Jan 18, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

သူအခြေတည်ခဲ့တဲ့ စနစ်ပဲ အောင်မြင်စေချင်မှာပေါ့။ ဒါကတော့ ကျိန်းသေပါတယ်။ မအောင်မြင်စေချင်ဘူး၊ မျက်နှာလွှဲ ခဲပစ် ထားခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။ Read More

 

လိုင်ဇာ ဒေသခံများ တရုတ်ဘက်သို့ တိမ်းရှောင်ရန် ပြင်ဆင်ထား

ဒေသခံတွေက ပြင်တော့ ပြင်ဆင်နေကြတယ်။ တိုက်ပွဲက နေ့တိုင်း နေ့တိုင်းလိုလို ဖြစ်နေတယ်။ လိုင်ဇာအနီးအထိ ချဉ်းကပ်လာတယ်ဆိုတော့ အားလုံး စိုးရိမ်နေကြတယ် Read More

 

လာမည့် သီတင်းပတ်တွင် အကျဉ်းထောင်များသို့ ICRC စတင်စစ်ဆေးမည်

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာနေရာ ယခုကဲ့သို့ ကန့်သတ်ချက်များ မရှိတော့သည့်အတွက် အပေါင်းလက္ခဏာ ဆောင်သည့် အပြောင်းအလဲဖြစ်သည်ဟု ICRC ဥက္ကဌက ဆိုသည်။ Read More

 

ဒေါက်တာ ဆိတ်ဖွားအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့

ကိုယ်စားလှယ်တွေ အပြောအရတော့ ဆိတ်ဖွားရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်မှု တခုသာဖြစ်ပြီး ၎င်းဘယ်သူဆိုတာ ခန့်မှန်းသိထားတဲ့အတွက် အခုလို အဆိုတင်တာလို့ ပြောကြပါတယ်။ Read More

 

ဝန်ကြီး အပြောင်းအလဲကြောင့် ဖုန်းဈေး ကျဆင်းနိုင်

ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲကြောင့် GSM/WCDMAဖုန်းဈေးနှုန်းများ ကျပ် ၁ သိန်းအောက် ကျသွားနိုင်ကြောင်း ပုဂ္ဂလိ က ဖုန်းရောင်းဝယ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ဧရာဝတီ သို့ ပြောသည်။ Read More

 

ကယား တိုင်းရင်းသားတချို့၏ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်လု ဖြစ်နေ

“ပျောက်ကွယ်သွားမှာ စိုးရိမ် ရတယ်။ အစားထိုး စရာလည်း မရှိဘူး။ အလွယ်တကူ ၀ယ်လို့လည်း မရဘူး။ သူတို့ ၀တ်ထားတဲ့ ဟာတွေက သူတို့သေသွားရင် ထည့်ပေးလိုက်ရတာလေ။ မြို့နဲ့နီးတော့ ၀န်ကြီးက ၀တ်ခိုင်းတဲ့ အခါမှ ၀တ်တယ်” Read More

 

ကာတွန်းဆရာတွေ မြူးတဲ့ ညနေ

ဆရာမောင်စိမ်းနီက ကြေညာလိုက်တဲ့အချိန်မှာတော့ အကယ်ဒမီပွဲလို သတင်းထောက်တွေက ဆရာသစ္စာနီနားမှာ ဝိုင်းအုံမသွားပါဘူး။ Read More

 

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်းကျန်းမာမာ ရှိဟု ဦးဌေးဦး ပြောဆို (ရုပ်/သံ)

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေဟာ နေပြည်တော်မှာရှိတဲ့ နေအိမ်မှာ ကျန်းကျန်းမာမာ အေးအေးချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနဲ့ တပ်ကို နောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုချက်များ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင်အုတ်မြစ်ချပေးခဲ့တဲ� �� လက်ရှိ နိုင်ငံရေးစနစ်ကို မျက်ကွယ်ပြုမထားဘူးလို့ Read More

 

Dateline Irrawaddy (ရုပ်/ သံ)

ဒီတပတ် ဒိတ်လိုင်း ဧရာဝတီမှာ လတ်တလောဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် စစ်ပွဲတွေအတွင်း ယခုနှစ်မှာ အရပ်သား သေဆုံးမှု၊ ကချင်ဒုက္ခသည်များအရေးနဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေနဲ့ ပတ်သက်လို့ ဧရာဝတီ ဝိုင်းတော်သားတွေ ဆွေးနွေးထားကြပါတယ်။ Read More

 

