခံခဲ့တဲ့ စစ်တမ်းမှာဆို အမေရိကန်လူထု (၆)ရာခိုင်နှုန်းလောက်ဟာ လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက် အကြီးအကျယ် သံသယ ရှိနေကြပါသတဲ့။ ဗြိတိန်မှာလည်း အင်ဂျင်နီယာနဲ့ နည်းပညာ မဂ္ဂဇင်းက ကောက်ခံတဲ့ သဘောထား စစ်တမ်းအရ ဗြိတိန်နိုင်ငံသား လေးပုံ၊ တစ်ပုံက ဒီအောင်မြင်မှုဟာ လုပ်ကြံဇာတ်ကြီးလို့ ထင်နေတဲ့အကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ NASAဟာ ဒီပြဿနာကို အကြိမ်ကြိမ်ရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ခုထိတော့ အောင်အောင်မြင်မြင် မရှိသေးပါဘူး။ နောက်ပြီးတော့ အင်တာနက်မှာလည်း လပေါ်ကို လူတွေဆင်းခဲ့တာ တကယ်ဟုတ်မဟုတ် ပြဿနာကလည်း အကြီးအကျယ် ခေတ်စားလာပါတယ်။ Apollo 11ရဲ့ နှစ်(၄၀)ပြည့်တဲ့နေ့ မတိုင်ခင် တစ်ပါတ်လောက် အလိုကတည်းက Googleမှာ "Apollo moon landing hoax"ဆိုတဲ့ အကြောင်းအရာကို ရှာကြဖွေကြတာ အကြိမ်ပေါင်း (၁.၅)ဘီလျံတောင် ရှိပါသတဲ့။
(အပိုလို ၁၁ အာကာသယာဉ်မှူးများ လပေါ်သို့ရောက်ရှိသည်ဆိုသည့် တီဗီအစီအစဉ်ထုတ်လွှင့်မှုကို
ထိုစဉ်က အမေရိကန်သမ္မတကနေဒီ လာရောက်ကြည့်ရှုစဉ်)
"ကျွန်တော်တို့ဟာ အလိမ်အညာ စကားတွေထဲမှာ သာယာနေခဲ့တာပါ"လို့ ၀ါရှင်တန်မှာရှိတဲ့ အမျိုးသား လေကြောင်းနဲ့ အာကာသဆိုင်ရာ ပြတိုက်က အကြီးတန်း အရာရှိ ရော်ဂျာလူးနီးယက်စ်က ပြောပါတယ်။ "ဒီကိစ္စကြီးကို လူအတော်များများက လွယ်လွယ်နဲ့ လက်ခံလိုက်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ တွေးစရာတွေ အများကြီးပါ။ လပေါ်ကို အမ်းစထရောင်းတို့ တကယ်မရောက်ခဲ့ဘူးဆိုတဲ့ အယူအဆအတွက် အချက်အလက်တွေ တော်တော်များများ ရှိနေပါတယ်"လို့လည်း လူးနီးယက်စ်က ပြောသွားခဲ့ပါတယ်။ လပေါ်ကို လူတွေရောက်မရောက် သံသယ စရှိခဲ့တာ ခုမှမဟုတ်ပါဘူး။ (၁၉၇၂)ခုနှစ်ကတည်းက Rocketdyneရဲ့ နည်းပညာဆိုင်ရာ စာရေးဆရာ ဘီလ်ကေဆင်းက Apollo 11အတွက် NASAက ဆောက်ထားခဲ့တဲ့ ဒုံးပျံစနစ်ကို လေ့လာပြီးတဲ့နောက် သူ့ရဲ့(၁၉၇၄)ခုနှစ်ထုတ် စာအုပ်မှာ "ကျွန်တော်တို့ ဘယ်တုန်းကမှ လပေါ်ကို မရောက်ခဲ့ပါဘူး။ အမေရိကန် အစိုးရဟာ လူတွေကို လိမ်ညာဖို့ ဒေါ်လာဘီလျံနဲ့ချီပြီး သုံးခဲ့တာပါ"လို့ ထည့်ရေးခဲ့တာ အထင်အရှားပါပဲ။
ကေဆင်းဟာ NASAအနေနဲ့ နက္ခတ်ဗေဒ ပညာရှင်တွေကို Apollo 11က လပေါ်အရောက် ပို့ပေးခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ အမြဲယုံကြည်ခဲ့သူပါ။ သူ့အဆိုအရ အမ်းစထရောင်း၊ အဲလ်ဒရင်နဲ့ ပိုင်းလော့တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ကောလင်းစ်တို့ကို အမေရိကန် ကုန်တင်လေယာဉ်တစ်စင်းက သယ်သွားခဲ့တာပါတဲ့။ သူတို့ပါလာတဲ့ အာကာသယာဉ်ကို ပစိဖိတ် သမုဒ္ဒရာထဲမှာ ပြန်ချပေးထားပြီး အာကာသထဲက အောင်အောင်မြင်မြင် ပြန်ဆင်းလာနိုင်ပြီလို့ အမေရိကန် အစိုးရက ၀ါဒဖြန့်ခဲ့တယ်လို့ ကေဆင်းက ဆိုပါတယ်။ NASAဟာ အထူးပြင်ဆင်ထားတဲ့ Area 51ဆိုတဲ့ နေရာမှာ သူတို့ရဲ့ လပေါ်လူဆင်းရေး စီမံကိန်းကြီးကို ဦးနှောက်အစားခံပြီး အစအဆုံး ပြင်ဆင်ခဲ့တယ်လို့ ကေဆင်းရဲ့ စာအုပ်ထဲမှာ ပါခဲ့ပါတယ်။ အဲဒီနေရာဟာ နီဗားဒါး သဲကန္တာရထဲမှာ ရှိနေပြီး NASAရဲ့ လူသိမခံချင်ဆုံး လျှို့ဝှက်ချက်တွေကို အကောင်အထည်ဖော်တဲ့ နေရာလို့ နာမည်ထွက်နေပါတယ်။ Area 51မှာ လုပ်နေတဲ့ တချို့ကိစ္စတွေဆို သမ္မတတွေတောင် မသိရဘူးလို့လည်း သတင်းကြီးနေပါသေးတယ်။
ကေဆင်းက အဲဒီသဲကန္တာရထဲမှာပဲ အထူးပြုလုပ်ထားတဲ့ Settingအခန်းကြီးထဲ အာကာသယာဉ်ကို ဆင်းခိုင်းပြီး ဓာတ်ပုံတွေရိုက်ကြ၊ အမေရိကန်အလံကြီး လွှင့်ပြီးတော့ ကမ္ဘာကို ဖြန့်ပြခဲ့တာပါလို့ ဆိုပါတယ်။ သူဟာ "ကျွန်တော်တို့ လပေါ်ကို လိမ်ညာပြီး ဆင်းခဲ့ပါသလား"ဆိုတဲ့ ခေါင်းစဉ်နဲ့ (၂၀၀၁)ခုနှစ်က Fox TVမှာတောင် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ပြခဲ့ပါသေးတယ်။ လပေါ်ကို Apollo 11ဆင်းခဲ့တယ်ဆိုတာ သိပ္ပံစံနှုန်းတွေနဲ့ တိုင်းတာရင် ကွဲလွဲတာတွေ အများကြီးပဲလို့ ဆိုပါတယ်။ ဥပမာ အမေရိကန် အလံဟာ လေမရှိတဲ့ လပေါ်မှာ ဘာကြောင့်မို့ အရှိန်ပြင်းပြင်းနဲ့ လေထဲလွင့်နေတာလဲဆိုပြီး ဓာတ်ပုံကို ထောက်ပြမေးခွန်းထုတ်ခဲ့တဲ့အခါ NASAအဖွဲ့ခမျာ အကြီးအကျယ် အငိုက်မိခဲ့ရှာပါတယ်။ သူ့ရဲ့(၁)နာရီကြာ မှတ်တမ်းဟာ ရှုထောင့်အမျိုးမျိုးကနေ လပေါ်ကို လူတွေဆင်းခဲ့တာ မဟုတ်နိုင်ကြောင်း အမျိုးမျိုး သက်သေပြခဲ့ပါတယ်။ အဲဒီမှတ်တမ်းကို Fox TVက ပြပြီးတဲ့နောက် NASAဟာ အသည်းအသန် သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပြီးတော့ လပေါ်ကို လူတွေဆင်းခဲ့တာ အမှန်ပါလို့ ဖုံးခဲ့ဖိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီကတည်းက လူတွေကြားမှာ သံသယ အစိုင်အခဲက ပေါက်ဖွားလာတော့တာပါပဲ။
နောက်ထပ် မှတ်တမ်းတွေကလည်း NASAအတွက် အကြပ်ရိုက်စရာ ဖြစ်ပြီးရင်း ဖြစ်နေတော့တာပါပဲ။ ဗန်အလန်ဆိုတဲ့ ပညာရှင်ကလည်း ဂြိုဟ်ဆင်းယာဉ်က လပေါ်ကနေ ပျံတက်လာတဲ့အခါ ကမ္ဘာ့လေထုထဲမှာလို စွမ်းအင် မလုံလောက်နိုင်တဲ့အကြောင်း အချက်အလက် အပြည့်အစုံနဲ့ ရှင်းပြတော့ NASAက မသိချင်ယောင် ဆောင်ခဲ့ရပြန်ပါတယ်။ နောက်ပြီးတော့ လပေါ်ဆင်းခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ လရဲ့မျက်နှာပြင် မဟုတ်နိုင်ဘူးလို့လည်း ဗန်အလန်က ဆိုပါတယ်။ ဓာတ်ပုံကို အမ်းစထရောင်းတို့ လပေါ်ကို ရောက်တဲ့အချိန် ရိုက်ထားတာလို့ ဆိုပေမယ့် အဲဒီအချိန်မှာ နေကရတဲ့ အလင်းရောင်ကြောင့် ဖြစ်လာရတဲ့အရိပ်ဟာ တိတိကျကျ တွက်ချက်ကြည့်ရင် ဦးတည်ရာ တလွဲစီ ဖြစ်နေပါတယ်။ ဒါဟာ ကင်မရာ လှည့်စားမှုတွေနဲ့ ကမ္ဘာ့သဲမြေကို လမျက်နှာပြင်လို ဖန်တီးထားတယ်ဆိုတာ ထင်ရှားနေတယ်လို့ အလန်က ပြောခဲ့ပါတယ်။
