သစ်ထူးလွင် |
- လည်ပင်းကြေးပတ် ကယန်း လူမျိုးတွေ မြန်မာပြည် ကို ပြန်ချင် (ရုပ်/သံ)
- ဒီချုပ်ရုံးခန်း၌ အဓမ္မပြုကျင့်ခံရသူဘက်မှ ဥပဒေအတိုင်းရင်ဆိုင်မည်
- အောင်မိုးခိုင် စက်ရုံ မီးလောင်၊ မီးသတ်တစ်ဦးအရေးပေါ်ရောက်
- သကြားစက်ရုံက ကြံဖိုးငွေမပေးလို့ ကြံတောင်သူတွေ အကြပ်ရိုက်
- လက်ပန်းတောင်း သဘာဝ ပတ်ဝန်းကျင် ကွင်းဆင်း စစ်ဆေးမှု အခြေအနေ မေးမြန်းချက်
- ဇန်န၀ါရီလ (၁၁)ရက်နေ့ ထုတ် Focus Online Issue 24, Vol 4
- ဇန်န၀ါရီလ (၁၁)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ်(၁၄)
- ဇန်န၀ါရီလ (၁၀)ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၃၅)
- ဇန်န၀ါရီလ (၇)ရက်နေ့ ထုတ် ၇ရက် ဈေးဝယ်လမ်းညွန်ဂျာနယ် အတွဲ (၃) အမှတ် (၂၂)
- The Voice နှင့် သတ္တုတွင်း အမှု ရုပ်သိမ်းရန် သဘောတူညီမှု ရရှိ
- Electronic Online ဆွေးနွေးရန် KIO နှင့် အစိုးရငြိမ်းအဖွဲ့သို့ လွှတ်တော် တိုက်တွန်း
- အကြွေးတောင်းရာက လူသတ်မှုဖြစ်
- ကျောက်တန်းမြို့ မှာ အအေးခန်း စက်ရုံတခု မီးလောင်းနေ
- ကချင်အရေးမှာ ရှုပ်ထွေးသော်လည်း ခြေရာခံမရအောင် ဖြစ်နေသော ပဋိပက္ခမဟုတ်ဟု ICG အဖွဲ့ သုံးသပ်
- လျော့ဈေးဖြင့်ရောင်းမည့်ဖုန်း အသင့်ရှိနေသော်လည်း အထက်အမိန့်မရသေးဟုဆို
- ရှေ့နေရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲမှု ရပ်တန့်ရန် ရှေ့နေကွန်ယက် ထပ်မံတောင်းဆို
- အမေရိကန်တွင် ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေး ပျံ့နှံ့လျက်ရှိ
- ဘင်္ဂလာဒေ့ရှ်တွင် စံချိန်တင် အပူချိန် လျော့နည်းမှုကြောင့် လူ ၈၀ သေဆုံး
- မြန်မာသမ္မတကို ပြုပြင်ပြောင်းလဲရေးသမားဟု တိုင်းမ်မဂ္ဂဇင်းဖော်ပြ
- ကချင်ပြည်နယ်စစ်ပွဲမှာ ဓါတုလက်နက်တွေ သုံးစွဲနေတာ မဟုတ်ကြောင်း အစိုးရငြင်းဆို
- ဟိုပင်မြို့ မီးရထားသံလမ်း မိုင်းပေါက်ကွဲခြင်း (သတင်း-ဓါတ်ပုံ- ထိတ်လန့် တက်သူများ မကြည့်သင့်ပါ)
- သုံးခွမြို့တွင် လောင်းကစားမှုများကို ပိုမိုတွင်ကျယ်စွာ ပြုလုပ်လာ
- အော်စကာ ဆန်ကာတင် စာရင်း ကြေညာ
- မာလီ အလယ်ပိုင်းမြို့ကို သူပုန်သိမ်း
- ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် အများအပြားသေ
| လည်ပင်းကြေးပတ် ကယန်း လူမျိုးတွေ မြန်မာပြည် ကို ပြန်ချင် (ရုပ်/သံ) Posted: 11 Jan 2013 07:38 AM PST ထိုင်းနိုင်ငံ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေကြ တဲ့ မြန်မာပြည်ဘွား လည်ပင်းကြေးပတ် ကယန်း လူမျိုးတွေ ဟာ မြန်မာပြည် ကို ပြန်ချင် နေကြပေမယ့် အစိုးရရဲ့ အပြောင်းအလည်းတွေကို မယုံကြသေး ဘူးလို့ သိရပါတယ်။ ဦးမောင်တူး တင်ဆက်။ ရိုက်ကူး ရဲမင်းထွန်း၊ ရဲထွဋ်ဝင်း နဲ့ ကရင်နီ သတင်းထောက်များ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဒီချုပ်ရုံးခန်း၌ အဓမ္မပြုကျင့်ခံရသူဘက်မှ ဥပဒေအတိုင်းရင်ဆိုင်မည် Posted: 11 Jan 2013 06:59 AM PST ပန်းပဲတန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်း ပညာဒါန စာသင်ကျောင်း၌ အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းဂျာနယ်အချို့နှင့် အင်တာနက် စာမျက်နှာများပေါ်ရှိ သတင်း ဖော်ပြချက်များမှာ လွဲမှားမှုများ ရှိနေကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အောင်မိုးခိုင် စက်ရုံ မီးလောင်၊ မီးသတ်တစ်ဦးအရေးပေါ်ရောက် Posted: 11 Jan 2013 06:46 AM PST ယနေ့ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့၊ကျောက်တန်းမြို့နယ် သီလဝါ စက်မှုဇုံ အနီးရှိ အောင်မိုးခိုင် ဂဏန်းအရေပျော့ အအေးခန်း စက်ရုံ မီးလောင်ခဲ့ကြောင်း သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| သကြားစက်ရုံက ကြံဖိုးငွေမပေးလို့ ကြံတောင်သူတွေ အကြပ်ရိုက် Posted: 11 Jan 2013 06:37 AM PST ယုဇန ကုမ္ပဏီပိုင် စက်ရုံဖြစ်တဲ့ ပျဉ်းမနားမြို့ အမှတ် ၂ သကြားစက်မှာ လက်ငင်း ငွေချေစနစ်နဲ့ ကြံတွေရောင်းချနေတဲ့ ကြံစိုက် တောင်သူဦးရေ ၂၅ဝဝခန့်ကို သကြားစက်ရုံ ဖက်က ကြံဖိုးငွေ မရှင်းပေးတာ အခုဆို ရက်သတ္တနှစ်ပတ် ခန့်ရှိပြီလို့ သိရပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| လက်ပန်းတောင်း သဘာဝ ပတ်ဝန်းကျင် ကွင်းဆင်း စစ်ဆေးမှု အခြေအနေ မေးမြန်းချက် Posted: 11 Jan 2013 06:27 AM PST
အဲ့ဒီသတင်းကြေညာချက်ထဲမှာ ကြေးနီစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်က စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိမရှိ စိစစ်ဖို့ မြန်မာ့ပတ်ဝန်းကျင် သိပံ္ပအဖွဲ့ကို တာဝန်ပေး ဆောင်ရွက်စေခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။ မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးစိုးသူရထွန်းကို ဆက်သွယ်မေးမြန်း ထားပါတယ်။ ဦးစိုးသူရထွန်းတို့အဖွဲ့ လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်မှာ လေ့လာကွင်းဆင်း စစ်ဆေးခဲ့တာတွေ ထဲက ပြောလို့ရတာတွေ ပြောပြပေးပါ။ ဘာတွေ လုပ်ဆောင်ခဲ့ပါလဲ။ "လေ့လာခဲ့တာတော့ အမျိုးမျိုးပါပဲ။ သဘာဝပေါက်ပင်၊ အပင်နဲ့ သတ္တ၀ါတွေ ဂေဟဗေဒ အပိုင်း။ နောက် မြေအောက်ရေနဲ့ စီးဆင်းရေပေါ့။ ချင်းတွင်းမြစ် အနီးပတ်ဝန်းကျင်က ရေတွင်းတွေဘာတွေ နမူနာကောက်တယ်။ တိုင်းတာတယ်။ မှတ်သားတယ်။ နောက်ဒေသခံတွေနဲ့ တွေ့ပြီး စကားပြောကြည့်တယ်။ သူတို့ဆန္ဒတွေ သဘောထားတွေ ကောက်တယ်။ ကုမ္ပဏီဘက်ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အချက်အလက်တွေ ယူပါတယ်။" အဓိက မီဒီယာတွေမှာ တော်တော်များများလည်း ရေတွေဟာ သောက်သုံးဖို့မသင့်ဘူး၊ ပတ်ဝန်းကျင်တွေ ပျက်နေပြီ။ ဦးစိုးသူရထွန်းတို့ စစ်ဆေးချက်အရ ဘယ်လိုတွေ့ခဲ့ရလဲ။ "သူ့ရဲ့ရလဒ်ကိုတော့ ကျနော်တို့ မပြောလိုသေးဘူး။ အမျိုးမျိုးပေါ့၊ တမျိုးတည်း တစားတည်း တွေ့ခဲ့တာမဟုတ်ဘူး။ ဖြစ်နေတဲ့ ပုံသဏ္ဌာန်တွေကလည်း အမျိုးမျိုးရှိတယ်။ ဖြစ်စဉ်ကလည်း အမျိုးမျိုးရှိတယ်ဆိုတော့ ဒါတွေက ချက်ချင်း ကျနော်တို့အဆင့်နဲ့က ပြောဖို့က စောသေးတယ်ထင်တယ်။ ကျနော်တို့ဘက်ကလည်း အစီရင်ခံစာအဆင့်တောင် မရောက်သေးဘူး။ မပြီးသေးဘူးလေ။ လုပ်ငန်းတွေလည်း အစမသတ်သေးဘူး။ ကော်မရှင်ကလည်း ကျနော်တို့ဘက်က ပြီးတာနဲ့ သူတို့လည်း ဆုံးဖြတ်မယ်ဆိုတော့ လောလောဆယ် ဘာမှ အသေးစိတ် မပြောနိုင်သေးတဲ့ အခြေအနေပါပဲ။" ဦးစိုးသူရထွန်းတို့ ကော်မရှင်တင်ရမယ့် အချက်တွေထဲမှာ အဓိက ဘာတွေ ပါပါလဲ။ "ယေဘုယျ ပြောရင်တော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အခြေအနေတွေ အားလုံးပါပဲ။ အချိန်တိုအတွင်းမှာ အမြန်ဆုံး ကြည့်ပြီးတော့ မြင်တဲ့ သဘောထားတွေ ပြောဖို့ပါ။" အချိန်ဘယ်လောက်ရပါလဲ။ အချိန်လုံလောက်လား။ "လေ့လာမှုပုံစံအမျိုးမျိုးပေါ့လေ။ သူ့အတိုင်းအတာနဲ့ သူပါပဲ။ ဒီမှာလည်း ကျနော်တို့ ပြောနိုင်တဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ မပြောနိုင်သေးဘဲနဲ့ သူတို့နောက်မှ ဆက်လုပ်သင့်တာတွေလည်း အများကြီးပေါ့။ တကယ့် တကယ်ပြောရမယ်ဆိုရင် စီမံကိန်းဘက်က သူတို့ဘာသာသူတို့ အစောကြီးကတည်းက လုပ်ရမယ့် အပိုင်းတွေပါ။ အခုမလုပ်သေးလို့ နောက်လုပ်မယ်ပဲ ပြောပြော၊ အရင်လုပ်ထားသင့်သလောက် ရှိထားပြီးပဲ ပြောပြောပေါ့။ ဒါတွေအားလုံးကို သူတို့အတွက် ကျနော်တို့လေ့လာချက်တွေကတော့ သူတို့ဆက်လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ်ပေါ့လေ.။ ဒါကဘယ်လိုဖြစ်လာမယ် မသိသေးဘူး။ အဲကျရင် ပိုကောင်းတဲ့ လမ်းညွှန်ချက် ဖြစ်လာမယ့် သဘောပေါ့။" ဦးစိုးသူရထွန်း ကော်မရှင်စုံစမ်းရေးအနေနဲ့ မဟုတ်ဘဲ အဲကို အရင်ကရောရောက်ဖူးလား။ "ရောက်ဖူးပါတယ်။ ပတ်ဝန်းကျင်သမားတွေဆိုတော့ နေရာအားလုံးကို ဒီဘက်တွေ ရောက်ခဲ့တာ များပါတယ်။ လေ့လည်း လေ့လာဖူးပါတယ်။" ဘယ်နှခုနှစ်လောက်ကပါလဲ။ "အရင် တက္ကသိုလ်မှာလည်း ဆရာဆိုတော့ ဆရာဘ၀ကတည်းကပေါ့။ ၁၉၉၆-၉၇ လောက်ကတည်းက။" အခု ၁၂ နှစ် ၁၃ နှစ်လောက်အကြာ ပြန်ရောက်တော့ မြင်ရတွေ့ရတဲ့ သဘာဝပတ်ဝန်းကျင် အနေအထား သတိပြုမိသလောက် နည်းနည်းပြောပြပါလား။ ဘယ်လိုတွေပြောင်းလဲကုန်ပါလဲ။ "အပေါ်ယံအားဖြင့် ပြောရင်တော့ သိသိသာသာကြီး ပြောင်းလဲတာမရှိဘူး။ ဥပမာ ပဲခူးရိုးမကို ပြန်သွားလို့ သစ်တောတွေ အများကြီးလျော့သွားသလိုပေါ့။ အခုသူတို့တူးဖော်လိုက်လို့ တောင်တွေမှာ တစိတ်တပိုင်းတွေ တူးဖော်ထားတာ တွေ့ရတာကလွဲလို့ ရေမြေတောတောင်တို့ ထူးထူးခြားခြား ပြောင်းလဲသွားတာတော့ မမြင်ပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးအမြင်ပေါ့။" တချို့တွေပြောတာတော့ တောင်ကြီး ၁ တောင်လုံး ပျောက်သွားတယ်ဆိုတာကရော။ "အဲဒါတော့ ဟုတ်ပါတယ်။ စံပယ်တောင်နေရာမှာလေ။ တောင်ကြီးက