January 11, 2013, (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

အမေရိကန် သံအမတ် မွန်နှင့် ကရင် နယ်မြေသို့ သွား

“ကချင်ပြည်သူတွေကို ကျနော် သနားမိတယ်။ သူတို့က ပညာရေးမှာလည်း ကောင်းကောင်း သင်ကြားခွင့် ရတာမဟုတ်ဘူး။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေနေရတယ်။ အစိုးရကလည်း အရင်ထဲက အဲဒီလူတွေအတွက် ဘာမှလုပ်ပေးခဲ့တာမဟုတ်ဘူး။ အဲလူတွေကို သွားတိုက်ခိုက်နေတာ ဘာထူးမှာလဲ” Read More

 

တိုင်းမ်းမဂ္ဂဇင်း ဦးသိန်းစိန်ကို မျက်နှာဖုံးတင်

တိုင်းမ်းမဂ္ဂဇင်းက ဦးသိန်းစိန်ကို ရုရှားပြုပြင်ရေးခေါင်းဆောင် ဂေါ်ဘာချာ့ဗ်နှင့်နှိုင်းယှဉ် ခေါ်ဝေါ်လိုက်သော်လည်း ရုရှနိုင်ငံကဲ့သို့ ဒီမိုကရေစီရေးတည်ဆောက်ရေး တုန့်နှေးနေမှုကို ရှောင်လွဲသွားနိုင်မည့် အခွင့်အလမ်းရှိနေကြောင်း ဆိုသည်။ Read More

 

စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်း တောင်းခံ

စစ်တပ် အသုံးစရိတ်က ၂၁ ရာခိုင်နှုန်း ၀န်းကျင်အထိ တင်ပြထားတော့ တော်တော်ကြီး များနေတယ်လို့ ပြောကြတယ်။ ခွင့်ပြုပေးရေး ကိစ္စကို လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဘယ်လောက်ပဲ ခွင့်ပြုမယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ Read More< /a>

 

ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် တိုက်တွန်း

နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့များနှင့် KI0 / KIA တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားများဟာ နှစ်ဖက် မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် ခက်ခဲမှုများ ရှိနေသည်။ Read More< /p>

 

ကချင်ထိုးစစ်အရေး UNFC က ဦးအောင်မင်းနှင့် ဆွေးနွေးမည်

တကယ်လို့ ကချင်အပေါ်မှာ ထိုးစစ်ဆင်နေတာကို ရပ်မပေးဘူးဆိုရင် နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ကတော့ ဆက်လက် ညှိနှိုင်းပြီး လုပ်ငန်းစဉ်တွေကို အဖြေရှာသွားဖို့ ရှိပါတယ်” နိုင်ဟံသာက ပြောသည် Read More

 

အမြန် ရောင်းထုတ်ချင်လို့

Read More

 

Dateline Irrawaddy (ရုပ်/သံ)

၂၀၁၃ ခုနှစ် အစမှာ ကချင်ပြည်နယ် တိုက်ပွဲတွေ လေကြောင်းအသုံးပြုတဲ့ အထိ ပြင်းထန်လာတာ၊ တဖက်မှာ ကရင်အမျိုးသားအစည်းရုံး (KNU) ခေါင်းဆောင်သစ်တွေ နေပြည်တော် ရောက်လာပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံတာ၊ တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ အစိုးရ-တပ်မတော်တို့ရဲ့ ကချင်အရေးကိစ္စ ကိုင်တွယ်မှု အခြေအနေတွေကို ဧရာဝတီ ၀ိုင်းတော်သားတွေက ဆွေးနွေးထားပါတယ်။ Read More

 

ကော့သောင်းတွင် ဖမ်းမိသည့် ဘင်္ဂါလီ ၈၅ ဦးကို ရန်ကုန်ပို့

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း ဖမ်းဆီးခံထားရသည့် ဘင်္ဂါလီ ၈၅ ဦးကို မြန်မာ အစိုးရ တာဝန်ရှိသူများက အမြန်ယာဉ်နှင့် ယနေ့ နံနက်က ရန်ကုန်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ Read More

 
 

နေစွမ်းအင်ဖြင့် ကျေးလက်ဒေသ မီးလင်းရေး ထိုင်း ကုမ္ပဏီ စီစဉ်

မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးအတွက် နေစွမ်းအင်သုံး လျှပ်စစ်ထုတ် ပစ္စည်းများကို ထိုင်း SPCG ကုမ္ပဏီ က အကူအညီပေးမည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

ငြိမ်းချမ်းရေး ဖော်ဆောင်မှု ထူးခြားထင်ရှားဖြစ်စဉ်ဟု ဦးသိန်းစိန် ပြော

သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေး ဖြစ် ပေါ် တိုးတက်မှုတွင် အထူးထင်ရှား အရေးပါသော ဖြစ်စဉ်များ ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ Read More

 
 

ဗြိတိသျှ Standard Chartered ဘဏ်ကြီး ရန်ကုန်တွင် ရုံးဖွင့်မည်

ဗြိတိသျှ Standard Chartered ဘဏ်ကြီး၏ ကိုယ်စားလှယ် ရုံးကို ရန်ကုန်တွင် ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ Read More

 
 

ကျားဘမ်းပရုပ်ဆီ မြန်မာပြည် ပြန်လာမည်

၁၈၇၀ ခုနှစ်များတွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ပြီး ၁၉၂၆ ခုတွင် စင်ကာပူသို့ ရွှေ့ပြောင်း အခြေစိုက်ကာ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ရောင်းချနေသော ကျားတံဆိပ် ပရုပ်ဆီ ကုမ္ပဏီသည် မြန်မာပြည်တွင် တိုက်ရိုက် ပြန်လည်ရောင်းချတော့မည် Read More

 
 

နဘား-မြစ်ကြီးနား ရထား မိုင်းခွဲခံရ၊ ရဲတဦး သေ

နဘား-မြစ်ကြီးနား လူစီး ကုန်တင်ရထားသည် ဇန်နဝါရီလ ၉ ရက်နေ့ညက မန္တလေး-မြစ်ကြီးနား လမ်းပေါ်ရှိ ဟိုပင်နှင့် နန်းခွင်ဘူတာကြား၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထောင်ထားသည့်မိုင်း ပေါက်ကွဲကာ အစောင့်ရဲတပ်သားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း သိရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။