[mrsorcerer:36837] Fwd: [လူဗိုလ်ဟူသည် ...] တစ်ရေး စက်ခွင့်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/13
Subject: [လူဗိုလ်ဟူသည် ...] တစ်ရေး စက်ခွင့်
To: lubo601@gmail.com


 
ကမ္ဘာမှာ ကံဆိုးတဲ့ မီလျံနာတွေ ကောင်း ကောင်းမအိပ်နိုင်ပေမယ့် ကံကောင်းတဲ့ လက်လုပ်လက်စား လခစားတွေကတော့ အိပ်ခြင်းအတွက် ပြဿနာ လုံးဝမရှိကြပါဘူး။
သိပ္ပံပညာရှင်တွေက ဖီးလစ် ( ဒတ်ခ်ျ အီလက်ထရောနစ် ) ကုမ္ပဏီ အလုပ်သမားတွေကို သုတေသန ပြုကြည့်ရာ ၇ နာရီမှာ အများစု အိပ်ရာက ထ၊ လုပ်စရာတွေ လုပ်နေကြပေမယ့် တကယ် ရာနှုန်းပြည့် အိပ်ရာကထကြတာကတော့ ၁၀ နာရီမှ လို့ ဆိုပါတယ်။ ဒါက ရုံးသွားရာမှာ ဘတ်စ်၊ မြေအောက်ရထား စီးရင်း ကား၊ ရထားပေါ်မှာ ဆက်အိပ်ကြတာကို ဆိုတာ ဖြစ်ဟန်တူပါတယ်။ ကိုယ်ပိုင် ကားမောင်းပြီး ရုံးသွားသူတွေ ဒီ အခွင့်အရေးမျိုး မရနိုင်ပါဘူး။

ကျနော်သိတဲ့ ကောင်မလေး တစ်ယောက်ကတော့ ဖိနပ် အထူကြီး စီးထားရင် ၉ နာရီ ၁၅ ဆို ရာနှုန်းပြည့် အိပ်ရာကထနေတတ်ပြီး ဖိနပ် အပါးလေး စီးထားရင်တော့ ၁၀ နာရီမှ ရာနှုန်းပြည့် အိပ်ရာက ထတယ် လို့ပြောပါတယ်။ ဖိနပ် အထူ အပါးနဲ့ အိပ်ယာကထချိန် ဆက်စပ်လို့မရပါဘူး လို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ဆိုင်ပါတယ်။ အဲဒီ ငတိမလေး အဆိုအရ ဖိနပ် အပါးလေးနဲ့ဆို ချော်လဲမှာ မစိုးရိမ်ရတဲ့အတွက် ( ဖုန်းခေါ်သူ မရှိရင် )လမ်းလျှောက်ရင်း ၂၅ ကနေ ၃၅ ရခိုင်နှုန်းအထိ ငိုက်မြည်းလို့ ရတယ်လို့ သိရပါတယ်။

အဲဒီ ငတိမလေးထက် ပြိုပီး အိပ်တတ်တာက အိုဗာဝိတ် ငတိမကြီးပါ။ အသက်က ၃၄ ပဲ ရှိပါသေးတယ်။
သူမက အအိပ်ကြီးရုံတင် မကဘဲ "sleep-eating disorder " ပါ ( သူက ရှက်လို့ ဝန်မခံပေမဲ့ ) ဖြစ်နေတာပါ။ sleep-eating disorder ဆိုတာ အိပ်ပျော်နေစဉ် ရှိရှိသမျှ အစားအစာတွေ အားလုံးစားပစ်တတ်ပြီး အိပ်ယာက နိုးတော့ စားခဲ့သမျှတွေကို ဘာမှ သတိမရတော့ပဲ ထပ်ပြီး စားတတ်ခြင်းပါ။
ဒီလိုဆိုတော့လည်း သူ အိုဗာဝိတ် ဖြစ်နေတာကို နားလည်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အိပ်မရတဲ့ မီလျံနာတွေထက် သာပါတယ်။

မြန်မာတွေက အစား ပြိုင်ပွဲလောက်သာ သိပြီး အအိပ် ပြိုင်ပွဲရှိတာကို သိပ်မသိကြဘူး။ စပိန်နိုင်ငံမှာ " Siesta Championships " ခေါ်တဲ့ နေ့ခင်း အအိပ် ပြိုင်ပွဲနှစ်စဉ် ကျင်းပပါတယ်။ မက်ဒရစ်မြို့က ရှော့ပင်းမောလ် တစ်ခုခုမှာ ကျင်းပတတ်ပါတယ်။ မိနစ် ၂၀ အချိန်ပေးတယ်။ အဲ့ဒီ မိနစ် ၂၀ အတွင်းမှာ အချိန် အကြာဆုံး အိပ်နိုင်သူကို ဆုပေးတယ်။ လိမ်လို့တော့ မရဘူး၊ ပြိုင်ပွဲဝင်သူတွေ တကယ် အိပ်ပျော် မပျော် ဆရာဝန်တွေက စက္ကန့်နဲ့အမျှ စစ်ဆေးတယ်။
ဒီနှစ် ပထမဆု ရသွားသူက အသက် ၆၂ အရွယ်ရှိ Pedro Soria Lopez တဲ့။ မိနစ် ၂၀ အချိန်ပေးထားရာမှာ ၁၉ မိနစ်လုံးလုံး လုံးဝ အိပ်ပျော်နေခဲ့တယ် တဲ့။
ဥရောပမှာ စပိန်နိုင်ငံရဲ့ စီးပွားရေး အခြေအနေ ဆိုးရွားသလောက် ကြောင့်ကြမဲ့ အိပ်နိုင်တာလည်း စပိန်တွေပဲရှိတယ်လို့ ပြောစမှတ်လည်း ရှိပါတယ်။

သတင်းသမားတွေက အံ့ဩလွန်းလို့ ဒီလို အိပ်စက်နိုင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ လို့ Pedro Soria Lopez ကိုမေးတော့" နေ့လည်စာ နင်းကန်စားတာ " လို့ ဖြေပါတယ်။

ဒါကို သဘောမတူတဲ့ ငတိမလေးက မလိုပါဘူး၊ ဒေါက်ဖိနပ်စီးမထားရင် အိပ်လို့ ရတာပဲ လို့ ပြောပြီး
ငတိမကြီးကတော့ မစားဘဲ အိပ်ပြချင်တယ်လို့ ကြုံးဝါးနေတယ်။ ဟုတ်တယ်လေ၊ အိပ်ပျော်နေရင်းလည်း တဝတပြဲ စားလို့ရတာပဲ။ သူမှ မမှတ်မိတာ။
အိပ်ပျော်စဉ် လမ်းထလျှောက်တတ်တာတွေက အန္တရာယ်ရှိသလို စားလို့ စားမှးန်းမသိတာလည်း ပြဿနာတော့ မသေးလှဘူး။
မနက် ရေခဲသေတ္တာဖွင့်တိုင်း အိမ်သားတွေ ရန်ဖြစ်ရတယ်တဲ့။ စားစရာတွေ ပျောက် ပျောက်နေလို့။

ဇင်ဝေသော်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/14/2013 12:57:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