ဒီပြဿနာကို လူတွေဆီစပြီး သယ်လာခဲ့တဲ့ ကေဆင်းကတော့ (၂၀၀၅)ခုနှစ်မှာ အနိစ္စ ရောက်သွားခဲ့ရှာပါပြီ။ ဒါပေမယ့် သူ့တာဝန်ကို တင်နက်ဆီမှာ အခြေစိုက်တဲ့ ရုပ်ရှင်လုပ်ငန်းရှင် ဆီဘရယ်လ်က ဆက်ယူလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခုချိန်ထိ လပေါ်ကို လူတွေရောက်ခဲ့တာ အလကား ဇာတ်လမ်းကြီးလို့ ခေါင်းမာမာ ယူဆထားတုန်းပါ။ နောက်ပြီးတော့ ဆီဘရယ်လ်ဟာ (၂၀၀၁)က ပြသွားခဲ့တဲ့ ကေဆင်းရဲ့ မှတ်တမ်းရုပ်ရှင်အတွက် အကူအညီတွေ ပေးခဲ့တဲ့သူပါ။ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လပေါ်ကို လူတွေမရောက်ခဲ့တဲ့အကြောင်း သူသက်သေပြနိုင်တယ်လို့ ကေဆင်းက မိတ်ဆွေတွေကို အမြဲပြောပါတယ်။ ဒီကိစ္စကို ခုချိန်ထိ NASAက ငြင်းနေပေမယ့် တကယ်သာ ဖြစ်နေတယ်လို့ ခိုင်ခိုင်မာမာ ဖြစ်သွားရင်တော့ NASAအဖွဲ့နဲ့အတူ NASAရဲ့ ၀န်ထမ်း ထောင်ပေါင်းများစွာဟာ အရှက်တကွဲ ဖြစ်ရမှာ ကျိန်းသေပါပဲ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ် (၄)စုကို ဖြတ်သန်းပြီးတာတောင် အမ်းစထရောင်းရဲ့ခြေရာ လပေါ်မှာ တကယ်ထင်ခဲ့သလားဆိုတာ လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေတုန်းပါ။ ဆီဘရယ်လ်ကတော့ ဒီကိစ္စကို အဲဒီတုန်းက Apolloနဲ့အတူ လိုက်သွားခဲ့တဲ့ ပညာရှင်တွေရယ်၊ NASAက ထိပ်တန်းလက်တဆုပ်စာ အရာရှိတချို့ရယ်ကလွဲပြီး အမေရိကန် သမ္မတတောင် သိခဲ့ပုံမရဘူးလို့ သုံးသပ်ထားပါတယ်။ "ကျွန်တော်ဟာ နာမည်ကြီးချင်လို့ ဒီပြဿနာကို ဖော်ကောင်လုပ်နေတာ မဟုတ်ပါဘူး။ အမေရိကန် ပြည်သူတွေ အပါအ၀င် ကမ္ဘာသူ ကမ္ဘာသားတိုင်းဟာ အလိမ်ခံနေရတယ်ဆိုတာ သိစေချင်တဲ့ ဆန္ဒက အဓိကကျပါတယ်"လို့ CNNနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် Apolloရဲ့ Missionတွေ မပျံသန်းတော့တာ နှစ်ပေါင်း (၃၇)နှစ် ရှိခဲ့ပြီဖြစ်သလို ခုခေတ် အမေရိကန်လူငယ် သန်းပေါင်းများစွာဟာ ဒီကိစ္စကို စိတ်မ၀င်စားကြတော့ပါဘူးလို့လည်း ဆီဘရယ်လ်က ဆိုပါတယ်။ သူဟာ Apolloရဲ့ ယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ အဲလ်ဒရင်ကို (၂၀၀၂)ခုနှစ်က ကိုယ်တိုင်သွားမေးခဲ့တာပါ။ အဲဒီအချိန်က အသက်(၇၂)နှစ် ရှိနေပြီဖြစ်တဲ့ အဲလ်ဒရင်ဟာ ဆီဘရယ်လ် မေးမြန်းတာတွေကို သွယ်သွယ်ဝိုက်ဝိုက်လောက်ပဲ ၀န်ခံတာမျိုး လုပ်သွားခဲ့ပါတယ်။
ကော်လိုရာဒို တက္ကသိုလ်က နက္ခတ်ဆိုင်ရာ ရူပဗေဒ ပညာရှင် စတူးဝတ်ရော်ဘင်စ်ကတော့ NASAဘက်က ကာကွယ်ပြီး Apolloဟာ လပေါ်ကို တကယ်ရောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ လပေါ်သွားတဲ့ ခရီးဟာ လိမ်ညာတာပါလို့ စွပ်စွဲနေတာကလည်း အန္တရာယ် ကြီးလွန်းတယ်လို့ သူက သတိပေးသွားပါတယ်။ "လူတွေက ကျွန်တော်တို့ လပေါ်ကို တကယ်မရောက်ခဲ့ဘူးလို့ ယုံကြည်သွားရင် ဘာတွေဖြစ်လာနိုင်မလဲ စဉ်းစားကြည့်ပါ။ အမေရိကန်ရဲ့ အောင်မြင်မှုကိုရော လူ့သမိုင်းမှာ အကြီးမားဆုံး စွမ်းဆောင်ခဲ့တာပါ မြောင်းထဲရောက်သွားမယ်။ လူသားမျိုးနွယ်တွေရဲ့ ဂုဏ်ယူစရာ ကြိုးစားအားထုတ်မှုတွေ အားလုံးကို သံသယနဲ့ ကြည့်ကြတော့မယ်။ ဒါမျိုးထိတော့ မဖြစ်သင့်ပါဘူး"လို့ ရော်ဘင်စ်က ဆိုပါတယ်။ "လပေါ်ကို လူတွေရောက်ခဲ့တာ မမှန်ဘူး ထင်တာဟာ လူတွေ ဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ သတ္တိမရှိဘဲ ငြင်းလိုက်တာနဲ့ တူတူပါပဲ"လို့လည်း ရော်ဘင်စ်က ပွင့်ပွင့်လင်းလင်း သူ့အမြင်ကို ပြောသွားပါတယ်။
ဒီလိုနဲ့ ယုံသူတွေ၊ မယုံသူတွေကြား ညပ်နေတဲ့ NASAရဲ့ လပေါ်သွားရောက်ခြင်း စီမံကိန်း အောင်မြင်မှုဟာ နှစ်(၄၀)တောင် ပြည့်ခဲ့ပါပြီ။ ခုဆိုရင် မယုံကြည်တဲ့သူတွေက အရမ်းအားကောင်းတဲ့ မှန်ဘီလူးတွေနဲ့ Apollo 11ရဲ့ Eagleလဆင်းယာဉ် ဆင်းခဲ့တယ်ဆိုတဲ့နေရာကို လှမ်းပြီး ထောက်လှမ်းနေပါတယ်။ သူတို့အဆိုအရ အဲဒီနေရာမှာ အမေရိကန်အလံကို ရှာမတွေ့ခဲ့ရင် NASAဟာ လိမ်ခဲ့တယ်ဆိုတာ ကျိန်းသေပေါက် ပြောနိုင်တော့မယ်လို့ သိရပါတယ်။ Discoveryမဂ္ဂဇင်းကတော့ "ယုံလွယ်သူတွေအတွက် အထောက်အထားတွေကို ဦးစားပေးထားတဲ့ ကမ္ဘာကြီးမှာ အဆင်ပြေမှာမဟုတ်ဘူး"လို့ ဒီကိစ္စအတွက် မှတ်ချက်ပေးထားပါတယ်။ လပေါ်ကို အမ်းစထရောင်းတို့ တကယ်ပဲ ရောက်ခဲ့၊ မရောက်ခဲ့ဆိုတာကတော့ အချက်အလက်တွေအပြင် ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ ချင့်ချိန်ပြီး ယုံသင့်မယုံသင့် ဆုံးဖြတ်ဖို့ကတော့ လူုတစ်ယောက်နဲ့တစ်ယောက် တူဖို့ရာ ခဲယဉ်းမှာပဲ ဖြစ်ပါတယ်။
Source: CNN, TheStar
မြန်မာနိုင်ငံမှ သုတစွယ်စုံမဂ္ဂဇင်းပါ ရေးသားဖော်ပြချက်
လွန်ခဲ့သော (၁၀)နှစ်ခန့်က သုတစွယ်စုံ မဂ္ဂဇင်း(ခုနှစ်နှင့် အတွဲအမှတ် အတိအကျ မမှတ်မိတော့ပါ)တွင် "အံ့ဖွယ်မွန်းဂိတ်၏ လိမ်ညာမှုကြီး"အမည်ဖြင့် အဆိုပါ အကြောင်းအရာကို ဝေေ၀ဆာဆာ ဖော်ပြခဲ့ပါသည်။ အချက်အလက် အသေးစိတ်ကို မမှတ်မိတော့သော်လည်း ယခုတိုင် စွဲမြဲနေသော အကြောင်းအရာ အချို့နှင့် လပေါ်လူရောက်ခြင်းအား မယုံကြည်သူ ပညာရှင်များ အဆိုပြုခဲ့သော အချက်အလက် အချို့တို့အား Planetမှ ယခုကဲ့သို့ စုစည်းတင်ပြလိုက်ရပါသည်။

- လေမရှိသော လပေါ်တွင် အမေရိကန်အလံသည် အရှိန်အဟုန်နှင့် လွင့်ပျံနေသည်။
- ရေမရှိသော လ၏ နောက်ခံကောင်းကင်တွင် ရေခိုးရေငွေ့ဖြင့် တည်ဆောက်ထားသည့် မိုးတိမ်များ ပါရှိနေသည်ကို ဓာတ်ပုံအထောက်အထားများတွင် တွေ့နိုင်သည်။
