သစ်ထူးလွင်

သစ်ထူးလွင်


မိခင်က သမီးဖြစ်သူအား စွန့်ပစ်မှုဖြစ်ပွား

Posted: 02 Jan 2013 05:57 AM PST


မိခင်အရင်း ဖြစ်သူက သမီးဖြစ်သူအား စွန့်ပစ်ခဲ့၍ သက်ဆိုင်ရာ ရဲစခန်းမှ တစ်ဆင့် ပြန်လည် အပ်နှံခဲ့ရသော ဖြစ်စဉ်တစ်ခု အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ ၂၉ ရက်က ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး မှတ်တိုင်တွင် ငိုနေသော အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မင်းတုန်းမင်း မြစ်တော် ကွယ်လွန်

Posted: 02 Jan 2013 05:53 AM PST


ရန်ကုန်၊ ဇန်နဝါရီ ၂

တတိယ မြန်မာ နိုင်ငံတော် ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း၏ မြစ်တော် အသက် ၇၈ နှစ် အရွယ် ညောင်ရမ်း ထိပ်တင်ဘွား သည် ဒီဇင်ဘာလ ၃၁ ရက် နေ့ ည ၁၀နာရီ ၁၀ မိနစ်၌ ကြည့်မြင်တိုင် မြို့နယ်၊ အိုးဘို ရပ်ကွက်၊ ပွဲစားလမ်း အမှတ် (၅၄)၊ ၆လွှာ နေအိမ်တွင် ကွယ်လွန်သွားကြောင်း မိသားစုဝင် များ၏ နာရေး ကြေညာချက် အရ သိရသည်။

အဆိုပါ ကွယ်လွန်သူ ထိပ်တင်ဘွားကို ဖခမည်းတော် ညောင်ရမ်း ထိပ်တင်မြတ်ကြီး နှင့် ဒေါ်ကျင်ဆိုင် တို့က မွေးဖွားပြီး မွေးချင်း မောင်နှမ ၅ဦး ရှိကြောင်း ယင်းကြေညာချက် တွင် ဖော်ပြ ထားသည်။

ညောင်ရမ်း ထိပ်တင်ဘွားကို ဒီဇင်ဘာလ ၂ရက်နေ့ နေ့လည် ၁နာရီ မိနစ်၃၀ တွင် ထိန်ပင် သုသာန်၌ သဂြိုလ် ခဲ့သည်။

The Voice Weekly

မင်းတုန်းမင်း

ပျက်ကျတဲ့ Air Bagan လေယာဉ်ဆီက Black Box သေတ္တာကို မစစ်ဆေးနိုင်သေး

Posted: 02 Jan 2013 05:38 AM PST


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက် မနက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ ပျက်ကျသွားတဲ့ Air Bagan လေယာဉ် ရဲ့ ပျံသန်းမှုမှတ်တမ်းကို ဖေါ်ပြထားတဲ့ သေတ္တာ Black Box ကို အခုအချိန်ထိ မစစ်ဆေးနိုင်သေးဘူး လို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပုသိမ်-ချောင်းသာ ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ လူတစ်ဦး သေဆုံး

Posted: 02 Jan 2013 05:31 AM PST


ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် မှ ချောင်းသာ ကမ်းခြေသို့ ထွက်ခွာ လာသော "သီဟ" ခရီးသည် တင် ယာဉ်လိုင်းမှ ယာဉ်တစ်စီး သည် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရှောပြာ ကျေးရွာအုပ်စု ဝါးဘိုး ကျေးရွာ အနီး၌ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 ချောင်းသာ ကမ်းခြေ


ဇန်န၀ါရီလ (၃) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၄၃

Posted: 02 Jan 2013 05:11 AM PST


ဇန်န၀ါရီလ (၃) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၄၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဇန်န၀ါရီလ (၁) ရက်နေ့ ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ(၁) အမှတ် (၁၅)

Posted: 02 Jan 2013 05:08 AM PST


ဇန်န၀ါရီလ (၁) ရက်နေ့ ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ(၁) အမှတ် (၁၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၃၁)ရက်ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၇

Posted: 02 Jan 2013 05:00 AM PST


ဒီဇင်ဘာလ(၃၁)ရက်ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



လူကုန်ကူးခံရသူ မြန်မာများ လွတ်မြောက်

Posted: 02 Jan 2013 04:53 AM PST


မြန်မာအမျိုးသမီး ၂ ဦး အပါအ၀င် လူကုန်ကူးခံရသူ ၇ ဦးဟာ မနေ့က လွတ်မြောက်လာသလို မြန်မာ ၃ ဦးကိုလည်း လူကုန်ကူးမှု သံသယနဲ့ ဖမ်းဆီးထားပါတယ်။ သူတို့ ၇ ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက် လန်းစစ် လေယာဉ်ကွင်း ဟောင်းအနီး ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတာပါ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူကုန်ကူးမှုတခုအား ထိုင်းရဲတပ်ဖွဲ့ မှ ဖမ်းဆီးစဉ်။

စစ်ကိုင်းတွင် သစ်ကားမှောက်သည့်အတွက် ၅ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

