---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/11
Subject: [လူဗိုလ်ဟူသည် ...] ရေပန်းစားလာသော အွန်လိုင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက်များ သတိထား အသုံးပြုရန်
To: lubo601@gmail.com
တရုတ် နိုင်ငံတွင် ရှေးယခင်က အရွယ်ရောက်သူ အမျိုးသား၊ အမျိုး သမီးများသည် ၎င်းတို့၏ ကြင်ဖော်ကြင်ဖက်များကို ရှာဖွေကြရာတွင် ကိုယ်စွမ်းကိုယ်စနှင့်သာမက အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသည်ကို စာဖတ်ပရိသတ်များ သိရှိကြပြီး ဖြစ်ပေလိမ့်မည်။
ယခုခေတ် ကာလများ တွင် ခေတ်နှင့် အညီ နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်သောကြောင့် လူအောင်သွယ်တော်များ မလို အပ်တော့ဘဲ အင်တာနက်မှ တစ်ဆင့် ကြင်ဖက်များ ရှာဖွေလာကြသည်ကိုလေ့လာတွေ့ရှိ ရသည်။
ထိုကဲ့သို့ အင်တာနက်မှ တစ်ဆင့် အိမ်ထောင်ဖက်ရှာဖွေခြင်းသည် ကောင်းကျိုးခံစားရမည့် အိမ်ထောင် ဖက်အစစ်အမှန်ကိုတွေ့ရှိနိုင်သလို ဆိုးကျိုးကို ဖြစ်ပေါ်စေမည့် အတုအယောင် အိမ်ထောင်ဖက် များကို လည်းတွေ့ရှိနိုင်ပါသည်။ ထိုနည်းလမ်းဖြင့် အိမ်ထောင်ဖက် ရှာဖွေခြင်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် တရုတ်နိုင်ငံ၌ ပို၍ အသုံးပြုလာ ကြသည်ကို လေ့လာချက်များအရ တွေ့ရှိရ သည်။ တရုတ်နိုင်ငံမှ Jiayuan.com Ltd သည် Net Ease Huatian ဟု အမည် ပေးထားသော အောင်သွယ်ရေး ဝက်ဘ်ဆိုက်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှစတင်၍ အင်တာနက်ပေါ်တင်ခဲ့ရာ ယခုအချိန်တွင် တရုတ်နိုင်ငံတစ်ဝန်းရှိမြို့ ကြီး များဖြစ်သော ပေကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ကွမ်ကျိုးနှင့် ရှန်ကျန်းမြို့များထိပါ တဖြည်းဖြည်းစမ်းသပ် အသုံးပြုလာကြပြီဖြစ်သည်။ ၎င်း ဝက်ဘ်ဆိုက်ကို အသက် ၂ဝ မှ ၃၅ နှစ် အရွယ်ရှိ အမျိုးသား၊ အမျိုးသမီး များအတွက် ရည်ရွယ်၍ တင်ထားခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက် အသုံးပြုကြသည့် user များအနေဖြင့် မိမိတို့၏ မှတ်ပုံတင်နံပါတ် သို့မဟုတ် ဖုန်းနံပါတ်များကို ၎င်းဝက်ဘ်ဆိုက်၌ အမည်စာရင်း ပေးသွင်းရသည်။
တရုတ်နိုင်ငံတွင် အောင်သွယ်ရေးဝက်ဘ်ဆိုက်အသုံးပြုသူပို၍များလာပြီးစံထားရလောက်သည့်အိမ်ထောင်ဖက်ကိုစိတ်ကြိုက်
ရွေးချယ်ခွင့်ရနေကြသည်။ တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက် လက်မထပ်ရ သေးသည့် လူဦးရေ ၂၄၉ သန်းရှိပြီး အမျိုးသားများသည် အမျိုးသမီးများထက် အိမ်ထောင်ဖက်ကို ပို၍ လိုလား တောင့်တကြကြောင်း အမျိုးသားလူဦးရေ နှင့် မိသားစုရေးရာ စီမံကိန်း ကော်မရှင်က တရုတ်လူမျိုးများ အကြား Marriage Valu es နှင့် ပတ်သက်၍ ထုတ်ဝေသော
၂ဝ၁၂-၂ဝ၁၃ ခုနှစ် အစီရင်ခံ စာတွင် ဖော်ပြထားသည်။
Jiayuan.Com Ltd မှ တည်ထောင်ထားသော Net Ease Huatian အောင် သွယ်ရေး ဝက်ဘ်ဆိုက်သည် ၎င်းဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်တင်သွင်းကြသည့် အမျိုးသား၊အမျိုးသမီးများသည် အိမ်ထောင် ဖက် ကောင်းများရရှိ စေရန်အတွက် ကောင်းမွန်သောအလုပ်အကိုင် ကောင်းနှင့်ပစ္စည်းဥစ္စာရှိရုံသာမကလိုက်ဖက်သောလူနေမှုပုံစံနှင့်ပြီးပြည့်စုံ၍အဆင့်အတန်းရှိသောလူမျိုး
များကိုသာခွင့်ပြုခဲ့သည်။ ထို့ကြောင့် အမျိုးသား၊ အမျိုးသမီးအချို့သည် အိမ်ထောင်ဖက်ကောင်းများ ကို တွေ့ရှိခဲ့ကြပြီး ကောင်းကျိုးများကိုခံစားခဲ့ကြသလိုဆိုးကျိုးအနေ ဖြင့်အမျိုးသမီးများဘက်မှ အလိုမတူဘဲကာမလိမ်လည်ယူသူများနှင့် တွေ့ဆုံနိုင်သည့်အပြင် ငွေကြေးလိမ်လည်မှုများနှင့် အဓမ္မပြုကျင့်မှု များသည် နိုင်ငံအနှံ့ တွင် ဖြစ်ပေါ်နေသည်ကို လေ့ လာတွေ့ရှိ ရသည်။
ထို့ကြောင့် အင်တာနက် အသုံးပြုသည့် လူငယ်များ အနေဖြင့် အကောင်း အဆိုးကို ချင့်ချိန် စဉ်းစား၍ မိမိဘဝအတွက် အကျိုးရှိမည့် အရာများကိုသာရွေးချယ်လုပ်ဆောင် သင့်ကြောင်း သတိပေးလိုက် ရပါသည်။
http://myanmarnewslocal.blogspot.com/2013/01/blog-post_2064.html
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/11/2013 10:22:00 PM

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