သစ်ထူးလွင်

သစ်ထူးလွင်


ဘတ်ဂျက်ချထားပေးခြင်းမရှိတော့သဖြင့် မြဧရာ ဈေးသင်္ဘောအား ပုဂ္ဂလိကသို့ လွှဲပြောင်းတော့မည်

Posted: 26 Jan 2013 07:08 AM PST

ရန်ကုန် ၊ ဇန်နဝါရီ ၊ ၂၆။

နိုင်ငံတော်မှ ဘတ်ဂျက်ချထားပေးမှုကို လာမည့် ၂ဝ၁၃/၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ ရပ်ဆိုင်းတော့မည်ဖြစ်သဖြင့် ပြည်တွင်း
ရေကြောင်းပို့ဆောင်ရေးအနေဖြင့် နှစ်စဉ်အရှုံးပေါ်နေသော
မြဧရာဈေးသင်္ဘောအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေ
တော့မည်ဟု ၎င်းဌာန၏ အထွေ အထွေမန်နေဂျာဖြစ်သူ ဦးမောင်မောင်လွင်က ပြောကြားသည်။

" လာမယ့်နှစ် ဘဏ္ဍာရေးနှစ်ကစပြီးတော့ ကျွန်တော်တို့အနေနဲ့ မိမိဌာနဝင်ငွေနဲ့ မိမိ ရပ်တည်ရတော့မှာပါ။ နိုင်ငံတော်ဘက်ဂျက်
ထဲကနေ ခွဲဝေချထားခွင့် မပေးတော့ပါဘူး"ဟု ယနေ့ ဇန်နဝါရီလ
၂၆ရက် မွန်းလွဲ ၁နာရီတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၌
ပြုလုပ်သော မြဧရာ ဈေးသင်္ဘောအား ပုဂ္ဂလိကပိုင် လွှဲပြောင်း
ပေးရေးကိစ္စ စာနယ်ဇင်းရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်း
ဖြစ်သည်။

အဆိုပါ ဈေးသင်္ဘော စတင်ပြေးဆွဲစဉ်က ခရီးသည်နှင့် ကုန်စည် ရရှိမှုများသဖြင့် ရေယာဉ်(၅)စင်း၊ တွဲ(၁ဝ)တွဲဖြင့် ပြေးဆွဲပေးခဲ့
သော်လည်း ခရီးသည်နှင့် ကုန်စည်လိုက်ပါမှုမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည့်အတွက် နှစ်စဉ်အလိုက်ဈေးသင်္ဘောစင်း
ရေနှင့် ခေါက်ရေလျော့ချ ပြေးဆွဲခဲ့ရပြီး ၂ဝဝ၅/၂ဝဝ၆ ဘဏ္ဍာ
ရေးနှစ်မှ စတင်ကာ မြဧရာသင်္ဘောနှင့် (ဘ-၈ဝဝ)တွဲ နှစ်တွဲ
ဖြင့်သာ အရှုံးခံပြေးဆွဲနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဘတ်ဂျက် မရရှိတော့သည့်အတွက် ၁၉၉၂ခုနှစ်မှစ၍
ရန်ကုန်-မန္တလေး အစုံ/အဆန် တစ်နှစ်လျှင် သုံးကြိမ် ပြေးဆွဲပေး
နေသော အဆိုပါဈေးသင်္ဘောကြီးအား ဆက်လက်အရှုံးခံပြေး
ဆွဲရန် ခက်ခဲလာသောကြောင့် ယခုလို ပုဂ္ဂလိကပိုင်အဖြစ် လွဲပြောင်း ရကြောင်း သိရ သည်။

"ဒီနှစ်မှာထူးခြားတာတွေက စက်သုံးဆီရောင်းချရမှု လျော့နည်း
လာတယ်။ ခရီးလမ်းတွေ ယာယီပိတ်တယ်။ ရေယာဉ်ကြီးတွေ
ပြေးဆွဲတဲ့နေရာ မှာ အရှုံးများလို့ ရေယဉ်ငယ်တွေနဲ့ အစားထိုး
ပြေးဆွဲရတယ်။ ဒါ့အပြင် ကချင်ပြည်နယ်ဘက်မှာ မငြိမ်သက်
တာတို့၊ ကုန်စည်စီးဆင်းမှု လျော့ နည်းလာတာတို့ကြောင့် ငှားရမ်း သင်္ဘောတွေ ငှားရမ်းရမှု လျော့နည်းလာပါတယ်။ အဲဒီလို အကြောင်းတွေကြောင့်လျာထားချက်တွေ မပြည့်မီ ခဲ့ပါဘူး။ ဝင်ငွေထက်အသုံးစရိတ်က များလာတဲ့အတွက် လာမယ့်နှစ်မှာ
ရှုံးလာနိုင်တဲ့ အနေအထားတွေ တွေ့နေရပါတယ်"ဟု ဦးမောင်မောင် လွင်က ပြောကြားသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် မြဧရာဈေးသင်္ဘော
အား တန်ဆာခစနစ်အစား ငှားရမ်းစနစ်အဖြစ် ပြောင်းလဲလုပ်
ဆောင်ပါက တစ်နှစ်လျှင် အမြတ်ငွေ ကျပ်သိန်း(၃ဝဝ)ကျော်
ရရှိမည်ဖြစ်ပြီး ထိုသို့ ပုဂ္ဂလိကပိုင် လုပ်ဆောင်ရန်အတွက် ၁၉၉၂ခုနှစ်မှစတင်ကာ နှစ်ပေါင်း (၂ဝ)ကျော် ဈေးရာင်းချနေ
သော ဈေးဆိုင်ခန်း(၆ဝ)မှာမူ သင်္ဘောပေါ်မှ ဖယ်ရှားပေးရမည်
ဖြစ်ကြောင်း သိရသည်။