- လ၏ဆွဲအားသည် ကမ္ဘာ့ဆွဲအား၏ (၄)ပုံ၊ (၁)ပုံသာ ရှိမည်ဆိုလျင် Eagle အာကာသယာဉ် ဆင်းသက်ချိန်က ယာဉ်၏အောက်ဘက် သဲထုတွင် ဆွဲအားနည်းခြင်းကြောင့် ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာရမည် ဖြစ်သော်လည်း မှတ်တမ်းတွင် ထိုအချက်ကို လုံးဝမတွေ့ရပါ။

- လပေါ်မှ ဓာတ်ပုံဟုဆိုကာ ပြသခဲ့သော မှတ်တမ်းပုံများရှိ တောင်အချို့သည် နီဗားဒါး သဲကန္တာရအတွင်းမှ တောင်တန်းများနှင့် ဆင်တူနေသည်။
- အမ်းစထရောင်းတို့ လပေါ်ဆင်းသက်ချိန်ကို တိုင်းတာကြည့်ပါက ကောင်းကင်တွင် ကြယ်များကို ထင်ထင်ရှားရှား တွေ့နိုင်မည်ဖြစ်သော်လည်း ဓာတ်ပုံထဲတွင် ကြယ်တစ်ပွင့်မျှ ရှိမနေပါ။
- Apollo 11အနေနှင့် ဆွဲအားနည်းသော လပေါ်မှ ပြန်တက်မည်ဆိုလျင် သယ်ဆောင်သွားသည်ထက် စွမ်းအင်ပမာဏ များများစားစား လိုအပ်ပေလိမ့်မည်။
- လပေါ်သို့ အမ်းစထရောင်းတို့ ရောက်သွားသည့်အချိန်နှင့် လပေါ်သို့ နေရောင်ကျရောက်ချိန် တွက်ချက်ကြည့်ပါက အရိပ်များ၏ တည်နေရာ လွဲမှားနေသည်။
- ဆွဲအားနည်းသော လမျက်နှာပြင်မှ ပျံတက်လာချိန်တွင် သဲများကို အရှိန်အဟုန်ပြင်းစွာ လွင့်ထွက်သွားစေသင့်သော်လည်း လက်တွေ့တွင် ဖြစ်မလာပါ။
- NASAသည် Apollo 11နှင့် ပတ်သတ်ပြီး အတိကျ အသေးစိတ် နည်းပညာ အချက်အလက်များကို ပြည်သူများထံ ချပြရန် ထိမ်ချန်ထားသည်။
- နက္ခတ်ပညာရှင်များ ရိုက်ယူလာသည်ဆိုသော ဓာတ်ပုံများအတွက် ဖလင်များသည် လပေါ်ရှိ ဖြာထွက်စွမ်းအင်များကြောင့် သဘာဝအလျောက် အရည်ပျော်သွားရမည်ဖြစ်သော်လည်း ကမ္ဘာပေါ်သို့ အကောင်းပကတိ ပြန်ပါလာခဲ့သည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/22/2012 02:04:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[Real Family: 24874] “ဝိမောက္ခ” အွန်လိုင်းဓမ္မဂျာနယ် အမှတ်စဉ် - ၁၊ အတွဲ - ၁။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၂။)
ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ…။
"ဝိမောက္ခ" အွန်လိုင်းဓမ္မဂျာနယ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီဂျာနယ်ကို စီစဉ်ဖြန့်ဖြူးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအနှံ့အပြားမှာ ရှိနေကြတဲ့ တရားဓမ္မစာပေတွေကို လေ့လာလိုက်စား တန်ဖိုးထားဖတ်ရှုချင်ကြတဲ့ ကွန်ပျူတာနည်းပညာကို မကျွမ်းကျင်ကြသူများ၊ အင်တာနက်သုံးစွဲခွင့် မရကြသူများ၊ သုံးခွင့်ရပေမယ့် အချိန်ကြာကြာ မသုံးဖြစ်ကြသူများ၊ အင်တာနက်ကော်နက်ရှင်အခက်အခဲရှိသူများအတွက် ဒေါင်းလုဒ်ဆွဲချထားပြီး အချိန်အားရမှ အေးအေးဆေးဆေး စိတ်တိုင်းကျ ဖတ်ရှုနိုင်စေရန် နှင့် တခြားအင်တာနက်နှင့်ကွန်ပျူတာ မသုံးဖြစ်ကြတဲ့ မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်း ဓမ္မဒါနပြု မျှဝေနိုင်ရန်အတွက် ဖြစ်ပါတယ်။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
http://minus.com/lblqlVL7obAUly
http://www.mediafire.com/view/?wlt7l30eb5mrbw4
https://plus.google.com/photos/106121406073143775443/albums/5824628378126696385/5824628394615891874?banner=pwa&authkey=CMzg0aOC7OD7zwE
credit: https://www.facebook.com/photo.php?fbid=498463690176304&set=a.218762134813129.56131.100000380319925&type=1
-- "ဝိမောက္ခ" အွန်လိုင်းဓမ္မဂျာနယ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီဂျာနယ်ကို စီစဉ်ဖြန့်ဖြူးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအနှံ့အပြားမှာ ရှိနေကြတဲ့ တရားဓမ္မစာပေတွေကို လေ့လာလိုက်စား တန်ဖိုးထားဖတ်ရှုချင်ကြတဲ့ ကွန်ပျူတာနည်းပညာကို မကျွမ်းကျင်ကြသူများ၊ အင်တာနက်သုံးစွဲခွင့် မရကြသူများ၊ သုံးခွင့်ရပေမယ့် အချိန်ကြာကြာ မသုံးဖြစ်ကြသူများ၊ အင်တာနက်ကော်နက်ရှင်အခက်အခဲရှိသူများအတွက် ဒေါင်းလုဒ်ဆွဲချထားပြီး အချိန်အားရမှ အေးအေးဆေးဆေး စိတ်တိုင်းကျ ဖတ်ရှုနိုင်စေရန် နှင့် တခြားအင်တာနက်နှင့်ကွန်ပျူတာ မသုံးဖြစ်ကြတဲ့ မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်း ဓမ္မဒါနပြု မျှဝေနိုင်ရန်အတွက် ဖြစ်ပါတယ်။
ဂျာနယ်ထဲမှာဖော်ပြပါရှိတဲ့ အချက်အလက်များ အားလုံးနီးပါးဟာ Facebook နှင့် တခြားအင်တာနက်စာမျက်နှာများမှ ဓမ္မဒါနဖြန့်ဖြူးရေးသားနေကြတဲ့ ပုဂ္ဂိုလ်များရဲ့  အသိပညာပိုင်း ဆိုင်ရာ၊ အနုပညာဆိုင်ရာ ပိုင်ဆိုင်မှုများ (Intellectual Properties) သာ ဖြစ်ပြီး ၄င်းတို့ကို မိမိတို့ ဂျာနယ်မှ ထပ်ဆင့်ဝေမျှခြင်းသာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ဤဂျာနယ်နှင့်တကွ ဂျာနယ်ပါအကြောင်းအရာများအားလုံးကို ဓမ္မဒါနဖြန့်ဖြူးခြင်းကိစ္စမှတစ်ပါး မိမိတို့၏ ပုဂ္ဂလိက အကျိုးစီးပွားအတွက် မူလပိုင်ရှင်ပုဂ္ဂိုလ်များ၏ ခွင့်ပြုချက်ကို မတောင်းခံပဲ အသုံးမပြုကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
http://minus.com/lblqlVL7obAUly
http://www.mediafire.com/view/?wlt7l30eb5mrbw4
https://plus.google.com/photos/106121406073143775443/albums/5824628378126696385/5824628394615891874?banner=pwa&authkey=CMzg0aOC7OD7zwE
credit: https://www.facebook.com/photo.php?fbid=498463690176304&set=a.218762134813129.56131.100000380319925&type=1
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
[mrsorcerer:36498] Fwd: သစ်ထူးလွင်
---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/12/22
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
...
