[aurorageneration] Re: RNDP ရဲ့ အစ္စလာမ်ဘာသာကို စော်ကားမှု့ ရွေးကောက်ပွဲ ကော်မရှင် သတိပေးတာနဲ့ လုံလောက်ပြီလား




2012/12/29 Ruby Mirror <ruby.mirror786@gmail.com>

RNDP ရဲ့ အစ္စလာမ်ဘာသာကို စော်ကားမှု့ ရွေးကောက်ပွဲ ကော်မရှင် သတိပေးတာနဲ့ လုံလောက်ပြီလား

ဒီဇင်ဘာ ၂၇ ၊ ၂၀၁၂
M-Media
အမ်တီ

ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို ကိစ္စရပ် (၃) ခု နှင့်ပတ် သက်ပြီး နေပြည်တော် မှာ ခေါ်ယူ သတိပေးခဲ့တယ်။ ကိစ္စရပ် (၃) ခုတွင် RNDP ပါတီရဲ့ နိုင်ငံရေးစာစဉ်ဖြစ်တဲ့ တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂) တွင် အစ္စလာမ်ဘာသာ နှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအား မိုက်ရိုင်းစော်ကားသည့် အရေးအသားများကြောင့် ခေါ်ယူသတိပေးခြင်းဖြစ်သည်။

တိုးတက်ရေးသတင်းလွှာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် မာဃသစ္စာ ဆိုသူမှ ၇ခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် ခေါင်းစဉ်ဖြင့် အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ အပေါ် စော်ကားရေးသားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော  ဒေါက်တာအေးမောင် ခေါင်းဆောင်သည့် RNDP ပါတီရဲ့ တရားဝင် နိုင်ငံရေးစာစဉ်သည်
(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ
(၂) တည်ဆဲဥပဒေများနှင့်
(၃) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့ကို ချိုးဖောက်လျှက်-

(က) ကမ္ဘာ့လူသန်းပေါင်းများစွာ ကိုးကွယ်ယုံကြည်လျှက်ရှိသော အစ္စလာမ်သာသနာကို အသရေဖျက် စော်ကားရေးသားခြင်း။
(ခ) အစ္စလာမ်ဘာသာဝင်တို့၏ ပွဲတော်များကို ရှုံ့ချစော်ကား ရေးသားခြင်း။
(ဂ) အစ္စလာမ် ၀တ်ကျောင်းတော်များကို မလိုမုန်းထား ရေးသားခြင်း။
(ဃ) အစ္စလာမ့်ဝတ်ကျောင်းတော်များမှ ၀တ်ပြုရန် ဆော်သြဖိတ်ခေါ်ခြင်းကို တိရိစ္ဆာန်အော်သံနှင့် ခိုင်နှိုင်းဖော်ပြခြင်း။
(င) အစ္စလာမ်၏ စွန့်လွှတ်လှူမှုဒါနအား အလွဲအဓိပ္ပါယ်ဖွင့် စော်ကားရေးသားခြင်း။
(စ) အစ္စလာမ်ဘာသာဝင် တိုင်း၇င်းသား၊ နိုင်ငံသားများအားလုံးတို့ကို ရုတ်ရင်းကြမ်းတမ်းစွာ စော်ကားရေးသားခြင်း။
(ဆ) အစ္စလာမ်ဘာသာဝင်များ ကိုးကွယ်ယုံကြည်ရာ ဖန်ဆင်းရှင်၏ နာမတော်ဖြင့် အစပြုပါအံဟူသည့် ဆုတောင်းမေတ္တာစကား၏ သင်္ကေတကိုဖေါ်ပြလျှက် တရားဥပဒေဘောင်အတွင်းမှ သမ္မအာဇီဝဖြင့် စီးပွားရှာသူ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသားများအား မလိုမုန်းထားရေးသားလှုံ့ဆော်ခြင်း။
(ဇ) ဘာသာသာသနာ ယုံကြည်မှုမတူသူများနှင့် ထိမ်မြားလက်ထပ်ခြင်း မပြုရန်နှင့် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အတင်းအဓမ္မ အစ္စလာမ်ကို ယုံကြည်ခိုင်းခြင်း မပြုရန်၊ မည်သည့်အကြောင်းနှင့်မျှ သာသနာအတွင်း အဓမ္မသွတ်သွင်းခြင်း မပြုရန် အစ္စလာမ်သာသနာက ရှင်းလင်းပြတ်သားစွာ တားမြစ်ထားပြီး ဖြစ်ပါလျှက် အစ္စလာမ်နှင့် မွတ်စလင်မ်တို့ မဟုတ်မတရား စွတ်စွဲအသရေဖျက်ခြင်း။
(ဈ) ဘာသာပေါင်းစုံ ချစ်ကြည်ရေးပျက်ပြား၍ တိုင်း၇င်းသား၊ နိုင်ငံသားအချင်းချင်း မုန်းတီးနားကြည်း ရန်မီးပွားကာ ပြည်ထောင်စုကြီး ပြိုပျက်အောင် ရည်ရွယ်ချက်ကျကျ လှုံ့ဆော်ရေးသားလျှက်ရှိခြင်း။
(ည) ဘာသာရေးခုတုန်းလုပ်ကာ နိုင်ငံရေးအမြတ်ထုတ်သည့် ရေးသားလှုံ့ဆော်မှုများ ပြုလုပ်နေခြင်း။
(ဋ) ကမ္ဘာပေါ်ရှိ အစ္စလာမ်ဘာသာကိုးကွယ်သူ အားလုံးကို တိရိစ္ဆာန် နှင့် ခိုင်းနှိုင်းပြီး ရှိုင်းပြစွာရေးသားထားခြင်း၊
ဖြစ်ပေသည်။

ယခုကဲ့သို့ RNDP ရဲ့ ကမ္ဘာဘာသာကြီးတခုအား ပြောင်လှောင်ရေးသားမှုကို အောက်တွင်ပူးတွဲဖော်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတိပေးရုံ တင် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်း

ပုဒ်မ ၆(ဃ) လူမျိုးရေး (သို့) ဘာသာရေး(သို့) လူတစ်ဦးချင်း (သို့) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်ေ၇းသားမှု့ ဟောပြောမှု့ (သို့) စည်းရုံးမှု့မပြုလုပ်ရ
(င) ဘာသာေ၇းကို နိုင်ငံေ၇းအတွက် အလွဲသုံးစားမပြုလုပ်ရ

ဟူသော စည်းကမ်းများကို အဆိုပါ ဝန်ခံချက်များကို ချိုးဖောက်လျှင် ပါတီကို ဖျက်သိမ်းသည့် အထိ အရေးယူရမည်ဟု ကော်မရှင်ရဲ့ ပေးစာမှာ ဖော်ပြထားပါသည်။ သို့သော် ယခု RNDP မှ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည်ကို သတိပေးရုံတင်ပေးခဲ့ပါသည်။  သို့ဖြစ်ပါ၍ လူမျိုးပေါင်းစုံ ဘာသာပေါင်း စုံ   နှစ်ထောင်နှင့် ချီပြီး အေးချမ်းစွာ နေထိုင်လာသည့် မြန်မာနိုင်ငံတော်ကြီးတွင် နိုင်ငံသား အချင်းချင်း ပဋိပက္ခဖြစ်စေမည့် လုပ်ရပ်များကို ကာကွယ် တားဆီးရန် အတွက်   နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့မှ တိတိကျကျ ဥပေဒေအတိုင်း အမြန်ဆုံးအရေးယူဖို့ တိုက်တွန်းလိုက်ရပေသည်။

img3

img_0001 img_0002

1
အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ကို စော်ကားထားသည့် RNDP ပါတီစာစဉ် တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)
2
အစ္စလာမ်ဘာသာနှင့် မြန်မာမွတ်စလင်မ်တို့ကို စော်ကားထားသည့် RNDP ပါတီစာစဉ် တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊ အမှတ်(၁၂)

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.
 
 

[aurorageneration] Re: ရခိုင်အကြမ်းဖက်မှု ဘယ်သူ အမြတ်ထွက်သလဲ (ဘာသာပြန်)

4u


2012/12/29 Ruby Mirror <ruby.mirror786@gmail.com>

နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂
M-Media
ဆောင်းပါးရှင်- အလ်ဂျာဇီးရာရဲ့ Asia/Pacific Roving Correspondent  Wayne Hayhttp://blogs.aljazeera.com/blog/asia/winners-and-losers-myanmar-violence ကို M-Media မှ ဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။

 

ပွင့်လင်းရိုးသားမှုမရှိခြင်း ၊ တရားမျှတမှု့ နှင့် ရှင်းလင်းသေချာသော နိုင်ငံရေး သုံးသပ်ချက်များ မရှိခြင်းတို့ သည် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့် တင်းမာမှု များကို ပိုမိုကြီးထွားတောက်လောင် စေပြီး ၊ မြန်မာနိုင်ငံ တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်စလင်မ်များ ၏ ပြဿနာဖြစ်ပွားမှု့ အကြောင်းအရင်း စုံစမ်း ရှာဖွေခြင်းတွင် များစွာသော လစ်ဟာမှု များကို ဖြစ်စေသည်။

ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာ မွတ်စလင်မ်များ

မေလ ကုန်ပိုင်းလောက်တွင်   ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီးအား မုဒိမ်းကျင့်မှု့ကြောင့် ရိုဟင်ဂျာသုံးယောက် အား ဖမ်းဆီးစီရင် ခဲ့ခြင်းအား ကျွန်ုပ်တို့ သိပြီးဖြစ်သလို တဖန် နောက်ထပ် ငါးရက်အကြာတွင်  ရခိုင်ဗုဒ္ဓ ဘာသာများရဲ့ ကလဲ့စားချေမှု့ အနေဖြင့် ရိုဟင်ဂျာလူမျိုး ဆယ်ဦးအားကြမ်းကြုတ်စွာ အမဲဖျက်သကဲ့သို့ သတ်ဖြတ်ခဲ့သည်ကိုလည်း ကျွန်ုပ်တို့ သိပြီးဖြစ်သည်။

(အသတ်ခံရသူ ၁၀ ဦးမှာ ပြည်မ မှ မြန်မာမွတ်စလင်မ်များဖြစ်ပါသည် M-Media)

ထိုလူသတ်မှူများ အတွက် မည်သည့်တစ်စုံတစ်ဦး မှ ဖမ်းဆီးခံရခြင်းမရှိသည့်အပြင် ထိုလူသတ်မှု ၏ နောက်တွင် မြောက်များစွာသော လူတို့သေဆုံးခြင်း၊ ထောင်ပေါင်းများစွာသော နေအိမ်များ နှင့် အခြား အဆောက်အဦးများ မီးရှို့ခံရခြင်းနှင့် လူပေါင်း တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းတို့ဖြင့် အတိပြီးသော အကြမ်းဖက်ဖြစ်ရပ်များ ဆင့်ကဲ ဖြစ်ပွါးခဲ့လေသည်။

အစိုးရ၏ တုန့်ပြန်မှု သည် အားနည်းလှသောကြောင့် နိုင်ငံရေးစနစ်အတွင်းပါဝင်လျှက်ရှိသူများသည် ပဋိပက္ခတွင်ပါဝင်ပတ်သက်မှုရှိသည်ဟု ယုံကြည်သူများ၏ ယုံကြည်မှုကို အားကောင်းစေသည်။

လက်တွေ့ကျကျ စဉ်းစားကြည့်ကြပါစို့။

အကယ်၍သာ နိုင်ငံ့ အာဏာပိုင်များ / အာဏာပိုင်တို့နှင့်ပေါက်ရောက်သူများသည် ပဋိပက္ခအား အမှန်တကယ်ရပ်တန့်စေလိုခဲ့ပါလျှင်၊ အစကနဦးကပင် ရပ်တန့်နိုင်မည်သာ။

ယခင်စစ်အစိုးရ သည် ထင်သာမြင်သာသော ပဋိပက္ခများအား ရက်စက်စွာ နှိမ်နင်းခဲ့သည်မှာ မကြာသေးပေ။ ယခုအစိုးရ တစ်စိတ်တစ်ပိုင်းသည် အရပ်သားအစိုးရ ဖြစ်သော်လည်း တိုင်းပြည်အား လည်ပတ်နေစေသူများတွင် ယခင်လူများထဲမှ အများအပြားပါဝင်လျှက်ရှိသည်။

နိုင်ငံရေး ဝေဝါးမှု

အစိုးရသည် ယခင်က ပြုဖူးသကဲ့သို့၊ ရခိုင်ပြည်နယ် ၏ လမ်းများပေါ်တွင် စစ်သားများဖြင့် ချက်ခြင်း ဖြည့်တင်းနိုင်ပေသည်။ ရခိုင်ဒေသတစ်ဝှမ်းတွင် လုံခြုံရေးတိုးမြှင့်ချထားသည် ဟု ပြောကြားသော်လည်း မျက်မြင်အရဆိုလျှင် စစ်သားဦးရေသည် အလွန့် အလွန်နည်းပါးလှပါသည်။

၎င်းပဋိပက္ခသည် ရိုးရှင်းသော လူမျိုးရေး တင်းမာဆူပူမှု မျှ မဟုတ်ဆိုသည် ကို ရည်ညွှန်းသည့် နိုင်ငံရေးဝေဝါးမှု များရှိနေသည်။

