သစ်ထူးလွင် |
- ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လယ်မြေဧက တစ်သောင်းကျော် သိမ်းဆည်း ခံထားရဟု ဆို
- ခရမ်း မြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲ ရွာသားများ သပိတ် မှောက်
- ဗန်းမော်မြို့သို့ စစ်ပြေး ဒုက္ခသည် နှစ်ရာကျော် လာရောက် ခို
- ပန်းခြံတာဝါ ၁၁ လွှာတိုက်ခန်းပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံး
- NLD ပညာရေးရန်ပုံငွေ ပညာရေး ခက်ခဲသော နယ်စပ် ဒေသသို့ ကူညီမည်
- တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရှိန်လျော့ကျသွားခြင်း မရှိသေး
- လူစီးယာဉ်တချို့ကို ဘတ်စ်ကား အမျိုးအစားအဖြစ် အခွန်ပြောင်းလဲ ကောက်ခံမည်
- မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီးတိမ်းမှောက် ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ
- နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက် ဖမ်းဆီးရမိနေ
- ဇန်န၀ါရီလ (၈)ရက်နေ့ ထုတ် Digital Life Journal အတွဲ-၁၊ အမှတ်-၃၆
- ဇန်န၀ါရီလ (၄)ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (176)
- မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်
- ကမမောင်းမြို့နယ်တွင် BGF အယောင်အဆောင်များ ဝင်ရောက်ပစ်ခတ်
- အထ္ထုပ္ပတ္တိ စာအုပ်ရေးသားရန် အစီအစဉ် မရှိဟု ဒေါ်စုပြောကြား
- ရထားလမ်းပိုင်း အဆင့်မြှင့်ပြုပြင် ထိန်းသိမ်းခြင်း
- ဧရာဝတီမြစ်အတွင်း ရေဆိုး စွန့်ပစ်မှုများ
- ထိုင်း လျှပ်စစ်ဓာတ်အား မော့တောင်ဒေသနှင့် တနင်္သာရီမြို့အထိ သွယ်တန်းဖြန့်ဝေပေးသွားမည်
- အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား
- ကော်လိုရာဒို ပစ်ခတ်မှု လူ ၄ ယောက်သေ
- တရုတ် မြန်မာ အမေရိကန် ဆက်ဆံရေး
- ကေအန်ယူအဖွဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ
- ကေအိုင်အေ ထိန်းသိမ်းထားသော တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို မြန်မာအစိုးရ သို့ လွှဲပြောင်း ပေးအပ်မည်
- တရားမဝင် သွင်းကုန် များတွင် တရုတ် စားသောက်ကုန် အများဆုံးဖြစ်
- ပြည်သူများမှ အချိန်မရွေး ခိုင်းစေနိုင် စစ်ကိုင်း NLD လွှတ်တော် ကိုယ်စားလှယ် ပြောဆို
- တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ကိုယ်တိုင် လိုင်စင်မဲ့ကားစီးနေ
| ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လယ်မြေဧက တစ်သောင်းကျော် သိမ်းဆည်း ခံထားရဟု ဆို Posted: 06 Jan 2013 07:00 AM PST လယ်ယာ စိုက်ပျိုးရေးကို အဓိက အသက်မွေး ဝမ်းကျောင်း ပြုနေသော ရှမ်းပြည်နယ် အရှေ့ပိုင်း တွင် သိမ်းဆည်း ခံထားရသည့် လယ်မြေ ဧကပေါင်း တစ်သောင်းကျော် ရှိကြောင်း ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်း ထားသည့် လယ်ယာ မြေနှင့် အခြား မြေများ သိမ်းဆည်း ခံရမှု စုံစမ်းရေး ကော်ရှင်မှ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ခရမ်း မြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲ ရွာသားများ သပိတ် မှောက် Posted: 06 Jan 2013 06:56 AM PST ရန်ကုန်တိုင်း ဒေသကြီး ခရမ်း မြို့နယ် ဘိုကလေး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး ရွေးချယ်ပွဲ ကို ရွာစာရင်း မပေါက်ပဲ ကျင်းပသည့် ရွေးချယ် ပွဲဟု ဆိုကာ ရွာသား တစ်ချို့ သပိတ်မှောက် ခဲ့ကြကြောင်း ရွာ အနောက် ခြမ်းတွင် နေထိုင်သည့် အသက် ၅၀ အရွယ် ဦးမြင့်စိုးက ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဗန်းမော်မြို့သို့ စစ်ပြေး ဒုက္ခသည် နှစ်ရာကျော် လာရောက် ခို Posted: 06 Jan 2013 06:47 AM PST မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့၏ တိုက်ပွဲများ ပြင်းထန် လာမှုကြောင့် မန်စီ မြို့နယ် အတွင်းမှ ဒုက္ခသည် ၂၁၀ ဦးခန့် ဗန်းမော်မြို့သို့ ရောက်ရှိ လာကြောင်း ကက်သလစ် အသင်းတော် လူမှု ကူညီရေး အဖွဲ့အစည်း (ဂရုဏာ) မှ ဦးနော်ဒင့်က ပြောကြား သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ပန်းခြံတာဝါ ၁၁ လွှာတိုက်ခန်းပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံး Posted: 06 Jan 2013 06:37 AM PST အသက် သုံးဆယ်အရွယ် လုံခြုံရေး ၀န်ထမ်း အမျိုးသားတစ်ဦး ၁၁ လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုတစ်ရပ် ယနေ့ အောက်တိုဘာ ၆ ရက် ည ၇ နာရီက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ ပန်းခြံတာဝါတွင် ဖြစ်ပွားခဲ့သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| NLD ပညာရေးရန်ပုံငွေ ပညာရေး ခက်ခဲသော နယ်စပ် ဒေသသို့ ကူညီမည် Posted: 06 Jan 2013 06:28 AM PST အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပညာရေး ကွန်ရက်က ပြုလုပ်ခဲ့သော ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှ ရရှိသော အလှူငွေများထဲမှ နယ်စပ်ဒေသရှိ ရွှေ့လျား ကျောင်းများအတွက် လှူဒါန်းရန် ကျပ်သိန်း ၅၀၀ လျာထားကြောင်း ပညာရေး ကွန်ရက်မှ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာသိန်းလွင်ကပြောသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရှိန်လျော့ကျသွားခြင်း မရှိသေး Posted: 06 Jan 2013 06:14 AM PST "ဇန်န၀ါရီလ ၄ ရက်နေ့ ညနေငါးနာရီနောက်ပိုင်းတော့ လဂျားယန်ဘက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတယ်။ ရဟတ်ယာဉ်ကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က သူတို့သိမ်းလိုက်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းကို ဆင်းသက်တာ သိရတယ်။ ပစ္စည်းအတင်အချ လုပ်သွားတာ ရှိတယ်လို့ သိရတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| လူစီးယာဉ်တချို့ကို ဘတ်စ်ကား အမျိုးအစားအဖြစ် အခွန်ပြောင်းလဲ ကောက်ခံမည် Posted: 06 Jan 2013 02:45 AM PST လူ ၁၀ ယောက်နဲ့အထက် စီးနင်းနိုင်တဲ့ မော်တော်ယာဉ်တွေကို တင်သွင်းလာပါက ဘတ်စ်ကား အမျိုးအစားအတိုင်း အခွန်ပြောင်းလဲ ကောက်ခံတော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွန်ကြားမှုး ဦးစီးဌာနက သည်နေ့ သိရပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီးတိမ်းမှောက် ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ Posted: 06 Jan 2013 02:28 AM PST ယမန်နေ့ နံနက် ၄ နာရီခွဲက မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော် အနောက်ဘက် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက် ဖမ်းဆီးရမိနေ Posted: 06 Jan 2013 02:15 AM PST ကလေးဒေသတွင် တစ်ဖက်နိုင်ငံမှ ဖြတ်ကျော် ခိုးဝင်လာသော ဘင်္ဂါလီများ အုပ်စုလိုက် မကြာခဏ ဖမ်းဆီးရမိ လျှက်ရှိ့ရာ၊ ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ ကလေးမြို့ တောင်ပိုင်း ခုံဒိုးမြို့သာတွင် ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ ကိုလည်းကောင်း၊ ထိုနေ့မှာပင်လျှင် ကလေး-ဂန့်ဂေါရထား လမ်းဘေးကြံသာရွာတွင်ာင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊ (၂၀၁၃)ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင်ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဇန်န၀ါရီလ (၈)ရက်နေ့ ထုတ် Digital Life Journal အတွဲ-၁၊ အမှတ်-၃၆ Posted: 06 Jan 2013 01:58 AM PST | ||