ထက်နောင်နောင် - The Myanma Age


ဧရာဝတီ မြစ်ကမ်းပါး ပြိုကြမှုကြောင့် အိမ်ခြေ ၁၆၀ ကျော် ရွှေ့ပြောင်းနေရ (ရုပ်/သံ)

Posted: 26 Jan 2013 07:03 AM PST

ဧရာဝတီ မြစ်ကမ်းပါး ပြိုကြမှုကြောင့် တိုက်ကြီးမြို့နယ်ထဲက အိမ်ခြေ ၁၆၀ ကျော် ရွှေ့ပြောင်းနေရပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် East-West Center မိန့် ခွန်း(ရုပ်/သံ)

Posted: 26 Jan 2013 06:57 AM PST

အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီ ပြည်နယ် East-West Center မှာ ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (ရုပ်/သံ)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


 ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်အီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး (Photos Courtesy of Pillars of Peace)








ခါယာဘွမ်ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်

Posted: 26 Jan 2013 06:47 AM PST

ကချင်လွတ်မြောက်တပ်မတော် ကေအိုင်အေဌာနချုပ် လိုင်ဇာအနီးက စစ်ရေးအရ အချက်အခြာ ကျတဲ့ ခါယာဘွမ်ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

မြန်မာတပ်မတော်က သိမ်းပိုက်လိုက်တဲ့ ခါယာဘွမ်ကုန်းဟာ ကေအိုင်အေဌာနချုပ် လိုင်ဇာနဲ့ တစ်မိုင် ပတ်ဝန်ကျင်သာ ကွာဝေးပြီး အဲဒီတောင်ကုန်းဟာ လိုင်ဇာ အနီးတ၀ိုက်မှာ အမြင့်ဆုံးတောင်ဖြစ်သလို စစ်ရေးအရ အချက်အခြာကျပုံ၊ မြန်မာတပ်မတော်က လေကြောင်းပစ်ကူးမယူတော့ပဲ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပြီးသိမ်းယူသွားတယ်လို့ ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်း ဗိုလ်မှုးအောင်ဆွေဦးက ရှင်းပြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ခါယာဘွမ်ကုန်း သိမ်းယူတဲ့အပေါ် မေးမြန်းရာမှာ သိမ်းလိုက်တယ်ဆိုတဲ့သတင်းမရဘူး အဲဒီနေရာမှာ သူတို့နဲ့ ကပ်နေတဲ့တောင်ကုန်းမှာရှိတဲ့ တပ်မတော် တပ်ဖွဲ့များကို လက်နက်ကြီးနဲ့ပစ်တာရှိလို့ မနေ့က နဲ့ ဒီနေ့ မနက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေ တယ်လို့ပဲ သိပါတယ်လို့ စာရေး အကြောင်းပြန်ပါတယ်။

DVB


နိုင်ငံခြားမှ တင်သွင်းသောကားများကို အခွန်ပုံစံအသစ်ဖြင့် အနာဂတ်တွင်ကောက်ခံမည်

Posted: 26 Jan 2013 06:38 AM PST

နိုင်ငံခြားမှတင်သွင်းသောကားများကို အကောက်ခွန်ဌာနမှ
အနာဂတ်တွင် အကောက်ခွန်ကောက်ခံမှု ပုံစံအသစ်ဖြင့်
ကျင့်သုံးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အကောက်ခွန်ဌာနမှ အနာဂတ်တွင် ကားရောင်းသူနှင့်
ဝယ်သူနှစ်ဖက်စလုံးမှ ကားတန်ဖိုးစာရင်းမှန်ကို ဖော်ပြရ
မည်ဖြစ်သည်။ အကောက် ခွန်ဌာနမှ တင်ပြသောကား
တန်ဖိုးမှာ ပြင်ပပေါက်ဈေးတွင် မှန်ကန်မှုရှိမရှိကို စစ်ဆေး
မှုများပြုလုပ်ပြီး မှန်ကန်မှုမရှိလျှင် အရေးယူမှု ဆောင်ရွက်မည့် ပုံစံဖြစ်ကြောင်း အကောက်ခွန်ဌာန ထုတ်ကုန်သွင်းကုန်
ကြီးကြပ်ရေးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေက
ဇန်နဝါရီလ ၂၆ရက်နတွင် အကောက် ခွန်ဦးစီးဌာန၌ ကျင်းပ
ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင်
ပြောကြားသည်။

