---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/16
Subject: [လူဗိုလ်ဟူသည် ...] ရှိတ်လိုက်ကြစို့  သမ္မတကြီးရေ
To: lubo601@gmail.com
ထားထားမြင့်( Burma-Newselite)
လူသန်းပေါင်း( ၃၁၅) သန်းနီးပါးကို အုပ်ချုပ်နေရတဲ့ ကမ္ဘာပေါ်က နိုင်ငံရေးသြဇာအာဏာ ကြီးမားလှ တဲ့ ခေါင်းဆောင်ကြီး တယောက်က အသက်( ၈) နှစ်လောက်ရှိတဲ့ မူလတန်းကျောင်းသားလေးတွေ ရဲ့ စကားကို အလေးထားပြီး တသက်လုံး မရှိဖူးခဲ့တဲ့ ဥပဒေတခုကို ပြဌာန်းဖို့ ကြိုးစားနေတယ် ဆိုတာကို ကြားမိသူတိုင်း ယုံတမ်းစကားလို့ ထင်ကြပါလိမ့်မယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမားကတော့ တကယ့်ကို ကလေးတွေစကားကို အရေးထားတယ်ဆိုတာ
သာဓက ပြလိုက်ပါပြီ။
သမ္မတကြီးခင်ဗျား။ လူတွေကို သေနတ်တွေနဲ့  တခြားသေစေနိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်ခွင့်မပေးပါနဲ့ လို့ အသက်(၈)နှစ်အရွယ်ရှိ
ဂရန့် ဆိုတဲ့ မေရီလန်းပြည်နယ်က မူလတန်း ကျောင်းသားလေးက လူ၂၆ ယောက် သေဆုံးခဲ့တဲ့ စင်ဒီဟုခ်မူလတန်းကျောင်း ပစ်ခတ်မှူ အပြီး သုံးရက်မြောက်နေ့ မှာ စာရေးပြီးတောင်းဆိုခဲ့ပါတယ်။
ဒါတင်မက အသက်(၁၁) နှစ်အရွယ်ရှိ ၀ါရှင်တန်ဒီစီက ဂျူလီယာဆိုတဲ့ ကျောင်းသူလေးကလည်း -
သမ္မတကြီးရှင့် လက်နက်တွေထိန်းချုပ်ဖို့ လုပ်ရတာ ခက်ခဲမယ်ဆိုတာ သမီးသိပါတယ်။
ဒါပေမဲ့ သမီးမှာ အကိုလေးယောက်ရှိပါတယ်။ သမီးသူတို့ ထဲက တယောက်ယောက်ကိုများ ဆုံးရှုံးရမယ်ဆိုရင် သမီးဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်လို့ပါလို့ စာရေးခဲ့ပါတယ်။
ဒီကနေ့ မှာတော့ သမ္မတအိုဘားမားဟာ ဂရန့် နဲ့ ဂျူလီယာ အပါအ၀င် လက်နက်တွေ ထိန်းချုပ်ဖို့  သူ့ဆီကို စာရေးသားတောင်းဆိုတဲ့ ကလေးတွေနဲ့ ပူးပေါင်းပြီး အမေရိကန် တနိုင်ငံလုံး လက်နက် ထိန်းချုပ်ဖို့ ဥပဒေ အဆိုပြုချက်ကိုကြေညာလိုက်ပါတယ။
တကယ်တော့ တိုင်းပြည်မှာ ငွေရေးကြေးရေးထောက်ပံ့မှုကို လက်နက်ထုတ်လုပ် ရောင်းချသူတွေဆီက တော်တော်များများရထားတာမို့  အမေရိကန်ပြည်ထောင်စုမှာ လက်နက်ထိန်းချုပ်မယ့် ဥပဒေပြဌာန်းဖို့ အကြိမ်ကြိမ် ကျရှုံးခဲ့ရပါတယ်။ ဒါ့အပြင် တချို့အခြေခံဥပဒေပါ အချက်တွေက လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်နက်ကိုင်ဆောင်ခွင့်ကို
ထောက်ခံအားပေးထားပါတယ်။
သမ္မတတွေက တင်ပြဖို့ လုပ်တိုင်းလည်း သူတို့ တွေ ကြိုးစားနောက်ခံပေးထားတဲ့ လွှတ်တော်အမတ်တွေက
အကြောင်း အမျိုးမျိုးပြ ကန့်ကွက်ခဲ့တာချည်းပါဘဲ။
ဒီလိုအခြေအနေမှာမှ ပြည်သူလူထုနဲ့ ကလေးတွေရဲ့ တောင်းပန်ချက်ကို အလေးထားပြီး လက်နက်ထိန်းချူပ်ဖို့ ရဲရဲဝံ့ဝံ့ အဆိုတင်လိုက်တဲ့ သမ္မတကြီး အိုဘားမားကို အိမ်ဖြူတော်မှာ ဒီကနေ့ ဂရန့် ၊ ဂျူလီယာနဲ့  ကလေးတွေက သူတို့ရဲ့ လက်ဖ၀ါးလေးတွေကို
မြှောက်ပေးလိုက်ပါတယ်။
"ကဲ- ရှိတ်လိုက်တော့ သမ္မတကြီးရေ ...................
(Share နိုင်ပါသည်။ Copy ကူးခြင်းသည်းခံပါ။)
ကိုးကား
http://healthland.time.com/2013/01/16/letters-to-obama-children-plead-for-gu
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/17/2013 02:02:00 PM
From: Blogger <no-reply@blogger.com>
Date: 2013/1/16
Subject: [လူဗိုလ်ဟူသည် ...] ရှိတ်လိုက်ကြစို့  သမ္မတကြီးရေ
To: lubo601@gmail.com
Zayar Zy and 8 other friends shared Burma-Newselite's photo.

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