[mrsorcerer:36647] Fwd: [လူဗိုလ်ဟူသည် ...] အလံကို ခြေနှင့်နင်းကြသူများ
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/31
Subject: [လူဗိုလ်ဟူသည် ...] အလံကို ခြေနှင့်နင်းကြသူများ
To: lubo601@gmail.com
by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Monday, December 31, 2012 at 12:39am ·
   သည်ကနေ့ သက္ကရာဇ် ၂၀၁၂ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်တစ်ရက်ဖြစ်တဲ့ ၃၁ရက်နေ့မှာ မနက်စောစော ဆေးရုံကိုထွက်လာတော့ မီးရထားပေါ်မှာ ဖေ့ဘုတ်ကို ဖွင့်ကြည့်မိပါတယ်။ စမြင်လိုက်တဲ့ ပုံက အတော့်ကို ကျက်သရေမရှိ၊ စိတ်ပျက်ဖွယ် ပုံဖြစ်နေပါတယ်။ မြန်မာနိုင်ငံတော်အလံကို ၀ိုင်းပြီး နင်းခြေနေကြတဲ့ ခြေထောက်တွေကို ရိုက်ထားတဲ့ပုံ။
သေချာတယ်သည်ပုံကတော့ ၂၀၁၂ခုနှစ်ရဲ့ ကျက်သရေမရှိဆုံးပုံထဲမှာ နောက်ဆုံးကနေကပ်ပြီး ပန်းဝင်သွားပြီပေါ့။
            ဘင်္ဂါလီတွေ ပြသနာ၊အိုအိုင်စီ ပြသနာတုန်းက မြန်မာနိုင်ငံအလံကို တိုင်းတပါးမှာ တိုင်းတပါးသားတွေက မီးနဲ့ရှို့၊ဖျက်ဆီးခဲ့ကြတဲ့ပုံတွေ မြင်ခဲ့ရဖူးတယ်။ ဒါဟာလည်း ကိုယ့်တိုင်းပြည်ကို တိုင်းတပါးသားက စော်ကားခြင်းတစ်မျိုးပါပဲ။ ပိုပြီးစိတ်ပျက်ဖွယ်ကောင်းတာက မြန်မာပြည်ထဲက မြန်မာတိုင်းရင်းသားလူငယ်တွေက ကိုယ့်ကိုစော်ကားထားတဲ့ပုံကို ဘာအဓိပာယ်သက်ရောက်သွားမှန်း မသိပဲ အင်တာနက်ပေါ်မှာ Share နေကြတဲ့ လုပ်ရပ်ပါ။
            အီရတ်နိုင်ငံလိဲု့ တိုင်းပြည်များမှာဆိုရင် နိုင်ငံတော်အလံထဲမှာကို သာသနာ့တံဆိပ်ပါနေတာမို့လို့ နိုင်ငံတော်အလံကို ဖျက်ဆီး၊စော်ကားတာဟာနိုင်ငံရေးပြစ်မှုသာမကပဲ ဘာသာတရားကိုပါ စော်ကားရာ ရောက်တယ်လို့ သတ်မှတ်ထားပါတယ်။ သည်တော့အပြစ်ပိုကြီးတယ်ဆိုရမှာပေါ့။ လူမြင်ကွင်းမှာ အ၀တ်တွေဆွဲချွတ်ပြီး ခဲနဲ့ဝိုင်းပစ်ခံရမလား။ လည်မျိုကို အရှင်လတ်လတ်လည်လှီးခံရမလား ကြိုက်တာရွေး လို့ရပါတယ်။ ဘယ်ဟာမှတော့ အရသာမရှိဘူးပေါ့လေ။
            ကောင်းပြီ။နိုင်ငံတစ်နိုင်ငံရဲ့ အလံကို ဘယ်လိုအပြုအမူတွေနဲ့ ပြုမူရင် စော်ကားတယ်ခေါ်ပါသလဲ။လေ့လာကြည့်ရအောင်။ အလံကို မီးနဲ့ရှို့မယ်၊မစင်တွေနဲ့ ပက်မယ်၊ အလံပေါ်မှာ လမ်းလျှောက်မယ်၊အလံကို ချိတ်ဆွဲပြီး ခဲနဲ့ပစ်မယ်၊ တံတွေးနဲ့ထွေးမယ်၊ သေနတ်နဲ့ ပစ်မယ်စတာတွေက နိုင်ငံတကာမှာ အတိအကျလက်ခံထားတဲ့ နိုင်ငံတော်အလံကို စော်ကားရာရောက်တဲ့ အပြုအမူတွေပါ။ အလံကို ပြောင်းပြန်လွှင့်တာကိုတော့ တချို့နိုင်ငံများမှာ အရေးပေါ်ဘေးဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာ လွှင့်ထူလေ့ရှိကြလို့ ခြွင်းချက်လို့ သဘောထားရမယ်။ အိမ်သာထဲမှာသုံးတဲ့ စက္ကူတွေမှာ အလံပုံကို သုံးစွဲတာ၊ ကလေးငယ်တွေDiaperခေါ်တဲ့ ဖင်ထုတ်မှာ နိုင်ငံအလံကို သုံးရင်လည်း စော်ကား
ရာရောက်ပါတယ်။
            ဘာရည်ရွယ်ချက်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အလံကို စော်ကားဖျက်ဆီးကြတာပါလဲ။
၁)နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒကို ဆန္ဒပြချင်လို့၊
၂)နိုင်ငံသားတွေရဲ့ လူမျိုးရေးဝါဒ၊ ခံယူချက်များကို မနှစ်သက်လို့၊
၃)နိုင်ငံ အစိုးရကို မကျေနပ်လို့၊
၎)နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေကို စော်ကားချင်လို့၊
            စတဲ့ ရည်ရွယ်ချက်များနဲ့ နိုင်ငံတော်အလံကို စော်ကားကြခြင်းဖြစ်ပါတယ်။
          နိုင်ငံတော်အလံကို စော်ကားတဲ့ အမှုနဲ့ ပတ်သတ်ပြီး အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံမှာ ဘယ်လိုအရေးယူကြလဲ လေ့လာကြည့်ရအောင်။ တရုတ်ပြည်မကြီးမှာဆိုရင် အလံကိုစော်ကားရင် ထောင်သုံးနှစ်ပါ။ရာဇ၀တ်မှုကြောင်းအရ အရေးယူခံရပါတယ်။ အိန္ဒိယမှာကျတော့ နိုင်ငံတော်အလံနဲ့ ပတ်သတ်လာရင် ပိုတောင် တင်းကျပ်သေး။ ဟိုးအရင် ကဆိုရင် ကိုယ်ပိုင်အိမ်တွေမှာ ဘယ်လိုအကြောင်းနဲ့ မှာ နိုင်ငံတော်အလံကို လွှင့်ထူခွင့်မရှိဘူး။နိုင်ငံတော်အလံနဲ့ ပတ်သတ်ပြီး သိပ်ကိုတင်းကျပ်လွန်းတယ်လို့ ၀ိုင်းဝန်းကန့်ကွက်ကြတော့မှ ၂၀၀၁ခုနှစ်နောက်ပိုင်းမှာ အများသူငှာ နေ့ထူးနေ့မြတ်များမှာ နိုင်ငံတော် အလံကို လွှင့်ထူခွင့်ရပါတယ်။သူတို့ဆီမှာလည်း နိုင်ငံတော်အလံကို စော်ကားရင် ရာဇ၀တ်မှုမြောက်ပြီး ထောင်နန်းစံကြရမှာပါပဲ။
            ကမ္ဘာ့နိုင်ငံအတော်များများမှာ နိုင်ငံောတ်အလံနဲ့ ပတ်သတ်လာရင် အစော်ကားမခံရဖို့ ဥပဒေကြောင်း၊ ရာဇ၀တ်ပြစ်မှုကြောင်းများအရ ကာကွယ်ထားကြပါတယ်။ကမ္ဘာနဲ့ ချီပြီးကြည့်ရင် ပြည်တွင်း မှာရော၊ပြည်ပမှာပါ နိုင်ငံတော်အလံကို မီးရှို့အခံရဆုံးတိုင်းပြည်က အမေရိကန်ပြည်ထောင်စု အလံတော်ုဖစ်ပါတယ်။ ၁၈၆၂ခု၊ အမေရိကန်ပြည်တွင်းစစ်အတွင်း တပ်ပေါင်းစုတပ်မတော်ရဲ့ အကြီးအကဲ Benjamin Franklin Butler ဆိုသူက အမေရိကန်ပြည်ထောင်စုအလံတော်ကို ဖြုတ်ချခဲ့မှုအတွက် William B. Mumford ဆိုသူကို သေဒဏ်ပေးခဲ့ပါတယ်။ ထိုအကြောင်းကို ၁၈၆၄မှာJohn Greenleaf Whittier ဆိုသူ က ကဗျာတစ်ပုဒ်စပ်ဆိုခဲ့ပါတယ်။ အဲဒီကဗျာထဲမှာ နာမည်အလွန်ကြီးခဲ့တဲ့စာကြောင်းလေးတွေ ပါပါတယ်။
Shoot, if you must, this old gray head,
But spare your country's flag," she said.