Posted: 02 Jan 2013 04:45 AM PST


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ သစ်ကား မှေက်တဲ့ အတွက် ဒေသခံရွာသား ၅ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရှိသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပုလဲမြို့နယ် မယင်းရွာအနီးက အိုင်လည်ကြီး တောင်ပေါ်မှာ သစ်တင်ပြီး အပြန် သစ်ကား မှောက်တာလို့ ဆိုပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အစိုးရတပ်မှ KIO ကို တိုက်လေယဉ်ဖြင့် ဆက်လက် တိုက်ခိုက်နေဟု ဆို

Posted: 02 Jan 2013 04:24 AM PST


မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များ နမ်ဆန်ယန် ကျေးရွာ အနီးတွင် မြေပြင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်တိုက် လေယဉ်နှစ်စီးဖြင့် ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု  ကျောင်းသား တပ်မတော်(မြောက်ပိုင်း) ABSDF ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မွန်ပြည်နယ် ရေးမြို့နယ်သို့ ရေလမ်းမှရောက်ရှိလာသော ဘင်္ဂါလီ ၇၀ ဦးအား စစ်ဆေးမှုပြုလုပ်

Posted: 02 Jan 2013 04:10 AM PST


မွန်ပြည်နယ် တောင်ဘက်ရှိ ရေးမြို့နယ် ပင်လယ်ကမ်းခြေရှိ အစင်ကျေးရွာအုပ်စု ရေလုပ်သားများ နေထိုင်သော ဓမင်းဆိပ်ကြီး ကျေးရွာသို့ ဘင်္ဂါလီ ၇၀ ဦး ရေလမ်းကြောင်းမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈း၃၀ နာရီအချိန်ခန့်တွင် ရောက်ရှိကာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ခိုက်ရန်ဖြစ်ပွား၍ သေဆုံးသွားသည့် အရပ်သားလူငယ်ကိစ္စ တပ်မတော်သား သုံးဦးအား ခုံရုံးဖွဲ့စစ်ဆေးမည်ဟုဆို

Posted: 02 Jan 2013 04:02 AM PST


ဟင်္သာတမြို့ ခိုက်ရန်ဖြစ်ပွားမှု တစ်ခုတွင် သေဆုံးသွားသော လူ ငယ်တစ်ဦးနှင့်ပတ်သက်၍ တပ် မတော်သားသုံးဦးအား ဖမ်းဆီး ချုပ်နှောင်ထားကြောင်း အမှတ် (၁၈)၊ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သတင်းဂျာနယ်ရှစ်စောင် နေ့စဉ်သတင်းစာထုတ်ရန် ပြင်ဆင်နေ

Posted: 02 Jan 2013 03:56 AM PST


ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ရတော့မည်ဖြစ်၍ လက်ရှိ ထုတ်ဝေနေသော သတင်းဂျာနယ် ရှစ်စောင် သတင်းစာ ထုတ်ရန် ပြင်ဆင်လျက်ရှိသည်။ သတင်း ဂျာနယ်များထဲမှ 7Day News ၊ Eleven MediaGroup ၊ မြန်မာတိုင်း(မ်)၊ Messenger ၊ Popular News ၊ The Voice၊ ရန်ကုန်တိုင်း(မ်)နှင့် ဒီလှိုင်းဂျာနယ်တို့က နေ့စဉ်သတင်းစာ ပြောင်းလဲထုတ်ဝေရန် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အစိုးရ တိုက်လေယာဉ် တစီး KIA ပစ်ချ (ရုပ်/သံ)

Posted: 02 Jan 2013 03:36 AM PST


BBC WORLD NEWS သတင်းရုပ်သံဌာန တွင် ထုတ်လွင့် ပြသသွားသော
KIA, ကချင် ဒေသ တွင် မြန်မာ အစိုးရ စစ်တပ်မှ စစ်တိုက်လေယာဉ်များဖြင့်
ဗုံးကျဲတိုက်ခိုက် နေ စဉ် စစ်မြေပြင်အတွင်းBBC သတင်း ထောက်မှ သွားရောက်
ရိုက်ကူးထား ပြီး၊KIA, မှ (1/1/2013)ရက်နေ့တွင် မြန်မာ အစိုးရ စစ်တပ်၏
စစ်တိုက် (ဂျက်)လေယာဉ်(၁)စီးအား ပစ်ချလိုက်သည့် သတင်းရုပ်သံ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ခရစ္စမတ်တေးသံတွေတိတ် ဗုံးသံတွေကြောင့် စိုးထိတ်နေသော ကချင်မြေ

Posted: 01 Jan 2013 10:30 PM PST


တစ်နှစ်နှင့် ခြောက်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ကချင် စစ်ပွဲများမှာ ယခုအချိန်ထိ တိုက်ပွဲပေါင်း
၂၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ဒဏ်ရာရ၊ သေဆုံးသူစာရင်းမှာ ထောင်ဂဏန်းခန့် ရှိလာပြီဖြစ်သည်