"ကားရောင်းသူကလည်း မညာတမ်း ကားဝယ်သူကလည်း
မလိမ်တမ်း အမှန်တကယ် အရောင်းအဝယ်ဖြစ်တဲ့ တန်ဖိုး
ကိုပြမှ အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါ
တယ်။ ကားတန်ဖိုးကို အမှန်တကယ်ပြလား မပြလားဆိုတာ ကို ပြင်ပမှာပေါက်တဲ့ ပေါက်ဈေးနဲ့ ညီမညီကို နောက်ပိုင်းမှာ စာရင်းစစ်တဲ့သူတွေနဲ့ လိုက်စစ်မယ်။"ဟု ဦးဆောင်ညွှန်ကြား
ရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

လက်ရှိတွင် ထိုစနစ်ကိုကျင့်သုံးနိုင်ခြင်းမရှိသေးခြင်းမှာ အကောက်ခွန်စည်းကြပ်မှုနှင့် ပတ်သတ်သော စည်းမျဉ်း များကို ပြင်ဆင်မှု ပြုလုပ်နေ ခြင်း ကြောင့် ဖြစ်ကြောင်း၊
ပြင်ဆင်မှုပြီးစီးပါက Expoter ၊ Importerများအနေဖြင့်
တန်ဖိုးအမှန်ကို တင်ပြရန် လိုအပ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age


လှိုင်မြို့နယ် သံလမ်းမှတ်တိုင်တွင် ၁၂၄ မြောက်ပိုင်းခရိုင်အထူးယာဉ်လိုင်းမှ အမျိုးသမီးတစ်ဦးကိုတိုက်မိခဲ့

Posted: 26 Jan 2013 06:35 AM PST

လှိုင်မြိုင်နယ် သံလမ်းမှတ်တိုင်တွင် ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က ၁၂၄ မြောက်ပိုင်း ခရိုင်အထူးယာဉ်လိုင်းတစ်စီးမှ လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦးအား ယာဉ်တိုက် မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယာဉ်တိုက်ခံရသူ အမျိုးသမီး၏ နေထိုင်ရာလိပ်စာကို လှိုင်ရတနာအိမ်ရာမှ ရာအိမ်မှူးဦးမောင်မောင်ညွန့်နှင့် တာဝန်ရှိသူများက စုံစမ်းလျက်ရှိပြီး ယာဉ်မောင်းကို လှိုင် ရဲစခန်းရှိ တာဝန်ရှိသူမှ လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ၁၂၄ မော်တော်ယာဉ်အား ယာဉ်တိုက်မှုဖြစ်သည့်နေရာတွင်
ရပ်ထားပြီး ယာဉ်ပိုင်ရှင် အား ခေါ်ဆောင်ထားကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal


သံသုမာအားကစားကွင်းရှေ့ ဓာတ်ဆီဆိုင်ဆောက်လုပ်မှု ညှိနှိုင်း

Posted: 26 Jan 2013 06:34 AM PST

တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းရှေ့တွင် Max Myanmar ကုမ္ပဏီပိုင် ဓာတ်ဆီဆိုင် တည်ဆောက်ခြင်းကြောင့် မြင်ကွင်းကွယ်၍ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် ဦးဆောင်ပြီး ရပ်ကွက်နေ လူထုအချို့က ဆန္ဒပြရန် စီစဉ်ထားမှုမှာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် လာရောက်ညှိနှိုင်းရာ ပြေလည်မှုရရှိသွားကြောင်း သတင်းရရှိသည်။

 ဇန်န၀ါရီ ၂၆ ရက်က အဆိုပါမြို့နယ် (၁၃)ရပ်ကွက်ရှိ အောင်မြေလူထုဓမ္မာရုံတွင် ရပ်မိရပ်ဖများနှင့် ဦးဇော်ဇော်က တွေ့ဆုံခဲ့ရာတွင် ရပ်ကွက်မှ တောင်းဆိုသော အချက်ငါးချက်ကို လိုက်လျောပြီးနောက် ပြေလည်မှုရရှိသွားခြင်းဖြစ်သည်။

သံသုမာအားကစားကွင်းအား အဆင့်မြှင့်တင်ရန် ငွေကျပ်သိန်းသုံးရာ မတည်ပေးခြင်း၊ သင်တန်းကျောင်းငယ်တစ်ခု တည်ဆောက်ပေးခြင်း၊ သံသုမာလမ်းမဘက်မှ အ၀င်တံတားလမ်းတစ်ခု ပြုပြင်ပေးခြင်း၊ ကရုဏာ(၅)လမ်းနှင့် (၆)လမ်းကြားရှိ ဖူဆယ်ကွင်းပြုပြင်ရန် ကျပ်သိန်းသုံးဆယ် မတည်ပေးခြင်း၊ ရပ်ကွက်သာရေးနာရေး လူမှုရေးလုပ်ငန်းများအတွက် ငွေပဒေသာပင် မတည်ပေးခြင်း စသည့်အချက်များကို ရပ်ကွက်ဘက်မှ တောင်းဆိုခဲ့ပြီး ဦးဇော်ဇော်မှ လိုက်လျောပေးခဲ့ခြင်းဖြစ်သည်။

