[mrsorcerer:36962] Fwd: [လူဗိုလ်ဟူသည် ...] စာရေးဆရာကျော်ဝင်းသို့  ပြန်လှန်ဆွေးနွေးချက်
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/21
Subject: [လူဗိုလ်ဟူသည် ...] စာရေးဆရာကျော်ဝင်းသို့  ပြန်လှန်ဆွေးနွေးချက်
To: lubo601@gmail.com
အင်းစိန်တောရကျောင်းနေဘက်ကိုကျော်ဝင်းရဲ့ " ပြည်တွင်းငြိမ်းချမ်းရေးတွးမိသည်များ" ဆိုတဲ့စာကိုဖတ်လိုက်ရတယ်။ ကိုယ်အသက်ရှင်နေခိုက် ပြောသင့်ပြောထိုက်တဲ့စကားကို တာဝန်ကျေစွာပြောတာကျေးဇူးတင်စရာ ကောင်းတယ်။
ဒါ့အပြင်အတိုက်အခိုက်တွေ - အစွဲအလမ်းတွေများတဲ့ - ကိုယ်ကြည်ညိုတဲ့လူ ကိုဆတ်ဆတ်ထိ မခံ တတ်တဲ့ မြန်မာနိုင်ငံရေးလောကသား အားလုံးနားခံသာအောင် သူ့ ကိုယ်ပိုင်ဟန်  လေသံပြော့ပြော့ ကလေးနဲ့ ကျွမ်းကျင်စွာ တင်ပြထားတာတွေ့ ရတယ်။
ပြော့ပြောင်းရမယ်၊ ညက်ညောရမယ်။ မောက်မောက်မာမာပြောလဲဒီစကား - ချိုချိုသာသာပြောလဲဒီစကားဆိုတဲ့အဆုံးအမကိုကျော်ဝင်းလိုက်နာနိုင်တာကို အပြည့်အ၀မဟုတ်ပေမဲ့ကျနော်အတုယူပါတယ်။
မြေချစ်သူရဲ့ - "ငါ့အသဲကို ခွဲကြည့်ပါ - လူထုဝါဒ - မျက်လွှာချ၍ 
- ဂီတဖွဲ့ တာတွေ့ လိမ့်မယ်" ဆိုတဲ့ ကဗျာတစ်ပုဒ်လိုပေါ့။
စာရှည်လို့ နှစ်ပိုင်းခွဲတင်ပြထားတဲ့သူ့ စာရဲ့ပထမပိုင်းကိုဆွေးနွေးစရာသိပ်မရှိပါ။ လွပ်လပ်ရေးခေတ်နိုင်ငံရေးနဲ့ မရင်းနှီးတဲ့လူငယ်စာဖတ်သူတွေကိုသမိုင်း
 ကြောင်းအကြမ်းဖျင်းခင်းပြတဲ့သဘောလို့ ယူဆပါတယ်။ လိုအပ်ပါတယ်။
ဒီနေရာမှာ 'တရားသေ၀ါဒအန္တရယ်'နှင့် 'စကားလုံးတစ္ဆေ' လို့ ကိုကျော်ဝင်းက အသေးစိတ် ၂မျိုးခွဲပြတဲ့အချက်ကိုတော့ကျနော်ကစစ်ပြီးခေတ်ကွန်မြူနစ်ဝါဒ ရဲ့ သြဇာလွှမ်းမိုးမှုလို့ ပဲတစ်မျိုးတည်းပေါင်းပြီးသုံးသပ်ချင်ပါတယ်။
ပြောချင်တာကတော့ဒုတိယကမ္ဘာစစ်ကြီးပြီးစခေတ်ကကိုလိုနီနိုင်ငံဟောင်းတွေ
မှာနိုင်ငံရေးနိုးကြားနေတဲ့လူတိုင်းဟာမာ့က်စ်ဝါဒရဲ့သြဇာလွှမ်းမိုးမှု အောက်မှာရှိနေ
ခဲ့ကြတယ်ဆိုတာပါ။ မြန်မာပြည်မှာလဲဒီအတိုင်းပါဘဲ။
ကမ္ဘာစစ်ကြီးကြောင့်စစ်တိုက်တဲ့အတွေ့ အကြုံလဲရ၊ လက်နက်တွေကလည်း လက်ထည်းကျန်ခဲ့တဲ့လူတွေကိုသဘောတရားအရအဆုံးစွန်တော်လှန်ရေး ကျတဲ့သဘောတရားဖြစ်တဲ့ကွန်မြူနစ်ဝါဒကလဲအဆင်သင့်သွေးထိုးလှုံ့ ဆော် ပေးနေတယ်။ အဲဒီဝါဒအရပြည်တွင်းစစ်ဆိုတာလူတန်းစားတိုက်ပွဲလို့ ခံယူ ကြတယ် - တိုက်ပွဲဝင်ရမယ်- တိုက်ရာမှာလဲလက်နက်ကိုင်တော်လှန်ရေး လုပ်မှမာက့်စ်ဝါဒီစစ်တယ်လို့ ဖြစ်ခဲ့တယ်။ အဲဒီခေတ်ကအချင်းချင်းအကြားမှာမာ့က်စ်ဝါဒီမစစ်ဘူးလို့ သတ်မှတ်ခံရယင်
ဖအေမပေါ်ဘဲမွေးတဲ့ခလေးလို့  သတ်မှတ်ခံရတာထက်ပိုနာတတ်ကြတယ်။
'ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်းတိုင်းပြည်' တို့  'နိုင်ငံရေးအရလွပ်လပ်ပေ မဲ့စီးပွားရေးအရမလွပ်လပ်ဘူး'ဆိုတာတို့ ဟာအဲဒီခေတ်နိုင်ငံရေးသမားတွေ
 မြန်မာနိုင်ငံကိုအကဲဖြတ်သုံးသပ်ခဲ့တဲ့စကားလုံးတွေဖြစ်တယ်။
ဒါကြောင့်ဦးနုအစိုးရကဘယ်လောက်ပဲချော့ချော့ကွန်မြူနစ်ပါတီနှစ်ခုစလုံး ဘက်ကတင်းမာတဲ့သဘောထားရှိခဲ့တယ်။ ဦးသိန်းဖေမြင့်လိုလူ 
ဦးချမ်းအေး (မောင်စူးစမ်း)  လိုလူတွေကိုအသေအလဲမုန်းတယ်။ 
အထင်သေးကြတယ်။ ဘရောက်ဒါဝါဒီ (Earl Browder/ CPUSA) လို့ ပုတ်ခတ်ကြတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကျတော့တမျိုးဖြစ်နေတယ်။ သူတို့  အမြင်မှာအမျိုးသားလွတ်မြောက်ရေးစခန်းဆင့်ဟာဗမာလူများစုကြီးအတွက်သာပြီး