လဂျားယန် စခန်းတခုကို အစိုးရတပ် ထပ်မံသိမ်းပိုက်

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့နှင့် ၇ မိုင်ခန့် ကွာဝေးသည့် လဂျားယန်ဒေသမှ တပ်စခန်းတခုကို အစိုးရ တပ်ဖွဲ့ဝင်များက ယနေ့ သိမ်းပိုက် နေရာယူလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ စခန်းကို အစိုးရတပ်က ယမန်နေ့ညနေ ၅ နာရီမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကချင်လွတ်လပ� �ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ပူးပေါင်းတပ် ဖွဲ့ဝင်များက ဆုတ်ခွာပေးလိုက်ကြောင်း ABSDF မြောက်ပိုင်း တပ်ဖွဲ့မှ ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။ အစိုးရတက်များ လိုင်ဇာမြို့သို့ နီးကပ်လာသောကြောင့် မြို့ခံများသည် တရုတ်နိုင်ငံဘက်သို့ [...] Read More

 
 

ဗန်းမော်-မိုးမောက် ကားလမ်းပေါ်တွင် ပေါက်ကွဲမှု၊ ၃ ဦး ဒဏ်ရာရ

ဗန်းမော်-မိုးမောက် ကားလမ်းပေါ်တွင် ယမန်နေ့ ညနေ ၄ နာရီ ၂၀ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း ဗန်းမော် ရဲစခန်းထံမှ သိရသည်။ ဒဏ်ရာရသူများမှာ မိုးမောက်သို့ ကြက်စာ ပို့ဆောင်သူ သုံးဘီးကား မောင်းသမား ဦးသန်းစိုး၊ လမ်းဘေးတွင် ထိုင်နေသူ ဦးမရန်အာနန်နှင့် ဦးကျော်ကျော်ဟန်တို့ ဖြစ် ပြီး ဗန်းမော်မြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဦးကျော်ကျော်ဟန် အခြေအနေကောင်းသဖြင့် ယနေ့နေ့လည်တွင် ဆေးရုံကြီးမှ ပြန်ဆင်းခွင့်ရပြီးဖြစ်ကြောင်း သိရသည်။ Read More

 
 

GE ကုမ္ပဏီ မြန်မာ့ဈေးကွက် ဝင်မည်

ကမ္ဘာ့အကြီးဆုံး ကော်ပိုရေးရှင်းကြီးတခု ဖြစ်သော General Electric ကုမ္ပဏီ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲက လာမည့် နှစ် အနည်းငယ်အတွင်း စွန့်စားမှုနှင့် အကျပ်တည်းများပြားသည့် မြန်မာနိုင်ငံ၌ ဒေါ်လာ သန်း ၅၀၀ အထိ ရင်းနှီးမြှုပ်နှံသွားရန် မျှော်လင့်ထားကြောင်း The Wall Street Journal တွင် ဖော်ပြထားသည်။ “ဒီနိုင်ငံက အရေးပါတဲ့ အနေအထားကို ပြောင်းလဲ ရောက်ရှိလာတာပါ။ ပြီးတော့ အခြေခံ အဆောက်အအုံ အတွက်လည်း လိုအပ်ချက်တွေက ကြီးမား များပြားဆဲပါ။ တကယ်လို့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ဆီ ဦးတည်ပြီ ဆိုတာနဲ့ သန်း ၂၅၀ ကနေ သန်း ၅၀၀ လောက်အထိ နှစ်စဉ် မှာကြားလာမယ်လို့ ခန့်မှန်းမိတယ်”ဟု ယင်း ကုမ္ပဏီ၏ အာရှရေးရာတာဝန်ခံ Stuart [...] Read More

 
 

ပြည်သူ့လွှတ်တော်က ငြိမ်းကော်မတီနှင့် ကချင်သို့ တိုက်တွန်းချက် ထုတ်ပြန်

ပြည်သူ့လွှတ်တော်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နှင့် KIO/KIA သို့ ဇန်န၀ါရီ ၁၁ ရက် နေ့စွဲဖြင့် တိုက်တွန်းချက် တရပ် ထုတ်ပြန်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်း ထုတ်ပြန်ချက်တွင် အပိုဒ် ၃ ပိုဒ်ပါဝင်ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြရန် ခက်ခဲမှုရှိနေစဥ� ��အတွင်း ပွင့်လင်း မြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိရန် ထုတ်ပြန်ခြင်းဖြင့် လည်းကောင်း၊ ပြည်သူ့ထံမှ ထွက်ပေါ်လာသော ပြည်သူ့ဆန္ဒများကို အလေးအနက်ထားကြသည့် နှစ်ဖက်ဆွေးနွေးမှုများဖြင့် နားလည်မှုများ တည်ဆောက်၍ ယုံကြည်မှုများကို ဖော်ဆောင်ကာ စစ်ရေးအရှိန် တင်းမာနေမှုများအား လျှော့ချပြီး ထာဝရ ငြိမ်းချမ်းရေး လမ်းကြောင်းကို တည်ဆောက် ပေးကြ ပါရန် ပြည်ထောင်စု ငြိမ်းချမ်းရေး [...] Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။