            ပစ်စရာရှိရင် ပစ်ထည့် လိုက်စမ်းပါ၊
            ခေါင်းညိုညိုနဲ့ လူအိုကြီးကို
            သို့ပေမယ့်
            ကိုယ့်နိုင်ငံအလံကိုတော့ မထိစေနဲ့။
            ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ဟာ မြေပြင်ပေါ်မှာသာမက Media ပေါ်မှာလည်း တိုက်နေကြတဲ့ စစ်ပွဲဖြစ်ပါတယ်။ စစ်မြေပြင်မှာ ကေအိုင်အိုစစ်သည်တွေ လက်ပတော့တွေနဲ့ စစ်တိုက်နေကြတာမြင်ရတော့ တကယ်စစ်ဖြစ်နေတာလား၊ ကွန်ပြူတာဂိမ်း ဆော့နေသလားတောင် ထင်ရပါတယ်။ အခုလဲ တိုင်းရင်းသားပြည် သူတွေ အမြတ်တနိုးထားရတဲ့ နိုင်ငံတော်အလံပေါ်ကိုတောင် ခြေတွေနဲ့ နင်းချေပစ်လိုက်ကြပြန်ပါပြီ။
            တိုင်းပြည်ထဲက လူငယ်တွေဟာ ကိုယ့်နိုင်ငံရဲ့ အလံကိုမှ တန်ဖိုးမထားတတ်ရင် အဲသည် တိုင်းပြည်ဟာဘယ်လိုတိုးတက်ကြီးပွားနိုင်ပါ့မလဲ။ တပ်မတော်ထဲက လူငယ်များအဖို့ နေ့စဉ်လိုလို နိုင်ငံတော်အလံကို အလေးပြုပြီး သစ္စာလေးချက်ဆိုနေရတာဖြစ်တဲ့အတွက် နိုင်ငံအလံဟာ ဦးထိပ် ပန်ဆင်စရာလို့ ခံယူပြီးသားဖြစ်ပေမယ့် ကျန်လူငယ်များအဖို့ ကိုယ့်နိုင်ငံအလံကို တန်ဖိုးထားမှု စံနှုန်းတွေ ကျဆင်းနေပြီလားဆိုတာ စဉ်းစားစရာပါ။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေရတဲ့ အရပ်ဘက်ဝန်ထမ်းများ ဆိုရင်လည်းဖောင်ကြီးလို သင်တန်းကျောင်းများမှာ နိုင်ငံတော်အလံကို အလေးပြုကြရမှာဖြစ်လို့ အသိစိတ်လေးတော့ ၀င်သွားပြီးသားဖြစ်ကြပါလိမ့်မယ်။
            ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို မလေ့လာရသေးပဲနဲ့၊ကေအိုင်အိုဆိုတာ ဘယ်လို၊သူတို့ခေါင်းဆောင်တွေဆိုတာ ဘယ်လို၊မြောက်ပိုင်း ကျောင်းသားတပ်မတော်ဆိုတာဘယ်လိုဆိုတာ ကိုယ်ပိုင်အသိနဲ့ မသိ၊နားမလည်သေးသရွေ့ဖေ့ဘုတ်ကြီးပေါ်မှာတက်လာသမျှ တိုင်းရင်းသူ မိန်းကလေးတွေရဲ့ ချောမောနုပျိုတဲ့ ကေအိုင်အိုယူနီဖောင်းထဲကအလှကို သာယာမိနေရဦးမှာပဲ။စိတ်ဓာတ်စစ်ဆင်ရေးကို ခံနေကြရဦးမှာပဲ။နောက်ဆုံး ကိုယ့်နိုင်ငံအလံကို ခြေထောက်လှလှလေးတွေနဲ့ တက်နင်းသွားတာတောင်မှ အလံကို မမြင်ပဲ ခြေထောက်ကိုပဲ မြင်တဲ့သူတွေရှိနေကြဦးမှာပဲ။
            သည်တော့
            ပစ်စရာရှိရင် ပစ်ထည့် လိုက်စမ်းပါ၊
          ခေါင်းညိုညိုနဲ့ လူအိုကြီးကို
          သို့ပေမယ့်
          ကိုယ့်နိုင်ငံအလံကိုတော့ မထိစေနဲ့။
            အဲသလိုပဲ ပြောရတော့မယ်။ စစ်တိုက်ချင်ရင်၊တရားသောစစ်လို့ ယုံကြည်တယ်ဆိုရင် ရဲရဲကြီးရင်ဆိုင်ပြီး ယောင်္ကျားပီပီသေနတ်ကြီးလွယ်ပြီး ပစ်လိုက်စမ်းပါ။ မိန်းကလေးတွေကို အသုံးချပြီး တိုင်းရင်းသားလူမျိုး ၁၃၅မျိုးကို ကိုယ်စားပြုထားတဲ့ နိုင်ငံအလံကိုတော့ မစော်ကားပါနဲ့လို့ မြန်မာပြည်မြောက်ဖျားက နယ်နိမိတ်စည်းရိုးပေါ်ခွထိုင်ပြီး ဟိုဘက်ကို ပြေးဖို့ကြံနေကြတဲ့ ကေအိုင်အို ခေါင်းဆောင်ကြီးများကို ပြောချင်ပါတယ်။
           ကိုယ့်နိုင်ငံအလံကို နိုင်ငံပြင်ပမှာ အသားကပ်ခြေအိတ်စွပ်၊ မျက်နှာမဖော်ပဲ ရဲရဲကြီး တက်နင်းပြ ရဲကြတဲ့ ကချင်လူမျိုးအမည်ခံ (မျက်နှာမမြင်ရတော့ ဘယ်သူတွေမှန်းမသိပါဘူး) ပုဂ္ဂိုလ်တွေကိုလည်း  ယနေ့ခေတ်ဟာ အလံကို စော်ကားပြရုံနဲ့ နိုင်ငံရေးခိုလှုံခွင့်ရတဲ့ခေတ်မဟုတ်တော့ဘူး ဆိုတာကို သိစေ ချင်ပါတယ်။ သူတို့ လက်ရှိရောက်နေတဲ့အမေရိကန်ပြည်ထောင်စုဟာ သူ့နိုင်ငံအလံကို စော်ကားရင် သေနတ်နဲ့တောင် ပစ်သတ်ခဲ့ဖူးတဲ့ သမိုင်းအစဉ်အလာရှိကြောင်း သတိချပ်ကြပါလို့ အသိပေးလိုက်ချင်ပါတယ်။
                        (၃၁/၁၂/၂၀၁၂)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/01/2013 03:32:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36646] Fwd: [လူဗိုလ်ဟူသည် ...] အများကိုယ်စားပြု ဓါတ်ရှင်ကောင်းကောင်းလေးတော့ ကြည့်ချင်တယ်။
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/31
Subject: [လူဗိုလ်ဟူသည် ...] အများကိုယ်စားပြု ဓါတ်ရှင်ကောင်းကောင်းလေးတော့ ကြည့်ချင်တယ်။
To: lubo601@gmail.com
by Ag Myint Tham on Monday, December 31, 2012 at 11:20am 
 လူအများစု၊ အချိန်အများဆုံး ကုန်လွန်စေသော နေရာမှာ လှုပ်ရှားမူနှင့် အသံပေါင်း စပ်ထားသော၊ တီထွင် ဖန်တီးရိုက်ကူးခြင်းတို့ကို ကြည့်ရှုနေခြင်းပင် ဖြစ်နိုင်သည်။  ရှေးလူကြီးများက ရုပ်ရှင်ကို ဓါတ်ရှင်ဟု ပြောသံကြားဖူးသည်။  ဘိုင်စကုတ်ဟုလည်း ခေါ်ကြသေး သည်။  ဓါတ်ရှင်၊ ဓါတ်စက်၊ ဓါတ်ပုံ၊ ဓါတ်လှေကား၊ ဓါတ်ရထား၊ ဓါတ်တိုင်၊ ဓါတ်မီး စသော စကားလုံးများအပြင် စက်ကရိယာနှင့် မဆိုင်သည်များကို ပြောဆိုကြသေးသည်။ ဓါတ်ခန်း၊ ဓါတ်စခန်း၊ ဓါတ်သွား၊ ဓါတ်ချုပ်၊ ဓါတ်ပျက်(၀မ်းပျက်၊ စိတ်ပျက်)၊  ဓါတ်စီး၊ ဓါတ်ဝင်၊ ဓါတ်ကျ၊ ဓါတ်မျှော၊ ဓါတ်သမိုင်း၊ ဓါတ်သင့်၊ ဓါတ်ရိုက်၊ ဓါတ်ဆင် စသည်တို့ကိုလည်း ထယ်လှယ်သုံးစွဲကြသေးသည်။
အလားတူ ရှေးတုံးက ခေတ်မှီ စက်ကရိယာတွေ ယခုခေတ်လောက် မများပြား၊ တွင်ကျယ်စွာ  မသုံးနိုင်လင့်ကစာ၊ ရုပ်ရှင်များမှာ ဇာတ်လမ်း ဇာတ်ကွက်ကအစ၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး၊ ဇာတ်ရံ၊ ဇာတ်ပို့၊ လူကြမ်းကအစ ကြည့်ရတာ တော်တော် အဆင်ပြေသည်။ ယနေ့ ဟာသကားဟု အမည်တတ်ထားသော ကားတွေ မိုးတွင်းမှာ ပတူးတွေ ထွက်လာသလို ပွစိတက် ထွက်လာကြသည်။ နာမည်ကြီး မင်းသား၊ မင်းသမီး၊ ဟာသသရုပ်ဆောင်များစွာ (သူတို့အပြောအရ) က ကလက်တက်တက် သရုပ်ဆောင်ချက်အမျိုးမျိုးဖြင့် ရယ်စရာကားပုံစံ ဖန်တီးကြသည်။ ယခင်က ဒါရုက်တာ(ဦး)သာဓု ရိုက်ကူးသော၊ (ဦး)ဖိုးပါကြီး ပါဝင်သရုပ်ဆောင်သော ဗိုလ်ကာတွန်း ဟာသကားကို ကြည့်ထားမိ၍ ယခုပြသနေသော ထိုထိုကားများသည် ဂလိထိုး ရီခိုင်းသလိုဖြစ်နေသည်။ ငယ်ငယ်ကထိုကားကို ကြိုက်နှစ်သက်လို့ ဘယ်နှစ်ခေါက် ပြန်ကြည့်မိလည်း ဆိုတာတောင် မမှတ်မိတော့။ ဗိုလ်ကာတွန်းအဖြစ်သရုပ်ဆောင်သော ဖိုးပါကြီးက "ခွေးမသား သာဓု" ဟူသော အသုံးအနှုံးဖြင့် ကားထဲတွင်ပြန်ပြောခိုင်းသော ပွင့်လင်းရိုးသားသော ဒါရိုက်တာနှင့် သရုပ်ဆောင်များ၏အခြေအနေ။ ယခုကာလသည်ကား သရုပ်ဆောင်များက ဒါရိုက်တာကို ပြန်ပြော၊ ပြန်ခိုင်းနဲ့ သူတို့အရိပ်အခြေကို လိုက်ကြည့်နေရသော အခြေအနေ။
