[mrsorcerer:36878] Fwd: [လူဗိုလ်ဟူသည် ...] “ အမေရိကန်ရောက် ချင်းအဆိုတော်မလေး Milla Dawt Hniang အကြောင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/16
Subject: [လူဗိုလ်ဟူသည် ...] " အမေရိကန်ရောက် ချင်းအဆိုတော်မလေး Milla Dawt Hniang အကြောင်း
To: lubo601@gmail.com


" သေချာလေးဖတ်ပေးကြပါဦး . . .

သူမ နာမည်က မီလာ တဲ့ Milla ပေါ့ ဂီတနဲ့ ဂစ်တာနဲ့ သူမအိပ်မက်တွေထဲမှာ စီးမျောနေတဲ့ မိန်းကလေးတစ်ယောက် ။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ချင်းမလေး ဟာ သီချင်းဆို စွမ်းရည် ပါရမီရှိသူပီပီ သီချင်းရေးစပ်သူတစ်ဦးလည်းဖြစ်ပါတယ် ။ မြန်မာပြည်ဖွားဖြစ်ပြီး ၈ နှစ်သမီးကတည်းက အမေရိကကိုရောက်ခဲ့တယ်လို့သိရတယ် ။

ငယ်စဉ်က ပိုလီယိုရောဂါဆိုးကြီးရဲ့နှိပ်စက်မှုကို ခံခဲ့ရရှာသူတစ်ဦးဖြစ်ပြီး သူမအိပ်မက်တွေ . . အရောင်မှေးမှိန်ပြယ်လွင့်ကုန်မှာလား ။ ပထမဆုံးမွေးနေ့မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ပိုလီယိုရောဂါရှိကြောင်းကို သူမ ၀မ်းနည်းစွာ သိခဲ့ရတယ် ။ ဘယ်သူကမှ ဘယ် ဆရာဝန်ကမှ အသက်ရှင်ဖို့မျှော်လင့်ချက်မထားခဲ့ကြဘူး ။ ဒါပေမယ့် အံသြစရာတွေပါပဲ ဘုရားက သူ့ကို ဒုတိယအကြိမ် ဘ၀ကိုရှင်သန်ခွင့်ပေးခဲ့တယ်

ရုန်းကန်မှုတွေ အခက်အခဲတွေ ငြင်းပယ်ခံရခြင်းတွေကို ကြံ့ကြံ့ခံခဲ့ရတဲ့ ၂၂ နှစ်တာကာလဟာ ဘုရားက သူ့ကို ဂီတလမ်းကြောင်းပေါ်တင်ပေးလိုက်သလိုပါပဲ ။ ဂီတကနေ သူမလိုချင်တာအားလုံးအိပ်မက်အားလုံး ပြဿနာအားလုံးကို ဖြေရှင်းနိုင်ခဲ့တယ် ။ ငယ်စဉ်ကတည်းက ဂီတတစ်ခုကသာလျှင် သူမအတွက်စိတ်သက်သာရာရစေမယ့်အရာဆိုတာ သိခဲ့ရတယ် ။

တကယ်တော့ ငယ်စဉ်ကတည်းက ဆေးရုံမှာ ကြီးပြင်းခဲ့ရတဲ့ဘ၀ဟာ အလုံးစုံ ငယ်ဘ၀ကိုမှတ်မိဖို့တော့မလွယ်လှပါဘူး ။ အသက်အရွယ်အတူတူမှာ ကျောင်းနေဖို့ ဘယ်တော့မှ ခွင့်ပြုခြင်းမခံခဲ့ရဘူး ပိုလီယိုရောဂါကြောင့်တဲ့ ။ Normal ဆိုတဲ့အရာတွေနဲ့ ဘာကြောင့်များ အံဝင်ခွင်ကျ မဖြစ်ရသလဲဆိုတဲ့စိတ်မသက်မသာဖြစ်မှုအပေါ် သူအလွန်ပဲ ထိခိုက်ခဲ့ရတယ် ။ ဟုတ်တယ်လေ အထီးကျန်ဆန်မှုနဲ့ကြီးပြင်းလာခဲ့တဲ့ဘ၀တစ်ခုကို ဘယ်သူတွေက သိနိုင်မှာမို့လို့လဲ ။

အသက် ၄ နှစ်အရွယ်မှာ သူမ ဘ၀တစ်ဆစ်ချိုးပြီလို့ ယုံကြည်တဲ့အကြောင်း ဆေးရုံကလူနာတွေရှေ့ မိသားစုဝင်တွေရှေ့ သူငယ်ချင်းတွေ အိမ်နီးနားချင်းတွေအရှေ့ သူစိမ်းတွေရှေ့မှာ ပြသခဲ့တယ် ။ အသက် ၁၆ နှစ်မှာ ဂစ်တာကို စကိုင်ခဲ့တယ် ပြီးတော့သီချင်းတွေ ရေးနေပြီ ။ ကြိုတင်သိခွင့်မရတဲ့ ချို့ယွင်းမှုတွေကို ဘုရားက ဘယ်လို ပြင်ဆင်မှုပေးတဲ့အကြောင်းလူတွေကိုပြောပြချင်လိုက်တာ . . ။ လူတွေကို သူ အလင်းပေးချင်တယ် တခါတခါ အမှောင်ကြီးပဲ ဖုံးနေတာမဟုတ်ဘူးဆိုတာကိုပေါ့ ။

ဂီတနဲ့ လူတွေရဲ့နှလုံးသားကိုကိုင်လှုပ်ပစ်ချင်တဲ့ သူမ အတွက် ရေးစပ်လိုက်တဲ့သီချင်းတိုင်းက ထိထိခတ်ခတ်ဖြစ်လှတယ် ။ လူတိုင်းကို သူတို့ရည်မှန်းချက်အတိုင်းဆက်သွားဖို့ အားမလျော့လိုက်ဖို့ အားပေးချင်ပါတယ်တဲ့ ။ " ဘ၀ဆိုတာ စောင့်စားရတာ အရမ်း တန်ဖိုရှိတယ် "

ဒါက Milla Hniang အကြောင်းတစေ့တစောင်းပါ ။ သူမရဲ့ ၀ဘ်ဆိုက်ကတော့ http://www.tatemusicgroup.com/epk/?id=19290&page=bio ဖြစ်ပါတယ် ။ ဖေ့စ်ဘုတ် ဖန်ပေ့ခ်ျကတော့ https://www.facebook.com/pages/Milla-Dawt-Hniang/232187326797369 ဖြစ်ပါတယ် ။ အခု သူမပါဝင်တဲ့ Play Cross Road ဆိုတဲ့ နေရာမှာ သူမလက်ရှိvoting 87.6% ကိုပိုင်ဆိုင်ထားပါတယ် ။ ဒီတော့ ၁၀၀% ပြည့်စေဖို့ ကျွန်တော်တို့အားပေးလိုက်ကြရအောင်လား ။ မြန်မာ့အဆိုတော်တစ်ယောက်ကို နိုင်ငံတကာ အဆိုတော်တွေကြားမှာ မြန်မာတွေက ဘယ်လောက် Support လုပ်တယ်ဆိုတာ သိစေဖို့ပါ ။ မြန်မာပြည်ဖွား မြန်မာအဆိုတော်တစ်ယောက် အတွက် ။ *** အကောင့်တစ်ခုကိုတစ်ခါပဲပေးလို့ရပါတယ် ။ မေးလ်အကောင့်ရှိသမျှ ပေးလို့ရပါတယ် ။ ၁၀၀% ပြည့်ရင် သူနိုင်ပြီလေ ။

အဆင့် ၁ ။ http://www.playcrossroads.com/u/Milladhniang ကို သွားပါ ။

အဆင့် ၂ ။ ပေါ်လာသည့်စာမျက်နှာ ညာဖက်အခြမ်းအောက်ဖက်နားတွင် ( နာမည်များစီထားသည့်အောက် ) တွင် Add Your Support ကိုနှိပ်ပါ ။

အဆင့် ၃ ။ အကွက် ၂ ကွက်ပေါ်လာမည်။ Name နေရာတွင် ကိုယ့်အမည်ရိုက်ပါ ။ Email နေရာတွင်ကိုယ့် အီးမေးလ်လိပ်စာ ထည့်ပါ ။ ပြီးလျှင် Support ကိုနှိပ်ပါ ။

ဘယ်နေရာမှာဖြစ်ဖြစ် မြန်မာ မို့ . . ကျွန်တော်တို့ မြန်မာတွေ အားပေးရအောင် ။ မကောင်းတာလုပ်နေတာမဟုတ် ဂီတကို ရူးသွပ်ခုံမင်ခဲ့သောဒါဏ်ရာတွေနဲ့ မိန်ကလေးတစ်ယောက် ကျွန်တော်တို့ကူညီကြရအောင်ဗျာ ။ share ပေးကြပါ ။

သက်တန့်ချို
16 Jan 2013


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/17/2013 12:49:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