သစ်ထူးလွင် |
- အိမ်နီးချင်းနိုင်ငံများမှ ဒုက္ခသည်များ ဝန်ထုပ်ဝန်ပိုးပိဟု ထိုင်း ဗိုလ်ချုပ်ကြီး ပြောကြား
- ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု ဒေါ်စု ပြောကြား
- စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ်
- သမ္မတက လူထုအခြေပြု အဖွဲ့ များ နဲ့ တွေ့ ဆုံစဉ် နိဂုံးချုပ် မိန့် ခွန်း (ရုပ်/သံ)
- ဝါးခယ်မက ကျေးရွာ အုပ်ချုပ်ရေးမှူး လယ်များသိမ်းထားမှု (ရုပ်/သံ)
- ကချင်ပြည်နယ် စစ်ပွဲများ ရပ်ဆိုင်းရေး မုံ၇ွာတွင် တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်
- ဒေါ်အောင်ဆန်းစုကြည် ဖြူးမြို့သို့ရောက်ရှိစဉ် မြင်ကွင်းများ
- မုန်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ် မြင်ကွင်းများ (ဓါတ်ပုံ)
- ပြည်ပအလုပ်အကိုင်အကြောင်းပြ ငွေလိမ်မှုပေါ်ပေါက်
- EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် စက်ချွတ်ယွင်းမှုဖြစ်ပွား
- မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ မြို့မဈေး မီးလောင်မှုဖြစ်ပွါး
- SkyNet အင်တာနက်လိုင်းမှာ ဈေးနှုန်း အပြောင်းအလဲ မရှိသေး
- KIO နဲ့ ဆွေးနွေးရေး ကမ်းလှမ်း
- နိုင်ငံတကာကြက်ခြေနီ အဖွဲ့ ဥက္ကဌ မြန်မာနိုင်ငံ ခရီးစဉ်ကို ကျေနပ်အားရ
- အယ်လ်ဂျီးရီးယားက ဓာတ်ငွေ့စက်ရုံ စီးနင်းမှု ပြီးဆုံး
- ရခိုင် ပြည်နယ် တောင်ပြို နယ်စပ် လူဝင် လူထွက်များလာ
- မြန်မာပြည်အပြောင်းအလဲကို စိန်ခေါ်နေတဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်
- ကေအိုင်အိုနဲ့ မကြာခင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ်လို့ သမ္မတမျှော်လင့်
- သောက်သုံရေနှင့် မိလ္လာပြဿနာ ရခိုင်ရှိ ဒုက္ခသည်များအတွက် အဓိက ပြဿနာများ ဖြစ်လာနိုင်
- အလ်ဂျီးရီးယား စစ်တပ်က ဓာတ်ငွေ့ စက်ရုံကို ဝင်စီး
- မြန်မာမှ တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း ၅၀၀ အထိရနိုင်ဟု GE ကုမ္ပဏီ ခန့်မှန်း
- ကချင်ပြည်နယ်မှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေ
- ဖွံ့ဖြိုးရေးပြည်ပအကူအညီ သမ္မတဖိတ်ခေါ်
- ကချင်တိုက်ပွဲ အစိုးရ နဲ့ KIA ပြန်လှန်စွပ်စွဲ
- စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်
| အိမ်နီးချင်းနိုင်ငံများမှ ဒုက္ခသည်များ ဝန်ထုပ်ဝန်ပိုးပိဟု ထိုင်း ဗိုလ်ချုပ်ကြီး ပြောကြား Posted: 20 Jan 2013 06:09 AM PST နိုင်ငံခြား အလှူရှင်အဖွဲ့ အစည်းများသည် ထိုင်းသို့ အိမ်နီးချင်း နိုင်ငံများမှ ၀င်ရောက်လာသော ဒုက္ခသည်များကို ကူညီရန် လျင်မြန်စွာ ကတိပေး ခဲ့ကြသော်လည်း ကတိအတိုင်း မလုပ်ကြ သဖြင့် နောက်ဆုံးတွင် ဒုက္ခသည် ၀န်ထုပ်ဝန်ပိုးမှာ ထိုင်းနိုင်ငံ တစ်ခု ထဲပေါ်၌သာ ကျရောက် နေခဲ့တော့ကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု ဒေါ်စု ပြောကြား Posted: 20 Jan 2013 05:57 AM PST ပြည်တွင်း ငြိမ်းချမ်းရေး မတည် ငြိမ်မှုကြောင့် ပြည်သူများ ထိခိုက် နစ်နာမှုများ ရှိနေကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်း ပြည်လုံးတွင် တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပဲခူးခရီးစဉ်တွင် ပြောကြားသည်။ ၎င်း၏ ပဲခူးခရီးစဉ်တွင် ပါဝင်သော ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ဒေသခံတို့အား ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ် Posted: 20 Jan 2013 05:50 AM PST ရန်ကုန်တိုင်း ဒေသကြီး ဘုရင့်နောင် သင်္ဘော ဆိပ်ကမ်းတွင် လွန်ခဲ့သော လေးရက်ခန့်က ရန်ကုန်မှ မြိတ်သို့ ထွက်ခွာမည့် ငွေဝင်တိုး အမည်ရှိ ကုန်တင်စက် လှေကြီး တစ်စီး နစ်မြုပ်သွား ကြောင်း သိရပြီး တစုံတရာ ထိခိုက်သေကြေမှု မဖြစ်ပွား ခဲ့သော်လည်း---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| သမ္မတက လူထုအခြေပြု အဖွဲ့ များ နဲ့ တွေ့ ဆုံစဉ် နိဂုံးချုပ် မိန့် ခွန်း (ရုပ်/သံ) Posted: 20 Jan 2013 05:40 AM PST သမ္မတက လူထုအခြေပြု အဖွဲ့ များ နဲ့ တွေ့ ဆုံစဉ် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ရုံးတွင် ပြောကြားသော နိဂုံးချုပ် မိန့် ခွန်း ရိုက်ကူး - ကျော်ဇေယျာဝင်း။ တည်းဖြတ် မောင်တူး ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဝါးခယ်မက ကျေးရွာ အုပ်ချုပ်ရေးမှူး လယ်များသိမ်းထားမှု (ရုပ်/သံ) Posted: 19 Jan 2013 11:18 PM PST ဝါးခယ်မက ကျေးရွာ အုပ်ချုပ်ရေးမှူး လယ်များသိမ်းထားမှု ရွာသားများ မကျေနပ်ကြ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ဂေါ်သူသောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ ကျေးရွာ ရပ်မိရပ်ဖတွေက ရန်ကုန်မြို့က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးမှာ ဇန်န၀ါရီ ၁၉ရက်နေ့ က ထုတ်ပြောခဲ့ကြပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ ဦးသက်ဇော်နဲ့ ဦးသက်ဇော်မိသားစုဟာ ဆွေစဉ်မျိုးဆက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအဖြစ် လုပ်ဆောင်ခဲ့ကြပြီး ဦးသက်ဇော်ဟာ တောင်သူတွေအတွက် စိုက်ပျိုးစားရိတ်ချေးငွေတွေကို ကိုယ်ကျိုးအတွက် ၂နှစ်တိတိ သုံးစွဲခဲ့သူဖြစ်တဲ့အကြောင်း ဂေါ်သူသောင်ကျေးရွာက ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ သားဖွားဆရာမနဲ့ လယ်မြေသိမ်းခံရသူ ရွာသားတွေက ပြောဆိုခဲ့ပါတယ်။ Kamayut Media ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ကချင်ပြည်နယ် စစ်ပွဲများ ရပ်ဆိုင်းရေး မုံ၇ွာတွင် တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော် Posted: 19 Jan 2013 11:01 PM PST ကချင်ပြည်နယ်ရှိ ဖြစ်ပွားနေသော စစ်ပွဲများ ရပ်ဆိုင်းရေး အတွက် မုံ၇ွာမြို့ရှိပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုအောင်ထွန်းဦးမှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ -- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဒေါ်အောင်ဆန်းစုကြည် ဖြူးမြို့သို့ရောက်ရှိစဉ် မြင်ကွင်းများ Posted: 19 Jan 2013 10:50 PM PST ဖြူး၊ ဇန်နဝါရီ ၂၀။ ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော်မှ ထွက်ခွါလာခြင်းဖြစ်ကြောင်း သိရပြီး ပဲခူးတိုင်း၊ ရွှေကျင်ဒေသဘက် သို့သွားရောက်မည် ဖြစ်ကြောင်းသိရသည်။ ဖြူးမြို့ ဘိုးဘွားရိပ်သာရှေ့သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ဘိုးဘွားရိပ်သာ၏ လိုအပ်ချက်များကို မေးမြန်းရာတွင် ဘိုးဘွားရိပ်သာရှိ တာဝန်ရှိသူများက "တစ်နှစ်လုံးမှာ အလှူငွေ ၃ သိန်းလောက်ပဲရတယ်။ တကယ်လိုအပ်တာက ၁၁ သိန်းလောက် လိုအပ်တယ်" ဟုပြောကြားခဲ့ ကြောင်း သိရသည်။ ယခုအချန်တွင် ရွှေကျင် ကျောက်ကြီး လမ်းကြောင်းအတွင်းရှိ မုန်းမြို့နယ် သို့ သွားရောက်လျက်ရှိကြောင်း သိရသည်။ စူးရှ ဓါတ်ပုံ - သက်ထူး၊ မိုးလှိုင်ည၊ စူးရှ The Myanma Age | ||
| မုန်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ် မြင်ကွင်းများ (ဓါတ်ပုံ) Posted: 19 Jan 2013 10:46 PM PST မုန်း၊ ဇန်နဝါရီ ၂၀။ ယနေ့ နေ့လည် ၁၁ နာရီ ခန့်တွင် ဖြူးမြို့မှ ကျောက်ကြီးမြို့နယ် အတွင်းရှိ မုန်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မုန်းမြို့ရှိ ဒေသခံများနှင့် မိနစ် ၂၀ ခန့် မိန့်ခွန်းပြောကြား ခဲ့ကြောင်းသိရပြီး ၁ နာရီခန့်တွင် ကျောက်ကြီးမြို့သို့ ဆက်လက်ထွက်ခွါမည်ဖြစ်ကြောင်း သိရသည်။ စူးရှ ဓါတ်ပုံ - သက်ထူး၊ မိုးလှိုင်ည၊ စူးရှ The Myanma Age | ||
| ပြည်ပအလုပ်အကိုင်အကြောင်းပြ ငွေလိမ်မှုပေါ်ပေါက် Posted: 19 Jan 2013 10:33 PM PST ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက်ကျေး ရွာအုပ်စု အမှတ် (၁) ရပ်ကွက်နေ ဦးစုဝင်း (ခ) ဦးစုဝေနှင့် ၄င်း၏ ညီတော်သူ ဦးတင်အုန်းတို့က ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရရှိ မည်ဟု ညောင်လွင့်ကျေးရွာနေ ရာအိမ်မှူးဟောင်း ဦးဇော်မင်းသိန်း ထံသို့ ရောက်ရှိပြောဆိုပြီး လူငယ် များကို စုဆောင်းခဲ့ကြောင်း၊---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် စက်ချွတ်ယွင်းမှုဖြစ်ပွား Posted: 19 Jan 