---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/6
Subject: [လူဗိုလ်ဟူသည် ...] လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၆)
To: lubo601@gmail.com
ဗဟုဝါဒ (Pluralism)နှင့် ယဉ်ကျေးမှုပေါင်းစုံ (Multiculture)တို့ကို ယုံသော လစ်ဘရယ်တို့၏ ကိုယ်ကျင့်တရားစံနှုန်းမှာ မတူညီသည့် ဆန့်ကျင်ဘက်အမြင်အယူအဆတို့ကို လက်ခံခြင်းပင်ဖြစ်သည်။ ကွဲပြားခြားနားသည့် အတွေးအခေါ်အယူအဆများသည် လူ့အဖွဲ့အစည်းကို တိုးတက်စေသည့် အပေါင်းလက္ခဏာများဟု လက်ခံထားကြသည်။လူတိုင်းသည် ယုံကြည်မှု၊ တွေးခေါ်ယူဆပုံနှင့်အမူအကျင့်၊ ဓလေ့စရိုက်များတူညီနိုင်လိမ့်မည်မဟုတ်။
ရည်ညွှန်းကိုးကား-
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/07/2013 01:32:00 AM
From: Blogger <no-reply@blogger.com>
Date: 2013/1/6
Subject: [လူဗိုလ်ဟူသည် ...] လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၆)
To: lubo601@gmail.com
by လင်း သက် on Sunday, January 6, 2013 at 1:07am ·
လစ်ဘရယ်တို့၏ ကိုယ်ကျင့်တရားစံ
မတူကွဲပြားမှုများကို လက်ခံနိုင်မည့် ခွင့်လွှတ်သည်းခံနားလည်စိတ်တစ်ခုသာ လိုအပ်သည်ဟုဆိုသည်။ အဆိုပါ Agree to disagree သဘောတရားကို Toleration ဟုခေါ်သည်။ "ခင်ဗျားပြောတာတွေကို ကျွန်တော်သဘောမတူပါဘူး…ဒါပေမယ့် ခင်ဗျားရဲ့ အယူအဆအတွက် ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကိုတော့ သေတဲ့အထိ ကျွန်တော်ကာကွယ်ပေးသွားမယ်" ဆိုသည့် ပြင်သစ်တွေးခေါ်ပညာရှင် ဗော်လ်တဲယား (Voltaire, 1694-1778)၏ Toleration ကို ဖွင့်ဆိုချက်မှာ ထင်ရှားကျော်ကြားသည်။ ထို့ကြောင့် လစ်ဘရယ်တို့က လွတ်လပ်စွာ ကွဲပြားခြားနားခွင့်ကို အထူးအလေးအနက်ထား လေးစားလိုက်နာကြသည်။
Toleration အယူအဆမှာ ဂျွန်မီလ်တန်၊ ဂျွန်လော့ခ်တို့၏(၁၇)ရာစုတွင် ရေးသားဟောပြောခဲ့သော ဘာသာရေးလွတ်လပ်ခွင့်အယူအဆမှ စတင်ခဲ့သည်ကိုတွေ့ရသည်။ ဂျွန်ခော့ခ်က လူမှု့ဘ၀နှင့် နိုင်ငံရေးကို ပြတ်သားစွာစည်းခြားခဲ့ပြီး၊ အစိုးရများသည် နိုင်ငံသားများ၏ သဘာဝပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်သာ အခွင့်ရှိသည်ဟု ယုံကြည်ခဲ့ရာ၊ ၄င်း၏ ကန့်သတ်အစိုးရ (Limited Government)ပုံစံမှာ လစ်ဘရယ်တို့အတွက် အရေးပါသည့် သဘောတရားအယူအဆတစ်ခုဖြစ်လာ ခဲ့သည်။ လော့ခ်က နိုင်ငံသားတို့၏ ဘာသာရေးယုံကြည်မှု ဆိုသည်မှာ ၄င်းတို့ (လူသားတို့)၏ နောင်တမလွန် ဘ၀နှင့် စပ်ဆိုင်သည့်အရေးကိစ္စသာဖြစ်သဖြင့် အစိုးရတို့က လူ့အဖွဲ့အစည်း၏ ဘာသာရေးယုံကြည်မှု့အပေါ် ထိန်းချုပ်ကန့်သတ်စရာမလိုဟု မြင်သည်။ နိုင်ငံသားများကို
၎င်းတို့နှစ်သက်ရာ ဘာသာတရားအား ကိုးကွယ်ယုံကြည်ခွင့်ပေးရမည်ဖြစ်သည်။ သို့သော် ချွင်းချက်အားဖြင့်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နိုင်သည့် (တစ်နည်းအားဖြင့်) လူ့အဖွဲ့အစည်း၏ အေးချမ်းသာယာမှုကို ထိပါးနှောက်ယှက်စေနိုင်သည့် ဘာသာအယူဝါဒများကိုမှု တားမြစ်ကန့်ကွက်ရမည်ဟု ဆိုသည်။ လော့ခ်၏ "Letter on toleration" ကျမ်းမှာ အထူးကျော်ကြားသည်။
ဘာသာရေးအယူအဆနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆတို့၌ နောက်ထပ်ကျော်ကြားသူ တစ်ဦးမှာ ဟော်လန်နိုင်ငံသား၊ ပေါ်တူဂီဂျူးလူမျိုး ဘင်နေဒစ်စပီနိုဇာ (Spinoza, 1632-1677) ဖြစ်သည်။ စပီနိုဇာက လူဆိုသည်မှာ အတ္တဟိတ (Egoism)ကိုအခြေခံသော သတ္တ၀ါဖြစ်သည့်အတွက် လူတို့၏ လုပ်ဆောင်မှု မှန်သမျှသည် အတ္တဟိတ (ကိုယ်ကျိုး)ကိုသာ အဓိကအခြေခံကြောင်း ဆင်ခြင်သုံးသပ် ခဲ့သည်။ သို့သော် အဆိုပါအတ္တဟိတ သည် ဆင်ခြင်တုံတရားကို အသုံးပြုမှသာလျှင် မှန်ကန်မှုရှိနိုင်လိမ့် မည်ဟု ဆိုပါသည်။ ဤနေရာတွင် ဂျင်းဂျက် ရူးဆိုး (Jean-Jacques Rousseau, 1712-1778)ကမူ ပရဟိတ (အများအတွက် အကျိုးစီးပွား)ကို အကျိုး ထိရောက်စေသောဆန္ဒသည် အတ္တဟိတ (ကိုယ်ကျိုး)ကိုသာ အကျိုးထိရောက်စေ သော ပုဂ္ဂလိကဆန္ဒထက် ပိုမိုမှန်ကန်သည်ဟု ထောက်ပြခဲ့သည်။ ရူးဆိုးပြောခဲ့သည် နောက်ထပ်ကိုယ်ကျင့် တရားစံနှုန်းမှာ လူသား အားလုံးတို့သည် တန်းတူညီမျှစွာမွေးဖွားခြင်း၌ ကိုယ်ကျင့် တရားစံနှုန်းများ တူညီစွာ ပိုင်ဆိုင်ကြသည်ဆိုခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ မည်သူမဆိုမွေးဖွားလာခဲ့စဉ် ကာလများ(ကလေးဘ၀) ၌ အပြစ်ကင်းစင်ကြသည်။ ထို့အတွက် မည်သူက မည်သူ့ထက် ကိုယ်ကျင့်တရား အရာတွင် ယုတ်သည်၊ မြတ် သည်ဟူ၍ မရှိ၊ အဆင့် အတန်းကွဲပြားခြင်း မရှိဟုဆိုသည်။ ထိုကလေးများအား ဆိုးသွမ်းခြင်းသည် ပတ်ဝန်း ကျင်၏ သင်ကြားမှုနှင့်သာ ဆိုင်သည်ဟု ဝေဖန်ထောက်ပြခဲ့သည်။ ရူးဆိုး၏ပညာရေးဆိုင်ရာ အတွေးအခေါ်များကို ဖေါ်ပြထားသော (Emile) ကျမ်းသည်လည်း ၄င်း၏ လူမှုရေး ပဋိညာဉ် (Social Contract)ကျမ်းကဲ့သို့ပင် ထင်ရှားပါသည်။
လစ်ဘရယ်ရင်ခွင်ထဲဝင်ရောက်လာသော ဆူးများ
လစ်ဘရယ်တို့၏ အထက်ဖေါ်ပြပါ မတူညီမှုအပေါ်လက်ခံသည့် Toleration အယူအဆကို အဓိက ထိုးနှက်လာ သည့် အဓိကအချက်မှာ ယဉ်ကျေးမှုပေါင်းစုံ(Multiculture) ၀ါဒ၏ ရလဒ် ပင်ဖြစ်ပါသည်။ လစ်ဘရယ်တို့၏ မတူညီသည့် ဘာသာအယူဝါဒများ၊ သဘောတရားရေးရာများ၊ လူမျိုးများအပေါ် လက်ခံခြင်းက လစ်ဘရယ်၏ဗဟိုချက်မသို့တိုင် ထိုးနှက်လာနိုင်စေခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အဆိုပါမတူညီမှုများ (လစ်ဘရယ်ဝါဒကို ဆန့်ကျင်တော်လှန်သူပင်ဖြစ်ပါစေ) ဇွတ်မှိတ်လက်ခံခိုင်း နေခြင်းက အမျိုးသားရေး အစွန်းရောက်ဝါဒ (Nationalism)နှင့် ဘာသာရေးအစွန်းရောက်ဝါဒ (Fundamentalism)တို့ ကြီးစိုးရာ (၂၁)ရာစုတွင် လစ်ဘရယ် အားလုံးကို စိမ်ခေါ်လာခဲ့သည်။ လစ်ဘရယ်တို့ ယုံကြည်သော Multiculture ၀ါဒ၏ ပျူငှာမှုကပင် အစွန်းရောက် ၀ါဒီတို့ကို အလွယ် တကူစိမ့်ဝင်စေနိုင်ခဲ့ကြောင်း အနောက်လစ်ဘရယ်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နိုင်ငံ) ကောင်းစွာ သဘောပေါက်ပြီးဖြစ်ပါလိမ့်မည်။
အပိုင်း (၇)အား ဆက်လက်ဖေါ်ပြပါဦးမည်-
(လင်းသက်)
၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
၎။ ကမ္ဘာ့သမိုင်းအခြေပြ
၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
၇။ Political Ideologies: an introduction – Andrew Heywood
၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)
၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF
၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက် (Ecovision)- ကျော်သူဟန်၊ ဧမင်းယဉ်
၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
၁၂။ The End of History- 1983 – Francis Fukuyama
၁၃။ Liberalism From Wikipedia, the free encyclopedia
၁၅။Classical liberalism From Wikipedia, the free
encyclopedia
၁၆။ Fundamentals of Political Economy by P.Nikitin
၁၇။ Willam Boyd; (tr, and ed;) The Emile of jean jacques Rousseau, Teacher
College Press, New York ; 1962.
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/07/2013 01:32:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
.jpg)