သစ်ထူးလွင် |
- မလေးရှား ကျွန်းတခုတွင် တရားမဝင် မြန်မာ ၃၅၀ ကျော် ဖမ်းမိ
- ချင်းပြည်နယ်တွင်း ကျေးရွာများတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
- ပြည်ထောင်စု ၀န်ကြီး နှစ်ဦး နှုတ်ထွက်
- ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်မည်
- တရားမဝင်သစ်များဖမ်းဆီးလျက်ရှိ
- ခိုးဝင်လာသော ရိုဟင်ဂျာ ၈၅၇ဦး၏ နိုင်ငံသားဖြစ်မှုကို စစ်ဆေးရေး မြန်မာ့အကူအညီ ယူမည်ဟု ထိုင်းပြောကြား
- ၂၀၁၂ တွင် မြန်မာသို့ ကမ္ဘာလှည့် ခရီးသည် တစ်သန်းကျော် အထိ စံချိန်တင် ၀င်ရောက်ခဲ့
- အီရန်သံအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်
- မြန်မာနိုင်ငံတွင် ကွမ်းစားမှုကြောင့် ခံတွင်းကင်ဆာ အများဆုံးဖြစ်ပွား
- တပ်တွေကိုသာပြန်ဆုတ်လိုက်ပြီး စမ်းကြည့်ပါ၊ တိုက်ပွဲအရှိန်လျော့သွားမှာပါ
- လိုင်ဇာကို ထိုးစစ်ဆင်ခြင်း ၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟိုတယ်များ တည်ဆောက်မည်
- ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စွာ အရေးယူတော့မည်
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်တွေ့နေ
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Journal (Vol-3,No-125)
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦးသေဆုံး
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု EU သတိပေး
- မြတ်ဗုဒ္ဓ ဟု အမည်နာမ ရေးထိုးထားသော ဓါးလက်နက်များ ဈေးကွက်အတွင်း ရောက်ရှိ
| မလေးရှား ကျွန်းတခုတွင် တရားမဝင် မြန်မာ ၃၅၀ ကျော် ဖမ်းမိ Posted: 16 Jan 2013 07:03 AM PST မလေးရှားနိုင်ငံ၏ ကျွန်းစုလေး တခုဖြစ်သည့် Langkawi တွင် သစ်သားလှေ နှစ်စီးဖြင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၃၅၄ ဦး အင်္ဂါနေ့က ဖမ်းဆီး ရမိကြောင်း သိရသည်။ ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဒေသခံ တံငါများက ၎င်းတို့အား Kuala Chenang ကမ်းခြေမှ မီတာ ၂၀၀ အကွာ လှိုင်းကာအောက်တွင် ----- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ချင်းပြည်နယ်တွင်း ကျေးရွာများတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ် Posted: 16 Jan 2013 06:55 AM PST ချင်းပြည်နယ် ထန်တလန် မြို့နယ်ထဲက ကျေးရွာတချို့မှာ ဒီနှစ်ထဲ ရာသီဥတု ဖောက်ပြန်တဲ့အတွက် စပါးအထွက် နည်းပြီး လူထောင်နဲ့ချီပြီး စားနပ်ရိက္ခာ အခက်တွေ့ နေရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ စတုထ္ထအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ပြည်ထောင်စု ၀န်ကြီး နှစ်ဦး နှုတ်ထွက် Posted: 16 Jan 2013 06:36 AM PST | ||
| ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်မည် Posted: 16 Jan 2013 05:57 AM PST ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော် ဝေးကွာသည့် ကချင်ပြည်နယ်၊ လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံတော်ကို လမ်းလျှောက် သယ်ဆောင်သွား မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ဦးက ပြောကြားသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| Posted: 16 Jan 2013 05:46 AM PST ပဲခူးတိုင်း ၊ရေတာရှည် မြို့နယ်ရှိ ကျောက်မဆင် သစ်တော ကြိုးဝိုင်း နယ်မြေ တစ်လျောက်တွင် တရားမဝင် သစ်ခိုးထုတ်မှုများ ဖမ်းဆီး လျက်ရှိကြောင်း ရေတာရှည်မြို့နယ် သစ်တော ဦးစီးမှူး ဦးဆောင်သော ဖမ်းဆီးရေး စစ်ကြောင်းမှ တာဝန်ရှိသူများက ပြောကြားသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ခိုးဝင်လာသော ရိုဟင်ဂျာ ၈၅၇ဦး၏ နိုင်ငံသားဖြစ်မှုကို စစ်ဆေးရေး မြန်မာ့အကူအညီ ယူမည်ဟု ထိုင်းပြောကြား Posted: 16 Jan 2013 05:37 AM PST ထိုင်း အစိုးရသည် ၎င်းတို့ နိုင်ငံ အတွင်း တရားမဝင် ဝင်ရောက် လာသော ရိုဟင်ဂျာ ၈၅၇ ဦး၏ နိုင်ငံသား ဖြစ်မှုကို စစ်ဆေး သွားရန် မြန်မာ၏ အကူ အညီကို ရယူမည် ဖြစ်ကြောင်း ထိုင်း အာဏာပိုင် များက ပြောကြား လိုက်သည်။ အဆိုပါ ခိုးဝင်လာ သူများမှာ ထိုင်းသို့ အုပ်စုသုံးစုဖြင့် ဝင်ရောက် လာခြင်းဖြစ်ပြီး---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ၂၀၁၂ တွင် မြန်မာသို့ ကမ္ဘာလှည့် ခရီးသည် တစ်သန်းကျော် အထိ စံချိန်တင် ၀င်ရောက်ခဲ့ Posted: 16 Jan 2013 05:30 AM PST မြန်မာတွင် ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်ပြီးနောက် ပြီးခဲ့သည့် ၂၀၁၂ အတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်မှာ တစ်သန်းအထိ စံချိန်တင်တိုးတက် ခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းများ အရ သိရသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အီရန်သံအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် Posted: 16 Jan 2013 05:22 AM PST ရခိုင် ပြည်နယ် အတွင်းက ဒုက္ခသည် တွေအတွက် ပြန်လည် ထူထောင်ရေး ကိစ္စတွေကို အစိုးရက အဆင်ပြေအောင် စီစဉ် ဆောင်ရွက် နေပေမယ့် လတ်တလောမှာ လိုအပ်ချက် တွေများစွာ ရှိနေသေးကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian က သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| မြန်မာနိုင်ငံတွင် ကွမ်းစားမှုကြောင့် ခံတွင်းကင်ဆာ အများဆုံးဖြစ်ပွား