[mrsorcerer:36829] Fwd: [လူဗိုလ်ဟူသည် ...] ကိုယ်ကိုယ်တိုင်က အပြည့်အဝ မသိသေးလို့ တခြားသူတွေကို သင်ပေးစရာ သိပ်မရှိသေးပါ။



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/13
Subject: [လူဗိုလ်ဟူသည် ...] ကိုယ်ကိုယ်တိုင်က အပြည့်အဝ မသိသေးလို့ တခြားသူတွေကို သင်ပေးစရာ သိပ်မရှိသေးပါ။
To: lubo601@gmail.com


by Than Saw on Sunday, January 13, 2013 at 4:24am ·
 

မနေ့က ၂၀၀၄/၂၀၀၅  ခုနှစ်လောက်ကကြည့်ခဲ့တဲ့ ဂျပန်ပန်းချီဆရာတစ်ယောက်အကြောင်း ပြန်ကြည့်မိတယ်။ ဂျပန် ပန်းချီဆရာကြီး ဟိုကူဆိုင်ရဲ့ဘဝ သူ့ရဲ့ အနုပညာနဲ့ ရေလှိုင်း ပန်ချီကား အကြောင်းပါ။ Hokusai - The private life of a Masterpiece. (2004) ၂၀၀၄ ခုနှစ်လောက်က ဘီဘီစိ တီဗွီ အမှတ် ၄မှာ ပြခဲ့သာပါ။


အသေးစိတ်သိခြင်ရင်တော့ Myanmar Art Appreciation Group ပန်းချီအဖွဲ့ထဲမှာ တင်ထားပါတယ်။ ကိုယ်ဘာသာကို နားလည်အောင် ကျိုးစားကြည့်ပါ။ ကျမဘာသာပြန်ပေးသာဘဲ ကြည့်နေလျှင် ဘယ်တော့မျှ တိုးတက်မှာ မဟုတ်လို့ပါ။

တခုဘဲ ပြောခြင်သာက ဆရာကြီး ဟာ အသက် ၉၀ အရွယ်အထိ ပန်းချီဆွဲပါတယ်။ ပန်းချီပညာကို ဆက်လက်လေ့လာပါတယ်။ ပြည့်စုံတယ်လို့ သူ့ကိုယ်သူ လုံးဝမထင်ပါ။ ပန်းချီပညာကို ဆက်လက်လေ့လာဖို့ ပိုကောင်းတဲ့ ပန်းချီဆရာ တဦးဖြစ်ဖို့ အသက် ရာကျော်နေခြင်တဲ့ ဆန္ဒရှိပါတယ်။  တနေ့ထက်တနေ့ ပိုကောင်းတဲ့ ပန်ချီဆရာတဦးဖြစ်အောင် အမြဲကြိုးစားပါတယ်။ ဆရာကြီး မကွယ်လွန် အသက် ၉၀ အရွယ်မှာ နောက်ထပ် အသက် ၅ နှစ် လောက် ဆက်အသက်ရှင်ပါရစေလို့ ဆိုပါတယ်။ ပန်းချီဆရာကောင်း ဖြစ်ဖြင်လို့ ဆက်လေ့လာခြင်သေးတယ်လို့ ဆိုရှာပါတယ်။

ကျမမှာ မြန်မာနိုင်ငံတက္ကသိုလ်တွေမှာ ဆရာမ ၁၀ လုပ်ခဲ့ပြီး အင်္ဂလန်က International Baccalaureate Organisation (IBO) မှာ အပြင် စာမေးပွဲမေးခွန်းထုတ်တဲ့ စာဖျက်တဲ့ ဆရာမ ၁၁ နှစ်လုပ်ခဲ့သော်လည်း လူတကာကို ဆရာလုပ်လိုတဲ့ စိတ် အင်မတန် နည်းပါတယ်။ ကိုယ်လုပ်ခြင်ရာလုပ်မယ်။ ကိုယ့်ဘာသာ လေ့လာလိုတဲ့ စိတ် ဘဲရှိပါတယ်။ အမြဲ ကိုယ့်မှာ မပြည့်သေးဘူးလို့ဘဲ ထင်နေတဲ့သူတစ်ယောက်ပါ။ မပြည့်လည်း မပြည့်သေးသူပါ။

နှစ်ပေါင်းများစွာ သိပ္ပံ ဝိဇ္ဖာဆိုင်ရာ ပညာပေးအစီအစဉ်တွေ စာအုပ်တွေဖတ်သော်လည်း မိမိကိုယ်ကို ဘယ်တော့မှ အားမရခဲ့ပါဘူး။

အထူးသဖြင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ သိပ္ပံပညာရှင် မဟုတ်သူ သာမန် ပရိသတ်အတွက် ရည်ရွယ်ထားတဲ့ ပညာပေး ဗွီဒီယိုတွေကြည့် ဆောင်းပါးတွေ ရာနဲထောင်နဲကချီ ကြည့်ခဲ့ ဖတ်တဲ့အခါမှာ ရှင်းပြသမျှ နားလည်တယ်လို့ အလွယ်တကူထင်နိုင်ပါတယ်။ ထင်လည်း ထင်ခဲ့ပါတယ်။ သေသေချာချာ တွေးတော့ စဉ်းစားကြည့်တဲ့အခါ ကိုယ် အထက်တန်းကျောင်းမှာ သင်ခဲ့တဲ့ ဇီဝဗေဒ ရုက္ခဗေဒ ပညာရပ်မှားမှ လွန်စွာအားနည်းနေပြီး ထပ်မံ လေ့လာစရာတွေ အများကြီးရှိသာကို အမြဲသိခဲ့ပါတယ်။

အခု အငြိမ်းစားယူမှဘဲ အချိန်ကောင်းကောင်း ယူပြီ။ ဒီပညာရပ်တွေကို အခြေခံကစပြီး ပြန်လေ့လာနေပါပြီ။ အခုတော့ အစဘဲ ရှိပါသေးတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ ကျမတို့ ငယ်စဉ်က ရှိသမျှနဲ့ ဆရာမတွေ ကျိုးစားသင်ပေးခဲ့သာနဲ့ အင်မတန်ကွာခြားလှပါတယ်။ ဆရာတွေကို အပြစ်မတင်သင့်ပါ။ အနှစ် ၄၀ အတွင်းမှာ ပညာရပ် အသီးသီး နယ်ပယ်တွေ အင်မတန် တိုးတက် လာပြီး အခြေခံအပိုင်းမှာပါ ကျယ်ပြန့်လာပါတယ်။ ပြောင်းလည်းချက်တွေ၊ ပြင်ဆင်မှုတွေလည်း အများကြီးရှိနေပါတယ်။

အခုခေတ်မှာ ကျမတို့ ကံကောင်းသာက အင်တာနက်မှာ သင်ကြားချက်အမျိုးမျိုးကို ကိုယ်နဲ့ သင့်တော်တဲ့ အဆင့်ကို ရွေးချယ် လေ့လာနိုင်ပါတယ်။ ဟားဗတ် အော့စ်ဖို့ ကိန်းဘရစ်ခ်ျက သင်ကြားချက်တွေဘဲ လေ့လာမလား။ တခြား တက္ကသိုလ်က ဆရာကောင်းတွေ သင်ကြားပေသာတွေဘဲ လေ့လာမလား။ ကမ္ဘာတလွှားက အထက်တန်း အလယ်တန်းကျောင်းသူကျောင်းသားတွေ ကျူတိုရီယယ်လ်လုပ်ပြီး ယူကျုပ်မှာ တင်ထားသာကို လေ့လာမလား။ ကြိုက်တဲ့ အဆင့်ကို ရွေးချယ်နိုင်ပါတယ်။ အင်္ဂလိပ်သံစစ်စစ်ကို နားထောင်မလား။ အမေရိကန်အသံကို နားထောင်မလာ။ ဒါမှမဟုတ် အိန္ဒိယသံနဲ့ သင်ကြားသော်လည်း သင်ကြားချက်တွေက ပထတန်းစားဖြစ်လို့ အိန္ဒိယမျိုးနွယ်တွေ သင်ကြားသာကိုဘဲ လေ့လာလို့ရပါတယ်။။

Paleontology and Geology နဲ့ Wildlife and Zoology ပေ့ခ်ျတွေမှာ Zoology, Botany, Cell Biology, Molecular Biology အစရှိတဲ့ ပညာရပ်ဆိုင်ရာ ဗွီဒီယိုတွေ စုထည့်ထားပါ့မယ်။

ကိုယ့်ဘာသာကိုယ် နားလည်အောင် ကျိုးစားပြီး ကြည့်ကြပါ။

ကျမလည်း အခု စာပြန်ဖတ် ပြန်လေ့လာအုန်းမယ်။

ကိုယ်ကိုယ်တိုင်က အပြည့်အဝ မသိသေးလို့ တခြားသူတွေကို သင်ပေးစရာ သိပ်မရှိသေးပါ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/14/2013 01:54:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