တောင်ကြားနယ်စပ်မြို့ လိုင်ဇာ၏ ခရစ္စမတ်မှာ သေနတ်သံများဖြင့် စတင်ခဲ့သည်။ သန်းခေါင်ယံအချိန်တွင်
တိတ်ဆိတ်သောညကို ဖြိုခွင်းလိုက်သည့် သေနတ်သံများက မြို့နှင့် ခုနစ်မိုင်သာကွာဝေးသည့် အလျှမ်းဘွမ်းတောင်ကုန်းမှဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ခရစ်တော်၏မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် ခရစ္စမတ်နေ့ ကူးပြောင်းချိန် သန်းခေါင်ယံတွင် မြန်မာနိုင်ငံအနှံ့၌ ခရစ္စမတ်တေးသံများ၊ ဆုတောင်းသံများ ညံနေသော်လည်း လိုင်ဇာမြို့တွင်တော့ သေနတ်သံများဖြင့်သာ စတင်ခဲ့သည်။

ကချင်ဘာသာဖြင့် ကဘူဂရာအီ ခရစ္စမတ်ဟု ပျော်ရွှင်စရာခရစ္စမတ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည့် အနီရောင်စာတန်းများ နေရာအနှံ့ ချိတ်ဆွဲထားသော လိုင်ဇာမြို့တွင် ခရစ္စမတ်နေ့၌ ၁၀၅ မမ၊ ၁၂၀ မမ အမြောက်ဆန်များ ကျသည့်အသံကို အကြိမ်ရေ ၅၀ ထက်မနည်း ကြားခဲ့ကြရသည်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာမှ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ပြန်လည်စတင်လာသော ကချင်ပြည်နယ်တွင်း စစ်ပွဲများမှာ ယခုဆိုလျှင် တစ်နှစ်နှင့် ခြောက်လကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလဆန်းမှစကာ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ရာ တစ်နေ့လျှင် တိုက်ပွဲအကြိမ်ရေ ပျမ်းမျှခုနစ်ကြိမ်ခန့်ဖြစ်ပွားနေပြီး လက်နက်ကြီးများ အမြောက်ဆန်များဖြင့် ခပ်စိပ်စိပ် ပစ်ခတ်နေသံများက ကချင်ပြည်နယ်လူထုကို အကြောက်ပိုစေခဲ့သည်။

တစ်နှစ်တာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကို နှစ်ကုန်ခါနီး စာရင်းချုပ်လျှင် ကချင်စစ်ပွဲများအရေးနှင့် ပတ်သက်ပါက အနုတ်လက္ခဏာ ပြလျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိုးစစ်များရပ်တန့်ထားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာပို့သည်ခဲ့သည်မှာ ယခုနှစ် ခရစ္စမတ်နေ့ဆိုလျှင် တစ်နှစ်ပြည့်မြောက်ကာ ၁၅ ရက်ပင်လွန်မြောက်ခဲ့လေပြီ ။ တိုက်ပွဲများ စတင်ချိန်မှ ခရစ္စမတ်နေ့အထိ အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲပေါင်း ၂၃၀၀ ကျော် ဆင်နွှဲခဲ့ပြီး ဖြစ်ကြောင်း ကေအိုင်အေဘက်မှပြောကြားသည်။

စစ်ရေးအရှိန်မြင့်ကာ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ကေအိုင်အေဘက်မှ ဒဏ်ရာရ၊ သေဆုံးရဲဘော်စာရင်းမှာ ၃၀၀ နီးပါးအထိ မြင့်တက်လာနေကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။ အစိုးရတပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရ၊ ကျဆုံးစာရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ထို့ထက်များသော ကိန်းဂဏန်းရှိခဲ့ပြီဟု စစ်ရေးလေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြသည်။ တိုက်ပွဲများကြား သေဆုံးမှုများတွင် နှစ်ဖက်တပ်သားများအပြင် မြေစာပင် အရပ်သားဒေသခံများလည်း ပါဝင်သည်။

ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် အထိခိုက်အကျဆုံးများသော စစ်ပွဲများရှိသော နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ မှတ်တမ်းဝင်၍လာလေပြီ။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က အောက်တိုဘာ ၂၁ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်တွင်းသတင်းထောက်များနှင့် ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် "ကေအိုင်အေစစ်သားတစ်ယောက် ဆုံးရှုံးသွားတာဟာ တိုင်းပြည်ရဲ့ဆုံးရှုံးမှုဖြစ်သလို ဗမာစစ်သားတစ်ယောက် ဆုံးရှုံးတာဟာလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

၁၉၆၁ ခုနှစ်က စတင်ကာတည်ထောင်ခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရတို့ ၁၉၉၄ ခုနှစ်
က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ၁၇ နှစ်ကြာပြီးနောက် တရုတ်နိုင်ငံနယ်စပ်တွင်ရှိသော တာပိန်ရေအားလျှပ်စစ် ထုတ်လုပ်ရေးအနီးရှိ ကေအိုင်အေတပ်များကို အစိုးရစစ်တပ်မှ စတင်ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။

တိုက်ပွဲများ ပြန်လည်စတင်ပြီး မကြာမီကတည်းကစ၍ အောက်တိုဘာလကုန်အထိ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်ရေး သဘောတူညီမှုရရန် နှစ်ဖက်အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ယနေ့အထိ မအောင်မြင်သေးဘဲ တိုက်ပွဲအကြိမ်ရေများသာ ပိုမိုတိုးပွားလာနေသည်။