2013 10:16 PM PST ဇန်န၀ါရီလ ၁၈ ရက်နေ့က မြန်မာ့ လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူ ထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ် လေဆိပ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ မြို့မဈေး မီးလောင်မှုဖြစ်ပွါး Posted: 19 Jan 2013 10:09 PM PST ဇန်န၀ါရီလ ၁၉ ရက်နေ့  ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့ စက်သစ် ရပ်ကွက်ရှိ အမှတ် (၁) မြို့ မဈေးအတွင်းရှိ ပလပ်စတစ် ပစ္စည်းဆိုင် တစ်ဆိုင်၏ အပေါ်မှ ဖြတ်ကျော် သွယ်တန်းထားသော လျှပ်စစ်ဝါယာ ကြိုးရှော့ ဖြစ်ပြီး ထုတ်တန်းမှ တဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| SkyNet အင်တာနက်လိုင်းမှာ ဈေးနှုန်း အပြောင်းအလဲ မရှိသေး Posted: 19 Jan 2013 10:02 PM PST ပြည်တွင်းရှိ အင်တာနက်လိုင်းများ အနေဖြင့် ကနဦးတပ်ဆင်ခနှင့် လစဉ် ကြေးနှုန်း ထားများကို လျော့ချ လျက်ရှိရာ MPT ADSL, ရတနာပုံ ADSL, RedLink ၏ WiMax, ဖိုင်ဘာ အင်တာနက်လိုင်းများမှာ ဈေးနှုန်း လျော့ချမှုများ ရှိနေသော်လည်း SkyNet အင်တာနက်လိုင်းမှာမူ လက်ရှိအချိန်ထိ ဈေးနှုန်း အပြောင်းအလဲ မရှိသေးကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 19 Jan 2013 09:48 PM PST ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၁၈ ရက်နေ့က မြန်မာ အစိုးရ ဘက် က ဇန်နဝါရီလ ၁၉ စနေနေ့ ကစပြီး ထိုးစစ်တွေ ရပ်ဆဲ တော့မယ် ဆိုတာနဲ့ ပတ်သက်ပြီး ကြေညာခဲ့ပေမယ့် လိုက်ဇာမြို့ အနီးရှိ လဂျားယန် ဘက် မှာ နေ့လည်ပိုင်း အထိ ပစ်ခတ်မှု ရှိခဲ့ကြောင်း ကေအိုင်အေ က ပြောပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| နိုင်ငံတကာကြက်ခြေနီ အဖွဲ့ ဥက္ကဌ မြန်မာနိုင်ငံ ခရီးစဉ်ကို ကျေနပ်အားရ Posted: 19 Jan 2013 09:27 PM PST ICRC ခေါ် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ဥက္ကဌ တဦးအနေနဲ့ ပထမ ဆုံး ရောက်ရှိခဲ့တဲ့ ခရီးစဉ် အတွင်း မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အာမခံချက်တွေ ရရှိခဲ့တယ်လို့ ICRC ဥက္ကဌ Mr Peter Maurer က ပြောကြား လိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အယ်လ်ဂျီးရီးယားက ဓာတ်ငွေ့စက်ရုံ စီးနင်းမှု ပြီးဆုံး Posted: 19 Jan 2013 09:17 PM PST ဆာဟာရ သဲကန္တာရ ထဲက သဘာဝ ဓာတ်ငွေ့ စက်ရုံကို အယ်လ်ဂျီးရီးယား အထူးတပ်ဖွဲ့ တွေက စီးနင်း ရှင်းလင်း ပစ်နိုင် ခဲ့လို့ အစ္စလာမ်မစ် စစ်သွေးကြွတွေက အဲဒီ စက်ရုံကို သိမ်းပိုက် ထားမှုဟာ ပြီးဆုံး သွားပြီလို့ အယ်လ်ဂျီးရီးယားက ပြောပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ရခိုင် ပြည်နယ် တောင်ပြို နယ်စပ် လူဝင် လူထွက်များလာ Posted: 19 Jan 2013 09:10 PM PST မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ် မောင်တော မြို့နယ် မြောက်ပိုင်း တောင်ပြို(ဝဲ) နစက နယ်မြေက ဝင်ပေါက် ထွက်ပေါက် နယ်စပ် ဖြတ်ကျော်လမ်း နှစ်ခုကို ဒေသ အာဏာပိုင် နယ်မြေမှူးက စီးပွားရေး သမား နှစ်ယောက်ကို ငှားထားတဲ့ အတွက် နယ်စပ် ဖြတ်ကျော် သွားလာ နေသူ တွေရဲ့ အဝင် အထွက်များလာ တယ်လို့ သိရပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မြန်မာပြည်အပြောင်းအလဲကို စိန်ခေါ်နေတဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် Posted: 19 Jan 2013 12:54 PM PST ပွင့်လင်းခါစ မြန်မာပြည်ထဲကို ပါဝါကြီးတွေဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ အိန္ဒိယတို့ ခြေကုပ်ရဖို့ တိုးဝင်လာကြတဲ့အချိန်မှာ မြန်မာပြည်မှာ ရှိနှင့်နေတဲ့ တရုတ်ရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာအုတ်မြစ်လည်း ခနိုးခနဲ့ ဖြစ်လာတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ လောလောဆယ် အခြေခံလူထုတွေကြားထဲမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ တဖွားဖွား ပေါ်ပေါက်လာနေတာကြောင့် တရုတ်အတွက် "ဘုံ"ပျောက်မယ့် အခြေအနေတွေ အခုထက် ပိုဆိုးဖို့လည်း ရှိနေပါတယ်။ အခြေအနေကတော့ မြန်မာအစိုးရအတွက်တော့ စိန်ခေါ်မှုတရပ်ပါပဲ။ အရင်ဆုံး နိုင်ငံခြားရေး ပေါ်လစီမှာ မဇွှျှိမပဋိပဒါလမ်းကို ရွေးဖို့လိုပါတယ်။ တချိန်တည်းမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ဖုံးမရ၊ အုပ်မရ ပေါက်ကွဲထွက်မသွားဖို့ ထိန်းသိမ်းရမှာလည်း ရှိပါတယ်။ တရုတ်ပြည်ဟာ မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်သလို၊ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်နေလို့ပါပဲ။ မြန်မာပြည်မှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုခြေလှမ်းတွေ စလှမ်းနေပြီ ဖြစ်လို့ အမေရိကန်ပြည်ထောင်စုကလည်း Cobra Gold နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအနေနဲ့ တက်ဖို့ မြန်မာအရာရှိတွေကို ကမ်းလှမ်းထားပါတယ်။ အာရှပစိဖိတ်ဒေသမှာတော့ Cobra Gold စစ်ရေးလေ့ကျင့်မှုက အမေရိကန်ကြီးမှူးပြုလုပ်နေတဲ့ သက်တမ်းအရှည်ကြာဆုံးနဲ့ အင်အား အတောင့်တင်းဆုံး စစ်ရေးပူးတွဲလေ့ကျင့်မှုပါပဲ။ အမေရိကန်စစ်တပ်၊ ထိုင်းစစ်တပ်နဲ့ စင်ကာပူတို့လို အာရှဒေသက စစ်တပ်တွေ အင်အား ထောင်ချီပြီး ပူးတွဲလေ့ကျင့်ကြမယ့် အစီအစဉ်ပါ။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မှာ ကျဆုံးသွားတဲ့ အမေရိကန် လေတပ်သား ၁၂၀၀ ၀န်းကျင်ကို ရှာဖွေမယ့် အစီအစဉ်ကလည်း မကြာခင်မှာပြန်လည်စတင်ဖို့ ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ ကချင်ပြည်နယ်မှာ တရုတ်က ဆောက်လက်စ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆိုင်းငံ့ခဲ့ပါတယ်။ ဒါကို တရုတ်ဩဇာကို "ဟန့်" လိုက်တဲ့ အချက်ပေးမှုအနေနဲ့ မြင်သူတွေ ရှိသလို၊ လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း ထောက်ခံအားပေးကြပါတယ်။ မကြာခင်တုန်းကပဲ မြန်မာ စစ်တပ်နဲ့ တရုတ်ကုမ္ပဏီတို့ ပူးတွဲရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ အငြင်းပွားဖွယ် စီမံကိန်းကိစ္စမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ၀န်ကြီးတယောက်က အမှတ်တမဲ့ ဆွပေးလိုက်ပြန်ပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အနီးအနားက ဒေသခံတွေက စီမံကိန်းကြောင့် ဖယ်ပေးလိုက်ရတဲ့ သူတို့ မြေတွေကို ပိုပြီး မျှမျှတတ ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ စီမံကိန်း ဧရိယာထဲမှာ ပါနေတဲ့ သမိုင်းဝင် သာသနိက အဆောက်အဦ မဖယ်ရှားရရေးကိုလည်း လိုလားနေကြပါတယ်။ စီမံကိန်းဧရိယာထဲကို သွားကြည့်တဲ့ အချိန်မှာ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက တရုတ်က စိတ်ဆိုးသွားလို့ မဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သူပုန်ထမှုတွေကို အဆုံးသတ်သွားအောင် တရုတ်အစိုးရက ကျေးဇူးပြုခဲ့တာကို ပြန်ဖော်ခဲ့ပါတယ်။ ဒါပေမယ့် ဦးအောင်မင်းရဲ့ မှတ်ချက်ကို လက်မခံကြပါဘူး။ ပွင့်လင်းခါစ မြန်မာ မီဒီယာတွေမှာ တရုတ်ကို ခယရိုကျိုးနေရတဲ့ မြန်မာခေါင်းဆောင်တွေရဲ့အဖြစ်ကို ကာတွန်းတွေနဲ့ သရော်ကြပါတယ်။ နောက်ဆက်တွဲဖြစ်သွားတဲ့ (မနှစ် နိုဝင်ဘာ ၂၉ ရက်နေ့) ကြေးနီးစီမံကိန်းသပိတ်ကို ဖြိုခွင်းမှုမှာ တော်တော်များများ ဆိုးဆိုးရွားရွား မီးလောင်သွားပါတယ်။ သပိတ်ကို နှိမ်နင်းတဲ့နေရာမှာ အသုံးပြုတဲ့ မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေဟာ တရုတ်လုပ်တွေ ဆိုတာ ပြောကြပါတယ်။ မြန်မာပြည်ဆိုတာကလည်း ကောလာဟလတွေရဲ့ အားကောင်းတဲ့ တိုင်းပြည် မဟုတ်လား။ ဒီလိုနဲ့ သမိုင်းကြောင်းအရ တအုံနွေးနွေးရှိနေခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ တကျော့ပြန် ခေါင်းထောင်ဖို့ ဖြစ်လာပါတယ်။ ရန်ကုန်က အမည်မဖော်လိုတဲ့ နိုင်ငံရေးသုံးသပ်သူတယောက်က အီးမေးနဲ့ အခုလို ဖြေပါတယ်။ "မြန်မာပြည်မှာ တရုတ်အတွက် ဘုံပျောက်သွားတော့မယ်လို့ ပြောမယ်ဆိုရင် အခြေအနေကို လျှော့တွက်ရာ ရောက်ပါလိမ့်မယ်။ မြန်မာပြည်သူတွေက တရုတ်ကို ဘယ်လိုပဲ မနှစ်မြို့ခဲ့ပေမယ့် အစိုးရနဲ့ အစေးကပ်ခဲ့တယ်ဆိုတာကို မမေ့ပါနဲ့၊ ဒါက ကြာပါပြီ။" တရုတ်ဘက်က စိုးရိမ်နေတာကလည်း အံ့ဩစရာမရှိပါဘူး။ Yunnan နဲ့ Xiamen တက္ကသိုလ်တွေက အဖွဲ့တွေ ဒီလထဲမှာပဲ ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်၊ မြန်မာပြည်သူတွေဆီကို တရုတ်က "နိုင်ငံတကာ တာဝန်ရှိမှုထုံးတမ်း" အရ ဘယ်လို အကူအညီတွေ ပေးသင့်သလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဒီလထဲမှာပဲ တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times မှာ ဆောင်းပါးတပုဒ် ပါလာပါတယ်။ ဆောင်းပါးရှင် Yu Jincui က "တချို့ သုံးသပ်သူတွေရဲ့အဆိုအရ တရုတ်ပြည်နောက်ဖေးနားမှာ မီးလောင်နေပြီ။ မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကလည်း တဖွားဖွားပေါ်နေပြီ" လို့ ရေးသားထားပါတယ်။ ရန်ကုန်က သုံးသပ်သူကလည်း ဒါကို သဘောတူပါတယ်။ "တရုတ်ဆန့်ကျင်ရေးက တအုံနွေးနွေး ဖြစ်လာနေတယ်။ အထူးသဖြင့် လူထုအခြေပြုအဖွဲ့အစည်းတချို့နဲ့ အောက်ခြေ လူထုလှုပ်ရှားမှုတွေကနေ မြစ်ဖျားခံလာတယ်" လို့ ဆိုပါတယ်။ အစိုးရပိုင်းကတော့ လက်ပန်းတောင်းတောင် ကိစ္စမှာ ကွန်မြူနစ်တွေက နောက်ကနေ သွေးထိုးမြှောက်ပင့်ခဲ့တယ်လို့ အပြစ်ဖို့ပါတယ်။ တဖက်မှာ ရဲတွေကြောင့် အခြေအနေ ပိုဆိုးခဲ့ရတယ်ဆိုတာကိုလည်း လက်ခံပါတယ်။ အရင် စစ်အစိုးရလက်ထက်တုန်းက မြန်မာပြည်က သဘာဝသယံဇာတ ထုတ်ယူရေးမှာ တရုတ်နဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်စာတမ်းတွေ ဘယ်လောက်အထိ ရှုပ်ရှုပ်ထွေးထွေး ရှိခဲ့သလဲဆိုတာ လက်ပန်းတောင်းတောင် စီမံကိန်းက နမူနာတခုပါပဲ။ ရန်ကုန်အခြေစိုက် သုံးသပ်သူကလည်း "မြန်မာ ကွန်မြူနစ်တွေဟာ တရုတ်ဆန့်ကျင်ရေးသမားတွေဖြစ်တယ်။ မြန်မာပြည်ထဲက ကွန်မြူနစ် မြေအောက်လှုပ်ရှားမှုတွေ တကျော့ပြန် ခေါင်းထောင်လာတယ်။ လယ်သမားတွေကလည်း မွဲသထက်မွဲ၊ အလုပ်သမား သပိတ်တွေ တစခန်းထနေတာ ကောင်းတဲ့ နိမိတ်တော့ မဟုတ်ဘူး" လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ တရုတ်ရဲ့လက်ငုတ်လက်ရာတွေကတော့ အထင်အရှား ရှိနေတုန်းပါပဲ။ မနှစ်စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ မြန်မာပြည်မှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေဟာ "ယခုနှစ်ပိုင်းအတွင်းမှာ အဆတိုး အတက်ပြခဲ့ပြီး ၂၀၁၁ ခုနှစ် အတွင်း ၀င်ရောက်ခဲ့သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အားလုံး၏ ၃၄ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့သည်" လို့ ဖော်ပြထားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times ဆောင်းပါးမှာတော့ မြန်မာပြည်မှာ တရုတ်ရဲ့ နက်ရှိုင်းတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး အနှောင်အဖွဲ့တွေကြောင့် "ပထ၀ီနိုင်ငံရေးနှင့် စီးပွားရေး ဖလှယ်မှု" ရှိနေတဲ့ ဆက်ဆံရေးက အန္တရာယ်ကျရောက်နိုင်ဖွယ်မရှိလို့ နိဂုံးချုပ်ထားပါတယ်။ စင်ကာပူအခြေစိုက် အရှေ့တောင် အာရှလေ့လာရေးဌာန (Institute of Southeast Asian Studies) က အကြီးတန်းအဖွဲ့ဝင် ဒေါက်တာ Ian Storey က "တကယ်တော့ မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ဆိုတာက အမြဲတမ်း ကိန်းအောင်းနေခဲ့တာပါ၊ နှစ်နဲ့ချီပြီး တဖြည်းဖြည်းနဲ့ စုစည်းရာကနေ အခုလို အစိုးရက မီဒီယာကို လွတ်လပ်ခွင့်ပေးလိုက်တဲ့အခါမှာ ပိုပြီး ပေါ်လွင်လာတာပါ" လို့ ပြောပါတယ်။ မြန်မာအစိုးရကတော့ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ အလွန်အကျွံဖြစ်မသွားအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ချင်မှာပါလို့လည်း ဒေါက်တာ Ian Storey က ဆိုပါတယ်။ ဒါပေမယ့် Global Times ဆောင်းပါးရှင် ယူ ကတော့ တရုတ်ပြည်နယ်စပ်၊ ကချင်ပြည်နယ်မှာ စစ်ပွဲတွေရှိနေတာကိုလည်း ထောက်ပြရင်း အခြေအနေတွေ ဒီထက် ပိုရှုပ်ထွေးနိုင်တာကို သတိပေးထားပါတယ်။ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်းလောက် အိုးအိမ်တွေကနေ စွန့်ခွာခဲ့ရပါပြီ။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မြန်မာစစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်တွေကို တိုက်ခိုက်တုန်းကလည်း တရုတ်ဘက်အခြမ်းမှာ ဗုံးသုံးလုံး