---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/13
Subject: [လူဗိုလ်ဟူသည် ...] သမ္မတရုံးကလူ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/14/2013 01:02:00 PM
From: Blogger <no-reply@blogger.com>
Date: 2013/1/13
Subject: [လူဗိုလ်ဟူသည် ...] သမ္မတရုံးကလူ
To: lubo601@gmail.com
ထွန်းရွှေဆိုတာ ဒီရပ်ကွက်မှာ ဆိုက်ကားသမား။ ဖင်ပေါ့တယ်။ ရပ်ရေး ရွာရေးလက်မ
နှေးဘူး။ရပ်ကွက်ကချစ်တယ်။သူ့ဆိုက်ကား ပုံမှန်စီးတာ ဆရာဆယ်။ အခုတလော
ဆရာဆယ်ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ထုံးစံအတိုင်း ဖေစ့်ဘုတ်ပေါ့။ ကြာတော့
ထွန်းရွှေလည်း အင်တာနက်ကို စိတ်ဝင်စားလာတယ်။ သိချင်လာတယ်။
ဆရာဆယ်ကိုအကူအညီတောင်းတယ်။သူလည်းပါချင်တယ်။အဲဒါနဲ့ မေးတော့
အိမ်ကရိုးရိုးဖုန်းကို အန်းဒရွိုက်ဖုန်းပြောင်းကိုင်လိုက်တယ်။ဖေ့စ်ဘုတ်အကောင့်
လည်းရပီ။ဆရာဆယ် အပ်ပေးတာ နည်းနည်းလေး..အယောက်၆၀ လောက်ပဲ
ရှိတယ်။ဒါပယ်မဲ့..သတင်းစုံတယ်။နာမည်ကြီးတွေချည်းပဲအပ်ပေးထားတာ။တက်
လိုက်တဲ့သတင်း..အချိန်နဲ့တပြေးညီပဲ။ဟုတ်တာတွေရော၊မဟုတ်တာတွေရောပဲ။
ဒါပယ်မဲ့ ထွန်းရွှေ ကြိုက်တာ လိုင်းပေါ်မှာသမ္မတရုံးကမှုးဇော်နဲ့ ရဲထွဋ်ပဲ။အာဏာ
ပိုင်အဖွဲ့အစည်းကဆိုတော့ နဂိုကတည်းကလေးစားတာလည်းပါတယ်။ဆိုက်ကားသ
မားဆိုတာ ဆယ်အိမ်မှုးတောင်အထာထားရတဲ့ခေတ်မှာ သမ္မတရုံးဆိုတော့ ဘာပြော
ကောင်းမလဲ..တင်သမျှလွှတ်ယုံပေါ့။ထွန်းရွှေဆိုတာကလည်းအပြင်မှာငဖွလေ။
သူဖတ်မိသမျှ ဆိုက်ကားဂိတ်ရော၊စီးနေကျဖောက်သည်ရော သူသိသမျှ သတင်း
ပြောတာခင်ဗျ။
အခုဆိုဂိတ်မှာဂိတ်မှုးတောင် ထွန်းရွှေကိုလေးစားနေရပြီ။သမ္မတရုံးကဒီနေ့တော့
ဘယ်သို့ဘယ်ချမ်းသာ၊ဘယ်လိုအမိန့်ထုတ်တယ်...လို့ပြောလိုက်ရင် ဆိုက်ကား
ဂိတ်တစ်ခုလုံး ပါးစပ်အဟောင်းသားနဲ့ ငြိမ်ဆင်းသွားတာ..လှုပ်တောင်မလှုပ်ရဲဘူး။
ကြာလာတော့ ဆိုက်ကားသမားတွေ ကထွန်းရွှေကို နာမည်အရင်းမခေါ်ကြတော့ဘူး။
သမ္မတရုံးကလူ ဆိုပြီးခေါ်ကြတယ်။နောက်တော့ တရပ်ကွက်လုံးကလိုက်ခေါ်ကြ
တယ်။ထွန်းရွှေကလည်း ဒီလိုအခေါ်ခံရတာကိုသဘောကျတယ်။အခုဆို သမ္မတရုံး
ကဆိုက်ကားကိုတောင်ဌားစီးတဲ့သူတွေ တဖြည်းဖြည်းများလာတယ်။
ရပ်ကွက်ထဲမှာ ခိုင်းစရာရှိရင်လည်း ဟဲ့..သမ္မတရုံးလူကိုခေါ်ပါဟဲ့..ခိုင်းပါဟဲ့.ဖြစ်ကုန်ပြီ။
ဟုတ်တယ်လေ သမ္မတရုံးကလူက ခိုင်းလို့ကောင်းတယ်။ပြန်မမေးဘူး။ခိုင်းရင်စိတ်
ချရတယ်။လက်တို၊လက်တောင်းကတော့ လှည့်ကြည့်စရာ မလိုဘူး။တစ်ခုခုဖြစ်ရင်
လည်း သူပဲဒိုင်ခံရှင်းတာ။ဟုတ်တာတွေရော၊မဟုတ်တာတွေရော.ခပ်တည်တည်ပဲ။
ကဲဗျာ..ခင်ဗျားတို့လည်းလိုအပ်လို့ဆိုက်ကားဌားမယ်ဆိုရင် သမ္မတရုံးကလူကိုပဲ
ဌားစေချင်ပါတယ်။သူ့ဆိုက်ကားစီးရင် သတင်းစုံလည်းကြားရမယ့်အပြင် ဈေးနှုန်း
လည်းသက်သာတယ်ဗျ..သိတယ်မဟုတ်လား။တစ်ခေါက်တစ်ခါတော့ စီးဖူးစေချင်
တယ်ဗျာ....:))

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