မြန်မာ့အာရုံသစ် စနစ် အတွင်း၌ အာဏာရှင်အမာခံများ ရှိနေသေးသည့် အပြင် ၊ ဒီမိုကရေစီသည် စစ်တပ် ၏ အာဏာ နှင့် လွှမ်းမိုးမှုတို့အား ဖယ်ရှားပစ်သည်ဟု မြင်ကြသော စစ်တပ်သည်လည်း ရှိနေသေးသည် ဆိုသည်ကို လွယ်ကူစွာ မေ့ပျောက်မရနိုင်ပါ။

လက်နက်ကိုင်တပ်များသည်သာလျှင် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်သူများ ဖြစ်သည်ဟု ၎င်းတို့က စောဒကတက် အငြင်းဝင် ချင်ကြမည်။ ပဋိပက္ခ ကို စတင်ဖန်တီးမှ မဟုတ်၊ ပဋိပက္ခအား ချုပ်ငြိမ်းရပ်တန့်ရန် မပြုခြင်း နှင့် ဖြစ်သင့်သည်ထက် ပိုမိုကြီးထွားအောင် အားပေးအားမြှောက် ပြုခြင်းသည်လည်း စစ်တပ်၏ လုပ်ရပ် အား ထင်ရှားစွာသက်သေပြနိုင်ခြင်းမည်ပါသည်။

ယခင်စစ်တပ်ဗိုလ်ချုပ်များ၊ အာဏာရှင်အမာခံများ ဦးဆောင် ပါဝင်သည့် တိုင်းပြည်၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်လျှက်ရှိသည်။

၎င်း ပြည်ခိုင်ဖြိုး (USDP) ပါတီ၏ အကြီးမားဆုံးပြဿနာမှာ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပင်ဖြစ်သည်။

NLD ပါတီသည် အလွန်လူကြိုက်များသော ပါတီဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ၌လည်း NLD ပါတီက အနိုင်ရရှိခဲ့ပြီးနောက် စစ်တပ် က အာဏာသိမ်းခဲ့သည်။ ၂၀၁၂၊ ဧပြီလ ရွေးကောက်ပွဲတွင်လည်း NLD ပါတီသည် လွှတ်တော်အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့သည်။ အကယ်၍ ၂၀၁၅ အထွေထွေရွေး ကောက် ပွဲသည်လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်မည်ဆိုပါက၊USDP ပါတီသည်အခက်ကြုံရမည်ဖြစ် သည်။

ယေဘုယျ တွက်ကိန်း

အထက် ရေးသား ဖော်ပြချက်များသည် လက်ရှိဖြစ်ပွါးနေသော ရခိုင်တင်းမာမှုများနှင့် လုံးဝ မပတ် သက်သယောင်ထင်ရသော်လည်း၊အချို့သောသူများသည် ရခိုင်အကြမ်းဖက်မှု အား ကြိုးကိုင် အခွင့်ကောင်းယူ၍ ၎င်းတို့၏ လက်ရှိ ရာထူးအနေအထားများကို မြဲမြံအောင် ပြုလုပ်နေကြရုံမက ယခင်က ရှိခဲ့သော ၎င်းတို့၏ အနေအထားကို ပြန်လည်ရယူလိုကြသည် ဟု  မြန်မာနိုင်ငံ၏ လူမှုမီဒီယာ များတွင် ဇွန်လဆန်း ပိုင်း လောက်ကတည်း က ယေဘုယျ ခန့်မှန်းတွက်ကိန်းများ ရှိနေခဲ့သည်။

၎င်းတွက်ကိန်း ၏ သော့ချက်မှာ USDP ပါတီ ၏ အရာရှိဟောင်း ၊ ဗိုလ်ချုပ်ဟောင်း အောင်သောင်း နှင့် မွတ်စလင် ဆန့်ကျင်ရေး နာမည်ကြီးသော ရဟန်းပျို (ဝီရသူ မန္တလေး) တို့၏ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုပင် ဖြစ်သည်။

ဝီရသူသည် မန္တလေးမြို့တွင် ၂၀၀၁ ၌ဖြစ်ပွါးခဲ့ သော ဗုဒ္ဓဘာသာ နှင့် မွတ်စလင်တို့ ၏ အဓိကရုဏ်းတွင် ပါဝင်ကျူးလွန်မှုကြောင့် ထောင် ဆယ်နှစ်မက ကျခံ ဖူးသူဖြစ်သည်။ ၎င်းသည် အစိုးရသစ်၏ လွတ်ငြိမ်း ချမ်းသာခွင့် ကြောင့်  ယခင်နှစ်ကုန်ပိုင်း က ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

USDP ပါတီ အထိနာခဲ့သည့် ဧပြီလ ရွေးကောက်ပွဲ အပြီးတွင် အာဏာရှင်ဟောင်းသန်းရွှေနှင့် အလွန်နီးစပ် သည် ဟု လူသိများသော အောင်သောင်း က ဝီရသူ အားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ အာဏာရပါတီ ခေါင်းဆောင် တစ်ဦး နှင့် မွတ်စလင်ဆန့်ကျင်ရေးကြောင့် လူသိများသော သာမန် ဘုန်းကြီးရဟန်း တစ်ဦးတို့၏ သမားရိုးကျပုံမှန် မဟုတ်သော တွေ့ဆုံဆွေးနွေးပွဲ ဓာတ်ပုံများပေါ်ထွက် ခဲ့သည်။

၎င်းတို့အဘယ်ကြောင့် တွေ့ဆုံ ခဲ့ပါသနည်း? မည်သည့်ရှင်းလင်းဖြေရှင်းချက်မျှ မရှိခဲ့ပါ။ သို့ရာတွင် ရခိုင် အကြမ်းဖက်မှုစတင်ပြီးနောက်၊ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသားများ မဟုတ်၊ ၎င်းတို့ အား ဖမ်းဆီးပြီးနောက် အခြားနိုင်ငံသို့ ပို့ဆောင်ရမည် ဟူသော သမ္မတသိန်းစိန် ၏ အဆိုအား ထောက်ခံ ရန် လမ်းများပေါ်သို့ထွက်၍ ချီတက်ကြသည့် ဘုန်းကြီးများ ၏ ရှေ့တန်းတွင် ဝီရသူသည် ဦးစီးဦးဆောင် အဖြစ်  ပါဝင်ခဲ့လေသည်။

အနောက်ဖက် (ရခိုင်) ရှိ တိုက်ခိုက်မှုများကြောင့် USDP မည်သည့်အကျိုးအမြတ်ရရှိသနည်း?

မြန်မာနိုင်ငံသည် ရုတ်ချည်းနိုင်ငံရေး အပြောင်းအလဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း မငြိမ်မသက် မှုများက သက်သေဖြစ်သည် ဟု အာဏာရှင်အမာခံ များက ပြောကောင်းပြောနိုင်သည်။

မြန်မာနိုင်ငံသည် တက်ကြွစွာလှုပ်ရှားရာ၌ အတွေ့အကြုံများစွာရှိပြီး၊ နိုင်ငံရေးသမား အတွေ့အကြုံနည်း သော သူမျိုးကို အလိုမရှိဘဲ၊ တိုင်းပြည်အုပ်ချုပ်ရာ၌ အတွေ့အကြုံရင့်ကျက်သော တည်ငြိမ်လက်ပိုင်ရှင် များကိုသာ အလိုရှိသည်ဟုထိုသူများ ကပြောကောင်းပြောကြပေလိမ့်မည်။

အကျပ်အတည်းများကြားက စုကြည်

တိုက်ခိုက်မှု ပဋိပက္ခများသည် အောင်ဆန်းစုကြည် အား အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိ စေသည်။ သူမသည် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး နှင့် တရားမျှတမှု အတွက် ကြာရှည်စွာ တိုက်ပွဲ ဝင်လာသူဖြစ်သည်။ ယခုမူ သူမသည် လွှတ်တော် အမတ် တစ်ဦးအဖြစ် စနစ်အတွင်းအလုပ်လုပ်နေရသူ ဖြစ်နေပြီး၊ သူမ၏ နိုင်ငံမှ ရာထောင်ချီသော ပြည်သူ အပေါင်းတို့သည် သူမ၏ နိုင်ငံ ၌ပင် တစ်နေ့တစ်ခြား ခွဲခြားဆက်ဆံခံနေရချိန်တွင် သူမ အနေဖြင့် ဆောင်ရွက်စဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရန်   ကမ္ဘာ က သူမအား မျှော်လင့်လျှက်ရှိပေသည်။

သူမ၏ တုန့်ပြန်မှုများမှာ မည်သို့မျှ အရာမထင်ပေ။ သူမသည် မည်သည့်ဘက်ကိုမျှ ဘက်လိုက် ထောက်ခံမည်မဟုတ်၊ မည်သူကောင်း၏၊ မည်သူဆိုး၏ ဆိုသည်ကို ဆုံးဖြတ်သည့် "လူ့စရိုက်အား ဦးဆောင်မှု" မျိုးကိုလည်း သူမကျင့်သုံးမည် မဟုတ်ဟူသောအားနည်း ပျော့ညံ့သည့် ပြောကြားချက်အချို့ ကိုသာ ထုတ်ပြနိုင်ခဲ့သည်။

အပြောင်းအလဲကို မလိုလား ကြ သော USDP ပါတီ နှင့် စစ်တပ် လက်ဟောင်းကြီးများသည် NLD ခေါင်း ဆောင်အနေဖြင့် လက်ရှိအခြေအနေ အားမည်သို့ကိုင်တွယ်မည်နည်း ဆိုသည်ကို ပျော်ရွှင် စွာကြည့်နေကြ ပေလိမ့်မည်။

ရိုဟင်ဂျာ များ အားထောက်ခံ၍ ပြောကြားရန် နိုင်ငံခြားအစိုးရများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ ၏ ဖိအားပေးမှု များ အောက်တွင် သူမရောက်ရှိမည်ဆိုသည်ကို ၎င်းတို့သိရှိကြပြီး၊ အကယ်၍ သူမသည် ရခိုင် ဗုဒ္ဓဘာသာဝင်များအား ဆန့်ကျင်ပြောကြားပါ က ပြည်တွင်ထောက်ခံမှုများကိုဆုံးရှုံး ရမည့် အန္တရာယ် ရှိ ကြောင်းကို လည်း သူမက သိရှိနေပေသည်။

ပြည်တွင်းထောက်ခံမှု ဆုံးရှုံးခြင်းသည် ထောက်ခံမဲဆုံးရှုံးခြင်းပင်။ ဒီမိုကရေစီ အရေးလှုပ်ရှားသူ တစ်ဦး ၏ ဘဝထက်စာလျှင်၊ စစ်အာဏာရှင် နိုင်ငံအဖြစ်မှ  ပြောင်းလဲခဲ့သော ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် နိုင်ငံ ရှိ နိုင်ငံရေး သမားတစ်ဦး ၏ ဘဝ သည် မည်သို့မည်နှယ် ရှိသည်ကို သူမ စတင် သိရှိခံစားနေရပေ လိမ့်မည် ဖြစ်နိုင်၏။

ရခိုင်အရေးအခင်းနောက်ကွယ် အမှန်တရား အား ကျွန်ုပ်တို့ မည်သည့်အခါမျှ မသိရှိနိုင်မည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် တိုင်းပြည် ၏ ထိုအစိတ်အပိုင်း ရှိ မွတ်စလင် နှင့် ဗုဒ္ဓဘာသာဝင်များသည် ဆုံးရှုံး သူများ သာဖြစ်ကြသည်ကို ကျွန်ုပ်တို့သိရှိကြပေသည်။ အဆိုပါ အရေးအခင်းများသည် ဒီမိုကရေစီမြန်မာ နိုင်ငံ ၏ နေ့သစ်ဦးများ၌ ဖြစ်ပေါ်ခဲ့သည် ကို လည်းကောင်း၊ အပြောင်းအလဲကိုမလိုလားသော အင်အားစု များသည် တိုင်းပြည်၏ အနာဂတ် အားဆုံးဖြတ်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ  ယနေ့တိုင်ပါဝင် လျှက်ရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်း က လေ့လာလျှက်ရှိနေမည် ဖြစ်ပေတော့သည်။



--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.
 
 

[mrsorcerer:36614] Fwd: [လူဗိုလ်ဟူသည် ...] ဗိုလ်ချုပ်အောင်ဆန်း ဆုံးမစကား“



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/29
Subject: [လူဗိုလ်ဟူသည် ...] ဗိုလ်ချုပ်အောင်ဆန်း ဆုံးမစကား"
To: lubo601@gmail.com



by Myat Thi Ha on Saturday, December 29, 2012 at 4:23am ·


ကျုပ်အခု နိုင်ငံရေး ဆောင်ရွက်နေတာဟာ သရဖူကြီး လိုချင်လို့ပဲ၊ ကျုပ်ဆောင်း ဖို့မဟုတ်ဘူး၊ လူထုအားလံုး ဆောင်း ရမယ့် လွတ်လပ်ရေးဆိုတဲ့သရဖူကြီးပဲ။ ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့
အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။

ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ
ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့
အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က
ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့
အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား
နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ
ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား
အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း
မှန်တယ်၊ မှားတယ် သိနိုင်မယ်။"
"လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့
ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။"

"ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့
စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊
အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့
တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး
နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး
ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။"

"တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး
အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ
နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။
စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ
မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို
ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ
မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။
နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ
အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။"

"အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို
ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။
ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့
ပြောတာပဲ။"

"ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ
ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။"

"ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို
ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊
လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။
ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ်
လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။"

"နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့
စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊
ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။
တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊
အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့်
စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့်
တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။
စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန်
ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ
ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ
နောက်ဆုံးမှာကြားခြင်းပဲ။"

"ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။"

"ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ
တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊
မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ
မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ
ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့
နိမိတ်ပဲ။"

"နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ
ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။"

"အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ
ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။
အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့
ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။"

"ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို
ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို
သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို
ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို
တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့
ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင်
ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။"

"သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ
ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့
ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း
ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့
ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ
မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ
နောက်ဆုံးစကားပဲ။"ဗိုလ်ချုပ်အောင်ဆန်း၏ လူသိနည်းသော မိန့်ခွန်း(သမိုင်း)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/30/2012 12:32:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36613] Fwd: [လူဗိုလ်ဟူသည် ...] ထမ်းပိုးလေးချောင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/29
Subject: [လူဗိုလ်ဟူသည် ...] ထမ်းပိုးလေးချောင်း
To: lubo601@gmail.com



လူတိုင်းလူတိုင်းမှာ ထမ်းထားရတဲ့ ထမ်းပိုးလေးချောင်းရှိတယ်လို့ဆိုပါတယ်။ အဲဒီထမ်းပိုး လေးချောင်းကတော့ ကာမထမ်းပိုး၊ ဘ၀ထမ်းပိုး၊ အယူဝါဒထမ်းပိုးနဲ့ မသိမှုထမ်းပိုးတို့ပဲဖြစ်ပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်းဟာ ထမ်းပိုး လေးချောင်းကို နေ့စဉ်နဲ့အမျှ ထမ်းနေကြ ရပါတယ်။ 

ဘ၀မှာ လူတွေအများဆုံး ထမ်းနေရတဲ့ ထမ်းပိုးကတော့ ကာမထမ်းပိုး ပဲ ဖြစ်ပါတယ်။ ကာမထမ်းပိုးဆိုတာ ကာမဂုဏ်တွေရဲ့ အကောင်းအဆိုးကို မှန်မှန် ကန်ကန် မသိကြတဲ့အတွက် ကာမဂုဏ်တရားတွေမှာ သာယာ ကြည်နူး မွတ်သိပ်ပြီး ကာမအစေးနဲ့ ငြိကကပ်နေခြင်းကိုပြောတာပါ။အလွယ်ပြောရရင် အာရုံငါးပါး ကာမဂုဏ်တရားတွေမှာ တပ်မက်တဲ့စိတ်ကို ကာမထမ်းပိုးလို့ ဆိုပါတယ်။ လူသားတိုင်း ဟာ ကာမထမ်းပိုးကို မဖြစ်မနေ ထမ်းနေကြသူတွေရှိသလို လေးမှန်းသိပေမယ့် ထမ်းချင်လို့ကို ထမ်းနေ သူတွေလည်းရှိပါတယ်။ နိုင်ငံ၊ ဘာသာ၊ လူမျိုးနဲ့ အသား အရောင် ဘယ်လိုပဲ ကွဲပြားကွဲပြား ကာမထမ်းပိုးကိုတော့ ထမ်းနေကြရ တာခြင်း က တော့ လူတိုင်းနီးပါး တူညီကြပါတယ်။
လူသားတွေ ထမ်းနေကြတဲ့ ထမ်းပိုးတွေထဲမှာ ကာမထမ်းပိုးကတော့ အလေးဆုံးဖြစ်မယ် လို့ထင်ပါ တယ်။ ဒီထမ်းပိုးကြောင့်ပဲ မရေ တွက်နိုင်တဲ့ ပြဿနာတွေကို လူသားတွေ ဟာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ဖြေရှင်း နေကြရ ပါတယ်။ ကာမထမ်းပိုးကြောင့် စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ဂီတနဲ့ အနုပညာ စတဲ့စတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေတဲ့ သူတွေဟာ လူမှုအသိုင်းအ၀ိုင်းက ပစ်ပယ်ခံလိုက်တဲ့အထိ အရှုံးနဲ့ ဘ၀ကို ရင်ဆိုင် သွားခဲ့ရပါတယ်။ ကာမထမ်းပိုးကြောင့် သူတော်စင်အမည်ခံ သူတို့တောင် မသူတော် စာရင်းအသွင်းခံ လိုက်ရတာတွေရှိပါတယ်။
ကာမထမ်းပိုးကြောင့် ဖြူစင်နေတဲ့သူတွေ မည်းညစ်သွား နိုင်သလို အခြေခိုင်မာပြီးသူတွေ အခြေယိုင်သွားတတ်ကြပါသေးတယ်။ ပုထုဇဉ်လူသား တို့ရဲ့ နေ့စဉ်ဘ၀မှာ ကာမထမ်းပိုးကို မှန်မှန်ကန်ကန် ထမ်းနေခြင်းဟာ အပြစ်တခုကို ကျူးလွန်တာတော့ မဟုတ်ပါဘူး။ တကယ်တော့ ဒီထမ်းပိုးကို ထမ်းနေရတာ လေးမှန်း သိပေမယ့် လူသားတိုင်းဟာ အနာဂါမ်အရိယာအဖြစ်ကို မရောက်မချင်း ကာမထမ်းပိုး ကို ထမ်းပိုးနေကြရဦးမှာပါ။

နောက်ထပ် လူသားတွေ ထမ်းနေရတဲ့ ထမ်းပိုးကတော့ ဘ၀ထမ်းပိုးပဲဖြစ်ပါ တယ်။ ကာမထမ်းပိုးက လေးသလို ဘ၀ထမ်းပိုးဟာလည်း ဘယ်လောက်လေး တယ်ဆိုတာ လူတိုင်းသတိထားမိမယ်လို့ ထင်ပါတယ်။ ဘ၀အပေါ် မှန်ကန်တည့်မတ် တဲ့ အမြင်မရှိတဲ့သူဟာ ဘ၀အပေါ် အတိုင်းထက်အလွန် သာယာကြည်နူး မိတတ်ကြ တယ်။ တနည်းအားဖြင့် ရူပဘ၀ အရူပဘ၀တွေမှာ သာယာတပ်မက် တတ်တဲ့စိတ်ကို ဘ၀ယောဂလို့လည်းဆိုပါတယ်။
အဆင်ပြေနေတဲ့အခိုက်မှာ မောက်မာချင်ကြ၊ သူတပါး အပေါ် အနိုင်ကျင့်ပြီး နိုင်ထက်စီးနင်း လုပ်ချင်ကြတယ်။ ဘ၀ထမ်းပိုးကိုထမ်းပြီး လျှောက်လှမ်းရတဲ့အခါ ဘ၀အသိ လွတ်မသွားဖို့လိုအပ်ပါတယ်။ တကယ်တော့ အသိလွတ်နေတဲ့ ဘ၀ဆိုတာ ရူးသွပ်ခြင်းတမျိုးပါပဲ။ ရှောင်လွှဲလို့မရတဲ့ ဘ၀ထမ်းပိုးကို မဖြစ်မနေ ထမ်းကြရတဲ့အခါ စာနာစိတ်နဲ့ ကြင်နာစိတ်ကို အဖော်ပြုပြီး ဘ၀ထမ်းပိုးကို ပျော်ပျော်ကြီး ထမ်းထားဖို့လည်း အရေးကြီးပါတယ်။

နောက်ထပ် လူသားတွေ ထမ်းနေရတဲ့ ထမ်းပိုးတချောင်းကတော့ အယူဝါဒ ထမ်းပိုးပဲဖြစ်ပါတယ်။ ဘ၀အပေါ် တပ်မက်နှစ်သက်နေခြင်း တွေဝေမိန်းမောနေခြင်းကို ဘ၀ထမ်းပိုးလို့ခေါ်ပါတယ်။ ပါဠိစာပေအလိုအရ မှားယွင်းနေတဲ့ အယူဝါဒတွေဟာ ခြောက်နှစ်ခုတောင်ရှိပါတယ်။ အဲဒိအယူမှားမှု ခြောက်ဆယ့်နှစ်မျိုးနဲ့ အဲဒီအယူဝါဒ တွေအပေါ်မှာ တပ်မက်တဲ့စိတ်ကို ဘ၀ထမ်းပိုးလို့လည်း ခေါ်နိုင်ပါတယ်။ ကမ္ဘာ့သမိုင်း နိုင်ငံ့သမိုင်းတွေကို ကြည့်ရင် အယူဝါဒထမ်းပိုး ကြောင့် စစ်ပွဲတွေ အဓိကရုဏ်းတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရပါတယ်။ သမိုင်းတွင်တဲ့ စစ်ပွဲတွေရှိသလို သမိုင်းမတွင်တဲ့ စစ်ပွဲ တွေလည်း အများကြီးရှိပါတယ်။ အခုလည်း ဖြစ်နေဆဲဖြစ်ပြီး နောက်လည်း ဖြစ်နေ ဦးမှာပါ။
ဘာကြောင့်လည်းဆိုတော့ လူသားတွေဟာ အယူဝါဒထမ်းပိုးကို မစွန့်လွှတ်နိုင် ကြသေးလို့ပါပဲ။ အယူဝါဒထမ်းပိုးကို အစွန်းရောက်ထမ်းတော့ ပြဿနာတွေက ဖြေရှင်းလို့မကုန်နိုင်တော့ပါဘူး။ ကိုယ်ထမ်းထားတဲ့ ထမ်းပိုးအတွက် ကာကွယ်ကြ၊ စောင့်ရှောင့်ကြ၊ တိုးတက်ပြန့်ပွါးအောင် လုပ်ဆောင်ကြရင်း လူသားတွေ ကတော့ အယူဝါဒထမ်းပိုးနဲ့ ထမ်းရင်းလေးလံလို့ နေပါပြီ။ ယုံကြည်ချက်တွေ အစွန်းရောက်ရင် အဲဒီယုံကြည်ချက်အပေါ်မှာ သာယာနှစ်သက် တပ်မက်နေ တတ်ပါတယ်။ ကိုယ်ယုံ ကြည်နှစ်သက် တပ်မက်တဲ့ အယူဝါဒထမ်းပိုးကို ဖက်တွယ်ထမ်းပိုးရင်း လူသားတွေ ကတော့ ခရီးဆက်နေကြဦးမှာပါ။
ကာင်းပြီ။ ဒါဆိုရင် လူအမျိုးမျိုးက အယူဝါဒ ထမ်းပိုးအမျိုးမျိုးကိုထမ်းလို့ အခက်အခဲ ဖြစ်နေကြတာလား။ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်နေကြရတာလား။ ဒါဆိုရင် တူညီတဲ့ ထမ်းပိုးတချောင်းကို ၀ိုင်းထမ်းဖို့ ဆိုရင်ကော ဖြစ်နိုင်ပါ့မလား။ လူသားအားလုံးအတွက် သတ်သတ်မှတ်မှတ် စံပြုထိုက်တဲ့ ထမ်းပိုးတချောင်းဆိုရင်ကော။အယူဝါဒထမ်းပိုးကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တယ်ဆိုရင် လူသားတိုင်းဟာ ကိုယ့်ထမ်းနေတဲ့ အယူဝါဒထမ်းပိုး တွေကို စွန့်လွှတ်ပစ်ဖို့ လိုအပ်ပါသလား။ အယူဝါဒထမ်းပိုးကတဲ့ကော လူသားတွေ အတွက် မလိုအပ်တော့ဘူးတဲ့လား။ လေးမှန်းသိပေမယ့် အယူဝါဒထမ်းပိုးကို လူသား တွေ ဘာကြောင့် ထမ်းနေကြတာလဲ။ တာဝန်အရ ထမ်းနေကြတာလား။ အယူဝါဒ ထမ်းပိုးဟာ မဖြစ်မနေ ထမ်းနေရမယ့် အရာတခု ဟုတ်ပါရဲ့လား။ အယူဝါဒထမ်းပိုးကို မဖြစ်မနေ ထမ်းရမယ်လို့ ဘယ်သူတွေက ပညတ်ခဲ့တာလဲ။ အဖြေရှာကြည့် စေချင်ပါ တယ်။ သေချာတာတခုကတော့ လူသားတွေ မဆိတ်သုဉ်းသေးသရွေ့ အယူဝါဒ ထမ်းပိုးကြီးကတော့ ရှိနေဦးမှာပါပဲလေ။

