သျှမ်းသံတော်ဆင့် |
| ရခိုင်တမျိုးသားလုံး ညီညွတ်ရေး ညီလာခံကြီးမှ အချက် ၆ ချက် သဘောတူညီမှု ရရှိ Posted: 15 Jan 2013 01:08 AM PST ရခိုင်တမျိုးသားလုံး ညီညွှတ်ရေးကို အကြောင်းပြုပြီး ၄ ရက်ကြာ ပြုလုပ်ကျင်းပသည့် ညီလာခံကြီးမှ သဘောတူညီချက် ၆ ချက်ရရှိကြောင်း သိရှိရပါသည်။ "ရခိုင်လူမျိုးတွေ ညီညွှတ်ရေးအတွက် ကြိုးစားလာတာကြာပြီ။ ဒါပေမဲ့ တည်ဆောက်တိုင်း ပြိုကွဲခဲ့ တယ်။ ကျမတို့ တိုင်းပြည်မှာ နိုင်ငံရေး အခြေအနေ ပွင့်လင်းလာစရှိပြီ။ ဆုံးဖြတ်ချက်ချတဲ့အခါမှာ လည်း တမျိုးသားလုံးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ချဖို့လိုတယ်။ ဒါကြောင့် ညီညွှတ်ရေးကို အကြောင်းပြုပြီး ညီလာခံပြုလုပ်ရတာ ဖြစ်ပါတယ်" ဟု ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ စောမြရာဇာလင်း က ပြောပါသည်။ ရခိုင်တမျိုးသားလုံး ညီလာခံကို ၂၀၁၃ ဇန်နဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ ၄ ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာ ရဟန်းသံဃာအဖွဲ့၊ ရခိုင်နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်း၊ အမျိုး သမီးအဖွဲ့ စသည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။ "ရခိုင်တိုင်းရင်းသား ညီညွတ်ရေးဆောင်ရွက်ဖို့ အဓိကဆွေးနွေးတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်တွင်းက အဓိကရုဏ်းကိစ္စ၊ ရှေးဆက် ဘယ်လိုလုပ်ဆောင်သွားကြမလဲဆိုတာ စုံစုံလင်လင် ဆွေးနွေးခဲ့ကြပါတယ်" ဟု စောမြရာဇာလင်း က ဆက်ပြောပါသည်။ ညီလာခံကြီးမှ ရရှိလာသည့် သဘောတူညီချက် ၆ ချက်မှာ - ၁) ရခိုင်တို့၏ ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေးမူအပေါ်တွင် ညီညွှတ်စွာ လက်တွဲလုပ်ဆောင်ရန် သဘောတူကြသည်။ ၂) ရခိုင်တမျိုးသားလုံး ညီညွတ်ရေးအတွက် ဆက်လက်လုပ်ဆောင်ရန် ရခိုင်အမျိုးသားညီညွတ်ရေး အကျိုးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ၃) တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂလီများနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားစီစစ်ရေး လုပ်ငန်းများကို မှန်ကန်စွာ ပြုလုပ်ပြီး ဥပဒေနှင့်အညီ အမြန်ဆုံးဆောင်ရွက်ရန် လက်ရှိမြန်မာနိုင်ငံအစိုးရအား တောင်းဆိုသည်။ ၄) ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော ရသေ့တောင် လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက်များ၊ ကန့်ကွက်ချက်များနှင့် အဆိုပြုချက်များကို ထောက်ခံသည်။ ထို့အတူ တောင်ကုတ်မြို့ ရခိုင်ကွန်ယက်၏ ပထမအကြိမ် ၁၈ မြို့နယ် ညီလာခံမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်ချက်ကိုလည်း ထောက်ခံသည်။ ၅) ပြည်တွင်း/ပြည်ပ ရခိုင်လူမျိုးများ နေ့စဉ်ရက်ဆက် ချိန်းခြောက်ခံနေရခြင်း၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်း အောင် စော်ကားခံနေရခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခံနေရခြင်းတို့ကို ကန့်ကွက်ရှုတ်ချပြီး သက်ဆိုင်ရာ နိုင်ငံတော် အစိုးရများထံမှ ကာကွယ်စောင့်ရှောက် အရေးယူပေးရန် အလေးအနက် တောင်းဆိုသည်။ ၆) ယနေ့ ကချင်ပြည်နယ်တွင် စစ်ရေးအရ အင်အားအလွန်အကျွံသုံး၍ ထိုးစစ်ဆင်သည့်အပေါ် ချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးအရ အမြန်ဆုံး ဆွေးနွေးအဖြေရှာရန် လက်ရှိမြန်မာနိုင်ငံ အစိုးရအား တိုက်တွန်းသည်။ "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် သျှမ်းတမျိုးသားလုံး ညီလာခံကြီးကို လည်း ၂၀၁၂ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ၃ ရက်ကြာ ရန်ကုန်မြို့ 'တော်ဝင်နှင်းဆီ' ခန်းမ၌ ကျင်းပ ခဲ့ပါသည်။ သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံပါဝင်မည့် ညီလာခံကြီးအားလည်း လာမည့်ဧပြီလ မတိုင်မှီ ကျင်းပနိုင်ရန် SNLD က ဦးဆောင်ပြင်ဆင်နေဆဲဖြစ်ပါသည်။ |
| ကချင်စစ်ပွဲရပ်တန့်ရေး UWSA အပါအဝင် သျှမ်းပြည်လက်နက်ကိုင်အဖွဲ့ကြီး ၃ ဖွဲ့ ပူးပေါင်းတောင်းဆို Posted: 15 Jan 2013 01:07 AM PST စစ်ပွဲအဆင့်တိုးမြင့်လာနေသော ကချင်ပြည်နယ် တိုက်ပွဲ အမြန်ဆုံးရပ်တန့်အောင်အစိုးရမှဆောင်ရွက်ပေးရန် သျှမ်းပြည် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း ၃ ခုမှ ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။ ![]() မိုင်းလားတပ်မတော် ၊ ဝ တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၂ ပန်ဆန်းအခြေစိုက် UWSP / UWSA ၊ သျှမ်းပြည်အလယ်ပိုင်း ဝမ့်ဟိုင်းအခြေစိုက် အထူးဒေသ ၃ (SSPP/SSA) ၊ သျှမ်းပြည်နယ် အရှေ့ပိုင်း အထူး ဒေသ ၄ (မိုင်းလား) တို့ ပူးပေါင်း၍ ကချင်ပြည်နယ်တိုက်ပွဲ များရပ်တန့်ရန် ကြေငြာချက်ကို တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာ တို့ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ " ဟုတ်ပါတယ် ကျနော်တို့ ၃ ဖွဲ့ တွေ့ဆုံပြီးတော့မှ ဒီကချင်ပြည်နယ် တိုက်ပွဲတွေရပ်တန့်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ။ ကျနော်တို့တိုင်းရင်းသားတွေ လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ နှစ်ပေါင်း ၆၀ ကျော်ကာလ အေးအေးချမ်းချမ်း မနေရ သေးဘူး။ အစိုးရရဲ့မြန်မာ့တပ်မတော်ကနေ တိုင်းရင်းသားတွေအပေါ် စစ်အင်အားသုံးတိုက်ခိုက်နေတာကို သမ္မတ ဦးသိန်းစိန် အစိုးရကနေ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ ဝတ္တရားအရ တားဆီးပေးဖို့ပေါ့နော်။ နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရတဲ့ ဇာတ်ဆွေးကြီးကို အစိုးရကနေ ဖြစ်သမျှ နည်းပေါင်းစုံနဲ့ ပြန်ပေါ်မလာအောင် တားဆီးပေးဖို့ အလေးအနက်တိုက်တွန်း ထားတဲ့ ကြေငြာချက်ဖြစ်ပါတယ်" ဟု ဝ ပြည် အထူးဒေသ ၂ မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူးလျဲ့က ပြောပါသည်။ လွတ်လပ်ရေးရပြီးချိန်ကစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၆၀ တာကာလ အတွင်း တိုင်းရင်းသားနှင့်အစိုးရအကြား ယုံကြည် မှုမရှိသဖြင့် တိုင်းပြည်စီးပွါးရေးချွတ်ခြုံကျကာ စစ်မီးတောက်လောင်ခဲ့ရသည်ဟုလည်း ကြေငြာချက် တွင်ဖော်ပြထားသည်။ " သမ္မတကြီးအနေနဲ့ တိုင်းရင်းသားအငြင်းပွါးမှုကို ပြေငြိမ်းစေပြီးသင့်မြတ်စွာနေထိုင်နိုင်ရေးအတွက် လက်နက် ကိုင် တိုင်း ရင်းသားတပ်ဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကြိုးပမ်းတယ်။ မြန်မာကို ကမ္ဘာက သိလာပြီးတော့ပိတ်ဆို့ ဒဏ်ခတ်မှုတွေလဲ လျှော့ပေးတယ်။ အခုလို အရေးကြီးတဲ့ကာလမှာ မြန်မာ့တပ်မတော်ကနေ KIA အပေါ် ထိုးစစ်ဆင်နေမှု တွေ ကိုရပ်စဲပေးသင့်ပြီ။ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အချိန်တန်ပြီ လို့ကျနော်တို့ တိုက်တွန်းချင်ပါတယ်" ဟုလည်း ဆိုပါသည်။ နိုင်ငံတော်မှ ခွဲထွက်ခြင်းမပြုသည့်ကြိုတင်မူဘောင်အောက်တွင် မြန်မာ့တပ်မတော်မှ KIA ကချင်တပ်မတော် အား ရည်စူး သည့် စစ်ဆင်ရေးကိုချက်ချင်းရပ်စဲကာ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးရေး ပြန်လည် စတင်ရန် အဆိုပါ ကြေငြာချက်၌ ဖော်ပြ ထားသည်။ ထုတ်ပြန်ကြေငြာချက် တရုတ်ဘာသာကို ၁၂ ရက်နေ့၌လည်းကောင်း အင်္ဂလိပ်ဘာသာကို ၁၄ ရက်နေ့တွင်လည်းကောင်း မြန်မာဘာသာကို ၁၅ ရက်နေ့တွင်လည်းကောင်း ဂျန္နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ![]() ![]() ![]() ![]() |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |




