[mrsorcerer:36535] Fwd: OUA Australian Scholarship for Myanmar students 2013



---------- Forwarded message ----------
From: Thein Naing <t.naing1@gmail.com>
Date: Fri, Dec 21, 2012 at 3:12 AM
Subject: OUA Australian Scholarship for Myanmar students 2013
To: OUA Scholarships <oua.scholarships@gmail.com>
Cc: "Dr.Thiha Maung" <maung9369@gmail.com>, sein win <seinwinmizzima@gmail.com>, Shwe Zin <shwe104@gmail.com>, Thwel Zin <thwelzin@gmail.com>, Arjan Somkiert <somkiert.akm@gmail.com>, Kloelupho.Mongkhonphob@theirc.org, Sonny Mahinder <msonny@gmail.com>, Cho Tay Selpaplengprai <nawhsergaymoo@yahoo.com>, Than Hlaing <than.hlaing@ipex.com.au>, DGE HALL <petersmith.dge@gmail.com>, Avish Raj <avish@adrathailand.org>, Maung Maung Than <mgmgthn@yahoo.com>, Maung Than <mgmgthn@gmail.com>, Khun Seng <lhp.khunseng@gmail.com>, Nan Nilar <nnlovelynan@gmail.com>, nan khatmyint <nankhatkhatmyint@gmail.com>, Aung Khaing <akhaing858@gmail.com>, "Dr.lun swe" <doctorlunswe@gmail.com>, S'ra Albion-Lawson <s'ra.albion-lawson@open.edu.au>, zawzawhtun@dpns.org, Naing Aung <naingaung8@gmail.com>, educdc phyu <educdcphyu@gmail.com>, Mathida Pyone <thidapyone2010@gmail.com>, may lay <soelaysoelay@gmail.com>, Shwe Hnin <cdcshwehnin@gmail.com>, Anne Htun <annepomu@yahoo.com>, Kyaw Htut <kkmhtut@gmail.com>, Min Thein Kyaw <mintheinkyaw@ghre.org>, David Min Naing <greatdavid10@gmail.com>, Naing Htun <htunmeister@gmail.com>, Soe Aung <thanatpet@gmail.com>, Than Khe <kothankhe@gmail.com>, salaiyawaung@gmail.com, thiri swe <thiriswe27@gmail.com>, Duncan Maclaren <Duncan.Maclaren@acu.edu.au>, lynvasey@gmail.com, allirds@gmail.com, ponepone.burma@gmail.com, rosalyn@jrs.or.th, Niamh De Loughry <deloughn@tcd.ie>, Julie Nge Nge <julienge@gmail.com>, ဘုတ် ဘုတ် <julychithu@gmail.com>, Wai Mar Phyo <waimarphyo.mdy@gmail.com>, kk win <kkwin91@gmail.com>, la raw <larawnnye@gmail.com>, rosalie metro <rose.metro@gmail.com>, Saw Nay Htoo <meepot@yahoo.com>, nay lin tun <7.naylin@gmail.com>, nay myo <naymyoaye2008@gmail.com>, VICTORIA LEARNING CENTER <unyuntshwe3@gmail.com>, Ko Thiha <thihatrt@gmail.com>, Heith Gay <heithg@gmail.com>, Mike Bailey <mbailey.mef@gmail.com>, Patrick Kearns <youthconnect.patrick@gmail.com>, Thet Naing <yemanphyoe@gmail.com>, K'nyaw paw Nimrod <knyawpaw@yahoo.com>, Kasauh Mon <kasauhmon2003@yahoo.com>, Jadsada Kayson <kjadsada@yahoo.com>, Sai Myint Thu <saiphonelu@hotmail.com>, Maung Myat Kyaw <maungmyatkyaw2007@gmail.com>, Naing Aung <dna_freeburma@yahoo.com>, DNA <dna_freeburma@theoffice.net>, Moo Htoo <pawgay@yahoo.com>, Saya Min Lwin <hswd35@hotmail.com>, Lawma Chhangte <bernardchhangte@gmail.com>, ko blade <koblade.mm@gmail.com>, Ko Htay Hlaing <kohtayhlaing88@gmail.com>, pho cho <phochosaytanar@gmail.com>, Myint Cho <myintcho@yahoo.com.au>, Sanmya Aung <aungsanmya@gmail.com>, Nyo Min <nyo.min@gmail.com>, Moses Nyo Win win <msnyowin@gmail.com>, cppcr maesod <cppcr2002@gmail.com>, Daw Moe <dawmoe111@gmail.com>, min min <min.mn99@gmail.com>, Tun Shwe <tunaung.shwe@gmail.com>, myo min <myominburma@gmail.com>, min zay <minaungzay@gmail.com>, lu bo <lubo601@gmail.com>, Phil Charite <philocharity@gmail.com>, Zaw Zaw <007zawzaw@gmail.com>, Khin Zaw <khinzaw@gmail.com>, Saya Aung Khine <aungkhine36@gmail.com>, Winmyint Maung <winmyintmaung07@gmail.com>, mdgfocus-education@googlegroups.com, TFABurma@googlegroups.com, Dwelling Dwelling <mdwelling@gmail.com>, Khine Yin Mon Khayae <khineyinmon2010@gmail.com>, Myoe Nyunt <epicnyunt878@gmail.com>, blehwah@gmail.com, Khin Hnin Soe <khsoesoe@gmail.com>, Salai Aung <salai@migranteducationgroup.org>, burmavtc@yahoo.com, burmariversnetwork@gmail.com, Burma Partnership <info@burmapartnership.org>, Wong Aung <wongaung@gmail.com>, Wai Hnin Po <popo.ghre@gmail.com>, "Mr. Htoo Chit" <htoochit@ghre.org>, Naing Htoo <nainghtoo@earthrights.org>, Thein Naing <t.naing123@gmail.com>, tnaing2003@yahoo.com, Thein Naing <thein.naing@open.edu.au>, ဦးလှမောင်ရွှေ <hlamaung.shwe@gmail.com>


Dear colleagues, supporter and students,

Please find the attached. doc for OUA- Open Universities Australia- Myanmar Project - 2013 Scholarship application forms.
We are pleased to inform you that OUA Myanmar Project will offer scholarships for Burmese students both on Thailand Burma borders and students living inside Myanmar. Five extra scholarships are allocated for students inside Myanmar for the first time since OUA started its program in 2007.
The completed forms should be emailed to OUA Selection Team: oua.scholarships@gmail.com

Please forward the forms to suitable students, CBOs and organizations. 

Regards,

Thein Naing
Academic Support Coordinator
OUA Burma Project
Open Universities Australia

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


လက်တွဲမှုမရှိဘဲအစိုးရဘက် အင်အားသုံးမူးယစ်တိုက်ဖျက်မှု RCSS/SSA လက်မခံ

Posted: 24 Dec 2012 01:30 AM PST

သျှမ်းပြည်အရှေ့ပိုင်း ၌ဘိန်းခြံများ ဖျက်ဆီးရန် အစိုးရ၏ မူးယစ်နှိမ်နှင်းရေး အဖွဲ့က ပြင်ဆင်နေသည် ဟူသည့်သတင်းအပေါ် လက်တွဲပူးပေါင်းမှုမရှိသဖြင့် ထိုအစီအစဉ်အား သျှမ်းပြည်တပ်မတော် အနေဖြင့် လက်ခံမည်မဟုတ်မကြောင်း ပြောပါသည်။

002-2
"ကျနော်တို့ RCSS/SSA ၊ UNODC နဲ့ အစိုးရ သုံးဘက်သုံးတန်ပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်မယ်လို့ သဘောတူထားတာလေ။ အခုက အစိုးရတဘက်တည်း လုပ်မယ်ဆိုတဲ့ ကိစ္စက ကျနော်တို့လက်မခံနိုင်ဘူး" - RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောပါသည်။

ယခုဘိန်းစိုက်ရာသီ၌ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း ဘိန်းခြံများအား အစိုးရ မူးယစ်နှိမ်နှင်းရေး တပ်ဖွဲ့က မြန်မာစစ်တပ်လုံခြုံရေးဖြင့် ဘိန်းခင်းများအားဖျက်ဆီးမည်ဟုသတင်းထွက်ပေါ်နေကြောင်း၊ မြန်မာ စစ်တပ်က ဘိန်းခင်းအကြောင်းပြပြီး အင်အားတိုးချမည်ကို သျှမ်းပြည်တပ်မတော်အနေဖြင့်မလိုလားကြောင်း ပြောပါသည်။

"ဘိန်းခြံဖျက်မယ်ဆိုရင် လူထုကို ဘိန်းအစားထိုးဖို့ အရင်းအနှီးပေးရမယ်။ သင်တန်းတွေပေးရမယ်။ ဒါတွေ မလုပ်တဲ့အပြင် အောက်တိုဘာလ တာချီလိတ်သဘောတူညီချက်အရ RCSS/SSA ၊ UNODC နဲ့ အစိုးရတို့ မူးယစ်ဆေးဝါးတွေကို လက်တွဲတိုက်ဖျက်မယ်ဆိုတာကို ဖေါက်ဖျက်ပြီး အစိုးရတဖွဲ့တည်းနဲ့ လုပ်သွားမယ့် ကိစ္စကျနော်တို့က လက်ခံမှာမဟုတ်ဘူး။ အင်နဲ့အားနဲ့ဝင်လာရင်တော့ ပြဿနာဖြစ်မှာသေချာတယ်" - ဟု RCSS/ SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကဆက်၍ပြောပြပါသည်။

အောက်တိုဘာ ၂၇-၂၈ ရက် ၂၀၁၂ ၌ RCSS/SSA ၊ UNODC နှင့် အစိုးရတို့ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မြို့၌ တွေ့ဆုံစဉ်ကလည်း မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းတွင် လုံခြုံရေးယူပေးရန်အတွက် ပူပေါင်းတပ်ဖွဲ့တွင် RCSS/SSA ပါဝင်ရန် အဆိုပြုချက်ကို အစိုးရက လက်ခြင်းမရှိသေးဟုဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရန် UNODC  ကမကထပြုမှုဖြင့် တာချီလိတ်မြို့ ဆွေးနွေးပွေဲတွင် အစိုးရနှင့် RCSS/SSA တို့ သဘောတူညီချက် ၉ ချက်ချမှတ်ခဲ့သော်လည်း ယနေ့တိုင် လက်တွဲအကောင်အထည်ဖေါ်ခြင်း လုံးဝ မရှိသေးပါ။ ဆက်စပ်သတင်းအား ဖတ်ရှုရန် http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3603-unodc--rcss------.html

နမ္မတူမြို့နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လူမှုရပ်ရွာအဖွဲ့အစည်းထပ်ပေါ်

