[mrsorcerer:36738] Fwd: [လူဗိုလ်ဟူသည် ...] မိန်းကလေးတိုင်းကို ဖတ်စေချင်ပါတယ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/6
Subject: [လူဗိုလ်ဟူသည် ...] မိန်းကလေးတိုင်းကို ဖတ်စေချင်ပါတယ်
To: lubo601@gmail.com



""လုံ...မ ကောင်းမယ် လုံမငယ်""

လှလိုက်တဲ့ မြန်မာစာလုံးလေးဗျာ `` လုံမ ´´ တဲ့
အဓိပ္ပါယ်နဲ့ ပြည့်စုံပြီးတော့ ကျက်သရေရှိလိုက်တာ။ ရှေးက စကားလုံးကို သုံးသွားတဲ့သူများ ဘယ်လောက်တော်ကြသလဲဗျာ။

အခုခေတ်တော့ အခေါ်ဝေါ်လေးတွေက ပြောင်းသွားပြီလေ။ ယောက်ျားလေးတွေက မိန်းကလေးများ သုံးနှုံးကြတာ `` ဆော် ´´တဲ့။
အတိတ် နိမိတ် ဘယ်လောက်ကောင်းလိုက်သလဲ။
ဒါကြောင့် မို့လားမသိ နိုင်ငံ အချင်းချင်း ဆော်လိုက်ကြ။ လူမျိုး အချင်းချင်းလဲ ဆော်လိုက်ကြ။ ဆော် လို့ကို မပြီးနိုင်တော့ဘူး။ သွေးမြေကျမှုတွေ များများလာတယ်နော်။

ဒါပေမယ့် ဗုဒ္ဓဘာသာကြောင့်တော့ သွေးမြေကျမှု နှစ် ၂၅၀၀ ကျော်လာပြီ မရှိသေးပါဘူး။့ ဂုဏ်ယူစရာလေး တစ်ခုပါ။
ဘာကြောင့်လဲ ဆိုတော့ ဒို့ဘုရားက ငြိမ်းချမ်းရေးဝါဒ ဖြစ်လို့မို့လေ။
အဲ sorry .. ပါ လိုရင်းကို မေ၇ာက်နိုင်ဘူး ။

ဒီတော့ `` လုံခြုံ အောင်ဝတ်စားတတ်တဲ့ မိန်းမ မို့လို့ လုံမ ´´ ဒီလိုလေး အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ ဦးဇင်းအယူအဆ ပြောတာပါ
လက္ခံ သင့် ၊ မသင့် ကိုတော့ ကိုယ်ပိုင်ဦးနှောက်လေးနဲ့ စိစစ် ဝေဖန်ပေးကြပါ။
ဟုတ်ပြီ ဒီတော့ မလုံတလုံ ၀တ်စားနေကြတဲ့ ခေတ်သစ် ညီမလေးများ ၊ မမများဟာ ခေတ်မှီဖို့ ၀တ်ကြတာလား ?
လုံအောင် ၀တ်ရမှာ ကြောက်လို့ ၀တ်ကြတာလား ? ဆင်းရဲလို့ အလျားပြည့် အနံပြည့် မ၀တ်နိုင်ကြတာလား ? ဆိုတာတော့ မေးမကြည့်မိဘူး။
အကြောင်းတစ်ခုခု တော့ သူတို့ ဆီမှာ ၇ှိကြပါလိမ့်မယ်။
ဘာပဲ ဖြစ်နေဖြစ်နေ မလုံ မှ တော့ ပေါ်မှာပေါ့ ။
ပေါ်တော့ ဘာဖြစ်လဲ .... မြင်ကြမှာပေါ့။

ကတ်တဲ့လူတွေက တော့ ပြောကြပါလိမ့်မယ် `` အမလေး မကြည့်ရင်ရင် မမြင်ပါဘူး ´´ ။
ဟုတ်တာပေါ့ မျက်စိရှေ့တည့်တည့်တိုးပေမယ့် မျက်နှာလွှဲတဲ့သူက လွှဲလိမ့်မယ်။
မလွှဲနိုင်သူက ချောင်းကြည့်မယ်။ ဒီထက် ပိုတဲ့လူများက ဓာတ်ပုံတွေ အဖြစ်ပြောင်းလဲ ပစ်ကြတယ်လေ။
အဲ according to Buddhism ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်မယ် ဆို၇င်လဲ
လူတွေ မှာ ဒီ ဟိရိ နဲ့ သြတ္တပ္ပ ဆိုတဲ့ မကောင်းမှု လုပ်ရမှာ ကို ရှက်ခြင်း နဲ့ ကြောက်ခြင်း ကင်းမဲ့လာပြီဆို လောကကြီး ပျက်ဆီးတော့မှာပါတဲ့။ဒါ့ကြောင့် ဒီနှစ်ခုကို ကမ္ဘာစောင့် တရား နှစ်ပါးလို့ ခေါ်တာပါ။
ဒါဖြင့် ဒီလို ၀တ်စားဆင်ယင်မှု ဟာ မကောင်းမှု ထဲ သွင်းလို့ရသလား ?
တစ်ဆင့်ချင်း( step by step) စဉ်းစားကြည့်ကြရအောင်...

မိမိ ဒါမျိုး ပြုမှု လိုက်တဲ့ အတွက် မိမိ၏ ဆန့်ကျင်ဘက် လိင်(gender ) တစ်ဦးမှာ
(၁) မနောကံ အကုသိုလ်
(၂) တစ်ဆင့်တက်တော့ ဘယ်လိုဘယ်ညာ ပြောပြီဆို ၀စီကံ အကုသိုလ်
(၃) ထိမ်းမနိုင် သိမ်းမနိုင်လို့ ကိုယ်ထိ လက်ေ၇ာက် ကျူးလွန်လို့ရင် ကာယကံ အကုသိုလ်
ဒီလိုမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

မိမိ အတွက် နှင့် သူတစ်ပါး အကုသိုလ် ဖြစ်မယ်ဆိုရင်။ မိမိကိုယ်ကို အပြစ်ကင်းတယ်လို့ ယူဆသလား ?
အကုသိုလ် မဖြစ်လို့ ယူဆပါသလား ? ယူဆရင် လွဲသွားမယ်နော်။
ဒီစကားတွေက မိမိမြန်မာနိုင်ငံသူများသာ ပြောသင့်လို့ ပြောတာပါ။ တခြားမှာ ပြောလို့မရဘူးလေ။ ဘာလို့လဲ ဆိုတော့
သူတို့က ကုသိုလ် ဆို I don't know ၊ အကုသိုလ် ဆို I don't know ကိုး...
ကဲ ကိုယ်ကိုယ်တိုင်တော့ အပ်ချိတ်နဲ့ လိုက်ပြီး ဖာထေးမပေးနိုင်လို့ ဖတ်သွားမိသူများ ယူတတ်ကြပါစေ လို့ ဆန္ဒပြုရင်း
သြော် လုံ...မ တော်မယ် လုံမငယ်။ လုံ...မ တော်မယ် လုံမငယ်။

မေတ္တာဖြင့်

အရှင်ပညာဝံသ (ဥပဒေ)/ B.A 1st year (S.B.A)
ရွှေမဂ္ဂင် စာသင်တိုက် ၊ မန်းတောင်ခြေ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/07/2013 11:26:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