[Message clipped]
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/12/22
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင် |
- မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို တရားမ၀င် သယ်ထုတ်နေဆဲ
- မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံ သားတွေ အခွင့်အရေး ချိုးဖောက်ခံရ
- အသံတိတ် လူသတ်သမား (ရုပ်/သံ)
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ် (ဓါတ်ပုံ)
- ကားမိုင်းမြို့ ရဲစခန်း ကေအိုင်အေ ဝင်တိုက် လေးဦးသေ တစ်ဦးဒဏ်ရာရ (သတင်း-ဓါတ်ပုံ)
- ကျွမ်းကျင်သူများဖွဲ့စည်း၍ လက်ပံတောင်းတောင်ကိစ္စဆက်လက်ဆုံစမ်းသွားမည်
- စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြောကြား
- ဒီဇင်ဘာလ (၂၄) ရက်နေ့ ထုတ် Playmaker အားကစား ဂျာနယ် အမှတ်စဉ် -၂၂၂
- ဒီဇင်ဘာလ (၂၄) ရက်နေ့ ထုတ် The Voice Vol.8 / No.51
- မန္တလေး၊ လာရာနှင့် လားရာအနာဂတ်
- ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ ရောက်ရှိ
- ဒေါ်စုကော့သောင်ခရီးစဉ် အာဏာပိုင်ကန့်သတ်
- အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး
- Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ
- ကင်ညာ အကြမ်းဖက်မှု လူ အများအပြား သေဆုံး
- အိန္ဒိယရောက် သမ္မတဦးသိန်းစိန် ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ
- လက်ပန်းတောင်းတောင်နဲ့ပတ်သက်ပြီး ကော်မတီနှစ်ရပ် ပူးတွဲကြေညာချက်ထုတ်ပြန်
- ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည်
- သမ္မတဦးသိန်းစိန် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံ
- ကျောက်ဖြူတွင် နွားလှည်းသမားများ ဆန္ဒပြ
- ဦးသိန်းစိန် ဖိတ်ကြားချက်အရ OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာမည်
| မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို တရားမ၀င် သယ်ထုတ်နေဆဲ Posted: 22 Dec 2012 05:20 AM PST တရုတ်သစ်ကုန်သည်တွေက ကချင်ပြည်နယ် မံစီမြို့နယ် အတွင်းက ဒေသခံရွာသားတွေ ကနေ တဆင့် တရားမဝင် ဝယ်ယူကြတဲ့ သစ်တွေ တရုတ်နိုင်ငံဘက်ကို သယ်ယူဖို့ အတွက် သစ်တင်တဲ့ကား အများအပြား ရှမ်းပြည်မြောက်ပိုင်းမှာ အခုအခါရောက်ရှိနေကြတယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်နဲ့ ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့နယ် ဒေသအတွင်းမှာရှိတဲ့သစ်တွေကို သယ်ယူဖို့အတွက် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက လိုင်စင်မရှိတဲ့ သစ်တင်တဲ့ကားတွေ အမြောက်အများ မနေ့ကတည်းက ရောက်နေတဲ့အကြောင်း ကားသမားတစ်ယောက်က ပြောပြပါတယ်။ "သစ်လောပန်တွေက ပွင့်လင်းရာသီရောက်တဲ့အတွက် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစပ်က နမ့်ဟန်၊ ဆီဟုန်၊ တုံဟွာရွာ၊ နမ့်ဟန်ရွာ ခေါတောရွာ၊ ရမ်းဘိုရွာ မဘိန်းမြို့နယ်နဲ့ မံစီမြို့နယ်အစပ်ကသစ်တွေကို တိုက်ဖို့ရာအတွက် တရုတ်ပြည်ကလာတဲ့ ကားတွေက တောလမ်းကနေ မဘိန်းမြို့နယ် မံစီမြို့နယ် အစပ်မှာ အစီးပေါင်း ၂ဝဝ လောက်ရောက်လာတယ်။ မနေ့က ကားတွေက သစ်တင်တဲ့ကားတွေလေ တရုတ်ပြည်ကလာတဲ့ ၁ဝ ဘီးကား ၁၂ ဘီးကား တစ်စီးဆိုရင် ၁ဝတန်လောက်တင်လို့ရတယ် တရုတ်ပြည်နောင်တောင်းကနေပြီးတော့မှ ဗမာပြည်ထဲဝင်လာခဲ့တာ" တကယ်တော့ အရင်နှစ်တွေက အခုလိုပွင့်လင်းရာသီမှာ အဲဒီဒေသကသစ်တွေကို ကား၊ ဆိုင်ကယ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ တရုတ်နယ်စပ် နောင်တောင်းမြို့အထိ နဲနဲဆီ သယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ ကားအစီးရေလဲများပြီး သစ်တွေကို အကြမ်းထည်အလုံးလိုက် သယ်ယူကြမှာလို့လဲသိရပါတယ်။ အဲဒီသစ်တွေကို ရွာသားတွေက အာဏာပိုင်တွေကနေတဆင့် တရားမဝင် ခုတ်ယူတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ "ဘယ်သူ့ခွင့်ပြုချက်နဲ့မှ မဟုတ်ဖူး တရုတ်လောပန်တွေက ဒေသခံရွာသားတွေကို ပိုက်ဆံပေးပြီးတော့ ချိန်ဆောတွေနဲ့ ကပ်ပြီးလှဲထားတာ ဘယ်သူ့မှ မပြောဘူးလေ သစ်တောတွေကို ပိုက်ဆံပေးပြီးခုတ်တယ် တာဝန်ရှိတဲ့ရဲတို့စစ်တပ်တို့၊ အဲဒီသစ်တွေက မဘိန်းမြို့နယ် အစပ်ရှိတယ် နမ့်ဟန်ရွာတို့၊ တောတွေထဲမှာ သစ်အပုံလိုက်တွေ တနေရာမှာဆိုရင် သစ်တွေက တန် ၂ဝဝ၊ တန် ၃ဝဝ အဲလိုအများကြီး၊ သံမလန်းတို့ ပိတောက်တို့ ကျွန်းတို့ သစ်ပေါင်စုံပဲလေ ရွှေကူမြို့နယ်ထဲက ကြိုးစုံတောင်လဲပါတယ်။ လဝါရွာတို့ စီပိန်းရွာတို့ အဲဒီနားတဝိုက်က အစိုးရ သစ်တောကြိုးဝိုင်းထဲက သစ်တွေပါတယ်" အဲဒီလို သစ်တွေကို တရုတ်ကုန်သည်တွေက ဝယ်ယူနေတာနဲ့ပတ်သက်လို့ ဗန်းမော်ခရိုင် သစ်တောဦးစီးမှူးကို ဆက်သွယ်မေးကြည့်တော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတော့ အဲဒီသစ်တောတွေကို သူတို့အနေနဲ့ တရားဝင်ဝယ်တာလား ရောင်းတာလားဆိုတာ အသေအချာ သွားမကြည့်နိုင်တဲ့အကြောင်း ပြောပါတယ်။ ကျွန်းသစ်တစ်တန်ကို အဲဒီတောထဲမှာရွာသားတွေက ၄ သိန်းလောက်နဲ့ တရုတ်ကုန်သည်ထံကို ရောင်းတာဖြစ်ပြီး တရုတ်နိုင်ငံရောက်ရင် အဲဒီ ကျွန်းသစ်တစ်တန်ကို မြန်မာငွေ ၃၅ သိန်းလောက်ရတယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံက ဝယ်ပြီးတဲ့သစ်မျိုးစုံကို တရုတ်နိုင်ငံ အေးအေးဆေးဆေးရောက်ဖို့အတွက် ကိုက်ထိပ်တပ်စခန်းမှာ တာဝန်ကျနေတဲ့ တပ်မ ၉၉ အရာရှိကြီးတွေကို တရုတ်သစ်ကုန်သည်တွေက တစ်လတာ သယ်ခွင့်ရဖို့အတွက် ငွေကျပ် သိန်း ၂ဝဝဝ ပေးရတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ သိရပါတယ်။ ၁၉၉၄ နောက်ပိုင်းကနေ ၂ဝဝ၅ ခုနှစ်အထိ ကချင်ပြည်နယ်က သစ်တွေကို တရုတ်ကုန်သည်တွေက အလုံးအရင်းနဲ့ ဝယ်ယူခဲ့ကြပါတယ်။ အဲဒီနောက်သစ်တောတွေ ပြုန်းတီးကာ သဘာဝပတ်ဝန်းကျင်တွေလဲ ပျက်စီးကုန်တာကြောင့် ပြည်ပ NGO အဖွဲ့တွေနဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက ကန့်ကွက်ပြောဆိုခဲ့ကြပါတယ်။ RFA Burmese | ||
