[mrsorcerer:36839] Fwd: [လူဗိုလ်ဟူသည် ...] ထုပ်မထားတဲ့ Valentine လက်ဆောင် (ဘာသာပြန်)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/13
Subject: [လူဗိုလ်ဟူသည် ...] ထုပ်မထားတဲ့ Valentine လက်ဆောင် (ဘာသာပြန်)
To: lubo601@gmail.com


by Lian No on Friday, January 4, 2013 at 7:33am ·
 
ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ မုန့်ဖိုနဲ့ တွဲထားတဲ့ ကိုကိုစားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးအဖြစ် ကျွန်မ အလုပ်လုပ်နေပါသည်။ ကယ်လီဖိုးနီယားရဲ့  ဖေဖော်ဝါရီညတွေမှာ  နွေးထွေးတဲ့ လေရူးလေးတွေဟာ စားသောက်ဆိုင်ရဲ့ တံခါးမကြီးကို တိုက်ခတ်တဲ့အခါ တစ်စုံတစ်ယောက်က တံခါးခေါက်နေသလိုလို ပါပဲ။
ညကိုးနာရီလောက် ထိုးလာတဲ့အခါ အရာအားလုံးဟာ ကျွန်မအတွက် ပျင်းစရာကောင်းလာပြီး ကိုယ့်အဖြစ်ကိုယ် ၀မ်းနည်းစိတ်ဝင်လာတော့တယ်။ သူငယ်ချင်းတွေအားလုံး ရုပ်ရှင်ရုံတို့၊ ကစားကွင်းတို့ သွားနေကြတဲ့အချိန်မှာ ကျွန်မမှာတော့ ဆိုင်ပိတ်တဲ့အထိ အလုပ်လုပ်ပြီး ကျန်နေခဲ့ရရှာသည်။

အဲဒီအချိန် ဆိုင်ထဲဝင်လာတဲ့လူကြီးတစ်ယောက်ကို သိပ်သတိမထားမိခဲ့ဘူး။ သူဝင်လာတာနဲ့တပြိုင်နက် လေရူးလေဝှေ့လေးတွေ သယ်ဆောင်လာတဲ့ သစ်ရွက်ခြောက်တွေဟာ သူ့နဲ့ အတူ ပါလာတယ်။ နောက် တံခါးမကြီးကို သူ ပိတ်လိုက်တာတော့ အပြင်ဘက်က လေတိုက်သံတွေအားလုံး တိတ်ဆိတ်သွားတော့သည်။ ကျွန်မကတော့ ကော်ဖီဖျော်ရင်း အလုပ်ရှုပ်ရင်း။ အဲဒီအချိန် ရုတ်တရက် ကျွန်မလက်မောင်းကို ဆိုင်ရှင်အစ်မကြီးက လာကိုင်တယ်၊ နောက်

                  "ရူးကြောင်ကြောင်ပဲ" လို့ တီးတိုးလာပြောပြီး တစ်လက်စတည်း သူ့ကို အံ့ဩတဲ့မျက်နှာနဲ့ ကြည့်နေတဲ့ ကျွန်မကို ဆက်ပြီး
                  "ဟိုမှာ ထိုင်နေတဲ့ နှုတ်ခမ်းမွှေးဖြူနဲ့ လူပေါ့၊ နင် သူ့ကို စားပွဲမထိုးရင် ဒီဆိုင်မှာ ဘာမှ မစားဘူးတဲ့လေ" လို့ ပြောပြန်တယ်။ 
ကျွန်မလည်း အံ့ဩတဲ့စိတ်နဲ့ တံတွေးကို ခပ်ပြစ်ပြစ်လေး မျိုချလိုက်ပြီး

                  "ရူးများ ရူးနေလား မသိဘူး" လို့ မေးလိုက်တဲ့အခါ ဆိုင်ရှင်အစ်မကြီးက
                  "ကိုယ့်ဟာကိုယ်သာ ကြည့်ရှင်းလိုက်ဟေ့" လို့ ခနဲ့သံနဲ့ ပြောလိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်နေလိုက်တယ်။

ကျွန်မတို့ ၀န်ထမ်းတွေအားလုံး ဆိုင်ထောင့်မှာရှိတဲ့ အဲဒီထူးဆန်းတဲ့လူကြီးကို သတိထားမိလာကြတယ်။ ထူပြီး ဖြူနေတဲ့ ဆံပင်၊ ငွေပြာရောင်မျက်လုံးတွေနဲ့ နှုတ်ခမ်းမွှေးဖြူ အောက်က သွားပေါ်တဲ့အပြုံးတို့ကို လှစ်ဟပြရင်း Menu ကို အသာလေး သူ အောက်ချလိုက်သည်။ နောက် လက်ကို ဝှေ့ရမ်းပြပြီး ကျွန်မကို ပြုံးပြရင်း လှမ်းနှုတ်ဆက်သည်။

                  "ဘာမှ ရူးကြောင်ကြောင်မဟုတ်ဘူးဟေ့ အဲဒါ ကျွန်မအဖေပဲ" ကျွန်မ ပြောလိုက်တော့ ဆိုင်ရှင်အစ်မကြီးက
                  "ဒါဆို နင် အလုပ်လုပ်နေတာ သူ လာကြည့်တာပေါ့" လို့ ဖြတ်ပြောတယ်။ နောက် တလက်တည်းစတည်း ဆက်ပြီး "ထူးတော့ ထူးဆန်းသား" လို့ ရည်ရွတ်နေသည်။