 မူလက အထက်ပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ဦးဆောင်၍ ဇန်န၀ါရီ ၂၇ ရက်တွင် ဆန္ဒဖော်ထုတ်ရန် တရားဝင်ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။

7 Days


ဘူးသီးတောင်၊ မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများ ဆန္ဒပြမည်ဟူသော သတင်းများထွက်ပေါ်

Posted: 26 Jan 2013 06:32 AM PST

ဘူးသီးတောင်နှင့် မောင်းတော တစ်လျှောက်ရှိ ဘင်္ဂါလီများသည်
၎င်းတို့အနေဖြင့် ဗလီတက်ခွင့်မရခြင်း၊ ဆောက်လုပ်ခွင့်မရခြင်းနှင့် ပတ်သက်၍ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း
မောင်းတော ဒေသခံများက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယမန်နေ့က ဆန္ဒမည်ဆိုသော သတင်းကြောင့် ရခိုင်လူမျိုးများနှင့်
ဘင်္ဂါလီလူမျိုးတို့အကြား သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ လုံခြုံရေး တင်ကျပ်စွာချထားကြောင်း မောင်းတောဒေသခံ ကိုကျော်ကျော်က
ပြောကြားသည်။

"မနေ့က နွားတွေသတ်ပြီး စားကြတယ်။ သူတို့က ဆန္ဒပြမယ်လို့
ကြားနေရတာ တစ်ပါတ်လောက်ရှိပြီ။ အဲဒီမှာတော့ အာဏာပိုင်
တွေက လုံခြုံရေးတင်းကျပ်ထားတယ်" ဟု ၎င်းကြားသိရသော သတင်းအား ပြောကြားသည်။

အဆိုပါ ဆန္ဒပြမည့် အကြောင်းအရာနှင့်ဆက်လျဉ်း၍ စစ်တွေ
မြို့ရှိ ဝံလက် ဖောင်ဒေးရှင်းမှ ဦးသိန်းထွန်းအေးက "ဘင်္ဂါလီ
တွေက သူတို့ဘင်္ဂလီအရေးကို ကမ္ဘာက သိအောင် လှုံဆော်
နေတယ်" ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

"ဒီလိုမျိုး ဘာသာရေးကို အကြောင်းပြပြီး အစွန်းရောက်အဖွဲ့
တွေက ဘာမှ နားမလည်တဲ့သူတွေကို လှုံဆော်ပြီး နိုင်ငံဆူပူ
အောင်လုပ်နေတာ" စစ်တွေပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောကြားသည်။

ကြာသပတေးနေ့က မောင်းတောမြို့၊ တောင်ဘက်ရှိ ပန်းတော်ပြင်
ကျေးရွာ၌ ဘင်္ဂါလီများက ၎င်းတို့၏ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအား
မီးရှို့လိုက်ကြောင်းသိရသည်ဟု မောင်းတော ဒေသခံ ဦးအောင်
ကျော်ညွှန့်က ဆိုသည်။

"သူတို့အချင်းချင်း အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ရှိုတာလို့
ကြားထားတယ်၊ တချို့ကလည်း မီးဖိုကနေ မီးလောင်တယ်လို့
ပြောတယ်" ဟု ဆိုသည်။

၎င်းကပင် ယမန်နေ့က နယ်စပ်စည်းအတွက် ခြံစည်းရိုးခတ်နေ
သောအင်ဂျင်နီယာတပ်၏ ကျောက်သယ်ကား တစ်စီးအား
ဘင်္ဂါလီများက မီးရှို့လိုက်သည်ဟုလည်း ကြားသိထားကြောင်း ထပ်မံပြောကြားသည်။

စူးရှ
ဓာတ်ပုံ - စူးရှ
The Myanma Age


အုပ်ချူပ်ရေးမှူးက လူငယ်တစ်ဦးကို ရိုက်နှက်ထိုးကြိတ်ပြီး တရားစွဲဆို

Posted: 26 Jan 2013 12:22 AM PST

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ ကပအုပ်စု၊ ကတန်ရွာတွင်(၂၁-၁၂-၂၀၁၂) ရက်နေ့ည(၀၈း၃၀)နာရီခန့်က မောင်ဟိန်းထက်ဇော် (မှတ်ပုံတင် အမှတ်၊ ၆/ကစန(နိုင်) ၀၇၇၂၁၁(ပထ၀ီ) နောက်ဆုံးနှစ်)နှင့် မောင်လင်း တို့နှစ်ဦးကို ရွာအလယ်မှာ အုပ်ချူပ်ရေးမှူး ဦးမောင်ထိန်နှင့် ၄င်း၏ ယောက်ဖဦးသားတုတ်  တို့က  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရိုက်နှက်ခံရသူ မောင်ဟိန်းထက်ဇော်