လူသားတွေထမ်းနေရတဲ့ နောက်ဆုံးထမ်းပိုးကတော့ မသိမှုထမ်းပိုးကြိးပဲ ဖြစ်ပါ တယ်။ မသိမှုအမျိုးမျိုးရှိပေမယ့်လို့ ဒီနေရာမှာတော့ အမှန်တရားလေးမျိုးကို မသိခြင်း ဟာ မသိမှုထမ်းပိုးကို ထမ်းနေခြင်းပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ဖြစ်ပေါ်လာ တဲ့ အာရုံတိုင်းကို မှန်မှန်ကန်ကန် မသိပဲ အာရုံခြောက်ပါးမှာ တွယ်တာကပ်ငြိမှုဖြစ်တာ ကိုပဲ အသိမှုထမ်းပိုးလို့ ခေါ်နိုင်ပါသေးတယ်။ မသိမှုဟာလည်း လူသားတွေကို လေးလံစေ တဲ့ အထုပ်အပိုးတခုပဲဖြစ်ပါတယ်။
လူသားတွေကို အမျိုးမျိုး ဒုက္ခရောက်နေကြရတာဟာ ဒီထမ်းပိုးလေးချောင်းကို ထမ်းနေရလို့ပဲဖြစ်ပါတယ်။ ဒီထမ်းပိုးလေးချောင်းဟာ ပစ္စုပ္ပန်မှာ ပြဿနာအမျိုးမျိုးကို ဖန်တီးပေးသလို သံသရာမှာလည်း နစ်မွန်းစေတတ်တယ်လို့ ဆိုပါတယ်။ ပါဠိစာပေမှာ တော့ ပြဿနာအရှုပ်အထွေးတွေကို ဖြစ်စေတတ်လို့ ထမ်းပိုးလို့ ခေါ်တာပါတဲ့။ လူသားတွေဟာ နေ့စဉ်နေ့တိုင်း ဒီထမ်းပိုး လေးချောင်းကို ထမ်းနေရတာ ပင်ပမ်းလွန်းပါတယ်။ အလွန်အင်မတန်မှလည်း လေးလံ လွန်းပါတယ်။ ဒါဆိုရင် လေးလံလွန်းလှတဲ့ ဒီထမ်းပိုးလေးချောင်းကို လွှတ်ချပစ်လိုက်ရင် ပိုမကောင်းဘူးလား။ ဘာကြောင့် ဒီထမ်းပိုးတွေကို အလေးခံပြီး ထမ်းနေမှာလဲ။ လွတ်လပ်ပေါ့ပါးသွားအောင် ပစ်ချပစ်လိုက်ရင် ပိုကောင်းမှာပါ။ လွှတ်ချပစ်ဖို့ လည်း လိုအပ်မယ်လို့ထင်ပါတယ်။

ဒီလေးလွန်းလှတဲ့ အထုပ်ကြီးလေးထုတ်ကို လွှတ်ချဖို့ဆိုတာကလည်း တကယ် တော့ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကာမထမ်းပိုးကို လွှတ်ချပစ်နိုင်ဖို့ဆိုတာက အနာဂါမိမဂ်ကို ရမှာဖြစ်မှာပါ။ အနာဂါမိမဂ်ကသာလျှင် ကာမထမ်းပိုးကို ပစ်ချနိုင်စွမ်းရှိပါတယ်။ အယူဝါဒထမ်းပိုးကို မထမ်းချင်ဘူးဆိုရင်တော့ သောတာပန်ဖြစ်အောင် ကြိုးစားဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သောတာပတ္တိ မဂ်နဲ့မှ အယူဝါဒထမ်းပိုးကို ဖယ်ရှားနိုင်လို့ပါပဲ။ ဘ၀ထမ်းပိုးနဲ့ မသိမှုထမ်းပိုးတွေကို စွန့်ပယ်ဖို့ဆိုတာက အခက်ခဲဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘ၀ထမ်းပိုးနဲ့ မသိမှုထမ်းပိုးတွေကို စွန့်ပယ်နိုင်ဖို့ဆိုတာ အရဟတ္တမဂ်ဆိုတဲ့ ဓားတချောင်းလိုပါတယ်။
ဒီအရဟတ္တမဂ်ကသာ ဘ၀ထမ်းပိုးနဲ့ မသိမှုထမ်းပိုးတွေကို အကြွင်းမဲ့ ပစ်ပယ်နိုင်စွမ်း ရှိလို့ပါပဲ။ ဒီထမ်းပိုးလေးချောင်းကို သံသရာအဆက်ဆက်က ထမ်းလာခဲ့တာဆိုတော့ အလွယ်တကူ စွန့်ပယ်နိုင်ဖို့ မလွယ်ပါဘူး။ ဒီထမ်းပိုးလေးချောင်းကို ထမ်းထားသရွေ့ တော့ ငြိမ်းချမ်းမှုကို မရနိုင်သေးပါဘူး။ ထမ်းပိုးလေးချောင်းကို စွန့်ပယ်နိုင်မှ ငြိမ်းချမ်းမှုကို ရမှာပါ။ ဒါကြောင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ် ထမ်းပိုးမရှိရာအရပ်ကိုသွားချင်တယ်ဆိုရင်တော့ လူသားအားလုံး ထမ်းထားတဲ့ ထမ်းပိုး တွေကို လွှတ်ချပစ်ဖို့ အရေးကြီးပါတယ်။ "လေးရင်လေးပါစေ၊ ကိစ္စမရှိဘူး။ ထမ်းချင်လို့ကို ထမ်းနေတာပါ" ဆိုရင်တော့လည်း လူတိုင်းမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပါတယ်လေ။ သို့သော်…………..
ကိုသစ် (သီတဂူ)
(24/10/2012)

မှ - (bawazatkhon.blogspot.com - ဘာသာရေး)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/30/2012 12:23:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36612] Fwd: [လူဗိုလ်ဟူသည် ...] ကယန်းအကြောင်း တစေ့တစောင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/29
Subject: [လူဗိုလ်ဟူသည် ...] ကယန်းအကြောင်း တစေ့တစောင်း
To: lubo601@gmail.com



Zayar Zy shared ခွန် ဒီးယမ်'s photo.
ကယန်းအကြောင်း တစေ့တစောင်း =================== သည်ကယန်းရွာလေးကတော့ ကံလှရွာလို့ခေါ်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြိုနယ်အထဲမှာ တည်ရှိနေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပိုင်ဖြစ်တယ်။ အထက်ပေါင်းလောင်းဆည် ပြီးသွားပြီဖြစ်လို့ ရေ၀ပ်ဧရိယာအတွင်းက ရွာပေါင်း ၂၃ ရွာကို ပြောင်းရွေ့ပေးဖို့ လျှပ်စစ်ဝန်ကြီးဌာနကနေ တွန်းအားပေးတာကို ခံနေရတဲ့ထဲက ရွာတရွာပါ။   ပအိုဝ်းဒေသထဲမှာ ထူးထူးခြားခြားတည်ရှိနေတဲ့ ကယန်းလူမျိုးစစ်စစ်တွေရဲ့ ရွာလေးပါ။ အိမ်ခြေ ၆၀ လောက်သာ ရှိတယ်။   ပေါင်းလောင်ချောင်းရဲ့ ဘေးဝဲယာတလျှောက်မှာ စပါး၊ မြေပဲ၊ နနွင်း၊ ကွမ်းသီးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတယ်။   စီးပွားဖြစ် အပိုဝင်ငွေလုပ်ငန်းအနေနဲ့ကတော့ တောထဲမှာ အလေ့ကျပေါက်နေတဲ့ ကြိမ်တွေကိုခုတ်ယူပြီး၊ ကြိမ်ပလိုင်းကြိုးတွေ ယက်လုပ်ကြတာပါ။   ကြိမ်အမျိုးအစားအပေါ် မူတည်ပြီးတော့ ဈေးကောင်းရတယ်။  ကြိမ်ငန်းလို့ခေါ်တဲ့ ကြိမ်အနီရောင်နဲ့ ယက်လုပ်ထားတဲ့ကြိုးက ကြိမ်ခါး(ကြိမ်အဖြူ)ထက် ဈေးပိုရတယ်။  ပင်လောင်းမြို့ပေါ် ပေါက်ဈေးကကြိုးတချောင်းကို ကျပ်၂၅၀ ကနေ ၅၀၀။   "တစ်ရက်ကို မိသားစုတစ်စု ဆိုရင် ကြိုး၅၀လောက်ပြီးတယ်" လို့ ကယန်းအမျိုးသမီး မပေါ်က ဆိုတယ်။   တရွာလုံးက ယက်လုပ်ထားသမျှကို စုထားပြီးတော့ မြို့ပေါ်ကိုလူတစ်ယောက်ကသွားရောင်းချပေးတယ်။  အရင်းမစိုက်ရတဲ့ ဒီလုပ်ငန်းရဲ့ ၀င်ငွေက တရွာလုံးကို တစ်လ ၁၀ သိန်းအထက်ဝင်ငွေဖြစ်လာစေတယ်။   ကယန်းလူမျိုးတွေက အလွန်ကိုသွေးစည်းညီညွတ်ပြီးတော့ အမြဲတမ်းအုပ်စုလိုက် သွားလာလှုပ်ရှားတတ်ကြပေမယ့် မိသားစုဝင်တွေအချင်းချင်း ရင်းရင်းနှီးနှီးနေထိုင်ခဲကြတယ်။  အခြားလူမျိုးစုဝင်တွေကို အသက်အရွယ်ပေါ်မူတည်ပြီးတော့ ခေါ်ဝေါတဲ့အခေါ်အဝေါ်မျိုးတွေ ဥပမာ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊  စတဲ့ အသုံအနှုန်းတွေ မရှိကြဘူး။   မိဘနဲ့သားသမီးက စပြီးတော့ မိတ်ဆွေ အပေါင်းအသင်းအားလုံးကို မြန်မာလို့ နင်၊ ငါလို့ အဓိပ္ပာယ်ရတဲ့ ကယန်းအသုံးအနှုန်းနဲ့ ခေါ်ကြတယ်။   ကယန်းအသုံးအနှုန်းတချို့  နား=နင်    ငါး= ငါ ဖက်ပလာ=အဘိုးကြီး  မိုပလာ=အဘွားကြီး နာအံဒိတ်ရေ = ထမင်းစားပါတော့    အိမ်မွေးတိရစ္ဆာန်အဖြစ် ကြက်၊ ၀က်၊ မန်ဒါလီတွေ မွေးထားပေမဲ့  ပုံမှန်တောလိုက်ထွက်ကြတယ်။  သားကောင်တွေကတော့  ဂျီ၊ တောင်ဆိတ်၊ တောဝက်၊ မျောက်တွေပေါ့။ အသားတွေကို အခြောက်လှမ်းပြီးတော့ အသားအနေနဲ့သိုလှောင်ကြတယ်။   အမဲလိုက်လက်နက်ကိုတော့ တူးမီးသေနတ်တွေသုံးတယ်။  တူးမီးက တစ်အိမ်ကို တလက်နီးပါး ရှိကြတယ်။   ကယန်းတွေရဲ့ပင်တိုင် အစားအစာကတော့ မုန်ညှင်းအစိမ်းကို ထောင်းပြီးတော့ ၀ါးကျဉ်တောက်ထဲမှာ အချဉ်ဖောက်၊  ပြီးရင် နေပြန်လှန်းထားတဲ့ မုန်ညှင်းပုပ်လို့ခေါ်တဲ့ မုန်ညှင်းခြောက်ကို  အသားခြောက်တွေနဲ့ ရောပြုတ်ထားတဲ့ ဆန်ပြုတ်နဲ့ တွဲဖက်စားကြတယ်။   နောက် ... ကယန်းဟင်းလျာတွေက အစပ် အလွန်ကဲပါတယ်။ တခြားဒေသကလူတွေ စားနိုင်ဖို့ခဲယဉ်းတယ်။   ကယန်းအမျိုးသားနေက ဧပြီလ၁၀ ရက်နေ့ပါ။ ဒီလိုမျိုးရက်တွေမှာ ဟောပြောပွဲတွေနဲ့ ကယန်းရိုးရာပဒေသအကတွေ ကကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
သည်ကယန်းရွာလေးကတော့ ကံလှရွာလို့ခေါ်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြိုနယ်အထဲမှာ တည်ရှိနေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပိုင်ဖြစ်တယ်။ အထက်ပေါင်းလောင်းဆည် ပြီးသွားပြီဖြစ်လို့ ရေ၀ပ်ဧရိယာအတွင်းက ရွာပေါင်း ၂၃ ရွာကို ပြောင်းရွေ့ပေးဖို့ လျှပ်စစ်ဝန်ကြီးဌာနကနေ တွန်းအားပေးတာကို ခံနေရတဲ့ထဲက ရွာတရွာပါ။ 

ပအိုဝ်းဒေသထဲမှာ ထူးထူးခြားခြားတည်ရှိနေတဲ့ ကယန်းလူမျိုးစစ်စစ်တွေရဲ့ ရွာလေးပါ။ အိမ်ခြေ ၆၀ လောက်သာ ရှိတယ်။
ပေါင်းလောင်ချောင်းရဲ့ ဘေးဝဲယာတလျှောက်မှာ စပါး၊ မြေပဲ၊ နနွင်း၊ ကွမ်းသီးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတယ်။
စီးပွားဖြစ် အပိုဝင်ငွေလုပ်ငန်းအနေနဲ့ကတော့ တောထဲမှာ အလေ့ကျပေါက်နေတဲ့ ကြိမ်တွေကိုခုတ်ယူပြီး၊ ကြိမ်ပလိုင်းကြိုးတွေ ယက်လုပ်ကြတာပါ။

ကြိမ်အမျိုးအစားအပေါ် မူတည်ပြီးတော့ ဈေးကောင်းရတယ်။
ကြိမ်ငန်းလို့ခေါ်တဲ့ ကြိမ်အနီရောင်နဲ့ ယက်လုပ်ထားတဲ့ကြိုးက ကြိမ်ခါး(ကြိမ်အဖြူ)ထက် ဈေးပိုရတယ်။
ပင်လောင်းမြို့ပေါ် ပေါက်ဈေးကကြိုးတချောင်းကို ကျပ်၂၅၀ ကနေ ၅၀၀။

"တစ်ရက်ကို မိသားစုတစ်စု ဆိုရင် ကြိုး၅၀လောက်ပြီးတယ်" လို့ ကယန်းအမျိုးသမီး မပေါ်က ဆိုတယ်။

တရွာလုံးက ယက်လုပ်ထားသမျှကို စုထားပြီးတော့ မြို့ပေါ်ကိုလူတစ်ယောက်ကသွားရောင်းချပေးတယ်။
အရင်းမစိုက်ရတဲ့ ဒီလုပ်ငန်းရဲ့ ၀င်ငွေက တရွာလုံးကို တစ်လ ၁၀ သိန်းအထက်ဝင်ငွေဖြစ်လာစေတယ်။

ကယန်းလူမျိုးတွေက အလွန်ကိုသွေးစည်းညီညွတ်ပြီးတော့ အမြဲတမ်းအုပ်စုလိုက် သွားလာလှုပ်ရှားတတ်ကြပေမယ့် မိသားစုဝင်တွေအချင်းချင်း ရင်းရင်းနှီးနှီးနေထိုင်ခဲကြတယ်
အခြားလူမျိုးစုဝင်တွေကို အသက်အရွယ်ပေါ်မူတည်ပြီးတော့ ခေါ်ဝေါတဲ့အခေါ်အဝေါ်မျိုးတွေ ဥပမာ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊ စတဲ့ အသုံအနှုန်းတွေ မရှိကြဘူး။
မိဘနဲ့သားသမီးက စပြီးတော့ မိတ်ဆွေ အပေါင်းအသင်းအားလုံးကို မြန်မာလို့ နင်၊ ငါလို့ အဓိပ္ပာယ်ရတဲ့ ကယန်းအသုံးအနှုန်းနဲ့ ခေါ်ကြတယ်။

ကယန်းအသုံးအနှုန်းတချို့
နား=နင်
ငါး= ငါ
ဖက်ပလာ=အဘိုးကြီး
မိုပလာ=အဘွားကြီး
နာအံဒိတ်ရေ = ထမင်းစားပါတော့

အိမ်မွေးတိရစ္ဆာန်အဖြစ် ကြက်၊ ၀က်၊ မန်ဒါလီတွေ မွေးထားပေမဲ့ ပုံမှန်တောလိုက်ထွက်ကြတယ်။ သားကောင်တွေကတော့ ဂျီ၊ တောင်ဆိတ်၊ တောဝက်၊ မျောက်တွေပေါ့။
အသားတွေကို အခြောက်လှမ်းပြီးတော့ အသားအနေနဲ့သိုလှောင်ကြတယ်။

အမဲလိုက်လက်နက်ကိုတော့ တူးမီးသေနတ်တွေသုံးတယ်။
တူးမီးက တစ်အိမ်ကို တလက်နီးပါး ရှိကြတယ်။

ကယန်းတွေရဲ့ပင်တိုင် အစားအစာကတော့ မုန်ညှင်းအစိမ်းကို ထောင်းပြီးတော့ ၀ါးကျဉ်တောက်ထဲမှာ အချဉ်ဖောက်၊ ပြီးရင် နေပြန်လှန်းထားတဲ့ မုန်ညှင်းပုပ်လို့ခေါ်တဲ့ မုန်ညှင်းခြောက်ကို အသားခြောက်တွေနဲ့ ရောပြုတ်ထားတဲ့ ဆန်ပြုတ်နဲ့ တွဲဖက်စားကြတယ်။
နောက် ... ကယန်းဟင်းလျာတွေက အစပ် အလွန်ကဲပါတယ်။ တခြားဒေသကလူတွေ စားနိုင်ဖို့ခဲယဉ်းတယ်။

ကယန်းအမျိုးသားနေက ဧပြီလ၁၀ ရက်နေ့ပါ။ ဒီလိုမျိုးရက်တွေမှာ ဟောပြောပွဲတွေနဲ့ ကယန်းရိုးရာပဒေသအကတွေ ကကြတာ တွေ့ရမှာ ဖြစ်ပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/30/2012 12:19:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36612] Fwd: [လူဗိုလ်ဟူသည် ...] Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/29
Subject: [လူဗိုလ်ဟူသည် ...] Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား
To: lubo601@gmail.com



Nay Ko Ko and Hlaing Bwa shared Myanmar Online News's photo.
Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား Saturday, 29 December 2012  ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။  Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။  ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။  ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။  ၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။  http://youtu.be/JWh2qT9yiTo  International news for myanmar

Saturday, 29 December 2012

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။

၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/JWh2qT9yiTo

International news for myanmar


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/30/2012 12:06:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36611] Fwd: [လူဗိုလ်ဟူသည် ...] မျက်စိကျမ္မာရေး နှင့် စားသင့်သောအစားအစာများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/28
Subject: [လူဗိုလ်ဟူသည် ...] မျက်စိကျမ္မာရေး နှင့် စားသင့်သောအစားအစာများ
To: lubo601@gmail.com



posted by ပန်းကမ္ဘာ
ယခုတလော စာရေးသူမှာ မျက်စိနဲ့ ပက်သက်ပြီး မကြာခဏ အောင့်လာလိုက်၊ ခေါင်းတွေ နားထင်တွေ ထိုးကိုက်လာ လိုက်နဲ့ စာရေးတာရော စာဖတ်တာမှာပါ အနှောက်အယှက် ဖြစ်နေရတယ်၊ နောက်ပြီး ကွန်ပြူတာ သုံးနေစဉ်မှာရော မသုံးပဲ ပစ်ထားချိန်မှာပါ မျက်ရည်ပူတွေ တောက်လျောက် စီးကျကျနေတာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ေ လာက်အောင် တခါတခါ စိတ်ညစ်မိတယ်၊
ဒါကြောင့် ဘလော့ဂါ ဓမ္မမောင်နှမများ ဆီကို လှည့်လည်ဖို့ ပျက်ကွက်တာတွေ များနေတယ်၊ သည်းခံပေးကြပါ လို့ တောင်းဆိုချင်ပါတယ်၊ တခါတလေတော့လည်း ပုံမှန် စာဖတ်ဖြစ်ပေမယ့်ခြေရာ မချန်ထား ဖြစ်လေတော့ …. သည်းခံပေးကြပါ ဟူ၍သာ  …

အခုလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ပါပဲ၊  မျက်စိရှိရင် မျက်စိဒုက္ခ ခံရမှာပေါ့လေ လို့ နှလုံးသွင်းပြီး စိတ်ညစ်တာကို ဖြေသိမ့်နေ ရတယ်၊ ဒါကြောင့် လူတိုင်းမှာ ကျမ္မာရေးနဲ့ ပက်သက်လို့ တစ်ခုမဟုတ် တစ်ခုတော့ တွေ့ကြုံကြရမှာပါပဲ၊ အသက်အရွယ် ကြီးလာလေ ကျမ္မာရေးကို ပိုပြီး ဂရုစိုက်ရလေနဲ့ အော် အနတ္တ လို့တောင် ညည်းမိပါရဲ့၊ ကျမ္မာရေးအကြောင်း ပြောရင်းနဲ့ ကိုယ်တွေ့ကြုံခဲ့တာလေး ဖောက်သည်ချပါရစေ၊  ဒီနေ့မှာ  စာရေးသူတို့ မွန်ဘိုင်း  စောမြကောလိပ်အတွင်းရှိ ဋ္ဌာနပေါင်းစုံမှာ တက်ရောက်နေတဲ့ Local ကျောင်းသားတွေရော ၊ foreign ကျောင်းသားတွေရော ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရစေဖို့ ကိုယ်ပိုင် ID ကဒ် လုပ်ထားရမယ် တဲ့။  ဆိုတော့ ပတ်စပို့စ် ဓာတ်ပုံကို မဖြစ်မနေ ရိုက်ကြရ တယ်၊ နောင်တော်ကြီး သီတဂူစတား အပါအ၀င် ဋ္ဌာနတစ်ခုလုံးပေါ့လေ၊ ဓာတ်ပုံရိုက်ရင်းနဲ့ သွေးအမျိုးအစား ကို မေးတဲ့အချိန်မှာ A, B , AB, 0, စသည်ဖြင့် မေးပြီး positive or negative? ဆိုတော့ အားလုံး ပါးစပ်အဟောင်းသား၊  ဒါဆို Plus or Minus ? ပြောင်းမေးတော့လဲ အတူတူပဲ၊ ဘယ်သူမှ ကောင်း ကောင်း မသိကြဘူး၊

အမှန်က ကောင်းကောင်း ဆေးမစစ်ဖူးကြလေတော့  A ပိုး၊ B ပိုး C ပိုးစတာတွေကို ရည်ရွယ်ပြီး မေးနေတာကို နောက်မှ သိကြရတယ်၊ကိုယ့်နိုင်ငံမှာတော့ကျမ္မာရေးဝန်ကြီးဋ္ဌာနကလဲယောင်လို့တောင်စစ်မပေးဘူး၊ကိုယ်ကိုယ်တိုင်လဲဘယ်သူမှမ စစ်ဖြစ်ကြဘူး၊ နိုင်ငံခြားကို အလုပ်လုပ်ဖို့၊ ပညာသင်ဖို့ ထွက်ကြတဲ့ လူတွေ အများစုကတော့ သွားမည့်နိုင်ငံအလိုက် ရောဂါ ၂ မျိုးမှ ၅ မျိုး ၆ မျိုးအထိ စစ်ဆေးခံရတာ၊ ဆေးမှတ်တမ်း ယူရတာ သိရတယ်၊ ရဟန်းတော်များမှာတော့ သွေးလှူဖူးသူ လောက်သာ ကိုယ့်သွေးအမျိုးအစားကို သိကြ ရတယ်၊ အပေါင်း အနှုတ်ဆိုရင်တော့ ဝေးရော၊ ရဟန်းတော်များမှာ နိုင်ငံခြား ထွက်ရင် လဲ သွေးစစ်မှတ် တမ်း မလိုအပ်လေ တော့ အေးအေးဆေးဆေးပဲ နေမိကြတယ်၊

 လိုအပ်ချက်က မြန်မာပြည်မှာ ရဟန်းသံဃာတွေရောပြည်သူတွေရော  ကျမ္မာရေးနဲ့ ပက်သက်တာတွေ အတွေ့အကြုံတွေ နည်းနေသေးတယ်၊ ပညာပေးမယ့် ပရဟိတ အဖွဲ့တွေ မရှိလေတော့ ဘာမှ မသိကြတာ ပါပေမပေါ့။ ထားပါတော့ ကိုယ်လို အဝေးကို ပညာသင် ထွက်လိုသူများ၊ အလုပ်လုပ်သွားလိုသူများ ရဟန်းတော်များပါ မကျန် သွေးစစ်ထားကြဖို့၊  Positive or Negative / Plus or Minus ?  လောက်တော့ ကြိုတင် လေ့လာထားကြဖို့ လိုမယ်လို့ ထင်ပါတယ်၊ ဒါမှ ကိုယ့်မြန်မာကို  သူများ အထင်မသေးမှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ သွေးအမျိုးအစားကို ပြောပါ ဆိုတော့ ဦးဇင်းတပါးက သူ့ကိုယ်သူ ဘာသွေးမှန်းတောင် မသိဘူးတဲ့၊  နောက်မှ မထူးဘူး ဆိုပြီး အို " O " ဆိုပြီး ခပ်တည်တည်နဲ့ ဖြေပါလေရော၊  ကိုယ့်အချင်း ချင်းတော့  ပြုံးစိစိနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ငြိမ်နေရတယ်၊ နောက်တော့ သူများက ပလပ်စ် ဆိုတော့ ကိုယ်လဲ ပလပ်စ် လိုက်ရတာပေါ့လေ၊

ဒါကြောင့် ကျမ္မာရေး ဗဟုဿုတများ ဆိုရင် များများ သိလေ ၊ အကျိုးရှိလေ ပါ၊ စာရေးသူမှာတော့ မျက်စိ သက်သာဖို့ အတွက် ကြားဖူးနားဝ ရှိတာလေးတွေကို တတ်နိုင်သလောက် လုပ်ကြည့်မိတယ်၊  ဒါပေမယ့် စာမဖတ်ရရင် မနေနိုင်၊ ကွန်ပြူတာနဲ့လဲ ကင်းလို့ မရပြန်ဆိုတော့ မုန့်လုံး စက္ကူကပ်၊ ဂျာအေး သူ့အမေရိုက် ဆိုတာလို လုံးချာလိုက်နေတယ်လို့ ပြောရမလားပဲ၊ ဒါကြောင့် အင်တာနက်မှာ မျက်စိကျမ္မာရေးနဲ့ ပက်သက်ပြီး ဘာတွေ သိနိုင်မလဲ ရှာကြည့်တော့ တော်တော် စုံလင်နေတာကို တွေ့ရတယ်၊ ကိုယ့်လို ခံစားနေရတဲ့ သူများလည်း နည်းနည်းလေးမှ သက်သာပါစေတော့ လို့ ရည်ရွယ်ပြီး ဟိုကဒီကဖတ်မိတာတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။  အရင်ကလည်း မျက်စိကျမ္မာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဖူး တယ်၊ အခုပြန်လည်မျှဝေခြင်းပေါ့လေ၊ ကိုယ့်လိုနည်းလမ်းသိပြီးဖြစ်ပေမယ့်လည်း မေ့မေ့လျော့လျော့နေမိကြတဲ့ မျက်စိဝေဒနာ ရှင်များအတွက်ပါ ။

နေရာ မှန်ပါစေ

သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာမှန်ထားတက်ဖို့အရေးကြီးပါတယ်။ သင့်ရဲ့ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေသင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်

သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screenမှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အားသင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်

Anti-reflective Lenses ပါသော မျက်မှန်ကို တပ် ပေးခြင်းဖြင့် တောက်ပသောအရာမှမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာဝန်က သင့်အားကွန်ပျူတာ နှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lensesထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀

ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကိုခဏဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀လောက်
မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကိုရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀လောက်လမ်းလျှောက်ခြင်းဖြင့်သွေးလည်ပတ် စေပါတယ်။

မျက်စဉ်း ခတ်ပေးပါ

လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့်ကွန်ပျူတာနဲ့အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကိုသင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့်မျက်စိအား ခြောက်ကပ်နေစေပါတယ်။ထိုသို့ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖ၀ါးအုပ်ကာ အပူငွေ့ပေးခြင်း

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ့သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း
၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထိုလက်ဖ၀ါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း

အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန်လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ် ကပ်ပေးခြင်း

သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ်၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

မျက်စိ အားကောင်းစေသော အစားအစာများ

ဗီတာမင် Vitamin A , C , E  ပါသော အစားအစာများ ပိုစားပါ။
သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥများ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။

လူတင်နှင့် ဇီဇန်သင်း

လူတင် (Leutin)နဲ့ ဇီဇန်သင်း (Zeaxanthin)တို့ဟာ ဥအမျိုးမျိုးလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ထဲမှာပါဝင်တဲ့ အရေးကြီး အာဟာရ ဓာတ်တွေ ဖြစ်ကြပါတယ်။

လေ့လာမှုများစွာအရ လူတင်ဓာတ်နဲ့ ဇီဇန်သင်းဓာတ်တွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီး ခြင်းနဲ့ အတွင်းတိမ်ရောဂါတွေလို နာတာရှည်မျက်စိရောဂါတွေရဲ့အန္တရာယ်ကိုလျော့ကျ စေနိုင်ကြောင်းလေ့လာမှုများစွာကဆိုထားပါတယ်။

ဗီတာမင် စီ

ဗီတာမင်စီဟာ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေထဲမှာ တွေ့ရတဲ့ အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုအရ ဗီတာမင်စီဟာ အတွင်းတိမ်ရောဂါ ဖြစ်နှုန်းကို လျော့ကျစေပြီး တခြားအာဟာရဓာတ်တွေနဲ့ရောစားပါက အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးခြင်းနဲ့ အမြင်အာရုံဆုံးရှုံးမှုတို့ဖြစ်နှုန်းကို နှေးကွေးစေပါတယ်။

ဗီတာမင် အီး

ဗီတာမင်အီးရဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ကို အခွံမာသီး၊ အားဖြည့်ကွေကာနဲ့ ကန်စွန်းဥတွေထဲမှာ တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ကျန်းမာတဲ့ တစ်သျှူးတွေကို ချေဖျက်ပေးတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် မျက်စိဆဲလ်တွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

မရှိမဖြစ် ဖက်တီးအက်စစ်

ကောင်းတဲ့အဆီဟာ လူတွေစားသုံးသင့်တဲ့အာဟာရထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။ အဆီဓာတ်ဟာ နာ့ဗ်ကြောစနစ်ရဲ့ စွမ်းဆောင်အားကို ကောင်း စေပြီး ခုခံအားစနစ်ကို အားကောင်းစေပါတယ်။ အိုမီဂါ သရီးဖက်တီးအက်စစ်ဟာ အမြင်အာရုံအားကောင်းစေပြီး မြင်လွှာရဲ့လုပ်ငန်းဆောင်တာကို ကောင်းစေပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ရရှိအောင် ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ အခွံမာသီး စတာ တွေကို စားပေးရပါမယ်။

သွပ်ဓာတ်

သွပ်ဓာတ်ဟာ မျက်စိအတွက်မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွပ်ဓာတ်ဟာ မျက်လုံးရဲ့ရောင်ခြယ်ဆဲလ်ဖြစ်တဲ့ မယ်လနင်ထုတ်လုပ်ဖို့အလို့ငှာ ဗီတာမင်အေကို အသည်းကနေ မြင်လွှာဆီကို ပို့ဆောင်ပေးတဲ့ကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သွပ်ဓာတ်ပါဝင်တဲ့ အာဟာရတွေဖြစ်တဲ့ ကမာကောင်၊ အသား၊ ပုဇွန်လို အခွံမာငါး၊ နွားနို့၊ မြေပဲ၊ ရွှေဖရုံစေ့၊ ချောကလက်နဲ့ ဂျုံ စတာတွေကို စားပေးသင့်ပါတယ်။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/29/2012 02:00:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
 
 

[mrsorcerer:36610] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/12/29
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ အတွက် ရေစက်ချတရားနာပွဲ ပြုလုပ်

Posted: 29 Dec 2012 07:23 AM PST

၂၄.၁၂.၂၀၁၂ က  ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ တစ်ဦး ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့ ပါတယ်။  ကွယ်လွန်သွားသော အသက်(၁၉)နှစ်အရွယ် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မချောသဇင်ဝတ်မှုံသိန်း အတွက် ရေစက်ချတရားနာပွဲနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ၀မ်းနည်းကြောင်းစာလွှာဖတ်ကြားခြင်းကို ၂၈.၁၂.၂၀၁၂ က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းရှေ့တွင်ပြုလုပ်ခဲ့သည်။ သာဓုကျောင်းတိုက်မှ ဆရာတော်သုံးပါးကို ပင့်ဖိတ်၍ သင်္ကန်းသုံးစုံနှင့် ဆွမ်းဆန်များ ဆပ်ကပ်ခဲ့သည်။





၂၈.၁၂.၂၀၁၂တွင်ပြုလုပ်သောရေစက်ချတရားနာပွဲ (ဓါတ်ပုံ - ဒီဗွီဘီ)

တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး

Posted: 29 Dec 2012 07:11 AM PST

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့က တရုတ်သံရုံးနားအထိ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး ၊ မသန္တာတို့အပါအ၀င် (၆) ဦးကို ကြည့်မြင်တိုင် နဲ့ အလုံမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ပထမအကြိမ် တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။

တရားစွဲဆိုခံထားရသူ ( ၆ )ဦးဟာ ကြည့်မြင်တိုင် ၊ အလုံ၊ စမ်းချောင်း၊ ဒဂုံ အစရှိတဲ့ မြို့နယ်ရဲစခန်းတွေက တရားမ၀င် စီတန်းလှည့်လည်မှုအရ ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ အလုံမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွေက တရားစွဲဆိုခံထားရသူ တစ်ဦးကို ကျပ် ၃ သိန်းစီ စုစုပေါင်း ကျပ် ၆ သိန်းနဲ့ အာမခံကြေး ပေးဆောင်ခဲ့ရတယ်လို့ တရားစွဲဆိုခံထားရသူတွေထဲက ကိုအောင်မျိုးဦးက RFA ကို ပြောပြပါတယ်။

မြို့နယ် လေးမြို့နယ်ကနေ တရားစွဲဆိုခြင်းခံထားရတဲ့ ကိုဒီငြိမ်းလင်း အပါအ၀င် ၆ ဦးကို ရှေ့နေများ ကွန်ယက်အဖွဲ့ဝင် တွေက ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ ရုံးချိန်းခေါ်ဆိုမှုမှာ တရားရုံးနှစ်ခုစလုံးက မနက် ( ၁၀) နာရီ တပြိုင်တည်း ခေါ်ယူခဲ့တဲ့အတွက် တရားရင်ဆိုင်နေရသူတွေ အခက်အခဲ ဖြစ်ရတယ်လို့ သိရပါတယ်။

RFA Burmese

လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု

Posted: 29 Dec 2012 07:07 AM PST

 ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များနှင့် ဥပဒေနှင့်အညီ တူးဖေါ်နေသည့် ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များအနက်မှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ် လုပ်ကွက်များအား နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် အသင်းများကို ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

"အဆိုပြုလွှာ တင်သွင်းချင်ရင် ဒီဇင်ဘာ ၃၁ ရက်က စတင်ပြီး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ မြန်မာ့ကျေက်မျက်ရတနာ ပြတိုက် (နေပြည်တော်) မှာ ကျောက်မျက်ရတနာ ဥပဒေနဲ့အညီ မှတ်ပုံတင်ကြေး ပေးသွင်းကာ မှတ်ပုံတင်ပြီး အဆိုပြုလွှာတွေ ထုတ်ယူတာနဲ့ လုပ်ကွက်မြေပုံတွေ လေ့လာတာတွေကို ဆောင်ရွက်နိုင်ပါတယ်" ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထို့အပြင် သတ်မှတ် လုပ်ကွက်များအတွက် သတ်မှတ် အဆိုပြုလွှာ မကလ ၂ နှင့် ပုံစံ သမ ၁၊ ဖော်ထုတ် လုပ်ကွက်များအတွက် ဖော်ထုတ်လုပ်ကွက် အဆိုပြုလွှာ မကလ ၅ နှင့် ပူးတွဲပုံစံ ဖထ ၁ တို့တွင် လိုအပ်သည်များကို ပြည့်စုံစွာ ရေးသွင်းရမည် ဖြစ်သည်။

"အဆိုပြုလွှာ လျှောက်ထားတဲ့ ကုမ္ပဏီဟာ အဆိုပြုလွှာနဲ့အတူ ငွေရေးကြေးရေး အထောက်အထားတွေ ခိုင်မာမှုရှိကြောင်း မြန်မာစီးပွားရေးဘဏ် သို့မဟုတ် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကဘဏ် တခုခုမှ Bank Statement ကို ပူးတွဲတင်ပြ လျှောက်ထားရမှာပါ" ဟု လျှောက်ထားရန် ပြင်ဆင်နေသူ ဦးမင်းသူ က ပြောသည်။

အမည်မည်းစာရင်း အသွင်းခံရသူ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကိုမူ လျှောက်ထား လုပ်ကိုင်ခွင့် မပြုကြောင်း သိရသည်။

ခင်မျိုးသွယ် |ရန်ကုန် (မဇ္ဈိမ)။


NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ

Posted: 29 Dec 2012 07:01 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲမှ အသားတင် ငွေ ကျပ် ၂၆၅၃ သိန်းခန့်
ကျန်ရှိကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိ
တွင် အင်တာနက်နှင့် တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်၍ လှူဒါန်းထားသော ငွေ များစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုရရှိထားသော ငွေများကို ပညာရေးကွန်ရက် မှ ကျောင်းများအပြင် နယ်ကြားဒေသမှ ပညာရေးကျောင်းများ၊ပြည်တွင်းစစ်အခက်အခဲကြောင့်
ရွှေ့ပြောင်းလုပ်သားများရှိရာနေရာများမှ ကျောင်းများ၊ဒုက္ခသည် များရှိရာ ဒေသမှ ကျောင်းငယ်များကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲကို ယခုလ ၂၇ ရက်နှင့် ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

NYK - Popular Myanmar News Journal

LD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရာ ဆွယ်တာတစ်ထည်ကို အမည်မဖေါ်လိုသူတစ်ဦးက ကျပ်သိန်း ၆၃၀ ဖြင့် လေလံဆွဲသွားခဲ့ကြောင်းသိရသည်။

ယင်းဆွယ်တာကို လွန်ခဲ့သည့် ၂၄ နှစ်ခန့်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ထိုးခဲ့ခြင်းဖြစ်ပြီး၊ သူကိုယ်တိုင်ဝတ်ဆင်ခဲ့သော ဆွယ်တာလည်းဖြစ်ကြောင်းသိရသည်။

(ဓာတ်ပုံ-အောင်နေမျိုး) Popular Myanmar News Journal

ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြင်းထန်

Posted: 29 Dec 2012 06:52 AM PST

ခရစ္စမတ်မတိုင်မီကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး ယနေ့(ဒီဇင်ဘာ ၂၉) ရက်တွင်လည်း ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်း ထန်နေကြောင်း ဒေသခံများနှင့် ကေအိုင်အေအရာရှိတစ်ဦးထံမှ သတင်းရရှိသည်။

ယနေ့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သော နေရာများ မှာ ကေအိုင်အေ ယာယီဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီးတွင်ဖြစ်ပြီး လိုင်ဇာမြို့မှ လက်နက်ကြီးနှင့် ပစ်ခတ်သံများကို ည ၇နာရီကျော်အထိ ကြားနေရကြောင်း ဒေသခံတစ်ဦးက 7 Day News ၏ ဆက်သွယ်မေးမြန်းမှု့ကိုဖြေကြားသည်။
တိုက်ပွဲဖြစ်ပွားသောနေရာများမှာ ကန်တော်ယန်-ဂျာထ နှင့် လိုင်ဇာမှ ကားဖြင့် မိနစ် ၂၀ခန့်သွားပါက ရောက်သော မိုင်ဆပ်ပါစခန်း အနီးတို့တွင်နက်ကြီး များဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ အရာရှိ တစ်ဦးထံမှသိရသည်။

လိုင်ဇာမြို့အနီးယခုရက်ပိုင်းဖြစ်ပွားသော တိုက်ပွဲများတွင် မြန်မာ့တပ် မတော်ဘက်မှ မီတွမ်တီဖိုးပီ အမျိုးအစား စစ်လေယာဉ်များသုံးကာ ပစ်ခတ်မှု့များရှိခဲ့ကြောင်း သတင်းရရှိသည်။

ခရစ္စမတ်နေ့မတိုင်မီတစ်ရက်မှစကာ နေ့စဉ်ဆိုသလို လက်နက်ကြီး ပစ်ခတ်သံများကို လိုင်ဇာမြို့အနီးကြားနေရပြီး ယမန်နေ့(ဒီဇင်ဘာ ၂၈ရက်) ကလည်း လိုင်ဇာမြို့မှ ၇မိုင်ဝေးသော လဂျားယန်တွင် တိုက်ပွဲများပြင်း ထန်ခဲ့သည်။

ထိုသို့တိုက်ပွဲများတစ်ရက်ထက်တစ်ရက်ပြင်းထန်လာသဖြင့် လိုင်ဇာဒေသခံများမှာ အလွန်စိုးရိမ်ထိတ်လန့်လျက်ရှိသည်။ လိုင်ဇာမြို့အနီးတွင် လုံခြုံရေးအခြေအနေစိုးရိမ်ရသဖြင့် ဒီဇင်ဘာ ၂၄ ရက်ကတည်းက ည၉နာရီကျော်လျှင် အပြင်မထွက်ရန် အမိန့်ထုတ်ပြန်ထားသည်။

7Day News Journal

ပုံတွင် လိုင်ဇာမြို့ရှိ Woi Chyai စစ်ဘေးဒုက္ခသည်စခန်းတွင် စစ်တိမ်းရှောင်နေသည်မှာ ၁၈လကြာမြင့်နေပြီဖြစ်သော ကလေးငယ်များကို ဒီဇင်ဘာ ၂၄ရက်က တွေ့ရစဉ်။
ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)


ဝိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ

Posted: 29 Dec 2012 06:50 AM PST

ဝိုင်းမော်၊ ဒီဇင်ဘာ ၂၉။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ တွင် ဒုက္ခသည်ဦးရေ နှစ်ဆနီးပါး များလာကြောင်း ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုရှည်ရှည်က ပြောကြားသည်။

"တိုက်ပွဲတွေပြင်းထန်လာတဲ့ ပြီးခဲ့တဲ့ ၁၈ ရက်လောက်က စပြီး ဒုက္ခသည် စခန်းတွေမှာ လူဦးရေတိုးပါတယ်။ ဒီနေ့ထိဆိုရင် ၂ ဆလောက် တိုးလာ တယ်။ အခုလည်း လမ်းမှာ လာနေတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ကြားရတယ်" ဟု ၎င်းက ပြောကြားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားကျေးရွာအနီးတွင်ရှိနေသည့် KPC ဒုက္ခ သည်စခန်းတွင် ၅၆၉ ယောက်မှ ၁၀၄၇ ယောက်အထိ တိုးလာ ကြောင်း၊ စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းတွင် ၃၄၅ ယောက်မှ ၈၁၆ ယောက် အထိ တိုးလာကြောင်း သိရသည်။

"ဒုက္ခသည်စခန်းနားတွေမှာပဲ မြန်မာစစ်ကြောင်းတွေ သွားလာနေတာ
တွေ့နေရတယ်။ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ အချိန်ပဲ ရွာသားတစ်ယောက် သေနတ်မှန်တာ တွေ့ခဲ့ရတယ်။ သေတော့မသေဘူးဗျ" ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုသားငယ် က ပြောကြားသည်။

အသက် ၅၀ ကျော် အမယ်အိုများနှင့် ၁၂ နှစ်အောက်ကလေးငယ်များ ဒုက္ခသည်စခန်းများတွင်တွေ့ရပြီး လူငယ်များနှင့် ယောက်ျားသား များ မတွေ့ရကြောင်း ကိုသားငယ်က၎င်းက ဆက်လက်ပြောကြားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆမ်ရမ်၊ နမ်ဆော်ရမ်၊ အောင်ကြာရမ်၊ ကဇူရမ်၊ တာပရမ်၊ ဆိုင်းမိုင်၊ ၀မ်သောင်းနှင့် သလောကြီး အစရှိသော ကျေးရွာများမှ ဒုက္ခသည်စခန်းများတွင် အများဆုံး လာရောက်နေထိုင်လျက်ရှိနေကြောင်း သိရသည်။

KPC နှင့် စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ ပြဿနာနှင့် အဓိက ရင်ဆိုင်နေရပြီး ၂ မိုင်ခန့်ဝေး သောနေရာတွင် ရေသွားခပ်ရသည်ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့က ပြောသည်။

ဟိန်းသူ - The Myanma Age


မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ

Posted: 29 Dec 2012 06:48 AM PST

ရန်ကုန်၊ ဒီဇင်ဘာ ၂၉။

ရွှေဈေးနှုန်းများသည် နှစ်ကုန်ကာနီးလာသည်နှင့်အမျှ ပိုမိုကျဆင်းလာခဲ့ပြီး အရောင်းအဝယ်အေးခဲ့သော်လည်း ပြည်တွင်းရှိ ငွေကြေး ဈေး ကွက်တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားသည် အနည်းငယ်
မြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။

ရွှေဈေးကွက်တွင် ပြီးခဲ့သည့်လအနည်းအတွင်းက ရွှေဈေးနှုန်း မြင့်တက်
လာမှုကြောင့် ငွေဖော်ချင်သူများက ဈေးကွက်အတွင်း ပြန်လည် ရောင်းချမှု များ ရှိသောကြောင့် ဈေးနှုန်းကျဆင်းလာခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ထို့အတူ ကမ္ဘာ့ ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်းကြောင့်လည်း
မြန်မာ့ရွှေဈေးနှုန်းပါ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်အသင်းမှ ဦးဝင်းမြင့်က ပြောကြားသည်။

" ပြည်တွင်းရွှေဈေးက ကမ္ဘာရွှေဈေးကျရင် လိုက်ကျတယ်၊ ပြီးတော့ နှစ်သစ် ကူး ကာလကြောင့်လည်း ပါတယ်။ ဒီလအနည်းငယ်မှာ ရွှေဈေး တက်လို့ ထုတ်ရောင်းသူပဲရှိပြီး ဝယ်သူသိပ်မရှိလို့ ဈေးနှုန်းတွေ ကျလာတာလည်း
ဖြစ်နိုင်ပါတယ်"ဟု လသာမြို့နယ်အတွင်းရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သူ ကိုမြတ်သူက ဈေးကွက်ကို ခန့်မှန်းပြောဆိုသည်။

ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းများကျဆင်းနေသော်လည်း မြန်မာကျပ်
ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများသည် အနည်းငယ် မြင့်တက် လာကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာဈေးနှုန်း သည် မြန်မာငွေ ၈၄၅ ကျပ်သာ ရှိသော်လည်း ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ၈၅၇ ကျပ်ဝန်းကျင်အထိ တက်လာခဲ့ကြောင်း ပို့ကုန်ရငွေနှင့် ဒေါ်လာ အရောင်းအဝယ်လုပ်ကိုင်သူ ကိုအောင်က ပြောကြား သည်။

" ဒီရက်ပိုင်း ဒေါ်လာဈေး နည်းနည်းတက်လာတယ်။ ရွှေဈေးကျလို့လည်း
ဖြစ်နိုင်တယ်၊ ခုရက်ပိုင်းမှာတော့အဓိက ဈေးတက်လာတာက ငွေလဲ
ကောင်တာတွေမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်ခွင့်ကို ရပ်ဆိုင်းထားလို့ အပြင်ဈေးကွက်မှာ ဈေးတက်လာတာလည်း ဖြစ်နိုင်တယ်" ဟု ၎င်းက ရှင်းပြသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား
လျှင် ၇၅၈၀၀၀ ကျပ်ရှိပြီး မန္တလေးဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်
သားလျှင် ၇၅၇၈၀၀ ကျပ်ရှိခဲ့ရာ မန္တလေးဈေးနှုန်းသည် ရန်ကုန်ဈေးနှုန်း ထက် ကျဆင်းနေကြောင်း တွေ့ရသည်။

ပြီးခဲ့သည့်လအနည်းနှင့် နှိုင်းယှဉ်လျှင် ရွှေဈေးနှုန်းသည် နေ့စဉ် ထောင် ဂဏန်းမှ သောင်းဂဏန်းဝန်းကျင် ကျဆင်းနေကြောင်း ဈေးကွက် လေ့ လာသူများက ပြောကြားသည်။

ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း နယူးယောက်ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁၆၆၀ ဒေါ်လာဖြစ်သောကြောင့် ပြီးခဲ့သည့် ၁၁ရက်နေ့ ဈေး ၁၇၀၀ ထက်ကျဆင်းနေသည်ကို တွေ့ရသည်။

အမေရိကန်ပြည်ထောင်စုတွင် အသုံးစရိတ်လျော့ချပြီး အခွန်တိုးမြင့်ကောက်
ခံခြင်းကို ရှောင်ရှားရာမှ တဆင့်ရက်ပိုင်းအတွင်း ရွှေဈေးကျခဲ့ ကြောင်း သို့သော် ရက်ပိုင်းအတွင်း ဈေးနှုန်းတက်လာကြောင်း၊ အများအားဖြင့် အကျဘက်ကို ဦးတည်နေကြောင်း၊ အမေရိကန်နိုင်ငံတွင် အနာဂတ်ရွှေ
ဈေးနှုန်းကို မှန်းဆမရဖြစ်နေကြောင်း ယင်းနိုင်ငံရှိ ဈေးကွက်ကျွမ်းကျင်သူ
များက သုံးသပ်ပြောကြားထားကြောင်း သိရသည်။

အောင်ကိုကို - The Myanma Age


၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဟု စံ-ဇာဏီဘို ဟောကိန်းထုတ်

Posted: 29 Dec 2012 06:47 AM PST

ရန်ကုန် ။ ဒီဇင်ဘာ ၂၉

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း သမ္မတရာထူး လက်ခံရနိုင်ဖွယ်ရှိကြောင်း ဆရာစံ-ဇာဏီဘိုက ဟောကိန်းထုတ်လိုက်သည်။

ဒီဇင်ဘာလ ၂၇ ရက်တွင် ဧရာဝတီမဂ္ဂဇင်း၌ တင်ဆက်ထားသည့် PAUL VRIEZE နှင့် အင်တာဗျူးတွင် ဆရာစံ-ဇာဏီဘိုက ယင်းကဲ့သို့ ဟောကိန်းထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။

PAUL VRIEZE က ၂၀၁၃ ပြီးနောက် ခင်ဗျားရဲ့ခန့်မှန်းမှုတွေကဘာဖြစ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာမလားဟု မေးမြန်းခဲ့သည့်အပေါ်
"" အဓိက နိုင်ငံရေးအချက်တွေဟာ ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၄ မှာပြောင်းလဲလာနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ စစ်တပ်အဏာသိမ်းမှုမျိုးဖြစ်လာမှာတော့မဟုတ်ပါဘူး။

၂၀၁၄ ဇူလိုင်လ ၇ ရက် နောက်ပိုင်း အရာရာအားလုံးကောင်းမွန်နေပါလိမ့်မယ်။ ၂၀၁၄- ၂၀၁၅ ကာလတွေကတော့ အကောင်းဆုံးအချိ
န်တွေပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ အိပ်မက်တွေအားလုံး အမှန်တကယ်ဖြစ်ပေါ်လာမယ့်အချိန်ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက အိပ်မက်တွေပေါ့ ။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်နောက်ပိုင်းမှာတော့ အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဦးတည်နေတယ်လို့ ဆိုရမှာပါ။ နောက်ရွေးကောက်ပွဲမတိုင်သူ သူ ( အောင်ဆန်းစုကြည်) သမ္မတဖြစ်လာနိုင်ပါတယ်။ ဒါက အစိုးရက မဟာမိတ်လုပ်တဲ့နည်းစသဖြင့်တစ်ခုခုကြောင့်ပေါ့။ အဲဒီနောက် သူသမ္မတရာထူးရလာနိုင်တယ်။ ၂၀၁၅ ခုနှစ်မှာ နောက်တစ်ကြိမ် သမ္မတရာထူး သူထပ်မံရရှိပါလိမ့်မယ်။ "" ဟု ဆရာ စံ- ဇာဏီဘို က ဟောကိန်းထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။

(ကိုးကား ဧရာဝတီ )
The Myanma Age


ရေကာတာ စီမံကိန်း ကြောင့် မပြောင်းရွေ့ရေး ဒေသခံ နှစ်ရာခန့် စုဝေး

Posted: 29 Dec 2012 06:44 AM PST

ထားဝယ်၊ ဒီဇင်ဘာ ၂၉

ထားဝယ် ဒေသ အနောက်ဘက် အညာဖျား ကျေးရွာတွင် သဘာဝ စွမ်းအင် လှိုင်း ကုမ္ပဏီ လီမိတက် မှ တည်ဆောက်မည့် အညာဖျား ရေကာတာ စီမံကိန်း ကြောင့် ရပ်ရွာ ပြောင်းရမည့် အရေးကို မလိုလား သည့် အတွက် ကျေးရွာ နှစ်ရာမှ ဒေသခံများ နှစ်ရာခန့် တက်ရောက်၍ စုဝေး ဆုတောင်း ခဲ့သည်။

