From: Thit Htoo Lwin <noreply@blogger.com>
Date: 2013/1/5
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင် |
- ကင်းမွန်ကလေးများနှင့်အတူ
- ကျောက်ဖြူတွင် ပြုလုပ်သော အရပ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲ ဟန့်တားခံရ
- ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အဓမ္မပြုကျင့်မှုဖြစ်ပွား
- မန်းမြန်မာပလာဇာပေါ်မှ ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
- အားနည်းသော အသွင်ကူးပြောင်းကာလတွင် ပြည်သူများ မကြောက်ရန်လိုအပ်
- NLD ပညာဒါန သင်တန်းကျောင်းတွင် ကျောင်းသူကို အဓမ္မပြုကျင့်
- တရုတ်နယ်စပ်မြို့၌ အမျိုးသမီးတစ်ဦးအား ဓါးပြတိုက်သတ်ဖြတ်
- ဇန်န၀ါရီလ (၇) ရက်နေ့ ထုတ် The Voice Vol.9 / No.1
- ၂၀၁၂ ခုနှစ် အတွင်း လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက်လာသူ နှစ်ရာ နီးပါးရှိခဲ့
- ၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၂၇၆ မှုဖြစ်ပွားခဲ့ပြီး ၁၁၁ ဦးသေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့
- ကျောက်မြောင်း၊ မလွှကုန်းလမ်းတွင် လူတစ်ဦးက ၎င်း၏နေအိမ်ခန်းအတွင်း မီးရှို့မှုဖြစ်ပွား
- ကျောင်းကုန်းကညွတ်အင်းပြဿနာ တိုင်းလွှတ်တော်အရေးတကြီး စုံစမ်းပြီ
- ဖမ်းဆီးသစ်များ တင်ဆောင်လာသည့် ကားမှောက်ခြင်း သတင်း ဖြစ်စဉ်အမှန်အား ရှင်းလင်းတင်ပြခြင်း
- တရုတ်ဘက်က ဝင်ဗုံးကြဲတာ မသိယောင်ဆောင်လား
- ရွေတိဂုံစေတီတွင် ဠင်းတနားခြင်းနှင့် ပတ်သက်ပြီး သံဃာတော်များ ပရိတ်တရားနှင့် ကမ္မ၀ါရွတ်ဖတ်
- Auschwitz အကျဉ်းထောင် လာရောက်သူများပြား
- ဇန်နဝါရီ ၄ ရက်နေ့၊ တရုတ်မှာ လက်ထပ်သူများ
- အိန္ဒိယ အဓမ္မမှု ကျန်ရစ်သူ ပြန်ပြောပြ
- နီပေါဆင်အလှပြိုင်ပွဲ (ရုပ်/သံ)
- ဒုတိယကမ္ဘာစစ် တိုက်လေယာဉ်တွေရှာဖွေရေး (ရုပ်/သံ)
- ရခိုင်မှာ ငါးဖမ်းလေလံပယ်ဖျက်
- Spitfire လေယာဉ်ရှာ အဖွဲ့ ရန်ကုန်သွား
- တိုင်းရင်းသားတွေ အတွက် လွတ်လပ်ရေး အရသာ
- မြန်မာဘတ်စကက် ဘောသမားတွေ အမေရိကန် လာမည်
- KIA က အဖျက်လုပ်ငန်းတွေလုပ်လို့ တုန့်ပြန်ရတာပါလို့ အစိုးရပြော
| Posted: 05 Jan 2013 07:10 AM PST နက်ရှိုင်းလှသည့် ပင်လယ်သ မုဒ္ဒရာများထဲမှ ကင်းမွန်များသည် နှစ်စဉ်မုတ်သုံ ရာသီထွက်ပြီး တစ်လခန့်အကြာ အောက်တိုဘာလ ပိုင်းတွင် တနင်္သာရီ ကမ်းရိုးတန်း ဒေသဆီသို့ သဘာဝ အလျောက် ရောက်ရှိ လာလေ့ရှိကြသည်။ ထိုအချိန်မျိုးသည် မြန်မာနိုင်ငံ တောင်ပိုင်းဆီမှ ကင်းမွန်ဖမ်းသမားများ အလုပ်ရှုပ်ဆုံးအချိန် ဖြစ်သည်။ တစ်ပတ် ၁၀ ရက်စာအတွက် ရေခဲများ၊ စားနပ်ရိက္ခာများ၊ လောင်စာဆီများကို တင်ဆောင်ပြီး လှေကြီးလှေငယ်များဖြင့် ကမ်းခြေမှ ပင်လယ်ပြင်ဆီသို့ အလျှိုလျှိုထွက်ခွာကြသည့် ကင်းမွန်ဖမ်းလှေများနှင့် မြိတ်မြို့ ကမ်းနား၌ စည်ကားတတ်သည်။ "ကင်းမွန်က လမမြင်မှ ဖမ်းလို့ရတာ။ လပြည့်ကျော် လေးရက်လောက်ဆိုရင် ကင်းမွန်လှေတွေ ထွက်တယ်" ဟု အသက် ၅၀ ခန့် အရွယ်ဦးအောင်သန်းက ပြောသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းက ကပ္ပလီပင်လယ် ပြင်ထဲ ငါးရှာ အကြိမ်ကြိမ် ထွက်ခဲ့သော ဦးအောင်သန်းသည် ဒီဒေသတွင် ၀ါအရင့်ဆုံး ကင်းမွန်လှေ လုပ်သားများအနက် တစ်ဦးဖြစ်သည်။ မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်း၏ အဆိုအရ ကင်းမွန်လုပ်ငန်းဖြင့် အသက်မွေးသူ ၂၀၀၀ နီးပါးရှိပြီး ယင်းဒေသ စုစုပေါင်း လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်ဖြစ်သော လူပေါင်း ၁၀၀၀၀၀ နီးပါးကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသော လုပ်ငန်းဖြစ်သည်ဟု ဆိုသည်။ အောက်တိုဘာမှ ဧပြီလအထိဖြစ်သော ကင်းမွန်ရာသီတွင် ဦးအောင်သန်းလို ကင်းမွန်ဖမ်း လုပ်သားများသည် လှေများပေါ် ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်နေသည့် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် လမိုက်ညများ၌ အလုပ် များနေတတ်ကြသည်။ ကင်းမွန်ဖမ်းခြင်းသည် အခြားပင်လယ်ပြင်တွင် အခြားငါး၊ပုစွန်ဖမ်းသည့် ပုံစံမျိုး မဟုတ်ဘဲ တစ်မူထူးခြားလျက်ရှိသည်။ ကင်းမွန်ဖမ်းသည့် စက်လှေလုပ်သားများသည် နေ့ဘက်တွင် အနားယူရပြီး ညဘက်ကျမှ လုပ်ငန်းခွင် ၀င်ရခြင်းဖြစ်သည်။ နေ့အအခါတွင် ပင်လယ်ပြင်ထဲမှ ရာပေါင်းများစွာသော မြိတ်ကျွန်းစုများအကြား လှည့်ပတ်သွားလာပြီး ညဘက်လုပ်ငန်းခွင်အတွက် ပြင်ဆင်မှုများ ပြုလုပ်ကြရသည်။ ညဘက်ရောက်သည့်အခါမှ ရေအကြောင်းနားလည်ကျွမ်းကျင်သူက ညွှန်ပြသော နေရာများသို့ စက်လှေများ ရွေ့လျားသွားကြပြီး ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်ကြခြင်းဖြစ်သည်။ ပေ ၅၀ မှ ၁၀၀ အကြား ရှည်လျားသည့် အလင်းရောင်စူးရှသည့် မီးသီးများ ပါဝင်သည့် လက်တံများသည် ကင်းမွန်ဖမ်းစက်လှေများထဲမှ ဘယ်ညာဆန့်တန်းကာ ထွက်ပေါ်နေသည်။ ထိုမီးသီးများအောက်သို့ ကင်းမွန်များ စုဝေး ရောက်ရှိလာကြသည့်အချိန်တွင် လှေပေါ်မှ ပိုက်ချကာ ကင်းမွန်များကို ဖမ်းဆီးခြင်း ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ကင်းမွန်ရှားလာပြီဖြစ်ကြောင်း ၀ါရင့်တံငါလှေလုပ်သားကြီး ဦးအောင်သန်းက ပြောသည်။ ယင်းကဲ့သို့ ရှားပါးလာခြင်းမှာ ရာသီဥတု ပြောင်းလဲလာခြင်းနှင့် တောတောင်များတွင် သစ်ဝါးများပြုန်းတီးလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ "ခုနောက်ပိုင်း ငါးရှာရတာ တအားရှားလာတယ်။ စရိတ်ရှုံးတဲ့ လှေတွေတောင် ရှိတယ်" ဟု ၎င်းက ပြောသည်။ သူငယ်စဉ်အခါက ပင်လယ်ပြင်သို့ ငါးဖမ်းရန်အတွက် စတင်ထွက်ခွာလာသည့် အချိန်လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ၏ အခြေအနေနှင့် အခုအခြေအနေသည် လုံးဝခြားနားသွားပြီဖြစ်ကြောင်း ဦးအောင်သန်းက ပြောသည်။ သူပင်လယ်ထဲသို့ စထွက်ခါစတွင် မြိတ်ကျွန်းစု၏ အလှအပသည် အခုထက် ပိုမိုပီပြင်ပြီး ကျွန်းများမှာလည်း လူ့ပယောဂကြောင့် ပျက်စီးမှုများ မရှိသေးဘဲ သဘာဝအတိုင်း လှပနေသေးကြောင်း သူ၏အမြင်ကို ပြောသည်။ "တစ်ခါတလေကျတော့ အလုပ် ပင်ပန်းလွန်းပြီး စိတ်ညစ်ရင် ကျွန်းတွေပေါ်တက်အိပ်ပစ်ချင်တယ်" ဟု ဦးအောင်သန်းက တောင်ပိုင်းသံခပ်ဝဲ၀ဲနှင့် ပြောသည်။ သူတံငါစလုပ်ခါစ လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုကျော်ကြာ ပင်လယ်ပြင် အခြေအနေသည် ယခုလောက် အေးချမ်းမှု မရှိသေးကြောင်း ဦးအောင်သန်းက ပြောသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ပင်လယ်ပြင်အတွင်း ကင်းမွန်ဖမ်းနေရင်း သူပုန်အဖွဲ့တစ်ခု၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရဖူးသည်ဟု ဆိုသည်။ မီးလုံးများအကြား စုဝေးနေသည့် ကင်းမွန်များကို