ဆုံးသွားတယ်သူတို့ အတွက်ကမပြီးသေးဘူး။ ဗမာတွေလက်အောက် ကလွတ်ဖို့ 
လုပ်ရဦးမှာဖြစ်နေတယ်။ သူတို့ ကိုလဲလက်နက်ကိုင်တော်လှန်ရေး နည်းနဲ့ လုပ်မှမှန်ကန်တယ်အားလုံးကလို့ ခံယူကြအောင်စစ်ပြီးခေတ်ဗမာ မာ့က်စ်ဝါဒီတွေကပဲသင်ကြားပေးခဲ့ကြတယ်။ ကနေ့ အထိ - ရခိုင်လွတ်
 မြောက်ရေး(ပါတီ) - မွန်ပြည်သစ်(ပါတီ) - ကချင်လွပ်လပ်ရေး(အဖွဲ့ ) ဆိုတဲ့ အမည်တွေသူတို့ ရဲ့နိုင်ငံရေးပါတီဆိုင်းဘုတ်တွေမှာဒီသဘောအထင်အရှားရှိနေသေး
တာကိုတွေ့ နိုင်ပါတယ်။
ဒီလိုအခြေအနေမှာဦးနေ၀င်းရဲ့အာဏာရှင်စံနစ်ကြီးဖြတ်ဝင်လာတော့ပိုဆိုး သွားခဲ့တယ်။ ၁၉၄၉ နောက်ပိုင်းကစပီးတကယ်ခွဲထွက်နိုင်ကြတဲ့ရုပ်အင်အား မရှိကြပေမဲ့ခွဲထွက်ရေး ဆိုတဲ့စကားလုံးနဲ့ ပြည်ထောင်စုဝါဒီတွေ (Unionists) ကိုတော့ချောက်လှန့် နိုင်ခဲ့တယ်။ 
နောက်တစ်ချက်ကတော့ ၁၉၆၃ ခုနှစ်မှသည်ကနေ့ အထိအမျိုးသားစည်းလုံး ညီညွတ်ရေးကိုစစ်ရေး၊နိုင်ငံရေးနှစ်နည်းစလုံးနဲ့ အဓိကဆက်တိုက်အားထုတ်နေတဲ့
သူကတပ်မတော်ဖြစ်နေတယ်။
တပ်မတော်ဟာသူ့ ပင်ကိုအနေအထားအရပြည်တွင်းစစ်မှာကိုယ်တိုင်ပါဝင်
နေတဲ့ဘက်တစ်ဘက်ဖြစ်နေတယ်။ (a party to the conflict) ဒါကြောင့်ယုံ ကြည်မှုတည်ဆောက်ရေးဟာခက်ခဲတယ်။(ဦးခင်ညွန့် လက်ထက်အထိုက်
အလျှောက်လမ်းစပွင့်ခဲ့တာကိုထည့်ပြောမနေတော့ပါ။) ဒီတော့ပြဿနာကို တပ် မတော်ကဦးဆောင်လုပ်ကိုင်နေသမျှအပြီးသပ်ဖြေရှင်းနိုင်
ဘို့ ဖြစ်နိုင်ခြေ နည်း တယ်လို့ ဆိုရမှာပေါ့။
အလျှဉ်းသင့်လို့ ပဋိပက္ခဖြေရှင်းရေး (conflict resolution) ကိုဘာသာရပ် တစ်ခုလိုသဘောထားပြီးအရှင်းဆုံးနည်းလမ်း (methodology) တစ်ခုတည် ဆောက်ကြည့်မယ်ဆိုရင်ဒီလိုဖြစ်လိမ့်လို့ မယ်ထင်ပါတယ်။
[Issue –> agency (practitioner) –> structure –> process -> (desired) end result]
အရပ်စကားနဲ့ ပြောရယင် -> ပြဿနာကဘာလဲ -> ဘယ်သူကရှင်းပေး မှာလဲ -> ဘယ်မူဘောင်ထဲကနေရှင်းမလဲ -> ဘယ်လိုအဆင့်ဆင့်ရှင်းမလဲ ->  ဖြစ်ချင်တဲ့ကရလဒ်ကဘာလဲစသည်ဖြင့်ပေါ့။
ပထမဦးစွာ issue identification မှာပထမကိစ္စကပြဿနာရဲ့ မူလဇစ်မြစ်က နိုင်ငံရေးလား - အုပ်ချုပ်ရေးလား - စီးပွားရေးလားဆိုတာကို အရင်ဖေါ်ထုတ် ဘို့ ပါ။ နိုင်ငံရေးဇစ်မြစ်ကဆိုရင် (ဒီမိုကရေစီ နိုင်ငံမှာ)ပါလီမန်တို့ လွှတ်တော် တို့ ကိုလွှဲရမှာပါ၊ 
အုပ်ချုပ်ရေးဇစ်မြစ်ကဆိုရင် တော့အစိုးရတို့ တပ်မတော် တို့ ကိုတိုက်ရိုက်လွှဲသင့်တယ်။ တပ်မတော်ကိုလွှဲတဲ့ အခါမှာအရပ်ဘက်အာ ဏာကိုကူညီ (aid to civil power) တဲ့အဖြစ်နဲ့ သာပါဝင်သင့်တယ်လို့  မြင်ပါတယ်။
ပြည်တွင်းစစ်တွေဟာနိုင်ငံရေးဇစ်မြစ်ကြောင့်ဖြစ်တာများပြီးနိုင်ငံချင်းစစ်၊ နိုငံ အများစစ်(ကမ္ဘာစစ်)တွေကတော့စီးပွားရေးဇစ်မြစ်ကြောင့်ဖြစ်တာများတယ်။
ဒုတိယအချက်အနေနဲ့ ကတော့ပြဿနာထည်းမှာတူညီတာနဲ့ ကွဲပြားတဲ့နေ ရာတွေ 
ကျနော်တို့ မျိုးဆက်ရဲ့အသက်တွေထက်ကြီးတဲ့ပြည်တွင်းစစ်ရဲ့အခုလက်ရှိ အခြေအနေမှာ - တူတာတွေကဘာလဲ - မတူတာတွေက ဘာတွေလဲ -
ကိုကျော်ဝင်းပြောသလိုပါဘဲလက်တွေ့ မကျတဲ့ခွဲထွက်ရေးကိုဗမာမဟုတ်တဲ့တိုင်း
ရင်းသားတွေကစွန့် လွှတ်ခဲ့တာကြာပါပြီ။ တရားဝင်နဲ့ အစောဆုံးအား ဖြင့်၁၉၈၉ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖေဖါဝါရီလ ၁၂ရက်နေ့  မှာဝင်္ဂဘာလမ်းဗိုလ်မှုးအောင်ရဲ့ခြံဝင်းအတွင်းမှာကျင်းပတဲ့ပြည်ထောင်စုနေ့ အခမ်းအနားမှာ 'ခွဲထွက်ရေးကိုစွန့် လွှတ်ကြောင်းပြည့်ဝတဲ့ဖက်ဒရယ်မူကိုလို ချင်'ကြောင်း
