[mrsorcerer:36886] Fwd: [လူဗိုလ်ဟူသည် ...] Apostrophe ကို မှန်ကန်စွာ သုံးတတ်ရန်အတွက် အကြံပြုချက်များ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/16
Subject: [လူဗိုလ်ဟူသည် ...] Apostrophe ကို မှန်ကန်စွာ သုံးတတ်ရန်အတွက် အကြံပြုချက်များ
To: lubo601@gmail.com


1. Apostrophe ကို စာလုံးချုံ့ရာ၌ စာလုံးကျန်ရှိမှုကို ပြရာ၌ အသုံးပြုပါ။
  • I'm (I am)
  • you're (you are)
  • he's (he is)
  • she's (she is)
  • it's* (it is)
  • we're (we are)
  • they're (they are)
  • isn't (is not)
  • aren't (are not)
  • can't (cannot)
  • don't (do not)
  • who's (who is)
  • won't (will not)

ချန်ခဲ့တဲ့ စာလုံးတစ်လုံး ဒါမှမဟုတ် စာလုံးများရဲ့နေရာမှာ Apostrophe အမှတ်အသား ( ' )ကို ထားဖို့ကို သတိထားပါ။ ၄င်းနေရာသည် စာလုံးနှစ်လုံးကို ဆက်တဲ့နေရာဖြစ်ပြီး အမြဲတသမတ်တည်း မဟုတ်ပါ။

*(it is လို့ အဓိပ္ပါယ်ရသော) it's နှင့် ပိုင်ဆိုင်မှုပြနာမ်စား its တို့ကို မရောထွေးပါနှင့်။
ဥပမာ
It's the first day of spring. (ဒါဟာ နွေဦးရဲ့ ပထမဦးဆုံးနေ့ ဖြစ်တယ် )
Our bird escaped from its cage. (ကျွန်တော်တို့ငှက်ဟာ ၄င်း၏ လှောင်အိမ်ထဲက ထွက်ပြေးသွားတယ်။)
2. ဧက၀ုစ်နာမ်တစ်ခုသည် 's' ဖြင့် ဆုံးသည်ဖြစ်စေ၊ မဆုံးသည်ဖြစ်စေ ၄င်း၏ ပိုင်ဆိုင်မှုကို ပြရန် Apostrophe ကို 's' ဖြင့် တွဲသုံးပါ။
ဥပမာ
  • Harold's crayon (Harold ၏ ရောင်စုံဖယောင်းခဲတံ)
  • My daughter's First Communion. (ကျွန်တော့် သမီး၏ ပထမဆုံး ကွန်မြူနီယံ)
  • Sylvia Plath's poetry (Sylvia Plath ၏ ကဗျာ)
  • Dylan Thomas's poetry (Dylan Thamas ၏ ကဗျာ)
  • Today's weather report. (ယနေ့၏ ရာသီဥတုသတင်း)
  • The boss's problem. (သူဌေး၏ ပြဿနာ)
  • Star Jones's talk show (Star Jones ၏ ဆွေးနွေးမှု အစီအစဉ်)
  • Victoria Beckham's husband (Vicloria Beckham ၏ ခင်ပွန်း)

3. ဗဟုဝုဒ်နာမ်အများစု၏ ပိုင်ဆိုင်မှုကို ပြရန် Apostrophe ကို 's' မပါဘဲ သုံးပါ။
's' ဖြင့် အဆုံးသတ်သော ဗဟုဝုဒ်နာမ်၏ ပိုင်ဆိုင်မှုကို ပြရန်အတွက် Apostrophe ကို ပဲ ထည့်ပါ။
  • The girls' swing set (the swing set belonging to the girls) [မိန်းကလေးများ၏ဒန်းတစ်စုံ (မိန်းကလေးများက ပိုင်ဆိုင်သော ဒန်းတစ်စုံ)]
  • The students' project (the project – belonging to the students) [ကျောင်းသားများ၏ ပရော့ဂျက် (ကျောင်းသားများ ပိုင်ဆိုင်သော ပရော့ဂျက်)]
  • The Johnsons' house (the house belonging to the Johnsons) [Johnson တို့၏ အိမ် (Johnson တို့က ပိုင်ဆိုင်သော အိမ်)]

ဗဟုဝုဒ်နာမ်သည် 's' ဖြင့် အဆုံးမသတ်ပါက Apostrophe ကို 's' ဖြင့် တွဲသုံးပါ။
  • the women's conference (the conference belonging to the women) [အမျိုးသမီးများ၏ ဆွေးနွေးပွဲ (အမျိုးသမီးများက ပိုင်ဆိုင်သော ဆွေးနွေးပွဲ)]
  • the children's toys (the toys belonging to the children) [ကလေးများ၏ ကစားစရာများ (ကလေးများက ပိုင်ဆိုင်သော ကစားစရာများ)]
  • the men's training camp (the training camp belonging to the men)[အမျိုးသားများ၏ လေ့ကျင့်ရေးစခန်း (အမျိုးသားများက ပိုင်ဆိုင်သော လေ့ကျင့်ရေးစခန်း)]

4. နာမ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော နာမ်များက တစ်မျိုးတည်းသော အရာကို ပိုင်ဆိုင်ထားပါက Apostrophe ကို 's' ဖြင့် တွဲသုံးပါ။