Posted: 15 Jan 2013 09:29 PM PST မြန်မာနိုင်ငံ၌ ခံတွင်း ကင်ဆာ ဖြစ်ပွား သူများ ထဲတွင် ကွမ်းစား မှုကြောင့် အများဆုံး ဖြစ်နေကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာ သုတေသန ညီလာခံမှ သိရသည်။ ညီလာခံ၌ တင်သွင်းခဲ့သည့် ပိုစတာသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလ အတွင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) နှင့်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| တပ်တွေကိုသာပြန်ဆုတ်လိုက်ပြီး စမ်းကြည့်ပါ၊ တိုက်ပွဲအရှိန်လျော့သွားမှာပါ Posted: 15 Jan 2013 09:20 PM PST ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် တွေ့ဆုံခြင်း ရေးသားသူ- အေးမြကျော် အစိုးရတပ်မတော်နှင့် ကေအိုင်အေကြား တိုက်ပွဲများနှင့်ပတ်သက်၍ ကေအိုင်အို၊ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် ဇန်န၀ါရီ ၁၄ ရက်တွင် ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းထားသည်များကို စာဖတ်ပရိသတ်များအတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ မေး- ဒီနေ့မနက် ဇန်န၀ါရီ ၁၄ ရက်မှာ တပ်မတော်က ပစ်လိုက်တဲ့ အမြောက်ဆန်ထိမှန်ပြီး အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တာတွေ ရှိတယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးလိုပါသလဲ။ ဖြေ- အစိုးရကတော့ ကေအိုင်အေက လူထုကို အမြဲတမ်း ထိခိုက်အောင်လုပ်တယ်။ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်တယ်လို့ ပြောနေကြပါ။ အမှန်တကယ်တော့ ဒီအဖွဲ့အစည်းဟာ လူထုကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေး အဖွဲ့အစည်းပါ။ လူထုအရပ်သားတွေကို ဘယ်တော့မှ ရည်ရွယ်ချက်ရှိရှိနဲ့ ထိခိုက်စေတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ စစ်တပ်အနေနဲ့ တိုက်ပွဲ စဖြစ်လာကတည်းက အရပ်သားတွေ နှိပ်စက်တာမျိုး၊ ရွာတွေမီးရှို့တာမျိုး၊ ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ အများကြီးရှိပါတယ်။ အထောက်အထားတွေလည်း အများကြီးရှိတယ်။ သိရက်သားနဲ့ လိုင်ဇာမှာ အရပ်သားတွေ လူနေစိပ်တဲ့နေရာကို တမင်ရည်ရွယ်ပြီး ပစ်ခတ်တာပါ။ ဒါကြောင့် လက်နက်ကြီးနှစ်လုံးက ရှေ့ဆင့်နောက်ဆင့်ကျရောက်ပြီး ပေါက်ကွဲတယ်။ မေး- ဒီဇင်ဘာလကုန်နဲ့ ဒီလဆန်းပိုင်းမှာ အခြေအနေက အတော့်ကို တင်းမာလာတော့ ဖြေရှင်းလို့ရမယ့်နည်းရော ရှိပါသေးလား။ ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲ။ ဖြေ- ဒီကိစ္စပြောမယ်ဆိုတော့ ခက်မယ်ထင်တယ်ခင်ဗျ။ ထိခိုက်နစ်နာတာတွေ များလာလေ ရှုပ်ထွေးမှုတွေ များလာမယ်။ ဒီရှုပ်ထွေးမှုကို ဖြေရှင်းဖို့တော့ အချိန်ကြာကြာ ယူရလိမ့်မယ်လို့ ထင်တယ်။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ပြည်နယ်သူပြည်နယ်သားတွေနဲ့ အစိုးရကြားမှာလည်း ဖြေရှင်းရခက်တဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်။ မေး- အစိုးရဘက်က ရဟတ်ယာဉ်တစ်စီး ဇန်န၀ါရီ ၁၁ ရက်က ပျက်ကျသွားပါတယ်။ စက်ချွတ်ယွင်းခဲ့လို့ အရေးပေါ်ဆင်းသက်ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီဘက်က ဘာများပြောလိုပါသလဲ။ ဖြေ- အစိုးရထုတ်ပြန်ချက်က အမြဲတမ်းအဲဒီလိုပါပဲ။ ကေအိုင်အို ဌာနချုပ်၊ လဂျားယန်ဘက်ကို လေယာဉ်နဲ့ လာပစ်တုန်းကလည်း မပစ်ပါဘူးလို့ ငြင်းချက်ထုတ်တယ်။ နောက်ပြောတာများလာတဲ့အခါ လေ့ကျင့်ရေးလေယာဉ်တွေ လာတာပါလို့ ပြောတယ်။ အဲဒီလိုနဲ့ပဲ နောက်ဆုံးကျတော့ လေတပ်ကူ တိုက်ခိုက်ရတယ်လို့ နောက်ဆုံးကျ သတင်းထုတ်တယ်။ ဒါတော့ အမြဲလုပ်နေကျ ဖြစ်ရိုးဖြစ်စဉ်ပါ။ ကေအိုင်အေအနေနဲ့ လေယာဉ်လာတဲ့နောက်ပိုင်းမှာ လေယာဉ်ပစ်တဲ့အဖွဲ့ကို ဖွဲ့စည်းထားတာရှိတယ်။ လေယာဉ်ပစ်လက်နက်တွေနဲ့ နေရာတော်တော်များများမှာ နေရာယူထားတာရှိတယ်။ အခြားနေရာမှာလည်း ပစ်ခဲ့တာရှိတယ်။ ထိခဲ့တာလည်း ရှိတယ်။ ပျက်ကျသွားတဲ့အဆင့်တော့ မရောက်ဘူး။ ၁၁ ရက်နေ့ဖြစ်စဉ်မှာတော့ အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်တဲ့အထဲမှာ ကျည်တချို့က အင်ဂျင်ပိုင်းကို ထိချက်မှန်သွားတယ်။ ထိချက်မှန်တာနဲ့ လေယာဉ်က နောက်ကြောင်းပြန်သွားတယ်။ ပြန်သွားရင်းနဲ့ပဲ လမ်းခရီးမှာ ပျက်ကျသွားတာပါ။ မေး- ကေအိုင်အေက ရထားလမ်းတွေ၊ တံတားတွေ မိုင်းခွဲတာ အကြိမ် ၅၀ ကျော် လုပ်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးရော ဘာများမှတ်ချက်ပေးချင်ပါလဲ။ ဖြေ- အစိုးရစစ်တပ်ကနေ တက်လာတဲ့ ရထားကို ဟန့်တားနှောင့်ယှက်တာမျိုးလုပ်တယ်။ ဒါပေမဲ့ ရထားကို တိုက်ခိုက်တာမျိုးတော့ မရှိသလောက်ပါဘဲ။ ဟိုတလောတုန်းက ကုန်တွဲနဲ့ စစ်ပစ္စည်းတွေ သယ်လာတယ်။ အဲဒီမှာ ရထားကို ဖျက်ဆီးတာ၊ ဟန့်တားတာမျိုး လုပ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာတုန်းက စစ်သားတွေ တင်လာတဲ့ ရထားဆိုရင် ဟန့်တားတာမျိုးလုပ်တယ်။ ဒါပေမဲ့ အရပ်သားတွေစီးတဲ့ လူစီးတွဲကို ဖောက်ခွဲဖျက်ဆီးတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ နောက်ပြီး လုပ်တဲ့နေရာမှာလည်း အဆန်ရထားကို ဟန့်တားတာမျိုး လုပ်တယ်။ မန္တလေးကနေတက်လာပြီဆိုတာနဲ့ သတင်းရပြီးသားပါ။ ဘယ်ရထား၊ ဘယ်အတွဲမှာ ဘယ်ပစ္စည်းတင်လာတယ်ဆိုတာ သတင်းအတိအကျရတာပါ။ သတင်းအရ လုပ်တာမျိုးလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ မနေ့တစ်နေ့ကဖြစ်တဲ့ ဖြစ်စဉ်တွေမှာတော့ ကျွန်တော်တို့ရဲ့ လက်ချက်လုံးဝမဟုတ်ဘူး။ အဲဒါကတော့ ကေအိုင်အိုအဖွဲ့အစည်းကို အဖျက်သမားဖြစ်ပါတယ်၊ အဖျက်အမှောင့်လုပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်ဆိုပြီး ပုံဖော်ချင်တဲ့အတွက် လုပ်တာလို့သာ ပြောရမယ်။ ဒါ ကေအိုင်အိုနဲ့ လုံးဝသက်ဆိုင်မှု မရှိတဲ့လုပ်ရပ်တွေပါ။ မေး- အခုဆိုရင် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြတော့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကိုရော ဘယ်လိုစီစဉ်ထားလဲ။ ဖြေ- အရပ်သားတွေက နဂိုကတည်းက တိုက်ပွဲဖြစ်လာတဲ့ကြားမှာဆိုတော့ အားလုံးသတိအနေအထားနဲ့ နေပြီးသားပါ။ အဲဒီလို သတိအနေနဲ့ နေရင်းတန်းလန်းနဲ့ကို အခုလိုမျိုး ဖြစ်လာတယ်။ ဒီနေ့ဖြစ်တဲ့ ဖြစ်စဉ်မှာလည်း အရပ်သားတွေက ဗုံးခို ကျင်းတွေထဲပုန်းဖို့ အဆင်သင့်ပါပဲ။ ပေါက်ကွဲသံကြားလိုက်တာနဲ့ နေရာယူပြီးသားပါ။ ဒါပေမဲ့ အမြောက်ကျည်ဆန်က မြန်တဲ့အတွက် အားလုံးရှောင်ချိန်မရခဲ့ဘူး။ ဒီနေ့ သေဆုံးဒဏ်ရာရတဲ့လူတွေ အများစုက ဒုက္ခသည်တွေပါ။ တခြားရပ်ရွာက တိုက်ပွဲဖြစ်လာတဲ့အခါ လိုင်ဇာဘက်ကိုပြေးလာပြီး ဆွေမျိုးအိမ်မှာ ခိုကပ်နေတဲ့ ဒုက္ခ သည်တွေပါ။ အဲဒီမှာ ၉ တန်း ကျောင်းသား အသက် ၁၄ နှစ်အရွယ်ပါတယ်။ မေး- ဒီလပိုင်းတွေမှာဆို အွန်လိုင်း၊ ဖေ့စ်ဘွတ်ခ်တွေမှာဆို ဟိုဘက်ဒီဘက် အုပ်စုကွဲသလိုမျိုးဖြစ်လာ။ မှတ်ချက်ပေးတာတွေကလည်း တော်တော်လေး အစွန်းရောက် လာတာတွေ့ရတယ်။ အဲဒါတွေက ပြဿနာကို ပိုဆိုးရွားသွားစေနိုင် တယ်လို့ထင်ပါသလား။ ဖြေ- ဖေ့စ်ဘွတ်ခ်တွေ ဒီမှာဖွင့်လို့ မရဘူး။ ဖေ့စ်ဘွတ်ခ်ထဲမှာ အချင်းချင်း အချင်းများနေကြတယ်ဆိုတာ ကြားရတော့ စိတ်မကောင်းဘူး။ မလုပ်သင့်တဲ့ကိစ္စလို့ ယူဆတယ်။ ဖေ့စ်ဘွတ်ခ်မှာ ပြောကြဆိုကြရင်း နောက်မှာ လူမျိုးရေးပြဿနာတွေ ပေါ်လာနိုင်တယ်။ အဲဒါတကယ့် စိုးရိမ်စရာပဲဗျ။ ဒါ မဖြစ်စေချင်ဘူးဗျ။ မေး- တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အခုချိန်မှာ အရေးကြီးဆုံးက ဘာဖြစ်မယ်ထင်လဲ။ ပြန်ပြီး စကားဝိုင်း စနိုင်ဖို့ဆိုရင်က အဓိကဘာလိုအပ်မယ်ထင်ပါသလဲ။ ဖြေ- အဓိကကတော့ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ၀ိုင်းပြီးတော့ တည်ဆောက်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုကို စတင်ဖို့ပါပဲ။ နိုင်ငံရေးဆွေးနွေးမှု စတင်လိုက်တာနဲ့ ဒီပြဿနာတွေဟာ အားလုံးပြေလည်သွားဖို့ အဆင်သင့်ပါပဲ။ အရင်တုန်းက နိုင်ငံရေးဆွေးနွေးမှုကို မပြောဘူး။ ဒီနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးဖို့ လုပ်ရအောင်ဆိုတဲ့ ပြောလာတာမျိုး ရှိပါတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကပဲ လုပ်ဆောင်သွားကြမယ်ဆိုတာမျိုး။ ပြောရရင်တော့ ဒီနိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စလည်း အဖြေကောင်းရနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိဘူး။ ဒါကြောင့် ပြေလည်ဖို့ဘာလိုလဲဆိုတော့ နိုင်ငံရေးဆွေးနွေး ဖို့လိုတယ်။ နိုင်ငံရေးဆွေးနွေးမှု ရှိရမယ်။ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ပုံဖော်သွားမယ်ဆိုရင်တော့ ဒီကိစ္စလွယ်လွယ်နဲ့ ပြေလည်သွားမှာပါ။ အခု သူတို့ဆန္ဒရှိပြီး အခု ဖော်ထုတ်လိုက်တာနဲ့ တစ်ရက် နှစ်ရက်အတွင်းမှာ အေးငြိမ်းသွားနိုင်တဲ့ကိစ္စရှိတယ်။ နောက်တစ်ခုက အောက်တိုဘာ ၃၀ ရက် အတောအတွင်းမှာ ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးရအောင် ပြောဆိုပြီးတဲ့နောက်ပိုင်းမှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်ပြီး လုပ်လာတယ်။ ဒါကိုချိန်ထိုးပြီးမှ သုံးသပ်ရမယ့်အပိုင်းရှိတယ်။ မေး- တွေ့ဆုံဆွေးနွေးရေးပြန်လုပ်ဖို့ စစ်ရှိန်တအားမြှင့်နေတော့ စစ်ရှိန်လျှော့ဖို့ သဘောတူပါသလား။ ဖြေ- စစ်ရှိန်လျှော့ဖို့ဆိုတာ ဒါလုပ်ရမယ့်ကိစ္စတစ်ခုပါ။ စစ်အရှိန်လျှော့ဖို့ ဘာတွေလုပ်ရမလဲဆိုရင် ကချင်ပြည်နယ်ကို ရောက်နေတဲ့ တပ်မတွေအားလုံးကို မူလတပ်တွေနေရာကို ပြန်ပြီးဆုတ်သွားလိုက်ပါ။ နောက်ပြီး လေယာဉ်သုံး ပစ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်ပါ။ ဒါဆိုရင် စစ်အရှိန်လျော့သွားမှာပဲ။ ၂၀၁၂ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ကြီးကြီးမားမားမရှိခဲ့ဘူးဆိုတာ သူတို့စစ်ရေးလှုပ်ရှားမှု မရှိလို့ပါ။ စစ်ဆင်ရေးလုပ်လာတာနဲ့အမျှ တိုက်ပွဲတွေပြင်းထန်လာ တယ်။ စစ်အရှိန်ဟာ အစိုးရတပ်ရဲ့ ထိုးစစ်ပေါ်မှာမူတည်တယ်။ တပ်တွေကိုသာ ပြန်ဆုတ်လိုက်ပြီး စမ်းကြည့်ပါ။ တိုက်ပွဲအရှိန်လျော့သွားမှာပါ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။ 7Day News Journal ဓာတ်ပုံ- မိုးမခ | ||