ပြောင်းရွှေ့ရန် ရာထား ခံရသည့် ရွာများ အနက် ဒါးသွေးကျောက် ကျေးရွာနှင့် အညာဖျား ကျေးရွာ များ၌ ယင်း ဘာသာရေး စုံညီ ဆုတောင်း ပွဲကို ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် တပြိုင်တည်း ပြုလုပ် ခဲ့ပြီး အခြား နေရာများသို့ ပြောင်းရွှေ့ ရခြင်းမှ ကင်းဝေး ကြပါစေ ဟု ဆုတောင်း ခဲ့သည်။ ဤနေရာ ဤမြေသည် မိမိ တို့၏ မြေ မိမိတို့၏ နေထိုင်ရာ ဒေသ ဖြစ်သည့် အတွက် မွေးရာ ဇာတိကို ကာကွယ်ရန် အခွင့် အရေး ရှိကြောင်း၊ ဇာတိ မြေသည် ဒေသခံ များ၏ အသက်နှင့် သိက္ခာ ဖြစ်ကြောင်း ရန်ကုန် မြို့တော် ကရင် ခရစ်ယာန် နှစ်ခြင်း ဓမ္မ တက္ကသိုလ်မှ ပါမောက္ခ စောခရစ်စတိုဖာဒေး က ဆုတောင်းပွဲ တွင် ပြောဆိုသည်။

အညာဖျား ရေအား လျှပ်စစ် စီမံကိန်း ရေကာတာ တည်ဆောက်ခြင်း ကြောင့် အညာဖျား ကျေးရွာ အုပ်စုရှိ အညာဖျား၊ ဒါးသွေး ကျောက်၊ ဆိပ်ချောင်း၊ ညောင်ချောင်း၊ ဥယျာဉ်ကြီး စသည့် ကျေးရွာ များမှ အိမ်ခြေ ၄၀၀ ဝန်းကျင်၊ လူဦးရေ နှစ်ထောင်ခန့် နှင့် နှစ်ရှည် ဥယျာဉ်ခြံ ဧကပေါင်း တစ်သောင်းကျော် ရေလွမ်းမိုး နစ်မြှပ်မည့် ဘေးဒုက္ခနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

Dawei Watch
The Voice Weekly


သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်းအမှတ် ထပ်မံဆန္ဒပြ

Posted: 29 Dec 2012 06:35 AM PST

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်းမှတ် အဖြစ် ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့  တော် နှင့် မုံရွာမြို့  တို့တွင် ပြည်သူများ၊ သံဃာများနှင့် ကျောင်းသားများ ထပ်မံဆန္ဒ ဖော်ထုတ် ခဲ့ကြသည်။

ရန်ကုန် ဆန္ဒပြပွဲတွင် ကျောင်းသား များနှင့် ပြည်သူများ ဦးဆောင် လှုပ်ရှားသူများ အင်အား ၅၀ ကျော်က ဆူးလေ ဘုရားအနီး လူစု ခဲ့သည်။ ယင်းနောက် ညနေ ၄ နာရီမှ စတင်၍ ဗီနိုင်းများ၊ ပိုစတာများ သယ်ဆောင်ကာ ၅၁ လမ်းရှိ ဦးပိုင် ကုမ္ပဏီ ရှေ့ထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြကြကြောင်း ဦးဆောင် လှုပ်ရှားသူ ဦးဟန်ဝင်းအောင် က The Voice Weekly သို့ ပြောကြားသည်။

ယနေ့ ဆန္ဒပြပွဲတွင် သပိတ် စခန်းတွင်း ဆန္ဒပြ ခဲ့သည့် သံဃာ များအား အကြမ်းဖက် နှိမ်နင်း ခဲ့သည့် တရားခံကို အမြန် ဖော်ထုတ် ပေးရေး နှင့် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကို အဓိက တောင်းဆိုကြောင်း ၄င်းက ပြောကြားသည်။
"ကြေးနီ စီမံကိန်း ဆန္ဒပြတဲ့ သူတွေကိုတော့ အရေးယူပြီး အကြမ်းဖက် ဖြိုခွင်းတဲ့ သူတွေကို အခုချိန်ထိ အရေးမယူသေးလို့ ဆန္ဒဖော်ထုတ် ရတာပါ" ဟု ဆန္ဒပြသူ ဦးမျိုးချစ်က ပြောကြားသည်။

သူသည် အဆိုပါ စီမံကိန်းအတွက် ဆန္ဒဖော်ထုတ်ခြင်း ကြောင့် ပုဒ်မ ၅၀၅(ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆို ခံထားရသူ တစ်ဦးလည်း ဖြစ်သည်။ ယနေ့ ဒီဇင်ဘာလ၂၉ရက် နေ့သည်အကြမ်းဖက် နှိမ်နှင်းခဲ့သည့် တစ်လမြောက်နေ့ ဖြစ်သော်လည်း ယခုထိ ဖြိုခွဲသူ များအား ထုတ်ဖော် အရေးယူခြင်း မရှိသေးသည့် အတွက် ကြေးနီစီမံကိန်း ဒေသခံ တောင်သူ၂၀၀ ခန့်နှင့် သံဃာတော် အချို့သည် ယနေ့ညနေပိုင်း ၃နာရီ အချိန်မှ စတင်ပြီး မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီး ဆိပ်ကမ်းတွင် ဆန္ဒပြခဲ့ကြကြောင်း မုံရွာမြို့  ပြည်သူများ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အတွင်းရှိ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းမှာ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် အမျိုးသားပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ ၂ဝ၁၁ခုနှစ်မှ စတင်ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်းရှိ ဆာလဖျူရစ် အက်ဆစ် စက်ရုံနှင့် စွန့်ပစ်ပစ္စည်းများက ဒေသ တစ်ဝိုက်ရှိ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် နေကြောင်းလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ထောက်ပြ ပြောဆိုကြသည်။

The Voice Weekly

လက်ပံတောင်း တောင် သပိတ်ဖြိုခွင်းမှု တစ်လပြည့် အထိမ်းအမှတ် ရန်ကုန်တွင် ယနေ့ ညနေပိုင်း ဆန္ဒပြရာ၌ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်ရှေ့ ခေါင်းတလား နှစ်လုံးဖြင့် သရုပ်ပြ ဆန္ဒပြမှုလည်း ပါဝင် ခဲ့သည်။

ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် Vol 1 Issue 40

Posted: 29 Dec 2012 06:20 AM PST

ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် Vol 1 Issue 40

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52

Posted: 29 Dec 2012 05:57 AM PST

ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3 No 126

Posted: 29 Dec 2012 05:40 AM PST

ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 No 126
   
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် အမှတ်စဉ် -၂၂၃

Posted: 29 Dec 2012 05:23 AM PST

ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် အမှတ်စဉ် -၂၂၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်မှုများ ပြုလုပ်

Posted: 29 Dec 2012 05:13 AM PST

KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်းကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာပါက ရှောင်တိမ်းနိုင်ရန် ဗုံးခိုကျင်းများ တူးခြင်း၊ လိုင်ဇာချောင်းနံဘေး ရေထွက်ပေါက်များအတွင် ၀င်ရောက်ခိုလှုံခြင်း အစရှိသည်တို့ကို လိုင်ဇာမြို့တွင်းနေ ပြည်သူများမှ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Eleven Media Group

EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်းနှင်စဉ် လေယာဉ် ဘီးပေါက်မှု ဖြစ်ပွားခဲ့

Posted: 29 Dec 2012 05:14 AM PST

ဒီဇင်ဘာလ ၂၉ရက် နေ့လည်က မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ်မှာ ရန်ကုန်လေဆိပ်တွင် စမ်းသပ် မောင်းနှင်စဉ် လေယာဉ် ဘီးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ လေယာဉ်သည် မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်များ နေရာတွင် အစားထိုးရန် ဘရာဇီးနိုင်ငံမှ ၀ယ်ယူ ထားခြင်းဖြစ်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Eleven Media Group

အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တရားမဝင် တင်ပို့

Posted: 29 Dec 2012 04:49 AM PST

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် ထိန်းလေး ကျေးရွာမှ ထင်းရှူးသားများကို အိန္ဒိယနိုင်ငံသို့ တရားမဝင် တင်ပို့မှုများ ရှိနေကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။ "တစ်ဖက် အိန္ဒိယနိုင်ငံက ကားတွေ ရွာထဲအထိ ဝင်လာပြီး ခွဲစိတ်ပြီးသား ထင်းရှူးတွေကို သယ်သွားကြတယ်။ တရားမဝင် လာရောက် သယ်ဆောင်ကြ တာပါ"ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း

Posted: 28 Dec 2012 07:43 PM PST

မြန်မာနိုင်ငံမှာ စပါးဈေးဟာ ကျဆင်းနေပြီး ပြည်တွင်းမှာလည်း အဝယ်မရှိဖြစ် နေတာကြောင့် ဈေးတက်လာအောင် အစိုးရက အရန်ဆန် ၀ယ်ယူပြီး ကူဖို့ တောင်သူ လယ်သမား အသင်းက သမ္မတဆီ စာရေးပြီး အကူညီ တောင်း လိုက် ပါတယ်။
မြန်မာနိုင်ငံက ဆန်တွေကို ဒီနှစ်ထဲ မှာ တရုပ်နိုင်ငံက နယ်စပ်ကနေ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး

Posted: 28 Dec 2012 07:37 PM PST

အိန္ဒိယ နိုင်ငံ ဒေလီမြို့က ဘတ်စကားပေါ်မှာ အုပ်စုဂိုဏ်းဖွဲ့ မုဒိမ်းကျင့်တာ ခံခဲ့ရပြီး ဒဏ်ရာတွေရခဲ့လို့ ဆေးကုသခံနေရတဲ့ အမျိုးသမီးလေး သေဆုံးသွားပါပြီ။ သံဒုတ်နဲ့ အကြိမ် တော်တော် များများ ရိုက်နှက် ၊ မုဒိမ်းကျင့်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပိုစတာ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူ တယောက်

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သိန်း ၆၃၀ ဖြင့် လေလံအောင်မြင်

Posted: 28 Dec 2012 01:15 PM PST

ရန်ကုန်၊ဒီဇင်ဘာ ၂၉။

ဒီဇင်ဘာလ ၂၈ ရက် ည ၁ နာရီ ၁၀ မီနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရက်လုပ်ထားသော ဆွယ်တာ အင်္ကျီအား ကျပ်သိန်း ၆၃၀ ဖြင့် အမည်မဖော်လိုသူ တစ်ဦးက လေလံအောင်မြင်သွားကြောင်း သိရသည်။

အဆိုပါ ဆွယ်တာအင်္ကျီအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် လေလံတင်အခန်းအနားပြုလုပ်ခြင်းဖြစ်ပြီး ည ၁၂ နာရီ ၀န်းကျင်ခန့် အချိန်တွင် ကျပ်သိန်း ၆၂၅ ထိရှိကြောင်းသိရသည်။

လေလံအောင်မြင်သွားသော ဆွယ်တာ အင်္ကျီအား အထက်ပါ အမည်မဖော်လိုသူက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လာရောက် ထုတ် ယူမည်ဖြစ်ကြောင်း သိရသည်။

စူးရှ - The Myanma Age

ဓာတ်ပုံ - ဆုဝေ

ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း

Posted: 28 Dec 2012 01:13 PM PST

ရန်ကုန်၊ ဒီဇင်ဘာ ၂၈။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေး ရံပုံငွေပွဲတွင် ဂီတ အနုပညာရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေမှုတွင် တေးသံရှင် လင်းလင်း၊ အဲလက်စ်၊ ထွန်းထွန်း၊ ရှင်ဖုန်း၊ ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ နေတိုး၊ အာဇာနည်၊ ဖိုးကာ၊ စည်သူလွင်နှင့် ချစ်သုဝေ တို့အပြင် အခြားနံမည်ကြီး အဆိုတော် ပေါင်းများစွာ ပါဝင် သီဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် IRON CROSS မှ ပရိတ်သတ်များအား တေးသီချင်း ၁၀ ပုဒ်ခန့်ဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရပြီး နာမည်ကြီး သရုပ်ဆောင် မေတ္တာနှင့် ၄င်း၏ ၀ိုင်းတော်သားများကလည်း ပြက်လုံးများဖြင့် ဖျော်ဖြေခဲ့ကြောင်းသိရသည်။

ဂီတဖျော်ဖြေပွဲသည် ည ၂ နာရီ ကျော်တွင် အဆိုတော်လေးဖြူ၏ နေခြည်သီချင်း ဖြင့် သီဆိုဖျော်ဖြေကာ ပြီးဆုံးသွားခဲ့သည်။

The Myanma Age


KIA,စခန်းများအား လေတပ်မှ ဗုံးကျဲတိုက်ခိုက်နေစဉ် (ရုပ်/သံ)

Posted: 28 Dec 2012 01:03 PM PST

(28/12/2012)ရက်နေ့ မြန်မာ့ လေကြောင်းမှ လဂျားယန် KIA နှင့် ABSDF တပ်စခန်းတွေ ကို ဗုံးကျဲ တိုက်ခိုက်နေ စဉ်ရိုက်ကူး ထားသော မှတ်တမ်းရုပ်သံ..။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


KIA,စခန်းများအား လေတပ်မှ ဗုံးကျဲတိုက်ခိုက်နေစဉ်

KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားလာ

Posted: 28 Dec 2012 01:07 PM PST

အစိုးရ တပ်များဘက်မှ လက်နက်ကြီးများ ပစ်ခတ် ပြီးနောက် သောကြာနေ့ ညနေပိုင်းတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ်နှင့် ၇ မိုင်ခန့်အကွာ လဂျားယန် ဒေသသို့ မြေပြင် ထိုးစစ် စတင်လာနေ ကြောင်း KIO ၏ မဟာမိတ် ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေး က ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


KIA,စခန်းများအား လေတပ်မှ ဗုံးကျဲတိုက်ခိုက်နေစဉ်

You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