မြန်မာရုပ်ရှင်ကားတွေ မလိုအပ်သော အပိုလုပ်ထားသော ဇာတ်ဝင်ခန်းများ၊ စကားပြောခန်းတော်တော်များများပါဝင်သည်။  တယ်လီဖုန်းအသံမြည်လာပါက "ဟုတ်ကဲ့အမိန့်ရှိပါရှင်/ ခင်ဗျာ " ဟူသော တမ္ဘာလုံးဘယ်သူမှ မသုံးကြသော ပြန်လည်ဖြေကြားသော ဖုန်းစနစ်ကို အပို(fussiness)လုပ်၍သုံးသည်။တစ်ဦးတည်းသောသား တစ်ဦးတည်းသောသမီး ဖြစ်သောကြောင့်၊ မည်မျှချစ်ကြောင်း အလိုလိုက်ကြောင်း အဆင့်အတန်းမတူသော သူတို့ သား၊ သမီးနဲ့ ဘယ်လိုမှ လုံးဝ လုံးဝ သဘောမတူကြောင်း ရုပ်ရှင်ဇာတ်လမ်းများတွင် တသီးတည်းသောသား၊ တဦးတည်းသောသမီးဆိုပြီး ထပ်သလဲလဲ မပြောမဖြစ် ပြောရမည့် စကားလိုဖြစ်နေသည်။ တဦးတည်းသော သား၊ တဦးတည်းသောသမီး အသုံးအနုန်း မပါဘူးဆိုရင် မြန်မာရုပ်ရှင် မဖြစ်တော့ပါလားဟု ပြောရမလို ဖြစ်နေ၏။ တရုပ်ပြည်မှာ လူဦးရေထူထပ်သောကြောင့် ဇနီး မောင်နှံ တစုံတွင် သားသမီးတယောက်သာ ယူရမည် သတ်မှတ်ထားသောကြောင့်၊ တရုပ်ကိုများအားကျခါ တဦးတည်းသောသား/သမီးဆိုတာကို ခံတွင်းတွေ့နေတာလည်းဖြစ်နိုင်သည်။ တစ်ဦးတည်းသောမွေးစားသား၊ သမီး။ တစ်ဦးတည်းသော တူ၊ တူမ။ အစုံပါဘဲ။
အပြင်သွားမယ် ကားအပြင်ထုတ်ထားလိုက်။ အပြင်သွားမယ်ဆို ခဏစောင့် အ၀တ်အစားလဲလိုက်အုံးမယ်၊ စသဖြင့်ပြောကြသေးသည်။ ကြည့်လို့ဘယ်လိုမှ အဆင်မပြေတာများလည်း ရှိသေးသည်။ ချမ်းသာသောမိသားစုများမှာ အိမ်အကူလုပ်ပေးသူများက(သူတို့အခေါ်= အိမ်ဖေါ်) သူတို့စားသောက်နေစဉ် ယပ်တောင်ခတ်ပေးရတာ၊ အိမ်ကြီးရှင်တွေ ပြောသမျှ(မှား မှား မှန် မှန်) မျက်နှာငယ်လေးဖြင့် ပြန်မပြောရဲသော ပုစံနှင့် ရိုက်ချက်များမှာလည်း မပါမဖြစ်။ အို ဒါမင်းမဲတိုင်းပြည်မှမဟုတ်တာ သူတို့လုပ်ချင်တိုင်း လုပ်လို့ရမလားဆိုပြီး နေခင်းကြောင်တောင်(သို့)ညမှောင်မှောင်မှ မိန်းခလေးတယောက်ကို လူကြမ်း ၃-၄-၅ ယောက်က၀ိုင်းဆွဲကြသည်။ လူတယောက်ကို ၀ိုင်းပြီး ရိုက်နှက်ကြသည်။ လမ်းလည်ကောင်မှာ အရက်ပုလင်းကို လက်မှကိုင်ခါ အမူးသမားက အော်ဟစ်နေပုံကလည်း မရိုးနိုင်သော ရိုက်ချက်ပြင်းပြင်းလည်းပါသေးသည်။ နိုင်ငံတကာမှာ လူတယောက်၏ ချို့ယွင်းချက်များဖြစ်သော စကားထစ်ခြင်း၊ မျက်စိမမြင်ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုများကို ရယ်စရာအဖြစ် နောက်ပြောင်ပြသခြင်းအား တားမြစ်ထားသည်။ ဘ၀သရုပ်မှန် တကယ်ဖြစ်အပျက်(စာနာ အားပေးမှုကို ထင်ရှားပေါ်လွင်စေရန်)များကို တင်ပြပိုင်ခွင့်ရှိသည်။ မြန်မာကားတွေမှာ ထိုသို့နောက်ပြောင်မှုများကို တွေ့နေရသည်။ လူအခွင့်အရေးကို ချိုးဖေါက်ဖို့ရန် အားပေးနေသလိုပင်။ အဆိုးဆုံးကတော့ ဒီလူက စာတွေအများကြီးဖတ်ပြီး ဦးနှောက်သိပ်မမှန်တော့ဘူးဆိုသော မှားယွင်းသော အတွေးအခေါ် အယူအဆမျိုးကို ကားအချို့မှာပါဝင်စေပြန်သည်။ ထိုသို့အပိုတွေ တန်ဆာဆင်ခြင်းဖြင့် ပြည်သူတွေပိုက်ဆံ၊ အချိန်နဲ့ခံစားမှု၊ အတွေးအခေါ်တွေကိုလည်းစော်ကားရာရောက်၏။ လူ့အဖွဲ့အစည်းများလည်း ကမောက်ကမ လမ်းလွဲကုန်သည်။
မြို့ရော တောနယ်တွေပါ ရောက်ရှိကာ လူကြီး လူငယ်တွေ အများဆုံး ကြည့်ကြသည်မှာ ရုပ်ရှင်ဖာတ်ကားများဖြစ်သည်။ အလုပ်ပင်ပန်းပြီး မိမိအိမ်နေရပ်ရင်းသို့ပြန်လာပြီး၊ ရုံဝင်ခပေး၍ ကြည့်ရ ကြည့်ရ အခြေခံလူတန်းစား အများစုမှာ သူတို့ကြိုက်နှစ်သက်သော မင်းသား မင်းသမီး ပါဝင်သော ကားကို ကြည့်လိုက်ရလျှင် အမောအပန်းတွေ ပြေပျောက်ကုန်သည်။ သူတို့စွဲလန်း ကြိုက်နှစ်သက်သော ဘိုင်စကုတ် မင်းသား မင်းသမီး ရုပ်ပုံများကို အိမ်နံရံမှာ ချိတ်ထား ကပ်ထားတတ်ကြသည်။ ခေါင်းရွက် ဗျပ်ထိုး ရောင်းကြသော ဈေးသည် ဗန်းပေါ်တွင် သူတို့ချစ်သော သူတို့ ခရေစီဖြစ်သော မင်းသား မင်းသမီး ပုံတွေကိုပါ တပါတည်းသယ်ဆောင် သွားတတ်ကြသည်။
မှန်မှန်လေး အလျှိုအလျှို ထွက်လာသော အရာများမှာ ဒီဗွီဒီဟာသ ဇာတ်လမ်းများနှင့် အငြိမ့်၊ ဗွီစီဒီ အခွေများဖြစ်ကြသည်။ အကြောင်းအရာ ထပ်နေသော ဇာတ်လမ်းများ၊ နိုင်ငံတကာ ရုပ်ရှင်များမှ စုပေါင်း စပ်ပေါင်းဇာတ်လမ်းများလည်း ပါနိုင်သည်။ ဖန်တရာကျေနေသော ပြက်လုံးများ ထပ်နေသော၊ စည်ပင် မီးသတ် ယာဉ်ထိန်းရဲ ဘောလုံးအသင်းကို နောက်ပြောင်သော ထေ့လုံးများ၊ ကိုရီးယား မင်းသား မင်းသမီး နာမည်များကို လူရွင်တော်က သူကိုယ်သူမိတ်ဆက်လိုက်ခြင်း အညားဇရေားဆိုပြီး ကိုရီးယား စကားတစ်လုံး နှစ်လုံးပြောလိုက်ပါက တရေးနိုးထပြက်လည်း ပရိသတ်ရီသံ လက်ခုတ်သံကတော့ အသေအချာ ရဖို့ကျိမ်သေသလောက်ဖြစ်သည်။အမ်တီဗွီသီချင်းအခွေများလည်း ရာသီအလိုက်ထွက်လာကြသည်။
ဇာတ်လမ်းကောင်းကောင်း၊ အခြားအနုပညာဆိုင်ရာများမှာ နောက်ကျဆုတ်ယုတ်လာခြင်း ပထမအကြောင်းအရင်းမှာ- ရေးသားကြသော စာပေပညာရှင်များ၏ တီထွင် စိတ်ကူးရေးသားမှုများ လွတ်လပ်စွာ မထွက်ပေါ်လာခြင်းကြောင့်လည်းဖြစ်သည်။ ဆင်ဆာမိနေသောကြောင့်ဖြစ်သည်။ ရုပ်ရှင်မှာ ရေးသားသော ဇာတ်လမ်းစာသားကို ရွေးချယ် ရိုက်ကူးရခြင်းဖြစ်သည်။ ဂီတမှာလည်း ရေးသားချက်မှာသာ မူတည်သည်။ မိမိဖာသာ ဇာတ်လမ်းရေး ဇာတ်ညွန်းခွဲ ဒါရိုက်တာလုပ်ပြီး ရိုက်လိုက်သောကား၊ လူအများ ကိုယ်စားပြုပြီး၊ အများကြိုက်သည်ဆိုလျှင် ယင်းပုဂ္ဂိုလ် တော်တော် ကြိုးစားအားထုတ်ထားသည်မှာသေချာပြီ။ ဒီကြားထဲ ရိုက်ကူးပြီးသော ကားကို ဆင်ဆာက ဘာကြောင့် ညာကြောင့်(ဘာမှလည်း အနုပညာအကြောင်း နကန်းတလုံးနားမလည်ဘဲ) ဆိုပြီး ထပ်ဖြတ်လိုက်တော့ ရုပ်ရှင်ကောင်းကောင်း ကြည့်ရဖို့အရေး စဉ်းစားဖို့တောင် လမ်းစမပေးတော့ချေ။
ရုပ်ရှင်တကားကြည့်တော့မယ်ဆို အဓိကပါဝင်သော မင်းသား မင်းသမီး ကိုတော့ သိကြ မှတ်မိကြတာမို့ အထွေအထူးမပြောလိုပါ။ ဇာတ်ပို့ ဇာတ်ရံ နောက်ခံတေးဂီတ တည်းဖြတ်သူ စသော နာမည်များကို မသိ မမှတ်တာ အကြောင်းတော့ မဟုတ်ပါ။ ဇာတ်ကားတခုလုံးကို အစမှ အဆုံး ပရိတ်သတ်မျက်စိအရှေ့ ရောက်အောင် စီစဉ်ညွန်ကြား ရိုက်ကူးသော ဒါရိုက်တာနှင့် ဒီဇာတ်လမ်းကို စတင်ဖန်တီးရေးသားသော ရေးသူလောက်ကိုတော့ မမှတ်ထားတောင် ဖတ်ထားဖို့ သင့်ပါသည်။ ဒါမှ ရုပ်ရှင်တကားကိုကြည့်တာ ပိုပြီး အသက်ဝင်စေမည် ဖြစ်ပါသည်။ မင်းသား မင်းသမီး ဘယ်လို အ၀တ်အစား အရောင်အသွေးလေးကို ဘယ်လိုဝတ်ပြီး ဘယ်လို သရုပ်ဆောင်လိုက် မျက်စိထဲကကို မထွက်ဖူးဟုပြောတတ်သော ရုပ်ရှင်ကြည့် ပရိတ်ကြီး၏ မှတ်ဥာဏ်အစွမ်းကို ယုံကြည်ပါသည်။ ရုပ်ရှင်ကြည့်ပြီးသွားလို့ အိမ်မှာဖြစ်ဖြစ် သွားရင်း လာရင်းဖြစ်ဖြစ် အလုပ်ခွင်ထဲမှာဖြစ်ဖြစ် ဘယ်သူက ဘယ်လို သရုပ်ဆောင်သွားတာဖြင့် ဘယ်လိုတော်လိုက်တာ၊ သဘောကျလိုက်တာဆိုပြီး အတွေးထဲ စိတ်ကူးထဲမှာ ပြန်လည်မြင်ယောင်နေတတ်သည်။ ဇာတ်လမ်းကို စတင်ရေးသာသူ၊ ဇာတ်ညွန်းရေးသူ၊ စီစဉ်ညွန်ကြားသော ဒါရိုက်တာ၏လုပ်ကွက် အခန်းကဏ္ဍကပျောက်နေသည်။ ကျနော်တို့နိုင်ငံမှာ ရှိသင့်တဲ့သူက ရှိသင့်တဲ့နေရာမှာ ရှိကို မရှိသေးတာ ရှိနေဆဲပါ။