ချိုင့်ကြီးတောင်ဖြစ်နေပြီ။ တူးဖော်လိုက်တာ။" ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်မှာ ဦးစိုးသူရထွန်းတို့အဖွဲ့ ပါဝင်ဆောင်ရွက်တဲ့အခါ ဦးစိုးသူရထွန်း တယောက်တည်း အမြင်ပြောရင် အားရမှုရှိလား။ "နဂိုထဲကလည်း တက္ကသိုလ်မှာ ဆရာလည်းလုပ်ခဲ့တယ်။ ဒီအလုပ်က ကျနော်တို့လည်း ၀ါသနာပါတဲ့အလုပ်ပါပဲ။ တိုင်းပြည်က ဒီအချက်အလက်နဲ့ ပတ်သက်ပြီး ဒါတွေကို စုံစမ်းပေးပါဆိုတော့ ဒီအချက်အလက်နဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ စွမ်းအားရှိသမျှ လေ့လာပြီး အမှန်ကန်ဆုံးဖြစ်အောင် တင်ပြပေးမှာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး အကျိုးအမြတ်ယူဖို့လည်း မဟုတ်သလို ဂုဏ်ယူကြွားဝါဖို့လည်း မဟုတ်ပါဘူး။" မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ကြတယ်ဆိုတော့ ကျနော်မေးချင်တာ က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ပန်းတောင်းကိစ္စအပေါ်မှာ ဘယ်လောက် စိတ်ဝင်စားမှုရှိတာ တွေ့ရလဲ။ "ကျနော်တို့ တွေ့ရသလောက်တော့ တော်တော်များများ အချိန်ပေးပြီး အလုပ်လုပ်နေတယ်လို့ မြင်ပါတယ်။ ကျနော်လည်း အမြဲနီးစပ်တဲ့လူမဟုတ်တော့လေ။ ကျနော်တို့တွေ့ဆုံတဲ့အခါတွေအရ သူအများကြီးစဉ်းစားထားတယ်။ စဉ်းစားနေတဲ့ပုံပါပဲ။" ဦးစိုးသူရထွန်းတို့ ဘယ်နှရက် သွားလေ့လာခဲ့ပါလဲ။ "ကျနော်တို့ အဖွဲ့တွေကလည်း ကွဲတော့ ကျနော်တို့ကို စ တာဝန်ပေးလိုက်တာ ဒီဇင်ဘာ ၂၄ ရက်နေ့ကပေါ့။ မနေ့ကအချိန်ထိ တချို့က အဲတော့မှ ပြန်လာရတယ်။ ရက်အပြည့်ပါပဲ။ ၂ ပတ်ကျော်ပါတယ်။" by ရွှေအောင် (ဒီဗွီဘီ) | ||
| ဇန်န၀ါရီလ (၁၁)ရက်နေ့ ထုတ် Focus Online Issue 24, Vol 4 Posted: 11 Jan 2013 06:16 AM PST | ||
| ဇန်န၀ါရီလ (၁၁)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ်(၁၄) Posted: 11 Jan 2013 06:14 AM PST ဇန်န၀ါရီလ (၁၁)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ်(၁၄) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဇန်န၀ါရီလ (၁၀)ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၃၅) Posted: 11 Jan 2013 06:12 AM PST ဇန်န၀ါရီလ (၁၀)ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၃၅) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဇန်န၀ါရီလ (၇)ရက်နေ့ ထုတ် ၇ရက် ဈေးဝယ်လမ်းညွန်ဂျာနယ် အတွဲ (၃) အမှတ် (၂၂) Posted: 11 Jan 2013 06:10 AM PST ဇန်န၀ါရီလ (၇)ရက်နေ့ ထုတ် ၇ရက် ဈေးဝယ်လမ်းညွန်ဂျာနယ် အတွဲ (၃) အမှတ် (၂၂) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| The Voice နှင့် သတ္တုတွင်း အမှု ရုပ်သိမ်းရန် သဘောတူညီမှု ရရှိ Posted: 11 Jan 2013 05:48 AM PST သတ္တုတွင်း ဝန်ကြီးဌာနက အသရေ ဖျက်မှု(ပုဒ်မ-၅၀၀) ဖြင့် တရားစွဲ ဆိုမှုကြောင့် ဒဂုံမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေသည့် The Voice Weekly သည် သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင် သောအဖွဲ့တို့ ဇန်န၀ါရီလ(၈)ရက်နေ့က နေပြည်တော် တွင် တွေ့ဆုံ ဆွေးနွေးခဲ့ရာ အဆိုပါ ၀န်ကြီးဌာနက စွဲချက် တင်ထားခြင်းကို---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Electronic Online ဆွေးနွေးရန် KIO နှင့် အစိုးရငြိမ်းအဖွဲ့သို့ လွှတ်တော် တိုက်တွန်း Posted: 11 Jan 2013 05:26 AM PST ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား မျက်နှာချင်းဆိုင် ပြန်လည် မတွေ့ဆုံနိုင်မီ နှစ်ဖက် Electronic Online ဆွေးနွေးမှုများ ပြုလုပ်ကြပါရန် ပြည်သူ့လွှတ်တော်က ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် တိုက်တွန်း အကြံပြု လိုက်သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 11 Jan 2013 05:02 AM PST ၉-၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက်နေ ကျော်သူရ (၂၄)နှစ်သည် နေအိမ်၌ရှိနေစဉ် ညီဖြစ်သူ ကိုကိုအောင်(ခ)ခန့်(၁၉)နှစ်မှာ ဓါးထိုးခံရကြောင်း ကိုကိုအောင် ၏ သူငယ်ချင်းဖြစ်သူ ဖြိုးစည်သူအောင်(ခ)ကလိမှ ပြောပြ သိရှိရသဖြင့်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ကျောက်တန်းမြို့ မှာ အအေးခန်း စက်ရုံတခု မီးလောင်းနေ Posted: 11 Jan 2013 04:54 AM PST ကျောက်တန်းမြို့နယ် အနောက်ဘက် သီတာမြိုင်ရပ်ကွက်မှာ ရေထွက်ပစ္စည်းများသိုလှောင်ရာ အအေးခန်းစက်ရုံတစ်ခုဖြစ်တဲ့ အောင်မိုးခိုင် ဂဏန်းအအေးခန်းစက်ရုံမှာ ဇန်န၀ါရီလ ၁၁ရက်နေ့ ညနေ ၄နာရီခန့်ကမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ကချင်အရေးမှာ ရှုပ်ထွေးသော်လည်း ခြေရာခံမရအောင် ဖြစ်နေသော ပဋိပက္ခမဟုတ်ဟု ICG အဖွဲ့ သုံးသပ် Posted: 11 Jan 2013 04:42 AM PST ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ ပဋိပက္ခများ လေ့လာသုံးသပ်ရေးအဖွဲ့ (ICG)က ဇန်န၀ါရီ ၁၀ ရက်တွင် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ ယင်းအရေးကိစ္စမှာ ရှုပ်ထွေးသော်လည်း ခြေရာခံ မရအောင် ဖြစ်နေသော ပဋိပက္ခမဟုတ်ကြောင်း အကဲဖြတ်ထားသည်။----- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| လျော့ဈေးဖြင့်ရောင်းမည့်ဖုန်း အသင့်ရှိနေသော်လည်း အထက်အမိန့်မရသေးဟုဆို Posted: 11 Jan 2013 04:31 AM PST ဆက်သွယ်ရေးမှ ထပ်မံ ဈေးလျော့ချ၍ ရောင်းပေးမည့် ဖုန်းများရောင်းချရန် အသင့်ရှိနေပြီ ဖြစ်သော်လည်း အထက်ဌာနမှ ခွင့်ပြုချက် မရသေး၍ မရောင်းနိုင်သေးခြင်း ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် တစ်ဦးကပြောသည်။----- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ AZ - Popular Myanmar News Journal | ||
| ရှေ့နေရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲမှု ရပ်တန့်ရန် ရှေ့နေကွန်ယက် ထပ်မံတောင်းဆို Posted: 11 Jan 2013 04:20 AM PST ကမ်းနားလမ်းရှိ ရှေ့နေရုံးအား ပုဂ္ဂလိကလွှဲ၍ ဟိုတယ်အဖြစ် ပြောင်းလဲမှုအပေါ် ရပ်တန့်ပေးရန် အစိုးရမှ တိကျပြတ်သားသော အဖြေမထွက်မချင်း ဆက်လက်ဆန္ဒပြ သွားမည်ဟု ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်သော ရှေ့နေများ ကွန်ယက် ဆွေးနွေးပွဲမှ သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အမေရိကန်တွင် ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး တုပ်ကွေး ပျံ့နှံ့လျက်ရှိ Posted: 11 Jan 2013 04:11 AM PST အမေရိကန် နိုင်ငံတွင် ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ဘော်စတွန်မြို့နှင့် အနီးတဝိုက်တွင် ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေတစ်ရပ် ကြေညာထားရကြောင်း---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဘင်္ဂလာဒေ့ရှ်တွင် စံချိန်တင် အပူချိန် လျော့နည်းမှုကြောင့် လူ ၈၀ သေဆုံး Posted: 10 Jan 2013 10:53 PM PST ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးရွားဆုံး အအေးလှိုင်း ဖြတ်မှုကြောင့် ကြာသာပတေးနေ့တွင် လူပေါင်း ၈၀ နီးပါး ခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။ မြောက်ပိုင်းရှိ စီပူးလ် (Syedpur) မြို့တွင် အနိမ့်ဆုံး အပူချိန် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| မြန်မာသမ္မတကို ပြုပြင်ပြောင်းလဲရေးသမားဟု တိုင်းမ်မဂ္ဂဇင်းဖော်ပြ Posted: 10 Jan 2013 10:46 PM PST မကြာမီက မြန်မာနိုင်ငံသို့ လာရောက်ကာ သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့သော တိုင်းမ်မဂ္ဂဇင်းက မြန်မာ သမ္မတကို အစိုးရ အတွင်းမှ ပြုပြင် ပြောင်းလဲရေး သမားဟု ဆောင်းပါးရေးသား ဖော်ပြခဲ့သည်။ တိုင်းမ်မဂ္ဂဇင်း ၀က်ဘ်ဆိုက်တွင် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ကချင်ပြည်နယ်စစ်ပွဲမှာ ဓါတုလက်နက်တွေ သုံးစွဲနေတာ မဟုတ်ကြောင်း အစိုးရငြင်းဆို Posted: 10 Jan 2013 09:53 PM PST ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေးပဋိပက္ခ ပြင်းထန် နေချိန်အတွင်း အစိုးရတပ်ဖွဲ့ဘက်က ဓါတုဗေဒ လက်နက်တွေ သုံးစွဲနေတယ်ဆိုတဲ့ KIA ရဲ့ စွပ်စွဲချက် ကို အစိုးရက မနေ့က ငြင်းဆို လိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဟိုပင်မြို့ မီးရထားသံလမ်း မိုင်းပေါက်ကွဲခြင်း (သတင်း-ဓါတ်ပုံ- ထိတ်လန့် တက်သူများ မကြည့်သင့်ပါ) Posted: 10 Jan 2013 09:34 PM PST ဇန်န၀ါရီလ ၉ ရက်နေ့ မိုးညှင်းဘူတာမှ ထွက်ခွာလာသော အမှတ် (၄၉) အဆန် နဘားခေါက်ပြန် ရထားသည် ၂၂း၁၅ နာရီအချိန်ခန့် တွင် ဟိုပင်ဘူတာနှင့် နန်းခွင် ဘူတာအကြား မိုင်တိုင်အမှတ် ၆၅၄/၁၉ နှင့် ၆၅၄/၂၀ အကြား ကြာကြီးကွင်း ကျေးရွာ အနီးတွင် ကေအိုင်အေမှ ထောင်ထားသော ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ပေါက်ကွဲမှုကြောင့် ရထားကြိတ်မိ သေဆုံးသွားတဲ့ ရဲတပ်သား ရုပ်အလောင်းအား ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ (မှတ်ချက် - နှလုံးရောဂါ ရှိသူများနှင့် ထိတ်လန့် တက်သူများ မကြည့်သင့်ပါ) | ||
| သုံးခွမြို့တွင် လောင်းကစားမှုများကို ပိုမိုတွင်ကျယ်စွာ ပြုလုပ်လာ Posted: 10 Jan 2013 08:17 PM PST စိုက်ပျိုးရေးကို အခြေခံသော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သုံးခွမြို့နယ်တွင် ပုံမှန်စိုက်ပျိုးရေး လုပ်ငန်းကို အားထား လုပ်ကိုင်သူ နည်းပါးလာပြီး ဒေသခံ အများစု၏ နေ့စဉ်နေထိုင် စားသောက်မှု အတွက် အားထားရာ စီးပွားရေး လုပ်ငန်းအဖြစ် လောင်းကစား လုပ်ငန်းများက အစားထိုး နေရာယူ လာကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 10 Jan 2013 07:47 PM PST ၈၅ ကြိမ်မြောက် အော်စကာ ဆု ဆန်ကာတင် စာရင်းတွေ ကို မှာ ကြေညာလိုက်ပါပြီ။ အမေရိကန် ပြည်တွင်းစစ်ခေတ်က လုပ်ကြံ ခံရတဲ့ သမ္မတဟောင်း အေဘရာဟမ် လင်ကွန်း အကြောင်း ရိုက်ကူးတဲ့ စတီဗင် စပီးလ်ဘတ်ရဲ့ အတ္ထုပ္ပတိ သမိုင်းကား က ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မာလီ အလယ်ပိုင်းမြို့ကို သူပုန်သိမ်း Posted: 10 Jan 2013 07:40 PM PST
မာလီ တောင်ပိုင်းက အစိုးရနဲ့ တိုက်ပွဲမှာ သိသာတဲ့ အရှိန်မြှင့်မှု တခု ဖြစ်ပါတယ်။ မာလီ မြောက်ပိုင်းကို မနှစ် ဧပြီလထဲက သူပုန်တွေက သိမ်းထားပြီး ကွန်နာဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ကို ကူးတဲ့ လမ်းပေါ်က အရေးပါတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ သူပုန်တွေရဲ့ နောက်ဆုံး လှုပ်ရှားမှု နဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီ မှာ ဆွေးနွေးဖို့ တိုင်ပင် နေကြပါပြီ။ ကုလသမဂ္ဂ အစီအစဉ် အရ အာဖရိက တပ်သား ၃ ထောင် လွှတ်ပြီး အယ်လ်ကေဒါ နွယ်တဲ့ စစ်သွေးကြွတွေ၊ ရာဇဝတ် ဂိုဏ်းတွေရဲ့ နယ်မြေ ဖြစ်နေတဲ့ မာလီ မြောက်ပိုင်းကို ပြန်သိမ်းဖို့ ပြင်ထားတာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
| ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် အများအပြားသေ Posted: 10 Jan 2013 06:27 PM PST ပါကစ္စတန်နိုင်ငံ ကွာတာမြို့က ဘိလစ်ခုံမှာ နှစ်ဆင့် ပေါက်ကွဲမှုအတွင်း ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် အများအပြား သေကြေ ဒဏ်ရာရတာ ဖြစ်ပါတယ်။ ပထမဗုံးတလုံး ပေါက်ကွဲပြီး ရဲနဲ့ မီဒီယာသမားတွေ ချက်ခြင်း ရောက်လာစဉ် နောက်တလုံး ပေါက်ကွဲတာဖြစ်ပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


