Posted: 24 Dec 2012 01:30 AM PST

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မူးယစ်ဆေးဝါးပေါများမှု၊ လူထုအကျင့်စာရိတ္တပျက်ပျားမှုအား ကာကွယ်ရန် အတွက် ဒေသခံ ကျေးရွာအုပ်စု ၄ ခုမှ ရပ်မိရပ်ဖများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ စုပေါင်းဖွဲ့စည်းလိုက်သည်ဟု သိရသည်။
001-1
"စနေနေ့က ကျနော်တို့ ၄ အုပ်စု ထဲက ရပ်မိရပ်ဖ နဲ့ လူငယ် ၅၆ ယောက် တွေ့ဆုံဆွေးနွေးတယ်။ ၄ ယောက်က တက်ရောက် လေ့လာတယ်။ ကျန်တာ အဖွဲ့ဝင်ဖြစ်လက်ခံပြီး မူးယစ်သတင်းရရင် လက်တွဲတိုက် ဖျက်ဖို့ သဘောတူ ကြတယ်။" -ဟု ပါဝင်လှုပ်ရှားသူ လူငယ်စိုင်းခေးယဉ် က ပြောပါသည်။

နမ္မတူမြို့နယ်တွင် မူးယစ်ဆေးဝါး ဘိန်းဖြူ၊ ရာဘများအလွန်ပေါများပြီး ဒေသခံများ မူးယစ်ဆေးသုံးစွဲသူ တနေ့ တခြား ပိုမိုများပြားလာနေကြောင်း၊ သာရေးနာရေးအခမ်းအနား၌ပင် မူးယစ်ဆေး မပါမပြီးဖြစ် နေကြောင်း၊ လူထုစာရိတ္တ တရက်တခြားပိုမိုပျက်ပြားလာနေသောကြောင့် - စာရိတ္တပြုပြင်ပေးရန်စေတနာ ဖြင့် တာဝန်သိလူထုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတဦးကပြော ပါသည်။  

"ကျနော်တို့ အဖွဲ့ထဲမှာ ထက်ဝက်ကျော်က အမျိုးသမီးတွေဘဲ။ သူတို့က ပိုတက်ကြွတယ်။ သူတို့ လင်၊ သား၊ ဖခင်တွေ က မူးယစ်ဆေးဝါး သုံးစွဲနေလို့လေ။ နောက်တခုကလဲလက်လီရောင်းသူ အများစုကလဲမိန်းကလေး တွေဘဲ။ အဲဒါကြောင့် အမျိုးသမီးအင်အားကပိုအရေးကြီးနေတယ်" - ဟု မိုင်းယင်ရပ်ဖ စိုင်းညွှန့်ဖေကပြော ပါသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသတင်းရလျှင်ရခြင်း အဖွဲ့ဝင်များက အမြန်ဆုံးလူစုပြီး အင်အားဖြင့် ဖမ်းဆီး မှုပြုလုပ် မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးလက်ဝယ်ရှိသူ၊ ရောင်းဝယ်ဖေါက်ကားသူများအား ဖမ်းဆီးရမိပါက - ပထမ အကြိမ် ဗြုန်းသဲ ၅ ကျင်း(တကျင်းလျှင် အလျား/အနံ ၁၀ ပေ အမြင့် ၁ ပေ)၊ ဒုတိယ အကြိမ် ဗြုန်းသဲ ၁၅ ကျင်း၊ တတိယ အကြိမ်တွင်မူ အိမ်ခြံ နှင့် ပိုင်ဆိုင်မှုပစ္စည်းများအား ရပ်ရွာဘုံပိုင်အဖြစ် သိမ်းယူမည်ဖြစ် ကြောင်း၊ မူယစ်သုံးစွဲသူများအတွက်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းဖွင့်လှစ်ပေးနိုင်အောင် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ ငွေရေးကြေး ရေး ထောက်ပံ့သူ နောက်ခံပြုသူအား မည်သို့ပြုမူပြစ်ဒဏ်ပေးမည် ဆိုသည်ကိုတော့ မကြေငြာသေးဘဲလုံခြုံ ရေးအရ ထိန်ချန်ထားဦးမည်ဖြစ်ကြောင်း ပြောပါသည်။

"ကျနော်တို့ မိုင်းယင် ဘက်မှာလေ ရဲလဲ မရှိဘူး၊ စစ်တပ်စခန်းလဲမရှိဘူး။ နယ်လှည့်လာတာတွေဘဲရှိတယ်။ အာဏာပိုင် တွေကိုစောင့်နေလို့ဘဲ မဖြစ်တော့ဘူး။ ကိုယ့်အားကို မကိုးရင်မရတော့ဘူးလေ။ တခြားဒေသ ဘက်လဲ စလုပ်လာနေတယ်လို့ ရေဒီယိုမှာ သတင်းတွေမှာ ကြားနေရ ဖတ်နေရလို့ ကျနော်တို့လဲ ခွန်အား ရတာပေါ့။ ကိုယ့်ဒေသ ကောင်းကျိုးဖို့ဘဲ။ ရလာတဲ့ ဗြုန်းသဲ (တောင်သဲ) တွေလဲ လမ်းခင်းမယ်လေ။ ကျနော် တို့ ဒေသမှာ မိုးရာသီဆို ဆိုင်ကယ်၊ ကား လုံးဝ သွားလာလို့မရဘူး" - ဟု စိုင်းခေးယဉ်က ဆက်ပြောပြပါ သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပါဝင်ဖွဲ့စည်းသည့် ကျေးရွာအုပ်စုများမှာ ဖါဆွမ်၊ ဝိန်းနန်၊ ဆာလုံ နှင့် မိုင်းယင်အုပ် စုတို့မှ ကျေးရွာ ၂၅ ရွာက ရပ်မိရပ်ဖများ လူငယ်များဖြစ်ကြကြောင်း ကြားသိရပါသည်။ အဆို ပါကျေးရွာများသည် နမ္မတူမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင် ခန့် ဝေးသောကျေးရွာများဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်းတွင် မူစယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ် ဒေသ၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ နှင့် ယခု နမ္မတူမြို့နယ် မိုင်းယင် ဒေသတို့မှ ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များသည် ယခုနှစ်အတွင်း ပေါ်ပေါက်လာသော ကိုယ့်အားကိုယ်ကိုးအဖွဲ့အစည်းများဖြစ်ကြသည်။

"အစိုးရအဖွဲ့အစည်းပဲမဟုတ်ဘူး၊ မည်သည့်ဒေသခံအဖွဲ့အစည်းမျိုးမဆို ကျနော်တို့က လက်တွဲပြီး မူးယစ် ဆေးဝါးပူးပေါင်းတိုက်ဖျက်ဖို့ အမြဲ အဆင်သင့်ဘဲ။ လိုအပ်တဲ့ အကူအညီ ပံ့ပိုးမှုတွေလဲ ပေးသွားပါ့မယ်" – ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

ဦးသိန်းစိန်အစိုးရ၏ မူးယစ်ဆေးဝါးဆန့်ကျင်တားဆီးရေးဆိုင် အမိန့်ကြောငြာစာ ၁၇/၂၀၁၁ အရ နိုင်ငံ တော်အကြီးအကဲ အဆင့်မှ ရပ်ကွက်ကျေးရွာအုပ်စု အဆင့်အထိ မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်ရန် အဖွဲ့ အစည်း ဖွဲ့စည်းပိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်ကြေငြာထားဖူးပါသည်။

သို့ သျှမ်းသံတော်ဆင့်မှတဆင့် သက်ဆိုင်ရာ သျှမ်းပြည်ဝန်းကြီးချုပ် နှင့် ဝန်ကြီးများသိရှိစေရန်။

Posted: 24 Dec 2012 01:29 AM PST


student
မူစယ်မြို့၊ ငွေဆင်အိမ်ရာ ၀င်းအတွင်း ပန်ဆေးပြည်သူစစ် ဒုတိယခေါင်းဆောင်း ဦးဟန်ဝင်းဦးဆောင်ပြီး ၎င်း၏သား အားကွမ်း(ခ)မောင်းခိုင်မှ ကြီးကြပ်သော လောင်းကစားဝိုင်းများ ( သျှမ်းကိုးမီး၊ ပေကျားလော့ နှစ်ချပ်ဖဲ၊ ဂျင်ဝိုင်းများ) ကြီးကျယ်ခန်းနာစွာဖြင့် လုပ်ဆောင်နေပါသည်။ သမ္မတကြီး ဦးသိန်းစိန် ချမှတ် ထားသောမူဝါဒအရ လောင်းကစားဝိုင်းများ ပပျောက်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ မူယစ်ဆေးဝါး ပပျောက်ရေး ဟူ၍မူဝါဒကိုပြဋ္ဌာန်ထားသည်။ လောင်းကစားဝိုင်းများရှိခြင်းကြောင့် မူစယ်မြို့တွင် တခိုး၊ ဓါးပြများသောင်းကျန်နေပါသည်။ မူစယ်မြို့တွင်းရှိ သက်ဆိုင်ရာအကြီးအကဲများ နှင့် ဌာနဆိုင်းရာအကြီး အကဲများလည်း ဘာမှပြင်မပြောရဲကြပါ။ ဌာနဆိုင်းရာ အကြီးအကဲများ လဒ်စားမူကြောင့် ထင်ရှားပါသည်။ လောင်းကစားဝိုင်းများကြောင့် အိုးအိမ်၊ စည်းဇိမ်၊ လင်းမယာကွဲ၊ ပြသာနပေါင်းများစွာ ဖြစ်ပေါ်နေပါသည်။ သျှမ်းပြည်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ သျှမ်းပြည်နယ်ဆိုင်ရာလူကြီးများထံသို့ ဓါတ်ပုံနှင့်တကွ တင်ပြလိုက် ပါသည်။

မူစယ်မြို့ခံသူ တစ်ဦး( စိုင်းပန်ဖ)

[New post] ကာတွန်းကူမိုးကြိုး – တိုင်းပြည်ဂျောက်ထဲ ကျမှာစိုးလို့ မီးတင်ရှို့ပစ်ခဲ့တယ်

admin posted: " ကာတွန်းကူမိုးကြိုး - တိုင်းပြည်ဂျောက်ထဲ ကျမှာစိုးလို့ မီးတင်ရှို့ပစ်ခဲ့တယ် (စစ်တပိုင်�"

[New post] ဂလိုဘယ် စည်း (Kan Tun Thit)

admin posted: " ဂလိုဘယ် စည်း ကံထွန်းသစ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၂ (လွန်ခဲ့သည့် ၉  နှစ်က စာမူ ပြန်လည်ဆန်းသစ်ခြင်း) ကား�"

[New post] ကာတွန်းမောင်ရစ် – ဒို့ဗိုလ်ချုပ်က မှာခဲ့တယ်

admin posted: "   ကာတွန်းမောင်ရစ် - ဒို့ဗိုလ်ချုပ်က မှာခဲ့တယ် ဒီဇင်ဘာ ၂၅၊ ၂၀၁၂ "