မိတ္ထီလာ အမြှောက်တပ်မှ လက်အောက်ငယ်သားများအပေါ် အနိုင်ထက်ပြုကျင့်နေခြင်း

Posted: 26 Jan 2013 12:05 AM PST

မိတ္ထီလာမြို့ အမှတ် ၃၂ဝ အမြှောက်တပ် (ကမမ ညွှန်ကြားရေးမှူးရုံး) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဟန်မင်းလှိုင် (၄၃)နှစ်သည် တပ်တွင်းရှိ လက်အောက်ငယ်သားများ အပေါ်တွင် မတရားနိုင့်ထက်စီးနင်း အနိုင်ကျင့် နှိပ်စက်မှုများ ဖြစ်ပေါ်နေပါ၍ သက်ဆိုင်ရာ လူကြီးများက စစ်ဆေးအရေးယူ
ပေးပါရန် တပ်တွင်းမိသားစုများက ဆန္ဒရှိနေကြပါသည်။

၎င်း၏မတရားနှိပ်စက်မှုများမှာ

(၁) ၁၂.၁၁.၂ဝ၁၂. ရက်နေ့က တပ်သားအောင်ဇေယျာထွေးကို နံက်(၉)နာရီအချိန်
သူ့အိမ်ရှေ့မှာဘဲ တပ်ရင်းမှူး ကိုယ်တိုင် အပြစ်ပေးရိုက်နှက်မှုကို
ပြုလုပ်ခဲ့ပါတယ်။ တပ်သားအောင်ဇေယျာထွေးဟာ သူ့အမရှိတဲ့ မြင်းခြံမြို့ကို
ပိုက်ဆံသွားတောင်းရာမှာ ခွင့်မဲ့ပျက်ကွက်တာ ၃-၇က်ကြာသွားလို့ ပြန်လာတော့
ရိုက်နှက်ခံရတာလို့ သိရပါ တယ်။

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဟန်မင်းလှိုင် ကိုယ်တိုင်က = အချက် ၂ဝ
တပ်ရေးဗိုလ်ကြီး ကျော်ဖြိုးဝေကို ရိုက်ခိုင်းတာက           = ၁ဝချက်
တပ်ရင်းအရာခံဗိုလ် ဒုအရာခံဗိုလ်အောင်ထူးက             = ၅ချက်
ကင်းမှူး တပ်ကြပ်ကြီး မောင်မောင်နိုင်ရိုက်တာက           = ၅ချက်
စုစုပေါင်း အချက်(၄ဝ) ရိုက်နှက်ပြီး တပ်ရင်းအချုပ်ထဲကို ထည့်ထားခဲ့ပါတယ်။

(၂) စစ်သားစုဆောင်းရေးတာဝန်ယူနေရတဲ့ ဗိုလ်ရွှေတိုးသွင်ကို တပ်ပြန်ရောက်တာ
သတင်းမပို့လို့ အချက်(၅ဝ) ရိုက်ပါတယ်။ ဗိုလ်ရွှေတိုးသွင်ပြန်ရောက်နေတာကို
မပြောလို့ဆိုပြီး ဗိုလ်အောင်မြင့်သိန်းကို ၇-ချက် ။ ဗိုလ်ဇော်ထက်နိုင်ကို
၅-ချက် ရိုက်နှက်ခဲ့ပါတယ်။ ဒါဟာ တပ်ရင်းမှူး ဟန်မင်းလှိုင်
ကိုယ်တိုင်ရိုက်နှက်ခဲ့တာ ဖြစ်တယ်။

(၃) ၂ဝ၁၂ ခု ၈-လပိုင်း ၂၆ ၊၂၇ ရက်နေ့လောက်ကတော့  ဖုံးအိပ်ချိန်းရဲဘော်
တပ်သားဇော်လင်းထွန်းကို သတင်းပို့တာမှားလို့ ၃-ချက်ရိုက်တာခံ၇ပါတယ်။
ဒီ အမှတ် ၃၂ဝ အမြှောက်တပ်မှာ
-       တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး ဟန်မင်းလှိုင်
-       ဒုတပ်ရင်းမှူးက ဗိုလ်မှူး ကျော်မိုးနိုင်
-       တပ်ရေးဗိုလ်ကြီးက ဗိုလ်ကြီးကျော်ဖြိုးဝေ
-       သင်တန်းမှူး  ဗိုလ်ကြီး ခန့်ကျော်ထွန်း
-       အထွေထွေအရာရှိ  ဗိုလ်ကြီး အောင်မျိုးဟန်
-       အထွေထွေအရာရှိ  ဗိုလ်ကြီး ရဲထွန်းဦး
-       တပ်ထောက်ဗိုလ်ကြီး ဗိုလ်ကြီးသိန်းစိုး
-       ဗိုလ်အောင်မြင့်သိန်း ၊ ဗိုလ်ဇော်ထက်နိုင် ၊ ဗိုလ်ရွှေတိုးသွင်
-       ဒုဗိုလ် ရဲတင့်ထူး ၊ ဒုဗိုလ် ဇွဲရန်နိုင်
-       တပ်ရင်းအရာခံဗိုလ်(ဒုအရာခံဗိုလ်)အောင်ထူး
-       ခွဲတပ်ကြပ်ကြီး ၄-ယောက်
-       တပ်ကြပ်ကြီး ၃၇-ယောက်
-       တပ်ကြပ် ၂-ယောက်
-       ဒုတပ်ကြပ် ၂-ယောက်
-       တပ်သား ၃၅-ယောက်