| လိုင်ဇာကို ထိုးစစ်ဆင်ခြင်း ၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး Posted: 15 Jan 2013 09:19 PM PST နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်အင်တာဗျူး ရေးသားသူ- အားမာန် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင်ခန့်အပ်တာဝန်ပေးခြင်းခံရသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။ မေး- အစိုးရနဲ့ကေအိုင်အိုကြားထဲမှာ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က အခု အခြေအနေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာ တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အဖြေပြန်ရှာနိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းရှိရင် သိလိုပါတယ်။ ဖြေ- နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကနေ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ပထမဆုံး လုပ်ဆောင်သင့်တာကတော့ အပစ်အခတ်ရပ်စဲရေး စတင်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင် တိုက်ခိုက်နေမှုများကို အရင်ရပ်ဆိုင်းပြီးမှ နောက်အဆင့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို အရင်သဘောတူပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်ပြောဆိုကမ်းလှမ်းခဲ့တာလည်း အပစ်အခတ်ရပ်စဲရေး အောင်မြင်ပြီးရင် လက်နက်ကိုင် ပဋိပက္ခများကို အဖြေရှာဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကိုလည်း ချန်လှပ်မထားဘဲ အပစ်အခတ်ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများမှာပါ ပါဝင်လာနိုင်ဖို့အတွက် တံခါးဖွင့်ထားကြောင်း ထပ်မံပြောကြားထားပြီး ဖြစ်ပါတယ်။ မေး- တွေ့ဆုံဆွေးနွေးမှု အဆင်ပြေအောင် တတိယအဖွဲ့အစည်း ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို အကူအညီတောင်းဖို့အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။ ဖြေ- မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများက အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အချင်းချင်းတွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ကော်မတီများ၊ အဖွဲ့အစည်းများလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ တတိယအဖွဲ့အစည်း၊ တတိယနိုင်ငံမျိုးက တွေ့ဆုံနိုင်မယ့်နေရာစီစဉ်ပေးတာမျိုးတော့ ရှိနိုင်ပါတယ်။ မေး- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တပ်မတော်ကို ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းဖို့ မှာလိုက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လိုင်ဇာမြို့ ပတ်ပတ်လည်က ကေအိုင်အေ အမာခံတပ်စွဲထားတဲ့ တောင်ကုန်းတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတာ သိရပါတယ်။ အစိုးရတပ်မတော်ရဲ့ ရည်မှန်းချက်ကို သိချင်ပါတယ်။ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းရေးလား။ ဒါမှမဟုတ်ဘာပါလဲ။ ကေအိုင်အို/ကေအိုင် အေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရဲ့ နောက်ဆုံးညွှန်ကြားချက်ကို သိလိုပါတယ်။ ဖြေ- အခု လဂျားယန်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ ပြီးခဲ့တဲ့ လပေါင်းများစွာအတွင်းမှာ ကေအိုင်အေအဖွဲ့က ခြေကုတ်ယူပြီး လဂျားကန်စခန်းမှာရှိတဲ့ တပ်မတော်အဖွဲ့ဝင်များ၊ လဂျားယာန်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်တဲ့ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေခဲ့တဲ့ နေရာများကို မိမိတပ်ဖွဲ့ဝင်များက လုံခြုံရေးနဲ့ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်း ပြန်လည်အသုံးပြုနိုင်ဖို့အတွက် ရှင်းလင်းတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ လဂျားယန်စခန်းပတ်ဝန်းကျင်က တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာ ဖြစ်ပါတယ်။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးအတွက် လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အမိန့်ဖြစ်တဲ့ မိမိကိုယ်မိမိခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်မှုမပြုလုပ်ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။ မေး- ကေအိုင်အို/ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၆၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အရင်ကကူညီထောက်ပံ့မှု လုံးဝမရှိဘူးလို့ ကေအိုင်အိုဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အကူအညီတွေ ပိုနည်းသွားသလို ရာသီဥတုဒဏ်ကြောင့် အခက်ခဲဆုံးအခြေအနေ ရင်ဆိုင်နေရတဲ့ အဲဒီစစ်ပြေး ဒုက္ခသည်တွေအတွက် ဘယ်လို ကူညီပံ့ပိုးမှုတွေပေးဖို့ ရှိပါသလဲ။ ဖြေ- ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည်အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါနေသလဲဆိုတာ သေသေချာချာ စိစစ်သင့်တယ်လို့ ထင်ပါတယ်။ မေး- ဇန်န၀ါရီ ၁၄ (ယနေ့နံနက်) တပ် မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ အမြောက်ဆံထိမှန်လို့ လိုင်ဇာမြို့ ခံသုံးဦးသေပြီး လေးဦးကို ဆက် လက်ဆေးကုသနေတယ်လို့ လိုင် ဇာဆေးရုံက သိရပါတယ်။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလိုပါတယ်။ ဖြေ- အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အတည် ပြုချက်များရရှိဖို့လိုပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက် ကြီးနဲ့ပစ်ခတ်မှုလုံးဝမရှိဘူး၊ အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူးလို့ကာကွယ်ရေးဝန်ကြီးဌာနကနေစုံစမ်း သိရှိရပါတယ်။ လိုင်ဇာမြို့တွင်းမှာလည်း ကေအိုင်အေက လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေတာကြောင့် ဒီပေါက်ကွဲမှုဟာ တပ်မတော်က ပစ်ခတ်မှုလား၊ တစ်ခြား မတော်တဆပေါက်ကွဲမှုလား၊ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ လွတ်လပ်တဲ့အ တည်ပြုချက် များရရှိဖို့လိုပါတယ်။ မေး- ပြည်သူတွေအားလုံးက