| မလေးရှား လဝကစခန်းမှာ မြန်မာနိုင်ငံ သားတွေ အခွင့်အရေး ချိုးဖောက်ခံရ Posted: 22 Dec 2012 05:13 AM PST မလေးရှားနိုင်ငံ၊ Johor ဂျိုဟိုးပြည်နယ်၊ ပါကန်းနာနတ်စ်မြို့က လဝကထိန်းသိမ်းရေးစခန်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းဆီးခံထားရတဲ့ မြန်မာပြည်သားတွေဟာ စခန်းတာဝန်ကျ အရာရှိတွေရဲ့ မတရားခိုင်းစေမှုတွေ ရင်ဆိုင်နေရပြီး အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။ ရက် ၂ဝ ကျော်ထောင်ကျခံခဲ့ရပြီး ခေါင်းကိုက်ဝေဒနာကြောင့် ဆရာဝန်အကြံပြုချက်နဲ့ မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ မမာလာ က ထောင်မှာစားရတဲ့ထမင်းက ကျောက်ခဲလိုမာတောင့်နေတယ်လို့ ဆိုပါတယ်။ ကျွေးမွေးတဲ့ ဟင်းကလည်း ပဲပြားဆိုရင် တော်တော်ကိုသေးပြီး၊ ခရမ်းသီးဗူးသီး ဟင်းအရည်ဆိုရင် ဆားမပါဘဲ ဒီအတိုင်းကျွေးတာကြောင့် ဘယ်သူမှစားမဝင်ဘူးလို့ ပြောပါတယ်။ ဆေးကုသခွင့်နဲ့ ပြင်ပဆက်သွယ်ခွင့် စတဲ့ အကျဉ်းသားအခွင့်အရေးတွေလည်း ပိတ်ပင်ခံနေရကြောင်းကိုလည်း အခုလိုပြောပါတယ်။ "အိမ်သာကလည်း ဘယ်လိုလဲဆိုတော့ အယောက် ၃ဝ ကျော်မှာ အိမ်သာလေးတလုံးပဲ အဲဒီအထဲထဲမှာ၊ အဲဒီနားလေးမှာပဲ အိပ်ရတာ၊ အဲဒီနေရာမှာပဲ ဘုရားရှိခိုးရတာ၊ မနက်ဆိုရင် ၅ နာရီပုံမှန်နိုးရတယ်၊ နောက်နေထိုင်မကောင်းရင်လည်း ဆေးတွေဘာတွေ တောင်းရင်လည်းမပေးဘူး၊ ခေါင်းတွေဘာတွေ ကိုက်တယ်ဆိုရင်၊ နောက်ဖုန်းတွေ ဘာတွေဆက်မယ်ဆိုရင်လည်း မပေးဘူး ဖုန်းဖြတ်တယ်လို့ ပြောတယ်၊ ကျမသူငယ်ချင်း ကောင်မလေး တယောက်ရှိတယ် ပဲခူးကနေပြီးတော့ သူ့ကိုအရမ်း အလုပ်ခိုင်းတာပဲ မနက်မိုးလင်း သူတို့စားပြီးတဲ့ ပန်းကန်တွေကော ကျမရင်ထဲမှာ တော်တော်ဆို့တယ်၊ အကုန်လုံးသူ့ကို ခိုင်းတယ် သူတို့အိပ်ယာတွေကအစ သွားသိမ်းပေးရတယ် မလိုအပ်တဲ့ အလုပ်ကိုသူက လုပ်နေရတယ်" မအယ်သွယ်ဖြိုးလို့ခေါ်တဲ့ ဒီအမျိုးသမီးဟာ ပတ်စပို့စ်သက်တမ်းကုန်လို့ ထောင်ကျခံနေရတာ ၅ လကျော်နေပြီ ဖြစ်တယ်လို့လည်း မမာလာက ဆိုပါတယ်။ အဲဒီစခန်းမှာ မြန်မာအမျိုးသမီး ၁ဝ ဦးရှိပြီး၊ အမျိုးသားများ အပါအဝင် ဦးရေ ၁၅ဝ ခန့်ရှိမယ်လို့လည်း သိရပါတယ်။ Burma Campaign Malaysia(BCM) က ကိုထွန်းထွန်းက ဒီလိုဖြစ်ပျက်နေရခြင်းရဲ့ ပြဿနာက အကျဉ်းသားအခွင့်အရေး ချိုးဖောက်နေမှုကို အစိုးရတာဝန်ယူ ဖြေရှင်းမပေးတဲ့အပြင် သတင်းထောက်တွေနဲ့ NGOs တွေကို စခန်းတွေထဲ ဝင်ရောက်စစ်ဆေးခွင့် မပေးတာတွေက အခြေခံအကြောင်းရင်းပဲလို့ ပြောပါတယ်။ အဲဒီစခန်းမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာစတဲ့ နိုင်ငံပေါင်းစုံက လူပေါင်း ၅ဝဝ လောက် အထိန်းသိမ်းခံနေရကြောင်း၊ ဒီလိုစခန်းမျိုး မလေးရှားနိုင်ငံအတွင်းမှာ ၁၃ ခုရှိပြီး မြန်မာနိုင်ငံသား ၂ဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်းကြောင်း ကိုထွန်းထွန်းက ပြောပါတယ်။ RFA Burmese | ||
| Posted: 22 Dec 2012 04:27 AM PST မြန်မာနိုင်ငံဟာ ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ၁၀ နိုင်ငံထဲမှာ ဒုတိယ မြောက်ပါဝင်တဲ့ နိုင်ငံဖြစ်နေ တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ ၂၀၁၂ ခုနှစ် အစီရင်ခံ စာထဲမှာ ဖော်ပြ လိုက်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ် (ဓါတ်ပုံ) Posted: 22 Dec 2012 03:41 AM PST အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့(၂၂.၁၂.၁၂)တွင် မြိတ်မြို့ ဦးစောဂျက် ခန်းမ ၀န်းအတွင်း ပြည်သူလူထုနှင့် တွေ့ဆုံပြီး မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ သတင်း - ဓါတ်ပုံ ။ ။ Eleven Media Group | ||
| ကားမိုင်းမြို့ ရဲစခန်း ကေအိုင်အေ ဝင်တိုက် လေးဦးသေ တစ်ဦးဒဏ်ရာရ (သတင်း-ဓါတ်ပုံ) Posted: 22 Dec 2012 03:17 AM PST ပစ်ခတ်မှု များကြောင့် ရဲတပ်သား စိုးမင်းသူနှင့် ရဲစခန်းဝန်းနေ သူနာပြု ဆရာမ ဒေါ်တင်မေအောင် တို့သည် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဒေါ်မေမွှေးစိန်နှင့် ဒေါ်လှစိန်တို့သည် ကားမိုင်းမြို့နယ်ခွဲ ပြည်သူ့ ဆေးရုံအရောက် မွန်းလွဲချိန်တွင် သေဆုံးသွားကြောင်း သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ကျွမ်းကျင်သူများဖွဲ့စည်း၍ လက်ပံတောင်းတောင်ကိစ္စဆက်လက်ဆုံစမ်းသွားမည် Posted: 22 Dec 2012 02:56 AM PST လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စု မြန်မာ နိုင်ငံတော် စုံစမ်းရေး ကော်မရှင်က ကျွမ်းကျင်သုများ ဖွဲ့စည်း၍ ဆက်လက် စုံစမ်း သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် အမှတ် (၃/၂၀၁၂) ဖြင့် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြောကြား Posted: 22 Dec 2012 03:45 AM PST ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံ ပြည်သူ လူထုအား ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ရန်ကြီးအောင် ဘောလုံးကွင်းတွင် နာရီဝက်ခန့် မိန့်ခွန်း ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းမှ အချို့ကို ထုတ်နုတ် ဖော်ပြ လိုက်ပါသည်။ "ယခု အချိန်မှာ ဆိုရင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ပြောကြတယ်။ ----- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဒီဇင်ဘာလ (၂၄) ရက်နေ့ ထုတ် Playmaker အားကစား ဂျာနယ် အမှတ်စဉ် -၂၂၂ Posted: 22 Dec 2012 01:57 AM PST | ||
| ဒီဇင်ဘာလ (၂၄) ရက်နေ့ ထုတ် The Voice Vol.8 / No.51 Posted: 22 Dec 2012 01:53 AM PST | ||
| Posted: 21 Dec 2012 09:22 PM PST မင်းလွင်ထက် မန္တလေးက ဝေးရသောအခါမှ ကျွန်တော်သည် မန္တလေးကို ပိုလွမ်းတတ် လာသည်။ အိမ်လွမ်းနာသည် အိမ်လွမ်းနာ သက်သက် မဟုတ်ဘဲ မန္တလေးမြို့ကို လွမ်းသောအလွမ်း ဖြစ်လာသည်။ သည်အလွမ်း ကား တစ်နည်းပြောရလျှင် မြန်မာ့ယဉ်ကျေးမှုကို လွမ်းသော အလွမ်း၊ မန္တလေးသူ မန္တလေးသားတို့ကို လွမ်းသောအလွမ်း၊ မန္တလေးက အစဉ်ဖော်ညွှန်း လာခဲ့သော ယဉ်ကျေးသည့် မြန်မာ့လူ့အဖွဲ့အစည်းကို လွမ်းသောအလွမ်းလည်း ဖြစ်လာတော့သည်။ မန္တလေးသည် စင်စစ် ယဉ်ကျေးမှု အချက်အချာဟု ပြောဆိုရ လောက်အောင် ပင် အနယ်နယ်က၊ လူမျိုး အသီးသီးက သယ်ဆောင် လာကြသည့် ယဉ်ကျေးမှု တို့ကို အစဉ်အလာ မြန်မာ့ယဉ်ကျေးမှု ထဲသို့ အရိုးအရွက် မဖုံးစေဘဲ ညင်ညင်သာသာ သယ်ယူ၊ ပေါင်းထည့်တတ်သော မြို့ဖြစ်သည်။ ဆနွင်းမကင်း (နနွင်းမကင်း) လို၊ ခနုံလို ယိုးဒယား အစားအသောက်များ မန္တလေးကို ရောက်လာကြသော အခါ မန္တလေးသားတို့ အကြိုက်၊ မြန်မာတို့ အကြိုက် မြန်မာပါးစပ်နှင့် ကိုက်အောင် ညှိပြီး ပြင်ယူ လိုက်ကြသည်။ မြန်မာ အစားအသောက် စာရင်းထဲမှာပင် ထည့်သွင်း လိုက်ကြသည်။ တရုတ်ရိုးရာ လမုန့်ကို လည်း မန္တလေးလက်ဆောင် မုန့်ဖြစ်အောင်ပင် မြန်မာ ပါးစပ်နှင့် ကိုက်ညီအောင် ညှိလိုက်ကြသည်။ သမိုင်းကို ပြန်ကြည့်သော် အရှေ့ဘက် တရုတ်ပြည်နှင့် လည်းကောင်း၊ အနောက်ဘက် အိန္ဒိယပြည်နှင့် လည်းကောင်း နန်းမြို့တော်ကို တည်ထောင်တော်မူသော ပထမမြို့တည် နန်းတည် မင်းတုန်းမင်းတရား လက်ထက်ပင် ကူးလူးဆက်ဆံမှုတို့ ရှိခဲ့သည်။ တိုင်းပြည် အေးချမ်းခြင်း၊ ပြည်သူတို့ကို တရားသဖြင့် အုပ်ချုပ်ခြင်း၊ အစာရေစာ ပေါကြွယ်ဝခြင်း တို့ကြောင့် မန္တလေး