[mrsorcerer:36533] Fwd: [လူဗိုလ်ဟူသည် ...] ကျောက်မီးသွေးဆိုတာ ဂျိုနဲ့လားကွယ့်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/24
Subject: [လူဗိုလ်ဟူသည် ...] ကျောက်မီးသွေးဆိုတာ ဂျိုနဲ့လားကွယ့်
To: lubo601@gmail.com



by ကို သာ ပို on Monday, December 24, 2012 at 9:13am 


မြန်မာနိုင်ငံမှာ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်တော့မှာနဲ့ ပတ်သက်ပြီးတော့ ဟိုအသံဒီအသံတွေ ကြားနေရလို့ အသုံးဝင်လို့ ဝင်ငြား ဒီစာကိုရေးပါတယ်။

ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံဆိုတာ ပြောရရင်တော့ မြန်မာပြည်နဲ့ မစိမ်းပါဘူး။ လောလောလတ်လတ် လည်ပတ်နေတဲ့ တီကျစ်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံလဲ တည်ရှိနေပါသေးတယ်။ ပြောရရင်တော့ ဒီလိုစက်ရုံတွေကြောင့် ဘာတွေဆိုးကျိုးတွေ ဖြစ်နိုင်တယ်၊
ဒီဆိုးကျိုးတွေ ဖြစ်မလာအောင် ဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီးတော့ ကာကွယ်ရမယ်၊ တည်ဆောက်ရမယ် ဆိုတာတွေကို လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။

လူအတော်များများက ကျောက်မီးသွေးဆိုတာနဲ့ မီးခိုးတွေအများကြီးထွက်မယ် ပတ်ဝန်းကျင်ညစ်ညမ်းမယ်၊ လေထုညစ်ညမ်းမယ် သဘာဝပတ်ဝန်းကျင် ထိခိုက်မယ်ဆိုပြီးတော့ ပြေးမြင်တတ်ကြပါတယ်။ အမှန်ပါပဲ ကျောက်မီးသွေးကို မီးရှိုလိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာယလဖာဒိုင်အောက်ဆိုဒ်၊ ကတ္တရာနဲ့ တခြာအဆိပ်အတောက် ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့တွေ ထွက်လာတတ်ပါတယ်။ ဖန်လုံအိမ်အာနီသင် ဖြစ်စေတဲ့ ဓါတ်ငွေ့တွေ၊ အက်ဆစ်မိုးတွေနဲ့ လေထုညစ်ညမ်းတာတွေ ဖြစ်စေနိုင်တာတွေ အများကြီးပါ။


ဒါတွေဟာ ဘာတွေဖြစ်နိုင်မလဲ ဆိုတာနဲ့ ဘယ်လိုကာကွယ်ရင် ရမလဲဆိုတာတွေကိုလဲ လက်လှမ်းမီသလောက် လေ့လာထားသင့်တယ် ထင်မိပါတယ်။ ဒါမှသာ တကယ်တမ်း  ပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေ တည်ဆောက်ကြတဲ့အခါ လိုအပ်တဲ့ နည်းစနစ်တွေသုံးကြရဲ့လား၊ စနစ်ကျနစွာ အသုံးပြုခြင်း ရှိမရှိကို စူးစမ်းနိုင်မယ် ထင်မိပါတယ်။ ထွက်နိုင်တဲ့ အဆိပ်ဓါတ်ငွေ့တွေနဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။ အခုပြောချင်တာကတော့ ဒီဆိုးကျိုးတွေထဲက ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ သူ့ကို ဘယ်လိုသန့်စင်လို့ ရတယ်ဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ကျောက်မီးသွေးနဲ့ ရေနံတို့လို ရုပ်ကြွင်းလောင်စာတွေဟာ ဆာလဖာဓါတ်တွေ ပေါများစွာပါဝင်နေလေ့ ရှိကြပါတယ်။ ကောင်းမွန်စွာ သန့်စင်ထားခြင်း မရှိတဲ့ ရုပ်ကြွင်းလောင်စာတွေဟာ လောက်ကျွမ်းရာမှာ ဆာလဖာဒိုင်အောက်ဆိုဒ်ဆိုတဲ့ အဆိပ်ဓါတ်ငွေ့တွေကို လေထုထဲ ထုတ်လွှတ်တတ်ကြပါတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ်ဟာ အဆိပ်ဓါတ်ငွေ့တစ်မျိုး ဖြစ်ပြီးတော့ လေထုညစ်ညမ်းမှုကို များစွာဖြစ်စေတဲ့ ဓါတ်ငွေ့ဖြစ်ပါတယ်။ လေထုထဲမှာ ရှိနေတဲ့ ဆာလဖာဒိုင် အောက်ဆိုဒ်တွေဟာ ရေခိုးရေငွေ့တွေနဲ့ ရောနှောပြီးတော့ အက်ဆစ်မိုးအဖြစ်လဲ ရွာကျတတ်ပါသေးတယ်။

ဒီတော့ ကျောက်မီးသွေးသုံး စက်ရုံတွေ၊ ဓါတ်အားပေး စက်ရုံတွေမှာ လေထုထဲကို မီးခိုးတွေ မထုတ်လွှတ်ခင် သန့်စင်နိုင်ဖို့ အဓိက လိုအပ်ပါတယ်။ ကျောက်မီးသွေးတို့လို လောင်စာတွေ မီးရှိုရာကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေတွေကနေ ဆာလဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို ဖယ်ရှားတဲ့ နည်းလမ်းကို Flue-gas desulfurization (FGD) လို့ ခေါ်ပါတယ်။ အဓိကအားဖြင့် FGD မှာ

  1. Wet Limestone FGD
  2. Seawater FGD ဆိုပြီးတော့ နည်းလမ်းတွေ ရှိပါတယ်။

ဒီထဲက Seawater SGD လို့ခေါ်တဲ့ ပင်လယ်ရေကို အသုံးပြုပြီးတော့ သန့်စင်နည်းဆိုတာက ပင်လယ်ရေမှာရှိနေတဲ့ သဘာဝ PH7 တန်ဖိုးကို သုံးပြီးတော့ ဆာလဖာဒိုင်အောက်ဆိုဒ်ကို သန့်စင်တာပါ။ ပင်လယ်ရေ အလွယ်တကူ ရရှိနိုင်တဲ့ ဒေသတွေမှာ ဒီနည်းကို အသုံးပြုသင့်ပါတယ်။

ပထမဦးစွာ ပင်လယ်ရေတွေကို သိုလှောင်မယ့် ကန်ထဲကို ပန့်တွေနဲ့ စုတ်တင်ပြီးတော့ အောက်ဆီဒေးရှင်းဖြစ်အောင် Air-Blower တွေနဲ့ လေမှုတ်သွင်းထားရပါမယ်။ နောက်တော့ သန့်စင်မယ့် Sump ထဲကိုခုနက ပင်လယ်ရေတွေကို မောင်းသွင်းရပါမယ်။ ကျောက်မီးသွေးတွေ မီးရှိုလို့ ထွက်လာမယ့် မီးခိုးတွေကိုလဲ Sump ထဲကို မှုတ်သွင်းပေးရပါမယ်။ အဲ့ဒိအပေါ်ကမှ ခုနက ပင်လယ်ရေတွေကို ရေပန်းနဲ့ ဖြန်းပေးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှ မီးခိုးတွေထဲမှာ ပါဝင်တဲ့ SO2 ဆာလဖာဒိုင်အောက်ဆိုဒ်တွေဟာ  ဆာလဖိတ်ပျော်ရည်အဖြစ်နဲ့ ပင်လယ်ထဲကို ရောက်ရှိသွားမှာပါ။ ပင်လယ်ရေထဲမှာ ပင်လယ်ရေထဲမှာ သဘာဝအလျောက် ရှိနေတဲ့ ဆာလဖိတ်ပျော်ရည်နဲ့ အတူတူပါပဲ။ ဆာလဖိတ်ဓါတ်များတဲ့ ပင်လယ်ရေတွေကို ပင်လယ်ထဲ ပြန်လွှတ်ပေးခြင်းဖြင့် ပြန်လည်ရောနှောပြီးတော့ သဘာဝအတိုင်း ပြန်ဖြစ်သွားမှာပါ။ ဒီနည်းအသုံးပြုတဲ့ အနီးတဝိုက်က ပင်လယ်ရေကိုတော့ ဆာလဖိတ်ပျော်ရည် ပါဝင်မှုနှုန်း အမြဲတိုင်းတာနေဖို့ လိုအပ်မယ်တော့ ထင်မိပါတယ်။


ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေမှာ အအေးခံဖို့ ပင်လယ်ရေကို အသုံးပြုကြသေးတာ ဖြစ်တဲ့အတွက် ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ဒေသတွေမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်တာဟာ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ အနေအထားဖြစ်ပါတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ်တွေ လေထုထဲ ရောက်မသွားဖို့ သန့်စင်ရာမှာလဲ အကုန်အကျအနည်းငယ်နဲ့ ထိရောက်စေနိုင်ပါတယ်။


နောက်တစ်နည်းဖြစ်တဲ့ Wet Limestone FGD ကတော့ ထုံးကျောက်တွေကို အသုံးပြုပြီးတော့ သန့်စင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ထုံးကျောက်တွေကို အမှုန့်ဖြစ်အောင် ကြိတ်ခွဲပြီး ထုံးကျောက်ပျော်ရည်တွေ ရအောင် ပထမဦးစွာ စီမံထားရပါတယ်။ ရလာတဲ့ ထုံးကျောက် ပျော်ရည်တွေကို Sump ထဲကို မောင်းသွင်းပြီးတော့ ကျောက်မီးသွေးတွေ မီးရှိုရာက ထွက်လာတဲ့ မီးခိုးတွေကိုလဲ Sump ထဲ မှုတ်သွင်းရပါမယ်။ အဲ့ဒိအပေါ်ကမှ ခုနက ထုံးကျောက်ပျော်ရည်တွေကို Spray တွေနဲ့ ဖြန်းပေးရတာ ဖြစ်ပါတယ်။

CaCO3 ဒါမှမဟုတ် CaO ဆိုတဲ့ ထုံကျောက်တွေနဲ့ SO2 ခေါ်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်တွေ ဓါတ်ပြုတဲ့အခါမှာ CaSO3 ခေါ်တဲ့ ကယိလစီယမ် ဆာလဖိုက်တွေ Sump အောက်ခြေမှာ အနယ်ကျပြီး ထွက်လာပါတယ်။ ဒီနည်းနဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို ဖယ်ရှားတာ ဖြစ်ပါတယ်။