မလိုလားပေမယ့် အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေက ဒီရက်ပိုင်းမှာပဲ ပိုပြီးတင်းမာပြင်းထန်လာတာ တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှု ပြန်လုပ်လို့ရအောင် အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ နှစ်ဖက်စလုံး စစ်ရေးအရှိန်ကို ဘယ်လိုလျှော့နိုင်မယ်လို့ ထင်ပါသလဲ။ ဖြေ- တိုက်ခိုက်မှုတွေ အရှိန်လျှော့ဖို့အတွက်ဆိုရင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တပ် ပိုင်းဆိုင်ရာကိစ္စတွေမှာ အဆုံးအဖြတ်ပေးနိုင်မယ့်သူတွေပါဖို့ လိုပါတယ်။ ရွှေလီမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးတုန်းက တပ်မတော်ဘက်က အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးဖို့ သွားရောက်ခဲ့ပေမယ့် ကေအိုင်အေဘက်က ဦးဂွန်မော်တို့ လာရောက်ခြင်း မရှိတဲ့အတွက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။ International Crisis Group အဖွဲ့ကလည်း ကေအိုင် အေဘက်က ဒီလိုဆွေးနွေးဖို့ ပျက်ကွက်ခြင်းဟာ တိုက်ပွဲတွေ အရှိန်မြင့်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ်ထောက်ပြထားပါတယ်။ မေး- ရှေ့တန်းတိုက်ပွဲတွေမှာ တပ်မတော်အနေနဲ့ တိုက်လေယာဉ် တွေကိုအသုံးပြုခဲ့တဲ့အပြင် ဒီနောက်ပိုင်း ဓာတုလက်နက်တွေ သုံးတော့မယ်၊ သုံးနေပြီလို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်ပါလဲ။ ဖြေ- တပ်မတော်အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက် မသုံးခဲ့ပါဘူး။ အခုလည်း သုံးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခု အင်တာနက်ပေါ်မှာ ပေါ်ပေါက်နေတဲ့ စွပ်စွဲချက်များဟာ လုံးဝမှားယွင်းပါတယ်။ ကေအိုင်အေ ဒါမှမဟုတ် ကေအိုင်အေကို ထောက်ခံတဲ့သူများက ကေအိုင်အေတပ်ဖွဲ့ဝင်တွေ တိုက်လိုခိုက်လိုစိတ်မရှိတော့လို့ စခန်းများ စွန့်ခွာခဲ့ရတဲ့ အခြေအနေကို ဖုံးကွယ်ချင်လို့ ဒီလိုမမှန်သတင်းတွေ ထုတ်လွှင့်နေတာလို့ ထင်ပါတယ်။ မေး- အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက်ကစပြီး မိုင်းခွဲခံရတဲ့ ရထားနဲ့ တံတား အကြိမ်ရေ ဘယ်လောက်ရှိပါပြီလဲ။ အချို့မိုင်းခွဲတာတွေမှာ စစ်သားတွေနဲ့ စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွေမို့သာ စစ်ပွဲတွေထုံးစံအတိုင်း ကေအိုင်အေက မိုင်းခွဲတယ်လို့ ပြောတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများမှတ်ချက်ပေးလိုပါသလဲ။ ဖြေ- ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားတဲ့အချိန်ကစပြီး ယခု ဇန်န၀ါရီ ၁၃ ရက်အ ထိ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်မှု ၅၄ ကြိမ်နဲ့ မန္တလေး- မြစ်ကြီးနားရထားလမ်းမှာ မိုင်းခွဲ တိုက်ခိုက်မှုနှစ်ကြိမ် စုစုပေါင်း ၅၆ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီရထားတွေအားလုံးဟာ လူစီးရထားနဲ့ အရပ်ဘက်ကုန် တင်ရထားများသာဖြစ်ပါတယ်။ ကုန်တင်ရထားတိုက်ခိုက်ခံရတုန်းက မြန်မာ့မီးရထားက ကုန်ပစ္စည်း စာရင်းတောင် အသေးစိတ်ထုတ် ပြန်ခဲ့ပါသေးတယ်။ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ရထားများပေါ်မှာ ခရီးသည်တွေပါသလို ပတ်ဝန်းကျင် မှာလည်း ဒေသခံပြည်သူတွေရှိပါတယ်။ တကယ်လို့ အဲဒီရထားများဟာ စစ်ရထားဆိုရင် သူတို့ကိုယ် တိုင်ကပြောမှာဖြစ်ပါတယ်။ ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ရထားများက အရပ်ဘက်လူစီးနဲ့ ကုန်ရထားများသာ ဖြစ်ပါတယ်။ မေး- နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက် သက်တမ်းတစ်နှစ်နဲ့ ကိုးလကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုများစွာ လုပ်နိုင်ခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။ အောက်ခြေပြည်သူလူထုဆီကိုပါ သက်ရောက်မှုရှိမယ့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို အစီအစဉ်တွေရှိပြီး ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။ ဖြေ- စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဟာ မက်ခရိုအဆင့်မှ စတင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု အောက်ခြေအထိရောက်အောင် အချိန်အတိုင်းအတာတစ်ခု ယူရပါတယ်။ သမ္မတကြီးလည်း ဒီအချက်ကို သတိပြုမိတဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေးတိုးတက်မှု မူဘောင်များအရ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာမှာလည်းကောင်း၊ နိုင်ငံတကာ အကူအညီများ ရယူဆောင်ရွက်ရာမှာလည်းကောင်း ပြည်သူများ တိုက်ရိုက်လက်တွေ့ အကျိုးခံစားခွင့် ရရှိစေမယ့် စီမံကိန်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ထုတ်ပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုများကို ဦးစားပေးဖို့ မူဝါဒအဖြစ် လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။ အလားတူပဲ ထောင်စုနှစ် ရည်မှန်းချက်များအတိုင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်ဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 7Day News Journal | ||
| ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟိုတယ်များ တည်ဆောက်မည် Posted: 15 Jan 2013 09:10 PM PST ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟိုတယ်ကြီးများ တည်ဆောက်ရေး စီမံကိန်းများတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ဆွေးနွေး လျက်ရှိကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည် Posted: 15 Jan 2013 09:01 PM PST မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်း ကုမ္ပဏီ စက်ရုံ လာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းရရှိသည်။ အမျိုးသား ညီလာခံ ကျင်းပရာ အဆိုပါ နေရာရှိ မူလ အဆောက်အအုံ နေရာ များ၌ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ် Posted: 15 Jan 2013 08:44 PM PST "ဒီရက်ပိုင်းလေးတင်ပဲ ကျွန်မတို့နားမှာ သက်ကြီး ရွယ်အိုတွေ လေဖြတ်တာ နှစ်ယောက်တောင် ရှိနေပြီ။ ကျွန်မတို့ အရွယ်တောင် မနက် ကိုးနာရီ လောက်အထိ မီးလှုံနေရတယ်" ဟု အမရပူရ မြို့နယ်မှ အသက်သုံး ဆယ်အရွယ် ဒေသခံ မသိမ့်သိမ့်စိုးက ပြောသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည် Posted: 15 Jan 2013 08:38 PM PST လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ အအေးလွန်ကဲမှု ထပ်မံကြုံတွေ့ရမည်ဖြစ်ပြီး မပြင်းထန်နိုင်၍ များစွာ စိုးရိမ်ရန် မလိုကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| Posted: 15 Jan 2013 08:23 PM PST "ချစ်သူနဲ့သာ အတူနေရရင် ထမင်းရည်ပဲ သောက်ရသောက်ရ ဆိုတဲ့ ခေတ်မ ဟုတ်တော့ဘူး" ယင်းစကားသံမှာ အသက် ၂၄နှစ်အရွယ် အလှပြင ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး၏ ဖူးစာရှင် ခံယူချက်ပင်ဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေးနှင့် ကိုယ်တိုင် ရုန်းကန်လှုပ်ရှား နေရသော ဘ၀တို့က မိန်းမပျိုတို့ အတွက် ဘ၀ကြင်ဖော်ကို ဆုံးဖြတ် ရွေးချယ်ရာတွင် အတော်အသင့် ရိုက်ခတ်ပြောင်းလဲ အရေးပါလာစေခဲ့သည်။ ယခင်က အမျိုးသမီးတစ်ဦး၏ အိမ်ထောင်ဖက်ကို ရွေးချယ်ရာ တွင် ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီ ယာ၊ သင်္ဘောသားတို့ကို အများ ဆုံးရည်မှန်းခဲ့ရာမှ ယခုခေတ်တွင် အမျိုးသမီးတို့စိတ်ကူးထဲမှ ဘ၀ကြင်ဖော်သည် ဘ၀အာမခံချက်ပေးနိုင်မည့် စီးပွားရေးသမားများ ဖြစ်လာသည်။ ယနေ့ အမျိုးသား၊ အမျိုးသမီးများ ဘ၀ကြင်ဖော်ရွေးချယ်မှုပုံစံကို 7Day News က လူတွေ့နှင့် အွန်လိုင်းမှတစ်ဆင့် ကျပန်းကောက်ယူသော အသေးစား စစ်တမ်းများအရ စီးပွားရေးသမားကို မျှော်မှန်းကြသော အမျိုးသမီး တို့မှာစစ်တမ်း၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရသည်။ မည်သို့အသက်မွေးဝမ်းကျောင်းပြုသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုပါသနည်းဟု မေးမြန်းခဲ့သော မေးခွန်းကို ဖြေကြားသူ အမျိုးသမီးများ၏ ထက်ဝက်ကျော်က စီးပွားရေးသမားဟု ပြန်လည်ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ အင်ဂျင်နီယာနှင့် သင်္ဘောသားများမှာ ဒုတိယအများဆုံး ရည်မှန်းခံရပြီး ဆရာဝန်ကို ရည်မှန်းကြသူမှာ စစ်တမ်းကို ပြန်လည်ဖြေဆိုခဲ့ကြသော အမျိုးသမီး ၁၇၆ ဦးတွင် ရှစ်ဦးသာ ရှိခဲ့သည်။ စစ်ဗိုလ်ကို ရည်မှန်းသူကတော့ ထိုအရေအတွက်တွင် သုံးဦးသာ ပါဝင်လာသည်။ တချို့က ကုမ္ပဏီဝန်ထမ်း၊ လေယာဉ်မှူးတို့ကိုလည်း ရွေးချယ်ကြပြီး စီးပွားရေးသမားမှာတော့ ရွေးချယ်မှုအများဆုံးဖြစ်နေခဲ့ခြင်းဖြစ်သည်။ မိန်းကလေးများအတွက် စိတ်ကူးထားသည့်အိမ်ထောင်ဖက်နှင့် တကယ်ရွေးချယ်ရသည့် အိမ်ထောင်ဖက်တို့ ထပ်တူကျနိုင်ခြေမှာ နည်းပါးသည်ဟုဆိုနိုင်ပြီး နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးရွေးချယ်လာကြခြင်းက ပိုများလာသည်။ "ပြည့်စုံတဲ့မိသားစုကနေ ပေါက်ဖွားလာသူအဖို့ကတော့ အိမ်ထောင်ဖက်ကို ပန်းချီဆရာ၊ ဂီတသမား၊ ဒီဇိုင်နာ စသဖြင့် ရွေးယူနိုင်ပေမယ့် သာမန်မိသားစုက ပေါက်ဖွားလာသူတွေကတော့ စီးပွားရေးသမားကို ရွေးချယ်ခြင်းသာ အကောင်းဆုံးဖြစ်ပါလိမ့် မယ်" ဟု အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးက ပြောသည်။ စစ်တမ်းအရ အများစုကတော့ ကိုယ့်အပေါ်နားလည်မှု ပေးနိုင်ပြီး စိတ်သဘောထား မွန်မြတ်သည့် အိမ်ထောင်ဖက်မျိုးကိုသာ မျှော်လင့်ကြကာ အရည်အချင်းရှိသည့် အိမ်ထောင်ဖက်ကို ဒုတိယ ဦးစားပေးရွေးချယ်လိုကြသည်။ တတိယလိုက်နေသည့် ရွေးချယ်မှုမှာ ရုပ်ရည်ချောမောသူပင် ဖြစ်သည်။ "စိတ်ကူးထားတဲ့အိမ်ထောင်ဖက်ကတော့ လီမင်ဟိုလို အရပ်ရှည်ပြီး စမတ်ကျတဲ့ချစ်သူပုံစံပဲ" ဟု ၂၄ နှစ်အရွယ် အမျိုးသမီး အရောင်းဝန်ထမ်းတစ်ဦးက သူမ၏ မျှော်လင့်ချက်ကို ပြောသည်။ ထိုရွေးချယ်မှုများမှာ မိမိအနာဂတ်အတွက် မျှော်လင့်ထားခြင်းမျိုးသာဖြစ်ပြီး တကယ်တမ်းတွင်တော့ အိမ်ထောင်ဖက်၏ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်မှု၊ သစ္စာရှိမှုတို့ကသာ အမျိုးသမီးများ၏ အဓိကလိုလားချက်ဖြစ် ကြောင်း တွေ့ရသည်။ ချစ်ခင်နားလည်မှုနှင့်အတူ အလုပ်အကိုင်ရှိမှုကိုလည်း တွဲဖက်စဉ်းစားလာကြကာ တချို့ကတော့ ကြိုက်နှစ်သက်မှုကြောင့်မဟုတ်ဘဲ စီးပွားရေး အခြေအနေအရ လက်ထပ်လိုက်ခြင်းများလည်း ရှိသည်။ မိဘစီစဉ်မှုဖြင့် စေ့စပ်ပေးစားသည့် ဓလေ့မှာလည်း ယနေ့ခေတ်တွင် ရှားပါးလာပြီဖြစ်ပြီး အများစုကတော့ ကိုယ်တိုင်ပင် ကြိုက်နှစ်သက်သည့် ဖူးစာရှင်ကို ရှာတွေ့သွားကြကာ မိဘနှင့်အဆင်ပြေ၊ မပြေကို နောက်ဆုံးမှ စဉ်းစားလာကြသည်။ စစ်တမ်းကို ဖြေဆိုသူများ၏ အဖြေကို ခြုံငုံသုံးသပ်ကြည့်လျှင် ချစ်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ကို