အာရုံစိုက်နေရင်း လက်နက်ကိုင်နှစ်ဦးက သူနှင့် လုပ်ဖော်ကိုင်ဖက်များကို ပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်း ပြောသည်။ "ည ၉ နာရီ၊ ၁၀ နာရီလောက် ရှိပြီ။ မီးတန်းတွေ သတ်သတ်ဆိုပြီးတော့ လူလာဖမ်းသွားတာ။ ပြီးတော့ ခုနစ်သောင်းနဲ့ လာထုတ်ခိုင်းတယ်" ဟု လွန်ခဲ့သော နှစ်များဆီက သူကြုံတွေ့ပုံများကို ပြောသည်။ ကင်းမွန်ငါးဖမ်းစက်လှေ လုပ်သားများသည် တစ်နှစ်လျှင် ခြောက်လနီးပါးခန့်မှာ ပင်လယ်ထဲသို့ ၀င်ချီထွက်ချီဖြင့် လှည့်လည်ကာ သွားလာနေခြင်းဖြစ်သည်။ အများစုသည် ပုတ်ပြတ်လုပ်သားအဖြစ် လစာယူကာ ကင်းမွန်တစ်ရာသီကုန်သည်အထိ ပင်လယ်ပြင်အတွင်း လုပ်ကိုင်ကြသည်။ မိုးဦးကျကာက ကင်းမွန်များပင် လယ်ပြင်သို့ ပြန်လည်ထွက်ခွာသွားချိန်တွင် ကင်းမွန်လှေလုပ်သားများသည်လည်း ကမ်းပေါ်သို့ ပြန်ရောက်လာကြပြီး အများစုမှာ ကျပန်းလုပ်သားများအဖြစ် အသက်မွေးကြသည်။ နိုင်ငံတကာ ပင်လယ်စာဈေးကွက်သို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှတစ်ဆင့် သွားရောက်မည့် မြန်မာ့ကင်းမွန်များသည် ၀ယ်လိုအားများသောကြောင့် ကင်းမွန်ဖမ်းလှေများသည်လည်း တစ်နေ့တခြား တိုးပွားလာကြောင်း ကင်း မွန်လုပ်သားများက ပြောသည်။ ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသည်လည်း မြန်မာ့ကင်းမွန်ဈေးကွက်၏ ဖောက်သည်အဖြစ် တဖြည်းဖြည်း ဖြစ်လာပြီဟုဆိုသည်။ "ပင်လယ်မှာပဲ လုပ်တာကြာတော့လားတော့ မသိဘူး။ ကမ်းကပ်ရင် သုံးလေးရက်ထက် ပိုမနေနိုင်ဘူး။ ညဘက်ပင်လယ်ထဲ လှေဦးမှာ ထိုင်ရင်စုပြီး စကားပြောရတာ အကြိုက်ဆုံးပဲ" ဟု ဦးအောင်သန်းက ပြောသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပင်လယ်ထဲတွင် ကျင်လည်ခဲ့သည့် ဦးအောင်သန်းတို့အတွက် ထပ်၍ ပင်လယ်ထဲတွင် ဘယ်လောက်ကြာကြာ ပျော်ခွင့်ရကြဦးမည်ဆိုသည်မှာ မသေချာမရေရာ ဖြစ်နေသည်။ အကြောင်းမှာ လရောင်ပျောက်ချိန်တွင် ပင်လယ်ပြင်အတွင်း မီးရောင်ထွန်းပြီး ပင်လယ်ကင်းမွန်များကို ဖမ်းဆီးခြင်းက ကင်းမွန်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည်ဟုဆိုသော ဝေဖန်မှုများကြောင့် သူတို့လုပ်ငန်းများ ရပ်နားရမည့် အရေးနှင့် ကြုံတွေ့နေရသောကြောင့် ဖြစ်သည်။ လူပေါင်းများစွာ အသက်ရှင်သန်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများပေးနေသည့် ထိုလုပ်ငန်း ဆက်လက်တည်ရှိခွင့် ရရန်အတွက် သက်ဆိုင်ရာသို့ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ပြောသည်။ အများ ဝေဖန်သလို မီးပြသောနည်းဖြင့် ဖမ်းဆီးခြင်းသည် ကင်းမွန်မျိုးသုဉ်းသည်မှာ မဖြစ်နိုင်ကြောင်းကိုလည်း ဖြေရှင်းချက်များ ပေးသွားမည်ဟု ၎င်းတို့ကဆို သည်။ ယခုတော့ နှစ်ပေါင်းများစွာ လှပသည့် မြိတ်ကျွန်းစုများအကြား လှည့်လည်ရင်း ကင်းမွန်များ ဖမ်းဆီးခဲ့သည့် ဦးအောင်သန်းလို လှေသမားတို့ ပင်လယ်ပြင် တစ်ခေါက်ပြန်ထွက်ရန်အတွက် ပြင်ဆင်လျက်ရှိကြပေသည်။ ရေးသားသူ- ထွန်းခိုင်၊ ရန်မျိုးနိုင် - 7Day News Journal | ||||