ဆွေးနွေးရာတွင် မအောင်မြင်နိုင်သေးသည့် အဓိကအကြောင်းအရင်းမှာ အစိုးရဘက်မှ ဦးစွာအပစ်အခတ်ရပ်စဲလိုပြီး ကေအိုင်အိုဘက်မှ ကြိုတင်ကန့်သတ်မထားသော နိုင်ငံရေးဆွေးနွေးပွဲကို ဦးစွာဆွေးနွေးလိုကာ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု လျော့နည်းနေခြင်းဖြစ်သည်။ ထိုအချိန် ရှေ့တန်းရှိ နှစ်ဖက်တပ်များ ရှုပ်ထွေးပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွား ရာမှ အခြေအနေပိုမိုတင်းမာလာခြင်းဖြစ်သည်။

ဧပြီလကတည်းက ပြန်လည်အရှိန်မြင့်လာကာ ဆက်တိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ စဲမသွားဘဲ တိုး၍သာလာသည်။ ဧပြီမှ ယနေ့အထိ တိုက်ပွဲပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလတွင်တော့ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ထို့ကြောင့် ကချင်ပြည်နယ်သူ၊ သားများအတွက် ယခုနှစ် ဒီဇင်ဘာသည် မချိုသော ဒီဇင်ဘာအဖြစ် ကျန်ခဲ့လေပြီ ။

ထိုတိုက်ပွဲများကြောင့်ပင် ကချင်ပြည်နယ်အနှံ့တွင် စစ်ဘေးဒုက္ခသည်ပေါင်း တစ်သိန်းကျော်မှာ နေရပ်မှစွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထိုတစ်သိန်းကျော်သော စစ်ဘေးဒုက္ခသည်များတွင် ပြီးခဲ့သောနှစ် အောက်တိုဘာလကမှ စစ်ပွဲကြောင့် ဒုက္ခိတဘ၀သို့ ရောက်ခဲ့ရသော လဖိုင်ဇော်ဆန်းတစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။

ကေအိုင်အေရဲဘော် တစ်ယောက်ဖြစ်ခဲ့သော လဖိုင်ဇော်ဆန်းသည် အသက် ၃၄နှစ်အရွယ် ကလေးနှစ်ယောက်ဖခင် ဖြစ်ပြီး တိုက်ပွဲများပြင်းထန်ခဲ့သော နန့်ဆန်ယန်ဒေသအနီးတွင် မြေမြှုပ်မိုင်းနင်းမိရာမှ ဒူးဆစ်နေရာမှစကာ သူ၏ညာဘက် ခြေထောက်အောက်ပိုင်းတစ်ခုလုံး ဖြတ်တောက်ပစ်ခဲ့ရသည်။

ခြေထောက်တုတပ်ထားသော လဖိုင်ဇော်ဆန်းသည် နာမကျန်းဖြစ်နေသော ဇနီးသည်ကို အဖော်ပြုကာ ဂျယန်းဒုက္ခ သည်စခန်းတွင်းမှ ၀ါးတဲထဲတွင် သူတို့၏ ခရစ္စမတ်ချိန်ခါကို ကုန်ဆုံးနေရသည်။ ထိုနေ့မှာပင် ရဲဘော်ဘ၀က ခင်မင်လာပြီး သူကဲ့သို့ပင် မိုင်းထိထားသူတစ်ဦးလည်း တဲအတွင်းသို့ အလည်အပတ်
ရောက်နေသည်။ စစ်မှုထမ်းခဲ့ သူများဖြစ်ပြီး စစ်ရိပ်စစ်ကဲ ခတ်တတ်သူများဖြစ်သည့်အတွက် ရှိသည့် ဆန်နို့ဆီဘူးအနည်းငယ်နှင့် အ၀တ်အစားအချို့ ထုပ်ပိုးကာအသင့်ပြင်ထားရန် လဖိုင်ဇော်ဆန်းတို့မိသားစုကို ထိုဧည့်သည်က လာဆော်သြခြင်းဖြစ်သည်။

လဖိုင်ဇော်ဆန်းတို့ စစ်ဘေးခိုလှုံနေရာ ဂျယန်းစစ်ဘေးဒုက္ခသည်စခန်းမှာ လိုင်ဇာတစ်ဝိုက်တွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးစခန်းဖြစ်ပြီး လူဦးရေခုနစ်ထောင်ကျော် နေထိုင်သည်။ လွန်ခဲ့သော တစ်ပတ်ကျော်က
စခန်းမှ နာရီဝက်ခန့်သွားလျှင်ရောက်သော လဂျားယန်တွင် တိုက်ပွဲသံများ ကြားပြီးကတည်းက တိုက်ပွဲများ ဒီဘက်သို့ ရောက်လာမည်ကို စိုးရိမ်ပူပန်ခဲ့ကြောင်း လာရောက်သတိပေးသည့် ဧည့်သည်ကပြောသည်။

သူတို့၏နှစ်တဲကျော်တွင်တော့ အဒေါ်ဖြစ်သူနှင့် တူမရှစ်တန်းကျောင်းသူတို့မှာလည်း မလှမ်းမကမ်းတွင် ကျင်းပနေသော စုပေါင်းခရစ္စမတ်ဆု တောင်းပွဲသို့ပင် မသွားနိုင်အား။ အထားမှားကာ ပျောက်နေသောမှတ်ပုံတင်ကို ရှိသမျှပစ္စည်းများအကြား မွှေနှောက်ရှာဖွေနေကြသည်။ မည်သည့်အတွက် ရှာဖွေနေကြသည်ကို မပြောကြသော်လည်း သူတို့၏စိုးရိမ်ပူပန်မှုက မျက်နှာပေါ်တွင် အထင်းသား။

တောင်ကုန်းငယ်တစ်ခုတွင် အတန်းလိုက်ဆောက်ထားသော သူတို့တဲများဆီသို့ တောင်ခြေယာယီဘုရားကျောင်းမှ ခရစ္စမတ် ဆုတောင်းတေးသံများ တစ်ချက် တစ်ချက် ပျံ့လွင့်လာသည်။

သူတို့နေထိုင်ရာ စခန်းတွင် လူဦးရေ၏ထက်ဝက်ကျော်မှာ ကလေးငယ်များဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးနော်ဂျာက ပြောသည်။ ဂျယန်းစစ်ဘေးဒုက္ခသည် စခန်းမှာ လိုင်ဇာနှင့် ၇ မိုင်ကျော်သာ ကွာဝေးပြီး တရုတ်နိုင်ငံနှင့် ဂျယန်းတောင်ကျ ချောင်းတစ်ခုသာခြားသည်။

ဒီဇင်ဘာ ၂၄ ရက်ကတည်းက တင်းမာလာသော အခြေအနေများကြောင့် တရုတ်နိုင်ငံဘက်တွင် လက်နက်ကိုင် နယ်ခြားစောင့် လုံခြုံရေးရဲများ နေရာချထားပြီဖြစ်ကြောင်းလည်း နယ်စပ်ကို ဖြတ်ကာ လိုင်ဇာသို့ရောက်ရှိလာ သူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၄ ရက်မှစတင်ကာ စစ်လေယာဉ်များကို ယခင်က ရိက္ခာပို့၊ လူနာသယ်ရန်သာ အသုံးပြုခဲ့သော အစိုးရတပ်များက မီတွမ်တီဖိုးပီ အမျိုးအစား စစ်လေယာဉ်များဖြင့်ကေအိုင်အေတပ်စုစခန်းတစ်ခုကို ပစ်ခတ်ခဲ့ပြီးနောက် စစ်လေယာဉ်များကို တိုက်ပွဲများတွင် ဆက်တိုက်သုံးလာခြင်းက စစ်ဘေးဒုက္ခသည်များနှင့် ဒေသခံများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

"ဘယ်အချိန် လေယာဉ်နဲ့ စခန်းကို လာပစ်မလဲဆိုတာပဲ စိုးရိမ်နေရတယ်" ဟု လိုင်ဇာမြို့ရှိ စစ်ဘေးဒုက္ခသည် သုံးထောင် ကျော်နေထိုင်လျက်ရှိသော ၀မ်ဂျိုင်ဒုက္ခသည်စခန်းမှ အသက်၅၀အရွယ် ကချင်အမျိုးသမီး ဒေါ်လုထယ်က ခရစ္စမတ်မတိုင်မီတစ်ရက်က ပြောကြားသည်။

စစ်ရေးတင်းမာမှုများမှာ ဒီဇင်ဘာလလယ်မှ အစပျိုးခဲ့ပြီး ဒီဇင်ဘာ ၂၃ရက်နေ့ နေ့စွဲဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး လက်မှတ်ရေးထိုး ပေးပို့သော အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ရန် ဒီဇင်ဘာ၂၅ ရက်
နောက်ဆုံးထားကာ လဂျားယန်ရှိတပ်များ နောက်ဆုတ်ပေးရေး အကြောင်းကြားစာကြောင့် နှစ်ဖက်တင်းမာမှုများကို အထွတ်အထိပ်သို့ရောက်အောင် တွန်းပို့ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။

ကေအိုင်အေဘက်မှ ထိုစာကို ရာဇသံပေးသည်ဟု ထင်မြင်ယူဆကာ ယင်းတို့၏တပ်များကို ဒီဇင်ဘာ ၂၄ ရက်မှ စကာ တပ်လှန့်ထားလိုက်ပြီး လိုင်ဇာမြို့တွင်လည်း လုံခြုံရေးအခြေအနေကြောင့် ည ၉ နာရီကျော်လျှင် ညမထွက်ရအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ထိုစာမှာ တပ်များအရွှေ့အပြောင်းနှင့် တပ်လမ်းကြောင်းရှင်းရန်အတွက်ဖြစ်ကြောင်း အစိုးရဘက်မှ ပြောသည်။

ထိုနေ့ရက်များမှ စတင်ကာ ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာတစ်ဝိုက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သံများ နေ့စဉ်၊ ညစဉ်လိုလို ကြားလာရသည်။လိုင်ဇာဒေသခံများ ဗုံးခိုကျင်းများတူးကာ ပြင်ဆင်ကြသည်။