အနယ်ကျနေတဲ့ CaSO3 ကို အောက်ဆီဂျင်နဲ့ ဓါတ်ပြုအောင် အောက်ခြေကနေ လေကို Blower တွေနဲ့ မှုတ်သွင်းပေးလိုက်တဲ့အခါမှာ ရောင်းတန်းဝင် မြေဖြူခေါ်တဲ့ (Gypsum, CaSO4) ကို ရရှိနိုင်ပါသေးတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေဟာ အစိုနည်းလို့ခေါ်တဲ့ ရေပါတဲ့နည်းလမ်းတွေ ဖြစ်တဲ့အတွက် မီးခိုးတွေ ပြန်လည်ထွက်မယ့် ခေါင်းတိုင်မှာ ရေစစ်စကာတွေ တပ်ထားပေးဖို့ လိုအပ်ပါသေးတယ်။

ပြီးတော့ ဒီနည်းလမ်းတွေဟာ မီးခိုးတွေထဲမှာ ပါဝင်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်ကို ၉၅%အထက် သန့်စင်ဖယ်ရှားပေးနိုင်ပါတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ်အပြင် Hydrogen Chloride(HCL), Hydrogen Fluoride (HF) တို့လို အက်ဆစ်ဓါတ်ရှိတဲ့ အရာတွေကိုလဲ ဖယ်ရှားပေးနိုင်ပါသေးတယ်။

ဒါတွေအပြင်
  • Circulating Fluidised Bed (CFB) လို့ခေါ်တဲ့ Dry Flue Gas Desulphurisation၊
  • Wet sulfuric acid process လို့ခေါ်တဲ့ ဆာလဖြူရစ် အက်ဆစ်ထုတ်ယူနဲ့နည်းလမ်း။
  • SNOX Flue gas desulfurization လို့ခေါ်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ နိုင်ထရိုဂျင်အောက်ဆိုဒ်ကို တပြိုင်နက်တည်း သန့်စင်တဲ့နည်းလမ်းတို့လို
တခြားနည်းလမ်းများလဲ ရှိပါသေးတယ်။

ဒါတွေက သန့်စင်တဲ့ နည်းစနစ် ရှုပ်ထွေးတဲ့အပြင် ဈေးလဲကြီးတာကြောင့် အသုံးပြုမှု နည်းပါးခက်ခဲတဲ့ နည်းလမ်းတွေ ဖြစ်ကြပါတယ်။

တကယ်တော့ ကျောက်မီးသွေး လောက်ကျွမ်းရာက ထွက်လာတဲ့ ဓါတ်ငွေ့တွေထဲက ဆာလဖာဒိုင်အောက်ဆိုဒ်တင်မကပဲ ပြာတွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုင်ထရိုဂျင်အောက်ဆိုဒ်နဲ့ တခြား အဆိပ်အတောက် ပစ္စည်းတွေကပိုလဲ ဖယ်ရှားပြီးမှ လေထုထဲကို ထုတ်လွှင့်သင့်တာပါ။

ကျန်တာတွေကိုလဲ နောက်များ အလျဉ်းသင့်ရင် ဆက်ရေးပါဦးမယ်။

Luminox
25.12.2012
Unlike · 


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/25/2012 12:24:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36532] Fwd: [လူဗိုလ်ဟူသည် ...] . . . . . . ..ပြောပြချင်ပါတယ် (၁၀)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/24
Subject: [လူဗိုလ်ဟူသည် ...] . . . . . . ..ပြောပြချင်ပါတယ် (၁၀)
To: lubo601@gmail.com



by ငရဲ သား on Monday, December 24, 2012 at 12:09am 


EMG Website တွင် ဖော်ပြထားသော ...။ ဒေါက်တာသန်းထွဋ်အောင်၏ ၂၀၁၂ အတွင်းရှိ မြန်မာနိုင်ငံ စစ်ရေး၊ နိုင်ငံရေးနှင့် ပေါ်လစီတို့အား ခြုံငုံသုံးသပ်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်..။ 
ဒီတစ်ခါရေးတဲ့ ဆောင်းပါးကတော့ ဒီနှစ်ထဲမှာရေးတဲ့ နောက်ဆုံးဆောင်းပါးပဲ ဖြစ်ပါလိမ့်မယ်။ ၂၀၁၂ အစတုန်းကတော့ ကျွန်တော်တို့နိုင်ငံက အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး အတော်အားရမိပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား  ပြေလည်မှုတွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအတွင်း ၀င်ရောက်မှုတွေ၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှု၊ Sanction ရုပ်သိမ်းဖို့ အလားအလာတွေနဲ့ အားတက်စရာပါပဲ။ ဒါကြောင့် Nation သတင်းစာအင်တာဗျူးမှာ Amazing Changes in Myanmar လို့ ပြောလိုက်မိပါတယ်။

(၁)

ဒါပေမယ့် ဘယ်လောက်ပဲ မြန်မာနိုင်ငံ အပြောင်းအလဲက မြန်ဆန်၊တည်ငြိမ်၊ထောက်ခံမှုတွေရရ၊ဘယ်လောက် တိုးတက်မှုတွေ ရနေရနေ ကျွန်တော်တို့နိုင်ငံမှာ နောက်ပြန်သွားနိုင်တဲ့ အချက်တွေရှိနေတုန်းပဲလို့ ၂၃-၅-၂၀၁၂ ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ''ပြောပြချင်ပါ တယ်'' အမှတ်(၁)ဆောင်းပါးမှာ ကျွန်တော်စတင် ထောက်ပြခဲ့ပါတယ်။ အကြောင်းအရင်း(၃)ချက် ရှိတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ အဲ ဒီတုန်းကတော့ တိုင်းပြည်က ဒီလိုရှုပ်ထွေးမနေပါဘူး။ ကျွန်တော်ပြောပြီး ဇွန်လမှာပဲ ရခိုင်ပြည်နယ်ပြဿနာ ဖြစ်ပါတယ်။ တောင်ကုတ်အကြမ်းဖက် လူသတ်မှုဟာ ပြဿနာရဲ့မီးပွားဖြစ်ပြီး အဲဒီနောက်မှာ မောင်တောမှာ လူမျိုးရေးပြဿနာဖြစ်တာပါ။ အဲဒီကမှ စစ်တွေကိုပျံ့နှံ့သွားတာပါ။ ပြဿနာရဲ့အစ တောင်ကုတ်စုံစမ်းရေးကော်မရှင် အစီရင်ခံစာလည်း လူသိရှင်ကြား ထွက်မလာတာကတော့ အစိုးရက ဖြေရဦးမယ့် မေးခွန်းဖြစ်ပါတယ်။ အဲဒီကမှ နိုင်ငံတကာမီဒီယာတွေနဲ့ ဧရာဝတီအစရှိတဲ့ Exile Media တွေက မရှိတဲ့ ရိုဟင်ဂျာကို ပြဿနာအဖြစ် ပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဲဒီကမှ နိုင်ငံတကာ ပြဿနာအဖြစ် တွန်းပို့ခဲ့ကြတာပဲ ဖြစ်ပါတယ်။


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ဇွန်လ ၂၀ ရက်နေ့က အလွတ်သဘော တွေ့ဆုံစဉ်၌ နှစ်ဖက်တပ်များ နေရာယူထားမှုအား မြေပုံပေါ်၌ ကြည့်ရှုနေစဉ်

(၂)

တိုင်းရင်းသားလူမျိုးများအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေးပြဿနာဟာ နောက်ပြန်လှည့်သွားနိုင်တဲ့ အဓိကပြဿနာဖြစ်ပြီး အစိုးရက ပုံဖော် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အဓိကပြဿနာဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို မဖော်ဆောင်နိုင်ရင်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး။ အစိုးရနဲ့ တပ်မတော်ကြားမှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟာ  ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာ တပ်ပိုင်းဆိုင်ရာ၊ စစ်ရေးပိုင်းဆိုင်ရာမှာ အကြွင်းမဲ့အာဏာလွှမ်းမိုးမှု မရှိပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဓိကကျတဲ့ စစ်တပ်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုမူကို လက်ခံ၊ မခံဆိုတာဟာ နောက်ပြန်သွား၊မသွားကို အဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ကချင်နဲ့ဖြစ်တဲ့ စစ်ပွဲမှာ KIO က တောင်းဆိုတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တစ်နည်း ဖက်ဒရယ်ပြည်ထောင်စုမူကို ကျွန်တော် ထောက်ခံပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေး မလုပ်တာကိုတော့ KIA ကို ကျွန်တော် မထောက်ခံနိုင်ပါဘူး။ စစ်ပွဲတွေရှိရင် စစ်တပ်တွေ တန်ခိုးသြဇာတက်မယ်၊ စစ်အာဏာရှင်စနစ် အသက်ဝင်မယ်၊ ပြည်သူတွေ ဒုက္ခရောက်မယ်။ ရရှိတဲ့ သတင်းအချက်အလက်တွေအရ ကချင်ပြည်နယ်မှာ စစ်ပွဲရပ်ဖို့အတွက် တာဝန်ရှိတာ အစိုးရနဲ့မြန်မာ့တပ်မ တော်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးရဖို့ သမ္မတကြီးတစ်ဦးတည်းကိုပဲ ဖိအားပေးဖို့မဖြစ်သင့်ပါဘူး။

ဒါ့အပြင် Online တွေမှာ ကချင်လူမျိုးအချို့ရဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒကို အခြေခံပြီး ဗမာလူမျိုးတွေကို လူမျိုးကြီးဝါဒ ကျင့်သုံးတယ်ဆိုပြီး ဗမာတွေနဲ့ အခြားတိုင်းရင်းသားတွေအကြား ရန်တိုက်ပေးတာဟာ ပြဿနာရှိပါတယ်။ ဒါ့အပြင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပါ လူလိမ်လူညာအဖြစ် ပုံဖော်ရေးသားမှုတွေရှိတာကို လက်မခံနိုင်ပါဘူး။ ဒါတွေအတွက်တော့ ရှင်းလင်းရပါလိမ့်မယ်။ တကယ်တော့ ကချင်ပြည်နယ်မှာ တောင်တန်းတွေမှာ ဂျိမ်းဖော၊ ကချင်တွေနေပြီး မြေပြန့်မှာ ရှမ်း၊ ဗမာတွေနေတာ နှစ်ပေါင်းရာထောင်ချီနေပါပြီ။ ကျွန်တော့်ရဲ့ဘိုးဘွားတွေကလည်း ကချင်ဒေသခံ ရှမ်းဗမာတွေပါ။ မြန်မာနိုင်ငံဟာ ဗမာလူမျိုးတွေချည်းပဲ ပိုင်တာမဟုတ်သလို။ ကချင်ပြည်နယ်ဟာလည်း ကချင်လူမျိုးတွေနဲ့ချည်း သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ စစ်တိုက်ကောင်းတဲ့ ဗမာ၊ ကချင်၊ ကရင် တွေရဲ့ ပြဿနာရှေ့တန်းရောက်ပြီး စစ်တိုက်မကောင်းတဲ့ ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းတွေ နောက်တန်းရောက်နေတာလားလို့တောင် စဉ်းစားမိတဲ့အထိ စစ်ပွဲတွေ၊ စစ်ဘုရင်တွေဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနေတယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံစစ်စစ် တည်ထောင်ချင်ရင် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ထောင်ချင်ရင် စစ်ပွဲတွေ အရင်ရပ်ရပါမယ်။

(၃)

ကျွန်တော်နဲ့သိတဲ့ ကချင်လူမျိုးတွေနဲ့ ပတ်သက်တဲ့သူတွေကို KIA အနေနဲ့ အပစ်အခတ်ရပ်သင့်တဲ့အ ကြောင်း ကျွန်တော်အမြဲပြောတော့ သူတို့က ကျွန်တော့်ကို အမြဲပြန်ပြောပါတယ်။ ကျွန်တော်တို့ အလိမ်ခံခဲ့ရတာ ခဏခဏရှိပါပြီ။ ခင်ဗျားဘယ်လို အာမခံမှာလဲလို့ မေးပါတယ်။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ ကိုယ့်ဘ၀ကိုယ်တောင် ကိုယ်အာမ မခံနိုင်ပါဘူး။ တကယ်လို့ နောက်ပြန်လှည့်ပြီဆိုရင် ဘယ်အပေါက်ကနေ ပြေးရမလဲဆိုတာတောင် ကျွန်တော့်ကိုယ်ကျွန်တော် မတွက်ချက်ရသေးပါဘူး၊အလိမ်ခံရတာတွေ၊မယုံကြည်တာတွေ ဘေးမှာထားပြီး ကျွန်တော်တို့ ယုံကြည်တာတွေဖြစ်လာဖို့ ကြိုးစားရပါမယ်။ကချင်ပြည်နယ်အတွင်း  စစ်ပွဲတွေ ဆက်ဖြစ်နေတာဟာ မြန်မာ့ဒီမိုကရေစီအတွက်ရော၊ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးအတွက်ပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီတော့ စစ်ပွဲရပ်ဖို့အတွက် ဒီမိုကရေစီလိုလားသူတွေ၊ပြည်ထောင်စုစစ်စစ် လိုလားသူတွေ လုပ်ရပါမယ်။

တကယ်တော့ ၂၁ ရာစုမှာ ကမ္ဘာ့နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊မြန်မာနိုင်ငံရေး ပြဿနာတွေမှာပဲဖြစ်ဖြစ် အင်အားကို အခြေပြုတဲ့ နိုင်ငံရေးစနစ်ကို ထည့်သွင်းမစဉ်းစားလို့ မရနိုင်ပါဘူး။အင်အားကြီးတဲ့နိုင်ငံတွေ၊ အာဏာရှိတဲ့လူတွေဟာ သူတို့ရဲ့အင်အား(Power)  တည်မြဲရှင်သန်ကြီးထွားအောင်

    ၁။စစ်ရေးအင်အား(Military Power)

    ၂။ စီးပွားရေးအင်အား (Economic Power)

    ၃။ မမြင်နိုင်တဲ့ ယုံကြည်မှုအင်အား (သြဇာတိက္ကမ) (Soft Power)

ဒီသုံးခုကို အမြဲတည်ဆောက်ဖို့ ကြိုးစားပါတယ်။

၂၀ ရာစုမှာ စစ်ရေးအင်အားနဲ့ စီးပွားရေးအင်အား နှစ်ခုပေါင်းထားတဲ့ (Hard Power) ကို အလေးအနက်ထားပေမယ့် သတင်းနည်းပညာခေတ် ရောက်တဲ့အခါ (Soft Power)ဟာ ရှေ့တန်းရောက်လာပါတယ်။ ဟစ်တလာ၊ စတာလင်၊ မော်စီတုန်းအစ ရှိတဲ့ အာဏာရှင်တွေဟာ ၀ါဒဖြန့်ချိရေးအင်အား (Propaganda) ကို Soft Power အဖြစ် အမှတ်မှားခဲ့ကြပါတယ်။ စတာလင်ဟာဆိုရင် ပုပ်ရဟန်းမင်းကြီးမှာ စစ်တပ်မ ဘယ်နှခုရှိလို့လဲလို့တောင် ပြက်ရယ်ပြုခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်တပ်ပိုင်ဆိုင်သူတွေ၊စီးပွားရေး အင်အားကြီးသူတွေတောင် သမိုင်းကနေ  ကွယ်ပျောက်ခဲ့ကြတဲ့ သာဓကတွေ အများကြီးရှိလာတော့ စစ်ရေးအင်အား၊ စီးပွားရေး အင်အားနှစ်ခုတည်းနဲ့ အလုပ်မဖြစ်တော့ပါဘူး။ ဒါပေမယ့် အယ်လ်ကေးဒါးကို နှိမ်နင်းဖို့အတွက်တော့ အာဖဂန်ကို စစ်အင်အားသုံးခဲ့ရတာဖြစ်လို့ Hard Power ကလည်း အရေးကြီးပါတယ်။

(၄)

ဒေသတွင်းမှာ အင်အားလေးသိန်းရှိတဲ့ အင်အားကြီးစစ်တပ်ကို ပိုင်ဆိုင်တဲ့နိုင်ငံ၊ နှစ်ပေါင်း ၅၀ စစ်တပ်က တိုင်းပြည်ရဲ့ အာဏာကို ချုပ်ကိုင်ထားတဲ့နိုင်ငံမှာ စစ်တပ်ဟာအခိုင်မာဆုံး အဖွဲ့အစည်း(Institution) ဖြစ်တာဟာ မထူးဆန်းပါဘူး။ ဒါပေမယ့် စစ်တပ်က အာဏာကိုကြာ ရှည်ချုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်လို့ ၁၉၇၄ ခုမှာ မဆလပါတီအသွင်ပြောင်းပြီး တစ်ပါတီစနစ်နဲ့ သွားခဲ့သလိုမျိုး အခုတစ်ခါရော ပါတီစုံစနစ်ကို စတင်ကျင့်သုံးပြီး အာဏာကို တစ်ဆင့်ပြီး တစ်ဆင့် ရေရှည်ချုပ်ကိုင်လိုသူတွေ ရှိမှာဖြစ်သလို တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီစနစ်ကို မဖြစ်မနေသွားရမယ်လို့ ယူဆသူတွေဟာ တပ်မတော်နဲ့ဆိုင်တဲ့ အ၀န်းအ၀ိုင်းအတွင်းမှာ အများကြီးရှိပါတယ်။

ခရိုနီစီးပွားရေးစနစ်ကို ပစ်ပယ်ပါမယ်လို့ သမ္မတက ဘယ်လိုပဲပြောပြော တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်လောက်ဟာ လူဦးရေသောင်းဂဏန်း လောက်ပဲရှိတဲ့ မိသားစုတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ တိုင်းပြည်ရဲ့ GDP တက်လာပြီ၊ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာပြီ ဘယ်လောက်ပဲဆိုဆို တိုင်းပြည်ရဲ့ လူလတ်တန်းစား တွေ ဆင်းရဲသားတွေရဲ့မျော်လင့်ချက်က ၀ိုးတ၀ါးပါပဲ။

ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရိုနီတွေနဲ့သာ သက်ဆိုင်မှုရှိနေတာတွေ့ရပါတယ်။ လယ်ယာမြေ အဓမ္မသိမ်းယူမှု ပြဿနာတွေဟာ ထင်တာထက်အရမ်း ဆိုးရွားလွန်းလှပြီး နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ လယ်ယာမြေတွေကို ဥပဒေနဲ့အညီ မတရားသဖြင့် သိမ်းယူခြင်းဟာ အဓိကဖြစ်ပါတယ်။ အာဏာရဲ့အခြေခံတစ်ခုဖြစ်တဲ့ မိမိရဲ့အ၀န်းအ၀ိုင်းအတွင်း Economic Power ထူထောင်လိုခြင်းဆိုတဲ့ မဟာ ဗျူဟာအောက်မှာ မြန်မာနိုင်ငံရဲ့ လူထုမျော်လင့်ချက် ကင်းမဲ့စေတဲ့စိတ်တွေ ဖြစ်ပေါ်စေပါတယ်။  ခရိုနီတွေအပေါ် အခွန်ကောက်ခံမှု ပေါ့လျော့ခြင်း( အခွန်ရှောင်သူလို့ ယူဆခံရသူကို သမ္မတကိုယ်တိုင် လူလယ်ကောင်မှာ ချီးမြှောက်ခြင်းဟာ ဆိုးရွားလှပါတယ်) ဟာ အခြားသူတွေအပေါ် ၀န်ထုပ်ဝန်ပိုး ပိုပိစေပါတယ်။

တကယ်တော့ နောက်ပြန်ဆွဲလိုသူတွေဟာ Soft Power အပေါ်မှာလည်း မေ့လျော့ထားပုံမရပါဘူး။ Soft Power ရဲ့အဓိကအားတွေက လူထုရဲ့ အတွေးအမြင်(Public Opinion)၊ နိုင်ငံရေးအတွေးအခေါ်တန်ဖိုး (Political Values) ၊ မူဝါဒအပြောင်းအလဲ(Policy Shift) တွေပဲ ဖြစ်ပါတယ်။ Soft Power ချုပ်ကိုင်ဖို့အတွက် နိုင်ငံရေးအရ တစ်ဦးချင်းထိတွေ့စည်းရုံး ခြင်း (Divide & Rule Policy) ၊ သတင်းစီးဆင်းမှုကို သွယ်ဝိုက်ချုပ်ကိုင်ခြင်း(Indirect Media Control)၊ နိုင်ငံရေးဝန်းကျင်အား ပြောင်းလဲခြင်း (Political Environment Shift) တို့ကို လုပ်ဆောင်လေ့ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို တကယ်ဖော်ဆောင်မယ်ဆိုရင် ၁။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ ၂။စစ်မှန်တဲ့ ပြည်ထောင်စုဖော်ဆောင်ရေးဆိုတဲ့ အခြေခံမူ (Basic Principle) ပေါ်မှာ ရပ်တည်ရပါမယ်။အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာကလည်း ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ရုံနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ တပ်မတော်၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားတွေ အကြားမှာ မှန်ကန်တဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့ သွေးချင်းညီတဲ့ ပြန်လည်သင့်မြတ်ရေးသာလျင် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။

(၅)