ကြည့်ရတာ ဘ၀င်မကျစရာကတော့၊ မျက်မမြင်ရှာသော လူများနှင့် လူကြမ်းတွေ အိန်တင်ထုတ်ခန်းမှလွဲ၍ အခြားသရုပ်ဆောင်မှုများမှ နေကာမျက်မှန်ကြီးတပ်ခါ အပို ရှိုးထုတ်ခါ သရုပ်ဆောင်ခန်းပြသခြင်းသည် တော်တော်အကြည့်ရဆိုးသည်။ စကားပြော သရုပ်ဆောင်ခန်းများတွင် မျက်လုံးနှင့် ပါးစပ် အချက်ကျကျ လှုပ်ရှားပြောင်းလဲမှုပေါ်မူတည်ပြီး အမူအရာအမျိုးမျိုးကို မည်သို့မည်ပုံဆိုတာ သိရှိနိုင်သည်။ တခါတရံ မျက်ခုံး အကွေး အပင်းနှင့် နှာခေါင်း အတွန့်အရှုတ်လေးတော့ ရှိတာပေါ့။ ဒါပေသိ မျက်လုံးကြီးပိတ်ခါ ရိုက်ပြ သရုပ်ဆောင်ပြတော့ ပရိတ်သတ်က အရှုံးပေါ်တာပေါ့။ အခုသရုပ်ဆောင်နေကြသောမင်းသားမင်းသမီးတိုင်းတိုင်းလိုလိုမျက်မှန်တပ် သရုပ်ဆောင်တာ ဖက်ရှင်လိုဖြစ်နေပါပြီ။
အနုပညာ ဖန်တီးသူတွေ စိတ်ညစ် ကြိုးစားမှုတွေ အလဟသတ်ဖြစ်ခါ ရင်ထဲမကောင်းဖြစ်စရာ ကိစ္စကတော့၊ သူများအချိန်ကုန် လူပင်ပန်းခံ ငွေအား လူအားများ ပေါင်းစပ် ဖန်တီးထားသော အနုပညာအသီးအပွင့်ကို ခိုးယူ ကူးပြီး ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချသော ခိုးကူးခွေကိစ္စပင်ဖြစ်သည်။ ခိုးကူးခွေကိစ္စ၊ မသမာမှုများမှာ နေရာအသီးသီး နိုင်ငံအသီးသီးမှာရှိနိုင်သည်။ မိမိတတ်ကျွမ်းသော နည်းပညာဖြင့်ကူးယူနိုင်သည်။ မိသားတစ်စု နှစ်စုကိုလက်ဆောင်အဖြစ်ပေးနိုင်သည်။ ဒီထက်ပိုပါက မသမာမူကို အားပေးကူညီရာရောက်နိုင်သည်။ ကိုယ်တိုင်လည်းလိပ်ပြာမလုံဖြစ်ရသည်။ ယခုလိုနည်းပညာတိုးတက်သောကာလတွင် ပိတ်ကားပေါ် ဖန်သားပြင်ပေါ် ပေါ်လာသောအရာမှန်သမျှ ပြန်လည်ကူးယူခြင်းသည် အလွယ်လေးပင်ဖြစ်သည်။ တတ်သင့်သောနည်းပညာ၊ ကူးယူနိုင်သော အဆင့်မှီ စက်ကရိယာသာလိုအပ်သည်။ လူပြိန်းနည်းဖြင့် ပေါ်လာသော အရုပ် အသံကို ရိုက်ကူးစက်ဖြင့်ရိုက်ခါပြန်လည်ရိုက်ကြသေးသည်။
နည်းပညာထွန်းကားသော နိုင်ငံတွေမှာ စီဒီကိုခပ်ထူထူထဲသို့ ရုပ် သံများကိုလေဆာဖြင့် ခပ်နက်နက်ထည့်သွင်းကြသည်။ ခပ်လွယ်လွယ်ပြန်လည် မကူးနိုင်အောင်နှင့်၊ မူပိုင်ခွင့်ကို ချိုးဖေါက်ပါါက တရားစွဲ ဒဏ်ငွေပေးရမည်ဖြစ်ကြောင်း သတိပေးစာတန်းများဖေါ်ပြထားသည်။ မြန်မာကထုတ်သော ဘယ်လိုစီဒီမဆို အလွယ်တကူဖြင့်အကုန်ကူးလို့ရသည်။ တိုင်းပြည်ရှိပြည်သူအများစု ဆင်းရဲဖြင်း၊ သက်ဆိုင်ရာက ခိုးကူးသူများကို ထိထိရောက်ရောက်အရေးမယူခြင်း(ငွေကြေးရယူခါအားပေး အားမြောက်ပြုနေခြင်း)၊ အခြေခံပညာရေးအပြည့်အ၀မပေးသောကြောင့် အသိပညာ အတတ်ပညာတတ်ကျွမ်းသူ နည်းပါးသောကြောင့်လည်းကောင်း၊ အများစုမှာဝင်ငွေနည်း၊ အချိန်အားများ များစွာပိုနေခြင်းကြောင့် ခိုးကူးအခွေများ ပေါပေါလောလော ပေါ်လာစေရန်တွန်းအားပေးနေသည်။
ရုပ်ရှင်ရုံယဉ်ကျေးမှုက မြန်မာမှာအထာမကျသေးပေး။ ရုံထဲဝင်ကြည့်ရသောငွေကြေးကပင် သာမန်ပြည်သူများအတွက် သူတို့နှင့်မဆိုင်သလိုဖြစ်နေသည်။ မိသားစုအပန်းဖြေစရာ အမောပြေစရာဆိုတာနေရာဆိုတာ တမေ့တမောကိုဖြစ်နေခဲ့ပြီ။ ပညာရေးစနစ်၊ အလုပ်အကိုင် ၀င်ငွေများသော နိုင်ငံအချို့တို့တွင် ရုပ်ရှင်ရုံများတွင် လူများကြည့်ရှု့နေကြဆဲဖြစ်သည်။ ရုံများကိုအဆင့်မှီတည်ဆောက်ထားသည်။ အသံပိုင်းဆိုင်ရာထိန်းချူပ်မှုစနစ်ကောင်းမွန်သောကြောင့် အိမ်မှာကြည့်ခြင်းထက် ရုံထဲမှာကြည့်ရခြင်းက ပိုအရသာတွေ့ခြင်းပင်။ တိုးတက်သောနေရာများကိုမမျှော်လင့်ကစား၊ မြို့သစ် ရွာသစ်တောင်တည်နိုင်သေးသည် ပြည်သူတွေကြည့်ရန် ရုံကောင်းကောင်းနှင့် ကားကောင်းကောင်းထွက်ရန်အားမပေးသင့်ပေဖူးလား။ မူရင်းရေးသောစာကို မကြိုက်သောကြောင့်ဖြတ်သည်။ ရိုက်ကူးပြီးသွားသောကားကို ဆင်ဆာ(ဘာမသိ ညာမသိ)အဖွဲ့ကထက်ဖြတ်လိုက်သည်။ ဒီကြားထဲ ရုပ်ရှိ ရေလျှံ အနုပညာအကြောင်းနားမလည် မင်းသား မင်းသမီးနှင့် သူတို့အဆွယ်အပွားများ ဟိုလိုမကြိုက်ဘူး၊ ဒီအခန်းမရိုက်နိုင်ဘူးဆိုပြီး အထွဋ်တက် ကွပ်မျက်ကြတော့ သွားပါပြီ မြန်မာကားရာဇ၀င်။
ဈေးဘယ်လောက်ပေါပေါ သူတို့ချစ်သော အနုပညာရှင်၏ မူရင်းအခွေကို အားပေးဝယ်ယူသောခေတ်၊လူအများရွေးချယ်သော သရုပ်ဆောင်များကို လူအများက ၀မ်းသားအားရကြိုဆိုသောခေတ်၊ သရုပ်ဆောင်များကို ကောင်း၊ မကောင်းကို ရင်ဖြင့်တကယ်ကြည့်ကြသောပြည်သူက အကဲဖြတ်ခါ အကယ်ဒမီထူးချွန်ဆုပေးသောခေတ်၊ မူရင်းစာရေးဆရာ ဇာတ်ညွန်းရေးသူ ဒါရိုက်တာများကိုတလေးတစားအသိအမှတ်ပြုသောခေတ်ကိုရောက်မှဖြင့် မြန်မာရုပ်ရှင်လောက အနည်းငယ်တိုးတက်လာပါပြီ။
အိုဘာတဲ့-----------
xxxမြန်မာ့ မြန်မာ့ရုပ်ရှင်-- လူမျိုးဂုဏ် အင် x တိုးတက်ဖို့အစဉ်-- အရာရာနိုင်း အင်x မြန်မာ့ မြန်မာ့ရုပ်ရှင် နိုင်ငံဂုဏ် အင်x သုခုမတွင် ပေါ်လွင်ခဲ့ အင်xxx
အောင်မြင့်သန်း
၁၊၁၊ ၂၀၁၃
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/01/2013 03:16:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36644] Fwd: [လူဗိုလ်ဟူသည် ...] ဒေါ်စုနဲ့ တယောသမားများသို့
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/30
Subject: [လူဗိုလ်ဟူသည် ...] ဒေါ်စုနဲ့ တယောသမားများသို့
To: lubo601@gmail.com
လေနုအေး၊ ဒီဇင်ဘာ ၃၀ ၂၀၁၂
မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။
ကချင်မှာ …
တမနက်ထဲဝဲတဲ့ ဂျက်တိုက်လေယဉ်တစီးရဲ့ဆီဖိုးက အဲလောက်မကပဲလား။
အဲဒီပိုက်ဆံက …
အဲဒီလေယဉ်ပေါ်က ကျဲချလိုက်တဲ့ဒုံကျည်တလုံးဖိုးမှ ရှိရဲ့လား။
မနားတမ်းပစ်နေတဲ့ လက်နက်ကြီးကျည် ငါးလုံးဖိုးမှ ရှိရဲ့လား။
သေသွားတဲ့အသက်တချောင်းရဲ့တန်ဖိုးနဲ့ဆိုရင်ရော ဘယ်လိုလဲ။
ခင်ဗျားတို့စင်ပေါ်မှာ
သီချင်းတွေအော်နေမဲ့အစား …
စစ်ပွဲရပ်ကြပါလို့များ မအော်ချင်ဖူးလား။
ပညာရှိမှ တိုးတက်မယ်ရဲ့အစား …
မငြိမ်းချမ်းရင် ပညာသင်လို့မရဘူးလို့ ပြောကြပါလား။
ကချင်ပြည်ကြီးမီးဟုန်းဟုန်းလောင်နေပါတယ်။
ရန်ကုန်မှာ တယောထိုးတဲ့သူတွေပေါလှတယ်။
(photo – undated, facebook, kachin refugee with a kid preparing for move)
မူရင်း - http://moemaka.com/?p=30619
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/31/2012 04:37:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36643] Fwd: [လူဗိုလ်ဟူသည် ...] ကမ္ဘာကြီး အချစ်လိုတယ်.
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/30
Subject: [လူဗိုလ်ဟူသည် ...] ကမ္ဘာကြီး အချစ်လိုတယ်.