               အိမ်ထောင်စုက ၄၇-စု ရှိနေတဲ့ အထက်ကဖေါ်ပြထားတဲ့
မိတ္ထီလာမြို့က တပ်ပေါင်း ၃ဝကျော်ထဲကမှ အမှတ်၃၂ဝ အမြှောက်တပ်ဟာ
အလွန်အမင်းဆိုးရွားလှတဲ့ တပ်ရင်းမှူးရဲ့အောက်မှာ တပ်မိသားစုအားလုံး
စိတ်ဆင်းရဲ သောကရောက်နေကြရပါတယ်။ တပ်ရင်းမှူးဟာ သေသေချာချာ ကျကျနနကို
လက်သံပြောင်ပြောင်နဲ့ ရိုက်နှက်နေပါသတဲ့။

Kaung Myat Lay


ရခိုင်နယ်စပ်တွင် ဂျီအီးတပ်ဖွဲ့ ဒုတိယ အကြိမ် တိုက်ခိုက်ခံရပြီး ကားပါမီးရှို့ခံရ

Posted: 25 Jan 2013 11:57 PM PST

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင်  ခြံစည်းရိုး ကာရံ နေသော ဂျီအီး တပ်ဖွဲ့ဝင်များကို ယခုလ ၂၄ ရက်နေ့က အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး ကားတစ်စီး အားလည်း မီးရှို့သွားခဲ့သည်ဟု  သတင်း ရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင်နယ်စပ်တွင် ခြံစည်းရိုးကာနေစဉ်။

အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ကလေးများ အတွက် လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာ ဖွင့်လှစ်

Posted: 25 Jan 2013 11:48 PM PST

ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီး ဖြစ်သော အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ဝေဒနာသည် ကလေးငယ်များနှင့် ယင်းရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှု ခံစားနေ ရသော ကလေးငယ်များ အတွက် နွေးထွေးသည့် သီးသန့်ဂေဟာ တစ်ခုဖြစ် သော သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာ
ကို ဇန်န၀ါရီလ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါဂေဟာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံ မိဘမဲ့ကလေးငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် နေထိုင်ကြီးပြင်းသွားနိုင်ကြစေရန်ဖြစ်ကြောင်း မန္တလေးသုခရိပ်မြုံ ပရဟိတဂေဟာ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုလေးက
ပြောသည်။

"ဒီဂေဟာမှာ အသက်တစ်နှစ်ခွဲက နေ ၁၂ နှစ်ထိရှိတဲ့ကလေးတွေကို
မိဘ ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ စာချုပ် စာတန်းနဲ့ အပြီးအပိုင်
မွေးစားပါတယ်။တစ်ပတ်တစ်ခါ အိမ်ကိုပြန်တာမျိုးလည်း လက်မခံပါဘူး။ အသက်တစ်နှစ်ခွဲ အောက် ကလေးတွေကိုလည်း လက်မခံပါဘူး။
ကလေးကသိပ်ငယ်လွန်းရင် အလုပ်လည်းပိုလာနိုင်ပါတယ်။နောက်ပြီး
အသက် ၁၂ကျော်တဲ့ကလေး တွေကလည်း အပြင်ကမကောင်းတဲ့ အကျင့်တွေပါလာနိုင်ပြီး ဒီမှာရှိတဲ့ကလေးတွေကို အဲဒီအကျင့်စရိုက်တွေ
ကူးစက်နိုင်တဲ့အတွက် လက်မခံပါဘူး "ဟု ၎င်းကဆိုသည်။

သုခရိပ်မြုံဂေဟာက လက်ခံစောင့်ရှောက်ပေးမည့် ကလေးများမှာ အမိ၊ အဖနှစ်ဦးစလုံးမရှိတော့သည့် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသည့်
ကလေး ငယ်များ၊ အမိ (သို့) အဖတစ်ဦးရှိသော်လည်း ကိုယ်တိုင်ဝေဒနာ
ခံစားနေရ သောကြောင့် ကလေးငယ်အားစောင့် ရှောက်ရန်
အခြေအနေမရှိသည့် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံနေရသည့် ကလေးငယ်များနှင့် အခြေအနေအရပြုစုစောင့် ရှောက်ရန် လိုအပ်နေသည့် ရောဂါသည် ကလေးငယ်များဖြစ်ကြောင်းသိရသည်။