ရတနာပုံ နေပြည်တော် မှာ ဆွေမျိုးပေါက်ဖော် ဟုခေါ်သော တရုတ်များနှင့် အိန္ဒိယနွယ်ဖွား များလည်း ဒေသခံများနှင့် အထူး ရင်းနှီးချစ်ကြည်စွာ တရားဝင်နေ ထိုင်ခဲ့ကြသည်။ မင်းတုန်းမင်းတရားကြီးက မြန်မာဟာဂျီများ အတွက် မက္ကာမြို့တွင် ဒေါင်းတံဆိပ် ခတ်နှိပ်တော်မူသော ဇရပ်တစ်ဆောင်ကို ပင် ချီးမြှင့်တော် မူခဲ့သည်။ သမိုင်းကို ပြန်လှန်ကြည့်သောအခါ တရုတ်များမှာလည်း အစဉ်အလာ လက်သမား လုပ်ကိုင်ကြသူများ ရှိသလို မွေးမြူရေးခြံ လုပ်ငန်း လုပ်ကြသူများ၊ လက်ဖက်ကုန် ကူးသန်း ရောင်းဝယ်ကြသူများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် လုပ်ငန်း လုပ်ကိုင်ကြသူ များလည်း အထင်အရှား ရှိသည်။ ထို လူ့အစုအဝေး အားလုံးနှင့်ပင် မန္တလေး လူ့အဖွဲ့အစည်းမှာ သဟဇာတ ဖြစ်ခဲ့သည်သာ။ ဒေသခံ လူ့အဖွဲ့အစည်း၏ နဂိုရှိပြီး ယဉ်ကျေးမှု အခံဘောင်အတွင်းသို့ လိုက်လျောညီထွေစွာ၊ ညင်သာစွာ၊ ပျော့ပျော့ပျောင်းပျောင်း စည်းနှောင်ပျော်ဝင် သွားခဲ့သည်သာ ဖြစ်သည်။ ဤသည်မှာ အံ့အားသင့်ဖွယ် ကိစ္စမဟုတ်သော်လည်း စိတ် ချမ်းသာစရာ ကိစ္စတစ်ခုပင် ဖြစ်ပါသည်။ လူများစုနှင့် လူနည်းစု အချင်းချင်း အချစ်အကြည်မပျက် အငြင်းအခုံ မဖက်ဘဲ စုစည်းစွာ နေနိုင်ခြင်းမှာ စင်စစ် လူ့အဖွဲ့အစည်း ယဉ်ကျေးခြင်းလည်းဖြစ်သည်။ သာဓကအားဖြင့် မြန်မာ့ မဟာဂီတအတွက် သမိုင်းတန်ဖိုး ကြီးမားလှသည် ဖြစ်သော မဟာ ဂီတဝိသောဓနီကို စုစည်းရေးသားခဲ့သည့် စောင်းဆရာကြီး မောင်မောင်လတ်မှာ စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီး၏ တပည့် အရင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်ဖြစ် သည်။ တစ်ဖန် မန္တလေးမြို့ ဂုဏ်ဆောင် မြို့မတူရိယာ အသင်းကြီး၏ ပထမဆုံး ဥက္ကဋ္ဌမှာ အပေါင်ဆိုင်ပိုင်ရှင် တရုတ်ကြီး ဦးတော်လုံဖြစ် ပါသည်။ ပြောလိုသည်မှာ မန္တလေး၏ အစဉ်အလာ ယဉ်ကျေးမှုသည် ယခုခေတ်စကားနှင့် ပြောရလျှင် Diverse ဖြစ်ပြီး ထိုလူ့အစုအဝေး အားလုံးမှာ နဂိုရှိပြီး လူ့အဖွဲ့အစည်းနှင့် အဆင်ပြေ ချောမွေ့ စွာ ပျော်ဝင် ပေါင်းစီး (Integrate) လုပ်နိုင်သည်ကို အထင်အရှား တွေ့နေ ရခြင်းပင်ဖြစ်သည်။ ကျွန်တော် ဤမျှ ပြည်တည်လာခဲ့လျှင်ပင် ယခုဆောင်းပါးက ဘာပြောတော့မည်ကို စာဖတ်သူ ရိပ်စားမိလောက် ပါပြီ။ မန္တလေးမြို့ ကြီး ယခုနှစ်များမှာ အသားဖြူသထက် ဖြူလာသည့် ကိစ္စဖြစ်ပါ၏။ ချိန်ကိုက်ဗုံးများ ခေတ်သစ် နိုင်ငံရေးသိပ္ပံ ပညာရှင်တို့က လူဝင်လူထွက် ထိန်းသိမ်းရ ခက်လှသည့် နယ်စပ်ဒေသများကို ပေါက်လွယ် ကွဲလွယ်သော ချိန်ကိုက်ဗုံး များဟု ဝိဂြိုဟ် ပြုကြသည်။ ယခုအချိန်မှာ အားလုံးသိကြ သည့်အတိုင်း မြန်မာ့အနောက် တံခါးမှာ ပြဿနာ တက်နေသော အချိန်။ သို့သော် ကျွန်တော့်စိတ် ထဲမှာမူ မန္တလေးသား တစ်ယောက်အနေနှင့် မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးသော သူတစ်ယောက် အနေနှင့် သည်မေးခွန်းကိုလည်း မေးကြည့် လိုပါသည်။ ကျွန်တော်တို့ အရှေ့ တံခါးကကော လုံပါရဲ့လား။ သည်နေ့ မန္တလေးသည် ပိုပိုဖြူလာသည်။ ရွှေခြေကျင်း မန္တလေး ခေတ်ကို ကျွန်တော်ပြန် တမ်းတနေခြင်း မဟုတ်ပါ။ သို့သော် သည်နေ့ မန္တလေးသည် စကတ်လည်း ပိုတိုလာသည်။ ဂျင်းဘောင်းဘီလည်း ပိုကျပ်လာသည်။ အသားလည်း ပိုဖြူလာသည်။ မန္တလေးသားတို့ နေ့စဉ် အစားအသောက် ထဲမှာ ယူနန် အစားအသောက် တစ်မျိုးဖြစ်သည့် စပ်ပူစပ်လောင် မာလာဟင်းလည်း အထင်ကရ နေရာယူလာပြီ။ ယခင်က မန္တလေးလမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ ဓမ္မာရုံတွေ၊ လက်ဖက်ရည်ဆိုင်တွေ ရှိရာက အခုလမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ မာလာဟင်းဆိုင် တွေကို တွေ့လာရပြီ။ လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလများက မန္တလေးမြေဈေး များ ထူးထူးဆန်းဆန်း မြင့်လာ ခဲ့သည်ကို မန္တလေးသားတွေ တအံ့တသြ တွေ့လာရသည်။ အမေ လူထုဒေါ်အမာက ဘယ်သူတွေ ဘယ်လို စီးပွားရေးတွေ လုပ်ပြီး ဘယ်လိုငွေတွေ ရကြလို့များ သည်လောက် မကြားဝံ့မနာသာ ဈေးတွေ ပေးဝယ်နိုင်နေကြပါလိမ့် ဟု ထိုစဉ်က မဂ္ဂဇင်းများ ထဲကပင် ထည့်ညည်းဖူးသည်။ မြေဈေးတွေ တက်လာသည့် အကျိုးဆက်မှာ မန္တလေးမြို့ခံတွေ မြို့သစ်ကို ပြောင်းရပြီး မြို့ထဲကို ဧည့်သည်တွေ ရောက်လာကြခြင်းပင် ဖြစ် သည်။ ကျွန်တော့် သူငယ်ချင်းတွေ လမ်း ၃၀ အစည်ကားဆုံး ဆိုသည့် နေရာတွေကနေ ရွှေ့ကြရသည်။ စီးပွားရေးကလည်း နာလန်မထူ၊ မအောင်မြင်တော့ မြေရောင်းပြီး အသက်ရှူ ချောင်အောင် လုပ်ရ သည်။ အကြောင်းပြချက် မျိုးစုံနှင့်ပင်။ ကလေး ကျူရှင်ပို့ဖို့၊ အဖေ့ကို ဆေးကုဖို့ စသဖြင့်။ မန္တလေးမှာ ခေတ်စားလာသော စကားလုံးက ဝိတ်လျှော့သည် ဆိုသော စကားလုံး ဖြစ်လာသည်။ စီးပွားရေး စီးပွားရေး မှာလည်း ဒီလိုပဲ ဖြစ်လာသည်။ အလုံးအရင်း နှင့် ဝင်လာသော ငွေအရင်းအနှီး များကို ဈေးချို အစဉ်အလာ ကုန်သည် လောကက တောင့်မခံနိုင်တော့။ သိန်း ၁၀၀ အရင်းရှိသော သူက မည်သည့်နည်းနှင့်မျှ သိန်း ၁၀၀၀၀ အရင်းအနှီး သမားကို မယှဉ်နိုင်။ အကြွေး ပေးထားနိုင်သည့် (လက်ကား ပေးထားနိုင်သည့်) ပမာဏချင်း ကွာသွားသည်။ ပြိုင်ဆိုင် လုပ်ကိုင်ဖို့ ဆိုပြန်သော အခါလည်း လွယ်လွယ်ကူကူ ငွေထုတ်ချေး နိုင်သည့် ဘဏ်စနစ် မဖွံ့ဖြိုးသေးပေ ရာ နောက်မှ နောက်ခံအင်အား တောင့်တင်းသူတို့နှင့် ယှဉ်ပြိုင်ရန် မည်သို့မျှ မလွယ်ကူသော ကိစ္စဖြစ်သွားသည်။ ငွေလှည့် သုံးနိုင်သည့် ပမာဏ ကွာသွားသည်။ ဤအကြောင်းများကို အခြေခံပြီး ယခင် အထက်မြန်မာပြည်၏ ဈေးကွက်ကြီး ဖြစ်သည့် ဈေးချိုသည့် ကျီးနှင့် ဖုတ်ဖုတ် ဖြစ်လာသည်။ ဈေးကွက်မှာကား ယခုမှ မန္တလေးသို့ ရောက်လာ ကြပြီး မှတ်ပုံတင်လေးငါးခု ကိုင်ထား နိုင်သည်ဟု နာမည် ကြီးသော အသားနီစပ်စပ် ပုဂ္ဂိုလ်များ၏ ဂိုဒေါင်ပါ တစ်ပါတည်း ပါသော အိမ်ကြီးများသို့ ရောက်သွားကြသည်။ ဤသည်ပင် တစ်နည်း လက်ရှိ ပြောင်းလဲရန် ကြိုးပမ်းနေရသော မြန်မာ့နိုင်ငံရေး ဘောဂဗေဒ အခင်းအကျင်း ထဲက မန္တလေးနိုင်ငံရေး ဘောဂဗေဒ၏ မလူးသာ မလွန့်သာသော အနေအထားကို ထင်ဟပ် နေခြင်းလည်း ဖြစ်သည်။ စီးပွားရေးအချက်အချာ မန္တလေးသည် စင်စစ် မြန်မာနိုင်ငံ၏ အလယ်တည့်တည့် ဗဟို ကျနေသော မြို့ဖြစ်နေသည်။ စီးပွားရေး အချက်အချာ ကျသော ရန်ကုန်နှင့် မြန်မာပြည် အခြားမြို့ကြီးများသို့ ကုန်စည်များ စီးဆင်း ရန်မှာ မြန်မာပြည် မြောက်ပိုင်းမှ မြန်မာပြည် တောင်ပိုင်းသို့ မန္တလေး ကို မဖြတ်ဘဲ၊ တစ်ထောက်မနားဘဲ မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်။ အမှန်မှာ မန္တလေးမြို့၏ စီးပွားရေး အချက်အချာကျမှု၊ ပထဝီအနေ အထား အခင်းအကျင်းကို အခြေခံ ရရှိရမည့် အကျိုးအမြတ် များသည် မြို့သူမြို့သား များအတွက်သာ ဖြစ်သင့်သည်။ အကယ်၍ နိုင်ငံခြား သားများ လုပ်ကိုင်သည် ဆိုလျှင်လည်း ထိုအလုပ်အကိုင် များမှ အခွန် အကောက်များကို အစိုးရက ရရှိသင့်သည် သာဖြစ်သည်။ ယခုမူကား ကိုယ်စားလှယ် နာမည်နှင့် သို့မဟုတ် နိုင်ငံသား မှတ်ပုံတင်ကို လွယ်လွယ်ကလေး တင်ပြ၍ ဝယ်ယူ ရောင်းဝယ်ဖောက်ကား လာကြ သည်မှာ မန္တလေးမြို့သည် မန္တလေးသူ၊ မန္တလေးသားများ မပိုင်တော့ သော၊ မနေရတော့သော မန္တလေးမြို့ ဖြစ်လာသည်။ မြို့တွင်း အချက် အချာ နေရာများ အားလုံးကို ဖယ်ပေး လိုက်ရသည်။ မြို့သူမြို့သားများ အတွက်ကော အစိုးရ အတွက်ပါ များစွာ နစ်နာစေသော စီးပွားရေး အခွင့်အလမ်း ကောင်းကြီးတစ်ခုကို လက်လွတ် ဆုံးရှုံးသွားခြင်း ပင်ဖြစ် သည်။ ဆက်လက်၍ အာဆီယံ ပေါင်းစည်းမှုတွင်လည်း မန္တလေးမြို့ သည် အထူးအချက်အချာ ကျသော နေရာ ဖြစ်လာဦးမည် ဖြစ်ပေရာ အထူး စဉ်းစားထိုက်သော အချက်ဖြစ်လာသည်။ အမျိုးသားယဉ်ကျေးမှုလက္ခဏာ ယဉ်ကျေးမှုဘက်ကို ကျွန်တော်တို့ ပြန်ကြည့်ကြပါဦးစို့။ မန္တလေးမြို့မှာ အစဉ်အလာ ရှေးကပင် နေလာကြသော တရုတ်များ၊ အိန္ဒိယနွယ်ဖွား ပုဂ္ဂိုလ်များမှာ တစ်ခါတစ်ခါ ဗမာတွေ ထက်ပင် မြန်မာရည် ပိုလည်သေးသည်။ မန္တလေး ယဉ်ကျေးမှုနှင့် လွယ်လွယ်ကူ ကူ ပေါင်းစည်း လိုက်နိုင်သည်။ သို့သော် ၉၀ ပြည့်လွန် နှစ်များက စတင်၍ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို အခြေခံ၍ မြန်မာပြည်တွင်း ဝင်လာကြသော ပုဂ္ဂိုလ်များကား ယခင်ရွာနေ ပြည်ထိုင်တွေနှင့် မတူတော့။ တဖြည်းဖြည်း များများလာသော အခါ နဂိုရှိ နေသော ဒေသခံ မန္တလေးသူ မန္တလေးသား များ၏ ယဉ်ကျေးမှု များကို ပင် မျိုပစ်လိုက်နိုင်သော၊ ဂရုမစိုက်သော၊ မယဉ်ကျေးသော လူ့အစု အဝေးသည် ကြီးထွား လာသည်။ အဖေ၊ အမေကို နင်-ငါ သုံးပြော သော အပြောအဆို တွေကို ကြားလာရသည်။ အဝတ်အဆင် မှာလည်း ပလွှားလာကြသည်။ စကတ်တိုတို ဖော်ဝတ်ကြသော အညာသူဖြူဖြူ လေးတွေရှိလာသည်။ ညိုညိုလေး တွေလည်း အနောက်က လိုက်လာသည်။ အထူး ဆိုးရွားသည်မှာ လူငယ်ပိုင်း၏ ယိုယွင်းလာသော စိတ်ဓာတ်အမြင် (Attitude) ပင် ဖြစ်သည်။ သက်တူရွယ်တူ အသားဖြူကလေးများ သုံးသည်ကို ကြည့် ပြီး ငွေနောက်ကို လိုက်လိုသောစိတ် ဖြစ်လာသည်။ မိဘများကိုပင် ခင်ဗျားတို့ ကျွန်တော်တို့ကို သည်လို မပေးနိုင်ရင် ကျွန်တော်တို့ကို မဆုံးမနဲ့ ဆိုသော ပုံစံမျိုး အထိ ရောက်လာသည်။ ဒေသခံ မြန်မာဆန်သော ပုဂ္ဂိုလ်များကိုလည်း မင်းတို့မြန်မာ ဆန်နေတော့ကော ပြုတ်စားလို့ ရသလားဆိုသော အပြောမျိုး၊ အဆို မျိုးနှင့် နှိမ်ချ ဆက်ဆံလာကြသည်။ မြန်မာဆန်ခြင်း သည်ပင် ရှက်စရာလိုလို ဖြစ်လာသည်။ မြန်မာနိုင်ငံသား ဆိုသော စိတ်ဓာတ် မရှိတော့ဘဲ အခိုက်အတန့် လာနေသည့် သဘောမျိုး ထားကာ အခြေ အနေပေးလျှင် တခြားသွားမည် ဆိုသော စိတ်ဓာတ် မျိုးတွေကို လူရှေ့မှာပင် ထုတ်ပြလာကြသည်။ လာခဲ့ရာ အရပ်ကိုသာ တဖွဖွ ချီးကျူး အားကျလျက် ထုတ်ဖော် ပြောဆိုနေကြသည် ဖြစ်ရာ အမိ မြန်မာနိုင်ငံတော်၏ ကျေးဇူး သစ္စာတော်ကို စောင့်သိ ရိုသေမည်ဆိုသော စိတ်ဓာတ်မျိုး ရှိဖို့ကား ဝေလာဝေး။ သည်ကိစ္စ များမှာ စင်စစ် မကြာလှသေးသော အချိန်ကာလ အတွင်း ဖြစ်ပျက် သွားခြင်းဖြစ်သည်။ ၉၀ ပြည့်လွန် နှစ်များမှသည် ယခု ၂၀၁၂ နှစ် ၂၀ နီးပါး ကာလအတွင်း မြန်မာပြည်က ဂုဏ်ယူရ သော၊ မန္တလေးက ဂုဏ်ယူရသော မန္တလေး၏ ယဉ်ကျေးမှု လက္ခဏာ (Cultural Identity) သည် ပျောက်လုနီးနီး ဖြစ်လာသည်။ စီးပွားရေး မှာလည်း မြို့နေလူထု အတွက် ထူးထူးခြားခြား တိုးတက်လာခြင်း မရှိသည့်အပြင် ပိုမို ယုတ်လျော့ လာသည်။ မြို့ကပင် နေရာဖယ်ပေး လာကြရသည်။ ဤကိစ္စမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ကာလများအတွင်း လူဝင်မှု ကြီးကြပ်ရေး၊ ရဲလုပ်ငန်းနှင့် ထောက်လှမ်းရေး အပါအဝင် အစိုးရအဖွဲ့အစည်း အသီးသီး၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ် လာရခြင်းဖြစ်သည် (Failure of State Institutions)။ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ အပေါ်လည်း များစွာ မှီတည်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရလဒ် အကျိုးဆက်မှာ မန္တလေးမြို့ကို နိုင်ငံခြားသား ပိုင်သွားခြင်း၊ မြန်မာ့ယဉ်ကျေးမှု ပျောက်ဆုံးခြင်းတို့ပင် ဖြစ်သည်။ ဤပြဿနာကို ကျွန်တော်တို့ ဘက်စုံထောင့်စုံက စဉ်းစား အဖြေ ရှာရပါလိမ့်မည်။ နိုင်ငံ တည်ဆောက်ရေး ဆိုသည်မှာ လိုအပ်သည့် အင်စတီကျူးရှင်း များကို ဆောက်ခြင်းပင် ဖြစ်ပေရာ ယခုကိစ္စ အတွက်လည်း အင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ ဆောက်ကြရပါ လိမ့်မည်။ တစ်ပြိုင်တည်းမှာပင် နှစ်နိုင်ငံ ချစ်ကြည်ရေးများကို ထည့်သွင်းစဉ်းစားဖို့ လိုသလို တစ်ဖက်မှာလည်း တရားမဝင် ပိုင်ဆိုင်မှု များကို ဥပဒေနှင့် အညီ ဖြေရှင်း ရပါလိမ့်မည်။ တိကျပြတ်သားသော၊ လူ့အခွင့်အရေး များကို လေးစားသော နိုင်ငံသားဖြစ်မှု ဥပဒေတစ်ရပ် ကိုလည်း ကျွန်တော်တို့ ဖော်ထုတ်ဖို့ လိုပါလိမ့်မည်။ ယဉ်ကျေးမှုပိုင်း အတွက်လည်း မန္တလေး ယဉ်ကျေးမှုများကို ထိန်းသိမ်းရန် အစိုးရပိုင်း တင်မကဘဲ အရပ်ဘက် လူ့အဖွဲ့အစည်း များကိုယ်တိုင် ကလည်း တက်ကြွစွာ ထိန်းသိမ်းသွားဖို့ လိုပါလိမ့်မည်။ သို့သော် မန္တလေးမြို့ ကိစ္စသည် ယခုလက်ငင်း ချက်ချင်း ဖြေရှင်းနိုင်မည့် ကိစ္စမဟုတ်ဘဲ အချိန်ယူ၍ ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စမျိုး ဖြစ်နေသည်။ ဤကိစ္စမှာ စီးပွားရေး အရ အရေး ကြီးသလိုပင် နိုင်ငံ့ဂုဏ်သရေ၊ အမျိုးသား ယဉ်ကျေးမှု လက္ခဏာနှင့် စပ်ဆိုင်သော ပြဿနာကြီးပင် ဖြစ် သည်။ (မြန်မာ့ယဉ်ကျေးမှု မြို့တော်ဟု တင်စားခံရသော၊ အလွန် ယဉ်ကျေး ဖွယ်ရာသည်ဟု အသိအမှတ် ပြုကြသော၊ မြန်မာမင်း နောက်ဆုံး နေပြည်တော်-မန္တလေးကား ယခု ဤသို့ ဖြစ်သွားလေပြီဟု နိုင်ငံတကာ ကပင် စုတ်သပ်ကြမည့် အခြေအနေမျိုး ရောက်မသွားဖို့ အထူး အရေးကြီး ပါသည်။) The Voice Weekly | ||
| ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ ရောက်ရှိ Posted: 21 Dec 2012 09:02 PM PST အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ကို ရောက်ရှိလာပြီး၊ မကြာမီ အချိန် အတွင်းတွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ရန်ကြီးအောင် ဘောလုံးကွင်းတွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ ယခုမိန့်ခွန်းပြောရန် ကော့သောင်းလေဆိပ်မှ မိန့်ခွန်း ပြောကြားမည့် နေရာသို့ သွားရောက် နေပြီဖြစ်ကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။ 7Day News Journal