To: lubo601@gmail.com
ကျမလေ ပြောရရင် --- ချစ်ခြင်းမေတ္တာဖွဲ့ ၀တ္တုတွေ ၊ဇာတ်လမ်းတွေကို စိတ်ဝင်စားပါတယ်။ကျမ ၀တ္တုရေးရင်လည်း လွမ်းမောဖွယ်ရာ၊ ကြည်နူးဖွယ်ရာ  မေတ္တာဖွဲ့ အချစ်ဝတ္တုလေးတွေ ရေးချင်ပါတယ်။တချို့ ကဒီလို အချစ်ဝတ္တု ရေးတာကို ဝေဖန် ကဲ့ရဲ့ ချင်ကြတယ်ရှင့် --
အချစ်ဝတ္တုတွေဟာ အလကားအရည်မရ၊အဖတ်မရတွေ၊ ဖတ်သူကို ဘာမှ အကျိုးမပြုဘူး-ဆိုတဲ့သူတွေကို ကျမက တစ်ခု မေးချင်ပါတယ်။
လောကကြီးမှာ တကယ်ပဲ အချစ်အကြောင်းရေးဖို့ ပြောဖို့  မလိုဘူးလား--လို့  
ဆရာမင်းကျော်စွာရဲ့ --ကမ္ဘာကျော် မိန့်ခွန်းများ -စာအုပ်ထဲက အဌမမြောက်
အက်ဒွပ် ဘုရင် အကြောင်း ကျမ ဖတ်ရပါတယ်။
သူ့ ကို အချစ် အတွက် ထီးနန်းစွန့်သူ လို့အားလုံးသိကြပါတယ်။
ကဲ့ ရဲ့ အပြစ် တင် တဲ့သူတွေ ရှိသလို  ချီးကျူးအားကျတဲ့ သူတွေလည်းရှိပါတယ်။
သူ့ ကို  လန်ဒန် ဂျော့ဘုရင်ရဲ့  နဲ့ မေရီမိဖုရားတို့က ၁၈၉၄ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။
၁၉၁၁ မှာ ဝေလမင်းသားဖြစ်လာပါတယ်။
အောက်စဖို့  တက္ကသိုလ် မှာ ပညာသင်ကြားပါတယ်။
၁၉၃၆ ဇန်န၀ါရီ လ  ဂျော့ ဘုရင် နတ်ရွာစံတော့ ဘုရင် ဖြစ်လာသူပါ။
အမေရိကန်သူ နှစ်ခုလပ် အမျိုးသမီး မစ္စက်ဆင်ပဆင် နဲ့  ချစ်ကြိုက်ပြီး
လက်ထပ်ရန်ဆန္ဒရှိရာအစိုးရအဖွဲ့ ကသဘောမတူပါ။
နောက်ဆုံး အက်ဒွပ် ဘုရင် ဟာ ဒီဇင်ဘာလ မှာ ထီးနန်းကိုစွန့်လွှတ်ရန် ဆုံးဖြတ်ပြီး
ညီတော်အား နန်းအပ်ကာ တိုင်းပြည်မှ ထွက်ခွာသွားပါတော့တယ်။
၁၉၃၇ ခုနှစ်  ပါရီ မှာ လက်ထပ်လိုက်ကြပါတယ်။
သူ့ ရဲ  နန်းစွန့် ချိန်က ပြောခဲ့တဲ့  မိန့်ခွန်းဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်။
♪ ♫ ♫ ကမ္ဘာကြီး အချစ်လိုတယ် ♪ ♫ ♫  
လူတိုင်းအချစ်လိုတယ်♪ ♫ ♫
ကျမလိုသီချင်းလေး ဆို ချင်သလားလို့  ပြန်ပြောပေးနော်--
အဌမမြောက် အက်ဒွပ် ဘုရင်၏နန်းစွန့် မိန့် ခွန်း
ဒီဇင်ဘာ ၁၁ ၊ ၁၉၃၆
" နောက်ဆုံးမှာတော့  ကျွနု်ပ် ဟာ ကျွန်ုပ် ရဲ့ ရင်ထဲက လာတဲ့စကားအနည်းငယ်ကို ပြောဆိုနိုင်ပါပြီ။
ကျွန်ုပ် ဘာမှ ထိမ်ချန်မထားလိုပါဘူး။
ဒါပေမယ့် ခုမှပဲ ဒီစကားတွေကို ပြောနိုင်ပါတော့တယ်။
လွန်ခဲ့တဲ့  နာရီပိုင်းကပဲ ကျွန်ုပ်ဟာ  ဘုရင် အဖြစ်နဲ့  အင်ပါယာ ပြည့်ရှုင် အဖြစ်
ကျွန်ုပ် ရဲ့  နောက်ဆုံးတာဝန်ကို စွန့်လွှတ်လိုက်ပါပြီ။
ညီတော်အပေါ် ကျွန်ုပ် ရဲ့  သစ္စာစောင့်သိမှု ကို ဦးစွာ ပြောကြားရမှာ ဖြစ်ပါတယ်။
ဒါဟာ ကျွန်ုပ် ရဲ့  နှလုံးသားထဲက ပြောကြားခြင်းဖြစ်ပါတယ်။
ကျွန်ုပ်  အား ထီးနန်း စွန့်လွှတ်အောင်  လှု့ံဆော်စေတဲ့ အကြောင်းများကို
ဒါပေမယ့်  သင်တို့အားကျွန်ုပ် နားလည်စေချင်တာက ဒီလိုဆုံးဖြတ်ရာမှာ 
ဝေလနယ်ရဲ့  မင်းသားအဖြစ်နဲ့လည်ေးကာင်း၊
နောင်အခါမှာ ဘုရင်တစ်ပါးအဖြစ်နဲ့လည်းကောင်း
နှစ်ဆယ့် ငါးနှစ်ကြာ အလုပ်အကျွေးပြုခဲ့တဲ့  ကျွန်ုပ်ရဲ့ တိုင်းပြည်နဲ့ 
ဗြိတိသျှ အင်ပါယာကိုမေ့ မထားခဲ့ဘူးဆိုတဲ့ အချက်ပါပဲ။
ဒါပေမယ့် ဘုရင်တစ်ပါးအနေနဲ့  ကြီးလေးလှတဲ့ တာဝန်များကို
ကျွန်ုပ်ချစ်မြတ်နိုးတဲ့  အမျိုးသမီးရဲ့  ကူညီ ပံ့ ပိုးမှု ၊ထောက်ခံအားပေးမှု မပါဘဲ
ထမ်းဆောင်ဖို့ မဖြစ်နိုင်ကြောင်း တွေ့ ရှိရတယ်လို့  ကျွန်ုပ်ပြောတဲ့ အခါမှာ
ယုံကြည်စေချင်ပါတယ်။
ကျွန်ုပ်ချမှတ်တဲ့  ဆုံးဖြတ်ချက်ဟာ ကျွန်ုပ်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ပြီး
ကျွန်ုပ်တစ်ဦးတည်း ချမှတ်ခဲ့တာဖြစ်တယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ကျွန်ုပ်အတွက် လုံးလုံးလျားလျား ချမှတ်ခဲ့တာဖြစ်ပါတယ်။ 
ဒီကိစ္စမှာ အများဆုံး ပတ်သက်ခဲ့သူဟာ နောက်ဆုံးအချိန်ထိ
တခြားလမ်းကြောင်း တစ်ခုကိုရွေးချယ်ဖို့
ကျွန်ုပ်ကို ကြိုးစားဖျောင်းဖျခဲ့ပါတယ်။
ကျွန်ုပ်ရဲ့ ဘ၀ မှာ အလေးနက်ဆုံးဖြစ်တဲ့  ဒီဆုံးဖြတ်ချက်ကို အားလုံးအတွက်
အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတဲ့  အတွေးတခုတည်းနဲ့  ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကိုချမှတ်ရာမှာ  ကျွန်ုပ်ရဲ့ ညီတော်ဟာ ဒီနိုင်ငံရဲ့ 
ပြည်သူ့ရေးရာတွေမှာ ကြာရှည်လေ့ကျငိ့ထားမှုနဲ့  သူရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကြောင့် 
အင်ပါယာရဲ့ဖြစ်တည်မှုနဲ့ တိုးတက်မှုအပေါ်မှာ  အကြားအလပ် အထိအခိုက် မရှိဘဲ
ကျွန်ုပ်ရဲ့ နေရာမှာ အစားထိုးဝင်ေ၇ာက်နိုင်မယ်ဆိုတာ  အသေအချာသိရှိတဲ့ 
အတွက်အခက်အခဲ မရှိလှပါဘူး။
ပြီးတော့ ညီတော်မှာ ပြိုင်ဘက်မရှိတဲ့ ကောင်းကွက်တစ်ခုရှိပါတယ်။
အဲဒီကောင်းကွက်ဟာ သင်တို့အများစု ခံစားနေရပြီး ကျွန်ုပ် မှာမရှိပါဘူး။
အဲဒါကတော့  ဇနီးမယား သားသမီးတွေနဲ့  ပျော်ရွှင်တဲ့ အိမ်ထောင်ဖြစ်ပါတယ်။
ဒီခက်ခဲလှတဲ့ နေ့ရက်တွေအတွင်းမှာ ကျွန်ုပ်ဟာ ကျွန်ုပ်ရဲ့ မိခင်ဖြစ်တဲ့ 
ဘုရင်မကြီးနဲ့ ကျွန်ုပ်ရဲ့ မိသားစု နှစ်သိမ့် မှုကို ခံရပါတယ်။
ဘုရင်မကြီးနဲ့  ၀န်ကြီးအဖွဲ့ ဝင်များ၊ အထူးသဖြင့်  ၀န်ကြီးချုပ် မစ္စတာ ဘော်လ်ဒွင်က
အမြဲတမ်း ကျွန်ုပ်အပေါ် စာနာထောက်ထားမှုအပြည့်နဲ့ ဆက်ဆံပြုမှုခဲ့ကြပါတယ်။
ကျွန်ုပ် နဲ့  သူတို့အကြားမှာလည်းကောင်း ၊ကျွန်ုပ်နဲ့ပါလီမန် အကြားမှာလည်းကောင်း
အခြေခံဥပဒေ ဆိုင်ရာကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲပါဘူး။
ကျွန်ုပ်ဖခင်ဖြစ်သူရဲ့  အခြေခံဥပဒေဆိုင်ရာလေ့ ကျင့်ပျိုးထောင်ပေးမှုကို
ခံထားရသူဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးတွေ ဘယ်တော့မှ ပေါ်ပေါက်လာခွင့် ပြုမှာမဟုတ်ပါဘူး။
ဝေလမင်းသားဘ၀ မှာလည်းကောင်း နောင်အခါ ထီးနန်းကိုစိုးမိုးအုပ်ချုပ်စဉ်ကလည်းကောင်း ၊
ကျွန်ုပ်ဟာဘယ်မှာနေနေ အင်ပါယာအတွင်း ဘယ်ကိုပဲ သွားသွားလူတန်းစားအားလုံးရဲ့
အကြီးမားဆုံးကြင်နာမှုနဲ့  ဆက်ဆံတာကို ခံခဲ့ရပါတယ်။
ဒီအတွက် နင်မတန် ကျေးဇူးတင်ပါတယ်။
ကျွန်ုပ်ဟာ ပြည်သူ့အရေးကိစ္စအားလုံးမှ နုတ်ထွက်ပြီး
ကျွန်ုပ် ရဲ့ တာဝန်များကို စွန့်လွှတ်လိုက်ပါပြီ။
ကျွန်ုပ်ရဲ ဇာတိနိုင်ငံ ကိုပြန်ရောက်ဖို့  အချိန်အတန်ကြာကောင်းကြာပါမယ်။
စိတ်ဝင်တစား အမြဲတမ်းနားစွင့်နေမှာဖြစ်ပါတယ်။
နောင်အနာဂါတ်မှာ ဘယ်အချိန်မဆို ဘုရင်မင်းမြတ်အတွက် ပုဂ္ဂလိက အနေနဲ့ 
ကျွန်ုပ်ဆောင်ရွက်နိုင်မယ့်  အကြောင်းကိစ္စရှိခဲ့ပါလျှင် ကျွန်ုပ်ပျက်ကွက်မှာမဟုတ်ပါဘူး။
ခုအခါ ကျွန်ုပ်တို့ အားလုံး ဘုရင်မင်းမြတ်အသစ်ကိုရရှိခဲ့ပြီဖြစ်ပါတယ်။
သူ့ရဲ့ ပြည်သူလူထုဖြစ်တဲ့  သင်တို့အားလုံး ပျော်ရွှင်ကြွယ်ဝကြပါစေလို့ 
လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်။
ဘုရားသခင်ဟာ ဘုရင် မင်းမြတ်အား စောင့်ရှောက်ကယ်တင်တော်မူပါ။"
http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:10295 မှ ကူးယူဖေါ်ပြပါသည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/31/2012 11:04:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36643] Fwd: [လူဗိုလ်ဟူသည် ...] အငိုဒုက္ခ တိုင်းပြည်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/30
Subject: [လူဗိုလ်ဟူသည် ...] အငိုဒုက္ခ တိုင်းပြည်
To: lubo601@gmail.com
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
FROM-ကောင်းကင်ကို
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/31/2012 01:54:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36642] အလွယ်ကူဆုံး အင်္ဂလိပ်စကားပြောသင်ခန်းစာများ
အလွယ်ကူဆုံး အင်္ဂလိပ်စကားပြောသင်ခန်းစာများ
http://www.thebestenglish4you.com/learn-to-speak-english-online.html
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:36641] Fwd: သစ်ထူးလွင်
---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/12/31
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင်
ရန်ကုန် နှစ်သစ်ကူးပွဲ ပြင်ဆင်
Posted: 31 Dec 2012 07:29 AM PST
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နိုင်ငံရေး ချုပ်ကိုင်မှုတွေ လျှော့ပေါ့ပေးတဲ့ နောက်ဆုံး ပြယုဂ် အဖြစ် လူအများအပြား နှစ်သစ်ကူး မီးပန်းတွေ ပစ်လွှတ်ဖို့ ပြင်ဆင် နေပါတယ်။ စစ်အစိုးရ လက်ထက်မှာ လူစုလူဝေးနဲ့ စုရုံးမှုတွေကို တားမြစ် ထားခဲ့ပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မိုင်ဒါကွင်းမှာ ကျင်းပမယ်
မြန်မာနိုင်ငံက လှေစီးပြေး ၄၀၀ ကျော် မလေးရှားထိန်းသိမ်း
Posted: 31 Dec 2012 07:11 AM PST
မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို တရားမ၀င် ရောက်ရှိလာပြီး ခိုလုံခွင့် လျှောက်ထားသူ
၄၅၀ ခန့်ကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း မလေးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ သစ်သား နဲ့ ဆောက်လုပ်ထားတဲ့ လှေကြီးတစီးနဲ့ သတင်း ၂ ပတ်ကြာ ခရီးနှင်လာခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပူတာအိုခရိုင်က ဆန်ပြတ်လပ်မှုပြဿနာ မဖြေရှင်းနိုင်သေး