| ဇန်န၀ါရီလ (၄)ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (176) Posted: 06 Jan 2013 01:55 AM PST | ||
| မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန် Posted: 06 Jan 2013 01:14 AM PST တရုတ်နိုင်ငံ ပိုင်နက်အတွင်းသို့ မြန်မာ ဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်း မရှိကြောင်း တရုတ် လေတပ်က သတင်း ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် ကေအုင်အေတို့၏ တိုက်ပွဲများတွင် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ကမမောင်းမြို့နယ်တွင် BGF အယောင်အဆောင်များ ဝင်ရောက်ပစ်ခတ် Posted: 06 Jan 2013 01:05 AM PST ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ် တွင်း နယ်ခြားစောင့်တပ်(BGF) အယောင်ဆောင်များဟု ယူဆရသူများက မြို့နယ်တွင်းရှိ စစ်ဆေးရေး ဂိတ်များအား ဝင်ရောက် ပစ်ခတ် သွားကြောင်း သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| အထ္ထုပ္ပတ္တိ စာအုပ်ရေးသားရန် အစီအစဉ် မရှိဟု ဒေါ်စုပြောကြား Posted: 06 Jan 2013 12:55 AM PST ယနေ့နံနက်က အင်းယားလိတ် ဟော်တယ်၌ ပြုလုပ်သော ဧရာဝတီ စာပေပွဲတော် စာနယ်ဇင်း ရှင်းလင်းပွဲသို့ တတ်ရောက်လာသော ဒေါ်အောင်ဆန်းဆုကြည်က ၎င်းအနေဖြင့် ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ စာအုပ်ကို ရေးသားသွားရန် အစီအစဉ်မ ရှိကြောင်း သတင်းထောက် တစ်ဦး၏ မေးကြား ချက်အပေါ် ပြောကြားသွားသည် ။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ရထားလမ်းပိုင်း အဆင့်မြှင့်ပြုပြင် ထိန်းသိမ်းခြင်း Posted: 06 Jan 2013 12:48 AM PST ရထားပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား (မန္တလေး) မှ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် ငွေကျပ်သန်း ၉၀ သုံးစွဲမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သော မီဒီယာ တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဧရာဝတီမြစ်အတွင်း ရေဆိုး စွန့်ပစ်မှုများ Posted: 06 Jan 2013 12:43 AM PST ဧရာဝတီ မြစ်အတွင်း ရေဆိုး စွန့်ပစ်မှုများကြောင့် မြစ်ကြောင်း တစ်လျှောက်တွင် ရေထု ညစ်ညမ်း မှုများကို ရေနည်း ကာလများတွင် သိသိသာသာ ကြုံတွေ့လာရသည်ဟု မြစ်ကမ်းနံဘေး နေထိုင်သူ များထံမှ စုံစမ်းသိရှိရသည်။ နွေရာသီ ရေနည်း ကာလကို နိုဝင်ဘာလ ၁၅ ရက်မှ မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ထိုင်း လျှပ်စစ်ဓာတ်အား မော့တောင်ဒေသနှင့် တနင်္သာရီမြို့အထိ သွယ်တန်းဖြန့်ဝေပေးသွားမည် Posted: 06 Jan 2013 12:35 AM PST ထိုင်းနိုင်ငံ အတွင်းမှ လျှပ်စစ်ဓာတ်အား များကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး နယ်စပ်ဒေသ မော့တောင်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း သွယ်တန်းပေးမည်ဖြစ်ကာ တနင်္သာရီမြို့နယ်အထိ သွယ်တန်းသွားရန် စီစဉ်ထားကြောင်း လျှပ်စစ်မီးရရှိရန် စီစဉ်နေသူများက ပြောကြားခဲ့သည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| အိန္ဒိယကျောင်းသူ သေဆုံးမှုအတွက် ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွား Posted: 05 Jan 2013 06:18 PM PST အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့် ခံလိုက်ရတဲ့ အမျိုးသမီးနဲ့ အတူ အဖော်ပါလာတဲ့ အမျိုးသားက သူကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ စိတ်ဝင်စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ကော်လိုရာဒို ပစ်ခတ်မှု လူ ၄ ယောက်သေ Posted: 05 Jan 2013 06:19 PM PST အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်က ရုပ်ရှင်ရုံတရုံမှာ လူအစုလိုက် အပြုံလိုက် ပစ်သတ်ခံခဲ့ရတဲ့ ကော်လိုရာဒို ပြည်နယ် Aurora မြို့မှာ ရဲတွေနဲ့ သေနတ်သမားတဦး ထိပ်တိုက် ရင်ဆိုင် တိုးခဲ့ရပြီးတဲ့နောက် သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံး သွားပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| တရုတ် မြန်မာ အမေရိကန် ဆက်ဆံရေး Posted: 05 Jan 2013 06:20 PM PST မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်း အလဲတွေနဲ့ ကမ္ဘာ့ ရေးရာနဲ့ ဒေသတွင်း ပြဿနာ တွေကို မြန်မာ နိုင်ငံနဲ့ ချိတ်ဆက် ရေးသားနေတဲ့ နာမည်ကျော် စာရေး ဆရာ ကျော်ဝင်းက အာရှပစိဖိတ် အကျပ် အတည်းနဲ့ တရုတ် မြန်မာ အမေရိကန် သုံးပွင့်ဆိုင် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ကေအန်ယူအဖွဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ Posted: 05 Jan 2013 01:28 PM PST ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ ဥက္ကဌ မူတူးစေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ စနေနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆက်လက် ဆောင်ရွက် ဖို့နဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| Posted: 05 Jan 2013 01:18 PM PST မြန်မာနိုင်ငံ တပ်မတော်နှင့် ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား နေသော် လည်း ကေအိုင်အိုက ၄င်းတို့ ထိန်းသိမ်း ထားသော စစ်သားနှင့် ရဲတပ်သား တပ်ဖွဲ့ဝင် ၃၀ ဦးကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ တဆင့် သက်ဆိုင်ရာ သို့ လွှဲပြောင်း ပေးရန် ----- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| တရားမဝင် သွင်းကုန် များတွင် တရုတ် စားသောက်ကုန် အများဆုံးဖြစ် Posted: 05 Jan 2013 01:03 PM PST နယ်စပ်မှ တရားမဝင် တင်သွင်း လာသော ကုန်စည် များတွင် တရုတ် နိုင်ငံထုတ် စားသောက်ကုန် ပစ္စည်းများမှာ အများဆုံး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ပြည်သူများမှ အချိန်မရွေး ခိုင်းစေနိုင် စစ်ကိုင်း NLD လွှတ်တော် ကိုယ်စားလှယ် ပြောဆို Posted: 05 Jan 2013 10:04 AM PST ၅၊ ၁၊၂၀၁၃ နေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် စစ်ကိုင်းမြို့နယ်ရှိ မိဘပြည်သူများတွေ့ဆုံပွဲကို စစ်ကိုင်းမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ ပြည်သူ တစ်ထောင်ကျော် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ကိုယ်တိုင် လိုင်စင်မဲ့ကားစီးနေ Posted: 05 Jan 2013 09:34 AM PST တောင်ကြီးမြို့၊ ပြည်သူ့ဆောက်လုပ်ရေး စုစည်းခန်းမတွင် ဇန်န၀ါရီ ( ၃)ရက်နေက ကျင်းပခဲ့သည့် တိုးဂိတ်ညှိနှိုင်း အစည်းအဝေးတွင် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး က လိုင်စင်မဲ့ကားစီးခွင့် မရရှိနိုင်ကြောင်း ....နိုင်ငံတော်ကနေ ပေးထားသည့် မာဇဒါ ဂျစ် ပြုပြင်ထားသည့်အတွက် လိုင်စင်မဲ့ကား ၀ယ်စီးရကြောင်း ၊ ပြန်လည် ပြောကြားခဲ့ကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


























