[mrsorcerer:37032] Fwd: [လူဗိုလ်ဟူသည် ...] “ပဒတ်စာခြောက်တွေနဲ့ ဟင်းချိုချက်သောက်ဖြစ်တယ်”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/26
Subject: [လူဗိုလ်ဟူသည် ...] "ပဒတ်စာခြောက်တွေနဲ့ ဟင်းချိုချက်သောက်ဖြစ်တယ်"
To: lubo601@gmail.com


by Nyo Htet on Friday, January 25, 2013 at 9:37am ·
 
ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
ငါ
တောင်ယာရနံ့ကို ရလိုက်တယ်
ငါ
တောင်ယာတွေနဲ့ဝေးနေခဲ့တာ အတော်ကြာပါပေါ့လား။

ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
နီးခြင်း
ဝေးခြင်း ထက်
ချစ်ခြင်းက ပိုမိုလို့ အဓိကကျ
အဲဒီလိုနဲ့
ဖြေဆေးကြွေးမိ။

ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
တောင်ယာ ရနံ့
တောင်ယာ ပုံရိပ်
တောင်ယာ သင်္ကေတ
ခေတ်ပြိုင် အာရုံခံစားမှု။

ရဲဘော်ကြီးတယောက်က ကားမောင်းသင်ပေးတယ်
"မှန်ပေမယ့်လည်း ဇွတ်မောင်းလို့မရဘူး"
ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်
ကျနော်မှန်တိုင်း ဇွတ် မမောင်းခဲ့ပါဘူး
ပန်းနုရောင်အို။

တကယ်တော့
လတ်လတ်ဆတ်ဆတ် ပဒတ်စာတွေနဲ့သာ
ဟင်းချိုချက်သောက်ချင်သူပါ။

ဟိုဟာ မဖြစ်ချင်လည်းနေ
ဒီဟာ မဖြစ်ချင်လည်းနေ
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မဆန့်ကျင်ဘူး
ရှားရှားပါးပါး
ခေါင်းဆောင်ဆိုတာ ရှားရှားပါးပါး
အဲဒီရှားရှားပါးပါး ရရှိထားတဲ့ ခေါင်းဆောင်ကို
အလဟဿ မစွန့်လွှတ်နိုင်ဘူး။

အဲဒီလိုနဲ့
ငယ်မူထွားထွား
တို့ဆရာသမားဟောင်းတဦးနဲ့လည်း
သဘောထားကွဲလွဲတော့တယ်။

ဟိုလမ်းခွဲ
ဒီလမ်းခွဲ … လို့ပြောမယ့်အစား
ဒီမိုကရက်တစ် ဘာသာစကားအရ
"ကွဲလွဲရင်း ပေါင်းစည်း" ဆိုတာလိုမျိုး။

ပဒတ်စာခြောက်တွေကို ဟင်းချို ချက်သောက်တော့
တောင်ယာနံ့တွေရတယ်
ဘာမှားလို့လဲ
တိုင်းချစ် ပြည်ချစ်ရမယ့် ကာလမှာ
တိုင်းချစ်ပြည်ချစ်ဝါဒ ကိုလက်ခံခဲ့တယ်။

ဘာမှားလို့လဲ
တိုင်းချစ်ပြည်ချစ်ဝါဒအပေါ်
ငါဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘူး။

ဘာမှားလို့လဲ
အဘိဓမ္မာ မီးကျိုးမောင်းပျက်တွေနဲ့
ငါ့ကို ပစ်ဖို့မကြိုးစားနဲ့
တရားသေမဟုတ်ဘူး လမ်းညွှန်။

ဘာမှားလို့လဲ
တိုင်းချစ်ပြည်ချစ်ဝါဒ
ခြေလှမ်း ၃ လှမ်း
အဖြစ်နိုင်ဆုံးအခြေအနေကနေ ထွက်ပေါ်လာတဲ့
ပထမခြေလှမ်းကို … မငြင်းနဲ့
ဒေါ်အောင်ဆန်းစုကြည်ကို … မငြင်းနဲ့
လမ်းစဉ်သွေဖီမှုဖြစ်တယ် … မငြင်းနဲ့
သူငယ်နာဖြစ်တယ် … မငြင်းနဲ့
ရှစ်ပူးမဟုတ်ဘူး
ရှစ်လေးလုံးအရေးတော်ပုံဖြစ်တယ် … မငြင်းနဲ့။

ညိုထက် (လမ်းသစ်ဦး)
၂၅ - ၁ - ၁၃


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/27/2013 01:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