"ဒီဂေဟာမှာ ရှိတဲ့ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း ဆရာ၊ ဆရာမတွေထားပြီးသင်ကြားပေးမှာပါ။ အနုပညာရပ်တွေ၊ လက်မှုပညာတွေကို သင်ကြားပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ကျောင်းမှာရှိနေတဲ့ကလေး တွေရဲ့စာသင်ချိန်၊ အိပ်ချိန်နဲ့ ကစားချိန် တွေကို
စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ကလေးငယ်များ စိတ်အပန်းပြေစေ ရန်၊ ပြည်သူအများနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်တတ်စေရန် အခြေအနေ များဖန်တီးပေးခြင်းနှင့် ပြင်ပခရီးစဉ်များ စီစဉ်ပို့ဆောင်ပေးခြင်းများကိုလည်းဆောင်ရွက်သွားမည်ဖြစ်သည်။

သုခရိပ်မြုံဂေဟာသည် ၂၀၁၂ ဒီဇင် ဘာ ၃၁ ရက်နေ့အထိ အလှူငွေကျပ် ၈၁၃ သိန်း လက်ခံရရှိပြီးဖြစ်သည်။ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၌ လက်ရှိတွင်မိဘမဲ့ အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ဝေဒနာသည် ကလေး ၁၁ ဦးရှိ နေကြောင်းနှင့် ယင်းဂေဟာမှာ ပြည်ကြီး တံခွန်မြို့
နယ်၊ ဘုံပျံတောရ၊ မြ၀တီမင်းကြီး တိုက်အတွင်းတွင် တည်ရှိကြောင်း သိရသည်။

ရွှေဝါလွင်
Myanmar Times

မင်္ဂလာဒုံတွင် ရပ်ကွက်တွင်း နေအိမ်တစ်ခု ကျူးကျော်မြေဟုဆိုကာ ဖျတ်ဆီး

Posted: 25 Jan 2013 11:42 PM PST

ရန်ကုန်မြို့၊ မင်္ဂလာဒုံ မြို့နယ်တွင်း နေအိမ်တစ်ခုအား သက်ဆိုင်ရာမှ ဖြိုခွင်းခဲ့ကြောင်း ဖြိုခွင်း ခံရသော နေအိမ်ပိုင်ရှင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။ ဖြိုဖျတ်ခြင်း ခံရသော နေအိမ်သည် မင်္ဂလာဒုံမြို့နယ်၊ ဗဟိုလမ်း ၊မြသီတာ ရပ်ကွက်တွင် ဖြစ်ကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




(ICRC) ဥက္ကဌ ပြည်အကျဉ်းထောင်သို့ သွားရောက်လေ့လာခဲ့

Posted: 25 Jan 2013 11:29 PM PST

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဌ Mr. Peter Maurer ဦးဆောင်သည့် အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် ရောက်ရှိလာသည့် ခရီးစဉ်အတွင်း အကျဉ်း ဦးစီးဌာန
လက်အောက်ရှိ ပြည်အကျဉ်းထောင်သို့ သွားရောက် လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mr. Peter Maurer ဦးဆောင်သည့်အဖွဲ့ ပြည်အကျဉ်းထောင်သို့ လာရောက်လေ့လာစဉ်။ ဓါတ်ပုံ - Eleven Media Group

အမေရိ ကန်သံရုံးက ဘားမား ဟု သုံးစွဲ ခဲ့ခြင်း အပေါ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြင်းထန်စွာ ကန်.ကွက်

Posted: 25 Jan 2013 11:17 PM PST

အမေရိကန် သံရုံး၏ ဇန်န၀ါရီ၂၄ရက်နေ.တွင် ထုတ်ပြန်ခဲ့သော ကချင် ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဠိပက္ခများနှင့် ပတ်သက်သော ကြေငြာချက်တွင် မြန်မာ  နိုင်ငံတော်အား ဘားမား(Burma,Burmese Government ,Burmese Military)ဟု သုံးစွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဟင်းသီးဟင်းရွက်များ၌ အဆိပ်ပါသည်ဟု ရခိုင်၌ သတင်းများ ပြန်လည်ထွက်ပေါ်

Posted: 25 Jan 2013 10:58 PM PST

စစ်တွေ မြို့နယ်အတွင်းမှ  ဟင်းသီး ဟင်းရွက်များတွင် အဆိပ်များ ပါဝင်နေသည်ဟု ထွက်ပေါ်ခဲ့သည့် သတင်းများမှာ ကောလဟာလ သာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါ အဆိပ်သတင်းမှာ ထပ်မံထွက် ပေါ်နေကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မော်လိုက်မြို့တွင် တံတားဖြတ်ကူးစဉ် တံတားကျိုး၍ ယာဉ်တိမ်းမှောက်မှုဖြစ်

Posted: 25 Jan 2013 10:49 PM PST

မော်လိုက် ဇန်နဝါရီ ၂၄

မုံရွာမှ နန်တောသို့ ပြေးဆွဲနေသော ရွှေမြန်မာ အဝေးပြေးယာဉ် ၄ခ/ ၅၉၃၄ သည် ဇန်နဝါရီလ ၂၄ ရက် နေ့လည် ၁၂နာရီ ၃၀တွင် ကလေးဝမြို့မှ အထွက် မော်လိုက်မြို့ အနီး မိုင်တိုင် အမှတ် ၂/၆ ရှိ ညောင်ချောင်းတံတားအား ဖြတ်ကူးစဉ် တံတား ကြို၍ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသော ခရီးသည် ၃၀ ဦးမှ ၁၅ ဦး ဒဏ်ရာရရှိ (မစိုးရိမ်ရ) ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား မော်လိုက် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