လက်နက်ကိုင်တိုင်းရင်းသားများရဲ့ (အဲဒီတုံးကအကြီးဆုံး) မဟာ မိတ်အဖွဲ့ အစည်းကြီးဆီကသူသတင်းကောင်းရထားပြီ - ဒါကြောင့်မို့ (န၀တ) အစိုးရကဆန္ဒရှိယင်သူ့ ကိုတာဝန်ပေးပါ၊အကောင်အထည်ပေါ်အောင်
သူလုပ်ပေးပါ့မယ်လို့ ဝန်ကြီးချုပ်ဟောင်းဦးနုပြောသွားတာကျနော်ကြားခဲ့ရဘူးတယ်။
လက်နက်ကိုင်သည်ဖြစ်စေမကိုင်သည်ဖြစ်စေတိုင်းရင်းသားအားလုံးဘက်က အတူတူနိုင်နေပါတယ်ဆိုတဲ့သဘောထားဟာအဲဒီကနေ အခုအထိအထိမ ပြောင်းလဲဘဲတသမတ်တည်းရှိနေတယ်လို့ ပြောလို့ ရပါတယ်။ 
ကနေ့ ဝမ်ပေါင်ကချင်နိုင်ငံထူထောင်ရေးကြွေးကျော်နေတဲ့ဂမ်ရှောင် -ဂွမ် မော်တို့ ဟာကချင်နိုင်ငံရေးခေါင်းဆောင်တွေမဟုတ်ပါဘူး၊ စစ်သားတွေပါ။ သူတို့ စကားကိုအတည်ယူလို့ မရပါဘူး။ သူတို့ ပြောနေတဲ့ဗမာဆန့် ကျင်ရေး တွေ၊ သီးခြားနိုင်ငံထူထောင်ရေး၊ ဘုရားသခင့်အကူအညီဆိုတာတွေဟာ သူတို့ ရင်ဆိုင်နေရတဲ့စစ်ရေးဖိအားအပေါ်ခံစားချက်နဲ့ ပြောနေတာဖြစ်တယ်။ စိတ်ထည်းကပါလို့ ယုံကြည်ချက်အရပြောတာလို့ မယူဆနိုင်ဘူး။]
ဒါဖြင့်တရားဝင်တာကဘာလဲဆိုရင် ၁၉၉၄ ကနေ့  ၂၀၀၄ အထိ ဆယ်နှစ် ကျော်အမျိုးသားညီလာခံကိုအစအဆုံးတက်ပြီးနိုင်ငံရေးပူးပေါင်းဆောင် ရွက်ခဲ့တဲ့ကေအိုင်အေရဲ့အပြုသဘောလုပ်ရပ်ပါ။ အတူတူနေကြမယ်ဆိုတဲ့ တူညီချက်ပါ။ 
အဲဒီတုံးကကေအိုင်အေဟာတခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း
တွေရဲ့တလျှောက်လုံးလေးစားမှုတွေကိုအဆုံးရှူံးခံပြီးတန်ဘိုးကြီးကြီး ပေးခဲ့တာဖြစ်တယ်။
ဒါ့ကြောင့်ကနေ့ တိုက်နေကြတဲ့ဘက်နှစ်ဘက်ဟာလက်ရှိတဘက်နဲ့ တဘက်  'နာစရာ'တွေအပြန်အလှန်လုပ်နေပီဆိုယင်တောင်သိပ်မကြာလှသေးတဲ့အ တိပ်က 'လွမ်းစရာ'ကလေးကိုပြန်သတိရဖို့ ကြကောင်းတယ်။ တစ်ချိန်တုံးက တူညီခဲ့တဲ့အချက်ဟာအခုလဲတူညီနေဆဲပါဘဲ။
အခြားတဘက်မှာတော့မတူညီတဲ့အချက် (difference) ကဘာဖြစ်မလဲ -
မတူညီချက်ကဘာတွေဖြစ်မလဲဆိုတဲ့ကိစ္စကတော့ကျယ်ဝန်းတယ်။ ၂၀၀၈ အခြေခံဥပဒေသစ်ဟာမြန်မာပြည်မှာရှိတဲ့လူတိုင်းလောက်နီးပါးရဲ့မကျေနပ်မှု
အကြီးဆုံးအနှစ်သာရတစ်ခုဖြစ်တဲ့နိုင်ငံရေးအာဏာဖြန့် ဝေပေးမှုမှာ (decentralization of political power) ဖြစ်သင့်သလောက်မဖြစ်သေးဘူး။ ဗဟိုအစိုးရကိုဗမာလူများစုရဲ့အစိုးရလို့ မြင်နေကြတယ်။ ဒီအချက်တွေဟာ ပဋိပက္ခပါအခြားတဘက်ကပြင်ချင်တဲ့ဆန္ဒလို့ ယျေဘူယျပြောရပါမယ်။
တိုင်းရင်းသားများဘက်ကတင်ပြတဲ့ပြည်ထောင်စုမူတွေအနက်ဥပဒေဘောင်တွင်း ၁၉၆၁ ခုနှစ် (တောင်ကြီး/ရှမ်းမူ /ဖက်ဒရယ်မူ) ဟာအပီပြင်ဆုံးဖြစ်မယ် လို့ ထင်ပါတယ်။ ဒီမူကို ကိုကျော်ဝင်းရဲ့စာထည်းမှာဖတ်လိုက်ရပါတယ်။ ဆွေး နွေးချက်ရဲ့နိဂုံးကျမှထပ်သုံးသပ်ပါဦးမယ်။ ခုလောလောဆယ်တော့ဒုတိယ အချက်ဆီကိုဆက်သွားပါမယ်။
ဒုတိယဖြစ်တဲ့ဘယ်သူ(Practitioner)ကရှင်းပေးမလဲဆိုတဲ့အချက်ကျတော့ပိုအရေးကြီးတယ်။အခြေအနေအရပြည်တွင်းစစ်မှာကိုယ်တိုင်ပါနေရတဲ့တပ်မ တော်ကပဲဖြေရှင်းသူလုပ်နေတာဟာယုံကြည်မှုတည်ဆောက်ရေးခက်ခဲစေ တယ်လို့ ကျနော်မြင်ပါတယ်။ ဖြစ်သင့်တာကပြဿနာရဲ့အပြင်ဘက်က တတိယအုပ်စု (Third party) ကဖြေရှင်းပေးသူကိုအသုံးပြုသင့်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာစစ်ပြုရေးမပြုရေးကိုလွှတ်တော်ကြီးထည်းမှာအကျယ် တ၀င့်အကျိပ်အနယ်ဆွေးနွေးအဖြေရှာကြပြီးတဲ့နောက်လုံခြုံရေး(သို့ မဟုတ်)