ကျွန်မကတော့ ထူးဆန်းတယ် လို့ မထင်ပါ။၊ အဲဒီအစား ဒါဟာ ကောင်းမွန်တဲ့ အရာတစ်ခုဖြစ်လို့ မှတ်ယူမိသည်။ ဒါပေမဲ့ အဖေ့ကိုတော့ ကျွန်မခံစားချက်ကို မရိပ်မိစေခဲ့ဘူး။ သနားစရာကောင်းတဲ့အဖေပါလား။၊ ကျွန်မရဲ့ တံတောင်ဆစ်ကို ဖွဖွလေးဆုပ်ပြီး ကျေးဇူးပဲ ဟန်နီ လို့ ပြောနေတဲ့ အဖေ့ကို ဘယ်သူမှ သတိမထားမိအောင် သူမှာသမျှတွေကို မှတ်စုထဲမှာ လိုက်ရေးခြစ်နေမိလိုက်သည်။

ဒါပေမဲ့ တစ်ခုတော့ စာဖတ်သူကို သိစေချင်ပါသည်။ အဲဒီညကို ကျွန်မ ဘယ်တော့မှ မေ့မရခဲ့ပါ၊ နောင်လည်း မေ့ရမည် မဟုတ်။ အဖေ လာခဲ့တာကိုက ကျွန်မကို စကားလုံးပေါင်း
ထောင်သောင်းများစွာ ပြောသွားခဲ့သလိုပင်။ ကျွန်မ စားပွဲတွေကို သန့်ရှင်းလုပ်တာတွေ၊ ကော်ဖီတွေ ထပ်ဖြည့်ပေးနေတာတွေကို သူ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေရင်း နံရံတွေပေါ်က ပဲ့စင်ခုန်ထွက်လာတဲ့ သူ့ရဲ့ အသံတိတ်စကားလုံးတွေကို ကျွန်မ ကြားခဲ့တယ်။

                       "အဖေ ဒီမှာ ရှိတယ်၊ သမီးကို အားပေးတယ်၊ သမီးအတွက်လည်း အဖေ ဂုဏ်ယူတယ်၊ သမီး ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကို လုပ်နေတာပေါ့ကွယ်၊ ဒါကြောင့် ဆက်သာလုပ် သမီး၊ ဒါမှ အဖေ့သမီး၊ သမီးကို အဖေ အရမ်းချစ်တယ်"

အဲဒီညဟာ ကျွန်မအတွက်တော့ အဲဒီနှစ်ရဲ့ အကောင်းဆုံးချစ်သူများနေ့လက်ဆောင် ဖြစ်ခဲ့တယ်။

လျံနိုး
၁၁း ၁၀ ည ခေတ္တမနီလာ
Don't Worry Be Happy!
Credit to - Not All Valentines Come In Envelopes By Robin Jones Gunn
from the book "Stories for a Teen's Heart" Compiled by Alice Gray
Translated Word By Word By Lian No

အမေကတော့ ပြောတယ်၊ တိုက်ရိုက်ဘာသာပြန်တာထက်စာရင် ဆီလျော်အောင် ပြန်တာ ပိုကောင်းမယ် လို့ ပြောတယ်၊ သူ့အကြောင်းပြချက်ကတော့ မြန်မာစာဖတ်သူတွေနဲ့ အင်္ဂလိပ်စာဖတ်သူတွေ တွေးခေါ်ပုံ မတူလို့တဲ့။ ကျနော်ကတော့ စိတ်ထဲမှာ မူရင်းစာရင်းသူရဲ့ ပေးချင်တဲ့ ရသနဲ့ အဖွဲ့အနွဲ့တွေ မပျက်စေချင်ပါဘူး။ နောက် အရှည်ကြီးလည်း မဟုတ်ဘူး ဆိုတော့။ ဒါကတော့ အမြည်းသဘောပေါ့ဗျာ၊ အားရင် အားသလို စာအုပ်တစ်အုပ်လုံးကို ပြန်သွားဖို့ စိတ်ကူးရှိပါတယ်။ ကိုယ်ကိုတိုင်လည်း ဆယ်ကျော်သက်ဆိုတော့ ဆယ်ကျော်သက်တွေအတွက် အာဟာရလေးတွေပေါ့ဗျာ။ ဒီဇာတ်လမ်းကိုတော့ နားလည်မှာပါ။ ဆင်းရဲတဲ့ အဖေက အလုပ်လုပ်နေတဲ့ သမီးကို လာကြည့်တဲ့အခါ ပြောမပြနိုင်တဲ့ အဖေ့ပီတိတွေကို သမီးက နားလည်ပြီး အရမ်းပျော်ခဲ့ရတဲ့ Valentine အဖြစ်အပျက်လေးပါ။ (ဖတ်ရတာထင့်နေတာလေးတွေ ပြန်ပြင်လိုက်တာကလွဲလို့ ဘာသာပြန်ပြီးပြီးချင်း တင်လိုက်တာ ဖြစ်ပါတယ်၊ Correction နဲ့ Comment or Concern လေးတွေ ပေးမယ်ဆိုရင် အရမ်းကို ကြိုဆိုပါတယ် ခင်ဗျာ) :)

ကမ္ဘာပေါ်မှာ အကောင်းဆုံးအဖေကို ပိုင်ဆိုင်ထားလို့ ကျနော် အရမ်းကံကောင်းပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/14/2013 01:22:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