Nation က Doing Business in the New Myanmar ဆိုပြီး စာအုပ်တစ်အုပ် ထုတ်ဖို့လုပ်ပါတယ်။ အစကတော့ အသေးစိတ်ဝင် Edit လုပ်မလို့ပါ။ ဒါပေမယ့် လုပ်ချင်စိတ်မရှိတော့ဘူး။ အမှာစာ (Preface) ရေးပေးပါဆိုတာကို ဗြောင်ပဲငြင်းလိုက်တယ်။ အသေးအဖွဲ့ ကိစ္စမျိုးလေးတွေမှာတောင် ကတိသစ္စာ မရှိဘူးဆိုတာ ရှင်းပြလိုက်တယ်။ ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော်က အတူတူရောပြီး လိမ်တဲ့လူ မဖြစ်ချင်တော့ဘူး။ ကိုယ့်ဟာကိုယ် Risk ယူနိုင်ရင် လာလုပ်ကြပါလိမ့်မယ်။  အခြေအနေတွေက မပြတ်သားဘူး။ တွေဝေတယ်။ နောက်ပြန်မလှည့်ဘူးလို့သာ ဆိုတယ် ရှေ့ကိုမရွေ့ဘူး။ ဒီအခြေအနေမျိုးမှာ စိတ်ရောကိုယ်ပါ ထောက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

မှန်ကန်တဲ့ အခြေခံမူတွေအပေါ်မှာ ရိုးရိုးသားသား ရှင်းရှင်းလင်း လင်း မှန်မှန်ကန်ကန်မရပ်ဘဲ ပုဂ္ဂိုလ်ရေးတွေနဲ့ပဲ လိုက်စည်းရုံးရင် တိုင်းပြည်က ဘာမှဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် တစ်ဦးချင်း စည်းရုံးလို့ရသွားသူဟာ ကျွန်တော်ဖြစ်နေခဲ့ရင်တောင် အခွင့်အရေးသမားတစ်ယောက်၊ ငဖား တစ်ယောက် ထပ်တိုးလာမှာကလွဲလို့ တိုင်းပြည်ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းပြည်အတွက် တကယ်လိုနေတာက စစ်မှန်တဲ့အပြောင်းအလဲပါ။

ဒေါက်တာသန်းထွဋ်အောင်

(၂၂-၁၂-၂၀၁၂)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/25/2012 12:20:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36532] Fwd: [လူဗိုလ်ဟူသည် ...] ခင်မျိုးချစ်မှ သော်တာဆွေအတွက် အမှာစကား



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/24
Subject: [လူဗိုလ်ဟူသည် ...] ခင်မျိုးချစ်မှ သော်တာဆွေအတွက် အမှာစကား
To: lubo601@gmail.com



by SarPayLawKa (စာပေလောက) on Monday, December 24, 2012 at 6:14am ·


မောင်ဆွေရေ
အစ်မကြီးတို့ ဇနီးမောင်နှံကို မင်းကလောင်နှင့် နှိပ်စက်ခဲ့တာတွေ များပြီကော၊ ဒုံးပျံကြီးနှင့် လကိုသွားဆို လည်း သွားလိုက်ရ၊ ငိုချင်းချခိုင်းလည်း အဟဲ အရှိုက်တွေနှင့် ဆွဲလိုက်ငင်လိုက်ရတာတွေ အခုတော့ မင်းကို ကလဲ့စား ချေရတော့မယ်၊ ဘယ်လို ချေမလဲ ဆိုတော့ အစ်မကြီး ကျူးလွန်တဲ့ ပြစ်မှုကြီးတစ်ခုထဲမှာ မင်းလည်း အလိုတူ အလိုပါ ပါဝင်ကူညီဖို့ ဆွဲထည့်မလို့။