Posted: 31 Dec 2012 06:25 AM PST
ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်တွင်းမှာ အခုနှစ် မိုးတွင်းကတည်းက ဆန်ပြတ်လပ်မှု ပြဿနာ ကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ ကချင်ပြည်နယ် ပူတာအိုနဲ့ မချမ်းဘောမြို့နယ်တွေမှာ  ပြီးခဲ့တဲ့နှစ်က ရာသီဥတုဖောက် ပြန်မှုကြောင့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်တာပါ – ဇေကမ္ဘာဦးခင်ရွှေ
Posted: 31 Dec 2012 06:07 AM PST
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသား လွှတ်တော် အမတ် ဇေကမ္ဘာ ဦးခင်ရွှေတို့ နှစ်ဦးဟာ ဒီမနက်ပိုင်းက ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ရွက်ဖို့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။ အခုလို ပြိုင်ဘက်ပါတီ ၂ ခုက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဇေကမ္ဘာဦးခင်ရွှေနဲ့ ဆက်သွယ် မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ
by ​အေး​နိုင် (ဒီဗွီဘီ်)
ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ကို သွားရောက်လည်ပတ်ခဲ့ပြီး ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေ နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ကော့မှူးမြို့ နယ်မှာ တွေ့ဆုံခဲ့ကြ။ လမ်းများပြုပြင်နေတာကိုလည်း သွားရောက်ကြည့်ရှူခဲ့။ DVB TV News
မိုးနှင့် ထူးကဲမြစ်ရေကြောင့် မော်ကျွန်းစပါးစိုက်တောင်သူများ အခက်ကြုံ
Posted: 31 Dec 2012 05:47 AM PST
ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်အတွင်းမှ တောင်သူ လယ်သမားများမှာ စပါးပေါ်ချိန်၌  ဒုက္ခရောက်နေကြောင်း ဒေသခံတောင်သူ များထံမှ သိရှိရသည်။ ဧရာဝတီတိုင်း ဒေသကြီး၊ မော်ကျွန်းမြို့နယ်အ တွင်း စပါးပေါ်ချိန်၌ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း ၊မြစ်အောက်ရေများ ထူးကဲစွာ တိုးလာခြင်းကြောင့် -----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ
Posted: 31 Dec 2012 05:36 AM PST
ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်း အချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်းများ၌ ဓာတုဆိုးဆေးများ ပါဝင်နေသည့် အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြုရန် တားမြစ်ထား သော်လည်း ယခုအချိန်တိုင် ဆက်လက် ရောင်းချ လျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တရားမ၀င်ကုန်သွယ်မှုဆီသို့ တွန်းပို့နေသော မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်
Posted: 31 Dec 2012 05:22 AM PST
မြ၀တီ- မဲဆောက် နယ်စပ်တွင် တရားဝင် ကုန်သွယ်မှု ပြုသည့် ကုန်ဝင်/ ထွက်ပေါက် လမ်းကြောင်း အဖြစ် ချစ်ကြည်ရေးတံတား တစ်ခုတည်း သာဖြစ်သော်လည်း ချစ်ကြည်ရေး တံတား၏ ၀ဲယာ တစ်ဖက်တစ်ချက်တွင် သောင်ရင်းမြစ်ကမ်းနဖူး၌ ဂိတ်စခန်းပေါင်း နှစ်ဆယ်ကျော်မှ တရားမ၀င် ကုန်သွယ်မှု ပြုနေသည့် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နယ်ခြားစောင့်တပ်က ရေးမြို့နယ်တွင် လောင်းကစားဝိုင်းဖွင့် စီးပွားရှာ
Posted: 31 Dec 2012 04:48 AM PST
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းကစား ဝိုင်းများ ဖွင့်လှစ်ကာ စီးပွား ရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက် အရ သိရသည်။ နှင်းစုံရွာတွင် ကြက်ဝိုင်းမှအစ ဖဲဝိုင်း၊ အနီထောင်၊ အန်ဂလုံ ကစားနည်းမျိုးစုံမှ နယ်ခြားစောင့်တပ်ဖွဲ့က ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)
ဘောလုံးသမားများ အခွန်ငွေ ပေးဆောင်ခြင်း မရှိသေး
Posted: 31 Dec 2012 04:32 AM PST
မြန်မာ နေရှင်နယ်လိဂ် ဘောလုံး အသင်းများသို့ အခွန်ငွေပေး ဆောင်ရန် တရားဝင်အကြောင်း ကြားထားမှု မရှိသေးကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။ "ကျွန်တော်တို့ ဘောလုံး သမားတွေရော၊ နည်းပြတွေရောကို အခွန် ၃ နှစ် ကင်းလွတ်ခွင့် ရထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မှောင်ခိုတားဆီးရေးအဖွဲ့ မြ၀တီတွင် ဇန်န၀ါရီ ၂၀ မှ သာ အမှန်တကယ်ဖမ်းမည်
Posted: 31 Dec 2012 04:21 AM PST
မြ၀တီ - ရန်ကုန် လမ်းကြောင်းပေါ်ရှိ မှောင်ခို ရှာဖွေ တားဆီးရေးအဖွဲ့ Mobile Team သည် ဇန်န၀ါရီလ ၂၀ရက် ရောက်မှသာ အမှန်တကယ် ဖမ်းဆီးမှု ပြုလုပ်မည်ဖြစ်ပြီး... ယခုအချိန်တွင် တားဆီး ပညာပေး မှုများကိုသာ လုပ်ဆောင်နေ သည်ဟု တာဝန်ခံ ဦးသိန်းဝင်း ကပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရေထွက်ပေါက် လျော့နည်း လာခြင်း အတွက် စိတ်ပူ နေကြသည့် ပုပ္ပါး ဒေသခံများ
Posted: 31 Dec 2012 03:52 AM PST
ပုပ္ပါးတောင် ဒေသတွင်း သဘာဝ အလျှောက် ထွက်ရှိသော ရေထွက်ပေါက်များ လျော့နည်း လာခြင်း ကြောင့်    ဒေသတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပုပ္ပါးတောင် ချစ်သူများ အသင်းက သုံးသပ်ပြောဆိုသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကြံခင်း မသနောစက်ရုံရှိ မီးလောင်မှုဖြစ်ပွား
Posted: 31 Dec 2012 03:32 AM PST
ဧရာဝတီတိုင်း ဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ကြံခင်း မသနောစက်ရုံ၏ ပေ ၄၀ ခန့် ပတ်လည် ဆီသိုလှောင်ခန်း အတွင်းဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့် အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ "စက်ရုံမှာရှိတဲ့ သီးသန့် ဆီသိုလှောင်ထားတဲ့ တိုက်ခန်းမှာ မီးလောင်တာပါ။ နေ့လည် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မီးစလောင်ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဦးနှောက်ယိုစီးမှုနှင့် ပညာရေး မိုးခေါင်မှု
Posted: 31 Dec 2012 01:30 AM PST
ကျွန်တော် ဉာဏ်မီသလောက် ပြောရမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဦးနှောက် ယိုစီးမှု ပြဿနာနဲ့ ပညာရေး မိုးခေါင်မှု ပြဿနာကို ရင်ဆိုင်နေရတာ ဒီနေ့အထိတိုင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ် ပြဿနာ၊ အထူးသဖြင့် ပညာတတ် ရှားပါးမှု ပြဿနာဟာ ယခုကျွန်တော်တို့ တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အတွက် တကယ့်ကို ခေါင်းခဲစရာ ပါပဲ။
အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီးက ပြည်ပရောက်နေကြတဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေကို ပြန်လည်ဖိတ်ခေါ်၊ ပြည်ဝင်ခွင့် ပေးတာတွေကို လုပ်ဆောင်နေပါတယ်။ ဒါဟာ ပြည်တွင်း မှာ ကျွမ်းကျင်ပညာရှင်တွေ ရှားပါးနေတာကို ပြောနေတဲ့ သဘောဆောင်ပါတယ်။ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားကို ထွက်ခွာ ပညာသင်ကြတဲ့ မြန်မာနိုင်ငံသား ပညာရှင် အလောင်းအလျာ တော်တော်များများဟာ ပညာစုံတဲ့ တစ်နေ့ကျတော့ ပြည်တော်ပြန်ဖို့ မစဉ်းစားတော့ဘဲ (ဒါမှမဟုတ်) အကြောင်း အမျိုးမျိုးကြောင့် ထိုထိုနိုင်ငံတွေမှာပဲ နိုင်ငံသား အဖြစ်ခံယူကြပါတော့တယ်။
ဒီနေရာမှာ ကျွန်တော်တစ်ခု စဉ်းစားမိတာ နိုင်ငံခြားကို ပညာ တော်သင် သွားရခြင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ မရနိုင်တဲ့ ပညာမျိုး လား (ဒါမှမဟုတ်) ကျွန်တော်တို့ဆီက သင်ယူရတဲ့ ပညာရပ်တွေက Up to date မဖြစ်လို့လားပေါ့။ တခြားရှုထောင့်က ဆိုရင် နိုင်ငံခြား ကနေ ကျွန်တော်တို့ နိုင်ငံကို ပညာလာသင်တာဆိုလို့ ကမ္ဘာ့ဗုဒ္ဓဘာသာ တက္ကသိုလ်ကိုတက်ရောက်နေကြတဲ့ နိုင်ငံခြားသား ရဟန်းတော်များ လောက်ပဲရှိမယ်ထင်ပါတယ်။ ခြွှင်းချက် အနေနဲ့ တခြားအနည်းအပါးလည်း ရှိမယ် ထင်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ASEAN Free Trade Area (AFTA) အစီအစဉ် အရ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာ ဂလိုဘယ်လိုက်ဇေးရှင်း ကစားကွင်းထဲကို ဝင်ပြိုင်ပါတော့မယ်။ အဲဒီလို ဝင်ပြိုင်ဖို့အတွက် ဘောလုံး အားကစားရှုထောင့်က ပြောရရင် ကစားသမားကောင်းတွေ အများကြီး လိုပါတယ်။ အခု ၂၀၁၂ ခုနှစ် ကုန်ခါနီးပါပြီ။ သုံးနှစ်လောက်ပဲ လိုတော့တဲ့ အချိန်အတွင်းမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ကျွန်တော်တို့ အဆင်သင့် ဖြစ်ပြီလားပေါ့။ ဒီမေးခွန်းကို AFTA ဆိုတဲ့ ကစားကွင်းထဲ ဝင်ပြိုင်မယ့် နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေကပဲ ဖြေကြပါလိမ့်မယ်။ ကျွန်တော့်အမြင် ကတော့ ကျွန်တော်တို့ အနေနဲ့ ကမ္ဘာနဲ့ အထိအတွေ့ နည်းပါးမှုနဲ့ နယ်ပယ်တိုင်းမှာ ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု အတွေ့အကြုံ ကွာခြားမှုတွေကြောင့် ယှဉ်ပြိုင်ရင်ဆိုင် အနိုင်ရဖို့အတွက် တော်တော့်ကို ခက်ခဲပါလိမ့်မယ်။
ဆိုလိုတာကတော့ ကျွန်တော်တို့ နိုင်ငံဟာ ပညာရေး မိုးခေါင်မှု ကိုကြုံတွေ့နေရတယ် လို့ထင်ပါတယ်။
အဲဒီတော့ ရေများတဲ့ အရပ် မိုးရွာ ဆိုသလို ပညာရေး မိုးကောင်းကောင်း ရွာတဲ့ဆီမှာ မိုးရေ သွားခံတာဟာ ထိုထို Scholar တွေရဲ့ အပြစ်မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်ထဲမှာလည်း "အသက်တစ်ရာ နေရပြီး ပညာမရှိသူသည် အချည်းနှီးတည်း။ ပညာဖြင့် အသက် တစ်ရက်မျှ နေရသူကမြတ်၏" ဆိုတဲ့ တရားတော် အတိုင်းပါပဲ။ နောက် HR ဘာသာရပ် စကားနဲ့ ပြောရရင် Life Long Learning လုပ်တာဖြစ်တဲ့ အတွက် အင်မတန် ကောင်းမွန်ပါတယ်။ ကျွန်တော် လည်း သဘောကျသလို အားလည်း ကျပါတယ်။
အဲဒီတော့ သူတို့ကို မသွားပါနဲ့လို့လည်း တားလို့ မရသလို ပြန်လာပါလို့လည်း အတင်းဇွတ်ခေါ်ဖို့ ခက်ပါတယ်။ "သူငယ်တန်း ကစလို့ တက္ကသိုလ် ဝင်တန်းထိ (တချို့ဆို ဘွဲ့ရထိ) ကျွန်တော်တို့ နိုင်ငံကနေ ကျောင်းတက်သွားပြီးတော့ နိုင်ငံခြားထွက် ကျောင်းဆက် တက်၊ ပြန်မလာ" အဲဒီလို သမင်မွေးရင်း ကျားစားရင်းနဲ့ပဲ ဦးနှောက် ယိုစီးမှု ပြဿနာကို မဖာထေးနိုင်သေးတာဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် တအားကို နစ်နာပါတယ်။ အဲဒီလို ဦးနှောက် ယိုစီးသွားတာ များလာတာနဲ့အမျှ ပညာတတ်၊ ပညာရှင်တွေ ရှားပါးလာမှုဟာ ပညာ ရေးမိုးခေါင်မှုကို ဆက်လက် ဖြစ်ပွားစေပါတယ်။
နောက်ပြီးတော့ တံငါရွာလို နိုင်ငံ တစ်ခုကနေ အာရှရဲ့ ကျားတစ်ကောင်အဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရတဲ့ စင်ကာပူလို နိုင်ငံမျိုး အကြောင်း စဉ်းစားရင်းနဲ့ ကျွန်တော်တို့ နိုင်ငံအတွက် စိတ်မကောင်းဖြစ်ရတယ်။
ဘာသမိုင်းကြောင်းမှ မရှိတဲ့ နိုင်ငံက ကျွန်တော်တို့လို နှစ်ထောင်ချီပြီဖြစ်တဲ့ သမိုင်းကြောင်းရှိတဲ့ နိုင်ငံရဲ့ ခေါင်းပေါ်ခြေနဲ့ နင်းပြီး "မင်း ... ငယ်ပါသေးတယ်ကွာ" လို့ အပြောခံရလို့ ခံစားရတယ်။ ရွှေထီးဆောင်းခဲ့တဲ့ အကြောင်းကို မပြောချင်တော့ ပါဘူး။ သမိုင်းစာအုပ်တွေမှာသာ ဖတ်ကြည့်ကြပါ။
ကျွန်တော်တို့ နိုင်ငံဟာ သဘာဝသယံဇာတတွေ ပေါကြွယ်ဝ သော်လည်း အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူ့စွမ်းအား အရင်းအမြစ်တွေ နည်းပါးရခြင်း ကြောင့်ပါပဲ။ ပထဝီအနေအထားအရ ကြည့်ရင်လည်း ကမ္ဘာ့အင်အား ကြီးနဲ့ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကို တစ်ဖက် တစ်ချက်စီ ရံထားပါတယ်။ ကုန်းတွင်းပိုင်းနဲ့ နှစ်နိုင်ငံလုံးနဲ့ ဆက်သွယ် နိုင်သလို ပင်လယ်ထွက်ပေါက်လည်း ရှိပါတယ်။ တစ်ချိန်တုန်း က ရန်ကုန်ဆိပ်ကမ်း ဆိုတာ အရှေ့တောင်အာရှရဲ့ အဓိကဆိပ်ကမ်း ပေါ့။ ဒါကြောင့်ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားကို မက်မောကြတယ်။ လူဦးရေ သန်း ၂၀၀၀ ကျော် ဈေးကွက်ကြီး ကလည်း ရှိတယ်။ ကမ္ဘာ့ရဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ပင်လယ်ရေပိုင်နက်နဲ့ ဆိပ်ကမ်းတွေလည်း ရှိတယ်။ ပေါလိုက်တဲ့ သယံဇာတတွေကလည်း တော်ကြာနေ ရွှေကြောတွေ့လိုက်၊ ရေနံတွေ့လိုက်၊ သဘာဝဓာတ်ငွေ့ တွေ့လိုက်နဲ့။ ဒါ့အပြင် ကမ္ဘာ့အရည်အသွေးအဆင့် ရှိတဲ့ ကျောက်စိမ်းတွေ၊ ပုလဲတွေ နဲ့ မြေပေါ်သယံဇာတတွေ ဖြစ်တဲ့ ကမ္ဘာကျော် ကျွန်းသစ်၊ ရော်ဘာစတာတွေ အကုန်လုံး ကျွန်တော်တို့ဆီက ထွက်ပါတယ်။ ဒါကြောင့် အင်အားကြီး နိုင်ငံ တော်တော်များများက မြန်မာပြည်ကို လိုချင်ကြတာပေါ့။ ဝမ်းနည်းစရာ ကောင်းတာကတော့ အဲဒီလိုပေါများစွာ ထွက်နေတဲ့ သဘာဝသယံဇာတ တွေကို အတုံးလိုက် အတစ်လိုက် နဲ့ ကုန်ကြမ်းအဆင့်ပဲ ရောင်းနိုင်တာပေါ့။ ဒါဟာ ကျွန်တော်ပြောချင် တဲ့ လူ့စွမ်းအား အရင်းအမြစ် အားနည်းလို့ ကုန်ကြမ်းကို ကုန်ချော အဆင့်ရောက်အောင်မလုပ်နိုင်လို့ပါပဲ။ အဲဒီတော့ ကုန်ကြမ်းဈေးပဲ ရတော့တာပေါ့။
ဥပမာလေးတစ်ခု ဆိုရရင် ကျွန်တော်တို့က ဓာတ်ငွေ့ ရောင်းတယ်။ လူ့စွမ်းအားအရင်းအမြစ် အားကောင်းတဲ့ နိုင်ငံကြီးတစ်ခုက ကျွန်တော်တို့ကို မီးခြစ်ပြန်ရောင်းတယ်။ ကျွန်တော်တို့ဆီက ကုန်ကြမ်းကို သူတို့ဆီမှာ ကုန်ချောလုပ်ပြီး ကျွန်တော်တို့ဆီကို ပြန်ရောင်းစားတယ်။ ဘယ်လောက် ပိုင်လိုက်လဲလို့။
ဒါတွေဟာ ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ မရှိတဲ့အတွက် ဖြစ်ရတာပါ။ အကယ်၍သာ ကျွန်တော်တို့ဆီမှာ ပညာရေး မိုးခေါင်မှုကိုလည်း အဆုံးသတ်နိုင်မယ်၊ ဦးနှောက် ယိုစီးမှု ပြဿနာကိုလည်း "စီးတဲ့ရေ ဆည်တဲ့ ကန်သင်းလိုမျိုး လိမ္မာပါးနပ်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော်တို့ မျိုးဆက်ကနေ စပြီးတော့ နောက်နောင်မျိုးဆက်တွေအထိ မျက်နှာ မငယ်ရတော့ဘဲနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ထည်ထည်ဝါဝါ ရပ်တည်နိုင်မှာ။ မြေကြီးကို လက်နက်ပုတ်ရင် လွဲကောင်းလွဲမယ်၊ ဒီ ကိစ္စကတော့ မလွဲဧကန်ပါပဲ။
အထူးသဖြင့် ကတော့ ပညာရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာကျောင်းသား၊ ကျောင်းသူအများစုဟာ အင်္ဂလိပ်စာကညံ့၊ မြန်မာစာကလည်း မတော်ကြပါဘူး။ Creative thinking တွေ၊ Critical thinking တွေဆို ဝေးမှဝေးပါပဲ။ လက်ခုပ်တီးတယ် ဆိုတာ လက်နှစ်ဖက်လုံးနဲ့ တီးမှ မြည်တာပါ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြောတဲ့ International School တစ်ခုမှာကလေးတွေကို စာသင်ပေးတဲ့ နည်းကို တအံ့တသြနဲ့ နားထောင်ခဲ့ပါတယ်။ ရေကန် အကြောင်းကို သင်ပေးတာ စာသင်ခန်းထဲမှာ မဟုတ်ပါဘူး။
တကယ့် ရေကန်အစစ်ဆီကို ခေါ်သွားပြီး လက်တွေ့သင်ပေးတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာ ရေကန်အကြောင်းကို စာကျက်ပြီး ရတာမျိုး မဟုတ်ဘဲနဲ့ သူတို့ရဲ့ အတွေ့အကြုံကနေ လွယ်လင့်တကူပဲ သင်ယူသွားတယ်၊ ပျော်လည်း ပျော်ကြသလို စာကျက် စရာ မလိုဘဲ သူတို့လေးတွေရဲ့ Mindset ထဲမှာရေကန်အကြောင်း ကောင်းကောင်းသိသွားတယ်လို့ ဆိုပါတယ်။ တစ်ဖက်က ကြည့်ရင် တော့ ကုန်ကျစရိတ် ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး စာသင်ရမယ် ဆိုရင် ကျွန်တော်တောင်ပြန်ငယ်ပြီး သင်ချင်ပါသေးတယ်။ စိတ်ထဲ မှာလည်း ပညာရေး ကွက်ကြားမိုးတော့ ရွာသေးတယ်လို့ ထင်မိပါတယ်။
အဲဒီတော့ ဒီစာရဲ့ခေါင်းစဉ်ဖြစ်တဲ့ "ဦးနှောက်ယိုစီးမှု နှင့် ပညာရေး မိုးခေါင်မှု" ပြဿနာဟာ "တစ်ယောက်အားနှင့် မရသော် အများ အားနှင့် ဆောင်" ဆိုတဲ့အတိုင်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရ မယ့်၊ ဖြေရှင်းရမယ့် ပြဿနာ တစ်ရပ်ပါပဲ။ အဲဒီတော့ဗျာ ပြည်တွင်း ကရှိတဲ့ ပညာရှင်တွေရော၊ ပြည်ပကရှိတဲ့ မြန်မာပြည်ကိုချစ်မြတ်နိုး ကြသေးတဲ့ ပညာရှင်တွေ အားလုံး မတူတာတွေ ဘေးဖယ်ထားပြီးတော့ တူတာတွေနဲ့အတူ ပူးပေါင်း အဖြေရှာ ရပါမယ်။ ကူ၍ တွန်းရင် ရွေ့နိုင် ပါတယ်ဗျာ။
ရိုးငြိမ်းသူ - The Voice Weekly
မြန်မာအင်ဂျင်နီယာ ကျောင်းသားများ အမိကျောင်း တော်ကြီး၌ ပြန်လည်တွေ့ဆုံ
Posted: 31 Dec 2012 12:30 AM PST
 အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူဟောင်း ၃၅၀၀၏  နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံမှုကို  အင်းစိန်ကြို့ကုန်းရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ဆရာကန်တော့ပွဲနှင့်   ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြပါသည်။
၁၉၆၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ယခင် အာအိုင်တီဟု လူသိများသော ရန်ကုန် စက်မှု တက္ကသိုလ် အဆက်ဆက်တွင် ပညာ သင်ကြားခဲ့ကြသော အင်ဂျင်နီယာ ဘာသာရပ် အားလုံးနှင့် ဗိသုကာ ကျောင်းသား ကျောင်းသူဟောင်းများ၏ ဆရာပူဇော်ပွဲ   နှင့် တွေ့ဆုံပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်က ပြင်ပနေရာအသီးသီးတွင် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ကြို့ကုန်း နည်းပညာ တက္ကသိုလ်ကျောင်း၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်ကြီး၊ ပါမောက္ခ ဦးဘတုတ် အပါအဝင် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကထိကများ၊ နည်းပြ ဆရာ ဆရာမများ စုစုပေါင်း ၃၀၀-ခန့် တက်ရောက် ကန်တော့ခံခဲ့ကြပြီး၊ ပြည်တွင်းပြည်ပမှ  အင်ဂျင်နီယာနှင့် ဗိသုကာကျောင်းသားကျောင်းသူဟောင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ချီးကျူး ဂုဏ်ပြုစကားပြောကြား၍ အခမ်းအနားမှူး အဖြစ် ဒေါ်တင်မိုးလွင်က ဆောင်ရွက် ခဲ့ပါသည်။