တတိယအချက်ဖြစ်တဲ့မူဘောင် (Sturcture) ကိစ္စမှာလဲဖွဲ့ စည်းပုံအခြေခံဥပဒေသစ် ကိုပဲရည်ညွှန်းပြီး ပြည်တွင်းစစ်အပါအ၀င်ယခင်အစိုးရဟောင်းကကိုင် တွယ်ခဲ့သမျှနိုင်ငံရေးပြဿနာတွေကိုလွှတ်တော်သို့ မဟုတ် အစိုးရသစ်သို့  လွှဲပြောင်းပေးပြီးကိုင်တွယ်စေသင့်ပါတယ်။
နောက်ကြောင်းပြန်ပြောရယင်အဲဒီလိုနားလည်မှုမျိုးနဲ့ အစိုးရသစ်တက်စက
တိုင်းပြည်နဲ့ လူထုဟာစံနစ်သစ်အရပြည်တွင်းငြိမ်းချမ်းရေးပြဿနာကိုဘယ်လို
ကိုင်တွယ်မလဲဆိုတာကိုစိတ်ဝင်တစားစောင့်မျှော်နေခဲ့ကြတယ်။
အမျိုးသားညီလာခံမှာကော၊ အခြေခံဥပဒေသစ်ရေးဆွဲရေးကော်မရှင်မှာပါ 
ပါဝင်ခဲ့တဲ့စာရေးဆရာ - သတင်းစာဆရာတက္ကသိုလ်မြတ်သူက "အခြေခံဥပ ဒေသစ်အရစံနစ်သစ်မှာသမတကြီးကဇာတ်လိုက်ဖြစ်လာမှာပေါ့ကွာ" လို့  ကျနော့်ကိုပြောဘူးတယ်။ သူတကယ်ယုံကြည်လို့ ပြောခဲ့တဲ့လေသံနဲ့ ပါ။
 ဒါပေမဲ့တကယ်ဖြစ်လာတာကတပ်မတော်ကသာယခင်နအဖအစိုးရလုပ်ခဲ့တဲ့ Border Guard Forces အသွင်ပြောင်းရေးကိုအရင်လုပ်လက်စအတိုင်းဆက် လုပ်သွားတာကိုတွေ့ ရတယ်။
BGF ဟာမူအရတော့သဘာဝကျပီးလက်ခံနိုင်လောက်တဲ့အစီအစဉ်ပါ။ ဒါကြောင့်လဲလျှောလျှောလျှူလျှူလက်ခံတဲ့အဖွဲ့ တွေရှိတာပေါ့။ သို့ ပေမဲ့ လမ်းပြမြေပုံကာလတလျှောက်လုံးပူးပေါင်းဆောင်ရွက်မှုပေးခဲ့တဲ့ကေအိုင်
 အေခေါင်းဆောင်ဟောင်းမနန်တူးဂျာနဲ့ အဖွဲ့ ကို ၂၀၁၀ ရွေးကောက်ပွဲမှာ (ယခင်နအဖအစိုးရက)နိုင်ငံရေးပါတီထောင်ခွင့်၊ရွေးကောက်ပွဲဝင်ခွင့်မပေးခဲ့ ပါဘူး။ ဘာကြောင့်ဆိုတာကိုလဲနအဖအစိုးရကထုတ်မပြောဘူး။
ကေအိုင်အေကခွဲထွက်လာတဲ့တခြားအဖွဲ့ တွေကခေါင်းဆောင်တွေကိုတော့လျှောလျှော
လျှူလျှူပါတီထောင်ခွင့်ရွေးကောက်ပွဲဝင်ခွင့်တွေပေးခဲ့တယ်။ အဲဒီကတည်း ကကေအိုင်အေကိုနိုင်ငံရေးစစ်ရေးအရသင်္ကာမကင်းဖြစ်နေပီဆိုရင်တောင်  - ဥပဒေဘောင်အတွင်းကောအပြင်ပါလှေနံနှစ်ဘက်နင်းဗျူဟာခင်းချင်တာ လို့ ထင်ရင်တောင်အဲဒါကိုသဘောထားကြီးကြီးနဲ့ သီးခံခွင့်ပြုခဲ့သင့်တယ်။
အဲဒီတုံးကသာဒေါက်တာတူးဂျာတို့ ကိုအခြားသူများနည်းတူနိုင်ငံရေးပါတီထောင်ခွင့်
၊ရွေးကောက်ပွဲဝင်ခွင့်ပေးလိုက်ရင်ကေအိုင်အေဟာ BGF ကိုခု လောက်တော့တင်းမာနေမှာမဟုတ်ဘူးလို့ ကျနော်ယုံကြည်နေမိတယ်။
ကျန်တဲ့အဖြစ်အပျက်တွေကတော့အားလုံးမျက်မြင်ပါဘဲ။ ကျနော်ရဲ့ပုဂ္ဂလိက အမြင်အရဆိုယင်ယုံကြည်မှုတည်ဆောက်ရေးမှာအင်အားကြီးတဲ့ဘက်က
စပြီးသဘောထားကြီးပြ-တန်ဘိုးပေးပြဘို့ လိုအပ်တယ်လို့ ဆိုချင်ပါတယ်။ (ဒါတွေကတော့အခုမရှိတော့ပြီဖြစ်တဲ့နအဖအစိုးရလုပ်ရပ်ကိုဝေဘန်တာပါ။)
issue, practitioner, structure တို့ အပေါ်မူတည်နေတယ်။   
ဒါပေမဲ့လဲထုံးစံအ တိုင်း communication, delegation, venue, negotiation, 
pressure, compromise အစရှိတဲ့လုပ်ငန်းအဆင့်တွေပဲမဖြစ်မနေပါ လာကြမှာပါ။
အချက်နံပါတ်(၅) အဖြစ်တပ်မတော်ရဲ့ရည်မှန်းချက်ကကိုကျော်ဝင်းရဲ့ စကား အရ 'တိုင်းပြည်တပြည်မှာတပ်မတော်တစ်ခုတည်းသာရှိရမည်' ဆိုတဲ့မူ (principle) ဖြစ်မယ်ထင်ပါတယ်။
အုပ်ချုပ်မှုအောက်မှာလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးစု စည်းပြီးစံနစ်တကျရှိရမယ် (All armed groups must be remodeled to become a unified national defense system and be under the single command structure of the central government) လို့ နားလည်ပါတယ်။
ဒီသဘောဟာသဘာဝကျပြီးနိုင်ငံတိုင်းကျင့်သုံးနေတာမို့ မြန်မာပြည်အတွက်လဲဖြစ်
သင့်တယ်လို့ မူအရလက်ခံပါတယ်။ သို့ သော်ဒီရည်မှန်းချက်ကိုကောင် အထည်ဖေါ်ရာမှာတော့အခုပြောင်းလဲသွားတဲ့နိုင်ငံရေးအခင်းအကျင်းသစ်အရ
လွှတ်တော်/အစိုးရတစ်ခုခုကဦးစီးပြီးလုပ်သင့်ပါတယ်။ [ယခင်နအဖ လက် ထက်တုံးကစစ်တပ်ကပဲအစိုးရဖြစ်နေလို့ တပ်မတော်ကပဲအားထုတ်ခဲ့တာ သဘာဝကျပါတယ်။]
အခုကေအိုင်အေနဲ့ ဖြစ်တဲ့စစ်ကိုတခြားတိုင်းရင်းသားတွေကလဲစိတ်ဝင်တစား
 စောင့်ကြည့်နေကြပါလိမ့်မယ်။ ဒါကြောင့်မော်စီတုံးကိုးကားဘူးတဲ့တရုပ်အရပ် သားစကားတစ်ခွန်းလို "မျောက်(တွေ)ကြောက်သွားအောင်ကြက်ကိုသတ်ပြ နေတာ" (Kills the chicken to scare the monkey) ပါလို့ သဘောပိုက် သွားကြယင်ယုံကြည်မှုတည်ဆောက်ရေးတွေပိုပြီးလက်ဝင်လာနိုင်ပါတယ်။
အခုဆိုယင်ကချင်စစ်ပွဲဟာနိဂုံးချုပ်ကာနီးလာပြီ။ စိတ်သက်သာရာရစရာ တစ်ခုကတော့တပ်မတော်ဟာကေအိုင်အေနဲ့ စစ်ပြန်တိုက်ရာမှာ
ကန့် သတ် စစ်ပွဲသဘောတိုက်နေတာဘဲ။ ကချင်လူမျိုးတွေရဲ့အမျိုးသားရေး
ဇာတိမာန် (national pride) ကိုချိုးဖဲ့ပစ် (humiliate) ရာမရောက်အောင်လိုင်ဇာကို သိမ်းနိုင်ရင်တောင်မသိမ်းပိုက်ဘဲချန်ထားသင့်ပါတယ်။ ကြည့်ရတာဒီအတိုင်း ပဲလုပ်မဲ့သဘောလို့ ထင်ပါတယ်။
အခုနိဂုံးချုပ်အနေနဲ့ ပြည်တွင်းစစ်အဆုံးသပ်ရေး၊ အမျိုးသားစည်းလုံးညီ ညွတ်ရေးအတွက်မဖြစ်မနေဆိုက်ရောက်ရမဲ့နောက်ဆုံးဘူတာဖြစ်မဲ့အပြင် ဒီမိုကရေစီရဲ့တစ်ဘက်စာမျက်နှာလည်းဖြစ်တဲ့ဖက်ဒရယ်စံနစ်အတွက်ဗမာ
မဟုတ်တဲ့တိုင်းရင်းသားတွေ (ဗမာတွေလဲတိုင်းရင်းသားဖြစ်သည်ကို
တစ်စက္ကန့် မျှမေ့မထားရ) ရဲ့ model တစ်ခုဖြစ်တဲ့တောင်ကြီးရှမ်းမူကိုကြည့် ရအောင်။ ဒါကလဲကိုကျော်ဝင်းဖေါ်ပြထားတဲ့အပေါ်မှာသာသုံးသပ်ကြည့် မှာဖြစ်ပါတယ်။ ရှမ်းမူအပြည့်အစုံကိုရှာဖွေမနေတော့ပါဘူး။ ရှည်နေမှာစိုးလို့ ။
ကိုကျော်ဝင်းကပင်လုံနဲ့ နှိုင်းယှဉ်ရင်တောင်ကြီးမှာချမှတ်ခဲ့တဲ့ရှမ်းမူ ကပိုပြီး inclusive ဖြစ်ကြောင်းပြောတယ်။ မှန်ပါတယ်။  
"လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ ဥပဒေ) မှာပြည်ထောင်စုမူဟုဆို သော်လည်းလက်တွေ့တွင်တစ်ပြည်တောင်
သဘောဖြစ်နေ၍ပြည်ောင်စု မူစင်စစ်ဖြစ်စေရန်၊ ပြန်လည်ပြင်ဆင်ရေးဆွဲရန် အဆိုပြုခြင်းသာဖြစ်ပါသည်။" ဒါလဲမှန်ပါတယ်။ ဒီနောက် -
"ဖက်ဒရယ်မူက၊ အဆိုပြုခဲ့သောအရေးကြီးသည့် မူအချို့မှာ-
၁။ ဗမာပြည်နယ်ဖွဲစည်းရေး (ရှစ်ပြည်နယ်မူ)
၂။ အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်) သို့ ပြည်နယ်တိုင်းမှ၊ တူညီသောကိုယ်စားလှယ်အရေအတွက်စေလွှတ်ရေး။
၃။ လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် (အထက်နှင့်အောက်လွှတ်တော်) ကိုအာဏာတူပေးရေး။
၎။ ဗဟိုအစိုးရ (ပြည်တောင်စုအစိုးရ) ကိုအောက်ပါဌာနများလွှဲအပ်ပြီး၊ ကျန်ရှိသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို ပြည်နယ်များသို့လွှဲအပ်ရေး
-       နိုင်ငံခြားဆက်သွယ်ရေး
-       ကာကွယ်ရေး
-       ဘဏ္ဍာရေး
-       ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်ဝေရေး
-       စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး
-       ရထား၊ လေကြောင်း၊ ရေကြောင်းဆက်သွယ်ရေး
-       တရားစီရင်ရေး
-       ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး
၅။ ပြည်ထောင်စုဘဏ္ဍာတော်မျှတစွာခွဲဝေရေးတို့ ဖြစ်ပါသည်။" လို့ တင်ပြပါ တယ်။
ဒီအချက်တွေကိုကြည့်ရင်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမှအပဗဟိုအစိုးရကို အပ်နှင်းမဲ့အချက်တွေဟာ 
infrastructure (physical, legal, fiscal) သ ဘောသက်ဝင်နေတဲ့ဘက်တွေ မှာသာဖြစ်တယ်။
ဒီမူအရဗဟိုအစိုးရရဲ့အာဏာကန့် သတ်ဘို့ ကျိုးစားခဲ့တာပေါ်လွင်နေပြီးအ ထက်ဖေါ်ပြပါကိစ္စတွေကလွဲလို့ ကျန်တဲ့အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့အာဏာအား လုံး 
(Residual powers) ကိုပြည်နယ်အစိုးရတွေကသာရယူကျင့်သုံးချင်တဲ့ သဘောပါ။
သို့ သော်ရှမ်းမူရဲ့ပထမနဲ့ အရေးအကြီးဆုံးအချက်လို့ အဲဒီတုံးကပြောရမဲ့ ဗမာ
တိုင်းပြည်အုပ်ချုပ်ရေးလွယ်ကူအောင် ပြည်နယ်ဖြစ်စေအခြားအခေါ်အဝေါ် နဲ့ ဖြစ်စေဒေသန္တရများပိုင်းခြားသတ်မှတ်ရာမှာလူမျိုးကိုစွဲပြီးသတ်မှတ်တာမျိုး အမည်ပေးတာဟာပြဿနာရှိတတ်တယ်။ ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာလူမျိုး ဟာအခြေခံကျတဲ့ယူနစ်မဟုတ်ဘူး။ တစ်ဦးချင်းဖြစ်တဲ့နိုင်ငံသား (individual citizens) များကသာအခြေခံအကျဆုံးယူနစ်တွေ (primary units)ဖြစ်တယ်။ 
ဒါကြောင့်အုပ်ချုပ်ရေးဒေသကြီးတွေ (states / provinces / regions) ကို အမည်တပ်ရာမှာများသောအားဖြင့်ပထ၀ီအပိုင်းအခြားကိုအမည်တပ်ကြတာ ရှိတယ်။
အကယ်၍များဖြစ်နိုင်မယ်ဆိုရင်ကျနော်တို့ တိုင်းပြည်ရဲ့ထင်ရှားတဲ့ပထ၀ီသွင်
ပြင်ကြီးများအရပြန်လည်ဖွဲ့ စည်းအမည်ပေးဘို့ စိတ်ကူးကြည့်စမ်းပါ။
(တခေတ်တုံးကမူလတန်းကျောင်းသုံးပထ၀ီဝင်စာအုပ်မှာသင်ဘူးခဲ့ကြသလိုပေါ့) အဲဒီလိုပြန်လည်ပိုင်းခြားသတ်မှတ်ကြည့်မယ်ဆိုရင် -
၁ - အနောက်ဘက်ကမ်းမြှောင်ဒေသ (ရခိုင်)
၂ - အနောက်မြောက်တောင်ကုန်းဒေသ (ယခုချင်းပြည်နယ်)
၃ - မြောက်ဘက်တောင်ကုန်းဒေသ (ယခုကချင်ပြည်နယ်)
၎ - အရှေ့ ဘက်ကုန်းမြင့်ဒေသ (ယခုရှမ်းပြည်နယ်)
၅ - အလယ်ပိုင်းမြေနိမ့်လွင်ပြင်ဒေသ (စစ်ကိုင်း-မန္တလေး-မကွေးတိုင်းများ)
၆ - ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ (ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း)
၇ - စစ်တောင်း-သံလွင်ဒေသ (ယခုမွန်- ကရင်-ကယားပြည်နယ်များ)
၈ - တနင်္သာရီကမ်းရိုးတန်းဒေသစသည်ဖြင့်ခေါ်ဝေါ်သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီနာမည်တွေကတော့နမူနာအဖြစ်သာစိတ်ကူးပြတာပါ။ အဲဒီလိုသာပြန်လည်သတ်မှတ်နိုင်ရင်ယခုကချင်ပြည်နယ်ထဲကရှမ်းတွေ၊ 
ရှမ်း ပြည်နယ်ထဲကလားဟူ၊ ၀ ၊ ပလောင်နဲ့ တခြားလူမျိုးတွေ၊ကရင်ပြည်နယ်က ပအို့ တွေ၊ မွန်ပြည်နယ်ထည်းကကရင်တွေ၊ ဧရာဝတီတိုင်းထည်းက ကရင် တွေ၊ နောက်ပီးတစ်တိုင်းပြည်လုံးမှာပြန့် နှံ့ နေထိုင်တဲ့ရခိုင်တွေ
၊မြန်မာပြည် ပေါက်နိုင်ငံသားတရုပ်ကုလားတွေ၊မြန်မာမူဆလင်တွေဘယ်လောက်စိတ် ချမ်းသာကြမလဲဆိုတာစဉ်းစားကြည့်ပါ။လက်တွေ့ ကဒီတိုင်းပြည်မှာကြီးငယ်မဟူလူမျိုး အားလုံးတို့ ဟာနေရာတိုင်းမှာရောနှောနေထိုင်လာကြတာသမိုင်း တစ်လျှောက်လုံးပါဘဲ။ အမည်သတ်မှတ်ထားပုံကသာတကယ့်လက်တွေ့ ကို မထင်ဟတ်ပဲဖြစ်နေတာ။
ပြည်နယ်တွေကိုလူမျိုးနာမည်မတပ်ထားတော့တဲ့အခါအခုလက်ရှိပြည်နယ်အမည်ပေး
ခံရတဲ့လူမျိုးကအိမ်ရှင်လိုလို၊ကျန်တဲ့လူမျိုးတွေကဧည့်သည်လိုလိုဖြစ်နေတာတွေပပျောက်ကုန်မယ်။
အမှန်ကညီညွတ်ရေးအတွက် "လိုအပ်ရင်"တိုင်းပြည်ရဲ့အမည်ကိုပင်လူမျိုးရေး ဇစ်မြစ်ဦးစားမပေးဘဲပြန်လည်မှည့်ခေါ်သင့်ရင်မှည့်နိုင်ရမယ်။ ကမ္ဘာမှာအဲဒီလို နိုင်ငံမျိုး တွေအရင်ကကောအခုကောရှိပါတယ်။
ဥပမာ United Kingdom (England), USSR (now Russian Federation)
 Republic of South Africa.
ကိုကျော်ဝင်းကသူ့ ဆောင်းပါးကိုကန့် သတ်ချက်တစ်ခုနဲ့ ရေးတာမို့ ဒီ လောက်
ကျနော့်က တော့ပြဿနာတစ်ခုခေါင်းထည်းရောက်လာယင်ရေဆုံးရေဖျားလိုက်တွေး ချင်တဲ့ဝါသနာကြောင့်ဒီလောက်ရှည်ရှည်လျားလျားစဉ်းစားနေတာပါ။
နောက်ဆုံးနဲ အရေးအကြီးဆုံးအချက်ကတော့ဗဟိုနဲ့ ဒေသန္တရအစိုးရများရဲ့ ဆက်ဆံရေး 
(center-peripheries relations) မှာအဓိကကျတဲ့ Economic justice ကိစ္စဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းမှာ Liberty, Equality, Fraternity  တို့ ဟာဒီမိုကရေစီရဲ့ဒေါက် တိုင်ကြီးသုံးခုပဲ။ သူတို့ အနက်တစ်ခုခုမရှိယင်ဘဲ နောက်နှစ်ခုလဲမရှိနိုင်ဘူး။ ဥပမာစီးပွားရေးအရတရားမျှတမှု
မရှိယင်ဘယ်လို လုပ်ပီးလွပ်လပ်ခြင်းနဲ့  ညီရင်းအစ်ကိုတမျှချစ်ကြည်ရေး 
(အမျိုးသားညီညွတ်ရး) ဖြစ်နိုင်မလဲ။  ဒါကြောင့်တစ်မျိုးသားလုံးပိုင်သဘာဝသယံဇာတတွေကရ တဲ့အကျိုးအမြတ် တွေခွဲဝေသုံးစွဲရေးမှာလိုချင်ကြသလောက်မဖြစ် နိုင်ဘူးဆိုရင်တောင်လက်ရှိ ထက်တော့ပိုပြီးမျှတရလိမ့်မယ်ထင်ပါတယ်။
[ဒီ့ထက်ပိုအရေးကြီးတာတစ်ခုကတော့အဆင်းရဲဆုံးပြည်နယ်(များ)ကိုအချိုး ကျသဘောထက်အပိုဆောင်းပြီးထောက်ပံ့ပေးဘို့ ပြည်ထောင်စုအဆင့်အထူးရံပုံငွေ
တရပ်ထူထောင်ကြဘို့ လဲလိုအပ်နေတယ်။ဒါမှတနိုင်ငံလုံးတပြေးညီတိုးတက်မှာဖြစ်တယ်။ ကနေဒါမှာအဲဒီအစီအစဉ်ကို Equalization Program လို့ ခေါ် ပါတယ်။]
နောက်ပိတ်ဆုံးအနေနဲ့ စောကြောချင်တာတစ်ခုကတော့လက်ရှိတပ်မတော်
ခေါင်းဆောင်များရဲ့နိုင်ငံရေးသမားတွေအပေါ်သဘောထား (attitude) လို့  ခေါ်ရမလားဘဲ။
စံနစ်ဟောင်းကအမွေအဖြစ်ရလိုက်တဲ့နိုင်ငံရေးပြဿနာကြီးတစ်ခုကိုဖြေရှင်းရာမှာ
တပ်မတော်ကဘာကြောင့်အစိုးရသစ်နဲ့ နိုင်ငံရေးသမားတွေ (လွှတ် တော်) ကိုအားမကိုးဘဲကိုယ်တိုင်ဆက်ရှင်းနေသလဲ။
ဒီပြဿနာကြီးကိုနိုင်ငံရေးသမားတွေလက်ထည်းလွှဲပေးရမှာစိတ်မချနိုင်လို့  - သူတို့ ရဲ့နိုင်ငံရေးခေါင်းဆောင်မှုကို အထင်မကြီးလို့ လားလို့ လဲတွေးမိတယ်။
မှတ်မိကြဦးမှာပါ။ သူမကိုသုံးကြိမ်တိုင်တိုင်နှစ်ရှည်အကျဉ်းချထားတာခံရ စဉ်ကကာလတုံးကမြန်မာပြည်ရဲ့ပြဿနာအရပ်ရပ်ဟာဒေါ်အောင်ဆန်းစု ကြည်လွတ်မြောက်လာပြီးသူမရဲ့ခေါင်းဆောင်မှုရတဲ့အခါကျယင်ပြဿနာတွေပြေ
ပြောချင်တာကနိုင်ငံရေးသမားတွေကိုယ်တိုင်ဘက်ကလဲပြောင်မြောက်တဲ့
 ပြတ်သားတဲ့ခေါင်းဆောင်မှုအစွမ်းအစတွေပြဖို့ လိုနေသလားလို့ ပါ။
ထို့ နည်းတူရှစ်လေးလုံးမျိုးဆက်ဆိုသူတွေကလဲဒါးခုတ်ရာလက်ဝင်
မလျှိုချင်တဲ့သဘောမျိုးပဲတွေ့ ရတယ်။ NLD နဲ့ 88 Generations အုပ်စုနှစ်စုစလုံးက လာမဲ့နောက်ရွေးကောက်ပွဲ (၂၀၁၅)ဆိုတာကိုသာကြိပ်ပြီးစိတ်ဝင်စားနေကြ -ပုံရတယ်။
လတ်တလောအခြေအနေဟာပြည်သူတွေအဖို့ ဆင်းရဲကြပ်တည်းမြဲ အလုပ် အကိုင်ရှားပါးဆဲဖြစ်နေပြီးပြုပြင်ရေး (reform) နှူံးနှေးကွေးမှုဒဏ်ကိုခံနေကြရ တယ်။ "အောက်ခြေမှာအရင်အတိုင်းဘဲ-ဘာမှမထူးသေးဘူး" ဆိုတာကနေ့  လူတိုင်းပါးစပ်ဖျားကကြားနေရတဲ့စကားတစ်ခွန်းပဲ။ ပြည်တွင်းမှာအလုပ်အ ကိုင် မရှိလို့ ထိုင်း နဲ့ မလေးရှားကိုလူငယ်တွေအလုံး အရင်းနဲ့ ဆက်ပီးထွက် ခွာနေကြတုံးပဲ။
ဒါပေမဲ့နိုင်ငံရေးသမားတွေကတော့ရခိုင်နဲ့ ကချင်လိုပြဿနာတွေ -
 ဦးပိုင် - ခရိုနီ - ၀န်ထမ်းပိုင်း - လယ်မြေတွေသိမ်းခံရတာ - အုပ်ချုပ်ရေးပိုင်းကအာ ဏာအလွဲသုံးစားလုပ်တာ - ဥပဒေပါအခွင့်အရေးတွေ (တရားဝင်ဆန္ဒပြခွင့်) တွေ ငြင်းပါယ်ခံနေရတာစတဲ့လူထုနစ်နာမှုတွေကို
 တော့ဝတ်ကျေဝတ်ကုန် လောက်သာလုပ်ပြပီးသူတို့ အတွက်အန္တရယ်မရှိတဲ့ "တော်ဝင်နှင်းဆီ(ခမ်းမ) နိုင်ငံရေး"ကိုပဲလုပ်လာနေကြတယ်။
 နိုင်ငံရေးကမ္ဘာလှည့်ခရီးသည်တွေဖြစ် လာနေကြတယ်။
ဂီတာတစ်လက် - ဆွယ်တာတစ်ထည်ကိုခရိုနီတွေကကျပ်သိန်းရာနဲ့  ချီပြီးဝယ်တာကိုလက်ခုပ်တီးပြီးနိုင်ငံရေးမီးရှူးမီးပမ်းတွေလွှတ်ရင်းပြည်သူ
 တွေရဲ့ဒုက္ခတွေကိုလှောင်ပြောင်နေကြတယ်။ [ဒီနည်းဟာငွေခ၀ါချနည်း တမျိုးဖြစ်နေမလားစီစစ်ကြည့်ဘို့ လိုမယ်။]  အတိုချုပ်ပြောရယင်ဒီလူတွေ 
ဒီလိုအချိုးမျိုးတွေနဲ့ ၂၀၁၅ မှာနိုင်ငံရေးအာဏာစိတ်ကူးယဉ်နေကြတာ ကိုစစ်တပ်ကမသိဘဲမမြင်ဘဲနေမလား။ သူတို့ ကိုလှောင်ပြောင်တဲ့ကာ 
တွန်းတွေဟာဂျာနယ်တွေမှာ Facebook မှာပိုပြီးခပ်စိပ်စိပ်ပါလာနေတယ်။
ကိုကျော်ဝင်းတို့ ကျနော်တို့ နဲအတူအင်းစိန်တောရမှာအတူနေခဲ့ဘူးတဲ့ -   ပါတီဆုံးဖြတ်ချက်ကိုမနာခံဘဲအမျိုးသားညီလာခံဆက်တက်လို့  NLD 
ကထုတ်ပစ်ခံရတဲ့ G 7 အုပ်စုဝင် 1974 ကျောင်းသားဟောင်းမင်္ဂလာဒုံက ကိုကြည်ဝင်းကကျနော့်ကိုတစ်ခါကပြောဘူးတယ်။
" ဗမာပြည်မှာစစ်သားက-အရပ်သားကို (နိုင်ငံရေးသမားတွေကို) အထင် မကြီးနိုင်သေးသမျှ နိုင်ငံရေးကိုသူကိုယ်တိုင်ဝင်လုပ်နေဦးမှာပဲ။အဲဒီလို ဖြစ်နေသမျှ 
ဒီမိုကရေစီဆိုတာလဲ - ပေးပါပြီ - ရပါပြီဆိုရင်တောင် - ပီပီ ပြင်ပြင်နဲ့ တင်းပြည့်
ကျပ်ပြည့်ဖြစ်မှာမဟုတ်ဘူး" လို့ ညီးငြူပြဘူးတယ်။
အခုကိုကြည်ဝင်းလဲလူ့ ပြည်မှာမရှိတော့ဘူး-မနှစ်ကကွယ်လွန်ရှာပြီ။ ခင်ဗျားက ၆၁ နှစ်ပြည့်တော့မှာ၊သိပ်မနေရတော့ဘူးလို့ အားလျော့နေချိန်မှာ။ ခင်ဗျားထက်အသက်တစ်နှစ်ပိုကြီးပြီးကမ္ဘာ့တစ်ခြားဘက်ခြမ်းကိုရောက်နေ -'မတ်တပ်နာ'မျိုးစုံအတွက်ဆေးမကြာခဏသောက်နေရတဲ့ကျနော်ကပိုလို 
 တောင်အားပျက်မိပါသေးတယ်။
"ငါမပါလို့ မပြီးဘူးလို့ သဘောမထားနဲ့ - အချိန်တန်ရင်သူဟာနဲ့ သူဖြစ်သွား လိမ့်မယ်" လို့ သာကိုယ့်ကိုကိုယ်ဆုံးမနေရတယ်။ 
ကျနော်တို့ မျိုးဆက်တွေ ကတော့ "Lost generations" ပါ။
ကျမ္မာရေးဂရုစိုက်ပါကိုကျော်ဝင်းခင်ဗျား။ 
အိမ်ပေါ်ကအောက်ကိုဆင်း ပြီးလမ်းမှန်မှန်လျှောက်ပေးပါ။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/22/2013 11:10:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