        အခု ကျူးလွန်မယ့် အမှုကတော့ ရှေးရှေးကတည်းက တုတ်ထမ်း ပြောရတယ် ဆိုတဲ့ ပုဂံရာဇ၀င်ကို ပုံပြင်သဘောနဲ့ ပြန်ရေးမလို့ပဲ၊ ကျားရဲရာ ကြမ္မာမရိုးသာ ဆိုသလို အလွန်အငြင်းပွားတဲ့ တုတ်တစ်ပြက် ဓားတစ်ပြက်ထဲ ၀င်လက်လျှိုရာမှာ အစ်မကြီး လက်တစ်ချောင်းမကဘူး၊ မင်းရဲ့လက်တော့ အဖော်ခေါ်ရတော့မှာပဲ။
        အခု အစ်မကြီး၊ ရှေးခေတ် မြန်မာသူရဲကောင်းများဆိုတဲ့ ခေါင်းစဉ်နှင့် ပုဂံ ရာဇ၀င် နောက်ခံထားတဲ့ ၀တ္ထုရေးပြီး လုပ်သားအင်္ဂလိပ်သတင်း စာမှာ တနင်္ဂနွေ နေ့တိုင်း ပါနေပြီ။ အဲဒါကို မြန်မာလိုဖတ်ကြရအောင် လုပ်ဦးစို့လား။
        အစ်မကြီးရဲ့ "ရှေးခေတ် မြန်မာ့သူရဲကောင်း" များဟာ ရာဇ၀င် သမိုင်း မဟုတ်ဘူး၊ ရာဇ၀င်ဝတ္ထုသမိုင်းဒဏ္ဍာရီသာ ဖြစ်တယ်၊ အင်္ဂလိပ် စာပေမှာ ရှိတ်စပီးယားတို့ ဆာဝါလတာစကော့တို့ ရေးသလိုပေါ့ကွာ၊ သမိုင်းဝင် ပုဂ်္ဂိုလ်တွေကို ဇာတ်ကောင်ထားပြီး ဇာတ်အိမ်ဖွဲ့တာပဲ၊ အဖြစ်အပျက် အချက်အလက် အားလုံးဟာ တကယ်အမှန်တော့ မဟုတ်ဘူး၊ ဒါကြောင့် ဒီဝတ္ထုထဲက အချက်အလက်တွေဟာ ဘယ်ကျောက်စာ၊ မင်စာမှာ ပါလို့ ရေးနိုင်တာလဲဆိုတဲ့ မေးခွန်းမျိုး မေးဖို့မလိုဘူး။
        သမိုင်းထဲက အချက်အလက်တွေလည်း ဇာတ်လမ်းထဲဝင်သရွေ့ သုံးတာပဲ၊ တချို့လည်း ဇာတ်အိမ်နှင့် သင့်လျော်အောင် ပြင်ဆင်ချင် ပြင်သွားမှာပဲ၊ အဲဒါက ၀တ္ထုရေးဆရာရရှိထားတဲ့ လိုင်စင်၊ လွတ်လပ်မှုပဲ၊ သမိုင်း အချက်အလက် အတိအကျ မှန်မှန်ကန်ကန် လိုချင်ရင် သမိုင်းစာအုပ်တွေ ဖတ်ကြဖို့ပဲ၊ သမိုင်းဝတ္ထုကတော့ မှန်ကန်တိကျတဲ့ အချက် မပေးနိုင်ပေဘူး။
        ရှိတ်စပီးယားရေးတဲ့  သမိုင်းပြဇာတ်တွေကို  ဖတ်ကြည့်လျှင် ယမ်းမှုန့် မပေါ်သေးတဲ့ ခေတ်မှာ စစ်ပွဲထဲ အမြောက်တွေများတောင် ပစ်လိုက်သေးတယ်၊ ပြဇာတ်ရဲ့ အဓိက ယမ်းမှုန့်နှင့် အမြောက်အကြောင်း ရေးတာ မဟုတ်ဘူး၊ ဖတ်တဲ့ လူတွေကလည်း အဲဒီခေတ်က ဒါတွေ မရှိမှန်း သိပြီးသားပဲ၊ ဖတ်လို့ကောင်းဖို့ လူ့စိတ်ထဲမှာစွဲပြီး အဲဒီတုန်းက ဘုရင်က ဘယ်လိုသဘောရှိတယ်၊ တိုင်းသူပြည်သားက ဘယ်လိုနေတယ်ဆိုတာတွေ အချင်းချင်း ပဋိပက်္ခမှုတွေရဲ့ သဘောတရားကို စာဖတ်သူ သဘောပေါက်ဖို့ကသာလျှင် အဓိကပဲ။
        အင်္ဂလိပ်စာဆိုကျော် "ဂျွန်ကိ" (John Leats) ရေးတဲ့ စာပေအရသာ ပီတိအကြောင်းကိုဖွဲ့တဲ့ ကဗျာစာတစ်ပုဒ်ထဲမှာ ဟိုးမား ရေးတဲ့ ဣတ်္ထိယ ပျို့ကို ဖတ်တဲ့အခါမှာ သူ့စိတ်ထဲမှာ "ကော်တေး" (Cortez) (ကမ္ဘာကျော် ခရီးသည်ကြီး) ပစိဖိတ်သမုဒ္ဒရာကြီးကို ပထမအကြိမ် မြင်ရတဲ့အခါမှာ ငေးပြီး အံ့သြသလိုပဲ" လို့ ရေးခဲ့တယ်၊ ဂျွန်ကိ ရေးလိုတာက မတွေ့မကြုံစဖူး ထူးဆန်းတဲ့အရာကို ပထမဦးဆုံး အကြိမ် မြင်ရတဲ့အခါမှာ ခံစားရတဲ့ ပီတိကို ရည်ညွှန်းခြင်းသာ ဖြစ်တယ်၊ ပစိဖိတ် သမုဒ္ဒရာကြီးကို ဘယ်သူပဲ ပထမအကြိမ် တွေ့သည်ဖြစ်စေ အရေးမကြီးဘူး၊ အဲဒါကြောင့် တချို့ ဝေဖန်ရေးသမားတွေက ပစိဖိတ်သမုဒ္ဒရာကို (Cortez) ကော်တေး တွေ့တာ မဟုတ်ဘူး၊ အချက်အလက် မှားတယ်လို့ ပြောကြ ရေးကြတယ်။
        ဒီတော့ တခြားစာဆိုသူတွေက "ပစိဖိတ်သမုဒ္ဒရာကြီး ဘယ်သူ ပထမ တွေ့တာလဲ ဆိုတာ သိချင်ရင် သမိုင်းစာအုပ်တွေဖတ်၊ ဂျွန်ကိ ရေးတဲ့ ကဗျာ မဖတ်နှင့်"လို့ ပြောကြသတဲ့။
        အစ်မကြီးလည်း အခု ရေးတာက ၀တ္ထုပုံပြင်ရေးတာ၊ ဒီတော့ ကျန်စစ်သားဟာ အနော်ရထာရဲ့သား ဟုတ် မဟုတ်ကို ဆွေးနွေး ငြင်းခုံဖို့ မလိုပါဘူး၊ သားအဖ တော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ မြန်မာပြည်ကြီးကို တစ်စုတစ်စည်းတည်း စုရုံးရာမှာ အနော်ရထာနှင့် ကျန်စစ်သားဟာ အတူတကွ လုပ်ကိုင်ခဲ့ကြတယ်ဆိုတဲ့ အချက်ကိုသာ ဦးတည်ပြီး ရေးခဲ့တယ်။
        အစ်မကြီး ဘာလို့ ဒီ ပုဂံရာဇ၀င်နောက်ခံထားတဲ့ ၀တ္ထုရေးရသလဲ ဆိုတာတော့ ပြောပြချင်တယ်၊ အစ်မကြီးဟာ ပုဂံ ညောင်ဦး ဘုရားတွေကို ငယ်ငယ်ကတည်းက ရောက်ဖူးခဲ့တယ်၊ အစ်မကြီးရဲ့အဘိုး မန္တလေး မြန်မာပညာရှိ ဦးဘေက ကျောက်စာ ဌာနမှာ မစ္စတာ တော်စိန်ခိုတို့နှင့် အမှုထမ်းနေသူဖြစ်တယ်။ မကြာမကြာ ပုဂံ ညောင်ဦးကို ကျောက်စာ ကူးဖို့ သွားရတယ်။ အစ်မကြီးကလည်း ၁၁ နှစ် အရွယ်လောက် လိုက်သွားလေ့ ရှိတယ်။
        အဲဒီကတည်းက အစ်မကြီး ပုဂံမြို့နှင့် အုပ်စိုးခဲ့သူ နေထိုင်ခဲ့သူတွေကို ချစ်ခင် စိတ်ဝင်စားခဲ့တယ်၊ နေပူပူ ခြောက်သွေ့သွေ့ထဲမှာ ပလိပ်ဆူးတွေကလည်း စူးပါဘိသနဲ့၊ ဘဘကြီးနောက်က လိုက်သွားရင်း ဘဘကြီး ပြောတာတွေ နားထောင် ရတာက နေပူတာတွေ၊ ဆူးစူးတာတွေ မေ့တာပဲ၊ ခုလို အုတ်ကျိုးအုတ်ပဲ့တွေ ချုံပိတ်ပေါင်းတွေနှင့် နေတဲ့ နေရာတွေဟာ ရှေးက ဆင်၊ မြင်း၊ ရထား၊ မင်း၊ သူဌေး၊ သူကြွယ် အမှုထမ်းတွေနှင့် ကြက်ပျံမကျ စည်ကားလာခဲ့တာပါလား ဆိုတာတွေပဲ မျက်စိထဲ မြင်ယောင် လာတယ်၊ အနော်ရထာ ကျန်စစ်သား ဆိုတာတွေဟာ စာမေးပွဲနားနီးရင် ဖြဲခြောက်တဲ့ ပုံနှိပ်စာလုံးတွေ မဟုတ်ဘူး၊ တကယ့် လူတွေလို အသက်ရှင်လာတယ်၊ တစ်ခါက ဘဘကြီး ပြောတာ မှတ်မိသေးတယ်၊ "အနော် ရထာက ကာလသားရှင်ဘုရင်ကွဲ့၊ မနားမနေ လျှောက်သွားနေတာ၊ ဒီတော့ တိုင်းပြည် ချောင်ကြိုချောင်ကြား ဘာဖြစ်ဖြစ် သူသိတယ်" တဲ့။
        သည်လို ပြောလိုက်တော့ အစ်မကြီးရဲ့ စိတ်ထဲမှာ အနော်ရထာဟာ ကိုယ်နှင့် သိတဲ့ လူတစ်ယောက် ဖြစ်သွားတာပေါ့၊ ပြီးတော့ သူ့လက်ရာ ခြေရာတွေကိုလည်း မျက်စိနှင့် တပ်အပ်မြင်လိုက်ရတော့ ပိုပြီး သဘောကျလာတယ်။
        ငယ်ငယ်က ဘဘကြီးနှင့် ပုဂံ ညောင်ဦးကို လှည့်လည်ရင်း အစ်မကြီးရဲ့ မျိုးချစ်စိတ်ကို ထူထောင်ခဲ့ရတယ်။ ဥပမာ အာနန္ဒာဘုရား အပြင်ဘက် ၅၅၀ နိပါတ်တော်တွေ ထုထားတဲ့ ကျောက်ခွက်ရုပ်တွေပေါ်မှာ ကိုင်ထားတဲ့ စဥ့်ကို ဘဘကြီးက ပြပြီး "ကြည့်စမ်း ငါ့မြေး ဒီစဥ့်မျိုး ဘယ်မှာ တွေ့ဖူးသလဲ" လို့ မေးတယ်၊ အစ်မကြီးလည်း သေသေချာချာ ကြည့်ပြီး အံ့သြတကြီးပဲ "ဟင်၊ အိမ်က ကျွန်မတို့ လက်ဖက်ရည်အိုးက စဥ့်မျိုးပါလား၊ ရိုးတိုက်က ၀ယ်လာတဲ့ အိုးလေ၊ အဲဒါမျိုး ဈေးထဲမှာတောင် မရောင်းဘူး၊ အဖိုးလဲ အများကြီးပေးရတယ်" လို့ ပြောလိုက်တယ်၊ သည်တော့ ဘဘကြီးက "ဒါပေါ့ ငါ့မြေးရဲ့၊ စဥ့်အကောင်းစားပေါ့၊ အခု နိုင်ငံခြားက လုပ်တဲ့ လက်ဖက်ရည်အိုး အဖိုးတန်တွေပေါ်မှာ တွေ့ရတဲ့ အစားမျိုး၊ ဟိုတုန်းက တို့လူမျိုးတွေ လုပ်တတ်တယ်ကွဲ့"
        အဲသလို ရှေးဟောင်း ဗမာ့လက်ရာ ယဉ်ကျေးမှုတွေကို ဂုဏ်ယူတတ်အောင် ဘဘကြီးက သင်ပေးခဲ့တယ်ကွဲ့၊ အစ်မကြီးလည်း အဲဒီကတည်းက ပုဂံ၊ ညောင်ဦး၊ ပုပ္ပား အရပ်တွေကို စွဲလန်းခဲ့တယ်၊ အဲဒီမှာ နေခဲ့၊ အုပ်စိုးခဲ့၊ တိုက်ခိုက်ခဲ့တဲ့ လူတွေကို အမြဲ အောက်မေ့ သတိရတယ်၊ ဒါကြောင့် အခါအခွင့်ရတိုင်းပဲ အဲဒီအရပ်တွေကို ပြန်သွားခဲ့တယ်၊ အဲဒီ ဒေသမှာ နေခဲ့ဖူးတဲ့ လူတွေ လွန်လေပြီးသော်လည်း သူတို့ နာမည်တွေဟာ အသက်ရှင်လျက်ပဲ အဲဒီလူတွေကို ဇာတ်ကွက် ဇာတ်အိမ်နှင့် ပြန်စုရုံးချင်တယ်၊ အဲဒီစိတ်ကူးဟာ အစ်မကြီးရဲ့ အသည်းနှလုံးထဲမှာ ခိုအောင်း လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၄၀ ရှိခဲ့ပြီ၊ အခုမှ အဲဒီစိတ်ကူးကို အကောင်အထည် ဖော်နိုင်ပြီလေ၊ အဲသလို အကောင်အထည်ဖော်ရာမှာ အစ်မကြီး သရုပ်ဆောင်မည့် အချက်တွေကတော့၊
   ၁။  ၁၀၄၄ နှစ်၊ အနော်ရထာ နန်းတက်သည့် နှစ်မှစ၍ နတ်ရွာစံ၊ ၁၀၇၇ အထိ ၃၃ နှစ် အချိန်ကာလသည် ခေတ်ပြောင်း တော်လှန်ရေးကာလ ဖြစ်သည်။ နတ်နဂါး ကိုးကွယ်ခြင်း၊ ဂါထာမန္တန်များကို အသားပေးသည်။ တန်တရစ် ဗုဒ်္ဓဘာသာအယူ ယူကြခြင်း အစရှိသည့် အကွဲကွဲအပြားပြား ၀ါဒများကို ထေရာဝါဒ ဗုဒ္ဓဘာသာ တစ်ခုတည်းအောက်တွင် စုရုံးသည့်ခေတ် ဖြစ်သည်။
