---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/28
Subject: [လူဗိုလ်ဟူသည် ...] အဆင့်မြင့် နှလုံးသားနဲ့ ကိုယ်ဟာထိန်းချုပ်ရခက်တဲ့ လူတစ်ယောက်ပါ ဒိန်ချဉ်မလေး
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/29/2013 04:09:00 AM

နောက်ဆုံး ခြေလှမ်းကနေ တစ်ချက်လှည့်ကြည့်လိုက်တယ်
ဘာရယ်ဆိုပြီး အမျိုးအမည်တပ်လို့မရ ဘာမှန်းမသိတဲ့ မီးတောက်အတု
ကိုယ်တို့ ရိုးရိုးသားသားကြည့်ကြတဲ့ အကြည့်တွေမှာ မရိုးသားတဲ့ဓါတ်တစ်မျိုးမျိုးပါဝင်နေလိမ့်မယ်
ဒါမှမဟုတ် အကြမ်းပတမ်းခံနိုင်တဲ့ အနှောင်အဖွဲ့တွေ
ကျောက်ဆစ်ရုပ်ဆန်ဆန်လှပနေတဲ့ ဒိန်ချဉ်မလေး
ကိုယ်တို့ကို လူတွေသတိထားမိလာတဲ့အခါမှာ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ကွယ်ဝှက်လိုက်ကြမယ်
ယဉ်ကျေးမှုပေါင်းစုံက ကိုယ့်ကို အနှောက်အယှက် အရမ်းပေးတယ်
အဆင့်မြင့် နှလုံးသားနဲ့ ကိုယ်ဟာထိန်းချုပ်ရခက်တဲ့ လူတစ်ယောက်ပါ ဒိန်ချဉ်မလေး
ဓါတ်ပုံသရဲရဲ့ ခြောက်လှန့်မှုမှာ ကိုယ်ဟာမျောသွား အဲ့ဒီအဝေးက အမြဲတမ်း နီးနေတယ်လို့ ခံစားရတယ်
ဘာကိုမှ ထိကပ်မထားပေမဲ့ အသံတွေကြားမှာကိုယ်ရှိနေတယ် ဒိန်ချဉ်မလေးရေ ကိုယ်ဘယ်လိုမှ ရိုးသားကြည့်လို့မရဘူး ပြသနာမဟုတ်ပေမဲ့ ကိုယ်မင်းကို ချစ်တယ် အကယ်၍ ပြသနာဟုတ်ခဲ့ရင်လဲကိုယ်မင်းကို ချစ်မယ်
ကိုယ်တို့ရဲ့ပက်သက်မှုတစ်ခုဟာ ကိုယ်တို့ရဲ့ချုပ်နှောင်မှုတစ်ခုပဲ ဖြစ်နိုင်ရင် လိုအပ်မှုတွေကြားမှာပဲ နေကြမယ်
ကိုယ့်ခြေဖ၀ါးတွေရဲ့ ညစ်ထေးမှုအလိုက် ကိုယ် မင်းကိုချစ်တယ်
ခဏကြာရင် ကိုယ်တို့ရှူံးနိမ့်ကျမယ် တစ်ခုခုကို အဲ့ဒါဟာ မှော်ပညာဆန်လွန်းလို့ မင်းပျော်စေရမယ်
ကျေးဇူးပြု၍ ကိုယ့်ကိုဘယ်တော့မှ မယုံကြည်လိုက်ပါနဲ့ မဖွဲ့စည်းထားတဲ့ ၀ါကျတွေကြားက ကိုယ့်ရဲ့
အစ်ရှရှအကြည့်တွေ မိုက်ရူးရဲဆန်လွန်းသူတွေကြားက ကိုယ်တို့ရဲ့တောက်ပမှုတွေ
တစ်ခုခုကိုသုံးသပ်နိုင်စွမ်းအား သေချာမရှိဘူး ဒါပေမဲ့ ကိုယ့်ကိုချစ်ပါ ဒိန်ချဉ်မလေး၊
ကျွန်မကဘာကိုမှ အလွယ်တကူမယုံကြည်တဲ့အတွက် အရာရာကိုပေါ့တီးပေါ့ဆ နိုင်ကောင်းနိုင်လိမ့်မယ်လို့
ရှင်ထင်ကောင်း ထင်မြင်မိလိမ့်မယ် အခက်အခဲတွေဆိုတာ ကျွန်မအတွက်တော့ အကြီးမားဆုံး ပျော်ရွှင်မှုတွေပဲ ရှင့်ရဲ့အကြည့်တစ်ချို့ကမရိုးသားကြောင်း ရိုးသားလွန်းတဲ့ကျွန်မရဲ့ မျက်ဝန်းတွေကနေမှတဆင့် သိရှိခဲ့ရပါတယ် ဒါမှမဟုတ် ဒါဟာကျွန်မတို့အတွက်တော့ အတားအစီးတွေ
ဘာအတွက်နဲ့ ဘယ်သူ့ကိုမှ မမြူဆွယ်ပေမဲ့ အဲ့ဒါဖြားယောင်းမှုတစ်ခုလိုဖြစ်နေတာကတော့ ဘုရားသခင်
ပေါ်မှာပဲ မူတည်နေလိမ့်မယ် အဓိကပြသနာက ရှင် ကျွန်မကိုချစ်နေတယ်ဆိုတာ ကျွန်မ မသိခဲ့သလို
သိခဲ့ရင်လဲ ဒါဟာ လုပ်ကြံမှုတစ်ခုလို့ယူဆကောင်း ယူဆနိုင်တယ် စိတ်ဆင်းရဲပါတယ်
ဘာတွေကို ဘယ်လိုယုံကြည်ရတော့မှာလဲ အလွယ်တကူချစ်ကြိုက်မှုတွေကို ကျွန်မသိတ်ရွံတယ်
ဖြစ်နိုင်ရင် လိုအင်ဆန္ဒမှန်သမျှကို မလိုချင်အောင် ထိန်းချုပ်နိုင်တဲ့ စွမ်းအားတစ်ခုလောက် ဘုရားသခင်
ဖန်ဆင်းပေးပါ ဒါမှမဟုတ် ရှင်ဖန်ဆင်းပေးပါ
ကျွန်မတစ်ကိုယ်လုံးမှာ သံသယနဲ့ဖွဲ့စည်းထားတဲ့ ရုပ်ဝတ္တုတွေများရှိတယ်လို့ ထင်နေတာလား
အဲ့ဒါဟာကျွန်မအတွက် အောင်မြင်မှုတစ်ခုဆို ရှင့်ကိုကျွန်မမချစ်နိုင်သေးဘူး၊

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.