နာမ်နှစ်ခု (သို့) နှစ်ခုထက်ပိုသော နာမ်များက တစ်ခုတည်းသော အရာကို ပိုင်ဆိုင်နေပါက စာရင်း၌ပါသော နောက်ဆုံး နာမ်တွင် Apostrophe ကို 's' နှင့် တွဲသုံးပါ။
  • Ben and Jerry's Cherry Garcia Ice Cream (Ben နှင့် Jerry တို့၏ Cherry Garcia ရေခဲမုန့်)
  • Emma and Nicole's school project (Emma and Nicole worked together on the same project) [Emma နှင့် Nicole တို့၏ ကျောင်းပရော့ဂျက် (Emma နှင့် Nicole တို့သည် ပရော့ဂျက်တစ်ခုတည်းကို အတူတကွ ပြုလုပ်ကြသည်။)]
နာမ် နှစ် ခု (သို့) နှစ် ခုထက်ပိုသော နာမ်များသည် အရာတစ်ခုခုကို သီးခြားပိုင်ဆိုင်ကြပါက ဖော်ပြထားသော နာမ်တစ်ခုစီတွင် Apostrophe ကို ထည့်ပါ။
  • Tim's and Marty's ice cream. (Each boy has his own ice cream) [Tim နှင့် Marty တို့ရဲ့ ရေခဲမုန့် (ကောင်လေးတစ်ဦးစီမှာ ရေခဲမုန့်တစ်ခုစီရှိတယ်)]
  • Emma's and Nicole's school projects (Each girl has her own project) [Emma နဲ့ Nicole တို့ရဲ့ ပရော့ဂျက်များ (မိန်းကလေးတစ်ယောက်စီမှာ သူပိုင် ပရော့ဂျက်တစ်ခုစီရှိတယ်)]

5.ပိုင်ဆိုင်မှုပြနာမ်စားများတွင် Apostrophe အသုံးမပြုပါနှင့်။
ပိုင်ဆိုင်မှုပြနာမ်စားများသည် ပိုင်ဆိုင်ကြောင်းပြပြီးသားဖြစ်၍ ၄င်းတို့တွင် Apostrophe ကို ထည့်ရန် မလိုပါ။
  • yours (သင်၏)
  • his (သူ၏)
  • hers (သူမ၏)
  • its* (၄င်း၏)
  • ours (ကျွန်ုပ်တို့၏)
  • theirs (သူတို့၏)

ဒါပေမဲ့လည်း တချို့သော သာမည နာမ်စား (indefinite pronouns)၏ ပိုင်ဆိုင်မှုကို ပြရာတွင် apostrophe ကို 's' နှင့် တွဲ၍ အသုံးပြုပါသည်။
  • anybody's guess (တစ်ဦးတစ်ယောက်၏ မှန်းဆချက်)
  • one's personal responsibility. (တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်တာဝန်)
  • somebody's wallet. (တစ်စုံတစ်ယောက်၏ ပိုက်ဆံအိတ်)

6. ယေဘုယျအားဖြင့် ဗဟုဝုဒ်ကိန်းဖွဲ့ရန်အတွက် Apostrophe ကို အသုံးပြုလေ့မရှိပါ။ 
အများအားဖြင့်တော့ ရက်စွဲများ၊ အတိုကောက်စာလုံးများနှင့် မိသားစု နာမည်များ စသည်တို့ပါဝင်သော နာမ်များ၏ ဗဟုဝုဒ်ကိန်းများဖွဲ့ရာတွင် apostrophe မပါသော 's' (သို့) 'es' ကို ထည့်ပါ။
  • Markets were booming in the 1990s. (၁၉၉၀ ခုနှစ်များမှာ ဈေးတွေဟာ ရုတ်တရက် တိုးတက် လာခဲ့ကြပါတယ်။)
  • The tax advantages offered by IRAs make them attractive investments. (IRA တို့က ကမ်းလှမ်းလာသော အခွန်အကျိုးအမြတ်များက ၄င်းတို့ကို ဆွဲဆောင်မှုကောင်းသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်စေပါတယ်။)
  • The Johnsons have sold all of their CDs (Johnson တို့က ၄င်းတို့ရဲ့ CD တွေအားလုံးကို ရောင်းပစ်လိုက်ပြီ။)

ဗဟုဝုဒ်ကိန်းဖြင့် ဖော်ပြလေ့မရှိသော တချို့သော စာလုံးများနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးမှုမရှိစေရန် အတွက် ၄င်းတို့ ၏ဗဟုဝုဒ်ကိန်းများဖော်ပြရာတွင် apostrophe ကို ထည့်ရန် လိုပါသည်။
  • Mind your p's and q's. (အတတ်နိုင်သမျှ အယဉ်ကျေးဆုံး ပြုမူပြောဆိုပါ။)
  • Let's accept the proposal without any 'if's, and's, or but's. (အဆိုပြုချက်ကို လျှင်တွေ၊ နှင့်တွေ (သို့) ဒါပေမဲ့တွေ မပါဘဲ နှင့် လက်ခံလိုက်ကြရအောင်။)

Read more: Apostrophe ကို မှန်ကန်စွာ သုံးတတ်ရန်အတွက် အကြံပြုချက်များ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A783741&xgs=1&xg_source=msg_share_topic#ixzz2IClqqIZ4


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/17/2013 11:48:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