အဆိုပါပွဲ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်စဉ် ဤကျောင်း သို့လာရောက် ကြည့်ရှု၍ ဥပဓိရုပ် ပျက်ပြားနေသော ကျောင်းတော်ကြီးအား ဆရာ ဟောင်းများ၊ မိတ်ဆွေများ၊ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာလုပ်ငန်းများ အကူအညီဖြင့် ပြန်လည် ပြုပြင်ခဲ့ကြောင်း၊ ဤစက်မှုတက္ကသိုလ်အား ယခင် ကာလများကဲ့သို့ အရည်အချင်း ပြည့်မီသော စက်မှုတက္ကသိုလ်တစ်ခုအဖြစ် အရှေ့ တောင် အာရှတွင် သာမက ကမ္ဘာ့အဆင့် ရောက်ရှိစေရန် နိုင်ငံတော်နှင့်   ကျောင်းသူ   ကျောင်းသားဟောင်းများနှင့်တကွ အားလုံးပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်းနှိုးဆော်ခဲ့သည်။
ယခင် အင်ဂျင်နီယာ ပညာရပ်များကို ရန်ကုန် တက္ကသိုလ် လက်အောက် မဟာအင်ဂျင်နီယာဌာနမှ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အရေးအခင်းပြီးနောက် တက္ကသိုလ်များအား ပိတ်ထားခဲ့ပါသည်။
တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ် ပညာရေး စနစ်သစ်အရ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ လက်ရှိ စက်မှုတက္ကသိုလ် အဆောက် အဦးအား ဗမာစက်မှု တက္ကသိုလ် ( ဘီအိုင်တီ ) အမည်ဖြင့် ပါမောက္ခချုပ် ဦးရုံးမိုကို ခန့်အပ် တာဝန်ပေး ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် ရန်ကုန် စက်မှု တက္ကသိုလ် ( အာအိုင်တီ ၊ ဝိုင်အိုင်တီ ) နှင့် ရန်ကုန် နည်းပညာတက္ကသိုလ် ( ဝိုင်တီယူ ) ဟု အမည် အဆင့်ဆင့် ပြောင်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ်အတွင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် နှင့် ဦးသန့် ဈာပန အရေးအခင်း များတွင် စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် အခြားတက္ကသိုလ် ကျောင်းသားကျောင်းသူများ နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြပါသည်။
၁၉၈၈ ခုနှစ် မတ်လတွင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်း ရပ်ကွက်အတွင်းမှ လူငယ်များ ပဋိပက္ခဖြစ်ရာ လုံထိန်းရဲများ၏ အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းမှုကြောင့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ပြီး ကျောင်း သား ဆူပူလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်ခဲ့ရာ အထွေထွေမကျေနပ်မှုများ ခံစားနေ သော ပြည်သူလူထုများပါဝင်လာရာမှ သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်း ဖြစ်ပေါ်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်များတွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှု တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်စသည့် တက္ကသိုလ်များ၏ အရေးပါမှုကို လျှော့ချပြီး တက္ကသိုလ်များကို မြို့ပြင်ဝေးလံသည့်   နေရာများတွင် တည်ဆောက် ဖွင့်လှစ်ကာ ကျောင်းဆောင်များ ပူးတွဲထားရှိသည့် စနစ်ကို ဖျက်သိမ်းခဲ့ပါသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် တို့တွင် နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာ သင်ရိုးညွှန်းတမ်း များ ရေးဆွဲပြုစုကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းသား ကျောင်းသူ ၂၅၀ စီ စတင် လက်ခံသင်ကြားလျှက်ရှိကြောင်းသိရပါသည်။
ရန်ကုန် စက်မှုတက္ကသိုလ်အား ပြင်ဆင် အလှခြယ်ထားခြင်းနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ်က အင်ဂျင်နီယာဘွဲ့ရခဲ့သူ အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ဆိုသည်။
 " ကျောင်းကြီးစည်စည် ကားကား နဲ့ ပြောင်ပြောင်ရောင်ရောင် မြင်ရတာ အရမ်း ပျော် တာဘဲ၊ အရင်က ဖြတ်သွားတိုင်း ဇရပ်ပျက်ကြီးလို စုတ်ပြတ်နေတာ မြင်ရရင် မျက်ရည် ကျမိတာ အခါခါပါဘဲ " ဟု အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီးတစ်ဦးက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ နှင့် ကော့မှူးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် ရန်ုကုန် တက္ကသိုလ်အား အစိုးရ စီမံခန့်ခွဲနေခြင်းအစား သက်ဆိုင်ရာ တက္ကသိုလ် ကောင်စီများ မှလွတ်လပ်စွာ စီမံခန့်ခွဲသည့် အဆင့်ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရ သည်။
" အင်ဂျင်နီယာဆိုတာ အခြေခံလူတန်းစား အလုပ်သမားတွေနဲ့ အမြဲ တွဲလုပ်နေကြ တာဆိုတော့ အခြေခံလူတန်းစားတွေ ဆင်းရဲဒုက္ခရောက်ရင် နာကျင်ခံစားကြရ တယ်။ ပြီးတော့ အင်ဂျင်နီယာရဲ့ သဘာဝကိုက စနစ်တကျ မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက် ချင်တယ်၊ အမှားတွေ့ရင် အပျက်တွေ့ရင် ပြုပြင်ချင်တဲ့ စေတနာနဲ့ အကျင့် ရှိတယ်၊ အဲဒီအခါမှာ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းတွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ အလေ့ အကျင့် မရှိရင် အင်ဂျင်နီယာတွေက ပြဿနာကောင်တွေ   ဖြစ်နေတတ်ပါတယ် " ဟု ၁၉၆၆ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား ကထိက ဆရာ တစ်ဦးက ပြောကြား ခဲ့သည်။
ဆရာပူဇော်ပွဲအား နေ့လည် တစ်နာရီခန့်တွင် ပြီးစီးကာ ကျောင်းသား ကျောင်းသူဟောင်း အနုပညာရှင်များက အဆို အတီး အကများဖြင့် ဆက်လက် ဖြေဖျော်ကြပါသည်။ ညနေပိုင်းတွင်လည်း မြန်မာကွန်ဗင်းရှင်းစင်တာ၌ မိတ်ဆုံညစာ စားပွဲနှင့် ဖြေဖျော်ရေး အစီအစဉ်များ ဆက်လက် ကျင်းပခဲ့ကြသည်။
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup
တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ်ကျရောက်
Posted: 30 Dec 2012 10:23 PM PST
KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်း သိရပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား ဆေးရုံတင်ထား
Posted: 30 Dec 2012 10:06 PM PST
ဦးခေါင်းကို ထိခိုက်မိရာမှ တစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအား
ဆေးရုံ တင်ထားရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
မစ္စစ်ဟီလာရီ ကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဇန်န၀ါရီလ (၃) ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၁)
Posted: 30 Dec 2012 09:40 PM PST
ဇန်န၀ါရီလ (၃) ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၁)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဇန်န၀ါရီလ (၂) ရက်နေ့ ထုတ် Mobile Guide Journal Issue #85
Posted: 30 Dec 2012 09:38 PM PST
ဇန်န၀ါရီလ (၂) ရက်နေ့ ထုတ်  Mobile Guide Journal Issue #85
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁၃
Posted: 30 Dec 2012 09:33 PM PST
ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁၃
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဇန်န၀ါရီလ (၁) ရက်နေ့ ထုတ် Digital Life Journal (1.Jan.2013) အတွဲ-၁၊ အမှတ် - ၃၅
Posted: 30 Dec 2012 09:29 PM PST
ဇန်န၀ါရီလ (၁) ရက်နေ့ ထုတ် Digital Life Journal (1.Jan.2013) အတွဲ-၁၊ အမှတ် - ၃၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃၆)
Posted: 30 Dec 2012 09:19 PM PST
ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃၆)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
လျှပ်တစ်ပြက်အကယ်ဒမီ အထူးထုတ် (၂၀၁၂)
Posted: 30 Dec 2012 08:56 PM PST
လျှပ်တစ်ပြက်အကယ်ဒမီ အထူးထုတ် (၂၀၁၂)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ် (၁၂)
Posted: 30 Dec 2012 08:51 PM PST
ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ် (၁၂)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အားရာနဲ့ချီ ရောက်ရှိ
Posted: 30 Dec 2012 08:29 PM PST
"ဖိုက်စတား ကုမ္ပဏီလို့ နာမည်ခံထားတဲ့ တရားမ၀င် သစ်လုပ်ငန်းနဲ့ ဗမာစကား တောင် မတတ်တဲ့ တရုတ်တွေနဲ့ အင်အား ၃၀၀ လောက် ဆင်ဘိုရဲ့တောင်ဘက် မန်ကင်း ရွာဘက်မှာ စပြီး လှုပ်ရှားနေတာ အဲဒီ ၃၀၀လောက်က ပြောမယ်ဆို ဗမာအစိုးရကလဲ အဲဒီကိုရောက်ရောက် ပေါက်ပေါက် မသွားနိုင်ဘူးလေ ကေအိုင်အေ အခြေချထားတဲ့ နေရာဆိုတော့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Add cap
မြန်မာနိုင်ငံမြောက်ပိုင်းမှ သစ်လုံးများကို တရုတ်နိုင်ငံကို ပို့ဆောင်သည့် သစ်တင်ကားကြီးများပုံ။ Photo: AFPtion
တိုင်တေနီယံ သတ္တုပါတဲ့သဲကို တရုတ်က ဝယ်ယူလို
Posted: 30 Dec 2012 08:08 PM PST
ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် အငုံမော် ပင်လယ် ကမ်းခြေနဲ့ မောင်တော တောင်ပိုင်းက အလယ် သံကျော် ပင်လယ် ကမ်းခြေက သဲတွေမှာ အဖိုးတန် တိုင်တမ်နီယံလို ဓါတ်သတ္တုတွေ ရော ပါနေတဲ့ အတွက် တရုတ် စီးပွားရေး သမား တွေက သဲတွေကို စီးပွားဖြစ် ၀ယ်ယူဖို့  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရခိုင်ပြည်နယ် ငပလီ ကမ်းခြေမှာ သဲ၊ ဘိလပ်မြေ တွေနဲ့ အလုပ်လုပ်နေသူ ဆောက်လုပ်ရေး လုပ်ငန်းလုပ်သား
You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