| ||
| ဒေါ်စုကော့သောင်ခရီးစဉ် အာဏာပိုင်ကန့်သတ် Posted: 21 Dec 2012 08:57 PM PST ရွေးကောက်ပွဲ မတိုင်ခင်က မသွားဖြစ် လိုက်တဲ့ ကော့သောင်မြို့ကို ဒေါ်အောင်ဆန်း စုကြည် လေယာဉ်နဲ့ သွားမှာ ဖြစ်ပါတယ်။ ၃ နာရီ အတွင်း မြို့လူထုနဲ့ တွေ့ဆုံရာမှာ တရားဥပဒေ စိုးမိုးရေး အတွက်ပဲ ဟောပြောဖို့၊ ပါတီ စည်းရုံးရေး မလုပ်ဖို့ မြို့အာဏာပိုင်တွေက ညွှန်ကြားတယ် လို့လဲ သိရပါတယ်။ ကော့သောင်မြို့မှာတော့ ကြိုဆိုဖို့ အားတက်သရော ပြင်ဆင် နေကြပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||
| အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး Posted: 21 Dec 2012 08:40 PM PST အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အထက် လွှတ်တော် အမတ် John Kerry ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ရာထူးကို ဆက်ခံဖို့ အတွက် အမည် စာရင်း တင်သွင်း အဆိုပြု လိုက်ပါတယ်။ John Kerry ဟာ ရှေ့လာမယ့် နှစ်တွေ အတွင်း အမေရိကန် သံတမန်ရေး လုပ်ငန်းစဉ်တွေ အတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှု ဖြစ်တယ်လို့ ----- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ Posted: 21 Dec 2012 08:31 PM PST အမေရိကန် ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည်နယ်မှာ သောကြာနေ့က သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် လူ ၄ယောက် သေဆုံးပြီးတော့ ပြည်နယ် ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရ သွားခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်မြို့တော် Harrisburg မြို့ ရဲ့ မိုင်တစ်ရာ လောက်ဝေးတဲ့ Frankstown မြို့မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူ လေးယောက်ထဲမှာ သေနတ်သမားလည်း ပါဝင်ခဲ့ပြီး အရေးပေါ် အခြေအနေက ကျော်လွန် သွားပြီဖြစ်တယ်လို့ ပြောပါတယ်။ သေနတ်သမားက ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ယောက်၊ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပတ်အကြာမှာ အခုလို ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ဗွီအိုအေ (မြန်မာပိုင်း) | ||
| ကင်ညာ အကြမ်းဖက်မှု လူ အများအပြား သေဆုံး Posted: 21 Dec 2012 09:25 AM PST ကင်ညာနိုင်ငံ တောင်ပိုင်းမှာ အသစ် ထပ်မံ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် လူပေါင်း အနည်းဆုံး ၃၉ ဦး သေဆုံး သွားတယ်လို့ ကင်ညာ ရဲ တပ်ဖွဲ့က ပြောပါ တယ်။ တာနာ မြစ်ဝ ကျွန်းပေါ် ဒေသက ရွာတရွာကို ဓားတွေနဲ့ တခြား လက်နက်တွေ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| အိန္ဒိယရောက် သမ္မတဦးသိန်းစိန် ကို မြန်မာနိုင်ငံသားတွေ ဆက်လက်ဆန္ဒပြ Posted: 21 Dec 2012 09:19 AM PST အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အိန္ဒိယ-အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ ရပ်စဲပေးဖို့၊ ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေကို တောင်းပန်ဖို့နဲ့ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်ဖို့ အတွက် အဲဒီမှာရှိကြတဲ့ မြန်မာ နိုင်ငံသားတွေက ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။ လူအင်အား ၅ဝ ကျော်လောက်က ဆန္ဒပြသူတွေက သံဃာတော်တွေကို တောင်းပန်ရေး၊ လက်ပန်းတောင်းတောင်စီမံကိန်း ချက်ချင်းရပ်၊ ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ ဖမ်းခံထားရသူတွေ လွှတ်ပေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်တဲ့ ရွှေဝါရောင်ကျောင်းတိုက်ဆရာတော် ဦးပညာဇောတက RFA ကို အခုလို မိန့်ကြားပါတယ်။ ဦးသိန်းစိန်အစိုးရကို ဘာဖြစ်လို့ ဦးဇင်းတို့ ဆန္ဒပြရသလဲဆိုလို့ရှိရင် နိုဝင်ဘာ ၂၉ ရက်နေ့က လက်ပန်းတောင်းတောင်ပရောဂျက် သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာ ရက်စက်တုန်းဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို ဒီမှာလာပြောတာပါ အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ဒုတိယနေ့မှာ အိန္ဒိယသမ္မတ (Pranab Mukherjee) ပရာနက် မူခါဂျီ ကိုယ်တိုင်တက်ရောက်မှာ ဖြစ်ပါတယ်။ အစည်းအဝေးပွဲ ပထမရက်မှာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း တက်ရောက်ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အပြန်အလှန် ကူးလူးဆက်ဆံရေးတွေကို တိုးချဲ့သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ မဟာဗျူဟာ လမ်းမကြီး အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ဖို့နဲ့ အဲဒီလမ်းကို လာအိုနဲ့ ကမ္ဘောဒီယားနိုင်ငံအထိ တိုးချဲ့နိုင်ငံရေးအတွက် အဓိကထား လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့်ခွန်းမှာ ပါဝင်ပါတယ်။ နောက်ပြီး မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားကို ဖြတ်ပြီး ဗီယက်နမ်နိုင်ငံကို ဆက်သွယ်နိုင်မယ့် ဒုတိယမြောက် မဟာဗျူဟာလမ်းမကြီး ဆောက်လုပ်နိုင်ရေးအတွက်လည်း လုပ်ဆောင်သွားမယ်လို့ မန်မိုဟန်ဆင်းက ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ်တဲ့အပြင် အိန္ဒိယကလုပ်လိုတဲ့ မဟာဗျူဟာလမ်းစီမံကိန်းတွေဟာလည်း ပြည်သူပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်တဲ့အတွက် မျှော်လင့်ချက်နည်းနိုင်တယ်လို့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ ညပိုင်း အစည်အဝေးအပြီးမှာ Confederation of Indian Industry လုပ်ငန်းအဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ညစာစားပွဲ တက်ရောက်ဖို့ မွန်ဘိုင်းမြို့ကို သွားရောက်မှာဖြစ်ပါတယ်။ RFA Burmese
| ||
| လက်ပန်းတောင်းတောင်နဲ့ပတ်သက်ပြီး ကော်မတီနှစ်ရပ် ပူးတွဲကြေညာချက်ထုတ်ပြန် Posted: 21 Dec 2012 09:15 AM PST လက်ပန်းတောင်း တောင် ဒေသ ပြည်သူ့ အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး ကော်မတီနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး အထွေထွေ သပိတ် ကော်မတီ နှစ်ရပ်တို့ ပူးပေါင်းပြီး အချက် ၆ချက် ပါဝင်တဲ့ ပူးတွဲ ကြေညာချက် တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ခဲ့တဲ့အချက် ၆ ချက်နဲ့ ပတ်သတ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများ ကွန်ရက်က တာဝန်ခံ ကိုသောင်းထိုက်က RFA ကို အခုလိုပြောပါတယ်။ |
[Message clipped]
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
.jpg)


