(မော်လိုက်ပြန်/ဆက်)

ပြန်ကြားရေးဝန်ကြီးဌာန


ထားဝယ်စီမံကိန်းကို လူမှုအဖွဲ့အစည်းများ ဖျက်ဆီးဟု ဒုတိယ ၀န်ကြီးပြောဆို

Posted: 25 Jan 2013 10:45 PM PST

ထိုင်းနှင့် မြန်မာ  နှစ်နိုင်ငံ အစိုးရက အကောင်အထည် ဖော်နေသော ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းကို လူမှုအဖွဲ့အစည်းများက ဖျက်လို ဖျက်ဆီး ပြုလုပ်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အရေးပေါ်နဲ့ မီးဖွားလူနာ အခမဲ့ကုပေးမယ်

Posted: 25 Jan 2013 10:36 PM PST

အစိုးရ ဆေးရုံတွေမှာ မွေးလူနာတွေ များနိုင်သလောက် များများ မွေးစေချင်တယ်၊ ဒါမှသာ မိခင်သေနှုန်း ကျသွားမယ်လို့ ကျန်မာရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးတဦးက ဘီဘီစီကို ပြောပါတယ်။ မီးဖွား လူနာတွေကို သာမကဘဲ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိခင်သေနှုန်းကျဖို့ ဆေးရုံတက် များများမွေးဖို့ အခမဲ့နည်းပါးဖြစ်အောင် လုပ်မယ်လို့ ညွှန်ချုပ်ဆို

တိုက်ပွဲတွေကြောင့် လိုင်ဇာမြို့မှာ လူသူ ကင်းမဲ့

Posted: 25 Jan 2013 10:30 PM PST

ကချင် ပြည်နယ်မှာ အစိုးရနဲ့ KIO/ KIA ကချင် လွတ်လပ်ရေး တပ်မတော် အကြား အပစ်အခတ် ရပ်စဲရေး ကြိုးပမ်း မှုတွေ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေချိန်မှာ လိုင်ဇာမြို့နား မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သောက်သုံးရေနဲ့ အိမ်သာ မလုံလောက်မှုတွေ ကြောင့် ဒုက္ခသည်စခန်းတွေမှာ ကလေးငယ် အတော်များများ ဝမ်းရောဂါဖြစ်

ကချင်ကို အပြုတ်တိုက်ဖို့ တိုက်တွန်း

Posted: 25 Jan 2013 10:21 PM PST

အစိုးရနဲ့ ကေအိုင်အေ ကေအိုင်အိုကြား တတိယအုပ်စု တခုက ကြားဝင် ညှိပေးဖို့ တင်ပြတဲ့ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် အဆိုကို လွှတ်တော်မှာ မဲခွဲခဲ့ရာမှာ အများစု ထောက်ခံမှုနဲ့ အတည်ပြုခဲ့ပေမယ့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


"ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်လို့မလာရင် ကျည်ဆံသာ ပေးဖို့ ကောင်းတယ်" - ဦးလှဆွေ (ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ်) ဓါတ်ပုံ-ဒီဗွီဘီ

ဇန်န၀ါရီလ (၂၈)ရက်နေ့ ထုတ် The Voice Vol.9 / No.4

Posted: 25 Jan 2013 10:15 PM PST

ဇန်န၀ါရီလ (၂၈)ရက်နေ့ ထုတ် The Voice Vol.9 / No.4

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇန်န၀ါရီလ (၂၅)ရက်နေ့ ထုတ် Focus Online Issue 26, Vol 6

Posted: 25 Jan 2013 10:06 PM PST

ဇန်န၀ါရီလ (၂၅)ရက်နေ့ ထုတ် Focus Online Issue 26, Vol 6

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇန်န၀ါရီလ (၂၄)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၀

Posted: 25 Jan 2013 10:02 PM PST

ဇန်န၀ါရီလ (၂၄)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



လိင်တူမြတ်နိုးသူများ ပါလီမန်ရှေ့ နမ်းပြီး ဆန္ဒပြ

Posted: 25 Jan 2013 09:49 PM PST

လိင်တူချစ်သူများ အခွင့်အရေးကို ပိတ်ပင်တားဆီးတဲ့ အချက်တွေ ပါနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားကြတဲ့ အငြင်းပွားဖွယ် ဥပဒေမူကြမ်းတခုကို လိင်တူမြတ်နိုးသူတွေက ကန့်ကွက်ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရုရှနိုင်ငံရဲ့ ပါလီမန်ရှေ့မှာ လိင်တူမြတ်နိုးသူတွေက သူတို့ရှေ့ရေး စိုးထိတ်လို့ နမ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။