        ၂။  နိုင်ငံတော်နယ်နိမိတ် သတ်မှတ်ခြင်း၊ လူမျိုးစုများ စည်းရုံးခြင်း၊ အဲဒီ အချက်တွေကို သရုပ်ဖော်ရာမှာ ပါးစပ်ရာဇ၀င်ဆိုတဲ့ ပုံဒဏ္ဍာရီတွေကို အသုံးချတယ်။ တကယ်ဆိုတော့ ညောင်ဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေရူး ဆိုတဲ့ လူတွေ ဘယ်ကျောက်စာ မင်စာမှာ ပါလိမ့်မလဲ၊ ဗျတ်ဝိဗျတ္တ၊ ရွှေဖျဉ်းညီနောင်၊ မယ်ရွှေဥ၊ မောင်ရင်မောင်၊ စောမွန်လှ၊ ဒီလူတွေဟာလည်း ဒဏ္ဍာရီထဲက ဇာတ်ကောင်တွေပဲ။ သမိုင်းစကား သန့်သန့် ပြောကြစို့ဆိုရင် သူတို့ ဘယ်ထဲမှ မ၀င်ဘူး။ အစ်မကြီး ယူဆတာကတော့ သမိုင်းထဲ ၀င်ချင် ၀င် မ၀င်ချင်နေ၊ လူတွေရဲ့ အသည်း နှလုံးထဲမှာတော့ ၀င်နေလို့ပဲ။ ပါးစပ်ပုံပြင်တွေ ဇာတ်တွေ သီချင်းတွေထဲမှာဆိုရင် သည်နာမည်တွေချည်းပဲ မဟုတ်လား။ သည်နာမည်တွေ အကြောင်းပြုပြီး လူတွေ ပုဂံရာဇ၀င်ကို သိနေကြတာပဲ။
        အစ်မကြီး အဲဒီလူတွေကို ပြန်ပြီး အသက်သွင်းမယ်။ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းညီနောင်တို့ရဲ့ ဇာတ်လမ်းကို ပြန်ဖော်မယ်။ မဖြစ်နိုင်တဲ့ အယူသီးမှု၊ နတ်ကိုးကွယ်မှုတွေ ပါနေတာကို ဘယ်လိုလုပ်မလဲ။ အခုခေတ်နှင့် ညီပါ့မလား မေးစရာ ရှိတယ်။ အဲဒီခေတ်က ကာယသိဒ်္ဓိ အစရှိတာတွေကို ယုံကြည်ကြတယ်။ လူသေရင် နတ်ဖြစ်တယ်ဆိုပြီး ကိုးကွယ်ကြတယ်။ အဲဒီအချက်ကို "နေမြဲ" ထားရမှာပေါ့။ သည်အယူအဆတွေ ရှိခဲ့တယ်ဆိုတာကို ဖုံးလို့လည်း မရ၊ ကွယ်ဖို့လည်း မလို၊ "သူ့အတိုင်း ထားရမှာပဲ" နတ်ကိုးကွယ်မှု၊ အယူသီးမှုနှင့် ပတ်သက်ပြီး တစ်ခု သတိပြု ရမှာက လူ့ဘ၀ရဲ့ တောင့်တလိုလားမှုထဲမှာ ကိုးကွယ် အားထားချင်တာရယ်၊ အဲ ကိုယ့်စိတ်ကို အဆောင်အယောင် အခမ်းအနား တစ်ခုခုနှင့် ဖြေသိမ့်ချင်တာရယ် ရှိတယ်။ အဲဒီလိုလားမှုဟာ လူ့သဘာဝပဲ။ ဘယ်ခေတ်ဘယ်အခါမဆို ရှိတာပဲ။
        နေရေး ထိုင်ရေး အကာအကွယ်မရှိ မယဉ်ကျေးသေးသည့်ခေတ်မှာ မိုးနတ် တိမ်နတ် အစရှိသည့် နတ်တွေကို အားကိုး ကိုးကွယ်ကြတာ ဓမ္မတာပဲ။ အခုခေတ်ကျမှ ပြန်နှာခေါင်းရှုံ့စရာ မလိုဘူး။ ကိုယ်လည်း အဲဒီအထဲက တက်လာတာပဲ ဆိုတာ သတိပြုရမယ်။
        ကိုရင် ကတ္တရာစေးလမ်းပေါ်လျှောက်၊ အုတ်တိုက်ထဲနေ ခလုတ်နှိပ် မီးပွင့်သည့် ပတ်ဝန်းကျင်မှာနေပြီး လယ်ထဲဝင်ခါနီး နတ်တင်တာတို့ မိုးထဲ လေထဲ လှေထွက်ခါနီး နတ်ပသတာကို မကဲ့ရဲ့ကြနှင့်ဦးပေါ့။ မှောင်မှောင်မည်းမည်း ကန်သင်းရိုး မြက်တောထဲ ၀င်ရမယ့် လူကိုလည်း ကိုယ်ချင်းစာကြဦး။ ကိုယ်ကဖြင့် ရေ ခြေမျက်စိမြုပ်အောင် မဆင်းဘဲ ရေထဲ လှိုင်းထဲ သွားရမယ့် လှေသမားရဲ့အဖြစ်ကိုလည်း နားလည်ဖို့ လိုတယ်။ ကိုယ်က အထက်စီးနှင့် "အလကား အယူသီးတဲ့ လူတွေပဲ" လို့ မဲ့ရွဲ့နေတာနှင့် အကျိုးမပြီးသေးဘူး။ သည်လူတွေက အယူသီးမှုတွေ စွန့်မှာ မဟုတ်ဘူး။ ကိုယ်အမြင်ကျဉ်းမှုသာပဲဖြစ်တယ်။
        အစ်မကြီးရေးတဲ့ ၀တ္ထုမှာ အနော်ရထာနှင့် ကျန်စစ်သားတို့ အဲဒီအယူအဆတွေ ဘယ်လို "ကိုင်"တယ်ဆိုတာ သရုပ်ဖော်ထားတယ်။ ပြီးတော့ ရှိသေးတယ်၊ လူဆိုတာက ကိုယ့်စိတ်ကို အဆောင်အယောင် အခမ်းအနားနှင့် ဖြေသိမ့်ရမှ ကျေနပ်တယ်။ နတ်ပွဲဆိုတာလည်း အဲဒီလိုလားချက်ကို ဖြည့်စွမ်းတဲ့ အလုပ်တစ်ခုပဲ။ ဆိုင်းနှင့် ၀ိုင်းနှင့် အဆို အက အစားအသောက်နှင့် စည်စည်ကားကား လုပ်ချင်ကြတယ်။ ဥပမာ ပန်းပဲမောင်တင့်တယ်နတ် ဆိုပါတော့၊ လူတွေဟာ သူရဲကောင်းကို အမှတ်တရ လုပ်ကြတာပေါ့ကွာ၊ နောင်နှစ်ပေါင်း ၉၀၀၊ ၁၀၀၀ လောက် ကြာရင်တောင် လူတွေက နှစ်ဆယ်ရာစုလောက်က လူတွေ တော်တော် အူတာပဲ။ အလံတစ်ဝက်ထူ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးတွေ အလေးပြုဆိုပြီး (Lawt Post) ဘင်ခရာတွေ တီးသတဲ့။ အတော် အယူသီးတဲ့ လူတွေပဲလို့  ပြောကြလေဦးပေါ့။  ပြီးတော့  ဗမာပြည် လွတ်လပ်ရေးရတာလည်း အလံလွှင့် ကမ္ဘာမကြေတီး လူတွေက အလေးပြု ဒါလုပ်မှပဲ အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်တော့မှာလား။ "ဒါတွေ လိုသလား" အဲသလို ပြန်စဉ်းစားမှ ရှေးခေတ်က အယူအဆ နတ်ကိုးကွယ်တယ် ဆိုတာတွေလည်း သူ့ခေတ်နှင့် သူ့အခါ လုပ်ကြသည့် ထုံးစံတွေပဲလို့ မြင်လာနိုင်မယ်။ အဲသလို မြင်လာပြီးမှ ဝေဖန်ဖို့၊ ပယ်တန်ပယ်ဖို့၊ ပြင်တန်ပြင်ကြဖို့ပေါ့။
        အစ်မကြီးရဲ့ ၀တ္ထုထဲမှာ တိုင်းပြည် ထူထောင်ရာမှာ ဘုရင်နှင့် အရပ်သား၊ ခေါင်းဆောင်နှင့် နောက်လိုက်၊ ကိုယ့်တာဝန်နှင့်ကိုယ်၊ ထောင့်စေ့အောင် လုပ်ကိုင်ပုံကို သရုပ်ဖော်ထားတယ်။ အနော်ရထာမင်း ဘုန်းကြီးလို့ သိကြားမင်းက နတ်မြင်းပျံ ဆက်တာ အရိန္ဒမာလှံဆက်တယ် ဆိုပြီး ဘုန်းတန်ခိုး အသားပေးသည့် အရေး အသားလည်း သူ့ခေတ်နှင့်သူ ရှိခဲ့တာပေါ့။ စောမွန်လှနှင့် အနော်ရထာ ဇာတ်လမ်းဟာလည်း ဘယ်ကျောက်စာ မင်စာ အထောက်အထားမှ အခုထိ မတွေ့ရသေးဘူး။ ဒါပေမယ့် လူတွေရဲ့ နှလုံးသည်းပွတ်ထဲမှာတော့ စွဲနေတာပဲ။ အဲဒီဇာတ် လမ်းကိုလည်း ပြန်အသက်သွင်းတဲ့အခါမှာ လူမျိုးစုစိတ်ဓာတ် ခိုင်မာမှု ဆိုသည့် ဘောင်ခတ်ပြီး လူမျိုးစု စိတ်ဝမ်းကွဲစေတဲ့ စကားအသုံးအနှုန်းနှင့် အကွက် များကို ပယ်ရှားရလိမ့်မယ်။
        စောမွန်လှကို ဇာတ်ထဲ ကပြကြသလို လွမ်းရင်ပြီးရောဆိုပြီး တစ်ဖက်သတ် နှိပ်စက်ခံ ဇာတ်ကောင် မဟုတ်ဘူး။ အနော်ရထာရဲ့ ဘ၀လုပ်ငန်းစဉ်မှာ တစ်တပ် တစ်အား ပါဝင်ရတဲ့ ပါရမီဖြည့်ဖက်တစ်ဦးအဖြစ် သရုပ်ဖော်ရလိမ့်မယ်။
        အနော်ရထာ တိုင်းပြည်နှင့် လူမျိုးကို သံယောဇဉ်ကြီးသလို စောမွန်လှရဲ့ မေတ္တာကလည်း အနော်ရထာကို နှောင်ဖွဲ့ပြီ၊ သာမန်တဏှာပေမ အချစ်မျိုး မဟုတ်ဘဲ မြင့်မြတ်သည့် မေတ္တာမျိုး ဖြစ်ရမယ်။ အစ်မကြီးကလည်း အခု မျက်မှောက်ခေတ် အမြင်နှင့် ပြန်ရေးမှာပဲ။ အရေးကြီးသည့် သမိုင်းအချက်တွေ ဘောင်ခတ်ထားတယ်။ အဲဒီဘောင်ကိုမကျော်ဘဲ အတွင်းသားကို အစ်မကြီး စိတ်ကူးနှင့် ခြယ်လှယ်သွားတာပဲ။ သမိုင်းအချက်က အရိုးပဲ၊ အစ်မကြီးက အသားထည့်ပေးတာပဲ။
        သမိုင်းအချက်အလက်တွေနှင့် ပတ်သက်လို့တော့ ဒေါက်တာသန်းထွန်းရေးတဲ့    (hiestory of Buma အင်္ဂလိပ်လုပ်သား သတင်းစာ တနင်္ဂနွေနေ့တိုင်း ပါခဲ့သည့်အထဲက အများကြီး အထောက်အထားရတယ်၊ ပြီးတော့လည်း သမိုင်းကော်မရှင် ဗိုလ်မှူးဘရှင်ဆီကိုလည်း သွားပြီး ကိုယ်လိုချင်သည့် အချက်တွေ သွားမေးရတယ်။ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဆိုသလို အစ်မကြီးမေးတာက တစ်ခွန်း၊ သူတို့မှာတော့ စာအုပ်ကြီးငယ် အကိုးအကားနှင့် ရှာပြောရတာပေါ့။
        အစ်မကြီး သည်ဝတ္ထုရေးကတည်းက လူကြီးတွေလည်း အကောင်း မနေရရှာပါဘူး။ ဖိုင်တွဲတွေကို အရူးလွယ်အိတ်ထဲ ထည့်လွယ်ပြီး သူတို့ဆီ သွားမေးမြန်း စကားများပေါ့။ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်၊ ဆရာဦးခင်ဇော်တို့တစ်တွေတော့ အစ်မကြီး မေးမြန်း နှိပ်စက်တာတွေ ခံနေကြရတာပဲ။ အစ်မကြီးလုပ်ပုံက ဆရာကြီးတွေ အမြတ်တနိုးထားတဲ့ ပုဂံရာဇ၀င် စာအုပ်ကြီးကို စင်ပေါ်ကချပြီး လက်ဆော့ ဆေးရောင်စုံဆိုး နေတဲ့ ကလေးလိုပေါ့၊ လူကြီးတွေကလည်း ရင်တမမနှင့်ပဲ အလိုလိုက် ကြည့်နေရှာကြပုံရတာပဲ။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/25/2012 12:29:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