| ကျောက်ဖြူတွင် ပြုလုပ်သော အရပ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲ ဟန့်တားခံရ Posted: 05 Jan 2013 07:08 AM PST ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၀ံလက် ဖေါင်ဒေးရှင်းက ဦးဆောင် ပြုလုပ်နေသော အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်း အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲကို သက်ဆိုင်ရာမှ တားမြစ်လိုက်သည်ဟု သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အဓမ္မပြုကျင့်မှုဖြစ်ပွား Posted: 05 Jan 2013 05:35 AM PST ဇန်န၀ါရီလ ၃ ရက်နေ့မွန်းလွဲပိုင်းက ပန်းဘဲတန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် အသက် ၁၅နှစ်အရွယ် မိန်းခလေး တစ်ဦးအား အလိုမတူဘဲ သားမယား ပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟု ကာယကံရှင် မိသားစုဝင်များက ပြောဆိုချက်အရ သိရှိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| မန်းမြန်မာပလာဇာပေါ်မှ ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး Posted: 05 Jan 2013 05:28 AM PST မန္တလေးမြို့ရှိ ၂၇-၂၈လမ်း၊ ၈၄-၈၅လမ်းကြား ၂၅ထပ်ရှိသော မန်းမြန်မာ ပလာဇာ ၁၇ထပ်ပေါ်မှ အသက်၁၇နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ဇန်န၀ါရီ၎ရက် နေ့လည် ၁၁ နာရီ ၅ မိနစ်တွင် ပြုတ်ကျသေဆုံးမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| အားနည်းသော အသွင်ကူးပြောင်းကာလတွင် ပြည်သူများ မကြောက်ရန်လိုအပ် Posted: 05 Jan 2013 05:23 AM PST ဧရာဝတီတိုင်း ဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြု ဒေသရှိ မြတ်ဆရာ ပူဇော်ပွဲ အထိမ်းအမှတ် အနေဖြင့် စာပေဟောပြောပွဲ တစ်ခု ကျင်းပရာ လက်ရှိအသွင် ကူးပြောင်းနေဆဲ ဒိမိုကရေစီ စနစ်နှင့် ပြည်သူများ ခံစားနေရသော ကြောက်စိတ်များ အကြောင်းကို အဓိကထား၍ ပြောဆို ခဲ့ကြောင်း သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| NLD ပညာဒါန သင်တန်းကျောင်းတွင် ကျောင်းသူကို အဓမ္မပြုကျင့် Posted: 05 Jan 2013 05:02 AM PST ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရုံးခန်းရှိ ပညာဒါန ကျောင်းတွင် ဇန်နဝါရီ ၃ ရက်နေ့က ၁၅ နှစ်အရွယ် ဒဿမတန်း ကျောင်းသူ တစ်ဦးကို NLD ပညာဒါန ကျောင်း တာဝန်ရှိသူ တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း မြို့ နယ် ရဲစခန်းသို့ တိုင်ကြားချက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့ ပေးပို့ချက် အရ သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| တရုတ်နယ်စပ်မြို့၌ အမျိုးသမီးတစ်ဦးအား ဓါးပြတိုက်သတ်ဖြတ် Posted: 05 Jan 2013 12:23 AM PST သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးအား ဓါးပြတိုက် သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "နန်းမွေခမ်း အသက် ၂၉ နှစ်။ ငွေလဲလုပ်ငန်း လုပ်တာလေ။ မနေ့ညနေ ၅ နာရီခွဲလောက် အိမ်ပြန် ချိန်မှာ လူ ၂ ယောက်က လမ်းမှာစောင့်ပြီး ဓါးပြတိုက်တယ်။ သတ်လည်းသတ်သွားတယ်" ဟု --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ဇန်န၀ါရီလ (၇) ရက်နေ့ ထုတ် The Voice Vol.9 / No.1 Posted: 04 Jan 2013 11:17 PM PST | ||||
| ၂၀၁၂ ခုနှစ် အတွင်း လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက်လာသူ နှစ်ရာ နီးပါးရှိခဲ့ Posted: 04 Jan 2013 10:54 PM PST ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်း ပြည်တွင်းကနေ ပြည်ပနိုင်ငံ တွေကို လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက် လာသူ ဦးရေ နှစ်ရာ နီးပါး ရှိတယ်လို့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၂၇၆ မှုဖြစ်ပွားခဲ့ပြီး ၁၁၁ ဦးသေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့ Posted: 04 Jan 2013 10:46 PM PST ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလ အထိ မထသ လက်အောက်ရှိ ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်တိုက်မူပေါင်း ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး ၁၁၁ ဦး သေဆုံးကာ ၇၈၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ မထသ(ဗဟို)မှ ထုတ်ပြန်သော စာရင်းများအရ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ကျောက်မြောင်း၊ မလွှကုန်းလမ်းတွင် လူတစ်ဦးက ၎င်း၏နေအိမ်ခန်းအတွင်း မီးရှို့မှုဖြစ်ပွား Posted: 04 Jan 2013 10:16 PM PST ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ မလွှကုန်းလမ်း အမှတ် ၈၄ ပထမထပ်တွင် မူးယစ်ဆေးကြောင်သည်ဟု ယူဆရသော လူတစ်ဦးက ၎င်း၏ နေအိမ်အခန်းအား မီးရှို့မှုတစ်ခု ဇန်န၀ါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ကျောင်းကုန်းကညွတ်အင်းပြဿနာ တိုင်းလွှတ်တော်အရေးတကြီး စုံစမ်းပြီ Posted: 04 Jan 2013 10:03 PM PST အင်းလေလံ ရထားသည့် အင်းသားကြီး၏ လုပ်ဆောင်ချက်ကြောင့် ပြဿနာများ ဖြစ်ပွားနေသည့် အပြင် လယ်ဧက (၂)သောင်းခန့် ရေမရရှိ သဖြင့် ဆုံးရှုံးရန် အခြေအနေဖြစ် ပေါ်နေ သည်ဟု ဒေသခံ ကျေးရွာများမှ တိုင်တန်း မှုကြောင့် ဧရာဝတီတိုင်း လွှတ်တော် စုံစမ်းရေး ကော်မတီ အနေဖြင့် ကျောင်းကုန်းမြို့နယ်ရှိ ကညွတ်အင်း ပြသာနာအား အရေးတကြီး စုံစမ်းနေကြောင်း သိရသည်။ ယခုနှစ်တွင် လေလံရရှိခဲ့သည့် အင်းသားကြီးမှ အင်းအတွင်းရှိ ဆည်ပေါက်များကို ပိတ်ဆို့ခြင်း ၊ ဆေးချ၍ ငါးဖမ်းခြင်း ၊ အင်းပတ်ဝန်းကျင် ရေပြင်မှန်သမျှ မိမိပိုင်ပြုလုပ်ငှားရမ်းခြင်းတို့ကြောင့် ဒုက္ခ ရောက်နေကြရသည်ဟု ဆိုသော ကျောင်းကုန်း မြို့နယ် အတွင်းရှိ ဆိပ်ဖူးနီ ၊ လှေဒါးချောင်း ၊ သဲဂုံ ကျေးရွာသားများမှ စုပေါင်း၍ နိုင်ငံတော်သမ္မတအထိ အဆင့်ဆင့် တိုင်ကြားမှုများ ပြုလုပ်ပြီးနောက် တိုင်းလွှတ်တော်မှ ယခုကဲ့သို့အရေးတကြီး စုံစမ်းနေခြင်းဖြစ်သည်။ "အင်းတွေ ပိတ်ထားတော့ လှေဒါးချောင်းက အပေါ်လှန်တက်ပြီးတော့ မမြုပ်သင့်တဲ့ လယ်တွေမြုပ်ပြီး ပြန်ကျတဲ့အချိန်မှာ ဖျာ၊ ပလပ်စတစ် ၊ ဇာဖျင် ပိုက်စိမ်းတွေ တပ်ထားတဲ့ ငါးခုံးမတောင် မလွတ်တဲ့ အိုင်တွေကို လက်မ၀က်တောင် မခြားဘဲ ချထားတော့ ရေက တော်တော်နဲ့ ပြန်မကျဘဲ လယ်တွေ ပျက်ကုန်ရောဟု " ဆိပ်ဖူးနီကျေးရွာမှ လယ်ဧက (၂၀)လုပ်ကိုင်နေသော လယ်သမား ဦးမန်းဝင်းထွန်း က ပြောသည်။ ကညွှတ်အိုင်အင်းကို လွန်ခဲ့သော (၁၃)နှစ်အတွင်း အင်းသားကြီး ဦးစိန်မောင် တစ်ဦးတည်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အင်းနှင့် နီးစပ်ရာ ရွာများမှ ရွာသူရွာသားများ စားဝတ်နေရေးအတွက် နားလည်မှုဖြင့် တန်ဆောင်မုန်းလအထိ ငါးရှာခွင့်ပြုခဲ့ကြောင်း ဒေသခံရေလုပ်သားများထံမှ သိရသည်။ " ဒီလမှလေလံအောင်တဲ့ ဦးကိုမှုံ လက်ထက်ကျတော့ ရွာသူရွာသားတွေ ငါးရှာတာကို ရေမြင်တိုင်း သူပိုင်တယ်ဆိုပြီး နည်းမျိုးစုံနဲ့ ဖမ်း ၊ ရေနည်းချိန် ငါးကြီးတွေ ရေနက်ထဲကို ပြေးတဲ့ ဆေးတွေ အင်း ထဲချတော့ ငါးသေးတွေလည်း သေ ၊ သောက်သုံးရေကအစ မသောက်ရဲဘဲ ခက်ခဲနေပြီး သူ့လုပ်ရပ် တွေကြောင့် နီစပ်ရာက ရွာကလူတွေလည်း အကုန်ငတ်နေပြီ အမျိုးသမီးတွေဆို ဆံပင်ဖြတ်ရောင်းရ လို့ ခေါင်းမှာ ဆံပင်တွေတောင် မရှိကြတော့ဘူး" ဟု လှေကားချောင်း ကျေးရွာမှ ရေလုပ်သား ကိုမြင့်လှိုင်က ပြောသည်။ အခက်အခဲမျိုးစုံရင်ဆိုင်လာရသော လယ်သမားနှင့်ရေလုပ်သား (၂၀၀)ခန့်သည် စက်တင်ဘာလ အတွင်းက ကျောင်းကုန်း မြို့ပေါ်တွင် ဆန္ဒပြမည်အထိ ခြိမ်းခြောက်ခဲ့မှုကြောင့် ဒေသအတွင်း အာဏာ ပိုင်များက အင်းသူကြီးများနှင့် တွေ့ဆုံညှိုနှိုင်းစေ ကာ ပြေလည်မှုရရှိခဲ့ကြောင်းကိုလည်း သိရသည်။ သို့သော် ရက်ပိုင်းအကြာတွင် အင်းသူကြီးမှ အာဏာပိုင်များရှေ့တွင် သဘောတူညီချက်များကို ချိုးဖောက်၍ အင်းပိတ်ရက် မတိုင်မီမှာပင် အင်အားယင်းလိပ်များ ကာရံခဲ့မှုကြောင့် လယ်သမားများမှာ ရေရရှိရန် ခက်ခဲကာ ဒီဇင်ဘာအတွင်းက ၄င်းယင်းလိပ်များကို ဖျက်ဆီးမှု ပြုလုပ်ခဲ့ပြီး အဆိုပါ ဖြစ်ရပ် ကြောင့် ဖျက်ဆီးခဲ့သော ရေလုပ်သား လယ်သမား(၃၇)ဦးအပြင် ၊ ထိုဖြစ်ရပ်အား သတင်း သွားယူခဲ့ သော Burma VJ မီဒီယာမှ သတင်းထောက် ကိုညီထွေး နှင့် New Day မီဒီယာမှ သတင်း ထောက် တစ်ဦးတို့ကို ပုဒ်မ (၄၄)(ခ) ၊ (၄၄၇) ၊ (၃၄)၊ (၄၂၇)ဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်။ " ကျွန်တော်လည်း ဒီဒေသမှာနေပြီး လယ်ဧက (၅၀)လောက် လုပ်ကိုင်နေတဲ့ တောင်သူ တစ်ယောက်ပါ၊ ဒီနှစ်မှာ ကညွတ်အိုင် အင်းကို (၅၅)သိန်းနဲ့ လေလံအောင်ပြီး ငါးသားပေါက် (၁၀)သိန်းဖိုးထည့်ပြီး လုပ်ကိုင်နေရတာပါ။ ရေချိုဥပဒေအတိုင်း အင်းပိတ်ရက်မှာ ပိတ်ပြီး အင်းလုပ်ငန်း လုပ်ကိုင်ဖို့ စတင်နေတာပါ ။ အခုတောင်းဆိုနေသူတွေထဲမှာလည်း လယ်သမား တစ်ယောက်မှ မပါသလို ၊ အင်းပတ်ဝန်းကျင်မှာလည်း လယ်ဧက (၈၄၆)ဧကပဲရှိတာပါ" ဟု အင်းလေလံရထားသော အင်းသူကြီးကိုမှုံက ပြောသည်။ ကညွတ်အိုင် အင်းပြသာနာများကို ဧရာဝတီတိုင်းလွှတ်တော်မှ စိုက်/မွေးကော်မတီမှ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးအပြင် ဧရာဝတီတိုင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစန်းမောင်ပါ စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး ဒေသခံ ရွာသူရွာသားများ ပိတ်ထားသော (အင်းအတွင်း)ဆည်ချက် (၂၀)ကို ဖယ်ရှားပေးရန် ၊ အင်းနယ်နိမိတ် သတ်မှတ်ပေးရန် ၊ စိုက်ပျိုးစရိတ်ချေးငွေများ ၊ မိမိတို့ ရွာသူရွာသားများ ရရှိရန်စသဖြင့် အချက်(၅)ချက် တောင်းဆိုခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းတွင် အင်းပေါင်း (၁၇၈၁)အင်းရှိပြီး တစ်နိုင်ငံလုံးရှိ အင်းအရေအတွက်၏ (၄၇)ရာခိုင် နှုန်းဖြစ်ကာ ၄င်းအင်းများမှ အင်းလေလံဘဏ္ဍာငွေအဖြစ် ယမန်နှစ်က ငွေကျပ် (၄၉)ဘီလီယံအထိ တိုင်းအစိုးရအဖွဲ့မှ ရရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။ မျိုးမင်းထွန်း (မြစ်မခ) by Myit Makha Mediagroup | ||||
| ဖမ်းဆီးသစ်များ တင်ဆောင်လာသည့် ကားမှောက်ခြင်း သတင်း ဖြစ်စဉ်အမှန်အား ရှင်းလင်းတင်ပြခြင်း Posted: 04 Jan 2013 06:32 PM PST ၃၀-၁၂-၂၀၁၂ ရက်နေ့ ၁၃း၃၀ အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ မယင်းကျေးရွာ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာတွင် သစ်များတင်ဆောင်လာသော NISSAN ကားမှာ အပြန်ခရီးတွင် မယင်းကျေးရွာ အရှေ့ မြောက်ဘက် ၌ ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့ပါသည်။ အလုပ်သမား (၁၄)ဦး အနက် (၅)ဦးသေဆုံးခဲ့ပြီး ဒရိုင်ဘာနှင့် ယာဉ်နောက်လိုက် အပါအ၀င် စုစုပေါင်း(၁၁)ဦးမှာ ဒဏ်ရာ အသီးသီး ရရှိခဲ့ပါသည်။-- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| တရုတ်ဘက်က ဝင်ဗုံးကြဲတာ မသိယောင်ဆောင်လား Posted: 04 Jan 2013 06:27 PM PST တရုတ် အစိုးရဟာ သူ့ဘက်ခြမ်းကို ဗုံးကျလို့ မြန်မာ အစိုးရကို တိုင်ကြား ပေမယ့် သူ့ပိုင်နက် ထဲကနေ မြန်မာ စစ်တပ် လေယာဉ်တွေ ဝင်ပြီး ဗုံးကြဲနေတာကို မသိကျိုးကျွံ ပြုနေတယ်လို့ ဦးအောင်ကျော်ဇောက ပြောကြား ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ရွေတိဂုံစေတီတွင် ဠင်းတနားခြင်းနှင့် ပတ်သက်ပြီး သံဃာတော်များ ပရိတ်တရားနှင့် ကမ္မ၀ါရွတ်ဖတ် Posted: 04 Jan 2013 06:08 PM PST ရွေတိဂုံ စေတီတော်တွင် ၂၃ရက်နေ့ ညနေ ၅ နာရီတွင် ဠင်းတ ၆ ကောင်နားခြင်းနှင့် ပက်သက်ပြီး သံဃာတော်များသည် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေရန် ယနေ့ညနေ ၃နာရီတွင် ပရိတ်တရားနှင့် ကမ္မ၀ါစာများကို ရွတ်ဖက်ခြင်း ဖြစ်ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| Auschwitz အကျဉ်းထောင် လာရောက်သူများပြား Posted: 04 Jan 2013 05:49 PM PST ဒုတိယ ကမ္ဘာစစ်အတွင်း သေမင်းတမန် အကျဉ်းထောင်အဖြစ် ကျော်ကြားတဲ့ ပိုလန်နိုင်ငံက Auschwitz-Birkenau ကို ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသည်လာ ရောက်မှုဟာ အမြင့်ဆုံး အဆင့် ကို ရောက်ရှိခဲ့ကြောင်း အကျဉ်းထောင် အရာရှိတွေက ပြောလိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ဇန်နဝါရီ ၄ ရက်နေ့၊ တရုတ်မှာ လက်ထပ်သူများ Posted: 04 Jan 2013 05:44 PM PST တရုတ်နိုင်ငံက ချစ်သူ စုံတွဲ တွေဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်ထပ် နိုင်ဖို့ အတွက် အစိုးရ တရားရုံး တွေဆီမှာ စုရုံး ရောက်ရှိခဲ့ကြ ပါတယ်။ အကြောင်း ကတော့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့ကို တရုတ် မန်ဒရင်း ဘာသာ စကားနဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| အိန္ဒိယ အဓမ္မမှု ကျန်ရစ်သူ ပြန်ပြောပြ Posted: 04 Jan 2013 05:37 PM PST အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စကားတစီး ပေါ်မှာ ပြီးခဲ့တဲ့ လက အုပ်စုနဲ့ အဓမ္မ ပြုကျင့် ခံခဲ့ရပြီး ရိုက်နှက် ခံရလို့ သေဆုံးခဲ့ရတဲ့ ဆေးကျောင်းသူလေးနဲ့ အတူပါလာတဲ့ အမျိုးသားမိတ်ဆွေက သူတို့ရဲ့ ထိတ်လန့် တုန်လှုပ်စရာ အတွေ့အကြုံကို ပထမဆုံး အကြိမ် ပြန်ပြောပြခဲ့ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| နီပေါဆင်အလှပြိုင်ပွဲ (ရုပ်/သံ) Posted: 04 Jan 2013 05:23 PM PST နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Chitwan ဆင်ပွဲတော်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ကျင်းပသွားပြီး Chitwan ပြည်သူ့ဥယျာဉ်က Chitwan Kali ဆင်မလေးကို ၂၀၁၂ခုနှစ် Chitwan ဆင်ပွဲတော်ရဲ့ အလှဆုံး၊ အသန့်ရှင်းဆုံးနဲ့ အလိမ္မာဆုံးဆင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒီအကြောင်းကို Reutersသတင်း ဌာနကပေးပို့ ထားတာကို ဒေါ်ခင်မျိုးသက်ကပြောပြမှာ ဖြစ်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||||
| ဒုတိယကမ္ဘာစစ် တိုက်လေယာဉ်တွေရှာဖွေရေး (ရုပ်/သံ) Posted: 04 Jan 2013 05:16 PM PST ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှုပ်နှံ ထားခဲ့တယ်လို့ ယုံကြည်ရတဲ့ MK14 Spitfire ဗြိတိသျှတိုက် လေယာဉ်တွေကို ရှာဖွေဖို့ ဗြိတိန်နိုင်ငံက အဖွဲ့တဖွဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံ ကို ရောက်ရှိလာကြပါတယ်။ MK14 Spitfire လေယာဉ်တွေကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်း ပိုင်းမှာ စတင်တူးဖော် ရှာဖွေဖို့ ပြင်ဆင်နေတဲ့ အကြောင်း ဗြိတိန်ရှာ ဖွေရေး အဖွဲ့ခေါင်းဆောင် တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကတည်းက ပြောနေခဲ့ တာလည်းဖြစ်ပါတယ်။ ဒီအကြောင်း Reuters သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်ကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| Posted: 04 Jan 2013 05:07 PM PST ရခိုင်ပြည်နယ် အတွင်း ပင်လယ်၊ မြစ်ချောင်း အင်းအိုင်တွေကို ငါးဖမ်းကွက် သတ်မှတ်ပြီး လေလံပစ်တာ ကို ၂၀၁၃-၁၄ ဘဏ္ဍရေး နှစ်ကစပြီး မလုပ်တော့ဘူးလို့ ပြည်နယ် လွှတ်တော်က ဆုံး ဖြတ်လိုက်ပြီ လို့ သိရပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| Spitfire လေယာဉ်ရှာ အဖွဲ့ ရန်ကုန်သွား Posted: 04 Jan 2013 05:00 PM PST ရန်ကုန် လေယာဉ်ကွင်းမှာ မြှုပ်နှံထားခဲ့တယ်လို့ ယူဆရတဲ့ ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှာဖို့ အပျော်တမ်း ရှေးဟောင်း သုတေသီ ဗြိတိသျှ လယ်သမား တဦးရဲ့ ရှာဖွေရေး အဖွဲ့ ရန်ကုန်ကို စနေနေ့မှာ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။-- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| တိုင်းရင်းသားတွေ အတွက် လွတ်လပ်ရေး အရသာ Posted: 04 Jan 2013 04:51 PM PST ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေး နေ့ ၆၅ နှစ် ပြည့်မြောက်တဲ့ နေ့မှာ ကချင်ပြည်နယ်မှာတော့ အလွန်ပြင်းထန်တဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေပါတယ်။ -- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| မြန်မာဘတ်စကက် ဘောသမားတွေ အမေရိကန် လာမည် Posted: 04 Jan 2013 04:41 PM PST မြန်မာနိုင်ငံမှာ ပထမဆုံး အားကစား သံတမန် အစီအစဉ်အရ မြန်မာနိုင်ငံက လူငယ် ၁၂ ဦးဟာ ဘတ်စကက်ဘော အားကစား အပြန်အလှန်ဖလှယ်ရေး အစီအစဉ်အရ အမေရိကန် ပြည်ထောင်စုဆီ သီတင်းနှစ်ပတ်ကြာ လာရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာဌာနက ဇန်န၀ါရီလ ၄ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| KIA က အဖျက်လုပ်ငန်းတွေလုပ်လို့ တုန့်ပြန်ရတာပါလို့ အစိုးရပြော Posted: 04 Jan 2013 04:24 PM PST ကချင်ပြည်နယ်တွင်းက မြန်မာအစိုးရ တပ်တွေနဲ့ KIO/KIA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန် ချက်ထဲမှာ KIO/KIA အဖွဲ့ကို တပ်မတော်က ထိုးစစ်ရပ်ဖို့ ညွှန်ကြားထား ပြီးဖြစ်ပေမဲ့ တဖက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



