ကျခဲ့ပါတယ်။ "မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားဖို့ အာသီသ ပြင်းပြနေကြတဲ့ အနောက်နိုင်ငံတွေက တကယ်တော့ မြန်မာပြည်နဲ့ အိမ်နီးချင်းတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် မြန်မာပြည်တွင်းမှာ ဖရိုဖရဲဖြစ်လာခဲ့ရင် ပေါ်ပေါက်လာနိုင်တဲ့ အကျိုးဆက်တွေကိုလည်း သူတို့အတွက် ပူစရာမလိုပါဘူး။" "ဒါပေမယ့် ဒီပြဿနာတွေကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ရင် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ထိခိုက်လာနိုင်တယ်"လို့ ဆောင်းပါးရှင် ယူ က သုံးသပ်ရေးသားထားပါတယ်။ (မူရင်း၊ ၊ Anti-China sentiment a challenge for an increasingly open Myanmar By Nirmal Ghosh, The Straits Times/Asia News Network ) by နေသွင် (ဒီဗွီဘီ) | ||
| ကေအိုင်အိုနဲ့ မကြာခင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ်လို့ သမ္မတမျှော်လင့် Posted: 19 Jan 2013 12:49 PM PST ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မကြာမီ ကာလမှာ ငြိမ်းချမ်းရေး ရယူပြီး နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးမှုတွေ စတင်နိုင်ဖို့ မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန် က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ ဒီကနေ့ မနက်ပိုင်းက နေပြည်တော် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| သောက်သုံရေနှင့် မိလ္လာပြဿနာ ရခိုင်ရှိ ဒုက္ခသည်များအတွက် အဓိက ပြဿနာများ ဖြစ်လာနိုင် Posted: 19 Jan 2013 12:39 PM PST မြန်မာ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ပူနွေးသော ရာသီဥတုသို့ တဖြည်းဖြည်း ရောက်ရှိလာ သည်နှင့်အမျှ သောက်သုံးရေနှင့် မိလ္လာ ပြဿနာတို့သည် ပြည်တွင်း၌ နေရာရွှေ့ ပြောင်းနေထိုင်သူ များအတွက် အဓိက ပြဿနာများ ဖြစ်လာနိုင်ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အလ်ဂျီးရီးယား စစ်တပ်က ဓာတ်ငွေ့ စက်ရုံကို ဝင်စီး Posted: 19 Jan 2013 12:58 PM PST အလ်ဂျီးရီးယား နိုင်ငံက ဓာတ်ငွေ့ စက်ရုံမှာ အစ္စလာမ် စစ်သွေးကြွေတွေ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ နိုင်ငံခြားသား ဓားစာခံတွေ လွတ်မြောက် ရေး အတွက် အလ်ဂျီးရီးယား အထူး တပ်ဖွဲ့တွေ ကနေ စက်ရုံကို နောက်ဆုံး ဝင်ရောက် စီးနင်းခဲ့ တယ်လို့ အလ်ဂျီးရီးယား သတင်းတွေက ဆိုပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မြန်မာမှ တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း ၅၀၀ အထိရနိုင်ဟု GE ကုမ္ပဏီ ခန့်မှန်း Posted: 19 Jan 2013 12:23 PM PST အမေရိကန်မှ ဂျင်နရယ် အီလက်ထရစ် ကုမ္ပဏီ GE၏ အရှေ့တောင် အာရှဆိုင်ရာ အမှုဆောင်အရာရှိချုပ် စတူးဝပ်ဒင်းက ၎င်းတို့သည် မြန်မာတွင် လာမည့်နှစ် အနည်းငယ်အတွင်း နှစ်စဉ်ဒေါ်လာသန်း ၅၀၀ ပမာဏ အထိ ရရှိနိုင်ကြောင်း ပြောကြား လိုက်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ကချင်ပြည်နယ်မှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေ Posted: 19 Jan 2013 09:30 AM PST မကြာသေးခင်က တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် လဂျားယန် ဒေသမှာ ဒီကနေ့ မနက် ၉ နာရီကနေ နေ့လည် ၁ နာရီ လောက် အထိ အစိုးရ စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေ သေးကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO ပြောခွင့်ရ ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဖွံ့ဖြိုးရေးပြည်ပအကူအညီ သမ္မတဖိတ်ခေါ် Posted: 19 Jan 2013 09:17 AM PST လူထုရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့နဲ့ နိမ့်ကျနေတဲ့ နိုင်ငံစီးပွားရေး တိုးတက်စေဖို့ အကူအညီပေးကြဖို့ နိုင်ငံတကာက အလှူရှင် နိုင်ငံတွေကို သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ စနေနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပထမအကြိမ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ သမ္မတဦးသိန်းစိန်က အဲဒီလို တိုက်တွန်း ပြောဆိုခဲ့တာပါ။ နိုင်ငံတကာ အသိုက် အ၀န်းရဲ့ ကူညီထောက်ပံ့မှုကိုရမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အဲဒီရည်မှန်းချက်တွေကို ပိုပြီးတော့ အောင်အောင်မြင်မြင် ရနိုင်မှာ ဖြစ်တယ်လို့ ဖိုရမ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။ လူမျိုးစုတိုင်းရင်းသား ပဋိပက္ခကိစ္စကိုလည်း သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တပြေးညီ ရရှိသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဗွီအိုအေ (မြန်မာဌာန)
| ||
| ကချင်တိုက်ပွဲ အစိုးရ နဲ့ KIA ပြန်လှန်စွပ်စွဲ Posted: 19 Jan 2013 09:14 AM PST ကချင်ပြည်နယ် ဖားကန့်မြို့မှာရှိတဲ့ ရဲစခန်းတခုကို KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့တွေက ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ် လဂျားယန်ဘက်ကို မြန်မာစစ်တပ်က ဒီကနေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်နေတုန်းပဲလို့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလို အပြန်အလှန် စွပ်စွဲမှုတွေ ရှိတဲ့အကြောင်း ဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။ မြန်မာအစိုးရဘက်က ကချင်ပြည်နယ် လဂျားယန်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ ရပ်တန့်မယ်လို့ ကြေညာချက် ထုတ်ပြန်အပြီးမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတဲ့အကြောင်း နှစ်ဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုမှုတွေ ထွက်လာတာပါ။ စနေနေ့ မနက်အစောပိုင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေက ဖားကန့်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းတခုကို ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သလို ဗန်းမော်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့်လည်း လူအတော်များများ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ "ဒီနေ့မနက် ၄ နာရီခွဲ ကျော်ကျော်လောက်မှာ ဖားကန့်မြို့နယ်၊ ကာမိုင်း မြို့နယ်ခွဲ ရဲစခန်းကို KIA အင်အား ၁၀၀ လောက် ဆိုက်ပါတယ်။ ၇ နာရီ ၄၅ မှာတော့ ကျနော်တို့ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ဆုတ်ပေးလိုက်ရပါတယ်။ KIA အဖွဲ့တွေကတော့ ၉ နာရီ ၄၅ မှာ စခန်းကို မီးရှို့ပြီးတော့ ပြန်ထွက် သွားပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့က ရဲတပ်သား ၂ ယောက် ကျဆုံးပါတယ်။ ၅ ယောက် ဒဏ်ရာ ရပါတယ်။" KIA ဘက်ကရော အကျအဆုံး ရှိပါလား။ - "အဲဒါတော့ ကျနော်တို့ မသိပါဘူးခင်ဗျာ။ ဟိုမှာတော့ မကျန်ခဲ့ဘူး။ ရရင်တော့ သူတို့ဟာသူတို့ သယ်သွားမှာပေါ့။ ရဲစခန်းနဲ့ လူနေအိမ်တချို့ မီးလောင်သွားပါတယ်။ နောက်တခုက ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာပါ။ ဗန်းမော်-လွယ်ဂျယ် ကားလမ်း မိုင်နိုင် (၂၇) မှာ ဗန်းမော်ကနေ လွယ်ဂျယ်ကိုလာတဲ ခရီးသည်တင် ဗန်ကား ၂ စီးနဲ့ ဟိုင်းလက်ကား ၁ စီးကို မိုင်းခွဲ တိုက်ခိုက် ခံရပါတယ်။ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာ ရပါတယ်။ အားလုံး အရပ်သားတွေ ချည်းပါပဲ။" လုံခြုံရေးအတွက် လိုအပ်တဲ့ ကန့်သတ် ရည်မှန်းချက်တွေကို ရရှိပြီး ဖြစ်တဲ့အတွက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် မနက် ၆ နာရီက စတင်ပြီး လဂျားယန် ဒေသက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေကို ရပ်ဆိုင်းမှာ ဖြစ်တဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် အစိုးရတပ်ဖွဲ့တွေ အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရန်မှအပ စတင် ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့လည်း သမ္မတက ညွန်ကြားချက် ထုတ်ပြန်ထားတယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြ ထားတဲ့အကြောင်း ဦးရဲထွဋ်က ပြောပါတယ်။ "ကျနော်တို့က ပြောသလိုပဲဗျ။ ကျနော်တို့တပ်ကို လာမပစ်သရွေ့၊ ကျနော်တို့ စတင် ပစ်ခတ်တာ လုံးဝ မလုပ်ပါဘူး။ အဲဒီမှာဖြစ်တဲ့ တိုက်ပွဲတွေကလည်း သူတို့က လာပစ်ရင်တော့ ကျနော်တို့က ခုခံပစ်တာတော့ ရှိနိုင်တာပေါ့ဗျာ။ တကယ်ကျတော့ စပြီးတော့ ကျနော်တို့ဘက်က ရပ်ဆိုင်းပြီးနောက်မှာ တိုက်ခိုက်တာ KIA အဖွဲ့က ဖြစ်ပါတယ်။ ဖားကန့်မှာ ရဲစခန်းတခုကို ၀င်စီးသွားပါတယ်။ လွယ်ဂျယ်လမ်းမှာ ကားမိုင်းဗုံးခွဲ တိုက်ခိုက်လို့ အရပ်သား ၂၂ ယောက် ဒဏ်ရာရတာဖြစ်ပါတယ်။ အရှင်းကြီးပါပဲ၊ အစကတည်းက ကျနော်တို့က သမ္မတကြီး ထုတ်ကတည်းကိုက ကချင်ပြည်နယ်နဲ့ဖြစ်တဲ့ ပဋိပက္ခတင် မဟုတ်ပါဘူး။ ရှမ်းပြည်မြောက်ပိုင်း ကွပ်ခိုင် ဒေသတွေမှာပါ အပါအ၀င် တပ်မတော်က မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မလုပ်ရန်လို့ နဂိုကတည်းက ပြောထားပြီးသားပါ။ ဒီကြေညာချက်မှာလည်း လဂျားယန်ကို သီးခြား ရည်ညွန်း ပြောတာကတော့ လဂျားယန်မှာ အခုတလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက်ကြောင့်မိုလို့ ကျနော်တို့က လဂျားယန်မှာဖြစ်တဲ့ နယ်မြေရှင်းလင်းမှုဟာကို သီးခြား ရည်ညွန်းပြီးတော့ ပြောတာပါ။" မြန်မာအစိုးရဘက်က အဲဒီလို ကြေညာချက်၊ အမိန့်တွေ ထုတ်ပြန်ထားပေမဲ့လည်း အပစ်ရပ်မယ်လို့ ပြောထားတဲ့ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေသေးတဲ့ အကြောင်း KIA တပ်ဖွဲ့တွေနဲ့ ပူးတွဲ ပါဝင်တိုက်ခိုက်နေတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြောက်ပိုင်းနယ်မြေက နိုင်ငံရေးတာဝန်ခံ ရဲဘော် ကျော်ကျော်က ဗွီအိုအေကို ပြောပါတယ်။ "ခုနကပဲ တိုက်ပွဲဖြစ်နေတယ်။ ၁၁ နာရီနဲ့ ၃၅ မိနစ်လောက်က။ အခု မြန်မာ့တပ်မတော်က စပြီး စဖောက်တာပေါ့နော်။ ကြည်းကြောင်းတွေကို စဖောက်နေတယ်။ သူတို့ကတော့ အင်အားကတော့ အလုံးအရင်းနဲ့ သုံးနေတာပဲလေ။ သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်ပြီးတော့ ထုံးစံအတိုင်းပဲပေါ့၊ လက်နက်ငယ်နဲ့ အောက်က ပြန်ပစ်တာပေါ့။ KIA က အခုလောလောဆယ် ရှိတဲ့နေရာမှာပဲ ပြန်ပြီးတော့ ရှေ့တက်မလာအောင် တိုးမလာအောင် ကန့်ထားတာ။ ကန့်ထားတဲ့အနေအထားပေါ့ဗျာ။ လေကြောင်းအကူကတော့ ဒီနေ့ ဘာမှ မကြားရသေးဘူး။" ဇန်န၀ါရီ ၁၈ ရက်၊ သောကြာနေ့ကလည်း ဒီဒေသမှာ တိုက်ပွဲတွေ တနေကုန်နီးပါး ဖြစ်ပွားခဲ့တယ်လို့ ရဲဘော်ကျော်ကျော်က ပြောပါတယ်။ တဘက်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့တွေ တဖြည်းဖြည်းနဲ့ တိုးလာနေတာကို တွေ့ရတဲ့ အတွက် အထက်က အမိန့်ထုတ်ပြန်ထားတာနဲ့ အောက်ခြေ တပ်ဖွဲ့တွေရဲ့ လုပ်ရပ် ကွာခြားနေတယ်လို့လည်း ရဲဘော် ကျော်ကျော်က ပြောပါတယ်။ မြန်မာအစိုးရဘက်ကတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ဖြစ်ပေါ်နိုင်အောင် ဆက်လက် လုပ်ဆောင်နေတယ်လို့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ "ကျနော်တို့ကတော့ ဒါတွေ မကြေညာခင်ကလည်း ကျနော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဆက်ပြီးတော့ ကမ်းလှမ်းထားပါတယ်။ အခုလည်း ကျနော်တို့ မကြာခင်မှာ ကမ်းလှမ်းမှု ကျနော်တို့ ထပ်ပြီးတော့ လုပ်မှာပါ။ ဒီနေ့လောက်တောင်မှ ကျနော်တို့ လုပ်ဖြစ်မလား မသိသေးဘူး။" အစိုးရတပ်ဖွဲ့တွေအနေနဲ့ ကချင်ပြည်နယ် လဂျားယန်ဒေသတွေတင် သာမကပဲ ရှမ်းပြည်နယ်အပါအ၀င် တခြား တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေအားလုံးမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သလို သောင်းနဲ့ချီတဲ့ အပြစ်မဲ့ ပြည်သူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင် - ဗွီအိုအေ (မြန်မာပိုင်း)
| ||
| စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက် Posted: 19 Jan 2013 08:39 AM PST မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံခဲ့ပါတယ်။ အမျိုးသား လွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်း တင်ပို့ ရောင်းဝယ်ရေး ဆိုင်ရာ အဆိုတစ်ရပ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်သွင်းခဲ့အပြီး--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |











