"လက်နက်ကြီးနဲ့ပစ်သံတွေ ကြားနေရတာ သုံးရက်လောက်ရှိပြီ။ အရင်မကြားဖူးတော့ စိတ်ပူတယ်။ တစ်ခါတလေ မနက်မလင်းခင် ဘုန်းခနဲကြားပြီဆို ပြန်အိပ်မပျော်တော့ဘူး" ဟု လိုင်ဇာမြို့တွင် ထမင်းဆိုင်ဖွင့်လှစ် ရောင်းချနေသော အမျိုးသမီး တစ်ဦးက ဒီဇင်ဘာ ၂၆ ရက်ညတွင် သူ၏ စားသုံးသူများကို ပြောသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ကို အဓိက လျှပ်စစ်မီးပေးဝေနေသော မလိရေအားလျှပ်စစ် ထုတ်လုပ်ရေး စခန်းကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုများကြောင့် လျှပ်စစ်တာဝါတိုင်များ ကျိုးပျက်ခဲ့ရပြီး မြစ်ကြီးနားမြို့တစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

မြစ်ကြီးနားမြို့ ဒုက္ခသည်စခန်းများအများစုတွင်လည်း ခရစ္စမတ် အချိန်အခါကို အမှောင်ထုထဲမှာပင် ကုန်ဆုံးခဲ့ကြရသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးအောင်မင်းက ရန်ကုန်မြို့တွင် ကျင်းပသော ခရစ္စ မတ်ဆုတောင်းပွဲတစ်ခု၌ "သူတို့ (ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ)တွေ နောင်နှစ် ခရစ္စမတ်ပွဲတော်ကို ငြိမ်းချမ်းစွာဆင်နွှဲနိုင်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်" ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက်အထိ ရရှိသော သတင်းများအရ အစိုးရတပ်မတော်မှ အသုံးပြုလာသည်မှာ တစ်လနီးပါးရှိပြီဖြစ်သောာစစ်လေယာဉ်များမှာ လိုင်ဇာမြို့ အပေါ်မှပင် ဖြတ်၍ပျံသန်းခဲ့သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်နေသော ဒုက္ခသည်များမှာ နေစရာမရှိအောင်ပင် ကြောက်ရွံ့နေကြသည်။

ဒီဇင်ဘာ ၂၇ ရက် နံနက်ကလည်း လဂျားယန်အနီး တွမ်ဖုန်းကျေးရွာတွင် အစိုးရစစ်တပ်မှ ပစ်လိုက်သော ၁၀၅ မမ အမြောက် ဆန်ထိမှန်သဖြင့် ဖရဲခင်းအတွင်း အလုပ်လုပ်နေသော ရွာသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦးမှာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်က ကာမိုင်း ရဲစခန်းအား ကေအိုင်အေ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် သူနာပြု ဆရာမတစ်ဦးသေဆုံးခဲ့သည်။ ထိုသို့ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်မှုများကြောင့် ပိုမိုနာကြည်းလာမှုကလည်း ပိုမိုတင်းမာလာစေသည်။

ထိုသို့ တိုက်ပွဲများအတွင်း ဒဏ်ရာရသူများကို မကြာခဏ လက်ခံဆေးကုသပေးနေရသော လိုင်ဇာဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးတူးအောင်က စစ်၏အနိဋ္ဌာရုံကို ယခုကဲ့သို့မှတ်ချက်ပြုသည်။
"စစ်ဆိုတာ ကြာလေနာလေ၊ နာလေဆိုးလေ၊ ဆိုးလေပျက်လေပဲ"

စစ်ဘေးဒုက္ခသည်ပေါင်း သုံးထောင်ကျော်၏ နေ့စဉ်ဘ၀များကို စီမံနေရသည့် ၀မ်ဂျိုင် ဒုက္ခသည်စခန်း တာဝန်ခံက သူ၏စခန်းမှ အချို့သူများသည် သူတို့ရွာများ မီးရှို့ခံရပြီး တစ်နှစ်ကျော်ကြာ ကိုယ့်အိမ်ကိုယ့်ရွာတွင် မနေရဘဲ ခုနစ်ပေပတ်လည်သာသာ သုံးထပ်သားကာ အခန်းများတွင် ကျပ်ကျပ်တည်းတည်း နေရသည်မှာ အချိန်ကြာလာ သည်နှင့် ဒုက္ခသည်များစိတ်တွင် နာကြည်းချက်များ၊ မုန်းတီးမှုများနှင့် စိတ်ဒဏ်ရာများ ရလာကြသည်ဟုပြောသည်။

"ကျွန်တော် သူတို့ကို အမြဲပြောတယ်။ ငါတို့ ဗမာတွေနဲ့ တိုက်နေတာမဟုတ်ဘူး။ မူကိုမကြိုက်လို့တိုက်နေတာ။ အခုတိုက်တယ်ဆိုတာ လက်နက်နဲ့။ အောက်ပိုင်းက ဗမာတွေဆို လက်နက်မပါဘဲ တိုက်နေကြတာဆိုပြီး အဲဒီလိုမျိုး ခဏခဏပြောတယ်" ဟု အသက် ၄၀ အရွယ် စခန်းတာဝန်ခံ ဦးဇော်မိုင်က ပြောသည်။

စစ်ပွဲများ ကာလကြာလာသည်နှင့်အမျှ စောင့်ကြည့်လေ့လာနေသူများ စိုးရိမ်ပူပန်နေသည်မှာ လူမျိုးရေး မုန်းတီးမှုများ ဖြစ်လာမည်ကိုပင်။

"ကေအိုင်အိုကလည်း ဒီဟာကို (လူမျိုးရေးမုန်းတီးမှုဖြစ်လာမည်ကို) စိုးရိမ်တယ်။ ကျွန်တော်တို့ မလိုလားဘူး" ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က လိုင်ဇာမြို့တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

စစ်ပွဲများ အချိန်ကြာမြင့်လာသည်နှင့်အမျှ ပိုမိုဒုက္ခရောက်ကြရသူများမှာ သာမန်လူထုပင်ဖြစ်ကြောင်း ကချင်အရေးကို အနီးကပ်စောင့်ကြည့်နေသူတစ်ဦးဖြစ်သည့် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းခဲ့ဖူးသော ဦးအောင်ကျော်ဇောက မှတ်ချက်ပြုသည်။

"လိုင်ဇာကို ရတာထက် ပိုဆိုးလာမှာက ကချင်လူမျိုးတွေရဲ့ နာကြည်းမှုတွေပဲ" ဟု ၎င်းက ပြောသည်။ ကချင်အရေးမှာ အစိုးရအတွက် အရေးအတကြီး ဖြေရှင်းရန်လိုအပ်လာသည့် အရေးကိစ္စတစ်ခု ဖြစ်၍လာသည်။ ဖြေရှင်း ရမည့်နည်းလမ်းကို ရှာဖွေရန် ပြည်တွင်းမှရော ပြည်ပကပါ တိုက်တွန်းနေချိန်တွင် ကချင်ပြည်နယ်တွင်တော့ တိုက်ပွဲများ အခြေအနေက စိုးရိမ်ရေမှတ်ကို ရောက်ရှိနေလေပြီ။ လိုင်ဇာမြို့ မနောကွင်းအနီး ဈေးဖွင့်လှစ်ရန် ဆောက်ထားသော ဈေးရုံများအဖြစ်မှ စစ်ဘေးဒုက္ခသည်စခန်းအဖြစ် ၂၀၁၁ ခုနှစ် ဇွန်လကတည်းက အသွင်ပြောင်းသွားသော အမှတ်(၃) ဈေးဒုက္ခသည်စခန်းတွင် နေထိုင်နေသည့် မတ်တတ်ပြေးအရွယ်နှင့် သုံးနှစ်အရွယ်ကလေးနှစ်ဦး မိခင်မအာမီက သူမ၏ ခရစ္စမတ်ဆုတောင်းကို မျှဝေခဲ့သည်။

"ကျွန်မရဲ့ခရစ္စမတ်ဆုတောင်းကတော့ ကိုယ့်အိမ် ကိုယ့်ရွာမှာလွတ်လွတ်လပ်လပ် ပြန်နေပါရစေဆိုတဲ့ဆုပါ"။ ။

ရေးသားသူ- အေးမြကျော် - 7Day News Journal

ခိုးဝင်ဘင်္ဂါလီများအား မင်းတုန်းမြို့နယ် တရားရုံးမှ ထောင်ဒဏ်များ ချမှတ်အပြစ်ပေး

Posted: 01 Jan 2013 08:22 PM PST


ရခိုင်အမျိုးသမီး တစ်ဦး၏ လမ်းပြမှုဖြင့် ခိုးဝင်လာသော ဘင်္ဂါလီများအား ၂၁.၁၂.၂၀၀၁၂ နေ့ကမင်းတုန်းမြို့၌ဖမ်းမိခဲ့ပါသည်။ ၄င်းဘင်္ဂါလီများအား မင်းတုန်းရဲစခန်း၌ ထိန်းသိမ်း စစ်ဆေးပြီး လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တရားလို ပြုလုပ်တိုင်တန်းကာ မင်းတုန်းမြို့နယ် တရားရုံး၌ တရားစွဲဆို ခဲ့ပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အဖမ်းခံရဖူးသည့် ဘင်္ဂလီတချို့ အားတွေ့ ရစဉ်။ 

လယ်အသိမ်းခံရသူတွေ ထွန်တုံး တိုက်ပွဲဝင်

Posted: 01 Jan 2013 07:55 PM PST


ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ လယ်မြေ အသိမ်းခံရတဲ့ လယ်သမားတွေက ထွန်တုံး တိုက်ပွဲဝင်ပြီး ၀င်ရောက် ထွန်ယက် စိုက်ပျိုးထားတဲ့ သီးနှံစပါးတွေ ဝေငှတဲ့ ကောက်သစ် စားပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ညောင်ပင်သာ ကျေးရွာမှာ အင်္ဂါနေ့ မနက်က လယ်သမား ၂၀၀ ကျော် စုရုံးခဲ့ကြတဲ့ ကောက်သစ်စားပွဲဟာ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လယ်ကွင်းထဲက လယ်သူမလေး

ကုလအထွေထွေညီလာခံနဲ့ မြန်မာ့လူ့အခွင့်အရေး

Posted: 01 Jan 2013 07:49 PM PST


ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မတီ က နောင်လာမယ့် အစည်းအဝေး တွေ မှာ မြန်မာ့ လူ့အခွင့်အရေး ကိစ္စ ကို ထည့်သွင်း ဆွေးနွေးတော့ မှာ မဟုတ်ဘူး လို ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ အပြုသဘော ဖြစ်ပေါ်မှုတွေ ကြောင့်လို့ ထောက်ပြထားပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တောမတ်စ် အိုဟေး ကင်တားနား

နှစ်သစ်ကူးညမှာ လူအုပ်စုကြား တိုးဝှေ့ပိသေ

Posted: 01 Jan 2013 07:42 PM PST


အိုင်ဗရီကိုးစ် နိုင်ငံမှာ လူခြောက်ဆယ် သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တဲ့ အတွက် နိုင်ငံတလွှား ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက်တာ သတ်မှတ် ကျင်းပခဲ့ပါတယ်။ နှစ်သစ်ကူး ညတုန်းက မီးရူးမီးပန်း ဖောက်ပွဲ ကျင်းပနေတုန်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ အတွက်---

သတင်း အပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူအုပ်ကြား တိုးပိ သေဆုံးသူတွေရဲ့ ကျန်ရစ်ပစ္စည်းတွေ

၂၀၁၃ အတွက် ကြိုတင် ဟောကိန်းများ

Posted: 01 Jan 2013 03:39 PM PST


ဒီ ၂၀၁၃ နှစ်သစ်မှာ မြန်မာ နိုင်ငံရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ပတ်သက်လို့ နက္ခတ် ဗေဒင် ပညာရှင် တွေက ဘယ်လို သုံးသပ် ကြပါသလဲ။ ၂၀၁၃ အတွင်း ကြုံတွေ့ လာရမယ့် မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ အဖုံဖုံနဲ့ ပတ်သက်လို့ ဆရာ စံဇာဏီဘို ကတော့ နိုင်ငံရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





အာဆီယံ အတွင်းရေးမှူးချုပ် အသစ် ခန့်အပ်

Posted: 01 Jan 2013 03:29 PM PST


အရှေ့တောင် အာရှနိုင်ငံများ အသင်း - အာဆီယံရဲ့ လက်ရှိ အတွင်းရေးမှူးချုပ် Surin Pitsuwan နေရာမှာ ဗီယက်နမ်နိုင်ငံက Le Luong Minh က ဒီကနေ့ကစပြီး တရားဝင် တာဝန် လွဲပြောင်း ရယူလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသား Mr. Pitsuwan ထံက ဗီယက်နမ် နိုင်ငံသား Le Luong Minh က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တိုက်ပွဲကြောင့် မန်းကျောက်ဝိုင်း၌ ကျောက်စိမ်းဈေးမြင့်နေ

Posted: 01 Jan 2013 03:22 PM PST


ကချင်ပြည်နယ် ဖားကန့်ဒေသ၌ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် ကျောက်မျက်တူး ဖော်ခြင်း လုပ်ငန်းများ ရပ်နားထား၍ ဈေးကွက်မှာ မြင့်တက် လျှက်ရှိကြောင်း သိရှိရသည်။ "တိုက်ပွဲတွေ ဖြစ်နေတော့ ကျောက်တူး လုပ်ငန်းတွေ ရပ်ထားရတယ်။ ရပ်နားထားတော့ အထွက် နှုန်းလည်း ကျတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဟော်မုန်းရောဂါနှင့်ပတ်သက်၍ မြောက်ဥက္ကလာဆေးရုံ၌ တက်ရောက်ကုသနိုင်

Posted: 01 Jan 2013 03:16 PM PST


ဟော်မုန်းသည်ခန္ဓာ ကိုယ်တစ်ခုလုံးနှင့် သက်ဆိုင်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၊ကိုယ်တွင်း ကလီစာတို့၏ လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ထား ခြင်းကြောင့် ခန္ဓာကိုယ် နေရာအနှံ့ အပြားတွင် ဟော်မုန်းနှင့် သက်ဆိုင်သော ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ပညာရှင်များထံက သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဟောင်ကောင်အကြီးအကဲ ရာထူးကထွက်ဖို့ တောင်းဆိုဆန္ဒပြ

Posted: 01 Jan 2013 03:09 PM PST


တရုတ်အစိုးရရဲ့ ကျောထောက် နောက်ခံနဲ့ ဟောင်ကောင်ကျွန်းကို အုပ်ချုပ်နေပြီး နာမည်ပျက် သတင်းတွေ ထွက်နေတဲ့ အမှုဆောင် အရာရှိချုပ် ရာထူးက ဆင်းပေးပြီး၊ ကိုယ်ပိုင် ခေါင်းဆောင်တွေကို ရွေးချယ် တင်မြှောက် ခွင့်ရရေး တောင်းဆိုပြီး ဟောင်ကောင် ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဟောင်ကောင်က အစိုးရဆန့်ကျင်ရေး ထောင်ချီတဲ့ ဆန္ဒပြသူများ ( ဇန်နဝါရီလ ၁၊ ၂၀၁၃။)

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသမှာ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

Posted: 01 Jan 2013 03:03 PM PST


ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော် ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူမီနီယမ် နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိ ထားတယ်လို့----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