အဓိကလိုအပ်ကြသော်လည်း စီးပွားရေးအခြေအနေကလည်း အဓိကအရေးပါနေသည်ကို တွေ့ရသည်။ ထိုအချက်ကို "အိမ်ထောင်ဖက်ကို ရွေးချယ်ရန်စဉ်းစားသည့်အခါ ၀င်ငွေနှင့်အလုပ်အကိုင်က အရေးပါသလား" ဟူသည့် မေးခွန်းကို အမျိုးသမီး ၁၇၆ ဦးတွင် ၁၄၆ ဦးက အရေးပါသည်ဟု ပြန်လည်ဖြေဆိုခြင်းက သက်သေပြလျက်ရှိသည်။ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ "ပိုက်ဆံရှိတဲ့လူကိုပဲ အိမ်ထောင်ပြုဖို့ စဉ်းစားကြတာ များပါတယ်။ ဒါပေမဲ့ လူတစ်ယောက်မှာ အဓိကကျတဲ့စိတ်ဓာတ်ကိုတော့ မေ့ထားကြတာများတယ်" ဟု သူမ၏ အမြင်ကို ပြောသည်။ အမျိုးသမီးအများစုတွင် မိမိစိတ်ကူးထားသည့် ဘ၀ကြင်ဖော် ပုံစံကိုယ်စီရှိတတ်ကြပြီး ထိုစိတ်ကူးထဲမှ အိမ်ထောင်ဖက်နှင့် ထပ်တူကျသူကို ရှာဖွေရန် တကူးတက ကြိုးပမ်းမှုမရှိကြောင်း ၎င်းတို့က ဆိုသည်။ အများစုပြန်ဖြေသည်ကတော့ "ဖူးစာ" နှင့် "ကံတရား" ပင် ဖြစ်သည်။ ထို့နောက် စိတ်ကူးထဲမှ ဖူးစာရှင်နှင့် ဆုံတွေ့ခြင်းမရှိသေးကြောင်းလည်း ဖြေဆိုထားကြသည်။ "ကိုယ့်ပတ်ဝန်းကျင်က အများစုကတော့ ပိုက်ဆံရှိတဲ့၊ တင်တောင်းနိုင်တဲ့လူကို ယူကြတာများတယ်" ဟု ၃၆ နှစ်အရွယ် အင်တာနက်ဆိုင်ပိုင်ရှင် မအေးအေးခိုင်က ပြောသည်။ စစ်တမ်းတွင် ထည့်သွင်းမေးမြန်းထားသည့် မေးခွန်းတစ်ခုဖြစ်သော "သင့်ပတ်ဝန်းကျင်မှ မိတ်ဆွေများထဲတွင် မည်သည့်အသက်မွေးဝမ်းကျောင်းပြုသူကို အိမ်ထောင်ပြုရန် စဉ်းစားကြသနည်း" ဟူသည့်အချက်ကို အများစုက အလုပ်အကိုင်အတည်တကျရှိသူ၊ ၀င်ငွေကောင်းသူ၊ စီးပွားရေးလုပ်ငန်းရှိသူကို စဉ်းစားကြသည်ဟု ပြန်လည်ဖြေဆိုကြပြီး အချို့ကတော့ မိမိနှင့်အလုပ်အကိုင်တူသူ၊ အလွှာတူသူ၊ ပတ်ဝန်းကျင်တူသူ တို့ကို ရွေးချယ်ကြသည်ဟု ဖြေကြသည်။ "ကိုယ့်ကိုဂရုစိုက်ပြီး ယုံကြည်အားကိုးလောက်တဲ့ယောကျာ်းကို ယူချင်တယ်။ ဒါက မိန်းကလေး တော်တော်များများတွေးတဲ့ အတွေးပါ" ဟု ၂၂ နှစ်အရွယ် ဂျီတီစီ ကျောင်းသူတစ်ဦးက ဆိုသည်။ စစ်တမ်းဖြေဆိုသူများထဲတွင် နိုင်ငံရေးသမားကို ရွေးချယ်လိုသူ တစ်ဦးမှမပါဝင်ဘဲ ရှေ့နေ၊ ဂျာနယ်လစ်၊ စာရေးဆရာ၊ ဓာတ်ပုံဆရာတို့ကို ရွေးချယ်မှုမှာလည်း တစ်ဦးစီသာပါဝင်ခဲ့သည်။ တချို့ကတော့ သမ္မာအာဇီဝအလုပ် လုပ်ကိုင်သူကို ရွေးချယ်လိုကြောင်း မှတ်ချက်ပြုထားကြသည်။ ဘ၀ကြင်ဖော်ရွေးချယ်ရာတွင် အမျိုးသမီးအများစုက စီးပွားရေးသမားကို ရွေးချယ်လိုကြသကဲ့သို့ အမျိုးသားများကလည်း စီးပွားရေးသမားများကိုသာ ရွေးချယ်လိုမှုများကြောင်း စစ်တမ်းကိုဖြေဆိုသည့် အမျိုးသားများ၏ အဖြေအရသိရသည်။ စစ်တမ်းဖြေဆိုသူ အမျိုးသားများ၏ ၅၇ ဦးတွင် ၁၆ ဦးက စီးပွားရေး လုပ်ကိုင်သည့် အမျိုးသမီးကို လိုလားကြပြီး အင်ဂျင်နီယာနှင့် ကျောင်းဆရာမကို ရွေးချယ်မှုက ဒုတိယ လိုက်နေခဲ့ သည်။ ဟင်းချက်ကောင်းသူ အမျိုးသမီးကို ရွေးချယ်လိုသူမှာ တစ်ဦးသာရှိသည်။ အိမ်ထောင်ဖက်၏ အလုပ်အကိုင်နှင့်ဝင်ငွေ အရေးပါသည်ဟု စစ်တမ်းဖြေဆိုသူ အမျိုးသားထက်ဝက်က ထင်မှတ်ကြပြီး အတော်များများက ရုပ်ရည်ချောမောသည့် အမျိုးသမီးများကို ကြိုက်နှစ်သက်ကြောင်း ဆိုကြသည်။ "ယောကျာ်းဆန်တဲ့အများစုကတော့ ဟော့တဲ့မိန်းကလေးမြင်ရင် စိတ်ဝင်စားပေမယ့် အိမ်ထောင်ဖက်ကိုတော့ ဣနြေ္ဒရှိတဲ့၊ မိန်းမဆန်တဲ့မိန်းမမျိုးကိုပဲ နှစ်သက်ကြတယ်" ဟု အသက် ၂၁ နှစ်အရွယ် ကျောင်းသားတစ်ဦးက ပြောသည်။ ၂၈ နှစ်အရွယ် ဆရာဝန် အမျိုးသားတစ်ဦးကလည်း "ရင်ခုန်ခြင်းမပါဘဲ ဘယ်တော့မှမချစ်ဘူး။ ချောတာလှတာမြင်ရင်တော့ ရင်ခုန်တယ်။ ဒီတော့ ချောရလှရမယ်။ နောက်တစ်ခုက မိဘမျိုးရိုးနဲ့ အလုပ်အကိုင်။ ဒါတွေကို စဉ်းစားတယ်" ဟု ဆိုသည်။ အနှေးယာဉ်သမားတစ်ဦးကမူ "အခုခေတ် ကောင်လေးတွေက ပိုက်ဆံရှာနိုင်တဲ့ မိန်းမကို ရှာကြတယ်လို့ ပြောရမယ်။ ဒါပေမဲ့ တချို့ကောင်လေးတွေကတော့ ရုပ်ချောရင်ပြီးရောဆိုပြီး ယူတာများတယ်။ နောက် ယူလည်းပြီး ရော ကွဲကြတာပဲ။ ဒါက တော်တော်များများ တွေ့နေရတယ်" ဟု သုံးသပ်သည်။ နယ်မြို့အချို့တွင် ကောက်ယူထားသော စစ်တမ်းများအရလည်း အမျိုးသားရော အမျိုးသမီးပါ ရွေးချယ်လိုမှုများသည့် အိမ်ထောင်ဖက်မှာ "စီးပွားရေးလုပ်ကိုင်သူ" သာလျှင် ဖြစ်နေခဲ့သည်ကို တွေ့ရပြီး စိတ်ကူးထဲမှ အိမ်ထောင်ဖက်ကတော့ "ရိုးသားကြိုးစား၍ စိတ်သဘောထားဖြူစင်သူ" ပင်ဖြစ်သည်။ "စဉ်းစားတာကတော့ ရိုးသားမှု၊ မိသားစုကို ချစ်တဲ့သူ၊ အနာဂတ်အတွက် ကြိုးစားနေတဲ့သူ၊ ကိုယ့် အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့လူပေါ့" ဟု မန္တလေးမြို့တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ မုံရွာမြို့မှ အသက် ၃၅ နှစ်အရွယ် တက္ကသိုလ်ဆရာမတစ်ဦးကလည်း "ရိုးသား ကြိုးစားပြီး အသောက်အစားမရှိ၊ လောင်းကစား မလုပ်တဲ့လူမျိုးကို စဉ်းစားပါတယ်" ဟု ဆိုသည်။ လူအောင်သွယ်များဖြင့် ဘ၀ကြင်ဖော်ရှာဖွေမှုနှင့် အင်တာနက်မှတစ်ဆင့် ဘ၀ကြင်ဖော်ရှာဖွေမှုများကို အနောက်နိုင်ငံများတွင် အသုံးပြုလာကြပြီး တရုတ်နိုင်ငံတွင် ပိုမိုထွန်းကားနေကာ မြန်မာနိုင်ငံတွင်လည်း အင်တာနက် အသုံးပြုရင်း လက်တွဲဖော်ကို ရှာတွေ့သွားကြသူများရှိလာသည်။ သို့ရာတွင် အမျိုးသမီးများအတွက် ဆိုးကျိုးများအဖြစ် အလိုမတူဘဲ ကာမလိမ်လည်ရယူခြင်း၊ ငွေကြေးလိမ်လည်ခြင်းများကို ကြုံတွေ့ရနိုင်သည့်အတွက် အွန်လိုင်းမှတွေ့ဆုံခြင်းမှာ အထူးသတိပြုစ ရာတစ်ရပ်လည်းဖြစ်နေသည်။ မြန်မာ အမျိုးသမီးအများစုကမူ စီးပွားရေး အခြေအနေအရ ကိုယ်တိုင်ရုန်းကန်လှုပ်ရှားနေကြရသော်လည်း တကယ်တမ်း တွင်မူ သက်သောင့်သက်သာ နေထိုင်နိုင်သည့်ဘ၀ကို လိုလားကြဆဲဖြစ်ကြောင်း အမျိုးသမီးအခွင့် အရေးလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။ "အဓိက အိမ်ထောင်ဖက် ရွေးချယ်တဲ့နေရာမှာပေါ့။ စီးပွားရေး အကျပ်အတည်းကြောင့် မရွေးချယ်စေချင်ဘဲ လွတ်လပ်တဲ့ ရွေးချယ်မှုမျိုးပဲ ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ဦးရဲ့ သဘောထားက ဆန့်ကျင်ဘက် ဖြစ်နေမယ်လေ" ဟု အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ မဇင်မာအောင်က အကြံပြုသည်။ အမျိုးသားနှင့် အမျိုးသမီး ရင်ပေါင်တန်း လှုပ်ရှားနေကြသည့် ခေတ်တွင် နိုင်ငံ၏စီးပွားရေး အခြေအနေက ဘ၀ကြင်ဖော်ရွေးချယ်မှုကို သိသိသာသာ ပြောင်းလဲလာစေခဲ့ပြီဖြစ်ပါသည်။ ခြုံငုံသုံးသပ်ရလျှင် စီးပွားရေးပိုင်းကို ဦးစားပေးလိုကြခြင်း၏ အဓိက အကြောင်းရင်းမှာ မပူမပင် မကြောင့်မကြနှင့် လူတန်းစေ့ နေထိုင်နိုင်သော ဘ၀ကို လိုလားကြခြင်းပင်ဖြစ်သည်။ ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက သူမ၏ ခံစားချက်ကို အောက်ပါအတိုင်း ပြောပါသည်။ "မိန်းမတိုင်းကတော့ အမြင့်ကိုပဲ မှန်းချင်ကြတာပါပဲ" ။ ။ ရေးသားသူ- သတင်းအဖွဲ့ 7Day News Journal (ဥက္ကာကိုကို၊ ခန့်ထက်၊ အိမွန်ကျော်၊ သွယ်သွယ်လင်း၊ ခိုင်ခိုင်စိုး၊ အေး မြတ်သူ) ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) | ||
| မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စွာ အရေးယူတော့မည် Posted: 15 Jan 2013 08:19 PM PST မန္တလေးတိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ လုပ်းငန်း ညှိနှိုင်း အစည်း အဝေး(၁/၂၀၁၃) တွင် အတည်ပြု ဆုံးဖြတ်ချက်များ အရ တရားမ ဝင်လိုင်စင်မဲ့ ယာဉ်များကို ထိရောက်စွာ အရေး ယူသွား မည်ဖြစ်ကြောင်း သိရသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်တွေ့နေ Posted: 15 Jan 2013 08:10 PM PST ရွှေဘိုခရိုင်၊ ခင်ဦးမြို့ နယ်အတွင်း စပါးစိုက်ချိန်၌ မိုးခေါင်ခဲ့ သည့် အတွက် စပါးပေါ် ချိန်တွင် အထွက်နှုန်း လျော့နည်းကာ စပါးစိုက် တောင်သူ တစ်ချို့ အဆင်မပြေဖြစ် နေကြောင်း ဒေသခံတို့က ဆိုသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Journal (Vol-3,No-125) Posted: 15 Jan 2013 08:04 PM PST ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Journal (Vol-3,No-125) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ Posted: 15 Jan 2013 08:00 PM PST ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား The Ratiu Family Charitable Foundation မှ The 2012 Ion Ratiu Democracy Award ဆုကို နေပြည်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်) ရုံးခန်း၌ ယနေ့(ဇန်န၀ါရီလ ၁၆ ရက်နေ့)တွင် ပေးအပ်မည် ဖြစ်သည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း Posted: 15 Jan 2013 07:44 PM PST အမေရိကန် ပြည်ထောင်စုက နယူးယောက် ပြည်နယ် မှာတော့ သေနတ် ပိုင်ဆိုင်ခွင့် အတွက် တင်းကျပ်တဲ့ ဥပဒေကို ပြဌာန်း လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ လက ဖြစ်ခဲ့တဲ့ ကွန်နက်တီကတ် ပြည်နယ်က မူလတန်း ကျောင်းမှာ အစုလိုက် အပြုံလိုက် ပစ်ခတ် သတ်ဖြတ်ခံရမှု--------- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ Posted: 15 Jan 2013 07:34 PM PST ၁၉၈၈ လူထု အုံကြွမှုအပြီး ပေါ်ပေါက် ဖွဲ့စည်းခဲ့တဲ့ DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ ၁၉၉၁ ခုနှစ်မှာ မတရားသင်း အဖြစ် ကြေညာခံခဲ့ရ ပြီးတဲ့နောက် ပြည်ပမှာ နှစ်ပေါင်းများစွာ အခြေစိုက် လှုပ်ရှား ခဲ့ရပါတယ်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦးသေဆုံး Posted: 15 Jan 2013 07:26 PM PST ဆီးရီးယားနိုင်ငံက အကြီးဆုံး မြို့ဖြစ်တဲ့ အလက်ပို (Aleppo) က တက္ကသိုလ် တခုမှာ ပေါက်ကွဲမှု ၂ ခု အင်္ဂါနေ့က ဖြစ်ပွားခဲ့ပြီး လူ ၅၂ ယောက် ထက်မနည်း သေဆုံး ခဲ့ကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူ ကမှတော့ သူတို့ လက်ချက် ဖြစ်တယ်ဆိုပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု EU သတိပေး Posted: 15 Jan 2013 07:19 PM PST မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင် ပြည်နယ် အတွင်း အစိုးရတပ်နဲ့ KIA ကချင် လွတ်မြောက်ရေး တပ်တို့ အပြန်အလှန် တိုက်ပွဲတွေကြားမှာ မြန်မာဘက်က လက်နက်ကြီးကြောင့် ကချင် အရပ်သား ၃ ဦး သေဆုံး သွားတဲ့နောက် ကချင် ပြည်နယ်က ပဋိပက္ခတွေ အပေါ်မှာ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မြတ်ဗုဒ္ဓ ဟု အမည်နာမ ရေးထိုးထားသော ဓါးလက်နက်များ ဈေးကွက်အတွင်း ရောက်ရှိ Posted: 15 Jan 2013 03:06 PM PST ခလုတ်ဓါး တစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏ အမည်နာမှဖြင့် မဖွယ်မရာ ရေးထိုးပြီး မြန်မာ နိုင်ငံရှိ စတိုး ဆိုင်များ လမ်းဘေး ဈေးဆိုင် များတွင် ရောင်းချ နေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓ ဘာသာ ၀င်များ စိတ်မ ချမ်းမြေ့ ဖြစ်နေရကြောင်း သိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |























